Saturday, October 20, 2012

0 ဒေါ်အောင်ဆန်းစုကြည်ကော့မှူးကစာသင်ကျောင်းကို လေ့လာကြည့်ရှုခဲ့တာနဲ့ပတ်သက်ပြီး နောင်ကို ခွင့်ပြုချက်ရမှ ကြည့်ခွင့်ပေးဖို့ တိုင်းဒေသကြီးအစည်းဝေးကဆုံးဖြတ်

အကြောင်းအရာ ။  ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ အစည်းအဝေး ညွန်ကြားချက်အား တင်ပြခြင်း

ရည်ညွှန်းချက် ။ ၁၉-၁၀-၂၀၁၂ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် ကျင်းပ ပြုလုပ်သော အစည်းအဝေး ညွန်ကြားချက်။

အထက်ပါ အကြောင်းအရာ ပါတီကိစ္စနှင့် ပတ်သတ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီ ဥက္ကဌ ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ၊ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် သည် ကော့မှူးမြို့ နယ် အခြေခံပညာ ဦးစီးဌာနမှ ဆရာ ၊ ဆရာမများအား ခေါ်ယူတွေ့ ဆုံခြင်း ၊ စာသင်ချိန်အတွင်း ကျောင်းဝန်း အတွင်းသို့ ဝင်ရောက် ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၎င်းဖြစ်စဉ် အပေါ် တိုင်းဒေသကြီး ၀န်ကြီးချုပ်မှ "အထက် ဌာန၏ ခွင့်ပြုချက် မရဘဲ ဌာနဆိုင်ရာများသို့ လာရောက်
ကြည့်ရှု စစ်ဆေးခြင်းအား ခွင့်မပြုရန် ၊ လိမ္မာ ပါးနပ်စွာ ပြောကြားရန်" ညွန်ကြားခဲ့ ပါကြောင်း သိသာနိုင်ပါရန်နှင့် လိုအပ်သလို ညွန်ကြားနိုင်ပါရန် အစီရင်ခံ တင်ပြအပ် ပါသည်။

Photo..ခွန်ဒီးယမ် Facebook

0 လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံ ဒုတိယနေ့ ထုတ်ပြန်ချက်များကို လူထုနှင့် အဖွဲ့အစည်းပေါင်းစုံ အင်အား ၅၀၀၀ ခန့်မှ အခုလို အတည်ပြု။

Photo..Aung nay myo facebook
  လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံကြီးမှ အတည်ပြု ဆုံးဖြတ်ချက်များ
၁။       လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း လုံးဝ ရပ်တန့်ပေးရန်
၂။       နိုင်ငံတော် သမတကြီးဦးသိန်းစိန်၏စကားအရ ၁၈၂၄-ခုနှစ်မှစ၍ နှစ်ပေါင်း (၁၀၀)ကျော် နေထိုင်လာခဲ့ သော ဘင်္ဂလီလူမျိုးများအား မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုကာ နိုင်ငံသားအခွင့်အရေးများ အပြည့်အ၀ ပေးရန်နှင့် ယခုလက်ရှိကာလတွင် တရားမ၀င်ခိုးဝင်လာသော ဘင်္ဂလီများအား ဘင်္ဂလားဒေ့ရှ် သို့မဟုတ် တတိယနိုင်ငံများသို့ ပို့ဆောင်ပေးရန်
၃။       ကချင်ပြည်နယ်တွင် စစ်ရပ်စဲရေးကို ချက်ချင်းရပ်ပြီး တန်းတူညီမျှသော တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန်
၎။       ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရန်
၅။       တိုင်းရင်းသားဒေသများတွင် စစ်အင်အားမတိုးချဲ့ရန်
၆။       နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန်
၇။       လယ်ယာမြေများ မတရားသိမ်းပိုက်နေမှုများ ချက်ချင်းရပ်ရန်
၈။       လယ်သမားများ၏ ဘ၀ကို အာမခံသည့် လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်းဥပဒေ ပေါ်ထွက် လာစေရန်
၉။       ဒေသခံတောင်သူလယ်သမားများ၏အကျိုးကို အာမခံသည့် မျှတသည့် အင်းလုပ်ငန်း ဥပဒေ ပေါ်ထွက် လာရန်
၁၀။     လွတ်လပ်သော တောင်သူလယ်သမား သမဂ္ဂများပေါ်ထွန်းလာရန်
၁၁။       အလုပ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်သည့်အလုပ်သမား ဥပဒေများ ပေါ်ထွက်လာရန်
၁၂။       လွတ်လပ်သော အလုပ်သမား သမဂ္ဂများပေါ်ထွက်လာရန်
၁၃။       အလုပ်သမားထုအပေါ် မတရားဖိနှိပ် ဂုတ်သွေးစုပ်နေမှုများ အားလုံးရပ်တန့်ရန်
၁၄။       အလုပ်သမားများ၏ စားဝတ်နေရေးကို လုံလောက်သည့် အနှိမ့်ဆုံးအခြေခံလစာကို အမြန်ဆုံး သတ်မှတ် ပြဌာန်းရန်
၁၅။       အစိုးရ တိုက်ရိုက်အုပ်ချုပ်မှုမှ ကင်းလွတ်ပြီး သီးခြားလွတ်လပ်သည့် တက္ကသိုလ်များ ပေါ်ထွက်လာစေ မည့် ကျောင်းသားထု အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်သော ကျောင်းသားကိုယ်စားလှယ်များ ပါဝင်ခွင့် ရရှိစေမည့် ပညာရေးလွတ်လပ်ခွင့် အခွင့်အရေးကို လမ်းဖွင့်ပေးနိုင်မည့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ရည်တည်ဖွဲ့စည်းခွင့်ကို ရရှိစေနိုင်မည့် ဒီမိုကရေစီနည်းကျ တက္ကသိုလ်များဥပဒေတစ်ရပ် အမြန်ဆုံးပေါ်ထွက်ရေး
၁၆။       ကျောင်းသားသမဂ္ဂအဆောက်အအုံ တရားဝင်ပြန်လည်တည်ဆောက်ပေးရန်
၁၇။       မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ဖြစ်ပေါ်နေသည့် ပြည်သူလူထု ရင်ဆိုင်နေရသည့် ပြဿနာများကို လွတ်တော်များနှင့် အစိုးရတို့ မှ တရားမျှတစွာနှင့်ထိရောက်စွာ အမြန်ဆုံးဖြေရှင်းပေးရန်
၁၈။       လက်ပန်တောင်းတောင်စီမံကိန်းကို လွတ်လပ်သော ပြည်သူ့ကော်မရှင် တစ်ရပ်ဖွဲ့ ၍ စုံစမ်းစစ်ဆေး ပေးရန်
၁၉။       နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရန်
၂၀။       ၁၉၅၀-ခုနှစ် အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅(ည) ကိုဖျက်သိမ်းရန်
၂၁။       ဆန္ဒပြခွင့်ဥပဒေ နည်းဥပဒေများ ပြင်ဆင်ရန်
၂၂။       အမျိုးသမီးများနှင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်သည့် နိုင်ငံတကာ အဆင့်မီ ဥပဒေ တစ်ရပ်ပေါ်ထွက်ရန်
၂၃။       နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ချိုးဖောက်သည့် ကြေညာချက်များ ထုတ်ပြန်နေခြင်းများကို တရုတ်နိုင်ငံ တာဝန်ရှိသူများက ချက်ချင်းရပ်ရန်
၂၄။       အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူအခွင့်အရေးရရန်
၂၅။       သဘာဝပတ်ဝန်းကျင်နှင့် အမျိုးသားယဉ်ကျေးကို ထိန်းသိမ်းရန်
၂၆။       တိုင်းရင်းသားပြည်သူတရပ်လုံး လက်ခံနိုင်သည့် ဒုတိယ အကြိမ်ပင်လုံညီလာခံကြီး အမြန်ဆုံး ခေါ်ယူကျင်းပပေးရန်

ဂါမဏိ 

1 မနုဿီဟအဖွဲ့၏ "ခုနစ်စဉ်အလွဲ" အပိုင်း (၁) "(ရုပ်/သံ)

စင်ကာပူက လူငယ်တစ်စုရဲ့ ခုနှစ်စဉ်အလွဲဆိုတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါ။လူငယ်တွေရဲ့ သရုပ်ကို သဘာဝကျကျ တင်ပြထားနိုင်ပြီး ခေတ်ကိုလည်း ပီပီပြင်ပြင် သရော်ထားတာပါ။ သရုပ်ဆောင်တွေကလည်း ပြည်တွင်း ရုပ်ရှင်ကားက အချို့သော ပေါ်ပင် သရုပ်ဆောင်တွေထက်တောင် သဘာဝကျကျ သရုပ်ဆောင်နိုင်ပါတယ်။ Director - လီယိုနယ်လ်(Leonel)
Art Director -- ဖြိုးမင်း
Producers -- လီယိုနယ်လ်, ကိုပြည့်
Writers -- လီယိုနယ်လ်, ဖြိုးမင်း, ကိုပြည့်, ဇင်ကိုလတ်, မေ့ပါနိုင်
Technical Advisor - မိုးဇက်
Director of Photography - ကိုပြည့်, သီဟလင်း
Camera personel - လောဝ်, ကောင်းစံ, တင်ဝင်းလှိုင်
Sound and Lighting - ကောင်းစံ, ရဲသီဟ
Still Photography- မြင့်ထွန်းလင်း (You&Me Photography and Bridal Dress Rental)
Editor -- ဇေဦးသာ
Graphic Designers -- ဇေဦးသာ, ဇင်ကိုလတ်
Logo Design -- ဆုရည်ထိုက်, အင်ကြင်းသန့်
Record and Documentation - ဝင့်ဝါမောင်
Promo & Publicity - လီယိုနယ်လ်, သီဟခက်နောင်, Patrick, မြင့်ထွန်းနိုင်
Manussiha (မနုဿီဟ) Entertainment

0 အဖွဲ့အစည်းတွေ၊ လူ့တန်းစားအလွှာတွေမှာ မြှုပ်နှံထားတဲ့ သတင်းပေး၊သူလျှိုများ။သတင်းရဲတပ်ဖွဲ့ရဲ့ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်း အကြောင်းတစေ့တစောင်း(၂)- မိုးဇေငြိမ်း

အမာခံသတင်းပေးတွေ မွေးမြူရခြင်းရဲ့ ရည်ရွယ်ချက်တွေကတော့ သတင်းစုဆောင်းဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေအတွင်းက သတင်းပေးတွေဆိုရင် ပါတီအတွင်းအချင်းချင်း ၀ိဝါဒ ကွဲပြားအောင်၊ အုပ်စုဖွဲ့တာတွေ ဖြစ်လာအောင် လှုံ့ဆော်သွေးထိုးတာတွေ လုပ်ဆောင်ပေးရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင် စစ်အစိုးရရဲ့ နည်းဗျူဟာပေါင်းစုံသုံးပြီး စနစ်တကျဖြိုခွဲရေးဒဏ်ကို အတော်လေး အလူးအလဲခံခဲ့ရပါတယ်။ စစ်အစိုးရရဲ့ နည်းဗျူဟာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့လို့ ပါတီကိုဦးဆောင်သူတွေကို ပုဒ်ထီး၊ ပုဒ်မ အမျိုးမျိုးနဲ့ တပ်ပြီး ထောင်ထဲကမထွက်ရအောင်လုပ်တာ၊ တက်ကြွလှုပ်ရှားသူလူငယ်တွေကို တရစပ်ဖမ်းဆီးတာ၊ အဖွဲ့ချုပ်နဲ့ ပတ်သတ်တဲ့လူတွေရဲ့ စီးပွားရေး၊ လူမှုရေးတွေကို ခြိမ်းခြောက်ပိတ်ပင်တာတွေအပြင် အဖွဲ့ချုပ်အတွင်း အမာခံလူတွေ မွေးမြူစည်းရုံးပြီး နည်းဗျူဟာမြောက် ဖြိုခွဲရေးတွေလုပ်ခဲ့ပါတယ်။ အဲဒီရဲ့ရလဒ်အနေနဲ့ အဖွဲ့ချုပ်ကနေ အစုလိုက်အပြုံလိုက် နုတ်ထွက်တာတွေ၊ အဖွဲ့ချုပ်ကို ပုတ်ခတ် ခွဲထွက်ပြီး တစ်စင်ထောင်တာတွေ ဖြစ်လာပါတယ်။ အခုအချိန်ထိလည်း အဖွဲ့ချုပ်အတွင်းမှာ အမာခံသတင်းပေးတွေ လှုပ်ရှားနေဆဲ၊ ရှိနေဆဲဖြစ်ပါတယ်။
[မနေ့ကညက ကြုံရတဲ့ ရယ်စရာလေးတစ်ခုကို ဖောက်သည်ချပါဦးမယ်။ ဖေ့စ်ဘုတ်သူငယ်ချင်းထဲက တစ်ယောက်က ကျွန်တော့်ကို ချက်ဘောက်ထဲမှာ စကားလာပြောရင်း မေးပါတယ်။ “အစ်ကိုက ဘယ်ကလဲတဲ့”။ “ကျွန်တော်က (၄၄) ကပါ ခဗျ။” လို့ ပြန်ဖြေလိုက်တော့ “တွေ့ရတာ ၀မ်းသာပါတယ် အစ်ကိုကြီး၊ ညီက (၄၉) ကပါ” တဲ့။ ကျွန်တော်လည်း “အေး၊ အေး၊ ညီလေး” ဆိုပြီး တခွိခွိနဲ့ရယ်နေမိတာကြောင့် စာဆက်မရိုက်ဖြစ်တဲ့ အချိန်မှာပဲ သူဘက်က Off သွားပါတယ်။ စကားမဆက်ဖြစ်တော့ပါဘူး။ သို့ကလိုကြောင့် (၄၉) မှ ညီလေးကို ဒီကနေပဲ ရှင်းပြလိုက်ပါတော့မယ်။ ကျွန်တော်ပြောတဲ့ (၄၄) ဆိုတာဟာ ကျွန်တော့်နေတဲ့ အိမ်နံပတ် (၄၄) သာဖြစ်ကြောင်းနဲ့ ၂၀၀၂ ခုနှစ်တုန်းက ကျောင်းဆင်းသွားတဲ့ စစ်တက္ကသိုလ်အပတ်စဉ် (၄၄) ရဲ့ ဗိုလ်လောင်း (၅၁၃) ယောက်ထဲမှာလည်း ကျွန်တော် မပါဝင်ခဲ့ပါကြောင်း (၄၉) မှ ညီလေးသို့ အကြောင်းကြားအပ်ပါတယ်ခဗျာ။ :) ]

ထောက်လှမ်းရေးအဖွဲ့အစည်း အသီးသီးဟာ သတင်းပေးတွေဆီကရရှိတဲ့ သတင်းတွေကို နေ့စဉ်အစီရင်ခံစာတွေအဖြစ် အထက်ကို ဆင့်ကဲ ဆင့်ကဲတင်ပြရပါတယ်။ တိုင်း/ပြည်နယ်သတင်းရဲတပ်ဆွယ်တွေဟာ လက်အောက်ခံတပ်ဆွယ်တွေက ပေးပို့လာတဲ့ သတင်းတွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသဖြင့် ပြန်လည်စုစည်းပြီး သတင်းရဲတပ်ဖွဲ့မှူးရုံးကို နေ့စဉ် တင်ပြရပါတယ်။ မြို့နယ်မှူးရုံး၊ ခရိုင်မှူးရုံး၊ တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွေကလည်း မိမိတို့ နယ်မြေအတွင်းမှာ ဘာတွေထူးခြားမှုရှိတယ်ဆိုတာကို နေ့စဉ်လုံခြုံရေးအစီရင်ခံစာအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ဆီ ပေးပို့ရပါတယ်။ DSR (Daily Security Report) လို့ခေါ်ပါတယ်။ ရဲတွေဆီကရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံးမှ ရရှိတဲ့ အချက်အလက်တွေကို တိုင်းစစ်ဌာနချုပ်တွေမှာ တစ်လတစ်ခါပြုလုပ်တဲ့ သတင်း/လုံခြုံရေး ညှိနှိုင်းအစည်းအဝေးမှာ ဖလှယ်ရပါတယ်။ နေ့စဉ် အစီရင်ခံစာတွေအပြင် လူတန်းစားခုနှစ်ရပ်နဲ့ ပတ်သတ်တဲ့ ထူးခြား သတင်းတွေကိုလည်း တစ်ပတ်တစ်ကြိမ်၊ တစ်လတစ်ကြိမ် စုစည်းတင်ပြရပါတယ်။ လုံခြုံရေး အဖွဲ့အစည်းတွေက သတ်မှတ်ထားတဲ့ လူတန်းစားခုနှစ်ရပ်ဆိုတာကတော့ အလုပ်သမား၊ လယ်သမား၊ ပညာတတ်၊ ပညာမဲ့၊ ကျောင်း/သူ၊ ၀န်ထမ်း နဲ့ သံဃာ တို့ဖြစ်ပါတယ်။

လူတန်းစားခုနှစ်လွှာလုံးမှာ အမာခံသတင်းပေးတွေရှိထားဖို့လည်း ကြိုးစားရပါတယ်။ အမာခံသတင်းပေး မွေးမြူထားနိုင်မှု အခြေအနေကိုလည်း ပုံမှန်တင်ပြရပါတယ်။ သတင်းပေးတွေကို ပေးရ၊ ထောက်ပံ့ရတဲ့ ပမာဏတွေကလည်းပုံမှန်တင်ပြရပါတယ်။ သတင်းပေးတွေကို ပေးရ၊ ထောက်ပံ့ရတဲ့ ပမာဏတွေကလည်း အများသောအားဖြင့် တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ တချို့ကျတော့လည်း လုပ်ပိုင်ခွင့်ရဖို့အတွက် ငွေကြေး အထောက်အပံ့မယူပဲ သတင်းပေးလုပ်ကြတာတွေ ရှိပါတယ်။ အဲလိုလူတွေကတော့ စီးပွားရေးသမားတွေ၊ ပွဲစားတွေ များပါတယ်။ တချို့ရဲတွေကလည်း ချဲဒိုင်တို့၊ အနှိပ်ခန်းပိုင်ရှင်၊ ဘီယာဆိုင်/အရက်ဆိုင်ပိုင်ရှင်လိုလူမျိုးတွေကို သတင်းပေး လုပ်ထားကြပါတယ်။ အဲဒီလိုလူတွေကို သတင်းပေးမွေးထားခြင်းအားဖြင့် သူတို့ကိုပေးရမဲ့ သတင်းပေး ထောက်ပံ့ကြေးတွေကို ကိုယ့်အိတ်ထဲထည့်လို့ရတဲ့အပြင် သူတို့ဆီကပါ ဘော်ဒါကြေး/လိုင်းကြေးပြန်ရသေးတာမို့ ရဲတော်တော်များများက သဘောကျကြပါတယ်။

အခြေအနေမဲ့ ကောက်တိုတွေကိုလည်း အမာခံသတင်းပေးတွေအဖြစ် ဖန်တီးဖို့၊ မွေးမြူထားဖို့ စီမံချက်တွေလည်းရှိပါတယ်။ သတင်းတွေရရှိနိုင်မဲ့ အခြေအမြစ်နေရာအဖြစ် သတ်မှတ်ထားတာတွေကတော့ (က)ရပ်ကွက်/ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ နယ်မြေမှူးများ (ခ) အစိုးရမဟုတ်သော အဖွဲ့အစည်းများ (စစ်မှုထမ်းဟောင်းအဖွဲ့များ၊ကြက်ခြေနီ၊ အရန်မီးသတ်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာ၊ သာသနာ့နုဂ္ဂဟအသင်းကဲ့သို့ အစိုးရကို ထောက်ခံအားပေးသော ဘာသာရေး အဖွဲ့အစည်းများ) (ဂ) ပြည်သူ့စစ်အဖွဲ့များ၊ (ဃ) ရပ်ကွက်/ကျေးရွာများတွင် နေထိုင်သော တပ်ဖွဲ့ဝင် မိသားစု၊ ဆွေမျိုးအပေါင်းအသင်းများ၊ (င) ရဲတပ်ဖွဲ့ဝင်ဟောင်းများ၊ အငြိမ်းစားများ (စ) အမာခံသတင်းပေးအဖြစ် မွေးမြူထားသော သတင်းစာ/ စာနယ်ဇင်း/ ဂျာနယ် သတင်းထောက်များ (ဆ) အမာခံသတင်းပေးအဖြစ် မွေးမြူထားသော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ (စားသောက်ဆိုင်၊ဈေးဆိုင်၊ ရုပ်ရှင်ရုံ၊ ဆောက်လုပ်ရေးကုမ္ပဏီ၊ တည်းခိုခန်းများ၊ ဟိုတယ်များ) (ဇ) အခြား အမာခံသတင်းပေးများ (ကောက်တို/၀န်ထမ်း/သာသနာ့ဝန်ထမ်း/အခြား) တို့ဖြစ်ပါတယ်။

သတင်းလက်ဦးမှုရယူရေးအတွက်လည်း လုပ်ဆောင်ရမဲ့ ကိစ္စတွေကို ဒီလို ညွှန်ကြားထားခဲ့ပါတယ်။ (၁) သက်ဆိုင်ရာ နယ်မြေအတွင်းရှိ စက်ရုံ/အလုပ်ရုံများ၊ တက္ကသိုလ်/ကောလိပ်များ၊ သိပ္ပံကျောင်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများတွင် ပူးပေါင်းစုဖွဲ့၍ နယ်မြေအလိုက် အဖွဲ့ခွဲပြီး အမြဲမပြတ်စောင့်ကြည့် သတင်းရယူရမည်။ (၂) သက်ဆိုင်ရာ နယ်မြေအတွင်းလူမျိုးကွဲ၊ ဘာသာကွဲအသင်းအဖွဲ့များအတွင်း မသင်္ကာဖွယ်ရာသွားလာလှုပ်ရှားမှုများ တွေ့ရှိပါက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းခေါ်ယူစစ်ဆေးမေးမြန်းပြီး လိုအပ်သလိုတားဆီးရမည်။ (၃) မသင်္ကာဖွယ်ရာ သတင်းရရှိသည့်နယ်မြေနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံများမှ မြင်သာသောနေရာများတွင်မိမိတပ်ဖွဲ့ဝင်များအနေဖြင့်အင်အားပြလှုပ်ရှား ဆောင်ရွက်ရမည်။ (၄) နိုင်ငံတော်ကို ဆန့်ကျင်လိုသောသဘောရှိသည့် နိုင်ငံရေး၊ ဘာသာရေး ခေါင်းဆောင်များ၊ အလုပ်သမားနှင့်ကျောင်းသားခေါင်းဆောင်များ၏ စိတ်နေ သဘောထားများနှင့် လှုပ်ရှားမှုများကိုလည်း မပြတ်ထောက်လှန်း၍ အချိန်နှင့် တစ်ပြေးညီ တင်ပြရမည်။ (၅) စက်ရုံအလုပ်ရုံ၊ တက္ကသိုလ်/ ကောလိပ်၊ သိပ္ပံကျောင်းများ၊ စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ပိတ်ဆို့ထိန်းချုပ်နိုင်ရန် ကြိုတင်လေ့လာထားရမည်။

အမာခံသတင်းပေးတွေ မွေးမြူရခြင်းရဲ့ ရည်ရွယ်ချက်တွေကတော့ သတင်းစုဆောင်းဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေအတွင်းက သတင်းပေးတွေဆိုရင် ပါတီအတွင်းအချင်းချင်း ၀ိဝါဒ ကွဲပြားအောင်၊ အုပ်စုဖွဲ့တာတွေ ဖြစ်လာအောင် လှုံ့ဆော်သွေးထိုးတာတွေ လုပ်ဆောင်ပေးရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင် စစ်အစိုးရရဲ့ နည်းဗျူဟာပေါင်းစုံသုံးပြီး စနစ်တကျဖြိုခွဲရေးဒဏ်ကို အတော်လေး အလူးအလဲခံခဲ့ရပါတယ်။ စစ်အစိုးရရဲ့ နည်းဗျူဟာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့လို့ ပါတီကိုဦးဆောင်သူတွေကို ပုဒ်ထီး၊ ပုဒ်မ အမျိုးမျိုးနဲ့ တပ်ပြီး ထောင်ထဲကမထွက်ရအောင်လုပ်တာ၊ တက်ကြွလှုပ်ရှားသူလူငယ်တွေကို တရစပ်ဖမ်းဆီးတာ၊ အဖွဲ့ချုပ်နဲ့ ပတ်သတ်တဲ့လူတွေရဲ့ စီးပွားရေး၊ လူမှုရေးတွေကို ခြိမ်းခြောက်ပိတ်ပင်တာတွေအပြင် အဖွဲ့ချုပ်အတွင်း အမာခံလူတွေ မွေးမြူစည်းရုံးပြီး နည်းဗျူဟာမြောက် ဖြိုခွဲရေးတွေလုပ်ခဲ့ပါတယ်။ အဲဒီရဲ့ရလဒ်အနေနဲ့ အဖွဲ့ချုပ်ကနေ အစုလိုက်အပြုံလိုက် နုတ်ထွက်တာတွေ၊ အဖွဲ့ချုပ်ကို ပုတ်ခတ် ခွဲထွက်ပြီး တစ်စင်ထောင်တာတွေ ဖြစ်လာပါတယ်။ အခုအချိန်ထိလည်း အဖွဲ့ချုပ်အတွင်းမှာ အမာခံသတင်းပေးတွေ လှုပ်ရှားနေဆဲ၊ ရှိနေဆဲဖြစ်ပါတယ်။ တချို့အဖွဲ့ချုပ်ဝင်တွေကျတော့လည်း အမာခံသတင်းပေးအနေနဲ့ မဟုတ်ပဲ စီးပွားရေး အကျပ်အတည်းကလွတ်မြောက်ရေး၊ အမှုဆင် ထောင်ချခံရမဲ့ ကိစ္စတွေ မဖြစ်ရေးအတွက် နားလည်မှုနဲ့ သတင်းပေး/သတင်းယူလုပ်ခဲ့တဲ့လူတွေလည်း ရှိပါတယ်။ ခုဆိုရင်တော့ အဲဒီလိုလူတွေထဲက တချို့များဆို အဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တို့၊ အဖွဲ့ချုပ်အတွင်းက လုပ်ပိုင်ခွင့်ရှိတဲ့သူတို့ ဖြစ်ကောင်းဖြစ်နေနိုင် (ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်) ပါတယ်။ (သတိကြီးကြီးထားနိုင်စေဖို့ရည်ရွယ်ရင်း ဖြစ်ပါတယ်)

စာလည်းရှည်ပြီမို့ မနေ့က မန္တလေးတိုင်းထဲက စောင့်ကြည့်ခံဘုန်းကြီးကျောင်း စာရင်းလေး ဆက်လိုက်ပါဦးမယ်။

(၉) မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်၊ သံဃာများအားစောင့်ကြည့်ရန် ဒုရဲအုပ်ခွန်မင်းသိန်း
(၁၀) မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်ဟောင်း၊ သံဃာ(၄၅ဝ)ပါး၊ မဟာဝိသုဒ္ဒါရုံတိုက်သစ်၊
သံဃာ(၄ဝ၇)ပါးကို စောင့်ကြည့်ရန် တပ်သားဟန်ထူး
(၁၁) မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်၊ သံဃာ(၅ဝဝ)ပါးကို စောင့်ကြည့်ရန် ဒုတပ်ကြပ် မြင့်နိုင်
(၁၂) ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏရာမဘုရားကြီးကျောင်းတိုက်၊ သံဃာ(၁၂ဝဝ)ပါးကို စောင့်ကြည့်ရန် ဒုရဲအုပ်ကျော်ထူးနိုင်
(၁၃) ချမ်းမြသာစည်မြို့နယ်၊ အာသောကရာမဘုရားကြီးတိုက်၊ သံဃာ (၂၈ဝ)ပါးကို စောင့်ကြည့်ရန် ဒုရဲအုပ်ကျော်ထူးနိုင်
(၁၄) ချမ်းမြသာစည်မြို့နယ်၊ နန္ဒိသေနရာမတိုက်၊ သံဃာ(၁၆ဝ)ပါး ကို စောင့်ကြည့်ရန် ဒုတပ်ကြပ်ကျော်ခိုင်ထွန်း
(၁၅) ချမ်းမြသာစည်မြို့နယ်၊ တောင်ပြင်ထီးလင်းတိုက်၊ သံဃာ(၁၂ဝ)ပါး ကို စောင့်ကြည့်ရန် ဒုတပ်ကြပ် ဇေယျာဦး
(၁၆) ချမ်းမြသာစည်မြို့နယ်၊ ဓမ္မိကာရာမတိုက်၊ သံဃာ(၂၂ဝ)ပါးကို စောင့်ကြည့်ရန် ဒုတပ်ကြပ် ဇော်မျိုးထွန်း
(၁၇) ပြည်ကြီးတံခွန်မြို့နယ်၊ မစိုးရိမ်ကျောင်းတိုက်၊ သံဃာ(၁၂၅)ပါးကို စောင့်ကြည့်ရန် တပ်သားထွန်းမြင့်ထွန်း
(၁၈) ပြည်ကြီးတံခွန်မြို့နယ်၊ ဘုံပျံတောရစက်တော်ရာကျောင်းတိုက်၊ သံဃာ(၁၂ဝ)ပါးကို စောင့်ကြည့်ရန် ဒုတပ်ကြပ် အောင်မျိုးသန်း
(၁၉) အမရပူရမြို့နယ်၊ မင်္ဂလာကျောင်းတိုက်(သစ်/ဟောင်း)၊ သံဃာ(၁၇ဝ)ပါးကို စောင့်ကြည့်ရန် တပ်သား မိုးမင်းအောင်
(၂၀) အမရပူရမြို့နယ်၊ မဟာဂန္ဓရုံကျောင်းတိုက်၊ သံဃာ(၁၁၃၈)ပါးကို စောင့်ကြည့်ရန် ဒုရဲအုပ် ဆန်းလင်း
(၂၁) အမရပူရမြို့နယ်၊ တူးမောင်းကျောင်းတိုက်၊ သံဃာ(၂ဝဝ)ပါးကို စောင့်ကြည့်ရန် တပ်သား မိုးမင်းအောင်
(၂၂) ပုသိမ်ကြီးမြို့နယ်၊ ဥယျာဉ်ပရိယတ္တိစာသင်တိုက်၊ သံဃာ (၂၈၉)ပါးကို စောင့်ကြည့်ရန် ဒုရဲအုပ် ဇော်ခိုင်
(ဆက်ပါဦးမည်)
မိုးဇေငြိမ်း
အဖွဲ့အစည်းတွေ၊ လူ့တန်းစားအလွှာတွေမှာ မြှုပ်နှံထားတဲ့ သတင်းပေး၊သူလျှိုများ။သတင်းရဲတပ်ဖွဲ့ရဲ့ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်း အကြောင်းတစေ့တစောင်း(၁)-http://www.dawnmanhon.com/2012/10/blog-post_9073.html

0 လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဆရာ ဒဂုန်တာရာ၏ သဘောထားထုတ်ပြန်ချက်

ကျေးလက်နေပြည်သူများခင်ဗျား မြို့နေပြည်သူများခင်ဗျား

ကျွန်တော်သည် ခင်ဗျားတို့၏ ကန့်ကွက်သံများကိုကြားနေရပါသည် ။

တကယ်က ကျွန်တော်တို့တိုင်းပြည်သည် သယံဇာတ အလွန်ကြွယ်ဝသော တိုင်းပြည်ဖြစ်ပါသည် ။ သဘာဝအလျောက်ရှိနေသော သယံဇာတ အရင်းအမြစ် များကိုလည်းကောင်း သဘာဝပတ်ဝန်းကျင်ကိုလည်းကောင်း ပျက်စီးအောင် ပြုလုပ်နေခြင်းက အလွန်အကျည်းတန် အရုပ်ဆိုးသည်ဟု ထင်ပါသည် ။ ထိုကြောင့် သယံဇာတ ကို ထုတ်ယူ မသုံးစွဲပဲ သဘာဝ မပျက်စီးအောင်ထားရှိခြင်းက အလွန်ကောင်းပါသည် ။

ထိုကြောင့် မုံရွာခရိုင်အနီးရှိ လက်ပံတောင်းတောင်ခြေအနီးမှ ရွာသားများနှင့် မုံရွာမြို့သားများနည်းတူ ခံစားရပါသည် ။

ထိုကြောင့် လက်ပံတောင်းတောင်စိမ်းလန်းစိုပြည်ရေး နှင့် ကျေးရွာသားများ၏ စားဝတ်နေရေးပြေလည်အောင် ဆုတောင်းမေတ္တာပို့သအပ်ပါသည် ။

ပြည်သူလူထု စည်းလုံးညီညွတ်မှု မြှင့်တင်ရန် လိုအပ်ပါသည် ။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လုံးဝ အပြီးအပြတ် ဖျက်သိမ်းရန်တောင်းဆိုလိုက်ပါသည် ။

ဒဂုန်တာရာ
ပန်းကြာဝတ်မှုန်
ရန်ကုန်မြို့ ၁၆ . ၁၀ . ၂၀၁၂

0 အာဏာရပါတီအတွင်း ကွဲလွဲမှုကြီးထွားလာ

(The Financial Times မှ 17 Oct 2012 ရက်စွဲပါ “Unrest grows in Myanmar’s ruling party” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

တစ်ချိန်က တန်ခိုးထွားခဲ့သော အာဏာရ ပြည်ခိုင်ဖြိုး ပါတီအတွင်း မငြိမ်သက်မှုများ ကြီးထွားလာခြင်းကြောင့် သမ္မတကို ထောက်ခံကြ သူများနှင့် သမ္မတ၏ ပြုပြင်ပြောင်းလဲမှုများသည် ဒေါ်အောင်ဆန်းစုကြည်အား စင်ပေါ်ရောက် လာစေသည်ဟု အပြစ်တင်သူ ခေတ်နောက်ပြန်ဆွဲ သမားများအကြား ပါ တီတွင်း အကွဲအပြဲ ဖြစ်နေပြီဟူသော ပြောဆိုမှုများ ထွက်ပေါ်လာသည်။

ယင်းကဲ့သို့ ပါတီတွင်း မကျေမနပ် ပြောဆိုကန့်ကွက်မှုများကို ပါတီဥက္ကဌအဖြစ် ဦးသိန်းစိန် ပြည်လည်အရွေးခံရသည့် ကိစ္စက အစပျိုး ပေးလိုက်ပုံ ရသည်။

ယခင်နှစ် မတ်လ အာဏာရယူချိန်တွင် ပါတီဥက္ကဌတာဝန်ကို စွန့်လွှတ်ခဲ့သော သမ္မတဦးသိန်းစိန်အား အင်္ဂါနေ့က ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ ခြင်း အပေါ် ၎င်းပါတီအတွင်းမှ လူများစုပင် အံအားသင့် သွားခဲ့ကြသည်။

ပါတီဥက္ကဌနေရာကို ၂၀၁၅ သမ္မတ ရွေးကောက်ပွဲအတွက် အလားအလာေ

ကာင်းသူ အောက်လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ရရှိလိမ့်မည်ဟု အ များစုက မျှော်လင့်ထားကြသည်။ သို့ရာတွင် ရန်ကုန်မှ အကဲခတ် လေ့လာသူများကမူ “ယခုကဲ့သို့ ဦးသိန်းစိန်ကို ပြန်လည်ရွေးချယ်ခဲ့ခြင်းသည် အာဏာရှင် စစ်အုပ်ချုပ်ရေး စနစ် ဟောင်း၏ လက်ကျန်နိုင်ငံရေး ယန္တရားကို နောက်ဆုံးထပ်မံ ပြင်ဆင်လိုက်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်”ဟု ရှုမြင်ကြသည်။

အာဏာရှင် အသိုင်းအဝိုင်းနှင့် တပ်မတော်ကို ကိုယ်စားပြုသူအဖြစ် သတ်မှတ်ခြင်း ခံထားရသော ပြည်ခိုင်ဖြိုး ပါတီသည် တစ်ချိန်က ပါတီဝင် ၁၅ သန်းကျော်ရှိခဲ့ပြီး၊ လွှတ်တော်တွင်း၌လည်း တပ်မတော်သား အမတ်များမှအပ ကျန်နေရာ အများစုကို ထိန်းချုပ်ထားဆဲ ပင်ဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန်လက်ထက် သိသာသော အပြောင်းအလဲများက ပါတီကိုယိမ်းယိုင် သွားစေခဲ့သည်။ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ တွင် နောက်ကောက်ကျ ရှုံးနိမ့်မှုအပေါ် ပါတီဝင် အများစုမှာ ယခုတိုင် တုန်လှုပ်နေဆဲဖြစ်သည်။

ထို့အပြင် ယခင်ခရိုနီ သူဌေးကြီးများက NLD ပါတီနှင့်အခြားအဖွဲ့အစည်းများထံ ပြောင်းလဲလှူဒါန်း နေကြသောကြောင့် ပြည်ခိုင်ဖြိုး ပါတီ၏ ရန် ပုံ ငွေ ရလမ်းများ ခမ်းခြောက်လာနေပြီ ဖြစ်သည်။ အကြီးတန်း ပါတီဝင်များသည်လည်း နိုင်ငံရေးရာထူး၊ အစိုးရ ကန်ထရိုက်နှင့် စီးပွားရေး ခွင်များကို နောက် ထပ်မရနိုင် ကြတော့ပါ။

၃ရက်ကြာ ပါတီညီလာခံတွင် ရွေးကောက်ပွဲ မဟာဗျူဟာကို ဆွေးနွေးကြခြင်းသည် တစ်ချိန်က တန်ခိုးထွား ပါတီအတွင်း တစ်ငွေ့ငွေ့ လောင်နေ သော ပြဿနာဖွဲ့ မီးရှိကြောင်း ထင်ဟပ်နေသည်ဟု အတွင်းသတင်းများက ဆိုသည်။

ညီလာခံ ကျင်းပရာနေရာ အဝန်းအဝိုင်းတွင် တီးတိုးပြောဆိုကြသော အကြောင်းအရာ များထဲတွင် အချို့က ခွဲထွက်၍ ပါတီထောင်ချင်ကြသော ကိစ္စလည်း ပါဝင်သည်ဟု သိရှိရသည်။

“ကြားဖြတ်ရွေးကောက်ပွဲအပြီး ပထမဆုံး စုဝေးတဲ့ ညီလာခံဟာ များသောအားဖြင့် အခက်တွေ့ တတ်ပါတယ်။ အဆင်မပြေ တာမျိုးတောင် ရှိတတ် တယ်။ ဒါပေမယ့် ဒီလိုအဖြေ ရလာဒ်မျိုးကို မျှော်လင့်ထားသူ အနည်းငယ်ပဲရှိပါတယ်” ဟု ရန်ကုန်အခြေစိုက် သံတမန် တစ်ဦးက ပြောကြားသည်။

လုပ်ငန်းများကို ကိုင်တွယ်ရန် ယာယီဥက္ကဌအဖြစ် တာဝန်ပေးသည်။ အောက်လွှတ်တော် ဥက္ကဋ္ဌသည် ပါတီဒုတိယ ဥက္ကဋ္ဌ ၃ဦးထဲမှ တစ်ဦးအဖြစ် ပြန်လည် အရွေးခံရသည်။

အကဲခတ် လေ့လာသူများ၏ အဆိုအရ ပါတီ၏ ယိမ်းယိုင်မှု မှန်သမျှသည် ဦးသိန်းစိန်အပေါ် ဖိအားပိုမို ကျရောက်စေခြင်းဖြင့် ပြုပြင် ပြောင်း လဲ ရေး ဖြစ်စဉ်ကို ရှုတ်ထွေးစေနိုင်သည်ဟု သိရှိရသည်။ ရန်ကုန်မှ အကဲခတ် လေ့လာသူ တစ်ဦးက “ဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုး ပါတီထဲမှာ အာဏာတည်ဆောက် နေတုန်းလို့ ထုတ်ဖော်ပြသ နေပေမယ့် ပါတီသစ် ခွဲထောင်မယ့်လှုပ်ရှားမှုမှန်သမျှဟာလွှတ်တော်မှာကော ရွေးကောက်ပွဲမှာပါဆန္ဒမဲအင်အား ပြန့်ကျဲသွား စေ နိုင်ပါတယ်” ဟု ပြောကြားသည်။

အချို့ကမူ ပါတီနှစ်ခြမ်းကွဲစေမည့် ကိစ္စသည် ပုဂ္ဂိုလ်ရေး အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။ ဦးသိန်းစိန်ကဲ့သို့သော ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သူရဦးရွှေမန်းကို သစ္စာခံသူ နောက်လိုက်များရှိ သည်။ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့နှစ်ဦးစလုံး သည်လည်းအာဏာရှင် အကြီးအကဲ ဟောင်း၏ သစ္စာခံများ ဖြစ်ကြသည်။

ဖိနှိပ်သော အဏာရှင် တပ်မတော် အစိုးရ အဖွဲ့တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ကြပြီး အချိန်တွင် ၎င်းတို့နှစ်ဦးသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များကိုစတင် အကောင်အထည်ဖော်ရန် ဆန္ဒပြင်းပြ နေကြသည်။

ဝန်ထမ်းလစာ ကိစ္စအပါအဝင် မူဝါဒနှင့် ဥပဒေပြုရေး တွင်ဝိရောဓိများ ရှိနေသော်လည်း အပေါ်ယံဆက်ဆံရေး ချောမွေ့အောင် ထိန်းသိမ်းနေကြ ခြင်းက ပြိုင်ဆိုင်မှု ကြီးထွားနေကြောင်း ထင်မြင်ယူဆမှုကို ဖြစ်ပေါ်စေသည်။

“ဦးသိန်းစိန်က ဦးရွှေမန်းအား ပါတီယာယီ ဥက္ကဋ္ဌ နေရာပေးခဲ့သော အကြောင်းအရင်းမှာ အိမ်ထဲမှ ထွက်မသွားအောင် ထိန်းသိမ်းရန် ဖြစ်သည်။ လောလောဆယ် တစ်ဦးကိုတစ်ဦး အပြန်အလှန် လိုအပ်နေကြသည်”ဟု သံတမန် တစ်ဦးက မှတ်ချက်ပေးသည်။

မည်သို့ပင်ဖြစ်စေ ပြည်ခိုင်ဖြိုး ပါတီအပေါ် အဓိက ခြိမ်းခြောက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်သာလျှင် ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ဒေါ် အောင်ဆန်းစုကြည်၏ သားနှစ်ဦးနှင့် ကွယ်လွန်သူ ခင်ပွန်းတို့မှာ ပြည်ပနိုင်ငံသားများ ဖြစ်သောကြောင့် အခြေခံ ဥပဒေအရ သမ္မတ လမ်းကြောင်းတွင် အ တားအဆီး ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုများ ၂၀၁၅မတိုင်ခင် မအောင်မြင်သည့်တိုင်အောင် သူမ၏ NLDပါတီမှာမူ အင် အားကြီးပါတီ ဖြစ်သွားပါလိမ့်မည်။ လွှတ်တော်အမတ် တစ်ဦးက “ခင်ဗျား ဘာတွေတွေ့လာ နိုင်သလဲဆိုတော့ ပြည်ခိုင်ဖြိုးပါတီထဲက အခွင့်အလမ်းတွေ လက် မလွှတ် ချင်သူတွေရဲ့ အံ့သြဖွယ် အယူအဆတွေ၊ အခွင့်အလမ်း မဆုံးရှုံးအောင် ကြိုးပမ်းမှုတွေပေါ့။ ဒါမှမဟုတ် ဦးရွှေမန်းက ကိုယ်ပိုင်ပါတီ ထောင်တာမျိုး ပေါ့။ ဘာမဆို ဖြစ်လာနိုင်ပါတယ်”ဟု သုံးသပ်ပြောကြားသည်။

Yangon chronicle

0 ၂၀၁၅ အမီ လူလတ်တန်းစားသစ်တစ်ရပ် ပေါ်ပေါက်ရေး အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေ

ယနေ့ အာရှကျားတစ်ကောင်ဖြစ်လာရန် အားယူနေပြီဟု တင်စားနေသော မြန်မာနိုင်ငံတွင် စီးပွားရေးဝင်ငွေအရ လူလတ်တန်းစားတစ်ရပ် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး လူလတ်တန်းစားအောက် သာမန်လူတန်းစားတစ်ရပ် ဖြစ်ပေါ်နေသည်မှာ အချိန်ကြာခဲ့ပြီဖြစ်သည်။

စီးပွားရေးအခွင့်အလမ်းမညီမျှမှုများ၊လူတန်းစားမညီမျှမှုများ၊လူ့အခွင့်အရေးမညီမျှမှုများနှင့် ပြည်သူ့ဝန်ထမ်းများ အဂတိလိုက်စားမှုများကြောင့်တိုင်းပြည်၏အဓိကမောင်းနှင်အားဖြစ်သောလူလတ်တန်းစားများ၏အခန်းကဏ္ဍများ ပျောက်ကွယ်လျက် ရှိသည်။

တိုင်းပြည်၏ ထိပ်တန်းစီးပွားရေးကဏ္ဍများတွင် လူတစ်စု၏ ထိန်းချုပ်မှုအောက်မှ မရုန်းထွက်နိုင်ခြင်း၊ ထိုကဏ္ဍများ သည် လည်း ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့်ဝင်ငွေကိုသမမျှတအောင် ဆောင်ရွက်မှုမပေးနိုင်ခြင်း၊ တိုင်းပြည်၏ ၀င်ငွေဖြစ်သော အခွန်ကိစ္စရပ်များတွင်လည်း ကောင်းမွန်စွာထောက်ပံ့မှုမပေးနိုင်ခြင်း၊ အဆိုပါစီးပွားရေးကဏ္ဍများမှ အသားတင် အမြတ်ငွေများကိုသာ သဲ့ယူသွားခြင်းများရှိနေခြင်းများသည် တိုင်းပြည်၏ စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်ရေးကို အတားအဆီးသဖွယ်ရှိနေကြောင်း ပညာရှင်များက ဝေဖန်ကြသည်။ ရေမြေသဘာဝအရ သဘာဝအရင်းအမြစ်များစွာရှိခဲ့သော မြန်မာနိုင်ငံတွင် အဆိုပါ အရင်းအမြစ်များကို ရေတိုအကျိုးအတွက်သာ အသုံးချခဲ့ခြင်းများကြောင့် သဘာဝအရင်းအမြစ်များ ပျောက်ကွယ်လုနီးပါးရှိနေပြီး ထိုရေတိုအကျိုးများသည်လည်း လူနည်းစုတစ်စုအတွက်သာဖြစ်ခဲ့ခြင်းကြောင့် သာမန်လူတန်းစားများအတွက် ထိရောက်သော အကျိုးကျေးဇူးများ မပေါ်ထွန်းနိုင်ခဲ့ပေ။

ယခုအစိုးရလက်ထက်တွင် စီးပွားရေးပြုပြင်ပြောင်လဲမှုများ လုပ်ဆောင်နေသော်လည်း ယခင် အစိုးရလက်ထက် ထိပ်တန်းစီးပွားရေးသမားများနှင့်၎င်းတို့၏Partnerများအကျိုးကျေးဇူးထိခိုက်နိုင်သော ရေရှည်ပြည်သူ့အကျိုးပြုစီးပွားရေးကဏ္ဍများမှာလည်း များစွာနှောင့်နှေးလျက်ရှိသည်။

နိုင်ငံတကာမှ စီးပွားရေးကော်ပိုရေးရှင်းများကို ဖိတ်ခေါ်နေသော်လည်း လက်တွေ့တွင်မူ ထိုကော်ပိုရေးရှင်းများ၏ လွှမ်းမိုးမှုများကို ကြောက်လန့်လျက်ရှိသော စီးပွားရေးသမားတစ်စု၏ အဟန့်အတားများကြောင့် အလျင်အမြန်ပြဌာန်း ရန်လိုအပ်နေသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေမှာ ထွက်ရှိမလာနိုင်သေးသည်ကို ၀မ်းနည်းစွာတွေ့ရှိရသည်။

အစိုးရအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေအရ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များကို အကာအကွယ်ပေးနိုင်ရမည်ဟု ဆိုထားသော်လည်း ထိုတိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များမှ တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်ပေးနေသနည်းဟု မေးခွန်းထုတ်စရာရှိနေပါသည်။

ယခုအခါ ထိပ်တန်းစီးပွားရေးသမားများသည် ၄င်းဥပဒေကို အသုံးချပြီး နိုင်ငံခြားကော်ပိုရေးရှင်းများနှင့် ပူးပေါင်းကာ မိမိတို့ ရရှိပြီးသော အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ပိုမိုအကျိုးအမြတ်ရရှိရေးကိုသာ ဦးတည်ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိနေရပါသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၆၀% မှာ တစ်နေ့ဝင်ငွေ ၁၅၀၀ခန့်နှင့်ရပ်တည်နေကြရပြီး၊ ၂၀ %မှာ တစ်နေ့ဝင်ငွေ ၁၅၀၀ ကျပ်မှ ၅၀၀၀ ကြား ရပ်တည်နေကြရသည်။ အဆိုပါ ၀င်ငွေပမာဏ၏ ၃၀ %ကို ခရီးစရိတ်အဖြစ် သုံးစွဲနေကြရပြီး၊ ကျန်ငွေကို စားဝတ်နေရေးပညာရေးအတွက် အသုံးပြုနေကြရသည်။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် မဖြစ်မနေသုံးစွဲရသည့်အခါ အကြွေးတင်ရှိမှုများဖြစ်ပေါ်ပြီး လူ့အဆင့်အတန်းတိုးတက်နိုင်ရေးအတွက် အဟန့်အတားများ ဖြစ်ပေါ်လျက်ရှိသည်။ အစိုးရအနေဖြင့် လက်ရှိပြည်သူများ၏ အခြေအနေကို လေ့လာဆန်းစစ်မှုများ သေချာစွာပြုလုပ်ရန်လိုအပ်နေပြီး၊ Public Institutions များအနေဖြင့်လည်း အောက်ခြေလူတန်းစားများတိုးတက်ရေးကို အလေးပေးဖေါ်ပြရန် လိုအပ်နေကြောင်း လေ့လာတွေ့ရှိနေရသည်။

အစိုးရက ၂၀၁၅ ခုနှစ်တွင် အလုပ်အကိုင် အခွင့်အလမ်း ၁ သန်းခန့် ပေါ်ထွန်းလာအောင်ဆောင်ရွက်သွားမည်၊ လူလတ်တန်းစားသစ်တစ်ရပ်ပေါ်ထွန်းလာအောင် ဆောင်ရွက်သွားမည်ဟု ကြွေးကြော်နေသော်လည်း အထက်ပါ အချက်များကြောင့် အဆိုပါကိစ္စများသည် အစိုးရအတွက် စိန်ခေါ်မှုများဖြစ်နေပြီး၊ ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်မှာ အစိုးရ၏ ပြတ်သားသော ပြည်သူ့အတွက် ရပ်တည်နိုင်မှုမှာ အဓိကကျကြောင်း ဝေဖန်အကြံပေးရေးသားလိုက်ပါသည်။

by: People Development for Knowledge

Friday, October 19, 2012

0 "စိမ်းမြသစ်ရွက်တို့ ကြွေနေဆဲ.. အမေပါလိုက်ခဲ့မယ် ငါ့သားရေ"

တိုက်ကြီးမြို့ နယ်၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနေအောင် (၂၈)နှစ်သည် ထောင်တွင်းရောဂါများဖြင့်အောက်တိုဘာ ၄ ရက်၊ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့် တွင် နေအိမ်၌သေဆုံးခဲ့ရာ ၄င်းသေဆုံးပြီး ၂၅ မိနစ်ခန့် အကြာ ၁၂ နာရီ ၁၅ မိနစ်တွင် မိခင်ဖြစ်သူဒေါ်လှလှဝင်း ၅၂ နှစ်မှာ သားစိတ်ဖြင့် ထပ်မံသေဆုံးသွားခဲ့ကြောင်းနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ ပြောကြားချက်အရ သိရသည်။ "ကျွန်တော်တို့ နိုင်/ကျဉ်းအဖွဲ့ ကနေပြီး အောက်တိုဘာ ၁၂ ရက်ကကိုနေအောင်တို့ အိမ်ကိုသွားရောက်ပြီး အလှူငွေပေးခဲ့ပါတယ်။ ကျန်ရစ်သူမိသားစုကိုလည်း နှစ်သိမ့်အားပေးမှုတွေလုပ်ခဲ့ပါတယ်" ဟု နိုင်/ကျဉ်း အလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ကိုစောလွင်ဦးက News Watch ဂျာနယ်သို့ ပြောကြားသည်။

ကိုနေအောင်မှာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် ပုဒ်မ (၅၀၅/ ခ)ဖြင့်ထောင်ဒဏ် ၂ နှစ်ချမှတ်ခြင်းခံခဲ့ရပြီး အင်းစိန်နှင့် သထုံအကျဉ်းထောင်များတွင်ပြစ်ဒဏ်ကျခံခဲ့ရသူဖြစ်သည်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလတွင် ထောင်မှပြန်လည်လွတ်မြောက်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲဆန့် ကျင်သပိတ်မှောက်မှုဖြင့် အင်းစိန်ထောင်တွင် ၃ လ ထပ်မံဖမ်းဆီးခံခဲ့ရ ပြန်သည်။ ထောင်မှပြန်လည်လွတ်မြောက်ခဲ့သော်လည်း ထောင်တွင်း၌ရရှိခဲ့သောရောဂါများကြောင့် ယခုကဲ့သို့ သေဆုံးခဲ့ရခြင်းဖြစ်ပြီး သားစိတ်ဖြင့်မိခင်ဖြစ်သူပါ မိနစ်ပိုင်းတွင်ထပ်မံသေဆုံးခဲ့ပြန်ရာဝမ်းနည်းကြေကွဲဖွယ်ကောင်းသောဖြစ်ရပ်တစ်ခု ပင်ဖြစ်ကြောင်း နိုင်/ကျဉ်းအဖွဲ့ မှဆိုသည်။

ကိုနေအောင်နှင့် မိခင်ဒေါ်လှလှဝင်းသေဆုံးပြီးနောက် ၄င်း၏ယောက်ဖဖြစ်သူကိုအောင်ကျော်ဦး (၁၃၊ ၁၊ ၂၀၁၂ နေ့ က ပူတာအိုထောင်မှ ပြန်လည်လွတ်မြောက်လာသူ) အပါအ၀င် မိသားစု ၆ ဦး ကျန်ရစ်ခဲ့သည်။

(သတင်း နဒီ၊ News Watch ဂျာနယ် မှ ကူးယူဖော်ပြပါတယ်)

0 ကျွန်တော့် အိမ်နီးနားချင်း ဗိုလ်ချုပ်ကျော်ဇော

ကျွန်တော်တို့ မိသားစုနဲ့ ဗိုလ်ချုပ်ကျော်ဇောတို့မိသားစုဟာ ဆွေရင်းမျိုးရင်းလိုပဲရင်းနှီးပါတယ်။ ဒါပေမယ့် သူတို့က ရန်ကုန်မှာနေ၊ ကျွန်တော်တို့က မန္တလေးမှာ နေဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ချင်ရင် မိုင် ၄ဝဝ ခရီးသွား မှ တွေ့ကြရပါတယ်။ ဒါပေမယ့် ကံကြောင့်ပဲ ပြောရမလား၊ ရေစက်ကြောင့်ပဲ ပြောရမလား၊ ဦးလေး (ကျွန်တော်က သူ့ကိုအမြဲဦးလေးလို့ ပဲ ခေါ်ပါတယ်)နဲ့ အိမ်ချင်းပေ ၄ဝ လောက်အကွာမှာ နေခဲ့ရ ပါတယ်။

အဲဒါ “ဝ”ဒေသ ပန်ဆန်း (အခုအခေါ် ပန်ခမ်း) မှာပါ။

ကွန်မြူနစ် ပါတီရဲ့ အဲဒီတုန်းက ဗဟိုစခန်းဟာ တရုတ်ပြည်နယ်စပ်၊ နမ့်ခါချောင်း ကွေ့ပတ်စီးဆင်းသွား တဲ့ ချောင်းအကွေ့ က တောင်စောင်း၊ တောင်ထိပ်မှာ တည်ရှိပါတယ်။ နယ်စပ်မျဉ်းက အဲဒီချောင်းရဲ့အလယ် တည့်တည့်မှာ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ ကျွန်တော်နေတဲ့ အခန်းနဲ့ ဦးလေးတို့ ဇနီးမောင်နှံ နေတဲ့အခန်းဟာ ခြေလှမ်း ၂ဝ လောက်ပဲ ကွာပါတယ် ။ ခေါ်ချင်ရင် အော်ခေါ်ဖို့တောင် မလိုတဲ့ အကွာအဝေးပါ။

အဲဒီလို ကာလတွေမှာ ကျွန်တော် သတိပြုမိတဲ့ ဦးလေး အကြောင်းတွေ ရေးပါ့မယ်။ ဦးလေးဟာ မနက် စောစော ထလာတာနဲ့ မျက်နှာသစ်ပြီး ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ပါတယ်။ ကျွန်တော်တို့ နေတဲ့နေရာရဲ့ အောက်မှာက တသွင်သွင် စီးဆင်းနေတဲ့ နမ့်ခါချောင်းထဲကို လျှောဆင်းသွားတဲ့ တောင်ခါးပန်းလေးပါ။ နောက်ပြီး ချောင်းရဲ့ တစ်ဖက်မှာတော့ အလားတူ ဆင်ခြေလျှော တောင်ခါးပန်းနဲ့ တရုတ်ပြည်ထဲက ရှမ်းရွာ လေး တစ်ရွာ ရှိပါတယ်။ ဟိုဘက် တောင်စောင်းနဲ့ ဒီဘက်တောင်စောင်းဟာ မီတာ ၃-၄ဝဝ လောက် ကွာမယ် ထင်ပါတယ်။ အတော်ကျယ်ပြီး ရှည်လျားတဲ့ လျှိုကြားချောင်းရိုး ရှုခင်းဟာ သာယာလှပတယ်လို့ ပြောရမှာပါ။ နောက်ပြီး လေထုဟာလည်း သန့်ရှင်းလှတယ် လို့ ပြောနိုင်ပါတယ်။ ဦးလေးက အဲဒီရှုခင်းကို မျက်နှာမူပြီး မနက်တိုင်း လေ့ကျင့်ခန်း လုပ်ပါတယ်။ ဒေါ်ဒေါ် ဒေါ်သန်းစိန် (ဦးလေးရဲ့ဇနီး)ကတော့ မနက်တိုင်း ဘုရား ရှိခိုး ပါတယ်။ တစ်ရက် မပျက်ပါဘူး။ ဒေါ်ဒေါ်က ညမှာလည်း ဘုရားရှိခိုးပြီးမှ အိပ်ရာဝင်တာပါ။ ဦးလေးဟာ အဲဒီလို လေ့ကျင့်ခန်း လုပ်ပြီးရင် ယေဘုယျဖြင့်တော့ မနက်စာ ထမင်းစားတော့တာပါပဲ။ အဲဒီတုန်းက ကျွန်တော်တို့ အားလုံး တစ်နေ့မှာ ထမင်း ၂ နပ်ပဲ စားပါတယ်။ ဒါကြောင့် မနက် ၉ နာရီ လောက်မှာ တစ်နပ်၊ ညနေ ၅ နာရီ လောက်မှာ တစ်နပ်၊ ဒါနဲ့ ပြီးတာပါပဲ။

ဦးလေးက အဲဒီတုန်းက ဗဟို ကော်မတီဝင်လည်းဖြစ်၊ စစ်ကော်မရှင် အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဦးလေးတို့ လို ခေါင်းဆောင်တွေ ရတဲ့ ရိက္ခာဟာ ဆန်နဲ့ ဆီမှာ ကျန်သာမန် ရဲဘော်တွေရတဲ့ နှုန်းနဲ့ အတူတူ တစ်နှုန်းထဲ ဖြစ်ပြီး ဟင်းဖိုးမှာ (ဗမာငွေ) ဆယ်ကျပ်လောက် ပိုပါတယ်။ ဘာမှမများပါဘူး။ ခေါင်းဆောင်တွေ လည်း ဈေးပတ်တိုင်း (ငါးရက် တစ်ဈေးပါ) အသားငါး စားချင်မှ စားနိုင်တာပါ။ ဒီတော့ နောက်တန်းစခန်းမှာ အိမ်ထောင် တွေဟာ ဟင်းခင်းလေးစိုက်၊ ကြက်မွေး လုပ်ကြပါတယ်။ လူလွတ်တွေကလည်း ဘုံစိုက်ပျိုး မွေးမြူ ရေး လုပ်ကြပါတယ်။ ဦးလေးတို့ အိမ်မှာတော့ အဓိကအားဖြင့် ဒေါ်ဒေါ်က လုပ်တာပါ။ ဒါပေမယ့် ဦးလေးလည်း အားရင် ကြုံရင် ပေါက်ပြားပေါက် ရေလောင်း၊ ကြက်စာကျွေး လုပ်ရပါတယ်။ ကြက်မွေးတယ် ဆိုလို့ အထင်မ ကြီးပါနဲ့။ များလှမှ လေးငါးခြောက်ကောင်ပါ။ အဲဒီမှာ ကြက်မွေးတယ် ဆိုတာက လှောင်မမွေးနိုင်ပါဘူး။ အစာမတတ် နိုင်ပါဘူး။ လွှတ်မွေးရတာပါ။ ဒါပေမယ့် ညနေစောင်းရင် ကြက်တွေကို ကြက်ခြံထဲ ပြန်ဝင်စေရ ပါတယ်။ တောကြောင်က နေ့ခင်းမှာတောင် ဆွဲတတ်တဲ့ ပတ်ဝန်းကျင်မျိုးပါ။ ဒါကြောင့် ရန်သူတွေကို ဝိုင်းပတ် ချေမှုန်းခဲ့တဲ့ ကျွန်တော့် ဦးလေးတစ်ယောက်ကို တစ်ခါတလေမှာ သူ့ ကိုယ်ရံ၊ သူ့ဇနီးတို့နဲ့အတူ ကြက်တွေ ဝိုင်းပတ် မောင်းသွင်းနေတာ၊ ကြက်ကို ဖမ်းဖို့ ဝိုင်းခြောက်ပေး နေတာလည်း တွေ့ရ တတ်ပါတယ်။

တော်လှန်ရေး ဒေသ ရောက်တဲ့ ဦးလေးအဖို့ အနေအထိုင် အစားအသောက် အခက်အခဲ၊ ရုပ်ဝတ္ထု အကန့် အသတ်ရှိမှု၊ တောင်တက်ရတဲ့ အခက်အခဲ စတာတွေဟာ သူ့ အတွက် မှုစရာမဟုတ်ပါဘူး။ ဒါ ပေမယ့် သူလုံးဝ မကျော်လွှားနိုင်တဲ့ အခက်အခဲတစ်ခုရှိပါတယ်။ အဲဒါ ကဘာသာစကားပါပဲ။ အစည်း အဝေးတစ်ခုလုပ်ရင် ဘာသာ ၂ မျိုး ၃ မျိုးပြန်ရတဲ့ အရပ်ဒေသမှာ သူ့ အဖို့နေ့စဉ်လိုပဲ ဒီပြဿနာနဲ့ရင်ဆိုင် ရပါတယ်။ တစ်ခါတလေ သူ့ ကိုယ်ရံရဲဘော်လေးနဲ့သူနဲ့ စကား မပေါက်လို့ ခြေဟန်လက်ဟန်တွေနဲ့ ဗျာများနေတဲ့ ဦးလေးရဲ့ပုံကိုတွေ့ရင် မပြုံးဘဲမနေနိုင်ပါဘူး။ သူများတွေ ကို အကူအညီတောင်းရပါတယ်။ ဝရဲဘော်လေးတွေရဲ့ ဗမာစကား ရေ ချိန်ကလည်း အကန့်အသတ်ရှိတော့ အခက်အခဲက မသေးပါဘူး။ အဲဒီ ဝ ရဲဘော်လေးတွေက ၁၇ နှစ် ၁၈ နှစ်အရွယ်လေးတွေများပါတယ်။ အဲဒီရဲဘော်လေးတွေကို ဦးလေးက သူ့ထုံးစံအတိုင်း ခါးညွှတ်ပြီးသူဖြစ် ချင်တာကို ခင်ဗျားတွေ ကျွန်တော် တွေနဲ့ပြောနေတတ်ပါတယ်။ ဘာသာစကားပြဿ နာကြောင့် ဦးလေး မကြာခဏကြုံတွေ့ရတဲ့နောက် အခက်အခဲတစ်ခုက ထမင်းစားပွဲ၊ ဧည့်ခံပွဲတွေ မှာဖြစ်ပါတယ်။ သူများ တွေက ဦးလေးကို လူကြီးမို့ တ လေးတစား ဦးဦးဖျားဖျားအတူ အရက်သောက်ခိုင်း (တို့စ်လုပ်)ရင် အရက်မသောက်၊ ဆေးလိပ်မသောက် တဲ့ ဦးလေးခမျာ ဒုက္ခတွေ့တော့တာ ပါပဲ။ ပြုံးပြုံး ပြုံးပြုံးနဲ့ အဲဒီလို ငြင်းနေတဲ့ ဦးလေးရဲ့ ပုံကိုက သူ့ရိုးသားမှုကို ဖော်ပြတာမို့ သူ့ စကားကို နားမလည်တဲ့ တခြားလူတွေကလည်း ပြုံးကြ နားလည်ကြ ပါတယ်။

ဦးလေးကို အများဆုံး တွေ့ရတတ်တာကတော့ သူခရီးမထွက်၊ အစည်းအဝေး မတက်ဘူးဆိုရင် မြေပုံတွေ ဖတ်နေတာ၊ စာကြည့်နေတာ၊ မှတ်စု ကူးနေတာပါပဲ။ ဦးလေးကို အလကားနေတာ၊ အလဟဿအချိန်ဖြုန်း နေတာ တစ်ခါမှ မတွေ့ဖူးပါဘူး။ ဦးလေးမှာ ဝတ္တရားတစ်ခုလို ဖြစ်နေတဲ့ကိစ္စ တစ်ခုကတော့ ဧည့်ခံစကား ပြောရတာပါ။ မြို့က တောခိုလာတဲ့လူတွေ၊ ဝ ဒေသကို လာရောက်ကြတဲ့ တခြားဒေသတွေက တပ်ပေါင်း စုရဲဘော်တွေဟာ ဦးလေးကိုသိပ်တွေ့ချင်၊ စကားပြောချင်ပါတယ်။ သူတို့ဟာ ဦးလေးဆီက မေးမကုန်တဲ့ ဗဟုသုတတွေကို နားထောင်ချင်ကြတာကိုး။ ဒါပေမယ့် ဦးလေးက ပြန်မေးတာကလည်း နည်းတာ မဟုတ်ဘူး။ ဘယ်အရပ်ကလာတဲ့ လူပဲဖြစ်ဖြစ် ဦးလေးအဖို့ အခြေအနေ နားလည်ယူနိုင်တဲ့ ရေသောက်မြစ်ချည်း ဖြစ်နေပါတယ်။

နောက်ဆုံးအနေနဲ့ ကနေ့အထိ ကျွန်တော်မြင်ယောင်နေတဲ့ ဦးလေး လှုပ်ရှားပုံလေးကို ပြောပြချင်ပါ တယ်။ ဗဟိုရုံးစခန်းနဲ့ တစ်မိုင် လောက်ဝေးတဲ့ အရှေ့မြောက် စစ်ဒေသဌာနချုပ်ကို အစည်းအဝေး သွားတက်တဲ့ ဦးလေးရဲ့ပုံလေးပါ။ သူနဲ့သူ့ကိုယ်ရံ ဝရဲဘော်လေး၊ တစ်ယောက်က ပစ္စတိုခါးချိတ်၊ စာစောင်စာတမ်းတွေ ဘေးလွယ်အိတ်ထဲမှာ ထည့်လို့၊ နောက်တစ်ယောက်က အေကေ ၄၇ သေနတ်ကို ပခုံးမှာ လွယ်လို့၊ ချောင်းရိုး တစ်လျှောက် တောင်စောင်း လမ်းကလေးအတိုင်း ကုတ်ကုတ် ကုတ်ကုတ်နဲ့ လျှောက်သွားကြတဲ့ မြင်ကွင်းပါ။ စကားမပေါက် ကြလေတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း စကားမပြောဘဲ သွားကြတာ တောင်စောင်း အကွေ့လေးမှာ ကွယ်သွားတော့ မှ မြင်ကွင်းထဲက ပျောက်သွားပါတယ်။ သူတို့ နှစ်ယောက် ညနေစောင်းလို့ ပြန်လာတော့လည်း ဒီပုံပါပဲ။

စပါးနှံများဟာ စပါးအသီး ကြွယ်ဝလေ ညွှတ်လေ ဆိုသလိုပဲ လူတွေဟာလည်း တန်ဖိုးရှိလေ ရိုးသား နှိမ့်ချလေလို့ ဆိုရမယ် ထင်ပါတယ်။

ဖိုးသံ(လူထု) မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်

0 မစုစုနွေးက နိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂဖွဲ့နိုင်ရန်ကြိုးပမ်းမည်

လယ်သမားများ၏ အခွင့် အရေးများကိုကာကွယ်ပေးနိုင် သော နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂကြီးပေါ်ပေါက် လာအောင် ဆောင်ရွက်လျက်ရှိ ကြောင်း တောင်သူလယ်သမား သမဂ္ဂအဖွဲ့ငယ်များအား ရပ်/ကျေး အဆင့်မှ စတင်ပြီးဖွဲ့စည်းနေ ကြောင်း မုံရွာမြို့သို့ရောက်ရှိနေ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်အဖွဲ့ဝင် မစုစုနွေးက ပြောကြားခဲ့သည်ဟုသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ကျေးရွာအုပ်စုများစု ပေါင်း၍ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ငယ် ၁၀ဖွဲ့ကို ဖွဲ့စည်း နိုင်ခဲ့ကြောင်း၊လယ်သမားဦးရေ အယောက်(၃၀)ရှိလျှင် အဖွဲ့ဖွဲ့ နိုင်ကြောင်း၊၀င်ခွင့်လျှောက်လွှာ များကို မည်သူမဆိုဝင်ခွင့်ပေး ထားကြောင်း၊လယ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော် အစိုးရထံသို့ တင်ပြသွား မည်ဖြစ် ကြောင်း၊တောင်သူလယ်သမားများ ၏ အခွင့်အရေးကိုကာကွယ်သည့် သင်တန်းများ ၊တောင်သူလယ်သမား များ သိသင့်သိထိုက်သည့်ဥပဒေများအားကျွမ်းကျင်သူများနှင့်တိုင်ပင်ကာပို့ချသွားမည်ဖြစ်ကြောင်း၊ ရှေးနိုင်ငံရေးသမားကြီးများလည်း တောင်သူလယ်သမားများကို ကာကွယ်၍ တောင်သူလယ်သမား သမဂ်္ဂဖွဲ့ခဲ့ဖူးကြောင်း၊ ၁၉၃၉ခုနှစ် က မြန်မာနိုင်ငံတွင် ပထမဆုံးပေါ် ပေါက်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင် ရာ တောင်သူလယ်သမားအစည်း အရုံး(ဗတလစ)ကို သခင်မြက ဥက်္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးသခင် အောင်ဆန်း၊သခင်သန်းထွန်းတို့ကအမှုဆောင်များအဖြစ်ပါဝင်ကာလွတ်လပ်ရေးကြိုးပမ်းရာတွင် ရှေ့တန်းမှညီညွတ်စွာ ပါဝင်ခဲ့ကြ ကြောင်း သိရသည်။

““တောင်သူတွေက တောရိုင်း မြေတွေကို ခုတ်ထွင်ရှင်းလင်းပြီး ဓာမဦးချလုပ်ကိုင်ခဲ့ကြတယ်။မြေ တွေကောင်းလာတော့ ကုမ်္ပဏီ တွေက သူတို့ပိုင်တယ်ဆိုပြီးပြော လာတယ်။တောင်သူတွေကဆီက လယ်တွေသိမ်းတယ်။ဥပဒေအရ တရားစွဲခံရတဲ့ တောင်သူတွေ တရားရုံးမှာ ရင်ဆိုင်နေရတယ်”” ဟု မစုစုနွေးက ပြောသည်။ မြင့်မြတ်ကြည်(Hot news weekly သတင်းဂျာနယ်

1 နောက်ဆုံးအိပ်မက် နဲ့ နီရဲတဲ့ နှင်းဆီပွင့်..(ကိုနေဝင်းနဲ့ မင်းကိုနိုင်တို့ ရဲ့ ပူးပေါင်းတင်ဆက်မှု...)(ရုပ်/သံ)

ဟေ့............
နင်းခြေမယ့်သူတွေ
ခရေပွင့်တွေလို ငါမကြွေ
မြေတစ်လက်မ ပိုင်ဆိုင်ခွင့်ရသ၍
နေ့သစ်ရဲ့ အရုဏ်ဦးမှာ
ယုံကြည်ချက် ဆူးတွေစွင့်
ခေါင်းထောင်လို့ ၀င့်လိုက်မယ်
ငါဟာ နီရဲတဲ့ နှင်းဆီပွင့်။ (မင်းကိုနိုင်)

0 သမ္မတကြီးဂျပန်မှ ပြန်အရောက် သီလ၀ါမြေဈေးခုန်တက်

ဂျပန်နိုင်ငံသို့ သမ္မတကြီး ချစ်ကြည်ရေးခရီးသွားရောက်ပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာပြီးနောက် ရန်ကုန်မြို့ ပတ်ဝန်းကျင်ရှိမြေဈေးနှုန်းများ မြင့်တက်သွား ခဲ့ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံမှ စီးပွားရေးစီမံကိန်းများ၊ ကားစက်ရုံများတည်ဆောက်ရန် အစီအစဉ်ရှိသည်ဟူသော သတင်းများကြောင့် ရန်ကုန် သီလ၀ါ၊ ကျောက်တန်း၊ သန်လျင်၊ ဒလ မြေကွက်များ ဈေးထိုးတက်သွားကြောင်း အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိသည်။

ယခင်က သီလ၀ါဆိပ်ကမ်း လမ်းဆုံရှိ ၄၀x၆၀ မြေကွက်တစ်ကွက်မှာ သိန်း ၂၀ ပတ်ဝန်းကျင်ရှိရာမှ ယခုအချိန်တွင် သိန်း ၅၀၀ ပတ်ဝန်းကျင် အရောင်းအ၀ယ်ဖြစ်နေကြောင်း၊ ၀ယ်ချင်သူများပြီး ရောင်းမည့်သူနည်းနေကြောင်း။ ဒီနေ့ ဈေးစကားပြော မနက်ဖြန်ငွေချေ ချက်ချင်းလက်ငင်းအလုပ်ဖြစ်နေကြောင်းကို မြေပိုင်ရှင်တစ်ဦးဖြစ်သူက " ပြီးခဲ့တဲ့ ၃ ရက်လောက်ကပဲ အရောင်းအ၀ယ်ဖြစ်သွားတာ။ ပထမ သိန်း၅၀၀ ခေါ်တာ ဈေးတွေတက်နေတယ်ကြားတော့ ၆၀၀ ခေါ်လိုက်တာ ၅၅၀နဲ့ ဖြစ်သွားတယ်။ ချက်ချင်းကို ငွေချေပေးတယ်။ စာရွက်စာတမ်းက မြေချပါမစ်ပဲရှိတာ။ ဂရမ်တောင်မလျှောက်ရသေးဘူး။ ကျွန်တော်တို့က အဲဒီမြေကို ၀ယ်ထားတာကြာပြီ၊ ၀ယ်တုန်းက ၁၄ သိန်းကျော်ကျော်နဲ့ဝယ်ထားတာ။ တော်တော်မြတ်သွားတယ်။ ထင်ကို ထင်မထားတာ" ဟု ပြောကြားသွားပါတယ်။

ယခုကဲ့သို့ မြေဈေးများမြင့်တက်ခြင်းမှာ ကောင်းမွန်သောလက္ခဏာမဟုတ်ပဲ၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုအတွက် အဟန့်အတားတစ်ခုဖြစ်နိုင်ကြောင်း ပညာရှင်များနှင့် အစိုးရတာဝန်ရှိသူများက လွန်ခဲ့သော ၅ လ ကတည်းက စောင့်ကြည့်သတိပေးခြင်းများရှိခဲ့ပြီး၊ ယခင် ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ ယခု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကိုယ်တိုင် မြန်မာပြည်မြေဈေးကွက်ကို ကိုင်တွယ်မည်ဟု ပြောဆိုသတိပေးခဲ့သေးသည်။

အဆိုပါပြောကြားချက်ကြောင့် မြေဈေးကွက်များ အခိုက်အတန့် ရပ်တန့်ခြင်းရှိခဲ့သော်လည်း ရေရှည်ထိန်းချုပ်မှုမရှိခြင်း၊ အခွန်ပေါ်လစီအားနည်းခြင်းတို့ကြောင့် ဈေးကွက်ကို ထိန်းကျောင်းနိုင်ခြင်းမရှိခဲ့ပေ။

လွန်ခဲ့သည့် ၆ လ ကျော်တုန်းကလည်း ရန်ကုန်နှင့် မြို့ကြီးအချို့ရှိ စက်မှုဇုန်မြေကွက်နှင့် ဆက်စပ် မြေကွက် များ၊ ရန်ကုန်တွင် ဒလ၊ သီလ၀ါ၊ လှိုင်သာယာ၊ရွှေပြည်သာစက်မှုဇုန်များအနီးရှိ မြေကွက် များမှာ ပြည်ပမှ တရားမ၀င် ၀ယ်ယူဈေးကစားမှုများ၊ ရှိခဲ့ပြီး၊ အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဂျပန်နိုင်ငံသားတစ်ဦး၊ အိမ်ခြံမြေအကျိုးဆောင် Company တစ်ခုနှင့် ပါဝင်ပတ်သက်သူများကို စစ်ဆေးအရေးယူလျက်ရှိကြောင်းသိရှိရသည်။

by: People Development for Knowledge

0 အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် စကားစစ်ထိုးပွဲနှင့် ပြုပြင်ပြောင်းလဲရမည့် မြန်မာ့အရေး

မနေ့ က အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် စကားစစ်ထိုးပွဲမှာ သမတဘရက်ခ် အိုဘားမားက သူ့ပြိုင်ဖက် ရီပတ်ပလင်ကန် သမ္မတလောင်း Mitt Romney ကို ပြန် ဦးဆောင် တိုက်ခိုက်ခဲ့ပါသည် ။ မန်ဆာချုးဆက်ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း မစ် ရွန်မနီကလည်း ပြန်ပြီး ပြင်းပြင်းထန်ထန် ခုခံခဲ့ပါသည် ဆိုသောသတင်းကို အင်တာနက် သတင်း စာမျက်နှာများမှာ တွေ့ ရသည့် အပြင် မနေ့ ညက တီဗီမှ သူတို့ နှစ်ဦး၏ debate စကားစစ်ထိုးပွဲကို ကိုယ်တိုင် တိုက်ရိုက်ကြည့်လိုက်ရသောအခါ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမှတက်လာမည့် အနာဂတ် အမေရိကန် သမ္မတလောင်းကို လေးစားမိသလို လူထုမှ တိုက်ရိုက်မေးမြန်းသော မေးခွန်းများကို အချိန်အကန့် အသတ် တစ်ခုအတွင်း နှစ်ဦးစလုံးမှ ပါတီ၏ မူဝါဒများ ဆုပ်ကိုင်ပြီး တိကျမှန်ကန်စွာ ပြန်လည်ချေပ ဆွေးနွေးခြင်းသည်ပင် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီ၏ အနှစ်သာရတစ်ခုအဖြင့် မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ရပါသည် ။

လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲမှ တက်လာမည့် အမေရိကန် သမ္မတလောင်းကို အမေရိကန်ပြည်သူများ အပါအ၀င် တမ္ဘာလုံးမှ စိတ်ဝင် တစား စောင့်ကြည့်နေကြသည် ။ အရွေးချယ်ခံမည့် သမ္မတ လောင်း နှစ်ဦး၏ စကားစစ် ထိုးပွဲကိုလည်း စိတ်ဝင်တစား လေ့လာ သုံးသပ် အကဲခတ်သူများလည်း ကမ္ဘာအ၀ှမ်း ဒုနဲ့ ဒေးရှိပါသည် ။ အဘယ်ကြောင့် ဆိုသော် အမေရိကန်၏ စီးပွားရေး ၊ နိုင်ငံရေး မူဝါဒများသည် ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် တစ်နည်းမဟုတ် တနည်း ဆက်နွယ်ပတ်သက်နေသောကြောင့် ဖြစ်ပါသည် ။

၎င်းတို့ နှစ်ဦး၏ စကားစစ်ထိုးပွဲများမှစိတ်ဝင်စားဖွယ် အချက်တစ်ချို့ ကို ကောက်နှုတ် တင်ပြ ဆွေးနွေးလိုပါသည် ။ ယခုအခါတွင် အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ ၂၃ သန်းမျှရှိနေပြီး လစဉ် အလုပ်သမား ( ၈ )သောင်း ၀န်ကျင်လောက် အလုပ်လက်မဲ့ ဖြစ်နေမှုအပေါ် သုံးသပ်ဆွေးနွေးကြပါသည် ။

အမေရိကန်နိုင်ငံ၏ အလုပ်လက်မဲ့ စာရင်းစစ်တမ်းအရ ၂၀၀၉ခု နှစ်ဆန်းပိုင်းမှ စတင်ကာ အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ ဦးရေမှာ ( ၄ ) သန်းကျော်ရှိပါသည် ။ ဒါပေမဲ့ နှစ်စဉ် နိုင်ငံတကာမှ အလုပ်သမားပေါင်း ၁၂၅၀၀၀ ကို လစဉ်ခေါ်ယူနေသည်ဟု ၄င်းစစ်တမ်းအရသိရပါသည် ။ ၂၀၀၉ ဇွန်လ စစ်တမ်းအရ အမေရိကန် လူမျိုး ၂၆ သန်းနီးပါးသည် အလုပ်လက်မဲ့ ဖြစ်နေပြီး အချိန်ပိုင်း part time လုပ်ကိုင်မှုများရှိသလို လုပ်ငန်းခွင်မှ လုံးဝ ထွက်ခွာသွားရသူများရှိသည် ဟုဆိုပါသည် ။ ဆိုလိုသည်မှာ အမေရိကန် နိုင်ငံ၏ ပြည်တွင်း စီးပွားရေးမှာ ကျဆင်းလျက်ရှိပါသည် ။

သို့ အတွက် ကြောင့် သမ္မတလောင်း ( ၂ ) ဦး၏စကားစစ် ထိုးပွဲတွင် အမေရိကန် နိုင်ငံ ၏ အလုပ်လက်မဲ့ ပြဿနာကို အဖြေရှာမည့် အရေးသည် သေရေးရှင်ရေးတမျှ အရေးကြီးသကဲ့သို့  ဆွေးနွေးသွားသည်ကို တီဗွီ ဖန်သားပြင်တွင် တွေ့ မြင်လိုက်ရပါသည် ။ သို့အတွက် ကြောင့် ရီပတ်ပလင်ကန် သမ္မတလောင်း Mitt Romneyမှ စကားစစ်ထိုးပွဲတွင် နောင်လာမည့် ( ၄ ) နှစ်အတွင်း အလုပ်အကိုင် ( ၁၂ ) သန်းဖန်တီးသွားမည် ဟု ဆွေးနွေးပြောဆို သွားခဲ့သည် ။တစ်ဆက်တည်းမှာပင် အခွန်အကောက် ကိစ္စရပ်များကို ဘယ်လို ကိုင်တွယ် ကြမည့်အရေးအပြင် ပြည်တွင်းသို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာစေရန် မည်သို့ မည်ပုံအဖြေရှာကြမည်ကို ဝေဖန် သုံးသပ်မှုများကလည်း စကားစစ်ထိုးပွဲကို ပိုမို စိတ်ဝင်စားစေပါသည် ။ ထိုအထဲမှ မှတ်သားစရာ တစ်ချက်မှာ အမေရိကန် ပြည်တွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြား ကုမ္မဏီများအနေဖြင့် အခွန်ငွေ ( ၃၀ ) %ပေးဆောင်ရမှာဖြစ် ပေမည့် ကနေဒါတွင် မူ ( ၁၅ ) %သာ အခွန်ပေးဆောင် ရကြောင်း စကားစစ်ထိုးပွဲမှာ ထည့်သွင်း ပြောကြားသွားတာ တွေ့ ရပါသည် ။

သို့ အတွက်ကြောင့်လည်း အမေရိကန် နိုင်ငံထက် အခွန်သက်သာသော ကနေဒါနိုင်ငံတွင် အမေရိကန်မှ ကားကုမ္မဏီများ အပါအ၀င် High Tech ဆက်သွယ်ရေး ကုမ္မဏီများကို တွေ့ မြင်နေရခြင်းဖြစ်ပါသည် ။

သို့ သော် တခြားတဖက်တွင် တရုပ်နိုင်ငံ လို အလုပ်သမား ဈေးပေါမှုများသည် အမေရိကန်မှ ကုမ္မဏီ အများအပြားကို တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဖြစ်ပေါ်စေသည့် အကြောင်းအရင်းဖြစ်သလို မညီမျှသည့် တရုတ်ငွေကြေးစနစ်ကြောင့်လည်း ကုန်သွယ်မှုတွင် ချိန်ခွင် ရှာ မညီ မျှမှုကို ဖြစ်ပေါ်နေကြောင်းလည်း စကားစစ်ထိုးပွဲမှာ သမ္မတ နှစ်ဦးမှ အပြန်အလှန် ပြောဆို သုံးသပ် လျက် တစ်ဦးကိုတစ်ဦး အကြိတ်အနယ် တိုက်ခိုက်ခဲ့ကြပေသည် ။

သမတဘရက်ခ် အိုဘားမားသည် ၂၀၀၈ခု သမ္မတရွေးကောက်ပွဲတွင် ဂတိပေးခဲ့သည့် အတိုင်း အမေရိကန် စစ်တပ်ကို အီရတ်မှ ရုတ်သိမ်းပြီးသည့်အပြင် အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် ဘင်လာဒင်ကို ပင် အသေဖမ်းဆီးမိခဲ့ကြောင်းပြောကြားခဲ့ပါသည် ။ ထိုအချိန်တွင် သမ္မတလောင်း Mitt Romneyမှ ဝေဖန်ပြောဆိုသည်မှာ မကြာသေးမီက လစ်ဗျားတွင် ဖြစ်ပွားခဲ့သော အမေရိကန် သံအမတ်အပါအ၀င် အမေရိကန် ( ၄ ) ဦး လုပ်ကြံ သတ်ဖြတ်ခံရမှုတွင် သမ္မတ အိုဘားမားမှ ချက်ချင်းတုံ့ ပြန်မှု မပြုပဲ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများဖြင့် သာ အချိန်ကုန်နေကြောင်း စွပ်စွဲပြောဆိုခဲ့ပါသည် ။ Mitt Romneyမှ အိုဘားမားအပေါ် ယခင် ဝေဖန်ပြောဆိုမှုများတွင်လည်း သူ့ သမ္မတ ရွေးကောက်ပွဲကို အလုပ်နှင့် စတင်မှာ ဖြစ်ပြီး အိုဘားမားကတော့ တောင်းပန်မှုဖြင့် စတင်မည် ဟု မဲဆွယ်စည်းရုံးရေး ခရီးများတွင် ပြောကြားခဲ့ပေသည် ။ ဆိုလိုသည်မှာ သူ့ အနေဖြင့် အမေရိကန်ပြည်သူပြည်သားများအတွက် အလုပ်အကိုင်သစ်များဖန်တီးပေးမှာ ဖြစ်ပြီး အိုဘားမားအနေဖြင့်မူနိုင်ငံခြား တိုင်းပြည်များ နှင့် နိုင်ငံတကာ ခေါင်းဆောင်များသည် အမေရိကန်ကို တစ်စုံတရာ မကြိုက်နှစ်သက်သည့် အပေါ်သူ နားလည်ပါသည်ဟု အချက်ပြသည့်နည်းလမ်းကို သုံးကြောင်း နှင့် အမေရိကန်ကို မလိုလားသူများက အမေရိကန် အလံများကို ကမ္ဘာ တ၀ှမ်းတွင် မီးရှို့ သည့်အပေါ်နားလည်ပါကြောင်း အိုဘားမား၏ စကားလုံးများသည် သနားကြင်နာဟန်ပြသနေကြောင်း Mitt Romneyမှ အိုဘားမားအပေါ် ယခင် ဝေဖန်ပြောဆိုမှုများလည်းရှိခဲ့ပေသည် ။

အမေရိကန်နိုင်ငံ၏ ရေနံထုတ်လုပ်မှုသည် ၁၄ % ကျဆင်းခဲ့ ခြင်းအပေါ် စကားစစ်ထိုးခြင်းသည်လည်း စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည် ။ အမေရိကန်သည် ဂျော့ဘုရှ် လက်ထက်ကလို ရေနံထုတ်လုပ်မှုကို အီရတ် ၊ ဗင်နီဇွဲလားတို့ ကဲ့သို့ သော နိုင်ငံများနှင့် နိုင်ငံရေး စီးပွားရေး အရ ပတ်သက်နေမှုများအပေါ် မှီခို သည့် အသွင်ဆောင်ထားသော ပေါ်လစီကို သုံးသပ်ဆွေးနွေးသလို တခြားတစ်ဖက်တွင်လည်း လောင်စာဆီ စား သက်သာသော ကားထုတ်လုပ်မှုအပါအ၀င် ကျောက်မီးသွေး ၊ သလာဝဓာတ်ငွေ့  ၊ လေ စွမ်းအင်များကို ထုတ်ယူ သုံးစွဲသွားမည်ဟု ဆွေးနွေးမှုများလည်းပါဝင်ပါသည် ။အမေရိကန်နိုင်ငံသို့  တရားမ၀င်ခိုးဝင်လာ သူများအပေါ် ပြဌာန်းရမည့် ဥပဒေအပါအ၀င် အမျိုးသမီးရေးရာ ကိစ္စ နှင့်ကျန်းမာရေး ၊ ပညာရေး ကိစ္စရပ်များကို လည်း စကားစစ်ထိုးခဲ့ကြပါသည် ။ အစိုးရကိုယ်တိုင်က ဘဏ်များနှင့် ဆက်စပ်ပြီး တက္ကသိုလ် ကော လိပ် ကျောင်းသားများအတွက် အတိုးနှုန်းနဲပါးစွာဖြင့် ကျောင်းပညာသင် စားရိတ် ချေးငွေသည် လည်း အထူးစိတ်ဝင်စားဖွယ်ဖြစ်ပါသည် ။

ကနေဒါနိုင်ငံတွင်လည်း အခမဲ့ ကျန်းမာရေး စနစ်အပြင် တက္ကသိုလ် ကော လိပ် ကျောင်းသားများအတွက် အတိုးနှုန်းနဲပါးစွာဖြင့် ကျောင်းပညာသင် စားရိတ် ချေးငွေကို ဖန်တီးထားပါသည် ။ ဘွဲ့ ရပြီး အလုပ်အကိုင် ရမှ ၄င်းချေးငွေကို ပြန်ဆပ်ရန် လိုအပ်ပါသည် .။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း က အမေရိကန် ပြည်ထောင်စုသို့ အလည်အပတ် ရောက်ရှိခဲ့ကြသော သမ္နတ ဦးသိန်းစိန် နှင့် မြန်မာ့ဒီမို ကရေစီခေါင်းဆောင်ဒေါ်ငောငဆန်းစုကြည် တို့ ၏ အမေရိကန်ခရီးစဉ်သည် အမေရိကန် မြန်မာ ဆက်ဆံရေးကို အခန်းသစ် ဖွင့်လှစ်နိုင်ခဲ့ပါသည် ။ အမေရိကန်နိုင်ငံမှ မြန်မာပြည်အပေါ်ထားရှိသော စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ မှုများကို ရုတ်သိမ်းပေးခဲ့သလို မြန်မာပြည်တွင် လူ့ အခွင့်အရေးချိုးဖောက်မှုများ မရှိတော့ပါက အမေရိကန် မြန်မာ စစ်ရေးလေ့ကျင့်မည့် အရိပ်အယောင်များပင်ရှိကြောင်း သတင်းများကဆိုပါသည် ။

ဒီနေရာတွင် မြန်မာ့အရေးကိုကြားဖြတ် ဆွေးနွေးလိုသည်မှာ အမေရိကန် နိုင်ငံလို နှစ်ပေါင်းများစွာ ဒီမိုကရေစီနှင့် ကျင့်သားရနေသော တိုင်းပြည်သည် ပင်လျှင် အဖက်ဖက်တွင် ကောင်းသထက်ကောင်းအောင် ပြုပြင် ပြောင်းလဲ ပြင်ဆင်စရာများ တပုံတပင်ရှိပါသည်။ မြန်မာနိုင်ငံ လို ဒီမိုကရေစီကို စတင်လေ့ကျင့်သော တိုင်းပြည်တွင်မူ ဒီထက်မက များပြားလှစွာ ပြုပြင်ပြောင်းလဲစရာများရှိနေခြင်းအပေါ် ဓမ္မဓိဌာန်ကျကျ ရှုမြင်ရပေမည် ။

မြန်မာပြည်တွင် လူထုနှင့် တိုက်ရိုက်ပတ်သက်နေသော စီးပွားရေး ၊ပညာရေး ၊ ကျန်းမာရေး အပါအ၀င် အလုပ်အကိုင်သစ် ဖန်တီးမှုများ ၊ ပွင့်လင်းမြင်သာသော စီးပွားရေး ရင်းနှီးမြှုပ်နှံ မှုနှင့် တိုင်းပြည် အခွန်အကောက်များ ၊တရားမ၀င် ၀င်လာသူများအတွက် ဥပဒေသများ ၊ နိုင်ငံတကာနှင့် ဆက်ဆံမည့် သံတမန်ရေး ၊ နိုင်ငံခြားရေးမှုဝါဒများ အပြင် လူထုကို မတရားဖိနှိပ်သော မတရားဥပဒေသများပြင်ဆင်ခြင်း ၊ဖွဲ့ စည်ုးအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ် ရင်ကြားစေ့ရေး ကိစ္စရပ်များသည် သဘောထားကြီးကြီးဖြင့် ကိုင်တွယ်ဖြေရှင်း ရမည့် ကိစ္စရပ်များဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည် ။

အောင်ခိုင်မြင့်
၁၈ အောက်တိုဘာ ၂၀၁၂
ကိုးကား
http://www.democratichub.com/debate/4678.aspx?o=pv&gclid=CJmi96D3ibMCFdEWMgodawoAjg
http://www.taxback.com/usa-foreign-companies.asp
https://www.numbersusa.com/content/learn/issues/american-workers/americas-jobless-statistics.html

0 တကယ်တော့ မင်းကိုနိုင်၏ ရွှေရတု (ကျော်သူ)

တကယ်တော့ …
ခံစားမှုဟာအာဏာရှင်တွေ ပေါ်ပေါက်လာစေနိုင်သလို
သွေးမျိုးဆက်သစ်တွေ ပေါ်ပေါက်လာစေခဲ့တယ်။

တကယ်တော့ …
ပေါက်ကွဲမှုဟာစည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံဧရာဝတီစိတ်ဓါတ်ကို မွေးဖွားနိုင်စေခဲ့တယ်။

တကယ်တော့ …
ရဲရင့်မှုဟာကမ္ဘာမြေကြီးကိုသွေးချောင်းစီးစေနိုင်သလို
မဟာပထဝီမြေကြီး စိမ်းလန်းသာယာပြီး ငြိမ်းချမ်းမှုကို ဖြစ်ပေါ်စေနိုင်တယ်။

တကယ်တော့ …
မင်းကိုနိုင်ဆိုတဲ့ မင်းကိုနိုင်ဟာ
ကြမ်းတမ်းဆိုးမွေ့တဲ့ နိုင်ငံ့ဥယျာဉ်မှူးဖြစ်ရမယ်။

(မင်းကိုနိုင် အသက် (၅ဝ) နှစ်ပြည့် မွေးနေ့မင်္ဂလာအတွက် အဝေးတစ်နေရာမှ ကျော်သူနှင့် နယူးယောက် မြို့နေ ပန်းချီ မင်းကျော်ခိုင် တို့၏ အမှတ်တရရေးချက်နှင့် ကဗျာအား ရွှေရတုမွေးနေ့အဖြစ် ပူးပေါင်း ဂုဏ်ပြုသည်။)

ကျော်သူ

0 အမျိုးသား အမွေအနှစ် အဆောက်အဦးများ ရောင်းချခြင်းကို ရှေ့နေများ ဆန္ဒပြ

In this photo taken Monday, Sept. 10, 2012, cars run by the old police headquarters in Yangon, Myanmar. Myanmar lawyers vowed Tuesday to protest the privatization of Yangon's hundred-year-old High Court building and a plan to convert the city's imposing old police headquarters into a Chinese-owned hotel. The Myanmar Lawyer's Network says is searching for legal means to block the sales of both buildings that were auctioned off by the previous military government which ceded power in 2011. (AP Photo)

(Gulf Time မှ 18 Oct 2012 ရက်စွဲပါ “Myanmar Lawyers protest sale of heritage building” သတင်းကို ဘာသာပြန်ဆိုသည်။)

ကိုလိုနီခေတ် တရားရုံးချုပ် အဆောက်အဦးနှင့် ရဲဌာနချုပ် အဆောက်အဦးများအား ယခင်အစိုးရက ရောင်းချထားခဲ့ခြင်းကို ရန်ကုန်မြို့တွင် ရှေ့နေ များက မနေ့က ကန့်ကွက်ဆန္ဒပြ ခဲ့ကြသည်။

“အမျိုးသား အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေကို မချိုးဖောက်ပါနဲ့”ဟု ရေးသားထားသော စာတမ်းများ ကိုင်ဆောင်ထားကြသည့် ရှေ့နေ၂၀၀ ခန့်က ၁၀၁နှစ် သက်တမ်းရှိ တရားရုံးချုပ် အဆောက်အဦးမှ ပုလိပ်မင်းကြီး ရုံးအထိ ချီတက်ဆန္ဒပြ ခဲ့ကြသည်။

ယခင်တပ်မတော် အစိုးရက ပုဂ္ဂလိကထံ ရောင်းချခဲ့သော အဆိုပါ အဆောက်အဦး နှစ်ခုကို ပြန်လည်ရယူရန် ရှေ့နေများက အစိုးရထံ မေတ္တာရပ်ခံ တောင်းဆို ထားသည်။

ရှေ့နေအသင်း ပြောရေးဆိုခွင့်ရှိသူ ဦးအောင်သိန်းက “အရင်အစိုးရဟောင်းက အမျိုးသား အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေကို ချိုးဖောက်ခဲ့တာပါ။ ဒါ့ကြောင့် ဒီအဆောက်အဦးတွေ ပုဂ္ဂလိက စီးပွားရေး သမားတွေ လက်ထဲမရောက်အောင် အစိုးရသစ်က တားပေးစေ ချင်ပါတယ်”ဟု ပြောကြားသည်။

ယခင် တပ်မတော် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေက အုပ်ချုပ်ရေးမြို့တော်ကို ၂၀၀၆ခုနှစ်တွင် ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ နိုင်ငံပိုင် ကိုလိုနီခေတ် အဆောက်အဦး များစွာကို ရောင်းချပစ်ခဲ့ခြင်း ဖြစ်သည်။

တရားရုံးချုပ်အဆောက်အဦးကို လုပ်ငန်းရှင်သူဌေး ဦးသိန်းထွန်းထံ ရောင်းချထားပြီး ၎င်းကပြတိုက်အဖြစ် ပြောင်းလဲလိုသည်ဟု ကြားသိရသည်။ ပု လိပ် မင်းကြီး ရုံးဟောင်းကိုမူ ဟိုတယ်အဖြစ် ပြောင်းလဲရန် ကြံရွယ်ထားသည့် တရုတ်ရင်းနှီးမြှုပ်နှံသူ တစ်ဦးထံ ရောင်းချထားသည်။

ထို့နောက် ၂၀၁၁မတ်လတွင် အာဏာရရှိလာသော သမ္မတ ဦးသိန်းစိန်က ၁၈၂၄-၁၉၄၈ ဗြိတိသျှ အုပ်ချုပ်ရေး ကာလတွင် ဆောက်လုပ်ခဲ့သော ကို လိုနီခေတ် ဗိသုကာလက်ရာများ ထိန်းသိမ်းစောင့်ရှောက်ရေးကို အားပေးထောက်ခံမှု ပြုခဲ့သည်။

“ရန်ကုန်ဟာ အရှေ့တောင် အာရှမှာ သာမကပဲ အာရှတိုက်မှာပါ ကိုလိုနီခေတ် ဗိသုကာ လက်ရာတွေ အကြီးမားဆုံး စုဝေးနေတဲ့နေရာ ဖြစ်နိုင်ပါ တယ်”ဟု Historial Walks in Yangon စာအုပ်ရေးသားသူ အယ်လ်ဖရက် ဘန်ဘွန်က ပြောကြားသည်။

ယခုအခါ တံခါးဖွင့်မြန်မာနိုင်ငံ၏ မြန်ဆန်သော စီးပွားရေး လှိုင်းလုံးများ၏ ခြိမ်းခြောက်ခြင်း ခံနေရသော အမွေအနှစ် ထိန်းသိမ်းရေး ကြိုးပမ်းမှုများ ကို အရှိန်မြှင့်ရန်အတွက် The Yangon Heritage Trustကို ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်သူ ဦးသန်းမြင့်ဦးက ယခုနှစ် အ စောပိုင်းတွင် ထူထောင်ခဲ့သည်။

မကြာသေးမီက ဖိုရမ်တစ်ခုတွင် ဦးသန်းမြင့်ဦးက “ ဒီကိစ္စဟာ အရေးပေါ် အခြေအနေ ဖြစ်နေပြီလို့ ခံစားမိပါတယ်။ ဒါဟာတစ်နှစ်၊ နှစ်နှစ်လောက် စောင့်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး”ဟု ပြောကြားသွားသည်။ Yangon chronicle

0 ကိုမင်းကိုနိုင်၏ ရွှေရတုမွေးနေ့အခမ်းအနား(ဓာတ်ပုံ)

ယနေ့အောက်တိုဘာလ၊(၁၈)ရက် နံနက်(၉း၀၀)နာရီက ရန်ကုန်မြို့၊ ယုဇနဥယျာဉ်မြို့တော်၊(၉၄)ရပ်ကွက်၌ ထိန်လင်း ကုသိုလ်ဖြစ်ဆေးခန်း ဆိုင်းဘုတ်တင်ပွဲနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ မင်းကိုနိုင်၏ မွေးနေ့အမှတ်တရ ကွန်ပြူတာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

နံနက်(၉း၀၀)နာရီတွင် မွေးနေ့ရှင် မင်းကိုနိုင်နှင့် ၎င်း၏ မိခင်ကြီး၊ သရုပ်ဆောင်ပြေတီဦးနှင့် (၉၄)ရပ်ကွက် တာဝန်ရှိသူတို့က ထိန်လင်း ကုသိုလ်ဖြစ်ဆေးခန်း ဆိုင်းဘုတ်နှင့် မင်းကိုနိုင်မွေးနေ့အမှတ်တရ ကွန်ပြူတာသင်တန်းတို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၄င်းနောက်အခမ်းအနားကိုဆက်လက်ကျင်းပရာ မင်းကိုနိုင်၊ နာရေးကူညီမှုအသင်းမှ ဒေါ်သန်းမြင့်အောင်နှင့် ထိန်လင်း ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ရှိသူတို့က အမှတ်တရစကားများ အသီးသီးပြောကြားခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကြသည်။

ဆက်လက်၍ အခမ်းအနားတွင် မင်းကိုနိုင်အပါအ၀င် ကဗျာဆရာတို့က ကဗျာများကို အမှတ်တရ ရွတ်ဆိုကြပြီး ၈၈မျိုးဆက်ကျောင်းသားများနှင့် B-G သွေးအကူအညီပေးရေးအဖွဲ့တို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြကာ မင်းကိုနိုင်က တက်ရောက်လာသူများအား ၄င်း၏မွေးနေ့ကိတ် ကို ဝေမျှကြွေးရင်း အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

Photo..ကိုမာကီး. 88 generation studients
်တေးသံရှင် ထက်အောင်ရှိုင်း စပ်ဆိုပြီး လက်ဆောင်ပေးထားတဲ့ မွေးနေ့ တေးလက်ဆောင် သီချင်းပါ ..
ပြည်ချစ်တဲ့ဇာနည် သန္ဒေသားတယောက်ကို
တမိဝမ်းသန့် စင် ဖွားမြင်ခဲ့ပြီ
မွန်မြတ်တဲ့ သူရဲ့  မျှ စိတ်ဓါတ်တွေသည် အနာဂတ်တို့ အတွက် အလင်းတန်း ဖြစ်စေမည် .. အမေလည်း ကျမ္မာပါစေ
အကိုလည်း ကြားနိုင်ပါစေ
ဒီမွေးနေ့  အချိန်မှာ ကျက်သရေထွန်းကာ
အမှန်တရားအတွက် အကျိုးမဖက်တဲ့ သူ့ ရဲ့ စိတ်လိုရာ
ပန်းတိုင်ရောက်အောင် ဒို့  ဆုတောင်းကြမည်
ကိုမင်းကိုနိုင် မွေးနေ့ မှသည် ရှေ့ ဆက်လို့  ဆန္ဒများနဲ့  ဘ၀ တလျောက်လုံးထပ်တူ ငြိမ်းချမ်းပါစေလေ ဒို့ ပြည်
စေတနာမြေမှာ အရာထင်ပါစေ အာဇာနည်မြတ် ဒို့  ကိုမင်းကိုနိုင်

Thursday, October 18, 2012

0 KNU ဗဟိုတရားရေး တာဝန်ခံ ပဒိုစောဒေးဗစ်ထော၏ ဈာပန အခမ်းအနား(ဓာတ်ပုံ)


ကျနော် ဒုက္ခရောက် အခက်အခဲဖြစ်နေသော အချိန်တွင် အမှတ်မထင်တွေ့ဆုံခဲ့ကြပြီး အားပေးစကားပြောကြားသွားခဲ့သော ပဒိုစောဒေးဗစ်ထော ကွယ်လွန်သွားခြင်းအတွက် ဒေါင်းမာန်ဟုန်မှ မိသားစုနှင့်အတူထပ်တူဝမ်းနည်းမိပါကြောင်း...

Photo,, zaw Thu ya အားကျေးဇူးတင်ရှိပါသည်..

3 နိုင်ငံခေါင်း ဆောင်ဖြစ်ရေးအတွက်လွှတ် တော်ကိုယ်စားလှယ်ဦးအောင်သိန်းလင်း ရဲ့ပြောကြားချက်နှင့် ပတ်သက်၍ လုံးဝလက်မခံပါ ဟု ၈၈ မျိုးဆက်ကျောင်းသား ဦးကံညွှန့်ဆို

Hot News ဂျာနယ် Vol-3, No-111 တွင်ပါရှိခဲ့သော ပြည် သူ့လွှတ်တော်ခေတ်မီဖွံ့ဖြိုးတိုးတက် ရေးနှင့်ပြုပြင်ပြောင်းလဲမှု စိစစ် ရေးကော်မတီဥက္ကဋ္ဌ၊ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးအောင် သိန်းလင်းပြောကြားခဲ့သော ““နိုင်ငံ ခေါင်းဆောင်ဖြစ်ရေးအတွက် လူ ထုဆန္ဒအပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်လည်း ညီညွတ်ရန် လို ကြောင်း ဦးအောင်သိန်းလင်း ပြောကြား””ဆိုသည့်သတင်းပါအချက်အလက်များနှင့်ပတ်သက်၍(၈၈)မျိုးဆက်ကျောင်းသား၊ ရွှေဝါရောင်သံဃာတော်လှန်ရေး တွင် ပါဝင်ခဲ့သူ ဦးကံညွှန့်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးအနေဖြင့် ယခုကဲ့ သို့ မပြောသင့်ကြောင်း ဝေဖန် ထောက်ပြသွားခဲ့သည်။

““ဦးအောင်သိန်းလင်းရဲ့ လူ ထုဆန္ဒအပြင်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်လည်း ညီညွတ်ရန်လို ကြောင်းဆိုတာကို ပြည်သူလူထု က ဆန္ဒပြုရင် ဖွဲ့စည်းပုံနှင့်ကိုင် ပြီးတော့ ဟိုဟာမလုပ်ရဘူး၊ဒီဟာ မလုပ်ရဘူးဆိုပြီး ပြည်သူလူထု ဆန္ဒကို ဖွဲ့စည်းပုံက မျက်ကွယ် ပြုနေမှာလား၊ပြည်သူလူထုရဲ့ဆန္ဒ ကို ဖွဲ့စည်းပုံက မျက်ကွယ်ပြုလို့ မရဘူး။ပြည်သူလူထုရဲ့ဆန္ဒကို ဖွဲ့ စည်းပုံကော၊လွှတ်တော်ကော၊ အစိုးရကော လိုက်လျောရမယ်။ ပြည်သူလူထုရဲ့ဆန္ဒက အဓိကကျ တယ်၊ဖွဲ့စည်းပုံက အဓိကမကျဘူး။ ဖွဲ့စည်းပုံကို ပြည်သူလူထုဆန္ဒနဲ့ပဲ ပြင်ဆင်ရေးဆွဲလို့ရတယ်။

အဲဒါ ကြောင့် ဒီမိုကရေစီ တိုင်းပြည်မှာ ဆိုလျှင် ပြည်သူသာလျှင်အဓိက ကျတယ်၊အစိုးရအဖွဲ့လည်း ပြည် သူကပဲ တင်မြှောက်ရမှာ၊လွှတ် တော်ကိုယ်စားလှယ်ကိုလဲ ပြည် သူကပဲ တင်မြှောက်ရမှာ၊ဖွဲ့စည်း ပုံကို ပြည်သူတွေက သူတို့ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နစ် နာဖို့ရှိတယ်ဆိုရင် အချိန်မရွေးပြင် ဆင်ပိုင်ခွင့်ရှိတယ်၊ဖွဲ့စည်းပုံအခြေ ခံဥပဒေမှာလည်း တရားဝင်ပြဋ္ဌာန်း ထားပြီးသား၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုပြင်ဆင်ရမယ် ဆိုတာ ပြဋ္ဌာန်းထားပြီးသား၊အဲ ပြင်ဆင်ရမဲ့ဟာတွေကို ပြည်သူ ကပဲလုပ်ရမှာ၊(၄၇)ခုနှစ်ကလဲ ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိခဲ့ပြီးသား ပဲ၊ဖွဲ့စည်းပုံအခြေခံဥပဒေတွေ က ရှိခဲ့ဖူးတာပဲ။ ဥပဒေတွေက ယနေ့ အထိ တည်ရှိနေပါသလား။ပြည် သူတွေကပဲ ပြင်ဆင်ခဲ့ရတာလေ၊

မလိုအပ်တော့ဘူး၊ပြည်သူနဲ့မကိုက်ညီတော့ဘူးဆိုရင် ပြည်သူတွေပဲ ပြင်ဆင်ခဲ့ရတာပါ၊ကြိုက်တဲ့အချိန် မှာ ပြည်သူလူထုတွေက ကြိုက်တဲ့ဖွဲ့စည်းပုံကို ပြင်ဆင်ခွင့်ရှိတယ်၊ ပြည်သူသာလျှင်အာဏာရှိဆုံးလုပ်ပိုင်ခွင့်ရှိဆုံး၊အဓိကကျဆုံး ဖြစ်တယ်””ဟု ပြည်သူလူထု၏လုပ် ပိုင်ခွင့်နှင့်ပတ်သက်၍ ထောက်ပြ ခဲ့သည်။

ပြည်သူတွေအနေနဲ့ ဥပဒေ တွေကို လေ့လာမှုအားနည်းတဲ့ အခါကျတော့ သူတို့ရဲ့ဆန္ဒတစ်ခု ထဲနဲ့သူတို့သဘောကျတဲ့ သူကို နိုင်ငံခေါင်းဆောင်အဖြစ်တင် မြောက်လို့ရတယ်လို့ထင်ရတယ်၊ ဒီလိုမရပါဘူးဟု ဦးအောင်သိန်း လင်း၏ ပြောကြားချက်နှင့်စပ် လျဉ်း၍ ဦးကံညွှန့်မှ ““ဘယ်သူ သမ္မတဖြစ်ရေး၊မဖြစ်ရေးကိုပြော နေတာမဟုတ်ပါဘူး၊ဥပဒေတွေ ကို ပြည်သူတွေအနေနဲ့လေ့လာမှုအားနည်းတဲ့အခါ၊သူတို့ရဲ့ဆန္ဒတစ်ခုထဲနဲ့သူတို့သဘောကျတဲ့သူကို နိုင်ငံခေါင်းဆောင်အဖြစ်တင် မြောက်လို့ရတယ်လို့ထင်ရတယ်။

ဒီလိုမရဘူး၊ဖွဲ့စည်းပုံဥပဒေဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ပင်မကျောရိုး ကြီးလေ၊ဒီမိုကရေစီပန်းတိုင်ကို သွားနေတဲ့ကျွန်တော်တို့နိုင်ငံမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပါအချက် တွေလို လုံးဝလုံးဝသွေဖယ်လို့မရ ဘူးလေ ဆိုတဲ့စကားကို သိပ်သ ဘောမကျဘူး၊ပြည်သူက သူတို့ လိုချင်တဲ့လမ်းကို သူတို့ဖောက် သွားရမှာ ပြည်သူကို ဟိုလမ်းသွား ပါ၊ဒီလမ်းသွားပါလို့ညွှန်ကြားလို့ မရဘူး၊ပြည်သူ့ဆန္ဒပဲ အဓိကကျ တယ်၊

သန်း(၆၀)သော ပြည်သူတွေ က တစ်ခဲနက် ထောက်ခံနေလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက ကော ကန့်ကွက်မှာလား၊ဖွဲ့စည်းပုံကြီးကိုကိုင်ထားတဲ့လူတွေက ကောကန့်ကွက်မှာလား၊ဖွဲ့စည်းပုံအခြေခံဥပဒေအဓိကထားပြီး ပြည်သူ့ဆန္ဒကို အဓိကမထားဘူး ဖြစ်နေတယ်၊စာအုပ်ကြီးအတိုင်း သွားပါ၊ကောင်းပါတယ်၊တိတိကျ ကျ စာအုပ်ကြီးအတိုင်းသွားတာ က ပိုကောင်းပါတယ်၊သူတို့လည်းပဲဒီစာအုပ်ကြီးထဲကအတိုင်း လေးစားပြီးတိတိကျကျလိုက်နာ နိုင်မယ်ဆိုရင်ပိုကောင်းပါမယ်၊ဒါ ပေမဲ့ ပြည်သူရဲ့လိုအပ်ချက်ကိုလဲ ဖြည့်ဆည်းပေးဖို့လိုတယ်၊ပြည်သူ က မဲပေးပြီးတက်လာတဲ့ ကိုယ် စားလှယ်တွေဖြစ်ပါတယ်၊ ဖွဲ့စည်း ပုံက မဲပေးပြီးတက်လာတဲ့ ကိုယ် စားလှယ်တွေဖြစ်ပါတယ်၊ဖွဲ့စည်း ပုံက မဲပေးပြီးတက်လာတဲ့ ကိုယ် စားလှယ်တွေမဟုတ်ပါဘူး၊

ဒါကြောင့် ပြည်သူတွေရဲ့အသံတွေကို ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်တွေက နားထောင်ပေး၊တင်ပြပေးရမှာပါ၊ သူပြောချင်တာထက်၊အများပြည် သူဆန္ဒကို လိုက်လျောတင်ပြပေးရမှာပါ၊နောက်ဆုံးပြောချင်တာက တော့ ပြည်သူတွေဆန္ဒရှိမယ်ဆို ရင်၊ကိုယ်တင်ချင်တဲ့သဘောကျ တဲ့၊လိုလားတဲ့ ခေါင်းဆောင်တို့တင်ခွင့်ရှိပါတယ်။လိုချင်တဲ့ ခေါင်း ဆောင်ကိုလွတ်လပ်စွာရွေးချယ် တင်ပိုင်ခွင့်ရှိရပါမယ်၊ဒါကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းရဲ့အပြောနဲ့ ပတ်သက်၍ လုံးဝလက်မခံပါ””ဟု သူ၏ သဘောထားကိုပြောပြခဲ့ သည်။

့Hot news weeklyသတင်းဂျာနယ်

2 “ကြံ့ခိုင်ရေးပါတီ အမိန့်ပေးမှ လုပ်တတ်တဲ့ အကျင့်ဖျောက်ဖို့လို..ဟုဆို”

ကြံ့ခိုင်ရေးပါတီ အဖွဲ့အစည်းဟာ အမိန့်ပေးမှ လုပ်တတ် ကိုင်တတ်တယ်.. အထက်ကညွှန်ကြားမှုကို စောင့်ဆိုင်းနာခံနေတာရယ်.. ပြည်သူအခြေအနေ နဲ့ ယှဉ်ပြီး အံဝင်ခွင်ကျ သွက်သွက် လက်လက် လုပ်ကိုင်တတ်တဲ့ အကျင့်အားနည်းနေတယ်...။ ပါတီအနေနဲ့ လူထုအတွင်း စိမ့်ဝင်ရာမှာ ကယ်တင်ရှင်ပုံစံ.. ဆရာကြီးပုံစံ.. ပြုလုပ်နေတာရယ်.. အပြန်အလှန် တာဝန်ခံခြင်း မရှိတာရယ်...စတာတွေကိုပြုပြင်ဖို့လိုတယ်.. လို့ သူရဦးအေးမြင့် က ပါတီညီလာခံ ဒုတိယနေ့မှာပြောပါတယ်..။ နောက်ပြီး ဖြစ်လေ့ဖြစ်ထ ရှိတဲ့ နိုင်ငံရေးသူငယ်နာရောဂါ (၅)မျိုးကိုလည်း ပြောခဲ့ပါတယ်..။

ပထမရောဂါကတော့ အထက်ကအောက်ကို အမိန့်ပေး အမိန့်နာခံစီးဆင်းစေပြီး အမိန့်မရရင် ဘာမှကြံစည်တွေးတောနိုင်စွမ်းမရှိတဲ့ “စစ်အလေ့အထရောဂါ”..။

ဒုတိယကတော့ နေရာတကာ အမိန့်ပဲပေးတတ်ပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်စွမ်းမရှိတဲ့ “အာဏာရှင်ရောဂါ”...။

တတိယ တစ်မျိုးကတော့ သက်သာသလိုနေပြီး သာတဲ့ဘက်လိုက်တဲ့“အချောင်သမားရောဂါ”..။

စတုတ္ထတစ်မျိုးကတော့ မိမိတာဝန်ကျေပွန်အောင်မလုပ်ပဲ.. အချင်းချင်း စောင့်ကြည့်တိုက်တွန်းတဲ့ “သူလျှိုသဏ္ဍာန်ရောဂါ”..။

ပဉ္စမက ကိုယ့်ကျင့်သိက္ခာ ထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ “အကျင့်ပျက်ရောဂါ”..တို့ဖြစ်တယ်တဲ့...။

(ကုမုဒြာ ဂျာနယ်မှ..)

- ကျန်ပါသေးတယ်.. လာဘ်စားဖို့ဆို အမိန့်မရလဲ စားပါတယ်..။ အဲ့ဒီရောဂါ ၅ မျိုးလုံးက ကြံ့ဖွံ့ပါတီမှာ ကင်ဆာရောဂါလို အမြစ်တွယ်နေပါပြီ..။
KO NAY MYO

0 ဥပဒေသည် လူတစု ကောင်းကျိုးအတွက် မဟုတ် .. လူထုကောင်းကျိုးအတွက်သာ ဖြစ်နေရမည်။



ဥပဒေသည် လူတစု ကောင်းကျိုးအတွက် မဟုတ် .. လူထုကောင်းကျိုးအတွက်သာ ဖြစ်နေရမည်။

“တောင်းမှာ အကွပ်” ဆိုတဲ့အတိုင်း ရက်ထားတဲ့ အစတွေကို ပရမ်းပတာ မဖြစ်စေရအောင် အနားသတ်တွေကို ကွပ်ပေးထားရပါတယ်။ လူမှာလည်း သဘာဝအလျောက် စိတ်ရိုင်းဝင်လာတတ်တာကို မပြုမိစေဖို့ စည်းကမ်း၊ ကျင့်ဝတ်တွေနဲ့ ထိန်းကွပ်ထားရပါတယ်။ မိသားစုထဲမှာ မိသားစု စည်းကမ်း ထားရှိကြသလို ကျောင်းတွေ၊ အလုပ်ရုံတွေ၊ ရုံးတွေ၊ ဆေးရုံတွေမှာလည်း စည်းကမ်း ထားရှိရပါတယ်။ အစည်းအဝေးတွေ၊ အသင်းအဖွဲ့တွေမှာလည်း စည်းကမ်း ထားရှိပါတယ်။

လူမျိုးစုအလိုက်၊ လူမျိုးအလိုက် ဓလေ့ထုံးစံတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ စည်းကမ်းထားရှိပါတယ်။ လူမှုရေးမှာ ဆောင်ရန်-ရှောင်ရန် စည်းကမ်းကျင့်ဝတ်တွေ ရှိသလို ဘာသာရေးမှာလည်း စည်းကမ်း ကျင့်ဝတ်လို့ခေါ်တဲ့ ဝိနည်းတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို ပြဋ္ဌာန်း ကျင့်ကြံစေရပါတယ်။ အားကစား ပြိုင်ပွဲတွေမှာလည်း စည်းကမ်းနဲ့ပါပဲ။

နိုင်ငံအနေနဲ့ (Nationally) လူအများက မဖြစ်မနေ ပါဝင် ပတ်သက်လာတဲ့အခါမှာတော့ ပိုပြီး စည်းစနစ် ကျကျနနနဲ့ ထိရောက်စေဖို့ ဥပဒေတွေကို ရေးဆွဲ ပြဋ္ဌာန်းပြိး ကျင့်သုံးကြရပါတယ်။

ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ မညီရခြင်းမှာ

ဥပဒေကို စတင်ရေးဆွဲတဲ့အခါမှာ အတိတ်ကာလမှာ ဖြစ်ခဲ့တာတွေအပေါ် သင်ခန်းစာယူပြီး လက်ရှိအခြေအနေ၊ နောင်လာလတ္တံ့သော အခြေအနေတွေနဲ့ ကိုက်ညီစေဖို့အပြင်၊

2 ခင်ဗျားတို့ အကွဲကြီးကွဲဖို့ပြင်ထား (ကိုမင်းကိုနိုင်)

"ငြိမ်ခံလိုက်ရင် သပိတ်ဝင် အိတ်ဝင်ရသွားမယ်။ငြိမ်မခံဘဲနဲ့ အင်နဲ့အားနဲ့ ပြန်ပြောတဲ့အခါမှာပထမအစပိုင်းမှာတော့ ဂရုမစိုက်ဘူး။နောက် ကျွန်တော်တို့ အားရှိလာပြီး သက်ဆိုင်ရာတွေအားလုံးပေါင်းမိသွားပြီး အသံတွေသိပ်ကျယ်လာပြီဆိုရင်တော့ နောက်ပြန်ညှိပါရစေဆိုတာမျိုး ဖြစ်လာတယ်။

ဒီတိုင်းပြည်မှာ အာဏာရှိတဲ့လူတွေနဲ့ပေါင်းပြီးတော့ မတရားလုပ်ရင် အောင်မြင်သွားရင်တော့ မြတ်ပြီ။ ထောပြီ။ နောက်ဆုံး ၀ိုင်းအော်လို့ ပေါ်သွားတယ်ဆိုရင်တော့ အရင်းလောက်ပဲဆိုတော့..ဒီလူတွေ နောက်လည်းလုပ်ဦးမှာပဲ။

မတရားလုပ်တဲ့လူတွေပြစ်ဒဏ်ခံရမယ်ဆိုတဲ့အဆင့်ကို ကျွန်တော်တို့ စဉ်းစားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်းနဲ့ အမြတ်ဆို လိုက်လုပ်နေဦးမှာဘဲ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် မတရားလုပ်တဲ့ လူတွေ။ ခင်ဗျားတို့ အရင်းနဲ့အမြတ်ခေတ်တော့ကုန်ပြီ။

ခင်ဗျားတို့ မြတ်ရင်လည်းမြတ်လိမ့်မယ်။

ကျွန်တော်တို့ဖက်က အင်နဲ့အားနဲ့ရင်ဆိုင်ရင် ခင်ဗျားတို့ အကွဲကြီးကွဲဖို့ပြင်ထားဆိုတဲ့ သတိပေးသံကို ကျွန်တော်တို့ ပြည်သူတွေ ပေးနိုင်မယ်လို့ ယူဆတယ်"။

ကိုမင်းကိုနိုင်

7 မြစ်ဆုံနှင့် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်မပာုတ်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ လီကျင်းဝှာက ပြောကြား

Monywa Copper project was held with presence of Mr. Li Wanfu, the Chairman of MCC8 Group, Hon. Li Junhua, Chinese Ambassador in Myanmar, Mr. Yin Jiaxu, Party Chief of China North Industries Group Corporation (NORINCO), Mr. Zhi Yulin, the Vice President of NORINCO, Mr. Wang Wei, Chairman of China Wanbao Mining Co., Ltd., and the governor of the Sagaing Province, and the General of Northwest Military Area Command of Myanmar.
Ambassador Li Paid courtesy call to Construction Minister
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ သက်တမ်းတစ်လျှောက် ဆက်လက်လုပ်ကိုင်မည်မပာုတ်ကြောင်း ကတိပြုထားသည့် ဧရာဝတီမြစ်ဆုံစီမံ ကိန်းနှင့် ပြည်သူလူထုကန့်ကွက်နေသည့်ကြားမှ တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ဆက်လက်လုပ်ကိုင်လျက်ရှိသော မုံရွာမြို့ရှိ ကြေးနီစီမံကိန်းအား မည်သည့် အကြောင်းနှင့်မှ ဖျက်သိမ်းသွားမည်မပာုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ လီကျင်းဝှာက ပြောကြားသည်။

“ကြေးနီတောင်စီမံကိန်းပာာ ကုမ္ပဏီရဲ့ပြယုဂ်ဖြစ်တဲ့အပြင် တရုတ်အစိုးရရဲ့ ပြယုဂ်နဲ့ပါ ပတ်သက်နေပါတယ်။ ဒါ့ကြောင့် မြန်မာအစိုးရနဲ့ ပြည်သူ တွေက တားဆီးမယ်ဆိုရင်တောင် တရုတ်အစိုးရက ခွင့်ပြုမှာမပာုတ်ပါဘူး။ စက်မှုဆိုင်ရာဖွံ့ဖြိုးမှုတွေအတွက် မဖြစ်မနေလုပ်ရမှာပါ”ပာု ၎င်းက ပြောကြား သည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို မြန်မာစီးပွားရေးဦးပိုင်လီမီတက်နှင့် Myanmar Wanbao Mining Copper Ltd တို့မှ အကျိုးအမြတ် ခွဲဝေခံစားသည့်ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းကြောင့် ရွာများပြောင်းရွှေ့ရခြင်း၊ ဒေသခံတို့၏လယ်ယာမြေများ ဆုံးရှုံးခြင်း၊ ပတ်ဝန်း ကျင် ထိခိုက်နစ်နာမှုများနှင့် ဒေသခံပြည်သူလူထု၏

0 မြန်မာနိုင်ငံက ပေးဆပ်ရန် ရှိသည့် ကြွေးမြီ ထက်ဝက်ကျော်ကို ပယ်ဖျက်ပြီး ၆ လအကြာ တွင် မြန်မာနိုင်ငံသို့ တိုက်ရိုက် ချေးငွေ ထုတ်ပေးမည် ဟု ဂျပန်ကြေညာ

Myanmar’s finance minister Win Shein (left) and Japanese counterpart Koriki Jojima meet before talks on the sidelines of the IMF and World Bank’s annual meetings in Tokyo. Photo: AFP

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား လာမည့်နှစ်တွင် တိုက်ရိုက် ချေးငွေများ ထုတ်ပေးတော့မည်ဟု ထုတ်ဖော် ကြေညာ ခဲ့ပြီ ဖြစ်သည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့၏ နှစ်ပတ်လည် အကြို တွေ့ဆုံမှု များတွင် အလွတ် သဘော ထုတ်ပြန် ကြေညာခဲ့သည့် အဆိုပါ ကြေညာချက်သည် ၂၅ နှစ် တာမျှ ရပ်ဆိုင်း ထားခဲ့သော တိုက်ရိုက် ချေးငွေ ထုတ်ပေးမှုကို အသစ်တစ်ဖန် ပြန်လည် အသက်ဝင်စေကာ မြန်မာနိုင်ငံကို ယင်းတို့ ဒေသတွင်း ပြိုင်ဖက်ဖြစ်သော ဗီယက်နမ်နိုင်ငံနှင့် အပြိုင်၊ ထုတ်လုပ်မှု လုပ်ငန်း ထွန်းကားပြီး ရင်းနှီးမြှုပ်နှံမှု အခရာ ကျသည့် နိုင်ငံ အဖြစ် အသွင်ပြောင်းလဲစေရန် ရည်ရွယ် ကူညီခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံက ပေးဆပ်ရန်ရှိသည့် ကြွေးမြီ ဒေါ်လာသန်း ၆ ထောင် အနက် ထက်ဝက်ကျော်ကို ပယ်ဖျက် ပေးပြီး ၆ လ အကြာတွင် တိုက်ရိုက်ချေးငွေ ထုတ်ပေးမည့် အစီအစဉ် ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။

စစ်အုပ်ချုပ်ရေး လက်အောက်တွင် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးနှင့် ဒီမို ကရေစီ ပြုပြင်ပြောင်းလဲမှု များက အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့ အရေးယူမှု များကို ပြေလျော့စေ ခဲ့သည်။ သို့တိုင်အောင် နိုင်ငံအတွက် အကြီးအကျယ် လိုအပ်ချက်ရှိသော လမ်းတံတား များ၊ ဆိပ်ကမ်း များနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာ ချေးငှားသူ တို့အား ပိုမိုဆွဲဆောင် ရန်မှာ နိုင်ငံတော်၏ လက်ကျန်ကြွေးမြီများကို ဦးစွာ ရှင်းလင်းနိုင်ရန် လိုအပ်ပေသည်။

ဂျပန် အစိုးရ ကျောထောက် နောက်ခံပြု ချေးငှားသူ ဖြစ်သည့် Japan Bank for International Co-operation က မြန်မာနိုင်ငံအား ကာလတို ချေးငွေများ ထုတ်ပေးခြင်းဖြင့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့သို့ ပေးဆပ်ရန် ရှိသည့် ကြွေးမြီ ဒေါ်လာသန်း ၉ဝဝ ကို ပေးဆပ်နိုင်စေရန် ဂျပန်အစိုးရက စီစဉ်ထားရှိသည်။

အဆိုပါ ကြွေးမြီများကို ရှင်းလင်းလိုက် ခြင်းအားဖြင့် မြန်မာနိုင်ငံသို့ အပြည့်အဝ အထောက်အကူပြုနိုင်ရန် လမ်းစ ပေါ် ထွက်စေမည် ဖြစ်သည်ဟု ဂျပန်ဘဏ္ဍာရေး ဝန်ကြီး Koriki Jojima က တိုကျိုမြို့တွင် ပြောကြား ခဲ့သည်။

သဘာဝ ဓာတ်ငွေ့နှင့် သယံဇာတ ပေါကြွယ်ဝပြီး ပျိုမျစ်သော လုပ်သား အင်အားစုလည်း ပိုင်ဆိုင်သည့် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုပြုစရာ နေရာကောင်းတစ်ရပ်အဖြစ် ဂျပန်တို့က ကြာမြင့်စွာကပင် သိမြင် ထားခဲ့ကြသည်။ ဂျပန်အစိုးရ အကြီးတန်း အရာရှိတို့က မြန်မာနိုင်ငံကို ဗီယက်နမ်နိုင်ငံနှင့် ပုံခိုင်းလေ့ ရှိကြ သည်။ ဗီယက်နမ် နိုင်ငံသည် ပြင်သစ်နှင့် ဂျပန်နိုင်ငံတို့၏ ဦးဆောင်မှုဖြင့် နိုင်ငံခြားဘဏ်များထံမှ အကူအညီ ရယူကာ ယင်းတို့၏ လက်ကျန် ကြွေးမြီများကို ရှင်းလင်း ပေးဆပ်နိုင်ခဲ့ပြီးနောက် ၁၉၉ဝ ခုနှစ်များအတွင်း ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုး တိုးတက် လာခဲ့သည် ကို မြင်တွေ့ခဲ့ကြရပြီး ဖြစ်သည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က မြန်မာ့စီးပွားရေးသည် ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်များ အတွင်း ပြည်ပ ပို့ကုန် များနှင့် မြင့်မားလာသော ရင်းနှီးမြှုပ်နှံမှုတို့၏ မောင်းနှင်အားကြောင့် ၆ ရာခိုင်နှုန်း ခန့်အထိ တိုးပွား လာမည်ဟု ခန့်မှန်းထားသည်။

ဂျပန်တို့၏ ကုန်သွယ်ရေး ကုမ္ပဏီများကလည်း ရင်းနှီးမြှုပ်နှံရေး ကြိုးပမ်းမှုများတွင် ရှေ့တန်းမှ ပါဝင်လာကြ သည်။ Mitsubishi, Marubeni နှင့် Sumitomo စသော စီးပွားရေး ကော်ပိုရေးရှင်းကြီးများသည် ရန်ကုန် တောင်ပိုင်း ဆိပ်ကမ်း အနီးရှိ ၂၄ဝဝ ဟက်တာ အကျယ်အဝန်းရှိသော သီလဝါဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကနဦး ကာလကို အကောင်အထည်ဖော် ဆောင်ရွက်ရန် မြန်မာအစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပြီး ဖြစ်သည်။ သီလဝါ စီမံကိန်းတွင် အိမ်ရာဆောက်လုပ်ရေး စီးပွားရေးဒေသ ထူထောင်ရေးနှင့် စက်မှုဇုန် တည်ထောင်ရေးတို့ ပါဝင်မည် ဖြစ် သည်။

တိုကျိုမြို့တွင် အောက်တိုဘာ ၁၁ ရက်က ကျင်းပခဲ့သော အစည်းအဝေး တစ်ရပ်၌ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim က ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံက ပေးဆပ်ရန် ကျန်ရှိနေ သည့် ကြွေးမြီများကို စာရင်းခွဲခြား ပြုစုနေကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံ အဆောက်အအုံများ အစရှိသည်တို့ကို ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် ရာတွင် ညီညွတ်သော ကမ္ဘာ့အသိုင်းအဝိုင်း တစ်ရပ်အနေဖြင့် ကူညီထောက်ပံ့ ပေးနိုင်ရေးကို မကြာမီ ရှေ့ဆက် ဆောင်ရွက် သွားနိုင်ရန် မျှော်လင့်ထားကြောင်းလည်း Jim Yong Kim က ပြောကြားခဲ့သည်။ မြန်မာပြည်သူ များအတွက် အစိုးရအနေဖြင့် အရေးပါသော ပြုပြင် ပြောင်းလဲမှုများကို ဆက်လက် တွန်းအားပေး လုပ်ဆောင် သွားရန် ရိုးသားစွာ တိုက်တွန်း အားပေးပါကြောင်းလည်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။

Ref: Japan to Resume

www.myanmarij.com

Wednesday, October 17, 2012

0 အဖွဲ့အစည်းတွေ၊ လူ့တန်းစားအလွှာတွေမှာ မြှုပ်နှံထားတဲ့ သတင်းပေး၊သူလျှိုများ။သတင်းရဲတပ်ဖွဲ့ရဲ့ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်း အကြောင်းတစေ့တစောင်း(၁)- မိုးဇေငြိမ်း

(ဓာတ်ပုံနှင့်ပတ်သတ်၍ ရှင်းလင်းချက်။ ၁၃-၁၁-၂၀၀၇ ရက်နေ့၊ ပုလဲလမ်းထိပ်တွင် မစုစုနွေးအား “တရုတ်အားကိုး ပုဆိန်ရိုး၊ တရုတ်အားကိုး ခွေးသူခိုး” စတဲ့ စကားလုံးများပါဝင်သည့် ဆိုင်းဘုတ်ချိတ်နေခိုက် ဖမ်းဆီးစဉ်က ဓာတ်ပုံများဖြစ်ပါတယ်။ ဆိုင်းဘုတ်ချိတ်နေတဲ့ အင်္ကျီအပြာရင့်ရောင်နဲ့လူက မစုစုနွေးနဲ့ အမှုတွဲဖြစ်တဲ့ ဒေါပုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဘိုဘိုသက်လှိုင်ဖြစ်ပါတယ်။ အကျီင်္အဖြူနဲ့လူကတော့ ရဲတပ်ဖွဲ့က မွေးမြူထားတဲ့ သတင်းပေး အထောက်တော် ဖြစ်ပါတယ်။

မနေ့က စာစုလေးကို ဆက်ပါဦးမယ်။ ခု ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးဟာ အင်ဖော်မာတွေ၊ သတင်းပေးတွေ၊ စောင့်ကြည့်သူတွေနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို ကျွန်တော်သိသလောက်နေရာကနေ အပေါ်ယံရှပ်ပြီး တို့ထိသွားရုံလောက်ပါပဲ။ သတင်းပေးတွေ၊ သူလျှိုတွေ ဘယ်လိုမွေးခဲ့တယ်၊ ဘယ်လို မြှုပ်နှံခဲ့တယ်။ သူလျှိုတွေကို အသုံးချပြီး ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေနဲ့ပတ်သတ်ပြီးတကယ်တမ်း ပြည့်ပြည့်စုံစုံ ရေးရမယ်ဆိုရင်စာတစ်စောင် ပေတစ်ဖွဲ့ ဖြစ်လာနိုင်တဲ့အပြင် အချိန်ယူပြီးလေ့လာမှုတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ အကြမ်းဖျင်းလောက်ပဲ တို့ထိနိုင်ပါသေးတယ်။

မြန်မာတွေဟာ သတင်းပေးမွေးမြုတဲ့ စနစ်ကို ပဒေသရာဇ်ခေတ်ကတည်းက အသုံးချခဲ့ကြတာပါ။ တောင်ငူခေတ်တုန်းက ဘုရင့်နောင်ဟာ ယိုးဒယားပြည်ကို နှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ ပထမအကြိမ်တိုက်ခိုက်ခဲ့စဉ်က ယိုးဒယားအမတ် ဗြချတ္တရီကို ဖမ်းဆီးရခဲ့ပေမဲ့ မသတ်ဖြတ်ပဲ သတင်းပေးသူလျှိုအဖြစ် သစ္စာခံစေခဲ့ပါတယ်။ ဗြချတ္တရီကို အသုံးချခဲ့တဲ့ သူလျှိုစစ်ဆင်ရေးကြောင့် ဒုတိယအကြိမ်မှာတော့ ယိုးဒယားကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်မှာတော့ စုဖုရားလတ်ရဲ့အပျိုတော်ဖြစ်တဲ့ ဂရိ-မြန်မာကပြားမက်တီကာလိုဂရီဒီအမ်ထရန်လိုအင်္ဂလိပ်၊ ပြင်သစ်၊အီတလီကသတင်းပေးသူလျှိုအများအပြားဟာ မြန်မာ့နန်းတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားခဲ့တာကို သမိုင်းမှတ်တမ်းတွေမှာ ဖတ်ရှုနိုင်ပါတယ်။ အင်္ဂလိပ်-မြန်မာစစ်ပွဲကာလတွေအတွင်းက နာမည်ကျော် မင်းလှခံတပ်၊ ဂွေးချောင်းခံတပ်တွေကို အင်္ဂလိပ်စစ်တပ်က တစ်ရက်တည်းနဲ့သိမ်းပိုက်နိုင်ခဲ့ခြင်းဟာ အင်္ဂလိပ် သတင်းပေးတွေရဲ့ စွမ်းဆောင်မှုတွေကြောင့်လို့လည်း ပြောနိုင်ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို သတင်းလက်ဦးမှုရယူပြီး ထိန်းချုပ်နိုင်ဖို့အတွက် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးရဲ့ သတင်းပေးကွန်ယက်ကြီးကို အကြီးအကျယ်ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့အစည်းတွေ၊ လူ့တန်းစားအလွှာတွေမှာ မြှုပ်နှံထားတဲ့ သတင်းပေးတွေ၊ သူလျှိုတွေကို အသုံးချပြီး စစ်ဗိုလ်ချုပ်တွေ လိုချင်တဲ့ အခြေအနေတွေကို ဖန်တီးနိုင်တဲ့အထိ ကျယ်ပြန့်ခဲ့ပါတယ်။ သို့ပေမဲ့ ၂၀၀၄ ခုနှစ်မှာ တပ်မတော်ထောက်လှမ်းရေး အရာရှိချုပ်ရုံးကို ဖျက်သိမ်းလိုက်တဲ့အခါမှာတော့ အဲဒီ့ သတင်းပေးတွေ၊
သူလျှိုတွေဟာလည်းအဖမ်းဆီးခံရမှာစိုးတဲ့အတွက်ကိုယ်ယောင်ဖျောက်ကုန်တာမို့ဦးခင်ညွန့်(၁၅) နှစ်လောက် တည်ဆောက်ခဲ့ရတဲ့ ထောက်လှမ်းရေး ကွန်ယက် အ၀န်းအ၀ိုင်းကြီးလည်း နိဌိတံသလောက်နီးနီး ဖြစ်သွားခဲ့ရပါတယ်။ သတင်းပေးတစ်ယောက်ကို သိမ်းသွင်းတဲ့အခါမှာ သူ့ရဲ့အားနည်းချက်တွေ၊ နောက်ခံအကြောင်းအရာတွေကို အချိန်ယူလေ့လာပြီးမှ ချဉ်းကပ်ကြပါတယ်။ သတင်းပေးတစ်ယောက်ကို သိမ်းသွင်းနိုင်တဲ့၊ လူတစ်ယောက်ကို ကိုယ့်ဘက်ယိမ်းယိုင်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဥပမာဆိုရရင် မျိုးချစ်စိတ်ပြင်းထန်တဲ့သူမျိုးဆိုရင် မျိုးချစ်စိတ်ကို အကြောင်းပြပြီး

7 ဒီပဲယင်းခရီးစဉ်၊ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန် လိုက်ပါဆောင်ရွက်ခဲ့သော ကိုမြတ်ကိုနိုင် ကွယ်လွန်

၂၀၀၃ ခုနှစ်၊ မေ ၃၀ ရက်၊ ဒီပဲယင်းခရီးစဉ်၊ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန် လိုက်ပါဆောင်ရွက်ခဲ့သော စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ တွင်းကြီးကျေးရွာ ကိုမြတ်ကိုနိုင် (၃၁ နှစ်)သည် ၁၅၊ ၁၀၊ ၂၀၁၂ ရက်နေ့၊ နေ့လည် ၁၂ နာရီ ကျော်လောက်တွင် သေဆုံးခဲ့ခြင်း။

ကိုမြတ်ကိုနိုင်သည် ထိုစဉ်က လူငယ်တာဝန်ခံ (မြောင်မြို့နယ်၊ တွင်းကြီးကျေးရွာ) ဖြစ်ပြီး အန်တီအား အသက်ဘေးမှ ကာကွယ်စောင့်ရှောက်ခဲ့သူတစ်ဦး အပါအ၀င်ဖြစ်ကာ သူ့အား စွမ်းအားရှင် လူတစ်စုမှ ခါးရိုးကို ရိုက်နှက်ခဲ့သော ဒါဏ်ရာကြောင့် အရိုးတီဘီဖြစ်ခဲ့ရသည်။

နောက်ပိုင်းကာလများတွင် အောက်ပိုင်းသေသွားခဲ့ရသည်။ ထိုစဉ်က ကိုမြတ်ကိုနိုင်၏ အသက်သည် ၂၂ နှစ်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အားကိုးရသော လူငယ်တစ်ယောက် ဖြစ်ပါသည်။ သေဆုံးခဲ့ခြင်းမှာ တိုင်းပြည်၏ဘဏ္ဍာ လူငယ်တစ်ယောက် ဆုံးရှုံးနစ်နာမှုဖြစ်ရတဲ့အတွက် ကျန်ရစ်သူများအနေဖြင့် ၀မ်းနည်းမဆုံး ဖြစ်ရပါသည်။ လူစဉ်မမှီဘ၀နဲ့ ဖြတ်သန်းခဲ့ရပြီး သူသေဆုံးချိန်မှာ အသက် ၃၁ နှစ်ရှိနေခဲ့ပါသည်။

ကိုမြတ်ကိုနိုင်အား ဂုဏ်ပြုသောအားဖြင့် လေးစားစွာဖြင့် အလေးပြုလိုက်ပါသည်။

ကောင်းရာဘုံဘ၀ရောက်ပါစေ ...........။
အေးမြမြလွင်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မုံရွာမြို့နယ်

1 ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် အကျဉ်းထောင်အတွင်း ကျဆုံးခဲ့ခြင်း ၆ နှစ်ပြည့်" အခမ်းအနား

ယနေ့ အောက်တိုဘာလ ၁၆ ရက် မွန်းလွဲ ၁း ၀၀ နာရီက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ သီရိခန်းမတွင် ကျင်းပသော "၁၉၈၈ ခုနှစ် အခြေခံပညာကျောင်းသားများသမဂ္ဂ ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် အကျဉ်းထောင်အတွင်း ကျဆုံးခဲ့ခြင်း ၆ နှစ်ပြည့်" အခမ်းအနားတွင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ မင်းကိုနိုင် က အမှာစကားပြောကြားခဲ့သည်။ 88 Generation Students

0 ဘယ်သူတွေကနာမည်ပျက်လဲ?

သမတဦးသိန်းစိန်ရုံးကသတင်းတပုဒ်DVB၀က်ပ်ဆိုက်မှာတွေ့လိုက်တယ်။ပထမအကြိမ်ထုတ်ပြန်ခဲ့တဲ့၊နာမည်ပျက်(Blacklist)စာရင်းမှာမပါသေးသူတွေအနေနဲ့နိုင်ငံတော်သမတရုံးဝက်ပ်ဆိုဒ်ကိုအကြောင်းကြားပေးပို့နိုင်တဲ့အကြောင်း၊အရင်ကနာမည်ပျက်ကနေပယ်ထားတဲ့လူ၂ထောင်ကျော်စာရင်းမှာပါပြီး၊ဗီဇာလျှောက်တာမရသူတွေကလွဲလို့(စာရင်းမှာမပါဝင်လို့ဆိုပြီး)စောဒကတက်ဆက်သွယ်လာသူဒီနေ့အထိတယောက်မှမရှိသေးဘူး၊ဒါကြောင့်ပယ်ဖျက်စာရင်းမှာမပါပေမဲ့ဗီဇာလျှောက်ရာမှာငြင်းဆိုခံနေရသူတွေအနေနဲ့သမတရုံးကိုအမြန်ဆက်သွယ်အကြောင်းကြားရင်၊လက်ခံဆောင်ရွက်ပေးမတဲ့။ဘယ်လောက်များအူကြောင်ကြောင်နိုင်လွန်းသလဲတွေးသာကြည့်တော့။

နာမည်ပျက်စာရင်းထဲကိုယ်ပါမပါ..ဘယ်သူကတပ်အပ်သေချာသိမှာတုံး?အစိုးရကလည်းဘယ်သူ၊ဘယ်ဝှါတွေကတော့နာမည်ပျက်တွေပါ၊စာရင်းဖွင့်ထားပါတယ်လို့ရောဘယ်တုံးကပြောဖူးလို့တုံး?အဲလိုပြောရိုးထုံးစံရောရှိရဲ့လား?ကိုယ့်အပေါ်နာမည်ပျက်ထဲထည့်ထားမထားကိုယ်ကမသိလို့ဗီဇာလျှောက်တာမရတဲ့အဆုံးမှကိုယ်လည်းနာမည်ပျက်စာရင်းထဲပါနေပါလားလို့သိရမှာလား?

ကျနော်တို့ကနာမည်ပျက်စာရင်းကြေငြာတဲ့အထဲမပါလို့ဆိုပြီးသမတရုံးကိုစောဒကတက်ရအုံးမှာလား။နာမည်ပျက်စာရင်းထဲထည့်ခံရတာဂုဏ်ယူရအုံးမှာလား?ဘာတွေလဲ…ဘာတွေပြောနေတာလဲ..။အစိုးရက..နာမည်ပျက်စာရင်းစုစုပေါင်း၆ထောင်ကျော်ရှိတယ်လို့ တရားဝင်ပြောထားတယ်၊ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေမှာတော့၊တချိန်ကအတိုက်အခံတွေနဲ့လက်တွဲပြီး အတူလုပ်နေမှတော့BlackListဆိုတာရှိဘို့လိုသေးလို့လား?၂ထောင်ကကြေငြာပြီးပြီဆိုတော့၎ထောင်ကျန်တယ်။

အဲဒါခုထိမကြေငြာနိုင်သေးတာကိုက..အစိုးရ၀န်ကြီးဌာနတွေစနစ်တကျအလုပ်မလုပ်တာထင်ရှားတယ်။ ထားပါတော့..တကယ်ဖြစ်သင့်တာကဘလက်ခ်လစ်စ်တွေဘလူးလစ်တွေထုတ်ပြန်တာ၊ရုတ်သိမ်းတာတွေလုပ်နေဘို့မဟုတ်ဖူး။ တချိန်ကစစ်အစိုးရကိုအံတုခဲ့တဲ့၊ပြည်ပရောက်မြန်မာတွေကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်၊ပြီးရင်ဗီဇာဖွင့်ပေးလိုက်ရုံပဲ။အခုဟာကမယောင်ရာဆီလူး၊အလုပ်မရှိကြောင်ရေချိုးပေးတဲ့ဟာတွေ။ ပြည်ပရောက်သူပုန်တွေကိုတရားဝင်ကြေငြာပြီးလွတ်ငြိမ်းချမ်းသာခွင့်ပေး။အရင်…မတရားစစ်အစိုးရရဲ့မတရားအမိန့် ဥပဒေတွေကိုရုတ်သိမ်းပေးလိုက်။မတရားအသင်းတို့၊လက်နက်ကိုင်ပုဒ်မတို့၊ပုန်ကန်မှုတို့၊နယ်စပ်ဖြတ်ကျော်မှုတို့ အကြည်ညိုပျက်အောင်လုပ်မှုတို့…ဘာတို့..ညာတို့..အားလုံးရုတ်သိမ်းပလိုက်။

ဘိန်းဘုရင်တွေ၊မာဖီးယားတွေ၊လက်နက်မှောင်ခိုနဲ့လူကုန်ကူးတဲ့အဖွဲ့တွေ၊ပုဂ္ဂိုလ်တွေကိုတောင်+ဥပဒေဘောင်ထဲအရောက်ထဲ့ပြီးအတူစီးပွားပေါင်းလုပ်နိုင်ခဲ့သေးတာပဲ၊တိုင်းပြည်ကိုချစ်လို့၊ဖွံဖြိုးတိုးတက်ပြီးဒီမိုကရေစီရေးလုပ်ဆောင်နေတဲ့ပြည်သူ့ရင်သွေးတွေကို ဘာကြောင့်လွယ်လွယ်နဲ့အိမ်ပြန်မလာနိုင်အောင်လုပ်နေရတာလဲ?ဟန့်တားထားတာလဲ၊တချို့ပြည်ပရောက်တွေ (တချို့ကသက်ဆိုင်ရာနိုင်ငံကနိုင်ငံသားတွေတောင်ဖြစ်ကုန်ပြီ)မြန်မာပြည်သွားဘို့ဗီဇာတောင်းရင်မြန်မာသံရုံးကမေးခွန်းတွေအများကြီးနဲ့ဖောင်ကိုဖြေ့ရတယ်။၊ဖောင်အမှန်အတိုင်းဖြေ့တော့လည်း၊ဟိုအကြောင်းပြ၊ဒီအကြောင်းပြနဲ့နေ့ရွှေ့၊လရွှေ့လုပ်ပြီးဗီဇာမပေးဘူး၊

ကိုယ့်လူမျိုးအချင်းချင်း၊အချိန်ကုန်၊ငွေကုန်၊စိတ်ဓာတ်ကျအောင်ညှင်းဆဲတယ်။အစိုးရကပြန်လာနိုင်ပြီလို့လဲကြေငြာတယ်၊ လာတော့လည်းတံခါးပိတ်ထားတယ်။အမှန်တော့..ဟိုအစိုးရခေတ်ကနာမည်ပျက်စာရင်းထုတ်တယ်ဆိုတာကလည်း ကြုံရင်ကြုံသလို၊သူတို့စိတ်နဲ့မတွေ့သူတွေကိုနာမည်ပျက်လုပ်လိုက်တာပဲ။

အဲဒီအစိုးရကလည်းကမ္ဘာ့အကြီးစား၊ထိတ်တန်းနာမည်ပျက်ဖြစ်နေတော့နိုင်ငံတကာရောက်မြန်မာတိုင်းကကန့်ကွက်တယ်၊ ဆန္ဒပြတယ်၊ဒီတော့..ပြည်ပရောက်မြန်မာတွေအားလုံးနာမည်ပျက်စာရင်းဝင်နေလားတော့မသိဘူး။အခုတော့ပြည်ပရောက်တွေပြန်ဘို့ ဗီဇာမရရင်သမတရုံးကိုအမြန်ဆက်သွယ်အကြောင်းကြားပါတဲ့၊

သက်ဆိုင်ရာဌာနတွေကလည်းပြန်စစ်ဆေးအုံးမှာပါတဲ့…ထပ်ပြီးအရစ်ရှည်ထားပြန်တယ်။တကယ်စေတနာကောင်းနဲ့တုန့်ပြန်မယ်ဆို ၊မြန်မာလူမျိုးတွေ၊ကိုယ့်ဆွေမျိုးသားချင်းတွေဆီသွားတာလွတ်လွတ်လပ်လပ်ဗီဇာပေးလိုက်ပေါ့၊ ဘာအရစ်ရှည်ဘို့လိုသလဲ။

အရင်စစ်အစိုးရစရိုက်လက္ခဏာနဲ့လုပ်ထုံးလုပ်နည်းကမပျောက်တာလား?ဌာနဆိုင်ရာကအောက်ဆိုက်ငွေရှာချင်သေးလို့လား?သူတို့ပဲသိမယ်။

သမတဦးသိန်းစိန်ကိုမီဒီယာတွေကမေးရင်..အမြဲပြောလေ့ရှိတာတခုက..မိမိတို့အစိုးရဟာပြည်သူလူထုဆန္ဒနဲ့အညီ ဒီမိုကရေစီစနစ်ထူထောင်ဖို့အကောင်အထည်ဖော်ပေးရတာဖြစ်တယ်။ဟိုအရင်စစ်အစိုးရလုပ်ခဲ့တာတွေကို တာဝန်မယူဘူးဆိုတဲ့သဘောထားတွေပပြောလေ့ရှိတယ်။ဆိုလိုတာကစစ်အစိုးရလက်ထက်ကရပိုင်ခွင့်၊လုပ်ပိုင်ခွင့်တွေနဲ့ရခဲ့၊လုပ်ခဲ့၊ ကောင်းခဲ့တာတွေတော့သိမ်းပိုက်ထားပြီး၊နာမည်ပျက်မဲ့ဟာဆို..တာဝန်မခံဘူးဖူးဆိုတဲ့သဘော။

တချိန်ကမဆလပါတီရဲ့ကောင်းမွေဆိုးမွေကို၊တဆညပါတီကအမွေခံခဲ့တယ်။ကြံ့ဖွတ်ပါတီဟာတဆညပါတီလောက်တောင်နိုင်ငံရေးသတ္တိမရှိဘူး။ထားပါတော့…အဓိကမေးချင်တာက၊အခုအစိုးရကရော၊ဘယ်သူတွေကိုနာမည်ပျက်စာရင်းဆက်ထားအုံးမှာလဲ?

အရင်စစ်အစိုးရမကြိုက်တဲ့လူတွေကိုလား?အခုထိကြံ့ဖွတ်အစိုးရကိုမယုံကြည်တဲ့လူတွေကိုလား?ရှင်းရှင်းလင်းလင်းဖြေပါအုံး။ အရင်စစ်အစိုးရနဲ့ကျနော်တို့နဲ့မဆိုင်ပါဘူးဆိုရင်လည်းရှင်းရှင်းလင်းလင်းလုပ်။ဟိုဟာလေးတော့ဆိုင်သေးတယ်၊ ဒီဥစ္စာကတော့ဒို့နဲ့မဆိုင်ဘူး..ဆိုပြီးအူကြောင်ကြားပေါ်လစီတော့မဖြစ်စေချင်ဘူး။

(အခုထိကိုယ့်ပြည်သူတွေကိုကိုယ်ပြန်ထောက်လှမ်းရေးလုပ်ခြိမ်းခြောက်ငွေလိမ်ယူနေတဲ့ဧည့်စာရင်းတိုင်နေရတဲ့စနစ်ကြီးကို ယဉ်ကျေးမှုအမွေတခုလိုထိမ်းသိမ်းထားသေးတယ်)အဲဒီတော့ထပ်ပြီးမေးချင်တယ်။ကျနော်တို့ပြည်ပရောက်မြန်မာတွေကို ဘယ်သူကနာမည်ဖျက်ထားတာလဲ?ဗိုလ်ချုပ်မှုးကြီးအစိုးရကလား?ဦးသိန်းစိန်အစိုးရကလား?မိဘပြည်သူတွေကလား? ကျနော့အထင်.မိဘပြည်သူုကတော့၊ကျနော်တို့အပေါ်မေတ္တာထားပြီးစောင့်မျော်နေတာပါ။ဘယ်တော့မှာလည်းနာမည်ဖျက်ကြမှာမဟုတ်သလို၊တတ်နိုင်သလောက်ဒီမိုကရေစီအရေးလှုပ်ရှားနေသူတွေအဖြစ်နားလည်သဘောပေါက်ထားကြတာပါ။ပြည်သူတွေကနာမည်ပျက်စာရင်းထဲထည့်မယ်ဆိုရင်တောင်ကျနော်တိုလိုတချိန်ကပြည်ပရောက်၊ကျောင်းသားလူငယ်၊မြန်မာပြည်သားတွေကိုတော့လုံးဝ(လုံးဝ) နာမည်ပျက်ထဲထည့်ံမှာမဟုတ်ဖူးလို့ကျနော်တို့အကြွင်းမဲ့ယုံတယ်။

ဒီကနေ့မိဘပြည်သူတွေရင်ထဲမှာနာမည်ပျက်စာရင်းထဲထည့်ထားတာက၊ဦးသိန်းစိန်အစိုးရရဲ့မူလလက်ဟောင်းစစ်အာဏာရှင်တွေပဲဖြစ်တယ်။အဲဒီပြည်သူ့ရင်ထဲမှာဖျက်လို့မရအောင်ဆေးမင်ကြောင်အရုပ်လိုစွဲမြဲထင်ကျန်နေတဲ့နာမည်ဆိုးတွေကကမ္ဘာတည်သရွေ့မပျောက်မပျက်စွဲထင်နေအုံးမှာဖြစ်တယ်။သူတို့အပေါ်ဆင်းရဲအောင်လုပ်ထားတယ်၊နိုင်ငံမွဲတေပြီးကမ္ဘာ့အလည်လူမျိုးဂုဏ်သိက္ခာကျအောင်လုပ်ထားတယ်။

ညီငယ်တွေလိုဖြစ်နေတဲ့တိုင်းရင်းသားလူမျိုးစုတွေကိုစစ်ခင်းထားတယ်။အိုးမဲ့အိမ်မဲ့တွေဖြစ်အောင်လုပ်တယ်၊ခေတ်နောက်ကျအောင်လုပ်ထားတယ်။တိုင်းပြည်ရဲ့ရင်သွေးကျောင်းသားလူငယ်တွေကိုသတ်ဖြတ်လုပ်ကြံခဲ့တယ်၊ရဟန်းသံဃာတွေကိုနှိပ်ဆက်သတ်ဖြတ်တယ်၊ ထောင်ထဲထည့်တယ်။ပြည်သူကချစ်တဲ့ခေါင်းဆောင်နဲ့နိုင်ငံရေးသမားတွေကိုသတ်ဖို့ကျိုးစားတယ်၊ အကျဉ်းချခဲ့တယ်။ဂုဏ်သိက္ခာညှိုးနွမ်းအောင်လုပ်တယ်။ပြည်သူပိုင်တဲ့အရာတွေအားလုံးကိုသူခိုး၊ဓားပြတွေလိုခိုးယူတယ်၊လုယူတယ်။

မြန်မာဆိုရင်အရိုင်းအစိုင်းတွေလို့ကမ္ဘာ့ပြည်သူတွေအမြင်မှားအောင်လုပ်ခဲ့တယ်။အများကြီးအများကြီး…. သူတို့လုပ်ခဲ့တဲ့မတရားမှုတွေကအများကြီး..အခုထိလည်းလုပ်နေတုံးအဲဒါကြောင့်လည်းမြန်မာပြည်သူတွေကစစ်ခေါင်းဆောင်တွေနဲ့သူတို့ကိုအမွေခံထားတဲ့ကြံ့ဖွတ်အစိုးရကိုမကြေငြာပဲ၊သေတပန်သက်တဆုံးBlack List ထုတ်ထားတာဖြစ်တယ်။

ဒါကြောင့်ဘယ်သူတွေကနာမည်ပျက်စာရင်းထဲပါနေသေးလဲဆိုတာဦးသိန်းစိန်အစိုးရသတ္တိရှိရှိကြေငြာပါ။ နာမည်ပျက်စာရင်းလူ၆ထောင်ထဲကကျန်တဲ့လူ၎ထောင်ကျော်ကဘယ်သူတွေလဲ?ပြည်ပရောက်မျိုးချစ်မြန်မာတွေလား? ပြည်တွင်းထဲကမျိုးဖျက်စစ်အာဏာရှင်တွေလား?

(ကိုညို)

0 နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အကြောင်း အာလပသလာပ ပြော ဆိုထားသော လူရွှင်တော် ဇာဂနာ၏ ရုပ်သံဖိုင် အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့

ဒေါ်အောင်ဆန်းစုကြည်၊NLDလွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အကြောင်း အာလပသလာပ ပြော ဆိုထားသော လူရွှင်တော် ဇာဂနာ၏ ရုပ်သံဖိုင်အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့နေကြောင်း သိရသည်။

''ဒီအသံဖိုင်အကြောင်း ကျွန် တော်မသိဘူး။ တရားဝင်လား၊ခိုး ဖမ်းတာလားလဲ မသိဘူး။ အများသိအောင်လုပ်တဲ့ စင်ပေါ်တွေများ ပြောတာလား။ ကျွန်တော်ဘာသာစားသောက်ဆိုင်မှာပဲဖြစ်ဖြစ် ဘတ်စ် ကားပေါ်မှာပဲ ဖြစ်ဖြစ် ပြောရင် ပြောမယ်။ ဒါ ကျွန်တော်ရဲ့ အလွတ် သဘော Private Life ပဲ။ တရားစွဲ လို့တောင်ရတယ်။ ဒါကို အသံ ခိုးဖမ်းပြီး ဖြန့်တယ်ဆိုရင်တော့ အဆင့်အတန်းနိမ့်ကျတယ်။ ကျွန် တော်လည်း မအားဘူး။ ဒါတွေကို ကြည့်နိုင်မှာ မဟုတ်ဘူး''ဟု ဦး ဇာဂနာက ပြောသည်။

ဦးဇာဂနာ ပြောကြားသောရုပ်သံဖိုင်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးကိုကိုကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုး မင်းသိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်၊ အမျိုးသမီးသတ္တိဆုရှင် မဇင်မာ အောင်၊ နိုင်ငံရေး တက်ကြလှုပ်ရှား သူ ကိုမြတ်သူ၊ ကိုမျိုးရန်နောင်သိန်း အကြောင်းအရာများနှင့် DVB သတင်းဌာနနှင့် RFA သတင်းဌာန အစရှိသော အကြောင်းအရာများ လည်း ပါဝင်သည်။

အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်တွင် ဦးဇာဂနာနှင့် ပတ်သက်သူမျာ၏ ဓာတ်ပုံများ ပါရှိပြီး ထူးခြားချက်အနေဖြင့် အသံဖိုင်ကို စာဖြင့်ပါ ရေးပေးထားပြီး အသံဖြင့်လည်း နားထောင်၍ရကြောင်း သိရ သည်။

''အခုပြောတဲ့ ပုံသဏ္ဍာန်က ရင်းနှီးတဲ့မိတ်ဆွေနဲ့ တွေ့တဲ့အချိန် မှာ အာလာပသလာပ ပြောတဲ့ပုံ။ ကိုယ့်စိတ်ထဲမှာရှိတဲ့ အကြောင်း အရာကို ပေါ့ပေါ့ပါးပါး ပြောနေ တဲ့ ပုံစံမျိုးပါ။ ခက်တာက လူရွှင် တော် ဇာဂနာဆိုတာ ကျွန်တော် မဟုတ်ဘူး။ ခင်ဗျားလည်း မဟုတ် ဘူး။ ဆိုလိုတာက လူသိများပြီး ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ် နေတယ်။ သူ့နှုတ်ထွက်စကားက သက်ရောက်မှု အများကြီးရှိတယ်။ ဒီလို ပြောနေတာကို အသိမပေးဘဲ ခိုးဖမ်းပြီး အွန်လိုင်းစာမျက်နှာပေါ် ဖြန့်တာလည်း မကောင်းဘူး။ လူမှု ရေးရှုထောင့်အရလည်း မလုပ်သင့် ဘူး''ဟု ပြည်တွင်းစာနယ်ဇင်း သမားတစ်ဦးက သုံးသပ်ပြောကြား သည်။

လူရွှင်တော်ဇာဂနာသည် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ် မြောက်ရေးနှင့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင်လည်း ပါဝင်သူဖြစ်ပြီး အနုပညာလောကတွင်လည်း လူကြိုက်များသော လူရွှင်တော်တစ်ဦး ဖြစ်သည်။

Messenger journal

0 လက်ပန်တောင်းတောင်တွင် လုံခြုံရေး တာဝန်ကျများနှင့် တွေ့ဆုံခြင်း (ရုပ်/သံ)

“ကျွန်တော်တို့ ရဲကျင့်ထုံး ဥပဒေမှာ ဒီလို ကုမ္ပဏီတစ်ခုကို ကာကွယ်စောင့်ရှောက်ဖို့ မပါဘူးဗျ”
“ ဒီမှာ ကြည့်ဗျာ ကျွန်တော်ခြေထောက်မှာ ဝဲတွေ တွေ့လားဗျ။ ကျွန်တော်တို့ မြေကြီးပေါ်မှာ အိပ်ရတာ သုံးလ ကျော်လာတော့ ဝဲစွဲနေကြပြီ”
“ကျွန်တော်တို့ကို ပစ်မိန့်ပေးလည်း ကျွန်တော်တို့ကတော့ မပစ်ပါဘူး ”
“ စစ်တပ်က ဦးပိုင်ကလူတွေရှေ့မှာ ကျွန်တော်တို့ကို မင်းတို့ သောက်သုံးမကျဘူး။ ပစ်သတ်လိုက်ရမလား။ ”
“ကျွန်တော်တို့ကို မင်းတို့ ဟိုဟာလုပ်စမ်း၊ ဒီဟာလုပ်စမ်းနဲ့ ရင့်ရင့်သီးသီးခိုင်းတယ်။ မလုပ်ဘူးဆို ရင်လည်း မင်းတို့ ပြုတ်သွားချင်လား။ လနံပတ်ပေးစမ်း..ဘယ်အဆင့်လဲလို့ ဦးပိုင်က ဗိုလ်မှူးမျိုးဆွေ(ငြိမ်း) က အမြဲ ရင့်ရင့်သီးသီးပြောတယ်”
“ ကျွန်တော်ရဲဘက်ဆိုင်ရာ အရာရှိကြီးတွေကလည်း မှာထားတယ်။ မင်းတို့ ပြည်သူနဲ့ အဆင်ပြေအောင်နေ ပြည်သူနဲ့ ထိပ်တိုက်မတွေ့စေနဲ့။ကျွဲနွား ကျောင်းတာလောက်ကတော့ ကျောင်းကြပါစေလို့ မှာထားတယ် ”
“ အရင်တုန်းက ဦးပိုင်က တစ်ရက် သုံးထောင်ပေးတယ်။ အခု နှစ်ထောင်ပဲရတော့တယ်။ အဲဒါတောင် ကြိုပေး တာ မဟုတ်ဘူး။ ကိုယ့်ပိုက်ဆံစိုက်ထားနိုင်ရင် စိုက်၊ မစိုက်နိုင်ရင် ဆိုင်မှာ အကြွေးထားရတယ်။ ပိုက်ဆံပေး ပြန်တော့လည်း မယားငယ်ပေး ပေးတယ်ဗျာ”

“ခဏဆိုပြီး လွှတ်လိုက်တာ ဒီမှာ နေရတာ သုံးလ ကျော်လာပြီ။ နောက်မှာကျန်ခဲ့တဲ့ မိသားစု ဘယ်လိုစား သောက် နေထိုင်နေရလဲ ဆိုတာလည်း မသိရဘူး”

“မင်းတို့ လုံခြုံရေးအတွက် အခုချက်ချင်းထွက်ဆိုလို့ ထွက်လာရတာ။ ဘာကိစ္စမှန်းတောင် မသိရဘူး။ ဒီနေရာ ရောက်မှ ဘာလုပ်ရမလဲ သိတယ် ”

ရဲရင့် တွေ့ဆုံမေးမြန်းသည်။ Yangon chronicle

0 ပါတီလုပ်ငန်းမလုပ်ဆောင်ဘဲ ပါတီဥက္ကဋ္ဌအဖြစ်ရှိနေခြင်းသည်လည်းမေးခွန်းထုတ်ဖွယ်ဖြစ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီညီလာခံယနေ့ညနေ( ၅း၃၀ )အချိန်တွင်ရွေး ချယ်တင်မြှောက်ခံရသူတို့၏အမည်စာရင်းများကို ကြေငြာခဲ့ရာ ပြန်လည်ရွေးချယ်ခံရသူသောဥက္ကဌ၊ဒုတိယဥက္ကဌ ၊အထွေထွေအတွင်းရေးမှူးတို့မှာဥက္ကဌအဖြစ်ဦးသိန်းစိန်(နိုင်ငံတော်သမ္မတ)၊ဒုတိယဥက္ကဌအဖြစ်သူရဦးရွှေမန်း၊သူရဦးအေးမြင့်၊ဦးဌေးဦး ၊အထွေထွေအတွင်းရေးမှုးအဖြစ်ဦးမောင်မောင်သိမ်း ၊တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်ဦးသိန်းဇော် ၊အတွင်းရေးမှူုးများအဖြစ် ဦးခင်အောင်မြင့်၊ဦးသိန်းဆွေသူရဦးအောင်ကို တို့ဖြစ်ကြသည်။
အခြေခံဥပဒေပုဒ်မ၆၄ ဖော်ပြချက်အရပါတီအဖွဲ့အစည်း၏လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်းမပြုရဟုသာဖော်ပြထားခြင်းကြောင့် ပါတီ၏ ဥက္ကဋ္ဌရာထူးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရှိနေခြင်းဟု ဆိုလျှင် အဆိုပါ အခြေခံဥပဒေပုဒ်မ ၆၄ သည်လည်း လိုအပ်မည်မဟုတ်ကြောင်းမြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ဝင်အချို့ကပြောသည်။

““ ဥက္ကဋ္ဌ ဆိုတဲ့တာဝန်ကို Mentoin (ဖော်ပြ) လုပ်နေတယ်ဆိုကတည်းက ဥက္ကဋ္ဌတာဝန်ကို သူယူထားတာပဲလေ။ ဘာအလုပ်မှ မလုပ်ရဘူးဆိုရင်ဒီတာဝန်ကိုယူထားဖို့လိုအပ်သလား။ မေးစရာမေးခွန်းတွေရှိတာပေါ့”” ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးကိုနီကပြောသည်။

၂၀၀၈ခုနှစ်ကအတည်ပြုထားဌာန်းထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ ပုဒ်မ ၆၃ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ်ဒုတိယသမ္မတများသည်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင်လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင်နိုင်ငံ့ဝန်ထမ်းအဖြစ်မှ လည်းကောင်း၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှ စ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ဟု ဖော်ပြထားပြီး ပုဒ်မှ ၆၄ တွင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတသို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြထားခြင်းကြောင့် ယခုကဲ့သို့ နိုင်ငံတော်ပိုင်သတင်းစာများ၊ရုပ်သံများတွင် နိုင်ငံတော်သမ္မတအားပါတီ၏ဥက္ကဋ္ဌအဖြစ်သုံးနှုန်းထားခြင်းနှင့်ယင်းမှာဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်ရမည်ဟု ဖော်ပြထားခြင်းမရှိသောကြောင့်ပါတီဥက္ကဋ္ဌအဖြစ်ဆက်လက်ရှိနေခြင်းဖြစ်သည်ဟု ဆိုခြင်းမှာ နဂိုနားလည်းပြီးဖြစ်သော ဥပဒေတစ်ရပ်အပေါ်နားလည်မှု ရှုပ်ထွေးခဲ့ကြောင်း အထက်တန်းရှေ့နေတစ်ဦးကပြောသည်။

ယင်းနှင့်ပတ်သက်၍အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က““ တစ်ခုသတိထားမိတာက ဦးသိန်းစိန်ကပါတီဥက္ကဋ္ဌအနေနဲ့တက်လာပေမယ့် မိန့်ခွန်းပြောတဲ့အခါ ဦးရွှေမန်းကပြောတယ်ဗျာ။ ဦးရွှေမန်းက အစိုးရရာထူးမယူထားဘူး။ လွှတ်တော်ဥက္ကဋ္ဌရာထူးပဲယူထားတယ်။ သတင်းစာကလည်းဖော်ပြတယ်ဆိုတာက သတင်းစာကိုယ်တိုင်ကလည်း အစိုးရသတင်းစာဆိုတော့ အခုလိုမေးခွန်းတွေပေါ်လာတာပေါ့။ ဦးသိန်းစိန်ကိုဥက္ကဋ္ဌအဖြစ်သူတို့ဆက်ပြီး မှတ်ယူနေသေးတဲ့သဘော။ အဲဒီလိုဆိုရင် ကွန်စတီကျူးရှင်းဘက်ကမြင်ရမယ့်အမြင်က အစိုးရတာဝန်ဆိုတာမဆောင်ရွက်ရတော့ဘူးဗျာ။ တစ်ဖက်ကကြည့်တော့လည်းသူကဥက္ကဋ္ဌအနေနဲ့တက်လာတယ်နုတ်ဆက်တယ်ဆိုပေမယ့် မိန့်ခွန်းပြောတဲ့အခါကျတော့ ဦးရွှေမန်းကပြောတယ်။

အဲဒါက သူတို့ဖက်ကစပြီးသတိထားပြီးဆောင်ရွက်ရမယ့်ကိစ္စ။သူတို့ဖက်ကဒါကိုသတိထားပြီးဆောင်ရွက်တယ်ဆိုရင် ကျွန်တော်တို့ဖက်ကအခြေခံဥပဒေမှာ ဘယ်လိုအဓိပ္ပာယ်ထွက်သလဲဆိုတာ ပြန်စဉ်းစားရမယ့်ကိစ္စလို့မြင်ပါတယ်”” ဟု ၄င်း၏အမြင်ကိုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏အထွေထွေအတွင်းရေးမှူး ဦးဌေးဦက ပါတီ၏ဥက္ကဋ္ဌအသစ်ပြန်လည်ရွေးချယ်မည်ဟု သတင်းများထွက်ပေါ်လာစဉ်ကတည်းကပင်ပါတီ၏ဥက္ကဋ္ဌသစ်အားပြန်လည်ရွေးချယ်မည်မဟုတ်ကြောင်း ပေါ်ပြူလာနယူးစ်သို့ဖြေကြားထားခဲ့ပြီး ပါတီဥက္ကဋ္ဌတာဝန်များကို ပါတီဒုတိယဥက္ကဋ္ဌကလွှဲပြောင်းရယူသွားမည်ဖြစ်ကြောင်းဖြေကြားထားခဲ့သည်။

သို့ရာတွင် အောက်တိုဘာလ၁၆ရက်ကပါတီဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌအပါအ၀င်ရာထူးနေရာအချို့အား ပြန်လည်ရွေးချယ်ခဲ့ရာ နိုင်ငံတော်သမ္မတ ဦးသိန်စိန်ပင် ပါတီဥက္ကဋ္ဌရာထူးကိုပြန်လည်ရရှိခဲ့သည်။ သိုပေမယ့် ပါတီ ဥက္ကဋ္ဌတာဝန်များကို ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းက ပူးတွဲထမ်းဆောင်မည်ဟုထုတ်ပြန်ပြောဆိုချက်များအရ သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အောက်တိုဘာလ ၁၄ ရက်ကနေပြည်တော်ရှိ ပါတီရုံးချုပ်တွင်ပြုလုပ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ၏ အထွေထွေညီလာခံသို့ပါတီဥက္ကဋ္ဌအဖြစ်တက်ရောက်ခဲ့သလိုပါတီအလံနှင့်ရင်ထိုးတပ်ဆင်ထားခဲ့ကြောင်းဓာတ်ပုံမှတ်တမ်းများအရသိရသည်။

Popular myanmar news journal

0 ကိုယ်စားများစွာဖြင့် ရုပ်ရှင်သူရဲကောင်းဆုရှင်

ကိုယ်စားများစွာဖြင့် ရုပ်ရှင်သူရဲကောင်းဆုရှင်
အောက်တိုဘာလ (၁၃) ရက်နေ့သည် မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ ကျင်းပပြုလုပ်ခဲ့သည်မှာ ၁၃.၁ဝ.၂ဝ၁၂ ရက်နေ့သည် (၉၂) နှစ်ပြည့်မြောက် ရှိခဲ့ပြီဖြစ်သော်လည်း ၂ဝ၁၂ ခုနှစ် မြန်မာ့ရုပ်ရှင်နေ့တွင် ထူးခြားသည့်ဆုများဖြင့် ဝေဝေဆာဆာ ဂုဏ်ပြုကျင်းပခဲ့ရာ ရုပ်ရှင်အနုပညာလောကထဲမှ ထူးခြားပြောင် မြောက်သည့် စွမ်းဆောင်ချက်များဖြင့် လူမှုအကျိုးများအား စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နေသူများ အတွက် ၂ဝ၁၂ ခုနှစ် “ရုပ်ရှင်သူရဲကောင်းဆု” တံဆိပ်အား ဦးကျော်သူအား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ရာ ဦးကျော်သူသည် အမေရိကန်နိုင်ငံသို့ National Endowment for Democracy 2012 Award ဆုပေးပွဲနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်းတာဝန်များဖြင့် ရောက်ရှိနေသည့်အတွက် (ကိုယ်စား)အဖြစ် အလင်းတန်းဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းငြိမ်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် (ကိုယ်စား) ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ဆုပေးအပ် ချီးမြှင့်ခဲ့ပြီးနောက် ၁၅.၁ဝ. ၂ဝ၁၂ ရက်နေ့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလင်းတန်းဂျာနယ်အယ်ဒီတာချုပ် ဦးဝင်းငြိမ်းတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ခဲ့ကာ၂ဝ၁၂ ခုနှစ်အတွက် “ရုပ်ရှင်သူရဲကောင်းဆု” တံဆိပ်အားပေးအပ်ခဲ့ရာ နာရေးကူညီမှု အသင်း(ရန်ကုန်) အလုပ်အမှုဆောင်ဖြစ်သူ ဦးမြတ်ဆွေနှင့် အလုပ်အမှုဆောင်အဖွဲ့တို့မှလည်း (ကိုယ်စား) အဖြစ် လက်ခံရယူခဲ့ပြန်သည်။ ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ ၅ဝဝဝဝဝိ/- (ငါးသိန်း) ကျပ်တိတိအား ပေးအပ်လှူဒါန်းခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်မှုများအား လိုက်လံရှင်းလင်း ပြသခဲ့သည်။

ယင်း ဆုပေးပွဲမျိုးသည် ဟောလိဝုဒ် အော်စကာဆုပေးပွဲနည်းတူ အခမ်းအနားသို့ မတက်ရောက်နိုင်ခဲ့သည့် ဦးကျော်သူ(ကိုယ်စား) နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ကိုယ်တိုင် လာရောက်ပေးပို့သည့်အတွက် အဝေးမှတဆင့် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ယခင်အချိန်ကာလများတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အဖွဲ့သား/သူများ၊ အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောအဖွဲ့ အစရှိသည့် အနုပညာရှင် ညီအစ်ကိုမောင်နှမများလာရောက်၍ လုပ်အားပေးခဲ့ကြသလို နောက်နောင်တွင်လည်း အများအကျိုးအတွက် အတူလက်တွဲ၍ နာရေး၊ ကျန်းမာရေး၊ သဘာဝဘေးကိစ္စရပ်များအား တက်ကြွစွာဖြင့် ပါဝင်လုပ်အားဒါနပြုဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

Tuesday, October 16, 2012

1 လွတ်လပ်ခွင့်၊ မီဒီယာ၊ သတင်းနှင့် ပြည်သူ့ဖျော်ဖြေမှုကဏ္ဍ

ယခုတစ်လော သတင်းစာ၊ဂျာနယ်၊ရုပ်သံလိုင်းများနှင့် အခြားပြည်သူ့ဖျော်ဖြေရေးကဏ္ဍများတွင် လွတ်လပ်ခွင့်ကို ကိုယ်ပိုင်အဓိပါယ်ဖွင့်ဆိုချက်များဖြင့် သဘောတရားအမှားများပြုလုပ်နေကြောင်း ပြည်သူများက ထောက်ပြလိုက်သည်။ အချို့သောဂျာနယ်များတွင်လွတ်လပ်ခွင့်နှင့်အတူ ပြည်သူ့ဘက်ကရပ်တည်သောသတင်းများကို ရေးသားဖော်ပြမှုများပြုလုပ်နိုင်ခဲ့ ကြသော်လည်း ဂျာနယ်တော်တော်များများတွင်မူ လွတ်လပ်ခွင့်ကို အကြောင်းပြုပြီး မိမိတို့၏ ကိုယ်ရေးကိုယ်တာအကျိုးအမြတ် ရရှိမှုကိုသာ ဦးတည်ရေးသားဖော်ပြနေခြင်းများလည်းရှိကြောင်း ပြည်သူအချို့ကထောက်ပြဝေဖန်လိုက်သည်။

အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်သူ ဦးကံညွန့်က “လွတ်လပ်ခွင့်ကို တစ်ချို့ကဘယ်လိုဖွင့်ဆိုသလဲတော့မသိဘူး။ ကျွန်တော်တို့ တွေ့နေရတဲ့ အနုပညာဂျာနယ်အချို့မှာတော့ ၀တ်စားဆင်ယင်မှုကို လွတ်လပ်ခွင့်အနေနဲ့ အသုံးချနေတာတွေ့ရတယ်။

သူတို့ဂျာနယ်စောင်ရေလွတ်လပ်တာလားလွတ်ထွက်နေတာလားဆိုတာစာဖတ်သူတွေကိုယ်တိုင်သိကြပါတယ်။ ပြီးတော့အားကစားသတင်းဂျာနယ်တွေမှာ နောက်ပိုင်းပါလာတဲ့ ပွဲကြိုသုံးသပ်ချက်တွေမှာ လောင်းကစားဆိုင်ရာ အသုံးအနှုန်းတွေထည့်သုံးလာတာတွေ့ရတယ်။ ဒီတော့ ဒီဂျာနယ်တွေက အားကစားအားပေးမှာလား? လောင်းကစားအားပေးမှာလား? စဉ်းစားစရာပဲ” ဟု သူ့ရဲ့အမြင်ကို ပြောပြသွားပါတယ်။

နေ့စဉ်ရုပ်မြင်သံကြားအစီအစဉ်များအားကြည့်ရှုသူအဘွားအိုတစ်ဦးက“တစ်ချို့အစီအစဉ်တွေကတော့ကောင်းပါတယ်၊ ဆွေးနွေးခန်းတို့ ဘာတို့ပေါ့။ ပြီးတော့ ဆရာတော်ကြီးတွေရဲ့ တရားခွေလေးတွေလွှင့်ပေးတာကောင်းပါတယ်။ ညပိုင်းအစီအစဉ်တွေမှာတော့ လူငယ်ကြိုက်တွေများတယ်။ လူငယ်တွေကပြောတော့ တိုးတက်တယ်တိုးတက်တယ်နဲ့ အဘွားမြင်တာတော့ မိန်းကလေးတွေဝတ်တာ တိုတက်လာတာပဲတွေ့တယ်၊ ယဉ်ကျေးမှုအတွက် စိုးရိမ်စရာပဲ” ဟု ဝေဖန်သွားပါတယ်။ ကိုမျိုးညီညီကဝေဖန်ပြောဆိုရာမှာ” ယခင်ဝန်ကြီးဦးကျော်ဆန်းနဲ့ အခု ဦးအောင်ကြည်အပြောင်းအလဲမှာ ဘာသွားတွေ့လဲဆိုတော့၊ ရေကူးဝတ်စုံနဲ့ ကြေငြာကို သွားတွေ့မိတယ်။ ပြီးတော့ တီဗီအစီအစဉ်တွေကြေငြာတဲ့ Presenter အမျိုးသမီးတွေရဲ့ ဘောင်းဘီတိုတိုကပ်ကပ်တွေ တွေ့လာရတယ်။ ကျွန်တော် အဲဒီတီဗီအစီအစဉ်တွေရဲ့ တာဝန်ရှိသူတွေကိုမေးချင်တယ် “ဒါမီဒီယာပြောင်းလဲမှုလား”လို့၊ ကျွန်တော်တို့ မျှော်လင့်နေတာက မီဒီယာလွတ်လပ်ခွင့်နဲ့ အတူ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အပြုသဘောထောက်ပြဝေဖန်နိုင်တဲ့ အစီအစဉ်မျိုးတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ လူငယ်ပိုင်း အမေးအဖြေကဏ္ဍတွေ စတဲ့ အရင်ကမရှိခဲ့တဲ့ အစီအစဉ်မျိုးတွေကို ထုတ်လွှင့်စေချင်တာ။

အခုတော့ အဲဒီလိုမဟုတ်ဘူး။ လူငယ်တွေကို ယဉ်ကျေးမှုချောက်ကမ်းပါးကို တွန်းပို့နိုင်တဲ့ အစီအစဉ်မျိုးတွေ အများဆုံးပြသလာတယ်။ စင်ပေါ်မှာ ၀တ်ချင်တိုင်းဝတ် ကဲချင်တိုင်းကဲနေတာကို အောက်က ဒိုင်လူကြီး အနုပညာရှင်တွေက ညီလေးကကောင်းပါတယ်၊ ညီမလေးတို့က မဆိုးပါဘူး လုပ်နေတဲ့အစီအစဉ်တွေများလာတယ်။ ရုပ်ရှင်၊ဗီဒီယိုပိုင်းမှာလဲ လန်းချင်တိုင်းလန်းနေကြတယ်။ မြန်မာ့ရုပ်ရှင်ဗီဒီယိုကြေငြာက ရေကူးဝတ်စုံနဲ့ မဟုတ်ရင်ခေတ်မမီတော့သလိုဖြစ်လာတယ်။

သရုပ်ဆောင်ပညာက အနုပညာလား? ရေကူးဝတ်စုံကအနုပညာလားလို့ မေးရမလိုဖြစ်နေပြီ။ အပြောင်းအလဲတစ်ခုမှာ ဒီရလဒ်တွေကို အစကတည်းက ခန့်မှန်းပြီးသားပါ။ ဒါပေမယ့် ရလဒ်တွေက အပေါင်းရလဒ်ထက် ဆုတ်ယုတ်မှုကပိုများနေတာတော့ တာဝန်ရှိသူတွေသိဖို့လိုမယ်။ ကာယကံရှင်တွေကိုယ်တိုင်လည်း အသိရှိဖို့လိုတယ်။ ကိုယ့်အစီအစဉ်၊ ကိုယ့်အနုပညာကို ကြည့်နေတဲ့ ပရိတ်သတ်အတွက် အားဆေးမဖြစ်ရင်တောင် အဆိပ်ခွက်တော့ မဖြစ်ကြစေချင်ဘူး။ အချိန်မီမပြင်ဆင်နိုင်ရင် မျိုးဆက်သစ်ညီငယ်ညီမငယ်တွေအတွက် အရမ်းအန္တရာယ်ကြီးတယ်။ အခုတောင် တစ်ချို့မှုခင်းသတင်းတွေမှာ လူငယ်ပိုင်းပြဿနာကြောင့် အရွယ်မတိုင်ခင် ဘ၀နွမ်းကြရသူတွေအကြောင်း တော်တော်များများတွေ့လာရပြီ။”ဟု ၄င်းအမြင်ကို ပြောဆိုသွားပါတယ်

By: People Development for Knowledge

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.