Wednesday, October 17, 2012

0 ပါတီလုပ်ငန်းမလုပ်ဆောင်ဘဲ ပါတီဥက္ကဋ္ဌအဖြစ်ရှိနေခြင်းသည်လည်းမေးခွန်းထုတ်ဖွယ်ဖြစ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီညီလာခံယနေ့ညနေ( ၅း၃၀ )အချိန်တွင်ရွေး ချယ်တင်မြှောက်ခံရသူတို့၏အမည်စာရင်းများကို ကြေငြာခဲ့ရာ ပြန်လည်ရွေးချယ်ခံရသူသောဥက္ကဌ၊ဒုတိယဥက္ကဌ ၊အထွေထွေအတွင်းရေးမှူးတို့မှာဥက္ကဌအဖြစ်ဦးသိန်းစိန်(နိုင်ငံတော်သမ္မတ)၊ဒုတိယဥက္ကဌအဖြစ်သူရဦးရွှေမန်း၊သူရဦးအေးမြင့်၊ဦးဌေးဦး ၊အထွေထွေအတွင်းရေးမှုးအဖြစ်ဦးမောင်မောင်သိမ်း ၊တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်ဦးသိန်းဇော် ၊အတွင်းရေးမှူုးများအဖြစ် ဦးခင်အောင်မြင့်၊ဦးသိန်းဆွေသူရဦးအောင်ကို တို့ဖြစ်ကြသည်။
အခြေခံဥပဒေပုဒ်မ၆၄ ဖော်ပြချက်အရပါတီအဖွဲ့အစည်း၏လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်းမပြုရဟုသာဖော်ပြထားခြင်းကြောင့် ပါတီ၏ ဥက္ကဋ္ဌရာထူးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရှိနေခြင်းဟု ဆိုလျှင် အဆိုပါ အခြေခံဥပဒေပုဒ်မ ၆၄ သည်လည်း လိုအပ်မည်မဟုတ်ကြောင်းမြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ဝင်အချို့ကပြောသည်။

““ ဥက္ကဋ္ဌ ဆိုတဲ့တာဝန်ကို Mentoin (ဖော်ပြ) လုပ်နေတယ်ဆိုကတည်းက ဥက္ကဋ္ဌတာဝန်ကို သူယူထားတာပဲလေ။ ဘာအလုပ်မှ မလုပ်ရဘူးဆိုရင်ဒီတာဝန်ကိုယူထားဖို့လိုအပ်သလား။ မေးစရာမေးခွန်းတွေရှိတာပေါ့”” ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးကိုနီကပြောသည်။

၂၀၀၈ခုနှစ်ကအတည်ပြုထားဌာန်းထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ ပုဒ်မ ၆၃ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ်ဒုတိယသမ္မတများသည်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင်လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင်နိုင်ငံ့ဝန်ထမ်းအဖြစ်မှ လည်းကောင်း၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှ စ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ဟု ဖော်ပြထားပြီး ပုဒ်မှ ၆၄ တွင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတသို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြထားခြင်းကြောင့် ယခုကဲ့သို့ နိုင်ငံတော်ပိုင်သတင်းစာများ၊ရုပ်သံများတွင် နိုင်ငံတော်သမ္မတအားပါတီ၏ဥက္ကဋ္ဌအဖြစ်သုံးနှုန်းထားခြင်းနှင့်ယင်းမှာဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်ရမည်ဟု ဖော်ပြထားခြင်းမရှိသောကြောင့်ပါတီဥက္ကဋ္ဌအဖြစ်ဆက်လက်ရှိနေခြင်းဖြစ်သည်ဟု ဆိုခြင်းမှာ နဂိုနားလည်းပြီးဖြစ်သော ဥပဒေတစ်ရပ်အပေါ်နားလည်မှု ရှုပ်ထွေးခဲ့ကြောင်း အထက်တန်းရှေ့နေတစ်ဦးကပြောသည်။

ယင်းနှင့်ပတ်သက်၍အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က““ တစ်ခုသတိထားမိတာက ဦးသိန်းစိန်ကပါတီဥက္ကဋ္ဌအနေနဲ့တက်လာပေမယ့် မိန့်ခွန်းပြောတဲ့အခါ ဦးရွှေမန်းကပြောတယ်ဗျာ။ ဦးရွှေမန်းက အစိုးရရာထူးမယူထားဘူး။ လွှတ်တော်ဥက္ကဋ္ဌရာထူးပဲယူထားတယ်။ သတင်းစာကလည်းဖော်ပြတယ်ဆိုတာက သတင်းစာကိုယ်တိုင်ကလည်း အစိုးရသတင်းစာဆိုတော့ အခုလိုမေးခွန်းတွေပေါ်လာတာပေါ့။ ဦးသိန်းစိန်ကိုဥက္ကဋ္ဌအဖြစ်သူတို့ဆက်ပြီး မှတ်ယူနေသေးတဲ့သဘော။ အဲဒီလိုဆိုရင် ကွန်စတီကျူးရှင်းဘက်ကမြင်ရမယ့်အမြင်က အစိုးရတာဝန်ဆိုတာမဆောင်ရွက်ရတော့ဘူးဗျာ။ တစ်ဖက်ကကြည့်တော့လည်းသူကဥက္ကဋ္ဌအနေနဲ့တက်လာတယ်နုတ်ဆက်တယ်ဆိုပေမယ့် မိန့်ခွန်းပြောတဲ့အခါကျတော့ ဦးရွှေမန်းကပြောတယ်။

အဲဒါက သူတို့ဖက်ကစပြီးသတိထားပြီးဆောင်ရွက်ရမယ့်ကိစ္စ။သူတို့ဖက်ကဒါကိုသတိထားပြီးဆောင်ရွက်တယ်ဆိုရင် ကျွန်တော်တို့ဖက်ကအခြေခံဥပဒေမှာ ဘယ်လိုအဓိပ္ပာယ်ထွက်သလဲဆိုတာ ပြန်စဉ်းစားရမယ့်ကိစ္စလို့မြင်ပါတယ်”” ဟု ၄င်း၏အမြင်ကိုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏အထွေထွေအတွင်းရေးမှူး ဦးဌေးဦက ပါတီ၏ဥက္ကဋ္ဌအသစ်ပြန်လည်ရွေးချယ်မည်ဟု သတင်းများထွက်ပေါ်လာစဉ်ကတည်းကပင်ပါတီ၏ဥက္ကဋ္ဌသစ်အားပြန်လည်ရွေးချယ်မည်မဟုတ်ကြောင်း ပေါ်ပြူလာနယူးစ်သို့ဖြေကြားထားခဲ့ပြီး ပါတီဥက္ကဋ္ဌတာဝန်များကို ပါတီဒုတိယဥက္ကဋ္ဌကလွှဲပြောင်းရယူသွားမည်ဖြစ်ကြောင်းဖြေကြားထားခဲ့သည်။

သို့ရာတွင် အောက်တိုဘာလ၁၆ရက်ကပါတီဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌအပါအ၀င်ရာထူးနေရာအချို့အား ပြန်လည်ရွေးချယ်ခဲ့ရာ နိုင်ငံတော်သမ္မတ ဦးသိန်စိန်ပင် ပါတီဥက္ကဋ္ဌရာထူးကိုပြန်လည်ရရှိခဲ့သည်။ သိုပေမယ့် ပါတီ ဥက္ကဋ္ဌတာဝန်များကို ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းက ပူးတွဲထမ်းဆောင်မည်ဟုထုတ်ပြန်ပြောဆိုချက်များအရ သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အောက်တိုဘာလ ၁၄ ရက်ကနေပြည်တော်ရှိ ပါတီရုံးချုပ်တွင်ပြုလုပ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ၏ အထွေထွေညီလာခံသို့ပါတီဥက္ကဋ္ဌအဖြစ်တက်ရောက်ခဲ့သလိုပါတီအလံနှင့်ရင်ထိုးတပ်ဆင်ထားခဲ့ကြောင်းဓာတ်ပုံမှတ်တမ်းများအရသိရသည်။

Popular myanmar news journal

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.