“ ဒီမှာ ကြည့်ဗျာ ကျွန်တော်ခြေထောက်မှာ ဝဲတွေ တွေ့လားဗျ။ ကျွန်တော်တို့ မြေကြီးပေါ်မှာ အိပ်ရတာ သုံးလ ကျော်လာတော့ ဝဲစွဲနေကြပြီ”
“ကျွန်တော်တို့ကို ပစ်မိန့်ပေးလည်း ကျွန်တော်တို့ကတော့ မပစ်ပါဘူး ”
“ စစ်တပ်က ဦးပိုင်ကလူတွေရှေ့မှာ ကျွန်တော်တို့ကို မင်းတို့ သောက်သုံးမကျဘူး။ ပစ်သတ်လိုက်ရမလား။ ”
“ကျွန်တော်တို့ကို မင်းတို့ ဟိုဟာလုပ်စမ်း၊ ဒီဟာလုပ်စမ်းနဲ့ ရင့်ရင့်သီးသီးခိုင်းတယ်။ မလုပ်ဘူးဆို ရင်လည်း မင်းတို့ ပြုတ်သွားချင်လား။ လနံပတ်ပေးစမ်း..ဘယ်အဆင့်လဲလို့ ဦးပိုင်က ဗိုလ်မှူးမျိုးဆွေ(ငြိမ်း) က အမြဲ ရင့်ရင့်သီးသီးပြောတယ်”
“ ကျွန်တော်ရဲဘက်ဆိုင်ရာ အရာရှိကြီးတွေကလည်း မှာထားတယ်။ မင်းတို့ ပြည်သူနဲ့ အဆင်ပြေအောင်နေ ပြည်သူနဲ့ ထိပ်တိုက်မတွေ့စေနဲ့။ကျွဲနွား ကျောင်းတာလောက်ကတော့ ကျောင်းကြပါစေလို့ မှာထားတယ် ”
“ အရင်တုန်းက ဦးပိုင်က တစ်ရက် သုံးထောင်ပေးတယ်။ အခု နှစ်ထောင်ပဲရတော့တယ်။ အဲဒါတောင် ကြိုပေး တာ မဟုတ်ဘူး။ ကိုယ့်ပိုက်ဆံစိုက်ထားနိုင်ရင် စိုက်၊ မစိုက်နိုင်ရင် ဆိုင်မှာ အကြွေးထားရတယ်။ ပိုက်ဆံပေး ပြန်တော့လည်း မယားငယ်ပေး ပေးတယ်ဗျာ”
“ခဏဆိုပြီး လွှတ်လိုက်တာ ဒီမှာ နေရတာ သုံးလ ကျော်လာပြီ။ နောက်မှာကျန်ခဲ့တဲ့ မိသားစု ဘယ်လိုစား သောက် နေထိုင်နေရလဲ ဆိုတာလည်း မသိရဘူး”
“မင်းတို့ လုံခြုံရေးအတွက် အခုချက်ချင်းထွက်ဆိုလို့ ထွက်လာရတာ။ ဘာကိစ္စမှန်းတောင် မသိရဘူး။ ဒီနေရာ ရောက်မှ ဘာလုပ်ရမလဲ သိတယ် ”
ရဲရင့် တွေ့ဆုံမေးမြန်းသည်။ Yangon chronicle
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်