Friday, October 19, 2012

0 "စိမ်းမြသစ်ရွက်တို့ ကြွေနေဆဲ.. အမေပါလိုက်ခဲ့မယ် ငါ့သားရေ"

တိုက်ကြီးမြို့ နယ်၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနေအောင် (၂၈)နှစ်သည် ထောင်တွင်းရောဂါများဖြင့်အောက်တိုဘာ ၄ ရက်၊ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့် တွင် နေအိမ်၌သေဆုံးခဲ့ရာ ၄င်းသေဆုံးပြီး ၂၅ မိနစ်ခန့် အကြာ ၁၂ နာရီ ၁၅ မိနစ်တွင် မိခင်ဖြစ်သူဒေါ်လှလှဝင်း ၅၂ နှစ်မှာ သားစိတ်ဖြင့် ထပ်မံသေဆုံးသွားခဲ့ကြောင်းနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ ပြောကြားချက်အရ သိရသည်။ "ကျွန်တော်တို့ နိုင်/ကျဉ်းအဖွဲ့ ကနေပြီး အောက်တိုဘာ ၁၂ ရက်ကကိုနေအောင်တို့ အိမ်ကိုသွားရောက်ပြီး အလှူငွေပေးခဲ့ပါတယ်။ ကျန်ရစ်သူမိသားစုကိုလည်း နှစ်သိမ့်အားပေးမှုတွေလုပ်ခဲ့ပါတယ်" ဟု နိုင်/ကျဉ်း အလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ကိုစောလွင်ဦးက News Watch ဂျာနယ်သို့ ပြောကြားသည်။

ကိုနေအောင်မှာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် ပုဒ်မ (၅၀၅/ ခ)ဖြင့်ထောင်ဒဏ် ၂ နှစ်ချမှတ်ခြင်းခံခဲ့ရပြီး အင်းစိန်နှင့် သထုံအကျဉ်းထောင်များတွင်ပြစ်ဒဏ်ကျခံခဲ့ရသူဖြစ်သည်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလတွင် ထောင်မှပြန်လည်လွတ်မြောက်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲဆန့် ကျင်သပိတ်မှောက်မှုဖြင့် အင်းစိန်ထောင်တွင် ၃ လ ထပ်မံဖမ်းဆီးခံခဲ့ရ ပြန်သည်။ ထောင်မှပြန်လည်လွတ်မြောက်ခဲ့သော်လည်း ထောင်တွင်း၌ရရှိခဲ့သောရောဂါများကြောင့် ယခုကဲ့သို့ သေဆုံးခဲ့ရခြင်းဖြစ်ပြီး သားစိတ်ဖြင့်မိခင်ဖြစ်သူပါ မိနစ်ပိုင်းတွင်ထပ်မံသေဆုံးခဲ့ပြန်ရာဝမ်းနည်းကြေကွဲဖွယ်ကောင်းသောဖြစ်ရပ်တစ်ခု ပင်ဖြစ်ကြောင်း နိုင်/ကျဉ်းအဖွဲ့ မှဆိုသည်။

ကိုနေအောင်နှင့် မိခင်ဒေါ်လှလှဝင်းသေဆုံးပြီးနောက် ၄င်း၏ယောက်ဖဖြစ်သူကိုအောင်ကျော်ဦး (၁၃၊ ၁၊ ၂၀၁၂ နေ့ က ပူတာအိုထောင်မှ ပြန်လည်လွတ်မြောက်လာသူ) အပါအ၀င် မိသားစု ၆ ဦး ကျန်ရစ်ခဲ့သည်။

(သတင်း နဒီ၊ News Watch ဂျာနယ် မှ ကူးယူဖော်ပြပါတယ်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.