Tuesday, October 16, 2012

0 OIC ဆက်ဆံရေးရုံးကို မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ရန် နိုင်ငံတော် အစိုးရ အနေဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း ကြေငြာ

OIC ဆက်ဆံရေးရုံးကို မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ရန် နိုင်ငံတော် အစိုးရ အနေဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း သတင်း အပြည့်အစုံကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ည ၈ နာရီ သတင်းတွင် ကြေညာမည် ဖြစ်ကြောင်း သိရှိရသည်။
Source: http://www.ministryofinformation.gov.mm/index.php
ဂုဏ်ယူပါတယ် မျိုးချစ် ညီအစ်ကို မောင်နှမ အပေါင်းတို့ .........။အောင်မြင်စွာနဲ့  အဆုံးသတ်နိုင်ခဲ့ကြပါပြီ..။

ပြည်တွင်းအားသည် ပြည်သူ့ မှာသာ ရှိတယ် ဆိုတာကို ဒီနေ့ လှုပ်ရှားမှု့ က လက်တွေ့ ပြလိုက်တာပဲ ......မျိုးချစ်မောင်နှမ အပေါင်းတို့ ။......အရမ်းဂုဏ်ယူပါတယ်....။

ဒီနေ့ လှုပ်ရှားမှု့ ဟာဆိုရင်ပြည်တွင်း ပြည်ပ မျိုးချစ် မောင်နှမတွေ အားလုံး သံဃာ ၊ လူထု ၊ ကျောင်းသား ရယ်ဟု စုစည်း ညီညွတ်မှု့ ကို ပြသနိုင်ခဲ့တဲ့ အောင်ပွဲ တစ်ခုပါ....မျိုးချစ် မောင်နှမအပေါင်းတို့  ။..အရမ်းဂုဏ်ယူပါတယ်..။

ဒါဟာ အမျိုးသားရေး လှုပ်ရှားမှု့  အောင်ပွဲ တစ်ခုပါ...... မျိုးချစ်မောင်နှမ အပေါင်းတို့ ..။ အရမ်းဂုဏ်ယူပါတယ်...။

မျိုးချစ်စိတ် ၊ နိုင်ငံချစ်စိတ် ၊ လူမျိုး ၊ ဘာသာ ၊သာသနာ ကို ချစ်တဲ့ စိတ်တွေကို ကမ္ဘာသိ သိမ့်သိမ့်တုန်အောင် ပြသနိုင်ခဲ့တဲ့ အောင်ပွဲ တစ်ခုပါ....မျိုးချစ်မောင်နှမ အပေါင်းတို့ ..။အရမ်းဂုဏ်ယူပါတယ်...။

OIC ကို ကမ္ဘာသိ မောင်းထုတ်တဲ့ ညီညွတ်မှု့ ရဲ့  အောင်ပွဲ တစ်ခုပါ... .မျိုးချစ်မောင်နှမတို့ .။အရမ်း ဂုဏ်ယူပါတယ်..။

တို့ လူမျိုး ၊ တို့ ဘာသာ ၊ တို့ သာသနာ နဲ့  တို့ အနာဂတ်မျိုးဆက်တွေအတွက် တို့ အသက်ရှင်နေသရွေ့ ၊ တို့ တွေ တတ်စွမ်းသရွေ့ ၊ တို့ တွေ တတ်နိုင်သရွေ့  ၊ တို့ တွေ ကိုယ်တိုင် အကောင်းဆုံး ကာကွယ် စောင့်ရှောက်သွားရမယ် ..မျိုးချစ်မောင်နှမအပေါင်းတို့ ...။

တို့ ခေတ်ကြီးကို တို့ တွေ ကိုယ်တိုင် ပြုပြင်စရာတွေကို ပြုပြင်ရမယ် ၊ မွမ်းမံစရာတွေ ကို မွန်းမံရမယ် ၊ တည်ဆောက်စရာတွေကို အတူတူ တည်ဆောက်ကြပါစို့ လို့  အမျိုးသားရေး အသိထပ်လောင်းလို့ ပေးလိုက်ပါရစေ....မျိုးချစ်မောင်နှမအပေါင်းတို့ ..။

ဘစည် ....


0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.