Sunday, October 14, 2012

0 အမေရိကန် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲတွင် မြန်မာပြည်မှ အောင်လက ပြိုင်ဘက်အား အလဲထိုး

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒီလာဝယ်ပြည်နယ်၌ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပသည့် ကိုယ်ခံပညာပေါင်းစုံတိုက်ခိုက်ရေး (Mixed MartialArts) ပြိုင်ပွဲ၊ တစ်နည်းအား ဖြင့် Cage Fury Fighting Championship (CFFC)ဟုခေါ်သောပြိုင်ပွဲတွင် မြန်မာပြည်ဖွားကချင်တိုင်းရင်းသား အောင်လအင်ဆန်းက အိုင်အိုဝါပြည်နယ်မှ ပြိုင်ဘက်အား လျင်မြန်စွာ အလဲထိုးအနိုင်ယူခဲ့သည်။

''The Burmes Pytohon'' ဟုချစ်စနိုးခေါ်ဝေါ်ကြသော အောင်လသည် ပွဲကို ဖြည်းဖြည်းချင်းစတင်ခဲ့ရာ ပြိုင်ဘက် ဂျက်ဆင်လောက်ထံမှ မျက်နှာနှင့် ခန္ဓာကိုယ်သို့ပစ်သွင်းသည့် လက်သီးချက်များ ထိမှန်ခဲ့ရသည်။

သို့သော် အောင်လက ရှေ့ဆက်ထိုးရန်တိုက်စစ်ကို ပြင်ဆင်ခဲ့ပြီးမစ္စတာဂျက်ဆင်လောက် ထောင့်ကပ်မိချိန်တွင် အောင်လက အသည်းနေရာသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်ရာဂျက်ဆင်တစ်ယောက်ရှူးရှူးရှားရှား ရှေ့တိုးလာသည်။ ထို့နောက်အောင်လကဘယ်လက်သီးများဆက်တိုက်လွှတ်ထိုးရင်းညာလက်သီးတစ်လုံးလျှပ်တစ်ပြက်ပစ်သွင်းလိုက်ရာ ပြိုင်ဘက် ဂျက်ဆင်မှာ မလှုပ်မယှက်နောက်ကောက်ကျ ဖြစ်သွားသည်။

 အသက် ၂၇ နှစ်အရွယ် အောင်လက အဆိုပါလက် ဝှေ့ပွဲမှ အနိုင်ရရှိသော ထိုးကြေးနှင့် စပွန်ဆာရငွေအားလုံး ကို ကချင်စစ်ဘေးဒုက္ခသည်များကို လှူဒါန်းမည်ဟု ၄င်း၏ ၀က်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။

Photo- sherdog.com

မူရင်းသတင်း-- 7Day News Journal

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.