Sunday, October 14, 2012

0 သမတ ဦးသိန်းစိန်အတွက် Nobel Peace Prize Balance Sheet

( ဖြစ်စဉ် အကြီးစားများအား အရှုံးကို -၁၊ အမြတ်ကို +၁ ဖြင့်တွက်ချက်ပါသည်)

ွှအမှတ်စဉ်/ အကြောင်းအရာ/ အရှုံး သို.မဟုတ် အမြတ်/ ရမှတ်/ နောက်ဆုံးလက်ကျန်

အမှတ်စဉ် ၁
ကျနော်တို.ဟာ ပြည်သူကရွေးကောက်တင်မြှောက်ထားသော အစိုးရဖြစ်သည် ဟူသော မိန်.ခွန်း အရှုံး
ရမှတ် (-၁)
လက်ကျန် (-၁)

အမှတ်စဉ် ၂
ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ချုပ်အောင်ဆန်းပုံချိတ်လျက် တွေ.ဆုံခြင်း၊ သတင်းထုတ်ပြန်ခြင်း
အမြတ်
ရမှတ် (+၁)
လက်ကျန် (၀)

အမှတ်စဉ် ၃
မြစ်ဆုံဆည်တည်ဆောက်မှု အခိုက်အတန်.အားဖြင့်ရပ်တန်.နိုင်မှု
အမြတ်
ရမှတ် (+၁)
လက်ကျန် (+၁)

အမှတ်စဉ် ၎
ကချင်ဒေသထိုးစစ်ကို ရပ်တန်.သွားအောင် မစွမ်းဆောင်နိုင်ခြင်း
အရှုံး
ရမှတ် (-၁)
လက်ကျန် (၀)

အမှတ်စဉ် ၅
နိုင်ငံရေးကြောင့်အကျဉ်းကျနေသူများအား လွတ်ပေးခြင်း
အမြတ်
ရမှတ် (+၁)
လက်ကျန် (+၁)

အမှတ်စဉ် ၆
အစိုးရအဖွဲ.ဝင်နှင့် လွှတ်တော်အမတ်များ ပိုင်ဆိုင်မှုပြည်သူသိခွင့်ရအောင် မစွမ်းဆောင်နိုင်ခြင်း
အရှုံး
ရမှတ် (-၁)
လက်ကျန် (၀)

အမှတ်စဉ် ၇
နိုင်ငံတကာသို.ရောက်နေသော နိုင်ငံသားများအား Black List မှပယ်ဖျက်ပေးခြင်း
အမြတ်
ရမှတ် (+၁)
လက်ကျန် (+၁)

အမှတ်စဉ် ၈
တိုင်းရင်းသား ရခိုင်လူမျိုးများ၏ အသက်စည်းစိမ်ပျက်စီးမှုကို မဆယ်မနိုင်ခြင်း
အရှုံး
ရမှတ် (-၁)
လက်ကျန် (၀)

အမှတ်စဉ် ၉
ကျော်ဆန်း၊ ဇော်မင်း၊ ဌေးဦး၊ အောင်သိန်းလင်း၊ ခင်ရီ၊ တင်အောင်မြင့်ဦး တို.ကဲ့သို. ပြည်သူ.အကျိုးမပြုသောသူများကို စံပြအဖြစ်ပြတ်သားစွာ မထုတ်ပယ်၊ မနှိမ်နင်းနိုင်ခြင်း
အရှုံး
ရမှတ် (-၁)
လက်ကျန် (-၁)

အမှတ်စဉ် ၁၀
ကြေးစင်တောင် လက်ပဒေါင်းတောင်ကိစ္စအား ပြည်သူ.ဖက်မှ မားမားမတ်မတ် မရပ်နိုင်ခြင်း
အရှုံး
ရမှတ် (-၁)
လက်ကျန် (-၂)

အမှတ်စဉ် ၁၁
BBC Hard Talk တွင် စစ်အစိုးရလက်ထက်ရာဇဝတ်မှုများအား ဝန်ခံရန်ပျက်ကွက်သည့်အပြင် မိမိယုံကြည်ရာလုပ်ကြသည်ဟုပြောဆိုခြင်း
(နိုင်ငံသားများဖက်မှလည်း ယင်းစစ်နှင့် အရပ်ဖက်ရာဇဝတ်မှုများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးတွင် စစ်အစိုးရဟောင်းအား တင်ပို.စစ်ဆေးရန် ယုံကြည်သဖြင့်ဆက်လုပ်ပါက ရနိုင်သည်ဟူသော သဘောကိုဆောင်ပါသည်။ အဘယ်ကြောင့်ဆိုသော မိမိယုံကြည်မှုအတွက်လုပ်ခြင်းသည် အပြစ်မရှိဆိုသော သဘောကိုပြောခဲ့ခြင်းကြောင့်ပင်။)
အရှုံး
ရမှတ် (-၁)
လက်ကျန် (-၃)

အမှတ်စဉ် ၁၂
ခရိုနီများ စည်းမဲ့ ကမ်းမဲ့ ပရမ်းပတာ သိမ်းဆည်းနေသောလယ်များ၊ မြေများအတွက် နိုင်ငံသားများအတွက် လောက်လောက်လားလား မလုပ်ပေးနိုင်ခြင်း
အရှုံး
ရမှတ် (-၁)
လက်ကျန် (-၄)

အမှတ်စဉ် ၁၃
အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သက်ရည်ရွယ်လျက်ရေးဆွဲထားသော အကန်.အသတ်များရှိသည်ကို သိလျက်နှင့် လူထုထောက်ခံလျင် သမ္မတဖြစ်နိုင်သည်ဟု ပြောဆိုခြင်း
အရှုံး
ရမှတ် (-၁)
လက်ကျန် (-၅)

အမှတ်စဉ် ၁၄
လူထုက အုံးအုံကြွက်ကြွက်ကန်.ကွက်နေသည့်ကြားမှပင် OIC နှင့်နားလည်မှုစာချွန်လွာကိုလက်မှတ်ထိုးခြင်း။
အရှုံး
ရမှတ် (-၁)
လက်ကျန် (-၆)

Noble Peace Price နှင့် အကြွင်းမဲ့ပြည်သူထောက်ခံမှုကို လိုချင်ပါလျင်၊ ကြိုးစားပါဦးဟုသာ ဆိုချင်ပါသည်။ စစ်အစိုးရဟောင်းနှင့် အရှင်သခင်ဟောင်းများကို အလုပ်အကျွေးပြုခြင်းဖြစ်ပါလျင် မည်သည့်မှတ်ချက်မျှပေးရန်မရှိပါချေ။ ဆရာတော်ဦးဗုဓ်ပြောသကဲ့သို. အဝီစိနှင့်သာဆိုင်ပါတော့သည်။

မိမိကိုယ်ကို ချမ်းသာစွာဆောင်နိုင်ကြပါစေ။ ။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.