Saturday, October 20, 2012

0 ဒေါ်အောင်ဆန်းစုကြည်ကော့မှူးကစာသင်ကျောင်းကို လေ့လာကြည့်ရှုခဲ့တာနဲ့ပတ်သက်ပြီး နောင်ကို ခွင့်ပြုချက်ရမှ ကြည့်ခွင့်ပေးဖို့ တိုင်းဒေသကြီးအစည်းဝေးကဆုံးဖြတ်

အကြောင်းအရာ ။  ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ အစည်းအဝေး ညွန်ကြားချက်အား တင်ပြခြင်း

ရည်ညွှန်းချက် ။ ၁၉-၁၀-၂၀၁၂ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် ကျင်းပ ပြုလုပ်သော အစည်းအဝေး ညွန်ကြားချက်။

အထက်ပါ အကြောင်းအရာ ပါတီကိစ္စနှင့် ပတ်သတ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီ ဥက္ကဌ ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ၊ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် သည် ကော့မှူးမြို့ နယ် အခြေခံပညာ ဦးစီးဌာနမှ ဆရာ ၊ ဆရာမများအား ခေါ်ယူတွေ့ ဆုံခြင်း ၊ စာသင်ချိန်အတွင်း ကျောင်းဝန်း အတွင်းသို့ ဝင်ရောက် ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၎င်းဖြစ်စဉ် အပေါ် တိုင်းဒေသကြီး ၀န်ကြီးချုပ်မှ "အထက် ဌာန၏ ခွင့်ပြုချက် မရဘဲ ဌာနဆိုင်ရာများသို့ လာရောက်
ကြည့်ရှု စစ်ဆေးခြင်းအား ခွင့်မပြုရန် ၊ လိမ္မာ ပါးနပ်စွာ ပြောကြားရန်" ညွန်ကြားခဲ့ ပါကြောင်း သိသာနိုင်ပါရန်နှင့် လိုအပ်သလို ညွန်ကြားနိုင်ပါရန် အစီရင်ခံ တင်ပြအပ် ပါသည်။

Photo..ခွန်ဒီးယမ် Facebook

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.