Saturday, December 3, 2011

1 ပြုပြင်ပြောင်းလဲမှုအတွက် မြန်မာကို ဟီလာရီ ပထမဆုံးဆုချီးမြှင့်

(Reuters News မှ 2 Dec 2011 ရက်စွဲပါ “Cliton offers Myanmar First reward for reform” သတင်းကို yangonchronicle 2011ဘာသာ ပြန်ဆိုသည်)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံကို အကူအညီများ ပိုမိုထောက်ပံ့သွားမည် ဖြစ်ပြီး ဆယ်စု ၂ စု လစ်လပ်နေခဲ့သော သံအမတ်ကြီးနေရာကို ပြန်လည်ထားရှိရန် စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားကာ မြန်မာတို့၏ ပြောင်းလဲမှုအတွက် ကနဦး ချီးမြှောက်မှုများ ပြုလုပ်လိုက်သည်။

ကလင်တန်က သူမသည် သမ္မတ ဦးသိန်းစိန်နှင့်လည်းကောင်း အခြား မြန်မာအစိုးရဝန်ကြီးများနှင့်လည်းကောင်း ပွင့်လင်း၍ အပြုသဘော ဆောင် သော ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဆက်လက်ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံအားပေးရန် ဝါရှင်တန်က အဆင့်သင့်ရှိကြောင်း၊ အရေးယူ ချမှတ်ထားသော Sanctions များ ရုတ်သိမ်း ပေးရန် အလားအလာရှိကြောင်း အသိပေးခဲ့သည်ပာု ပြောကြားသည်။

သို့သော်လည်း နှစ်ပေါင်း ၅၀ အာဏာရှင်စစ်အုပ်ချုပ်ရေးစနစ်မှ ရုန်းထွက်ရန် ကြိုးစားနေသော မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရန်နှင့် တိုင်းရင်းသားပဋိပက္ခများကို အဆုံးသတ်ရန်အတွက် ပိုမို အားထည့်၍ ဆက်လက်ဆောင်ရွက်ရေးကို သူမက မြန်မာအစိုးရအား တိုက်တွန်းလိုက်သည်။

ထို့အပြင် ရန်လိုသော နျူကလီးယားအစီအစဉ်များဖြင့် အာရှတစ်လွှား သတိပေးခေါင်းလောင်း မြည်စေခဲ့သော မြောက်ကိုရီးယားနှင့် ဆက်ဆံနေမှု များ ကို မြန်မာအစိုးရက ရပ်ဆိုင်းခြင်းမပြုပါက ဝါရှင်တန်နှင့် ဆက်ဆံရေး ကောင်းမွန်လာဖို့ မဖြစ်နိုင်ပာုလည်း ကလင်တန်က ပြောကြားသည်။

“ဒီအဆင့်တွေကို အခြေခံပြီး တည်ဆောက်သွားဖို့ သူမျှော်လင့်ထားတယ်” လို့ သမ္မတကြီးက ပြောပါတယ်။ ကျွန်မကလည်း ဒီပြုပြင်ပြောင်းလဲမှုတွေ မှာ ဝါရှင်တန်ရဲ့ ထောက်ခံအားပေးမှုရရှိဖို့ သူ့ကို အာမခံခဲ့ပါတယ်” ပာု အဝေးလွင်တီးခေါင်မြို့တော် နေပြည်တော်မှ ဆွေးနွေးပွဲများအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကလင်တန်က ပြောကြားသည်။

မကြာမီက လုပ်ဆောင်ပြသခဲ့တဲ့ ကိစ္စရပ်တွေပာာ အရင်ကမရှိခဲ့ဘူးတဲ့ ကြိုဆိုစရာကိစ္စတွေ ဖြစ်တယ်ဆိုပေမယ့် ဒါပာာ အစပဲရှိသေးတယ် ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပါတယ် ပာု ကလင်တန်က ဆိုသည်။

အနောက်အုပ်စုနှင့် နှစ်ပေါင်း ၅၀ ကျော်(အချို့ကလည်း နှစ်ပေါင်း ၂၀ ကျော်ပာုဆိုသည်) ခပ်စိမ်းစိမ်းနေခဲ့သော မြန်မာနိုင်ငံနှင့် ဆက်ဆံရေး သိသာစွာ နွေးထွေးလာခြင်းကို ယခုကလင်တန်၏ အထင်ကရ ခရီးစဉ်က ထင်ပာပ် ပြသနေသည်။

ထို့နောက်တွင် သူမသည် ကုန်သွယ်ရေးမြို့တော် ရန်ကုန်သို့ ထွက်ခွာကာ ရွှေတိဂုံစေတီတော်တွင် ဗုဒ္ဓဘာသာရိုးရာခြေဗလာဖြင့် လှည့်ပတ် လေ့လာပြီးနောက် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး ဆွေးနွေးပွဲများကို ကျင်းပခဲ့သည်။

ကလင်တန်နှင့် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့သည် အမေရိကန်သံတမန် အိမ်ရာတွင် တွေ့ဆုံခဲ့ကြပြီး အင်းလျားကန်ကို လှမ်း၍ မြင်ရ သော ဝရံတာတွင် တည်ခင်းသွားသော မြန်မာ့ရိုးရာ အစားအစာများကို မသုံးဆောင်မီ ဓါတ်ပုံတွဲ၍ အရိုက်ခံခဲ့ကြသည်။

နိုင်ငံရေးနယ်ပယ်သို့ ပြန်လည်ဝင်ရောက်ရန် ကြေညာထားသော ဒေါ်အောင်ဆန်းစုကြည်က ကလင်တန်၏ သမ္မတလောင်း၊ လွှတ်တော်အမတ်၊ အမေရိကန် သမ္မတရွေးပွဲ အတွေ့အကြုံများကို မေးမြန်းစူးစမ်းခဲ့သည်ပာု သိရှိရသည်။

“သူမက နိုင်ငံခြားရေးဝန်ကြီးကို ရွေးကောက်ပွဲဝင်တာနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေကို မေးမြန်းနေပါတယ်” ပာု အမေရိကန်အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

တာထွက်စခြေလှမ်းများ


သမ္မတဦးသိန်းစိန်အပါအဝင် အခြားတာဝန်ရှိသူများနှင့် ပြောဆိုဆွေးနွေးမှုများ အပြီးတွင် ကလင်တန်က နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေမည့် ကနဦး ဆောင်ရွက်စရာကိစ္စများကို ထုတ်ဖော်ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် သံအမတ်ကြီး ပြန်လည်ထားရှိရန် ဝါရှင်တန်က စဉ်းစားမည်ပာု ပြောကြားလိုက် သည်။

ယခင် တပ်မတော်အစိုးရက ၁၉၉၈ တွင် ဒီမိုကရေစီတောင်းဆိုသော ဆန္ဒပြပြည်သူများကို သတ်ဖြတ်နှိမ်နင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အနိုင်ရသော ၁၉၉၀ ရွေးကောက်ပွဲရလာဒ်များကို ပယ်ဖျက်ခြင်း တို့ ပြုလုပ်ခဲ့ပြီးနောက်တွင် ဝါရှင်တန်က ရန်ကုန်တွင် ယာယီသံရုံးတာဝန်ခံ အဆင့်သို့ လျှော့ချပစ်ခဲ့သည်။

‘ကလင်တန်က ဆက်လက်၍ “အခု အစီအစဉ်တွေပာာ စိုးရိမ်စရာကိစ္စတွေကို ဖော်ထုတ်ဖို့၊ လေ့လာစောင့်ကြည့်ဖို့၊ တိုးတက်မှုတွေကို အားပေးဖို့ အတွက် အရေးကြီးတဲ့လမ်းကြောင်း ဖြစ်လာနိုင်ပါတယ်။ ဒါပာာ ကနဦးခြေလှမ်းတွေပါပဲ၊ တကယ်လို့ ပြုပြင်ပြောင်းလဲမှုအရှိန်ကို ဆက်ထိန်းထားမယ်ဆိုရင် ရှေ့ကို ဆက်သွားကြဖို့ ကျွန်မတို့ ပြင်ဆင်ထားပါတယ်” ပာု ပြောဆိုသည်။

အကယ်၍ ထင်ရှားခိုင်မာသော ပြုပြင်ပြောင်းလဲမှုများကို မြင်တွေ့ရပါက Sanctions များဖြေလျှော့ပေးရန် အမေရိကန်ပြည်ထောင်စုက စဉ်းစား မည် ပာုလည်း သူမက ဖြေကြားသည်။

ကျွန်မတို့ ဒီလုပ်ငန်းစဉ် အတိုင်း ရှေ့ကို အတူတကွဆက်ပြီး သွားနိုင်မယ်ဆိုရင် အရေးယူချမှတ်ထားတဲ့ Sanctions တွေ ဖြေလျှော့ဖို့နဲ့ ရုတ်သိမ်းဖို့ ကျွန်မတို့ သေသေချာချာ စဉ်းစားကြမယ်လို့ မြန်မာခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီအချက်တွေကို အပေါ်ယံ လူကြားကောင်းအောင် ပုံကြီးချဲ့ တာမျိုးမဖြစ်ရဘူး။ တကယ့်ကို မရေရာတဲ့ အစစ်ဖြစ်ရမယ်။ လက်တွေ့ မျက်မြင် အကဲဖြတ်ခံနိုင်ရမယ် ပာု ပီာလာရီကလင်တန်က ရှင်းလင်းပြောဆို သည်။

မြန်မာ့စီးပွားရေးမူဝါဒ ပြင်ဆင်ပြောင်းလဲမှုကို ကူညီမည့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) တို့၏ အကဲဖြတ်မစ်ရှင်များကို ဝါရှင်တန်က ထောက်ခံအားပေးမည်ဖြစ်သည့်အပြင် ကုလသမဂ္ဂမူးယစ်ဆေးဝါး တိုက်ဖျက်မှုနှင့် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကိုလည်း ထောက်ခံအားပေးမည်ပာု ပီာလာရီကလင်တန်က ဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံကို ထိတ်လန့်မှုကြောင့် ပိုမိုစည်းလုံးလာကြသော ဒေသတွင်းသို့ မြန်မာတို့ ပို၍ ရင်းနှီးကျွမ်းဝင်လာအောင် ဆွဲခေါ်သည့် အနေ ဖြင့် အရှေ့တောင်အာရှ အဓိကရေလမ်းကြောင်းကို ဆွေးနွေး ဦးတည်နေသော (အမေရိကန်တို့ ပံ့ပိုးသည့်) မဲခေါင်အောက်ပိုင်း လှုပ်ရှားမှု Lower Mekong Initiative အဖွဲ့သို့ လေ့လာသူအဖြစ် ဝင်ရောက်ရန် ကလင်တန်က မြန်မာနိုင်ငံကို ဖိတ်ခေါ်ထားသည်။

သို့သော်လည်း မြန်မာတို့နှင့် ဆက်ဆံတွေ့ထိရန် အကြောင်းရင်းများကို တရုတ်နှင့် ယှဉ်ပြိုင်ပွဲက မောင်းနှင်ခဲ့သည် ဆိုသော အချက်ကို ကလင်တန် က ငြင်းဆို ကန့်ကွက်သည်။ “တစ်ခြားနိုင်ငံတွေကို ကျွန်မတို့ ဆန့်ကျင်နေစရာ အကြောင်းမရှိပါဘူး၊ ဒီနိုင်ငံကို အားပေးကူညီဖို့ လုပ်နေတာပါ။ အာရှဒေသနဲ့ ဆက်ဆံမှုတွေကို အမေရိကန်က တရုတ်နဲ့ ပုံမှန်တိုင်ပင်လေ့ရှိပါတယ်” ပာု သူမက ပြောကြားသည်။

ကလင်တန်က ဆက်လက်၍ ဒုတိယကမ္ဘာစစ်အတွင်းက Burma Road ဖောက်လုပ်စဉ် သေဆုံးခဲ့ကြသော အမေရိကန်စစ်သားတို့၏ ရုပ်ကြွင်း များ ကို ပူးတွဲရှာဖွေမှုပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာတို့ ဆွေးနွေးကြမည်ပာု ပြောကြားသည်။ ဝါရှင်တန်နှင့် ပာနွိုင်း သည် အတိတ်က ကွဲလွဲမှုများ ကို ချန်ထားပစ်ခဲ့ကြရန် ကြိုးစားသည့်အနေဖြင့် ဗီယက်နမ်တွင် ထိုကိစ္စများကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။

မြန်မာခေါင်းဆောင်သစ်များကို အားပေးသည့် ဝါရှင်တန်၏ ခြေလှမ်းများ မြန်လွန်းသွားမည်ကို လူ့အခွင့်အရေး အုပ်စုများနှင့် အမေရိကန် လွှတ်တော်အမတ်အချို့က ပူပန်လျက်ရှိသည်။ ထို့အတွက် ယခုထက်ပိုမိုပြင်ဆင် ပြောင်းလဲ သည်ကို မြင်တွေ့ရဖို့လိုအပ်ကြောင်း ရှင်းလင်းစွာအသိပေးထား သည် ပာု ကလင်တန်က ဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာပာာ အားတက်စရာပါပဲ။ ဒါပေမယ့် ၁၀၀၀ ကျော် ကျန်နေပါသေးတယ်။ ဒီကနေ့ အစောပိုင်းတုန်းက ကျွန်မပြောခဲ့တဲ့ စကားကို အခု လူသိရှင်ကြားပြောပါရစေ။ စကြာဝဋာနဲ့ ဆိုင်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ စုဝေးခွင့်၊ ယုံကြည်ခွင့်တွေကို ကျင့်သုံးမိလို့ အဖမ်းခံ ရ တယ် ဆိုတဲ့ ကိစ္စပာာ ဘယ်နိုင်ငံမှာမှ မရှိသင့်ပါဘူး။” ပာု ကလင်တန်က ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်က အားလုံးပါဝင်နိုင်ခွင့်ရှိသော နိုင်ငံရေးလုပ်ငန်းစဉ်ဖြစ်လာအောင် ကြိုးပမ်းမှုအဖြစ် ယင်းကဲ့သို့သော အကျဉ်းသားများကို လွှတ် ပေးရန် အစိုးရက စဉ်းစားနေပြီး ထပ်မံလွှတ်ပေးနိုင်မည့် အလားအလာကို သုံးသပ်နေကြသည်ပာု ပြောကြားခဲ့ကြောင်းကို ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော အမေရိကန် အရာရှိတစ်ဦးက ပြန်လည်ပြောဆိုခဲ့သည်။

အမေရိကန်တာဝန်ရှိသူများ တင်ပြထားကြသော ဒုံးကျည်နည်းပညာ လျှို့ဝှက်ရောင်းဝယ်မှု အပါအဝင် မြောက်ကိုရီးယားနှင့် တရားမဝင်ဆက်ဆံမှု များကို ရပ်ဆိုင်းရန်နှင့် ပြုံးယမ်း၏ နျူးကလီးယား အစီအစဉ်ကြောင့် ကုလသမဂ္ဂက ချမှတ်ထားသော အရေးယူဒဏ်ခတ်မှုများကို လေးစားလိုက်နာရန် မြန်မာ အာဏာပိုင်များကို ကလင်တန်က ဖိအားပေးခဲ့သည်ပာုလည်း သိရှိရသည်။

မြောက်ကိုရီးယားနှင့် ပတ်သက်သည့် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို လိုက်နာရန် မြန်မာနိုင်ငံက တာဝန်ခံထားမှုနှင့် သက်ဆိုင်သော အာမခံချက်များကို သူမလက်ခံရရှိထားသည်ပာု ကလင်တန်က ပြောကြားသည်။ မြန်မာအစိုးရ၏ မြောက်ကိုရီးယားနှင့် လျို့ဝှက်ဆက်သွယ်မှုသည် နျူကလီးယားအစီအစဉ်အထိ ပါဝင်ပတ်သက် ကျယ်ပြန့်လာခြင်းကို အမေရိကန်တာဝန်ရှိသူများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။

အမေရိကန် တွေ့ထိဆက်ဆံလာမှုကိုဒေါ်အောင်ဆန်းစုကြည်ထောက်ခံ

မနှစ်က ရွေးကောက်ပွဲများအပြီး တပ်မတော်အစိုးရက အရပ်ဖက်အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲမှုများကို အကဲဖြတ်မည့် ဝါရှင်တန်၏ ကြိုးပမ်းမှုကို ထောက်ခံသည်ပာု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေပာာ တကယ်လား၊ နောက်ထပ် လှည့်စားဖန်တီးမှုတစ်ခုလားလို့ လူတိုင်းက မေးနေကြပါတယ်” ပာု ဗြိတိန် Chathan House ဉာဏ်ကျယ်အုပ်စုသို့ ပေးပို့သော နှုတ်ခွန်းဆက် ဗီဒီယိုတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဘူးသည်။ “အစိုးရအဖွဲ့ထဲမှာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲလုပ်ချင်သူတွေ တကယ်ရှိနေတယ်လို့ ကျွန်မယုံကြည်ပါတယ်၊ ဒါပာာ ပွင့်လင်းမယ့်အလားအလာလို့ လက်ခံကြည့်ဖို့ စွန့်စား ကြည့် ဖို့ ထိုက်တန်တဲ့ အကြောင်းရင်းပါပဲ” ပာု သူမကဆိုခဲ့သည်။

သို့သော်လည်း ဗုဒ္ဓပာူးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က “တပ်မတော် အားပြုအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ နောက်ပြန်ဆုတ်ခြင်း၊ ရပ်သွားခြင်း မရှိရအောင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆက်၍စောင့်ကြည့်ရမည်ဖြစ်ပြီး အကယ်၍ နိုင်ငံရေး လုပ်သူများကို ထပ်မံဖမ်းဆီးပါက ပြတ်ပြတ်သားသား ကျယ်ကျယ်လောင်လောင် ဝိုင်းဝန်းအော်ပာစ်ကြဖို့ လိုကြောင်း” ပြောကြားလိုက်သည်။

လက်ရှိကာလတွင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနိုင်ငံရေးစနစ်အား သပိတ်မှောက်ထားခြင်းကို အဆုံးသတ်ကာ လာမည့်ကြားဖြတ် ရွေးကောက်ပွဲဝင်တော့မည်ပာု အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာလအတွင်း သမ္မတအိုဘားမားက မြန်မာနိုင်ငံပြောင်းလဲမှု အရိပ်အယောင်မြင်ရပြီပာု ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကလင်တန်၏ ခရီးစဉ် ပေါ်ထွက် လာခဲ့ခြင်းဖြစ်သည်။ နောက်ထပ်ဘာဖြစ်မလဲဆိုသည်မှာ မြန်မာခေါင်းဆောင်များအပေါ်တွင် မူတည်သည်ပာု ကလင်တန်က ဆိုသည်။ “ဒီလို ပြုပြင် ပြောင်းလဲမှု မီးတောက်ပာာ ငြိမ်းသွားနိုင်တယ်လို့ သမိုင်းရာဇဝင်မှာ ကျွန်မတို့ လေ့လာသိရှိထားပါတယ်။ ငြိမ်းအောင် တမင်အဆုံးသတ်ခံရတာမျိုး ရှိလာနိုင် ပါ တယ်။” ပာု ပီာလာရီကလင်တန်က မှတ်ချက်ပေးပြောကြားသည်။

0 နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ၀န်ကြီးကလင်တန်သတင်းစာရှင်းလင်းပွဲမှ ပစ္စည်းပျောက်မှာကြောက်နေတဲ့ မြန်မာသတင်းထောက်များ


State Secretary ရဲ့ လုံခြုံရေးအတွက် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရှာနေတာပါ။ဒီပစ္စည်းတွေအားလုံး ထက် State Secretary ရဲ့ လုံခြုံရေးက ပိုတန်ဖိုးရှိပါတယ်... ခင်ဗျားတို့ ပစ္စည်းတွေ မပျောက်စေရဘူး၊ အာမခံတယ်။

American Special Agent က မြန်မာလူမျိုး ဂျာနယ်လစ်တစ်ယောက်ကို ပြောတဲ့စကားပါ.နေပြည်တော်မှ ဒေါ်ဟီလာရီ သတင်းစာရှင်းလင်းပွဲ လုပ်မယ့် အခန်းထဲမှာ သတင်းထောက်တွေရဲ့ ကင်မရာတွေ၊ အသံဖမ်းစက် တွေ တပ်ပီးသွားတဲ့အချိန်...၊ သတင်းထောက်တွေစုံတဲ့အချိန်မှာအကုန်လုံးကိုအခန်းထဲကနေ ထွက်ခိုင်းပီး မိုင်းရှာတဲ့ Expert နှစ်ယောက်နဲ့ ခွေးက ၀င်ပီး ရှာနေတဲ့အချိန်မှာပစ္စည်းပျောက်မှာကိုစိုးရိမ်တဲ့ သတင်းထောက်တစ်ယောက်ကို Special Agent ခေါင်းဆောင်က ပြောတဲ့စကားပါ။ နိုင်ငံတကာက သတင်းထောက်တွေမှန်သမျှ စည်းကမ်းရှိရှိနဲ့ ထွက်ပေးရချိန်မှာ ပစ္စည်းပျောက်မှာ စိုးလို့ အထွန့်တက်တဲ့ မြန်မာလူမျိုး သတင်းထောက်ကို ပြောတာပါ။ အဲ့ဒိထက် အထွန့်တက်လာချိန်မှာ Special Agent ကကုဒ်အင်္ကျံကိုလှန်ပြလိုက်တော့မှ ပါးစပ်ပိတ်ပီး နောက်ဆုပ်သွားတာ တွေ့လိုက်ပါသေးတယ်.....

အဲ့ဒိတော့ VOA ကပြောတဲ့ အမေရိကန်တွေ လုံခြုံရေး တင်းကျပ်တာ ပုံမှန်ပါပဲဆိုတာ ဒီလိုမျိုးလို့ ယူဆလိုက်ပါတယ်.... အဲ့ဒါနဲ့စာရင် မြန်မာတွေ လုံခြုံရေး တင်းကြပ်တယ်ဆိုတာ ဟိုမေးဒီမေး သာသာပဲ ရှိပါတယ်... အောက်ကလင့်က ဓါတ်ပုံကို သွားကြည့်ရင် သိနိုင်ပါတယ်။ အခန်းအပြင်ကို ထွက်လိုက်ရလို့ ပစ္စည်းပျောက်မှာ မကျေမလည် ဖြစ်နေတဲ့ မြန်မာသတင်းထောက်တွေ အထွန့်တက်နေကြတဲ့ပုံပါ။ ဆက်ပီး လိုက်ကြည့်ရင်တော့ သူ့နေရာမှာ သူ အေးအေးဆေးဆေးနဲ့ သတင်းပို့နေတဲ့နိုင်ငံခြားသတင်းထောက်တွေ ကို တွေ့မှာပါ။ တစ်ချို့ဆို သူတို့ သက်သာသလို၊ စားပွဲပေါ်ခြေတင်နေတဲ့သတင်းထောက်အမျိုးသမီးတောင် တွေ့မှာပါ.... ကျွန်တော်တို့ မြန်မာပြည် စတ္တုတ္ထမဏ္ဍိုင်က တစ်ချို့ တစ်ချို့သော (တစ်ချို့လို့ ပြောတယ်နော်... အထ အန ကောက်မှာစိုးလို့ တစ်ချို့ကို နှစ်ခါတောင် ထပ်ပြောတယ်....) သူများ ရင့်ကျက်မှုနဲ့ စာနယ်ဇင်း အတတ်ပညာ အများကြီးလိုသေးတယ် ဆိုတာကို ပြလိုက်တဲ့ပွဲတစ်ခု ဆိုလည်း မမှားပါဘူး....
သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့် အခန်းတွင်း ကင်မရာများ ထားရှိပြီး မိုင်းရှာနေသည့်အတွင်း မည်သူမျှ ၀င်ခွင့်မပေးပဲ ပိတ်ထားသည့် တံခါးတစ်ချပ်ရှိ စက်ရုပ်လူသား Agent.....
မိုင်းရှာတဲ့ ဆရာသမား..... ရာထူးတော်တော်ကြီးပုံရပါတယ်၊ သူ့အတွက် ခွေးထိန်း သီးသန့်ကို ထားရပါတယ်၊ ရှိသမျှ အားလုံး စစ်ဆေးပြီးမှ သူက Final စစ်ဆေးပါတယ်.... သူ စစ်ဆေးမပြီးသေးသရွေ့ ဘာမှ မလုပ်ကြပါဘူး....ရေသန့်ကိုမှ သောက်ပါတယ်၊ ခွေးထိန်းက ရေကို သူ့အရပ် ခြောက်ပေကျော်လောက်က ဗူးကိုဖွင့်ပီး မြှောက်ပီး လောင်းချလိုက်ရင် ဆရာသမားက ပတပ်ရပ်ပီး ကျလာတဲ့ ရေကို ဘေးကို ဖိတ်မကျအောင် သောက်ပြပါတယ်...
James Mmttအားကျေးဇူးတင်ရှိပါသည်..

0 Burma Aung San Suu Kyi Cover of Asian,South Pacific edition of TIME 2011 Dec 12


Burma Aung San Suu Kyi Cover of Asian,South Pacific edition of TIME 2011 Dec 12 Asian Vol. 178, No. 23 ,South Pacific No. 23 edition of TIME 2011 Dec 12 source-Time website

0 အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် လူမှုအဖွဲ့စည်းကဏ္ဍအစုံကပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးခဲ့



Photo..http://govne.ws/
ဒီကနေ့နေ့လည် ၁၂ နာရီခွဲအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် လူမှုအဖွဲ့စည်းကဏ္ဍအစုံကပုဂ္ဂိုလ်တွေ အမေရိကန်သံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ရွှေညဝါ ဆရာတော်၊ဆရာ မောင်ဝံသ ၊ ဒေါက်တာ နေဝင်းမောင် ၊ ကိုဇာဂနာ ၊ ကိုဇေယျာသော် ၊ ကိုမျိုးရန်နောင်သိန်း ၊ မရွှေဇီးကွက် ၊ မဖြူဖြူသင်း ၊ မဇင်မာအောင် ၊ မလှလှမိုး တို့ ပါဝင် ဆွေးနွေးခဲ့ကြတာပါ။ဆွေးနွေးပွဲကို နေ့လည် ၂ နာရီမှာ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ မဖြူဖြုသင်း ( HIV/ ADIS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံ)ကို ဘားမားဗီဂျေမှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး - အမတို့ ဒီကနေ့နေ့လည် ၁၂ နာရီခွဲအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ကဏ္ဍအစုံက လူတွေ ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဘယ်သူတွေ ပါဝင်လဲဆိုတာ ပြောပြပေးပါ။

ဖြေ - အားလုံး ၁၀ ဦးပေါ့။ကိုဇာဂနာ၊ကရင်အမျိုးသမီးအဖွဲ့က မလှလှမိုး၊ နေဝင်းမောင်၊ ကိုမျိုးရန်နောင်သိန်း၊ မရွှေဇီးကွက်၊ ဆရာ မောင်ဝံသ၊ မဇင်မာအောင်၊ ကိုဇေယျာသော် ၊ ရွှေညဝါ ဆရာတော် ၊ ကျမရယ် ၁၀ယောက်ပေါ့ အားလုံး။

မေး - ဘာတွေဆွေးနွေးဖြစ်တယ်ဆိုတာ ပြောပြပေးပါ။

ဖြေ - အားလုံးကတော့ ကဏ္ဍအလိုက်ပေါ့။ ဒေါက်တာ နေဝင်းမောင် ဆို ပညာရေး၊ ကိုဇာဂနာ ဆို political အကျဉ်းသားကိစ္စတွေ အဲလိုသူ့ကဏ္ဍအလိုက် ဆွေးနွေးဖြစ်ကြတယ်။ သူမသိတာတွေ၊ သူ မရှင်းတာတွေ ပြန်မေးတယ်။ အဲလိုပုံစံမျိုးပါပဲ ။

မေး - အမ အနေနဲ့ကော ဘယ်လိုမျိုး ဝင်ဆွေးနွေးလဲ ။
ဖြေ - ကျမကတော့ အခုလုပ်ကိုင်နေတဲ့ HIV ကိစ္စတွေကို ပြောဖြစ်တယ်။

မေး - အဲ့အပေါ်ကော ဟီလာရီ ကလင်တန်က ဘယ်လိုမျိုး ပြန်လည်ပြောကြားပေးလဲခင်ဗျ။
ဖြေ - အဓိကတော့ သူပြောကြားတာတွေကို မှတ်သားထားတယ်။ နောက်ပြီး သူ မရှင်းတာတွေကို ပြန်မေးတယ်။ အဓိကကတော့ ဒီအဖမ်းဆီးခံနေရတဲ့လူတွေထဲမှာElectronicအက်ဥပဒေနဲ့ နှစ်(၆၀)လောက်ကျထားတဲ့ကိစ္စမျိုးတွေ။နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဆရာ မောင်ဝံသ က ပြောတယ်။မီဒီယာသမားတွေ အဖမ်းဆီးခံထားတာတွေကို လွှတ်ပေးဖို့ ကိစ္စတွေကို ပြောတော့ အကျဉ်းသားတွေ အားလုံး လွတ်မြောက်လာဖို့ သူတို့ မျှော်လင့်တယ်။ သူတို့ကြိုးစားတယ်။ နောက်ပြီးတော့ အားလုံးကတော့ သူတို့ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြတာပါ။ တချို့ထောင်တွေထဲမှာ ဘယ်လိုမျိုး အရေးယူသလဲ။ ဘယ်လိုနေရသလဲ အဲလိုမျိုးတွေကို သူသိချင်တာလေးတွေ မေးပါတယ်။

မေး - အခုဆွေးနွေးတဲ့အထဲမှာကော ထူးခြားတာမျိုးရှိလား။

ဖြေ - ထူးခြားတာတော့ အဓိကကတော့ ကဏ္ဍပေါင်းစုံ အမြင်ပေါင်းစုံ ဆွေးနွေးခဲ့ကြတဲ့အတွက် တော်တော်လေးကို ကောင်းပါတယ်။

မေး - အခုလိုတွေ့ဆုံဖြစ်တဲ့အပေါ် အမရဲ့  သဘောထားအမြင်လေးပြောပေးပါ။

ဖြေ - အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးလာတယ် ။ လာတယ်ဆိုတော့ ဘာပဲပြောပြော ကျမတို့နိုင်ငံက ဒီမိုကရေစီစနစ်ကို ဦးတည်နေတယ်ဆိုပေမယ့် ဒီမိုကရေစီအစစ်ကို မရသေးဘူး။ ဒီအမေရိကန်နိုင်ငံကနေပြီးတော့ ဒီမိုကရေစီ အင်အားကြီးနိုင်ငံတစ်နိုင်ငံက လာတယ်။ ပြီးတော့ ကျမတို့ မြန်မာပြည်ရေးအတွက် ရှေ့ဆက်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးလိမ့်မယ်လို့လဲ မျှော်လင့်တယ်။ နောက်ရှေ့ဆက်အလားအလာတွေလဲ ပိုပြီးကောင်းမွန်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

By ဇာဏီ (Burma VJ Media Network)

0 ဒီမိုကရေစီလမ်းပေါ်မရောက်သေးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


“ကျွန်မတို့ အတူတကွ ရှေ့ဆက်တိုးတက်နိုင်မယ်ဆိုရင် ဒီမိုကရေစီစနစ်ဆီ သွားမယ့်လမ်းကနေ နောက်ပြန်ဆုတ်စရာအကြောင်းမရှိတော့ဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ခုထက်ထိ အဲဒီလမ်းပေါ် ကျွန်မတို့ မရောက်သေးပါဘူး”(ဒေါ်အောင်ဆန်းစုကြည်)

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို “ ခိုင်မာပြီး အလွန်ရှင်းလင်းပြတ်သားသော ခေါင်းဆောင်မှုအတွက် ကျေးဇူးတင်ကြောင်း” ပြောကြားပြီး အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်း အခြေအနေများ တိုးတက်ကောင်းမွန်ရေးနှင့် အစိုးရနှင့်ရော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဒီမိုကရေစီရေး လှုပ်ရှားသူနှင့်ပါ ပူးတွဲအလုပ်လုပ်လိုကြောင်း ပြောကြားလိုက်သည်။

ယနေ့နံနက်ပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် နှစ်နာရီနီးပါးတွေ့ဆုံမှုအပြီး နှစ်ဦးစလုံးကခရီးစဉ်နှင့်ပတ်သက်ပြီး မီဒီယာသို့၇ မိနစ်ကြာ ထုတ်ပြန်ပြောဆိုမှုတစ်ရပ်ပြုလုပ်ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ အတူတကွ ရှေ့ဆက်တိုးတက်နိုင်မယ်ဆိုရင် ဒီမိုကရေစီစနစ်ဆီ သွားမယ့်လမ်းကနေ နောက်ပြန်ဆုတ်စရာအကြောင်းမရှိတော့ဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ခုထက်ထိ အဲဒီလမ်းပေါ် ကျွန်မတို့ မရောက်သေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး မြန်မာအစိုးရနှင့် အမေရိကန် ထိတွေ့ဆက်ဆံမှုကို အလွန်တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးနှင့် တိုင်းရင်းသားလူမျိုးစုပြဿနာများရပ်တန့်ရေးကိုလည်း တောင်းဆိုခဲ့သည်။

ဟီလာရီခရီးစဉ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကပြောကြားရာတွင် ဟီလာရီးခရီစဉ်သည်သမိုင်းဝင် ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ အမေရိကန်အစိုးရကိုကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိကန်အစိုးရ၏စေ့စပ်မှုသည် စစ်မှန်သောစေ့စပ်ဆွေးနွေးမှုတစ်ရပ်ဖြစ်ကြောင်း၊ ပြည်တွင်းတွင် တရားဥပဒေစိုးမိုးရေးသည်အရေးကြီးကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သော ဦးဝင်းတင်က ဟီလာရီနှင့်တွေ့ဆုံဆွေး နွေးမှုနှင့်ပတ်သက်ပြီး “ဟီလာရီရဲ့တုံ့ပြန်မှုတွေကိုအားရကျေနပ်ပါတယ်။ သူပြောတဲ့စကားတွေက ကတိက၀တ် သဘောဆောင်တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးတို့၊ တိုင်းရင်းသားကိစ္စဖြေရှင်းရေးတို့မှာ ကတိက၀တ်ပြုပြောဆိုသွားတာတွေကို အားရကျေနပ်ပါတယ်” ဟု တွေ့ဆုံမှုအပြီးသတင်းထောက်များ၏ မေးမြန်းမှုကိုဖြေကြားသည်။

7Day News Journal

0 အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့လူမှုအဖွဲ့အစည်းများအတွက် အမေရိကန်ဒေါ်လာ ၁.၂ သန်း ထောက်ပံ့မည်



source: channelnewsasia.com
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မြန်မာပြည်အတွက် အသေးစားချေးငွေလုပ်ငန်းများ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် မြေမြုပ်မိုင်းဒဏ်ခံရသူများကို ကူညီရန်အတွက် အမေရိကန်ဒေါ်လာ ၁.၂ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု သိရသည်။ "ပြုပြင်ပြောင်းလဲမှုတွေ အားကောင်းလာတာနဲ့အမျှ ကျွန်မတို့ရှေ့ဆက် လက်တွဲသွားကြမှာပါ"ဟု ကလင်တန်ကဆိုသည်။

အမေရိကန်အစိုးရက တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကူညီသွားမှာဖြစ်ကြောင်း သိရသည်။ အမေရိကန်အရာရှိတစ်ဦးအဆိုအရ စဦးဆုံးထောက်ပံ့ကြေးမှာ အမေရိကန်ဒေါ်လာ တစ်သန်းဖြစ်ကြောင်းနှင့် နောက်ထပ် အမေရိကန် ဒေါ်လာ နှစ်သိန်းမှာ မြေမြုပ်မိုင်းဒဏ်ခံခဲ့ရသူများကို ကူညီရန်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည်အတွက် ဟာဝိုင်အီအခြေစိုက် East-West Center မှ အင်္ဂလိပ်စာသင်တန်းများလည်း သင်ကြားပို့ချသွားရန် စီစဉ်ထားကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ အမည်မဖေါ်လိုသူ အမေရိကန်အရာရှိတစ်ဦး၏အဆိုအရ အဆိုပါ အင်္ဂလိပ်စာသင်တန်းများအတွက် ငွေကြေးဆိုင်ရာအကူအညီကို ဘရူနိုင်းနိုင်ငံက ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံက မြန်မာပြည် အကူညီပေးရေးအစီအစဉ်များအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၈ သန်းထောက်ပံ့နေကြောင်း သိရသည်။

ခင်မင်စွာဖြင့်

မောင်သစ်စိမ်း(MMCP)

0 ရွှေည၀ါဆရာတော် ဟီလာရီ ကလင်တန်နှင့်တွေ့စဉ် ပြည်တွင်းစစ်ကြောင့် လူမှုဒုက္ခများကို အသိပေး


Prominent monk focused on ethnic civil war
ဒီဇင်ဘာ ၂၊ ၂၀၁၁ (YPI)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နှင့် ပြည်တွင်းမှ လူမှုအဖွဲ့အစည်းမှပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ် ရွှေည၀ါဆရာတော်က ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသည့် အဖြစ်အပျက်များကို အဓိကထား အသိပေးပြောဆိုလိုက်သည်။

ဆရာတော်သည် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နှင့် တွေ့ဆုံသည့် သတင်းစာဆရာ လူမှုရေး ကူညီသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားဟောင်း ၁၀ ဦးအနက်တဦး အပါအ၀င်ဖြစ်သည်။

ဆရာတော်က “ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတကြီး ဦးသိန်းစိန်တို့ မသိသေးတဲ့ တကယ့်အဖြစ်မှန်ကို ဘုန်းကြီးသိထားပါတယ်လို့” နိုင်ငံခြားရေး ၀န်ကြီးအား အသိပေးပြောဆိုခဲ့သည်။

၎င်းက ဗန်းမော်တွင် မိတကွဲ ဖတကွဲ ကမ့်ထဲ ရောက်ရသည့် သက်ကြီးရွယ်အိုများ၊ တောထဲတောင်ထဲ ပြေးလွှားစားသောက်နေရသည့် အခြေအနေအားလုံးကိုပြောပြခဲ့သည်ဟု ဆိုသည်။ ဆရာတော်ကပင် “အဓိကက ပြည်တွင်းငြိမ်းချမ်းရေး အများကြီးလိုတယ်၊ ဗြဟ္မစိုရ် တရားထွန်းကားတယ်ဆိုတဲ့ ဘုန်းကြီးတို့နိုင်ငံမှာ ဇီဝိတ ကရုဏာဆိုတဲ့ တရားချိုးဖောက်ခံရဆုံးကလည်း ဘုန်းကြီးတို့ နိုင်ငံပဲ” ဟု ပြောပြခဲ့သည်လည်း ပြောသည်။

ဆရာတော် ပြောဆိုသည်များကို ဟီလာရီ ကလင်တန်က စကားပြန်မှ တဆင့် အာရုံစိုက်နားထောင်ပြီး ခေါင်းညိတ်သည်ဟု လည်းဆရာတော်က ပြောသည်။

ဟီလာရီ ကလင်တန်နှင့် ယနေ့တွေ့ဆုံသူ ၁၀ ဦးတွင် အန်အယ်ဒီ အိတ်ခ်ျအိုင်ဗီဝေဒနာသည် ကူညီသူ မဖြူဖြူသင်း၊ သတင်းစာဆရာ မောင်ဝံသ၊ နာရေး ကူညီမှု အသင်းမှ ဒေါ်ရွှေဇီးကွက်၊ မြန်မာအီးဂရက်စ်မှ ဒေါက်တာနေ၀င်းမောင်၊ ဗေဒါအခမဲ့စာသင်ကျောင်း တာဝန်ခံ ကိုမျိုးရန်နောင်သိန်း၊ မလှလှစိုး၊ ၈၈ မျိုးဆက်ကျောင်းသား မဇင်မာအောင်၊ Generation Wave မှ ကိုဇေယျာသော်၊ လူရွှင်တော် ဇာဂနာတို့ ဖြစ်သည်။

မဖြူဖြူသင်းက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံမှုအပေါ် မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ သွားနေသည့်အချိန်တွင် ဒီမိုကရေစီ တိုင်းပြည် နိုင်ငံကြီးမှ လာရောက်သည့်အတွက် အကောင်းမြင်ကြောင်းနှင့်ု့ “မြန်မာပြည် အပြောင်းအလဲဖြစ်နေတဲ့ အချိန်မှာရောက်လာတဲ့ အတွက် ကျွန်မတို့အတွက် အများကြီး အကျိုးရှိမယ်လို့ မျှော်လင့်တယ် ”ဟုပြောသည်။

သတင်းစာဆရာ မောင်ဝံသက “မြန်မာပြည်မီဒီယာ နှင့်ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့အကြောင်းနဲ့ လေ့ကျင့်သင်ကြားဖို့လိုအပ်တဲ့အကြောင်း၊ အကျဉ်းကျ မီဒီယာသမားတွေ အမြန်ဆုံးလွတ်မြောက်ဖို့ ၀ိုင်း ၀န်းဆောင်ရွက်ဖို့ အကြောင်းပြောခဲ့တယ်” ဟု YPI သို့ပြောသည်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်သည် နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက်သည့် အမေရိကန် အစိုးရခေါင်းဆောင် တဦးဖြစ်သည်။ မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဟီလာရီသည် ယနေ့နံနက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ နေ့ခင်းပိုင်းတွင် ယခုလို လူမှုရေး နယ်ပယ်မှ ပုဂ္ဂိုလ် များနှင့် တွေ့ဆုံခြင်းဖြစ်သည်။ ။

0 အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေးသောဓာတ်ပုံမှတ်တမ်း-ရုပ်/သံ




ဒီဇင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်သော တွေ့ ဆုံဆွေးနွေးမှု အပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မှ နှစ်ဦးနှစ်ဖက် သဘောထား အမြင်များကို တက်ရောက်လာသော မီဒီယာများသို့ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။
video-Burma vj media network
Photo..AP .Gettyimages

Friday, December 2, 2011

0 Council of Foreign Relations နိုင်ငံခြားရေး မူဝါဒအဖွဲ့ ပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမေးမြန်းချက်များ(ရုပ်/သံ)


Speaker: Aung San Suu Kyi, General Secretary, National League for Democracy
Presider: Paula J. Dobriansky, Senior Vice President and Global Head of Government and Regulatory Affairs, Thomson Reuters; Former Undersecretary, Democracy and Global Affairs, U.S. Department of State

November 30, 2011
General Meeting: Videoconference: A Conversation with Aung San Suu Kyi
Corporate Meeting: Videoconference with Aung San Suu Kyi

In a meeting conducted via videoconference, Aung San Suu Kyi discusses recent changes in Myanmar, her decision to rejoin the political system, and Myanmar-U.S. relations.
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် ဒီစီမှာ ပြုလုပ်တဲ့ Council of Foreign Relations နိုင်ငံခြားရေး မူဝါဒ ပညာရှင်များ စည်းဝေးပွဲ အတွင်း ဗီဒီယိုက တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်က မိမိအနေနဲ့ တွေ့ဆုံ ဆွေးနွေးမှုကို ယုံကြည် လက်ခံသူ ဖြစ်တဲ့ အတွက် အမေရိကန် အစိုးရနဲ့ မြန်မာ အစိုးရတို့ အခုလို ဆွေးနွေးကြတာကို ၀မ်းမြောက် ၀မ်းသာ လက်ခံကြောင်း မနေ့က ပြောသွားပါတယ်။

0 ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးနေ့အမျိုးသားဒီမိုကရေစီ ရုံးချုပ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပ(ရုပ်/သံ)




ကျော်ဇင်မန်း(မြစ်မခ)
ဒီဇင်ဘာ ၁၊ ရန်ကုန်မြို့။

PLHIV ( HIV နှင့်အတူနေထိုင်သူများ)ကို နားလည်မှုစွမ်းအားတွေကိုဖြည့်၍ သီးခြားမမြင်ပဲ အားလုံးနှင့်အတူတူပဲဟု၍သာ မြင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်သော World AIDS Day အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဓိကကတော့ ကိုယ်ခံစွမ်းအားကျခြင်းလို့ ဆိုတယ်။ ငါ့မှာဒီရောဂါရှိလို့ဆိုပြီးတော့ အားနည်းတဲ့စိတ်တွေမရှိပါနဲ့။ ဒါဟာ အပြစ်ကြီးလဲမဟုတ်ဘူး။ ကိုယ့်မှာဒီရောဂါရှိပါတယ်ဆိုပြီးတော့ သူများတွေကို အားငယ်နေစရာလဲ မလိုဘူး။ နားလည်တဲ့ လူတွေအားလုံးဟာ ဒီရောဂါရဲ့အခြေအနေကို သဘောပေါက်တယ်။ ဘယ်လိုမြင်ရမလဲဆိုတာကို သိတယ်။ နားမလည်တဲ့ သူတွေက သူတို့ကိုယ်တိုင် စွမ်းအားနည်းနေတဲ့သူတွေပဲ။ အဲတော့ ကျမတို့အားလုံးဟာ နားလည်မှုစွမ်းအားတွေကိုဖြည့်ပြီး အားလုံးဟာအတူတူပဲဆိုပြီးတော့ လက်တွဲပြီးဆောင်ရွက်သွားရမယ်။ အမှန်ပြောရရင် အမေ့အနေနဲ့ ဘာမှထူးထူးခြားခြား မမြင်ပါဘူး။ အားလုံးဟာ အတူတူပဲလို့ပဲမြင်တယ် ̋ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

လူတိုင်းသည် အသက်အရွယ်တစ်ခုသို့ရောက်လာပါက ရောဂါတစ်ခုမဟုတ်တစ်ခုရှိတတ်ကြောင်း လူသားဆိုသည်မှာ ပြီးပြည့်စုံခြင်း မရှိကြောင်း အဓိကအရေးကြီးသည်မှာ စိတ်ဓာတ်ပင်ဖြစ်ကြောင်း စိတ်ဓာတ်မှန်ကန်ပါက အရာအားလုံးကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် အားပေးစကားပြောကြားခဲ့သည်။
̏
လူတိုင်းလူတိုင်းဟာ အသက်အရွယ်ရောက်လာလို့ရှိရင်ရောဂါလေးတွေဟာ ရှိတတ်တာပဲ။ အမေတို့လဲရှိတာပဲ လူတိုင်း လူတိုင်းမှာ ဟိုဟာလေးချို့ယွင်းတာ ဒီဟာလေးချို့ယွင်းတာ ပေါ့နော်။ အဲတော့ ရောဂါဝေဒနာဆိုတာ ချို့ယွင်းချက် တစ်ခုပဲ။ လူသားများဆိုတာ ပြီးပြည့်စုံတယ်လို့မရှိပါဘူး။ အပြစ်အနာကင်းရှင်းတယ်လို့မရှိပါဘူး။ အရေးကြီးတာက စိတ်ဓာတ်ပဲ စိတ်ဓာတ်ကမှန်ကန်လို့ရှိရင် တခြားဟာတွေအားလုံးကို ကျော်ဖြတ်နိုင်တယ်။ အဲတော့ စိတ်ဓာတ်မှာ ဝေဒနာရှင်တွေရဲ့စိတ်ဓာတ်နဲ့ ဝေဒနာရှင်တွေအပေါ်မှာ ဂရုဏာသက်တဲ့သူတွေ နားလည်မှုရှိတဲ့သူတွေရဲ့ စိတ်ဓာတ် ဒီနှစ်ခုနဲ့ ပေါင်းပြီးတော့ ဆက်သွားမယ်ဆိုလို့ရှိရင် ဘာမှအားငယ်စရာမရှိဘူး ̋ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဓိကအားဖြင့် PLHIV ကလေးငယ်များကို ဝိုင်းဝန်း၍ ပံ့ပိုးစေချင်ကြောင်း ထိုကလေးငယ်များတွင် မျှော်လင့်ချက်များ ရှိကြောင်း ထိုမျှော်လင့်ချက်များအားလုံးကို ဖြည့်စည်းနိုင်ရန် ၎င်းနှင့်အတူ ဝိုင်းဝန်းရုန်းကန်ရမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

̏ အရင်နှစ်တွေကဆိုရင် ကျမတို့တွေဟာ အနှေက်အယှက်တွေ အမျိုးမျိုးကိုခံခဲ့ရတယ်။ လူနာတွေကို နှင်ထုတ်တာတွေ ဘာတွေပေါ့။ အဲဒီ့မှာဘာတွေ့ရလဲဆိုရင် ကျမတို့အခက်အခဲတွေ့လာတိုင်း အမြဲတမ်းဝိုင်းဝန်းဖြေရှင်းပေးနေတဲ့ ကျမတို့ မြန်မာနိုင်ငံတွေထဲမှာ ရှိနေတဲ့ ပြည်သူပြည်သားတွေက အမြဲတမ်းဝိုင်းဝန်းဖြေရှင်းပေးနေတာကို တွေ့ရတယ် ̋ ဟု PLHIV (HIV နှင့် အတူနေထိုင်သူများ) ဂေဟာကို ဦးဆောင်ဖွင့်လှစ်ခဲ့သူ မဖြူဖြူသင်းကပြောသည်။

၂၀၁၁ ခုနှစ်တွင် လူငယ်များအနေနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ပတ်သတ်မှုအခြေအနေသည် ၂၀၁၀ အရှေ့ပိုင်းနှစ် များထက်စာလျှင် ထူးထူးခြားခြား တိုးတက်လာသည်ဟု မြင်ကြောင်း မဖြူဖြူသင်းကပြောသည်။

̏ ဒီနေ့ World AIDS Day အခမ်းးအနားကို လာရောက်ရတဲ့အတွက် ဝမ်းသာပါတယ်။ အခုလိုမျိုးပွဲလေးတွေလုပ်ပေးတော့ တစ်ခြားဝေဒနာရှင်တွေနဲ့ တွေ့ရတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် မိသားစုဝင်တွေလိုဖြစ်ရတယ်လေ။ အဲဒါကြောင့် ဒီလိုပွဲမျိုးလေးတွေ များများ လုပ်ပေးပါလို့ ပြောချင်ပါတယ် ̋ ဟု World AIDS Day အခမ်းအနားသို့ တက်ရောက် လာ သောPLHIV (HIV နှင့် အတူနေထိုင်သူ) တစ်ဦးကပြောသည်။

ယနေ့အခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင်နှင့်အဆိုတော်ချစ်သုဝေ၊ အဆိုတော် စံလင်း၊ လင်းလင်း၊ ကိုရဲလွင်၊ ထက်ထက် စတဲ့အနုပညာရှင်များအပါအ၀င် အနုပညာရှင် ရဦးခန့်တက်ရောက်လာခဲ့ပြီး အခမ်းအနားတွင် သီဆိုဖျော်ဖြေသွားကြောင်း သိရှိရသည်။
Video..Burma VJ Media Network

0 အမေရိကန်သမ္မတအိုဘားမား(Barack Obama) မှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သောစာ

ရန်ကုန်မြို့တော်ရောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က သမ္မတ အိုဘားမား၏ စာတစောင်ကို ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်သို့ ပေးအပ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက အိုဘားမား အာရှဒေသသို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်း ဆက်သွယ်မှုအကြောင်းဖြင့် ပေးစာကို အစချီ ရေးထားသည်။

"ဒေါ်အောင်ဆန်းစုကြည်
... မကြာသေးမီက စကားပြောဆိုခွင့်ရသည့်အတွက် အလွန် ဂုဏ်ယူ ၀မ်းမြောက်မိပါသည်။ ထိုစဉ်က ပြောဆိုခဲ့သည့်အတိုင်း ဒီမိုကရေစီအရေးအတွက် သင်၏ သတ္တိရှိရှိ အလျှော့မပေးသော လှုပ်ရှားဆောင်ရွက်မှုကို ကာလအတန်ကြာကပင် ကျွန်ုပ် လေးစားခဲ့ပါသည်။ ထိုစဉ်က စကား ပြောဆိုရခြင်းကို ပြီးခဲ့သည့် အာရှခရီးစဉ်အတွင်း အရေးကြီးထူးခြားသည့် ဖြစ်ရပ်ဟု သတ်မှတ်ထားပါသည်။

မြန်မာအစိုးရ၏ ဒီမိုကရေစီနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အထောက်အကူပြု ခြေလှမ်း အများအပြားအတွက် ၀မ်းမြောက်မိပါသည်။

နိုင်ငံရေး ပွင့်လင်းမှု၊ လူ့အခွင့်အရေး လေးစားမှုများ ဖြစ်ပေါ်လာရေး ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံက မည်သို့ ကူညီနိုင်မည် ဆိုသည်ကို နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်၏ ခရီးစဉ်အတွင်း ရှာဖွေ တွေ့ရှိနိုင်မည် ဖြစ်သည်။ ဒီမိုကရေစီအရေး ကြိုးပမ်းနေသော မြန်မာပြည်သားများအား ကျွန်ုပ်တို့က အလေးအနက်ကူညီနေသည်ကိုလည်း ခရီးစဉ်က ပြသနေပါသည်။

ဝန်ကြီး၏ခရီးစဉ်အား ကြိုဆိုသည့်အတွက် ကျေးဇူးတင်ပါသည်။ ထပ်မံ စကားပြောဆိုခွင့် ရရေးကို မျှော်လင့်နေပါသည်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု တန်ဘိုးများကို မျှဝေခံစားနေသည့် ကမ္ဘာတ၀န်းမှ ကျွန်ုပ်တို့အားလုံး ရရှိနေသည့် သင်၏ လှုံ့ဆော်အားပေးမှုအတွက် ကျေးဇူးတင်ပါသည်။
ကျွန်ုပ်တို့က သင်နှင့်အတူ ယခုရော နောင်ရော ရပ်တည်သွားပါမည်။
လေးစားစွာဖြင့်
ဘားရက်အိုဘားမား"
Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Myanmar's leading democracy campaigner Aung San Suu Kyi Thursday. Here is the letter in full as released by the State Department:

Aung San Suu Kyi

Rangoon, Burma

Daw Aung San Suu Kyi:

It was a pleasure and an honor to speak with you recently. As I said during our conversation, I have long admired your brave and unwavering struggle for democracy, and I consider our conversation a highlight of my recent visit to Asia.
I am pleased that the Burmese government has taken several encouraging steps in the direction of democracy and reform. Secretary of State Clinton's visit will explore how the United States can support efforts to foster political opening and respect for universal human rights, as well as demonstrate the seriousness of our commitment to helping the people of Burma achieve their democratic aspirations.

I thank you for your welcome of the Secretary's visit, and look forward to speaking to you again. Thank you for the inspiration you provide all of us around the world who share the values of democracy, human rights, and justice. We stand by you now and always.

Sincerely,

Barack Obama

2 အမေရိကန်သံအမတ်ရုံးတွင်ဧည့်ခံကျင်းပပြုလုပ်သော ညစာစားပွဲတွင် Hillary Clintonနှင့်တွေ့ဆုံသောဒေါ်အောင်ဆန်းစုကြည်





Photo..Getty images.AFP

0 ဦးသိန်းစိန်အဖွဲ့နှင့်နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Cliton



(Ah Bayah)

Photo..Reuters.AP

Thursday, December 1, 2011

0 နေပြည်တော်သို့ရောက်ရှိလာသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဓာတ်ပုံ-ရုပ်/သံ


နေပြည်တော်လေဆိပ်တွင်ဟီလာရီကိုခရီးဦးကြိုဆိုသည့်မြန်မာအစိုးရအဖွဲ့ဝင်များ
ဖေါက်ခွဲရေးပစ္စည်းများရှာဖွေရာတွင်အနံ့ခံရှာဖွေပေးသည်ခွေးနှင့်ဟီလာရီခရီးစဉ်အတွက်လုံခြုံရေးတာဝန်ယူထားသူများ
မြန်မာလုံခြုံရေးအရာရှိများနှင့်အမေရိကန်လုံခြုံရေးအရာရှိ(မ)တို့လုံခြုံရေးကိစ္စဆွေးနွေးနေစဉ်
ဟီလာရီခရီးစဉ်အတွက်လုံခြုံရေးတာဝန်ယူထာသည့်မြန်မာအဖွဲ့ဝင်များ။




Photo..AP.Reuters.Messenger Journal

0 ငြိမ်းချမ်းသောအရပ်ဆီသို့


ငြိမ်းချမ်းသောအရပ်ဆီသို့

ရန်ကုန်တိုင်းမ်ဂျာနယ်၏ အကြီးတန်းအယ်ဒီတာတစ်ဦးဖြစ်သူ ကိုဇော်ကိုသက် အသက် (၃၂) နှစ် သည် ၂၈.၁၁.၂၀၁၁ ရက်နေ့တွင် အမှတ်(၂) စက်မှုဝန်ကြီးဋ္ဌာနမှ ကျင်းပပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနာ၌ သတင်းယူနေစဉ် ရုတ်တရက် မူးလဲသွားကာ နေပြည်တော် ခုတင် (၁၀၀) ဆေးရုံ သို့ တင်ဆောင်ကြပြီးနောက် ဆရာဝန်၏ ဆေးစစ်ချက်အရ ဦးနှောက်သွေးကြောပေါက်၍ ကွယ်လွန်သွားခဲ့ ပါသည်။

ကိုဇော်ကိုသက်၏ ရုပ်အလောင်းအား နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည်သယ်ဆောင်ကာ ရေဝေးသုဿန် အအေးခန်းသို့ ထားရှိပြီးနောက် ၃၀.၁၁.၂၀၁၁ ရက်နေ့ နေ့လည် (၂း၀၀) နာရီအချိန်တွင် မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ရေဝေးသုဿန်တွင် ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ မှန်ခေါင်းဖြင့် ကွယ်လွန်သူ ကိုဇော်ကိုသက်၏ ရုပ်အလောင်းအား ပြင်ဆင်ထားရှိကာ လုပ်ဖော်ကိုင်ဖက် သတင်းထောက်များ၊ လက်တွဲဖော်များ၊ ဧည့်ပရိသတ်များနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသူ/သားများတို့အပြင် မကြာသေးမီက နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ရာသက်ပန် အသင်းဝင်အဖြစ် ခန့်အပ်ဂုဏ်ပြုလိုက်သည့် ဦးရဲလွင် (မဇ္ဈိမလှိုင်း) နှင့် ဆောင်းဦး လှိုင်တို့မှလည်း လိုက်ပါကူညီဖေးမ၍ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပေးခဲ့သည်။

ကိုဇော်ကိုသက်ဆိုသည်မှာ ကလောင်အမည်ဖြစ်ပြီး အမည်ရင်းမှာ ကိုအောင်ဖြိုးဝေ (ခ) ကိုဇော် သက်ကိုဖြစ်သည်။ ကိုဇော်ကိုသက်သည် အလုပ်လုပ်ကိုင်ရာတွင် ကြိုးစားသူတစ်ဦးဖြစ်ပြီး အရည်အချင်း ရှိသူဖြစ်ကာ အများ၏ ခင်မင်မှု၊ ချစ်ခင်မှုကို ခံရသူလည်းဖြစ်သည်နှင့်အညီ အလုပ်တာဝန် ကိုဇော်ကို သက်၏ နောက်ဆုံးခရီး ပို့ဆောင်မှုတွင် ကြေကွဲဝမ်းနည်း လွမ်းဆွပ်သူများ များပြားလာသည်။ မည်သို့ပင် ဖြစ်စေကာမူ ဇာတ်ခုံပေါ်တွင် အများပြည်သူ ပရိသတ်တို့အား ကပြဖျော်ဖြေရင်း အသက်ပေးသွားသော ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင်ကဲ့သို့ ကိုဇော်ကိုသက်သည်လည်း မိမိ၏ လုပ်ငန်းတာဝန်ကို ကြေပွန်စွာထမ်းရွက်ရင်း ငြိမ်းချမ်းစွာ ဘ၀ကူးပြောင်းခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း အများ ပြည်သူတို့အတွက် ပေးဆပ်ရင်း ငြိမ်းချမ်းသောနေရာသို့ ရောက်ရှိရန် အရေးကြီးလှပါပေသည်။

ကိုကျော်သူ

Wednesday, November 30, 2011

1 ကျားကွဲရင် ခွေးအ ဆွဲမယ်

ဒေါ်အောင်ဆန်းစုကြည်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှတ်ပုံတင်ခြင်းနှင့်ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်ခြင်းအပေါ်ဒီမိုကရေစီအင်အားစုများအတွင်းသဘောတူထောက်ခံသူများနှင့်သဘောမတူသူများအကြားအငြင်းပွါးလာခဲ့ပြီးစစ်အာဏာရှင်ကိုမတိုက်နိုင်တော့ဘဲအချင်းချင်း ငြင်းခုံကြရင်းဘုံရန်သူ ပျောက်၍ စစ်အာဏာရှင် အကြိုက်တဦးနှင့်တဦးလက်ညှိုးထိုး၊ ရန်တွေ့ ရင်းတဝဲလည်လည်သွေး ကွဲကြ ပြန်သည်။ ကျားကွဲတော့ ခွေးအ များကဝိုင်းဆွဲခြင်းကိုခံရ တော့ မည့်ကိန်း ယနေ့ဒီမိုကရေစီအင်အား စုများအတွင်း ဆိုက် ရောက်နေသဖြင့်သတိပေးနှိုး ဆော် လိုက်ရပေတော့သည်။

ဒေါ်အောင်ဆန်းစုကြည်နေရာမှစဉ်းစားကြည့်ခြင်း။

၁။ ဒေါ်စုနေအိမ်အကျယ်ချုပ်ဖြင့်စုစုပေါင်း၁၃နှစ်နေခဲ့စဉ်NLDပါတီသည်ပါတီဝင်သန်းကျော်မှ သောင်းဂဏန်းပင်မရှိသလောက်အဖွဲ့ဝင်ဦးရေကျဆင်းခဲ့ရသလိုနယ်ပါတီရုံးများသည်လည်း ဆိုင်းဘုတ်ပါမကျန် ဖြုတ်သိမ်းပိတ်ပင်ခြင်းခံခဲ့ရသည်မှာအများအသိပင်ဖြစ်သည်။

၂။ ပါတီခေါင်းဆောင်ပိုင်းတွင်လည်းသက်ကြီးရွယ်အိုများကအများစုဖြစ်နေပြီးပါတီကိုဦးမ ဆောင်နိုင် ဘဲရွှေဝါရောင်သံဃာ့အရေးအခင်းတွင် လူထုနှင့်မပေါင်းစပ်နိုင်ဘဲဘေးရှောင် နေခဲ့သည့်အထိအရုပ် ဆိုးအကျဉ်းတန်ခဲ့သည်။
ထိုအခြေအနေတွင်နေအိမ်အကျယ်ချုပ်မှလွတ်လာသောဒေါ်စုအနေနှင့်ဘယ်လိုရပ်တည်ရမလဲ? အင်အားချိနဲ့နေသောသူမပါတီကိုဘယ်လို ပြန်လည်တည်ဆောက်ယူမလဲ?

နအဖနဲ့ဆက်လက်၍်ထိပ်တိုက်တွေ့ပြီးနေအိမ်အ ကျယ်ချုပ်ပြန်နေမလား?၊ ဒေါ်စုအနေနဲ့စဉ်းစားမှာအမှန်ပါ။ ဒီအချိန်မှာဦးသိန်းစိန်တို့ကလဲဗိုက်နာနေပြီ၊ သူ့ရဲ့စစ်ရုပ်သေး အစိုးရကို အာဆီယံကထောက်ခံ ပြီးလာမဲ့ အာဆီယံအစည်းအဝေး မှာဥက္ကဌ ရာထူးရဘို့ အရှေ့တောင်အာရှမှာလူရာဝင်ဘို့ရယ်၊ အနောက်နိုင်ငံ တွေ ကပိတ်ထားတဲ့စီးပွါးရေးပိတ်ဆို့မှု တွေကို ရုတ်သိမ်းဘို့ဒေါ်စုကိုချဉ်းကပ်လာခဲ့တယ်၊ မ ချည်းကပ် လို့ လဲမဖြစ်ဘူး၊ တိုင်းပြည်သံ ယံဇာ တတွေရောင်းလို့ရတဲ့ငွေတွေကသန်းရွှေနဲ့ခိုးသားငါးရာက ဗျောင် ယူထားပြီးပြီ၊သဘာဝဓါတ်ငွေ့ရောင်းရငွေဘီလီယံလိုက်သန်းရွှေကယူလိုက်တဲ့အတွက်သိန်းစိန်တို့အစိုးရနိုင်ငံခြားအကူလိုတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာဒီလိုအပ်ချက်ရဲ့အဖြေဖြစ်တယ်။ နိုင်ငံတကာကအသိ အမှတ်ပြုထားတဲ့ခေါင်းဆောင်ဒေါ်စုကို စည်းရုံးဘို့သူ့ရုံးခမ်းမှာ ဗိုလ်ချုပ်အောင်ဆန်း ပုံကြီးကို ချိပ် ပြီး တွေ့ဆုံခဲ့တာအများအသိပါ။
ဒီနေရာမှာဒေါ်စုက NLD ပါတီရပ်တည်ရေး၊ ဗဟိုကော်မီတီကိုလူသစ်သွေးသစ်တွေ နဲ့ ပြန် လည် ဖွဲ့စည်း နိုင်ဘို့အရေးတွေကိုစဉ်းစားပြီးစစ်ရုပ်သေးအစိုးရနဲ့သူတို့ဘက်ကစပြီးကမ်း လှန်း လာမှုအပေါ်လက်တွေ့ကျကျပေးလာတဲ့အခြေအနေအရဦးသိန်းစိန်တို့ရဲ့ကစားကွက်ကိုပြန် လှန်ပြီးအောက်ကြေးကနေပြန်ကစားတယ်လို့ယူဆတယ်၊ ဘာကြောင့်လဲဆိုတော့ သန်းရွှေ တို့ မလုပ်တဲ့အလုပ်ကို သိန်းစိန်ကပျော့ပျော့ ပြောင်းပြောင်းလုပ်လာ တော့ဒေါ်စုကလဲနဂို တင်းမာ ရေးကနေပြောင်းလဲလာတဲ့အခြေအနေအရသူဆက်တိုက်တောင်းလာတဲ့တွေ့ဆုံဆွေး နွေးရေးလမ်း ပွင့်လာတဲ့အတွက်သူ့ဘက်ကလဲအစွမ်းကုန်တ ဖက်နဲ့တဖက်ပူးပေါင်းဆောင် ရွက်မှု တွေ လုပ်လာခဲ့တာဖြစ်တယ်လို့မြင်တယ်။ သိန်းစိန်ဟာတကယ်ပြု ပြင်ပြောင်းလဲလို သူလား၊ ရုပ်ပြ လား ဆိုတာဘာလီအစည်းအဝေးမှာသူပြောလိုက်တဲ့နိုင်ငံရေးအကျဉ်း သားဆို တာမရှိဘူး၊ ပစ် မှု တခုခုကိုကျူးလွန်လို့အကျဉ်းကျနေတဲ့သူတွေဘဲရှိတယ်လို့ပြောလိုက်ခြင်း ကြောင့်“ဒီပုတ်ထဲ ကဒီပဲ” ဘဲဆိုတာထင်ရှားစေခဲ့တယ်။

ဒေါ်စုကလဲသူ့ကိုယ်သူအစားခံပြီးကင်းယူဘို့လုပ်တာထင်ရှားတယ်၊ပွင့်လာတဲ့အပေါက်ကလေးကိုချဲ့ပြီးတဖြေးဖြေးဝင်မယ်ဆိုတာသူမနဲ့ NLD ရဲ့သမိုင်းဘဲ၊ သူတို့ရဲ့ကြံရည်ဖန်ရည်၊ ကံဥာဏ် ဝိရိယ အ ပေါ်မှာမူတည်ပြီးဒီလမ်းကြောင်းဟာမှန်တယ်၊ မှားတယ်ဆိုတာသမိုင်းကဆုံး ဖြတ် သွား မှာဖြစ်တယ်။ အခုကတည်းကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပက်ပက်စက်စက်ဝေဖန် နေ သူတွေထဲမှာဆိုက်ဝါးတွေ ကြိမ်းသေပါတယ်၊သူ့လူကိုယ့်ဘက်သားတွေ အများကြီးဘဲဆို တာသတိရှိဘို့လိုတယ်။ အပြတ်သားဆုံး ပြောနိုင်တာကဒေါ်အောင်ဆန်းစုကြည် ဟာရန်သူမ ဟုတ်ဘူးဆိုတာဘဲ၊ ရန်သူရဲ့အဝန်းအဝိုင်းထဲ ကို တိုက်ဘို့စွန့်ပြီးဝင်သွားတဲ့သူရဲကောင်း တ ယောက် လို့မှတ်ယူနိုင်တာကပိုကောင်းတယ်လို့မြင်တယ်။ ဒီလိုမြင်တာဟာအားလုံးအတွက် အကောင်းဆုံးဖြစ်တယ်။ သူအခွင့်အရေးရဘို့၊သူနံမည်ကျော်ကြားဘို့ လုပ်နေတာမဟုတ်တာ တော့ကျိမ်းသေတယ်၊ ဘာကြောင့်လဲဆိုတော့သူမဟာကမ္ဘာသိကျော်ကြားပြီး သူဖြစ်နေလို့ပါ ဘဲ။ သူလုပ်နေတာတိုင်းပြည်အတွက်၊ ပြည်သူတွေအတွက်ဘဲ၊ သူသွားတဲ့လမ်းကိုလက် မခံ နိုင်တောင်၊သူ့စေတနာကိုအနည်းဆုံးနားလည်ပေးနိုင်ဘို့လိုတယ်။

ပြည်ပကနေဒေါ်စုကိုဆဲနေသူ တွေကိုပြောချင်တာကဒေါ်စုသာသူတို့လိုပြည်ပကိုထွက်လာရင် ငွေသန်း ချီပုံပေးမဲ့သူတွေအများကြီးရှိတယ်ဆိုတာပါဘဲ၊ ပြည်ပမှာကောင်းကောင်း ဇိမ်နဲ့နေနိုင် ရဲ့သားနဲ့ပြည်တွင်းမှာ သားတွေကိုပစ်ပြီး တိုင်း ပြည်နဲ့လူမျိုးကိုငဲ့ပြီးနေနေတာကိုက လေးစား ထိုက်တယ်ဆိုတာပါဘဲ။

ဒါကြောင့်ဒေါ်စုသွားတဲ့လမ်းကြောင်းကိုမကြိုက်ရင်ဘာလုပ်ကြမလဲ?
ဒေါ်စုသွားနေတဲ့လမ်းကိုမကြိုက်ရင်ကိုယ့်လမ်းကိုယ်ထွင်ယုံဘဲရှိတယ်၊ အချင်းချင်းပုတ်ခတ် တိုက်ခိုက်နေစရာမလိုဘူး၊ ရန်သူအားရအောင်လုပ်နေစရာမလိုအပ်ဘူး။ အခုဖြစ် နေတဲ့ပြသ နာကကိုယ်ကလဲဘာမှမလုပ်နိုင်လုပ်နိုင်သလောက်လုပ်နေသူတွေကိုတစ်တစ်ခွခွဆဲပြီးရဲရဲ တောက်သူရဲကောင်းကြီးတွေလိုလုပ်နေတာအတော်အကြည့်ရဆိုးပါတယ်၊ နှစ်၂၀ ကျော်ဖြတ် သန်း လာပြီးရင့်ကျက်လာသူတွေဖြစ်မလာကြဘူး၊ ကိုယ်ကဘာတွေလုပ်နေတယ်ဘာမှမပြော နိုင်ဘဲဒေါ်စုကို လက်ညှိုးထိုးပြောနေကြသူတွေကိုယ်ကိုယ်ကိုဘာလုပ်နိုင်သလဲ၊ ဘာတွေလုပ် ပြီးပြီလဲ မေးကြည့်ကြ ဘို့လိုပြီ။
ကျွန်တော်အနေနဲ့ကတော့ဒေါ်စုရွေးတဲ့လမ်းကရေရှည်ကြာနိုင်တယ်လို့မြင်တယ်၊ မ ဖြစ်နိုင်ဘူးလို့ တော့မပြောဘူး။

တခုပြောနိုင်တာကအခုလစ်လပ်သွားတဲ့ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် နေရာ၄၀ လောက်ကို ဝင် ပြိုင်ခြင်းဖြင့်ရလာမဲ့လက်တဆုပ်စာအမတ်လောက်နဲ့ ကြံဖွတ်ရဲ့ ၂၀၀၈ နာဂစ်အခြေခံဥပဒေကို ဒီမိုက ရေစီနည်းကျပြောင်းလဲနိုင်မှာမဟုတ်ဘူးဆိုတာဘဲ။ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ ၊ အား လုံး ပါ ဝင်နိုင်မှုမပေးဘဲလုပ်မဲ့ကြားဖြတ်ရွေး ကောက် ပွဲဟာ NLD ကအားလုံးနေရာရစေအုံးလွှတ်တော် ထဲ မှာ အခြေခံဥပဒေကိုပြင်ဆင် ဘို့တတ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်ရေရှည်မယ်၊ဘာကြောင့်လဲဆို တော့ ၂၀၀၈ အခြေခံဥပ ဒေ ဟာ ၁၉၉၂ ခုနှစ်လောက်ကစပြီးစစ်အာဏာအသာစီးရရေးအတွက် နှစ် ပေါင်း ၁၅ နှစ် ကျော်စိမ်ပြေနပြေရေးဆွဲထားတဲ့သူတို့အသက်ပေးစောင့်ရှောက်ရမဲ့ဥပဒေဖြစ်တယ်။ ဒီဥပဒေ ကိုမပြင်နိုင် အောင်လွှတ်တော်အမတ် ၂၀%ကတင်သွင်းရမယ်၊ နောက်လွှတ်တော်အမတ် ၇၅% ကျော် က ထောက်ခံအ တည်ပြုရမယ်၊အတည်ပြုခဲ့ရင်လဲပြည်သူ့ဆန္ဒခံယူအတည်ပြု ရအုံး မယ်ဆိုတော့ အ တော်ခက်မဲ့အလုပ်ပါ။
နောက်ပြီးလွှတ်တော်ထဲမှာစစ်ဗိုလ်တမတ်သားရှိနေတော့ကျန်၇၅% ကအားလုံးကိုယ့်လူတွေ ဖြစ်နေရ မယ်။ အဲဒိတမတ်သားထဲကအနည်းဆုံးတယောက်ပါလာရအုံးမယ်အဲဒီတော့မှပြင် ခွင့်ရမှာ အခုကြံ ဖွတ်ကလွှတ်တော်ထဲမှာအင်အားအကြီးဆုံးဆိုတော့ဦးသိန်းစိန်ရဲ့ သက် တမ်း ၅ နှစ်အတွင်း မှာဘယ်လိုနည်းနဲ့မှမပြောင်းလဲနိုင်ဘူး ဒါပေမဲ့ပါတီကို ၄ နှစ် လောက် အချိန်ယူပြီးတောင့်တင်းလာအောင် ပြုစုပျိုးထောင်ဖို့အကျိုးအမြတ်တော့ရမှာပါ။ နောက်သက်တမ်း၂၀၁၅ မှာတော့ NLD အတွက် နိုင်ဘို့လမ်းရှိ တယ်၊ မဲလိမ်မဲခိုးမရှိရင်ပေါ့၊ ဒါကြောင့် NLD ရဲ့ရည်မှန်းချက်ဟာ ၂၀၁၅ ဖြစ်ဘို့များ တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဟာအကြွင်း အ ကျန် ကောက်ယူရတဲ့ရွေးကောက်ပွဲဖြစ်လို့ ဒေါ်စုတို့လို အမျိုးသားခေါင်းဆောင်နေရာကိုရောက် နေတဲ့သူအနေနဲ့ဝင်မပြိုင်ဘဲပါတီခေါင်းဆောင်နေ ရာကနေပြီး ၂၀၁၅ အထိစောင့်မယ်ဆိုရင် တော့ဒေါ်စုအတွက်ကောတိုင်းပြည်အတွက်ကောအောင်မြင် မှုပိုရနိုင်မယ် လို့ခန့်မှန်းမိပါတယ်။

ဒါဖြင့်ရင်တခြားနည်းလမ်းကောမရှိနိုင်တော့ဘူးလား? ဒီမိုကရေစီပန်းတိုင်ရောက်ဘို့ဘယ်လမ်းကိုရွေးရရွေးရ၊ ရဘို့ကအရေးကြီးတယ်လို့မြင်တယ်၊ ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးကိုသန်တဲ့သူကလဲ လက်နက်ကိုင် လမ်းစဉ်ကိုအင်အား ကောင်းလာအောင်လုပ်၊ လူထုလှုပ်ရှားမှုကိုယုံကြည်သူကလဲ၊ လူထုတွင်းဝင်ပြီးစည်းရုံး လူထု လှုပ်ရှားမှုတွေကိုတွန်းတင် ယုံကြည်ချက်တူသူတွေကိုစုစည်းပြီးလုပ်ကြမယ်ဆိုရင်ဘယ် သူ မှားတယ်ဘယ်သူမှန်တယ် လုပ်စရာမလိုဘဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြရင်းဆုံချက်တခုမှာတွေ့ ကြမှာဘဲ၊ အဲဒီဆုံချက်ကတော့ဒီမိုကရေစီပန်း တိုင်ဘဲ။
လူထုလှုပ်ရှားမှုအားကောင်းလာတာနဲ့အမျှ လွှတ်တော်အတွင်းရှိဒီမိုကရေစီအင်အားစုတွေအ တွက် Leverage power လို့ခေါ်တဲ့အင်အားချိန်ခွင်လျှာလဲမြင့်တက်လာမှာ ဖြစ်တဲ့အတွက် တဖွဲ့နဲ့တဖွဲ့ အပြန်အလှန်အကျိုးပြုတယ်ဆိုတာတွေ့ရမှာပါ၊ လွှတ်တော်တွင်းမှာလဲလွတ်လပ် သော လူထုလူတန်းစားအဖွဲ့အစည်း (Civil Society) များလွတ်လပ် စွာဖွဲ့စည်းခွင့်ရရှိရေး၊ မိမိ လူတန်းစားများကို ကိုယ်စားပြုလှုပ်ရှားခွင့်ရရှိရေးတို့ကိုတောင်းဆိုပေးမယ်၊ ကျိုးစားပြီးရလာ အောင်လုပ်ကြမယ်ဆိုရင်ဒီလိုအဖွဲ့ အစည်းတွေဟာသူတို့ရဲ့ရပိုင်ခွင့်တွေကိုတောင်းဆို တိုက်ပွဲ ဝင်ရင်းလူထုလှုပ်ရှားမှုထဲမှာပါလာမှာဖြစ်တယ်၊ အဓိကနားလည်ထားဘို့က လွှတ်တော်ထဲက ဘဲတိုက်တိုက်၊ လူထုလှုပ်ရှားမှုနဲ့ဘဲတိုက်တိုက်၊ လက်နက်ကိုင်နည်းနဲ့ဘဲတိုက်တိုက် တခုနဲ့တ ခုအပြန် အလှန်အကျိုးပြုကြတယ်ဆိုတာပါဘဲ။ သူမှားတယ်ငါမှန်တယ်မရှိပါဘူး၊ ကြိုးစားလုပ် ကြတာချင်း အတူ တူ ကံ၊ဥာဏ်၊ဝိရိယ သာတဲ့သူကတက်သွားမှာဘဲ။ နောက်ဆုံးဘယ်နည်းနဲ့ဘဲအောင်ပွဲခံခံအားလုံးလို ချင်တဲ့ပန်းတိုင်ရောက်ဘို့ကလိုရင်းဘဲလေ၊ ဘယ်သူအောင်အောင်အားလုံးအကျိုးခံစားကြရမှာဘဲ။

ဦးသိန်းစိန်အစိုးရနေရာမှကြည့်ခြင်း ။

ဦးသိန်းစိန်အစိုးရဖွဲ့စည်းပြီးနောက်ကမ္ဘာသိမဲလိမ်မဲခိုးမှုကြောင့်ဂုဏ်သိက္ခာမရှိခြင်းမှ ဂုဏ်သိက္ခာရှိလာ စေရန်နှင့်တရားမဝင်ခြင်းမှတရားဝင်ဖြစ်လာစေရန်ဆောင်ရွက်ရာ၌ ပထမဦးစွာ-
(၁) ဒေါ်အောင်ဆန်းစုကြည်နှင့်နေပြည်တော်တွင်တွေ့ဆုံခြင်း။
(၂) မြစ်ဆုံရေကာတာစီမံကိန်းကိုရပ်တန့်လိုက်ခြင်း ။
(၃) စာပေစီစစ်ရေးတင်းကြပ်မှုကိုလျော့ချလိုက်ခြင်း ။
(၄) အင်တာနက်တင်းကြပ်ထားမှုကိုလျော့ချလိုက်ခြင်း ။
တို့ကိုပြုလုပ်ပြခဲ့သည့်အတွက် ဇော်ဦး ဦးစီးသည့် ဗဟုအဖွဲ့၊ ဟန်ညောင်ဝေ ဦးစီးသည့် ယူရိုဘားမားရုံး၊ပြည်တွင်းအင်ဂျီအိုတပိုင်းစာနယ်ဇင်းတပိုင်းနံမည်ခံထားသောအီးဂရက်ပိုင်ရှင်နေဝင်းမောင်၊ ပညာရှင်အမည်ခံကျော်ရင်လှိုင် တို့မှဘေးတီး၊ ဖျာခင်းခြင်းတို့ဖြင့်ထောက် ခံခဲ့ ကြသည်။ ထိုသို့အပြုသဘောဆောင်ကြောင်းအပေါင်းလက္ခဏာဖြစ်သည်ဟုသာကူးများ

နအဖအလိုတော်ရိများကပြောနေ သည့်အထက်ပါအချက်လေးချက်ကိုလေ့လာလျှင်-
၁။ ဒေါ်စုနှင့်တွေ့ဆုံခြင်းအတိမ်အနက်ကိုယနေ့အထိထုတ်ဖေါ်ပြောဆိုခြင်းမရှိခြင်း ။
၂။ မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းထားခြင်းသာဖြစ်သည်၊ အချိန်မရွေးပြန်စနိုင်သည်။
၃။ စာပေစီစစ်ရေးတင်းကြပ်မှုကိုလျော့ချလိုက်သော်လည်းဆင်ဆာဘုတ်အဖွဲ့သည်ဆက် လက်တည်ရှိနေပြီးလွတ်လပ်စွာရေးသားထုတ်ဝေခွင့်ကိုတားဆီးနေသည့်ယန္တရားအဖြစ်အလုပ်လုပ်နေစဲဖြစ်ခြင်း။
၎။ အင်တာနက်တင်းကြပ်မှုကိုလျော့ချလိုက်သော်လည်း၊ ကမ္ဘာ့အနှေးဆုံးအင်တာနက်အဖြစ် လည်း ကောင်း၊ ခေတ်နှင့်အညီတိုးတက်ဖွံ့ဖြိုးသောချမ်းသာကြွယ်ဝသည့်နိုင်ငံကြီးများ ထက်စံ ချိန်တင်လောက် အောင်တလဒေါ်လာ၈၀ခန့်အထိပြည်သူများကပေးနေရသဖြင့်ဆင်းရဲသော ကျောင်းသားလူငယ်များမတတ်နိုင်ခြင်း။(ခေတ်မှီသောအမေရိကန်နိုင်ငံတွင်၁၉ မှ ၃၀ ဒေါ်လာ အတွင်းသာအမြန်နှုန်းအလိုက်ပေးရသည်) ။

ထိုပြောင်းလဲလာခြင်းအားလုံးသည်အပြည့်အဝပြောင်းလဲခြင်းမျိုးမဟုတ်ဘဲတဝက်တပျက်တိုးလို့တန်းလန်းပြောင်းလဲပြထားခြင်းသာဖြစ်သည်။ ထိုကဲ့သို့ဟန်ပြပြောင်းလဲခြင်းကြောင့်ရရှိလာ သောအကျိုးအမြတ်မှာလည်းကြီးမားလှသည်။ လူအများကဒလံများ၊ အလံရှူးများ၏ သမိုင်းတ ဆစ် ချိုးလာခြင်း၊ ဒီမိုကရေစီလမ်းပေါ်သို့ပထမ ခြေလှမ်းစသည် ဖြင့် ပြောစကားများကြောင့် အကောင်းမြင်လာကြပြီးအမှန်တကယ်ပြောင်းတော့မည်ဟုထင်လာကြသည်။ ထို့ပြင်အကျဉ်း သားတသောင်းကျော်လွှတ်ပေးလိုက်ပြန်သောအခါ နိုင်ငံရေးအကျဉ်းသားအားလုံးကိုမကြာ မှီလွှတ်တော့မယောင်အစိုးရအကြံပေးများကဘေးတီးပေးကြပြန်သဖြင့်ပြည်တွင်းပြည်ပမှမယုံတဝက်ယုံတဝက် ဖြင့်မျှော်လင့်ကြီးစွာစောင့်စားရင်းမိမိတို့လင်၊သား ၊တူ ၊ညီ ၊ညီမ တို့ များလွှတ်လေ မလား ဟုမျှော်ကြပြန်သည်။

အရှေ့တောင်အာရှနိုင်ငံများမှလည်းသိန်းစိန်လုပ်ရပ်ကိုရွှန်းရွှန်းဝေအောင်ခြီးကြုးရင်းဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်လာပြီဟုဆိုလာရင်းအာစီယံ၏ ဥက္ကဌ အဖြစ်လွယ်လွယ်ကူကူလက် ခံလိုက်ကြသည်။
ထိုမှတဆင့်ရွေးကောက်ပွဲဥပဒေကိုစတိပြင်ဆင်ပေးလိုက်သောအခါ NLD မှတ်ပုံခြင်းနှင့်ဒေါ်စု ပါ ရွေး ကောက်ပွဲဝင်တော့မည်အထိ ဗိုလ်သိန်းစိန်တို့ကစိတ်ဓါတ်ရေးရာတိုက်ပွဲတွင် ဆရာ ကြီးဗိုလ် သန်းရွှေ၏အကွက်ဆင်မှုအောက်မှနေ၍လှလှပပကပြသွားခဲ့သည်။
အမေရိကန်ကလည်းနှစ်ငါးဆယ်အတွင်းအမြင့်ဆုံးသံတမာန်ဖြစ်သည့်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကိုစေလွှတ်လိုက်ပြန်သည်၊ မြန်မာအစိုးရအကြံပေးဦးကိုကိုလှိုင် ကလည်းအစိုးရကလုပ် သင့်သောလုပ်ရပ်ကြီးကိုလုပ်ပေးပြီးဖြစ်သဖြင့်အမေရိကန်အစိုးရမှ စီးပွါးရေးပိတ်ဆို့မှုကိုရုပ် သိမ်း တော့မည်ဟုမျှော်လင့်ကြောင်းစကားကြောင်းလာခဲ့သည်။

သမတအကြံပေးဦးကိုကိုလှိုင်၏ လုပ်သင့်သောလုပ်ရပ်ကြီးလုပ်ပေးပြီးပြီဆိုသည်မှာ ဘာလုပ် ရပ်ကိုဆိုလိုပါ သလဲ? ကျွန်တော်မြင်သောအဓိက လုပ်သင့် သောလုပ်ရပ်မှာ နိုင်ငံရေးအကျဉ်း သားများအားလုံး လုံးဝလွတ်မြောက်ရေးပင် ဖြစ်သည်။ အမေရိကန်သည်ထိုအချက်ကိုကောင်း စွာသဘောပေါက် မည်ဟုမျှော်လင့်မိသည်။ ထိုလုပ်ရပ်ကြီးကိုမလုပ်သ၍ စီးပွါးရေးပိတ်ဆို့မှု ကို ဆက်လက်ထား ခြင်းဖြင့်နအဖ၏ လည် ပင်း ကိုညစ်ထားပြီးသေဖော်သေဖက်ရဲဘော် များ လွတ်မြောက်ရေးကိုမျှော်မှန်းရင်းလူထုအုံကြွမှုကြီးကိုမြှင့်တင်ရပေတော့မည်။
ကျွန်တော့်အမြင်အရ အာရပ်အုံကြွမှုကဲ့သို့အုံကြွမှုမျိုးမြန်မာနိုင်ငံတွင်များစွာဖြစ်နိုင်ချေရှိနေပါ သည်။ မြန်မာနိုင်ငံသည်တော်လှန်ရေးတခုအဖြစ်ပေါက်ကွဲလာရန်တာစူလျက်ရှိနေပြီဖြစ်သည် သိန်းစိန်အစိုးရညစ်ပတ်၍ရွေးကောက်ပွဲအနိုင်ရသွားခြင်းကိုအလွန်ကြိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံလိုလူမှုရေး ၊စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ငြိမ်းချမ်း ရေးစသည်တို့အဖက်ဖက်မှချွတ်ခြုံကျနေသောနိုင်ငံကိုဘယ်လိုနည်းနှင့်မျှတိုးတက်ဖွံ့ဖြိုးလာစေရန်သိန်းစိန်အစိုးရကမတတ်နိုင်ပါ၊ ထိုကြောင့်သူ့သက်တန်းပြည့်အုပ်ချုပ်ရေးကာလတွင်ပြည် သူ၏လိုလားထောက်ခံမှုကိုရနိုင်လိမ့်မည်မဟုတ်ပေ။တိုင်းပြည်စီးပွားရေးပိုမို၍ကြပ်တည်းလာဘို့သာရှိပါသည်၊ ကြပ်တည်းလာလေအုံကြွမှုဖြစ်နိုင်ချေများလေဖြစ်သဖြင့်လူထုကြီးကိုဦး ဆောင်နိုင်သောခေါင်းဆောင်လူငယ်များကိုစံနစ်တကျလေ့ကျင့်ပေးထားဘို့သာလိုကြောင်း တင်ပြအပ်ပါသည်။

ထွန်းအောင်ကျော်
နိုဝင်ဘာလ ၂၈ ရက် ၂၀၁၁
ည၁၀နာရီ ၃၆ မိနစ်
အီသီကာမြို့၊ နယူးယောက်ပြည်နယ်။

3 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သီလရှင်များ...







Hlaing Bwa Maung

0 မြန်မာနိုင်ငံအပေါ် အိုဘားမားနှင့် ကလင်တန်တို့ လောင်းကြေးထပ်


AP Photo
(Associated Press မှ 28 Nov 2011 ရက်စွဲပါ “Obama, Clinton gamble on Myanmar” သတင်း ဆောင်းပါးကို yangonchronicle 2011ဘာသာပြန်ဆိုသည်)

သမ္မတ အိုဘားမား အစိုးရသည် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ ယခု သီတင်းပတ်တွင် စေလွှတ်ခြင်းဖြင့် နိုင်ငံခြားရေး မူဝါဒ လောင်းကြေးထပ်မှုတစ်ခု ပြုလုပ်နေပြီဖြစ်သည်။

နှစ်ပေါင်း ၅၀ အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ပထမဆုံး သွားရောက်မည့်ခရီးစဉ်သည် အမေရိကန်နှင့် မပာာမိတ်များက တရုတ်နိုင်ငံကြီးထွားမှုကို စိုးရိမ်နေသော ဒေသတွင် တရုတ်သြဇာ လျော့သွားခြင်း အပါအဝင် ရလာဒ်ကောင်းများ ထွက်ပေါ်လာမည်ပာု ဝါရှင်တန်က တွက်ချက်မျှော်လင့်လျက်ရှိသည်။ ထိုမျှသာမကပဲ ဒီမိုကရေစီလိုလားလှုပ်ရှားသူများကို ရက်စက်စွာနှိမ်နင်း၍ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းခဲ့သော စစ်အုပ်ချုပ်ရေးကာလအလွန် မြန်မာအစိုးရသစ်၏ လမ်းလျှောက်သင်စ ဒီမိုကရေစီခြေလှမ်းငယ်များ ကိုလည်း အကဲခတ်ဦးမည်ဖြစ်သည်။

တနလာင်္နေ့တွင် ဝါရှင်တန်မှ ထွက်ခွာသွားသည့် ကလင်တန်သည် ကိုရီးယားတွင် တစ်ထောက်နားပြီးနောက် မြန်မာနိုင်ငံ၌ ၂ ရက်တာ လည်ပတ် မည်ဖြစ်သည်။ ကြာသပတေးနေ့တွင် နေပြည်တော်၌ မြန်မာအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံပြီးလျှင် ယခုခရီးစဉ်၏ ဦးစားပေးကိစ္စ ဖြစ်လာမည့် သောကြာ နေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသော ဒေါ်အောင်ဆန်းစုကြည်က ယခုလ အစောပိုင်းတွင် သမ္မတအိုဘားမား နှင့် တယ်လီဖုန်းဖြင့် ပြောဆိုရာတွင် ဝါရှင်တန်က နေပြည်တော်ကို ထိတွေ့ဆက်ဆံခြင်း သည် အပြုသဘောဆောင်သော ဆောင်ရွက်မှုဖြစ်ကြောင်း ပြောကြားကာ ကလင်တန်၏ ခရီးစဉ်ကို ကြိုဆိုခဲ့သည်။ ကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရလေးစားကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

၂၀၀၉ ခုနှစ်တွင် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ် မုန်လာဥတစ်လှည့်၊ တုတ်တစ်လှည့် ဆုပေးဒဏ် ပေးနည်းလမ်း ကျင့်သုံးရန် မူဝါဒ ပြောင်းလဲမှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုနောက်ဆုံးပေါ်ထွက်လာသော ကလင်တန်၏ ခရီးစဉ်သည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး အမေရိကန်- မြန်မာ ဆက်ဆံရေးအဓိက တိုးတက်ဖြစ်ပေါ်မှု တစ်ခုဖြစ်ပေ သည်။ မနှစ်က ရွေးကောက်ပွဲများအပြီး အစိုးရသစ်အာဏာရလာကာ ကြီးကြီးမားမား တံခါးဖွင့်လာ ချိန်တွင် နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်ရလာခဲ့သည်။ ပြီးခဲ့သော ၃ လခန့်အတွင်း မြန်မာနိုင်ငံသို့ အမေရိကန်အစိုးရ၏ အထူးသံတမန်က ၃ ကြိမ်တိုင်တိုင် လာရောက်ခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ အစိုးရထိပ်တန်းတာဝန်ရှိ ပုဂ္ဂိုလ်က ၁ ကြိမ်လာရောက်ခဲ့သည်။

နောက်ပြန်လျှောနိုင်သည့်အန္တရာယ် ရှိနေသော်လည်း လတ်တလော ကြိုဆိုထိုက်သည့် ပြုပြင်ပြောင်းလဲမှုများကို အကဲခတ်သုံးသပ်မည့် ခရီးစဉ်ကို စီစဉ် ပြုလုပ်ရန် ပီာလာရီကလင်တန်ကို အထက်ပါ အမေရိကန်တာဝန်ရှိသူများက တွန်းအားပေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအနိုင်ရခဲ့သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သည့် တပ်မတော်အစိုးရ၏ လက်အောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်ခံခဲ့ရပြီးနောက် လက်ရှိအာဏာရ (ဗိုလ်ချုပ်ကြီးပောာင်း) သမ္မတဦးသိန်းစိန် လက်ထက်တွင် ပြုပြင် ပြောင်းလဲမှုများကို တွန်းအားပေးလာခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်က လွှတ်တော်တွင် ယခင်ကမရှိခဲ့ဘူးသော ဆန္ဒပြထုတ်ဖော်ခြင်းကို ခွင့်ပြုမည့် ဥပဒေ ကြမ်းကို အတည်ပြုခဲ့ သည်။ ထို့အပြင် သတင်းမီဒီယာ၊ အင်တာနက်သုံးစွဲခွင့်၊ နိုင်ငံရေးလှုပ်ရှားခွင့် စသော ကဏ္ဍများတွင်လည်း ချုပ်ချယ်မှုအချို့ ရုတ်သိမ်း ပေးခြင်းကြောင့် တိုးတက်မှုများ ရှိလာခဲ့သည်။ ပြီးခဲ့သော ရွေးကောက်ပွဲအတုများကို သပိတ်မှောက်ခဲ့သည့် NLD ပါတီသည်ပင် နောင်ကာလ ရွေးကောက်ပွဲ ဝင်ရန် ပါတီကို မှတ်ပုံတင်နေပြီဖြစ်သည်။

သို့သော်လည်း မတ်လက အာဏာရလာသော အစိုးရကို တပ်မတော်ကိုယ်စားပြုနေသူများက လွှမ်းမိုးထားကြဆဲ ဖြစ်ပြီး ဒီမိုကရေစီကူးပြောင်းရေး အာမခံမှု၊ တရုတ်နှင့် အပူးလွန်ခြင်းကို လျှော့ချလိုမှုတို့မှာ သေချာရေရာခြင်း မရှိသေးပေ။

ထို့အပြင် အဂတိလိုက်စားမှုများ ထိန်းမနိုင်သိမ်းမရ ပြန့်ပွားနေခြင်း၊ နိုင်ငံရေးအကျဉ်းသားများစွာကို ဆက်လက်ဖမ်းဆီးထားခြင်း၊ နိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် တိုင်းရင်းသားအုပ်စုများနှင့် တိုက်ပွဲများဖြစ်နေခြင်း စသော ပြဿနာများလည်း ကျန်ရှိနေသည်။ မကြာသေးမီလပိုင်း အတွင်း က ပြည်သူတို့ကန့်ကွက်သော “တရုတ်အမြတ်ထွက် ရေလှောင်တမံစီမံကိန်း” ကို မြန်မာအစိုးရက ရပ်ဆိုင်းပစ်ခဲ့သောကြောင့် တင်းမာမှုအချို့ရှိခဲ့သော်လည်း အလွန်လက်မြန်၍ ခြေသွက်သော ဘေဂျင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်၏ ခရီးစဉ်မတိုင်မီ ၎င်း၏ ဒုတိယသမ္မတကို မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံစေကာ လက်ဦးမှုရယူရန် ကြိုးစားလျက်ရှိသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် “ဒုတိယသမ္မတ ဇီဂျင်ပင်းက မြန်မာနှင့် ခိုင်မာနေ သော ဆက်ဆံရေးကို ထိန်းသိမ်း ရန် ကတိပေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကိစ္စများမှ မည်သည့်စိန်ခေါ်မှုများကိုမဆို ပြေလည်အောင် အဖြေရှာရေး တွန်းအားပေးရန် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တိုက်တွန်းအားပေးခဲ့သည်” ပာု ဖော်ပြ ထား သည်။

အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း စီးပွားရေးမလုပ်ရန် တားမြစ်ထားသော တင်းကြပ်သည့် အရေးယူ ဒဏ်ခတ် မှု Sanctions များမှာ ဆက်လက်ချမှတ်ထားဆဲဖြစ်ပြီး ယင်း Sanctions များ ရုတ်သိမ်း ပေးရန် မြန်မာအစိုးရက တောင်းဆိုလျက်ရှိသည်။

ယခု ကလင်တန်၏ ခရီးစဉ်သည် Sanctions များရုတ်သိမ်းပေးရန် မပာုတ်ဘဲ အချက်အလက်ရှာဖွေလေ့လာမည့် ခရီးစဉ်သာ ဖြစ်ကြောင်း သို့သော်လည်း မြန်မာအစိုးရက ပြုပြင်ပြောင်းလဲခြင်းကို စိတ်ပါလက်ပါ ထိထိရောက်ရောက် ဆောင်ရွက်နေကြောင်း ပြသနိုင်ပါက Sanctions များ ရုတ်သိမ်း မည့်ကိစ္စ ဖြစ်လာနိုင်ကြောင်း အမေရိကန်တာဝန်ရှိသူ များက ထုတ်ဖော်ပြောဆိုထားသည်။

0 ဂဠုန်ဆရာစံကျဆုံးခြင်း နှစ် ၈၀ ပြည့် ဂုဏ်ပြုအခမ်းအနားရန်ကုန်မြို့ တွင်ကျင်းပ

ကိုလိုနီအင်္ဂလိပ်အစိုးရ ကို ခေါင်းဆောင်တော်လှန်ခဲ့သူ ဆရာစံ ကျဆုံးခြင်း အနှစ်(၈၀)ပြည့် ဂုဏ်ပြုပွဲ အခမ်းအနားနဲ့ စာတမ်းဖတ်ပွဲကို ရန်ကုန်မြို့ မြောက်ဒဂုံက မကွေးပရယတ္တိစာသင်တိုက်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို တောင်သူလယ်သမားများ၊ ရဟန်းရှင်လူများ နဲ့  နိုင်ငံရေးလှုပ်ရှားသူ ၁၀၀ကျော် တက်ရောက်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ် အာဏာသိမ်း တော်လှန်ရေးအစိုးရ တက်လာပြီး နောက်ပိုင်း မတ်လ (၂)ရက်နေ့ ကို တောင်သူလယ်သမားနေ့ အဖြစ် သတ်မှတ်ခဲ့တာကို ပြန်လည် ပြန်ဆင် သတ်မှတ်ရန် လက်မှတ်ရေးထိုး ဆန္ဒပြုမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

တောင်သူလယ်သမားနေ့အဖြစ် ပြန်လည် ပြင်ဆင်သတ်မှတ်ရန် အောက်ပါနေ့ များကို အကြမ်းအားဖြင့် ရွေးချယ်ထားကြောင်း သိရပါတယ်။

(က) တောင်သူလယ်သမားတော်လှန်ရေးစတင်သည့်နေ့ရက် ၁၉၃၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၂)ရက်

(ခ) တောင်သူလယ်သမားတော်လှန်ရေးခေါင်းဆောင် ဆရာစံ မွေးဖွားသည့်နေ့၊ ၁၈၇၆ခု၊ အောက်တိုဘာလ (၂၄) ရက်

(ဂ) တောင်သူလယ်သမားတော်လှန်ရေးခေါင်းဆောင် ဆရာစံအား နယ်ချဲ့အစိုးရက ကြိုးပေးကွပ်မျက်ခဲ့သည့်နေ့ရက် ၁၉၃၁ခု နိုဝင်ဘာလ (၂၈) ရက်နေ့စသည့်နေ့ရက်များဖြစ်ပါသည်။

တောင်သူလယ်သမားနေ့ ပြင်ဆင်သတ်မှတ်ရေး အဆိုလွှာကို အခမ်းအနား တက်ရောက်လာသူ (၅၆) ယောက် က လက်မှတ်ရေးထိုးခဲ့ ကြပြီး တောင်သူလယ်သမားနေ့ ပြင်ဆင် သတ်မှတ်ရေးအတွက် ကော်မတီတရပ် ပေါ်ပေါက်လာနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ချက် ချခဲ့ကြောင်း သိရပါတယ်။

တောင်သူလယ်သမား အခွင့်အရေးများကို ဖေါ်ထုတ် ကာကွယ်သွားရန်နဲ့ လယ်ယာမြေသိမ်းဆည်းခံရတဲ့ တောင်သူလယ်သမားများ အရေးကို ဆက်လက်လုပ်ဆောင်သွားဖို့ကိုလည်း သဘောတူညီခဲ့ကြောင်း သိရပါတယ်။

အလားတူ ဆရာစံအတွက် ဂုဏ်ပြုပွဲကို ဆရာစံရဲ့ နေထိုင်ခဲ့တဲ့ သာယာဝတီမြို့မှာ နိုင်ငံရေးလှုပ်ရှားသူများနှင့် ဆွေမျိုးအသိုင်းအ၀ိုင်းများမှ စည်စည်ကားကား ကျင်းပခဲ့ကြောင်း သိရပါတယ်။


Burma VJ Media Network

0 ကိုယ့်လမ်းကိုယ်သွား ဦးကျော်သူ (၁)+(၂)


ကိုယ့်လမ်းကိုယ်သွား ဦးကျော်သူ (၁)
(ဂီလာနပုဂ္ဂိုလ်တို့အား ပြုစုခြင်းသည် ငါဘုရားအား ပြုစုခြင်းမည်ပါပေ၏)


(၃) ရက်သာဖွင့်လိုက်ပြီး အပိတ်ခံရမှုကြောင့် နာမည်ကျော်ခဲ့သော သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)မြို့၏ ဖွင့်လှစ်ပွဲကို နိုဝင်ဘာ (၂၇) ရက်နေ့မှာ ကျင်းပမည်ဆိုသည့်အတွက် ကျွန်တော် အထူး စိတ်ဝင်စားခဲ့သည်။ သို့အတွက် နိုဝင်ဘာ (၂၆) ရက်နေ့ နံနက်စောစောထကာ ဦးကျော်သူ ဦးစီးသော နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများနှင့်အတူ ပြည်မြို့ခရီးသို့ လိုက်ပါခဲ့သည်။

ပြည်မြို့တွင် ရွှေပေါက်ပင်တောရ ဆရာတော်ကြီးထံသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၀) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတွင် လှူဒါန်းထားသော လှူဖွယ်ဝတ္ထုပစ္စည်းများအား ၂၆.၁၁.၂၀၁၁ ရက်နေ့ နေ့လည်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သြ၀ါဒစရိယ ဆရာတော် ဘဒ္ဒန္တ သောမစာရ ထံသို့ ကပ်လှူခဲ့ကြသည်။ ၂၇.၁၁.၂၀၁၁ ရက်နေ့ နံနက် (၅း၀၀) နာရီအချိန်တွင် ရွှေပေါက်ပင်တောရ ကျောင်းတိုက်တွင် နေ့စဉ်အာရုံတက်ချိန်တိုင်း ပြုလုပ်လေ့ရှိသော မြတ်စွာဘုရား မျက်နှာတော်သစ် ပေးခြင်း၊ သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် ဗုဒ္ဓမြတ်စွယ်တော်များအား ပူဇော်ဆက် ကပ်လှူဒါန်းခြင်း စသည့် ကောင်းမှုကုသိုလ်တို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ စုပေါင်းကုသိုလ်ပြုခဲ့ကြသည်ကို တွေ့ခဲ့ရသည်။

ထို့နောက် ပြည်မြို့က မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များ ဦးစီးသည့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်မြို့) ဖွင့်ပွဲနှင့်အတူ ပြည်ခရိုင်အတွင်းရှိ ပရဟိတလူမှုရေး အသင်းအဖွဲ့များ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားတစ်ရပ်ကိုလည်း နံနက် (၉း၀၀) နာရီ အချိန်တွင် ကျင်းပမည်ဖြစ်သည့်အတွက် ကျွန်တော်တို့ ခေတ္တရာ (သရေခေတ္တရာပြည်မြို့) ခရီးသည် နာရေးကူညီမှုအသင်း(ရန်ကုန်) ကားများ ပြည်ခရိုင်အတွင်း ရောက်သည်ဆိုသည်နှင့် မြို့အသီးသီးကပရဟိတအသင်းအဖွဲ့များ၏ ကြိုဆိုနှုတ်ဆက် မှုတွေကို ကြည်နူးဖွယ် တွေ့ကြုံခံစားရသည်။

ကျွန်တော်တို့ နိုင်ငံအနေနှင့် ဗြဟ္မစိုရ်တရား ထွန်းကားလွန်းသည်ဟုပင် ဆိုရလေမလား။ ဗြဟ္မစိုရ် တရားလက်ကိုင်ထားသော လူမှုရေးအသင်းအဖွဲ့တွေ၊ လူမှုရေးသမားတွေလည်း အများအပြား။ ထို လူမှုရေးအသင်းတွေ၊ လူမှုရေးသမားတွေ ကူညီစောင့်ရှောက်မှကိုဖြစ်မည့် လူမှုဒုက္ခအ၀၀ ကြုံတွေ့ခံစား ရသူတွေကလည်း မနည်းမနော။ ဦးကျော်သူကတော့ “တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောရင် အဲဒီလို ကူညီဖေးမမှုတွေ ပေးနေစရာမလိုတော့” ဟု ဆိုဖူးသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ဖြင့် နာရေးကူညီမှုတွေအပြင် သုခကုသိုလ်ဖြစ်ဆေးခန်းကြီး တည်ထောင်ပြီး ကျန်းမာရေးကူညီမှုတွေကိုလည်း ဆောင်ရွက်ပေးနေသူ ဖြစ်သည့်အတွက် သေသူရော၊ ရှင်သူတွေကိုပါ ကူညီနိုင်စွမ်းရှိသူ ဦးကျော်သူမှာ ကွက်လပ်တွေ ဖြည့်စွမ်းရင်း တိုင်းပြုပြည်ပြု ဆောင်ရွက်နေသူဟုပင် ဆိုနိုင်မည်ထင်၏။ ဒီနိုင်ငံမှာ ဦးကျော်သူကို ပရဟိတသူရဲကောင်းအဖြစ် လူထုထောက်ခံအားပေး ချစ်မြတ်နိုးခြင်းကို ကျွန်တော် မအံ့သြတော့။ သို့သော် ကျွန်တော်အံ့သြမိသည်က နတ်လူသာဓုခေါ်နိုင်မည့် ပရဟိတလုပ်ငန်းတွေ ဒီနိုင်ငံမှာ လုပ်ရခက်ခဲနေခြင်းကိုပင်။

မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များဦးစီးသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခ ကုသိုလ်ဖြစ်ဆေးခန်း(ပြည်မြို့) ဖွင့်လှစ်ပွဲ အချိန်အခါ သမယမှာတော့ ၀မ်းမြောက်ဝမ်းသာဖြစ် နေသော မြို့ခံလူထုနှင့်အတူ ပြည်ခရိုင်အတွင်းရှိ ဝေးလံသော မြို့ရွာများဆီကပင် ကျန်းမာရေး အစောင့်အရှောက် ရယူနိုင်ရန် တစ်ပင်တစ်ပန်း လာခဲ့ကြရရှာသူ ဝေဒနာရှင်တွေ၏ မျက်နှာပြင်တွေမှာ စေတနာရှင်၊ မေတ္တာရှင် ပရဟိတလူမှုရေးသမား လူငယ်လေးများကို အားကိုးတကြီးရှိမှုကို သိသာစွာမြင်တွေ့ရသည်။ အနာဂတ်ကို ပိုင်စိုးမည့် သားကောင်းရတနာတွေ ယုံကြည်ချက်ဖြင့် ရဲရင့်နေမှုကို ကျွန်တော်ကြည့်ရှုရင်း ကျေနပ်ပီတိရှိရသည်။ မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များအဖွဲ့နှင့်အတူ သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)ကို ဦးဆောင်ကြသည့် သူတွေထဲမှာ လူငယ်ဆရာဝန်ငယ်လေးတွေကိုလည်း တွေ့ရသည်။ ဆရာဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ထိုဆရာဝန်လေးတွေမှာ ဝေဒနာရှင်များအပေါ် အထူးပင် မေတ္တာ၊ ဂရုဏာအပြည့် ကုသလေ့ရှိကြောင်းကိုလည်း လူနာနားနေဆောင်အတွင်းက စကားသံများ သက်သေခံ လျှက်ရှိသည်။ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် ဦးဆောင်သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ကျင့်သုံးလျက်ရှိသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သည်ဟု သိရသည့် ပြည်မြို့ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်မြို့)ကို ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ခံဆရာဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး နောက်မှာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့ကြသည်။ အခမ်းအနား မှာ မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်အသင်း(ပြည်မြို့) ဥက္ကဋ္ဌ ဦးစိုးမိုးနိုင်၊ အတွင်းရေးမှူး ဦးညီညီအောင်၊ အလုပ်အမှုဆောင် ဦးကြည်အေးတို့က ဆိုင်ရာစကားတွေ ပြောဆိုရှင်းလင်းတင်ပြခြင်းဖြင့် သူတို့၏ လူမှုစိတ်ဓါတ်အပြည့် ဆောင်ရွက်နေမှုတွေကို အပြည့်အ၀ပင် နားလည်သိရှိလိုက်ရပြန်သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ကျင်းပသော မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များအသင်း (ပြည်မြို့)မှာ ပြည်ခရိုင်အတွင်းရှိ လူမှုအထောက်အကူပြု ပရဟိတအဖွဲ့အစည်းများ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကလည်း ပြည်ခရိုင်အတွင်း မြို့ရွာ၊ ကျေးလက် လူမှုဒုက္ခအ၀၀ကို ပံ့ပိုးကူညီရင်း တိုင်းပြည်ရဲ့ ကွက်လပ်တွေကို ဖြည့်စွမ်းပေးနေကြသော ပရဟိတအဖွဲ့အစည်းများ၏ လေးစားဖွယ် စိတ်ဓါတ်နှင့် စွမ်းဆောင်ချက်တွေကို သိရှိရသည်။ ယင်းအခမ်းအနားသို့ ရန်ကုန်မြို့မှ ရောက်ရှိနေကြသည့် “နာရေးကူညီမှုအသင်း(ရန်ကုန်)”၊ ဒေသခံ “မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များအသင်း(ပြည်မြို့)” တို့နှင့်အတူ ခေတ္တရာမြို့သစ်၊ ဇီးအုပ်မှ “ဆေးကမ္ဘာဆေးခန်းနှင့် စေတနာရှင်များအဖွဲ့”၊ ရွာဘဲရပ်ကွက် “အောင်သုခ လူငယ်ဗြဟ္မစိုရ်အသင်း”၊ “ပွင့်လှသိမ်းကုန်း (အနောက်ရပ်ကွက်)”၊ ဆံတော်ရပ်၊ ရွှေသမင်မျှော်လမ်း “ဖက်သကျင်းလူငယ် နာရေးကူညီမှုအသင်း”၊ “စာတိုက်တန်းလမ်း သာရေးနာရေး ကူညီမှုအသင်း”၊ “မူယာပင်လူငယ်အသင်း (ကြက်ခေါင်းစားဓမ္မာရုံ)”၊ “စေတနာသမ္ဘာရ နာရေးကူညီမှု အသင်း (န၀င်းကွတ်သစ်ဓမ္မာရုံ)”၊ “ရွှေတံခါးလူငယ် ပရဟိတလုပ်ငန်း”၊ “7 Days သွေးနှင့် ကလေး ကူညီရေးအသင်း”၊ ပုတီးကုန်းမြို့မှ သဲကုန်းမြို့နယ် “စေတနာရှင် နာရေးကူညီမှုအသင်း”၊ “လူငယ့်အားမာန် ပရဟိတ”အဖွဲ့၊ “မေတ္တာရှင်ဆေးဝါးကုသိုလ်ပြု အဖွဲ့”၊ “ဇီဝိတ သွေးလှူရှင်အဖွဲ့”၊ ရွှေတောင်မြို့နယ်မှ “လွတ်လပ်ပီတိ သွေးအလှူရှင်အသင်း”၊ “ထွေးမေတ္တာ ပရဟိတ နာရေးကူညီမှု အသင်း”၊ ၀က်ထီးကန်မှ “၀က်ထီးကန် ပရဟိတလူငယ် နာရေးကူညီမှုအသင်း”၊ အင်းမမြို့ “အင်းမ နာရေးကူညီမှုအသင်း”၊ ပြည်မြို့မှ “ဗုဒ္ဓနုဂ္ဂဟ အခမဲ့နာရေး ကူညီမှုအသင်း”၊ “မအဖ မြန်မာ့မွတ်စလင် အမျိုးသားရေးရာအဖွဲ့”၊ ပေါင်းတည်မြို့မှ “ပေါင်းတည် စေတနာ နာရေးကူညီမှုအသင်း”၊ ဇီးကုန်းမြို့မှ “မေတ္တာရှင် အခမဲ့ နာရေးကူညီမှုအသင်း”၊ “ဖြူစင်မေတ္တာ ကျန်းမာရေးစောင့်ရှောက်မှုအသင်း”၊ သဲကုန်း မြို့မှ “နာရေးကူညီမှုအသင်း (ဆင်မြီးဆွဲ)”၊ “နာရေးကူညီမှုအသင်း (သဲကုန်း)”၊ ပေါင်းတလည်မြို့မှ “နာရေးကူညီမှုအသင်း (ပေါင်းတလည်)”၊ ပန်းတောင်မြို့နယ်မှ “နာရေးကူညီမှုအသင်း (ဆင်တဲ)”၊ ရွှေတောင်မြို့မှ “ရွှေတောင်သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးအသင်း”၊ “နာရေးကူညီမှုအသင်း (ယင်းမူကုန်းရွာ)၊ ”ဥသျှစ်ပင်မြို့မှ “ပရဟိတအသင်း”၊ “လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများကွန်ယက်” တို့က တက်ရောက်ကြသည့်အတွက် ကြီးမားသော ပရဟိတအင်အားတစ်ရပ်ကို အားပါးတရ မြင်တွေ့ခဲ့ရ သည်။ လေးစားသည်။ ယုံကြည်ချက်ဖြင့် ရဲရဲရင့်ရင့် ဆောင်ရွက်နေကြသူများအတွက် အားလည်း တက်သည်။

နာမည်ကျော် သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)မြို့ ဖွင့်လှစ်ပွဲကြီးလည်း အောင်အောင်မြင်မြင် ပြီးခဲ့ပြီဖြစ်၍ နိုဝင်ဘာ (၂၈) ရက်နေ့တွင် ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။

ယုံကြည်ချက်နှင့်ရဲရင့်သူများသို့ 

ကိုမျိုး (မြန်မာစာ)



ကိုယ့်လမ်းကိုယ်သွား ဦးကျော်သူ (၂)
(ဥုံအရဟံ၊ ဂတိသစ္စာတွေနဲ့ ဂဠုန်သရဏံ ဂစ္ဆာမိတွေဖြင့် ကန်တော့)


၂၈.၁၁.၂၀၁၁ ရက်နေ့ နံနက် (၅း၃၀) နာရီတွင် ရွှေပေါက်ပင်ဆရာတော်ကြီး ဦးစီး၍ နေ့စဉ် နံနက်တိုင်း ရွှေပေါက်ပင်တောရ ကျောင်းတိုက်တွင် နေ့စဉ်အာရုံတက်ချိန်တိုင်း ပြုလုပ်လေ့ရှိသော မြတ်စွာဘုရား မျက်နှာတော်သစ်ပေးခြင်း၊ သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် ဗုဒ္ဓမြတ်စွယ်တော်များအား ပူဇော်ဆက် ကပ်လှူဒါန်းခြင်း စသည့် ကောင်းမှုကုသိုလ်တို့ကို နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသူ/သားများ စုပေါင်းကုသိုလ်ပြုခဲ့ကြကာ ဆရာတော်ကြီးအား ဦးခိုက်၍ ရန်ကုန်သို့ ပြန်လည် ထွက်ခွာခဲ့သည်။

အပြန်လမ်းခရီးပေါ်တွင် အင်းမ နာရေးကူညီမှုအသင်းကိုလည်း ၀င်ရောက်လေ့လာ အားပေး ဖြစ်ခဲ့သည်။ ထို့နောက် သာယာဝတီမြို့ “ငြိမ်းချမ်းရေး ကုသိုလ်ဖြစ်ဆေးခန်းနှင့် နာရေးကူညီမှုအသင်း”သို့ ၀င်ရောက် လေ့လာခဲ့ပြီးနောက် ဆရာစံ ကျဆုံးခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် ကျင်းပရာ သီရိမင်္ဂလာ ကျောင်းတိုက်သို့ ၀င်ရောက်ဖြစ်ခဲ့သည်။ သီရိမင်္ဂလာကျောင်းတိုက်သို့ ၀င်ရောက်ရာ မုဒ်ဦး ကျောက်တိုင် တွင် “ဥုံအရဟံ၊ ဂတိသစ္စာတွေနဲ့ ဂဠုန်သရဏံ ဂစ္ဆာမိတွေဖြင့် ကန်တော့” ဟူသော စာတမ်းအား ချိတ်ဆွဲထားသည်ကို တွေ့မြင်ခဲ့ရသည်။ လွန်ခဲ့သော နှစ် (၈၀) တင်းတင်းကာလ (၁၉၃၁ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက်နေ့)က ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကျွန်သားပေါက်ဘ၀မှ လွတ်မြောက်ဖို့ ကြိုးစားရင်း နယ်ချဲ့အစိုးရလက်တွင်း ကျရောက်အဖမ်းခံရကာ သာယာဝတီထောင်၌ ကြိုးပေးအသတ်ခံ အသက်ပေးခဲ့ ရရှာသော တောင်သူ လယ်သမားအရေးတော်ပုံ ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ ကျေးဇူးတွေကို ဒီကနေ့ မျိုးဆက်တွေက မှတ်မှတ်ရရ ကျေးဇူးဆပ် ဖော်ဆောင်သော အထိမ်းအမှတ်ပွဲ ဖြစ်သည်။ ယင်း ကျောင်းတိုက်အတွင်း အမှတ်တရ ကျောက်စာတိုင် စိုက်ထူခဲ့ကြခြင်းဖြစ်သည်။ ဦးကျော်သူနှင့်အဖွဲ့ ရောက်ရှိသွားချိန်မှာတော့ အဆိုပါ ဆရာစံ ကျဆုံးခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပရေးအဖွဲ့၏ မေတ္တာရပ်ခံ တိုက်တွန်းချက်အရ ဦးကျော်သူက မှတ်မှတ်ရရ စကားပြောကြားရာမှာ “ကျွန်တော်ပြောချင် တာက ကျွန်တော်တို့အားလုံး လူစိတ်မွေးပြီး ကျွန်တော်တို့ ပြည်သူ/သားတွေရော၊ နိုင်ငံတော်အစိုးရကရော ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို လက်ခံလိုက်နာပြီးတော့ ချီတက်သွားမယ် ဆိုရင် အခုလျှောက်လှမ်းနေတဲ့ ဒီမိုကရေစီတိုင်းပြည်ကို အမြန်ဆုံးရောက် ရောက်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဲဒီတော့ ကျွန်တော်တို့ အဓိကလုပ်ကိုင်နေတာက အများပြည်သူကို ကူညီဖေးမပေးဖို့ပါပဲ။ ကျွန်တော်တို့ဟာ တိုင်းပြည်ကို သစ္စာဖောက်နေတဲ့ အဖွဲ့မဟုတ်ဘူး။ အများပြည်သူ ကို ကူညီနေတာဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့ဟာ မသာချပေးတဲ့ကိစ္စကို လုပ်တယ်။ မသာချ ပေးရတာတွေ များလာတော့ ပြန်လည်သုံးသပ်လိုက်တော့ ကျန်းမာရေးချို့ယွင်းမှုတွေကြောင့်က များနေတယ်။ အဲဒီအတွက်ကြောင့် ဆေးဝါးကုသဖို့အတွက် အခမဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းဆိုတာကို ကျွန်တော်တို့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ကြောင့် အခက်အခဲဖြစ်နေသူတွေ နာဂစ်မုန်တိုင်းတို့လို၊ ပခုက္ကူရေဘေးသင့်တာတွေတို့လိုစတဲ့ အခက်အခဲ ဖြစ်နေသူတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပေးပါတယ်။ အခုဆိုရင်လည်း မြစ်ကြီးနားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ တိုင်းရင်းသားအချင်းချင်း တိုက်ကြခိုက်ကြတဲ့ဟာတွေကြောင့် မြေစာပင်ဖြစ်ရတာ တွေလည်းရှိတယ်။ ကျွန်တော်နောက်ဆုံး ပြောချင်တာက ကျွန်တော်တို့အားလုံး လူစိတ်မွေးပြီး လူသားချင်းစာနာစိတ်နဲ့ ကျွန်တော်တို့ချီတက်ရင် ငြိမ်းချမ်းတဲ့တိုင်းပြည်ကို ရောက်မှာပါ။ အရေးကြီးတာက ကိုယ့်ကိုယ်ကို သီလလုံဖို့ဘဲ။ ကိုယ်သီလလုံတယ်ဆိုရင် ကိုယ့်မိသားစုလည်း ငြိမ်းချမ်းမယ်။ ကိုယ့်ရပ်ရွာ လည်း ငြိမ်းချမ်းမယ်။ ကိုယ့်တိုင်းပြည်လည်း ငြိမ်းချမ်းမယ်။ ” ဟု ဦးကျော်သူက ဆရာစံ နှစ် (၈၀)ပြည့် အခမ်းအနားပွဲ၌ ပြောကြားသွားသည်ကို ကြားရသည်။ ယင်း အခမ်းအနားမှာ အသွေးအရောင်စုံသော သူတွေကို လူမှုရေး ပရဟိတသမားတွေကြားထဲမှာ မြင်တွေ့ရသည်။ ဒီပွဲမှာ လူမှုပရဟိတနယ်၊ နိုင်ငံရေး နယ်တို့နှင့်အတူ ရပ်မိရပ်ဖတွေ အားလုံးက ကျွန်တော်တို့တိုင်းပြည်၏ ကျေးဇူးရှင်ကြီး တစ်ဦးဖြစ်သော လယ်သမား ခေါင်းဆောင်ကြီး ဆရာစံကို ဂုဏ်ပြုခဲ့ကြခြင်းဖြစ်၍ ဆီလျော်မှုတော့ရှိပေသည်။ မည်သို့ဆိုစေ ကျွန်တော့်အနေနှင့် ဦးကျော်သူ၏ “ဟိတ် .. ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကြေ၊ ကိုယ့်သီလ … ကိုယ်လုံ၊ ကိုယ့်သမိုင်း … ကိုယ်ရေး .. ဒါဘဲ” ကျော်သူ ဟူသော စာကဗျာကိုပဲ အထူးအမှတ်ရ မိလိုက်သည်။ လူတိုင်းကိုယ်ဆီ ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကြေ၊ ကိုယ့်သီလ … ကိုယ်လုံ၊ ကိုယ့်သမိုင်း … ကိုယ်ရေးကြရမည်သာဖြစ်သည်။ လူမှုပရဟိတ အလုပ်မှာ တစ်ဘ၀လုံးကို ပုံအပ်ထားသူ ဦးကျော်သူမှာ ယုံကြည်ချက်နှင့် ရဲရင့်သူတို့ ထုံးအတိုင်းနှလုံးမူကာ ကိုယ့်သမိုင်း … ကိုယ်ရေးခဲ့ဖို့ ကိုယ့်လမ်း … ကိုယ်သွားမည့်သူဟုသာ ကျွန်တော်ယုံကြည်ထားသည်။ ထို့အတွက်လည်း ခေတ္တရာခရီးမှအပြန် ကိုယ့်လမ်းကိုယ်သွား ဦးကျော်သူ ဟု စာနယ်ဇင်းသမားအနေနှင့် ကျွန်တော်ထပ်မံ တိုက်တွန်းလိုက်မိ သည်။

ယုံကြည်ချက်နှင့်ရဲရင့်သူများသို့ 

ကိုမျိုး (မြန်မာစာ)

၂၈.၁၁.၂၀၁၁

Tuesday, November 29, 2011

0 မြန်မာပြည်က အနုပညာရှင်များ လွတ်လပ်စွာထုတ်ဖေါ်ပြသခွင့် မရှိကြောင်း The Independent မှာ ဝေဖန်

မြန်မာပြည်က အနုပညာရှင်များမှာ လွတ်လပ်စွာထုတ်ဖေါ်ပြသခွင့် မရှိကြောင်း The Independent မှာ ဝေဖန်ထားတာကို ဖတ်ရပါတယ်။ ဥပမာ - ဒါရိုက်တာ ဦးမျိုးဇော်ဆိုရင် ၈၈ ကျောင်းသားတွေအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ အပိတ်ခံရတာ၊ အဆိုတော် ဇေယျာသော်ရဲ့ ထောင်အကြောင်းအင်တာဗျူးမှာ ဆင်ဆာဖြတ်ထားတာ အစရှိသည်။ လောလောဆယ် ဖွင့်ပေးမယောင် အသံထွက်နေတာက ပုံနှိပ်စာများအတွက်သာ ဖြစ်တဲ့အကြောင်း၊ ဒါတောင် စာနယ်ဇင်းသမားအချို့အဆိုအရ လျှို့ဝှက်စွာစောင့်ကြည့်တာကို ခံနေရကြောင်း သိရပါတယ်။

ကျွန်တော့်အမြင်အရ မြန်မာပြည်မှာ အနုပညာရှင်တွေ တော်ရုံတန်ရုံနဲ့ နိုင်ငံရေးလောကထဲ မဝင်ရဲအောင် စစ်အစိုးရက စံနစ်တကျအကွက်ချပြီး စီစဉ်ထားခဲ့တာလို့ ယူဆပါတယ်။ ဥပမာ -ဒီမိုကရစ်တစ်မြန်မာ့အသံက သတင်းထောက် ကိုစည်သူဇေနဲ့ ရွှေသံစဉ်တေးဂီတအဖွဲ့က အဆိုတော်။သီချင်းရေးဆရာ ကိုဝင်းမော်တို့ကို ထောင်ချထားတာတွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးလောကထဲကို မဝင်ရဲအောင် လုပ်လာခဲ့တာ မြင်နိုင်ပါတယ်။ မီဒီယာက လူထုအပေါ်လွှမ်းမိုးမှုရှိတယ်ဆိုတာကို စစ်အစိုးရက ဟိုးအရင်ကတည်းက နားလည်ခဲ့ပြီးဖြစ်မှာပါ။ ဒါကြောင့် ဖန်တီးမှုညံ့ဖျင်းအောင်၊ နိုင်ငံရေးနဲ့စီးပွားရေးမှာ စိတ်ဝင်စားမှု လျော့နည်းအောင် စံနစ်တကျနဲ့ဖျက်ဆီးလာခဲ့တာလို့ ကျွန်တော်မြင်ပါတယ်။ သူတို့အလုပ်မှာ စိတ်ဝင်စားမှုမရှိအောင် လမ်းကြောင်းလွှဲတဲ့စံနစ်ကိုသုံး၊ အရည်အသွေးညံ့ဖျင်းစေမယ့် များများထုတ်၊ များများသုံးဝါဒ consumerism ကို ဆင်ဆာက မသိချင်ယောင်ဆောင်ပြီး ဘုန်းဘောလအောလွှတ်ပေး .. ဒီလိုနည်းတွေနဲ့ ဖျက်ဆီးခဲ့တာလို့ မြင်ပါတယ်။ ၂၀ဝ၉ တုန်းက Myanmar National Football League (MNL)တည်ထောင်ခဲ့ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ပြည်သူတွေ နိုင်ငံရေးနဲ့စီးပွားရေးမှာ အာရုံစိုက်မှုလျော့နည်းလာအောင် လုပ်ဖို့ဖြစ်တယ်လို့ စွပ်စွဲထားတာကို Wikileaks မှာတွေ့ရပြီး The Guardian မှာလည်း အဲဒီအကြောင်းဖတ်ရပါတယ်။ မီဒီယာကို မီဒီယာနဲ့တိုက်မယ်လို့လည်း ကြေငြာခဲ့ဖူးကြောင်း ကြားမိပါတယ်။

အချုပ်အားဖြင့်ပြောရလျှင် မီဒီယာကို စစ်အစိုးရကြောက်တယ်၊ မီဒီယာဖန်တီးမှုတွေမှာ နိုင်ငံရေးနဲ့ စီးပွားရေးအကြောင်း ဦးတည်လာမှာကိုစိုးရိမ်တဲ့ သာဓကတွေရှိခဲ့ပါတယ်။ ဒါကြောင့် လုပ်တဲ့သူတွေကိုဖမ်းခဲ့တယ် .. ရှိပြီးသားမီဒီယာကို မပျက်ပျက်အောင် နည်းမျိုးစုံနဲ့ဖျက်ခဲ့တယ်။ အခု ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါပြီလို့ သမ္မတဦးသိန်းစိန်က ဆိုပါတယ်။ မီဒီယာလွတ်လပ်ခွင့်တွေလည်း ပေးတော့မယောင် အသံကြားနေရပါတယ်။ လောလောဆယ် press media ပိုင်းမှာ လွတ်လပ်ခွင့် အနည်းငယ်ရလာသယောင် မြင်ကြရပါတယ် (ဥပမာ - ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖေါ်ပြရေးသားနိုင်ခြင်း)။ ကျန်တဲ့မီဒီယာများကိုလည်း လွတ်လပ်ခွင့်ပေးစေချင်ပါတယ်။ တစ်လောက ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်များ တွေ့ဆုံဆွေးနွေးတဲ့သတင်း ဖတ်မိလို့ နည်းနည်းတော့ အားတက်မိပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ အနုပညာ၊ မီဒီယာကဏ္ဍကို လွတ်လပ်ခွင့်ပေးမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

ခင်မင်စွာဖြင့်

မောင်သစ်စိမ်း(MMCP)

0 နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုစည်းပြီး စုပေါင်းလက်မှတ်ရေးထိုးပွဲပြုလုပ်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုစည်းပြီး စုပေါင်းလက်မှတ်ရေးထိုးပွဲတခုကို နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ပြည်တွင်းစစ်တွေ ရပ်စဲပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်ပေးဖို့ဆိုတဲ့ လိုအပ်ချက်တွေကို အဓိကထား တောင်းဆိုထားတာပါ။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အားလုံးစုစည်းပြီး အခုလိုလက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။

ဒီလက်မှတ်ရေးထိုးပွဲကို ဘူးသီးတောင်ထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ်ရဲ့ မိခင်ကြီး ကွယ်လွန်ခြင်း ၄ နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ ပြုလုပ်ခဲ့ကြတာလဲ ဖြစ်ပါတယ်။

ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာမှာ ပြုလုပ်တဲ့ ဒီပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်း နဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့က ကျင်းပခဲ့တာဖြစ်ပါတယ်


Burma VJ Media Network

0 (NLD အကျိုးစွန့်အဓိဋ္ဌာန် )-၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအချိန် လမ်းမတော်မြို့နယ် NLD အဖွဲ့မှ တေးသံသွင်းဖြန့်ချီခဲ့သော သမိုင်းဝင်သီချင်း



လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသောကာလ ( ၁၉၉၀ ) ခုနှစ် ရွေးကောက်ပွဲ အချိန် ၊ ဖိနှိပ်မှု ၊ အနှောက်အယှက်ပေးမှု ၊ အဖမ်းအဆီးများ ၊ အခက်အခဲများကြားမှ ... လမ်းမတော်မြို့နယ် NLD အဖွဲ့ မှ တေးသံသွင်း ဖြန့်ချီခဲ့သော သမိုင်းဝင် သီချင်း ။
(NLD အကျိုးစွန့်အဓိဋ္ဌာန် )
ရေး / ဆို ... သားထွေး ။
ယနေ့လူငယ်တို့ကိုသိစေချင်သော တစ်ချိန်က အနုပညာ လှုပ်ရှားမှု သမိုင်းတစ်ခု

minwunna aung

0 တပ်မတော်သာအမိ တပ်မတော်သာအဖဆိုလို့.....

Monday, November 28, 2011

0 ထောင်တွေချဲ့စရာ မလိုအောင် ကျောင်းတွေကို ချဲ့ရမယ်ဆို....


“ ရာဇ၀တ်မှုနဲ့ အကျင့်တရားပျက်ပြားမှုတွေရဲ့ မိဘကတော့ “ဆင်းရဲနွမ်းပါးခြင်း” ဆိုတာပါပဲ။ ”

ဒီစာတန်းလေးကိုဖတ်ဖူးခဲ့တာကြာပါပြီ။ ကျွန်တော်သိပ်ကြိုက်တဲ့ စာတန်းလေးပါ။ ဆင်းရဲနွမ်းပါးခြင်းရဲ့ ဆိုးကျိုးတွေကို ပြော မယ်ဆိုရင်တော့ ပြောလို့ဆုံးမှ မဟုတ်တော့ပါဘူး ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာက ဆင်းရဲနွမ်းပါးမှု့ဒဏ်ကို တော်တော်လေး ခံနေရပါတယ်။ အရွယ်နဲ့ မမျှအောင်ကိုအလုပ်မျိုးစုံတွေလုပ်နေကြရတဲ့ကလေးငယ်တွေအများကြီးရှိနေတယ်။ ကျောင်းနေရမယ့် အရွယ်မှာ ပညာ မသင်ရဘဲ အလုပ်မျိုးစုံလုပ်နေကြရတယ်။ အမှိုက် ကောက်တာ၊ ရေသန့် ဘူးခွံလိုက်ကောက်တာ... စသဖြင့် အရွယ်နဲ့မလိုက်တဲ့အလုပ်ဒါဏ်တွေ၊ ပင်ပန်းမှုဒါဏ်တွေကို ခါးစီးပြီး ခံနေရပါတယ်။ ဒီလူငယ်လေးတွေက ပညာမ သင်ရတဲ့ အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားတွေလည်း ဆုံးရှုံးနေရတယ်။ ငယ်စဉ်အခါ ပညာရှာဆိုတဲ့ စ ကားပုံကို ဆန့်ကျင်ပြီး ပညာရှာတဲ့ အလုပ်ကိုမလုပ်နိုင်ဘဲဝမ်းစာရှာနေကြရတယ်။ ရှင်းရှင်းပြောရရင်တော့အခွင့်အရေးတွေ ဆုံးရှုံးနေတာပါ။မိဘတိုင်းကတော့ကိုယ့်သားသမီးကိုပညာတတ်လေးတွေဖြစ်စေချင်မှာပါ။ ဖြစ်စေချင်ပေမယ့်လည်း ကိုယ် တိုင်ကမှ ဆင်းရဲနုံချာနေတော့ ဒီပညာရေးဘက်ကို မလှည့်နိုင်ဘူး။ အဲဒီတော့သူတို့တစ်တွေမွေးထားတဲ့ကလေးတွေအတွက်ကလေးချင်းယှဉ်လိုက်ရင် အခွင့်အရေးဆုံးရှုံးတယ်။သူများကလေးတွေကျောင်းတတ်နေတဲ့အချိန်မှာဆင်းရဲနွမ်းပါးတဲ့ ကလေးတွေက၀မ်းရေးအတွက်အလုပ်မျိုးစုံလုပ်နေတာကိုမြင်နေတွေ့နေရတယ်။ယှဉ်ပြီး ကြည့်လိုက်မိတဲ့ အခါမှာ တော်တော်လေးစိတ်မကောင်း ဖြစ်ရတယ်။

သူတို့တွေအတွက်ဆိုပြီးကြည့်ရှု့ဆောင့်ရှောက်ပေးမယ့်လူတွေမရှိကြတော့ဘူးလား။ ဒီလူငယ်လေးတွေမှာ ပညာကလည်း မသင်ရ အလုပ်တွေကိုလည်း ပင်ပင်ပန်းပန်းလုပ်ရနဲ့ နောက်ပိုင်း ဘာတွေဖြစ်လာလဲဆို တော့ လွယ်ကူတဲ့ လမ်းလွဲတွေကို ရောက်သွားကြတယ်။ စာရိတ္တပိုင်းတွေပါ ပျက်စီးပြီးအဆုံးတော့လူရာကိုသွင်းလို့မရတော့တဲ့အထိမိုက်ကန်းကုန်ကြတယ်။နောက်ဆုံးပြောချင် တာကတော့ဒီကလေးငယ်တွေဟာလည်းနိုင်ငံရဲ့မျိုးဆက်သစ်ကြယ်ပွင့်လေးတွေပါ။ ကြယ်ပွင့်လေးတွေ ထွန်းလင်းခွင့် မသာတော့တဲ့ အဖြစ် ဆိုး အခြေအနေဆိုးတွေမှာ ရှိနေတယ်။ အနာဂတ်အတွက် အတော်ကို ရင်လေးစရာဖြစ်နေပါပြီ။



တစ်ခါကလက်ရှိနိုင်ငံခေါင်းဆောင်တစ်ယောက်ပြောသွားတာကို တင်ပြပြီး ဆွေးနွေးချင်ပါသေးတယ်။



“ ထောင်ကိုချဲ့စရာမလိုအောင်စာသင်ကျောင်းတွေကိုချဲ့ထွင်ပေးရပါမယ် ” အပြောနဲ့အလုပ်အဟုတ် တည်ရဲ့လားဆိုတာတော့လုပ်နေတဲ့နိုင်ငံခေါင်းဆောင်ကြီးတွေအသိဆုံးနေမှာပါ။ဒီနားလေးမှာ ပြောချင်တာတွေပြောပြမယ်။ ကျောင်းတွေကိုချဲ့ထားပါတယ်။ အနောက်ပိုင်းကလယ်ကွင်းထဲမှာ၊ တာဝကနေပူကျဲတဲထဲမှာ၊ဒဂုံကတော့ရှိပါစေတော့...ချဲ့ထွင်ထားလိုက်တာငွေကုန်ကြေးကျတွေလည်း များလှပါတယ်။ GTC ကျောင်းကြီးတွေမြို့ပြင်မှာအများကြီးဆောက်ပေးထားပါတယ်။ကျောင်းတွေ ချဲ့ထားတယ်ဆိုတဲ့အကြောင်းကိုပြောပြတာပါ။ ဗွေမယူကြပါနဲ့။ ထောင်တွေကလည်း ချဲ့ထားသေးတယ်။တိုင်းနဲ့ပြည်နယ်အသီးသီးမှာနာမည်ကြီးထောင်ကြီးတွေ၊ အန္တရာယ်ဂျောက်ကမ်းပါးက ထောင်ကြီးတွေ ပေါလွန်းလှပါကြောင်း လည်း သိစေအပ်ပါသည်။

ဒီတော့ ထောင်ကိုလည်းချဲ့တယ်။ ကျောင်းကိုလည်း ချဲ့တယ်။ သင့်တော်ပါပေတယ်ဗျာ။ ရှိပြီးသား ကျောင်းတော်ကြီးတွေကတော့ရဲစခန်းဖြစ်၊ကြံ့ဖွတ်ရုံးဖြစ်ဒါကရောဘာသဘောလဲတော့ မဝေဖန်တတ်တော့ပါဘူး။ သိတာတွေပြောရရင်တော့မကျေနပ်ချက်နဲ့ဆန့်ကျင်ဘက်တွေပဲ ဖြစ်နေမှာပေါ့။အေးအေးဆေးဆေးနေ ချင်သေးတဲ့ အတွက် ရှိပါစေလို့ သာ သဘောထားနေရပါတယ်။

ဟုတ်ပြီဗျာ... ကျောင်းတွေ ချဲ့ရုံနဲ့ ပြီးပြီလား?စာသင်ကျောင်းတော့ရှိပြီးသင်ကြားရေးအတွက် လိုအပ်တာတွေကိုတာဝန်ရှိနိုင်ငံခေါင်းဆောင်ကြိးများအနေနဲ့အပြည့်အ၀ကြည့် ရှုထောက်ပံ့နေပါသလား။ ဒီကိစ္စ နဲ့ ပတ်သတ်လို့ ကျွန်တော် စာလေး တစ်ပုဒ်ရေးထားတာရှိ ပြီးသားပါ ။“ကျောင်းကို တီဗွီလာလှူတယ်ဆိုလို့ အဟုတ်များမှတ်လို့ ”တီဗွီကကျောင်းကတီဗွီပါ။သူတို့တွေက ပုံးခွံကိုင်ပြီးဓာတ်ပုံရိုက်သွားကြတယ်။ ညကြတော့သတင်းထဲမှာထည့်ကြေညာတယ်။ ရေးပြီးသားနော်။ အမြည်းလေး ပြန်ပြောပြတာပါ။

နိုင်ငံခြားသားတစ်ဦးကမေးသွားတာလေးကိုလည်းအမှတ်ရနေသေးတယ်ဗျာ။မင်းတို့နိုင်ငံမှာက
“သစ်မှာဆိုလည်းကျွန်း၊ ရတာနာမှာဆိုလည်းပတ္တမြား ၊ ပုလဲ၊ သဘာဝဓာတ်ငွေ့တွေကလည်း ပေါမှပေါ ၊ရေနံတွေလည်းထွက်သေးတယ်။ မင်းတို့ နိုင်ငံချမ်းသာတာပဲ။ မင်းတို့က ဘာလို့မချမ်း သာကြတာလဲ? တဲ့။မှန်တယ်ဟေ့ ဒို့နိုင်ငံကချမ်းသာပါတယ်။ ဆရာတစ်ယောက်ကပြောဘူးတယ်။ဒို့နိုင်ငံမှာဂျိုဒု မရှိဘူးဆိုတာမ၀ယ်နိုင်လို့မဟုတ်ဘူးတဲ့။မ၀ယ်ချင်လို့ပါတဲ့။ဒို့နိုင်ငံရဲ့ဝင်ငွေနဲ့ဂြိုလ်တုတစ်စင်းလောက်ကတော့ပါးပါးလေးပါတဲ့ဗျာ။ မ၀ယ်ချင်တာကလည်း မ၀ယ်ရဲတဲ့ အကြောင်း ရှိမှာပေါ့ ။

ဒို့နိုင်ငံ ချမ်းသာပြီး ဒို့တွေ ဆင်းရဲနေတယ် ဆိုတာကတော့ စဉ်းစားဖို့ လိုလာပြီ။ ဒီတိုင်းပြည်မှာ ဆင်းရဲနွမ်းပါး သူတွေ ပေါများနေတယ်ဆိုတာကို နိုင်ငံတော်ရဲ့ ဖခင် ဆိုတဲ့သူတွေ မိခင်ဆိုတဲ့ သူတွေကရော သိကြရဲ့ လား။ သိကောင်းလောက်ပါရဲ့ နော်။ ဒို့နိုင်ငံကြီး ချမ်းသာပြီး ဒို့လူထု အများစု ဆင်းရဲနေတာကတော့ ဒို့တွေ အသုံး မကျလို့လည်း ဖြစ်ကောင်းပါတယ်။

TV မှာ ထိုင်းနိုင်ငံက ဆူပူမှုအကြောင်းလာနေတော့ ကြည့်နေမိတယ်။ ကျောင်းသားတွေ ဆန္ဒပြနေကြတယ်။ ဒဏ်ရာရသူတွေကလည်းရ ၊ သေတဲ့သူတွေကလည်း သေနေကြရဲ့ဗျာ။ နောက်ဆုံးကြတော့ သမ္မတလောင်း အသစ်ရွေးတာပေါ့။ TV အတူတူထိုင်ကြည့်နေတဲ့ ဘေးနားက တစ်ယောက်က ဘာစကား ပြောလဲဆိုတော့ “ကျောင်းသားတွေ ဘယ်လောက်ပဲ ဆန္ဒပြပြ အာဏာမရပါဘူး” တဲ့ ။ တစ်ခြားတစ်ဦးပဲ ရတာပဲ လို့တောင် ဆက်ပြောလိုက်သေးတယ်။ သူလည်း သူသိသလောက်ပြောတာ ဆိုတော့ အပြစ်မတင်ပါဘူး။

တကယ်သိဖို့ လိုအပ်တာလေးတော့ ပြောချင်တယ်ဗျ။ ကျောင်းသားတွေမှာ ယုံကြည်ချက်တွေရှိတယ်။ ကျောင်းသားတွေ လုပ်နေတဲ့ ဆန္ဒပြမှုတွေဆိုတာလဲ အာဏာသိမ်းဖို့ လုပ်ခဲ့ကြတာ မဟုတ်ဘူးဗျ။ အမှန်မ ဟုတ်တဲ့ လုပ်ရပ်တွေကို ဆန္ဒပြတာ။ လူတိုင်း ကိုယ်စီ တန်းတူရသင့် တဲ့ အခွင့်အရေးတွေကို လိုချင်လို့၊ ရချင် လို့ ဆန္ဒ ပြတာ။ အာဏာကို လိုချင်လို့ ဆန္ဒပြတာမဟုတ်ဘူး။ အာဏာကိုယူတယ်ဆိုတာ အာဏာနဲ့ တန်တဲ့ ပညာ အရည်အချင်းတော့ လိုတယ်။ အားလုံးအလိုရှိနေတာက အမှန်တရားနဲ့ လူအခွင့်အရေးပါ။ အမှန်မ ဟုတ်တဲ့ လုပ်ရပ်တွေလုပ်နေသ၍ တော့ ဆန္ဒပြမှုတွေ ကလည်း လုပ်ဆောင်နေကြရမှာပဲ ။

လူ့အခွင့်အရေး တွေ ရရှိပြီး ဆင်းရဲနွမ်းပါးခြင်း ကင်းတဲ့ မြန်မာပြည်ကြီး ဖြစ်နိုင်ပါစေ......

စိန်ခေါ်သူ
So Min Oo Facebook

0 ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်ပြောတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်အပေါ်ယံသကာဖုံးထားတဲ့ ဟန်ပြပြောင်းလဲမှုများ

american -Burma by dawmanhon
မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ ဆက်ဆံရေး တိုးတက်လာတဲ့ ကိစ္စနဲ့ နောက်ဆုံး ပေါ်ထွက်လာတဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေ အကြောင်းကို အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ်မှာ အခြေစိုက်နေထိုင်ကြတဲ့ ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်၊ မြန်မာ့အရေး လေ့လာသူ RFA ပင်တိုင်ဆောင်းပါးရှင် ဦးအောင်မိုးဝင်းနဲ့ CFOB ကနေဒါ-မြန်မာ မိတ်ဆွေများအသင်း ညွန်ကြားရေးမှူး ဦးတင်မောင်ထူးတို့ ဖြစ်ပါတယ်။
(RFA)

1 မြန်မာပြည်မှ လွဲမှားသော အချက်ပြမှုများ

(Inida Times မှ False signals in Myanmar ကို yangonchronicle 2011ဘာသာပြန်ဆိုသည်)

အကယ်၍ ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာ ၅၀ စလုံး NLD အနိုင်ရရှိသည့်တိုင် ကျန်ရှိသော အမတ်နေရာ ၆၀၀ မှာ အစိုးရလိုလားသူများဖြစ်ရာ NLD အပေါ် အသာတကြည်ထိန်းချုပ်နိုင်လိမ့်မည်ဟူသော သဘောမျိုးဖြင့် စစ်ဗိုလ်ချုပ်ကြီးများက လောင်းကြေးထပ်နေခြင်းဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလ၊ အမျိုးသားဒီမိုကရေစီပါတီ(NLD) ဒီမိုကရေစီရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံရေးအာဏာရရှိမည့် အနေအထားသို့ အနည်းငယ် နီးကပ်သွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သည့်တိုင် အစိုးရက သူမကိုအာဏာလွှဲပြောင်းပေးမှုမပြုရုံသာမက နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်း ၁၅ နှစ်ကျော်တာမျှ ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။ မဆုတ်မနစ်သော စူးစိုက်မှု၊ အကြမ်းမဖက်သော နည်းလမ်းကို ခိုင်ခိုင်မာမာကျင့်သုံးမှု၊ ဂုဏ်ယူစရာကောင်းလောက်အောင် ခေါင်းမာတတ်မှု အစရှိသည်တို့က စစ်ဗိုလ်ချုပ်ကြီးများအား ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်လာအောင် လမ်းဖွင့်ပေး လိုက်ရ သည့် အခြေအနေသို့ တွန်းပို့ခဲ့သည်။ သို့သော် မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ပုံစံတစ်မျိုးဖြင့် အာဏာကိုဆက်လက်ထိန်းသိမ်းနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် လမ်းဖွင့်ပေးခြင်းဖြစ်သည်။

အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည်သည် သူမအပေါ် နိုင်ငံရေးအရ အသာစီးရရန် လှည့်ကွက်မျိုးစုံဖြင့် ဗျူဟာခင်းခဲ့သူများက ဒီဇိုင်းဆင်ထား သော နိုင်ငံရေးဖြစ်စဉ်ထဲသို့ပူးပေါင်းဝင်ရောက်လိုက်ခြင်းသာဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် ပြုပြင်ပြောင်းလဲရေးအတွက် အလေးအနက်ထားလျက် ရှိပါသည်ဟူသော စစ်ဗိုလ်ချုပ်ကြီးများ၏ ပြောဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်က လက်သင့်ခံလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ရှေ့ဆက်လျှောက်ရမည့်လမ်းကြောင်းမှာမရေရာမသေချာမှုများစွာကျန်ရှိနေပါသည်။ စစ်ဗိုလ်ချုပ်ကြီးများက နိုင်ငံရေး အာဏာကို စွန့်လွှတ်ပြီး ၎င်းတို့စိတ်တိုင်းကျ အရပ်သားအစိုးရတစ်ရပ်ကို အာဏာ လွှဲပြောင်းပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ဥပဒေများပြင်ဆင်ရေးဆွဲပေးခြင်းတို့ ပြုလုပ်ထားသည့်တိုင် ၎င်းတို့အပေါ်သံသယများ ဆက်လက်ရှိနေ ကြဆဲပင် ဖြစ်သည်။ အမှန်အတိုင်းပြောရမည်ဆိုပါက ၎င်းတို့သည် အာဏာကိုဆက်လက်ရယူထိန်းသိမ်းထားဆဲပင်ဖြစ်သည်။ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာမည့် လွတ်လပ်သောကော်မရှင်တစ်ရပ် ဖွဲ့စည်းခွင့်မပြုသေးသလို နိုင်ငံရေးအကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးခြင်းမရှိသေးပေ။

မိမိကိုယ်ကိုယ်မိမိ သမ္မတဟုသတ်မှတ်ထားသူမှာလည်း ယခင်က ဗိုလ်ချုပ်ဟောင်းတစ်ဦးပင်ဖြစ်သည်။ မှန်ပါသည်။ စွယ်စုံရအနုပညာရှင်နှင့် ဟာသ ပညာရှင် ဇာဂနာအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက်ကို လွှတ်ပေးလိုက်ပြီဖြစ်သည့်တိုင် ထောင်တွင်း၌ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံ ထားရ သော နိုင်ငံရေးအကျဉ်းသား ၉ ဆမျှကျန်ရှိနေသေးသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းကြီးကို ရပ်ဆိုင်းပေးလိုက်သည့်တိုင် တရုတ်နိုင်ငံကတာဝန်ယူတည်ဆောက်မည့် ရေလှောင်တမံစီမံကိန်းများစွာမှာ ဆက်လက်အကောင် အထည် ဖော်နေဆဲပင်ဖြစ်သည်။ ဤနေရာတွင် အကြောင်းကိစ္စနှစ်ရပ်ကိုပြန်လည်အမှတ်ရမိသည်။ ယင်းမှာ မြန်မာအစိုးရသည် နာဂစ်ဆိုက်ကလုန်း ဝင်ရောက် တိုက်ခတ်ခဲ့စဉ်က နိုင်ငံတကာအသိုင်းအဝိုင်းက ပေးသည့် ကယ်ဆယ်ရေးနှင့် နေရာချထားရေး အကူအညီများကို ငြင်းပယ်ခဲ့သည့် အစိုးရအဖွဲ့ ဖြစ်ပြီး အစိုးရတပ်များဟူသည် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် သံဃာတော်များကို ရိုက်နှက်ဖြိုခွင်းရာ၌ လက်မရွံ့ကြသည့် လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည် ဟူသောအချက်တို့ပင်ဖြစ်သည်။

ယခုကြားဖြတ်ရွေးကောက်ပွဲကိုကြည့်လျှင်လည်း အမတ်နေရာပေါင်း ၆၆၄ နေရာရှိသည့် လွှတ်တော်တွင်း လစ်လပ်သည့်နေရာမှာ ၅၀ မျှသာဖြစ်ရာ အကယ်၍ NLD သာနေရာစီ အနိုင်ရရှိမည်ဆိုသော်မှ အသေးအဖွဲမျှသာဖြစ်သည့် အောင်မြင်မှုသာဖြစ်ပါလိမ့်မည်။

သို့ဆိုပါက ယင်းဖြစ်ရပ်များသည် အမူအယာပြမှုသာဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများမဟုတ်ပေ။ ပြည်သူလူထု၏ အခွင့်အရေးကို ဗန်းပြပြီး စစ်ဗိုလ်ချုပ် ကြီးများ အတွက် အခွင့်ထူးများကိုဖန်တီးပေးနေခြင်းသာ ဖြစ်သည်။ သို့အတွက်ကြောင့် ယခုအချိန်သည် အိန္ဒိယနိုင်ငံအနေဖြင့် သမိုင်း၏အမှန်တရားဘက်မှ ထွက်ရပ်သင့်သည့် အချိန်ပင် ဖြစ်သည်။ အကြောင်းမှာ အိန္ဒိယ၏ ဧရာမပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံမှာ စစ်ဗိုလ်ချုပ်ကြီးများကြီးစိုးရာ မြန်မာပြည်၌ ရင်းနှီး မြှုပ်နှံမှုများ အဆမတန်ပြုလုပ်ထားပြီးဖြစ်သောကြောင့်ပင်။ အိန္ဒိယဟူသည် မြန်မာအတိုက်အခံများအနေဖြင့် အသံလွှင့်အစီအစဉ်များ ပြုလုပ်ခွင့်ပေးခဲ့သော နိုင်ငံတစ်ခုဖြစ်ရုံသာမက ဒေါ်အောင်ဆန်းစုကြည်ကို International Understanding ဟူသောအခေါင်းစဉ်ဖြင့် Jawaharalal Nehru Award ဆုချီးမြှင့် ပေးခဲ့သော နိုင်ငံလည်းဖြစ်ခဲ့သည်။

အတိတ်ကာလကိုကြည့်လျှင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်ပင် အိန္ဒိယ၌ ပြည်ပြေးဘဝဖြင့် နေထိုင်ခဲ့ဖူးသည်။ ‘Freedom from Fear’ ဟူသောခေါင်းစဉ်ဖြင့် သူမရေးသားခဲ့သော စာအုပ်တွင် ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးခေတ်ကာလအတွင်း အိန္ဒိယနှင့် မြန်မာနိုင်ငံမှ လွတ်လပ်ရေး ကြိုးပမ်းသူများ အမြင်ချင်း ဖလှယ်ခဲ့ကြပုံကို လှပသေသပ်စွာရေးသားဖော်ကျူးထားသလို ဗြိတိသျှအုပ်ချုပ်ရေးစနစ်ဆန့်ကျင်ရေးတွင် မည်မျှ အတိုင်းအတာ အထိ ညီညွတ်ခဲ့ကြပုံကိုလည်း ဖော်ပြထားသည်။

သို့သော် အိန္ဒိယသည် ၁၉၉၃ နောက်ပိုင်းကာလမှစ၍ မြန်မာ့အတိုက်အခံအင်အားစုများအပေါ် ကျောထောက်နောက်ခံပေးမှုများကို စွန့်လွှတ်ကာ မြန်မာနိုင်ငံမှ သဘာဝရင်းမြစ်များရရှိရေးအတွက် စစ်အစိုးရနှင့် အပေးအယူများပြုလုပ်လာသည်။ အကျိုးအမြတ်အားဖြင့် စစ်အစိုးရက အိန္ဒိယပြည် အရှေ့မြောက်ပိုင်းဒေသတွင် ခိုလှုံနေထိုင်လျက်ရှိသော သူပုန်များကိုရှင်းလင်းပေးမည်ဟု ကတိကဝတ်များပေးလာခဲ့သည်။ သို့သော် အိန္ဒိယအနေဖြင့် မြန်မာ စစ်အာဏာရှင်များ မိမိဘက်သို့စိတ်ပါလက်ပါဖြစ်လာအောင် လုပ်ကိုင်ရာတွင် တရုတ်နိုင်ငံကို လိုက်မမီနိုင်သေးပေ။

နိုင်ငံတကာ အသိုင်းအဝိုင်းဟူသည်မှာလည်း မြန်မာနိုင်ငံမှ လက်တစ်ဆုပ်စာမျှသော လုပ်ကိုင်ဆောင်ရွက်မှုများ ရရှိနိုင်ရေးအတွက် စောင့်ဆိုင်းနေ နိုင်မည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် လွန်စွာပေါများသော အလုပ်သမားအင်အားစု၊ သစ်တောသံယံဇာတများရှိသလို သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်နိုင်ရေး အတွက် အလားအလာကောင်းများရှိနေသည်။

လူ့အခွင့်အရေးအုပ်စုများကမူ မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် စီးပွားရေးလုပ်မည့် ကုမ္ပဏီများကိုပစ်မှတ်ထားကာ ကန့်ကွက်လှုံ့ဆော်မှုများ လုပ် ဆောင်လျက်ရှိသည်။ ၎င်းတို့ကြောင့် ကုမ္ပဏီအတော်များများမှာ မြန်မာ့စီးပွားရေးလောကမှ နုတ်ထွက်သွားကြရသလို အချို့မှာလည်း ဖျက်သိမ်းလိုက်ကြရ သည်။ လက်ရှိမြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ကိုင်လျက် ရှိသော ကုမ္ပဏီများကိုကြည့်ပါက ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် အခြားသော အာရှနိုင်ငံများမှ ဖြစ်သည်ကို တွေ့ရလိမ့်မည်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ယခု ၂၀၁၁ ခုနှစ်အတွင်း ပြည်သူလူထု၏ ဝေဖန်ပြောဆိုမှုများအပေါ် အနည်းငယ် လိုက်လျောမှုပြုလာပြီး အာဏာကို မရမကဖက်တွယ်ထားသည်။ စေ့စပ်ဆွေးနွေးသူအချို့မှာ ၎င်းတို့၏ လုပ်ရပ်များကြောင့် များစွာ စိတ်ပျက်အားလျော့လျက်ရှိသည်။ အချို့ကမူ စစ်ဗိုလ်ချုပ် ကြီးများနှင့် စေ့စပ်ညှိနှိုင်းမှုပြုပြီး ဆင်းရဲသား လူတန်းစားများအတွက် လုပ်ကိုင်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံကြသည်။ NLD ပါတီဝင် ဟောင်း အချို့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် လမ်းခွဲသွားကြပြီး အချို့က မြန်မာနိုင်ငံတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ရှင်သန်လာရေး အတွက် ဆော်သြကြသည်။ လတ်တလောအခင်းအကျင်းကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်မှာ ဗိုလ်ချုပ်ကြီးများအတွက် ပြိုင်ဘက်ရန်သူဖြစ်နေသည့်တိုင် မြန်မာ့နိုင်ငံရေး၏ သားကောင်တစ်ဦးသဖွယ်ဖြစ်နေသည်။

အကယ်၍ ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာ ၅၀ စလုံး NLD အနိုင်ရရှိသည့်တိုင် ကျန်ရှိသော အမတ်နေရာ ၆၀၀ မှာ အစိုးရလိုလားသူများဖြစ်ရာ NLD အပေါ် အသာတကြည်ထိန်းချုပ်နိုင်လိမ့်မည်ဟူသော သဘောမျိုးဖြင့် စစ်ဗိုလ်ချုပ်ကြီးများက လောင်းကြေးထပ်နေခြင်းဖြစ်သည်။ အမှန်စင်စစ်ဆိုပါက လွှတ်တော်ထဲတွင် ဒေါ်အောင်ဆန်းစုကြည် ရှိပြီး မြန်မာနိုင်ငံတော်သစ် တစ်ခုဖြစ်ပေါ်လာပြီဟူသော ပုံစံမျိုးကို စစ်ဗိုလ်ချုပ်ကြီးများက ခင်းကျင်းပြသလိုကြ ခြင်းသာ ဖြစ်သည်။ “လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ရရှိသည်။ ဒီမိုကရေစီ စနစ်လည်း ထွန်းကားနေပြီ” ဟူသည့်သဘောမျိုး ပေါ်လွင် လာအောင် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဆိုလျှင် ပို၍မှန်ပေမည်။ လက်ရှိ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ ‘စံ’ ထားနေသည်မှာ ဗိုလ်ချုပ်ကြီး ဆူဟာတိုလက်ထက် အင်ဒိုနီးရှား နိုင်ငံမျိုး ဖြစ်ဟန်ရှိသည်။ သို့သော် ဗိုလ်ချုပ်ကြီးဆူဟာတို ဂျကာတာအစိုးရတွင် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံမျိုး၊ မီခေးလ်ဂိုဘာချော့ ဆိုဗီယက် ယူနီယံတွင် ရခဲ့သည့်အတွေ့အကြုံမျိုး၊ အာဏာရှင် FW de Klerk အနေဖြင့် နယ်လ်ဆင်မင်ဒဲလားနှင့် စေ့စပ်ညှိနှိုင်းမှုပြုလုပ်ရာမှ ရရှိခဲ့သော အတွေ့အကြုံမျိုးအရဆိုပါက နောက်ကြောင်းပြန်လှည့်ရိုး ထုံးစံမရှိသည်ကို တွေ့ရပေလိမ့်မည်ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.