Saturday, December 3, 2011

0 အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် လူမှုအဖွဲ့စည်းကဏ္ဍအစုံကပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးခဲ့



Photo..http://govne.ws/
ဒီကနေ့နေ့လည် ၁၂ နာရီခွဲအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် လူမှုအဖွဲ့စည်းကဏ္ဍအစုံကပုဂ္ဂိုလ်တွေ အမေရိကန်သံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ရွှေညဝါ ဆရာတော်၊ဆရာ မောင်ဝံသ ၊ ဒေါက်တာ နေဝင်းမောင် ၊ ကိုဇာဂနာ ၊ ကိုဇေယျာသော် ၊ ကိုမျိုးရန်နောင်သိန်း ၊ မရွှေဇီးကွက် ၊ မဖြူဖြူသင်း ၊ မဇင်မာအောင် ၊ မလှလှမိုး တို့ ပါဝင် ဆွေးနွေးခဲ့ကြတာပါ။ဆွေးနွေးပွဲကို နေ့လည် ၂ နာရီမှာ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ မဖြူဖြုသင်း ( HIV/ ADIS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံ)ကို ဘားမားဗီဂျေမှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး - အမတို့ ဒီကနေ့နေ့လည် ၁၂ နာရီခွဲအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ကဏ္ဍအစုံက လူတွေ ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဘယ်သူတွေ ပါဝင်လဲဆိုတာ ပြောပြပေးပါ။

ဖြေ - အားလုံး ၁၀ ဦးပေါ့။ကိုဇာဂနာ၊ကရင်အမျိုးသမီးအဖွဲ့က မလှလှမိုး၊ နေဝင်းမောင်၊ ကိုမျိုးရန်နောင်သိန်း၊ မရွှေဇီးကွက်၊ ဆရာ မောင်ဝံသ၊ မဇင်မာအောင်၊ ကိုဇေယျာသော် ၊ ရွှေညဝါ ဆရာတော် ၊ ကျမရယ် ၁၀ယောက်ပေါ့ အားလုံး။

မေး - ဘာတွေဆွေးနွေးဖြစ်တယ်ဆိုတာ ပြောပြပေးပါ။

ဖြေ - အားလုံးကတော့ ကဏ္ဍအလိုက်ပေါ့။ ဒေါက်တာ နေဝင်းမောင် ဆို ပညာရေး၊ ကိုဇာဂနာ ဆို political အကျဉ်းသားကိစ္စတွေ အဲလိုသူ့ကဏ္ဍအလိုက် ဆွေးနွေးဖြစ်ကြတယ်။ သူမသိတာတွေ၊ သူ မရှင်းတာတွေ ပြန်မေးတယ်။ အဲလိုပုံစံမျိုးပါပဲ ။

မေး - အမ အနေနဲ့ကော ဘယ်လိုမျိုး ဝင်ဆွေးနွေးလဲ ။
ဖြေ - ကျမကတော့ အခုလုပ်ကိုင်နေတဲ့ HIV ကိစ္စတွေကို ပြောဖြစ်တယ်။

မေး - အဲ့အပေါ်ကော ဟီလာရီ ကလင်တန်က ဘယ်လိုမျိုး ပြန်လည်ပြောကြားပေးလဲခင်ဗျ။
ဖြေ - အဓိကတော့ သူပြောကြားတာတွေကို မှတ်သားထားတယ်။ နောက်ပြီး သူ မရှင်းတာတွေကို ပြန်မေးတယ်။ အဓိကကတော့ ဒီအဖမ်းဆီးခံနေရတဲ့လူတွေထဲမှာElectronicအက်ဥပဒေနဲ့ နှစ်(၆၀)လောက်ကျထားတဲ့ကိစ္စမျိုးတွေ။နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဆရာ မောင်ဝံသ က ပြောတယ်။မီဒီယာသမားတွေ အဖမ်းဆီးခံထားတာတွေကို လွှတ်ပေးဖို့ ကိစ္စတွေကို ပြောတော့ အကျဉ်းသားတွေ အားလုံး လွတ်မြောက်လာဖို့ သူတို့ မျှော်လင့်တယ်။ သူတို့ကြိုးစားတယ်။ နောက်ပြီးတော့ အားလုံးကတော့ သူတို့ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြတာပါ။ တချို့ထောင်တွေထဲမှာ ဘယ်လိုမျိုး အရေးယူသလဲ။ ဘယ်လိုနေရသလဲ အဲလိုမျိုးတွေကို သူသိချင်တာလေးတွေ မေးပါတယ်။

မေး - အခုဆွေးနွေးတဲ့အထဲမှာကော ထူးခြားတာမျိုးရှိလား။

ဖြေ - ထူးခြားတာတော့ အဓိကကတော့ ကဏ္ဍပေါင်းစုံ အမြင်ပေါင်းစုံ ဆွေးနွေးခဲ့ကြတဲ့အတွက် တော်တော်လေးကို ကောင်းပါတယ်။

မေး - အခုလိုတွေ့ဆုံဖြစ်တဲ့အပေါ် အမရဲ့  သဘောထားအမြင်လေးပြောပေးပါ။

ဖြေ - အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးလာတယ် ။ လာတယ်ဆိုတော့ ဘာပဲပြောပြော ကျမတို့နိုင်ငံက ဒီမိုကရေစီစနစ်ကို ဦးတည်နေတယ်ဆိုပေမယ့် ဒီမိုကရေစီအစစ်ကို မရသေးဘူး။ ဒီအမေရိကန်နိုင်ငံကနေပြီးတော့ ဒီမိုကရေစီ အင်အားကြီးနိုင်ငံတစ်နိုင်ငံက လာတယ်။ ပြီးတော့ ကျမတို့ မြန်မာပြည်ရေးအတွက် ရှေ့ဆက်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးလိမ့်မယ်လို့လဲ မျှော်လင့်တယ်။ နောက်ရှေ့ဆက်အလားအလာတွေလဲ ပိုပြီးကောင်းမွန်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

By ဇာဏီ (Burma VJ Media Network)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.