Sunday, November 27, 2011

0 ဖဲကြိုးဖြူနေ့(သို့)ကမ္ဘာ့အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် နိင်ငံရေးအကျဉ်းသူများပုံပါ ပို့စကဒ်များ လိုက်လံဝေငှ



(၂၅.၁၁.၂၀၁၁) နေ့လည်၁နာရီမှစတင်၍ မြောက်ဥက္ကလာ၊ဗဟန်း၊တာမွေနဲ့၊ရွှေဂုံတိုင်ရုံးချုပ်သွားရာ လမ်းတစ်လျှောက် ဗမာ့ကျောင်းသားလူငယ်များမှဒီမိုကရေစီအင်းအားစုများနှင့် ပူးပေါင်းကာ ၂၅.၁၁.၂၀၁၁ ရက်နေ့ကျရောက်သော ကမ္ဘာ့အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိင်ငံရေးအကျဉ်းသူများပုံပါ ပို့စကဒ်များ လိုက်လံဝေငှ ၍ စတေကာများ ဘက်စ်ကားများပေါ်နှင့် လမ်းတစ်လျှောက် ဓာတ်တိုင်များ လူမြင်ကွင်းများတွင်လိုက်လံ ဖြော်ပခြင်းများလုပ်ဆောင်ခဲ့ကြပါသည်။
.............................................................................................................
ပြီး ခဲ့​တဲ့​နိုဝင်ဘာ ၁၉ ရက် ညပိုင်း​က ဘာလီမှာ​ရောက်​နေတဲ့​သမ္မတ ဦး​သိန်း​စိန်မှ မြန်မာသတင်း​ထောက်​တွေကို သီး​သန့်သတင်း​စာရှင်း​ပွဲတခု လုပ်​ပေး​ခဲ့​ပါတယ်။
ယုံကြည်ချက် ကြောင့်​အကျဉ်း​ကျ​နေသူ​တွေကို ထပ်လွှတ်​ပေး​မလား​လို့​မေး​တာကို ဖြေပုံက ရှင်း​ပါတယ်။ သူ့စကား​လုံး​အတိအကျဆိုရင် ယုံကြည်ချက်​ကြောင့်​ဆိုတဲ့​ဟာက​တော့​ပြောရမှာခက်တယ်။ ကျ​နော်တို့က ယုံကြည်ချက် ဆိုတာက​တော့​လက်မခံဘူး​။ ဥပ​ဒေတခုခုကို ကျူး​လွန်ထား​တဲ့​အတွက်​ကြောင့်​ ကျ​နော်တို့က ဒါ အ​ရေး​ယူထား​တာဖြစ်ပါတယ်။ သူ့လိုပဲ ပြစ်မှု ကျူး​လွန်ထား​တဲ့​သူ​တွေလည်း အကျဉ်း​ထောင်ထဲမှာ အများ​ကြီး​ရှိတယ်။ ဒီအဖွဲ့အတွက်ပဲ ခင်ဗျား​တို့ပြောမယ်ဆိုရင် ကျန်တဲ့​အဖွဲ့တွေအတွက်ပါ ခင်ဗျား​တို့ ကိုယ်ချင်း​မစာနာရာ ကျမယ် ဆိုပြီး​ဖြေသွား​ပါတယ်။
ဟုတ်ကဲ့...သမ္မတကြီးအဖြေကို ဖြည့်စွတ်မေးခွင့်ရချင်ပါတယ်။ကျန်အကျဉ်းသားတွေကို မစာနာရာ မရောက်အောင် တွေးဖြေပေးခဲ့တဲ့ သမ္မတကြီးခင်ဗျား....၂၆.၁၀.၂၀၁၁ရက်နေ့မှစတင်ပြီး သာမာန်အကျဉ်းသားတွေသာ လျော့ရက်ခံစားရပြီး ယုံကြည်ချက်ကြောင့် အကျဉ်းစံနိင်ငံရေးသမားများ လျော့ရက်မရရှိခြင်းအတွက် အစာငတ်ခံ တောင်းဆိုသူများအရေး အော်...သူတို့လဲ ပြစ်မှုတစ်ခုခုကို ကျူးလွန်၍ အရေးယူခံနေသူများပေပဲဟု သာမာန်အကျဉ်းသားများကဲ့သို့ ကိုယ်ချင်းစာ လျော့ရက်ပေး လိုက်လျောရမည့်အစား....
မည်သည့်အကြောင်းကြောင့် ရေဖြတ်ခဲ့ပါသနည်း....
မည်သည့်အတွက်ကြောင့် တိုက်ပိတ်ခဲ့ပါသနည်း...
မည်သည့်အရေးကြောင့် ထောင်ဝင်စာပိတ်ခဲ့ပါသနည်း...
ယနေ့ ကျရောက်သော ကမ္ဘာအမျိုးသမီးများအကြမ်းဖတ်မှု ပပျောက်ရေးနေ့ တွင် သမ္မတကြီးအား သိစေလိုသည်မှာ...မြန်မာနိင်ငံ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျစံနေရသူ အကျဉ်းသူများနှင့် တစ်ကွ နိင်ငံရေးအကျဉ်းသားအားလုံးသည် ဥပဒေ၏အကြမ်းဖတ်ခံ နေရသူများဖြစ်၍ ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသူများ ဖြစ်ကြောင်း သမ္မတကြီးမှပီပီပြင်ပြင် လက်ခံပြောကြားပေးစေလိုပါသည်။
ဝလုံး -ကျောင်းသားလူငယ်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.