Saturday, November 26, 2011

0 မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆာင်ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်များတွေ့ဆုံပွဲ


မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆာင်ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွင်းက ဂီတအနုပညာရှင် တွေ နဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ဆုံသွားခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ ညနေ ၃ နာရီကနေ ညနေ ၅ နာရီထိတွေ့ဆုံသွားခဲ့တာပါ။

အဲဒီလိုတွေ့ဆုံရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ဂီတအနုပညာရှင်တွေအနေနဲ့ ပါဝင်ကူညီဖို့ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းသွားခဲ့တယ်လို့သိရပါတယ်။

တွေ့ဆုံပွဲကို နာမည်ကြီးအနုပညာရှင်အဆိုတော်တွေ တေးရေးဆရာတွေ တီးဝိုင်းတွေ စတူဒီယိုတွေ အပါအ၀င် ဂီတအနုပညာရှင်စုစုပေါင်း ၇၀ လောက်တက်ရောက်လာခဲ့ကြပါတယ်။

ခရီးလွန်နေတဲ့တစ်ချို့တီးဝိုင်းတွေကတော့ ဒီတွေ့ဆုံပွဲကို မလာရောက်နိုင်ပဲဖြစ်ခဲ့ရတယ်လို့သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ အသုံးပြုမယ့်တေးသီးချင်းအတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဂီတအနုပညာရှင်တွေ အခုလိုတွေ့ဆုံတာလည်းဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲအတွင်း နိုဝင်ဘာလ ၂၁ ရက်နေ့က ပညာရေးကွန်ယတ် ရံပုံငွေဈေးရောင်းပွဲတော်မှာ ပါဝင်ကူညီခဲ့ကြတဲ့အနုပညာရှင်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကားပြေားကြားခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံက အနုပညာရှင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်လုပ်ဆောင်တဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အားတက်သရော ပါဝင်ကူညီလုပ်ဆောင်လာတာကို တွေ့မြင်ရတာလည်း ဖြစ်ပါတယ်။
အဲဒီလိုပဲ အနုပညာလုပ်ငန်းတွေ အရင်ကထက်ပိုမိုပွင့်လင်းလာဖို့ ရုပ်ရှင်အနုပညာရှင်တွေနဲ့ ဒါရိုက်တာတွေ စုပေါင်းပြီး လက်ရှိမြန်မာနိုင်ငံရဲ့ဆင်ဆာမူဝါဒတွေကို ပြောင်းလဲဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ ရသတ်တပတ်အတွင်းမှာပြုလုပ်ခဲ့ကြပါသေးတယ်ခင်ဗျာ။

Burma VJ Media Network

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.