ထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ နဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် စုပေါင်းမေတ္တာပို့ ဆုတောင်းပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းမှာ စုပေါင်းပြီး ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာ နိုဝင်ဘာလ ၂၀ရက်နေ့ ညနေ ၅နာရီခွဲက စတင်ပြုလုပ်ခဲ့ပါတယ်။ တက်ရောက်လာသူ ပရိတ်သတ် နှစ်ရာခန့် က အောင်သပြေပန်းများနှင့် ဖယောင်းတိုင်များကိုင်ပြီး နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့ နဲ့ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဆုတောင်း မေတ္တာပို့ ခဲ့ကြပြီး ဘုရားဖူးပြည်သူအများအပြားကလည်း လာရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ သိရပါတယ်။
ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ကျောင်းသားခေါင်းဆောင်တွေကို နယ်ထောင်တွေက အင်းစိန်ထောင်ကို ပြောင်းရွေ့ တာ၊အခြားထောင်တွေကို ပြောင်းရွေ တာတွေ ကို ဒီရက်ပိုင်းမှာ ပြုလုပ်ခဲ့ပေမယ့် လက်ရှိမြန်မာအစိုးရသမ္မတ ဦးသိန်းစိန်က ဘာလီမှာ မီဒီယာတွေကို ပြောကြားစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ရာဇ၀တ်သားတွေနဲ့ နှိုင်းယှဉ်ပြောခဲ့လို့  နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာနိုင်မှုအပေါ်မှာလည်း အများက စိုးရိမ်သံသယဖြင့် စောင့်ကြည့်နေကြပါတယ်။ အခုလို ဆုတောင်းဝတ်ပြုပွဲတွေကို မြန်မာနိုင်ငံ နေရာအနှံ့မှာ ပြလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
Burma VJ Media Network



0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်