Saturday, December 29, 2012

4 ကျေးဇူးဆပ်သော အလှစစ်ပိုင်ရှင်






နာရေးရှင် ခံစားနေရသော ပူဆွေးသောက ဝေဒနာတို့ကို ဖေးမကူညီရန် မြန်မာနိုင်ငံကိုယ်စားပြု (Miss Interational 2012) နန်းခင်ဇေယျာသည် မြောက်ဒဂုံမြို့နယ်၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂-ရပ်ကွက်သို့ နာရေးကိစ္စများအားကူညီရန် ဒုတိယအကြိမ် ရောက်ရှိလာခဲ့သည်။ ရင်ဖုန်းအင်္ကျီအဖြူနှင့် လုံချည်အနက်အား ဝတ်ဆင်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဧည့်အသင်းသူ/သားများချိတ်ဆွဲ လေ့ရှိသော အသင်းတံဆိပ်နှင့် ဈာပန-ဧည့်အသင်းသားကဒ်အား လည်ပင်းတွင် ချိတ်ဆွဲလျှက် ဈာပန လမ်းကြောင်းလိုက်ရန် ၂၄.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီချိန်ကတည်းက အသင်းကြီး၏ ဈာပန ဋ္ဌာန၌အသင့်တက်ကြွစွာ ရောက်နှင့်နေပြီဖြစ်သည်။ နန်းခင်ဇေယျာသည် ၂.၁၂.၂ဝ၁၂ ရက်နေ့ကလည်း ပထမဦးဆုံးအကြိမ် ယခုကဲ့သို့ နာရေးကူညီမှုလမ်းကြောင်း (၂) ကြောင်းအား လိုက်လံပို့ဆောင် ကူညီ သင်္ဂြိုလ်ပေးခဲ့ဖူးသည်။

နံနက် (၁ဝးဝဝ) နာရီ စတင်ထွက်ခွါပြီး နိဗ္ဗာန်ယာဉ်ပေါ်သို့ရောက်သည်နှင့် နန်းခင်ဇေယျာသည် သူမ၏ လက်ကိုင်ဖုန်းအား ဖုန်းသံမမြည်ရန် (Silence) လုပ်လိုက်သည်။ ယခုအချိန်လောက် အရေးကြီး သော

2 ကွင်းလုံးပြည့်လျှံ မော်လမြိုင် ဇာဂနာ ရဲ့ဟောပြောပွဲ


အဖေ တစ်ယောက်နဲ့ ၅ နှစ်အရွယ် သားတစ်ယောက်လက်ဖက်ရည်ဆိုင်ထိုင်ပြီး သားက“ အဖေနိုင်ငံရေးဆိုတာဘာလဲ” ဆိုပြီးမေးတော့ အဖေက“ အဖေက တစ်အိမ်လုံးစားဖို့နေဖို့အတွက် ရှာရဖွေရဆိုတော့ အရင်းရှင်ပေါ့၊မင်းအမေက ရှာဖွေသမျှကို သိမ်းဆည်း၊ဘယ်နေရာမှာသုံးသင့်သလဲဆိုတာတွေးတော့ အစိုးရပေါ့၊သားက မင်းအမေပေးသမျှယူ၊ကျွေးသမျှစားတော့ ပြည်သူပေါ့၊အိမ်မှာခိုင်းတဲ့မမက ပိုက်ဆံယူပြီး အလုပ်လုပ်တော့ အလုပ်သမားပေါ့၊မင်းညီလေး(၂)နှစ်အရွယ်က ပုခက်ထဲမှာနေပြီး ဘာမှမသိသေးတဲ့ အနာဂတ်နိုင်ငံပေါ့” လို့ သားဖြစ်သူကို ရှင်းပြလိုက်တယ်၊၊

ညသန်းခေါင်ချိန်မှာ ၅ နှစ်အရွယ်သားက အိပ်ရာကနိုးပြီး ညီဖြစ်သူ ပုခက်မှာနေတာသွားကြည့်တော့ ညီဖြစ်သူက အီးတွေနဲ့ ပေရေပြီး လူးနေတာ မြင်တယ်၊၊၅ နှစ်အရွယ် သားက ဘာမှမလုပ်တတ်တော့ သူအမေကို သွားနိုးတာ ခူးခေါဆိုပြီးအိပ်ပျော်နေတယ်၊ဒါနဲ့ အဖေကိုလည်းမတွေ့ရ၊အောက်ထပ်ဆင်းလာတဲ့အခါ အခန်းတစ်ခုမှ အသံကြားတော့ သွားကြည့်မိတော့ သူ့အဖေနဲံ့အိမ်ဖော်မလေးက ကုတင်ပေါ်မှာပလူနေတယမြင်ရတယ်၊၊ဒါနဲ့သားက ခေါင်းကုတ်ပြီး ပြန်အိပ်လိုက်တယ်ဗျ၊၊

မနက်မိုးလင်းလက်ဖက်ရည်ဆိုင်ရောက်တော့ သားဖြစ်သူက “အဖေ သားနိုင်ငံရေးကို သဘောပေါက်သွားပြီး” လို့ပြောတော့ အဖေက အံ့သြပြီး ရှင်းပြပါအုံးဆိုပြီးမေးတော့
သားက“ အစိုးရက မသိချင်ယောင်ဆောင်နေ၊အရင်းရှင်နဲ့ အလုပ်သမားပလူးပလဲဖြစ်နေ၊အနာဂတ် နိုင်ငံက အီးတွေနဲ့လူးနေတာပဲ”လို့ပြောပြလိုက်တယ်၊၊

၂၈.၁၂.၂၀၁၂ ည၁၀အချိန်မော်လမြိုင်မြို့စာပေဟောပြောပွဲတွင် ဇာဂနာပြောကြားခဲ့တာပြန်လည်မျှဝေလိုက်ပါတယ်၊၊

Kyaw Khant

0 ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ယောင်္ကျားသားသုံးဦးမှ ရိုက်နှက်မှုဖြစ်ပွား။


ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ခနွဲခဘိုကျေးရွာတွင် ကိုယ်ဝန်ဆောင်သည် အသက် ၂၅နှ စ်ရှိ
မအိအိသန်း (ဆွံအနားမကြားသူ) အား အင်းသူကြီး ဦးကြဉ်ငြိမ်း၏ အင်းလုပ်သား အောင်မောင်းအပါဝင် ယောင်္ကျားသုံးဦးမှ ဒီဇင်ဘာလ (၇)ရက် ညနေလေးနာရီက အင်းပိုင်လယ်နှင့် မနီးမဝေး ခနွဲခပိုကျေးရွာ ချောင်းအနီးတွင် မအိအိသန်းမှ မိမိကလေးနှစ်ဦး ဗိုက်ဆာတယ်ပြောလို့၊ ငါးမျှားတံတစ်ချောင်းဖြင့် ကျေးရွာနီးချုပ်စပ်၊ ချောင်းနား၊ လယ်ကွက်များအနီးတွင်
ငါးမျှားမိသဖြင့် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှ အင်းပိုင် ဦးကြဉ်ငြိမ်း၏ အလုပ်သမား၊ တပည့်၊ လူမိုက်သုံးဦးမှ ၀ိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ကျေးရွာသူ ကိုယ်ဝန်ဆောင်သည် မအိအိသန်းမှာ ထိုးကြိတ်ဒဏ်ရာများနှင့် သန္ဒေသားထားရှိရာ နေရာအပါဝင် ဦးခေါင်းမှဆံပင်များ ရစ်ထွေးပြီး လက်ဝါးဖြင့်အကြိမ်ကြိမ်ရိုက်နှက်ကာ ထိုးကြိတ်၊ ကန်ကြောက်မှုခံရခဲ့ရသည်ဟုသိရပါတယ်။ အဆိုပါမအိအိသန်းမှာ ဆွံနားမကြားသူတစ်ဦးဖြစ်ပြီး၊ ၄င်းမှာ... ၀ူးဝါးဝါးနဲ့ လက်ဟန်ခြေဟန်ပြစကားပြောတတ်သူ တစ်ဦးဟုသိရပါတယ်။ အခင်းဖြစ်ပွားပြီး ပြန်အလာ ၄င်း၏အင်္ကျီမှာ အတော်ပင် စုတ်ပြဲရာများတွေ့ရပါတယ်လို့ ၄င်း၏မိခင် ဒေါ်အမာစိန်ကပြောပါတယ်။

အင်္ကျီရင်ဘတ်နှင့်အချို့နေရာများတွင် ပေါက်ရာ၊ ဖြဲရာများတစ်ချို့တွေ့ရပါတယ်။အင်္ကျီကို

8 အစိုးရစစ်တပ် ၀ိုင်းရံထားသဖြင့် လိုင်ဇာဒေသခံများ ဗုံးခိုကျင်း တူးနေကြပြီ

ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ဌာနချုပ် အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာ စစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရန် ၀ိုင်းရံ ထားပြီဖြစ်၍ ဒေသခံ ကချင်ပြည်သူများက မိမိတို့နေ အိမ်အနီးတွင် ဗုံးခို ကျင်းများ တူးနေကြပြီဖြစ်ကြောင်း သိရသည်။ ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီဝန်းကျင်အထိ အစိုးရတပ်များက စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေ ရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော်နေကြခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့-KIO က အရပ်ဘက် အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါဒွဲပီဆာက ပြောသည်။

၎င်းက “အခုဆိုရင် လိုင်ဇာပတ်ဝန်းကျင်မှာ အဘက်ဘက်ကနေပြီး အစိုးရတပ်တွေက အားလုံးနေရာ ယူထားကြပြီလေ။ ဒီကနေ့မှာလည်း သူတို့က အပေါ်ကနေ စပစ်နေပြီဆိုတော့ ဘယ်လိုဆက်ဖြစ်ဦးမလဲတော့ မသိသေးဘူး။ သူတို့ရဲ့အထက်က

0 မျှော်လင့်ချက်မြင့်မားသော ၂၀၁၂ မှ အလှုပ်အယမ်းများမည့် ၂၀၁၃ သို့ ..


မြန်မာပြည် ပြုပြင်ပြောင်းလဲရေးက သာမန်ပြည်သူတွေဆီကို အကျိုးသက်ရောက်မှု မရှိ သလောက်ပါပဲ၊ ဒါပေမယ့် အများစုဆီမှာ မျော်လင့်ချက်တွေ မို့မောက်နေသလောက် ခံစားချက်တွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုဖို့ ၀န်မလေးကြတော့ပါဘူး။ လက်ပံတောင်းတောင် အရေးအခင်းကို ကြည့်လိုက်ရင်၂၀၁၂ ခုနှစ်ဟာ မြန်မာပြည်အတွက် မျှော်လင့်ချက်နဲ့ အပြောင်းအလဲတွေရဲ့ နှစ်တနှစ်လို့ဆိုနိုင်သလို၊လာမယ့်၂၀၁၃ခုနှစ်ကတော့ဆန္ဒပြမှုတွေနဲ့အစိုးရရဲ့ နှိမ်နင်းမှုတွေ ပေါ်ပေါက်မယ့် နှစ်တနှစ်ဖြစ်လာဖို့ ရှိနေပါတယ်။

လက်ပံတောင်းတောင် ကြေးနီမိုင်းဟာ ဒေသခံအဆင့်၊ နိုင်ငံတော်အဆင့်ကနေ၊ နိုင်ငံတကာ အဆင့် အထိ အကျိုးစီးပွားတွေနဲ့ နစ်နာချက်တွေရဲ့ ဆုံဆည်းရာဖြစ်နေပါတယ်၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနဲ့ ဆိုင်တဲ့ အကျိုးစီးပွားနဲ့ နစ်နာချက်တွေရဲ့ ဆုံချက်လည်း ဖြစ်နေပါတယ်၊ မြန်မာဝမ်ပေါင် (Myanmar Wanbao)ဆိုတာက China North Industries Corp ရဲ့ လုပ်ငန်းခွဲတခုဖြစ်ပါတယ်။ China North Industries Corpဆိုတာကလက်နက်ပစ္စည်းတွေထုတ်လုပ်တဲ့ တရုတ်ကုမ္မဏီပါပဲ ၊ ကြေးနီစီမံကိန်းမှာမြန်မာဝမ်ပေါင်က မြန်မာပြည်က အကြီးအဆုံး လုပ်ငန်းဖြစ်တဲ့

1 ကမ္ဘာပေါ်မှာ မရှိတဲ့ မြန်မာ့ရေးရာများ---(Joke)

(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။

(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။

(၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။

(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည် မြန်မာနိုင်ငံတွင်သာရှိသည်။

(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။

(၆) ခြင်တောင်လှန်၍သန်းခေါင်စာရင်းစစ်သောအလေ့အထသည်ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌
သာရှိသည်။

(၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ် (၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်)အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။

(၈) လေအေးစက်တပ်ထားသောအခန်းများတွင်နောက်မှီကုလားထိုင်ပေါ်ထိုင်၍ တောင်းစားသောသူတောင်းစားများမှာ
မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။

(၉) နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသောအမှိုက်စွန့် စံနစ်သည် မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။

(၁၀) ဒီမိုကရေစီပါလီမန်ဟုဆိုသော လွတ်တော်ထဲတွင် (၂၅%) သောစစ်ယူနီဖေါင်းဝတ်ထားသူများ

Friday, December 28, 2012

0 ပညာရေးနိမ့်ကျလို့ နိုင်ငံမတိုးတက်ရတာလို့ ဒေါ်စု ပြောကြား(ရုပ်/သံ)


ပညာရေးနိမ့်ကျလို့ နိုင်ငံမတိုးတက်ရတာလို့ ဒေါ်စု ပြောကြား၊ ရန်ကုန်တက္ကသိုလ်ကနေ စတင်မည်ဟု ဆို


ယနေ့ မွန်းလွဲတစ်နာရီအချိန်တွင် ပြည်သူ့ရင်ပြင်၌ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးရန်ပုံငွေပွဲတွင် အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က မိမိတို့နိုင်ငံတွင် သဘာဝအနေအထားကြောင့် ဆင်းရဲခြင်းမဟုတ်
ပဲ စနစ်ကြောင့်သာ ဆင်းရဲနေခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

"အားလုံးကသိပါတယ် ကျွန်မတို့နိုင်ငံက ဆင်းရဲတယ်ဆိုတာကို သိပါတယ် ၊ သဘာဝအရဆင်းရဲတာ မဟုတ်ပါဘူး၊ စနစ်ကြောင့်ဆင်းရဲတယ်ဆိုတာ အများကြီး သိနေပြီးသားဖြစ်ပါတယ် ၊ စနစ်ကိုပြောင်း ဖို့ဆိုတာပညာလိုတယ်။ ပြောင်းချင်
တိုင်းပြောင်းလို့မရဘူး၊ ပြောင်းပုံပြောင်းနည်းကလည်း လိုပါတယ်။ အဲ့ဒီလိုပြောင်း ပုံပြောင်းနည်း မှန်ကန်ဖို့ဆိုတာဟာကျွန်မတို့ရဲ့ပြည်သူတွေဟာ ပညာတတ်ဖို့လိုတယ် ဆိုတာ ကျွန်မ ခဏခဏပြောနေတဲ့ကိစ္စ ၊ပညာဆိုတာ ကျောင်းမှာနေတဲ့ ကလေးတွေအတွက်တင်မဟုတ်ပါဘူး၊ ကလေးလူကြီးမရွေး အားလုံးအတွက်ဖြစ်ပါ တယ်လို့ ပြောချင်ပါတယ် " ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပညာရေးနှင့်ပတ်သက်၍ အဓိကထားပြောကြားခဲ့သော ၎င်း၏မိန့်ခွန်းတွင်မိမိတို့နိုင်ငံအား တိုးတက်စေချင်ကြောင်း ၊မိမိတို့ပြည်သူလူထုအားအဆင့်မြင့်စေချင်ကြောင်း ၊ ယခုကဲ့သို့ပညာရေးကွန်ရက်များထူထောင်နေရုံနှင့် မပြီးပဲ အားလုံးကကြိုးစားကြဖို့လိုအပ်ကြောင်းနှင့် ပြည်သူလူထုအားလုံးပညာရှိပါကမိမိတို့နိုင်ငံအတွက် မည်သည့် စိတ်ကွက်မှုများရှိမည် မဟုတ်ကြောင်း ထပ်မံပြောကြားသွားခဲ့သည်။

ထက်နောင်နောင်(မြန်မာ့ခောတ်)

2 ရန်ကုန် မြို့ ပြည်သူ့ ရင်ပြင်မှာကျင်းပတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၂ နှစ်ပြည့် ရန်ပုံငွေရှာဖွေရေးဂီတပွဲတော်အခမ်းအနား




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် (၂)နှစ်ပြည့် ရန်ပုံငွေပွဲတော် ဖွင့်ပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ ပြခန်းသို့ ဆရာတော်အရှင်ဆန္ဒာဓိကမှ ကြွရောက်ကြည့်ရှုအားပေးစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရက်လုပ်ထားသော သိုးမွှေးအကျီကို ယခုလက်ရှိအချိန်အထိ ကျပ် သိန်း ၃၄၀ ဖြင့် ဈေးအမြင့်ဆုံးပေးထားသည်။(Photo..မြန်မာ့ခောတ်)
AGB ဘဏ်က သိန်း ၇၀၀လှူ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် ၂နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်တွင် အလှူငွေကျပ်သိန်း ၁၃၀၀ပေးအပ်နေသည့် Sky Net မှ ဒါရိုက်တာတစ်ဦးဖြစ်သည့် မမီးမီးကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)




Photo..DVB TV News.7Day News Journal

Thursday, December 27, 2012

5 တပ်မတော် ပွဲတက်ဝတ်စုံအချို့ ပြောင်းလဲ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှစ၍ တပ်မတော်အရာရှိကြီးများ၏ ပွဲတက်ဝတ်စုံအချို့ကို ပြောင်းလဲခဲ့ကြောင်းသိရှိရသည်။
ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပသော တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်သင်တန်းအပတ်စဉ် ၁၄ သင်တန်းဆင်းပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မ တော်အရာရှိကြီးများ တက်ရောက်ခဲ့ပြီး ညပိုင်းတွင် ညစာစားပွဲတည်ခင်း ဧည့်ခံရာသို့ တက်ရောက်ခဲ့သော အရာရှိကြီးများ၏၀တ်စုံမှာ (ပုံပါအတိုင်း) ပြောင်းလဲခဲ့သော ၀တ်စုံများအဖြစ် ရုပ်သံသတင်းများတွင် တွေ့မြင်ခဲ့ကြရသည်။ နံနက်ပိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်း အမှာစကား ပြောကြားရာ၌ ပုံမှန်ဝတ်စုံဖြင့်

2 Burma VJနှင့် အောင်ကျော်စော တို့ရဲ့ KIAအကြောင်းInterview (ရုပ်/သံ)


Burma VJနဲ့ ဦး အောင်ကျော်စော တို့ရဲ့ KIA, နှင့် မြန်မာ အစိုးရတို့ အကြား ဖြစ်ပွားနေသော စစ်ပွဲ အကြောင်း (ဦးသိန်းစိန် + ဦးအောင်မင်း တို့ ပြောပြောနေတဲ့ KIA, ကို ထိုးစစ်ဆင်ခြင်းမရှိပါဘူး၊ ခံစစ် အကြောင်း)

3 လက်ပံတောင်းတောင်ဖြောင့်ချက်


funny ghetto

Wednesday, December 26, 2012

0 ကျေးဇူးဆပ်သည့်ပွဲ (သို့) ၁၂ နှစ်ပြည့်နှစ်ပတ်လည်ပွဲ


၁.၁.၂၀၀၁ ရက်နေ့မှစတင်၍ ဖွဲ့စည်းထူထောင်ခဲ့သော နာရေးညီမှုအသင်း(ရန်ကုန်) တည်ထောင် ခြင်း (၁၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက် (အင်္ဂါနေ့) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။ အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် နံနက် (၉း၀၀) နာရီအချိန်မှ စတင်၍ မျက်စိခွဲစိတ်ခန်း၌ မျက်စိခွဲစိတ်ပြီး မျက်စိဝေဒနာရှင်တို့အား စက္ခုအလင်း ပြန်လည်မြင်နိုင်ရန်အတွက် ခွဲစိတ်ထားသော လူနာများ၏ မျက်လုံးအား ဖုံးအုပ်ထားသော ဂွမ်းပတ်တီး ဖြည်ပေးခြင်းဖြင့် (၁၂) နှစ်ပြည့် အခမ်းအနားအား ထူးခြားစွာ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် အများနည်းတူ အခမ်းအနားဖွင့်လှစ်ခြင်းအား ဖဲကြိုးဖြတ်ဖွင့လှစ်ခြင်း၊ ပူဖေါင်းလွှတ်၍ ဖွင့်လှစ်ခြင်းတို့ဖြင့် ဖွင့်လှစ်သော အခမ်းအနားမျိုးမဟုတ်သည်ကား ….ပထမထူးခြားချက်။

နံနက် (၉း၀၀) နာရီအချိန်တွင် အခမ်းအနားဖွင့်လှစ်ပြီးသည်နှင့် တပြိုင်နက် သုခကုသိုလ်ဖြစ်ဆေး ခန်းများ၏ (အခမဲ့) ကုသပေးမှုပြခန်းများ၊ သုအလင်း စာကြည့်တိုက်နှင့် ပညာရေးလှုပ်ရှားမှုပြခန်းများ၊ အမှတ်တရပစ္စည်းများ ရောင်းချခြင်းတို့အပြင် အများပြည်သူတို့ မေ့လျောါနေကြသော အနိစ္စတရားကို အသိသတိရှိနေစေရန်နှင့် ကုလိုလ်ကောင်းမှုများအား စဉ်ဆက်မပြတ် လုပ်ဆောင်ကြရန်

0 မျက်ရည်စများကို သုတ်ပေးတော့မည့် ဝိုင်းစုခိုင်သိန်း






နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူများအပေါ် လူမှုအကျိုးပြုပေးဆပ်မှုများကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပါ အသိအမှတ်ပြုလာချိန်တွင် ပြည်တွင်းရှိ အနုပညာလောကသားများ၊ အနု ပညာရှင်များပါ လူမှုရေးလုပ်ငန်းများတွင် ပိုမိုလုပ်ဆောင် ကူညီပေးဆပ်လာကြသည်ကို ဝမ်းမြောက် ဖွယ်ရာ တွေ့မြင်လာရပေသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ မေတ္တာဖြင့် လုပ်အားဒါနပြု ကူညီဖေးမပေးဆပ်ကြသည့် အနုပညာရှင်များ၊ အနုပညာလောကသားများရှိသလို သဒ္ဒါဖြင့်လာရောက်ကာအလှူငွေများလှူဒါန်းထောက်ပံ့ကူညီကြသောအနုပညာရှင်များ၊အနုပညာ လောကသားများသည်လည်း မြောက်များစွာရှိလေသည်။ ထိုအနုပညာရှင်များထဲတွင် သရုပ်ဆောင်/ အဆိုတော် ဝိုင်းစုခိုင်သိန်း တစ်ယောက်သည်လည်း အပါအဝင်ဖြစ်ခဲ့ပြီ ဖြစ်တော့သည်။

၂၄.၁၂.၂၀၁၂ ရက်နေ့ နံနက် (၁၂း၀၀) နာရီအချိန်ခန့်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ် အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်းသည် မိဘနှင့်အတူလာရောက်၍ သူမ၏ ချွေးနည်းစာ အနုပညာကြေးများထဲမှ မိမိမွေးနေ့ အမှတ်တရအဖြစ် အလှူငွေကျပ် (၁ဝ) သိန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုကူညီရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့လေသည်။ သရုပ်ဆောင်/အဆိုတော် ဝိုင်းစု ခိုင်သိန်းနှင့် မိသားစုအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသားများမှ

3 Air-Bagan လေယာဉ် ဟဲဟိုးမြို့တွင် အရေးပေါ်ဆင်းသက်ရာမှ ကျိုးပြတ်မီးလောင်

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ မန္တလေးမှ ဟဲဟိုးသို့ ပျံသန်းလာသော အဲပုဂံလေ ကြောင်းခရီးစဉ်W9-001 ၊ လေ ယာဉ်အမှတ်XY-AGC ၊ လေ ယာဉ်အမျိုးအစားF-100 သည် လေယာဉ် Capt. မောင်မောင် ထွေးပါ လေယာဉ်အမှုထမ်း(၆)ဦး၊ လေယာဉ်လုံခြုံရေး(၂)ဦးပေါင်း (၈)ဦးနှင့် နိုင်ငံခြားသား(၅၁)ဦး အပါအ၀င် ခရီးသည်(၆၃)ဦး၊ စုစုပေါင်း(၇၁)ဦး တင်ဆောင်၍ ထွက်ခွာခဲ့ရာ နံနက် ၀၈း၅၅ အချိန် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ကွင်းအနီး အရေးပေါ် ဆင်းသက် ခဲ့ရသဖြင့် လေယာဉ် အမြီးပိုင်းကျိုး၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေယာဉ်ပေါ်ရှိ နိုင်ငံခြား သား(၅၁)ဦး အပါအ၀င် ခရီး သည်များအား ကယ်ထုတ်နိုင်ခဲ့ပြီး (၁)ဦးသေဆုံးကာ လေယာဉ်မှူး ဦးမောင်မောင်ထွေး၊ တွဲဖက်လေ ယာဉ်မှူး ကိုနေလင်းထွန်းနှင့် နိုင်ငံခြားသား(၄)ဦး အပါအ၀င် ခရီး သည်(၈)ဦး စုစုပေါင်း(၁၁)ဦး ဒဏ်ရာရရှိခဲ့သဖြင့် ဟဲဟိုးဆေးရုံ နှင့် တောင်ကြီးစ၀်စံထွန်း ဆေးရုံ များသို့ ပို့ဆောင်ကုသလျက်ရှိပြီး ကျန်ခရီးသည်များကို အနီးရှိဘုန်း တော်ကြီးကျောင်းတွင် ခေတ္တပြုစု စောင့်ရှောက်ထားကြောင်းသိရသည်။ အရေးပေါ်ဆင်းသက်စဉ် မန္တလေး-တောင် ကြီးကတ္တရာလမ်း ပေါ်တွင် ဆိုင်ကယ်စီးနေသူ (၂) ဦး အားတိုက်မိပြီး (၁)ဦးသေဆုံး ၍(၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုက်မှသိရှိရသည်။

လေယာဉ်မ တော်တဆမှုတွင် သေဆုံးသွား သော ခရီးသည်မှာ ဧည့်လမ်းညွှန် ဖြစ်သူ

3 ဒေါ်အောင်ဆန်းစုကြည် မြိတ်ခရီးစဉ်သွားတုံးက စင်ပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ဖြစ်ရပ်တစ်ခု


ဒေါ်အောင်ဆန်းစုကြည် ဘိတ်သွားတုံးက စင်ပေါ်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုတင်ပြပေးတာပါ။ ကျွန်တော်သိချင်တာ ဘိတ်လုံခြုံရေးနဲ့ ဘိတ်ထိပ်ပိုင်းတာဝန်ခံခေါင်းဆောင်တွေ လုံခြုံရေးတင်းတင်းကျပ်ကျပ်ထားရဲ့ သားနဲ့ နှင့် ရန်ကုန်ဗဟိုလုံခြုံရေးကော တာဝန်ရှိသူတွေကော မသိကြဘူးလားလို့ ..ဒီလိုကောင်တွေစင်ပေါ်တက်လာတာ အကြောင်းပြချက်က မခိုင်လုံဘူး.. ဒေါ်စုသာတစ်ခုခုဖြစ်ခဲ့ရင် တကယ်လို့ ဘယ်လိုရှင်းကြမလဲ?
ဒါမျိုးလေးတွေ သိ၇အောင်ဖော်ပြတာပါ ဒါဖွတာမဟုတ်ပါ..။အမြင်ရှင်းအောင်ကြည့်ကြစေချင်ပါတယ်။
နောက်ခရီးစဉ်တွေမှာ လဲ လုံခြုံရေးကိုသတိကြီးကြီးနဲ့ လုပ်စေခြင်ကြောင်းနှိုးဆော်အပ်ပါတယ်..။

ခင်မင်လေးစားလျက်
ကိုထွန်းဝေ

0 အရှင်သစ္စဏထိုင်းနိုင်ငံတွင်ဆေးကုသမှုခံယူရန် ရန်ကုန်ဆေးရုံကြီးမှထွက်ခွာ


လက်ပံတောင်းတောင် အရေးတွင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သော အရှင်သစ္စဏသည် ထိုင်းနိုင်ငံတွင် ဆေးကုသရန် ယနေ့နေ့လည်
နှစ်နာရီတွင် ရန်ကုန်ဆေးရုံကြီးမှ ထွက်ခွာသွားသည်။

"ဒီမှာကုတာထက် ပိုမိုကောင်းမွန်မယ်ထင်လို့ သွားရောက်ကုသခြင်းဖြစ်တယ်။ ဒဏ်ရာအခြေအနေမသက်သာလို့ သွားရောက် ကုသ တာ မဟုတ်ပါဘူး"ကို ဒဏ်ရာရသံဃာတော်များ စောင့်ရှောင့်နေသောဆရာတော်ဦးဝိမလက မိန့်ကြားခဲ့သည်။

ဆေးကုသရန်အတွက် နိုင်ငံတော်မှခွင့် ပြုပေးရုံသာမဟုတ်ပဲ၊ဆေးကုသမှုနှင့် ပက်သက်ပြီး အားလုံးတာဝန်ယူ မည်ဆိုသောကြောင့်
ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

နိုင်ငံတော်မှ ကူညီမှုသည် စောစောပိုင်း အချိန်ကတည်းက စတင်သင့်ကြောင်းယခုလိုအချိန်ကြာမှ ကူညီသောကြောင့်
ရောဂါဝေဒနာ ပိုခံစားရပြီး၊ အနာများမှာ ပိုရင်းလာကြောင်းဒဏ်ရာရ သံဃာတော်များ စောင့်ရှောင့်ပေးနေသူ ကိုခိုင်နေမင်းက ပြောကြားသည်။

"နိုင်ငံတော်က ဘာကိုတာဝန်ယူမှာလဲ၊ ဘာကိုအာမခံချက်ပေးမှာလဲ ဆိုတာ စောစောထဲက ပြတ်သားသင့်တယ်။ အခုလို
အချိန်ကြာလာတော့ ဒဏ်ရာတွေပိုရင်းတယ်၊ ပိုခံစားရတယ်"ဟုကိုခိုင်နေမင်းက ပြောကြားသည်။

အရှင်သစ္စဏအပါအ၀င် ထိုင်းနိုင်ငံသို့ ဆေးကုသမှုခံယူရန် သွားရောက်ခဲ့သော သံဃာတော်နှစ်ပါးရှိပြီဖြစ်သည်။

ဟိန်းကို(မြန်မာခေတ်)

3 မြန်မာအစိုးရစစ်တပ်မှ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များမှ ဒုံးများဖြင့် ကချင်ပြည်နယ်ရှိ ကေအိုင်အေတပ်အားတိုက်ခိုက်


မြန်မာအစိုးရ စစ်ရဟတ်ယာဉ်ပေါ်က ပစ်တဲ့ ရုရှား ဒုံးကျည်




မြန်မာပြည်ငြိမ်းချမ်းရေးကို ဒါတွေနဲ့တည်ဆောက်မလို့တဲ့





မြန်မာ စစ်အစိုးရတပ်များ ရဟတ်ယာဉ်အသုံးပြုကာ လိုင်ဇာ အောက်ဘက်ခြမ်းရှိ ဆမ်တိန်းဂျန်ကျေးရွာသို့  လက်နက်ခဲယမ်း ရိက္ခာများ လာရောက်ပို့ ဆောင်သွားကြောင်းသိရသည် ။

ကေအိုင်အေ တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်း(၂၄)နယ်မြေ ဘွမ်ဆောင်ဒေသ တွင် ကေအိုင်အေ တပ်ပေါင်းစု တပ်ဖွဲ့ ဝင်များ နှင့် အစိုးရတပ်များ ညနေ (၅)နာရီ အချိန်ခန့် ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရသည်။

ထို့ အပြင် ယနေ့ မွန်းလွဲပိုင်း ၂ နာရီမှ ၄ နာရီခန့် အတွင်း မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းမကြီးအတိုင်း မြန်မာအစိုးရတပ်မှ စစ်ကား အစီး (၈၀) ခန့် စစ်ကြောင်းထိုး တက်သွားကြောင်း သိရှိရသည်။

Photo..ကိုမင်းဌေး

0 မုံရွာ-ပခုက္ကူ-ရေစကြို-မြိုင်-ချောက်-ရေနံချောင်း-ကျောက်ပန်တောင်း-ဆားလင်းကြီး ဒေသရှိ သံဃာတော်များ၏ သဘောထား ထုတ်ပြန် ကြေညာချက်

၂၀၁၂-ခု ဒီဇင်ဘာလ (၂၅) ရက်၊ အင်္ဂါနေ့
၁၃၄၇-ခု-နတ္တော်လဆန်း-၁၂-ရက်

၁။ ။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရမှ အကြမ်းဖက် နှိမ်နင်းခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သော သံဃာတော်များအား မိမိတို့ အပြစ်ကို ၀န်ခံ၍ (၁၅၊ ၁၂၊ ၁၂) နေ့တွင် မန္တလေး၌ တောင်းပန်ခဲ့ခြင်းကို ဖေါ်ပြပါ သံဃာထု အားလုံးက အသိအမှတ်ပြု လက်ခံ သည်။
၂။ ။ နိုင်ငံတော် အစိုးရမှ သံဃာတော်များအား ၀န်ချ တောင်းပန်သည့် အလျောက် နောက်နောင် သံဃာထု တစ်ရပ်လုံး အပေါ် ကာယကံ၊ ၀စီကံ တို့ဖြင့် မကျူးလွန်ရန်-
ဥပမာ …….. သံဃာတော်များသည် ဥပဒေကို မလိုက်နာ၍ အစိုးရမှ ဥပဒေနှင့် အညီ ဆောင်ရွက်ရပါ သည်ဟု သမ္မတ ဦးသိန်းစိန်၏ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး ခရီးစဉ်၌ ပြောကြားသော စ ကားမျိုးကို ဆိုလိုသည်။
၃။ ။ ၂၉၊ ၁၁၊ ၂၀၁၂ နေ့ နံနက် ၂ နာရီ ၃၀ မိနစ် အချိန်တွင် ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်နေသည့် သံဃာတော်များနှင့် ပြည်သူများကို ပြည်သူ့ ရဲတပ်ဖွဲ့၏ အကွက်ကျကျ ကြိုတင် ပြင်ဆင်လျက် ဥပဒေမဲ့ လူမဆန်စွာဖြင့် မီးလောင်စေသော ဓာတုဗေဒ ပစ္စည်းများ သုံးစွဲပြီး အကြမ်းဖက် ဖြိုခွဲ ဖျက်ဆီးမှုတွင် တာဝန်ရှိသူ၊ အမိန့်ပေးသူ အားလုံးကို အစိုးရ အဖွဲ့မှ အရေးယူ ထုတ်ပယ်ပေးရန်။
၎။ ။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဆန္ဒ ထုတ်ဖေါ်မှုကြောင့် ဖမ်းဆီး ခံထားရသူ အားလုံးကို ချွင်းချက်မရှိ အမြန်လွှတ်ပေးရန်။
၅။ ။ ဒေသခံ ပြည်သူများ၏ ဆန္ဒနှင့် ထပ်တူ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်း ပေးရန် ဖေါ်ပြပါ သံဃာထု တစ်ရပ်လုံးက တောင်းဆိုလိုက်သည်။

မုံရွာ-ပခုက္ကူ-ရေစကြို-မြိုင်-ချောက်-ရေနံချောင်း-ကျောက်ပန်တောင်း-ဆားလင်းကြီး ဒေသရှိ သံဃာတော်များ

ဒီဇင်ဘာလ ၂၅ ရက်နေ့ ယနေ့ ထုတ်ပြန်လိုက်သည့် မုံရွာ၊ ပခုက္ကူ၊ ကျောက်ပန်တောင်း၊ ချောက်၊ ရေနံချောင်း၊ ဆားလင်း၊ ရေစကြို၊ မြိုင် ဒေသရှိ သံဃာတော်များ၏ သဘောထား ထုတ်ပြန်ချက် တစ်စောင်ကို ဖြန့်ဝေလိုက်ပါသည်။
ဆက်သွယ်မေးမြန်းရန် ဖုံးနံပါတ်များကို ပေးပို့လိုက်ပါသည်။

ရှင်မတောင်ဆရာတော်။။။။။။။။။။။၀၉ ၄၇၂၂၇၅၅၆ (ရေစကြို)
ဦးရေ၀တ။။။။။။။။။။။။။။။။။။။။။။။။။။၀၉ ၄၀၁၅၇၁၉၁၈ (ချောက်)
ဦးဥတ္တရ။။။။။။။။။။။။။။။။။။။။။။။။။။။၀၉ ၄၇၂၃၁၀၂၂ (ပခုက္ကူ)
ဦးပါကဋ။။။။။။။။။။။။။။။။။။။။။။။။။။၀၉ ၄၀၁၅၁၂၅၆၉ (ပခုက္ကူ)
ဦးသုမန။။။။။။။။။။။။။။။။။။။။။။။။။။၀၆၁ ၅၂၁၅၅ (ကျောက်ပန်တောင်း)
ဦးအာလောက။။။။။။။။။။။။။။။။။။ ၀၉ ၄၀၀၄၁၅၇၃၁၊ ၀၉ ၄၉၂၉၀၆၁၉ (ဆားလင်းကြီး)
ဦးအာစရိယ။။။။။။။။။။။။။။။။။။။။၀၇၁ ၂၃၀၉၁ (မုံရွာ)
ဦးလက္ခဏ။။။။။။။။။။။။။။။။။။။။။ ၀၉ ၂၃၀၁၉၂၇ (ပခုက္ကူ)

ကိုဟန်ဝင်းအောင်

0 ကျီးကန်း ငမည်းနဲ့ ဟံသာဝတီ ဦးဝင်းတင် (မောင်ဝံသ)

တတိယအကြိမ်ဆေးစစ်ဖို့ စင်ကာပူကို ပြန်ရောက်နေတုန်း သည်စာကို ရေးဖြစ်ပါတယ်။ ကီမိုဆေးသွင်းကုသမှု စင်ကာပူမှာ နှစ်ကြိမ်၊ ရန်ကုန်မှာ နှစ်ကြိမ်အပြီး ဒုတိယအကြိမ် ဆေးလာစစ်တုန်းက အဆုတ်က အကြိတ်ရဲ့အရွယ်ပမာဏ အတော်ကလေး ကျုံ့သွားတယ်လို့ သိရပါတယ်။ ဆေးသွင်းကုသမှု ရန်ကုန်မှာနောက်ထပ် လေးကြိမ်အပြီး ယခုတစ်ကြိမ်မှာ ဆေးစစ်ချက်အဖြေက အကြိတ်ဟာ ထပ်ပြီးလျော့မသွားပေမယ့် ပိုလည်း ကြီးမလာဘူး၊

တစ်ခြားနေရာတွေကိုလည်း ပျံ့နှံ့မှု မရှိဘဲ ထိန်းထားနိုင်တယ်လို့ သိရပါတယ်။ ဒါကြောုင့် ကုသနေတဲ့ သမားတော်က ဆေးတစ်မျိုး ပြောင်းပေးလိုက်ပါတယ်။ အရင်က gemcitabine ကို cipllatin နဲ့ Avastin နဲ့ တွဲပြီး သွင်းခဲ့ရာက အခု gemcitabine ကိုဖယ်လိုက်ပြီး Alimta ဆိုတဲ့ ဆေးအသစ်ကို ပေးလိုက်ပါတယ်။ ကျွန်တော့်ကို ချစ်ခင်ကြင်နာစွာ သတင်းမေး အကူအညီပေးနေကြတဲ့ ပြည်တွင်းပြည်ပ မိတ်ဆွေများထဲက ဆေးအကြောင်း နားလည်သူများ သိနိုင်ဖို့ ဆေးအမည်များဖော်ပြလိုက်တာပါ။ ဆေးဝါးတွေရဲ့ ဈေးနှုန်းကတော့ ကြောက်ခမန်းလိလိပါ။ ကျွန်တော် အရင်တစ်ကြိမ်က အစီရင်ခံခဲ့ဖူးသလိုပါပဲ၊ မိတ်ဆွေသင်္ဂဟများရဲ့ ကူညီထောက်ပံ့မှုသာ မရှိရင် ဘယ်လိုနည်းနဲ့မှ ကျွန်တော် ဆေးမကုနိုင်ပါဘူး။ အမည်နာမတွေကို မဖော်ပြနိုင်ပေမယ့် ကူညီနေသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ထပ်လောင်းပြောပါရစေ။

ဆေးစစ်တာတွေပြီးတော့ ရန်ကုန်မပြန်ခင်နားနားနေနေရှိခိုက် စာအုပ်တချို့ ဖတ်ဖြစ်ပါတယ်။ သမီးကြီးထိုက် ဖတ်ချင်လို့ မှာလိုက်တဲ့ စာအုပ်တွေ ၀ယ်လာတဲ့အထဲမှာ ဇာဂနာရဲ့ "ပထမ"နဲ့ မသိတာစမ်းချောင်းရဲ့" စမ်းချောင်း အင်းစိန် ဟားဗတ်"တို့ ပါပါတယ်။ အချိန်ရတုန်း အဲဒီနှစ်အုပ်စလုံး ဖတ်ပြီးသွားပါတယ်။ ဇာဂနာစာအုပ်က ခပ်ပါးပါးဆိုတော့ အရင်ဖတ်ပြီးသွားတယ်။ မသီတာစာအုပ်က ထူပြီး အကြောင်းအရာတွေက များလေတော့ ဖြည်းဖြည်းဖတ်ရပါတယ်။

ဆရာကြီးဟံသာဝတီဦးဝင်းတင်ရဲ့ အမှာစာမှာ မသီတာရဲ့ စာအုပ်ဟာ သူ့ရဲ့ "ဘာလဲဟဲ့ လူ့ငရဲ"စာအုပ်ထက် ပိုကောင်းတယ်လို့ ရဲရဲကြီး ညွှန်းထားပါတယ်။ "ကျွန်တော့်စာအုပ်က သတင်းစာကလောင်နဲ့ ရေးတယ်။ အဖြစ်ကိုရေးတာ။ သနစ်ကိုရေးတာ။ ထောင်ဆိုတာ ငရဲဟေ့လို့ ပြောပြတာ။ ထောင်ဆိုတာ ကျောင်းဟေ့လို့ ပြော ပြတာ။ ရသဆွံ့ရှားတယ်။ ခံစားချက် များတယ်။ မသီတာစာအုပ်က

Monday, December 24, 2012

2 မြောက်ပိုင်းတိုင်းမှူး၏ ရာဇသံ KIA ကန့်ကွက်


Photo..Brang Tawng
အစိုးရ၏ မြောက်ပိုင်းတိုင်း တိုင်းမှုးသည် ကချင်လွတ်လပ်ရေး တပ်မတော် KIA အား၎င်းတို့၏ လိုင်ဇာစစ်ဆင်ရေး လမ်းကြောင်းပေါ်၌ ရှိနေသော KIA တပ်များ လမ်းကြောင်းမှ ဆုတ်ခွာပေးရန် ရာဇသံ ပေးလိုက်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။

“ တိုင်းမှူး ထွန်းထွန်းနောင်ပေါ့။ သူက (၂၅) ရက်နေ့၊ နက်ဖြန် နောက်ဆုံးထားပြီး သူတို့စစ်ဆင်တဲ့ လမ်းကြောင်းကနေ KIA တပ်တွေ ဆုတ်ပေးဖို့ ဆိုတဲ့ စာတစောင်ကို ငြိမ်းချမ်းရေးအကျိုးဆောင် (PCG) တွေ ကနေတဆင့်ပေါ့ဗျာ (၂၃) ရက်နေ့ နေ့စွဲနဲ့ရောက်လာတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်ပေါ့လေ သူတို့ဘက်ကတော့ ဒီပြဿနာကို ဆွေး နွေးညှိနှိုင်းပြီး အဖြေရှာ လိုတဲ့ ဆန္ဒမရှိဘူးဆိုတာဘူးပေါ်သလို ပေါ်သွားတာပေါ့” ဟု ဆိုပါသည်။

ဤစာအရ အစိုးရမှလိုင်ဇာဌာနချုပ်ကို အဆုံးသတ်စစ်ဆင်ရေး စတင်တော့မည့် ရာဇသံဟု KIA ဖက်မှ

0 ခရစ်စမတ် Flash သီချင်းလေးလက်ဆောင်ပါ (ပုံလေးကိုနိပ်ပြီးနားထောင်နိုင်ပါတယ်)


သီချင်းနားထောင်ရန်အပေါ်ကလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဆန်ဒါကလော့ပုံလေးကိုနှိပ်ပြီးနားဆင်နိုင်ပါတယ်။ Taylor Swiftရဲ့ Last Christmassသီချင်းလေးပါ။ သီချင်း boxကို ပိတ်ချင်ရင် ကွန်ပြူတာရဲ့ကီးဘုတ်က ESC ကီးလေးကိုနှိပ်လိုက်ပါ..
အပေါ်ကပုံလေးကိုနှိပ်လိုက်ပြီး Light the wick မှာကြတ်ခြေခတ်လေးကိုနှိပ်ပေးပါ.
photo created by dawnmanhon

2 ကျွန်မတို့လူစုတာသူပုန်ထဖို့အတွက်မဟုတ်ပါဘူး

ဒဂုံ တ.က.သ အဖွဲ့ဝင်များအားကျောင်းလုံခြုံရေးများက ကားဖြင့်လာရောက်ခေါ်ဆောင်စဉ်

ယနေ့ ၂၄.၁၂.၂၀၁၂ ၊ မနက် ၉း၁၅ မိနစ်ခန့် တွင်ဒဂုံ တ.က.သ အဖွဲ့ဝင်များသည် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏
လက်ကမ်းကြေညာစာရွက်များကို ကျောင်းသားများထံသို့ဝေနေစဉ်ကျောင်းလုံခြုံရေးများကလာရောက်ခေါ်ဆောင်သွားပြီး ကျောင်းတာဝန်ရှိသူများ၏ စစ်ဆေးသတိပေးခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရသည့်အခြေအနေသုံးသပ်ချက်ကိုမဇင်မာလွင်က"ဆရာတွေပြောတာကတော့ ကျောင်းဝင်း
အတွင်းမှာလုပ်ခွင့်မရှိဘူးတဲ့။

ဘာကြောင့်လဲဆိုတာကျွန်မတို့နားမလည်နိုင်ဘူး။အခုကျောင်းအပြင်မှာဆိုပွဲတွေကိုတရားဝင်လုပ်နေကြတယ်။ စေတနာဝသန်ပွဲဆို
သမ္မတရုံးဝန်ကြီးတွေတောင် အသိအမှတ်ပြုအားပေးတယ်။ မီဒီယာလောကမှာဆိုလဲကျွန်မတို့လို ကျောင်းတွင်းအဖွဲ့အစည်းတွေရော၊
အခြားနိုင်ငံရေး အဖွဲ့အစည်းတွေရော တရားဝင် မှုရှိတယ်။

N.L.Dပါတီတို့၊ ပြည်ခိုင်ဖြိုးပါတီတို့၊ အလုပ်သမားအဖွဲ့အစည်းတို့၊အခြားအဖွဲ့အစည်းတွေ အုန်းအုန်းထ တရားဝင်ဖွဲ့စည်းနေကြချိန်မှာဘာလို့ကျောင်းသားသမဂ္ဂဆိုတဲ့ ကျောင်းသားတွေရဲ့နစ်နာချက်တွေကို ဦးဆောင်ပြောဆိုပေး မယ့် ကျောင်းတွင်းအဖွဲ့အစည်းတစ်ခုကိုဘာလို့ကျောင်းထဲမှာလက်မခံနိုင်ရတာလဲ။ အခုဆိုပြုပြင်ပြောင်းလဲရေး ကာလပါ။ ဒီကာလမှာပျက်စီးနေတာကိုပျက်စီးနေတယ်လို့ ပြောတဲ့သူရှိရမယ်။မပြောင်းလဲသေးတာကို ပြောင်းလဲလာအောင်ပြောနေတဲ့အဖွဲ့အစည်းဆိုတာရှိရမယ်။ဒါမှ အရှိန်အဟုန်နဲ့တိုးတက်ကောင်းမွန်လာမှာပါ။

မြန်မာ့ပညာရေးလောကကြီးတိုးတက်ကောင်းမွန်လာဖို့ပဲကျွန်မတို့ရည်ရွယ်တာပါ။ဆရာတို့အနေနဲ့လဲနားလည်မှုရှိရှိနဲ့
ကျွန်မတို့ကိုကူညီစေချင်ပါတယ်။ ကျွန်မတို့လူစုတာသူပုန်ထဖို့အတွက်မဟုတ်ပါဘူး။
ကျွန်မတို့လူစုတာ ကျွန်မတို့ ပညာရေးလောကရဲ့ပျက်စီးနေတာတွေကို အတတ်နိုင်ဆုံးကူညီပြုပြင်မလို့ပါ။ ဆရာတို့နားလည်စေချင်ပါတယ်။"ဟု ပြောပြခဲ့သည်။

DagonUniversity StudentsUnion

0 မြေဆွဲအားဖြင့်မီးလင်းစေမည့်မီးလုံးကြောင့် ကမ္ဘာတစ်ဝန်း လျှပ်စစ်မီးမထွန်းနိုင်သူ သန်းထောင့်ငါးရာကျော်ကို အလင်းပေးနိုင်တော့မည်.



Video..Therefore
ကမ္ဘာ့မြေဆွဲအားကို အသုံးပြု ၍ မီးလင်းနိုင်သည့် မီးလုံးကို ဗြိတိန် ကုမ္ပဏီတစ်ခုက တီထွင်လိုက်ရာ ထို မီးလုံးကြောင့် ကမ္ဘာတစ်ဝန်းလျှပ်စစ် ဓာတ်အားကို လက်လှမ်းမမီ၍ လျှပ် စစ်မီးမထွန်းနိုင်သော လူသား သန်း ထောင့်ငါးရာကျော်ကို အလင်းပေး နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
ထိုမြေဆွဲအားသုံး အယ်လ် အီးဒီ မီးလုံးတွင် ကြိုးဖြင့် ချိတ် ထားသော သဲအိတ်ငယ်တစ်ခု ပါ ဝင်သည်။

ထိုသဲအိတ်ငယ်ကို မီးလုံး တွင်ပါသော ဒိုင်နမိုတွင် ကြိုးဖြင့် ချိတ်ဆက်
ထားသည်။ မြေဆွဲအား ကြောင့် သဲအိတ်ငယ်သည် အောက်ကို တဖြည်းဖြည်းချင်း လျှောကျ သွား သည်တွင် ဒိုင်နမိုကို လှည့် ပေး
သကဲ့သို့ ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထွက်လာကာ မီးလုံး လင်းလာ မည်ဖြစ်သည်။

သဲအိတ်ငယ် အောက် ဆုံးသို့ ရောက်ရှိသွားပါကအပေါ်ဆုံး ပြန်ရောက်အောင်
သုံးစက္ကန့်ခန့် သာ ပြန်ရစ်တင်ရပြီး ပြန်လွှတ်ထား ပေးပါက နာရီဝက်ခန့်ထိ မီးလင်းနေ နိုင်စွမ်းရှိကြောင်းလည်း သိရသည်။

ထိုမီးလုံးကို GravityLight ဟု အမည် ပေးထားသည်။ ထိုမီးလုံးကိုလန်ဒန် အခြေစိုက် Deciwatt.org ကတီထွင် ခြင်းဖြစ်သည်။

ထိုမီးလုံးသည် လျှပ်စစ် ဓာတ် အားရှိရန် မလိုအပ်ဘဲ မီးလင်းနိုင် မည်ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်း လျှပ်စစ်ဓာတ်အား လက်လှမ်းမမီသော လူသား သန်းထောင့်ငါးရာ ကျော်ထံသို့ အလင်းရောင်ဆောင် ကြဉ်းပေးနိုင်မည် ဖြစ်သည်။


Messenger News Journal

1 ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် ကျောင်းသားတပ်မတော်(မြောက်ပိုင်း)လဂျားယန်ဒေသပူးတွဲခုခံတော် လှန်စစ် ရုပ်သံမှတ်တမ်း (၁၄ - ၁၂ - ၂၀၁၂)

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် ကျောင်းသားတပ်မတော်(မြောက်ပိုင်း)လဂျားယန်ဒေသပူးတွဲခုခံတော်
လှန်စစ် ရုပ်သံမှတ်တမ်း (၁၄ - ၁၂ - ၂၀၁၂)

(ခင်ရတနာ)
Video.. Lachid Kachin

0 “တိုတိုပြောရင် ဓားပြပဲ”

ဒီမယ် ကိုသာဌေး၊ ခင်ဗျားတို့ ပေးထားတာက သီးနှံလျော်ကြေး၊ မြေလျော်ကြေးမဟုတ်ဘူး။ ခင်ဗျားတို့ တွေက ၂၀၁၀ ၂၀၁၁ ၂၀၁၂၊ ၆ လပိုင်း ဆိုတော့နောက်ထပ် ၆ လဘဲ လိုတော့တာ။ ကျုပ်တို့ က မြေတွေလုပ်မှာ ၃ နှစ်ပြည့်ရင်၊ခင်ဗျားတို့ ပေးထားတာ သီးနှံလျော်ကြေး။ ကျုပ်လည်း တောင်သူတစ်ယောက်ဘဲ။အနောက်ဘက်တလျောက် မြေတွေရှိတာဘဲ။ ကျုပ်မှာ ပြောပိုင်ခွင့်ရှိတယ်။
ကျုပ်ကပြောမှာ။ အဲသလို လက်ညှိုးထိုးပြောမှာ ကိုသာဌေးကို။ ကျုပ်တို့ လက်ပံတောင်းဥက္ကဌ ကိုသာဌေး။ နောက် ကျုပ်က အဲသလိုလည်း ပြောပြီးထိုင်လိုက်တော့ ရဲတွေက ၀ုန်း ဆို ထပြန်သွားကြတယ်။ ပထမ လာတားတာ
သံဆူးကြိုးခတ်ဖို့ လာတားတာ။ ကျုပ်တို့ က သံဆူးကြိုးလည်း အခတ်မခံနိုင်ဘူး။

ကျုပ်တို့ မြေတွေလည်း ဘူဒိုဇာနဲ့  မထိုးပါနဲ့ ။ ခင်ဗျားတို့ ပေးထားတာသီးနှံ ၃ နှစ်လျော်ကြေး။ ကျုပ်တွေမြေတွေ ဖျက်ဆီးမခံနိုင်ဘူး။ ဖျက်ဆီးခံရရင်တစ်ယောက်နဲ့ တစ်ယောက် ဓားခုတ်မှုတွေဖြစ်ရင် ခင်ဗျားတို့ ရှင်းပေးမှာလား။
ရဲပါတယ်။ အဲဒီစခန်းမှူးက အခုပြောင်းသွားပြီ။ ၃ ခါ သွားတားရတယ်။ပထမတစ်ခေါက်တုန်းက

3 သမိုင်းအမှန်ကို ဖျောက်ဖျက်ပစ်ပြီးတော့ ရုပ်ဖျက်ပစ်တာမျိုးကိုတော့ ကျနော်တို့ သဘောတူလို့ ဘယ်လိုမှ မရပါဘူး။ -မင်းကိုနိုင်

Photo..Ma Nandar
၁၄၉လမ်း စာပေဟောပြောပွဲ (၃၀.၁၁.၂၀၁၂).

လွတ်လပ်ရေးကို ဘယ်သူယူပေးခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သမိုင်းအမှန်ကို သိကြဖို့လိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်သွားပြီးတော့ နန်းရင်းဝန်အက်တလီနဲ့ စာချုပ်ချုပ်တယ်လို့ ပြောတယ်ဆိုရင်တောင်မှ ကျနော်တို့က အဲဒါ ဗိုလ်ချုပ်မဟုတ်ဘူး။ဦးအောင်ဆန်းဆိုတာကို ကျနော်တို့ သဲသဲကွဲကွဲ ဖြစ်ဖို့လိုပါတယ်။

ဘာကြောင့်ဦးအောင်ဆန်းလို့ ပြောရလဲဆိုတော့ ရွေးကောက်ပွဲရှိတဲ့အခါမှာ သူဟာ ယူနီဖောင်းကြီးနဲ့ အပွင့်ကြီးနဲ့ မျက်နှာပြောင်တိုက်ပြီးတော့ လွှတ်တော်ထဲကို ဝင်မထိုင်ခဲ့ပါဘူး။ သူ့ယူနီဖေါင်းကို အပြီးအပိုင်ချွတ်လိုက်ပါတယ်။

အရပ်ဝတ် အရပ်သားစစ်စစ် ဦးအောင်ဆန်းဘဝနဲ့ သိမ်ဖြူမဲဆန္ဒနယ်ကနေပြီးတော့ အများနည်းတူ ဝင်ပြိုင်ပါတယ်။ အဲသည့်ဦးဆောင်ဆန်းကနေ လက်မှတ်သွားထိုးတာပါ။
တော်တော်ရှင်းပါတယ်။
ဖဆပလအဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေနဲ့ပါ။
ဖဆပလအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ဆန်းရေးထိုးခဲ့တဲ့ အောင်ဆန်းအက်တလီပါ။

ဒါကြောင့် ကျနော်တို့ သမိုင်းရဲ့ အရေးကြီးဆုံး တချက်ထဲကို ကျနော်တို့ ကြံ့ကြံ့ခံ ရပ်တည်နေရမယ်။ လွတ်လပ်ရေးဟာ ပြည်သူတွေကိုယ်တိုင်ယူခဲ့တာပါ။
ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ တဦးတည်း ရယူခဲ့တာ မဟုတ်ပါဘူး။ ပြည်သူ့စွမ်းအားနဲ့ ယူခဲ့တာပါ။

လက်နက်ဘယ်လောက်ကောင်းကောင်း၊ တပ်ဖွဲ့တွေ ဘယ်လောက်များများ ဖက်ဆစ်ကို တော်လှန်တုန်းက ဘုန်းကြီးတွေရော၊ ကလေးတွေရော၊ မိန်းမတွေရော အကုန်လုံး ဝိုင်းကူခဲ့လို့ အဲသည့်တော်လှန်ရေး အောင်ခဲ့တာပါ။

(မင်းကိုနိုင်)

3 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြောကြားသောမိန့်ခွန်း ကောက်နှုတ်ချက်တချို့


“ဒီနိုင်ငံဟာဒီလောက်တောင်မှ သဘာဝသယံဇာတတွေပေါများနေရက်နဲ့ ကျမတို့ပြည်သူပြည်သားတွေက ၀၀လင်လင်မစားရဘူးဆိုလို့ရှိရင်တော့ ဒီစနစ်ကမှားနေပြီလို့ ကျမတို့ပြောရမှာပါပဲ။ တကယ်တော့တစ်ခု မဟုတ်ဘူး အများကြီးမှားနေပြီလို့တောင်ပြောလို့ရပါတယ်။”

“အခုတလောပေါ့နော် ကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့နေရာမှာ ကျမသတင်းထောက်တွေနဲ့တွေ့ရင် အထူးသဖြင့် နိုင်ငံခြားကသတင်းထောက်တွေကမေးတယ်။ ၂၀၁၅ ကျရင် သမ္မတဖြစ်ချင်လားလို့မေးတယ်။ ကျမကလည်းဖြစ်ချင်တယ်လို့။ ဖြစ်မှပဲ ကိုယ်လုပ်ချင်တာလုပ်လို့ရမှာလို့။ ဟေး(ပရိတ်သတ်အသံ)
ဒီတော့ ဟိုတလောက တစ်ရက် နှစ်ရက်လောက်ကလည်း သတင်းထောက်တစ်ယောက်နိုင်ငံခြားကသတင်းထောက် တစ်ယောက်ကမေးတယ်။ ကျမကိုနိုင်ငံ့ အာဏာလိုချင်လားတဲ့။ လိုချင်တယ်လို့ကျမကပြောလိုက်တယ်။ ဟေး(ပရိတ်သတ်အသံ)။

လိုချင်တယ်ဆိုတော့ သူကဘယ်လိုပြောလဲဆိုတော့။ သူကနိုင်ငံခြားသတင်းထောက် အင်မတန်မှဝါရင့်တဲ့သတင်းထောက်ဆိုတော့ နိုင်ငံအသီးသီးက နိုင်ငံရေးသမားတွေကို ဗျူးဖူးတယ်။ သူပြောတယ်။ သူဒီလောက်အများကြီး နိုင်ငံရေးသမားပေါ့နော်။ လူမျိုးပေါင်းစုံ နိုင်ငံပေါင်းစုံက နိုင်ငံရေးသမား အများကြီးကို ဒီမေးခွန်းမေးခဲ့ဖူးတယ်တဲ့။ တစ်ယောက်ကမှ အာဏာလိုချင်ပါတယ်လို့ မ၀န်ခံခဲ့ဘူးတဲ့။ ကျမတစ်ယောက်ထဲ အာဏာလိုချင်တယ်လို့ပြောတယ်။

ဒီတော့ ကျမကပြောလိုက်တယ်။ ဟုတ်တယ်။ ကျမကအာဏာလိုချင်တယ်။ နိုင်ငံရေးအာဏာရမှ အစိုးရအာဏာရမှ ကျမတို့လုပ်ချင်တဲ့ ကိစ္စတွေကိုနိုင်ငံ အတွက် လုပ်ပေးနိုင်မှာမို့လို့လိုချင်တယ်လို့ပြောတာ။ တခြားနိုင်ငံရေးသမားတွေက အာဏာမလိုချင်ဘူးလို့မေးလိုက်တော့ သူကပြောတယ်လိုချင်တယ်တဲ့။ ဒါပေမယ့် သူတို့ကဘယ်တော့ မှမှန်မှန်ကန်မ၀န်ခံဘူးတဲ့။ အာဏာလိုချင်လို့မဟုတ်ပါဘူး။ ပြည်သူလူထုအတွက်ပါ အစသဖြင့် အဲလိုပြောတယ်တဲ့။

အဲ့တော့ ကျမရှင်းရှင်းလင်းလင်းပြောပါရစေ။ ပြည်သူလူထုအတွက်လုပ်နိုင်ဖို့ ကျမ အာဏာကိုလိုချင်ပါတယ်လို့ပြောပါရစေ။”

(သတင်းဓါတ်ပုံ - ကျော်ဇေယျာဝင်း)
DVB TV News

Sunday, December 23, 2012

0 "ကျွန်မတို့ကတော့ကလေးတွေလူစဉ်မမီတာကြေးနီစီမံကိန်းကြောင့်လို့ပဲထင်ပါတယ်"



“ကျွန်မတို့ကပြောခွင့်မရလို့ မပြောပဲနေခဲ့ရတာပါ။ ကျွန်မတို့ ရဲ့ကလေးတွေ ဒီလိုမျိုးလူစဉ်မမီ ဖြစ်ရတာဟာ ဦးပိုင်ဆာလဖြူရစ် အက်စစ်စက်ရုံနဲ့ ကြေးနီစီမံကိန်း ကြောင့်လို့ပဲထင်ပါတယ်။ ကျွန်မတို့ မှာ ဒီလိုမျိုးဆွံအတဲ့ ကလေးတွေ မွေးတဲ့ မျိုးရိုးလည်းမရှိပါဘူး။ ကျွန်မကိုယ်ဝန်ဆောင်စဉ်ကာလ တုန်းကတော့ ဦးပိုင်မိုးကြိုးဆာလ ဖြူရစ်အက်စစ်စက်ရုံက အက်စစ် ငွေ့တွေရှုရှိုက်ခဲ့ရတယ်ဘာမှမဖြစ် လောက်ဘူးပဲထင်ခဲ့တာ။ ကလေး မွေးတုန်းကလည်း အခက်ခဲမရှိ ခဲ့ဘူး၊ နောက်ပိုင်းကျတော့မှ ကလေးက အသက်၂ နှစ်အရွယ် တာရောက်လာတယ်စကားမပြော ဘူး၊

မိခင်တစ်ရောက်အနေနဲ့ တော့ ကိုယ်ကလေးဒီလိုဖြစ်နေ တာကိုတော့ ဘယ်ကြည့်ရက်ပါ မလည်း၊ ရန်ကုန်ကလေးဆေးရုံ မှာတုန်းကတော့ဒေါ်အောင်ဆန်းစု ကြည်လာကြည့်တယ်၊အားမငယ် ဖို့လည်းပြောသွားခဲ့ပါတယ်၊ကျွန်မ အနေနဲ့ကတော့အစိုးရရဲ့ထုတ်ပြန် ကြေညာချက်ကိုလက်မခံနိုင်ပါဘူး၊

ကျွန်တို့စိတ်ထဲမှာထင်နေတာ ကတော့ ဦးပိုင်မိုးကြိုးဆာလပ် ဖြူရစ်အက်စစ်ဆက်ရုံနဲ့အမှတ်

2 RIT ကျောင်းတော်ကြီး မှဆရာ ဆရာမကျောင်းသားတွေကို သူပုန် ဆရာ /ဆရာမ/ကျောင်းသားတွေလို စွပ်စွဲပြီး နည်းမျိုးစုံ နှိပ်ကွပ် ခဲ့သူ

ဦးသောင်း ဆိုတာ ..

ကျနော်တို့ RIT ကျောင်းတော်ကြီး ကို သူပုန်ကျောင်း ဆိုပြီး ..
Systematic Destroy လုပ်ခဲ့သူ ..

ကျနော်တို့ ရဲ့ ဆရာ ဆရာမတွေ ကို သူပုန်ဆရာ တွေလို့ စွပ်စွဲပြီး ..
သူ့ရဲ့ ကိုယ်ပိုင်တပည့်(Phd အလိုအလျောက်ရ) တွေနဲ့ နည်းမျိုးစုံ နှိပ်ကွပ် ခဲ့သူ ..

ကျနော်တို့ RIT သမိုင်း နဲ့ အတူ အမဲစက်ကြီး စွန်းကျန်ခဲ့ မဲ့ သူ ..
----------------------------------------------------------------------------------------
“ဒီကျောင်းကြီးကို အဆင့်မြင့်အောင် နိုင်ငံခြားသားတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုပြီး ကျွန်တော် ပါမောက္ခချုပ် လုပ်နေတုန်း ၉၇၊ ၉၈ လောက်ကပေါ့၊ နိုင်ငံခြားသားဆရာ တွေလာပြီး စာလာသင်တာမျိုး လုပ်ခဲ့ဖူးတယ်။ စင်ကာပူနှင့် မလေးရှားကိုလည်း ပညာတော်သင်တွေ လွှတ် တယ်။ နောက်တော့ ဒါပေမယ့် လုံးဝ ကွဲပြားခြားနားတဲ့ စနစ်တစ်ခု ၂ဝဝဝ ခုနှစ်မှာ ပေါ်လာတယ်။ နယ်တွေမှာ ကျောင်းတွေ အများကြီး ဖွင့်ပြီး ဒီကျောင်း နှစ်ကျောင်းမှာတော့ ကျောင်းသား လက်မခံဘဲ ဖြစ်သွားတယ်။ ကျောင်းသားပေါင်း ၈ဝဝဝ ကျော်နဲ့ သင်တန်းပေါင်း ၁ဝဝ ကျော်နဲ့ နေ့ရော၊ ညရော မီးတွေ ထိန်လင်းပြီး လည်ပတ် နေခဲ့ရာက စောစောက ပြောသလို စနစ်အသစ်ထွင်ပြီး နောက်ပိုင်းမှာ ဒီဟာတွေ အကုန်လုံးလောက် ပျောက်ပျက်သွားခဲ့တယ်”
ဆရာဦးညီလှငယ်- ပါမောက္ခချုပ်(ငြိမ်း)
-------------------------------------------------------------------
"သုံးသိန်းတစ်သောင်း"

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ၀န်ကြီး ဦးသောင်း တယောက်ထဲမှ တာဝန်ယူခဲ့သည်မှာ ဆယ်စုနှစ်ကျော်ကြာညောင်းခဲ့ပါပြီ။

န-အ-ဖ စစ်အစိုးရသမိုင်းမှာ ၀န်ကြီးဌာနတခုထဲမှာ အရှည်ကြာဆုံး တာဝန်ယူခဲ့တဲ့ သက်တော်ရှည်အမတ်ကြီးလို့ ဆိုနိုင်လောက်ပါပေတယ်။ တပ်ချူပ်ကြီး-သန်းရွေနဲ့

1 လူကုန်ကူးတိုက်ဖျက်ရေး WALK FREE အဖွဲ့တည်ထောင်သူ သြစတေးလျှသူဌေးကြီးAndrew Forres မိသားစုတို့၏ တွံတေး ဘုရားကြီးရွာ မင်္ဂလာတိုက်ပရဟိတဂေဟာအလှူ


လူကုန်ကူးတိုက်ဖျက်ရေး WALK FREE အဖွဲ့မှတွံတေး ဘုရားကြီးမင်္ဂလာတိုက်ပရဟိတဂေဟာမှာမြန်မာသနပ်ခါးကို သဘောကျလို့ကိုယ်တိုင်ကျောက် ပြင်မှာသွေးကြည့် ပြီး ကိုယ်တိုင်လှူးပေး နေတဲ့ သူဌေးကြီးရဲ့ သမီးကြီးNicola Forrest ပါ
သမီးငယ်လေးတယောက် ကြောပိုးခိုင်းလို့ ကြေနပ်တဲ့အထိ ကြောပိုးခုံပေါက်ကစားပေးနေတဲ့ လူကုန်ကူးတိုက်ဖျက်ရေး WALK FREE အဖွဲ့တည်ထောင်သူ သြစတေးလျှသူဌေးကြီးAndrew Forrest ရဲ့ သမီး အလတ် Sophia Forrest ပါ
လူကုန်ကူးတိုက်ဖျက်ရေး WALK FREE အဖွဲ့မှတွံတေး ဘုရားကြီး မင်္ဂလာတိုက်ပရဟိတဂေဟာမှကလေးငယ်များကို လက်ဝှေ့ထိုးနည်းပြပေးနေတဲ့(သားအငယ်ဆုံးSydney Forrest ပါ)

တွံတေး ဘုရားကြီးရွာက မင်္ဂလာပရဟိတဂေဟာ ဆရာတော်ကြီး ကို WALK FREE အဖွဲ့သားတွေ သံဃာအတွက်ဆွမ်း မိဘမဲ့ကလေးတွေအတွက် ထမင်း တနပ်စာသွားလှုကြပါတယ်
လူကုန်ကူးတိုက်ဖျက်ရေး WALK FREE အဖွဲ့မှတွံတေး ဘုရားကြီး မင်္ဂလာတိုက်ပရဟိတဂေဟာမှကလေးငယ်များကို မနက်စာထမင်းတနပ်လှူဒါန်းကျွေးမွေးခဲ့ပါတယ် ကိုယ်တိုင်ထမင်းလိုက်ပွဲများလိုက်ထဲ့ပေးကြပါတယ်(သြစတေးလျှသူဌေး FORREST ရဲ့ သားအငယ်ဆုံးSydney Forrest ပါ
လူကုန်ကူးတိုက်ဖျက်ရေး WALK FREE အဖွဲ့မှတွံတေး ဘုရားကြီး မင်္ဂလာတိုက်ပရဟိတဂေဟာမှကလေးငယ်များနဲ့အမှတ်တရပါ (သူဌေးကြီး၏မိခင်ပါ)

သတင်းနှင့်ဓာတ်ပုံ...Ko Kyaw Thu

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.