Sunday, December 23, 2012

0 "ကျွန်မတို့ကတော့ကလေးတွေလူစဉ်မမီတာကြေးနီစီမံကိန်းကြောင့်လို့ပဲထင်ပါတယ်"



“ကျွန်မတို့ကပြောခွင့်မရလို့ မပြောပဲနေခဲ့ရတာပါ။ ကျွန်မတို့ ရဲ့ကလေးတွေ ဒီလိုမျိုးလူစဉ်မမီ ဖြစ်ရတာဟာ ဦးပိုင်ဆာလဖြူရစ် အက်စစ်စက်ရုံနဲ့ ကြေးနီစီမံကိန်း ကြောင့်လို့ပဲထင်ပါတယ်။ ကျွန်မတို့ မှာ ဒီလိုမျိုးဆွံအတဲ့ ကလေးတွေ မွေးတဲ့ မျိုးရိုးလည်းမရှိပါဘူး။ ကျွန်မကိုယ်ဝန်ဆောင်စဉ်ကာလ တုန်းကတော့ ဦးပိုင်မိုးကြိုးဆာလ ဖြူရစ်အက်စစ်စက်ရုံက အက်စစ် ငွေ့တွေရှုရှိုက်ခဲ့ရတယ်ဘာမှမဖြစ် လောက်ဘူးပဲထင်ခဲ့တာ။ ကလေး မွေးတုန်းကလည်း အခက်ခဲမရှိ ခဲ့ဘူး၊ နောက်ပိုင်းကျတော့မှ ကလေးက အသက်၂ နှစ်အရွယ် တာရောက်လာတယ်စကားမပြော ဘူး၊

မိခင်တစ်ရောက်အနေနဲ့ တော့ ကိုယ်ကလေးဒီလိုဖြစ်နေ တာကိုတော့ ဘယ်ကြည့်ရက်ပါ မလည်း၊ ရန်ကုန်ကလေးဆေးရုံ မှာတုန်းကတော့ဒေါ်အောင်ဆန်းစု ကြည်လာကြည့်တယ်၊အားမငယ် ဖို့လည်းပြောသွားခဲ့ပါတယ်၊ကျွန်မ အနေနဲ့ကတော့အစိုးရရဲ့ထုတ်ပြန် ကြေညာချက်ကိုလက်မခံနိုင်ပါဘူး၊

ကျွန်တို့စိတ်ထဲမှာထင်နေတာ ကတော့ ဦးပိုင်မိုးကြိုးဆာလပ် ဖြူရစ်အက်စစ်ဆက်ရုံနဲ့အမှတ်
တစ်ကြေးစဉ်တောင်ကြေးနီ စီမံကိန်း ကြောင် ကျွန်မတို့ကလေးတွေ ဒီလိုဖြစ်ရတယ်လို့ပဲထင်ပါတယ်” ဟု ၂နှစ်အရွယ်ခန္ဒာကိုယ်ပျော့ခွေ နေ သည့်သမီငယ်လေးကို ချီထား သည့်မခင်စန်းမြင့်က ၀မ်းနည်း သောမျက်နှာဖြင့် ပြောဆိုသည်။

ထိုကဲ့သို့ပြောဆိုရသည်မှာကန်ကုန်း ကျေးရွာရှိကို အင်္ဂါရှိတဲ့နေသည့် ကလေးများအား ယင်းကဲသို့ကိုယ် အင်္ဂါချို့တဲ့ရခြင်းမှာလက်ပံတောင်း ဒေသတွင်ပြုလုပ်နေသည့်အမှတ် (၁)ကြေးနီးစီမံကိန်းနှင့် သက်ဆိုင် မှုရှိမရှိကို ကန်ကုန်းကျေးရွာရှိ ကိုယ်အင်္ဂါရှိုးတဲ့နေသည့် ကလေး ငယ်များ အားရန်ကုန်မြို့ရှိ ကလေးဆေးရုံတွင် စစ်ဆေးပြီး မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဋ္ဌာန မှ အမှတ်တရ(၁) ကြေးနီစီမံကိန် နှင့် သက်ဆိုင်မှုမရှိဟုကြောငြာ ချက်ထုတ်ပြန်ခဲ့သည့်အပေါ် မကျေနပ်သောကြောင့်အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ မခင်ဆန်းမြင့်ဆိုသူ မှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ဆားလင်းကြီးမြို့နယ်ကန်ကုန်း ကျေးရွာတွင်နေထိုင်သူဖြစ်ပြီးသူမ ၏ ကလေး ငယ် မှာ အသက် ၂ နှစ်အရွယ် ရောက်သည် အထိ လမ်းလျှောက်နိုင်ခြင်းမရှိခေါင်းမ ထောင်နိုင်ကလေး၏ ခန္ဒာကိုယ် မှာပျောခွေနေသည်ကိုတွေရ သည်။ အဆိုပါကလေးငယ်ကဲ့သို့ ပင် ကန်ကုန်ကျေးရွာတွင် ယင် ကဲ့သို့ဝေဒခံစားနေရသည့်ကလေး ငယ်သုံးဦးရှိနေသည်ဟု သိရ သည်။
ရန်ကုန်ကလေးဆေးရုံတွင် သွာရောက်စစ်ဆေးခဲ့ရာတွင် ပါဝင်ခဲ့သည် ကလေးငယ် ကောင်းထက်ဇော်၏ မိခင်မနီလာ ကလည်း”ကျွန်မကလေးဒီလိုဖြစ် သွားရတာအမှတ်တစ် ကြေးစဉ် တောင် ကြေးနီးစီမံကိန်းကြောင် လို့ပဲထင်တယ်၊အစိုးရရဲ့ထုတ်ပြန် ကြေညာချက်ကို ငြင်းချင်ပေမဲ့ အခွင်မသလို့ရန်ကုန်မှာဘာမှ မပြောခဲ့ရဘာဘူး၊ ကျွန်မတို ရန်ကုန်ကလေးဆေးရုံမှာ တုန်းက ဘယ်မှ မသွားရပါဘူး၊ ဘယ်သူနဲ့ မှလည်း မတွေ့ရပါဘူး၊ သူတို့ စစ်ဆေးပြီးတော့ ပြန်လွှတ်လိုက်တာပါပဲ၊ ကျွန်မတို့ကိုလာခေါ် တုန်းကလည်း သူတို့လာခေါ်မယ် ဆိုတာမသိခဲ့ရပါဘူး၊ ကျွန်မအနေ နဲ့အဓိကပြောချင်တာကတော့ ကျွန်မတို့ကလေးတွေ ဒီလိုမျိုး လူစဉ်မမှီဖြစ်ရတာ ဒီကြေးနီစီမံ ကိန်းကြောင့်လို့ ပဲထင်ပါတယ်” ဟုကန်ကုန်းကျေးရွာမှကိုယ်အင်္ဂါချို့ တဲ့နေသည့်ကလေးငယ်၏ မိခင် တစ်ဦးကပြောသည်။
တိုကန်ကုန်းကျေးရွာမှာ အမှတ်တစ်ကြေးနီစီမံကိန်းနှင့် နီးကပ်နေသည့်အပြင့်ကြေးနီထုတ် လုပ်ရာတွင် အသုံးပြုသည့်မိုးကြိုး ဆာလဖြူရစ်အက်စစ်စက်ရုံမှာ လည်းကုန်ကုန်းရွာအနောက်ဘက် တွင် တည်ဆောက်ထားခြင်းဖြစ် သောကြောင့် နေစဉ်နှင့်အမျှ အက်စစ်အနံသက်ဆိုးများကို ရှု ရှိုက်နေရပါသည်ဟုရွာသူရွာသား များကပြောဆိုသည်။ အဆိုပါ အက်စစ်စက်ရုံမှာလည်းလည်ပတ် မှုမရှိဟု သက်ဆိုင်သူများကပြော ဆိုသော်လည်း တစ်ကယ်တန်း သွာရောက်ကြည့်ရှုရာတွင်အက်စစ် စက်ရုံမှာ လည်ပတ်နေသည်ဟု ယူဆရပြီး အဆိုပါအက်စစ်စက်ရုံ ထဲမှအက်စစ်ရည်များသယ်ဆောင် သည့်ကားတစ်ဆီးထွက်လာပြီ ယင်းကားမှာ အမှတ်တစ်ကြေးနီ စီမံကိန်းရှိရာသို့ သွာရောက်ပြီး မိုးကြိုးအက်စ်ရည်သွာရောက် ပေးပိုသည်ကို တွေ့ရသည်။အမှတ်တစ်ကြေးနီစီမံကိန်းဝန်း ကျင်မှဒေသခံများ ပြောပြချက် အရ စီမံကိန်းအတွက်ဘတ်ဖိုး ကားသစ်ကြီးများ ဒီဇင်ဘာ ၁၆ ရက် ရောက်ရှိလာသည်ကို တွေရကြောင်းအမှတ်တစ်ကြေးနီ စီမံကိန်းမှ နေ့စဉ် ညနေ ၃ နာရီခွဲ တောင်များ ကိုမိုင်ခွဲပြီးမိုးကြိုး အက်စစ်များပက်ဖြန်းလျက်ရှိ ကြောင်း ပြောပြခဲ့သည်။

မျိုးမြင့် (Hot news weekly)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.