Friday, December 28, 2012

0 ပညာရေးနိမ့်ကျလို့ နိုင်ငံမတိုးတက်ရတာလို့ ဒေါ်စု ပြောကြား(ရုပ်/သံ)


ပညာရေးနိမ့်ကျလို့ နိုင်ငံမတိုးတက်ရတာလို့ ဒေါ်စု ပြောကြား၊ ရန်ကုန်တက္ကသိုလ်ကနေ စတင်မည်ဟု ဆို


ယနေ့ မွန်းလွဲတစ်နာရီအချိန်တွင် ပြည်သူ့ရင်ပြင်၌ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးရန်ပုံငွေပွဲတွင် အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က မိမိတို့နိုင်ငံတွင် သဘာဝအနေအထားကြောင့် ဆင်းရဲခြင်းမဟုတ်
ပဲ စနစ်ကြောင့်သာ ဆင်းရဲနေခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

"အားလုံးကသိပါတယ် ကျွန်မတို့နိုင်ငံက ဆင်းရဲတယ်ဆိုတာကို သိပါတယ် ၊ သဘာဝအရဆင်းရဲတာ မဟုတ်ပါဘူး၊ စနစ်ကြောင့်ဆင်းရဲတယ်ဆိုတာ အများကြီး သိနေပြီးသားဖြစ်ပါတယ် ၊ စနစ်ကိုပြောင်း ဖို့ဆိုတာပညာလိုတယ်။ ပြောင်းချင်
တိုင်းပြောင်းလို့မရဘူး၊ ပြောင်းပုံပြောင်းနည်းကလည်း လိုပါတယ်။ အဲ့ဒီလိုပြောင်း ပုံပြောင်းနည်း မှန်ကန်ဖို့ဆိုတာဟာကျွန်မတို့ရဲ့ပြည်သူတွေဟာ ပညာတတ်ဖို့လိုတယ် ဆိုတာ ကျွန်မ ခဏခဏပြောနေတဲ့ကိစ္စ ၊ပညာဆိုတာ ကျောင်းမှာနေတဲ့ ကလေးတွေအတွက်တင်မဟုတ်ပါဘူး၊ ကလေးလူကြီးမရွေး အားလုံးအတွက်ဖြစ်ပါ တယ်လို့ ပြောချင်ပါတယ် " ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပညာရေးနှင့်ပတ်သက်၍ အဓိကထားပြောကြားခဲ့သော ၎င်း၏မိန့်ခွန်းတွင်မိမိတို့နိုင်ငံအား တိုးတက်စေချင်ကြောင်း ၊မိမိတို့ပြည်သူလူထုအားအဆင့်မြင့်စေချင်ကြောင်း ၊ ယခုကဲ့သို့ပညာရေးကွန်ရက်များထူထောင်နေရုံနှင့် မပြီးပဲ အားလုံးကကြိုးစားကြဖို့လိုအပ်ကြောင်းနှင့် ပြည်သူလူထုအားလုံးပညာရှိပါကမိမိတို့နိုင်ငံအတွက် မည်သည့် စိတ်ကွက်မှုများရှိမည် မဟုတ်ကြောင်း ထပ်မံပြောကြားသွားခဲ့သည်။

ထက်နောင်နောင်(မြန်မာ့ခောတ်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.