Wednesday, December 26, 2012

3 မြန်မာအစိုးရစစ်တပ်မှ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များမှ ဒုံးများဖြင့် ကချင်ပြည်နယ်ရှိ ကေအိုင်အေတပ်အားတိုက်ခိုက်


မြန်မာအစိုးရ စစ်ရဟတ်ယာဉ်ပေါ်က ပစ်တဲ့ ရုရှား ဒုံးကျည်




မြန်မာပြည်ငြိမ်းချမ်းရေးကို ဒါတွေနဲ့တည်ဆောက်မလို့တဲ့





မြန်မာ စစ်အစိုးရတပ်များ ရဟတ်ယာဉ်အသုံးပြုကာ လိုင်ဇာ အောက်ဘက်ခြမ်းရှိ ဆမ်တိန်းဂျန်ကျေးရွာသို့  လက်နက်ခဲယမ်း ရိက္ခာများ လာရောက်ပို့ ဆောင်သွားကြောင်းသိရသည် ။

ကေအိုင်အေ တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်း(၂၄)နယ်မြေ ဘွမ်ဆောင်ဒေသ တွင် ကေအိုင်အေ တပ်ပေါင်းစု တပ်ဖွဲ့ ဝင်များ နှင့် အစိုးရတပ်များ ညနေ (၅)နာရီ အချိန်ခန့် ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရသည်။

ထို့ အပြင် ယနေ့ မွန်းလွဲပိုင်း ၂ နာရီမှ ၄ နာရီခန့် အတွင်း မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းမကြီးအတိုင်း မြန်မာအစိုးရတပ်မှ စစ်ကား အစီး (၈၀) ခန့် စစ်ကြောင်းထိုး တက်သွားကြောင်း သိရှိရသည်။

Photo..ကိုမင်းဌေး

3 comments:

  1. အပေါ်ဆုံးက ဓာတ်ပုံကအတုကြီးပါ ဝါဒဖြန့်နေတာ မသိတာမှတ်လို့

    ReplyDelete
  2. ငြိမ်း ချမ်း ရေး ရ လို လျှင် စစ် ကို အ ရင် ပြင် ရ တယ် ဆို တယ် ယနေ့ ကမ္ဘာ ငြိမ်း ချမ်း နေ တာ နေ တိုး နဲ့ အမေ ရိ ကန် ကို ဘယ် သူ မှ မယှဉ် နိုင် လို့  ပဲ ငြိမ် ချမ်း ရေး ပဲ ဖြစ် ဖြစ် ချေ မှုန်း ရေး ပဲ ဖြစ် ဖြစ် မြန် မြန် ပြိး ရင် တိုင်း ပြည် အ တွက် အ ကောင်း ဆုံး ပါ

    ReplyDelete
  3. တောင်ကြီးသားDecember 29, 2012 at 10:12 PM

    မင်းတို့ ခံရတော့မယ်လေ။ ဒါဟာ နောက်ဆုံးအချိန်ပဲ။ လက်နက်ကိုစွန့်ပြီး ၀င်လာမယ်ဆို လက်ကမ်းလို့ ကြိုမှာပါ။ လက်နက်ပဲ ကိုင်ချင်တယ်ဆိုရင်တော့ အမြစ်ပြတ် ချေမှုန်းခံရမယ်။ ပြည်သူတွေ သိပ်နာနေပြီ။ မင်းတို့က နှိပ်စက်လိုက် စစ်ဖြစ်လို့ ပြေးရနဲ့ ဒို့ပြည်သူ ပြည်သားတွေကိုလည်း ပြန်ကြည့်ပါဦး။ တပ်မတော် မြန်မြန်တက် မြန်မြန်သိမ်းပါ။ ကြာလာတာနဲ့ အမျှ ပြည်သူတွေပဲ ခံစားရတာပါ။ သိမ်းပြီးရင် လိုင်ဇာမှာ မဆုတ်တမ်း အသေခံ တပ်စခန်းတွေချထားပါ။ ဒါမှ တရုတ်ကို စောင့်ကြည့်နိုင်မှာ။ KIO KIA တွေ စွာနေတာ တရုတ်က ထောက်ပေးထားလို့ပါ။ နောင်နိုင်ငံတော်ရဲ့ အနာဂတ်မှာ တရုတ်ကို သတိထားရပါမယ်။ ပြည်သူတွေ စည်းလုံးပါ။ တရုတ်ကြီးရဲ့ ခြေလှမ်းတိုင်းကို သတိထားစောင့်ကြည့်ပါ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.