Thursday, December 27, 2012

5 တပ်မတော် ပွဲတက်ဝတ်စုံအချို့ ပြောင်းလဲ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှစ၍ တပ်မတော်အရာရှိကြီးများ၏ ပွဲတက်ဝတ်စုံအချို့ကို ပြောင်းလဲခဲ့ကြောင်းသိရှိရသည်။
ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပသော တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်သင်တန်းအပတ်စဉ် ၁၄ သင်တန်းဆင်းပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မ တော်အရာရှိကြီးများ တက်ရောက်ခဲ့ပြီး ညပိုင်းတွင် ညစာစားပွဲတည်ခင်း ဧည့်ခံရာသို့ တက်ရောက်ခဲ့သော အရာရှိကြီးများ၏၀တ်စုံမှာ (ပုံပါအတိုင်း) ပြောင်းလဲခဲ့သော ၀တ်စုံများအဖြစ် ရုပ်သံသတင်းများတွင် တွေ့မြင်ခဲ့ကြရသည်။ နံနက်ပိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်း အမှာစကား ပြောကြားရာ၌ ပုံမှန်ဝတ်စုံဖြင့်
တက်ရောက် ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့်  (လေ) တို့သည် ၀တ်စုံအသစ်ဖြင့် တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ထိုကဲ့သို့ တပ်မတော်အရာရှိကြီးများ၏ ၀တ်စုံ (ယူနီဖောင်း) ပြောင်းလဲခြင်းနှင့် ပတ်သက်၍ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ ““ကျွန်တော်တော့ အတိအကျ မသိသေးပါဘူး။ အရာရှိငယ်တချို့ကပြောတာ ရှိပါတယ်။ ကျောင်းဆင်းပွဲမှာ Dinner Dress တို့ Walking Out Dress  တို့ ဘာတို့၊ တွေ့ရတယ်။ စစ်ဝတ်တန်ဆာ စည်းမျဉ်းအရ အသစ်ထပ်တိုးတာတို့၊ ပြောင်းတာတို့ လုပ်လို့ရပါတယ်။ အမေရိကန်ဝက်စ်ပွိုင့်တို့ ဘာတို့က နမူနာယူလားမသိဘူး။ ကျွန်တော်တော့ ပြောင်းတာပဲ သိတယ်။ ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်တွေ အနေနဲ့ သိပ်တိတိကျကျမသိဘူး၊ (ရေ) နှင့် (လေ) ယူနီဖောင်း ပြောင်းတာရှိတယ်။

ကြည်းက ပြောက်ကျားယူနီဖောင်း ပြောင်းထားတာလည်းရှိတယ်””ဟု မြန်မာသံတော်ဆင့်သို့ပြောသည်။
မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းစဉ်က အစဉ်အလာကောင်းများဖြင့် ယနေ့တိုင်ရပ်တည်လျက် ရှိပြီး အရေးအခင်းကြုံသောကာလများတွင်တိုင်းပြည်ကိုထိန်းသိမ်းခဲ့သည့်တပ်မတော် ခေါင်းဆောင်များ နှင့်အတူ မြန်မာ့နိုင်ငံရေးသမိုင်းစာမျက်နှာများကို ရေးထိုးနိုင်ခဲ့သည်ဖြစ်၍ ထိပ်တန်း တပ်မတော် ခေါင်းဆောင်များ၏ ၀တ်စားဆင်ယင်မှုများသည်လည်း အများပြည်သူက စိတ်ဝင်စားမှုများကြောင်း၊ သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီးနောက် အမေရိကန်နှင့် မြန်မာနိုင်ငံ စစ်ရေးအရ မည်သို့ မည်ပုံ ဆက်လက်၍ ပူးပေါင်းနိုင်မည်ကို စိတ်ဝင်စားမှုများလာချိန်တွင် ယခုကဲ့သို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် ထိပ်တန်း တပ်မတော်ခေါင်းဆောင်များအနေဖြင့် အသွင်သစ်ဖြင့် အများမြင်ကွင်း၌ ထွက်ပေါ်လာသည်မှာလည်း ထူးခြားကြောင်း ၀ါရင့် သတင်းဂျာနယ် အယ်ဒီတာချုပ်တစ်ဦးက ၎င်း၏ သုံးသပ်ချက်ကို ပြောသည်။

သတင်းဓာတ်ပုံများ
(မြ၀တီရုပ်သံ၊ တိုင်းကျိုးပြည်ပြုမှတ်တမ်း၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် နှစ်ပတ်လည်စာစောင်တို့မှ ကူးယူဖော်ပြသည်)









မြန်မာ သံတော်ဆင့် သတင်းဂျာနယ်

5 comments:

  1. ဘိုဂျုပ်မှူးကြီး မင်းအောင်လှိုင်ရေ မင်းဝတ်ချင်တာဝတ်၊
    မင်းအဘရဲ့ ညာလက်ရုံး ဘိုဂျုပ်မှူးကြီး တေဇ ကတော့ DSA ကျောင်မပြီး ပေမဲ့ မြန်မာပြည်ရဲ့ မာလ်တီဘီလျံနာ ဖြစ်နေပြီ။

    ReplyDelete
  2. I want rent them out to other countries as waiters to serve people because their suits look like waiters' suit ha ha ha

    ReplyDelete
    Replies
    1. ကြံကြိးDecember 28, 2012 at 12:54 AM

      မှန် လိုက် တာ

      Delete
  3. သင်ကိုသင်ပြန်မေးပါ နိင် ငံတော်ပြည်သူအတွက်ငါဘာတွေလုပ်ပြီးပြီ လဲလို့အ ဖြေရရင် ဝတ်သင်မသင် စဉ်းစားပေါ့ဟုက်ပြီလားဘဘကြီ

    ReplyDelete
  4. Of course the guys look like WAITERS in the US no doubt.
    However, they would not even have the chance to earn their living as waiters.
    Once they fall all will go straight to the gallows or six feet underground trust me, having no other choice for that matter as well.
    Maybe, they are CHANGING THEIR SKINS after A BUZZARD RESTED ON SHWE-DA-GON pagoda, a BAD OMEN for them ALL, any bets?
    The fact evidenced CHANGES ARE IN ORDER and IMMINENT/INEVITABLE among the RULING ELITE at Naypyidaw.
    Hence, I would PREDICT: Than Shwe's going to KICK the BUCKET and Min Aung Hlaing his stooge as well would MEET A SINISTER/SIMILAR FATE, AKIN to Gen. Thura Myint Aung's whom Than Shwe had PURGED to give the rank and position to China chosen Min Aung Hlaing. Gen. Thura Myint Aung and his family's whereabouts are STILL UNKNOWN since then until today.
    And not the least Thein Sein as well would be OUT of the PICTURE (his pace maker's battery failed most likely if not meet a more sinister fate) as well.
    THEIR DAYS ARE UP and TIME for THEIR DEMISE HAS COME of course.
    CHANGING UNIFORMS/ATTIRES WOULD HOLD NO WATER much less SAVE the DAY for THEM trust me!
    The BUZZARD has COME to CLAIM their CARCASSES finally lest they fail to note I say.

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.