Saturday, December 29, 2012

2 ကွင်းလုံးပြည့်လျှံ မော်လမြိုင် ဇာဂနာ ရဲ့ဟောပြောပွဲ

အဖေ တစ်ယောက်နဲ့ ၅ နှစ်အရွယ် သားတစ်ယောက်လက်ဖက်ရည်ဆိုင်ထိုင်ပြီး သားက“ အဖေနိုင်ငံရေးဆိုတာဘာလဲ” ဆိုပြီးမေးတော့ အဖေက“ အဖေက တစ်အိမ်လုံးစားဖို့နေဖို့အတွက် ရှာရဖွေရဆိုတော့ အရင်းရှင်ပေါ့၊မင်းအမေက ရှာဖွေသမျှကို သိမ်းဆည်း၊ဘယ်နေရာမှာသုံးသင့်သလဲဆိုတာတွေးတော့ အစိုးရပေါ့၊သားက မင်းအမေပေးသမျှယူ၊ကျွေးသမျှစားတော့ ပြည်သူပေါ့၊အိမ်မှာခိုင်းတဲ့မမက ပိုက်ဆံယူပြီး အလုပ်လုပ်တော့ အလုပ်သမားပေါ့၊မင်းညီလေး(၂)နှစ်အရွယ်က ပုခက်ထဲမှာနေပြီး ဘာမှမသိသေးတဲ့ အနာဂတ်နိုင်ငံပေါ့” လို့ သားဖြစ်သူကို ရှင်းပြလိုက်တယ်၊၊

ညသန်းခေါင်ချိန်မှာ ၅ နှစ်အရွယ်သားက အိပ်ရာကနိုးပြီး ညီဖြစ်သူ ပုခက်မှာနေတာသွားကြည့်တော့ ညီဖြစ်သူက အီးတွေနဲ့ ပေရေပြီး လူးနေတာ မြင်တယ်၊၊၅ နှစ်အရွယ် သားက ဘာမှမလုပ်တတ်တော့ သူအမေကို သွားနိုးတာ ခူးခေါဆိုပြီးအိပ်ပျော်နေတယ်၊ဒါနဲ့ အဖေကိုလည်းမတွေ့ရ၊အောက်ထပ်ဆင်းလာတဲ့အခါ အခန်းတစ်ခုမှ အသံကြားတော့ သွားကြည့်မိတော့ သူ့အဖေနဲံ့အိမ်ဖော်မလေးက ကုတင်ပေါ်မှာပလူနေတယမြင်ရတယ်၊၊ဒါနဲ့သားက ခေါင်းကုတ်ပြီး ပြန်အိပ်လိုက်တယ်ဗျ၊၊

မနက်မိုးလင်းလက်ဖက်ရည်ဆိုင်ရောက်တော့ သားဖြစ်သူက “အဖေ သားနိုင်ငံရေးကို သဘောပေါက်သွားပြီး” လို့ပြောတော့ အဖေက အံ့သြပြီး ရှင်းပြပါအုံးဆိုပြီးမေးတော့
သားက“ အစိုးရက မသိချင်ယောင်ဆောင်နေ၊အရင်းရှင်နဲ့ အလုပ်သမားပလူးပလဲဖြစ်နေ၊အနာဂတ် နိုင်ငံက အီးတွေနဲ့လူးနေတာပဲ”လို့ပြောပြလိုက်တယ်၊၊

၂၈.၁၂.၂၀၁၂ ည၁၀အချိန်မော်လမြိုင်မြို့စာပေဟောပြောပွဲတွင် ဇာဂနာပြောကြားခဲ့တာပြန်လည်မျှဝေလိုက်ပါတယ်၊၊

Kyaw Khant

2 comments:

  1. ကြယ်မြတ်နိုးသူDecember 29, 2012 at 5:45 PM

    ဆ၇ာ(ကိုသူ၇)ခင်ဗျားအနာဂတ်အီးမလူးအောင်၊ပြည်သူကယောင်တောင်တောင်နဲ့အိပ်၇ာထဲမ၀င်၇အောင်ဆ၇ာတို့၇ဲစာ၊ဆ၇ာတို့စကားကိုအလွယ်တကူကြားချင်ပါတယ်လမ်းဘေးမှာကို၇ီးယား၇ုပ်၇ှင်ခွေအလွယ်တကူဝယ်လို့၇သလိုဆ၇ာတို့၇ဲ့စာပေဟောပြောပွဲအခွေတွေဝယ်လို့၇ခဲ့၇င်ပြည်သူတွေယောင်တောင်တောင်နဲ့အိပ်၇ာထဲဝင်မအိပ်နိုင်ပါဘူးခင်ဗျား။စားဝတ်နေေ၇းအတွက်၇ုံးကန်ပြီးအိမ်ပြန်ေ၇ာက်၇င်ဆ၇ာတို့စကားတွေမှာလိုက်နာစ၇ာတွေ၇ှိသလို၊အနာဂတ်ကိုဘယ်လိုကျင့်ကြံ၇မယ်ဆိုတဲ့လမ်းညွှန်ချက်တွေပါတဲ့ဆ၇ာတို့၇ဲဟောပြောချက်တွေကိုအစဉ်လေးစားလျှက်ပါ။

    ReplyDelete
  2. ကြယ်မြတ်နိုးသူDecember 29, 2012 at 5:45 PM

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.