Monday, December 24, 2012

2 ကျွန်မတို့လူစုတာသူပုန်ထဖို့အတွက်မဟုတ်ပါဘူး

ဒဂုံ တ.က.သ အဖွဲ့ဝင်များအားကျောင်းလုံခြုံရေးများက ကားဖြင့်လာရောက်ခေါ်ဆောင်စဉ်

ယနေ့ ၂၄.၁၂.၂၀၁၂ ၊ မနက် ၉း၁၅ မိနစ်ခန့် တွင်ဒဂုံ တ.က.သ အဖွဲ့ဝင်များသည် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏
လက်ကမ်းကြေညာစာရွက်များကို ကျောင်းသားများထံသို့ဝေနေစဉ်ကျောင်းလုံခြုံရေးများကလာရောက်ခေါ်ဆောင်သွားပြီး ကျောင်းတာဝန်ရှိသူများ၏ စစ်ဆေးသတိပေးခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရသည့်အခြေအနေသုံးသပ်ချက်ကိုမဇင်မာလွင်က"ဆရာတွေပြောတာကတော့ ကျောင်းဝင်း
အတွင်းမှာလုပ်ခွင့်မရှိဘူးတဲ့။

ဘာကြောင့်လဲဆိုတာကျွန်မတို့နားမလည်နိုင်ဘူး။အခုကျောင်းအပြင်မှာဆိုပွဲတွေကိုတရားဝင်လုပ်နေကြတယ်။ စေတနာဝသန်ပွဲဆို
သမ္မတရုံးဝန်ကြီးတွေတောင် အသိအမှတ်ပြုအားပေးတယ်။ မီဒီယာလောကမှာဆိုလဲကျွန်မတို့လို ကျောင်းတွင်းအဖွဲ့အစည်းတွေရော၊
အခြားနိုင်ငံရေး အဖွဲ့အစည်းတွေရော တရားဝင် မှုရှိတယ်။

N.L.Dပါတီတို့၊ ပြည်ခိုင်ဖြိုးပါတီတို့၊ အလုပ်သမားအဖွဲ့အစည်းတို့၊အခြားအဖွဲ့အစည်းတွေ အုန်းအုန်းထ တရားဝင်ဖွဲ့စည်းနေကြချိန်မှာဘာလို့ကျောင်းသားသမဂ္ဂဆိုတဲ့ ကျောင်းသားတွေရဲ့နစ်နာချက်တွေကို ဦးဆောင်ပြောဆိုပေး မယ့် ကျောင်းတွင်းအဖွဲ့အစည်းတစ်ခုကိုဘာလို့ကျောင်းထဲမှာလက်မခံနိုင်ရတာလဲ။ အခုဆိုပြုပြင်ပြောင်းလဲရေး ကာလပါ။ ဒီကာလမှာပျက်စီးနေတာကိုပျက်စီးနေတယ်လို့ ပြောတဲ့သူရှိရမယ်။မပြောင်းလဲသေးတာကို ပြောင်းလဲလာအောင်ပြောနေတဲ့အဖွဲ့အစည်းဆိုတာရှိရမယ်။ဒါမှ အရှိန်အဟုန်နဲ့တိုးတက်ကောင်းမွန်လာမှာပါ။

မြန်မာ့ပညာရေးလောကကြီးတိုးတက်ကောင်းမွန်လာဖို့ပဲကျွန်မတို့ရည်ရွယ်တာပါ။ဆရာတို့အနေနဲ့လဲနားလည်မှုရှိရှိနဲ့
ကျွန်မတို့ကိုကူညီစေချင်ပါတယ်။ ကျွန်မတို့လူစုတာသူပုန်ထဖို့အတွက်မဟုတ်ပါဘူး။
ကျွန်မတို့လူစုတာ ကျွန်မတို့ ပညာရေးလောကရဲ့ပျက်စီးနေတာတွေကို အတတ်နိုင်ဆုံးကူညီပြုပြင်မလို့ပါ။ ဆရာတို့နားလည်စေချင်ပါတယ်။"ဟု ပြောပြခဲ့သည်။

DagonUniversity StudentsUnion

2 comments:

  1. ကြယ်မြတ်နိုးသူDecember 24, 2012 at 11:50 PM

    အရှုံးမပေးနဲ့. မိငယ်ရေ ရဲရင့်မှကျော်ဖြတ်သွား ၊ကောင်းကင်ကကြယ်တွေကမင်းတိုရဲ့အနာဂတ်ပါ။မျိုဆက်သစ်တွေကကောင်းကင်ကကြယ်တွေကိုကြည့်ပြီးခရီးဆက်ကြပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. မိုးကောင်းကင်December 25, 2012 at 12:32 AM

    ကောင်းကင်မှာအမည်အထင်ကရမရှိဘဲထွန်းတောက်နေတဲ့ကြယ်လေးတွေဟာဒို့တွေမသိလိုက်ဘဲအသက်ပေးဆပ်ခဲ့တဲ့သူရဲကောင်းတွေဘဲ

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.