Saturday, January 15, 2011
0 တူနီးရှားနိုင်ငံကို၂၃ နှစ်ကြာဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်သမတZine El Abidine Ben Ali ထောင်သောင်းများစွာသော လူထုဆန္ဒပြမှုကြောင့် တိုင်းပြည်မှ ထွက်ပြေး
video။ ။ CNN/ Aljazerra
0 " ရောင်နီလာ နံနက်ခင်းဆီသို့”-အပိုင်း ( ၃ )
ရေးသူ-မောင်မောင်ဝမ်း
"Freedom is not free."
"လွတ်မြောက်မှု့ဆိုတာ အလကား မရဘူး။”
လူငယ်တွေ ခဏခဏ မေးတတ်တဲ့ မေးခွန်းတွေက ခေါင်းထဲကို အစီအရီ ၀င်လာတယ်။နိုင်ငံရေးဆိုတာ ဘာလဲ။၊ဒီမိုကရေစီဆိုတာ ဘာလဲ။ မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု့တွေက ဘာလို့ပေါ်ပေါက်လာရတာလဲ။အနာဂတ်မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေက ဘာတွေများလဲ။….စတဲ့..စတဲ့ မေးခွန်းတွေ………….။
“အကို..နိုင်ငံရေးဆိုတာ ဘာလဲ” စန်းမောင်ရဲ့အနှစ်သာရ ပြည့်ဝလှတဲ့ မေးခွန်းလေးက ကျနော့်ရင်ကို လှုပ်ခတ်သွားစေခဲ့တယ်။ ဒီမေးခွန်းဟာ..ကျနော် သိပ်ပြောချင်နေတဲ့ အကြောင်းအရာပေါ့……..တော်တော် များများသော လူထုကြီးဟာ နိုင်ငံရေးလို့  ဆိုလိုက်တာနဲ့ သီးခြားလုပ်ငန်းစဉ်တခုလို ယုံကြည်နေကြတာကိုး၊။
“ နိုင်ငံရေးဆိုတာ လူသားတွေရဲ့အရေးပဲကွ..ပညာရှင် အသီးသီးက ရှုထောင့်အသီးသီးကနေ အဓိပ္ပါယ်တွေ..ဖွင့်ဆိုထားတာတော့ ရှိတာပေါ့ကွာ..ဒါပေမယ့် ခြုံလိုက်ရင်..ဒီအဖြေပဲ ထွက်ပါတယ်…လူသားတွေရဲ့အရေးမှန်သမျှ နိုင်ငံရေးပဲ…နိုင်ငံရေးကို...မျက်ကွယ်ပြုခြင်းဟာ..လူသားတွေရဲ့အရေးကို မျက်ကွယ်ပြုခြင်းပဲ..ငါ ဒီလိုပဲ ယုံကြည်တယ်…တ ကယ်မှာက နိုင်ငံရေးဆိုတာ မွန်မြတ်သန့်စင်တဲ့ အလုပ်ပါ..နိုင်ငံရေးဆိုတာကို စက်ဆုတ်သွားအောင် ခေတ်အဆက်ဆက် နာမည်ဆိုး နိုင်ငံရေးသမားတွေနဲ့ စစ်အာဏာရှင်တွေရဲ့တဘက်သတ် လှုံ့ဆော်မှု့တွေကြောင့် တို့(ဒို့)နိုင်ငံမှာ..နိုင်ငံရေးဆိုတဲ့ အသံလေးကြားလိုက်တာနဲ့ လူတော်တော်များများက တုန်လှုပ်သွားတတ်ကြတယ် မဟုတ်လား….”
“ သိပ်မှန်တာပေါ့ အကိုရာ..လူတော်တော်များများက..နိုင်ငံရေးဆိုတာနဲ့ ဝေးဝေးက ရှောင်ပြေးတော့တာပဲ”
ကိုသွေးရဲ့ခံစားမှု့ စကားလုံးတွေက တချက်တချက် ဝေ့တိုက်ခတ်လာတဲ့ အညာလေနုအေးလေးနဲ့ အတူ ထွက်ပေါ်လာတော့...
“ငါတခါက..အခု ကြံ့ဖွတ်အဖွဲ့က မြို့နယ် အတွင်းရေးမှုး အောင်နိုင်နဲ့ မင်္ဂလာဆောင်တခုမှာ သွားဆုံဖြစ်တယ်ကွ...မလွှဲသာလို့ ဆုံလိုက်ရတဲ့ သဘောပါ..။သူက ငါနဲ့စကားပြောရမှာကို အတော်စိုးရိမ်နေတဲ့အကောင်ကွ..။ဆုံကြတော့လည်း..ဟိုဟိုသည်သည် ရောက်သွားတော့တာပေါ့….သူက ဘာပြောသလဲ ဆိုတော့…..”
“ သူငယ်ချင်း..ငါနိုင်ငံရေး မလုပ်တော့ဘူး..ငါ့ကိုနားလည်ပါ ” တဲ့………။ကောင်းရောကွာ..။
ငါကလည်း စိတ်ပေါက်ပေါက်ရှိတာနဲ့…”မင်းတို့ အဖွဲ့က လုပ်နေတာတွေက နိုင်ငံရေးမဟုတ်လို့..နတ် ပြည်ရေးတွေ လုပ်နေတာလား” ဆိုတော့…သူ ဘာမှပြန်မဖြေနိုင်တော့ဘူး…။ထပြီး လစ်ပြေးတော့တာပဲ…အထူးသဖြင့် တို့(ဒို့)နိုင်ငံမှာ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို စက်ဆုတ်ဖွယ်ဖြစ်အောင် လုပ်တဲ့နေရာမှာ..စစ်အာဏာရှင် အဆက်ဆက်ဟာ အဓိက တရားခံပဲ…အင်္ဂလိပ်ဝေါဟာရ ( politics )ကို နိုင်ငံရေးလို့ အဓိပ္ပါယ် မဖွင့်တော့ဘဲ..တခြားစကားလုံးနဲ့ပြောင်းလဲသုံးရင်း ကောင်းမလားလို့တောင် စဉ်းစားမိတယ်..”
ဘေးနားမှာ ဘာမှ ၀င်မပြောသေးဘဲ ထိုင်နေတဲ့ ချမ်းမြေ့က ၀င်လာပြီး…..
“ ဟုတ်တယ်..ကျနော့်အိမ်မှာဆို … ကျနော်က တခါတလေ မြန်မာ့အကြောင်း..ကမ္ဘာ့အကြောင်းလေး နည်းနည်းပါးပါး ဟလိုက်တာနဲ့ အမေက ဇွတ်တားတော့တာပဲ….။ ”ဟဲ့..နိုင်ငံရေးအကြောင်းတွေ လာမပြောနဲ့..နင်ထောင်ထဲသွားရလိမ့်မယ်..” ဒီလိုလာတာဗျ…”
“အေးပေါ့ ...လူတော်တော်များများ သိနေတာက..နိုင်ငံရေးလို့ ပြောလိုက်တာနဲ့ အစိုးရဆန့်ကျင်ရေးလို့ပဲ ပြေးမြင်ကြတာ မဟုတ်လား..နိုင်ငံရေးသမားဆို..အစိုးရ ဆန့်ကျင်ရေးသမားပေါ့..ထောင်ထဲ ၀င်လိုက်ထွက်လိုက်လုပ်နေရတဲ့သူ…မကြာခဏ အာဏာပိုင်တွေရဲ့အထုအထောင်း အနှိပ်အစက်ကို ခံနေရတဲ့သူ..သူတို့နဲ့ငါ ဆက်ဆံလိုက်ရင်..ငါတို့ပါ ဒုက္ခရောက်နိုင်တယ်ဆိုပြီး ဝေးဝေးက.အရှောင်ခံရတဲ့သူ..ဒီလိုတွေပဲ မြင်နေကြတယ်..ဒီအမြင်တွေကို ဒီနေ့လူငယ်ထုကြီးက ဖယ်ရှားပစ်ဖို့ လိုတယ်ကွ..”
ကျနော့်ရဲ့စကားအဆုံး…..
“ဒီ အယူအဆမျိုးကို..ဒီနေ့လူငယ်ထုက..သိပ်လက်မခံတော့ပါဘူး…ဒါကလည်း..စစ်အာဏာရှင်တွေရဲ့ အမျိုးမျိုးသော..သွေးထိုးလှုံ့ဆော်မှု့တွေကြောင့်…နိုင်ငံရေးအပေါ် ထားရှိတဲ့သဘောထား..လွဲမှားနေတာလို့ပဲ ကျနော်ထင်တယ်….”
စန်းမောင်က စကားပြောနေရင်းက..မျက်လုံးကို တခြားနေရာဆီ ပြောင်းကြည့်ရင်းက…၊
အားလုံးကလည်း ဦးတည်ကြည့်လိုက်ကြတယ်…..။
ထက်အောင်….ပင်နီတိုက်ပုံ နဲ့ ကချင်လုံချည်နဲ့ကို စမတ်ကျကျ ၀တ်ဆင်ပြီး ရောက်လာတယ်။
ကျနော်သူ့ကိုကြည့်ြ့ပီးတချက်ပြုံးမိလိုက်တယ်…..။ ထက်အောင်က မလုံမလဲ အမူအရာနဲ့...
“ အကိုက ..ကျနော့်ကိုကြည့်ပြီး…ဘာပြုံးနေတာလဲ” “မဟုတ်ပါဘူးကွာ..မင်းကို..သဘောကျလို့ပါ..။ တချိန်က ထက်အောင်နဲ့ လုံးလုံးခြားနားသွားလို့ပါ..။တချိန်က ငါမြင်ဖူးတဲ့ ထက်အောင်က ..ဆံပင်က..ဘာရောင်တွေ ဆိုးထားမှန်းမသိဘူး။ ဖွာလန်ကျဲလို့...။ နားမှာကလည်း အပေါက်ပေါင်းစုံ ..နားကွင်းပေါင်းစုံ..။အကျီအ၀တ်အစားက..ကြောင်ကြောင်ကျားကျား ၀တ်ဆင်တတ်တဲ့..မင်းကို..အခုမြင်ကွင်းနဲ့ကြည့်ပြီး လေးစားသွားလို့ပါ”
ထက်အောင်က သဘောကျသွားပုံရတယ်….။
“ ဒီတခါတော့..ကျနော်လဘက်ရည်ဖိုး ရှင်းပါ့မယ်ဗျာ”
အားလုံးက လှုပ်လှုပ်ရွရွနဲ့..”စားကြ..မှာကြ..” ဆိုတဲ့ ဟန်တွေ လုပ်ပြကြရင်း အားလုံး ၀ိုင်းရီလိုက်ကြတယ်။
“အကို ..ဟိုနေ့က ရှင်းပြခဲ့တဲ့..ဒီမိုကရေစီဆိုတာ ပေါင်းစပ်တန်ဘိုးဖြစ်တဲ့ နိုင်ငံရေးအယူအဆနဲ့တွဲသုံးကြတယ်ဆိုတဲ့ဟာကို ဆက်ရှင်းပေးပါဦး ”
ကိုသွေးက စကားလမ်းကြောင်းပေးလာတော့….
“ဒီလိုကွ…မျက်မှောက် ကမ္ဘာကြီးမှာ..ဒီမိုကရေစီကို နိုင်ငံရေးပုံစံ ၃ မျိုးနဲ့တွဲသုံးလာတာကို တွေ့ရတယ်..။ဒါတွေကတော့..(တစ်)..လွတ်လပ်တဲ့ဒီမိုကရေစီ ( liberal Democracy )…(နှစ်)..မလွတ်လပ်တဲ့ ဒီမိုကရေစီ ( illiberal Democracy )..။(သုံး)..အစ္စလမ်မစ် ဒီမိုကရေစီဆို ယေဘုယျအားဖြင့် ခွဲခြားနိုင်ပါတယ်…။
ငါ စရှင်းပေးမှာက မလွတ်လပ်တဲ့..ဒီမိုကရေစီ အမျိုးအစား။ အခု စစ်အစိုးရကပြောနေတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာ..မလွတ်လပ်တဲ့..ဒီမိုကရေစီအမျိုးစားပဲ..။ကွန်မြူနစ်နိုင်ငံတွေမှာ ကျင့်သုံးခဲ့တဲ့ ဒီမိုကရေစီ…။ နောက်..အင်ဒိုနီးရှားနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့..ဒီမိုကရေစီပုံစံတွေဟာ..မလွတ်လပ်တဲ့ ဒီမိုကရေစီအမျိုးစားတွေပဲ..”
“ လက်ဝဲ ဆိုရှယ်လစ်၊ကွန်မြူနစ်နိုင်ငံတွေမှာ..ဒီမိုကရေစီစနစ်ကို ..ကျင့်သုံးခဲ့တယ်ဆိုတာ..ဟုတ်ပါ့မလားအကို”
“လူထုက ရွေးချယ်တင်မြှောက်ခဲ့တယ်ဆိုတဲ့..လမ်းကြောင်းကိုတော့ ရွေးချယ်ခဲ့တယ်…ဒါကို ဒီမိုကရေစီ ကျင့်သုံးခဲ့တယ်လို့..ပြောကြတာပဲ….။ ဒါပေမယ့် လူထုဆန္ဒ..စစ်စစ်မှန်မှန်နဲ့ ဘာကိုမှ ရွေးချယ်လို့ မရတာတော့ သေချာတယ်…။ တို့(ဒို့)နိုင်ငံမှာ နှစ်ပေါင်း ၂၆နှစ် အုပ်စိုးသွားခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုပဲပြန်ကြည့်ကွာ..။မင်းတို့ကငယ်သေးတော့..ဘယ်သိပါ့မလဲ…။ လေးနှစ်တကြိမ် ရွေး ကောက်ပွဲကျင်းပတော့..အတိုက်အခံပါတီဆိုတာ မရှိဘူး..သူတို့ပါတီက တိုက်ရိုက်ချပေးတဲ့ ကိုယ်စားလှယ်တွေကို..ပြိုင်ဘက်မရှိ..လူထုက မဲပေးရတာ…လူထုမှာ ရွေးချယ်ခွင့် မရှိဘူး..။သဘောကတော့…လူထု စိတ်ကြိုက်ရွေးချယ်ပေးနိုင်တဲ့..ရွေးကောက်ပွဲ မဟုတ်ဘဲ..ဒီမိုကရေစီကို လက်တလုံးခြား လှည့်ပြီး..ကိုယ်စားလှယ်တွေကို..လူထုက သွားအသိမှတ်ပြုရတဲ့သဘောလောက်ပဲ ဖြစ်ခဲ့တယ်…။ဒါကြောင့်လည်း ၂၆နှစ်အကြာ ၁၉၈၈ လူထုအရေးတော်ပုံကြီးနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ..ကျဆုံးသွားခဲ့ရတယ်…”
“ အဲဒီပါတီဟာ..ဒီမိုကရေစီကျင့်သုံးခဲ့တယ်လို့ ပြောလို့ရသလား ”
ချမ်းမြေ့က ရေနွေးခရားထဲက ရေနွေးကိုထည့်ရင်း မေးလိုက်တယ်….။
“ငါ ရှေ့မှာပြောခဲ့သလိုပဲ..။လူထုက ရွေးချယ်ပေးရတယ်ဆိုကတည်းက..ဒီမိုကရေစီပုံစံလို့ ပြောမယ်ဆိုပြောနိုင်တာပေါ့.. ဒါပေမယ့် တကယ့်…ဒီမိုကရေစီ အနှစ်သာရမှာ..လွတ်လပ်တဲ့ သဘောဆန္ဒဆိုတာ ပါတယ်…။အာဏာရှင်နိုင်ငံတွေ..တပါတီစနစ်ကြီးစိုးတဲ့နိုင်ငံတချို့မှာ..လူထုဆန္ဒခံယူပွဲတော့လုပ်ပါရဲ့..တကယ်ရော..လူထုဆန္ဒပါရဲ့လား..။လွတ်လပ်စွာရွေးချယ်နိုင်တဲ့ ဆန္ဒတွေ ရှိရဲ့လား..သေသေ ချာချာ လေ့လာကြည့်တော့ မရှိဘူး..လုံးဝ မရှိဘူး..လူထုကို အကြောက်တရားတွေနဲ့လွှမ်းမိုးပြီး..သူတို့ဖြစ်ချင်တာတွေကို စေခိုင်းတဲ့ အနေအထားတွေပဲရှိတယ်..ဒါကို ဒီမိုကရေစီ ရှိသယောင် အသံကောင်း ဟစ်ထားတယ်..။ ဒါကိုပဲ..သူတို့က..ဒီမိုကရေစီလို့ သတ်မှတ်ခဲ့တယ်..။အကို ပြောခဲ့သလိုပဲ..။ ဒီပုံသဏ္ဍာန်ကို..ဒီမိုကရေစီလို့ သတ်မှတ်ရင်တောင်မှ မလွတ်လပ်တဲ့ ဒီမိုကရေစီ အမျိုးစားသာ..ဖြစ်တယ်”
“ အဲဒီ..မလွတ်လပ်တဲ့ ဒီမိုကရေစီပုံစံ အမျိုးစားကို..ဘယ်နိုင်ငံတွေမှာ ကျင့်သုံးလဲ အကို ”
စန်းမောင်က လက်ထဲမှာ ဘော့ပင်ကို ကိုင်ထားရင်း သူ့နုတ်စာအုပ်ထဲကို ရေးမှတ်မလို့ လုပ်ရင်းက လှမ်းမေးတယ်။….
“ အင်ဒိုနီးရှား၊တရုတ်၊ကျူးဘား၊ဗီယက်နမ်၊..ဒါ မင်းတို့မြင်သာတဲ့ နိုင်ငံတွေကို ပြောပြတာပါ..နောက်ထပ်လည်း ရှိသေးတယ်..ထပ်တိုးမယ်ဆိုရင်တော့..အခုမြန်မာနိုင်ငံပေါ့ကွာ”
“သူရဲ့ပုံသဏ္ဍာန်တွေက ဘယ်လိုလဲ”
“လူထုက ရွေးချယ်တင်မြှောက်ပေးရတဲ့ ( ဒီမိုကရေစီ)ပုံစံကို အရောင်ပြ ကျင့်သုံးတယ်ကွာ.. ။ ပြီးရင်..လူတဦးတယောက်..ဒါမှမဟုတ်..တပါတီ..အဖွဲ့စည်းတခုကနေ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထင်သလိုကျင့်သုံးတော့တာပဲ…။လူထုဟာ ဒီမိုကရေစီနဲ့လူအခွင့်ရေး အပြည့်အ၀ပေးဖို့ မရင့်ကျက်သေးဘူးဆိုတာ သူတို့အမြဲသုံးနေကျ လက်သုံးစကားပဲ….။လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတွေက ..အားနည်းချက်တွေကို လက်ညှိုးထိုးပြပြီး အပြစ်တွေပဲပြော..လူထုကို ထင်ရောင်မှားတွေဖြစ်အောင် အမြဲကြိုးစားလေ့ရှိတယ်”…
ကျနော့်စကားအဆုံးမှာ စန်းမောင်က...
“ အဲဒါပြောတာပေါ့အကိုရာ..ဒီမိုကရေစီ မရင့်ကျက်သေးလို့ ဆိုပြီး လွတ်လပ်မှု့ မပေး..။ မလွတ်လပ်လို့..ဒီမိုကရေစီက ရင့်ကျက် မလာ..။ဘာ သွားယုံရတော့မလဲ..”
စန်းမောင်ရဲ့ထိမိလှတဲ့အတွေးအခေါ်၊။
လူငယ်တွေကို လျှော့တွက်လို့ မရဘူးဆိုတာ ယနေ့စစ်အာဏာရှင်များနဲ့ နိုင်ငံရေးသမားဆိုသော ပုဂ္ဂိုလ်ကြီးများကို သိစေချင်တယ်။ ဒီနေ့ခေတ်ဟာ IT နည်းပညာခေတ်၊ အကြောင်းအရာတခုပေါက်ထွက်လာပြီဆို..ချက်ကနဲ ကမ္ဘာပတ်သွားတတ်တဲ့ခေတ်မှာ..ဟောင်းနွမ်းဆွေး မြေ့နေတဲ့ အတွေးအခေါ် အယူအဆတွေနဲ့ လူထုကို ချုပ်ကိုင်ဖို့ ကြိုးစားမယ်ဆိုရင်..အမှားကြီးမှားသွားပါလိမ့်မယ်….။
“ နောက်တခုက လွတ်လပ်တဲ့ ဒီမိုကရေစီပုံစံ ….liberal ( လစ်ဘရယ် ) အယူအဆနဲ့ ဒီမိုကရေစီကို ပေါင်းစပ်ကျင့်သုံးထားတာ..လစ်ဘရယ်နဲ့ကွန်မြူနစ် အယူအဆတွေအကြောင်း နောက်ပိုင်းမှာ ဆက်ဆွေးနွေးတာပေါ့…။
လက်ဝဲ ဆိုရှယ်လစ်နဲ့ကွန်မြူနစ်တွေ သမုတ်တာကတော့ အရင်းရှင်စနစ်အခြေပြု ဒီမိုကရေစီပုံစံပေါ့ကွာ..။ ဒီစနစ်ကိုကျင့်သုံးတဲ့ နိုင်ငံတွေထဲက တချို့ကိုပြောရရင်..အမေရိကန်အပါဝင် ဥရောပ၊တောင်ကိုရီးယား၊ဂျပန်၊ထိုင်း စတဲ့နိုင်ငံတွေမှာ လစ်ဘရယ်ဒီမိုကရေစီ ..တနည်းအားဖြင့် လွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်..။လူထုဟာ မိမိစိတ်ကြိုက် အစိုးရကို ရွေးချယ်ခွင့်ရှိတယ်၊ဖြုတ်ချခွင့်ရှိတယ်..တရားဥပဒေဘောင်အတွင်းမှာ လူ့အခွင့်အရေးအပြည့်ဝရှိတယ်..အခုကမ္ဘာကြီးမှာ အောင်မြင်နေတဲ့ ဈေးကွက်စီးပွားရေးဆိုတာ လစ်ဘရယ်က ဆင်းသက်လာတဲ့ စီးပွားရေးပုံသဏ္ဍာန်ပါ….နှိုင်းယှဉ်ကြည့်မယ်ဆိုရင်..အာဏာရှင်စနစ်နဲ့ပဲဖြစ်ဖြစ်၊ တပါတီကြိုးကိုင်စနစ်နဲ့ပဲဖြစ်ဖြစ်...သွားနေကြတဲ့ တရုတ်လို၊ဗီယက်နမ်လို ကွန်မြူနစ်နိုင်ငံတွေမှာတောင်မှ သူတို့အယူအဆနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့..ဈေးကွက်စီးပွားေးရးပုံစံကို လက်ခံကျင့်သုံးလာတာကတော့..ထူးခြားချက် တခုပဲကွ၊”
“ အကို ကျနော်သိပ်မရှင်းလို့ မေးချင်တယ်….ဈေးကွက်စီးပွားရေးဆိုတာ ဘာလဲဗျ..”
ဒီတခါတော့ ထက်အောင်ရဲ့စူးရှလှတဲ့မေးခွန်းလေးက ကျနော့်ရင်ထဲကို ထိုးဖောက်သွားစေခဲ့တယ်…..ကျန်လက်စ လဘက်ရည်ကို တကျိုက်မော့သောက်လိုက်ရင်း…
“လွတ်လပ်စွာ ယှဉ်ပြိုင်ရောင်းဝယ်တဲ့ စီးပွားရေးပုံစံပေါ့ကွာ….အထူးသဖြင့် ပုဂ္ဂိုလ်အခန်းကဏ္ဍကို ဦးစားပေးပြီး..လူတိုင်းဟာ..လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ရောင်းဝယ်နိုင်ရမယ်..စီးပွားရေးပုံသဏ္ဍာန်တွေကို တရားဥပဒေဘောင်အတွင်းက..စိတ်ကြိုက်စီမံနိုင်ရမယ်...လို့ဆိုတယ်….။အခု နအဖက ပြဌာန်းထားတဲ့ စီးပွားရေးဦးတည်ချက်ဆိုတာမှာ..နိုင်ငံတော်ရဲ့စီးပွားရေးလုပ်ငန်းဟာ..နိုင်ငံတော်ရဲ့လက်ဝယ်မှာရှိရမယ်လို့လည်းဆိုတယ်…ပြီးတော့ ဈေးကွက်စီးပွားရေးကိုလည်း အကောင်ထည်ဖော်ဦးမယ်ဆိုတော့..ဆန့်ကျင်ဘက်ကြီးကွ..။တကယ်တော့ အစိုးရဆိုတာ အခွန်ပဲ ကောက်စားရတဲ့အမျိုးကွ..။သူက စီးပွားရေးလုပ်ငန်းမှန်သမျှကို လက်ဝါးကြီးအုပ်ပြီး..နိုင်ငံတော်စီးပွားရေးဆိုတဲ့ နောက်မှတော့..ဘယ်ကလာ ဈေးကွက်စီးပွားရေးပုံသဏ္ဍာန်ဖြစ်လာတော့မှာလဲကွာ…ပုဂ္ဂိုလ်တွေက ဘယ်လိုလုပ်လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်လို့ရတော့မလဲကွာ…နောက်တခါ တော်တော်ကြောင်တဲ့ လုပ်ရပ်တခုရှိသေးတယ်..ကုန်ဈေးနှုန်းကို အာဏာနဲ့ထိန်းချုပ်တာလေ….အဲဒါ ဘယ်တော့မှ မရဘူး။မှတ်ထား..။ကုန်ဈေးနှုန်းဆိုတဲ့ အမျိုးက ဈေးကွက်အပေါ်မှာပဲ တည်မှီနေတာ…အခြေအနေ၊အကြောင်းအမျိုးမျိုးတိုက်ဆိုင်ပြီးဖြစ်နေတာ..ဒါကို အာဏာနဲ့ထိန်းချုပ်လို့ရပါ့မလားကွာ..ရလည်းခဏပေါ့..။တကယ်ခေတ်မှီတဲ့ နိုင်ငံတွေမှာ လူထုရဲ့အခြေခံလိုအပ်ချက်တွေအတွက် အစိုးရကိုယ်တိုင်က နှစ်နဲ့ချီပြီး စီမံထားရတာ..။ ဥပမာ..အမေရိကန်မှာ လောင်စာဆီဈေးတွေ တက်တယ်ကွာ…အဲဒါကိုလူထုက မကျေနပ်လို့ လူထုက ဆန္ဒလည်းပြရော..အစိုးရကဘာလုပ်သလဲဆိုတော့..သူတို့ သိုလှောင်ထားတဲ့ လောင်စာဆီတွေကို ဈေးအရမ်းချပြီး ရောင်းပစ်လိုက်တာ….နောက်တော့ လောင်စာတင်ပို့တဲ့နိုင်ငံတွေကပါ..ဈေးကို အစိုးရနှုန်းနဲ့အတူတူ လိုက်ချပေးလိုက်ရတော့..ဈေးတွေ ကျကုန်တော့တာပေါ့…လောင်စာဆီဈေးတက်လို့ဆို…..လောင်စာဆီရောင်းတဲ့သူတွေကို ဖမ်းလားဆီးလား လုပ်တယ်ကြားဖူးလား….ဒါ့ကြောင့် ကမ္ဘာကြီးကို လေ့လာလိုက်မယ်ဆိုရင် ဈေးကွက်ကို ထိန်းချုပ်ထားတဲ့ နိုင်ငံတွေထက် ဈေးကွက်ကို ပြိုင်ဆိုင်ခွင့်ပေးတဲ့ နိုင်ငံတွေက ပိုချမ်းသာ အောင်မြင်ကြတာ လေ့လာတွေ့ရှိရတယ်…..”
“ ဟုတ်တယ် အကိုရ... မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတခု လုပ်တော့မယ်ဆိုရင်တောင်မှ..ဟိုကပိတ်..ဒီက ကာနဲ့ လုပ်လို့ရတဲ့အလုပ်က..ခပ်ရှားရှားပါ..။သူတို့နဲ့ ပနံသင့်တဲ့လူတွေလောက်ပဲ..စီးပွားရေးကို ကောင်းကောင်း ထူထူထောင်ထောင် လုပ်နိုင်ကြတာ…။ကိုယ့်အရည်သွေး..အရည်အချင်းပေါ် တည်မှီပြီး..လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့..ဘယ်လောက်ကြာကြာ စောင့်ရဦးမလဲ မသိဘူးနော်…”
စိတ်ပျက်လက်ပျက်အသံနဲ့ညည်းညူလိုက်တဲ့ စန်းမောင်ကို ကြည့်ပြီး ကျနော့်ရင်ထဲတမျိုးဖြစ်သွားမိတယ်။
“ စီးပွားရေး လွတ်လပ်ခွင့်တွေမပေးဘဲနဲ့ ဘယ်လိုလုပ် ဈေးကွက်စီးပွားရေးပုံစံကို အကောင်ထည်ဖော်မလဲ မသိဘူး..ငါတော့ လိုက်မမှီတော့ဘူး..။အခုမြန်မာနိုင်ငံမှာ တွက်ခြေ အကိုက်ဆုံးစီးပွားရေးက..အာဏာပိုင်နဲ့ပင်းလုပ်တဲ့ အလုပ်ကလွဲလို့ ဘယ်လုပ်ငန်းတွေများထူထူ ထောင်ထောင်ရှိလို့လဲကွာ…”
အားလုံးဟာ မှင်သက်ပြီးနားထောင်နေကြတယ်..။
“ နောက်တခုက အစ္စလာမ်ဘာသာရေးအယူအဆကို ဒီမိုကရေစီနဲ့တွဲဘက်ကျင့်သုံးတယ်..ဥပမာ တူရကီလိုနိုင်ငံမျိုးပေါ့..ဒါကတော့ တို့နိုင်ငံနဲ့ အလှမ်းဝေးပါတယ်….ဒါ့ကြောင့် ဒီမိုကရေစီသဘောတရားနဲ့ပတ်သက်ပြီး ...ငါ အဓိကပြောချင်တာက ဒီမိုကရေစီဆိုတိုင်းလည်း မပြီးသေးဘူးဗျ…သူ့ရဲ့ပေါင်းစပ်တန်ဘိုး..ဘာနဲ့သွားမှာလဲ ဆိုတဲ့..မဟာဗျူဟာပုံစံက လိုသေးတယ်…ဆိုပါစို့…ခုနေ..” ကျနော်တို့လိုချင်တာ ဒီမိုကရေစီပါ ” ဆို ပြီး ထတောင်းဆိုမယ်ဆို..နအဖက ”ကျုပ်တို့ ခင်ဗျားတို့ကို ဒီမိုကရေစီပေးပါမယ်”လို့ပြောပြီးပြီ..ဖွဲ့စည်းပုံအခြေခံဥပဒေတောင်မှပြဌာန်းပေးပြီးပြီ..ဘာလာကြောင်တာလဲဆို..ဘာ ပြန်ဖြေကြမလဲ ..။ တကယ်တော့ အားလုံးပြောနေကြတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ လွတ်လပ်တဲ့ဒီမိုကရေစီပုံစံကို ပြောတာပါ..။ ဒါကို သဲကွဲဖို့လိုတယ်…လွတ်လပ်မှု့ဆိုတဲ့နေရာမှာလည်း သူ့မှာဘောင်ရှိပါတယ်..။ငါမင်းတို့ကို တခုမေးချင်တယ်..လွတ်လပ်မှု့ကြောင့်ရရှိလာတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ မလွတ်လပ်မှု့ကြောင့် ရလာမယ့် ဘေးထွက်ဆိုးကျိုး ဘယ်ဟာက ပိုဆိုးမယ် ထင်လဲ။…ဘေးထွက်ဆိုးကျိုးကို ကြောက်လို့ဆိုတဲ့ ..အကြောင်းပြချက်နဲ့ လွတ်လပ်မှု့တွေကို ဟန့်တားပြီး..အာဏာရှင်စနစ်အုပ်ချုပ်ရေးကိုတော့ ငါမကြိုက်တာအမှန်ပဲကွ ”
“ ဒါပေါ့ အကိုရာ..နိုင်ငံရေးစနစ်ပုံစံတွေမှာ ဘေးထွက်ဆိုးကျိုးဆိုတာ အနည်းနဲ့အများရှိနေကြမှာပါပဲ…ဒါကို ရိုးမယ်ဖွဲ့ပြီးနေမယ်ဆို..မလုပ်လို့မဖြစ်..မဖြစ်လို့မလုပ်ဆိုတဲ့ အဆိုးသံသရာထဲမှာပဲ လည်နေဦးမှာပဲ ”
ကိုသွေးရဲ့စကားအဆုံး..သတိထားကြည့်လိုက်တော့ စန်းမောင်ပုံစံက တခုခုကို သိပ်မရှင်းတဲ့ပုံ..မျက်မှောင်ကို ကုတ်ရင်း စဉ်းစားနေဟန် ရှိနေရာကနေ….
“ အကို ကျနော်တို့အတွက် သိပ်သိချင်တဲ့ အရာကိုလည်း ပြောဦးလေ…အကို မေ့နေပုံရတယ်..ခုန အကိုရှင်းပြသွားတဲ့အထဲက လွတ်လပ်တဲ့ဒီမိုကရေစီ (တနည်းအားဖြင့်) လစ်ဘရယ်ဒီမိုကရေစီဆိုတာ ဘာလဲ ”
“ ငါရှင်းပြမလို့ပါ..ဒီလိုကွ… လစ်ဘရယ်ဆိုတဲ့ဝေါဟာရက လက်တင်ဘာသာစကား( Liber ) ဆိုတာကနေ ဆင်းသက်လာတာ အင်္ဂလိပ်လိုတော့ လွတ်လပ်ခြင်း ( Free ) လို့အဓိပါယ်ရတယ်။ လစ်ဘရယ်ရဲ့ ဂုဏ်အင်္ဂါရပ်တွေကတော့..( ၁ ) လွတ်လပ်မှု့၏ဂုဏ်သိက္ခာကိုတန်ဘိုးထားခြင်း၊ ( ၂ ) လူပုဂ္ဂို တဦးချင်းအပေါ်အခြေခံသည့်ဝါဒ၊ ( ၃ ) အခြေခံဥပဒေနဲ့အညီအုပ်ချုပ်သောအစိုးရများအားဖော်ဆောင်ခြင်း၊( ၄ ) စီးပွားရေးစနစ်ကို လူအဖွဲ့အစည်းကလိုအပ်သလို ပြဌာန်းနိုင်ခွင့်ကိုလမ်းဖွင့်ပေးရေး နှင့် အစိုးရကထိန်းချုပ်မှု့ကင်းဝေးရေးဆိုတာတွေပဲ…လစ်ဘရယ်ဒီမိုကရေစီဆိုတာ..လစ်ဘရယ်ဝါဒနဲ့ ဒီမိုကရေစီအယူအဆကိုပေါင်းစပ်ထားတာပေါ့…နောက်တချက်က ..လစ်ဘရယ်ဒီမိုကရေစီရဲ့အခြေခံသဘောတရားတွေကတော့….လွတ်လပ်မှု့၊ညီမျှမှု့၊ ချစ်ကြည်မှု့၊ လူမှု့ရိုင်းပင်းမျှဝေခြင်းဆိုတာတွေပဲ…..ဒါ့အပြင်…..”
“ ဟိုး..ဟိုး..အကို့ ...ခဏလေး..ကျနော်လိုက်မှတ်နေလို့..”
စန်းမောင်က ပျာယိပျာရာနဲ့ လှမ်းတားလိုက်တော့မှ..
“ ဆောရီးကွာ စန်းမောင် ။ငါကလည်း ပြောချင်ဇောနဲ့ လောကြီးသွားတယ်…….”
စန်းမောင်က လက်ကာပြပြီး..
“ ရပြီ အကို ....ဆက်ပြောပါဦး”
“ အရေးကြီးဆုံးတချက်ကတော့…ဒီမိုကရေစီ၊ လူ့အခွင့်ရေး၊ဈေးကွက်စီးပွားရေးလွတ်လပ်ခွင့်ဆိုတာတွေဟာ…လွတ်လပ်တဲ့ဒီမိုကရေစီ တနည်းအားဖြင့် လစ်ဘရယ်ဒီမိုကရေစီမှာပဲရှိတဲ့ တန်ဘိုးပဲကွ..ဘယ်စနစ်၊ ဘယ်အယူအဆမှာမှမရှိဘူး…”
“ တန်ဘိုးရှိလိုက်တဲ့..အရာတွေအကိုရာ.. အကိုပြောသွားတဲ့အထဲမှာ လစ်ဘရယ်ဒီမိုကရေစီကျင့်သုံးတာ..အမေရိကန်၊ဥရောပ၊အပါအ၀င် အာရှမှာဆို..တောင်ကိုရီးယား၊ဂျပန်၊အိန္ဒိယ၊ စတဲ့နိုင်ငံတွေပေါ့နော်…”
စန်းမောင်က ..မေးမေးမှတ်မှတ် လုပ်ရင်းက ၀င်ထောက်လိုက်တော့……
“ ဟုတ်တယ်..နောက် လစ်ဘရယ်ဒီမိုကရေစီကို အကောင်ထည်ဖော်နေတဲ့အထဲမှာ..ထိုင်း၊ဖိလစ်ပိုင်၊မလေးရှား၊ကမ္ဘောဒီးရား တို့အပြင်အများကြီးရှိသေးတယ်….ဒီမိုကရေစီလို့ပြောလိုက်တာနဲ့အားလုံးနီးပါးသောနိုင်ငံတွေဟာ..လွတ်လပ်တဲ့ဒီမိုကရေစီ ( လစ်ဘရယ်ဒီမိုကရေစီ ) တခါ မင်းတို့ငါတို့အများသူငါပြောနေကြတဲ့ စစ်မှန်သောဒီမိုကရေစီ အားလုံးအတူတူပါပဲ..အဲဒီ့ကိုဦးတည်သွားနေကြတာပါကွာ…တခြားဟာမဟုတ်ပါဘူး……” ပြောပြောဆိုဆို ကျနော် နာရီကိုကြည့်လိုက်တော့ အလုပ်ကိစ္စတခုဆောင်ရွက်ဖို့ အချိန်နီးနေတာ အခုမှသတိထားမိတော့တယ်….။
“ ကဲ..ဒီနေ့တော့..ဒီလောက်ပဲ..ရပ်ထားလိုက်ရအောင်..နောက်နေ့မှ ဆက်ကြတာပေါ့….”
အညာမြေရဲ့လှပတဲ့ ညနေခင်းလေး တခုကို ကျနော်တို့ အကျိုးရှိစွာကျော်ဖြတ် လိုက်ခဲ့ပြီလား………ကျနော့်ရဲ့စိတ်တွေကတော့..ပေါ့ပါးလန်းဆန်းလျှက်ရှိသည်။ လူငယ်တွေသိချင်သော အကြောင်းအရာများကို ကျေကျေနပ်နပ် ပြောပြခွင့်ရခဲ့သောကြောင့်…..ဒီလိုအချိန်၊အခြေနေမျိုးတွေ များများရှိပါစေ...လို့တောင့်တရင်း…။…….
အပိုင်း ( ၄ ) ဆက်ပါဦးမည်။
အားလုံးကို လေးစားစွာဖြင့်-
( မောင်မောင်ဝမ်း )
0 ၀ဋ်ကြွေးတွေကျေ၊ ကံကြွေးတွေပြေ
ရှစ်သောင်းလေးထောင် ဓမ္မက္ခန္ဓာစေတီ ကိန်းဝပ်စံပယ်တော်မူသော ပန်းပေါင်းစုံ “လိုချင်တိုင်းပြည့် ယွန်းဘုရားကြီး” သည် (၉) ရက်တိုင်တိုင် ဒေသစာရီ လှည့်လည်အပူဇော်ခံခဲ့ပြီး သည့်နောက် ယနေ့ (၉) ရက်မြောက်သောနေ့တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၂ ရပ်ကွက် မေတ္တာချောင်းကူးရပ်ရှိ ၀ဋ်ကြွေးတော်ပြေ စေတီတော်မြတ်ကြီးတည်ရှိရာ ရန်အောင်မြေကျောင်း တိုက်တွင် ပြန်လည်၍ သီတင်းမသုံးခင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ကြွချီကာ အပူဇော်ခံ ခဲ့ပါသည်။
      ရှစ်သောင်းလေးထောင် ဓမ္မက္ခန္ဓာစေတီ ကိန်းဝပ်စံပယ်တော်မူသော ပန်းပေါင်းစုံ “လိုချင်တိုင်းပြည့် ယွန်းဘုရားကြီး” တည်ထားခြင်း၏ တင်ပြချက်မှာ -
      သမ္မာသမ္ဗုဒ္ဓ ခပ်သိမ်းသော တရားတော်တို့ကို သိမြင်တော်မူသော မြတ်ဗုဒ္ဓသည် သတ္တ၀ါတို့ အား (အန္ဓ) အကန်းဘ၀မှ (၀ိဇ္ဇာ) အလင်းရောင်သို့၎င်း ပုထုဇဉ်ဘ၀မှ အရိယာသူတော်ကောင်း အဖြစ်သို့ ရောက်ရှိသည်အထိ (ဓမ္မ) တည်းဟူသော တရားတော်မြတ်တို့ကို ဟောကြားတော်မူခဲ့သည်။
      (သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာ) အမည်အားဖြင့် ခေါ်ဝေါ်သတ်မှတ်ကြပြီး၊ ၂၁၀၀၀ သော (လိုက်နာရေး) သုတ္တန်တော်တို့ကို၎င်း၊ ၂၁၀၀၀ သော (ကျင့်သုံးရေး) ၀ိနယ ဓမ္မက္ခန္ဓာတော်တို့ကို၎င်း၊ ၄၂၀၀၀ သော (သိမြင်ရေး) အဘိဓမ္မာ ဓမ္မက္ခန္ဓာတော်တို့ကို၎င်း၊ ပေါင်းစပ်အပ်သော ၈၄၀၀၀ ရှစ်သောင်းလေးထောင်သော “ဓမ္မ၀ိနယ” အားဖြင့် (၂) ပါး၊ နိကာယ်အားဖြင့် (၅) ရက်၊ ပိဋကတ်အား ဖြင့် (၃) ပုံသော တရားတော်မြတ်တို့ကို ဟောကြားဆုံးမတော်မူခဲ့ပေသည်။
      တရားတော်မြတ်တို့ကြောင့် (သံသရာ) ဘ၀ခရီးသွား ဓမ္မအနှစ်ကို “ရှာမှီးသူ” တို့သည် ထို (ဓမ္မ) အစစ်ကို သိအောင်၊ မြင်အောင်၊ (ကိုယ်ကျိုးစွန့်) ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ခဲ့ကြ၍ ၀ဋ် (၃) ပါးမှ လွတ်မြောက်ကြကာ၊ ကိလေသာ (၁၀) ပါးမှ ရပ်စဲကြပြီး မီး (၁၁) တစ်ဆယ့်တစ်ပါးတို့မှ ငြိမ်းသတ် နိုင်ခဲ့ကြလေပြီ၊ ဤကဲ့သို့ အကြောင်းတရား အကျိုးတရားတို့ကို သိမြင်သောအားဖြင့် . . . .
      မြတ်ဗုဒ္ဓသည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သော (ဓမ္မ)ကို ဟောကြားတော်မူ ခဲ့ပေသည်။ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာတရားတော်အပေါင်းတို့သည်ကား၊ မြတ်ဗုဒ္ဓ၌သာ ကိန်းဝပ်စံပယ်တော်မူ၏။ (ဗုဒ္ဓ၌သာရှိ၏) သို့အတွက်ကြောင့် ဗုဒ္ဓသည်လည်း ဓမ္မဖြစ်၏။ ဓမ္မသည်လည်း ဗုဒ္ဓဖြစ်၏။ ထို (ဓမ္မပိုင်ရှင်) မြတ်ဗုဒ္ဓ၏ ဘုန်းတော်၊ ကံတော်၊ ဥာဏ်တော်၊ ကရုဏာတော်၊ သစ္စာတော်၊ မေတ္တာတော်၊ တန်ခိုးတော်တို့သည် (အပြစ်ကင်း၊ ကောင်းမြတ်သော) အရာမှန်သမျှတို့ကို “လိုချင်တိုင်းပြည့်” စုံစေနိုင်၏။ သို့အတွက်ကြောင့် အမြတ်ဆုံး (အာဇာနည်စစ်) မြတ်ဗုဒ္ဓအား ဂုဏ်ပြုလျှက် မိမိတို့စွမ်းနိုင်သော ဗုဒ္ဓဆင်းတုတော်ပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်တို့ဖြင့် တပေါင်းတစည်း တစ်နေရာတည်း စုပုံလျက် ဤ ရှစ်သောင်းလေးထောင် ဓမ္မက္ခန္ဓာ စေတီ လိုချင်တိုင်းပြည့်ဘုရားကြီးကို တည်ထားအပ်ပါသည်။
      ရန်အောင်မြင်ကျောင်းတိုက်၊ ၀ဋ်ကြွေးတော်ပြေဆရာတော် ဘဒ္ဒန္တ သိရီပါလ (ဒီပါရာမ သာသနာပြု)၏ အာသီသပတ္ထနာ
          “ခေတ်ကောင်းရေးဆောင် အမှားအမှန်ဖွေရှာ
              ရှစ်သောင်းလေးထောင် တရားဓမ္မက္ခန္ဓာစေတီသာ
              ဖြစ်ကြောင်းအေးအောင် သနားရှု့တော့မှာ
              ဖြစ်ကြောင်းအားလုံးအေးပါစေ”
      ကျွန်တော်/ ကျွန်မတို့ ယခုကဲ့သို့ ၀ဋ်ကြွေးတော်ပြေ ကျောင်းဝန်းအတွင်းရှိ ရှစ်သောင်းလေး ထောင် ဓမ္မက္ခန္ဓာစေတီ “လိုချင်တိုင်းပြည့်ဘုရားကြီး” အား ဖူးမျှော်ကြည်ညို အပူဇော်ခံခွင့် ရရှိခဲ့သလို ပြည်တွင်း ပြည်ပရှိ အများပြည်သူအပေါင်းတို့သည်လည်း ဖူးမျှော်ကြည်ညိုနိုင်ရန် ယခုကဲ့သို့ တင်ပြ ရခြင်းဖြစ်ပါသည်။ အများပြည်သူအပေါင်း ၀ဋ်ကြွေးများကျေ၊ ကံကြွေးများပြေပြီး လိုရာဆန္ဒပြည့်ဝ ကြပါစေ။
ပေးပို့သော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်။
0 ငယ်စဉ်ကြီးလိုက်
ငယ်စဉ်ကြီးလိုက်
ငယ် - သူငယ်ချင်းတို့ . . .
မင်းတို့နဲ့ငါ ငယ်ငယ်ကလေးထဲက သူငယ်ချင်းတွေပါ။
ကစားဖော်, ကစားဖက်
ကျောင်းပြေးဖော်, ကျောင်းပြေးဖက်
ဆိုးဖော်, ဆိုးဖက်
ဆော့ဖော်, ဆော့ဖက်
ဘောလုံးကစားဖော်, ကစားဖက်
ဘာဘဲလုပ်လုပ် တဖက်ဖက်နဲ့
မင်းတို့ထဲမှာ ငါက စာအညံ့ဆုံး
ဒါပေမဲ့ “ငယ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံး။
စဉ် - သူငယ်ချင်းတို့ . . .
အစဉ်လိုက် - တပူးပူး, တတွဲတွဲနဲ့ ကောလိပ်ရောက်တော့လဲ ရှေ့ဆင့်နောက်ဆင့်ဘဲ။
မင်းတို့က ရှေ့ကသွား ငါက နောက်ကလိုက်ခဲ့။
ပညာရေးကနိမ့်ပါးတော့ ငယ်ဘဝ မိဘတွေမရိပ်မိအောင်
မူးယစ်သုံးတော့လည်း မင်းတို့က တား၊
တားမရတော့လည်း ချစ်နေကြမြဲ။
မင်းတို့ကတော့ ပညာတတ်ကြီးတွေဖြစ်သွား
ငါကတော့ မူးယစ်သံသရာထဲ တဝဲဝဲလည်။
ဒါပေမဲ့ “ငယ်စဉ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။
ကြီး - သူငယ်ချင်းတို့ . . .
ဘဝပေးအခြေအနေကြောင့် ငါက မင်းသားဖြစ်သွား
မင်းတို့မှာတော့ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေ၊
စစ်ဘက်အရာရှိတွေ၊ သဘောင်္အရာရှိတွေနဲ့
ငါနဲ့မင်းတို့ ဘဝတွေက ကွာခြားသွား။
ငါ့ရဲ့ဘဝထဲ ကြီးသူငယ်ချင်းတို့ နဲ့ ထပ်ဆုံတွေ့
ငါ့ရဲ့ လောကထဲမှာက ပြဿနာပေါင်းစုံ။
အရက်၊ မူးယစ်၊ မိန်းမ၊ လောင်းကစား အစုံဘဲ။
အဲဒီ အစုံအစုံတွေကြား နစ်မွန်းခဲ့ရ။
ဒါပေမဲ့ “ငယ် စဉ် ကြီး” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။ လိုက် - သူငယ်ချင်းတို့ . . .
လိုက် -ငါ့ဘဝကို ငါရုန်းထွက်
နာရေးကောင်းမှုထဲ စုံးစုံးဝင်ခဲ့။
လူမှုရေးလမ်းကြောင်းထဲ အဆုံးထိလိုက်ခဲ့။
နာရေး လူမှုရေး တပူးတွဲတွဲ စက်တင်ဘာကိစ္စ စခဲ့ပြီဘဲ။
အကျဉ်းကျ မိသားစု ဘဝကိုယ်ချင်းစာခဲ့။
ငါ့ကို ခေါ်ယူမေးမြန်းခဲ့။
ငါလှည့်ကြည့်မိတယ် …… ဘယ်သူမှ မရှိတော့ဘူး။
…… ဘယ်သူမှ ပါမလာတော့ဘူး။
၂ဝဝ၇ နောက်ပိုင်း …… ငါ့ဘဝမှာ ငါတစ်ယောက်တည်း။
မွေးကတည်းက တစ်ယောက်ထဲ ….. ဆုံးတဲ့အခါမှာလဲ တစ်ယောက်တည်း။
ဒီစကားက မှန်နေဆဲပါ သူငယ်ချင်းတို့
အခု……ငါကောင်းမှုတွေလုပ်နေပြီလေကွာ။
မြတ်စွာဘုရား ဆုံးမဟောကြားထားတဲ့ အတိုင်းဗြဟ္မစိုရ် လူမှုရေးတွေ လုပ်နေလေပြီကွာ။
လူလူချင်း စာနာထောက်ထားနေပြီလေကွာ။
ငါ့နားမှာ ငယ်စဉ်ကသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါ့ဘေးမှာ ကြီးမှပေါင်းတဲ့ အနုပညာသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါတို့ လက်ချင်း မတွဲကြတော့ဘူးလားကွာ။
ငါဟာ အနက်ရောင်လူသား မဟုတ်ရပါလားကွာ။
ငါဟာ အရှင်လတ်လတ် ဥပေက္ခာလူသားဖြစ်သွားပြီလား ……
အခုတော့ …. ငါ့ဘေးမှာ လူသေတွေနဲ့ လူနာတွေချည်းပဲပေါ့။
ငါ့ကို မင်းတို့တွေ့ရမှာ၊ ဆုံရမှာ ဘာလို့များ ကြောက်နေရတာလည်းကွာ။
ငါဟာ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ မကောင်းဆိုးဝါး မဟုတ်ပါဘူးကွာ။
ပြည်သူတွေရဲ့ဒုက္ခ အခက်အခဲတွေကို တပိုင်တနိုင် ဖေးမပေးနေတဲ့ ငါပါကွ။
မင်းတို့၊ ငါတို့ အများပြည်သူလူသားအားလုံးဟာ
ခင်ပွန်းကြီးဆယ်ပါးထဲမှာ အကျုံးဝင်တယ်ဆိုတာ မမေ့ကြပါနဲ့ကွာ။
လူမှုရေးဟာ … ပြည်သူ့အရေး
ပြည်သူ့အရေးဟာ … နိုင်ငံ့အရေး
နိုင်ငံ့အရေးဟာ …. မင်းတို့ ငါတို့ရဲ့ အရေးလေကွာ။
မင်းတို့ မရက်စက်ကြပါနဲ့
မင်းတို့ အတ္တမကြီးကြပါနဲ့
မင်းတို့ရဲ့ ပညာရပ်တွေကို ဘယ်သူမှမထိနိုင်၊ မခိုးနိုင်ပါဘူး။
မင်းတို့ရဲ့ ပညာတွေ မပွန်းနိုင်ပါဘူး။ မပဲ့နိုင်ပါဘူးကွာ။
ဓားဆိုတာ သွေးနေမှထက်တယ်တဲ့။
မင်းတို့တတ်မြောက်ထားတဲ့ပညာရပ်တွေကို အသုံးချကြပါတော့ကွာ။
ဒါမှ မင်းတို့ရဲ့ပညာတွေ တောက်ပြောင်ထက်မြက်လာမှာပါ။
ခုတော့ …… ငါ့မှာတော့ တစ်ယောက်ထဲ
မင်းတို့ရဲ့ ဥပေက္ခာလုပ်ရပ်က မှားနေပြီလား။
မင်းတို့ရဲ့ အယူအစွဲတွေ မှားနေပြီလား။
မင်းတို့ရဲ့ ပညာရပ်တွေ ဥစ္စာချောက်နေကြပြီလား။
မိချောင်းမင်း ရေခင်းပြတာတော့ မဟုတ်ရပါကွာ။
ငယ်စဉ် ကြီးလိုက် သူငယ်ချင်းတို့ရေ …
ငါတို့ ဟိုတုန်းကလို … လက်ချင်းဆက်ပြီး စိတ်ချင်းဆက်ကာ
အများအတွက် ဒို့တွေပေးဆပ်ကြပါစို့လား။ ။
ဒါပေမဲ့ . . . “ငယ် စဉ် ကြီး လိုက်” သူငယ်ချင်းတို့ မင်းတို့ကိုတော့ ငါချစ်နေဆဲပဲ။
မောင်မောင် (ခ) ကျော်ဝင်း (ခ) ကျော်သူ
0 တွေးမိတိုင်း အရိုးနာသည်
တောက်!
ကြည့်နေရင်းနဲ့ပဲ ရင်ထဲကဒေါသတွေ တလိပ်လိပ်တက်လာတယ်။ နောက်ဆုံးမှာခံစားချက်တွေ ယိုဖိတ် မမြိုသိပ်နိုင်တော့လို့ လည်ချောင်းမှတဆင့် လျာကိုဖြတ်သန်းပြီးလေထုထဲကိုတက်ခေါက်သံအဖြစ် ပေါက်ကွဲထွက်သွားတော့တယ်။
တောက်!...သောက်ရူးတွေ ငါတို့ဘာသာ၊သာသနာကို စော်ကားတဲ့သူတွေ၊ ညစ်နွမ်းအောင် ဖျက်ဆီးတဲ့ သူတွေ၊ ဒင်းတို့ကြောင့် ငါတို့ရဲ့ ဗုဒ္ဓဘာသာဟာ သူများတံထွေးခွက်ပေါလောမျောတော့မယ်..တောက်!!!
တကယ်ပြောတာပါဗျာ.ဒေါသထွက်လွန်းလို့ မျက်ရည်တောင်ဝဲတဲ့အထိပါပဲ.။ ကျနော်ဟာထေရဒါဒ ဗုဒ္ဓဘာသာဝင် တယောက်ပါ။တခြားဘာသာများကို လေးစားပါတယ်။ထိုဘာသာများကိုလည်း ကောင်း၏၊ဆိုး၏မဝေဖန်လိုပါ။ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကို တန်ဖိုးထားလေးစားသောကြောင့် ဖြစ်ပါတယ်။သို့သော် ကျနော်ယုံကြည်ကိုးကွယ်သော ဗုဒ္ဓဘာသာကိုတော့ ကျနော်ဝေဖန်သုံးသပ်ပိုင်ခွင့်ရှိသည်လို့ ယူဆပါတယ်။
အားလုံးလဲ သိပြီးသားဖြစ်မှာပါ။ ခုရက်ပိုင်းပိုင်း online မှာ ပျံ့နှံ့နေတဲ့ သတင်းပါ။ သင်ကန်းအရေခြုံ ကုလားဘုန်းကြီးနဲ့ အဲဒီသင်တန်းကို တက်ရောက်ကြတဲ့ သက်ကြားအိုများကစလို့လူငယ်လူရွယ်များပါမကျန် သောက်ရှက်မရှိ ဒန့်ကြ၊နန့်ကြတဲ့သတင်းပါ။(ကျနော် အသုံးအနှုန်းရိုင်းသွားပါက ခွင့်လွှတ်ပါ။ ဗိုလ်ချုပ်ပြောဖူးတယ် တချို့တွေက ခပ်ရိုင်းရိုင်းပြောမှ မှတ်မိတတ်ကြတယ်)
ကျနော်တို့နိုင်ငံလို ထေရ၀ါဒစစ်စစ်ကို ကျင့်သုံးတဲ့နိုင်ငံမှာ ခုလိုသင်တန်းမျိုးဟာ ဘယ်လိုမှလက်ခံစရာ အကြောင်းမရှိပါဘူး။ မယာယနကျင့်သုံးတဲ့ တိုင်းပြည်တွေမှာဘယ်လိုပဲ ဒန့်ကြ၊နန့်ကြ ကျနော် စိတ်မ၀င်စားပါဘူး။ခုတော့ဗျာ အပေါ်ကဘုန်းကြီးဆိုတဲ့လူ(ကျနော်ကတော့ဘုန်းကြီးလို့ မသတ်မှတ်ပါဘူး) ကလည်း အဆိပ်ထုတ်မယ်ဆိုပြီး မဟုတ်တရုတ်သီချင်းတွေဖွင့်၊အောက်က လူတွေကလည်း အရှက်မရှိ ဒန့်နေကြတာ သူတို့အစားကျနော်ကတော့ တော်တော်လေး ရှက်တယ်။ ဘယ်နှယ့်ဗျာ..ဆရာတော်ကြီးတွေက ငြိမ်းအေးခြင်း(သန္တိ)ကို အလေးပေးပြီး စိတ်တွေကို စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်ကြဖို့။ ဆရာတော်ဦးဇောတိကတို့၊ရှင်ဆန္ဒာဓိကတို့ ဆိုရင်လဲ တယောက်တည်းနေ တစိတ်ထဲထား။ငြိမ်းအေးသောဘ၀ပိုင်ရှင် စသည်ဖြင့်စာပေတွေ ရေးသားပြီးအသိဖွင့်ပေးခဲ့ကြတယ်။
သူတို့ကျမှပဲ သာဓုခေါ်မယ့်အစား လက်ခုပ်တီးပါတဲ့။ မနန့်တဲ့သူ အဖိုးကြီး၊အဖွားကြီး မြန်မြန်ဖြစ်ပါစေတဲ့.။ ကြားလို့မှ ကောင်းကြသေးရဲ့လားဗျာ.။ဘုန်းကြီးရူးနဲ့လှေလူး ဆိုသလိုပဲ ဒီအတိုင်းဆက်သွားရင် ကြာလာတာနဲ့အမျှ ကျနော်တို့သာသနာဟာ ပုဂံအရည်းကြီးခေတ် လိုပုံစံပြန်ရောက်သွားမှာ မြင်ယောင်မိပါတယ်။ ဒေ၀ဒတ်နဲ့ပေါင်းမိတဲ့ အဇာတသတ်ဟာ ဖခင်ကိုတောင်ပြန်လည် သတ်ခဲ့တာ ထင်ရှားတဲ့သာဓကတခုပါ။ဒါကြောင့် ဗုဒ္ဓသာသနာကို ညစ်နွမ်းစေတဲ့ဒေ၀ဒတ်လို ဘုန်းကြီးမျိုးကို ကျနော်တို့အားလုံးက ဆန့်ကျင်တိုက်ဖျက်သွားကြရမယ်။
မြန်မာပြည်ရှိထေရ၀ါဒ ဘုနုးတော်ကြီးများ နဲ့သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနရှိ လူကြီးများအနေနဲ့လည်း ခုလိုလုပ်ရပ်မျိုးကို အရေးယူဆောင်ရွက်ပေးပါရန် အနူးအညွတ် မေတ္တာ ရပ်ခံပါတယ်။ ၂၀၀ရရွှေဝါရောင်တုန်းက အေးချမ်းစွာမေတ္တာပို့ ဆုတောင်းကြတဲ့ ဘုန်းကြီးတွေကို သံဃာတု ဆိုပြီးဖမ်းဆီးနှိပ်စက်၊ ခုဒေ၀ဒတ်လိုဘုန်းကြီးကိုတော့ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဆိုပြီး သင်တန်းတွေဖွင့်၊ကိုးကွယ်ဆည်းကပ်ကြတဲ့ အဇာတသတ်လိုနအဖ(နွားအဖွဲ့) လူကြီးတွေကိုတော့ အောက်ပါကဗျာလေးနဲ့ပဲ ဂုဏ်ပြုလိုက်ပါတယ်။
" တွေးမိတိုင်း အရိုးနာသည်.."
နအဖတွေစည်းကမ်းဖောက်လို့
ဘာသာပျောက်ဖြစ်ပြီ
သာသနာဖောက် အသစ်မှီသည်
ညစ်ပလီလူမျိုး...။
အစစ်ပစ်လို့ အတုခင်တွယ်
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး...။
သံဃာအစစ်ကျ ရိုက်ကြချင်
အတုခင် သူကိုး
ကုလားမြင် သူ့အမေရိုးတော့မလိုပ
ရိုကျိုးလို့ ဦးတင်
မြင်ပါသနော် သံဃာတော်တို့က
မေတ္တာပို့တော့ ခွေးသို့ဟောင်..
ပြောရော့ဟဲ့ ရာဇ၀င်ပြောင်အောင်
ကြောင်တောင်တောင် ဒန့်ကြလို့
နန့်ကြတာ တွေ့ရတာ ခွေးသို့ပမာ
တွေးမိတိုင်း အရိုးနာသည်
အမျိုးပါဆဲ ချင်တော့လေး....။
(ကိုလိုနီခေတ် အချုပ်တန်းဆရာဖေရဲ့ ကဗျာလေးကို မှီငြမ်းမှုပြုထားပါသည်။)
ဗုဒ္ဓသာသနာတော် ညိုးနွမ်းပျက်စီးအောင် လုပ်နေကြသူများအား ပြင်းပြင်းထန်ထန် ဆန့်ကျင်
တိုက်ဖျက်ပါ၏..။
အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား(၁၄-၀၁-၁၁)
 ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့ လင်းစေသော်....
ပေးပို့ပေးသော ကိုဖိုးသိကြား အားဒေါင်းမာန်ဟုန်မှကျေးဇူးတင်ရှိပါသည်. 
0 စာသင်သား သံဃာတစ်ပါး ကို စွမ်းအားရှင် တွေက ဝိုင်းရိုက်
ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း ၁၀၇ ရပ်ကွက် မှာရှိတဲ့ ဓမ္မဝိဟာရ ကျောင်းတိုက် က စာသင် သံဃာ တစ်ပါး ဖြစ်တဲ့ ဦးဓမ္မဿရ ကို ရပ်ကွက် စွမ်းအားရှင် တွေ က ဝိုင်းဝန်း ရိုက်နှက်ခဲ့ ပါတယ်။အရိုက်ခံရတဲ့ သံဃာ က ပြီးခဲ့တဲ့ အင်္ဂါနေ့ညပိုင်း မှာ ကွမ်းယာ ထွက်ဝယ်ရင်း ရပ်ကွက် ရယက တွေ နဲ့စကားများခဲ့ရာ က ရယက တွေ လက်သပ် မွေးထားတဲ့ စွမ်းအားရှင် ၂၀ လောက်က ဝိုင်းဝန်း ရိုက်နှက် ခဲ့ကြတာ ဖြစ်တယ်လို့ မျက်မြင် သက်သေ သံဃာတော် တစ်ပါး က ဘီဘီစီကို ပြောပါတယ်။
အရိုက်ခံရတဲ့ သံဃာ က လမ်းဘေးမှာ ဝိုင်းဖွဲ့ချက်ပြုတ် စားသောက် နေကြတဲ့ ရယက တွေကို ကွမ်းယာဆိုင်ဘေး ကနေပြီး လှမ်းကြည့်တော့ ဟေ့ကောင် ဘာကြည့် တာလဲကွ ဆိုပြီး မေးတဲ့ အတွက် ပြဿနာ စဖြစ်ခဲ့ ပါတယ်၊ အဲဒီမှာ စာသင်သား ကိုယ်တော်လေး က သိချင်ရင် လိုက်ခဲ့လို့ ပြောပြီး ကျောင်း ကို ပြန်အလာ စွမ်းအားရှင် တွေ က တုတ်တွေ ဓါးတွေနဲ့ဝိုင်းရိုက် ကာ ကားနဲ့ တင်ခေါ်သွားတဲ့ အကြောင်း၊ သေပြီအထင် နဲ့ရပ်ကွက် အပြင်ဘက် က ကွင်းထဲ ပစ်ထားခဲ့တဲ့ အကြောင်း အဲဒီ သံဃာတော် ကပဲ ဘီဘီစီ ကို ရှင်းပြ ပါတယ်။အရိုက်ခံရတဲ့ သံဃာတော် ဟာ ဆေးရုံတက် ဆေးကုသ ခံယူရင်းက ထပ်မံ ရန်မူ လာမှာ ကြောက်ပြီး တိမ်းရှောင် သွားရ ပါတယ်။ရပ်ကွက် အာဏာပိုင်တွေ ကတော့ ကျောင်းထိုင် ဆရာတော်ထံမှာ ဒီအမှု ကို ကျေအေး ပေးဖို့ဝိုင်းဝန်း ပြောဆို နေကြ ပါတယ်။
(bbc)
0 နအဖမှသင်္ဃန်းခြုံပြထားတဲ့ အတုအယောင်ဘုန်းကြီးအားအားပေးကူညီပြီး ဗုဒ္ဓဘာသာကို ညိုးနွမ်းအောင်ပြုလုပ်
Ah Bayah facebookမှshareသော အပိုင်း(၁)မှအပိုင်း(၆)နိဂုံးပိုင်းအထိတဆက်တည်းကြည့်ရူနိုင်ပါသည်.
(န.အ.ဖ)စစ်ခေါင်းဆောင်များကြီးမှူးကျင်းပသော နံပါတ် ၀မ်း Brain Wash သင်တန်း ၂၀၁၀ ဒီဇင်ဘာလအတွင်း ၊ ဘားအံ မြို့ ဇွဲကပင်ခန်းမတွင် ကျင်းပခဲ့စဉ်က ၊ သင်တန်းမှူး သံဃာ ဖြစ်သော ဦးဣတ္တိပါလ က တက်ရောက်လာသော ၊ ၀န်ထမ်းများ ၊ ဆရာဆရာမများ ၊ ကျောင်းသားလူငယ်များ ၊ လူကြီးကတော်များကို ( အဆိပ်တွေများနေလို့ အဆိပ်ထုတ်ကြမယ် ) ဟု ဆိုကာ ။ သူနဲ့အတူ ပါလာခဲ့သော dancer များကို ကရင်ဝတ်စုံများဝတ်စေကာ stage ပေါ်မှ တရုပ်သီချင်းနဲ့ ကစေပြီး ။အဲဒီတရုတ်သီချင်းရဲ့ အဓိပ္ပါယ်ကတော့ မင်းတို့အ၀တ်တွေ ချွတ်ပစ်လိုက်လို့ အဓိပ္ပါယ်ရကြောင်းလည်း သိရပါတယ်။ တရုတ်သီချင်း က Alex Du 杜德伟 ဆိုထားတဲ့ "脫掉" "ချွတ်ပြစ်လိုက်"လို့အမည်ရတဲ့ သီချင်းပါ။ စာသားတွေထဲက တစ်ကြောင်း နှစ်ကြောင်းလောက် ဘာသာပြန်ရရင်တော့ "စည်းကမ်းတွေများနေတယ် ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက် " နောက်ဆုံး "အပေါ်အဝတ်တွေ အောက်ခံတွေပါ ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက်"လို့ ဆိုနေတာပါ။ စင်ပေါ်စင်အောက်က အရူးတွေကတော့ ဗုမသိ ဘမသိနဲ့ အားရပါးရ ကနေကျတာ။  ဖွင့်ထားတဲ့ တရုတ်သီချင်းကိုအောက်ကlink မှာကြည့်နိုင်ပါတယ်
http://www.youtube.com/watch?v=VcngZ...eature=related
အောက်မှ လူများကိုလည်း ဂုဏ် သိက္ခာမရှိ ၊ ရိုးရာယဉ်ကျေးမှုနဲ့မညီ ၊ ပေါကြောင်ကြောင် လိုက်ပြီး ကခုန်စေသော video ဖိုင် ၆ဖိုင်အားလုံးတစုတည်းပေါင်းပြီးတင်လိုက်ပါတယ်။
ဘုန်းကြီးတယောက်က သာဓုခေါ်တာကို မကြိုက်ဘူး လက်ခုပ်တီးတာကို ကြိုက်ပါတယ် ဆိုကတည်းက ဒီဘုန်ကြီး မူမမှန်တာ ထင်ရှားနေပါပြီ ။ဗုဒ္ဓဘာသာကို ညိုးနွမ်းအောင် လုပ်ဆောင်နေသော သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်ဘုန်းကြီးအတုအား စစ်အုပ်စုအာဏာပိုင်များမှ အရေးယူ ထိန်းသိမ်းခြင်းမျိုးမရှိသည့် အပြင် အားပေးကူညီနေသောကြောင့် သဃာတော်များနှင့် ပြည်သူလူထုမှ အလွန်စိတ်သောက ဖြစ်နေကြကြောင်း သိရသည်။
အတုအယောင် သာသနာဖျက်ဘုန်းကြီးအားထောက်ပံ့ပေးနေတဲ့( တီးယန်း ) လို့ခေါ်တဲ့ ဆေးပစ္စည်းကုမ္ပဏီ ရဲ့ ပိုင်ရှင် ( တရုတ် )သဋ္ဌေး
video အပိုင်း(၆)နိဂုံးမှာတော့သာသနာ အရေကို ခြုံပြီး သာသနာကို ဖျက်စီးနေတဲ့ အဲဒီဘုန်းကြီးကို နောက်ခံပေးပြီး မြန်မာပြည်ကို စစ်အုပ်စုနဲ့အတူ ၊ စံနစ်တကျ ဖျက်ဆီးစေတဲ့ တရားခံက ( တရုတ် )ပါပဲ ။ ( တီးယန်း ) လို့ခေါ်တဲ့ ဆေးပစ္စည်းကုမ္ပဏီ ရဲ့ ပိုင်ရှင် သဋ္ဌေးပါပဲ ။ သာမာန်မတွေးပါနဲ့ ။ မြန်မာပြည်သိမ်းဖို့ တရုတ်က စံနစ်တကျထိုးဖေါက်လာနေတာဆိုတဲ့ သတိပေးစကားပြောဖို့ ဒီvideo ဖိုင်တွေတင်ခဲ့တာပါ ။ သာသနာ ဆိုတဲ့ အဆုံးအမ မရှိရင် ၊ တိဗက်လို ပြည်သိမ်းဖို့ လွယ်သွားပြီပေါ့ ။
တရုတ်ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်မြောက်ရေး ။ တရုပ်လွှမ်းမိုးရေး အလုပ်ကို ၊ ပညာသားပါပါ လုပ်နေကြတယ်ဆိုတာ နောက်ဆုံး အသိပေးတာပါ ။ မြန်မာပြည်နဲ့ ၊ သာသနာတော်ကို ကာကွယ်နိုင်ကြပါစေ ။
( မေတ္တာဖြင့် ) Ah Bayah
အပေါ်က အတုအယောင် သာသနာဖျက်ဘုန်းကြီး နံပါတ် ၀မ်း Brain Wash သင်တန်းရဲ့homepageပါ. ဒီနေရာမှာ ပါ
Friday, January 14, 2011
0 ပြည်သူ့ခေတ်ဂျာနယ်၊အတွဲ၁၊ အမှတ် ၂၃ မှ စာပေစီစစ်ရေးဖြုတ်လိုက်သော ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူး
`အတိုင်းတာတစ်ခုထိရေးပိုင်ခွင့်မှာ အတိုင်းအတာက တစ်နေ့ထက်တနေ့ပိုပြီးတော့ ကြီးမားကျယ်ပြန့်လာမယ်လို့ မျှော်လင့်ပါတယ်` ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်း
ငြိမ်းဆက်လင်း(မြစ်မခ)
နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံမေးမြန်းခွင့်တောင်းခဲ့ရာ တွေ့ဆုံမေးမြန်းခဲ့ရပါသည်။
မေး။ ။ အန်တီပြောတဲ့ ဒီမိုကရေစီကွန်ယက်ဆိုတာကို သိပါရစေ။
ဖြေ။ ။ ဒီမိုကရေစီကွန်ယက်ဆိုတာ ကွန်ယက်ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ သမီးတို့သိပြီးသားလေ။ ပါတီတစ်ခုတည်း လဲမဟုတ်ဘူး၊ နိုင်ငံရေးပါတီ အစုတွေအဖွဲ့တွေလဲမကဘူး ပြည်သူတွေကပါ ပါဝင်နိုင်တဲ့ ကွန်ယက်တစ်ခုကို ဆိုလို တာပါ။ နောက်ပြည်သူတွေဆိုတာလဲ ဗမာပြည်သူတွေမကဘူး တစ်ကမ္ဘာလုံးကပြည်သူတွေပါဝင်ပြီးတော့ ဆက်သွယ် ပြီးတော့ ဒီမိုကရေစီအတွက် တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားပေးဖို့ပေါ့နော် အဲလိုအဆက်အသွယ်တစ်ခု ကွန်ယက် တစ်ခု လုပ်ချင်တယ်ဆိုတဲ့ သဘောနဲ့ ပြောတာပါ။
မေး။ ။ တကယ်လို့ အန်တီ့အနေနဲ့ ဗိုလ်ချူပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရမယ်ဆိုရင် ဘယ်လိုအကြောင်းအရာမျိုး တွေဆွေးနွေးမှာပါလဲရှင်။
ဖြေ။ ။ ဒါကတော့ အန်တီတစ်ယောက်ထဲဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘူးလေ။ တကယ်တော့ တွေ့ဆုံဆွေးနွေး တယ်ဆိုတာ နှစ်ဦးနှစ်ဖက် သဘောထားတွေဖလှယ်တာပဲ။ အဲတော့ ကိုယ်တစ်ယောက်ထဲကနေပြီးတော့ ဒါပြောမယ်၊ ဒါပြောမယ်၊ ဒါပြောမယ်ဆိုပြီးတော့ ဒီလိုစဉ်းစားထားတဲ့ စိတ်ဓာတ်နဲ့ဆိုရင် တွေ့ဆုံဆွေးနွေးတာဘယ်ဖြစ်မလဲ ကိုယ်ပြောချင်တာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကိုယ့်ဘက်ကပြောချင်တာတွေလဲရှိမယ် သူ့ဘက်က ပြောချင်တာလဲရှိမယ်။ အဲဒါကညှိယူရမှာပေါ့။ တစ်ခါတစ်လေဆိုရင် တွေ့ဆုံဆွေးနွေးရေးတွေဆိုတာ ဖြည်းဖြည်း စရတာပေါ့။ ဒီဟာလောက်ပဲပြောမယ်ဆိုပြီးတော့ ပိုပြီးချဲ့သွားရတဲ့ဟာမျိုးလဲရှိတယ်လေ။ အဲတော့ စစချင်း ဒီလို ဒီလိုမှ လုပ်မယ်ဆိုတဲ့ စိတ်မျိုးတော့ မထားပါဘူး။
မေး။ ။ အန်တီ့ရဲ့ ရှေ့အနာဂတ်ခရီးကိုသိပါရစေ။
ဖြေ။ ။ NLD ရဲ့ရှေ့အနာဂတ်ခရီးဆိုတာ ဘယ်လိုအဓိပ္ပာယ်နဲ့ မေးတာလဲ။
မေး။ ။ ဟုတ်ကဲ့ပါ ဟိုတစ်နေ့က သတင်းစာရှင်းလင်းပွဲလဲ တက်ပါတယ်ရှင့်။ အန်တီကပြောခဲ့ပါတယ် သတင်းစာ ရှင်းလင်းပွဲမှာလဲ NLD ကိုဖျက်သိမ်းမှာကို တရားရုံးမှာအယူခံတက်ထားတယ်လို့ သိရပါတယ်။ အဲဒီ့ဟာ တစ်ကယ်လို့ ဖျက်သိမ်းရတယ်ဆိုလဲ ပြည်သူလူထုရဲ့စိတ်ထဲမှာ NLD ရှိနေတယ်ဆိုတာ သတင်းစာရှင်းလင်းပွဲတုန်းက အန်တီ ပြောခဲ့ပါတယ်။
ဖြေ။ ။ အန်တီပြောတာက ဒီလိုပါ။ တရားဥပဒေရဲ့ ရပ်တည်ပိုင်ခွင့် ရှိတယ်မရှိတယ်ဆိုတာ တရားရုံးက ဆုံးဖြတ်မှာပေါ့။ ဒါပေမဲ့ တစ်ကယ်ကို NLD က ရပ်တည်နိုင်လား မရပ်တည်နိုင်လားဆိုတာ ပြည်သူတွေ အပေါ် မှာမူတည်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါအန်တီ။ ပြည်သူ့အသံတွေကို အန်တီက မီဒီယာတွေကနေပြီးတော့ နားထောင်တယ်၊ ဂရုတစိုက်တယ်ဆိုတာ သိရပါတယ်။ အန်တီ့မိန့်ခွန်းထဲမှာလဲပါတော့။ မီဒီယာတွေအနေနဲ့ လူထုအသံကို ပိုပြီးတော့ အားကောင်းလာနိုင်ဖို့ အတွက် မီဒီယာတွေကို ဘယ်လိုများအကြံပြုချင်ပါသလဲရှင့်။
ဖြေ။ ။ တစ်ခုအခက်အခဲရှိတာကပေါ့နော်။ ဒီ အခုခေတ်ပေါ်တဲ့ ခေတ်ပေါ်နည်းပညာတွေဘာတွေသုံးဖို့ဆိုတာ လူတိုင်းကသုံးနိုင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ အန်တီ့အမြင်မှာတော့ မီဒီယာတွေက တော်တော်ကိုကြိုးစားပါတယ်။ တတ်နိုင်သမျှပေါ့နော်။ အများနဲ့ အများပြည်သူနဲ့ အဆက်အသွယ်ရှိတာပေါ့။ ဒါပေမဲ့လဲ တစ်ချို့တွေက မီဒီယာကို ပိုပြီးတော့ သုံးတတ်တဲ့သူတွေရှိတယ်။ တစ်ချို့ အစုအဖွဲ့တွေ တစ်ချို့ပုဂ္ဂိုလ်တွေ။ အဲလိုသုံးတတ်တဲ့ လူတွေရဲ့ အသံကတော့ ပိုပြီးတော့ ကြားနေရတဲ့ သဘောပေါ့။ ၆ နှစ် ၇ နှစ်အတွင်းမှာပေါ့ ဘယ်သူကပြောလိုက်ရင် ဘယ်လိုင်း ကိုသွားမယ်ဆိုတာ ကောင်းကောင်းသိနေပြီ။ ခုဏခုဏ ပြောတဲ့ သူတွေရှိတယ်။ ပြောတဲ့ လူတွေက ပြောနေကြ လူတွေပေါ့နော်။ တစ်ချို့ လုံးဝမကြားရတဲ့ အသံတွေကတော့ အများကြီးပေါ့။ အများစုပေါ့။ ဒီလိုအများစုရဲ့အသံကို အားလုံးမကြားရလို့၊ မသိရလို့ သူတို့စိတ်ထဲမှာရှိတာကို မသိဘူးလို့လဲ မပြောလိုပါဘူး။ အနည်းစုကလဲ အများစုရဲ့ အသံကို အတိုင်း အတာတစ်ခုထိတော့ ရောင်ပြန်ဟပ်ကြတာပါပဲ။ မီဒီယာကပိုပြီးတော့ ကြိုးစားဖို့ပဲရှိပါတယ်။
မေး။ ။အခုပြည်တွင်းဂျာနယ်တွေမှာ အန်တီရဲ့ဓါတ်ပုံတွေနဲ့သတင်းတွေကို ဖော်ပြနေတာတွေ့ရပါတယ်၊ အဲ့ဒီအနေ အထားကိုရောအန်တီအနေနဲ့ ဘာများပြောချင်ပါလဲရှင့်။
ဖြေ။ ။အဲ့ဒါလည်းဖြစ်တာမကြာသေးဘူးလို့လည်း အန်တီနားလည်တယ်၊ ဒီလိုပေါ့နော်လွတ်လွတ်လပ်လပ် ဂျာနယ်တွေ အနေနဲ့ရေးချင်သလိုရေးလို့ရတယ်ဆိုရင်တော့ကောင်းတာပေါ့၊ဒါပေမယ့်တချို့ကတော့ပြောတာကတော့၊ လွတ်လွတ်လပ်လပ်ရေးချင်သလိုတော့ မဟုတ်ဘူး၊ အတိုင်းအတာတစ်ခုထိတော့ ရေးပိုင်ခွင့်ရှိတယ်ပေါ့၊အဲ့တော့ အတိုင်းတာတစ်ခုထိရေးပိုင်ခွင့်မှာ အတိုင်းအတာက တစ်နေ့ထက်တနေ့ပိုပြီးတော့ ကြီးမားကျယ်ပြန့်လာ မယ်လို့ မျှော်လင့်ပါတယ်၊
မေး။ ။ နယ်စပ်ဒေသမှာ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်နေတာတွေကိုနဲ့ပတ်သက်ပြီး အန်တီဘယ်လိုများပြောချင်ပါသလဲရှင့်။
ဖြေ။ ။ တိုင်းရင်းသားတွေနဲ့ ပတ်သတ်လို့ပြောချင်တာက အခုလိုပုံစံက ပြန်ပြီး လက်နက်ကိုင်ပဋ္ဌိပက္ခလို မြင်ရတော့ ပြန်ပြီးမြင်ရတော့ အင်မတန်မှ ၀မ်းနည်းတယ်၊ ဒါဟာ အန်တီတို့အနေနဲ့ ပြည်ထာင်စုစိတ်ဓါတ်ထူထောင်တဲ့နေရာမှာ မအောင်မြင်သေးဘူးလို့ ဒီလိုပဲပြောရမှာပဲ၊ပြည်ထောင်စုစိတ်ဓါတ်အပြည့်အ၀နဲ့ ဒီနိုင်ငံဟာငါတို့နိုင်ငံ ဒီမြေဟာ ငါတို့အတွက် သက်သာရာလုံခြုံရာ၊ချမ်းသာရာ မြေဆိုပြီးတော့ တိုင်းရင်းသားအားလုံးက ပြည်ထောင်စု တိုင်းရင်းသား အားလုံးက အဲ့ဒီလိုစိတ်မျိုးမရှိနိုင်သ၍ အန်တီတို့က မအောင်မြင်နိုင်သေးဘူးလို့ပဲပြောရမှာပဲ၊
မေး။ ။ အန်တီက အခုလိုနှစ်ပေါင်းများစွာ အခုလိုကြံ့ကြံ့ခံနိုင်နေတာဘာကြောင့်ပါလဲရှင့်။
ဖြေ။ ။အဲ့ဒါကတော့ အန်တီကို ၀ိုင်းပြီးတော့ အကူအညီပေးတဲ့သူတွေကြောင့်လို့ပဲပြောရမှာပဲ၊ ဘာကြောင့်လဲဆို ကိုယ်တစ်ယောက်ထဲလုပ်နိုင်တဲ့ကိစ္စမှ မဟုတ်ပဲ၊ အန်တီကိုဝိုင်းပြီးတော့ အကူညီပေးတဲ့သူတွေ၊ အားပေးတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊နောက်ပြီးတော့ အန်တီလုပ်သမျှကို နားလည်ပေးတဲ့ အန်တီသားလေး၊ ဒီဟာတွေ အားလုံးကို ပေါင်းလိုကလို့ရှိရင် အင်အားဖြစ်သွားတယ်လို့ပဲပြောရမှာပဲ။
မေး။ ။ဟုတ်ကဲ့ပါအန်တီ၊ သမီးနောက်တစ်ခုသိချင်တာကလေ မြန်မာနိုင်ငံမှာ အခု HIV/AIDS ဝေဒနာရှင်တွေ အတွက်ပေါ့နော် အန်တီတို့ဒီ မဖြူဖြူသင်းတို့ NLDလူထက်ပိုအဖွဲ့ကနေပြီးတော့ အကူညီပေးတာ သမီး သိရသလောက်ဆိုရင် ၂၀၀၀ခုနှစ်ဝန်းကျင်လောက်ကတည်းက သိရပါတယ်၊ အခုလို အန်တီအနေနဲ့ကော အိတ်ချာ်အိုင်ဗီဝေဒနာသည်တွေအတွက် ဘယ်လို စဉ်စားစီစဉ်ထားပါသလဲရှင့်။
ဖြေ။ ။ချက်ချင်းလက်ငင်းကတော့ အန်တီတို့ဆေးတွေလုံလုံလောက်လောက်ပေးနိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါတယ်၊ အလှူငွေတွေလိုပါတယ်၊ အဲ့ဒါကြောင့်မို့လို့ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ပြောချင်ပါတယ်၊ ဘာလို့လဲဆိုတော့ အန်တီတို့တစ်တွေအနေနဲ့ AntiRetovital Drugတွေ ဝေပေးဖို့ဆိုတာတော်တော်ကိုလိုတယ်၊ ဒီဆေးကလည်းသိတဲ့အတိုင်းပဲ အပြတ်မခံဘူး၊ အဲ့တော့ဒီဆေးအတွက်ပဲ တော်တော်လိုတယ်၊နောက်ပြီးတော့ဝေဒနာရှင်တွေအနေရဲ့စားရေးသောက်ရေးလုံလုံလောက်လောက်ပေါ့နော်၊ဖူလုံ အောင် လုပ်ပေးနိုင်ဖို့လည်းလိုပါတယ်၊အဲ့ဒါကြောင့် မီဒီယာကနေတဆင့် အန်တီအနေနဲ့မေတ္တာရပ်ခံပါရစေ၊ အားလုံး ပေါ့နော် ကျွန်မတို့ရဲ့ညီအစ်ကိုမောင်နှမတွေအချင်းချင်း ကျွန်မတို့ရဲ့သားသမီးတွေဖြစ်တဲ့ HIVဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ၊ ၀ိုင်းပြီးတော့ပံ့ပိုးပေးကြပါလို့မေတ္တာရပ်ခံချင်ပါတယ်၊
မေး။ ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဆောင်ရွက်သွားမဲ့အပေါ်မှာ အောင်မြင်မှုရလိမ့်မယ်လို့ ယုံကြည်မှု ရှိပါသလားရှင့်။
အမျိုးသားပြန်လည် ရင်ကြား စေ့ရေးကတော့ တကယ်ကိုလိုအပ်တဲ့ကိစ္စ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကတော့ မရှိမဖြစ်တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ ကိစ္စပဲဆိုတော့ ။ အဲဒီ့ဟာတော့ ဆက်လုပ်သွားရအုံးမှာပဲ။
မေး။ ။ မြန်မာနိုင်ငံဒီမိုကရေစီအတွက် အားလုံးကြိုးပမ်းဆောင်ရွက်ကြဖို့အတွက်လည်း အန်တီမျှော်လင့်ကြောင်းအန်တီ့ မိန်းခွန်းထဲမှာ ထည့်ပြောခဲ့တာ တွေ့ရပါတယ်။ အားလုံးပါဝင်နိုင်ဖို့အတွက် ဘယ်လို စိတ်ဓါတ်မျိုးထားရှိသင့်ပါသလဲရှင့်။
ဖြေ။ ။ ဒီဟာက အချိန်နဲ့ အခြေအနေပေါ်မှာလဲမူတည်ပါတယ်။ ပံ့ပိုးမှုဆိုတာအမျိုးမျိုးပေါ့နော်။ အရေးကြီးတာကတော့ အန်တီတို့အနေနဲ့ ဆက်ဆံတဲ့ နေရာမှာ ယုံယုံကြည်ကြည်နဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်မှု အပြည့်အဝနဲ့ ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံနိုင်တဲ့ အခါကြရင် အဲလိုဆက်ဆံနိုင်အောင်လို့ တစ်ဦးပေါ်တစ်ဦး ယုံကြည်နိုင်အောင်လို့ အန်တီတို့စွမ်းဆောင်နိုင်လို့ရှိရင် သိပ်ပြီး ခဲခဲ ယဉ်းယဉ်းမရှိဘူး။ အရေးကြီးတာကတော့ အန်တီတို့အနေနဲ့ မိတ်ကောင်းဆွေကောင်းတွေပေါ့နော် ဒီလိုဖြစ်ဖို့ တစ်ဦးပေါ်တစ်ဦး ရဲဘော်ရဲဘက်လို တန်းတူညီတူ အဲလိုစိတ်ထားမျိုးတွေ ခိုင်ခံအောင်လုပ်ဖို့ အရေးကြီးပါတယ်။
ခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အန်တီ။
မျှဝေသော မြစ်မခမီဒီယာအားကျေးဇူးတင်ရှိပါသည်...
0 သက္ကရာဇ် ၂၁၀၀ တွင် မူလတန်းသင်ရိုးမှာ ပြဌာန်းလိုက်သောကဗျာ
မောင်ရင်ငယ်သွေး နာဘိသေးလော့
ရှေးသရောအခါ ပြည်မြန်မာဝယ်
ဒေါ်လာသန်းနှစ်ထောင် ကြွယ်ဝဆောင်သော
လူပေါလူမိုက် ဒုစရိုက်များ
ကန်ထရိုက်ဆွဲ လက်ကိုင်မြဲသည့်
မင်းဆိုးမင်းညစ် မင်းယုတ်တပါး
ထင်ရှားဖူးသည်။
ဗုဒ္ဓဘာသာ ခံယူပါလျက်
ရက်စက်တာက အံ့လောက်ဖွယ်ရာ
သံဃာတော်သတ် ဖမ်းနှိပ်စက်၍
ဒေ၀ဒတ်ထုံး နှလုံးမူကာ
ပြုမူဆက်ဆံ ယုတ်မာပြန်လို့
သံဃာတို့သွေး မြေသို့ပေးအပ်
ဆင်းသက်ခဲ့သည်။
တိုင်းပြည်ဘဏ္ဍာ ပြည့်ဥစ္စာကို
အုပ်ကာစိုးမိုး ခိုးထုတ်တဖုံ
ဆိုးယုတ်ပုံက ပေါ်တင်တလီ
အဓ္ဓမတသွယ် သိမ်းပိုက်လွယ်လို့
ကုဋေကြွယ်စေ ဒေါ်လာငွေသုံး
မြေးတော်ပြုံးရန် မန်ယူကိုဖန်
ဝယ်ဖို့ကြံသည်။
မင်းကျင့်တရား ၁၀ပါးမညီ
အုပ်ချုပ်သည်မို့ ထိုတိုင်းပြည်မှာ
ရာသီမမှန် မုန်တိုင်းဒဏ်သင့်
ဘေးရန်နင့်လို့ ပြည်သူအပေါင်း
ထောင်းထောင်းကိုယ်စိတ် ကွဲကြေရိပ်အောက်
ကျရောက်ခံစား ဒုက္ခများပြီး
သုခရှားခဲ့ကြရသည်။
တိုင်းသူပြည်သား အများဆန္ဒ
မှန်သမျှအား အလေးမမူ
ပြုမူသည်ကား မိန်းမယောက်ျား
အားလုံးခေါ်ထုတ် မလုပ်မရ
ထမ်းရွက်ကြဟု စစ်တပ်အတွင်း
သွပ်သွင်းကာသာ အာဏာမြဲရေး
ဦးစားပေးသည်။
ထိုမင်းလက်ထက် တိုင်းပြည်ပျက်သို့
အဖက်ဖက်မှာ ဆုတ်ယုတ်သော်ငြား
ထုတ်ဖော်ကြားသည့် စကားမတော်
လျော်ကန်မသင့် ပြောဆိုဝံ့တာ
အံ့သြစရာကား..
သူရဲ့တိုင်းပြည် တိုးတက်ပြီတဲ့
ရှက်ဖွယ်လိလိ ထိုထိုစကား
ပြောဆိုကြားသော ဘုရင်ကြီးအား
မောင်တို့မှတ်သား ဆင်ခြင်သွားလော့
ထိုသို့ဆင်ခြင် သုံးသပ်မြင်လို့
မောင်တို့တိုင်းပြည် တိုးတက်အောင်ပြု
ကောင်ကျိုးမှုနဲ့ တည်ထောင်သွားလေ
မောင်တို့သမိုင်း မရိုင်းရအောင်ဆောင်ကြလေ...။
 အထက်ပါကဗျာမှ ဘုရင်ကြီးမှာ မည်သူဆိုသည်ကိုတော့ မရေးပြတော့ပါ..။
အားလုံးကိုချစ်ခင်လေးစားသော..ဖိုးသိကြား(၁၃-၁၁-၁၀)
ပေးပို့ပေးသော ကိုဖိုးသိကြားအား ဒေါင်းမာန်ဟုန်မှကျေးဇူးတင်ရှိပါသည်။
0 နှောင်းတမြေ့မြေ့ပါပဲဗျာ . . . .
နှောင်းတမြေ့မြေ့ပါပဲဗျာ . . . .
      စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ အသက် (၆၅) နှစ် သည် ၁၁.၁.၂၀၁၁ (အင်္ဂါနေ့) နံနက် (၄း၂၀) နာရီအချိန်တွင် အဆုတ်ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပြီး ယနေ့ ၁၃.၁.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၃း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်) အစီအစဉ်ဖြင့် မီးသဂြိုလ် ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
      ယင်း အခမ်းအနားတွင် စာပေ၊ ဂီတ၊ ရုပ်ရှင် နယ်ပယ်အသီးသီးမှ အနုပညာသမားများ နှင့် ဆရာ မောင်ဝဏ္ဏ၏ အနုပညာကို ချစ်မြတ်နိုးကြသော ပြည်သူလူထုအပေါင်းတို့မှ လာရောက်၍ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ကြသည်။
      ဆရာ မောင်ဝဏ္ဏသည် အမှန်တကယ် ပန်းတွေနဲ့ဝေ၍ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းကာ ဘ၀တစ်ပါးသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါသည်။ 
ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်...
Thursday, January 13, 2011
0 နအဖရဲ့ပြည်သူ့စစ်မှုထမ်းဥပဒေတဲ့
46735371 SPDC s Military Conscription Law                                                            
စစ်မှု မထမ်းမနေရ စနစ် ကို ယနေ့အချိန်ထိ အတည်ပြု မကြေငြာသေးသော်လည်း နောက်ဆုံးရရှိသော ယခု စာ အရဆိုလျှင် သေချာ သလောက် ရှိနေပါပြီ ။ တရားမျှတစွာ ကျောသားရင်သား ခွဲခြားခြင်း မရှိဘဲ ဒီမိုကရေစီ နိုင်ငံတို့ကျင့်သုံးလိုနာနေတဲ့ စနစ် အတိုင်း ဆိုလျှင် ကျွန်ူပ်တို့ အနေဖြင့် ငြင်းဆန်စရာ အကြောင်းမရှိပါ ။ သို့သော အတိတ်ကလည်း ရိုးသားဖြောင့်မတ်ခြင်း လုံးဝ မရှိခဲ့သလို ပစ္စပ္ပုန်တွင်လည်း ကောက်ကျစ်ယုတ်မာသော စိတ်ထားများဖြင့် လက်တွေ့ကျကျ တိုင်းပြည်ကို ဒုက္ခပေး နေသာ အာဏာရှင်တို့ အကြားတွင် တရားမျှတခြင်း ဆိုသည့် စကား ပျောက်ဆုံးနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် ယခု စစ်မှု မထမ်းမနေရ စနစ်သည် ပြည်သူလူထုအား စစ်ကျွန်အဖြစ် သွတ်သွင်းလိုသော ဆန္ဒဖြင့် ပြဌာန်းသည် ဆိုသည်မှာ အသေအချာပင် ဖြစ်လေသည် ။
လက်နက်ကိုင်ခွင့်ပေးကာ စစ်ပညာ သင်ပေးကြားရလျှင် ပြန်လည် တော်လှန်၍ ရသည်ဟု ယူဆချင်လျှင် ယူဆ၍ ရနိုင်စရာ အချက်များဟု သံသယပွားစရာ လေးများ ရှိနေအုံးမည် ထင်ပါသည် ။ စစ်အာဏာရှင်တို့ ထိုသို့သော လက်နက်ကိုင်ခွင့်နှင့်စစ်ပညာသင်ကြားခွင့်တို့ကို ပြည်သူလူထုအား သင်ကြားပေးရလောက်အောင် ညံ့ဖျင်းသူများ မဟုတ်ကြပါ ။ တချိန်က ကျနော်တို့ တိုင်းပြည်တွင် ခေတ်စားခဲ့သော ပေါ်တာဆွဲသည့် လုပ်ငန်းများကို နိုင်ငံတကာမှ ဖိအားကြောင့် ရပ်တန့်လိုက်ရခြင်းကို ယခု ဥပဒေက တရားဝင် ပြန်လည် အသက်သွင်းပါလိမ့်မည်။ သူတို့ပေးသမျှ ယူ ၊ ကျွေးတာစား ၊ ခိုင်းတာလုပ်ဆိုသော စစ်ကျွန် အဖြစ် သွတ်သွင်းလိုသည့် ဆန္ဒများဖြင် ပြဌာန်းတော့မည့် ဥပဒေကို ခေါင်းငုံသီးခံမနေကြဘဲ ဆန်ကျင့်သင့်လှပေသည် ။ အာဏာရှင် စနစ် တည်မြဲရေး အတွက် အဘက်ဘက်က စီမံချက်ချကာ ဆောင်ရွက်နေသည် အချိန်တွင် ကျွန်ူပ်တို့ ပြည်သူလူထုမှ အလိုက်သင့်ခေါင်းငုံ့ခံနေလိုက်လျှက် နောင်အချိန်တွင် ယခုထက် ပိုမိုဆိုးဝါးသည့် ဒုက္ခများကို ဆက်တိုက် ခံစားရပေမည် ။
ယုတ်မာလှသော အကြံဥာဏ်များဖြင့် တမင်ဖြစ်ပွားအောင် ဖန်တီးထားသော ပြည်တွင်းစစ်များတွင် အကျဉ်သားများကို လူသား ဒိုင်းသဖွယ် အသုံးချလျှက် မိုင်းကွင်းများကို ဖြတ်ခိုင်းနေသည့် လုပ်ရပ်များသည် အခုဥပဒေပါ အချက် အလက်ကို လက်ခံလိုက်လျှင် စစ်မှုထမ်းရမည့် ပြည်သူလူထု များကို အစားထိုး ခိုင်းစေမှာ အမှန်ပါဘဲ ။ နောက်တချက် မိန်းကလေးများ အတွက် အန္တာရယ်များလွန်းပါတယ် ။ ဘာသာတရား အခြေခံ နည်းပါးလွန်းလို့ သံဃာကို သတ်တာတောင် မှန်ပါတယ်လို့ ယူဆနေကြတဲ့ စစ်တပ် အသိုင်းအ၀ိုင်းမှာ မိန်းကလေးငယ်များရဲ့ ဘ၀ဟာ ကြောက်စရာ အနေအထားဆိုတာ
မမေ့ထားကြပါနဲ့ ။ တိုင်းရင်း သားမိန်းမပျိုများကို အတင်းအဓမ္မ စော်ကားလေ့ရှိတာ သက်သေ အထောက်အထားများစွာနဲ့ ကုလသမ္မကို အစီရင်ခံစာတင်ပြထားကြတာ ကို ပုံပြင်ပမာ မှတ်နေကြ၇င်တော့ လူစိတ်ပျောက်နေတဲ့ စစ်သားတွေကတော့ ပျော်ရွှင်စရာ သဘောထားပြီး အားခဲလို့ စောင့်နေကြမှာ အမှန်ပါဘဲ ။
ပြောစရာတွေကတော့ ကုန်မယ်မထင်ဘူးဗျာ ။ သူတို့က ဒီမိုကရေစီ စနစ် ကျင့်သုံးလို့ စစ်မှု မထမ်းမနေရစနစ် ကို ပြဌာန်းပါတယ်လို့ ဆိုလာခဲ့ရင် ပြည်သူလူထုက လည်း ဒီမိုကရေစီ နည်းလမ်းကျစွာ တရားမျှတမှု မရှိတဲ့ ဥပဒေကို အားလုံးစည်းလုံး ညီညွတ်စွာ ဆန့်ကျင်ကြဖို့ အထူးလိုအပ်ပါတယ် ။
ပြည်သူလူထုက စည်းလုံးညီညွတ်မှု မရှိပါဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကန့်ကွက် ငြင်းဆန်နေမယ့် အစား မိမိတို့ နဲ့ နီးစပ်ရာ အသိုင်းအ၀ိုင်းကို အသိပေးပြီး စည်းလုံးညီညွတ်ရေး အတွက် စတင် အကောင်အထည်ဖော်ထားကြပါ ။ ဒါကြောင့် ဒီဥပဒေကို အတည်ပြုတဲ့ နေ့မှာ တနိုင်ငံလုံးက ပြည်သူလူထု အနေနဲ့ ရရာ လက်နက် ကိုင်စွဲပြီး တိုက်ပွဲဝင် ဆန့်ကျင်နိုင်ဖို့ အတွက် အခုချိန်မှာ ပြင်ဆင်ထား၇ှိတဲ့ သဘောနဲ့ ဒါးသွေးပြီး အားမွေးထားကြပါလို့ လေးစားစွာ အသိပေး တိုက်တွန်းပြောကြားလိုပါတယ် ။ မြန်မာပြည် အာဏာရှင် စနစ်အောက် မချုပ်ပျောက်သရွေ့ ဒီလို စနစ်ဆိုးကြီးရဲ့ ဆိုးမွေတွေကို ဆက်တိုက်ခံစားရမှာ အသေအချာ ဖြစ်လို့ နောင်လာမည့် အနာဂတ်မျိုးဆက်အတွက် ကျွန်ူပ်တို့ အသက်တွေကို ပေးဆပ်ပြီး ဒီစနစ်ဆိုးအောက်က လွတ်မြောက်အောင် ရုန်းထွက်ပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်ကာ တရားမျှတသော အုပ်ချုပ်မှု စနစ်နှင့် ကျက်သရေ မင်္ဂလာ အပေါင်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆီသို့ နီးစပ်ရာ လက်ချင်းချိတ်လျှက် တူညီညာ ချီတက်ကြပါစို့.........။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
0 ကလေးမြို့တက္ကသိုလ် (၃)ခုမှ ကျောင်းသူကျောင်းသား (၁,၀၀၀)ကျော်ခန့်ကျောင်းကားခတိုး မြှင့်ကောက်ခံခြင်းကို လက်မခံနိုင်ရာမှစ၍ ဆန္ဒပြချီတက်
ယနေ့နံနက် (၇:၃၀)ခန့်က ကလေးမြို့တက္ကသိုလ် (၃)ခုမှ ကျောင်းသူကျောင်းသား (၁,၀၀၀)ကျော်ခန့်
့သည် ယခုလ(၁)ရက်နေ့မှ စတင်၍ ကျောင်းကားခတိုး မြှင့် ကောက်ခံခြင်းကို လက်မခံနိုင်ရာမှ စ၍ တောင်းဆိုဆန္ဒပြမှု ဖြစ်ပွားရာ အာဏာပိုင်များမှ လိုက်လျောခဲ့ကြောင်းသိရှိရသည်။ ကျောင်းကားခ တိုးမြင့်ခြင်းကို ကန့်ကွက်သည့်လက် မှတ်ထိုးလှုပ်ရှားမှုကိုလည်း ၁၀၊၁၊၂၀၁၁ ရက်နေ့တွင်ကလေးတ က္ကသိုလ်ကျောင်းသားများကပြုလုပ်ခဲ့ရာ လက်မှတ်(၅၀၀)ကျော် ရရှိသည်ဟုကြား သိရပါသည်။
ကလေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်ကလေး နှင့် ကွန်ပျူတာ တက္ကသိုလ် ကလေး တို့မှ ကျောင်းသား၊ ကျောင်းသူ (၈၀၀)ခန့်သည် နံနက်(၇:၃၀)ခန့် က လမ်းဆုံလမ်းခွနေ ရာဖြစ်သောတာဟန်း ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ ပေါ်ရှိ ဘူတာကွေ့တွင် စတင်စုရုံးကြပြီး ၊ တက္ကသိုလ်ကြိုပို့ ကျောင်းကားအားလုံးကို ရပ်တန့်တားဆီးပြီး ဗိုလ်ချုပ်လမ်းမ အတိုင်း ပင်လုံ ရပ်ကွက်ကိုဖြတ်သ န်း၍့် ဗိုလ်ချုပ်လမ်းအ တိုင်း အောင်သစ္စာရပ်ကွက်ရှိ ဒေသကွပ်ကဲရေးစစ် ဌာနချုပ်(ဒကစ) သို့စည်းကမ်းတကျ ၅ယောက်တစ်တွဲ၊ ၆ယောက်တစ်တွဲတန်းစီချီတက် ဆန္ဒပြကြခြင်း ဖြစ်သည်။ ထူးခြားချက်မှာ ဆန္ဒပြသည့်ကျောင်းသားထုထဲတွင် ကျောင်းသူများ၏ပါဝင်မှုမှာ ကျောင်းသားများထ က်ဦရေပိုများသ ည့်အချက်ဖြစ်ပါသ ည်။
ကလေးတက္ကသိုလ်ကျောင်းသားများ၏ယခု ကဲ့သို့ဆန္ဒပြပွဲ ဖြစ်ပေါ်လာရခြင်း မှာ တက္ကသိုလ်အာဏာပို င်များ၏ဥပဒေကြော င်းအရ ကျောင်းသားများ ရင်ဆိုင်နေရသော အခက်အခဲများကိုေ ဖြရှင်းနိုင်မှုမရှိခြင်းသည်လည်းအဓိကအကြောင်းရင်းတရပ်ဖြစ်ပါသည် ။ အကြောင်းရင်းမှာ ၂၀၁၀ခုနှစ်မကုန် ခင်တွင် ဒေသကွပ်ကဲရေးစစ် ဌာနချုပ်(ဒကစ) ကလေးမှ အာဏာပိုင်များက သက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ်များကိုခေါ်ယူ၍ ၂၀၁၁နှစ်သစ်မှစပြီး ကျောင်းကြိုပို့ ကားခများကို တိုးမြင့်ကောက်ခံတော့မည်ဖြစ် ကြောင်း အသိပေးကြရာတွင် ပါမောက္ခချုပ်များ က ကျောင်းသား/ကျော င်းသူများဘက်မှေ န၍အခက်ခဲများကို တင်ပြကြသော်လည်း အာဏာပိုင်များမှ လျစ်လျုရှုခဲ့ကြသ ည်။
ထိုအကြောင်းကို ကြားသိကြသည့်ကျောင်းသားထုသည် ကျေ နပ်မှုမရှိကြဟု ကြားသိရပါသည်။
ဒေသကွပ်ကဲရေးစစ် ဌာနချုပ်(ဒကစ) သို့ ဆန္ဒပြကျောင်းသား များရောက်ရှိချိ န်တွင် စစ်တပ်မှ လမ်းမပေါ်တွင်အဝါရောင်နှင့်အနီရောင်သတိပေးတား မြစ်ချက် ကိုမျဉ်းတားပြီး ဖြစ်သဖြင့် ကျောင်းသားများသည်အဝါရောင်မျဉ်း အထိချီတက်ရပ်တန့် ခဲ့ကြသည်။ လုံခြုံရေးယူထား သည့် စစ်သားနှစ်ဆယ်ခန့်မှာ လက်နက်ကိုင်ဆောင်ထားခြင်းမရှိဟု ကြားသိရသည်။
 ဒကစ မှုးဗိုလ်မှုးချု ပ်အောင်ဆန်းချစ် သည် တာဝန်အရခရီးထွက် နေချိန်ဖြစ်ပါသည်။
photo။  ။ chinlandguardian.com
ပေးပို့သောthang Lian Thangtအားကျေးဇူးတင်ရှိပါသည်။
Wednesday, January 12, 2011
0 စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
ချင်းမိုင်(မဇ္စိ္ဈမ) ။      ။ အရွယ်ရောက်ပြီးသူတိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်ရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်ရာ စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တင်းမာမှု ပိုတိုးလာစေနိုင်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးလေ့လာသူများက ပြောသည်။
မဇ္ဈိမက လက်ခံရရှိထားသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ မနှစ် နိုဝင်ဘာလ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ အမှတ် ၂၇/၂၀၁၀ ပြန်တမ်းမိတ္တူအရ  အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။
စစ်မှုထမ်းဆင့်ခေါ်ရန် တိုင်းဒေသကြီး သို့မဟုတ်
pantann
ပြည်သူ့စစ်မှုထမ်း ဥပဒေ ပြန်တမ်းမိတ္တူ
ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့နှင့် မြို့နယ်အဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းနိုင်ခွင့် ဥပဒေက ခွင့်ပြုထားသည်။
ဆရာဝန်၊ အင်ဂျင်နီယာစသဖြင့် အတတ်ပညာတရပ်ရပ်ဖြင့် အသက်မွေးဝမ်းကြောင်း နေထိုင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်ခင်အထိ ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။
ကျွမ်းကျင်သူ စစ်မှုထမ်း အမျိုးအစားတွင် ၃ နှစ်အထိ ဝင်ရောက်စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။
ထို့အပြင် အရေးပေါ်အခြေအနေတွင် အစိုးရအနေဖြင့် စစ်မှုထမ်းကာလကို ၅ နှစ်အထိ သတ်မှတ်နိုင်ခွင့်လည်း ပေးထားသည်။
ရပ်ကွက်အာဏာပိုင်များက မိမိကျေးရွာအုပ်စု သို့မဟုတ် ရပ်ကွက်တွင် နေထိုင်သူများအနက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စစ်မှုထမ်းရမည့် အရွယ်ရောက်သူများ စာရင်းကို နှစ်စဉ် ဇန်နဝါရီ ၁ ရက်နေ့အရောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး မြို့နယ်အဖွဲ့ကို ပို့ရမည် ဖြစ်သည်။
သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂင်္ါ မသန်စွမ်းသူများ၊ တပ်မတော် ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်ကြောင်း သတ်မှတ်ထားသူများ၊ ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ စစ်မှုထမ်းခြင်းမှ ကင်းလွတ်စေရမည်ဟု ဆိုထားသည်။
သို့သော် နိုင်ငံဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားစောင့်ရှောက်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါး ဖြတ်ရန် ဆေးကုသမှု ခံယူနေသူများနှင့် ထောင်ဒဏ်ကျ ခံနေသူများသည် သက်ဆိုင်ရာ တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ဖြင့် ယာယီရွှေ့ဆိုင်းနိုင်သည်ဟု ဖော်ပြထားသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် အဖွဲ့အင်အားကို ထိခိုက်လာနိုင်သည်ဟု အင်အား ၁ သောင်းခန့်ရှိမည် ခန့်မှန်းထားသော ကချင်လွတ်လပ်ရေးအဖွဲ့ အရာရှိများက စိုးရိမ်နေကြသည်။
စစ်အစိုးရနှင့် ဆက်ဆံရေး ယိုယွင်းသွားသော ကေအိုင်အို၏ လက်နက်ကိုင်တပ်တွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အကြား စစ်သည်အင်အားက ၉၀ ရာခိုင်နှုန်းရှိနိုင်သည်ဟု ကချင်အရာရှိတဦးက ပြောသည်။
စစ်မှုထမ်း ဥပဒေသစ်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်ရန် အင်အားတိုးချဲ့ခြင်းသာ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး(KNU)မှ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက ပြောသည်။
“ပြဿနာတွေ အများကြီးဖြစ်လာနိုင်တာပေါ့။ စစ်အာဏာရှင် တည်မြဲဖို့အတွက် တိုင်းရင်းသားတွေကို သတ်ဖြတ်ဖို့အတွက် ထုတ်တယ်လို့ မြင်တယ်။ … အတင်းအဓမ္မ စစ်သားစုဆောင်းရေးတွေ ဖြစ်လာနိုင်မယ်”ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။
စစ်ဆင်ရေးကာလများတွင် ပေါ်တာဆွဲခွင့်ကို တရားဝင်ဖြစ်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု မြန်မာ့အရေး လေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းက သုံးသပ်သည်။
“ဒီဥပဒေက တတိုင်းပြည်လုံးနဲ့ ဆိုင်တယ်လို့ ရေးမထားဘူး။ သူက တိုင်း၊ ပြည်နယ်၊ ခရိုင် ဒါမှ မဟုတ်ရင် အောက်မှာ မြို့နယ်အလိုက် အရေးပေါ်အခြေအနေပေါ် မူတည်ပြီးတော့ ဒီဥပဒေကို ပြဋ္ဌာန်းနိုင်တယ်။ အကယ်၍ မြန်မာပြည်ကြီးမှာ အေးချမ်းနေတယ်၊ ဥပမာ ကရင်ပြည်နယ်မှာ စစ်ဖြစ်တယ်ဆိုရင် ကရင်ပြည်နယ် တခုထဲ လုပ်လိုက်လို့ ရတယ်။ ရှင်းအောင်ပြောရရင် ပေါ်တာကို တရားဝင် ဆွဲလို့ရအောင် လုပ်လိုက်တာပဲ”ဟု ဦးဘိုဘိုကျော်ငြိမ်းက ပြောသည်။
ရဲအရေးပိုင်ခွင့်ရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းရန်ရှိသော်လည်း ပျက်ကွက်သူကို ထောင်ဒဏ် ၃ နှစ်ထိ အပြစ်ပေးခွင့်နှင့် ဟန်ဆောင်ကာ တိမ်းရှောင်လွှဲဖယ်လျှင် ထောင်ဒဏ် ၅ နှစ်ထိ အပြစ်ပေးရန် သတ်မှတ်ထားသည်။
ထို့ပြင် ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများကို အရေးပေါ် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်နိုင်သည်ဟုလည်း ဆိုထားသည်။
တခြားနိုင်ငံများ၏ ရန်ပြုလာမှုပေါ်မူတည်၍ ထုတ်ပြန်ရမည်ဖြစ်ပြီး လက်ရှိ မြန်မာပြည် အခြေအနေအရ ပြည်ပရန်လည်းမရှိသဖြင့် တိုင်းပြည်အတွက် စည်းလုံးညီညွတ်မှုရယူပြီးမှ အဆိုပါ ဥပဒေများကို ထုတ်ပြန်ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
“တိုင်းပြည်မှာ တကယ်လုပ်သင့်တာက စည်းလုံးညီညွတ်မှုရအောင် ယုံကြည်မှုရအောင် လုပ်ကိုင်ပေးနိုင်တဲ့ အခြေအနေကျရင် ဒီကစ္စဆွေးနွေးသင့်တယ်။ လုပ်ကိုင်သင့်တယ်ဗျာ၊ ခုတော့ ပြည်ပရန်ဖြစ်လာဖို့ မရှိဘဲနဲ့ လုပ်နေတာက အင်မတန် စဉ်းစားစရာကောင်းတဲ့ အချက်ပါဘဲ”ဟု သူက မဇ္စိ္ဈမကို ပြောသည်။
သို့သော် လေ့လာသူများက ကောင်းကျိုးအားဖြင့် စစ်ပညာတတ်မြောက်သူ များလာနိုင်သည်ဟု ပြောသည်။
အစိုးရသစ် မပေါ်ပေါက်မီ ပြဋ္ဌာန်းလိုက်ခြင်းက စစ်အစိုးရ မလိမ့်တပတ်လုပ်ခြင်းဟု မြန်မာ့အရေးလေ့လာသူ ဦးဌေးအောင်က ပြောသည်။
“စစ်အစိုးရက မလိမ့်တပတ် လုပ်ထားတာမျိုး တွေ့တယ်လေ။ မဆလခေတ်တုန်းက အခြေခံ ဥပဒေ ရေးဆွဲပြီးရင် လူထုကို ၃ ကြိမ် ချပြရတယ်။ လူထုကနေ အမျိုးသား ညီလာခံထဲမှာ ဆွေးနွေးရမယ်။ …သူ့အတွက် လျှို့ဝှက်ပြီး ကလိမ်ကကျစ်လုပ်မယ့် အကြောင်းအရာ တခုခုတော့ ရှိနေလိမ့်မယ်ထင်တယ်”ဟု ဦးဌေးအောင်က ပြောသည်။
စစ်အစိုးရက  အရန်တပ်ဖွဲ့ဲ့ဥပဒေ ကိုလည်း နိုဝင်ဘာလ ၄ ရက်က ထုတ်ပြန်ထားသည်။ စစ်မှုထမ်းတဦး စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့် ရရှိသည့်နေ့ရက်မှစ၍ ၅  နှစ်ထိ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းရမည် ဖြစ်သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုထားသော တိုင်းရင်းသားအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်အောက်သို့ ထည့်သွင်းမည့် နယ်ခြားစောင့်တပ်ပြောင်းရေး အစီအစဉ် မအောင်မြင်ဖြစ်နေ၍ စစ်အစိုးရနှင့် ယခင်အပစ်ရပ် တိုင်းရင်းသားအဖွဲ့များအကြား ဆက်ဆံရေး ယိုယွင်းနေဆဲ ဖြစ်သည်။
0 ပကာသန မဖက်ဘဲ သဘာဝအတိုင်းသွားချင်သူ ကိုဝဏ္ဏ
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စရပ်များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ သုဿန်များသို့ ရုပ်အလောင်းများ သယ်ဆောင်မှုများပြုလုပ်ပေးရာတွင် အသက် (၈၀) နှစ် အထက် ဘ၀ပြောင်းသွားသော လူတို့အား ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသော နိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် သယ်ယူပို့ဆောင်ပေးလျှက် ရှိပါသည်။ အသက် (၈၀) နှစ်အောက် ဘ၀ပြောင်းသွားသော လူတို့အား ISUZU, TOYOTA (Hilux) စသည့် နိဗ္ဗာန်မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင် ကူညီဖေးမလျှက် ရှိသည့်အပြင် ဘ၀နတ်ထံပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်ကြီးများအား ဂျပန်နိုင်ငံ တွင် အသုံးပြုသော LINCON နိဗ္ဗာန်မော်တော်ယာဉ်ဖြင့် ကူညီဖေးမ ကုသိုလ်ယူလျှက် ရှိသည်။ အထူးအားဖြင့် နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်ကြီးများ၊ ပြည်သူ့အကျိုးပြု အနုပညာရှင်များ ဘ၀ပြောင်းသွား သောအခါ ချွင်းချက်အနေဖြင့် အထူးနိဗ္ဗာန်မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင် သဂြိုလ်ပေးခြင်း၊ အအေးခန်းသို့ ပို့ဆောင်ပေးခြင်းများကို ပြုလုပ်ပေးဆပ်လျှက်ရှိသည်။
ယနေ့ နံနက် (၆း၃၀) နာရီတွင် ဒါရိုက်တာ၊ စာရေးဆရာ ကိုဝဏ္ဏ တစ်ယောက် ကွယ်လွန် သွားပြီဟူသော သတင်းကို ကိုဝဏ္ဏ၏ တူဖြစ်သူ ဖိုးသောကြာမှ သတင်းပေးပို့သည့်အတွက် လိုအပ်သော စာရွက်စာတမ်းများကို လျင်မြန်စွာရရှိရန် ပြောကြားပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) မှ နိုင်ငံ့ဂုဏ်ဆောင် ပြည်သူ့အကျိုးသယ်ပိုးပေးခဲ့သော (သဘာဝအုပ်စု) ၏ စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏ အသက် (၆၅) နှစ် ရုပ်အလောင်းအား ရေဝေးသုဿန်အအေးခန်းသို့ သယ်ဆောင်ရန်အတွက် အထူးနိဗ္ဗာန်မော်တော်ယာဉ်အား အဆင်သင့်ဖြစ်ရန် မှာကြားခဲ့သည်။ နံနက် (၁၀း၀၀) နာရီခန့်တွင် မီးသဂြိုလ်ခွင့်၊ အအေးခန်းထားရှိခွင့် သချိုင်းလက်မှတ်အား ရရှိပြီဟု ပြန်လည်အကြောင်းကြားသည့် အတွက် ကျွန်တော် ကျော်သူနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဇင်ထွန်းအောင်နှင့် ကျော်ဟိန်း တို့နှင့်အတူ အထူးနိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ သာဓုခြံ နေအိမ်မှ သွားရောက် သယ်ဆောင်ခဲ့ကြသည်။ သယ်ဆောင်ခဲ့ရာ လမ်းတစ်လျှောက် ကျွန်တော်မှ ကိုဝဏ္ဏနှင့် တွေ့ဆုံခဲ့ပုံများ၊ ကိုဝဏ္ဏမှ ကျွန်တော့်အား ရုပ်ရှင်လောကထဲသို့ ပထမဦးဆုံး ပို့ဆောင်ရန် ကြိုးစားခဲ့ပုံများ၊ ကိုဝဏ္ဏ၏ ရိုက်ကွင်းများသို့ ကျွန်တော်ကိုယ်တိုင် ရုပ်ငြိမ်ဓါတ်ပုံရိုက်ရန် အကြောင်းပြပြီး ကျောင်းပိတ်ရက်များ တွင် ရှမ်းပြည်ဘက်သို့ လိုက်သွားပုံများ (ဖြတ်လျှောက်အခန်းများနှင့် ဇာတ်ပို့ခန်းများ) တွင် ကျွန်တော့် ၏ မိဘများမသိအောင် ၀င်ရောက်ရိုက်ကူးခဲ့ပုံများ၊ “ပန်းတွေနဲ့ဝေ” ရုပ်ရှင်ဇာတ်ကားကြီးအား ဗီဒီယို အဖြစ် ပြန်လည်၍ အသက်သွင်းရိုက်ကူးခဲ့ရာတွင် ဒါရိုက်တာ ကိုဝဏ္ဏ က ကျွန်တော့်အား အဓိက ဇာတ်ကောင်အဖြစ် အသုံးပြုခဲ့ပုံများ စသည့် လွမ်းမောဖွယ်ရာဖြစ်ရပ်များကို ပြောကြားခဲ့သည်။
ရေဝေးသုဿန်သို့ ရောက်လုနီးနီး မြောက်ဥက္ကလာပ၊ ကန်သာယာလမ်းဆုံတွင် လူနေအိမ် များ၊ ဈေးဆိုင်တန်းများ အရှေ့တွင် အထူးနိဗ္ဗာန်မော်တော်ယာဉ် နောက်ဘီး ဟက်တက်ကွဲ သွား တော့သည်။ (ယင်းကဲ့သို့ ကျွန်တော် တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များတွင် ရုပ်အလောင်း သယ်ဆောင် ရာ၌ နိဗ္ဗာန်မော်တော်ယာဉ် လမ်းခုလတ်တွင် စက်ချို့ယွင်းခြင်းကြောင့် ရပ်နားသွားရသည့် အခါများ တွင် “ဟေ့ … မနောက်နဲ့ကွာ။ ခင်ဗျားတို့အတွက် အဆင်ပြေအောင် လုပ်ပေးနေတာ ကူညီကြပါကွာ” ဟု ပြောဆိုလိုက်ပါက တနည်းမဟုတ် တနည်း စက်ပြန်လည် ကောင်းမွန်သွားပြီး သက်ဆိုင်ရာ သုဿန်သို့ ရောက်ရှိပို့ဆောင် ပေးနိုင်ခဲ့သည်။) ယခု ကိုဝဏ္ဏ၏ နောက်ဆုံးခရီး လမ်းကြောင်းတွင် “ကိုဝဏ္ဏရေ … မနောက်ပါနဲ့ဗျာ” ဟု ပြောဆို၍ မရနိုင် တော့ချေ။ ပေါက်ကွဲသွားသော နိဗ္ဗာန် မော်တော်ယာဉ် ဘီးမှာလည်း ပြန်လည်၍ အလိုလို ကောင်းမွန် လာမည်မဟုတ်။ ထို့ကြောင့် အသင်းရုံးချုပ်သို့ ဆက်သွယ်ပြီး နိဗ္ဗာန်မော်တော်ယာဉ် (အသက် ၈၀ နှစ် အောက် အသုံးပြုသော နိဗ္ဗာန်ယာဉ်) အား အမြန်ဆုံး လာရောက်ရန် ခေါ်ယူခဲ့သည်။ မြောက်ဥက္ကလာမြို့နယ်၊ ကန်သာယာ ရပ်ကွက်မှ မိဘပြည်သူများ၊ TAXI အငှားယာဉ်မောင်း ဆရာများကလည်း ၀ိုင်းဝန်း၍ အကူအညီများ ပေးကြသည်။ ဤသည်မှာ မြန်မာလူမျိုးတို့၏ အယူသီးမှုကို တိုက်ဖျက်ကြသည့် ချစ်စရာဓလေ့ တစ်ခုပင် ဖြစ်သည်။
အချိန်အနည်းငယ်အတွင်း ရောက်ရှိလာသော နိဗ္ဗာန်မော်တော်ယာဉ်ပေါ်သို့ ကိုဝဏ္ဏ၏ ရုပ်အလောင်းအား ၀ိုင်းဝန်းပြီး အထူးနိဗ္ဗာန်မော်တော်ယာဉ်ပေါ်မှ ပြောင်းရွှေ့သယ်ဆောင်ခဲ့ကြသည်။ ရောက်ရှိလာသော အသက် (၈၀) နှစ်အောက် သယ်ဆောင်သော နိဗ္ဗာန်မော်တော်ယာဉ်ဖြင့် ရေဝေး သုဿန်အအေးခန်းသို့ ပို့ဆောင်ပေးနိုင်ခဲ့တော့သည်။ ကျွန်တော်၏ အတွေးထဲတွင် စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏသည် ဖခင်ဖြစ်သူ ဦးသာဓု ထူထောင်ခဲ့သော သဘာဝအုပ်စု၏ အစ်ကိုအကြီးဆုံး ဖြစ်သည်နှင့်အညီ အများနည်းတူ သဘာဝကျကျ နောက်ဆုံးခရီးကို သွားချင်ခဲ့သူ တစ်ဦးများ ဖြစ်လေ ပြီလား ဟု . . . . ။
လေးစားဦးညွှတ်လျှက်
ညီငယ် - မောင်မောင် (ခ) ကျော်သူ
စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏ အသက် (၆၅) နှစ်၏ ဈာပနအခမ်းအနားအား ၁၃.၁.၂၀၁၁ (ကြာသပတေး) နေ့ နေ့လည် (၃း၀၀) နာရီ အချိန်တွင် ရေဝေသုဿန်၌ မီးသဂြိုလ်ခြင်း အခမ်းအနား ကျင်းပမည် ဖြစ်ပါသည်။
ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။
မောင်ဝဏ္ဏ (၁၉၄၇-၂၀၁၁)
ကိုယ်ရေးဖြစ်စဉ်
 စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ မောင်ဝဏ္ဏသည် စိန်ပေါ အထက်တန်းကျောင်း (ယခု အ.ထ.က(၆)ဗိုလ်တထောင်)တွင် သူငယ်တန်းမှ အထက်တန်း အထိ ပညာ သင်ကြားခဲ့သည်။ ထို့အပြင် စည်သူပညာ ရိပ်သာ၊ ရန်ကင်း အထက တို့တွင်လည်း ပညာ သင်ကြား ခဲ့ပါသည်။ ထို့နောက် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ (ဒဿနိက ဗေဒ) အဓိက ဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိသည်။
မောင်ဝဏ္ဏသည် မောင်စိန်သောင်း မနှင်းရည် ဝတ္ထုတိုများ (၁၉၈ဝ)၊ ပန်းတွေနဲ့ဝေ (၁၉၇၆)၊ ချစ်တဲ့ သူငယ်လေ (၁၉၇၇)၊ အိပ်မက်စိမ်း၊ အရွယ်လွန်၊ ချစ်စ ခင်စ မှော်ရုံမှာလေ အစ ရှိသည့် လုံးချင်း ဝတ္ထုပေါင်း ၂ဝ အုပ်ခန့် ရေးသား ခဲ့သည်။
၁၉၇၁ ခုနှစ်တွင် `ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း´ရုပ်ရှင်ကားဖြင့် ရုပ်ရှင် လောကသို့ ဒါရိုက်တာ အဖြစ် ရောက်ရှိခဲ့ပြီး ထိုဇာတ်ကား ဖြင့်ပင် ဒါရိုက်တာ အကယ်ဒမီဆု ရရှိခဲ့သည်။ ထို့နောက် ဇာခန်းဆီး နောက်ကွယ်မှာ (၁၉၇၂)၊ ခြေဖဝါးတော်နုနု (၁၉၇၃)၊ နှောင်းတမြေ့မြေ့ (၁၉၇၃)၊ ပန်းတွေနဲ့ဝေ၊ ချစ်တဲ့သူငယ်လေ (၁၉၇၆)၊ ခုနစ်စဉ်အလွမ်း၊ ရယ်စရာ မောစရာ၊ ရင်ထဲက ဆောင်းရာသီ (၁၉၉၉) ဇာတ်ကားများကို ရိုက်ကူး ခဲ့သည်။
ဒါရိုက်တာ စာရေးဆရာ မောင်ဝဏ္ဏသည် `ခုနစ်စဉ် အလွမ်း´ ဇာတ်ကားဖြင့် ဒုတိယ အကြိမ် အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့သည်။ ရင်ထဲက ဆောင်းရာသီ (၁၉၉၉) ဇာတ်ကား သည်လည်း ရုပ်ရှင် သရုပ်ဆောင် လွင်မိုးကို အကယ်ဒမီ ရသည် အထိ အောင်မြင် စေခဲ့သည်။
မောင်ဝဏ္ဏသည် ၁၉၇၆ ခုနှစ်တွင် ဒေါ်ချိုချိုရီနှင့် အိမ်ထောင်ပြုပြီး သားသမီး သုံးဦး ထွန်းကားခဲ့သည်။
မောင်ဝဏ္ဏ ရေးသား ပြုစုခဲ့သော စာအုပ်များ
  1. ကျေနပ်ဖို့အကြောင်း တောင်းပန်ချင်သည် - ၁၉၈ဝ ပြည့်နှစ်
  2. ချစ်စခင်စ မှော်ရုံမှာလေ
  3. ချစ်တဲ့သူငယ်လေ - ၁၉၇၇ ခုနှစ်
  4. တက္ကသိုလ် လွမ်းချင်း - ၁၉၈ဝ ပြည့်နှစ်
  5. ပန်းတွေနဲ့ဝေ - ၁၉၇၆ ခုနှစ်
  6. မောင် - ၁၉၈၁ ခုနှစ်
  7. မောင်စိန်သောင်း မနှင်းရည် - ၁၉၈ဝ ပြည့်နှစ်
  8. မောင့်အပြင် မောင်ညီကိုတွေမေ့ အလွမ်းပြေ -
  9. ရည်းစားစကား - ၁၉၈၄ ခုနှစ်
  10. အရွယ်လွန် - ၁၉၈၁ ခုနှစ်
  11. အိပ်မက်စိမ်း - ၁၉၇၄ ခုနှစ်
  12. ရင်တွေခုန်နေသည်
  13. သာဓုအင်ဆန်း(စုပေါင်း)
  14. မင်းကိုကိုယ်ချစ်တယ်
ဘဝနိဂုံး 
စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏ (၆၄ နှစ်) သည် ၂၀၁၁-ခုနှစ်၊ ဇန်နဝါရီ ၁၁-ရက်နေ့ မနက် ၄ နာရီ ၂၀ ခန့်မှာ ကွယ်လွန်သွားခဲ့သည်။ မောင်ဝဏ္ဏသည် ကင်ဆာဝေဒနာကို တနှစ်နီးပါး ခံစားခဲ့ရပြီး ကွယ်လွန်သွားခြင်း ဖြစ်သည်။
ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ချိုချိုရည်နှင့် သားသမီးများဖြစ်ကြသော စာရေးဆရာမ ဝါနု၊ သရုပ်ဆောင် ပြည်ဇင်၊ ဥက္ကာ သားသမီး ၃ ဦးနှင့် မြေးမလေးတဦး ကျန်ရစ်ခဲ့သည်။
သာဓု သဘာဝအုပ်စုထဲတွင် ညီဖြစ်သူ စာရေး ဆရာ မင်းလူနှင့် ဒါရိုက်တာ အာယု တို့သာ ကျန်ရှိတော့သည်။(wiki myanmar)
Monday, January 10, 2011
0 စစ်အာဏာရူးလက်ထက်မှာ ရှင်သန်နေတဲ့ တောင်ငူမြို့ရဲ့ မိုးကျရွှေကိုယ် ခင်မောင်အေး နဲ့တောင်ငူနှစ် ၅၀၀ ပြည့်အလွဲများ
ဗိုလ်ချူပ်ကတော်တွေရဲ့ ရှယ်ယာတွေကို နံမည်ခံပြီး လုပ်ကိုင်ပေးနေတဲ့(CB bank) သမ၀ါယမဘဏ် လီမိတက် ဥက္ကဌ ဦးခင်မောင်အေး
တောင်ငူမြို့ရဲ့အထင်ကရ နေရာ တော်တော်များ ခင်မောင်အေး ဆိုတဲ့ကောင်မျက်စိကျရင်အကုန် ဖြစ်တယ်.တိုင်းမှူးလောက်နဲ့တော့ တက်မလာနဲ့ပေါ့.သူရဲ့နောက်မှာက အာဏာရူးကြီးသန်းရွှေကတော်မကြိုင်တို့ဝန်ကြီး ဗိုလ်ချူပ် ကတော်တွေရဲ့ ရှယ်ယာတွေက ဒီကောင်ကိုစိတ်ကြိုက်လုပ်ပိုင်ခွင့်ပေးထားတော့ မိုးကျရွှေကိုခင်မောင်အေး အတွက်တော့အေးဆေးပေါ့ .ဒါပေမဲ့ ဒီကောင်နဲ့ပတ်သက်လို့အများစုခံလိုက်ရတာက ပြည်သူတွေပဲပေါ့ဗျာ.သူငယ်ချင်းတစ်ယောက်ရဲ့စကားတစ်ခုရှိတယ် ခင်မောင်အေးဆိုတဲ့ကောင်ကသူရဲ့ကားနောက်မှာ ပိုက်ဆံလုပ်တဲ့စက်များပါလာလားမသိဘူးတဲ့.ထင်လဲထင်လောက်ပါတယ်.
ပြီးတော့ တောင်ငူမြို့ရဲ့နှစ်၅၀၀ပြည့်ပွဲတော်ကြီးနော်..မန္တလေးမှာတောင်နှစ်၁၅၀ပြည့်ပဲ ရှိသေးတာ၊နှစ်ပေါင်း ၃၅၀တောင်ကွာတယ်ဗျာ... .
ဒီသမိုင်းတွေကိုမလေ့လာပဲကျင်းပသွားတာ.ဆင်ပိန်လေး၃ကောင်၊မြင်းပုကအကောင်၃၀လောက်နဲ့လူတွေကအရပ်သားတွေကိုနေ့စားပေးပြီး၊ကျန်တဲ့သူတွေကကျောင်းသားကျောင်းသူတွေနဲ့ပညာရေးကောလိပ်ကဆရာမပေါက်စလေးတွေနဲ့ကျင်းပသွားတာပါ.။ရယ်စရာအတော်ကောင်းပါတယ်ဗျာ။ဘုရင်နဲ့မိဖုရားကိုဝေါယာဉ်ပေါ် တင်ထားတယ်လေ၊ ရဲမက်၈ယောက်ထမ်းရတာ ထမ်းရတဲ့ရဲမက်တွေကအောက်ကလျှာတွေထွက်လို့ပေါ့.။ ၀န်ထမ်းတွေကတော့သိတဲ့အတိုင်းပဲ ဒီလိုပွဲမျိုးမတက်လို့မရဘူးလေ၊စိတ်မပါလဲတက်ရတာပဲကို။ ရဲမက်တွေ ကိုင်တဲ့လက်နက်ကိုဗျာ .ကဒ်ထူစက္ကူ တွေကိုဆေးသုတ်ပြီး ဒိုင်းပုံစံလုပ်ပေးထားတယ် လှံကျတော့လည်း ၀ါးလုးံကို ဆေးနီသုတ်ပေးထားတယ်လေ ..
 တောင်ငူမြို့ရဲ့နှစ်၅၀၀ပြည့်ပွဲတော်မှမြင်ကွင်းတခု Photo.(taungoo City facebook)
နူတ်ခမ်းမွှေးကိုလဲလိုင်နာအမဲတွေနဲ့ချယ်ထားတာ စဉ်းစားတာကြည့်ပေတော့ ချွေးတွေကထွက်တော့ ပျက်တဲ့ဟာကပျက်ပေါ့.....
တောင်ငူမြို့ရဲ့နှစ်၅၀၀ပြည့်အလွဲတွေများ.တကယ်ဆိုဖြစ်ရမှာက နှစ်၅၀၀ပြည့်မှာ ကိုယ့်ရှင်ဘုရင်တွေ အုပ်ချုပ်သွားတဲ့ခေတ်ကို လွမ်းဆွတ်တမ်းတပြီးအောင်မေ့သတိရရမှာလေ .အခုဟာကရယ်စရာဖြစ်နေတယ်လေ .ကေတုမတီမှာအုပ်စိုးသွားတဲ့ရှင်ဘုရင်တွေသာ ရှင်သန်ထမြောက်လားရင် မင်းလားကွ ခင်မောင်အေးဆိုပြီး ပါးရိုက်ခံရမှာသေချာတယ် ....
.မန္တလေးမှာကျင်းပသွားတဲ့နှစ်၁၅၀ပြည့်နဲ့တောင်ငူမှာခင်မောင်အေးကျင်းပတဲ့နှစ်၅၀၀ပြည့်ပွဲလေးကတော့ပြောလို့မဆုံးတော့ဘူးဗျာ။
မြို့တစ်မြို့ရဲ့သမိုင်းဆိုတာ ရမ်းပြီးလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေ မန္တလေးနှစ်၁၅၀ ဆိုတာက မျိုးဆက် သိပ်မခြားသေးဘူး ..တောင်ငူနှစ်၅၀၀ပြည့်ဆိုတာက မျိုးဆက် ၅ဆက်လောက်ခြားသွားပြီး မှီတဲ့သူမရှိတော့ဘူး။ တကယ်ဆို ရင် တောင်ငူမြို့ရဲ့မြို့ခံစာပေပညာရှင်တွေ မေးမြန်းတိုင်ပင်ရမယ်.. ပြီးတော့သမိုင်းပညာရှင်တွေဆီကအချက်အလက်အထောက်အထားတွေအကြံဥာဏ်တွေမေးမြန်းတောင်းဆိုရမယ်။ အခုဟာကတောင်ငူတက္ကသိုလ်ကသမိုင်းဆရာတွေနဲ့သူနဲ့ပနာကျတဲ့စာရေးဆရာတွေနဲ့တိုင်ပင်ပြီးလုပ်သွားတာ။ အဲ့ဒီသူတွေကတောင်ငူသမိုင်းကို ဃဃဏဏသိသိတာလဲ မဟုတ်တောင်ငူသားမဟုတ်တော့ ပိုဆိုးသွားတာပေါ့ဗျာ ။
ဒီလိုနဲ့ဘုရင်မိဖုရားကအခြွေအရံတွေနဲ့မြို့ထဲကိုလှည့်လည်တယ့်ပေါ့..အဲ့ဒီသူတွေရဲ့နောက်မှာကခင်မောင်အေးနဲ့တိုင်းမှူးက ကားပေါ်မှာအတူတူပေါ့ လမ်းတွေကပိတ်ထားတယ်လေ မမြင်ချင်လဲမြင်နေရတာပါ။ တောင်ငူမြို့ရဲ့အနောက်ဘက်မှာ စစ်အုပ်စုမိန်းမတွေရဲ့ ရှယ်ယာတွေနဲ့ဆောက်လုပ်ဖွင့် လှစ်ထားတဲ့ တော်ဝင်ကေတုမတီဟိုတယ်ရှိတယ်.. စစ်အာဏာရှင်တွေပျော်ရွှင်စံမြံရာနေရာလေးဖြစ်နေတာပေါ့ .။အိမ်တွေခြံမြေတွေ ဘုန်းကြီးကျောင်းတွေ ဒီကောင့်ဟိုတယ်နားနီးရင်မျက်ခုံခက်လှုပ်လှုပ်ပဲ ဆွဲသိမ်းပြစ်တာပဲ ...။ တစ်လောကဖြစ်သွားတဲ့အဖြစ်လေးပါ..အိမ်တွေဆောက်ထားတဲ့မျက်နှာစာဘက်ကလှမ်းမဖေါက်ပဲအိမ်နောက်ဖေးမှာလမ်းသွားဖေါက်တာလေ.။ အဲ့ဒီလမ်းထဲနေတဲ့အိမ်ပိုင်ခြံပိုင်တွေဒုက္ခရောက်တာတော့တာပဲဗျာ ။ဘာလို့လဲဆိုတော အိမ်နောက်က အိမ်သာတွေကိုအိမ်ရှေ့ကိုရွှေ့ခိုင်းတယ်လေ ပြည်သူကတော့ဘယ်တတ်နိုင်မလဲဗျာ ။
တောင်ငူမြို့ရဲ့အထင်ကရနေရာများဖြစ်တဲ့လေးကျွန်းကန်တော်ကြီကိုလည်းဝယ်လိုက်ပြီလို့သတင်းတွေထွက်နေတယ်။ မြို့လည်မှာလည်းဒီကောင်လက်လွတ်တယ်ဆိုတဲ့နေရာသိပ်မရှိတော့ဘူး..မြို့တစ်မြို့မှာတိုးတက်တယ်ဆိုတာလက်ခံလို့ရပါတယ်.ဒါပေမယ့်စစ်အာဏာရူးတွေရဲငွေတွေကဘယ်သူငွေတွေလည်းပြည်သူ့ငွေတွေပေါ့။အဲပြည်သူငွေကိုကိုင်ပြီှး စစ်ဗိုလ်ချူပ်တွေရဲ့ကတော်တွေက ဒီကောင့်ကိုအမည်ခံခိုင်းပြီးလုပ်ကွက်တွေကိုချပေးနေတာပေါ့။ CB bank ကိုလည်းဒီကောင်ဘဲအမည်ခံထားတာပါ။
တောင်ငူမြို့ကသူ့အမည်ခံဟိုတယ်ကိုတခေါက်လာရင်ရန်ကုန်ကမင်းသမီး(၂)ယောက်လောက်ကမြဲပါလာတက်တယ်..တောင်ငူမြို့ရဲ့ရွှေဆံတော်ဘုရားကြီးဆေးရုံဘူတာ..အဲ့ ဒီနေရာမျိုးမှာမီးပျက်တယ်..ဒီကောင် ဟိုတယ်မှာမီးမပျက်ဖူး..အာဏာရူးလက်ထက်မှာကိုယ်အရှိန်ဝါတဖိတ်ဖိတ်တောက်နေတဲ့ ကောင် ဆိုတော့ လည်းဒီလို ပေါ့ဗျာ..စစ်အာဏာရှင်လက်ထက်မှာလက်ညိုးညွှန်ရာရေ ဖြစ်တယ်ဆိုတဲသူတွေထဲမှာဒီကောင်လည်း ရှေ့ဆုံးကပါတယ်..တနေ့ နေ့တချိန်ချိန်မှာတော့ တောင် ငူမြို့သူမြို့သားတွေရဲ့ရာဇ၀င်တင်ခဲတဲ့ အကြွေးတွေကို ပြန်တောင်းရအုံးမှာပေါ့
အောင်မောင်း8888(ပြည်တွင်း)
0 DKBA ဖလူးဒေသ အတွင်း တိုက်ပွဲ အခြေအနေ (video - နေ့သစ်မီဒီယာ)
Videoကြည့်ရန်အပေါ်မှပုံကိုနှိပ်ပါ။
0 ကဲ... ဘာဆက်လုပ်မလဲံ့ -
ရေးသူ-ဗမာ့သွေး
တရားမျှတမှု မရှိတဲ့ အခြေခံဥပဒေ ကို လက်မခံပါနဲ့ လို့ ပြည်သူလူထု အကျိုးစီးပွား ပျက်စီးမှာကို မလိုလားတဲ့ ပညာရှင်များက အမျိုးမျိုးနားချခဲ့တာ အားလုံး သိပြီးသားပါ ။ ရွေးကောက်ပွဲ ဆိုတဲ့ ရုပ်လုံးလေးမှာ ဒီမိုကရေစီဆိုတဲ့ အသံလေးပါလာတာနဲ့ ဒီလမ်းက ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ်တာပါလို့ထအော် ၊ ပြည်သူလူထုကို ဒီတရားမျှတမှု မရှိတဲ့ အခြေခံ ဥပဒေကြီးကို လက်ခံလာအောင် အမျိုးမျိုးဆွဲဆောင် ၊ ပြည်သူလူထု အခွင့်အရေးပါဆိုပြီး အတင်းမဲပေးဖို့ စည်းရုံး ... ကဲ နောက်ဆုံး ရလဒ်ကဘာလည်း ။ မတရားမှုကို မြတ်နိုးခုံမင်တဲ့ စိတ်ဓါတ်အခံ ရှိသူတွေဟာ တရားမျှတမှု ဆိုတဲ့ စကားကို ရန်သူလို သဘောထားတယ် ဆိုတာ သိသိကြီးနဲ့ ရသလောက်လေး ၀င်တိုးပါရစေ ဆိုပြီး နိုင်ငံ့အရေးကို
ကလေးကစားသလို ကစား ၊ မရနိုင်တော့ တိတ်တိတ်လေး လှည့်ပြန်သွားတတ်ကြတဲ့ လူစားများက ပါတီထောင်ထားတာကို အထင်ကြီး လေးစားတတ်ကြတဲ့ ပြည်သူလူထုကို အပြစ်တင် ပြောဆိုနေရင်လည်း အကြောင်းထူးလားမှ မဟုတ်ပါဘူး ။ ရှေ့ကို ဘာဆက်လုပ်သင့်သလည်း ဆိုတာကို ဘဲ သေချာစွာ ပူးပေါင်း စဉ်စားပြီး အဖြေရှာကြည့်စေချင်ပါတယ် ။
ရွေးကောက်ပွဲ ကျင်းပပြီးလို့ ရက်ပေါင်း ကိုးဆယ်ကျော် အကြာမှာ ပထမအကြိမ် လွှတ်တော် ခေါ်ယူပြီးမှ အတည်ပြု ဆုံးဖြတ်ရမယ့် ကိစ္စတွေကို အခုကတည်းက သူတို့ကိုယ်တိုင် ဖောက်ဖျက်ပြီး လုပ်ချင်တိုင်း လုပ်နေတာကို ပြည်သူလူထု ကောင်းစားရေးပါလို့ ထထအော်နေကြတဲ့ ရွေးကောက်ပွဲဝင် ပါတီများက ကန့်ကွက် ပြောဆိုနေတဲ့ အသံများ ခင်ဗျာတို့ ကြားဖူးကြပြီလား ။ ပထမ အကြိမ် အလံလဲလိုက်တဲ့ကိစ္စ ၊ ဒုတိယ အကြိမ် အခွန် အသစ် ကောက်ခံမယ့်ကိစ္စ အခုလည်း လာပြန်ပြီ အသက် ( ၁၈ နှစ် နှင့် ၄၅ နှစ် )ကြား အမျိုးသား များ နှင့် အသက် ( ၁၈နှစ် နှင့်၃၅နှစ် ) ကြား အမျိုးသမီးများ စစ်မှု မထမ်းမနေရ စနစ် တဲ့ ။ ဒီမိုကရေစီ စနစ် ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေမှာ အရွယ်ရောက်ပြီး အမျိုးသားတိုင်း စစ်မှု မထမ်းမနေရ စနစ် ကျင့်သုံးတာ မှန်ပါတယ် ။ ဒီလို စစ်မှု မထမ်းမနေရ စနစ်ကို တကယ် စနစ်ကျစွာ ကျင့်သုံးချင်တယ်ဆိုရင် နိုင်ငံတကာ မှာ နမူနာ ယူစရာ အများအပြားရှိပါလျှက် နှင့် ရူးကြောင်ကြောင် လုပ်ရပ်တွေကို ဥပဒေသဖွယ် ပြဌာန်းလာတာ ဘယ်လို အနေအထားမျိုးနဲ့မှ လက်မခံကြပါနဲ့လို့ ပြည်သူလူထု ကို ရှေးဦးစွာ လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားလိုပါတယ် ။ ကောင်းကျိုးထက် ဆိုးကျိုးတွေ များတဲ့ အာဏာရှင်တို့ လုပ်ရပ်မှာ တရားမျှတတယ် ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို တခါတရံမျှတောင် ကြက်ကန်းဆန်အိုး တိုးပြီး သူတို့ လုပ်လိုက်လိုက်လို့ ပြည်သူလူထု အကျိုးရှိပါတယ်ဆိုတာ မတွေ့မြင်ခဲ့ရသေးတော့ ဒီကိစ္စကြီးကလည်း သားတကွဲ ၊ မယားတကွဲ ဖရိုဖရဲ့ ဖြင့်မိသားစု အသိုက်အမြုံတွေကို ပျက်စီးစေမယ့်ကိစ္စကြီးဟာ
တိုင်းပြည်ရဲ့ အနာဂတ်မှာ ဆိုးကျိုးတွေ သက်ရောက် စေနိုင်တယ်လို့ ထင်မြင် ယူဆမိပါတယ် ။
နိုင်ငံတကာမှ ကျင့်သုံးတဲ့ တနိုင်ငံလုံး စစ်မှု မထမ်းမနေရ စနစ် ကျင့်သုံးတဲ့ စနစ်မှာ ဘုရင့်သားသမီးတောင် ရှောင်လွှဲလို့မရဘူးနော် ။ မြန်မာနိုင်ငံမှာကော အဲဒီလို ကျင့်သုံးမယ်လို့ ခင်ဗျာတို့ တထစ်ချ ယုံကြည်ထားလား ။ စစ်မှုထမ်းရင် လက်နက်ကိုင်ရမယ် ၊ လက်နက်ကိုင်ရင် ပြန်တိုက်လို့ရမယ် လို့ ဖြေသိမ့်တဲ့အတွေးနဲ့ တွေးကြည့်ရင်လည်း တွေးလို့တော့ ရတာပေါ့ဗျာ ။ ဒါပေမယ့် သူတို့က ဘယ်လို လူမျိုးကို ရွေးချယ်ပြီး စစ်မှု ထမ်းခိုင်းမလည်း ၊ ဘယ်လို ပုံစံတွေနဲ့စစ်မှု ထမ်းခိုင်းမှာလည်း ဆိုတာ သူတို့တွေရဲ့ ယုတ်မာလှတဲ့ စိတ်ထား အပေါ်မှာ အခြေခံပြီး စဉ်စားစေလိုပါတယ် ။ ကျူးကျော်စစ်တွေ ချုပ်ငြိမ်းနေတဲ့ စစ်အေးကမ္ဘာ မှာ အာဏာကို တည်မြဲချင်တဲ့ စိတ်ဆန္ဒနဲ့ ကိုယ့်လူမျိုး အချင်းချင်း ရန်တိုက်ပေးပြီး သူတို့ကဘဲ ကာကွယ်ပေးသယောင် ဖန်တီးထားတဲ့ အာဏာရှင်တို့ စနစ်ဆိုးအောက် မှာ စစ်မှု ထမ်းခဲ့ရင် ဘယ်သူတွေနဲ့ တိုက်ရမှာလည်း ရှင်းလင်း ထင်ရှားနေပါတယ် ။ တရံတခါမှ ရိုးသားတဲ့ အလုပ်ကို လုပ်ဆောင်ခဲ့ခြင်း မရှိတဲ့ အာဏာရှင်တွေရဲ့ အယောင်ပြ ရွေးကောက်ပွဲမှာ စိတ်ဝမ်းကွဲခဲ့သလို အခုကိစ္စမှာ စိတ်ဝမ်းကွဲမှာ ဆိုးလို့ သတိကြီးစွာ ထားစေချင်ပါတယ် ။
နိုင်ငံရေး အလုပ်ဆိုတာ နိုင်ငံရေး လုပ်ရှားသူတွေနဲ့ ဘဲ သက်ဆိုင်တဲ့ ကိစ္စပါလို့ ထင်ထားကြပြီး ကြားနေ၀ါဒပါလို့ မျက်လုံး စုံမှိတ်ကြွေးကြော် နေတာ
တဖက်တလမ်းက အာဏာရှင် စနစ်ကို အထောက်အပံ့ပေးနေတာနဲ့ တူတူပါဘဲ ဆိုတော့ ငါတို့ ထမင်း မငတ်သေးပါဘူးလို့ ပြောနေကြသူများလည်း စစ်မှုထမ်းရမယ့် စာရင်းထဲမှာ ပါတယ်ဆိုတာလေးကို စဉ်စားပြီး ဒီစာလေးတော့ ဆုံးအောင် ဖတ်စေချင်တယ်ဗျာ ။ သူတို့တွေ သတ်မှတ်ထားတဲ့ အသက်အပိုင်း အခြားက တကယ့်ကို အရွယ်ကောင်းလေးတွေလေ... ။ ဒီလူတွေ အကုန် စစ်မှု ထမ်းရင် လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်တွေကို ဘယ်သူတွေက လာရောက် လုပ်ကိုင်ကြမှာလည်း ။ စစ်အေး ကာလမှ တိုင်းပြည် ဘဏ္ဍာငွေကို စစ်လက်နက် တပ်ဆင်ခြင်း နှင့် ကာကွယ်ရေး အသုံးစရိတ်တွေမှာ အသုံးချနေရတာ မလောက်လို့ အခု ပြည်သူလူထုထဲက တကယ့်အရွယ်ကောင်းတွေကို ရွေးထုတ်ပြီး တိုင်းပြည်ကို စတင် ဖျက်စီးတော့မယ်ဗျာ ။ တိုင်းပြည်တပြည်ရဲ့ အဓိက ၀င်ငွေဆိုတာ တိုင်းပြည် သယံဇာတ တွေ ထုတ်လုပ်ရောင်းချ တာလောက်ကိုသာ သိနားလည်ထားတဲ့ အာဏာရှင်တွေ ရဲ့ အသိဥာဏ်မှာ ပြည်သူလူထု အတွက်ပါလို့ စဉ်စားတတ်တဲ့ ဥာဏ် ပျောက်ဆုံးနေတာ နှစ်ပေါင်း များစွာ ကြာခဲ့ပါပြီ ။
တိုင်းပြည် အဖက်ဖက်က ဆုတ်ယုတ်လို့ ပြည်သူလူထု ဘ၀တွေ ငတ်မွတ်ခေါင်းပါးခြင်း ဆိုတဲ့ အကျိုးဆက်တွေ အပြင် ရာသီဥတုက နှိပ်စက်လို့ ဘဝ
ပေါင်းများစွာ ဒုက္ခရောက် ၊ အလုပ်အကိုင်တွေ မဖန်တီပေးနိုင်လို့ လူငယ်တွေ လမ်းမှားတွေပေါ်ကို ရောက်ပြီး အကျင့်စာရိတ္တ မဏ္ဍိုင် ယိမ်းယိုင်နေချိန်မှာ
တိုင်းပြည် အကျိုးစီးပွား ဖြစ်ထွန်းစေမယ့်  ကိစ္စတွေ မြောက်များစွာ ဆောင်ရွက်စရာ ရှိပါလျှက် နှင့် စိတ်ကူးပေါက်သမျှ ထလုပ်တတ်သည့် အာဏာရှင်တို့၏ ရူးကြောင်ကြောင် လုပ်ရပ်များကို ထောက်ခံလိုက်ကြလျှင် ကျွန်ူပ်တို့အား မိုက်မဲသော နိုင်ငံသားများ အဖြစ် နိုင်ငံတကာ လူအများကြားတွင် ဟား တိုက်စရာ ဖြစ်လာနိုင်သလို နောင်လာမည့်မျိုးဆက်တွေရဲ့ ကဲ့ရဲ့ သံတွေ ဆူညံသွားစေမှာ အမှန်ပါဘဲ ဆိုတာ ဒီနေ့တိုင်းပြည် အနေအထားက သက်သေပြနေပါတယ် ။
ဒီစနစ်ကြီး ရှင်သန်နေသမျှ ပြည်သူလူထုက ဒုက္ခရောက်မှာ ကို သိထားကြပေမယ့် လက်တွေ့ ဆန့်ကျင်ရေးမှာ အင်အား နည်းပါးနေတုန်းပါဘဲ ။
မတရားတာကို ခေါင်းငုံ့သီးခံပေးဖို့ ဘယ်ပညာရှင်မှ မမိန့်ကြားခဲ့ သလို ဘယ်လို ကျမ်းဂန်မှာ မှလည်း ပြဆိုခဲ့ ခြင်း မရှိပါဘူး ။ ဒါဆိုရင် ကျနော်တို့ ဆက်လက် ခေါင်းငုံ့ သီးခံနေကြအုံးမှာလား ၊ ဆန့်ကျင် တော်လှန်ကြမှာလား အမြန်ဆုံး စဉ်စား လက်တွေ့ကျကျ အကောင်အထည် ဖော် ဆောင်ရွက်သင့်နေပါပြီ ။ မိသားစု တစုမှာ အလုပ်လုပ်နိုင်သူ မှန်သမျှ လုပ်ကိုင်နေရတာတောင် ထမင်းနပ်မှန်ဖို့ ခက်ခဲစွာ ရုန်းကန်နေရတဲ့ ပြည်သူလူထု ရဲ့ ဘ၀ အနေအထားမှာ သူတို့ပေးတာယူ ၊ ကြွေးတာစား ၊ ကျွန်သဖွယ်သဘောထားဖို့ ပြဌာန်းလိုက်တဲ့ စစ်မှု မထမ်းမနေရ စနစ် ဆိုတာကြီးက သားတကွဲ ၊ မယားတကွဲ နဲ့ သာယာလှတဲ့ မိသားစု အသိုက်အမြုံတွေကို ဖျက်စီးတော့မယ် မိတ်ဆွေတို့ ။ တနိုင်ငံလုံးက ပြည်သူလူထု နဲ့တိုက်ရိုက် သက်ဆိုင်နေတဲ့ ကိစ္စကြီးမှာတော့ ဆက်လက် ခေါင်း ရှောင်နေကြအုံးမယ် ဆိုရင် တည်ငြိမ်နေတဲ့ ခင်ဗျာတို့ မိသားစု အသိုက်အမြုံလေးတွေကို စနစ်ဆိုးကြီးက ရက်စက်စွာ ဖြိုခွဲဖို့ အိမ်တခါးဝ မှာ ရောက်နေပြီလို့ စိတ်ထဲမှာ ထည့်ထားကြပါ လို့ လေးနက်စွာ သတိပေးလိုပါတယ် ။
လက်ရှိ တိုင်းပြည်ရဲ့ ပကတိ အနေအထားမှာ ငြင်းဆန် နိုင်ဖို့ ခွန်အား မရှိလို့ ခေါင်းငုံ့သီးခံခဲ့ကြတာ နှစ်ပေါင်း များစွာ ကြာခဲ့ပေမယ့် လူ့အသိဥာဏ် ပျောက်ဆုံးနေတဲ့ အာဏာရှင် တို့ နှလုံးသားမှာ ကိုယ်ချင်းစာတရား ဆိုတာ ဘယ်အခါမှ မကိန်းအောင်းခဲ့ပါဘူး ။ အခုလည်း ဆက်လက် ခေါင်းငုံ့သီးခံလိုက်ရင် နောက်ဆိုရင် မတွေးဝံ့စရာပါဘဲ ။ ဒီနေ့ စစ်တပ်အသိုင်းအ၀ိုင်းက လူတော်တော်များများရဲ့ စိတ်ထားမှာ ဘာသာရေး အသိစိတ်ဓါတ် မရှိခဲ့တာက ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာ့သွေး မြေကျခဲ့တာ ပုံပြင် မဟုတ်ဘူးလေ ။
လူမှု ရေး စိတ်ဓါတ် ပျောက်ဆုံးနေတယ် ဆိုတာကို နာဂစ် က သက်သေခံခဲ့ပြီးပြီ ။ ဒီလို မဟုတ်မမှန်တဲ့ စိတ်ဓါတ် အခံတွေကို ရိုက်သွင်းပေးနေတဲ့
စစ်တပ်ထဲကို ပညာရေး စနစ် ပြိုပျက်မှု ကြောင့် အသိဥာဏ် ယိုင်နဲ့နေတဲ့ လူငယ်လေးတွေ ရောက်သွားရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလည်း ဆိုတာ
ကို စောင့်ကြည့်နေမယ့် အစား ကြိုတွေးကြည့်လိုက်ရင် သိသာ ထင်ရှားလွန်းပါတယ် ။
အခုလက်ရှိ အနေအထားမှ ပြည်သူလူထုကို သတ်တာ ၊ ကျောင်းသားတွေကို သတ်ဖြတ်တာ ၊ သံဃာတော်တွေရဲ့ သွေးမြေကျတာတွေကို လုပ်ဆောင်နေတဲ့ ယုတ်မာတဲ့ လုပ်ရပ်ပါလို့ အမှန်မြင်နိုင်သေးတာ ခင်ဗျာတို့တွေ လူ့အသိဥာဏ် မပျောက်ဆုံးသေးလို့ပါဘဲ ။ ယုတ်မာတဲ့ လုပ်ရပ်မှန်သမျှ ကို သင်ရိုးညွှန်းတမ်းများ ဖြင့် စနစ်တကျ ပို့ချနေတဲ့ စစ်တပ်ထဲကို ရောက်သွားရင် အဲဒီလို အမှန်ကို မြင်နိုင်တဲ့ အသိဥာဏ်နေရာမှာ ယုတ်မာရိုင်းစိုင်း ကောက်ကျစ်တဲ့ စိတ်ဓါတ်တွေ အစားထိုး ၀င်ရောက်လာပါလိမ့်မယ် ။ မကောင်းသူတို့ ပျော်စံရာ နေရာကို ဘုံဗိမာန် သဖွယ် သဘောထားတဲ့ တပ်မတော်သားတွေ ကြားမှာ အနေများလာတဲ့ အခါ သူတို့တွေရဲ့ စိတ်ဓါတ်တွေ ခင်ဗျာတို့ကို ကူးစက်လာတဲ့ အချိန် တိုင်းပြည်ပျက်ပြီပေါ့ဗျာ ။ ကြီးနိုင်ငယ်ညှင်း ၊ နိုင်ရာစားတာ တိရစ္ဆာန်တို့ အလေ့အထပါဆိုရင် ဒီနေ့ စစ်အာာဏာရှင်များနှင့် သူတို့ အသိုင်းအ၀ိုင်းမှာ တိရစ္ဆာန်စိတ်တွေ ပေါက်နေတယ် ဆိုတာ လက်ရှိသူတို့ ကျင့်သုံးနေတဲ့ လုပ်ဆောင်ချက်တွေက သက်သေခံနေပါတယ် ။ အဲဒီလို တိရစ္ဆာန်စိတ်နဲ့ မိစ္ဆာ အယူဝါဒ ကျင့်သုံးနေတဲ့ လူတွေကြားကို တိုင်းပြည်ရဲ့ အနာဂတ် မျိုးဆက်သစ်တွေ ရောက်သွားရင် မကြားဝံ့မနာသာတဲ့ ကိစ္စတွေ ယခုထက် ပိုမို များပြားလာမှာ အမှန်ပါဘဲ ။
ကျနော်တို့မှာ ခေါင်းဆောင် လည်း ရှိပြီးသားပါ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ မြန်မာတမျိုးသားလုံး အသိအမှတ်ပြု ရွေးချယ်တင်မြှေက်ထားတဲ့ အဖွဲ့အစည်းပါဘဲ ။ တမျိုးသားလုံးက ရွေးချယ်တင်မြှေက်ထားတဲ့ ခေါင်းဆောင် ကို ဖမ်းဆီး ၊ ပြည်သူလူထုပါတီကို မတရားအသင်း ကြေငြာ ၊ ဒါတွေကို ပြည်သူလူထုက လက်ပိုက်ကြည့်နေတဲ့ အကျိုးဆက်တွေက ယခုလို အာဏာရှင်တွေက ပြည်သူလူထုကို အမျိုးမျိုး ဒုက္ခပေးနေနိုင်တာပါဘဲ ။ မြန်မာတမျိုးသားလုံး လွတ်မြောက်ရေး အတွက် စည်းဝိုင်း အပြင်ကို ထွက်မနေကြပါနဲ့တော့ ။ ခေါင်းဆောင်ကောင်းလေး ရှိတုန်း အားစိုက်ပြီး ရုန်းထကြ ရင် အချိန်မှီပါသေးတယ် ။ တွေဝေတဲ့ အတွေးအခေါ်တွေကို ခဏလေး ဘေးဖယ်ထားပြီး တိုင်းပြည်နဲ့လူမျိုး အကျိုးအတွက် အမြဲတမ်း ရှေ့ဆောင် လမ်းပြ ဦးတည် ချီတက်ကာ အာဏာရှင် စနစ်ဆိုးကို ရဲဝင့်စွာ ဆန့်ကျင်နေတဲ့ လူထုခေါင်းဆောင် ခေါ်ဆိုရာနောက်ကို တစိုက်မတ်မတ်လေး လိုက်စေချင်တာ တိုင်းပြည်ကို တကယ်ချစ်တဲ့ ကျနော့်ရဲ့ သဘောထား အမှန်ပါဘဲ ။
ဒါကြောင့် အခုလက်ရှိ အချိန်ကစပြီး စစ်အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ပြီး အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် အဖြစ်ရောက်အောင် စစ်အာဏာရှင်တို့၏ တရားမျှတမှု လုံးဝ မရှိသော ဥပဒေမှန်သမျှ ကို စည်းလုံးညီညွတ်စွာနဲ့ ဆန့်ကျင် တော်လှန်ကြပါစို့ ပြည်သူလူထု အပါင်းတို့ခင်ဗျာ.......။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
မိတ်ဆွေတို့ ရင်ထဲက ခံစားချက်တွေကို လည်း အောက်က လင့်လေးကို နှိပ်ပြီး လာရောက် ရင်ဖွင့်ကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ။
http://www.facebook.com/note.php?created&¬e_id=184453288238993#!/notes/burma-thwe/-/184453288238993
2 တပ်ချုပ်ကြီးရဲ့သမီးမင်္ဂလာဆောင်ပြီးတော့ ဒုတိယမြောက်ကျင်းပမဲ့ စိန်စီသောည
အာဏာရူးသန်းရွှေရဲ့  သမီး သန္တာရွှေရဲ့  မင်္ဂလာဆောင်တုန်းက စိန်တွေ သီးနေအောင်ဝတ်ပြထားတာ စိန်စီသောညဗီဒီယိုအခွေကြောင့် ကမ္ဘာတ၀ှမ်းသိသွားပြီး အမြင်ကတ်ရူတ်ချလူသိများခဲ့ပါတယ်. ပြည်သူလူထုငတ်ပြတ်ဆင်းရဲတွင်းနက်နေချိန်မှာ အာဏာရှင်မိသားစုရဲ့ မတရားကြွယ်ဝချမ်းသာမှုကို အဲဒီအခွေထဲမှာတွေ့မြင်ကြည့်လိုက်ရတဲ့သူတိုင်း ဒေါသထွက်ကြပါတယ်။
စိန်စီသောညမင်္ဂလာဆောင်တွင်ဝတ်ဆင်ထားသော အာဏာရူးသန်းရွှေ ..သမီး သန္တာရွှေရဲ့စိန်တွေဟာမင်္ဂလာဆောင်အပြီး နောက်ဆက်တွဲဇာတ်လမ်းဖြစ်တဲ့ ငါးလောင်းပြိုင် လူသတ်မှုနဲ့လည်းစပ်ဆက်နေတယ်လို့သိရပါတယ်. သန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်ဟာ သမီးဖြစ်သူအတွက် ဒီစိန်တွေကို ငှားရမ်းထားပြီးရာမှ ပြန်လည် မပေးဆပ်ခဲ့လို့ သာ ဒီ မှုခင်းဖြစ်ပေါ်ရခြင်းရဲ့  အကြောင်းရင်းလို့ လူပြောများနေကြပါတယ်။ စိန်စီသောညဗီဒီယိုကို ဒီနေရာမှာ ကြည့်ရူနိုင်ပါတယ်။
လုပ်တာလည်းကြည့်လုပ်ကြဦး မင်းသမီးတို့ ရယ်။စိန်စီသောညထက်သာသွားရင် ချုပ်ချုပ်ကြီး အမျက်ရှနေဦးမယ်။
ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့မင်္ဂလာဆောင်ပွဲက လက်ဝတ်ရတနာဖိနပ်ကအစ သက်ဆိုင်ရာလုပ်ငန်းရှင်တွေက စပွန်စာပေးထားတာဖြစ်ပြီး ဘယ်သူ့ဆီကမှ ဓါးပြတိုက်ထားတာမဟုတ်ပါ .
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ပွဲက ပွဲ ၆ ပွဲ ဆိုလို့  ကြီးကျယ်လှချည်လားလို့ လူပြောများ ဝေဖန်သံတွေလည်း ထွက်ပေါ်လာပါတယ်.
၁. ဇန်နဝါရီ ၁ ရက်နေ့ မှာအိန္ဒြာကျော်ဇင် အိမ်မှာ တောင်းရမ်းတယ်
၂. ဇန်နဝါရီ ၄ ရက်နေ့ မှာ ထရိတ်ဒါးမှာ လက်မှတ်ထိုးတယ်
၃. ဇန်နဝါရီ ၁၅ ရက်နေ့ မှာ မဟာစည်မှာ ဆွမ်းကျွေးတယ်
၎. ဇန်နဝါရီ ၁၆ ရက်နေ့ မှာ ဘိသိတ်ပွဲကို စထရင်းမှာ လုပ်တယ်
၅. ဇန်နဝါရီ ၂၀ ရက်နေ့ မှာ ဆီဒိုးနား မှာ မင်္ဂလာပွဲလုပ်တယ်
၆. ဇန်နဝါရီ ၂၁ ရက်နေ့ မှာ အင်းယားလိပ်မှာ ဒင်နာ ပေးတယ်
 အပေါ်(၄)ပွဲက သူတို့မိသားစုနဲ့ရင်းနှီးတဲ့မိတ်ဆွေနည်းနည်းနဲ့အကျဉ်းချုံးပြုလုပ်မှာဖြစ်ပြီး အောက်က၂ပွဲကလည်း စပွန်စာတွေရှိတယ်လို့သိရပါတယ်။ သူတို့ကို လုပ်ငန်းရှင်တွေက စပွန်စာပေးချင်လွန်းနေတာပါ။ သူတို့မင်္ဂလာပွဲကရတဲ့ အကျိုးအမြတ်တွေကို ပြေတီဦးပညာရေးဖောင်ဒေးရှင်းကိုလှူမယ်လို့လည်း မီဒီယာမှာပြောသွားပါတယ်။
photo/ MMCP(Batoe)
0 အိန္ဒိယနိုင်ငံ မဟာဗောဓိစေတီဝင်းအတွင်း တပ်ချုပ်ကြီးနှင့် ဒေါ်ကြိုင်ကြိုင် လှူဒါန်းထားတဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်...
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ် အမြတ်ထားရာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာရှိတဲ့ မဟာဗောဓိ စေတီတော်ကြီး အတွင်း ဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်ရှေ့က မြင်ကွင်း ဓာတ်ပုံတွေနဲ့အတူ အဆိုပါ ဗောဓိညောင်ပင် ရှေ့တည့်တည့်မှာ တပ်ချုပ်ကြီး မိသားစုမှ ကဗ္မည်းထိုး လှူဒါန်းထားပါတယ်။
အဆိုပါနေရာဟာ စေတီတော် အနောက်ဖက်တည့်တည့် ဗောဓိညောင်ပင်ရဲ့ နေရာကောင်းမှာ လှူဒါန်းထားခြင်း ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တပ်ချုပ်ကြီးနဲ့ မိသားစု အဆိုပါ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေရာရှိ မဟာဗောဓိစေတီတော် အရှေ့တည့်တည့်မှာ ဓာတ်ပုံရိုက်ယူခဲ့တဲ့ ပုံတစ်ချို့မှာတော့ ဒေါ်ကြိုင်ကြိုင်မှ ဖိနပ်စီးထားပြီး.. တပ်ချုပ်ကြီးမှ အမြင်မတော်ဖွယ်ရာ စေတီတော် ဝင်းအတွင်း ပုဆိုးကိုမလျှက် လှည့်လည်ကြည့်ရှုနေတဲ့ ပုံများဖော်ပြပါရှိနေပါတယ်...။ အဆိုပါ ဓာတ်ပုံများမှာ ဖော်ပြပါရှိတဲ့ နိုင်ငံခေါင်းဆောင်ဆိုတဲ့ မိသားစုတွေရဲ့ မြင်ကွင်းများနဲ့ ပတ်သတ်ပြီး အိန္ဒိယနိုင်ငံမှာ သီတင်းသုံး နေထိုင်နေတဲ့ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော်ဦးထာဝရနဲ့ ဆက်သွယ်မေးမြန်းချက်အား တင်ပြလိုက်ရပါတယ်...။
မေး.. အရှင်ဘုရား ပြီးခဲ့တဲ့နှစ်က ဗိုလ်ချုပ်သန်းရွှေရဲ့ အိန္ဒိယနိုင်ငံ အလည်အပတ်ခရီးစဉ်မှာ မြင်တွေ့ရတဲ့ ဓာတ်ပုံတွေထဲက အကြောင်းအရာတစ်ချို့နဲ့ ပတ်သတ်ပြီး အရှင်ဘုရားရဲ့ အမြင်ကို ဖြေကြားပေးပါစေချင်ပါတယ်...
အရှင်ထာဝရ... ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ ဘုရားကျောင်းဝင်းအတွင်းမှာ ဖိနပ်စီးခွင့် မရှိပါဘူး..။ လက်နက်ကိုင်ဖို့ဆိုတာ ပိုပြီးတော့ ဝေးတာပေါ့။ အခုလို ဒေါ်ကြိုင်ကြိုင် ကနေပြီးတော့ ဘုရားပွင့်တဲ့နေရာ မဟာဇောဓိစေတီတော်ရှေ့မှာ ဖိနပ်စီးပြီး ဓာတ်ပုံ အရိုက်ခံတာကတော့ အင်မတန်မှ အရုပ်ဆိုး အကျဉ်းတန်ပါတယ်။ နောက်တစ်ခုက ဦးဇင်းတို့ ဘုရားရှင်လက်ထက်က သာဓက တစ်ခုကို ပြန်ကြည့်မယ်ဆိုရင် ဗိမ္မိသာရမင်းကြီးဟာ သူဟာဆိုရင် ကျောင်းဝင်းအတွင်းမှာ ဖိနပ်စီးခဲ့တဲ့ ဝဋ်ကြွေးကြောင့် သူဟာဆိုရင် အရှင်လတ်လတ် သူရဲ့ဖြေဖဝါးကို ဓားခွဲခံရတဲ့ သာဓကတွေရှိပါတယ်.. ဦးဇင်းတို့ ဘုရားဗုဒ္ဓဝင်တွေမှာပါ။ ဒီကိစ္စမျိုးကြည့်မယ်ဆိုရင်တော့ ဒေါ်ကြိုင်ကြိုင်ဟာ ယခုဘဝမှာ မခံစားရရင်တောင် လာမယ့်ဘဝမှာ ဒီကိစ္စကို အပြည့်အဝခံစားရလိမ့်မယ်လို့ ဦးဇင်းအနေနဲ့မြင်တယ်။ နောက်သူတို့က အတ္တကို ရှေ့တန်းတင်တဲ့ ပုဂ္ဂိုလ်တွေ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့ အတွက်ကြောင့် မိစ္ဆာဒိဋ္ဌိအယူလည်း ဖြစ်နေတယ်လို့ ဦးဇင်းတော့ မြင်တယ်။ နောက်တစ်ခုက ဦးဇင်းတို့ ရဟန်းသံဃာ တွေတောင် ဘုရားဝတ္တက မြေမှာ ဘုရားပေါ်တက်တဲ့ အခါဖိနပ်ချွတ်ပြီး ပူဇော်ကြပါတယ်.။
နောက်ပြီး တိုင်းပြည်ရဲ့ ခေါင်းဆောင်လို့ .. ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်လို့ ပြောနေတဲ့ဗိုလ်ချုပ်သန်းရွှေက ဘုရားဝတ္တကမြေမှာ ပုဆိုးကြီးမပြီး လမ်းလျှောက်တာ တော်တော် ကို အရုပ်ဆိုး အကျဉ်းတန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ဘုရားမြေပေါ်မှာ မလုပ်ကောင်းတာတွေ လုပ်နေတယ်လို့ပဲ ဦးဇင်းတော့မြင်တယ်..။ နောက်တစ်ခု ပြန်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းက ဦးဇင်းတို့ ရဟန်း၊ သံဃာတွေက မိုးထဲရေထဲမှာ လုံးဝဖိနပ်မစီးပဲနဲ့ ဒကာ၊ ဒကာမတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ မေတ္တာပို့ ဆုတောင်းပွဲတွေ ပြလုပ်ခဲ့တယ်။ ဒါကို ပြန်ကြည့်ချင်းအားဖြင့် ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေ ဘုရားမြေတွေ အထွတ်အမြတ်ထားရာ နေရာတွေမှာ ဘယ်လောက်အထိ အလေးအနက်ထားတယ် ဆိုတာသိမြင်နိုင်ပါတယ်.. ။ အဲ့ဒီတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင်လို့ ပြောနေသူတွေ ပိုပြီးတော့ အလေးအနက်ထားသင့်တယ်လို့ ဦးဇင်းတော့ ပြောချင်ပါတယ်ဟု အရှင်ထာဝရမှ ပြောဆိုသွားပါတယ်။
မေးမြန်းချက်များ ဖြေကြားပေးတဲ့ အရှင်ထာဝရနဲ့ ဓာတ်ပုံများ ပေးပို့လာတဲ့ KO Y အားကျေးဇူးတင်ပါသည်။
ဘုရားရှင်လက်ထက်က အဇာတသတ်မင်းကြီးဟာ ဖခင်ဗိမ္မိသာရမင်းကြီးကို သတ်မိသည့် ကံကြောင့် မည်သို့ပင် ကောင်းမှုကုသိုလ်များ ပြုလုပ်ပါသော်လည်း ထိုအဖကိုသတ်မိသည့် ကံကြီးထိုက်မှုကြောင့် နောက်ဆုံးမှာ အပယ်သို့ ကျရောက်ခဲ့ရပါတယ်။ ထို့အတူ ထိုသို့ ကံကြီးထိုက်လောက်သော သံဃာသင်းခွဲမှု၊ ရဟန်းသံဃာများအား သတ်မိသည့် ကံကြီးများ ကျူးလွန်မိသူများ အဖို့တော့ မိမိတို့လှူဒါန်းပြုမူတဲ့ ကုသိုလ်ကံတွေက တားဆီးနိုင် မတားဆီးနိုင် ဆိုတာကိုတော့ စဉ်းစားချင်ချိန်စရာ ဖြစ်ပါပေတော့သည်။
ဒီမိုဝေယံ...
2 ဒီကေဘီအေကို အပြင်းအထန် ထိုးစစ်ဆင်
ကရင်ပြည်နယ် မြဝတီမြို့တောင်ဖက် ဖလူးဒေသ အနီးမှာရှိတဲ့ ဒီကေဘီအေ ခွဲထွက် အဖွဲ့က ဗိုလ်မှူးစောဆန်းအောင်ရဲ့ တာ့ကိုကျိုးစခန်းကို နအဖစစ်တပ်တွေက ဒီနေ့ မနက်ကစပြီး အပြင်းအထန် စစ်ဆင် တိုက်ခိုက်နေပါတယ်။ ဒီနေ့တိုက်ပွဲမှာ နအဖရဲ့ပစ်ခတ်မှုဟာ အပြင်းထန်ဆုံး လို့ ပြောပါတယ်.. တိုက်ပွဲမှာ နအဖတပ်တွေက အဝေးပစ် မော်တာတွေ ဖြစ်တဲ့ ၈၂-မမ မော်တာ၊ ၆၀-မမ မော်တာ စတဲ့လက်နက်ကြီးတွေကို အလျှံအပယ် သုံးပြီး တိုက်ခိုက်တာကြောင့်၊ ပြီးခဲ့တဲ့ ၂ လ အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ တွေထက် အဆ မတန် ပြင်းထန်ပါတယ်။
တိုက်ပွဲမှာ နအဖအစိုးရရဲ့ အမြောက်တပ်ရင်း တရင်းနဲ့ တခြားတိုက်ခိုက်ရေးတပ်တွေ အပါ အဝင် တပ်ရင်း ၅ ရင်းထက် မနည်း ပါဝင်တယ် လို့ ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။တိုက်ပွဲဖြစ်နေတဲ့ တာ့ကိုကျိုးစခန်းက ဗိုလ်မှူးစောဆန်းအောင် ကိုယ်တိုင်ကလည်း ဒီနေ့တိုက်ပွဲမှာ နအဖရဲ့ပစ်ခတ်မှုဟာ အပြင်းထန်ဆုံးလို့ သတ်မှတ်လို့ရကြောင်း ပြောပါတယ်။သူတို့ဖက်က ထောင်ထားတဲ့ မိုင်းကွင်းထဲမှာလည်း ပေါက်ကွဲသံ ၇ လုံး ၈ လုံးလောက် ရှိသွားခဲ့ပြီ ဖြစ်ကြောင်း ဗိုလ်မှူးစောဆန်းအောင်က ပြောပါတယ်။နအဖစစ်သား ၈ ယောက်ထက်မနည်း ဒါဏ်ရာရသွားပြီး၊ သူတို့ဖက်ကတော့ အထိခိုက် မရှိဘူးလို့ ဒီကေဘီအေဖက်က ပြောပါတယ်။ညနေပိုင်း ဖြစ်တဲ့တိုက်ပွဲမှာ ၈၂-မမ မော်တာကျည်နဲ့ ၆၀-မမ မော်တာကျည် ၁၀ လုံးထက် မနည်း၊ ထိုင်းဖက် ကော်မနောင် ပြောင်းခင်းတွေထဲကို ကျရောက်ပေါက်ပွဲခဲ့ပေမယ့် တဦး တယောက်မှ ထိခိုက်ဒါဏ်ရာရတော့မရှိဘူးလို့ ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီတာ့ကိုကျိုးစခန်းတာဝန်ခံဒီကေဘီအေဗိုလ်မှူးစောဆန်းအောင်ဟာပြောက်ကျားစစ်ကစားရာမှာကျွမ်းကျင်ထက်မြက်သူလို့ နာမည်ကြီးသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းက တိုက်ပွဲမှာ သူကိုယ်တိုင်လည်း လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာရခဲ့ပါသေးတယ်။ နအဖရဲ့ အမြောက်တပ်၊ စစ်ဆင်ရေးတပ်တွေ နဲ့အင်အားသုံးပြီးတိုက်ခိုက်တာကို ဗိုလ်မှူးစောဆန်းအောင်နဲ့ သူ့တပ်ဖွဲ့တွေက ပြောက်ကျားနည်းနဲ့ တောင့်ခံနိုင်မယ်ဆိုရင် နယ်စပ်စစ်ရေးမှာ မှတ်တမ်းတင်စရာတခု ဖြစ်သွားနိုင်တယ်လို့ နယ်စပ်တိုက်ပွဲတွေကို စောင့်ကြည့်သူလေ့လာသူတွေက ပြောပါတယ်။
(bbc)
Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.