Monday, January 10, 2011

2 ဒီကေဘီအေကို အပြင်းအထန် ထိုးစစ်ဆင်


ကရင်ပြည်နယ် မြဝတီမြို့တောင်ဖက် ဖလူးဒေသ အနီးမှာရှိတဲ့ ဒီကေဘီအေ ခွဲထွက် အဖွဲ့က ဗိုလ်မှူးစောဆန်းအောင်ရဲ့ တာ့ကိုကျိုးစခန်းကို နအဖစစ်တပ်တွေက ဒီနေ့ မနက်ကစပြီး အပြင်းအထန် စစ်ဆင် တိုက်ခိုက်နေပါတယ်။ ဒီနေ့တိုက်ပွဲမှာ နအဖရဲ့ပစ်ခတ်မှုဟာ အပြင်းထန်ဆုံး လို့ ပြောပါတယ်.. တိုက်ပွဲမှာ နအဖတပ်တွေက အဝေးပစ် မော်တာတွေ ဖြစ်တဲ့ ၈၂-မမ မော်တာ၊ ၆၀-မမ မော်တာ စတဲ့လက်နက်ကြီးတွေကို အလျှံအပယ် သုံးပြီး တိုက်ခိုက်တာကြောင့်၊ ပြီးခဲ့တဲ့ ၂ လ အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ တွေထက် အဆ မတန် ပြင်းထန်ပါတယ်။

တိုက်ပွဲမှာ နအဖအစိုးရရဲ့ အမြောက်တပ်ရင်း တရင်းနဲ့ တခြားတိုက်ခိုက်ရေးတပ်တွေ အပါ အဝင် တပ်ရင်း ၅ ရင်းထက် မနည်း ပါဝင်တယ် လို့ ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။တိုက်ပွဲဖြစ်နေတဲ့ တာ့ကိုကျိုးစခန်းက ဗိုလ်မှူးစောဆန်းအောင် ကိုယ်တိုင်ကလည်း ဒီနေ့တိုက်ပွဲမှာ နအဖရဲ့ပစ်ခတ်မှုဟာ အပြင်းထန်ဆုံးလို့ သတ်မှတ်လို့ရကြောင်း ပြောပါတယ်။သူတို့ဖက်က ထောင်ထားတဲ့ မိုင်းကွင်းထဲမှာလည်း ပေါက်ကွဲသံ ၇ လုံး ၈ လုံးလောက် ရှိသွားခဲ့ပြီ ဖြစ်ကြောင်း ဗိုလ်မှူးစောဆန်းအောင်က ပြောပါတယ်။နအဖစစ်သား ၈ ယောက်ထက်မနည်း ဒါဏ်ရာရသွားပြီး၊ သူတို့ဖက်ကတော့ အထိခိုက် မရှိဘူးလို့ ဒီကေဘီအေဖက်က ပြောပါတယ်။ညနေပိုင်း ဖြစ်တဲ့တိုက်ပွဲမှာ ၈၂-မမ မော်တာကျည်နဲ့ ၆၀-မမ မော်တာကျည် ၁၀ လုံးထက် မနည်း၊ ထိုင်းဖက် ကော်မနောင် ပြောင်းခင်းတွေထဲကို ကျရောက်ပေါက်ပွဲခဲ့ပေမယ့် တဦး တယောက်မှ ထိခိုက်ဒါဏ်ရာရတော့မရှိဘူးလို့ ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီတာ့ကိုကျိုးစခန်းတာဝန်ခံဒီကေဘီအေဗိုလ်မှူးစောဆန်းအောင်ဟာပြောက်ကျားစစ်ကစားရာမှာကျွမ်းကျင်ထက်မြက်သူလို့ နာမည်ကြီးသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းက တိုက်ပွဲမှာ သူကိုယ်တိုင်လည်း လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာရခဲ့ပါသေးတယ်။ နအဖရဲ့ အမြောက်တပ်၊ စစ်ဆင်ရေးတပ်တွေ နဲ့အင်အားသုံးပြီးတိုက်ခိုက်တာကို ဗိုလ်မှူးစောဆန်းအောင်နဲ့ သူ့တပ်ဖွဲ့တွေက ပြောက်ကျားနည်းနဲ့ တောင့်ခံနိုင်မယ်ဆိုရင် နယ်စပ်စစ်ရေးမှာ မှတ်တမ်းတင်စရာတခု ဖြစ်သွားနိုင်တယ်လို့ နယ်စပ်တိုက်ပွဲတွေကို စောင့်ကြည့်သူလေ့လာသူတွေက ပြောပါတယ်။

(bbc)

2 comments:

  1. ကဲ ဗျာ ချတာချတာ ဘွဲ့ မရလဲ နေပစေ တိုက်မယ်။........ .......အမျိုးပါဖြုတ် ပစ် လိုက် ...ဒါမှ အေးမှာ ....

    ReplyDelete
  2. အရိုးနဲ့အသား တခြားစီဖြစ်အောင် အမြောက်နဲ့ပစ်ဗျာ ..ကြာတယ် ဖလူဒေသ တစ်လုံး ပြာကျသွားအောင် ပစ်လို့ရပါတယ်....ခြုံခိုလဲ မလွတ်ပါဘူး
    .................

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.