Saturday, January 15, 2011

0 နအဖမှသင်္ဃန်းခြုံပြထားတဲ့ အတုအယောင်ဘုန်းကြီးအားအားပေးကူညီပြီး ဗုဒ္ဓဘာသာကို ညိုးနွမ်းအောင်ပြုလုပ်


Ah Bayah facebookမှshareသော အပိုင်း(၁)မှအပိုင်း(၆)နိဂုံးပိုင်းအထိတဆက်တည်းကြည့်ရူနိုင်ပါသည်.

(န.အ.ဖ)စစ်ခေါင်းဆောင်များကြီးမှူးကျင်းပသော နံပါတ် ၀မ်း Brain Wash သင်တန်း ၂၀၁၀ ဒီဇင်ဘာလအတွင်း ၊ ဘားအံ မြို့ ဇွဲကပင်ခန်းမတွင် ကျင်းပခဲ့စဉ်က ၊ သင်တန်းမှူး သံဃာ ဖြစ်သော ဦးဣတ္တိပါလ က တက်ရောက်လာသော ၊ ၀န်ထမ်းများ ၊ ဆရာဆရာမများ ၊ ကျောင်းသားလူငယ်များ ၊ လူကြီးကတော်များကို ( အဆိပ်တွေများနေလို့ အဆိပ်ထုတ်ကြမယ် ) ဟု ဆိုကာ ။ သူနဲ့အတူ ပါလာခဲ့သော dancer များကို ကရင်ဝတ်စုံများဝတ်စေကာ stage ပေါ်မှ တရုပ်သီချင်းနဲ့ ကစေပြီး ။အဲဒီတရုတ်သီချင်းရဲ့ အဓိပ္ပါယ်ကတော့ မင်းတို့အ၀တ်တွေ ချွတ်ပစ်လိုက်လို့ အဓိပ္ပါယ်ရကြောင်းလည်း သိရပါတယ်။ တရုတ်သီချင်း က Alex Du 杜德伟 ဆိုထားတဲ့ "脫掉" "ချွတ်ပြစ်လိုက်"လို့အမည်ရတဲ့ သီချင်းပါ။ စာသားတွေထဲက တစ်ကြောင်း နှစ်ကြောင်းလောက် ဘာသာပြန်ရရင်တော့ "စည်းကမ်းတွေများနေတယ် ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက် " နောက်ဆုံး "အပေါ်အဝတ်တွေ အောက်ခံတွေပါ ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက်"လို့ ဆိုနေတာပါ။ စင်ပေါ်စင်အောက်က အရူးတွေကတော့ ဗုမသိ ဘမသိနဲ့ အားရပါးရ ကနေကျတာ။  ဖွင့်ထားတဲ့ တရုတ်သီချင်းကိုအောက်ကlink မှာကြည့်နိုင်ပါတယ်
http://www.youtube.com/watch?v=VcngZ...eature=related
အောက်မှ လူများကိုလည်း ဂုဏ် သိက္ခာမရှိ ၊ ရိုးရာယဉ်ကျေးမှုနဲ့မညီ ၊ ပေါကြောင်ကြောင် လိုက်ပြီး ကခုန်စေသော video ဖိုင် ၆ဖိုင်အားလုံးတစုတည်းပေါင်းပြီးတင်လိုက်ပါတယ်။

ဘုန်းကြီးတယောက်က သာဓုခေါ်တာကို မကြိုက်ဘူး လက်ခုပ်တီးတာကို ကြိုက်ပါတယ် ဆိုကတည်းက ဒီဘုန်ကြီး မူမမှန်တာ ထင်ရှားနေပါပြီ ။ဗုဒ္ဓဘာသာကို ညိုးနွမ်းအောင် လုပ်ဆောင်နေသော သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်ဘုန်းကြီးအတုအား စစ်အုပ်စုအာဏာပိုင်များမှ အရေးယူ ထိန်းသိမ်းခြင်းမျိုးမရှိသည့် အပြင် အားပေးကူညီနေသောကြောင့် သဃာတော်များနှင့် ပြည်သူလူထုမှ အလွန်စိတ်သောက ဖြစ်နေကြကြောင်း သိရသည်။
အတုအယောင် သာသနာဖျက်ဘုန်းကြီးအားထောက်ပံ့ပေးနေတဲ့( တီးယန်း ) လို့ခေါ်တဲ့ ဆေးပစ္စည်းကုမ္ပဏီ ရဲ့ ပိုင်ရှင် ( တရုတ် )သဋ္ဌေး

video အပိုင်း(၆)နိဂုံးမှာတော့သာသနာ အရေကို ခြုံပြီး သာသနာကို ဖျက်စီးနေတဲ့ အဲဒီဘုန်းကြီးကို နောက်ခံပေးပြီး မြန်မာပြည်ကို စစ်အုပ်စုနဲ့အတူ ၊ စံနစ်တကျ ဖျက်ဆီးစေတဲ့ တရားခံက ( တရုတ် )ပါပဲ ။ ( တီးယန်း ) လို့ခေါ်တဲ့ ဆေးပစ္စည်းကုမ္ပဏီ ရဲ့ ပိုင်ရှင် သဋ္ဌေးပါပဲ ။ သာမာန်မတွေးပါနဲ့ ။ မြန်မာပြည်သိမ်းဖို့ တရုတ်က စံနစ်တကျထိုးဖေါက်လာနေတာဆိုတဲ့ သတိပေးစကားပြောဖို့ ဒီvideo ဖိုင်တွေတင်ခဲ့တာပါ ။ သာသနာ ဆိုတဲ့ အဆုံးအမ မရှိရင် ၊ တိဗက်လို ပြည်သိမ်းဖို့ လွယ်သွားပြီပေါ့ ။


တရုတ်ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်မြောက်ရေး ။ တရုပ်လွှမ်းမိုးရေး အလုပ်ကို ၊ ပညာသားပါပါ လုပ်နေကြတယ်ဆိုတာ နောက်ဆုံး အသိပေးတာပါ ။ မြန်မာပြည်နဲ့ ၊ သာသနာတော်ကို ကာကွယ်နိုင်ကြပါစေ ။
( မေတ္တာဖြင့် ) Ah Bayah
အပေါ်က အတုအယောင် သာသနာဖျက်ဘုန်းကြီး နံပါတ် ၀မ်း Brain Wash သင်တန်းရဲ့homepageပါ. ဒီနေရာမှာ ပါ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.