Monday, January 10, 2011

2 တပ်ချုပ်ကြီးရဲ့သမီးမင်္ဂလာဆောင်ပြီးတော့ ဒုတိယမြောက်ကျင်းပမဲ့ စိန်စီသောည

အာဏာရူးသန်းရွှေရဲ့  သမီး သန္တာရွှေရဲ့  မင်္ဂလာဆောင်တုန်းက စိန်တွေ သီးနေအောင်ဝတ်ပြထားတာ စိန်စီသောညဗီဒီယိုအခွေကြောင့် ကမ္ဘာတ၀ှမ်းသိသွားပြီး အမြင်ကတ်ရူတ်ချလူသိများခဲ့ပါတယ်. ပြည်သူလူထုငတ်ပြတ်ဆင်းရဲတွင်းနက်နေချိန်မှာ အာဏာရှင်မိသားစုရဲ့ မတရားကြွယ်ဝချမ်းသာမှုကို အဲဒီအခွေထဲမှာတွေ့မြင်ကြည့်လိုက်ရတဲ့သူတိုင်း ဒေါသထွက်ကြပါတယ်။

စိန်စီသောညမင်္ဂလာဆောင်တွင်ဝတ်ဆင်ထားသော အာဏာရူးသန်းရွှေ ..သမီး သန္တာရွှေရဲ့စိန်တွေဟာမင်္ဂလာဆောင်အပြီး နောက်ဆက်တွဲဇာတ်လမ်းဖြစ်တဲ့ ငါးလောင်းပြိုင် လူသတ်မှုနဲ့လည်းစပ်ဆက်နေတယ်လို့သိရပါတယ်. သန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်ဟာ သမီးဖြစ်သူအတွက် ဒီစိန်တွေကို ငှားရမ်းထားပြီးရာမှ ပြန်လည် မပေးဆပ်ခဲ့လို့ သာ ဒီ မှုခင်းဖြစ်ပေါ်ရခြင်းရဲ့  အကြောင်းရင်းလို့ လူပြောများနေကြပါတယ်။ စိန်စီသောညဗီဒီယိုကို ဒီနေရာမှာ ကြည့်ရူနိုင်ပါတယ်။

လုပ်တာလည်းကြည့်လုပ်ကြဦး မင်းသမီးတို့ ရယ်။စိန်စီသောညထက်သာသွားရင် ချုပ်ချုပ်ကြီး အမျက်ရှနေဦးမယ်။

ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့မင်္ဂလာဆောင်ပွဲက လက်ဝတ်ရတနာဖိနပ်ကအစ သက်ဆိုင်ရာလုပ်ငန်းရှင်တွေက စပွန်စာပေးထားတာဖြစ်ပြီး ဘယ်သူ့ဆီကမှ ဓါးပြတိုက်ထားတာမဟုတ်ပါ .
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ပွဲက ပွဲ ၆ ပွဲ ဆိုလို့  ကြီးကျယ်လှချည်လားလို့ လူပြောများ ဝေဖန်သံတွေလည်း ထွက်ပေါ်လာပါတယ်.

၁. ဇန်နဝါရီ ၁ ရက်နေ့ မှာအိန္ဒြာကျော်ဇင် အိမ်မှာ တောင်းရမ်းတယ်
၂. ဇန်နဝါရီ ၄ ရက်နေ့ မှာ ထရိတ်ဒါးမှာ လက်မှတ်ထိုးတယ်
၃. ဇန်နဝါရီ ၁၅ ရက်နေ့ မှာ မဟာစည်မှာ ဆွမ်းကျွေးတယ်
၎. ဇန်နဝါရီ ၁၆ ရက်နေ့ မှာ ဘိသိတ်ပွဲကို စထရင်းမှာ လုပ်တယ်
၅. ဇန်နဝါရီ ၂၀ ရက်နေ့ မှာ ဆီဒိုးနား မှာ မင်္ဂလာပွဲလုပ်တယ်
၆. ဇန်နဝါရီ ၂၁ ရက်နေ့ မှာ အင်းယားလိပ်မှာ ဒင်နာ ပေးတယ်
 အပေါ်(၄)ပွဲက သူတို့မိသားစုနဲ့ရင်းနှီးတဲ့မိတ်ဆွေနည်းနည်းနဲ့အကျဉ်းချုံးပြုလုပ်မှာဖြစ်ပြီး အောက်က၂ပွဲကလည်း စပွန်စာတွေရှိတယ်လို့သိရပါတယ်။ သူတို့ကို လုပ်ငန်းရှင်တွေက စပွန်စာပေးချင်လွန်းနေတာပါ။ သူတို့မင်္ဂလာပွဲကရတဲ့ အကျိုးအမြတ်တွေကို ပြေတီဦးပညာရေးဖောင်ဒေးရှင်းကိုလှူမယ်လို့လည်း မီဒီယာမှာပြောသွားပါတယ်။

photo/ MMCP(Batoe)

2 comments:

  1. နသဖြူ နဲ့  အီး လို ကွာလွန်းပါတယ်ဗျာ..။

    ReplyDelete
  2. ငသန်းရွှေသမီးကိစ္စကိုမပြောလိုပါဘူး...ဒီမင်းသားနဲ့မင်းသမီးမင်္ဂလာဆောင်ကိုလာလို့များထိခိုက်ချင်နေတာလဲမသိပါဘူး.. စိန်တွေက သူများငြားပေး..စပွန်ဆာပေးတာပါ.... ဒီလိုအပြစ်ရေးတဲ့သူက လမင်းသာတာကိုမနာလိုလို့ဟောင်တဲ့ခွေးဖြစ်နေပါပီ

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.