Saturday, October 8, 2011

0 မြစ်ဆုံမှာ မြန်မာတွေအကျိုးရှိကြပုံက.....


ကာတွန်း။ ။ ဟာကြူလီကသာ

0 ဦးအောင်ငြိမ်း(ကြံ့ဖွံ့)၏သား ရမ်းကားမူကြောင့်HRWDNကွန်ယက်ဝင်ကိုမျိုးဦး ခေါင်းကွဲ



ပြီးခဲ့သည့် ၁၅.၉.၂၀၁၁(အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ.)တွင်HRWDN၏ဦးဆောင်မူဖြင့် သဇင်ရွာဒေသတ၀ိုက်တွင်ရှိသော လယ်တောင်သူများစီတန်းလမ်းလျောက်အခွင့်အရေးတောင်းဆိုခဲ့သည့်ပုံ

ချောင်းသာနေကိုမျိုးဦး(HRWDN)အား၃ရက်နေ.ည၉း၁၅ခန်.တွင် အမည်မသိလူသုံးဦးမှ ၎င်း၏နံမည်ကို ခေါ်၍ထိုးကြိတ်ကာကျောက်ခဲနှင်.၀ိုင်းထုနှက်သဖြင်.HRWDNကွန်ယက်ဝင်ကိုမျိုးဦးမှာခေါင်းကွဲကာ(၄)ချက်ချောင်းသာဆေးရုံတွင်ချုပ်ရကြောင်း၊ခေါင်းတစ်ခုလုံးဖူးရောင်ဒါဏ်ရာဖြင့်ယ္ခုအခါပုသိမ်မြို့ဆေးရုံကြီးအမျိုးသားခွဲစိတ်ဆောင်အဆောင်(၆)ကုတင်နံပါတ်-၁၇တွင် တက်ရောက်ကုသနေရပါသည်။

ဆက်လက်စုံစမ်းသိရှိရသည်မှာကိုမျိုးဦး(HRWDN)ကို ထိုးကြိတ်ပြီး ခဲနှင်ထုခဲ့သောလူ၃ယောက်မှာ ဦးအောင်ငြိမ်း(ကြံ့ဖွံ့)၏သားဟိန်းမင်းပိုင်နှင့်အပေါင်းအပါနှစ်ယောက်ဖြစ်ကြကြောင်းနှင့် ကိုမျိုးဦးအနေဖြင့် ရန်ငြိုးရန်စရှိဖို့ နေနေသာသာ ထိုသူများကိုလည်းမသိကြောင်းနှင့် မြင်တောင်မမြင်ဘူးကြောင်း ရဲစခန်းတွင်ထွက်ဆိုထားပါသည်

HRWDN(လူ့အခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်)

0 တရုတ်-မြန်မာ ရေကာတာ ရပ်ဆိုင်းမှု


မြစ်ဆုံဆည်တည်ဆောက်မှုကို သမ္မတဦးသိန်းစိန် ဟန့်တားလိုက်တာဟာ ယူနန်နယ်က နုကျန်ဆည်ကို တရုတ်ဝန်ကြီးချုပ် ဝမ်ဂျာဘောင်း ရပ်ဆိုင်းလိုက်တာနဲ့ အတော်လေးအသွင်တူနေပါတယ်။ သံလွင်မြစ် အထက်ပိုင်း ယူနန်ပြည်နယ်က နုမြစ်မှာ ရေကာတာတွေ တည်ဆောက်ခွင့်ပြုခဲ့ပြီးမှ ပြည်သူပြည်သားတွေ ဝိုင်းဝန်းကန့်ကွက်ကြလို့ ၂၀၀၄ မှာ ဝန်ကြီးချုပ် ဝမ်ဂျာဘောင်း က စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို အသေအချာလေ့လာဖို့ ညွှန်ကြားခဲ့ပါတယ်။ ၂၀၀၅ မှာ ပတ်ဝန်းကျင်လေ့လာမှု ပြီးစီးကြောင်း သက်ဆိုင်ရာကုမ္မဏီက တင်ပြပေမယ့် အဆုံးအဖြတ်ပေးနိုင်တဲ့ နိုင်ငံတော်ကောင်စီက ခွင့်မပြုပါဘူး။ ဒီနေရာမှာ တရုတ်ကုမ္မဏီတွေနဲ့ တရုတ်အစိုးရ သဘောထားကွဲပြားနေပါတယ်။

ဒီနှစ်ကစတဲ့ ငါးနှစ်စီမံကန်းမှာ ရေအားလျှပ်စစ်စွမ်းအားတိုးချဲ့ ဖို့ ရည်ရွယ်ထားတာကြောင့် ရေကာတာထောက်ခံတဲ့အုပ်စုက အလိုဆန္ဒပြည့်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ယူနန် ကွန်မြူနစ်ပါတီအတွင်းရေးမှူးကတော့ အသေအချာသုတေသနလုပ်ဖို့သာ ငါးနှစ် စီမံကိန်းမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ သုတေသနလုပ်ပြီးမှ ရေကာတာကိစ္စကို အစိုးရက ဆုံးဖြတ်ပါလိမ့်မယ်။

မြန်မာ့ရေအားလျှပ်စစ်မှာပါဝင်နေတဲ့ တရုတ်ကုမ္မဏီ (၄၅) ခုမှာ YMEC (ခေါ်) ယူနန်စက်မှုပစ္စည်း တင်ပို့ရေးကုမ္မဏီဟာ ထင်ရှားပါတယ်။ YMEC ယူနန်ကုမ္မဏီဟာ ကြိမ်ခရမ်၊ ရွှေလီ၊ ပေါင်းလောင်း စတဲ့ ရေကာတာကြီးငယ်တွေ ဆောက်လုပ်ရာမှာ အဓိကပါဝင်ခဲ့ပါတယ်။ ဧရာဝတီမြစ်ညှာမှာ ရေကာတာ (၇) ခု တည်ဆောက်ဖို့ မြန်မာလျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနဲ့ ၂၀၀၆ မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့တဲ့ တရုတ်ကုမ္မဏီတွေမှာ YMEC လည်း ပါဝင်ပါတယ်။ မြစ်ကြီးနားမြို့  မြောက်ဘက်က ကြိမ်ခရမ် ရေအားလျှပ်စစ်အသေးစားကို YMEC ယူနန်ကုမ္မဏီက ၁၉၉၃ ခုနှစ်မှာ တည်ဆောက်ပြီးစီးပါတယ်။ ၂၀၀၆ ဇူလိုင်လမှာ ရက်အတော်ကြာ မိုးသည်းထန်တဲ့အတွက် ဇူလိုင်လ (၁၁) ရက်နေ့မှာ ဆည်ကျိုးပေါက်ပြီး ဓါတ်အားပေးစက်ရုံတခုလုံး ရေစီးထဲ ထိုးကျသွားပါတယ်။ အိမ် (၅) လုံး ရေထဲမျောပါသွားပြီး စက်ရုံအမှုထမ်း (၅) ဦး သေဆုံးပေမယ့် ဒေသခံပြည်သူတွေ အသေအပျောက် မရှိကြောင်းသိရပါတယ်။

တရုတ်ပြည်ဟာ နန်နယ်မှာ ၁၉၇၅ ခုနှစ်က ဘန်ချောင်ရွှေခု (ခေါ်) ဘန်ချောင်ဆည် ကျိုးပေါက်လို့ လူပေါင်းနှစ်သိန်းကျော် သေဆုံးပြီး (၁၀) သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမဲ့ သတင်းအမှောင်ချထားတဲ့အတွက် ဆည်ကျိုးပေါက်ပြီး အနှစ် (၂၀) လောက်ကြာတော့မှပဲ အသေးစိတ်သိရတယ်။ ၁၉၇၅ သြဂုတ်လမှာ တနှစ်စာရွာတဲ့မိုးရေကို တနေ့တည်း ရွာချလိုက်တာကြောင့် အဆမတန်ရေလျှံလာတာကို မထိန်းနိုင်တော့လို့ ဘန်ချောင်ဆည် ပျက်စီးရပါတယ်။ တရုတ်ပြည် ကျင်ဟိုင်းနယ်က ဂေါင်ဟူးဆည် ၁၉၉၃ မှာ ကျိုးပေါက်တုန်းကလည်း ဒေသခံ တထောင်ကျော် သေဆုံးသွားပါတယ်။ ဆည်တည်ဆောက်ရာမှာ အသုံးပြုတဲ့ပစ္စည်း အလွန်ညံ့ဖျင်းတာကြောင့် ကျိုးပေါက်ရတာလို့ သိရပါတယ်။ အလွဲသုံးစားလုပ်မှု နေရာတိုင်းမှာရှိနေတဲ့ တရုတ်ပြည်မှာ စံချိန်အဆင်မီတဲ့ အဆောက်အအုံ ရှားပါးနေပါတယ်။ ငလျင်လှုပ်တိုင်း ဖြစ်သလိုဆောက်ထားတဲ့ တိုက်တာအဆောက်အဦးတွေ ပျက်စီးရပါတယ်။

တရုတ်ပြည်မှာ ရေကာတာ အရွယ်အစားအမျိုးမျိုး ရှစ်သောင်းကျော်ရှိတဲ့အနက် သုံးသောင်းဟာ အဆင့်မမီလို့ ပြဿနာမျိုးစုံ ရင်ဆိုင်နေရကြောင်း တရုတ်အစိုးရ ရှင်ဟွာသတင်းက ၂၀၀၇ မှာ ဖော်ပြပါတယ်။ ပြဿနာဖြစ်နေတဲ့ ဆည်တွေထဲမှာ အကြီးစား (၂၀၀) နဲ့ အလတ်စား (၁၆၀၀) ပါဝင်ပါတယ်။ ၁၉၉၈ က စပြီး ဆည်မွမ်းမံပြင်ဆင်မှုတွေကို တပြည်လုံးမှာလုပ်တဲ့အတွက် အဆင်မမီတဲ့ ဆည်အရေအတွက် ကျဆင်းလာတယ်လို့ ဆိုပါတယ်။ ၁၉၉၈ က တရုတ်ပြည်မှာ အဆင့်မမီတဲ့ဆည် (၄၂) ရာခိုင်နှုန်း ရှိနေပေမယ့် ယွမ်ငွေသန်းပေါင်း ထောင်ချီသုံးပြီး နှစ်စဉ်ပြုပြင် မွမ်းမံနိုင်တဲ့အတွက် ၂၀၀၇ ရောက်တော့ အဆင့်မမီတဲ့ ဆည် (၂၅) ရာခိုင်နှုန်းသာ ကျန်တော့တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်မှာ ဆည်တည်ဆောက်ပြီးတဲ့အခါ နောက်ပိုင်းမှာ ငွေကုန်ခံပြီး ပြုပြင်မွမ်းမံနိုင်မှသာ အန္တရာယ်ကင်းတာတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်အကူအညီနဲ့ တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်စက်ရုံ အကြီးအသေး (၁၇) ခုရှိပြီး တိုင်းနဲ့ပြည်နယ်တွေမှာ တည်ဆောက်ဖို့ စီမံကိန်းချထားတဲ့ ရေအားလျှပ်စစ်က (၃၀) ကျော် ရှိပါတယ်။ ဒါပေမဲ့ မြစ်ဆုံစီမံကိန်းကိုသာ တပြည်လုံး အတိုင်းအတာနဲ့ ကန့်ကွက်တာ ဖြစ်ပါတယ်။ ယူနန်ပြည်နယ် နုမြစ်ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ လူတန်းစားအမျိုးမျိုး ပါဝင်လာတာကြောင့် လူမှုရေးလှုပ်ရှားမှုလို ဖြစ်လာပါတယ်။ လူမှုရေးအုပ်စုတွေက ရေကာတာဆန့်ကျင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို စည်းရုံးပါတယ်။ နိုင်ငံခြားညီလာခံတွေအထိ နုမြစ်ရေကာတာ လှုပ်ရှားမှု ပြန့်ပွားသွားပါတယ်။ နုမြစ်စီမံကိန်းဟာ စိုးရိမ်စရာဖြစ်ကြောင်း ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့က ပြောလာပါတယ်။

ရေကာတာ ဆန့်ကျင်မှုအတိုင်းအတာကို ထောက်ထားပြီး ဝန်ကြီးချုပ် ဝမ်ဂျာဘောင်း က နုမြစ်စီမံကိန်းကို ၂၀၀၄ မှာ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ယူနန် အာဏာပိုင်နဲ့ ပညာရှင်တွေကတော့ နုမြစ်မှာ ရေကာတာ တည်ဆောက်နိုင်အောင် ဆက်လက်ကြိုးပမ်းနေပါတယ်။ မြစ်ဆုံဆည်ကိစ္စမှာလည်း ထောက်ခံတဲ့ မြန်မာအရာထမ်းတွေကို ယူနန်ဘက်က စည်းရုံးနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်အတွက် ရည်ရွယ်တဲ့ဆည်ဖြစ်တာမို့ ဒီအပြုအမှုဟာ မြန်မာအမျိုးသားအကျိုးစီးပွားကို ဆန့်ကျင်သလို ဖြစ်နေပါလိမ့်မယ်။

မြန်မာ့အရေး မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်(ဗီအိုအေ)

0 မြစ်ဆုံကိုလွမ်းစိတ်မပြေ ရုပ်/သံသီချင်း

0 ဦးသိန်းစိန်နှင့် မစ္စတာ အိုဘားမားတွေ့ဆုံခြင်း( အပိုင်း-၁)

နေရာကား ဆူးလေဘုရားအနီးရှိ ပလက်ဖောင်းဘေးတွင် ပလတ်စတစ်ခုံလေးများဖြင့် ချရောင်းသော လမ်းဘေး လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်တွင် ဖြစ်သည်။ တီရှပ်အဖြူနွမ်းနွမ်းနှင့် ဘောင်းဘီတို အညိုရောင်ကို ဝတ်ဆင်ထားသော ကတုံးဆံပင်ပေါက်ကေနှင့် ကုလားတစ်ဦးသည် ရှပ်လက်တိုအကွက် ခပ်နွမ်းနွမ်းနှင့် လုံချည်အဟောင်းလေး တစ်ထည်ကို ဝတ်ဆင်ထားသော ထိပ်ပြောင်ပြောင်၊ အသားဖြူဖြူ၊ မျက်မှန်ဝိုင်းကလေး တပ်ထားသော အဘိုးကြီးတစ်ဦးနှင့် စကားလက်ဆုံကျလျက်ရှိသည်။ ကုလားမှာ ဆူးလေအနီးတဝိုက်တွင် နာရီ ဓာတ်ခဲ၊ ခါးပတ်၊ ပိုက်ဆံအိတ် ရောင်းသော ပျံကျတစ်ဦးဖြစ်ပုံရပြီး အဘိုးကြီး၏ဘေးတွင် တက္ကစီအစုတ်ကလေး တစ်စင်း ရပ်ထားသောကြောင့် တက္ကစီဒရိုင်ဘာတစ်ဦး ဖြစ်ပုံရသည်။ စင်စစ်တွင်ကား အနှီကုလားမှာ စကြာဝတေးမင်းရာထူးနှင့် ညီမျှသော ရာထူးရှိသူ အမေရိကန်ပြည်ထောင်စု၏ သမ္မတ မစ္စတာအိုဘားမားဖြစ်ပြီး တက္ကစီဒရိုင်ဘာ အဘိုးကြီးမှာ မကြာသေးမီကမှ နိုင်ငံတော်သမ္မတအဖြစ်မှ ပြည်သူ့သမ္မတအဖြစ်သို့ အရှင်လတ်လတ် ပြောင်းလဲရောက်ရှိသွားသူ မြန်မာသမ္မတကြီး ဦးသိန်းစိန်ပင် ဖြစ်တော့သည်။ လမ်းသွားလမ်းလာများက ၎င်းတို့နှစ်ဦးကို ဈေးသည်နှင့် တက္ကစီဒရိုင်ဘာဟုပင် ထင်နေကြပြီး မည်သူကမျှလည်း အရေးတစ်စိုက် မရှိလှပေ။ ယခုကဲ့သို့ လျှို့ဝှက်စွာ တွေ့ဆုံ နေရခြင်း၏ နောက်ကွယ်တွင် အကြောင်းအရင်းများစွာ ရှိနေလေသည်။

အိုဘားမားသည် ၎င်း၏ များပြားလှသော တာဝန်များကြောင့် အလွန်အမင်းစိတ်ညစ်ကာ အိမ်ဖြူတော်မှ မည်သူမျှမသိအောင် တိတ်တဆိတ် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဦးသိန်းစိန်ကမူ ရှေးမြန်မာရာဇဝင်ထဲက ဘုရင်များ ရုပ်ဖျက်၍ ပြည်သူအတွင်းအတွင်း ဆင်းကာ စနည်းနာသည်ကို အားကျ၍ တစ်ကြောင်း၊ ယခုတလော ပြည်သူတွေက ဦးသိန်းစိန် ပြည်သူ့သမ္မတကြီးဟု တဖွဖွ နှုတ်ကမချတမ်း တသသ လုပ်နေကြသည်ကို ကိုယ်တိုင် နားနှင့် ဆတ်ဆတ်ကြားလို၍ တစ်ကြောင်းတို့ကြောင့် မထင်မရှားရုပ်ဖျက်၍ တက္ကစီအစုတ်တစ်စင်းကိုမောင်းကာ အထက်ပါ လက်ဘက်ရည်ဆိုင်သို့ ရောက်ရှိ လာခြင်းဖြစ်သည်။ ထိုဆိုင်သို့ လာရခြင်းမှာလည်း အိုဘားမားက သူအလွန်အမင်း စိတ်ညစ်နေကြောင်း၊ ဘယ်သူမှ မသိအောင် မြန်မာနိုင်ငံတွင် တစ်ရက်တန်သည် နှစ်ရက်တန်သည် လာရောက်လည်ပတ်လိုကြောင်း ဦးသိန်းစိန်ကို ဖုန်းဆက်ပြီး နှစ်ကိုယ်ကြား ပြောကြားရာမှ ဦးသိန်းစိန်မှလည်း ကျွန်ုပ်လည်း သာမန်အရပ်သားအသွင်ဖြင့် အပြင်ထွက်၍ စနည်းနာရန် စဉ်းစားနေကြောင်း အကယ်၍ အဆွေတော် အိုဘားမားအနေဖြင့် ကျွန်ုပ်နှင့်အတူ စနည်းနာထွက်၍ ပြည်သူကြားထဲဆင်းပါက အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံကိုရလိမ့်မည်ဖြစ်ကြောင်း အဆွယ်ကောင်း၍ အိုဘားမားကလည်း လာခဲ့ပါမည်ဟု ကတိခံကာ မထင်မရှားရောက်ရှိလာပြီး ထိုလဘက်ရည်ဆိုင်တွင် ချိန်းဆိုသောကြောင့် ဦးသိန်းစိန်လည်း တက္ကစီအစုတ်မောင်းကာရောက်လာရခြင်း ဖြစ်သည်။ အိမ်ဖြူတော်နှင့် နေပြည်တော်ရှိ သမ္မတအိမ်တော်မှ ရုံးအဖွဲ့ အသီးသီးမှာမူ သူတို့၏ သမ္မတများ ရုတ်တရက်ပျောက်ခြင်းမလှ ပျောက်သွား၍ ခေါင်းမီး တောက်လျှက် ရှိကာ မီဒီယာများနှင့် လူထုကို အသိမပေးဘဲ အပူတပြင်း ကြိတ်၍ ရှာဖွေနေကြလေသည်။

“ခင်ဗျား လာမှ လာပါ့မလားလို့ဗျာ၊ မလာရင်တော့ ကွိုင်ပဲ၊ ကျုပ်လည်း ဗမာစကားဆိုလို့ ချိုဆိမ့်တစ်ခွက်၊ ဘူးသီးကြော်တစ်ပွဲ၊ ဘယ်လောက်လဲ ဆိုတာလောက်ပဲ အမြန်သင်ပြီး လာခဲ့ရတာ” ဟု အိုဘားမားက ရယ်ရယ်မောမော ပြောလိုက်သည်။

“လာမှာပါအဆွေတော်ရ၊ ကျုပ်က ခင်ဗျားထက် ထွက်ရတာခက်တယ်၊ ကျုပ်တို့နိုင်ငံ လူကြီးဆို အသားကုန်လွှတ်ဖားတာဆိုတော့ ကျုပ်မှာ အိမ်သာတက်တာတောင် သမ္မတကြီး ဘာလုပ်ပေးရမလဲဆိုပြီး လိုက်လိုက်မေးနေလို့ လစ်ထွက်ရတာ ခက်နေတာ၊ နေပြည်တော်နဲ့ ရန်ကုန်လမ်း တလျှောက်က စစ်ဆေးရေးဂိတ်တွေကလည်းများတော့ ကျုပ်မှန်းမသိအောင် တော်တော်ကို စွန့်စားပြီးထွက်လာရတာလေ၊ ဒါကြောင့် နဲနဲလေး နောက်ကျ နေတာ” ဟု ဦးသိန်းစိန်က ပြန်ပြောလိုက်သည်။ တဆက်တည်းမှာပင်

“ကဲ…လင်းစမ်းပါဦး အဆွေတော်ရ၊ ဒီလောက်ဒိတ်ဒိတ်ကျဲ နိုင်ငံကြီးရဲ့ သမ္မတလုပ်နေပြီး ဘာတွေညစ်စရာ ရှိနေလို့တုန်း၊ ခင်ဗျား တို့ဆီမှာ လူသား အရင်းအမြစ်ကလည်းပေါတော့ အလုပ်ပိတယ်ဆိုတာ မဖြစ်နိုင်ပါဘူးလေ၊ ကျုပ်မှာသာ ငတုံးတသိုက်နဲ့ အလုပ်လုပ်နေရတာ ဖင်ဆောင့်ငိုချင်စိတ် ပေါက်တာပဲ” ဟု တဆက်တည်း အိုဘားမားကို မေးလိုက်သည်။

“မထင်ပါနဲ့ဗျာ၊ ကျုပ်တို့ဆီကအဖြူကောင်တွေလည်း တော်လွန်းလို့ ခက်နေတာဗျ၊ အခုကျုပ်မှာ နိုင်ငံခြားရေး၊ စီးပွားရေး အဲ့ဒါတွေနဲ့ ပတ်သက်လို့ ခက်ခဲနေတာတွေ အများကြီးပဲ၊ အခုလောလောဆယ် ပါလက်စတိုင်းက လွတ်လပ်ရေးကြေငြာမယ့် ကိစ္စဗျာ၊ အမှန်ကတော့ ပေးသင့်တယ်၊ ဒါပေမယ့် ကျုပ်တို့မှာ အစဉ်အလာအရကိုက ဂျူးတွေအတွက် ကြည့်ပေးရမယ့် ဝတ္တရားကရှိလေတော့ ထုံးစံအရ အစ္စရေးဘက်ကနေ ကာကွယ် ပေးရတာပေါ့ဗျာ၊ တကယ်တော့ ကျုပ်က နိုဗယ်ငြိမ်းချမ်းရေးဆုရလေ ဒီလိုပြဿနာတွေ၊ မတရားတာတွေ ဘယ်ဖြစ်ချင်ပါ့မလဲ၊ ဒါပေမယ့် အစဉ်အလာဆိုတာကြီးက ဖောက်ထွက်ဖို့ ခက်နေတယ်၊ ဒါက လောလောဆယ်ဖြစ်နေတာ တစ်ချက်ဗျ”

“အေးဗျာ၊ ကျုပ်တို့ကတော့ သူများကြားဝင်ပြီး ရှင်းပေးဖို့မပြောနဲ့၊ ကိုယ့်ပြည်တွင်းရေးနဲ့ကိုယ်တောင် တိုင်ပတ်နေတာ၊ အစဉ်အလာဆိုတာကြီး ဖောက်ထွက်ဖို့ခက်တယ်ဆိုတာတော့ ကျုပ်လဲလက်ခံတယ်၊ ကျုပ်တို့ မြန်မာစကားပုံမှာ ရှိတယ်၊ ထိုင်နေရင်းအကောင်းသား ထသွားမှကျိုးမှန်းသိ ဆိုသလို ခေတ်ဟောင်းမှာ ကျန်ခဲ့ချင်သူတွေက အများသားဗျ၊ ဒါကလဲ စနစ်ပြောင်းရင် အရင်က အချောင်ရနေတဲ့ကောင်တွေက ကျိုးမှာ ကြောက်နေလို့ပါ၊ ကျုပ်လဲ ကျုပ်နိုင်ငံကို ပြောင်းလဲချင်သပေါ့ဗျာ၊ ဒါပေမယ့် မပြောင်းချင်တဲ့ကောင်တွေကြောင့် ခက်နေတယ်၊ အတူတူပါပဲ”

“မှန်တယ်၊ ကျွန်တော့် အစိုးရအဖွဲ့ထဲမှာကို ရှိနေတယ်၊ ပြောရရင် ဗျူရိုကရက်ဆန်တဲ့ ကောင်တွေကြောင့်ပေါ့၊ တခါတလေ အပြောင်းအလဲ ကောင်းကို ဆောင်ကြဉ်းဖို့ထက် သူတို့ရဲ့ ဦးနှောက်ထဲမှာ သံမှိုစွဲနေတဲ့ ကိစ္စတွေကြောင့် ခက်နေတာဗျ၊ ဥပမာ အရှေ့အလယ်ပိုင်းကိစ္စဆိုရင် သူတို့ကြောင့် ခက်နေတယ်၊ သူတို့ကပဲ နှောင့်နှေးကြန့်ကြာအောင် လုပ်နေတာဗျ၊ ချမယ်ဆိုတဲ့ကောင်းဘွိုင်တွေချည်းပဲ၊ ကျုပ်မှာက အရင်သမ္မတ ပေးသွားတဲ့ ဆိုးမွေကြီးကို ပိုက်ထားရသလို ဖြစ်နေတယ်”

“ဖြတ်ပြောလိုက်ဦးမယ်၊ ကျုပ်လဲဘာထူးသလဲ ဦးနေဝင်းကထားပါတော့၊ ဦးသန်းရွှေ ၂၃နှစ်လောက် ရှုပ်သွားတဲ့ အရှုပ်ထုပ်ကြီးကို ဖြည်ဖို့ ခေါင်းကြိမ်းနေရတယ်၊ ကြိုးစားပြီးဖြည်မယ်ဆိုရင်တောင် နှောင့်ယှက်ချင်တဲ့ကောင်တွေက အများသား၊ ခင်ဗျားတို့ကမှ သမ္မတနဲ့ အတိုက်အခံက တစ်ပါတီစီကွဲနေလို့၊ ကျုပ်မှာက ကိုယ့်ပါတီကကောင်တွေတောင် ကိုယ်ပြန်မထိန်းနိုင်ဘူး၊ ပြည်သူအတွက် တစ်ခုခု ကောင်းတာလုပ်မယ်ဆိုရင်တောင် ဒီကောင်တွေကပဲ ထထကန့်ကွက် နေတော့ ဘာလုပ်ရမှန်းကိုမသိဘူး၊ တစ်ခါတစ်ခါတော့ ငါသမ္မတ ငါလုပ်ချင်ရာ လုပ်မယ်ဆိုပြီး ထကိုင်လိုက်ရင် ဖြစ်ပါ တယ်၊ ဒါပေမယ့် ပြည်သူတွေက လွှတ်တော်ကို အယုံအကြည်မဲ့သွားမှာစိုးလို့ပါ၊ ကိုရွှေမန်းကလည်း လွှတ်တော်ကို အတော်တည်ဆောက်ယူ ထားရတာလေ၊ ဒါပေမယ့် တော်သေးတယ် ပြည်သူကတော့ လွှတ်တော်ထက် ကျုပ်တို့ ကိုရွှေမန်းတို့ကို နားလည်မှု ပေးလာကြတယ်၊ ဒါပေမယ့် လွှတ်တော်ထဲက ကောင်တွေ၊ အစိုးရအဖွဲ့ထဲက ရှစ်လုံးတို့၊ ကျော် ဆန်းတို့လိုကောင်တွေ ကန့်လန့်တိုက်နေသေးတယ်”

“အင်း ကျွန်တော်တို့ အမေရိကားမှတော့ နိုင်ငံခြားရေးနဲ့ ပတ်သက်ရင် ဂိုဏ်းလေးဂိုဏ်းပေါ့ဗျာ၊ ဂျက်ဆင်ဂိုဏ်း၊ ဟာမီတန်ဂိုဏ်း၊ ဂျက်ဖာဆင် ဂိုဏ်းနဲ့ ဝီလ်ဆင်ဂိုဏ်းပေါ့၊ ကျုပ်ကတော့ ဂျက်ဖာဆင်ဂိုဏ်းသားဆိုပါတော့ဗျာ၊ ဘယ်သူနဲ့မှ သိပ်ပြဿနာမတက်ချင်သလို ယူအက်စ်ကို ကမ္ဘာ့ရေးရာ တွေမှာ ဝန်နည်းနည်းပဲ ထမ်းစေချင်တယ်၊ ငပွကြီး မဖြစ်ချင်ဘူး၊ အစ္စရေး-ပါလက်စတိုင်းကိစ္စကိုလည်း အရှိအတိုင်းလက်ခံဖို့ ကြိုးစားတယ်၊ ရုရှားနဲ့ တရုတ်ကလည်း ပြဿနာမဟုတ်ပါဘူး၊ စစ်ပွဲတွေလည်း ရပ်ပစ်ချင်တယ်၊ လစ်ဗျားကိစ္စဆိုကြည့်လေ ကျုပ် တာဝန်အများကြီးယူမထားဘူး၊ ခင်ဗျားတို့ မြန်မာ နိုင်ငံနဲ့လည်း ထိတွေ့ဆက်ဆံချင်ပါတယ်၊ ကျွန်တော်က အားလုံး သက်တောင့် သကသာနဲ့ ကျေနပ်နိုင်မယ့် ပုံစံကို ရွေး ချယ်ချင်တယ်”

“ကျွန်တော်လဲ အားလုံးသက်တောင့်သက်သာ ဖြစ်မယ့်ပုံစံကို လိုချင်ပါတယ်၊ ကိုယ်က အကောင်ပဲဆိုပြီး သွားထောင်လို့ မရဘူးဗျ၊ အခု ကျွန်တော် ပြည်တွင်းစစ်တွေ ရပ်ချင်တယ်၊ ကြိုးစားပေမယ့် အရင်အစိုးရဟောင်းလက်ထက်က တရုတ်ကို သဘာဝဓာတ်ငွေ့ ပို့ဖို့လုပ်ထားတဲ့ စီမံကိန်းကြောင့် ပိုက်လိုင်းတလျှောက်မှာရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိတိုက်နေရတယ်၊ တရုတ်အားကိုးနဲ့ လူပါးဝနေတဲ့ ဝတွေကျတော့ နယ်ခြားစောင့်တပ် ဖွဲ့ခိုင်းလို့ မရဘူးဖြစ်နေတယ်၊ အခု မြစ်ဆုံကိစ္စတောင် တိုင်းရင်းသားပြည်သူအားလုံးအတွက် စွန့်စွန့်စားစား ရပ်လိုက်ရတာပဲ၊ ဒါတောင် နောက်အစိုးရ လက်ထက် ဘယ်လိုလာဦးမလဲမသိဘူး၊ ခင်ဗျားတို့ အားပေးမှုလည်း လိုပါတယ်ဗျာ၊ ကျွန်တော်တို့အနေနဲ့ တရုတ်ကို တန်ပြန်ဖို့ လက်သီးထိုးကောင်းမယ့် မိတ်ဆွေတစ်ယောက်တော့ လိုတယ်လေ၊ မစုကြည်နဲ့ ကျွန်တော် ရန်သူမဖြစ်ချင်ဘူး၊ သူ့မှာ သြဇာ ရှိတယ်၊ ကျွန်တော်တို့မှာ ပါဝါရှိတယ်၊ တကယ်နိုင်ငံ ကောင်းမယ့် အလုပ်ကြီးဗျာ၊ ဒါကြောင့် ကျွန်တော်က မစုကြည်နဲ့ ရင်းနှီးမှုရှိအောင် ကြိုးစားတယ်၊ ဒါကို မကြိုက်တဲ့သူကလည်း မကြိုက်ဘူးဗျ”

“ဝီလ်ဆင်ဝါဒအရဆိုရင်တော့ ကမ္ဘာမှာ ဒီမိုကရေစီ ပြန့်ပွားရေးဆိုတာမျိုးကို ကျွန်တော်အားပေးပါတယ်၊ ဒါပေမယ့် အီရတ်ကိစ္စမှာလို အင်အားသုံး ဖြေရှင်းတာမျိုးတော့ ကျွန်တော် တယ်မကြိုက်လှဘူး၊ ကျွန်တော် ရာထူးယူပြီးနောက်ပိုင်းမှာ အီရတ်နဲ့ အာဖဂန်ကို စစ်တပ်တွေ ထပ်ပို့ခဲ့တယ်၊ ဒါပေမယ့် ပြန်ဆုတ်ရမယ့် ရက်အကန့်အသတ်ကိုလည်း တစ်ခါတည်းသတ်မှတ်ပေးလိုက်တယ်၊ တစ်ချက်က အမေရိကန်ပြည်သူတွေရဲ့ အခွန်အခတွေကို စစ်တိုက်ပြီး မဖြုန်းချင်တာရယ်၊ အရှေ့အလယ်ပိုင်းနဲ့ အစ္စလာမ်ဟာ အမေရိကားရဲ့ ရန်သူမဟုတ်ဘူး ဆိုတာကိုပြဖို့ ရည်ရွယ်တာကြောင့်ပါ၊ ခင်ဗျားတို့နဲ့လည်း ကျွန်တော် ဆက်ဆံဖို့ ကြိုးစားတယ်ဆိုတာ ဒီသဘောပါပဲ၊ ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံဟာ ဒီမိုကရေစီ မဖြစ်မနေ ဖြစ်ရမယ်လို့တော့ မဆိုလိုပါဘူး၊ ဒါပေမယ့် တစ်ဖက်မှာလည်း အမေရိကားရဲ့ စံနှုန်းတွေအရ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ သံတမန်နည်းအရ ခင်ဗျားတို့ကို ဖိအားပေးရတာ ရှိပါတယ်။ ဒါကလည်း မပူပါနဲ့ ခင်ဗျားတို့ပြောင်းလဲလာမှု တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ဘက်က အဆင်သင့်ပါ၊ အခု ခင်ဗျားတို့ကို ပိတ်ဆို့မှု သက်တမ်း တစ်နှစ်တိုးတာဟာ ပြဿနာမဟုတ်ပါဘူး၊ ဒီတစ်နှစ်အတွင်း ၂၀၁၅ AFTA မတိုင်မီအတွင်း ခင်ဗျားတို့နဲ့ တိုက်ရိုက်ထိတွေ့နိုင်ပါလိမ့်မယ်၊ တရုတ်ရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်”

“အင်း ကျွန်တော်တို့အနေအထားအရ တရုတ်ကိုပဲ လုံးလုံးမှီခိုခဲ့ရတာဆိုတော့ အချို့ကိစ္စတွေမှာ မထွေးနိုင်မအံနိုင် ဖြစ်နေတာတွေလည်း ရှိပါတယ်၊ ကျုပ်ကတော့ရှင်းတယ်၊ ဘာမှ စားမထားတော့ ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး၊ တရုတ်ကို ကျွန်တော်ရန်လိုတဲ့ ကိစ္စရပ်မျိုး မရှိပါဘူး၊ ဒါပေမယ့် တဖြည်းဖြည်း လွှမ်းမိုးလာတာကိုတော့ power balance လုပ်နိုင်ဖို့ လိုပါလိမ့်မယ်၊ စီးပွားရေးအရ သူတို့ကို အားကိုးရမှာ ဖြစ်ပေမယ့် လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ခင်ဗျားလိုမိတ်ဆွေမျိုးလည်း လိုအပ်ပါတယ်၊ အာဆီယံဥက္ကဋ္ဌ ရာထူးယူတယ်ဆိုတာကလည်း ဒီအကြောင်းအရင်း တစ်ချက် ပါဦးမယ်၊ တရုတ်ကို တန်ပြန်ဖို့ အာဆီယံနိုင်ငံတွေ စုပြီးတန်ပြန်ရမယ်ဗျ”

“ကျွန်တော့်အနေနဲ့ကလည်း တရုတ်ပြည်နဲ့ ထိပ်တိုင်ရင်ဆိုင်ဖို့ စိတ်ကူးမရှိပါဘူး၊ ရုရှားကြီးနဲ့လည်း ဒီလိုပါပဲ၊ ခင်ဗျားတို့ရဲ့ ကပ္ပလီ ပင်လယ်ပြင်မှာ ကျုပ်တို့ဆီက လေယာဉ်တင်သင်္ဘောထားမယ်ဆိုရင် တရုတ်ပြည်က မျက်စိနောက်မှာကတော့ အသေချာပါပဲ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ Realist approach ကနေကြည့်ရင်တော့ ကျွန်တော်တို့လည်း တရုတ်ကို တန်ပြန်အင်အားညှိဖို့ ကြိုးစားရမှာပါပဲ၊ ဒါပေမယ့် စစ်အေးခေတ် ပုံစံမျိုးနဲ့တော့ မဟုတ်ဘူး၊ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ စစ်ရေးအရ ပြန်လည်ဆက်ဆံတာမျိုးဟာ တရုတ်ကို ခြိမ်းခြောက်တဲ့ ပုံစံမျိုး သွားလုပ်လို့မဖြစ်ဘူး၊ ဒါပေမယ့် အမေရိကားအနေနဲ့ ခင်ဗျားတို့ကို တရုတ်ရဲ့ လွှမ်းမိုးမှုကနေ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်”

“ ဆိုစမ်းပါဦးဗျ၊ ဘယ်လိုကိစ္စမျိုးတွေလဲ”

အိုဘားမားက ရေနွေးတကြိုက် ကြိုက်လိုက်သည်။ ဦးသိန်းစိန်က နောက်ထပ်ရေနွေးတစ်အိုးနှင့် အကြော်တစ်ပွဲ ထပ်မှာလိုက်သည်။ သူတို့နှစ်ဦးသည် အခြားစားပွဲဝိုင်းများနှင့်ဝေးသော သစ်ပင်အောက်ရှိ စားပွဲတစ်လုံးတွင် ထိုင်နေကြခြင်းဖြစ်၍ မည်သူကမျှ သူတို့ပြောစကားကို မကြားပေ။ ရန်ကုန်မြို့၏ ညနေခင်းသည် အုံ့ပျပျရှိနေသော ကောင်းကင်အောက်တွင် ဘတ်စ်ကားမှ စပါယ်ယာများ၏ ခေါ်သံများ၊ ပုရွက်ဆိတ်အုံလို လူတွေ ကျပ်ကျပ် ညပ်ညပ် တိုးဝှေ့နေခြင်းများ ဖြင့် ပုံမှန်အတိုင်း အသက်ဝင်လျက်ရှိသည်။

“Soft Power ဗျ” အိုဘားမားက ရေနွေးခွက်ကို စားပွဲပေါ်ပြန်ချရင်း ဦးသိန်းစိန်ကို တည့်တည့်ကြည့်၍ ပြောလိုက်သည်။

“ Soft Power” “ Soft Power” ဦးသိန်းစိန်က အိုဘားမားပြောသည့်အတိုင်း တစ်လုံးချင်း ရေရွတ်လိုက်သည်။

(ဆက်လက်ဖော်ပြပါမည်)
Yangon Chronicle

0 မန္တလေးတိုင်း၊အမရပူရမြို့နယ်ကျန်တန်းရပ်တွင် အစာ အဆိပ်သင့်မှု ဖြစ်ပွား ။




မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် ကျန်တန်းရပ်တွင် အစာ အဆိပ် သင့်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည့် အတွက် လူမှုအဖွဲ့အစည်း အသီးသီး မှ အရေးပေါ် ဆောင်ရွက်ပေးခဲ့ရပါတယ်။

ဖြစ်ပွားပုံမှာ အမရပူရမြို့နယ်၊ ကျန်တန်းရပ်ရှိ ပွဲတော်ကျောင်းတိုက်တွင် ပြုလုပ်သော အလှူတစ်ခုတွင် နတ်သုဓ္ဒာထမင်း၊ ရေခဲမုန့်၊ ကြက်သားဟင်း တို့ ဖြင့် ဧည့်ခံရာ အလှူတွင် လာရောက် စားသုံးအချို့မှ စ၍ အော့အန်မှုဖြစ်ပွားခဲ့ရာ တစ်စ တစ်စ များပြာလာပြီး အရေးပေါ် အခြေအနေသို ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြစ်ပွားရာကျောင်းတွင် ဖွင့်လှစ်ထားသော အမရသုခ အခမဲ့ဆေးခန်း တစ်ခုဖြင့် မလုံလောက်၍ ချမ်းမြသုခ၊မြင့်မြတ်သူ၊ရဲရင့်နှလုံးသား၊ဘဝအလင်း၊သဒ္ဒါ ၊စိတ္တသုခ၊မြင့်မြတ်ဧရာဝတီ၊ နှလုံးလှဖောင်ဒေးရှင်း၊နှင့် စိမ်းရောင်စို အစရှိသည့် လူမှုကူညီရေး အသင်းအဖွဲ့များ ၊ပရဟိတအဖွဲ့များမှ ဝိုင်းဝန်း ဆောင်ရွက် ကုသပေးနေကြောင်းသိရပါသည်။ ထို့ပြင် အချို့လူနာများအား ကမ်းနားဆေးရုံသို့လည်းကောင်း ပို့ဆောင်ထားပြီး မန္တလေးပြည်သူ့ဆေးရုံကြီး ဖျားနာဆောင်(၃)တွင်လည်း (၅၀)ဦးခန့် တက်ရောက်ကုသနေကြောင်း အမရသုခ အဖွဲ့ဝင်တစ်ဦးမှပြောပြသည်။

ပတ်ဝန်းကျင်ရေမှာ ဖြော်ပပါပုံအတိုင်း ညစ်ညမ်းနေပြီး အင်းအဖြစ် လေလံဆွဲထား၍ ရေထုတ်ခြင်းမရှိကြောင်း၊
သို့အတွက် အမှိုက်များနှင့်အတူ ရေပုတ်များဖြစ်နေကြောင်း ၊ထိုနေရာမှ ပေ၃၀ ခန်မှ ဘုံဘိုင်မှ ရေကို ရယူ ချက်ပြုတ်ကြောင်းသိရှိရပြီး၊ဖြစ်စဉ်ကြောင့် ရေကို ဓါတ်ခွဲစမ်းသပ်ရန် သက်ဆိုင်ရာမှ ယူသွားကြောင်း ပြောပြသည်။

လတ်တစ်လော တွင်မှု သက်ဆိုင်ရာ ရဲစခန်းမှ အလှူရှင် လင်မယားအား ခေါ်ယူစစ်ဆေးနေကြောင်းသိရသည်။

ညနေ၅း၃၀ အချိန်ထိ ကောက်ခံ ရရှိသော စာရင်း အရ ၃၈၀ -ဦး ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

ကိုဝိုင်ဝိုင်ကေ

Friday, October 7, 2011

0 ဗျူးတီးစလွန်းလိုင်စင်ဖြင့်အလှပြင်ဆိုင်ဖွင့်လှစ်ထားသောအပစ်မဲ့ပြည်သူ(၇)ဦးမတရားသဖြင့် ဖမ်းဆီးအပြစ်ပေးခံရခြင်း


နေပြည်တော်ခရိုင်ပျဉ်းမနားမြို့

နေပြည်တော်ခရိုင်ပျဉ်းမနားမြို့၊ပေါင်းလောင်း(၂)ရပ်ကွက်မေတ္တာလမ်း၊ခြံအမှတ်(15/1080) နေအိမ်တွင် (အရိုင်းပန်း)အမည်ဖြင့်ဗျူးတီးစလွန်းဖွင့်ထားသောဆိုင်တွင်မန်နေဂျာ လင်မယားနှစ်ယောက် ဦးစီးပြီး ထမင်းချက်မိန်းခလေး(၁)ယောက်ခြံစောင့်ယောက်ကျားလေး(၁)ဦးနှင့်အလှပြင်ဆင်ပေးသူမိန်းခလေး (၃)ဦး ၄င်းတို့မှာ နိုင်ငံသားစီစစ်ရေးကဒ်ပြား ကိုင်ဆောင်ပြီး ဧည့်စာရင်းတိုင်ကြားထားပြီးနေထိုင်ကြပါသည်။

ဆိုင်အတွင်း၌လည်း ဥပဒေနှင့် မလွတ်ကင်းသည့် အရက်၊ဘီယာ စသည့်ပစ္စည်းများ ရောင်းချခြင်းမရှိပါ။ အလှပြင်ဆိုင်သုံး ခေါင်းလျှော် ဆံပင်ညှပ် ဘေစင် (၅) လုံး၊ ဆံပင်ပေါင်းစက် ၊ ဆံပင်ဆွဲစက် တို့နှင့် အတူ အလှပြင်ဆိုင်တွင် အသုံးပြုသည့်  ပစ္စည်းမှ လွဲ၍ မည်သည့် ပစ္စည်းမှ မရှိပါ၊

သို့ပါလျှက် (၁၅-၉-၂၀၁၁) ည ၁၀ နာရီ မိနစ် ၂၀ အကျော်ခန့်တွင့် ပျဉ်းမနားရဲစခန်းမှ ဒု! ရဲအုပ်ရာဇာဟိန်း ဆိုသူ ဦးစီး၍ ၀န်ထမ်းတစ်ယောက်မှမကျန် ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ဆိုင်သုံးပစ္စည်းဖြစ်သော ခေါင်းလျှော်ဘေစင် ၂ လုံးနှင့် ခြံစောင် ၁ ထည် ခေါင်းအုံးသုံးလုံးကို ယူသွားပါသည်။

ရပ်ကွက်လူကြီးများမှ ရိုးသားသည်ကို သိ၍ ဖမ်းဆီး၍ မသင့်ကြောင်းကို တောင်းပန် ပြောကြားသော်လည်း လာဖမ်းသော ရဲအများစုမှာ အရက်သောက် မူးယစ်နေသဖြင့် အနှိပ်ခန်းပြုလုပ်သည်ဟု မတရားစွပ်စွဲကာ အပြစ်မဲ့ပြည်သူ (၇) ဦးအား ဖမ်းဆီးသွားပါသည်။ အမှုအား လေ့လာ လိုက်သည့်အခါ တရားခွင့် ရင်ဆိုင်လျှင် အနည်းဆုံး (၁ )လခွဲခန့် ကြာနိုင်ပြီး ၊ ၀န်ခံလျှင် ထောင်ဒဏ် (၁)လသာ ကျနိုင်ကြောင်း ဥပဒေ၌ နှံ့စပ်ကျွမ်းကျင်သော သူများနှင့် ဆွေးနွေးသိရှိရပါသည်။

ထိုနောက် အလုပ်သမားများ အပြစ်မရှိသော်လည်း အပြစ်ရှိသည်ဟု ၀န်ခံလိုက်၍ (၁၆-၉-၂၀၁၁ ) နေ့တွင် ထောင်တစ်လ ကျခဲ့ပြီး ၊ (၁၇-၉-၂၀၁၁) တွင် ရမည်းသင်းထောင်သို့ အပို့ခံလိုက်ရသည်။

ဒုရဲအုပ်ရာဇာဟိန်းမှာ ရဲအရာရှိတစ်ယောက် ဖြစ်သော် လည်း ရာထူးနှင့် လုပ်ပိုင်ခွင့်များကို အသုံးချ၍ ၄င်းမိသားစု စီးပွားရေးများကို ပျဉ်မနားမြို့နယ် ၊ မောင်ခင်လမ်း ၊ ရွှေချီရပ်နေ သံလမ်း ၁ ဂိတ်အနီး တရားမ၀င် စက်သုံးဆီရောင်းဝယ်ခြင်း၊ ဆင်ဆာမဲ့ ဗွီဒီယိုခွေများရောင်းခြင်း စသည့် ဥပဒေ နှင့် ညိစွန်းသော လုပ်ငန်းများကို လုပ်ကိုင်လျှက် ရှိပါသည်။

ပေးပို့သော ဟိန်းထက်ကျော်အားကျေးဇူးတင်ရှိပါသည်..

0 နေပြည်တော်မှာပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲတွင် ဂျာမနီပြန်များ၏ စာတမ်းဖတ်ခွင့်ပိတ်ပင်ခံရ


အကျယ်ကြည့်ရန်ပုံကိုနှိပ်ပါ..

လွန်ခဲ့တဲ့ တစ်ပတ်က တက္ကသိုလ်တွေ၊ အစိုးရဌာနတွေက ဂျာမနီမှာ ပညာသွားသင်ခဲ့ကြတဲ့ ပညာရှင်တွေ အရာရှိတွေ ပေါင်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အကူအညီနဲ့ စာတမ်းဖတ်ပွဲ ဆွေးနွေးပွဲတွေ နေပြည်တော် မှာလုပ်ခဲ့ကြပါတယ်။

တက္ကသိုလ်တွေမှာ ပါမောက္ခတွေ၊ ကထိက တွေဖြစ်နေကြပြီဖြစ်တဲ့ ဂျာမနီပြန် ဒေါက်တာတွေ တခြား ဆရာ တွေ က တက်တက်ကြွကြွ စာတမ်းတွေဖတ်ဖို့ တင်ခဲ့ကြပြီး တကယ် စာတမ်းဖတ်တော့မယ် ဆိုမှ သွားဖတ် ခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။ နောက် ရက်ပိုင်းအတွင်းမှာ အောက်ပါ အမိန့်စာ တစ်စောင် အောက်မြန်မာပြည် အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လက်မှတ်နဲ့ ထွက်လာပါတော့တယ်။

စာကတော့ ရှင်းပါတယ်။ ပညာရေး အောက်ကလွဲပြီး ကျန်တဲ့ ဘယ် အဖွဲ့အစည်း၊ ဘယ်ကျောင်းနဲ့မှ မပတ်သက် ရဘူး လို့ဆိုတော့ မြန်မာပြည်ထဲမှာရှိနေတဲ့ အသင်းအဖွဲ့တွေက ပြည်ထဲရေးဝန်ကြီးဌာန မှာ မှတ်ပုံတင် ရမှာလား၊ ပညာရေးမှာ မှတ်ပုံတင်ရမှာလား စဉ်းစားစရာဖြစ်နေပါတယ်။ ကျန်တဲ့ ဌာနတွေက အသိအမှတ်ပြုထားပြီး ပေါင်းစပ်ညှိနှိုင်းလုပ်နေတဲ့ ကျောင်းတွေ ဥပမာ- MCC, KMD လို ကအစ၊ TECH တို့ Chindwin College တို့လို နည်းပညာကျောင်းတွေ၊ ပညာရှင် အဖွဲ့အစည်းကြီးတွေဖြစ်တဲ့ ဆရာဝန်အသင်း၊ ၀ါဏိဇ အသင်း၊ အင်ဂျင်နီယာအသင်း စတဲ့ အဖွဲ့တွေကို ပညာရေးက အသိအမှတ်မပြုနိုင်ဘူး ဆိုတဲ့ သဘော ဖြစ်ပါတယ်။ NGO တွေ ကတော့ ပိုဆိုးပြီပေါ့။

အစိုးရသစ်တက်ပြီး သမ္မတက လူထုလူတန်းစားအဖွဲ့တွေကို အားပေး။ ဒုသမ္မတ စိုင်းမောက်ခမ်းက ပညာရေး နိမ့်ကျနေလို့ လွတ်လပ်တဲ့ကျောင်းတွေ ထောင်ဖို့ အားပေးနေတဲ့ အချိန်မှာ ခုလို တက္ကသိုလ်တွေကို ထိမ်းချုပ် ဖို့ ကို အသစ်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၀န်ကြီး၊ ဒုဝန်ကြီးတွေ နောက်ကွယ်ကနေ ခြေကန် နောက်ပြန် ဆွဲ တဲ့သဘောပါပဲ။ အောက်မြန်မာပြည်ညွှန်ချုပ် ဖြစ်တဲ့ ဦးဇော်ဌေး နဲ့ ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း တို့ဟာ ၀န်ကြီးဟောင်း ဒေါက်တာချမ်းငြိမ်းရဲ့ လက်စွဲ တွေဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ် ကာ အတွင်း စစ်တပ်က ခန့်တဲ့ ဦးပန်းအောင်၊ ဦးသန်းအောင် တို့ထက် လက်စောင်းထက်စွာ ပညာရေးဌာနကြီး ကို ဖျက်ဆီးခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

ခုလည်း ဆောက်လုပ်ရေး က လက်ခံပြီး နိုင်ငံခြားရေးရာ မူဝါဒကော်မတီ (FAPC) အစည်းအဝေးက သဘောတူလို့ နေပြည်တော်မှာ လုပ်ရတဲ့ စာတမ်းဖတ်ပွဲ ကို တောင် မင်းတို့ သွားမဖတ်ကြ နဲ့လို့ပြောတာဟာ ကြိုးနီစနစ်ကို အသက်သွင်းပြီး သမ္မတဦးသိန်းစိန်ရဲ့ နန်းတက်မိန့်ခွန်းကို ဆန့်ကျင် စိန်ခေါ် လိုက်ခြင်းဖြစ်ကြောင်းပါဗျာ။

ပေးပို့သော စောနောင်အားကျေးဇူးတင်ရှိပါသည်..

0 Generation Wave မျိုးဆက်သစ်လူငယ်များ၏ လေးနှစ်မြောက်မွေးနေ့



GENERATION WAVE ရယ်လို့  နာမည်ပေးဖို့  အိုင်ဒီယာပေးခဲ့တဲ့ထောင်ထဲက ကျွန်တော့်သူငယ်ချင်းကို သတိရတယ်။

မင်းတို့  မလွတ်သေးသမျှ အရင်အစိုးရနဲ့  ဒီအစိုးရ မတူဘူးလို့ ငါ မပြောနိုင်ဘူး။
အောင်မျိုးထွန်း

1 ကွယ်လွန်သွားခဲ့တဲ့ Apple ရဲ့ ဖန်ဆင်းရှင် Steve Jobsရဲ့ဘဝအတွေ့အကြုံ စကားလုံးများက အင်အားများ


၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား တွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံ စကားပြောခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျွန်တော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်း အရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်းသုံးပုဒ် ထဲပါ။

ပထမဆုံး ဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။ ကျွန်တော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ပါတယ်။ ကျွန်တော် ဘာကြောင့် ကျောင်းထွက်ခဲ့ရတယ် ထင်ပါသလဲ။

ဒီ ဇာတ်လမ်းက ကျွန်တော် မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျွန်တော့်ကို ကိုယ်ဝန် ရှိတဲ့ အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။ အဲဒါကြောင့်လည်း ကျွန်တော့ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တစ်ယောက်နဲ့ သူ့ဇနီးတို့က ကျွန်တော့ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော့်ကို "အူဝဲ"ဆိုပြီး မွေးလိုက်တဲ့ အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါတယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီး သန်းခေါင်မှာ မွေးစား မိဘလောင်း တန်းစီစာရင်းထဲက ကျွန်တော့မိဘများကို ဖုံးဆက်ခဲ့ပါတယ်။

"ဒီမှာ မမျှော်လင့်ဘဲ ယောက်ျားလေး တစ်ယောက် ရထားတယ်။ ယူမလား…" တဲ့။ မိဘများကလဲ "သိပ်ယူတာပေါ့…" တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျွန်တော့ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျွန်တော့ရဲ့ အဖေဟာလဲ အထက်တန်းကျောင်းတောင်မှ မအောင်တာကို ကျွန်တော့ မွေးမိခင်က သိသွားတာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက်မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျွန်တော့်ရဲ့ မိဘတွေက ကျွန်တော့ကို "တက္ကသိုလ် ထားပေးပါ့မယ်…" လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။

နောက် ၁၇ နှစ် အကြာမှာတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အဆင်အခြင် ကင်းမဲ့စွာနဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျွန်တော့ရဲ့ တတ္ကသိုလ်ပညာရေးအတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေ အားလုံးကို ကျွန်တော်သုံးမိရက်သား ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာ ရေးဟာ တကယ်ပေးရတာနဲ့ တန်တယ်လို့ ကျွန်တော် မထင်တော့ပါဘူး။ အဲဒီအချိန်က ကျွန်တော့မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျွန်တော့ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ်ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့ မရခဲ့ပါ။ ဒီတော့ ကျွန်တော်ဟာ မိဘတွေရဲ့ တစ်သက်စာစုငွေကို တက္ကသိုလ်မှာလာပြီး ဖြုံးနေတာပါဘဲ။


ဒါနဲ့ ကျွန်တော်လဲ တက္ကသိုလ်ကထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုပါ။ ကျောင်းက ထွက်လိုက်တာနဲ့ ချက်ချင်းဘဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာ မလိုတော့တာကြောင့် တက်ချင် စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသား လုပ်ခဲ့ပါတယ်။

ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျွန်တော့မှာ နေစရာ အခန်းမရှိတော့ပါဘူး။ဒီတော့ ကျွန်တော့် သူငယ်ချင်းတွေရဲ့အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကို လိုက်စုပြီး ပြန်အပ်လို့ရတဲ့ တစ်ပုလင်း ၅ ဆင့်ဆိုတဲ့ ပိုက်ဆံနဲ့ ဗိုက်ဖြည့်ရပါတယ်။ တနင်္ဂနွေနေ့ ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူဘုရားကျောင်းမှာ ထမင်းတနပ် အဝ သွားစားရပါတယ်။ စားလို့ အင်မတန်ကောင်းပါတယ်။ စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ် နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေးတစ်ခု ပေးပါရစေ။
အဲဒီ အချိန်က Reed College မှာရှိတဲ့ စာလုံးအလှရေးနည်း သင်တန်းဟာ တစ်နိုင်ငံလုံးမှာ အကောင်းဆုံး သင်တန်းပါ။ တက္ကသိုလ်နယ်မြေ တစ်ခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံးတွေနဲ့ ချယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီ ဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့တဲ့ ကျွန်တော်ဟာ စာလုံး အလှ ရေးနည်း သင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံးပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေ အကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတစ်လုံးနဲ့ တစ်လုံးကြားမှာ ဘယ်လို အနီး အဝေးခြားတယ်ဆိုတာ လေ့လာခဲ့ပါတယ်။ စာလုံးရေးနည်း ပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။

ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိဎ္ပံနည်းနဲ့ စူးစမ်းလို့ မရတဲ့ ပညာပါ။ ဒီပညာရပ်က ကျွန်တော့ကို ညှို့ယူ ဖမ်းစားခဲ့ပါတယ်။ ဒါတွေကို ကျွန်တော့်ဘဝမှာ ဘယ်လို လက်တွေ့ အသုံးဝင်မလဲဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀ နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ပါတယ်။ ဒီပညာရပ်ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှတွေ သုံးတဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျွန်တော် မတက်ခဲ့ရင် Macintosh ကွန်ပျုတာ မှာ အင်မတန် သေသပ်ပြီး အစိပ်အကျဲ အချိုးကျ လှပတဲ့ စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Mac က စာလုံးတွေကိုဘဲ ကူးချထားတာဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူး လို့တောင် ပြောကောင်း ပြောနိုင်ပါလိမ့်မယ်။

ကျွန်တော် ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာ မဟုတ်ပါ။ ဒီသင်တန်းကို ကျွန်တော် မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှ ရှိမှာပါ။ မှန်ပါတယ်။ ကျွန်တော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုး အကြောင်းတွေကို ဆက်စပ် ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ နောင် ၁၀ နှစ်ကြာအပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါတယ်။

ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေ ဘယ်လို ဆက်စပ်ပုံပေါ်လာမယ်ဆိုတာကို ကျွန်တော်တို့ မမြင်နိုင်ပါ။ နောက်ပြန် ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရ မောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေ ဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည် ထားရပါလိမ့်မယ်။ ဘွဲ့ရ မောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံ တယ်ဆိုတာ ယုံပါ။ ကံ၏ အကျိုးဆိုတာ ယုံပါ။ တစ်ခုခုကိုတော့ ယုံပါ။ ဒီ ယုံကြည်ချက်ကြောင့် ကျွန်တော် ဂျောက်ကျခဲ့ရတယ်ဆိုတာ ဘယ်တော့မှ မရှိခဲ့ပါ။ ကျွန်တော့ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီ ယုံကြည်ချက်ကြောင့်ပါဘဲ။

ကျွန်တော့ရဲ့ ဒုတိယ ဇာတ်လမ်းကတော့ အချစ်နဲ့ အရှုံး အကြောင်းပါ။ ကျွန်တော် ကံကောင်းခဲ့ပါတယ်။ ကျွန်တော် တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲဆိုတာ အသက်ငယ်ငယ်မှာ ရှာဖွေ တွေ့ရှိခဲ့တာပါ။ ကျွန်တော့ မိဘတွေရဲ့ ကားဂိုဒေါင်ထဲမှာ Apple ကို Woz နဲ့အတူ စတင် တည်ထောင်စဉ်က ကျွန်တော် အသက် ၂၀ ဘဲရှိပါသေးတယ်။ ကျွန်တော်တို့ ၂ ယောက် တကယ် အလုပ်ကြိုးစားခဲ့ကြတာပါ။ Apple ဟာ ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင်ထဲက ကျွန်တော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင်တန် ဝန်ထမ်း ၄ ထောင်ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက်တင်ပြီး တစ်နှစ်လောက် ကျွန်တော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။ အဲဒီမှာ– ကျွန်တော် အလုပ်က အထုတ်ခံရပါတယ်။ ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လို လုပ်ပြီး အထုတ်ခံ ရနိုင်ပါ့မလဲ။ အဲ– ဇာတ်လမ်း ကတော့ ဒီလိုပါ။

Apple ကုမ္ပဏီကြီး ပွါးလာတဲ့အချိန်မှာ ကျွန်တော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ် ခန့်ခဲ့ကြပါတယ်။ ပထမ တစ်နှစ်လောက်ကတော့ အတော်လေး အဆင်ပြေပါတယ်။ ဒါပေမဲ့ တဖြေးဖြေးနဲ့ အနာဂါတ် အလား အလာတွေကို အမြင် မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အကြီးအကျယ် ကတောက် ကဆ ဖြစ်တဲ့ အထိပါဘဲ။ ဒီ ကတောက်ကဆ ဖြစ်တဲ့အခါမှာ ဒါရိုက်တာအဖွဲ့က သူ့ဖက်က ရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀ မှာ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ တကဲ့ကို ဟိုးလေးတကျော်ဖြစ်ပြီး အလုပ်ထုတ် ခံရတာပါ။ ကျွန်တော့ရဲ့ ဘဝတစ်ခုလုံးကို ပုံပြီး စိုက်လိုက်မတ်တပ် လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့တာပါ။ ဒါဟာ ကျွန်တော့အတွက် အင်မတန် တုန်လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။

လပေါင်း အတော်ကြာ တကဲ့ကို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်းကြီးများ အပေါ်မှာ ကျွန်တော် တာဝန်မကျေဘူးလို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်း ပေးခဲ့တဲ့ တာဝန်ကို ပေါ့လျော့မိတဲ့၊ လက်ဆင့်ကမ်း ပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျ ခဲ့တဲ့သူလို ခံစားရတာပါ။ ကျွန်တော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကြောင့် ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီး တောင်းပန်ခဲ့ပါတယ်။ ကျွန်တော့ ကျဆုံးခန်းဟာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေးသွားဖို့အထိတောင် ကျွန်တော် စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အချက်တစ်ချက်ကို ကျွန်တော် တဖြေးဖြေးနဲ့ သတိ ပြုမိလာပါတယ်။ အဲဒါကတော့ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်ကို ကျွန်တော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ်တွေဟာ ကျွန်တော့ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။ ကျွန်တော့်ကို ကန်ထုတ်တာ ခံရပေမဲ့ ကျွန်တော်ကတော့ ချစ်ခင် စွဲလမ်းလျှက်ပါ။ ဒါကြောင့်လဲ ကျွန်တော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျွန်တော့် ဘဝတစ်လျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံး အဖြစ်ပါ။ အဲဒီ အချိန်ကတော့ ဒီလို မတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန်ထုပ် ဝန်ပိုးကြီးကို ပေါ့ပေါ့ပါးပါး လူသစ်တစ်ခါ ပြန်ဖြစ်ရတယ် ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ မသေချာမှုတွေ ချည်းပါဘဲ။ ဒီဖြစ်ရပ်ကဘဲ ကျွန်တော့ကို အနှောင်အဖွဲ့တွေက ကင်းလွတ်ခွင့်ပေးပြီး ကျွန်တော့ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။

နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော် တည်ထောင်ပါတယ်။ Pixar ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော် တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန် ပြည့်ဝတဲ့ အမျိုးသမီး တစ်ယောက်နဲ့ မေတ္တာမျှပြီး ကျွန်တော် အိမ်ထောင်ပြုခဲ့ပါတယ်။ Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာ ကာတွန်းကားကို ဖန်တီး ထုတ်လုပ်ခဲ့တာပါ။ ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံး ကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့်အပြောင်းမှာ Apple က ကျွန်တော့ရဲ့ NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျွန်တော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျွန်တော်တို့ စတင်ခဲ့တဲ့ နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့ ကျွန်တော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။

ကျွန်တော်သာ Apple က အလုပ်ထုတ် မခံခဲ့ရရင် ဒါတွေတစ်ခုမှ ဖြစ်လာမှာ မဟုတ်တာ အတော် သေချာပါတယ်။ အလုပ်ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါးကြီးပါ။ ဒါပေမဲ့ လူနာကို ကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံပါဘဲ။ တစ်ခါတစ်လေတော့လဲ ဘဝမှာ ခေါင်းကို အုတ်ခဲနဲ့ ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိ ယုံကြည်ရာကို မစွန့်လွှတ်ပါနဲ့။ ကျွန်တော့ရဲ့ ဘဝ တစ်လျှောတ် လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေး နေခဲ့တာဟာ ကျွန်တော့အလုပ်ကို ကျွန်တော် ချစ်ခင် စွဲလမ်းမှုဘဲလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘွဲ့ရ မောင်မယ်တို့လဲ ကိုယ့်ရဲ့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအဆိုဟာ မောင်မယ်တို့ရဲ့ ချစ်သူရည်းစား ရှာဖို့နဲ့ ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်။

ခုချိန်ထိ မတွေ့သေးဘူး ဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာပါ။ ရရာနဲ့ မကျေနပ်ကြပါနဲ့။ နှလုံးသားရေးရာ ကိစ္စဆိုတော့ တွေ့ပြီလား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေ ပိုပြီးခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာကြပါ။ ရရာလေးနဲ့ မရောင့်ရဲလိုက် ကြပါနဲ့။

ကျွန်တော့်ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။ ကျွန်တော် အသက် ၁၇ နှစ်မှာ ကောက်နှုတ်ချက် စာသားတစ်ခု ဖတ်ခဲ့ရပါတယ်။ မှတ်မိသလောက် ဆိုရင်တော့ "နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်း ဖြစ်လာဖို့ သေချာပါတယ်…" တဲ့။ ဒီစာသားက ကျွန်တော့စိတ် မှာထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီ ကစပြီး နောက် ၃၃ နှစ်လုံး မနက် အိပ်ရာထမှာ မှန်ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။" ဒီနေ့သာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား…" မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက်တိုက် "မလုပ်ချင်ဘူး" ဖြစ်နေပြီ ဆိုရင်တော့ အပြောင်းအလဲ တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ကျွန်တော် သိလိုက်ပါ တယ်။

ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချရာမှာ အရေးကြီးဆုံး အထောက်အပံ့ ကိရိယာအဖြစ် ကျွန်တော် တွေ့ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာဘဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေးကြီးတဲ့ အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။ မင်းမှာ လက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့ အတွေးထောင်ချောက်ကို ရှောင်လွှဲဖို့ နည်းလမ်းတွေထဲမှာ ကျွန်တော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာ သေရတော့မှာ ဘဲလို့ သတိချပ်ခြင်းပါ ။ မင်းဟာ ဗလာထီးထီး ကိုယ်ချည်း ဖြစ်သွားပါပြီ။ အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာ နောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိတော့ပါ။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မနက် ၇ နာရီ ခွဲမှာ ဆေးဓာတ်မှန် ရိုက်ပါတယ်။ ကျွန်တော့ရဲ့ သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ သရက်ရွက်ဆိုတာ ဘာလဲဆိုတာတောင်မှ ကျွန်တော် မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာ ဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေချာတယ်လို့ ကျွန်တော့ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃ လ ကနေ ၆ လ အထိဘဲ နေရဖို့ မျှော်လင့်ထားပါလို့ ပြောပါတယ်။ ဒါဟာ ဘာအဓိပ္ပါယ်လဲဆိုတော့ ကျွန်တော့ရဲ့ ကလေးတွေကို နောင် ၁၀ နှစ် အတွင်းမှာ ပြောပြဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ် အတွင်းမှာ အကုန်အစင် ပြောဖို့ ကြိုးစားပါဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။ ကျန်ရစ်သူ မိသားစု ဒုက္ခမများရလေအောင် ရှိသမျှ ကိစ္စတွေ အားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ်ပါ။ သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။

တစ်နေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျွန်တော့ကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာတော့ အသားစ ထုတ်ပြီး ဆေးစစ်ခံခဲ့ရပါတယ်။ ခန္တာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို ကျွန်တော့် လည်ချောင်း ထဲကတစ်ဆင့် အစာအိမ်ကို ဖြတ်ပြီး အူသိမ်ထဲကို ရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျွန်တော့ရဲ့ သရက်ရွက်ကို အပ်နဲ့ စိုက်ပြီး အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မေ့ဆေးနဲ့ မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့ တာက ဒီအသားစကို အဏှုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ "ဟေးကနဲ…" ထပြီး အော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ ကင်ဆာဟာ အင်မတန်မှ ရှားပါးတဲ့ ခွဲစိတ်ပြီး ကုသလို့ရတဲ့ သရက်ရွက်ကင်ဆာမျိုး ဖြစ်နေလို့ပါ။ ကျွန်တော် ခွဲစိတ် ကုသခံခဲ့ရပါတယ်။ ကျွန်တော် အခု နေကောင်းပါပြီ။

ဒါဟာ ကျွန်တော့အဖို့ သေခြင်းတရားနဲ့ အနီးကပ်ဆုံး ရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက်ပိုပြီး နီးနီးစပ်စပ် မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့်ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင်မယ်တို့ကို သေခြင်းတရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဉာဏ်သိ အဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာချာ ကျွန်တော် ပြောနိုင်ပါပြီ။ ဘယ်သူမှ မသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့ သူများတောင်မှ အဲဒီကို ရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော်လည်း လူတိုင်းဟာ တစ်နေ့တော့ သေကြရမှာပါ။ ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။ ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တစ်ခုတည်းသော အကောင်းဆုံး ဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်း ရှိပါတယ်။ မရဏ တရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့ အပြောင်းအလဲ ဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရားက ဟောင်းဆွေး အိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျို သစ်လွင်မှုတွေနဲ့ အစားထိုး ပေးနေပါတယ်။ ဒီနေ့ ဒီအချိန်အခါမှတော့ ဘွဲ့ရ မောင်မယ်တို့ဟာ နုပျို သစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော် မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့ အဖယ်ရှား ခံကြရမှာပါ။ စိတ်ထိခိုက်အောင် ပြောမိတာကို ကျွန်တော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။



ဘွဲ့ရ မောင်မယ်တို့မှာ အချိန်တွေ အများကြီး မရှိတော့ပါဘူး။ ဒီတော့ တစ်ခြားသူတွေ နေသလိုဘဲ နေပြီး အချိန်ကို မဖြုန်းပါနဲ့။ သူများတွေရဲ့ အတွေးအထင်ထဲကအတိုင်း နေရတဲ့ ဘဝကို တရားသေ ဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။ မိမိရဲ့ အတွင်းစိတ်က နှိုးဆော်သံကို သူတပါးတွေရဲ့ ထင်မြင်ချက် အနှောင့်အယှက်သံတွေက ဖုံးလွှမ်း မသွားပါစေနဲ့။

ဒီထက်ပိုပြီး အရေးကြီးဆုံး အချက်ကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ရင်တွင်း သိစိတ်တို့က ခေါ်ဆောင် ရာကို လိုက်ပါ။ သူတို့က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ် ဆိုတာကို သိနေကြပြီးသားပါ။ ကျန်တဲ့အရာတွေ အားလုံးက သာမညအချက်တွေပါ။

ကျွန်တော် ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက်တဲ့ ကတ်တလောက်စာအုပ် တစ်ခု ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာ အဲဒီတုန်းက ကျွန်တော်တို့တွေ အတွက်တော့ ကိုးကွယ်စရာ ကျမ်းစာတွေထဲက တစ်အုပ်ပေါ့။ အဲဒီ စာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brand ဆိုသူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန် အလှတွေနဲ့ ချယ်မှုန်းပြီး ထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခု နှောင်းပိုင်းကာလ ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့ စာအုပ် တစ်အုပ်လုံးက လက်နှိပ်စက်ရိုက်၊ ကပ်ကြေးနဲ့ ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေ ရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို စာအုပ်အဖြစ် ဖတ်ရသလိုပါဘဲ။ ဒီစာအုပ်ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကယ့်ကို စံနမူနာယူစရာ စာအုပ်ပါ။ စာအုပ် တစ်ခုလုံးလဲ သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့ အကြံကောင်းတွေနဲ့ ပြည့်နေပါတယ်။

Stewart နဲ့ သူ့အဖွဲ့သားတွေဟာ “The Whole Earth Catalog ” စာအုပ် တော်တော် များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေ ရပ်ဆိုင်းရတဲ့ အခါမှာတော့ သူတို့တစ်တွေ နောက်ဆုံး နှုတ်ဆက်ခြင်း စာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ခုဘွဲ့ရ မောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက် စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်က ကားလမ်းလေး တစ်ခုရဲ့ ဓာက်ပုံပါ။ စွန့်စားခန်း အင်မတန်ကြိုက်သူများ ကားကြုံစီး ခရီးထွက်ရာမှာ တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာ စာတန်းလေးရေးထားပါတယ်။ "ဆာလောင် မွတ်သိပ်ပါ။ အရူးထပါ။" တဲ့။

ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံး နှုတ်ဆက်တဲ့ စကားပါ။ ကျွန်တော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်း တောင်းခဲ့ပါတယ်။ ခုဘွဲ့ရ မောင်မယ်တို့ ဘဝအသစ် စကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ တောင်းပေးပါ့မယ်။

"ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…"

အားလုံးကိုကျေးဇူးတင်ပါတယ်။

Steve Jobs

ဒီ Post ကို တင် နိုင်အောင် လမ်းစ ပေးခဲ့တဲ့ myanmarITpro.com member dev2709 နဲ့ မြန်မာ လို ဆီလျော် အောင် ဘာသာပြန်ပေးတဲ့ ကိုမိုး တို့ကို ကျေးဇူးတင်ပါတယ်။ Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ရဲ့ Speech ပါ။

ဒီ Speech ဟာလဲ လူငယ်များ ဖတ်ဖို့ အလွန် သင့်တော်တဲ့ အားမာန် ပါတဲ့ စကားလုံး များ နဲ့ ဖွဲ့စည်းထားပါတယ်။ Fairy Tale မဟုတ်တဲ့ တကဲ့ ဘဝ တွေပါ။ Computer လောက မှ ထိပ်တန်း အောင်မြင်သူ များ ထံမှ ဘယ်လို ရုန်းကန်ကြိုးစား ခဲ့ရတယ် ဆိုတဲ့ သူတို့ ရဲ့ တကဲ့ဘဝ အတွေ့အကြုံ စကားလုံးများကနေ အင်အားများ၊ နမူနာကောင်း များ ရယူနိုင်ကြပါ တယ်။

ကိုယ်လိုချင်တဲ့ အောင်မြင်မှု တစ်ခုတိုင်း မှာ မြောက်မြားလှစွာသော အခက်အခဲ တွေ နဲ့ ဖွဲ့စည်းခဲ့တာ တွေ့ ရင် အခက်အခဲတွေ့တိုင်း အောင်မြင်မှုလမ်းစ လို့မြင်နိုင်ပါတယ်။ အခက်အခဲတွေ ကို လွယ်လွယ်ကူကူ နဲ့ လက်မလျော့ ဘဲ ဝီရိယ နဲ့ ဥာဏ်စွမ်း စိုက်ထုတ် ဖြေရှင်းနိုင် ဖို့သာ လိုမှာပ

0 တောင်အာဖရိကနိုင်ငံ ဂျိုဟန်းနက်စဘတ် တက္ကသိုလ် (University of Johannesburg) မှာဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ရခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်၏ဗွီဒီယို မိန့်ခွန်း


ဂျိုဟန်းနက်စဘတ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရရှိတာဟာ ရဲစွမ်းသတ္တိနဲ့ မျှော်လင့်ချက်တွေရှိတဲ့ အသိုက်အ၀န်းတခုကနေ လက်ခံမှုကို ရရှိလိုက်တာပါပဲ။ သင်တို့ရဲ့ တက္ကသိုလ်ကြီးဟာ ကမ္ဘာတလွှားက လူ့အခွင့်အရေး လှုပ်ရှားသူတွေအတွက် ခိုင်မာတဲ့ ထောက်ပံ့မှုတွေပေးတဲ့ ကျောင်းကြီးအဖြစ် ထင်ရှားပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကလည်း သင်တို့ကျောင်ကြီးရဲ့ ပံ့ပိုးမှုအသီးအပွင့်ကို ခံစားကြရပါတယ်။”

“တောင်အာဖရိကက ကျမတို့ မြန်မာနိုင်ငံကို သင်ကြားပေးတာ အများကြီးပါ။ ဘယ်လို ရုန်းကန် ကြိုးစားရမယ်။ သွေးစည်း ညီညွတ်မှုဟာ ဘယ်လောက်အရေးကြီးတယ်၊ ဘယ်လို သွေးစည်း ညီညွတ်အောင် လုပ်ရမယ်ဆိုတာတွေကို သင်ပေးခဲ့သလို ဆက်ပြီး သင်ယူနိုင်မယ် လို့လည်း မျှော်လင့်ထားပါတယ်။ ကျမတို့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားကြိုးစားမှုဟာ ကာလကြာရှည်နေပါပြီ။ ဒါပေမဲ့ တောင်အာဖရိက လောက်တော့ မကြာသေးပါဘူး။ ကျမတို့လည်း ဒီမိုကရေစီ ပန်းတိုင်ကို သိပ်မကြာခင်မှာပဲ ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။”

တောင်အာဖရိကနိုင်ငံရဲ့ တကယ့် ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ နယ်လ်ဆင် မန်ဒဲလားနဲ့ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး တို့ကို မြန်မာနိုင်ငံသားတွေက အတုယူကြရသလို မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင်ကို ရောက်တဲ့အထိ ပံ့ပိုးပေးမယ်လို့ မျှော်လင့် ထားတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေဟာ ငြိမ်းချမ်းရေးကို လိုချင်တယ်။ လွတ်လပ်မှုကို ရချင်တယ်။ လုံလုံခြုံခြုံ စိတ်ချလက်ချ နေချင်တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို လိုချင်ကြပါတယ်။ ဒါတွေအားလုံးကို ရဲစွမ်းသတ္တိ ရှိရှိနဲ့ ကြိုးပမ်းရင် ကျမတို့လည်း ရနိုင်တယ်ဆိုတာ တောင်အာဖရိက က သင်ပေးခဲ့တာပါ။ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးဟာ မြန်မာနိုင်ငံသားတွေ အတွက် အားကျစေယုံတင် မကဘဲ နှစ်ပေါင်းများစွာ ကူညီ ထောက်ပံ့မှုတွေ ပေးခဲ့တာမို့ မြန်မာနိုင်ငံ ဒီမိုကရေစီရတဲ့ အထိလည်း ဆက်ပြီး ကူညီမယ်လို့ ယုံကြည်ထားသလို အမြဲလည်း အမှတ်ရနေမှာပါ။”

ဒါ့အပြင် ဒီမိုကရေစီ ရခဲ့ပြီးတဲ့နောက်မှာလည်း တောင်အာဖရိကမှာ အခုဆက်ပြီး ကြိုးစားနေရသလို ကိုယ်မျှော်မှန်းထားတဲ့ လူမှုအသိုက်အ၀န်းတခုကို ရဖို့ မြန်မာနိုင်ငံသားတွေလည်း ဆက်ပြီး ကြိုးစားရဦးမယ် ဆိုတာ သိထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုရဖို့ ကြိုးစားရတာဟာ ကြောက်ရွံ့စရာမဟုတ်ကြောင်း တောင်အာဖရိကက သင်ကြားပေးတယ်လို့ ဆိုပါတယ်။

“ရုန်းကန်ကြိုးစားမှု ဆိုတာဟာ ကြောက်စရာမဟုတ်ဘဲ လူတိုင်းအတွက် အကောင်းဆုံး ဖြစ်လာဖို့ စိန်ခေါ်မှု တခုဆိုတာကို တောင်အာဖရိကနိုင်ငံက ကမ္ဘာကို သင်ကြားပေးတာပါ။ အခု သင်တို့ရဲ့ တက္ကသိုလ်က ပေးတဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ရှေ့ဆက် ကြိုးပမ်းနိုင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ သင်တို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်ဝတဲ့ အသိုက်အ၀န်းထဲမှာ ကျမကို လက်ခံတာအတွက် ကျေးဇူးတင်ပါတယ်။”
စာစု။ ။ (voa)

0 တရုပ်ကြောင့် တိုင်းပြည်အပျက်မခံဘူး


တရုပ်ကြောင့် တိုင်းပြည်အပျက်မခံဘူး
ဧရာဝတီနှလုံးသွေးများနဲ့ မြစ်ဆုံကို--အောင်မြင်ခဲ့ ပါပြီ

ဒါညီအစ်ကိုသွေးချင်း အားလုံး တို့ ရဲ့ --အောင်မြင်မှုမှတ်တိုင်ဘဲ

အိုး နိုး ပွဲက--မပီးသေးဘူး

ဘယ်သူတွေဘယ်လို မွှေဦးမလဲ--တို့ ရဲ့ လက်တွေတွဲ ပီး

အရင်လူတွေ ပေးခဲ့ ဂတိစကား -- ပြည်သူတွေအသိ အမှတ်မပြုဘူး

တနိုင်ငံလုံးရဲ့ -- အများရဲ့ -- ဆုံးဖြတ်ချက် ခိုင်မာ ဒီတခုဘဲ

တရုပ်ရဲ့ သြဇာ-- တို့ မခံဘူး

တရုပ်မရှိလို့ တို့ တွေ--မဆင်းရဲ ဘူး

စစ်အဆိုးရလုပ်တာ-- လက်မခံဘူး

အိုးးးဟို တရုပ်ကြောင့် တိုင်းပြည်--အပျက်မခံဘူး



အောင်မြင်မှုအတွက် တို့ လက်တွေကို -- မဖြုတ်လိုက်နဲ့ 

ဘယ်လိုအောင်မြင်လာခဲ့ သလဲ-- ပြန်တွေးအဲဒီအတိုင်း

တို့ ရဲ့ လက်တွေ မဖြုတ်လိုက်နဲ့ 

လိုချင်တာသေချာပြန်စဉ်းစား --တို့ ပြည်သူအဓိကဘဲ

ရေးးး တွဲထား--တို့ လက်တွေ တွဲထားလိုက်

Baby-- C' mon--C' mon-- C' mon

အားမလျှော့ နဲ့ --ပြိုင်တူအော်လိုက်စမ်း

တရုပ်ရဲ့ သြဇာ-- တို့ မခံဘူး

တရုပ်မရှိလို့ တို့ တွေ--မဆင်းရဲ ဘူး

စစ်အဆိုးရလုပ်တာ --လက်မခံဘူး

အိုးဟို တရုပ်ကြောင့် တိုင်းပြည်--အပျက်မခံဘူး

ဝိုးးးး ဒါအားလုံးရဲ့ ဆန္ဒ -- ဒါနိုင်ငံ့ အရေးဘဲ

ဒီရင်ထဲက -- ပူလောင်နေ ဒီဒေါသ

တို့ လက်တွေ-- မြဲခိုင်စေ
တရုပ်က -- အနိုင်ကျင့် လာဘို့ ကြံနေ
တွဲလက် -- ခိုင်မြဲထား
သွေးချင်း-- တို့ ညီကိုတွေ

တရုပ်ရဲ့ သြဇာ -- တို့ မခံဘူး
တရုပ်မရှိလို့ တို့ တွေ--မဆင်းရဲ ဘူး

အရင်အဆိုးရလုပ်တာ --တို့ နဲ့ မဆိုင်ဘူး

အိုးဟို --- တရုပ်ကြောင့် တိုင်းပြည်--အပျက်မခံဘူး
တရုပ်မရှိလို့ တို့ တွေ--မဆင်းရဲ ဘူး
တရုပ်လုပ်သမျှကို -- တို့ မယုံဘူး

အိုးးးဟို -- တို့ ရဲ့ တိုင်းပြည်အပျက်မခံဘူး---အို
အိုးးးဟို -- တရုပ်ကြောင့် တိုင်းပြည်-- အပျက်မခံဘူး

မင်္ဂလာပါရှင် သမီးက ရွေဗီဒီယိုအဖွဲ့ဝင်တစ်ယောက်ပါ...
ကိုယ်နိုင်ငံမှာ တရုတ်တွေဦးစီးမှာရယ် တိုင်းပြည်ပျက်မှာရယ်ကို မလိုလားတာနဲ့ သီချင်းတစ်ပုဒ်ရေးဖြစ်ပါသည်
ဒီသီချင်းကိုရေးသားသူတွေကိုယ်တိုင်ဆိုထားတာပါ ...တင်ပေးစေချင်ပါတယ်ရှင့်
နောက်ပြီး မျှဝေစေချင်ပါသည် အရမ်းပဲကျေးဇူးတင်ပါသည်။

Thursday, October 6, 2011

0 ကျနော့်အမှားနှင့် သမိုင်းပညာရှင်ကြီး အာနိုးတွိုင်ဘီကိုယ်တွေ့

ကျနော်ရေးသားခဲ့သော “ရာဇသင်္ကြန် အမတ်ကြီးနှင့် ခေတ်သစ်တရုတ်-မြန်မာဆက်ဆံရေး” ဆောင်းပါ့ရဲ့ကောင့်မင့် အချို့ကိုဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ ဧရာဝတီဘလော့ခ်မှာ“သီလ၀”မှတ်ချက် ကိုတွေ့ရပါတယ်။ ကျနော် ရှင်ဒိသာပါမောက် နေရာမှာ ရာဇသင်္ကြန်အမတ်ကြီးလို့ ရေးထား လိုက်ပါတယ်။ အဲဒါကျနော့်အမှားပါ။ ကျနော့်ဆောင်းပါးဖတ်မိသူတိုင်း ပြင်ဆင်ဖတ်ရှုပါလို့ ပြောလိုပါတယ်။ ကိုးကားမယ့်စာအုပ်ရှိပါတယ် “PAGAN (The Origins of Modern Burma)စာအုပ်ရဲ့ စာမျက်နှာ(၁၉၅)က “ Political events in the late Thirteenth Century: Immediate Causes)ရဲ့ဒုတိယစာပိုဒ်ရဲ့ဒုတိယစာကြောင်းမှာ ရှင်ဒိသာပါမောက် လို့ရေးထား ပါတယ်။ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ကျနော်မဟာဝိဇ္ဇာတန်း တက်တုန်းက ကျောက်စာသင်ခဲ့ ရပါတယ်။ ကျနော်မှတ်မိတာကိုချရေးရင်းနှင့်အမှားကျူးလွန်မိတာပါ။ ခုနှစ်ကိုသိချင်တဲ့အ တွက်Michael Aung Thwin စာအုပ်ကိုဖွင့်ဖတ်တော့ စိတ်လောနေတဲ့အတွက် မှားသွားတာ ပါ။ အမှားကိုထောက်ပေးတဲ့အတွက် သီလ၀ ကိုကျေးဇူးတင်ပါတယ်။

၁၈၉၇ ခုနှစ် ဇွန်လ (၂၂) ရက်နေ့ကဟာဗြိတိသျ အင်ပါယာအတွင်းရှိနိုင်ငံများ အတွက်ရုံးပိတ် ရက်ဖြစ်ပေသည်။ လူဦးရေအားဖြင့်သန်း(၄၀၀) လောက်ရှိသည်။ အကြောင်းကတော့ဝိတိုရိ ယဘုရင်မကြီးရဲ့နန်းသက် (၆၀)ပြည့်တဲ့နေ့ထူးနေ့မြတ်ပါ။ ဇွန်လ(၂၂)ရက်နေ့ကတော့ အထိမ်း အမှတ်ရဲ့ အရှိန်အမြင့်ဆုံးနေ့ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို ဗြိတိသျအင်ပါယာ မှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းပြည်တွေက ၀န်ကြီးချုပ် (၁၁) ဦး နှင့်အတူမင်းညီမင်းသား တွေ၊ မြို့စားတွေ၊ သံတမန်တွေ၊ ကိုယ်စားလှယ်တွေ စုံညီတက်ရောက်ကြပါတယ်။ ကြည်းတပ်၊ မြင်းတပ်၊ အမြောက်တပ်တွေမှာ စစ်သား (၅၀၀၀၀) ငါးသောင်းဟာ စစ်ရေးပြအခမ်းအ နားတွေမှာ ပါဝင်ခဲ့ကြတယ်။ သမိုင်းပညာရှင်တဦးက မှတ်တမ်းတင်ခဲ့ပါတယ်။ တကယ့်ရော မအင်ပါယာကြီးကဲ့သို့လို့တင်စားခဲ့ပါတယ်။

အဲဒီအချိန် (၁၈၉၇) ခုနှစ်က သမိုင်းပညာရှင်ကြီးဖြစ်လာမယ့် အာနိုးတွိုင်ဘီဟာဟာ(၈)နှစ် သားဘဲရှိပါသေးတယ်။ သူ့ဦးလေးရဲ့ ပခုံးပေါ်မှာခွစီးပြီး ၀ိတိုရိယဘုရင်မကြီးရဲ့ နန်းသက်(၆၀) ပြည့် စစ်ရေးပြအခမ်းအနားကိုကြည့်နေခဲ့ပါတယ်။ဗြိတိသျအင်ပါယာကြီးဆိုတာကမ္ဘာ့ရဲ့ထိပ်ဆုံး မှာရှိတဲ့နိုင်ငံ၊ ဘယ်တော့မှပြိုကွဲမှာ မဟုတ်ဘူးလို့ ငယ်ငယ်ကထင်ခဲ့တဲ့ သမိုင်းပညာရှင်ကြီး အာနိုးတွိုင်ဘီဟာ ဗြိတိသျအင်ပါယာ ဘုန်းဘုန်းလဲပြိုကျတာ ကိုမျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ပါ တယ်။

(၁၉၉၀)ကျော်တုန်းက မြန်မာနိုင်ငံအတွင်းတရုတ်ရဲ့ရင်းနှီုးမြှုတ်နှုံမှုက ဒေါ်လာသန်းဆယ်ဂ ဏန်းသာ ရှိခဲ့ပါတယ်။ အခုတွေ့နေရတဲ့တရုတ်ရဲ့ရင်းနှီုးမြှုတ်နှုံမှုကဘလီယံရာနီးပါးရောက် နေပြီ၊ အဲဒါကျနော်တို့ နယ်စပ်ဒေသမှာ ပြေးရင်းလွှားရင်းနှင့် ကိုယ်တွေ့ဖြစ်ခဲ့ရတာပါ။ ကျနော်တို့လည်း စစ်အစိုးရကိုတိုက်ခိုက်ရင်းနှင့် အန်တီစုကိုဝန်းရံကြဆိုတဲ့ကြွေးကြော်သံကို နားထောင်ရင်း၊ ပြည်တွင်း၊ ပြည်ပထုတ် စတိတ်မင့် တွေကိုဖတ်ရင်း၊ ကုလသမဂ္ဂကိုယ်စား လှယ်၊ အမေရိကန်အထူးကိုယ်စားလှယ်၊ အာစီယမ်အထူး ကိုယ်စားလှယ်ကို စောင့်မျော်ရင်း၊ ကိုယ်အချင်းချင်းတိုက်ခိုက်ရင်းနှင့် (၂၁)စုအလယ်မှာ တရုတ်ရဲ့ပြည်နယ်တခုများဖြစ်သွားလေမ လား(သို့)မော်ကြီးတည်ထောင်ခဲ့တဲ့ တရုတ်အင်ပါယကြီးပြိုကွဲသွား လေမလား တွေးရင်း…. ကျနော်သည်အနီမဟုတ်ပါ၊ ရခိုင်အမျိုးသားရေးဝါဒီ တဦးသာသို့သော် အစွမ်းမရောက် ပါကြောင်း။ ။

လေးစားစွာဖြင့်

လှရွှေ

0 မြန်မာရေလှောင်တမံကိစ္စ နောက်ကောက်ကျသွားသော်လည်း ပိုက်လိုင်းကို ဆက်လုပ်နေကြောင်း တရုတ်ပြော



(Reuters News မှ 4 Oct 2011 ရက်စွဲပါ “China’s CNCP says Myanmar pipeline work continues despite dam row” ကို yangonchronicle ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် တရုတ်တို့ ရှေ့သွားလမ်းပြ တည်ဆောက်နေသည့် ရေလှောင်တမံကို မြန်မာအစိုးရသစ်က ရုတ်တရက် ရပ်ဆိုင်းလိုက်ပြီး နောက်တွင် တရုတ်အစိုးရ သတင်းအေဂျင်စီက “တရုတ်နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ CNCP သည် မြန်မာနိုင်ငံကို ဖြတ်သန်းမည့် ပိုက်လိုင်းစီမံကိန်းကို ဆက်လက် လုပ်ကိုင်နေကြောင်းနှင့် အကူအညီများ ပေးကာ စေတနာကို ပြသခဲ့ကြောင်း” ထုတ်ပြန်ကြေညာခဲ့သည်။

ပိုက်လိုင်းတည်ဆောက်မှု လုပ်ငန်းသည် ချောချောမွေ့မွေ့ ဆက်လက်တိုးတက်နေပြီး ဧပြီလက လက်မှတ်ရေးထိုးခဲ့သော ဒေါ်လာ ၆ သန်း အကူအညီပေးရေး သဘောတူညီချက်၏ အစီအစဉ်တစ်ရပ်အဖြစ် စာသင်ကျောင်း ၈ ကျောင်း ဆောက်လုပ်ရန်အတွက် မြန်မာနိုင်ငံသို့ ဒေါ်လာ ၁.၃ သန်း တနင်္လာနေ့က ပေးအပ် လှူဒါန်းခဲ့သည်ဟု ဆင်ဟွာ သတင်းဌာနက ပြောကြားသည်။

တရုတ်တို့ ရင်းနှီးမြှုပ်နှံ တည်ဆောက်နေသည့် ဒေါ်လာ ၃.၆ ဘီလျံတန် အငြင်းပွားဖွယ် အကြီးစား အဆင့်လွန် ရေလှောင်တမံကြီးကို ပြီးခဲ့ သော သီတင်းပတ်တွင် မြန်မာအစိုးရက ရပ်ဆိုင်းလိုက်ပြီးနောက် ယခင်ကာလ ကြာမြင့်စွာ ရင်းနှီးခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေး အားပျော့သွားခဲ့သည်။

သမ္မတဦးသိန်းစိန်က ယင်း၏ သမ္မတ ၅ နှစ် သက်တမ်း ကုန်ဆုံးမည့် ၂ဝ၁၆ ဧပြီလအထိ မြစ်ဆုံတမံစီမံကိန်းကို ရပ်ဆိုင်းထားမည်ဟု သောကြာနေ့က လွှတ်တော်သို့ သဝဏ်လွှာပေးပို့ ကြေညာမှုကြောင့် နိုင်ငံတကာတွင် ရုတ်တရက် ပေါ်ပြူလာဖြစ်သွားသော မြန်မာနိုင်ငံနှင့် တရုတ်တို့၏ ဆက်ဆံရေးကိစ္စတွင် ရေနံပိုက်လိုင်း စီမံကိန်းနှင့် ပတ်သက်သည့် မရေရာ၊ မသေချာမှုများ ထပ်ဆင့် ဝင်ရောက်လာတော့မည့် လက္ခဏာ ရှိနေသည်။

မြန်မာနိုင်ငံနှင့် သဘောတူထားခဲ့သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် တရုတ်နယ်စပ် ရွှေလီမြို့ကို ပေါင်းကူးမည့် ရည်မှန်းချက်ကြီး အဆင့် လွန် ပိုက်လိုင်း၊ ရထားလမ်း၊ ကားလမ်း မီဂါ စီမံကိန်းကြီး၏ အပိုင်းတစ်ရပ်အဖြစ် ရေနံစိမ်းပိုက်လိုင်းကို ၂ဝဝ၉ နိုဝင်ဘာတွင် မြန်မာအနောက်ဖက် ကမ်းရိုးတန်း၌ တရုတ်နိုင်ငံပိုင် CNCP ကုမ္ပဏီက စတင် တည်ဆောက်ခဲ့သည်။ တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၁၂ သန်း တင်ပို့ သယ်ဆောင်ရန် ဒီဇိုင်း ထုတ်ထားသော အဆိုပါ ပိုက်လိုက်း စီမံကိန်းကို ၂ဝ၁၂ တွင် အပြီးသတ်ရန် ရည်မှန်းထားသည်။

စင်ကာပူနိုင်ငံ ဧရိယာခန့် ရှိသော နေရာများကို ရေလွှမ်းသွားစေမည့် မြောက်ပိုင်း မြစ်ဆုံတမံသည် စွမ်းအင် ဆာလောင်မှု ပိုမို ကြီးထွားလာ သည့် တရုတ်နိုင်ငံသို့ ဓာတ်အား ဖြည့်ဆည်းပေးရန် အဓိက ရည်ရွယ်ထားခြင်းဖြစ်သည်။

1 အာဏာရှင်တွေကို ထောက်ခံသူများအတွက် မေးခွန်း (၅) ခု -
ရေးသူ-အောင်မိုးဝင်း


“တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက ယုံကြည်ဖို့ မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန် အရေးယူပေးမှ နောင်တချိန် တရုတ်-မြန်မာ ဆက်ဆံရေးမှာ မြန်မာတွေ ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း... ”

ဟောင်ကောင်သတင်းဋ္ဌာနမှာ ပြောဆိုသွားတာတွေကို ဘာသာပြန်ထားတဲ့ စာသားတွေထဲကပါ။ သတင်းဋ္ဌာနမှာ ကြေငြာတဲ့ ပုဂ္ဂိုလ် က ဝေဖန်ပိုင်းခြားတာလား။ အစိုးရကိုယ်စားခြိမ်းခြောက်နေတာလား။ ဒေါသတကြီးတုန့်ပြန်သလား မတုန့်ပြန်ဘူးလား ဆိုတာ လေသံအတက်အကျကို သုံးသပ်တာထက် အဓိပ္ပါယ်တွေကို ဘာသာပြန်ကြည့်တာ ပိုမှန်ပါလိမ့်မယ်။

အရင်းရှင်-ကွန်မြူနစ်ပါတီအတွက် မေးခွန်း

(၁) တရုပ်ပြည်မှာ မော်စီတုန်းရဲ့ ကွန်မြူနစ်တော်လှန်ရေး အောင်မြင်တော့၊ ပြည်သူအပေါ် ဖိနှိပ်တဲ့ ချိန်ကေရှိတ်အစိုးရ လက်ထက်တုံးက အမေရိကန်နဲ့ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ဆက်လက်သဘောတူခဲ့ပါရဲ့လား။

(၂) ကျူးဘားနိုင်ငံမှာ ဖီဒယ်ကပ်စထရိုတော်လှန်ရေးအောင်မြင်တော့ အာဏာရှင် ဘာတစ္စတာ အစိုးရကို ထောက်ခံခဲ့တဲ့ အမေရိကန်စီးပွားရေးကုမ္မဏီတွေကို ပြည်သူပိုင်သိမ်းပစ်လိုက်တယ်။ ဖီဒယ်ကပ်စထရို ဟာ စာချုပ်စာတမ်းတွေကို ဖျက်ဆီးသူ၊ ဂတိမတည်သူ၊ အာဏာရှင်ထောက်ခံသူတွေကို ဆန့်ကျင်တာမှားတယ် လို့ တရုပ်ကွန်မြူနစ်များ ထောက်ပြဝေဖန်ခဲ့ပါသလား။

ပြည်သူကို သတ်ဖြတ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေ နဲ့ လူမှုဘဝတွေပြောင်းလဲရေးအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ-- ယောင်လို့မှ မနှိုင်းယှဉ်ကောင်းပါဘူး။ စာချုပ်တွေ၊ သမိုင်းအဖြစ်အပျက်တွေကို သတိပေးကြည့်တာပါ။ ဘက်တိုင်းမှာ ထောက်ကွက်တွေရှိနိုင်ပါတယ်။

ဘယ်လိုတည်ငြိမ်မှုမျိုးကို ကြိုက်တာလဲ


ကဲ “တရုပ်ပြည်ကြီးဟာ ဗမာပြည်တည်ငြိမ်မှုရတာကို ကြိုက်တယ်” လို့ ပြောဆိုနေတဲ့ သူတွေကို မေးကြည့်ရအောင်။ ဘယ်လိုတည်ငြိမ်တာကို ကြိုက်တာလဲ။ ဟန်ဂေရီ အုံကြွမှုကို သတ်ဖြတ်နှိမ်နင်း၊ တည်ငြိမ်အောင် ကြိုးစားခဲ့တဲ့ မော်စီတုံးရဲ့ အကြံပေးချက်မျိုလိုလား။ ဒါမှ မဟုတ် ဖက်ဆစ်ဝန်ရိုးတန်းနိုင်ငံတွေဖြစ်တဲ့ အီတလီ၊ ဂျပန်၊ နာဇီဂျာမဏီ တွေသဘောတူညီခဲ့တဲ့ တည်ငြိမ်စိုးမိုးမှုတွေလိုမျိုးလား။

“ဧရာဝတီမြစ် အသက်ရှင်သန်ရေးဟာ မြန်မာနိုင်ငံတည်ငြိမ်ရေးဖြစ်တယ်” လို့ ပြည်သူတွေက သဘောထားပေးခဲ့တယ်။ တည်ငြိမ်ရေးကို လိုလားတယ် ဆိုရင် တရုပ်ပြည် ရဲ့ အရင်းရှင်-ကွန်မြူနစ်ပါတီခေါင်းဆောင်များကလည်း “မြန်မာပြည်သူများရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုကြောင်း၊ မိမိတို့မြှောက်ပေးခဲ့သော အာဏာရှင်များနှင့် မိမိတို့၏ အပြုအမူမှန်သမျှကို အရှက်ရပါကြောင်း” သဝဏ်လွှာလေးဘာလေးပို့သင့်တာပေါ့။

လေးစားစေချင်သလား၊ ဂုဏ်သိက္ခာကြီးကြီး ရပ်တည်ချင်သလား


တရုပ်ပြည်ကြီးကို လေးစားစေချင်သလား။ အာဏာရှင်တွေကို မူမရှိ၊ ဘောင်မရှိ၊ ထောက်ခံနေတာတွေကို ရပ်လိုက်ပါ။ အဖိနှိပ်ခံပြည်သူတွေရဲ့ ဒီမိုကရေစီရေးတိုက်ပွဲတွေကို ထောက်ခံအားပေးပါ။ တိဘက်ဒေသမှာ တရုပ်ကျူးကျော်မှုကို မီးရှို့သတ်သေဆန္ဒပြနေတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ ဝိညာဉ်ကို ရှက်တတ်စွာ ခံစားပါ။ ကိုယ့်ပြည်သူကို သံချပ်ကာ တင့်ကားနဲ့တက်ကြိတ်၊ပြီး “တီယင်မင်ရင်ပြင်လှုပ်ရှားမှု” “ အာရပ်နွေဦးလှုပ်ရှားမှု” စကားလုံးကို အင်တာနက်မှာ မကြည့်ရဲတဲ့ ကိုယ့်အဖြစ်ကို ကိုယ့်ဘာသာ တွေးပြီး ရှက်တတ်ပါ။ အကျိုးအမြတ်ရရင် ပြီးရော၊ ဆာဟာရ သဲကန္တရ အထိ နယ်ချဲ့မယ် ဆိုတဲ့အတွေးမျိုးရှိနေရင်လည်း တရုပ်ရေနံကုမ္မဏီတွေ ပစ်ခပ်တိုက်ခိုက်ခံနေရတဲ့ အာဖရိကတိုက်ဆီက သင်ခန်းစာတွေကို အတုယူပါ။ လစ်ဗျားမှာ ဆုံးရှုံးခဲ့တာတွေကို သင်ခန်းစာယူပါ။

မိတ်ဆွေရဲ့အရေးပါမှု


မြန်မာပြည်မှာ မိတ်ဆွေတယောက်ရဲ့ ဆုံးရှုံးသွားတာထက် မပိုပါဘူး လို့ ကလေးတယောက်လို ပြောနေတာ အင်မတန်ရယ်ဖို့ ကောင်း ပါတယ်။ မကြာခင်မှာ Trade Wars လို့ခေါ်တဲ့ ကုန်သွယ်မှုစစ်ပွဲတွေ ဖြစ်လာနိုင်တယ်။ ( အခုလည်းပြင်ဆင်နေကြပါပြီ)။ ဒီ စစ်ပွဲ ကြုံလာနိုင်တယ်ဆိုတာ သိလို့ ၊ တရုပ်နိုင်ငံခေါင်းဆောင်တွေဟာ ဗမာပြည်အာဏာရှင်တွေကို မြွေပွေးခါးပိုက် ပိုက်ထားသလို ချော့မြူဆက်ဆံ နေခဲ့ရတယ်။ စစ်ပွဲဖြစ်လာရင် မဟာမိတ်တယောက်ရဲ့ အရေးပါမှု ဘယ်လောက်ရှိသလဲဆိုတာ စစ်ပွဲသေနင်္ဂဗျူဟာ ကျွမ်းကျင်သူတိုင်း ကောင်းကောင်းသိပါတယ်။ မိုက်မဲတဲ့ ကောက်ချက်တွေ မပြုလုပ်စေချင်ပါ။ မြန်မာပြည်သူနဲ့ မိတ်ဖွဲ့ရင် အကျိုးအမြတ်ရမယ်။ အာရှမှာ သမိုင်းစဉ်တလျှောက် ချစ်ခင်မြတ်နိုးစွာခရီးဆက်ကြမယ်။ ဖိနှိပ်သူနဲ့ ဆက်ဆံရင် အလိုတော်ရိပဲရမယ်။ အလိုတော်ရိဆိုတာကတော့ အခွင့်သာရင် ဘက်ပြောင်းတော့တာပါပဲ။

ကမ္ဘာ့သမိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲ


အမေရိကန်ပြည်ထောင်စုဟာ “မိုဇာဒက်” ကို ဖြုတ်ချပြီး အာဏာရှင် ရှားဘုရင်ကို အသက်သွင်းခဲ့တယ်။ ၁၉၇၉ မှာ အီရန်ပြည်သူတွေဟာ အာဏာရှင် ရှားဘုရင်ကို လူထုအုံကြွမှုနဲ့ဖြုတ်ချနိုင်ခဲ့တယ်။ အာဏာရှင်ကို ထောက်ခံအားပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ရဲ့ အလံကို မီးရှို့ပြီး “ မာန်နတ်အကြီးစားကြီး” ဆိုတဲ့ ကြွေးကြော်သံတွေ၊ အီရန်နိုင်ငံရဲ့မြို့တွေမှာ ကျယ်လောင်ဟိန်းထခဲ့ဘူးတယ်။ အမေရိကန်နိုင်ငံနဲ့ ပြဿနာတက်နေခဲ့တာ အခုထက်ထိ၊ ဆုံးကို မဆုံးနိုင်တော့ဘူး။

အာဏာရှင်တွေနဲ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့လုပ်ခဲ့တဲ့ တရုပ်ကွန်မြူနစ်တွေကရော၊ ကမ္ဘာမှာ မာန်နတ်အကြီးစား ကြီးဖြစ်မလား၊ နေရာအနှံ့မှာ တရုပ်ကွန်မြူနစ်အလံကို မီးတင်ရှို့ခံရတဲ့အဖြစ်တွေကို ကြုံရမလား။

စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတယ်၊ ဆင်သွားရင်လမ်းဖြစ်တယ်ဆိုတဲ့ အတွေးမျိုးနဲ့ မောက်မာတဲ့ စကားတွေ ဆိုချင်ရင် အမေရိကန်နိုင်ငံခြားရေးမူမှာ သင်ကြားနေတဲ့ Blowback Theory ( တန်ပြန်တိုက်ခိုက်ခံရမှု သီအိုရီ) ကိုလေ့လာ စေချင်ပါတယ်။ ပီကင်းနဲ့ ရှန်ဟိုင်းမှာ ဝမ်းနည်းမှုတွေ မကြုံတွေ့ရပါစေနဲ့။

အောင်မိုးဝင်း

မှတ်ချက် ။ ။ “တရုပ်အရင်းရှင်- ကွန်မြူနစ်ပါတီ” လို့ သုံးစွဲရတဲ့အကြောင်းကတော့ အရင်းရှင်စီးပွားရေးသမားများရဲ့ကွန်မြူနစ် ပါတီမို့ပါ။

0 ကုသိုလ်ရေး တစ်သိန်းတစ်သောင်း


ကုသိုလ်ရေး တစ်သိန်းတစ်သောင်း

၅.၁၀.၂၀၁၁ (ဗုဒ္ဓဟူး)နေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးကူညီမှုပေါင်း ၁၁၀၀၀၀ (တစ်သိန်းတစ်သောင်း) ပြည့်မည့် နေ့ရက်ဖြစ်သည်။ နေ့လည် (၂း၀၀) နာရီအချိန်ခန့်တွင် အသင်းသူ/ သားများတို့သည် နာရေးအကူအညီတောင်းမှု တယ်လီဖုန်းမြည်သံအား နားစွင့်ကာ စောင့်ဆိုင်းနေကြစဉ် ဖုန်းမြည်သံထွက်ပေါ်လာတော့သည်။ မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ ဓမ္မပါလလမ်းနေ ဒေါ်လှဆိုင် အသက် (၆၅) နှစ် သေဆုံးကြောင်း အကူအညီတောင်းခံခြင်းအား လက်ခံပြီးနောက် နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ အသင်းသားဖြစ်သူ ဦးအေးကြူနှင့်အဖွဲ့သည် နာရေးရှင်နေအိမ်သို့ ရှေ့ပြေးသွားရောက် ကာ နာရေးကူညီမှု တစ်သိန်းတစ်သောင်းပြည့်အဖြစ် စည်ကားသိုက်ဝိုင်းစွာဖြင့် ကျင်းပပေးလိုကြောင်း ရှင်းပြပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြန်လည်ဆက်သွယ်ခဲ့သည်။

ဥက္ကဋ္ဌ ဦးကျော်သူ ဦးဆောင်၍ အထူးနိဗ္ဗာန်ယာဉ်ကြီး၊ ရှေ့ပြေးလမ်းရှင်းယာဉ်၊ အရေးပေါ် လူနာတင်ယာဉ်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့မော်တော်ယာဉ်နှင့် နာရေးပို့ဆောင်သူများ လိုက်ပါရန် BM မော်တော်ယာဉ် (၅) စီးတို့ဖြင့် စည်ကားစွာ နာရေးနေအိမ်သို့ သွားရောက်ခဲ့သည်။ BM မော်တော်ယာဉ်များသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသား ကိုစည်သူနှင့် ကိုသန်းထိုက်တို့မှ အကူအညီပေးခဲ့သည်။ နာရေးအိမ်သို့အရောက် နိဗ္ဗာန်မော်တော်ယာဉ်ပေါ်မှ နိုင်ငံခြားမှလာသော အခေါင်း အား အသင်းသူများမှ သယ်ဆောင်ကာ နေအိမ်အတွင်းသို့ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့သည်။ ထို့နောက် နေအိမ်တွင် ကျန်ရစ်သူ နာရေးရှင်မိသားစုအား အသင်းသူ/သားများ စုပေါင်းထည့်ဝင်လှူဒါန်း ထားသော အလှူငွေ (၂၂၃၀၀၀)ကျပ်တိတိနှင့် ရက်လည်ဆွမ်းသွပ်ပွဲ၌ သံဃာတော်အတွက် သင်္ကန်း တို့အား လှူဒါန်း၍ သာဓု အနုမောဒနာ ခေါ်ဆိုခဲ့ကြသည်။

ထို့နောက် ကွယ်လွန်သူ ဒေါ်လှဆိုင်၏ ရုပ်အလောင်းအား အခေါင်းထဲသို့ ထည့်သွင်း၍ အသင်းသူ /သားများတို့မှ လက်ဆင့်ကမ်း၍ နိဗ္ဗာန်ယာဉ်ပေါ်သို့ ပို့ဆောင်ကာ ရေဝေးသုဿန်သို့ ၀တ်ရွတ်အဖွဲ့မှ မေတ္တာပို့သံ၊ သံဝေဂအလင်္ကာရွတ်ဖတ်သံတို့ဖြင့် လွှမ်းခြုံကာ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့သည်။

မကြောက်နဲ့
သေရမှာလည်း မကြောက်နဲ့…
ခံစားနေရမှာလည်း မကြောက်နဲ့…
မခံစားနိုင်လို့ သေရတာဖြစ်လေတော့
တို့သေရတဲ့တစ်နေ့ အနှစ်မပါ ဗလာပြန်ရမှာသာကြောက်ပါ…
အနှစ်ပါပါပြန်ရရင်တော့ မြေအိုးနဲ့ရွှေအိုး လဲရတော့မယ်လို့ ၀မ်းမြောက်ပါတော့…
ဒီတော့….
သင့်မှာ ကြောက်ဖို့ကိုကော သိပြီလား…
အနှစ်ကော ရှိပြီလား… ။ ။
(၀ဋ်ကြွေးတော်ပြေ ဆရာတော်ဘုရားကြီး၏ သြ၀ါဒ)

ကိုကျော်သူ

Wednesday, October 5, 2011

0 တရုတ်အာဏာပိုင် တွေ သာ ဥာဏ်အမြှော်အမြင် ရှိမယ် ဆိုရင်. .

ကာတွန်း..ဟာကြူလီကသာ
ဂေဟဗေဒ စနစ်ဆိုတာ ကမ္ဘာပေါ်မှာ အင်မတန်မှ အရေးတကြီး ဂရုတစိုက်လုပ်လာရတဲ့ ဘာသာရပ်တခုပါ။ သက်ရှိသတ္တ၀ါ မျိုးစိတ်တွေပဲဖြစ်ဖြစ်၊ သဘာဝပါတ်ဝန်းကျင်ပဲဖြစ်ဖြစ် ပျက်သုန်းပျောက်ကွယ်သွားတာနဲ့ ဘယ်လောက်ဝေးလံခေါင်ဖျားတဲ့ နေရာမှာဖြစ်တာမျိုးမဆို တကမ္ဘာလုံးကို ထိခိုက်စေနိုင်တယ် လို့ အသိဥာဏ်ပညာကြွယ်ဝတဲ့သူတွေက သတိထားမိလာကြ၊ ဂရုတစိုက်ရှိလာကြ၊ ထိန်းသိမ်းကာကွယ် လာကြ ရကောင်းမှန်းသိခဲ့ပြီ။

၂၁ ရာစုမှာ လူသားတွေအတွက် အရေးတကြီးလိုအပ်ချက်တခုအနေနဲ့ကို လိုလာတယ်။ ဒီတော့ မြန်မာပြည်နဲ့ ကပ်လျက်နေတဲ့ အိမ်နီးချင်းတရုတ်တွေက ဒါကို ဥာဏ်အမြှော်မြင်လေးနဲ့သာ သုံးသပ်ကြမယ်ဆိုရင် ဒီလို သဘာဝပါတ်ဝန်းကျင်တွေကို ပျက်စီးတာ ကိုယ့်တိုင်းပြည်ထဲမှာမဟုတ်လို့၊ လောလောဆယ် အမြတ်ထွက်ဖို့ စသဖြင့် တထွာတမိုက်ပဲ ကြည့်ပြီး ဆုံးဖြတ်တာမျိုးမလုပ်သင့်ဘူး။
မြန်မာပြည်ရဲ့ ဂေဟစနစ်ပျက်စီး ထိခိုက်ရင် တရုတ်တွေလည်း ထိခိုက်မှာပဲ။

မြစ်ဆုံဆည်ကို ရပ်သင့်တယ် ဆိုတာ တရုတ်အရေး မြန်မာအရေး၊ တရုတ်အကျိုး မြန်မာ အကျိုးအနေနဲ့ ခွဲခြားပြောနေတာမဟုတ်ဘူး။

ကမ္ဘာ့အကျိုး၊ လူသားမျိုးနွယ်စုကြီးတရပ်လုံးရဲ့အကျိုးအနေနဲ့ ရပ်ဆိုင်းသင့်တာ။
တရုတ်အာဏာပိုင်တွေသာ အမြှော်အမြင်ကြီးကြီး စဉ်းစားကြမယ် ဆိုရင် ဘယ်လိုဆုံးဖြတ်သင့်တယ်၊ ဘယ်လို ၀ိုင်းဝန်းထိန်းသိမ်းကြမယ် ဆိုတာမ်ျိုးကို ဦးစားပေးဆုံးဖြတ်ရမယ် ဆိုတာ နားလည်ရပါလိမ့်မယ်။

အင်္ဂလိပ်စာ ချောအောင်မွေ့အောင် ပြန်ဆိုနိုင်ကြသူများ တဆိတ်လောက် ၀ိုင်းပြန်ဆိုကြ၊
ဒါ့ထက်ပြည့်စုံထိရောက်မယ့်အချက်အလက်တွေစုကြဆောင်းကြ၊ ရေးကြသားကြပြီး တရုတ်ပြည်သူတွေနားပေါက်အောင် ပို့ကြစမ်းပါဦးဗျာ။

မြန်မာပြည်က ပြန်ကြားရေးဝန်ကြီးဌာနကလည်း နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ခိုင်မာတဲ့အထောက်အထားတွေစုစောင်းပြီး၊ တရုတ်ပြည်သူတွေကို တန်ပြန်သတင်းဖြန့်ချိ
စည်းရုံးလှုံ့ဆော်တာမျိုးတွေ လုပ်သင့်ပါ့။

သူတို့မလုပ်လည်း ကျနော်တို့ မြန်မာပြည်သူတွေထဲက အင်္ဂလိပ်လို၊ တရုတ်လို(အထူးသဖြင့်) ယူနန်ပြည်နယ် သုံး စကားလို၊ ဘာသာဝိုင်းပြန်ကြ၊ ၀ိုင်းရေးကြပါဦးဗျာ။ ကျနော်လည်း ဒီမှာ တွေ့နေတဲ့ တရုတ်စာရေးဆရာတွေကို ပြောနေဆိုနေပါတယ်။

ချိုတူးဇော်

0 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘဝဇာတ်ကြောင်းအား ရိုက်ကူးထားတဲ့ The Lady Trailer(2)

0 ရာဇသင်္ကြန်အမတ်ကြီး နှင့် ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး



(ရွှေလီမြို့ ညဖက်မြင်ကွင်း)
ဒီရက်ပိုင်းအတွင်းတက်လာတဲ့ မြန်မာနှင့်တရုတ် သတင်းတွေကိုကြည့်ပြီး ကျနော်တို့ငယ် ငယ်ကသင်ခဲ့ရတဲ့ ပုဂံ ရာဇ၀င်ထဲက ရာဇသင်္ကြန်အမတ်ကြီးရဲ့ သံတမန်ပရိယာယ် ကျွှမ်းကျင်ပုံ ကိုသတိရမိပါတယ်။ ကူဗလန်ခမ် ရဲ့တပ်တွေ ပုဂံကို ကျူးကျော်လာတော့ရာဇသင်္ကြန်အမတ် ကြီးဟာ ခမ်မင်းကြီးဆီကို သံတမန်တဦး အနေနှင့်(၁၂၈၆) သွားရောက် ခဲ့တယ် လို့သမိုင်း အထူး ပြုကျောက်စာမှာ သင်ခဲ့ရတယ်။ ကူဗလန်ခမ် နှင့်တွေ့တော့ “ အရှင်မင်းကြီး ရဲ့တိုင်း ပြည်က ကြီးမားလှပါတယ်၊ စစ်သည်အင်အားလည်း သိန်းနှင့်ချီ ရှိနေပါတယ်၊ ကျွှန်တော် မျိုးတို့၏ ပုဂံ မှာကား သဲကန္တရ ထဲမှာ တည်နေသော တိုင်းပြည်ငယ်ဖြစ်သည်၊ အရှင်မင်းကြီး၏ စစ်သည် တော်တို့ ပုဂံသို့ချီတက်မည် ဆိုပါက စားစရာမရှိ သော နယ်မြေ၊ ထန်းပင်အတိ သာရှိသော နယ်မြေ ကိုဖြတ်သန်းရမည်၊ ထန်းသီး ပေသီးများ ကိုစားသုံးရပါက ၀မ်းကိုက်ရော ဂါဖြစ်ပွား လျက် သေကြေပျက်စီးမှုအများကြီးဖြစ်ပေါ်လိမ့်မည်၊ အရှင်မင်းကြီး၏ အကျိုးကိုလို သော ငှာလျောက်တင်သောစကားဖြစ်ပါသည်” လို့လျောက်တင်လိုက်တော့ ခန်မင်းကြီးဟာ သူ့တပ် သား တွေကို ဆုတ်ခွာဖို့အမိန့်ပေးခဲ့တယ်လို့ သမိုင်းမှာလေ့လာခဲ့ဖူးပါတယ်။

လက်ရှိ မြန်မာနှင့်တရုတ်ဖြစ်နေတဲ့ အကျိုးစီးပွားမဟာဗျူဟာနှင့်တော့ ရာဇသင်္ကြန်ရဲ့ သံတမန် ပရိယယ်က ကိုက်ညီမှုရှိမှာမဟုတ် ပါဘူး။ အေဒီ(၁၃)ရာစု ကျူးကျော်တုန်းက ပုဂံကိုလက် အောက်ခံနိုင်ငံအဖြစ် ပဏာဆက်သဖို့တောင်းဆိုရာက ပုဂံမင်း(နရသီဟပတေ့)ကလက်မခတဲ့ အတွက် မွန်ဂို တပ်တွေကျူးကျော်လာတာဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ပြသနာမှာရာဇသ င်္ကြန်အမတ်ကြီးပြောသလိုမျိုးနှင့်ပြေလည်သွားမှာမဟုတ်ပါဘူး။

သမ္မတ ဦးသိန်းစိန်ရဲ့ မြစ်ဆုံရေကာတာစီမံကိန်း ကိုသူ့ရဲ့အစိုးရလက်ထက်မှ ရပ်တန့်ထားမယ် လို့ စက်တင်ဘာ( ၃၀) ရက်နေ့မှာကြေငြာခဲ့ပါတယ်။ ကြေငြာချက်နှင့်အတူတွေ့ရတာကတော့ မြန်မာ ပြည်သူတွေရဲ့ ချီးးကျုးထောပနာ ပြုတဲ့အသံနှင့် ဆန့်ကျင်ဘက်အသံကတော့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ပြောခွင့်ရပုဂ္ဂိုလ် (Hong Lei) သက်ဆိုင်တဲ့ နိုင်ငံအနေဖြင့် တရုတ် ကုမ္ပဏီတွေရဲ့အကျိုးစီးပွား တွေကို အာမခံပေးရမယ်လို့ပြောဆိုလိုက်ပါတယ်။ ဒီလိုပြောဆိုတဲ့ အထဲမှာတရုတ်နိုင်ငံဘက်ကဘယ်အနေအထားထိ ပြောနေသလဲဆိုတာ ဝေဖန်ပိုင်းခြားသုံး သတ်ဖို့လိုအပ်နေပါတယ်။

တရုတ်နိုင်ငံဟာအထီးကျန်ဖြစ်နေတဲ့ စစ်အစိုးရနဲ့ (၁၉၉၀) ကျော်မှာပေါင်းဖက်မိလာကြတယ်။ တရုတ်နိုင်ငံရဲ့စီးပွားရေးဟာလည်းနှစ်နှစ်ဆယ်အတွင်း တဟုန်ထိုးတက်လာခဲ့ပါတယ်။ကမ္ဘာ့စီး ပွားရေးရဲ့နံပါတ်(၂)နေရာကိုရောက်လာခဲ့တယ်။ စီးပွားရေးတိုးတက်မှုနှင်အတူစွမ်းအင်လိုအပ် ချက်ကလည်းကြီးမာလာခဲ့ပါတယ်။ ဒီနေ့တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကမီဂါဝတ် (၁,၀၀၀,၀၀၀) တစ်သန်းရှိပါတယ်။ဒီနေ့မြန်မာနိုင်ငံ မှာ မီဂါဝတ် (၃၅၀၀) ဘဲရှိပါသေးတယ်။

တရုတ်နိုင်ငံရဲ့အနောက်တောင်ပြည်နယ်တွေမှာ ကုန်ခန်းသွားပြီဖြစ်တဲ့ ကျောက်မီးသွေးတွင်း တွေနေရာမှာအစားထိုးမယ့်စီမံကိန်းတွေကတော့မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်တွင်းရှိ မြစ်ချောင်းတွေကို ဆည်အဖြစ်ပြောင်းလဲရေးဘဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံက လိုချင်တဲ့စွမ်းအင် ပမာဏကရေအား လျပ်စစ်တခုတည်းကနေ မီဂါဝတ် (၂၀,၀၀၀) ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံမှာသုံးစွဲနေတဲ့ပမာဏရဲ့ (၆) ဆလောက်ရှိ ပါတယ်။ လက်ရှိအ နေအထားအရလည်း မြန်မာနိုင်ငံဟာ သဘာဝအရင်းအမြစ်တွေ ပျက်စီးနေတဲ့နိုင်ငံစာရင်း ထဲမှာ ပါနေပြီ။ တရုတ်လိုချင်တဲ့ရေအားလျပ်စစ်က မီဂါဝတ် (၂၀,၀၀၀) နှစ်သောင်းဖြစ် ပါတယ်(တရားဝင်ကြေငြာချက်)။ အမှန်တကယ် တရုတ်အစိုးရမြန်မာနိုင်ငံအတွင်း ရေအား လျပ်စစ်စီမံ ကိန်းပေါင်းမြောက်မြားစွာ မှာရင်းနှီုးမြှုတ်နှုံဖို့်အတွက်သဘောတူ လက်မှတ်ရေးထိုး ထားပါတယ်။ အဲဒီသဘောတူညီချက်အရတရုတ်အစိုး ရလိုချင်တဲ့ပမာဏက မီဂါဝတ် (၄၀,၀၀၀) လေးသောင်း လောက်ဖြစ်နေပါတယ်။

မီဂါဝတ် (၂၀,၀၀၀) ဆိုတာ လက်ရှိထိုင်းနိုင်ငံမှာသုံးနေတဲ့လျပ်စစ်စွမ်းအားနှင့် မတိမ်းမယိမ်း ဘဲရှိပါတယ်။ ထိုင်းနိုင်ငံရဲ့လျပ်စစ်စွမ်းအင် သုံးစွဲမှုက (၂၀၁၀) ခုနှစ်မှာ မီဂါဝတ် (၂၄၀၀၀) ဘဲရှိပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ကုမ္ပဏီတွေအကောင်အထည် ဖေါ်မယ့်ရေအားလျပ်စစ် စီမံကိန်း အားလုံးကိုပေါင်းလိုက်ရင် မီဂါဝတ် (၄၀၀၀၀) လေးသောင်းလောက် ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံလိုစက်မှု ဖွဲ့ဖြိုးနေဆဲနိုင်ငံနှစ်ခုလောက် သုံးစွဲလို့ရတဲ့ လျပ်စစ်ပမာဏ ဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီတွေ ဧရာဝတီမြစ်ညာပိုင်းမှာတည်ဆောက်မယ့် ဆည် (၇) ခုရှိပါတယ်။ အဲဒီစီမံ ကိန်းအတွက် ကုန်ကျမယ့် ငွေစုစုပေါင်းက အမေရိကန်ဒေါ်လာ (၂၀) ဘီလီကျော်ရှိတယ်လို့ တရုတ်အစိုးရ ရဲ့ဝါဒဖြန့်ချီရေး အင်တာနက်စာမျက်မှာ“www.uachn.com မှာတင်ထား တယ်။ မြစ်ဆုံဆည် ဆိုတာ အဲဒီ (ရ) ခုထဲကတခု။ (၁) မြစ်ဆုံဆည် (၂) ချီဗွေဆည် (၃) ပါရှီဆည် (၄) လာကင်ဆည် (၅) ဖိဖောဆည် (၆) ကောင်းလန်းဖူးဆည် (၇) လိုင်ဇာဆည်တို့ဖြစ်ပါ တယ်။ မြန်မာအစိုးရ ရဲ့လျပ်တပြတ် ဆုံးဖြတ်မှု အပေါ် တရုတ်အစိုးရ တော်တော် လည်း စိုးရိမ် သွားပုံရပါတယ်။ အဲဒါကြောင့် ဦးသိန်းစိန် အစိုးရနှင့်တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုလိုက်တာပါ။



တရုတ်ရင်းနှီုးမြှုတ်နှုံမှုတွေကိုကြည့်ရင် မူဆယ်-ကျောက်ဖြူရထားလမ်းအတွက် အမေရိကန် ဒေါ်လာ(၂၀)ဘီလီယံ၊ ဧရာဝတီမြစ်ညာပိုင်းဆည်(၇)ခုအတွက်အမေရိကန်ဒေါ်လာ(၂၀) ဘီလီယံ၊ ရေနက်ဆိပ်ကမ်း၊ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ ခြားသော သံလွင်မြစ်အ တွင်းမှာ ဆည်(၆)ခု၊ မြန်မာနိုင်ငံ တ၀ှမ်းဆည်ပေါင်း (၉) ခုတည်ဆောက်ဖို့ စ်ခေါင်းဆောင်တွေနှင့်လက် မှတ်ရေး ထိုးထားပါပြီ။ စုစုပေါင်းရင်းနှီုးမြှုတ်နှုံမှုဟာ ဒေါ်လာ(၁၀၀) ဘီလီယံအထိရောက်သွား နိုင်ပါတယ်။ ဒီလောက်ရင်းနှီုးမြှုတ်နှုံမှုကို ကြည့်ရင်တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထား တဲ့စွမ်းအင်ဆိုင်ရာ မဟာဗျူဟာကို ခန့်မှန်းလို့ရနိုင်ပါတယ်။



အမေရိကန်နိုင်ငံထုတ် (Foreign Policy) မဂ္ဂဇင်းမှာ အနာဂါတ်ကာလမှာဖြစ်ပေါ်လာမယ့် စစ်ပွဲတွေဟာတောင်တရုတ်ပင်လယ်မှာဖြစ်မယ်လို့ဟော ကိန်းထုတ်ထားတာကို ကြည့်ရင် တရုတ်အနေနဲ့မြန်မာနိုင်ငံရဲ့ ပထ၀ီအနေအထားမဟာဗျူဟာ ကျမှုကိုလွန်ခဲ့တဲ့ (၇)နှစ်လောက် ကတည်းက မျက်စိကျနေပုံရပါတယ်။ ဒါကြောင့်တရုတ်ကုမ္ပဏီ (၂၄)ခုဟာ ရေအားလျပ်စစ်နှင့် စွမ်းအင်လုပ်ငန်းတွေမှာ ဘီလီယံရာချီပြီးမြှုတ်နှုံနေကြတာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေ နှင့်မြန်မာ့ပိုင်နက်ထဲမှာ ဘာကြောင့်ရင်းနှီုးမြှုတ်နှုံမှုအကြီးဆုံးလုပ်နေရသလဲဆိုတဲ့အချက်က မြန်မာပြည် သူတွေအတွက် မေးခွန်းတခုဖြစ်လာပါတယ်။



ဒီမေးခွန်းရဲ့အဖြေကို ဦးသိန်းစိန်အစိုးရကကော အဖြေပေးနိုင်ပါ့မလား။ လက်ရှိဦးသိန်းစိန်အစိုး ရရဲ့ဆုံးဖြတ်ချက် ကိုအသိအမှတ်ပြုသင့်ပါတယ်။ ဒါပေမဲ့ (၂၀၁၀) မတိုင်မီက လက်မှတ်ရေးထိုး ထားတဲ့ နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေတဲ့ နောက်စီမံကိန်းကိုကော ဘယ်လို ကိုင်တွက်ဖြေရှင်းမလဲဆိုတဲ့အချက်က ပြည်သူတွေအတွက် မြစ်ဆုံစီမံကိန်းလိုစိတ်ဝင်စားမှုရှိ မှာပါ။ အဲဒီလို စိုးရိမ်မှုနှင့်အတူအာရှ နဂါးနှင့်ပတ်သတ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက် တွေလည်းရှိနေပါတယ်။



တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ မကြာခင်မှာအမေရိကန်ရဲ့စီးပွားရေးကို ကျော်တက်နိုင်တယ်ဆိုတဲ့ ဟောကိန်းထုတ်မှုတွေရှိနေပါတယ်။ တရုတ်ရဲ့စက်မှုတိုးမှုမှာ မြန်မာနိုင်ငံကိုကြားခံနိုင်ငံအဖြစ် သုံးပြီး စွမ်းအင်လုံခြုံမှုကို ထိမ်းထားမယ်ဆိုရင် တရုတ်ရဲ့တိုးတက်မှုကမြန်မာနိုင်ငံ အကျိုးခံစား ခွင့်တွေရှိနိုင်ပါတယ်။ ဘယ်လောက်ထိမကြိုက်သည်ဖြစ်စေ ပထ၀ီအနေအထားကတရုတ်နိုင်ငံ

နှင့်ကင်းကွာလို့ မဖြစ်နိုင်ဘူးဆိုတာကို သိထားသင့်ပါတယ်။ ပထ၀ီအနေ အထားနှင့်ကမ္ဘာ့ သမိုင်းရဲ့ပြောင်းလဲမှု ဖြစ်စဉ်ကို ကျနော်တို့ကျော်လွန်၍မရနိုင်ပါ။ (၁၉)ရာစုမှာ ဥရောပ တိုက်သားတွေရဲ့ရွှေရောင်လွှမ်းခဲ့တယ်၊ (၂၀)ရာစုမှာ အမေရိကန်ကရွှေရောင်လွှမ်းခဲ့ တယ်။ (၂၁) ရာစုမှာ တရုတ်ကကမ္ဘာ့နံပါတ် (၁)နေရာကိုယူလာနိုင်တဲ့ အချက်ကိုမြန်မာခေါင်းဆောင် တွေစဉ်းစားထားသင့်တယ်။



နိဂုံးအနေနှင့်တင်ပြရရင်တော့ ကျနော်တို့နိုင်ငံဟာ စီးပွားရေးနှင့် မဟာလူဦးရေပေါက်ကွဲမှု ဖြစ်နေတဲ့ နိုင်ငံ နှစ်ခုကြားညှပ်နေလေတော့ နိုင်ငံရဲ့အချုပ်အချာအာဏာပိုင်မှုကို (၁၃) ရာစုခေတ် ပုဂံရာဇ၀င်ထဲကရာဇသင်္ကြန်အမတ်ကြီးလို သံတမန်ပရိယာယ်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ် များကသာထိမ်းသိမ်းနိုင်လိမ့်မယ်လို့ယူဆမိပါ တယ်။



Sources;

1. 1. China calls for talks over shelved Myanmar dam (Reuters)
2. 2. Political Events in the late 13th century, immediate causes (Origins of modern Burma)
3. 3. www. burmariversnetwork.org
4. 4. Upstream Ayeyawady Hydropower Projects Can Promote the Transformation of Myanmar’s Resources Advantage into Its Economic Advantage and Accelerate the Development of Its National Economy

လေးစားစွာဖြင့်

လှရွှေ(Hla Shwe Facebookytjuy76)


စာရေးသူလှရွှေသည် ရန်ကုန်တက္ကသိုလ်တွင် ခေတ်ဟောင်းသမိုင်းကိုလေ့လာခဲ့သည်။ ၁၉၉၆ ခုနှစ်ကျောင်းသားလှုပ်ရှား မှုတွင်ပါဝင်မှုကြောင့် စစ်အစိုးရ၏ထိမ်းသိမ်းမှုကိုခံခဲ့ရသည်။ နယ်စပ်ဒေသတွင် ရခိုင်သတင်းစဉ် အယ်ဒီတာ၊ ရခိုင်ပြည်အမျိုး သားကောင်စီ နိုင်ငံခြားရေးကော်မတီအဖွဲ့င်၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ကောင်စီရုံးတွင် လက်ထောက်ဒါရိုက်တာ အဖြစ်တာဝန်ထမ်း ဆောင်ခဲ့သည်။ သမိုင်းနှင့်နိုင်ငံရေးသိပ္ပံဘာသာရပ်ကို CDC တွင်တာဝန်ယူသင်ကြားလျက်ရှိသည်။

0 NLD လူငယ်တာဝန်ခံတစ်ဦးအသတ်ခံရ



ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ (၉)ရပ်ကွက်၊ ဗိုလ်သန်းထူးလမ်းတွင်နေထိုင်သူ အဘဦးချစ်ဦး+အမိဒေါ်သန်းဦး တို့၏ သားဖြစ်သူ ယခုသုံးခွမြို့နယ် NLDလူငယ်တာဝန်ခံ(၂) ကိုနိုင်ဝင်း သည် ယနေ့ မနက်(၃)နာရီခန့် တွင် နောက်စေ့ခေါင်းကွဲဒဏ်ရာဖြင့် ၄င်း၏နေအိမ်အနီးတွင် သေဆုံးနေသည်ကို သိရှိရပါသည်။
ကိုမောင်မောင်(သေဆုံးသူယောက်ဖ)မှသုံးခွမြို့နယ်လူငယ်တာဝန်ခံ(၁)ကိုဝင်ဇော်(ခ)ကိုတွတ်ပီထံ
ကိုနိုင်ဝင်း သေပြီ ဟုလာရောက် ပြောပါသည်။ ခေါင်းမှာလည်းဒဏ်ရာဒဏ်ချက်တွေနဲ့သေဆုံးနေတယ်လို့ ပြောပါတယ်..

လူငယ်တာဝန်ခံမှလိုက်ကြည်သည့်အခါ ကိုနိုင်ဝင်အားမှောက်ရပ်အနေအထားဖြင့် မနက်(၅)နာရီခွဲ လောက်တွင်သေဆုံးနေသည်ကို တွေ့ရပါသည်။
မျက်နှာမှာရွံ့ဗွက်ထဲတွင်မှောက်ရက်ဖြစ်နေပြီးနောက်စေ့တွင်တုတ်နှင့်ရိုက်ထားသည့်ဒဏ်ရာရှိပါသည်။ မျက်နှာကိုလှန်ကြည့်သည့်အခါမျက်နှာဖူးရောင်ကိုင်းနေပါသည်။နှာခေါင်းရိုးကျိုးပြီးသွေးတွေလည်းထွက်နေပါသည်။
ကိုဝင်းဇော်မှ သူငယ်ချင်းဖြစ်သူ၏ အဖြစ်ကို မယုံကြည်နိုင်လောက်အောင်
ယူကြုံးမရဖြစ်ခဲ့ရပါသည်။ မနေ့က ၃ ရက်နေ့ တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ရုံးချုပ်တွင် ကျင်းပသည့် ရန်ကုန်တိုင်းအတွင်းမြိုနယ်လူငယ်များစုံညီအစည်းအဝေးကို သေဆုံးသူနှင့်ကိုဝင်းဇော်တို့တက်ခဲ့ပါသေးသည်။ ညဘက်မှလမ်းခွဲခဲ့ခြင်းဖြစ်ပါသည်။
ကိုနိုင်ဝင်းအားသတ်သွားသည့်တရားခံမှာ (၉)ရပ်ကွက်တွင်နေထိုင်သူ အမှတ်(၈)မှော်ဘီရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသူ ရဲတပ်သားဇင်မင်းထွန်း(ခ)ပြဿဒါး ဖြစ်သည်ဟု နောက်သိရှိရပါသည်။ တရားခံဖြစ်သူဇင်မင်းထွန်းနှင့် ကိုနိုင်ဝင်းတို့မှာ နဂိုက ခင်မင်ရင်းနှီးကြပါသည်။
ရဲတပ်ရင်းဝင်ပြီး နောက်ပိုင်းမှာ ခွင့်နှင့်ပြန်လာပြီးနောက်ပိုင်းတွေ့ရှိကြခြင်းဖြစ်ပါသည်။

ရဲတပ်သားဇင်မင်းထွန်းမှာအရက်အလွန်အကျွံသောက်ထားသည်ဟုသိရှိရပါသည်။ နောက်ပိုင်းတွင်အဆိုပါ ရဲတပ်သားဇင်မင်းထွန်းမှ သုံးခွမြို့နယ် ရဲစခန်းတွင်လာရောက်အဖမ်းခံသည်ဟုလည်းသိရပါသည်။ ညပိုင်းအဖြစ်အပျက်များကို အဆိုပါရဲတပ်သားမှခံဝန်ချက်ပေးနေဆဲဖြစ်ပြီး အသေးစိတ်မည်သို့ သေဆုံးသည်ကိုမသိရှိရသေးပါ။
Ko Tin Hlaing facebookမှ

0 ကမ္ဘာ့လူရမ်းကားကြီး တရုတ်ရဲ့ ၂၁ ရာစု ကျုးကျော်နယ်ချဲ့ရေး မဟာဗျူဟာမှာ ပထမ ပစ်မှတ်က မြန်မာပြည်-
ရေးသူ-လွင်အောင်စိုး



ရေနံနဲ့ ဂက်စ်ပိုက်လိုင်း စီမံကိန်းအတွက် တရုတ်နှင့်စာချုပ်လတ်မှတ်ရေးထိုးနေသော လက်ရှိသမ္မတဦးသိန်းစိန်အားတွေ့ရစဉ် (ဓာတ်ပုံကိုဒီနေရာကနေရယူပါတယ်)

ပကတိဖြစ်ပျက်နေတာတွေအပေါ် အခြေခံထားတဲ့ အနာဂတ် ခန့်မှန်းချက်တခုကို လေ့လာ မှတ်သားမိသလောက် ဖော်ပြလိုက်ပါတယ်။ ဒီအကြောင်းကို အနောက်အုပ်စုနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေကလည်း ကြိုတင် တွက်ဆ ထားပြီးဖြစ်သလို မြန်မာ အတော်များများကလည်း သိထားပြီး ဖြစ်ပါလိမ့်မယ်။

၂ဝ၁၃ မှာ မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်ဘက်ကို ပို့လွှတ်မယ့် ရေနံနဲ့ ဂက်စ်ပိုက်လိုင်း စီမံကိန်းက ပြီးပါမယ်။ ပိုက်လိုင်းတလျှောက် အမြန်မီးရထားလမ်း ဖောက်လုပ်ဖို့ကလည်း ပိုက်လိုင်းစီမံကိန်းထဲမှာ ကုန်သွယ်ရေးကိစ္စလို့ နာမည်ပေးထားတာ ရှိပါတယ်။ အာဖရိကတိုက် တတိုက်လုံးနဲ့ အရှေ့အလယ်ပိုင်းကလာတဲ့ ရေနံတွေအပြင် မြန်မာနိုင်ငံက ဂက်စ်တွေဟာ အဲဒီ ပိုက်လိုင်းတွေကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို သယ်ယူမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် အနည်းဆုံး ၈ဝ % ဖြစ်နေတော့ အင်မတန် တန်ဖိုးကြီးမားတာကြောင့် တရုတ်က ဒီကိစ္စမှာ နည်းနည်းလေးမှ အထိအခိုက်ခံမှာ မဟုတ်ပါဘူး။ လောင်စာ စွမ်းအင် စပြတ်တာနဲ့ တရုတ်စီးပွားရေး ပျက်စီးရာက အစပြုပြီး လူထုအုံကြွမှုတွေ ဆင့်ကဲဆင့်ကဲ ကြီးထွား ပေါက်ကွဲလာတဲ့အခါ တရုတ်တပြည်လုံး ပြိုကွဲသွားနိုင်လို့ ဖြစ်ပါတယ်။

၂ဝ၁၉ မှာ ပြီးမယ်ဆိုတဲ့ ဧရာဝတီ မြစ်ဆုံရေကာတာကို တရုတ်က သူတို့ကိုယ်တိုင်တည်ဆောက်၊ သူတို့ကိုယ်တိုင် ကိုင်တွယ်မောင်းနှင်ပြီး နှစ် ၃ဝ ပြည့်ပြီးရင် မြန်မာနိုင်ငံကို လွှဲပြောင်းဖို့ (BOT agreement – Build, Operate, Transfer) စာချုပ်မှာ ရှိပါတယ်။ ရေနံနဲ့ ဂက်စ်ပိုက်လိုင်းကို ထိန်းသိမ်းနိုင်ဖို့က သိပ်အဓိကကျတာကြောင့် မြစ်ဆုံဆည် စီမံကိန်းမပြီးခင် တည်ဆောက်ဆဲကာလမှာ ဆည်တည်ဆောက်တာကို ကာကွယ်ဖို့ဆိုပြီး တရုတ် စစ်တပ်က နည်းလမ်းအမျိုးမျိုးနဲ့ ကျူးကျော် ဝင်ရောက်လာနိုင်ပါတယ်။ လိမ်လည်လှည့်ဖျားမှုတွေနဲ့ ဟန်ဆောင်လို့ မရရင်တော့ ဗြောင်ကျကျ ဝင်ရောက် မလာဘူးလို့လည်း မပြောနိုင်ပါ။ တရုတ်ကျူးကျော်ဖို့ မြန်ဆန်သွားအောင် နေပြည်တော်ဘက်မှာဆို လေယာဉ် ဆင်းတက်လို့ရတဲ့ ကားလမ်းကျယ်ကြီးတွေကလည်း အဆင်သင့် ရှိနေသလို ဖြစ်သွားပါတယ်။

အိန္ဒိယသမုဒ္ဒရာဘက်က တရုတ်ကုန်တင်သင်္ဘောတွေကို စောင့်ရှောက်နိုင်ဖို့ အကြောင်းပြုပြီး
၂၁ ရာစုနှစ် တရုတ်ကျူးကျော်မှုက မြန်မာနိုင်ငံမှာတင် ရပ်သွားမှာ မဟုတ်ဘဲ ကျန်တဲ့ အာဆီယံနိုင်ငံ အားလုံးကို ခြိမ်းခြောက်လွှမ်းမိုးပြီး နောက်ထပ် ကျူးကျော်ဖို့ ရှိလာနိုင်ပါတယ်။ ဒါဟာ ထိုင်ဝမ်နဲ့ Spratly ကျွန်းစုကို သိမ်းပိုက် နိုင်ဖို့အတွက် ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်ထဲက ကျွန်းငယ်ပေါင်း ၄၅ ကျွန်းလောက်ရှိတဲ့ Spratly ကျွန်းစုဟာ ရေနံနဲ့ ဂက်စ်တွေ အမြောက်အမြား ထွက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ထိုင်ဝမ်နဲ့ တရုတ်တို့က ဒီကျွန်းစုကို ပိုင်ဆိုင်ဖို့ ပြင်းပြင်းထန်ထန် အငြင်းပွားနေပါတယ်။ ဒါကို အင်အားသုံး ဖြေရှင်းမှ ရနိုင်မယ်လို့ တရုတ်က တွက်ဆထားပါတယ်။

ဒါဟာ တရုတ်ရဲ့ အရှေ့နဲ့ အရှေ့တောင်အာရှ မဟာဗျူဟာ အကြမ်းထည်ပါ။ အိန္ဒိယနိုင်ငံကို ကြားညှပ်မယ့် တောင်အာရှ မဟာဗျူဟာနဲ့ တောင်-မြောက် ကိုးရီးယားကျွန်းဆွယ်တခုလုံးကို သိမ်းပိုက်မယ့် အရှေ့မြောက် မဟာဗျူဟာတို့ကလည်း အသီးသီး ရှိပြီးသား ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ အစိုးရဟာ နှစ် ၅ဝ ကနေ နှစ် ၁ဝဝ နှစ်ရှည် စီမံကိန်းတွေအတွက် မဟာဗျူဟာ ထားရှိ လုပ်ဆောင်လေ့ရှိပါတယ်။ လက်ရှိတရုတ်ဟာ အခုဆိုရင် မှန်းထားတာထက် ပိုမိုမြန်ဆန်ပြီး ချမ်းသာလာလို့ အရှိန် ပိုကောင်းလာနေပါတယ်။

တရုတ်ဟာ ၂၁ ရာစု မဟာအင်အားကြီးနိုင်ငံဖြစ်ဖို့ ရည်မှန်းချက်အတွက် နယ်မြေချဲ့ထွင်သိမ်းပိုက်နိုင်ရေးမှာ ဆယ်စုနှစ် ၂ ခု ကြာအောင် သူတို့ အကုန်အကျခံ လက်သပ်မွေးထားတဲ့ မြန်မာပြည်ကနေ စတင်ခြေလှမ်းတော့မှာ ဖြစ်ပါတယ်။ သိပ်လိုအပ်လာရင် ဒီထက်မက မြန်မြန်ဆန်ဆန်လုပ်ဖို့ ရှိလာနိုင်ပါတယ်။ လုပ်ပြီဆိုရင်လည်း တရုတ် ကွန်မြူနစ်ပါတီဟာ ဘာမှဂရုစိုက်မှာ မဟုတ်ပါ။ တရုတ်ကွန်မြူနစ်ပါတီအစိုးရမှာ အပြောတမျိုး အလုပ်တမျိုး လုပ်တဲ့အကျင့်၊ ဗြောင်လိမ်တဲ့အကျင့်၊ အနိုင်ကျင့်လိုတဲ့အကျင့်၊ ခိုးကြောင်ခိုးဝှက်လုပ်တဲ့အကျင့်၊ ကျေးဇူးကန်းတဲ့ အကျင့်၊ ဂုဏ်သိက္ခာမဲ့တာကို မရှက်မကြောက်တဲ့အကျင့်၊ ဝန်မခံဘဲ ဆင်ခြေဆင်လက် အလွန်များတဲ့အကျင့်၊ လူမိုက်မွေးတဲ့အကျင့် စတဲ့ မကောင်းတဲ့ အကျင့်ပေါင်းစုံ ရှိနေတာ တကမ္ဘာလုံး သိနေကြပါတယ်။ ဒီလိုရမ်းကား လာနေတာကို တကမ္ဘာလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းတိုက်ရမယ့်အဖြစ်ပါ။ ကမ္ဘာကြီး ငြိမ်းချမ်းသာယာ စိုပြေအောင် တကမ္ဘာလုံးက ဝိုင်းဝန်းကြိုးပမ်းနေချိန် အခြားတဘက်မှာတော့ တရုတ်ကွန်မြူနစ်ပါတီအစိုးရဟာ သူ့လိုဘကို ဖြည့်ဆည်းဖို့ ကမ္ဘာကြီးကို ဖျက်ဆီးနေပါတယ်။

တနေ့က Facebook မှာ မိတ်ဆွေတဦးက အိုင်းစတိုင်းရဲ့ ကိုးကားချက်တခုကို ဖော်ပြလာပါတယ်။

The world will not be destroyed by those who do evil, but by those who watch them without doing anything.

Elbert Einstein

လူဆိုးလူရမ်းကားတွေကြောင့် ကမ္ဘာကြီးက ပျက်ဆီးမှာ မဟုတ်ပါဘူး။

သူတို့ရမ်းကားနေတာကို ဘာမှဝင်မတား၊ မနှိပ်ကွပ်ဘဲ ကြည့်နေသူတွေကြောင့်သာ ကမ္ဘာကြီး ပျက်စီးရပါလိမ့်မယ်။

ကျနော်တို့ဟာ ကမ္ဘာကြီးပျက်သွားမှ လိုက်ပြင်ရမယ့်အစား လူရမ်းကားတွေ ကမ္ဘာကို မဖျက်ဆီးခင် သူတို့ကို တားမြစ်နှိပ်ကွပ်တာက ပိုပြီး လွယ်ကူသက်သာပါလိမ့်မယ်။ ကဲ.. ကျနော်တို့ ဒီလူရမ်းကားတွေကို ဘယ်လို တားဆီးနိုင်ကြမလဲ။

လွင်အောင်စိုး

၎-၁ဝ-၂ဝ၁၁

Tuesday, October 4, 2011

1 ဟောင်ကောင် သတင်းဌာန၇ဲ့ မြစ်ဆုံဆည်အကြောင်းရုပ်/သံ- မြန်မာဘာသာပြန်



မှတ်ချက်...ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် သတင်းဌာနကဖြစ်ပါတယ်.. ဒေါသတကြီးထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ.. သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့ အစီအစဉ်ရှိပါတယ်..

သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတဲ့အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည် တွေ့ဆုံချိန် ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ် အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံးအကြိမ်တွေ့ရကြောင်း ပြောကြား ပါတယ်.. ဆည်ကိစ္စမှာ သမ္မတဦးသိန်းစိန်က ပြည့်သူသဘောထားကြောင့်ဆိုပြီး ဖျက်သိမ်းတဲ့ အကြောင်း၊ နောင်တချိန်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရင် တရုတ်ဖက်က သေချာ စဉ်းစားသင့်တဲ့အကြောင်း အခြေအနေ တည်ငြိမ်မှုမရှိကြောင်း၊ အမေရိကန်အစိုးရက ဒီကိစ္စကို အလေးထားကြောင်း၊ ဦးသိန်းစိန်ဟာ မနှစ်ကရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒီနှစ်မတ်ခ်ျလမှာ သမ္မတဖြစ်လာတဲ့အကြောင်း၊

အဲဒီတုန်းက ဦးသိန်းစိန် သမ္မတအရွေးခံခဲ့ရတာကို အတုအယောင် ရွေးကောက်ပွဲဆိုပြီး အနောက်နိုင်ငံတွေ က ထင်မြင်ခဲ့ကြောင်း၊ အသိအမှတ်မပြုခဲ့သလို ပြောဆိုဆက်ဆံမှုလည်း မလုပ်ခဲ့ကြောင်း၊ ဒါကြောင့် သမ္မတဦးသိန်းစိန်ဟာ ပြည်တွင်းပြည်ပကပေးတဲ့ ဖိအားတွေကြောင့် ပြည်တွင်းက ပြည်သူတွေရဲ့ ထောက်ခံမှု ကိုရအောင်၊ ပြည်ပက အမေရိကန်ရဲ့ အားပေးမှုကိုရအောင်၊ ပိတ်ဆို့ထားတာတွေ ရုတ်သိမ်းနိုင်အောင်၊ သူ့လက်ထက်က အစိုးရကို တရားဝင်အသိအမှတ်ပြုအောင် ဒီလိုပြုလုပ်တဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ရဲ့လိုလားချက်ကို ရယူချင်တယ်.. ဒါဟာ သူ့ကိစ္စပါ။

ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးနဲ့ တရုတ်ရဲ့အကျိုးအမြတ်ကို ထိခိုက်စေတာမျိုးက မသင့်တော်ကြောင်း၊ မြန်မာပြည်ဟာ ဟိုးအရင်ကတည်းက တရုတ်အကူအညီတွေကို ရယူနေတာဖြစ်တဲ့အကြောင်း၊ အခုအချိန်မှ မရဘူးလိုပြောတာဟာ ပြည့်သူဆန္ဒတစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဖြစ်နိုင်ကြောင်း ၊ အဓိက,က ပြည်ပဖိအားဖြစ်နိုင်ကြောင်း၊ မြန်မာပြည်ကို အမေရိကန်က ကျောထောက်နောက်ခံ ပြုထားတဲ့အကြောင်း ဝေဖန်ပိုင်းခြားနိုင်ပါတယ်လို့ ဆိုထားပါတယ်...

မြန်မာပြည်ရဲ့ ကတိမတည်မှုက နိုင်ငံတကာထဲ ဝင်ဆန့်နိုင်တဲ့ အရည်အချင်းမရှိတော့ကြောင်း၊ မလေးစားထိုက်တော့ကြောင်း၊ တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက ယုံကြည်ဖို့... မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန်အရေးယူပေးမှ နောင်တချိန် တရုတ်-မြန်မာဆက်ဆံရေးမှာ မြန်မာတွေ ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း... ဝေဖန်ပိုင်းခြားသွားခဲ့ပါတယ်..

သူပြောတာတွေကို တတ်သိနားလည်သလို ဘာသာပြန်လိုက်ပါတယ်.
ဟောင်ကောင် Phoenix Tv(凤凰卫视) Phoenix Satellite Television Holdings Limited (ifeng) သတင်းဌာန website

http://www.phoenixtv.com/

ဘာသာပြန်-နိုင်းနိုင်းစနေ

0 နလံထဧရာဝတီကို ဒေါသပွားနေသူများ -
ရေးသူ-(ဆောင်းပါးရှင် မောင်မောင်ဝမ်း) (ဆောင်းပါးရှင် မောင်မောင်ဝမ်း)


မြန်မာလူထုရဲ့ နှလုံးသည်းပွတ်ဖြစ်တဲ့ ဧရာဝတီကို အဖတ်ဆယ်ဘို့ လူထုရဲ့ဆန္ဒတွေ ပွင့်အန်ထွက်လာကြတာ အားလုံးအသိပါပဲ။ ပြည်တင်းလျှင် မင်းမခံနိုင်ဆိုသလို…. လူထုဆန္ဒကို အထိုက်အား လျှော်စွာမျက်ခြေမပြတ်ဘူးလို့ ဆိုနိုင်တဲ့လက်ရှိ အစိုးရသစ် သမ္မတဦးသိန်းစိန်ကတော့… ဒီကိစ္စအပေါ် ရပ်ဆိုင်းလိုက်ဆိုင်းလိုက်ခြင်းကို.. အားလုံးနီးပါးသော ပြည်သူလူထုကြီးကလည်း ကြိုဆိုခဲ့ကြတယ်။ တတိုင်းပြည်လုံးနီးပါး ဝမ်းမြောက်ခဲ့ကြရတယ်။

သို့သော် ၀မ်းမြောက်မှု့တွေက သိပ်မကြာလိုက်ဘူး…။ စိတ်ပျက်စရာ၊ ၀မ်းနည်းစရာ၊ ဒေါသထွက်စရာ တွေက နောက်ဆက်တွဲ ပါလာတော့တယ်….။ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ တိုက်ပွဲတွေက.. စိတ်အစဉ်ကို ခါးသီးစေခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးတာက.. မချင့်မရဲဖြစ်စေခဲ့တယ်…။ တရုတ်အစိုးရရဲ့ ဒေါသနဲ့တုန့်ပြန်သံတွေဟာ… တမျိုးသားလုံးကို သတိရှိဘို့ လှုံ့ဆော်နေတယ်။ ဒါတွေကို ဦးသိန်းစိန်အစိုးရအနေနဲ့ ကိုင်တွယ်တတ်ဘို့လိုပါတယ်…။ မိမိနိုင်ငံတွင်း ပြသနာတွေက အရေးကြီးသလို.. ပြည်ပရန်ကလည်း အထူးကို သတိကြီးကြီး ထားရမှာပါ။

ဦးစွာပထမ.. ပြည်တွင်းမှာ အဓိကကျတဲ့ ပြသနာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဘို့ လိုပါလိမ့်မယ်။

- နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးလိုက်ရင်...

- ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးကို အမြန်ဆုံး ငြိမ်းသတ်နိုင်မယ်ဆိုရင်….

- အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစွမ်းကုန် ဆောင်ရွက်မယ်ဆိုရင်

- လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို အမြန်ဆုံးရပ်တန့်လိုက်မယ်ဆိုရင်…..

တမျိုးသားလုံးရဲ့သွေးစည်းညီညွတ်မှု အားဟာ…တော်တော် ခိုင်မာလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါတွေဟာ လုံးဝကိုအချိန်ဆွဲလို့ မရတဲ့ အကြောင်းအရာတွေ ဖြစ်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လတ်တလောမှာ… ပြည်ပရန်က အရေးကြီးနေပြီ မဟုတ်ပါလား…။ ယခုဆိုလျှင်… တရုတ်အစိုးရရဲ့ တုန့်ပြန်ချက်မှာ မြန်မာကို မှတ်လောက်အောင် သင်ခန်းစာပေးရမယ်ဆိုတာ.. ဘာကိုဆိုလိုပါသလည်း… ဘယ်လိုတွေနဲ့ သင်ခန်းစာ ပေးချင်တာပါလည်း…. သင်တို့သင်ခန်းစာပေးတိုင်း မြန်မာတွေက ခေါင်းငုံ့ခံမယ်လူမျိုးတွေလို့ ယုံကြည်နေပါသလား….။ မြန်မာတွေဟာ အမျိုးသားရေးနဲ့ ပတ်သက်လာရင်… ဆတ်ဆတ်ထိ မခံတတ်တဲ့ လူမျိုးတွေဆိုတာ သင်တို့သိပါလေစွ….။

သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် ယင်းကိစ္စအပေါ်… တရုတ်အား အလျှော့ပေး ဆက်ဆံနေမည်ဆိုပါ လျှင် ရရှိပြီးသား လူထုထံမှ အမှတ်များ လျှောကျသွားမည် ဖြစ်ယုံမက… မယုံမကြည်မှု့များသည်။ ယခင်ကထက် ပိုမိုဆိုးဝါးသွားနိုင်ပါသည်။ လက်ရှိအခြေနေတွင် အစိုးရအနေဖြင့် လမ်းကြောင်းနှစ်ကြောင်း အနက်တခုခုကို ရွေးချယ်ရပေတော့မည်။ မြန်မာလူထုအကျိုးစီးပွားနဲ့ ထောက်ခံမှု့ကိုယူမလား……။ တရုတ်အစိုးရ၏ အပြုံးစတချက်ကို ရင်ဝယ်ပိုက်မည်လား။ နှစ်ခုစလုံးပြိုင်ရွေးလို့ မရစကောင်းပါ။ ကမ္ဘာပေါ်တွင် တရုတ်အစိုးရ၏ အထောက်အပံ့ကြောင့် တိုင်းပြည်ထူထောင်လာသော နိုင်ငံမတွေ့ဘူးသေးပါ။

တခြားတဘက်တွင် သတိထားသင့်သည်မှာ… ယခုကိစ္စသည်.. တရုတ်အစိုးရ၏ မနှစ်မြို့စရာသော နိုင်ငံတကာ ဆက်ဆံရေး ပေါ်လစီကို ကန့်ကွက်ခြင်းဖြစ်သည်…။ လူမျိုးရေးဆန့်ကျင်မှု့မဟုတ်ပါ… ဒါကိုသဲသဲကွဲကွဲ ခွဲမြင်စေလိုပါတယ်…။ တရုတ်အစိုးရနဲ့ တရုတ်လူထုကို ခွဲမြင်တတ်ဘို့ လိုပါလိမ့်မယ်။ တကယ်တန်းက တရုတ်နိုင်ငံကြီးသည် တိုးတက်ပါသည်လို့ဆိုပေမဲ့… သန်းပေါင်းများစွာသော လူထုကြီးက… ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရဆဲပါ…။ ခါးသီးလှတဲ့ ကွန်မြူနစ်အစိုးရရဲ့ရက်စက်မှုတွေကို နေ့တဓူဝ ကြုံနေဆဲပါ။ ယခုကိစ္စသည် တရုတ်လူမျိုး ဆန့်ကျင့်ရေးမဟုတ်…။ တရုတ်ကွန်မြူနစ်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသား အကျိုးစီးပွားကို ထိခိုက်စေသော လုပ်ရပ်အား မနှစ်မြို့ခြင်းသာဖြစ်သည်။ ထို့အပြင်တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရင်းနှီးမြှုတ်နှံမှုများကို ဆန့်ကျင်ခြင်းလည်းမဟုတ်။ နိုင်ငံတနိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးကို အကောင်ထည် ဖော်ရာတွင် ပြည်ပရင်းနှီးမြုပ်နှံမှု့များသည် လွန်စွာမှအရေးပါ…ပါသည်။ ဈေးကွက်စီးပွားရေးစံနစ်ကို အကောင်ထည်ဖော် ဆောင်ရွက်နေသောကြောင့် ပြည်ပရင်းနှီးမှု့များကို လက်ခံရမည် ဆိုသော်ငြားလည်း….. မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမွေအနှစ်များကို ထိပါးလာမည်ဆိုလျှင် မည်မျှပင်အကျိုးမြတ်ရှိနေပါစေ……လက်မခံသင့်ပါ။

တရုတ်မို့ ဆန့်ကျင်ခြင်းလည်းမဟုတ်၊ အကယ်၍ .အမေရိကန်နိုင်ငံမှ…. ပုဂံရှေးဟောင်း အမွေအနှစ်နေရာများကို ဟော်တည်တွေ ကစားကွင်းတွေ တည်ဆောက်မည်ဟု ကြံရွယ်ခဲ့လျှင်လည်း လက်ခံလိမ့်မည်မဟုတ်ပါ။ (ပြင်သစ် ရေနံကုမ္ပဏီကြီးကို ဆန့်ကျင်ခဲ့ခြင်းက သက်သေရှိပါသည်)။ မိမိတို့လူထုသာလျှင်မက အစိုးရကိုယ်တိုင်က မူအရဆန့်ကျင်ခြင်းအပေါ်….. တရုတ်အစိုးရမှ မြန်မာအားကောင်းကောင်း သင်ခန်းစာပေးရ မည်ဟု မျက်မာန်ရှခြင်းသည်…. လက်ခံနိုင်စရာ အကြောင်းမရှိပါ……။ အမျိုးသားရေး ဂုဏ်သိက္ခာအရ တွန်းလှန် သွားမည်ဖြစ်သည်။

အားလုံးကိုလေးစားစွာဖြင့်

(မောင်မောင်ဝမ်း )

0 အညတရသူရဲကောင်းဆုချီးမြှင့်ရေးကော်မတီမှနိုင်ငံရေးအကျဉ်းသားများထဲမှ(၅) ဦးအား အပြီးသတ်ရွေးချယ်

၅.၆.၂၀၁၁ရက်နေ့ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပပြုလုပ်ခဲ့သောပထမအကြိမ် အညတရ သူရဲကောင်း ဂုဏ်ပြုပွဲ အခမ်းအနားသို့ ပေးပို့ လာသော ဒေါ်အောင်ဆန်းစုကြည် ၏ မိန့် ခွန်း သ၀ဏ်လွှာအား ပြန်လည်ဖော်ပြပေးလိုက်ပါတယ်..

စာနာကူညီ ဂုဏ်ပြုမှုမှသည် တမျိုးသားလုံး လွတ်မြောက်မှုဆီသို့ အညတရသူရဲကောင်းဆု ချီးမြှင့်ရေး ကော်မတီ ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုအတွက် နိုင်ငံရေးအကျဉ်းသားများထဲမှအောက်ပါ ပုဂ္ဂိုလ် (၅) ဦးအား ဆရာကြီး ဦီးဝင်းတင် ဦီးဆောင်သော ဆုရွေးချယ်ရေးကော်မတီ (ပြည်တွင်း) က အပြီးသတ်ရွေးချယ်လိုက်ပြီ ဖြစ်ပါကြောင်း မိမိတို့ ဆုချီးမျြင့်ရေးကော်မတီအနေဖြင့် တရားဝင် ထုတ်ပြန်ကြေညာအပ်ပါသည်။

အမည် အဖအမည် ... ထောင်အမည် ဇာတိ ထောင်ဒဏ်
၁။ဦးဝိရသူ(ခ) ဦးခင်မောင်နိုင် မြစ်ကြီးနားထောင် မန္တလေး ၂၅နှစ်
ဝင်းခိုင်ဦး
၂။ကိုသန့် ဇော် ဦးမြင့်စိန် သရက်ထောင် သံလျှင် သေဒဏ်။ ၁၃.၇.၁၉၈၉

၃။ဦးစွမ်းလှအောင် ဦးချင်ကောင်မူ ကျောက်ဖြူ မိုင်းရှူး (၇၉)နှစ်။၂၀၀၂ခုနှစ်

၎။ကိုဇေယျာအောင် ဦးအောင် မြစ်ကြီးနားထောင် ပဲခူး၊လှိုင်သာယာ ၂၆နှစ်။ ၂၉.၃.၂၀၀၆ခုနှစ်

၅။မမာမာဦး ဦးအုန်းမောင် ဗန်မော်ထောင် ကမာရွတ် ၆၅နှစ် ၁၁.၁၁.၂၀၀၈ခုနှစ်

စာနာကူညီ ဂုဏ်ပြုမှုမှသည် တမျိုးသားလုံး လွတ်မြောက်မှုဆီသို့ အညတရသူရဲကောင်းဆုချီးမြှင့်ရေးကော်မတီ အဆိုပါ သူရဲကောင်း (၅) ဦး၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်းများကို ဆက်လက် စုဆောင်း၍ ထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ၎င်းတို့နှင့် ပတ်သက်သည့် အကြောင်းအရာများအား သိရှိသူ များရှိပါက အများပြည်သူတို့ ပိုမိုပြည့်စုံစွာ သိရှိနိုင်စေရေးအတွက် မိမိတို့ ကော်မတီသို့၎င်း၊ ပြည်တွင်းရှိ ဆုရွေးချယ်ရေးကော်မတီသို့၎င်း ဆက်သွယ် ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဆုချီးမျြင့်မည့်နေ့အား အတိအကျ သတ်မှတ်ပြီးပါက ဆက်လက်၍ အသိပေး သတင်းထုတ်ပြန်ပေးသွား မည် ဖြစ်ပါသည်။ဦးဝိသူရ (ခ) ဝင်းခိုင်ဦး၊ ကိုသန့်ဇော်၊ ကိုစွမ်းလှအောင်၊ ကိုဇေယျာအောင်နှင့် မမာမာဦး ၅ဦးအား ဂုဏ်ပြုဆုများ ပေးအပ်နိုင်ရန်အတွက် အဖက်ဖက်မှ ကူညီကြသော အလှူရှင်များ၊ ဆုရွေးချယ်ရေးကော်မတီနှင့် အညတရသူရဲကောင်းဆုချီးမြှင့်ရေးကော်မတီတို့အား လှိုက်လှိုက်လှဲလှဲ ချီးကျူးပါသည်။

လေးစားလျက် မင်းထက်ဇော် ထွန်းဝေ အညတရသူရဲကောင်းဆုချီးမြှင့်ရေးကော်မတီ
တိုကျို၊ ဂျပန်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်။


အဘ ဦးဝင်းတင် ရွေးတဲ့ အညတရ ၅ ဦးတဲ့
ငါ ဟဲ့ သူရဲကောင်းလား
သင်တို့ ၅ဦး မြင့်မြတ်ကြတယ်
ပေးဆပ်ရဲတာ
ကမ္ဘာက သိ
စစ်ဖိနပ်အောက်
ဒူးမထောက်ဘဲ
တိုက်ပွဲဝင်ကာ
မော်ကွန်းတင်မည်
အညတရဟူသည်
ပကာသန မစွက်
ကိုယ်ကျိုး မဖက်ဘဲ
ပလန်ဘဲလက်လက်
ပက်လက်ပဲလန်လန်
လောကဓံကို
တွန်းလှန်ဖယ်ရှား
အရှုံးပေးမသွားဘဲ ဇွဲနဲ့ တိုက်မယ်
ခါးတောင်း မြဲမြဲကျိုက်ပြီး
အောင်ပွဲဆိုက်တဲ့အထိ
သတ္တိရှိရှိ ကိုယ်ထိလက်ရောက်
တိုက်နေသူကို ဂုဏ်ပြုပါ၏။
သူရဲကောင်းဟူသည်
တည်ကြည်စိတ်ထား ပြတ်သားရမည်
မတရားတာကို မတရားဘူးလို့
ကျားကျားရားရား ပြတ်ပြတ်သားသား
ပြောကြားရဲ ထောက်ပြရဲတာ
သူရဲကောင်းပါ။
မမှန်တာကို မမှန်ဘူးလို့
တူးတူးခါးခါး ထူးထူးခြားခြား
ဝိုးမ၀ါးဘဲ ပြောကြားရဲ
ထုတ်ဖေါ်ရဲတာ သူရဲကောင်းပါ။
ငါတို့ပြည်သား သူရဲကောင်းများဖြစ်ဖို့
မဆုတ်မနစ် အားမာန်သစ်နှင့်
အပြစ်ကို အပြစ်ပြော
အစစ်ကို အတုမပြော။
အဖြစ်မှန်ကို မမှောက်မလှန်
ထောက်ခံရဲသလို
အပြစ်ကိုလဲ အပြစ်အမှန်
မထောက်ခံဘဲ မှောက်လန်ရဲရမည်။
သဘောတည်ကြည် အပြောညီညီနှင့်
တိုင်းပြည်နှင့်လူမျိုး
ကောင်းကျိုးအတွက်
အသက်ကိုပင်ပေးလှူ
ရဲရင့်လူကိုသာ ပြည်သူတွေရဲ့
အသဲကျော်
သူရဲကောင်းခေါ်မှာ။
မပေါ်လွင် မထင်ရှား
မကျော်ကြားလေသော
လူတောက အညတရ အပမွှား
သူရဲကောင်းများကို
အမြင်မစောင်းဘဲ
ဂျပန်ကရဲဘော်များက
အသွင်ပြောင်းလာအောင်
သူရဲကောင်းများကို
ရေလောင်းပျိုးထောင်ပေးကြပါစို့။
ထွန်းဝေ တိုကျို မနက် ၃.၁၄မိနစ် ၂၀၁၁

2 မြစ်ဆုံစီမံကိန်းဆိုင်းငံ့မယ့်အစီအစဉ်အတွက် တရုတ်နိုင်ငံအစိုးရဖက်မှတုန့်ပြန်သတင်းထုတ်ပြန်ချက်(အင်္ဂလိပ်စာတန်းထိုး)ရုပ်/သံ


မြန်မာနိုင်ငံမှာတော့ ဦးသိန်းစိန်က အခုလိုဆုံးဖြတ်လိုက်တာဟာ သူ မဖြေရှင်းပေးနိုင်တဲ့ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးကိစ္စလို ကိစ္စမျိုး အများကြီးရှိနေတာမို့ အခုလို သူ့အပေါ် အကျိုးသက်ရောက်မှုနည်းမယ့် မြစ်ဆုံကိစ္စမျိုးကို လိုက်လျော ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်တယ် (တရုတ်နိုင်ငံ ပေါ်လစီ သုံးသပ်သူ -ဒေါက်တာလှကျော်ဇော)

President U THEIN SEIN Myanmar has announced in Parliament to respect the wishes of the people of Myanmar, a joint venture with the Chinese side suspended the secret Pine Dam hydroelectric power station construction program. Chinese Foreign Ministry on Oct. 1 to respond the first time, hope and Myanmar through consultations.

Wu Dengsheng statement read out in Parliament, said Myitsone hydropower project in violation of the wishes of the people of Myanmar, in his term of office will suspend the project.

He said: "The Myanmar government is democratically elected government, so we must pay attention to the people's will, we have an obligation to focus on solving people's fears and concerns."

Chinese Foreign Ministry initially said to verify the message, and the lapse of 24 hours for the first time responses, dense pine plant is a joint venture between China and Myanmar, the project implementation process in the matter should be handled through consultations.

Myitsone is Myanmar's largest hydropower dam project cost $ 3.6 billion. Tengchong County, Yunnan Power distance of about 200 kilometers, is located in the mountains in northern Myanmar's Kachin, Irrawaddy River is the river level on the first power plant to be developed, with a total installed capacity of 600 million kilowatts.

Myitsone dam is also the largest overseas Chinese business and transfer of hydropower construction projects, equivalent to China's Three Gorges Power Station. China and Myanmar signed a contract in 2006, the Central China Power Investment Group-owned enterprises unilaterally fund the construction of electricity after the completion of 90% will be exported to mainland China.

Myitsone the end of 2009 the dam began. Construction of more than a year ago, Myanmar's environmentalists, academics, Kachin and other ethnic leaders and politicians, are trying to protest against this project, including the famous Burmese pro-democracy leader Aung San Suu Kyi. They protest, the project has led to living along the Yangtze River in the Irrawaddy, Kachin ethnic minority residents forced thousands to migrate, will seriously damage the ecological environment of the Irrawaddy.

Yi Nuowa Myanmar Irrawaddy's mother, gave birth to Myanmar culture and history. Myanmar, a commentator said: "Every Burmese people and have emotional ties to this river, which is why so many people oppose the dam project."

Harvey BBC correspondent in Southeast Asia Affairs, said that although China Electric Power Group Corporation invite experts to Myanmar to assess the project, but the assessment is not made public.

In addition, BBC also said there is news that Chinese partners in the dam started only after the impact assessment of research. Critics say this is "cart before the horse."

"China and India intersection: the intersection of Burma and the new Asia," Wu Tan Min author of the book said that if the opaque Chinese investment projects, the impact will not be considered local, it would be counterproductive.

Some observers believe that Wu Dengsheng's decision shows the change in the attitude of the new government of Myanmar. They are increasingly willing to listen to the voice of the people, to try to get international recognition.

However, according to "Voice of America" ​​report, Myanmar's river network organization reminded by the China Power Investment Group, responsible for power plant projects Myitsone not yet stopped. Environmental groups called on the Chinese engineers and equipment to withdraw from power plant construction area, and so were forced to move the Kachin people to return home, cease to protect the power station.

Currently living in Germany, King of Verona to water experts, "Deutsche Welle" said Myanmar should stop Myitsone dam will have some impact on China. China's hydropower development are some of the crazy momentum, Wang Vero think this is the Chinese authorities to "develop more than anything else" as the basis for making the wrong decision.

Verona King said: "China's understanding of ecological and environmental protection are a lot different when talking about the construction of the Three Gorges Dam on the ecological hazards, the Government stressed the dam project is to improve the quality of human life, meet people needs, Beijing is always regarded as the master of nature. "

NTDTV reporter Liming Fei

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.