Wednesday, October 5, 2011

0 တရုတ်အာဏာပိုင် တွေ သာ ဥာဏ်အမြှော်အမြင် ရှိမယ် ဆိုရင်. .

ကာတွန်း..ဟာကြူလီကသာ
ဂေဟဗေဒ စနစ်ဆိုတာ ကမ္ဘာပေါ်မှာ အင်မတန်မှ အရေးတကြီး ဂရုတစိုက်လုပ်လာရတဲ့ ဘာသာရပ်တခုပါ။ သက်ရှိသတ္တ၀ါ မျိုးစိတ်တွေပဲဖြစ်ဖြစ်၊ သဘာဝပါတ်ဝန်းကျင်ပဲဖြစ်ဖြစ် ပျက်သုန်းပျောက်ကွယ်သွားတာနဲ့ ဘယ်လောက်ဝေးလံခေါင်ဖျားတဲ့ နေရာမှာဖြစ်တာမျိုးမဆို တကမ္ဘာလုံးကို ထိခိုက်စေနိုင်တယ် လို့ အသိဥာဏ်ပညာကြွယ်ဝတဲ့သူတွေက သတိထားမိလာကြ၊ ဂရုတစိုက်ရှိလာကြ၊ ထိန်းသိမ်းကာကွယ် လာကြ ရကောင်းမှန်းသိခဲ့ပြီ။

၂၁ ရာစုမှာ လူသားတွေအတွက် အရေးတကြီးလိုအပ်ချက်တခုအနေနဲ့ကို လိုလာတယ်။ ဒီတော့ မြန်မာပြည်နဲ့ ကပ်လျက်နေတဲ့ အိမ်နီးချင်းတရုတ်တွေက ဒါကို ဥာဏ်အမြှော်မြင်လေးနဲ့သာ သုံးသပ်ကြမယ်ဆိုရင် ဒီလို သဘာဝပါတ်ဝန်းကျင်တွေကို ပျက်စီးတာ ကိုယ့်တိုင်းပြည်ထဲမှာမဟုတ်လို့၊ လောလောဆယ် အမြတ်ထွက်ဖို့ စသဖြင့် တထွာတမိုက်ပဲ ကြည့်ပြီး ဆုံးဖြတ်တာမျိုးမလုပ်သင့်ဘူး။
မြန်မာပြည်ရဲ့ ဂေဟစနစ်ပျက်စီး ထိခိုက်ရင် တရုတ်တွေလည်း ထိခိုက်မှာပဲ။

မြစ်ဆုံဆည်ကို ရပ်သင့်တယ် ဆိုတာ တရုတ်အရေး မြန်မာအရေး၊ တရုတ်အကျိုး မြန်မာ အကျိုးအနေနဲ့ ခွဲခြားပြောနေတာမဟုတ်ဘူး။

ကမ္ဘာ့အကျိုး၊ လူသားမျိုးနွယ်စုကြီးတရပ်လုံးရဲ့အကျိုးအနေနဲ့ ရပ်ဆိုင်းသင့်တာ။
တရုတ်အာဏာပိုင်တွေသာ အမြှော်အမြင်ကြီးကြီး စဉ်းစားကြမယ် ဆိုရင် ဘယ်လိုဆုံးဖြတ်သင့်တယ်၊ ဘယ်လို ၀ိုင်းဝန်းထိန်းသိမ်းကြမယ် ဆိုတာမ်ျိုးကို ဦးစားပေးဆုံးဖြတ်ရမယ် ဆိုတာ နားလည်ရပါလိမ့်မယ်။

အင်္ဂလိပ်စာ ချောအောင်မွေ့အောင် ပြန်ဆိုနိုင်ကြသူများ တဆိတ်လောက် ၀ိုင်းပြန်ဆိုကြ၊
ဒါ့ထက်ပြည့်စုံထိရောက်မယ့်အချက်အလက်တွေစုကြဆောင်းကြ၊ ရေးကြသားကြပြီး တရုတ်ပြည်သူတွေနားပေါက်အောင် ပို့ကြစမ်းပါဦးဗျာ။

မြန်မာပြည်က ပြန်ကြားရေးဝန်ကြီးဌာနကလည်း နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ခိုင်မာတဲ့အထောက်အထားတွေစုစောင်းပြီး၊ တရုတ်ပြည်သူတွေကို တန်ပြန်သတင်းဖြန့်ချိ
စည်းရုံးလှုံ့ဆော်တာမျိုးတွေ လုပ်သင့်ပါ့။

သူတို့မလုပ်လည်း ကျနော်တို့ မြန်မာပြည်သူတွေထဲက အင်္ဂလိပ်လို၊ တရုတ်လို(အထူးသဖြင့်) ယူနန်ပြည်နယ် သုံး စကားလို၊ ဘာသာဝိုင်းပြန်ကြ၊ ၀ိုင်းရေးကြပါဦးဗျာ။ ကျနော်လည်း ဒီမှာ တွေ့နေတဲ့ တရုတ်စာရေးဆရာတွေကို ပြောနေဆိုနေပါတယ်။

ချိုတူးဇော်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.