Saturday, November 19, 2011

0 သာဓုခေါ်လိုက်ပါတော့ မရင်ငြိမ်းပွင့်


သာဓုခေါ်လိုက်ပါတော့ မရင်ငြိမ်းပွင့်
စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ၁၇.၁၁.၂၀၁၁ နံနက်ပိုင်း တွင် သူမနေထိုင်ရာတိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းအား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ သိရှိလိုက်ရသောအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သား များသည် များစွာအံ့သြခဲ့ရသည်။ မရင်ငြိမ်းပွင့်သည် စင်ကာပူနိုင်ငံ နန်ယန်ပိုလီတက္ကနစ်မှ သူနာပြု ဒီပလိုမာဘွဲ့ရရှိခဲ့ပြီး Kandang Kerbau အမျိုးသမီးနှင့် ကလေးသူငယ်ဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့ ကြောင်း သိရှိရသည်။

(၃၁) ဘုံတွင်ရခဲလှသော လူ့ဘ၀တွင် အို၍သေခြင်း၊ နာ၍သေခြင်းစသည့် သေခြင်းတရားများ အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အတက်နိုင်ဆုံး ကူညီဖေးမ ပေးလျှက်ရှိရာ ယခုကဲ့သို့ လူ့ဘ၀ သက်တမ်း မကုန်ဆုံးခင် မိဘ၊ ဆွေမျိုး၊ မောင်နှမများအား လိမ္မာရေးခြားရှိစွာဖြင့် မိမိတတ်စွမ်းသော ပညာရပ်ဖြင့် အလုပ်အကျွေးပြုနေရှာသော နိုင်ငံ၏ သားကောင်း၊ သ္မီးကောင်းများ အချိန်မတန်ဘဲ လူ့ဘ၀မှ ထွက်ခွာသွားရခြင်းအတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိပါသည်။

မရင်ငြိမ်းပွင့်၏ ရုပ်အလောင်းအား စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ၁၈.၁၁.၂၀၁၁ ရက်နေ့ ညနေ ပိုင်းတွင် မိဘများမှ ပြန်လည်သယ်ဆောင်လာခဲ့သည်။ လေဆိပ်သို့ ရောက်ရှိလာသော မရင်ငြိမ်းပွင့်၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကြောင်းကြားခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အသင်းသားများ၊ ၀န်ထမ်းများမှ သယ်ဆောင်ပို့ဆောင်ပေးခဲ့ပါသည်။ ယနေ့ ၁၉.၁၁.၂၀၁၁ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အအေးခန်းမှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားပြီးဆုံးချိန်တွင် ကျန်ရစ်သူမိသားစု နှင့် ဆွေမျိုးသားချင်းများမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ မရင်ငြိမ်းပွင့် အသက် (၂၂)နှစ်အတွက် ရည်စူး၍ အလှူငွေပေးအပ် လှူဒါန်းခဲ့ပါသည်။

ရောက်ရာဘုံဘ၀မှ မရင်ငြိမ်းပွင့်အား အမျှ … အမျှ … အမျှ ပေးဝေလိုက်ပါသည်။

တို့သေရတဲ့တစ်နေ့ အနှစ်မပါ ဗလာပြန်သွားရမှာကိုသာကြောက်ပါ။ အနှစ်ပါပါ ပြန်ရရင်တော့ မြေအိုးနဲ့ ရွှေအိုးလဲရတော့မယ်လို့ ၀မ်းမြောက်လိုက်ပါတော့ . . . . ။ (၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး)

ကိုကျော်သူ

0 Burma in pieces ရုပ်/သံ)



Shot illegally and often covertly in Burma and Thailand over 2 years, Burma In Pieces is a poetic sound and visual metaphor of life under a military dictatorship, pieced together from 150 hours of original material, interviews and archive footage. Filmed on bustling city streets and in remote mountain villages, in trains and markets, guerrilla resistance compounds in the landmine infested Burmese jungle, refugee camps on the Thai border, Buddhist temples, schools and kick boxing tournaments, the film offers intimate and unique observations of life in Burma under the shadow of the military dictatorship that controls it. For decades, the horrific human rights violations and political oppression in Burma has gone untold and unnoticed by the world, and while this situation has changed in recent years, Burma is still a closed society and its people remain distant statistics in a world desensitized by the horrors of conflict. Burma In Pieces therefore attempts to offer a detailed, nuanced human perspective of the nature of fear and oppression by bringing the audience into the lives, homes and environments of the Burmese people, thus experiencing their warmth, struggle and sacrifice.

1 နဖူးကွဲ ဒူးပြဲတာ မမြင်ချင်ပါ-
ကိုကိုအောင်(ဆန်ဖရန်စစ္စကို)

နိုင်ငံရေးအသင်းအသွင် မှတ်ပုံတင်
ပေါ်လွင်လာတဲ့ အင်အယ်ဒီ။

ပြည့်သူဘက်က အဓိက
အတိကျရပ်မယ့် အင်အယ်ဒီ။

အသင်းအတွက်မဟုတ် အတ္တအတွက်မလုပ်
အဟုတ်ကိုနိုင်ငံအတွက်
အသက်ပေးလုပ်မယ့် အင်အယ်ဒီ။

ငြိမ်းချမ်းရေးလမ်းစဉ် ရှေ့တန်းတင်
အောင်မြင်အောင်လုပ်မယ့် အင်အယ်ဒီ။

အင်အယ်ဒီလုပ်ရပ် အထပ်ထပ်
မွန်မြတ်ပါပေ့ ကောင်းပါသဟေ့။

မမေ့ဖို့ရာ တစ်ခုသာ
အများစုဟာ သိန်းစိန်လူတွေပါ။

လွှတ်တော်တွေထဲ ဆုံးဖြတ်မဲ
လူနည်းစုက ရှုံးရမြဲ။

အရှုံးရတဲ့လူနည်းစုက
လူများစုကိုလိုက်နာရ
ပုပ်ပွနေတဲ့ ဒီပုပ်ထဲ
ဒီပဲဟာ ဒီပဲပါပဲ။

သိန်းစိန်အစိုးရ
ကြိမ်းသေကြုံတိုးနေရတာက
အပြည်ပြည်ဆိုင်ရာဖိအား
ပိုထူးခြားတာက အာဆီယံဥက္ကဌ
မုချလုပ်ရရေး နဲ့ ပိတ်ဆို့နေသေးတဲ့
စီးပွားရေး ပွင့်လာရေးအတွက်
ကြောင်ခံတွင်းပျက်နေတဲ့အချိန်။

ငြိမ်းချမ်းရေးမြော်ကိုး
အမျိုးမျိုးကြိုးစား
ထောင်နှုတ်ခမ်းနားလျှောက်
ထွက်ပေါက်အခါခါ ရှာကြံနေတဲ့ဒေါ်စု
အလုအရက် အချိတ်အဆက်
ဇရက်တောင်ပံကျိုးနေတဲ့အချိန်။

ဤအချိန်နှစ်ချိန် အရှိန်အဟုန်
စုဆုံပြီးကြုံလာခိုက် အကြိုက်ကိုတွေ့
မနောတွေခွေ့ပြီး တွေ့ဆုံဆွေနွေးရေး
အခါမနှေး လမ်းခင်းပေးတော့တယ်။

ကြောင်ခံတွင်းပျက်နဲ့ဇရက်တောင်ပံကျိုး
ဘယ်လိုအဖြစ်မျိုး ကြုံတိုးလာလိမ့်နိုး
ဘယ်သူမျှမမြော်ကိုးနိုင်
အပိုင်ကိုင်နိုင်သူ ဒေါ်စုက
သူ့လူကိုယ့်ဘက်သား ဆွဲဆောင်နိုင်ငြားက
နိုင်အားဟာဒေါ်စုဘက် မဲသာလို့ထွက်
မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ပါလျှင်
လိုချင်တာမရ ပြည်သူတွေရဲ့ဆန္ဒ
ပေါက်ကြမဲ့နှဖူး ပြဲရမယ့်ဒူး ထူးထူးခြားခြား
ရူးများရူးရလေတော့မလား။
ကြည့်သွား သတိထား အသိပွား။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
နိုဝင်ဘာ ၁၈ ၂၀၁၁


နိုဝင်ဘာ ၁၈ ၂၀၁၁

0 အားလုံး ကြိုးစားကြရင် အဆင့်အတန်းရှိတဲ့ မြန်မာပြည်ဖြစ်လာမှာ မလွဲပါ


အမေရိကန်သမ္မတကHillary Clinton ကို မြန်မာပြည်လွှတ်တဲ့အပေါ် အနောက်မီဒီယာများမှာတော့ အမျိုးမျိုးအဖုံအဖုံ ဝေဖန်ပြောဆိုနေကြသံတွေ ကြားရပါတယ်။ ပထမဆုံး CBS သတင်းက အမျိုးသားလုံခြုံရေး လေ့လာဆန်းစစ်သူ Juan Zarate နဲ့ Bob Orrတို့ဆွေးနွေးမှုမှာ ပထမတစ်ချက်က အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်ရေးပေါ်လစီ အောင်မြင်ကြောင်း ပြချင်တာနဲ့ ဒုတိယက တရုတ်ကို Counterလုပ်ချင်တာကြောင့်လို့ ဆိုပါတယ်။ အမေရိကန်က အာရှ-ပစိဖိတ်ဒေသမှာ တရုတ်နဲ့ကို တန်ပြန်အင်အားယှဉ်နေတာ တွေ့ရပါတယ်။ CNN သတင်းမှာတော့ တရုတ်ကိုအားစမ်းချင်လို့ မြန်မာကိုဖွင့်ပေးလိုက်တာ ကောင်းပေမယ့်လို့ မြန်မာအစိုးရက ထင်ထားတဲ့အတိုင်းမလုပ်ဘဲ .. ဒုံရင်းအတိုင်းသွားနေရင်တော့ အမေရိကန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပူးပေါင်းဆောင်ရွက်ရေးလမ်းစဉ်ဟာ သဲထဲရေသွန်ဖြစ်နိုင်တဲ့အကြောင်း သတိပေးထားတာကို ဖတ်ရပါတယ်။ The Washington Post မှာတော့ မြန်မာကိုဖွင့်ပေးလိုက်တာ တရုတ်ကိုအားစမ်းချင်လို့မဟုတ်ပါဘူးလို့ အမေရိကန်အရာရှိများက ငြင်းကြောင်းဖတ်ရပါတယ်။ ကျွန်တော့်အမြင်ကတော့ ဘာပဲဖြစ်ဖြစ် အမေရိကန်က ဒီလိုဖွင့်ပေးလိုက်တာကို ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် -

၁. မြန်မာ့လက်ရှိအစိုးရရဲ့ ပြောင်းလဲလက်စအရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်ခြင်း၊

၂. နိုင်ငံရေးအကျဉ်းသားကိစ္စ၊ အမျိုးသားရင်ကြားစေ့ရေးကိစ္စ အစရှိတာတွေကို အနီးကပ်ဝေဖန်တိုက်တွန်းနိုင်ခြင်း၊

၃. လွှမ်းမိုးလာတဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့စီးပွားရေး ကဏ္ဍတွေကို Counter လုပ်ပြီး ချိန်ညှိနိုင်ခြင်း (တရုတ်ရင်းနှီးမြှုပ်နှံမှုများကို မနှစ်သက်၍မဟုတ်၊ ပြိုင်ဘက်ကိုဖိတ်ခေါ်ခြင်းဖြင့် လက်ဝါးကြီးအုပ်ခေါင်းပုံဖြတ်မှုကို ကာကွယ်ရန်အတွက်)။

နောက်တစ်ခုက နိုင်ငံရေးမှာ အခုလိုအသွင်ပြောင်းစ ပြုလာပေမယ့် စီးပွားရေးမှာ အသွင်ပြောင်းဖို့ အများကြီးလိုနေသေးတဲ့ ကိစ္စပါ။ ဥပမာ - BBCက Rachel Harvey ရဲ့ဆွေးနွေးမှုမှာ မြန်မာပြည်က နိုင်ငံခြားနည်းပညာအကူအညီ အရမ်းလိုအပ်နေပါတယ်။ exchange rate တစ်သမတ်တည်းဖြစ်ဖို့၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တရားဥပဒေတွေကို ထင်သာမြင်သာနဲ့ ခိုင်မာအောင်ပြဌါန်းဖို့ .. အစရှိသဖြင့် လုပ်ဖို့အများကြီးလိုပါတယ်။ ဒါတွေအရင်မလုပ်သေးဘဲနဲ့ဆိုရင် ဆန်ရှင်သိမ်းလိုက်ရင်တောင် အိမ်နီးချင်းနဲ့ ဂျပန်အစရှိတဲ့ အာရှနိုင်ငံတစ်ချို့ကလွဲရင် ဘယ်သူကမှ လာရောက်ရင်းနှီးမြှုပ်နှံချင်မှာမဟုတ်ပါဘူး။ နောက်တစ်ခါ The New York Times မှာ ဦးသန့်မြင့်ဦးဆွေးနွေးထားသလို .. banking system နဲ့ financial sector မှာလုပ်ရမှာတွေ အများကြီးရှိနေပါသေးတယ်။Macquarie တက္ကသိုလ်က ပါမောက္ခ Sean Turnell ဝေဖန်ထားသလို မြန်မာဘဏ်များက လုပ်ငန်းရှင်များကို နှစ်ရှည်ချေးငွေထုတ်ပေးဖို့လည်း လိုအပ်နေတယ် လို့ မြင်ပါတယ်။ သူ့အဆိုအရ မြန်မာပြည်က အတိုးပေးစားသူတွေဟာ တစ်နှစ်ကို အတိုးနှုန်း ၁၈၀ % ယူလေ့ရှိတယ်လို့သိရပါတယ်။ ဒါတွေက အောက်ခြေလူတန်းစားတွေ ပိုပြီးဆင်းရဲမွဲတေစေမယ့် စံနစ်တွေလို့ ကျွန်တော်မြင်ပါတယ်။ နောက်ပြီး အစိုးရမှာ နိုင်ငံတော်ဘတ်ဂျက်၊ အသုံးပြုငွေ အစရှိတာတွေကို ထင်သာမြင်သာ၊ မှန်မှန်ကန်ကန်နဲ့ ပြည်သူကိုချပြဖို့ အင်မတန်အရေးကြီးပါတယ်။

နောက်ဆုံးအနေနဲ့ သတင်းတွေမှာတွေ့နေရတာက မြန်မာပြည်ရဲ့မြို့တော် နေပြည်တော် အပေါ်ဝေဖန်သုံးသပ်ထားမှုတွေပါ။ ၂၀၁၄ မှာ အာဆီယံဥက္ကဌ လုပ်ဖို့လည်း တာဝန်ယူထားပြီဆိုတော့ ဘာပဲပြောပြော ဧည့်သည်တော်တွေကို ဆွဲဆောင်ဖို့နဲ့ ကိုယ်တိုင်အတွေ့အကြုံရဖို့ infrastructure ပိုင်းမှာ လူကြည့်ကောင်းအောင် ဖြစ်နေဖို့လိုပါတယ်။ လောလောဆယ် NPR သတင်းနဲ့ The Wall Street Journal သတင်းထောက်တို့ရဲ့ သုံးသပ်ထားပုံတွေကို ဖတ်နေရပါတယ်။ လောလောဆယ် လူမရှိသေးတာက ပူစရာမလိုပါဘူး .. အိမ်သာရင်ဧည့်လာမှာပါ။ အရေးအကြီးဆုံးတွေထဲက အရေးအကြီးဆုံးတစ်ခုကို ပြောရရင် စီးပွားရေးအတွက် ပေါ်လစီပြောင်းပေးတာ ဘာညာက .. အစိုးရကိစ္စဖြစ်လို့ ထားပါတော့။ ကျွန်တော်တို့ အခုလောလောဆယ် ပြည်သူတစ်ယောက်အနေနဲ့ ကြိုဆင်ပြင်ဆင်ထားရမှာက အင်္ဂလိပ်စာအားကောင်းဖို့ပါ။ အဲဒါ အလွန်အရေးကြီးပါတယ်။ ကျွန်တော်အပါဝင် ကျွန်တော်သိသလောက် မြန်မာအများစုက အင်္ဂလိပ်စာ ကျွမ်းကျင်မှုသိပ်မရှိကြသေးပါဘူး။ နိုင်ငံခြားနဲ့ ဆက်ဆံရတော့မယ်ဆိုရင် ဒါကလုံးဝ မတတ်မဖြစ် တတ်ထားရမှာပါ။ နောက်ပြီး .. ဒါက ကျွန်တော်တို့ ပြည်သူတွေ ကိုယ့်ဟာကိုယ် လုပ်နိုင်တဲ့ကိစ္စပါ။

လောလောဆယ်တော့ တတ်သမျှမှတ်သမျှလေးနဲ့ ငပိသံပါပါပြောနေကြတာ သတင်းတွေထဲမှာ အမြဲကြားနေရပါတယ်။ သို့ပေမယ့် မကျွမ်းကျင်သူအချင်းချင်းမှာ စင်္ကာပူလို အိုကေလား .. no have lah ပုံစံမျိုးနဲ့ပြောနေတာမဟုတ်ဘဲ ကိုယ်သိသလောက်လေးနဲ့ grammar ကျအောင် ကြိုးစားပြောနေကြတာတွေ့လို့ အားတော့ရမိပါတယ်။ ဘာပဲပြောပြော စင်္ကာပူလို တောင်မကျမြောက်မကျတော့ မြန်မာနိုင်ငံကို မဖြစ်စေလိုပါ။ ကျွန်တော်တို့အားလုံး ကြိုးစားကြရင် အဆင့်အတန်းရှိတဲ့ မြန်မာပြည်ဖြစ်လာမှ မလွဲပါ။

မောင်သစ်စိမ်း(MMCP)

0 အမေရိကန်-မြန်မာဆက်ဆံရေးသမိုင်းမှာမှတ်တမ်းတခုအနေနဲ့တည်ရှိနေမဲ့ဓာတ်ပုံ


US-Association of Southeast Asian Nations (ASEAN) meeting in Nusa Dua on Indonesia's resort island of Bali on November 18

Photo..Gettyimages

0 NLD ပါတီမှတ်ပုံတင်ရေးနှင့်ရွေးကောက်ပွဲဝင်ရေးဆန္ဒပြုသည့် NLD CEC အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့်မိန့်ခွန်း


ဒီနေ့ ဆိုလို့ရှိရင် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချရမှာ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်မျိုးဟာ အရင် နှစ်ခေါက် ချခဲ့ပြီးပါပြီ။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေးတုန်းက တစ်ခါ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးတုန်းက တစ်ခါ ချခဲ့ပြီးပါပြီ။ အဲဒီ နှစ်ကြိမ်စလုံးကတည်းက ကျမ မပါခဲ့ပါဘူး။ ဒါဟာ သုံးကြိမ်မှာ ကျမ ပထမဦးဆုံးအကြိမ်ပါဝင်တာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အရင် ၁၉၉၀ ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ်၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ပဲဖြစ်ဖြစ် အများရဲ့ ဆုံးဖြတ်ချက်ကို ကျမလက်ခံခဲ့ပါတယ်။ ကျမ သဘောတူတာ မတူတာက အဓိက မဟုတ်ပါဘူး၊ ကျမရဲ့ ဆန္ဒတွေ လည်းရှိပါတယ်။ကျမရဲ့ အမြင်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဒီမိုကရေစီနည်းအရ အများရဲ့ဆုံးဖြတ်ချက်ကို လက်ခံရမှာဖြစ်ပါတယ်။ အများရဲ့ ဆုံးဖြတ်ချက်ကို လက်ခံတယ်ဆိုတာ မည်ကာ မတ္တ လက်ခံတာကို ပြောတာ မဟုတ်ပါဘူး။ တကယ်ပဲ လက်ခံတယ်ဆိုရင် စိတ်ရောကိုယ်ပါ လုပ်ရပါမယ်။ ဆုံးဖြတ်ချက် မချခင်မှာ ကိုယ့်ရဲ့အမြင်ကို တင်ပြချင်သလို တင်ပြလို့ရတယ်။ ကိုယ်သဘောတူတာ မတူတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရပါတယ်။

ဒါပေမဲ့ ဆုံးဖြတ်ချက်ချပြီးပြီ ဆိုလို့ရှိရင် အဲဒီချမှတ်တဲ့ ဆုံးဖြတ်ချက် အတိုင်း စိတ်ရောကိုယ်ပါ လိုက်ပြီးတော့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီတာဝန်တစ်ခု ဖြစ်တယ်ဆိုတာကို ကျမ အားလုံးကို နားလည်စေချင်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ၀င်ရေးကိစ္စကို ကျမကိုယ်တိုင်လည်း သဘောတူခဲ့တာ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်ချတဲ့အထဲမှာ ပါဝင်ခဲ့တာလည်း မဟုတ်ပါဘူး၊ဒါပေမဲ့ အဖွဲ့ချုပ်က ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် အဖွဲ့ချုပ်ရဲ့လမ်းစဉ်အတိုင်း ကျမအားလုံးလုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ၀င်ရေးအတွက်ကို လက်မှတ်ထိုးပြီးတော့ လျှောက်ပါဆိုတာကို ကျမ လျှောက်ခဲ့တယ်။ ဒါပေမဲ့ ကျမကို ၀င်ခွင့်မပေးခဲ့ဘူး။ နောက်ပြီးတဲ့ အခါကျတော့ ၀င်ခွင့်မပေးခဲ့ပေမယ့်လည်း ဒီရွေးကောက်ပွဲမှာ အဖွဲ့ချုပ်ကနေ မဲထည့်ပါလို့ ပြည်သူတွေကို ဆော်သြခဲ့တဲ့အတွက် ကျမ အကျဉ်းကျနေစဉ်တုန်းက မဲထည့်ခဲ့ပါတယ်။ ဘယ်လိုမဆို ဒီမိုကရေစီကို လေးစားတဲ့သူတိုင်းဟာ တကယ်ပဲ ဒီမိုကရေစီစိတ်ဓါတ်ရှိတယ် ဆိုရင် အများရဲ့ဆန္ဒကို လေးစားလိုက်နာရမယ်ဆိုတာ အပြောနဲ့ မဟုတ်ပါဘူး၊ အလုပ်နဲ့ပါ။ နောက်ဆုံးကျတော့ စိတ်တွင်းကပါ လေးစားလိုက်နာရမှာပါ။

ဒီလိုလုပ်မှသာလျှင် ကျမတို့ဟာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်နေတယ်လို့ ပြောလို့ ရမှာပါ။ ကိုယ်သဘောတူတဲ့ ကိစ္စ ဆုံးဖြတ်လို့ ကိုယ်က လိုက်လျောတယ်ဆိုတာ၊ ဒါ ဘာမှမထူးဆန်းပါဘူး။ လူတိုင်း လုပ်နိုင်တဲ့ ကိစ္စပါ။ အမှန်ပြောမယ်ဆိုရင် ဒီမိုကရေစီကို မနှစ်မြို့တဲ့သူတွေ၊ ဒီမိုကရေစီကို မလိုလားတဲ့သူတွေတောင်မှ သူတို့ လုပ်ချင်တာကို လိုက်လုပ်ဖို့ဆိုတာ ၀န်လေးတာ မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ ခဲယဉ်းတဲ့ တာဝန်တစ်ခုဟာ ဒါပါပဲ။ ကိုယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကိုယ်လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ အများက ဆုံးဖြတ်ပြီဆိုလို့ရှိရင် ကောင်းကောင်းမွန်မွန် လိုက်နာရမှာ၊လေးစားရမှာ ဖြစ်ပါတယ်။ ဥပမာဆိုလို့ရှိရင် ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲကနေပြီးတော့ ရွေးထုတ်လိုက်တဲ့သူတွေကို အစိုးရအဖြစ် လက်ခံကြရတာပါ။ ဒီလို သမ္မတရွေးတယ်ဆိုပါတော့၊ သမ္မတရွေးတဲ့ နိုင်ငံတွေမှာ ဆိုလို့ရှိရင် ရွေးကောက်ပွဲက ရွေးထုတ်လိုက်တဲ့ သမ္မတကို တက်လာတဲ့အခါကျရင် ဒီသမ္မတကို မဲမပေးခဲ့တဲ့သူတွေကလည်း ဒါနိုင်ငံတော် သမ္မတလို့ လက်ခံရမှာပါ။ ဒါ ဒီမိုကရေစီနည်း အရ လုပ်ခဲ့လို့ရှိရင်။ ဒီလို ဒီမိုကရေစီနည်းအရ လုပ်ခဲ့လို့ရှိရင် ကိုယ့်ဘက်မှာ ရှုံးတဲ့အခါလည်းရှိမယ်။ ကိုယ့်ဘက်မှာ နိုင်တဲ့အခါလည်း ရှိမယ်ဆိုတာကို တစ်ခါတည်း လက်ခံထားရမှာဖြစ်ပါတယ်။ အမြဲပဲ နိုင်ချင်နေတယ် ဆိုတာတော့ ဒါ ဒီမိုကရေစီ စိတ်ဓါတ်မဟုတ်ဘူးဆိုတာတော့ အားလုံး ဆင်ခြင်သင့်ပါတယ်။ ဒီမိုကရေစီစိတ်ဓါတ်ဆိုတာ ဘာလဲဆိုတော့ လူတိုင်း လူတိုင်းဟာ ကိုယ့်အတွေးအခေါ်နဲ့ လွတ်လွတ်လပ်လပ် တွေးခေါ်ပိုင်ခွင့်ရှိပါတယ်။ အဲတော့ လူတွေ များတဲ့ အခါကျတော့ အတွေးအခေါ်ကလည်း အမျိုးမျိုးရှိတယ်။ သို့သော်လည်း ဒီဟာတွေကို ဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေရှာရမယ်။ ဆွေးနွေးညှိနှိုင်းပြီးတော့ ရှာတဲ့အဖြေကို အများရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမယ်ဆိုတာ။ ဒါက ဒီမိုကရေစီရဲ့ အနှစ်သာရပဲ။ ရိုးရိုးလေး ပြောလိုက်လို့ရှိရင်ဒါပါပဲ။ အဲတော့ ကျမတို့ ဒီမိုကရေစီ၊ ဒီမိုကရေစီဆိုတာ ပြောမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ ဒီမိုကရေစီနဲ့ ပတ်သတ်လို့ ရေးထားတဲ့ စာအုပ်စာတမ်းတွေက သောင်းမက သိန်းမကတောင်ရှိမယ်လို့ ထင်ပါတယ်။ အားလုံးကတော့ တစ်မျိုးစီ တစ်မျိုးစီပြောကြမှာပဲ။ အခြေခံကတော့ ဒါပါပဲ။ လူတွေက တစ်ယောက်နဲ့ တစ်ယောက်မတူဘူးဆိုတာ လက်ခံတယ်။ အတွေးချင်း မတူဘူးဆိုတာ လက်ခံတယ်။ ကိုယ့်အတွေးနဲ့ကိုယ် လွတ်လွတ်လပ်လပ်ရှိစေရမယ်ဆိုတာ လက်ခံတယ်။ ဒါပေမဲ့ ဒီမိုကရေစီ နည်းအရ အများရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမယ်ဆိုတာလဲ လက်ခံရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအတွက်ဆိုပြီးတော့ ထူထောင်ထားတဲ့ ပါတီတစ်ခုမှာ ဒီလို တာဝန်ရှိပါတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တကယ်တော့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားပိုင်ခွင့် ရှိခဲ့ရတဲ့အချိန်ဟာ အင်မတန်နည်းပါတယ်။ အနှစ် ၂၀ ကျော်ရှိပြီ၊အဖွဲ့ကို ထူထောင်ခဲ့တာ။ ဒါပေမယ့်လဲ တကယ်တော့ လွတ်လွတ်လပ်လပ် ဒီမိုကရေစီပါတီတစ်ခုအနေနဲ့ ဒိမိုကရေစီနိုင်ငံရေးပါတီ တစ်ခုအနေနဲ့ လုပ်ဆောင်နိုင်ခွင့်တွေ အင်မတန်မှ နည်းခဲ့ပါတယ်။ ဒီလိုနည်းခဲ့တဲ့အထဲက ကျမတို့ ရုန်းပြီးတော့ ရှင်သန်ခဲ့တာပါ။ အဲဒီအတွက်လည်း ကျမကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျမ ခဏခဏ အောင်မြင်ခြင်း တရားလေးပါးအကြောင်း ပြောပါတယ်။ ဆန္ဒ၊ ၀ိရိယ၊ စိတ္တ၊ ပညာ ဆန္ဒကတော့ရှိပြီးသားဆိုတော့ ဒါလက်ခံပါတယ်။ ကျမတို့ အဖွဲ့ချုပ်ကို ၀င်တဲ့သူတိုင်းဟာ ဒီမိုကရေစီကို ရချင်တဲ့ ဆန္ဒရှိလို့ ၀င်ကြတာပါ။ ၀ိရိယရှိလားဆိုတော့၊ ၀ိရိယရှိလို့လည်း အခု အနှစ် ၂၀ ကျော်ဆက်ပြီးတော့ ရှိနေကြတာဆိုတာ ကျမလက်ခံပါတယ်။ ပြီးတော့ ဘာကျန်လဲဆိုတော့ စိတ္တနဲ့ ပညာ။ ကျမတို့ ဒီမိုကရေစီ အတွက် ဆက်ပြီး ကြိုးပမ်းသွားတဲ့အခါမှာ မှန်ကန်တဲ့ စိတ်ဓါတ်မျိုးရှိဖို့ လိုပါတယ်။ ပညာလည်းရှိဖို့လိုပါတယ်။ အခုခေတ်ဟာ ပညာ၊ ဗဟုသုတ ခေတ်ကြီးပါ။ အဲတော့ ကျမတို့ ဘယ်လို ဆုံးဖြတ်ချက်ပဲ ချချ စိတ်ဓါတ်က မှန်ရမယ်။ အာဃာတ ကင်းလွတ်ရမယ်။ အဂတိ တရားတွေကနေပြီးတော့ ကင်းလွတ်ရမယ်။ အဲတော့ ကျမတို့ဟာ အဂတိတရားလေးပါးကနေ ကင်းလွတ်ပြီးတော့ ဆုံးဖြတ်ချက်တွေ ချရပါမယ်။ နောက်ပြီးတော့ ပညာ၊ ပညာနဲ့ သုံးသပ်ရပါမယ်။ ကျမတို့ အခုလုပ်နေတာဟာ နိုင်ငံ့ရဲ့

အနာဂတ်အတွက် လုပ်နေတာပါ။ ပြီးတော့ နိုင်ငံ့ရဲ့ အနာဂတ်ကို ဘယ်လိုလုပ်သင့်တယ်ဆိုတာ လုပ်နည်းလုပ်ထုံး နည်းတွေ အမျိုးမျိုးရှိတဲ့အထဲမှာ လက်တွေ့ကျကျ ဘယ်လိုနည်းတွေနဲ့ အခုချိန်အခါမှာ အကောင်းဆုံးလုပ်နိုင်မယ်ဆိုတာကို၊ အဲဒါကို စဉ်းစားပြီးတော့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျမရဲ့

အမြင်သဘောထားတွေကို ကျမနောက်ဆုံးမှ ပြောပါမယ်။ ဒီလို ဘာဖြစ်လို့ ကျမပြောတာလဲ ဆိုတော့ ကျမရဲ့ သြဇာကြောင့်မလို့ အားလုံးက ၀ိုင်းပြီးတော့ ဒီဘက်ကို ဖြစ်ဖြစ်၊ ဟိုဘက်ကို ဖြစ်ဖြစ် လိုက်ရမှာပဲဆိုတာကို ကျမက အပြောမခံနိုင်ပါဘူး။ ဒါကြောင့်မလို့ ကျမအနေနဲ့ ဘယ်လို သဘောထားရှိတယ်ဆိုတာကို အားလုံးဒီ စီစီတွေကနေ ဆွေးနွေးပြီးတဲ့ အခါမှာ ကျမပြောပါမယ်။ ဒါပေမဲ့ ဆုံးဖြတ်တဲ့နေရာမှာ ကျမခုနက ပြောသလိုပဲ ကျမတို့ လူတွေဟာ ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒရှိရေးအတွက် ကျမတို့ ယုံကြည်တယ်။ ၀ိရိယရှိတယ်ဆိုတာလဲ ယုံကြည်တယ်။ မှန်ကန်တဲ့ စိတ်ဓါတ်နဲ့ ပညာရှိပီပီ ချင့်ချင့်ချိန်ချိန် သေသေချာချာ အခြေအနေကို ဆုံးဖြတ်ပြီးတော့ မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ အဂတိတရားလေးပါး ကင်းဝေးစွာနဲ့ ဆုံးဖြတ်ချက်ချပါလို့ ကျမ အဲဒီလိုပဲ မေတ္တာရပ်ခံချင်ပါတယ်။ ဒါဟာ ကျမတို့ ပါတီရဲ့ အနာဂတ်အတွက် ကျမတို့ လုပ်နေတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီမိုကရေစီ လှုပ်ရှားမှု တစ်ခုတည်းရဲ့ အနာဂတ်အတွက်လည်း ကျမတို့ လုပ်နေတာမဟုတ်ပါဘူး။ ကျမတို့ နိုင်ငံရဲ့ အနာဂတ်အတွက် ကျမတို့ လုပ်နေတယ်ဆိုတာ၊ အဲဒါကိုတော့ စွဲစွဲမြဲမြဲ ခေါင်းထဲမှာ ထားစေချင်ပါတယ်။ တာဝန်သိသိနဲ့ ဆုံးဖြတ်ချက်ကို ချပါ။ ကိုယ့်တာဝန်ဟာ ကိုယ်မှန်တယ်ထင်တဲ့လမ်းကို ရဲရဲဝံ့ဝံ့လျှောက်ဖို့ ဒါက နံပါတ် တစ် ပါ။ ဒါပေမယ့် မှန်တဲ့လမ်းကို လျှောက်မယ်ဆိုတဲ့နေရာမှာ ဒီ ဒီမိုကရေစီပါတီနဲ့ တူတူ လက်တွဲမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ပါပြီးသားဆိုတာ မမေ့ပါနဲ့။ ကိုယ့်ရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့ ဆုံးဖြတ်ချက် ဖြစ်စေကာမူ အများရဲ့ဆုံးဖြတ်ချက်ဆိုရင် စိတ်ရောကိုယ်ပါ တကယ့်ကို ထက်ထက်သန်သန်နဲ့ ဒီဆုံးဖြတ်ချက်ကို ထောက်ခံဖို့ အကောင်အထည်ဖော်ဖို့ လုပ်ပေးသွားစေချင်ပါတယ်။ အဲဒီလို လုပ်မှလဲ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေဟာ အောင်မြင်မှာ ဖြစ်ပါတယ်။ တစ်ယောက်တစ်ပေါက်လုပ်နေလို့တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ ကျမတို့ကတော့ မှန်ကန်တယ် ထင်လို့ရှိရင် စွန့်စားပြီးတော့ လုပ်ရမှာပဲ။ သို့သော်ငြားလည်း ကျမတို့အားလုံးဟာ ပုထုဇဉ် လူသားတွေမို့လို့ အမှားမရှိဘူးလို့ ပြောလို့မရပါဘူး။ ဆုံးဖြတ်ချက်တွေဟာ မှန်လည်း မှန်နိုင်တယ်၊ မှားလည်း မှားနိုင်တယ်။ ဒါပေမဲ့ အမှားဆိုတာလည်း ပြင်လို့မရတာ မဟုတ်ပါဘူး။ အမှန်ဆိုတာလဲ ငါမှန်ပြီဟေ့ဆိုပြီးတော့ ထိုင်ပြီးတော့ လုပ်နေလို့ ဆက်မှန်သွားမှာ မဟုတ်ပါဘူး။ တစ်ချိန်လုံး အခြေအနေကို တစ်နေ့နဲ့တစ်နေ့ သုံးသပ်သွားပြီးတော့ လုပ်သင့်တာကို ဆက်လုပ်သွားရမှာ။ ငါမှန်ပြီ၊ ငါတို့ မှန်ပြီ ဆိုပြီးတော့ ဆက်ပြီးတော့ ဒီ မှန်ကန်တဲ့အပေါ်မှာ တိုးတက်မှုရအောင် မလုပ်နိုင်ဘူးဆိုရင်လဲ ဒါဟာ ကုသိုလ်ထဲက အကုသိုလ်ဖြစ်တယ်လို့ပဲ ပြောရမှာပါ။ မှားတယ် ဆိုလို့ ရှိရင်လည်း ဒီအမှားအပေါ်မှာ အခြေခံပြီးတော့ သင်ခန်းစာယူပြီးတော့ ပြုပြင်သွားမယ်ဆိုရင် အကုသိုလ်ထဲက ကုသိုလ်ဖြစ်လာတဲ့ အမှားဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အားလုံးဟာ ရဲရဲဝံ့ဝံ့နဲ့ မှန်ကန်တဲ့ လမ်းလို့ ထင်တဲ့ လမ်းကို လျှောက်ဖို့ ပြင်ဆင်ကြပါ။ ကျမတို့ ဒီမှာ ပြောတဲ့ အခါမှာ ကိုယ့်ရဲ့အုပ်စုလေးအတွက် မဟုတ်ဘူး၊ ကိုယ့်မြို့နယ်အတွက် မဟုတ်ဘူး၊ ကိုယ့်တိုင်းအတွက် ကိုယ့်ပြည်နယ်အတွက် မဟုတ်ဘဲနဲ့ ကျမတို့ တစ်နိုင်ငံလုံးအတွက် စဉ်းစားပြီးတော့ ဆုံးဖြတ်ချက်ချကြပါလို့ ကျမ မေတ္တာရပ်ခံပါတယ်။ ကျေးဇူးတင်ပါတယ်။

မက်စင်ဂျာ ဂျာနယ်

0 ABSDF's Position on Current NLD's situation

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲဝင်ရောက်ရန် ဆုံးဖြတ်ချက်ချမှတ်ခြင်း အပေါ် အမြင်သဘောထား
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိ တိုင်း ပြည်နှင့် ပြည်သူလူထု အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဖြစ်စဉ်တခုအနေဖြင့် မှတ်ယူသည်။

သို့သော် ယနေ့ကာလ အခြေအနေအရပ်ရပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်း တွင် အတိုက်အခံ အင်အားစုများအားလုံး ပူးပေါင်းပါဝင်လာ စေရေးအတွက် ကြံ့ဖွံ့အစိုးရ၏ သိမ်းသွင်း စည်းရုံးနေမှု နည်းပရိယာယ်များသာဖြစ်နေသေးသည်။

ဤအခြေအနေအောက်တွင် -

- နိုင်ငံရေးအကျဉ်သားများကို ဆက်လက် ထိမ်းသိမ်းထားခြင်း၊ နိုင်ငံရေး အကျဉ်းသားများ တည်ရှိ နေမှုကို ဆက်လက် ငြင်းပယ်နေဆဲဖြစ်ခြင်း၊

- တိုင်းရင်းသားဒေသအသီးသီးသို့ ပြင်းထန်သောထိုးစစ်များဆင်နွှဲနေခြင်း၊ တပြည်လုံး အတိုင်း အတာဆောင်သော အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် လက်မခံ ခြင်း၊

- လူ့အခွင့်အရေး ချိုးဖေါက်မှုများ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ဆက်လက် ကျူးလွန် နေခြင်း၊

- လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ စုဝေးခွင့်များအပါအ၀င် အခြေခံ ဒီမိုကရေစီအခွင့် အရေးများ ပိတ်ပင်ထားဆဲဖြစ်ခြင်း၊

- နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးပွဲအဆင့်သို့ မရောက်သေးခြင်း၊ ကျယ်ပြန့်သော နိုင်ငံရေး သဘော ထားအမြင်များကို စုစည်းပြီး ဖြစ်ပေါ်လာသော ဖြစ်စဉ်မဟုတ်သေးခြင်း၊

- ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုအသီးသီးတို့ ၏ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေမှုများကို နိုင်ငံရေး အရ အသိအမှတ်ပြုမှု မရှိသေးခြင်း၊

- လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲများကို ကျင်းပနိုင်သော နိုင်ငံရေး အခင်းအကျင်း မရှိသေးခြင်း - စသည့် အခြေအနေအရပ်ရပ်ကြောင်ယနေ့ကာလ ဖြစ်ထွန်းနေမှုများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု နိုင်ငံရေးဖြစ်စဉ်များ ဖြစ်ထွန်းရေး အတွက် ယုံကြည် စိတ်ချနိုင်သော အခင်းအကျင်းများ မဟုတ်သေးဟု မှတ်ယူသည်။ ထို့ကြောင့် အဓိပ္ပါယ် ပြည့်ဝသော နိုင်ငံရေးဖြစ်ထွန်းမှုများ ဖြစ်မဖြစ်ကို အလေးထား စောင့်ကြည့်သွားရန် လိုအပ်သည်ဟု ရှုမြင် သည်။

ဤအခြေအနေအောက်တွင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ တပြည်လုံး အတိုင်း အတာဆောင်သော အပစ်အခတ်ရပ်စဲမှုများ ဖြစ်ထွန်းလာစေရေးနှင့် နိုင်ငံရေးအရ တန်းတူရည်တူရှိသော တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေးတို့အတွက် ဘက်ပေါင်းစုံမှ ဆက်လက်တိုက်ပွဲဝင်သွားရန် ဆောင်ရွက်သွား ရမည်ဟု ခံယူသည်။

ဗဟိုကော်မတီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)။

ရက်စွဲ။ ။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ လ ( ၁၈ ) ရက်။

--
ABSDF-HQ
e-mail: absdfhq@csloxinfo.com
website: www.absdf8888.org

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေငြာချက်အမှတ်-၁/၁/၁၁

0 အမေရိကန်သမ္မတအိုဘားမားကနိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အားမြန်မာနိုင်ငံသို့လာမည့်ဒီဇင်ဘာလတွင်စေလွှတ်မည်(ရုပ်/သံ)



(18 Nov 2011 ရက်စွဲပါ နိုင်ငံတကာသတင်းအေဂျင်စီများမှ သတင်းများကို transparencymyanmar စုစည်းဖော်ပြသည်)

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည် ဖြစ်ရာ ယင်းခရီးစဉ်သည် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ထိပ်တန်း အမေရိကန် အစိုးရအရာရှိတစ်ဦး၏ ပထမဆုံးမြန်မာပြည်ခရီးစဉ်ဖြစ်ကြောင်း အစိုးရထိပ်တန်းအရာရှိတစ်ဦးက CBS သတင်းဌာနသို့ ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် တိုးတက်ဖြစ်ထွန်းမှုများနှင့်ပတ်သက်၍ သမိုင်းတွင်မည့် အခွင့်အလမ်းများ ဖမ်းဆုပ် ရယူရန် ကြိုးပမ်းလျက်ရှိသည့်အားလျော်စွာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်ဟု သမ္မတ အိုဘားမားက အင်ဒိုနီးရှားနိုင်ငံဘာလီမြို့တွင်ပြောကြားသည်။

ယခုကိစ္စသည် သမ္မတအိုဘားမားအနေဖြင့် အမေရိကန်-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု စာမျက်နှာသစ်များဖြစ်ထွန်းလာစေရန် တံခါး ဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု The Economist Times သတင်းစာက ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အမှောင်ထုဖုံးလွှမ်းခဲ့ပြီးနောက် 'တိုးတက်ဖြစ်ထွန်းမှုများ ရိပ်ခနဲ ပေါ်ပေါက်လာပြီ ဖြစ်သည်' ဟု သမ္မတ အိုဘားမားကပြောဆိုသည်။ CBS သတင်းထောက် Norah O' Donnell ၏သတင်းပေးပို့ချက်အရ သမ္မတအိုဘားမားသည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် Air Force One အထူးလေယာဉ် ပေါ်မှတစ်ဆင့် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း၊ ထိုသို့ပြောဆိုရာတွင် အမေရိကန်ပြည်ထောင်စု၏ စေ့စပ်ညှိနှိုင်းရေးမူဝါဒသစ်သည် မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ကြဉ်းရာ၌ အကူအညီပေးရန်ဖြစ်သည်ဟူသောအချက်ကို အတည်ပြုပြောဆိုခဲ့ကြောင်းသိရသည်။

သို့သော် ဟီလာရီကလင်တန်အနေဖြင့် ဒီဇင်ဘာလမှ မည်သည့်နေ့ရက်တွင် မြန်မာနိုင်ငံသို့လာရောက်ပြီး အချိန်ကာလမည်မျှကြာမြင့်စွာ လည်ပတ် မည်ဟူသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ဟီလာရီကလင်တန်သည် နိုဝင်ဘာလ ၁၀ ရက်နေ့ ဟာဝိုင်ရီကျွန်း၊ ဟိုနိုလူလူမြို့တွင်ကျင်းပခဲ့သည့် အေပက်ထိပ်သီး ဆွေးနွေးပွဲတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။ "မြန်မာအစိုးရကသာ ပြည်သူတွေ အတွက် စစ်မှန်ပြီး ကြာရှည်ခံသော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားမည်ဆိုပါက သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ မဟာမိတ်ရှာတွေ့မှာ ဖြစ်ပါတယ်" ဟု အဆိုပါ အေပက်ထိပ်သီးဆွေးနွေးပွဲ၏ သီးခြားဆွေးနွေးပွဲ၌ ဟီလာရီကဆိုသည်။

သို့သော် ဆက်လက်ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများအား လွတ်မြောက်ခွင့်ပေးနိုင်ခြင်း ရှိ၊မရှိ နှင့် တိုင်းရင်းသားလူနည်းစုများနှင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဖြစ်ပေါ်အောင် ဆက်လက်လုပ်ဆောင်ခြင်း ရှိ၊မရှိ အစရှိသည့်အရေးကိစ္စများအပါအဝင် မြန်မာ့အနာဂတ်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများစွာ ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကိစ္စသည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ထူးခြားသော သမိုင်း မှတ်တိုင် တစ်ခုဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ဟီလာရီအနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရသစ်ထိပ်ပိုင်း ခေါင်း ဆောင်များနှင့် တွေ့ဆုံကာ စီးပွားရေး ပိတ်ဆို့မှုဖယ်ရှားရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြင့်အောင် လုပ်ကိုင်ဆောင်ရွက်ရေးနှင့် ဒီမိုကရေစီ ဖော် ဆောင်ရေးကိစ္စများကို အဓိကထားဆွေးနွေးဖွယ်ရှိကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူများက ခန့်မှန်းပြောဆိုကြသည်။

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားတဲ့ မိန့်ခွန်း..( ၁၈၊ ၁၁၊ ၂၀၁၁ )



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ဦးတင်ဦး ပြောကြားတဲ့ မိန့်ခွန်း..။

အောင်ကိုကိုလတ်(မြစ်မခ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဗဟိုရုံးချုပ်၌ နိုဝင်ဘာ ၁၈ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည့် ပါတီ မှတ်ပုံတင်ရေး၊ ရွှေးကောက်ပွဲဝင်ရန်ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး အန်အယ်လ်ဒီ ပါတီအနေဖြင့် မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချ ခဲ့ကြောင်းသိရသည်။

အဆိုပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ပါက ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှလည်း ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အလား အလာရှိကြောင်း ပါတီနှင့်နီးစပ် သူတစ်ဦးကပြောသည်။

“ပါတီမှတ်ပုံတင်ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့အလားအလာရှိတယ်”ဟု ဗဟိုဦးစီးအဖွဲ့ဝင် ဦးဝင်းထိန်ကပြောသည်။

ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ပါတီမှတ်ပုံတင်၍ ရွှေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် ကန့်ကွက်သူမရှိပဲ တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ကြကြောင်းသိရသည်။

အစည်းဝေးဆုံးဖြတ်ချက်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ နှင့်အညီ မှတ်ပုံတင်မည်ဖြစ်ကြောင်းနှင့် နောက်လာမည့် ရွေးကောက်ပွဲများတွင် ပါတီအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေတွင် ပြည်နယ်နှင့်တိုင်း (၁၄)ခုမှ ဗဟိုဦးစီးအဖွဲ့ဝင်များ၊ အဖွဲ့ချုပ်ညီနောင်ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီပါတီနှင့်အဖွဲ့ချုပ်ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့တို့မှ ဗဟိုဦးစီးအဖွဲ့ဝင်များ လူငယ်လုပ်ငန်း များဖော်ဆောင်ရေး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အစည်ဝေးတက်ရောက်ခွင့်ရှိသူ ၁၁၆ ဦးအနက် ၁၀၆ ယောက် တက်ရောက်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြချက်အရ သိရှိရသည်။
Video..Khu Daun Facebook

0 (၉၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စုပေါင်းဆွမ်းကပ်လှုပွဲဖိတ်ကြားလွှာ


(၉၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စုပေါင်းဆွမ်းကပ်လှုပွဲကို
ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်၊(ရွှေည၀ါကျောင်းတိုက်)သာဓုကျောင်းတိုက်ဝင်းတွင်နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်အတူဒီမိုကရေစီအင်အားစုများစုပေါင်းကျင်းပပြုလုပ်ကြမည်ဖြစ်ပါသဖြင့်အားလုံးပူးပေါင်းပါဝင်ကြပါရန်ဖိတ်ကြားအပ်ပါသည်။


ဆက်သွယ်ရန်-ကိုကိုကြီး- ၀၉-၇၃၁၀၄၂၃၄
-ကိုဇော်ရဲဝင်း ၀၉-၄၃၁၃၅၈၉၄

Friday, November 18, 2011

0 ပြည်သူတွေအတွက် အကောင်းဆုံးလုပ်ပေးမည့် အစိုးရသည် ပြည်သူတွေ၏ သြဇာအာဏာအောက်တွင်ရှိသည့် အစိုးရပဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ပြည်သူတွေအတွက် အကောင်းဆုံးလုပ်ပေးမည့် အစိုးရသည် ပြည်သူတွေ၏ သြဇာအာဏာအောက်တွင်ရှိသည့် အစိုးရပဲဖြစ်ကြောင်း ပြည်သူလူထုသို့ ဒေါ်အောင်ဆန်းစုကြည် ပြော ကြား by Eleven

ပြည်သူတွေအတွက် အကောင်းဆုံးလုပ်ပေးမည့် အစိုးရသည် ပြည်သူတွေ၏ သြဇာအာဏာအောက်တွင်ရှိသည့် အစိုးရပဲဖြစ်ကြောင်း ပြည်သူလူထုသို့ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီကျော်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ်ပညာရေး အခမဲ့ပညာဒါနကျောင်းသို့ ရောက်ရှိလာစဉ် ပြည်သူလူထုနှင့် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဆိုသည့် သတင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးချင်၍ အမေ့အိမ် ပညာရေး အခမဲ့ပညာဒါန ကျောင်းအနီးဝန်းကျင်ရှိ ပြည်သူများ နံနက်အစောပိုင်း ကတည်းက ရောက်ရှိနေကြပြီး လာရောက်ကြည့်ရှုကြသည့် ပြည်သူလူထုမှာ ထောင်ကျော်သည်ကို တွေ့ရသည်။ ပြည်သူလူထုမှာ များပြားလှ၍ သတင်းထောက်များသည် အနီးကပ်ဓာတ်ပုံရိုက် သတင်းရယူရန်အတွက် လူအုပ်ကြီးကို မနည်းတိုးဝှေ့ကာ ရှေ့သို့ရောက်အောင် သွားခဲ့ရကြောင်း သတင်းတက်ရောက်ရယူသည့် သတင်းထောက်များက ပြောကြားခဲ့သည်။

ပြည်သူလူထုသို့ ဒေါ်အောင်ဆန်းစုကြည် စကားပြောမည်ဆိုသောကြောင့် ထောင်ကျော်ရှိသော ပြည်သူလူထုမှာ နေပူဒဏ်ကို ကြံ့ကြံ့ခံ၍ ထိုင်၍တစ်မျိုး၊ မတ်တပ်ရပ် တစ်ဖုံဖြင့် စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။ထို့နောက် ပြည်သူလူထုသို့ စကားပြောရန် အမေ့အိမ် ပညာရေး အခမဲ့ပညာဒါနကျောင်းမှ ထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့သည်နှင့် နေပူထဲတွင် စောင့်ဆိုင်းနေကြသည့် ပြည်သူလူထုက လက်အုပ်တီးသြဘာပေး ကြိုဆိုခဲ့ကြသည်။

ထို့နောက် ပြည်သူလူထုသို့ စကားပြောရန် အမေ့အိမ် ပညာရေး အခမဲ့ပညာဒါနကျောင်းမှ ထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့သည်နှင့် နေပူထဲတွင် စောင့်ဆိုင်းနေကြသည့် ပြည်သူလူထုက လက်အုပ် တီးသြဘာပေး ကြိုဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ''နေပူထဲမှာ အကြာကြီး စောင့်နေရတဲ့အတွက် အားနာပါတယ်။ တောင်းပန်ပါတယ်။ အထဲမှာ ပြောစရာတွေက မပြီးသေးလို့ပါ။ ပထမဆုံးအားဖြင့် ကျွန်မတို့ကို ဒီလိုလာပြီးတော့ အားပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်မတို့လုပ် ရတဲ့ အလုပ်တွေက ပြည်သူတွေကို အားကိုးပြီး လုပ်နေရတဲ့အလုပ်ပါ။ အခုဒီမှာ အမေ့အိမ်ကျောင်းဆောက်တယ်ဆိုတာ ဒီကျောင်းဟာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ် အတွက် ဖြစ်ပါတယ်။ ကလေးတွေ ပညာတတ်မှ နိုင်ငံရဲ့ အနာဂတ် ကောင်းမွန်လာမှာပါ။ ကျွန်မတို့ ကလေးတွေကို ပညာသင်ပေးတယ်။ ပညာသင်ပေးတဲ့အခါကျရင် ကလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့ ပညာသင်ပေးစေချင် တယ်။ ဒါမှ ပညာသင်ရတာပျော်မှ သူတို့ ပညာရမှာ။ ကျွန်မတို့ အမေ့အိမ်ကလေးကို ဖြစ်မြောက်အောင်လို့ ကူညီပေးတဲ့ ရပ်သူရပ်သားအားလုံးကို ကျွန်မတို့ အင်မတန်မှ ကျေးဇူးတင် ပါတယ်။ ကလေးတွေကိုယ်စား သာမက ကျွန်မတို့နိုင်ငံကိုယ်စား ကျေးဇူးတင်ပါတယ်။ အရင်တုန်းကတော့ ဒီဖက်ကို လာမယ်လာမယ်နဲ့ မရောက်ခဲ့ပါဘူး။ ဒီကို မရောက်တာ တော်တော်ကြာသွားပြီ။ ၁၀ နှစ် လောက်ကတော့ တစ်ခါရောက်ဖူးပါတယ်။ ဒီ ၁၀ နှစ်အတွင်းမှာ လူတွေလည်း အတော်များလာသလိုပဲ။

နောက် ၁၀ နှစ်မှာ ဘယ်လောက်တောင် များလာမလဲမသိဘူး။ ကျွန်မတို့ ပြည်သူတွေကို အရေအတွက်ထက် အရည်အချင်းပါ တိုးတက်စေ ချင်တယ်။

အရည်အချင်းပါ တိုးတက်ဖို့ဟာ ပညာရေးနဲ့ စရမှာပဲဆိုပြီးတော့ ကျွန်မတို့ စလာတာပဲဖြစ်ပါတယ်။ တခြားကိစ္စတွေအတွက်လည်း ကျွန်မတို့ အများကြီး စဉ်းစားနေပါတယ်။ အခု ကျွန်မတို့နိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက် ရေးအတွက် ဘယ်လို ကြိုးစားရမလဲ။ အထူးသဖြင့် လက်လုပ်လက်စားလုပ်နေတဲ့ ပြည်သူတွေရဲ့ဘ၀ကို တိုးတက်အောင်လို့ ဘယ်လိုလုပ်ပေးမလဲလို့ ကျွန်မတို့ လက်တွေ့ကျကျ စဉ်းစားပြီးတော့ ကူညီနိုင်မယ့် အဖွဲ့ အစည်းများ၊ ကူညီနိုင်မယ့် အလှူရှင်များကို ကျွန်မတို့ တိုင်ပင်ဆွေးနွေးနေပါတယ်။ ကျွန်မတို့ကို အကြံဉာဏ်ပေးစရာ များရှိရင် ပေးနိုင်ပါတယ်။ တစ်ယောက်ချင်း တစ်ယောက်ချင်းလာပြီးတော့ ပြောဖို့ခက်တယ် ဆိုပြီးတော့ ကျွန်မနားလည်ပါတယ်။ စုပြီးတော့ ကျွန်မတို့ကို ပေးချင်တဲ့အကြံဥာဏ်များကို ရေးပြီးတော့ ကျွန်မတို့ရုံးကတစ်ဆင့် ပေးလည်းရပါတယ်။ ဒါမှမဟုတ် ဒီကျောင်းဆရာတွေက တစ်ဆင့် ရေးပို့ရင် ရပါတယ်။ ကျွန်မတို့အနေနဲ့ ပြည်သူလူထုရဲ့စိတ်ထဲမှာ ဘာရှိသလဲဆိုတာကို ပြောမှပဲ တစ်ခါတစ်လေ သိတဲ့အဆင့်မှာ ရှိပါတယ်။ တချို့ကိစ္စတွေ မှာ မျက်ဝါးထင်ထင် မြင်တွေ့ရတော့ ဘယ်သူမှ ပြောပြဖို့ မလိုဘူးပေါ့။ တချို့ကိစ္စတွေကျတော့ ထင်ထင်ရှားရှား မရှိတဲ့အခါကျတော့ ကျွန်မတို့တွေအတွက် အသိပေးမှ သိမှာပါ။

(ယင်းအချိန်တွင် ပြည်သူလူထုက သူတို့ဖက်ဆီသို့လှည့်၍ စကားပြောရန် ပြောဆိုသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားမှု ခေတ္တရပ်သွားသည်။)

ကျွန်မတို့တွေ နောက်ကြလို့ရှိရင်လည်း သက်သက်ပြန်ပြီး လာဖို့ အစီအစဉ် ရှိပါတယ်။ တကယ်ကတော့ အမှန်ပြောရရင် ဒီနေ့က ပြည်သူတွေကို တွေ့ဖို့လာတာ မဟုတ်ပါဘူး။ ကျောင်းကိုလာပြီးတော့ ဗြိတိန်နိုင်ငံက လာတဲ့ ၀န်ကြီးကို ကျောင်းကို ပြဖို့လာတာပါ။ ၀န်ကြီးက ဖွံ့ဖြိုးရေးနဲ့ ဆိုင်တဲ့ဝန်ကြီးဆိုတော့ ကျွန်မတို့နိုင်ငံမှာ ဘယ်လိုဖွံ့ဖြိုးမှု အကူအညီတွေ လိုနေလဲလို့ ဆိုတာကို မြင်အောင်လို့ တွေ့အောင်လို့။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ ကျောင်းတွေဟာ ပြည်သူလူထုရဲ့ လိုအပ်ချက်အရ တည်ထောင်ထားတဲ့ ကျောင်းတွေ ဖြစ်တယ်ဆိုတာကို လည်း မြင်အောင်လို့ ၊တွေ့အောင်လို့ ကျွန်မတို့ ခေါ်လာတာပါ။

ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ရဲ့နိုင်ငံမှာ ဆိုလို့ရှိရင် ပြည်သူတွေအားလုံးအတွက် ကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခု ရှိစေချင်တယ်။ မိဘတွေရော၊ ကျောင်းသားတွေရော စိတ်ချမ်းသာစေမယ့် ပညာရေးစနစ် တစ်ခုကို ကျွန်မတို့ ထူထောင်ချင်တာ ဖြစ်ပါတယ်။ အခုအချိန်မှာ တစ်တိုင်းပြည်လုံးအတွက် မလုပ်နိုင်သေးပေမယ့် ကျွန်မတို့ တစ်နိုင်တစ်ပိုင် လုပ်နေတာပါ။ ဒါကြောင့်မို့လို့ ဒီလိုတစ်နိုင်တစ်ပိုင် လုပ်နေတဲ့နေရာမှာ အားတင်းဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ တစ်ကယ့်အင်အားတွေ ဖြစ်ပါတယ်ဆိုပြီး ကျေးဇူးတင်ကြောင်း ပြောတာ ဖြစ်ပါတယ်။

အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသား၊ လူငယ်တွေကို အားပေးစကားလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ဟာ ဒီကျောင်းသူကျောင်းသား၊ လူငယ်လေးတွေရဲ့ လက်ထဲမှာ ဖြစ်ပါတယ်။ ခုနက ကလေးလေးတွေနဲ့ စကားပြောကြည့်တယ်။ ဘာလုပ်ချင်တာလည်းဆိုတော့ ဆရာဝန်ဖြစ်ချင်တဲ့သူနဲ့။ သင်္ဘောသားဖြစ်ချင်တဲ့သူနဲ့။ ဆရာမကြီး လုပ်ချင်တဲ့သူနဲ့။ နိုင်ငံရေးလုပ်ချင်တဲ့သူနဲ့။ အမျိုးမျိုး ပေါ့နော်။ ကျွန်မက ပြောတယ်။ ဘာပဲလုပ်လုပ် ဆရာဝန်ပဲလုပ်လုပ်၊ သင်္ဘောသားပဲလုပ်လုပ်၊ နောက်ဆုံးကျတော့ နိုင်ငံရေးကို အခြေခံအားဖြင့် နားလည်ဖို့ လိုတယ်။ နိုင်ငံရေးနဲ့ ပြည်သူပြည်သားရေးဟာ နားလည်မှ ဒီနိုင်ငံရဲ့ အနာဂတ်ကို ကိုယ်ဖြစ်ချင်သလို ကိုယ်တည်ဆောက်လို့ရမှာ။ ကိုယ်က နိုင်ငံရေးကို နားမလည်သလို ရှိလို့ရှိရင် ကိုယ်လိုချင်တဲ့နိုင်ငံရေးကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို နားလည်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ ကျောင်းသူကျောင်းသားတွေကို အားလုံးကို ပညာသင်ပေးတဲ့တစ်ချိန်တည်းမှာပဲ နိုင်ငံရေးဆိုတာ ဘာလဲ၊ နိုင်ငံဆိုတာ ဘာလဲ၊ နိုင်ငံသူနိုင်ငံ သားများရဲ့တာဝန် ဘာလဲဆိုတာကို တစ်ခါတည်း ကျွန်မတို့ သင်ပေးနိုင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားများမှာ တာဝန်ရှိတယ်ဆိုတာ ကို မမေ့စေချင်ပါဘူး။ အစိုးရမှာလည်း တာဝန်ရှိသလို နိုင်ငံသူနိုင်ငံသားများမှာလည်း တာဝန်ရှိတယ်။ ကျွန်မတို့ ဒီမိုကရေစီစနစ် လိုချင်တယ်လို့ ပြောနေတာဟာ အဲဒီစနစ်အောက်မှာဆိုရင် နိုင်ငံသူ နိုင်ငံသားတွေဟာ အစိုးရကို ထိန်းချုပ်ထားနိုင်တယ်။

ကိုယ်လိုချင်တဲ့အစိုးရကို ပြည်သူတွေက ရွေးချယ်နိုင်ရမယ်။ ဒါကို ကျွန်မတို့ ဦးတည်တာပါ။ အားလုံး စဉ်းစားရင် သိမှာပါ။ လူတိုင်းကတော့ ကိုယ့်အတွက် ကိုယ်လုပ်ချင်ကြတာပဲ။ ပြီးတော့ ပြည်သူတွေအတွက် အကောင်းဆုံးလုပ်ပေးမယ့် အစိုးရဆိုတာ ပြည်သူတွေရဲ့ သြဇာအာဏာအောက်မှာရှိတဲ့ အစိုးရပဲ ဖြစ်နိုင်တယ် ဆိုတာကို အားလုံးကို နားလည်စေချင်တယ်။

အဲဒါကြောင့်မို့လို့ အခြေခံ နိုင်ငံရေး အသိစိတ်ဓာတ်ကို မွေးမြူကြပါ။ ကျွန်မတို့ ဒီနိုင်ငံကို ပြန်လည်ထူထောင်ရေးအတွက် ဒီနိုင်ငံက ပြည်သူပြည်သားများ ဆင်းရဲခြင်းမှ လွတ်မြောက်ရေးအတွက် လုပ်တဲ့အခါမှာ ၀ိုင်းဝန်း ကူညီကြပါလို့ ကျွန်မအနေနဲ့ ဆုတောင်းမေတ္တာရပ်ခံပါ တယ်။ ဆုတောင်းပါတယ်''ဟု ပြည်သူလူထုသို့ ပြောကြားခဲ့သည်။

အမေ့အိမ် ပညာရေးကွန်ရက် အခမဲ့ပညာဒါနကျောင်းများ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆ ကျောင်း ဖွင့်လှစ်ထားပြီး အခြေခံပညာမူလတန်းနှင့် အလယ်တန်းကျောင်းသားများကို သင်ကြားပေးနေသည်ဟု သိရှိရပါသည်။အမေ့အိမ် (လှိုင်သာယာမြို့နယ်)တွင် လက်ရှိသင်ကြားနေသည့် ကျောင်းသားဦးရေမှာ ငါးရာကျော်ရှိပြီး အခြေခံပညာ ကျောင်းချိန်ပြင်ပတွင် ကျူရှင်သဘောမျိုးဖြင့် သင်ကြားပေးနေခြင်းဖြစ်သည်ဟု အမေ့အိမ် (လှိုင်သာယာ)ကျောင်းမှ ကိုငယ်က ရှင်းပြခဲ့ပါသည်။

''ကျွန်မတို့ ကလေးတွေ အကုန်လုံး ဒီကျောင်းမှာ ထားထားတယ်။ ပိုက်ဆံလည်း တစ်ပြားမှ မပေးရဘူး'' ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပါသည်။

အမေ့အိမ်ပညာရေး ကွန်ရက်တွင် ရန်ကုန်မြို့အစွန်အဖျား၌ နေထိုင်လျှက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာရည်နိမ့်ကျနေသော ကလေးငယ်များ ပညာသင်ကြားနိုင်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်များ ဦးဆောင်၍ တည် ထောင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ်ပညာရေး အခမဲ့ပညာဒါနကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး၏ အတွင်းဝန်(၀န်ကြီး) H.E.Mr. Andrew John Bower Mitchell လည်း လာရောက်ကြည့်ရှု လေ့လာ ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး၏ အတွင်းဝန် (၀န်ကြီး)H.E.Mr. Andrew John Bower Mitchell ကလည်း ပြည်သူလူထုသို့ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သေးသည်။

source- http://news-eleven.com/index.php?option=com_content&view=article&id=11064:2011-11-17-08-32-07&catid=42:2009-11-10-07-36-59&Itemid=112

Thursday, November 17, 2011

0 ဦးဂမ္ဘီရ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအချို့ အင်းစိန်ထောင်သို့ ခေါ်ဆောင်

လေယာဉ်ဖြင့် ကလေးထောင်နှင့် ကျောက်ဖြူထောင်များမှ ခေါ်ဆောင်လာသည့် ထောင်ပြောင်း နိုင်ငံရေး အကျဉ်းသားများအား ယနေ့ညနေ ၆ နာရီ ၃၈ မိနစ်တွင် မင်္ဂလာဒုံလေဆိပ်မှ တဆင့် အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

ခေါ်ဆောင်လာသည့် နိုင်ငံရေး အကျဉ်းသားများအနက် ရွှေဝါရောင်သံဃာ့အရေး အခင်း ဦးဆောင်သူ ဦးဂမ္ဘီရ ၊ ဂွမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီပု၊ ကျောက်ဖြူထောင်မှ ကိုသူရိန်အောင် တို့ပါဝင်သည်ကို အတည်ပြုနိုင်သော်လည်း အခြား နိုင်ငံရေး အကျဉ်းသား ပါရှိသည် မပါရှိသည်ကိုမူ အတည်မပြုနိုင်သေးပါ။


ဦးဂမ္ဘီရ နှင့် အခြားနိုင်ငံရေး အကျဉ်းသားတို့ကို သယ်ဆောင်လာသည့် လုံခြုံရေး ယာဉ်တန်း မင်္ဂလာဒုံလေဆိပ်မှ အင်းစိန်ထောင်သို့ ထွက်ခွာစဉ် (ဓါတ်ပုံ -YPI)

ဦးဂမ္ဘီရအား ကလေးမြို့ထောင်မှ ရွှေ့ပြောင်းမည်ဆိုသည့် သတင်းထွက်ပေါ်ပြီးနောက် ၎င်း၏ မယ်တော် ဒေါ်ရေးက ကလေးမြို့ လေဆိပ်တွင်သွားရောက် စောင့်ဆိုင်းသော်လည်း ၀င်ခွင့်မရပဲ လုံခြုံရေး တင်းကြပ်စွာဖြင့် မွန်းလွဲ ၄ နာရီဝန်းကျင်တွင် လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။

မိခင်ဖြစ်သူ ဒေါ်ရေးက “ မတွေ့ လိုက်ရဘူး၊ လေဆိပ်ထဲ ၀င်ခွင့်မပေးဘူး၊ လှမ်းလည်းမမြင်လိုက်ရဘူး၊ သူ့ပစ္စည်းတွေကိုတော့ ကားတစီးနဲ့ သယ်လာတာသိလိုက်တယ်” ဟုပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လေယာဉ်ဖြင့် ခေါ်ဆောင်လာမည့် သတင်းကြောင့် ရန်ကုန်မင်္ဂလာဒုံ လေဆိပ်၌ သတင်းထောက်များနှင့် မိတ်ဆွေ ရဲဘောရဲဘက်များ သွားရောက်စောင့်ဆိုင်းနေကြသော်လည်း ပြောင်းရွှေ့လာသူများအား ရဲ လုံခြုံရေး တင်းကျပ်စွာဖြင့် ညနေ ၆ နာရီခွဲသာသာတွင် ခေါ်ဆောင်သွားကြောင်းသာ မြင်တွေ့လိုက်ရသည်။

ရန်ကုန် အင်းစိန်ထောင်သို့ ခေါ်ဆောင်လာသည့် နိုင်ငံရေး အကျဉ်းသားများအား အင်းစိန်တွင်ပင် ထားရှိမည် သို့မဟုတ် အခြားနယ်ထောင် တခုသို့ပို့ဆောင်မည်ဆိုသည်ကို အတည်မပြုနိုင်သေးပါ။ ကျိုင်းတုံထောင်တွင် အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကိုမူ သရက်ထောင်သို့ ပြောင်းရွှေ့ရန် ရှိပြီးမနက်ဖြန်တွင် ကျိုင်းတုံထောင်မှ ခေါ်ဆောင်လာမည်ဟု ယူဆကြောင်း မိသားစုဝင်များကပြောသည်။

ယနေ့ စတင်လိုက်သည့် နိုင်ငံရေး အကျဉ်းသားများအား ထောင်ပြောင်းရွှေ့ခြင်းတွင် သရက်ထောင်မှ မနီလာသိန်း (သာယာဝတီထောင် သို့) ၊ ပူတာအိုထောင်မှ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး (တောင်ငူထောင်သို့) တို့ပါဝင်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ က အတည်ပြုပြောဆိုသည်။

လွန်ခဲ့သည့် သီတင်းပတ်က ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း ဘန်ကောက်မြို့၌ ဗွီအိုအေ မြန်မာဋ္ဌာနနှင့် တွေ့ဆုံစဉ် နယ်ဝေးရောက်နေသည့် နိုင်ငံရေး အကျဉ်းသားများအား မိသားစုနှင့် နီးရာ အကျဉ်းထောင်များသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

ယခုလို ထောင်ပြောင်းရွှေ့မှု ပြုလုပ်ချိန်သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အာဆီယံ ထိပ်သီးညီလာခံ ကျင်းပချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသား ၁၆၀၀ ကျော် ရှိနေသေးသည်ဟု ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေး အဖွဲ့က ထုတ်ပြန်ထားသလို၊ အစိုးရ ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကမူ အောက်တိုဘာ ၁၂ ရက်နေ့ လွှတ်ပေးပြီးနောက် ၃၀၀ ၀န်းကျင်သာရှိတော့သည်ဟု ယင်းအဖွဲ့၏ အိတ်ဖွင့်ပေးစာတွင်ဖေါ်ပြထားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သီးခြားကောက်ယူထားသည့် စာရင်းအရမူ နိုင်ငံရေး အကျဉ်းသား ၅၉၀ ကျော်သာရှိသည်ဟု ယခုပတ် တနင်္လာနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ။

Yangon PressInternational

0 မန္တလေးသံဃာတော်များ၏ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုမှုကိုဝန်းရံထောက်ခံသော သဘောထားထုတ်ပြန်ချက်

AKSYU Statement Nov-16 2011

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မနက်၁၀နာရီတိတိတွင် ဖွင့်လှစ်ပေးမဲ့ပညာရေးဆိုင်ရာကွန်ယက်ရဲ့ရန်ပုံငွေရှာပွဲ


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မနက်၁၀နာရီတိတိတွင်ဖွင့်လှစ်ပေးမဲ့ပညာရေးဆိုင်ရာကွန်ယက်ရဲ့ရန်ပုံငွေရှာပွဲကိုနှစ်ဆယ့်တရက်နိုဝင်ဘာလတစ်ဆယ်နာရီကနေငါးနာရီအထိယုဒသန်ရိပ်သာမှာပြုလုပ်သွားမှာဖြစ်ပါတယ်ရှင်။

နေရာ၊အမှတ်-၂၀၁။ပြည်လမ်း။ရန်ကုန်မြို့။အချိန်၊၁၀နာရီ-၅၀နာရီထိ။
အားလုံးကိုဖိတ်ခေါ်ပါတယ်။

Dear all,

We cordially invite you all for the Educational Network's Fund Raising Event on 21 Nov 2011.

Date 21 Nov 2011 ( Monday)
Time : 10 AM to 5:00 PM
Place : Judson center , 201 , Pyay Road, ( Near Marlar Bus Stop)

Note : Democracy leader Daw Aung san Su Kyi will open the fair.

ဆက်သွယ်ရန်
လျှပ်တပျက်ဂျာနယ်- ၀၉၇၃၂၁၀၄၁၉၂၊၀၉၇၃၂၀၃၂၇၃
ကိုဇာဂနာ-၀၉၅၀၄၅၀၅၇၊၀၉၄၃၁၇၀၆၆၅
ကိုဖြိုးမင်းသိန်း-၀၉၅၀၇၆၂၃၄
ကိုမျိုးရန်နောင်သိန်း-၀၉၇၃၀၂၁၈၇၄
ကိုဆောင်းဦးလှိုင်-၀၉၅၀၀၁၇၃၀
ကိုဇေယျာသော်-၀၉၂၀၀၀၄၇၁

0 မန္တလေး၊ မစိုးရိမ်တိုက်(ဟောင်း)က ငြိမ်းချမ်းရေး တရားပွဲ (၁၆၊ နိုဝင်ဘာ၊ ၂၀၁၁)။


(မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်း သုတ္တန်ကျောင်းဆောင်ရှေ့၌ ယနေ့ (၁၆၊ ၁၁၊ ၂၀၁၁) နေ့လည် ၁ နာရီမှ ၂ နာရီအထိ ကျင်းပခဲ့သော ငြိမ်းချမ်းရေးဆန္ဒပြုတရားပွဲမှ မေတ္တာသုတ် သံပြိုင်ရွတ်ဆိုသံများ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအမှတ်တရ မေတ္တာစာ သံပြိုင်ရွတ်ဆိုသံများ။)

ယမန်နေ့(၁၅၊ ၁၁၊ ၂၀၁၁)က မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် ဆရာတော် ဦးသောပါက အပါအ၀င် သံဃာငါးပါး ဦးဆောင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆန္ဒပြုပွဲ ဒုတိယနေ့အဖြစ် မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်း သုတ္တန်ကျောင်းဆောင်ရှေ့၌ ယနေ့ (၁၆၊ ၁၁၊ ၂၀၁၁) ကျင်းပဆင်နွှဲခဲ့ပါသည်။

ပရိသတ် ဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး နေ့လည် ၁ နာရီက စတင်သည့် အဆိုပါ အခမ်းအနားသည် နေ့လည် ၂ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

အခမ်းအနားကို မေတ္တာသုတ်သံပြိုင်ရွတ်ဖတ်ခြင်း၊ ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအမှတ်တရ မေတ္တာပို့စာသားများ သံပြိုင်ရွတ်ဆိုခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ပါသည်။

အခမ်းအနားအပြီးတွင် "သမ္မတကြီးအားတောင်းဆိုထားသော အချက်သုံးချက်ကို သဘောတူထောက်ခံကြသော ငြိမ်းချမ်းရေးလိုလားသူ သံဃာတော်များနှင့် တကာ၊ တကာမများ၏ လက်မှတ်များ" အား ငြိမ်းချမ်းရေး ဆရာတော်များက ကောက်ခံခဲ့သေးကြောင်း သတင်းရရှိပါသည်။

ဓါတ်ပုံ- ကိုဝိုင်ဝိုင်ကေ ။Nyo Gyi Facebook (သတင်း)

Wednesday, November 16, 2011

0 ဆန္ဒပြသံဃာတော် ငါးပါး မစိုးရိမ်တိုက်ဟောင်းကျောင်းကို ရောက်ရှိ


အခုနောက်ဆုံး အခြေအနေအရတော့ ဆန္ဒပြဆရာတော် ငါးပါးဟာ မစိုးရိမ်တိုက်ဟောင်းကျောင်းကို ရောက်ရှိသွားပြီဖြစ်ပြီး အဲ့ဒီဆရာတော်တွေရဲ့ လုံခြုံရေးအတွက်ကိုတော့ ကျောင်းတိုက်ဆရာတော်တွေက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

မန္တလေးမြို့ရဲ့ လုံခြုံရေးအခြေအနေကတော့ ထူးထူးခြားခြား လုံခြုံရေးချထားတာမျိုး မတွေ့ရပေမဲ့ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာ ယာဉ်ထိန်းရဲမဟုတ်တဲ့ ရဲသားတွေနဲ့ အရပ်ဝတ်ရဲသားတွေ ချထားတာကိုတော့ တွေ့ရတယ်လို့ မန္တလေးမြို့ခံက ဆိုပါတယ်။

နေ့လယ်က ဆန္ဒပြနေတဲ့ ဗိမာန်တော်တဝိုက်ကိုတော့ လျှပ်စစ်မီးဖြတ်တောက်လိုက်တာကြောင့် ဆန္ဒပြသံဃာတော်တွေက မီးစက်နှိုးပြီး တရားဟောခဲ့ပါတယ်။ အဲဒီလို မီးစက်နှိုးဖို့အတွက် ပရိသတ်တွေက ဓါတ်ဆီ၊ ဒီဇယ်ဆီ ဝယ်ပေးကြတယ်လို့ သိရပါတယ်။

နေ့လယ်ခင်းက ဗိမာန်တော်အတွင်းသို့ ဓါတ်ဆီပုံးတွေကို အုတ်တံတိုင်းပေါ်ကနေ တင်ပေးနေတဲ့ လူငယ်ကို ဖမ်းဆီးဖို့ သူ့ရဲ့အိမ်ကို ထောက်လှမ်းရေးတွေက ညနေ ၅း၀၀ နာရီမှာ လာရောက်မေးမြန်းတဲ့အတွက် အခုဆိုရင် အဲဒီလူငယ်လေးက အိမ်မပြန်ရဲတော့ဘဲ ရှောင်တိမ်းနေရတယ်လို့ သတင်းရရှိပါတယ်။

By ဇာဏီ (BurmaVJ Media Network)


နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ သတင်း
Man.

Tuesday, November 15, 2011

0 သံဃာတော်ငါးပါးဦးဆောင်ကာ မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင်ငြိမ်းချမ်းရေးအတွက် တောင်းဆို(ရုပ်/သံ)သတင်း




နိုဝင်ဘာ ၁၅၊ ၂၀၁၁ နံနက် ၅ နာရီကျော်ခန့်မှ စတင်ပြီး မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန် တော်ကြီး တွင် သံဃာတော်ငါးပါးဦးဆောင်ကာ သပိတ်မှောက်လျက်ရှိသည်။

တောင်းဆိုချက်များကို ဗိမာန်တော်ကြီးအရှေ့ဖက်(လိပ်ကန်ဘက်ခြမ်း)တွင် ချိတ်ဆွဲထားပြီး ၄င်းတို့မှာ-
၁။ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now)
... ၂။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners)
၃။ လွတ်လပ်မှုကိုပေးပါ (We Want Freedom)
၎။ ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now)
တို့ဖြစ်သည်။

အဆိုပါသံဃာတော်များကို သိန်းစိန်အစိုးရတာဝန်ရှိသူများက မန္တလေးမြို့မှ မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသအစရှိသည့် ဆရာတော်ကြီးများကို ကြားခံထားကာ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

သပိတ်မှောက်သံဃာတော်များက ၄င်းတို့တောင်းဆိုထားသော အချက်များမရမချင်း ထိုဗိမာန်ထဲတွင်သာ ဆက်လက်နေထိုင်တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသံဃာတော်များသည် ၄င်းတို့နှင့်အတူ ရေ၊ ဆန်၊ စားစရာအချို့၊ ထမင်းပေါင်းအိုး၊ မီးစက်များကအစ တစ်ပါတည်းယူဆောင်ထားပြီး သံဃာတော်များ သပိတ်မှောက်သည်ကို လာရောက်အားပေးသော မန္တလေးလူထုကြီးကလည်း ဆရာတော်များလိုအပ်သည်ကို (ဓာတ်ဆီ(မီးစက်အတွက်)၊ စားစရာ၊ ရေစသဖြင့်) လှူဒါန်းလျက်ရှိပါသည်။

(နောက်ဆုံးကြားသိရသော သတင်းအရ ယနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ဖုန်းနှင့်တိုက်ရိုက်ဆွေးနွေးမည်ဖြစ်ကြောင်း ကြားသိရပါသည်။)

ဦးဆောင်ဆရာတော်အမည်မှာ (အထက်ပါ Video ထဲက ဟောပြောသည့် ဆရာတော်အမည်မှာ) ဦးသောပါက ဖြစ်ပါသည်။
Photo..Mg Ba Oo Facebook
ညိုကြီး(www.bigbbrown.blogspot.com)

0 ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တနှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲ(အသံဖိုင်)

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အသံဖိုင်















သတင်းစာဆရာများရဲ့ မေးမြန်းမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားမှု အသံဖိုင်

http://burmatoday.net

0 ငလျင်ဘေးကူညီကြတဲ့ ဗမာတွေရဲ့ စိတ်ဓါတ်


ဂျပန်ရောက် မြန်မာနိုင်ငံသားများ စုပေါင်းပြီး ဆူနာမီ ငလျင်ဘေးသင့်ဒေသတွင် အကြီးမားဆုံး ပျက်စီးဆုံးရှုံးခဲ့သောMIYAKI ခရိုင်၊ yamaku chi မြို့ များမှာလုပ်အားပေး အပါအဝင် ၊ အဲ့ဒီဒေသက ဒုက္ခသည်တွေကလူသားချင်းစာနာထောက်ထားပြီး မြင့်မြတ်သောစိတ်ထားဖြင့် ကုသိုလ်သွားပြုကာ အားလုံးပေါင်း 28 ယောက်လိုက်ပါခဲ့ကြပါတယ်။မြန်မာ့ဒီမိုကရေစီ အဖွဲ့ အစည်း အသီးသီးမှ လုပ်အားပေး လိုစိတ်ဖြင့်ပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်.။ မြန်မာ့အရေးကို ထောက်ပံ့ကူညီနေသော ဂျပန်လူမျိုးများ MIYAKI ငလျင်ဒေသ သို့  တကာဒါနိုဘားဘား ဘူတာ BIC BOX ဘေးတွင် (13.11.2011) စနေနေ့  ည11နာရီ၃၀မိနစ်တွင်စုရပ်ကာလိုအပ်သည်များကိုအဖွဲ့ ခေါင်းဆောင်များမှ စီစဉ်ပြီး ည 12နာရီ 35မိနစ်တွင် ခရီးစတင်ထွက်ခဲ့ ကြပ်ါသည်။

ကားပေါ်တွင် ဦးဆောင်လိုက်ပါလာသော ဦးခင်အောင် ဦဌေးသစ်တို့ မှ ဒီကနေ့ ဂျပန်မှာ ရှိနေကြတဲ့မြန်မာ တွေ ကိုစကားပြောကြားခဲ့ ပါတယ်။နိုင်ငံရေးလှုပ်ရှားနေတဲ့သူတွေ နောက် အဓိက ဦးဆောင်နေတဲ့ သူတွေ က Miyagi Kan yamaku chi မြို့ သို့ တရက်သာ ခရိုင်တစ် ခုမှာသွားပြီးငလျင်ခိုလှုံရေးစခန်းမှာ မြန်မာတွေ သန့် ရှင်ရေးလုပ်အား ကုသိုလ် ပေးခဲ့ကြတယ်..

အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျှောင် မြန်မာရဟန်းတော်များ အဖွဲ့ချုပ်-ဂျပန်ဌာနခွဲ တာဝန်ခံ ဆုဂါမိုဆရာတော် ဦးဓမ္မဇောတိမှ ငလျင်ဒေသတွင်းဆုံးရှုံးသွားသော မိသားစုများ နှင့် လုပ်အားပေး လာရောက်ကြသောမြန်မာလူမျိုး များအားသြဝါဒကထာငါးပါး သီလ ပေးပြီး မေတ္တာ ဘာဝနာ တရားတော်ချီ့းမြငှ့် ပေးပြီး နောက်စက်ရုံဝန်းကျင်မှာဆူနာမီကြောင့်ကျန်နေတဲ့ ရွံ့ တွေ အလုပ်ရုံတွေကို သန့် ရှင်းရေးထပ်လုပ်ပေးခဲ့ ကြတယ် ပြီးတော့ လူနေအိမ်ခန်းတွဲနှင့် ရေမြောင်များကို သန့် ရှင်းရေး လုပ်အားပေး ခဲ့ ကြတယ် ရွံ့တွေ အမှိုက်တွေ ပစ္စည်းတွေ ကိုတက်ညီလက်ညီ နဲ့ လုပ်ခဲ့ကြတော့ အချိန်တို အတွင်းမှာဘဲ သန့် သန့် ရှင်းရှင်းနဲ့  ပြီးစီးခဲ့တဲ့အတွက်ကြောင့် သက်ဆိုင်ရာဂျပန်တွေက နှစ်ခြို က်ခဲ့ ကြပါတယ်။

ဒီဟာက ကျွန်တော်တို့ ဂျပန်မှာ ရှိတဲ့မြန်မာတွေရဲ့  အလုပ်ချိန် ငွေကြေး လုပ်အားကို စုပြီး အခက်အခဲ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီခဲ့တာဘဲ။ ကိုယ်တိုင်ကိုယ်ကျ မသွားရောက်နိုင်ဘဲ ဒီသွားရောက်တဲ့ သူ တွေ အတွက်အဆင်ပြေပြေ လုပ်ကိုင်နိုင်ဖို့ အတွက် အများကြီးဘဲ စတာတွေကိုပံ့ပိုးကူညီပေးခဲ့ ကြတယ်။ဒီလို ကိုယ်တိုင်ကိုယ်ကျ သွားပြီး လုပ်အားပေးကြတယ် ဒီလိုဘဲ ပစ္စည်းတွေသွားပြီး ဖြစ်မြောက်အောင်ကူညီပေးခဲ့ ကြ စီစဉ်ပေးခဲ့ကြတဲ့ ဂျပန်လူမျိုးတွေ အားလုံးတက်တက်ကြွကြွနဲ့ ညီညီညွတ်ညွတ်နဲ့ ဝိုင်းပြီးလုပ်ဆောင်ပေးကြတဲ့ အတွက်ကြောင့်မို့ လို့  အခက်အခဲတွေချောမောစွာနဲ့ ပြီးခဲ့တဲ့အတွက်ဂျပန်မှာနေတဲ့ဗမာတွေအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်ပါတယ် ဒါကြောင်မို့ လို့  ဂျပန်တွေ ဒုက္ခရောက်ခဲ့တဲ့အတွက်လုပ်ပေးရမယ်ဆိုတဲ့ကျွန်တော်တို့ ဗမာတွေရဲ့ အသိစိတ်ဓါတ်က သူများတိုင်းပြည်မှာ ဘယ်လောက်ဘဲနေနေ ဘယ်လောက်ဘဲကျန်ကျန် မပျောက်မပျက်ဘဲ ထိန်းသိမ်းနိုင်တဲ့ အရာ က ဂုဏ်ယူစရာလဲ ကောင်းတယ် ကျေနပ်အားရစရာလဲကောင်းပါတယ် ဒါတွေက ကျွန်တော်တို့ ဗမာတွေရဲ့ စိတ်ဓါတ်ပါဘဲ လို့  ကိုထွန်းဝေ မှ ပြောကြားခဲ့ ပါတယ်

ဗွီဒီယိုကို အောက် ပါ လင့်များတွင်မကြာခင် ရယူနိုင်ပါပြီ။

http://www.youtube.com/user/zayyar20283 ဗွီဒီယို ကိုထွန်းဝေ ကိုဌေးသစ်

0 N.L.D. ရုံးချုပ်တွင် ကျင်းပပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ


၁၄-၁၁-၂၀၁၁ မွန်းလွဲ ၁း၀၀ နာရီတွင် N.L.D. ရုံးတွင် ကျင်းပပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲတွငိ ပြည်တွငိးပြည်ပသတင်းစာဆရာကြီးများ၏ မေးခွန်းများကိုဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဖြေကြားခဲ့ပါတယ်.......

ကျွန်မတို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတဲ့ အကြောင်းရင်းကတော့ ဒီတစ်နှစ်အတွင်းမှာ ဘာတွေ လုပ်ခဲ့တယ် ဆိုတာ မေးချင်မြန်းချင်တဲ့ မီဒီယာအုပ်စုတွေက အများကြီးဆိုတော့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့ပြီး ဆွေးနွေးတာက အခက်အခဲ ရှိလို့ အားလုံး စုပြီးတော့ သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်တာ ဖြစ်ပါတယ်။

အဲတော့ ကျွန်မတို့ အနေနဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာ စဉ်းစားရမှာက ဒီနှစ်အတွင်းကို ကျွန်မတို့ ဘာတွေ ဖြစ်မြောက်ခဲ့လဲ ဆိုတာကို အဓိကထားပြီးတော့ သိချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး အဖွဲ့အစည်း ဆိုတော့ နိုင်ငံရေးကိုတော့ ပထမ ဦးစားပေး ပြီးတော့ ပြောချင်ပါတယ်။

ကျွန်မတို့ နိုင်ငံရေးနဲ့ ပတ်သက်လို့ စပြီိး တည်ထောင်စဉ် ကာလတည်းက အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ ဒီမိုကရေစီ ရရှိရေးကို ဖြစ်မြောက်ဖို့ လုပ်မယ်ဆိုပြီးတော့ ကျွန်မတို့ မူချခဲ့တာပါ။ ဒီအတိုင်းပဲ ကျွန်မတို့ဟာ အနှစ်နှစ်ဆယ်လုံး ဒီလမ်းကို လျှောက်ခဲ့ပါတယ်။

အခုနှစ်မှာ ဆိုရင် ထူးထူးခြားခြား နိုင်ငံရေးဖြစ်စဉ် အနေနဲ့ ပြောရမယ်ဆိုရင် ကျွန်မနဲ့ သမ္မတကြီး ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံကြတဲ့ ရလဒ်အရ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အများ အခုဆိုရင် စိတ်ဝင်စား နေတာက NLD ဟာ ပြန်ပြီးတော့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်မလား မတင်ဘူးလား၊ နောက်ပြီးတော့ ကြားဖြတ် ရွေးကောက်ပွဲ တွေမှာ ဝင်မလား မဝင်ဘူးလား ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်လို့ လွှတ်တော်က အပြောင်းအလဲ တစ်ခုလုပ်ပြီးတော့ သမ္မတကြီး ကလည်း လက်မှတ်ထိုး ပြီးပြီ ဆိုတော့ ၁၈ ရက်နေ့ကျရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအစည်းအဝေး ခေါ်ပြီးတော့ ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခု သတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စတွေကို မမေးပါနဲ့။ ကျွန်မက ၁၈ ရက်နေ့အထိ စောင့်ပါလို့ပဲ ပြောမှာပါပဲ။ အဲဒါမေးရင် မေးရကျိုး နပ်မယ် မထင်လို့ မမေးပါနဲ့။

တခြား နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ နိုင်ငံရေး အကျဉ်းသား။ ဒီနှစ် အတွင်းမှာ နိုင်ငံရေးအကျဉ်းသား အချို့လွတ်လာတာ ရှိပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်တွေမှာ ကျန်ရှိနေ သေးတဲ့ နိုင်ငံရေးသမားတွေ ရှိသေးတယ် ဆိုတာလဲ အများ သိပြီးသား ဖြစ်ပါတယ်။ ဒီနေ့တောင်မှ ထပ်ပြီးတော့ လွှတ်မယ် ဆိုတာကို ကျွန်မတို့ ကြားနေရပါတယ်။ အခုထိတော့ တိတိကျကျ ကျွန်မတို့ ဘာမှ မသိရသေးပါဘူး။ အခုထိတော့ ဒါ လွှတ်တော့မယ် လွှတ်တော့မယ်လို့ ပြောတာကိုပဲ ကျွန်မတို့ ကြားနေရတာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးဟာ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ သာမက ဒီမိုကရေစီ လိုလားတဲ့သူ အားလုံးရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

နောက်တစ်ခု ကတော့ ကျွန်မတို့ နိုင်ငံမှာ အခု အားလုံးအတွက် စိတ်ပူစရာ စိတ်မအေးစရာ ဖြစ်နေတာက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါပဲ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ ဝမ်းနည်းစရာ ကိစ္စ ဖြစ်ပါတယ်။

ကျွန်မ ဂျူလိုင်လ တုန်းကဆိုရင် သမ္မတကြီး ဦးသိန်းစိန်နဲ့ တိုင်းရင်းသား အဖွဲ့အစည်း အချို့ကို အိတ်ဖွင့်စာ ပေးပြီးတော့ ဒီတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ နောက်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ကျွန်မ တိုက်တွန်းခဲ့ပါတယ်။ ကျွန်မ အနေနဲ့ ဘယ်နေရာက ဖြစ်ဖြစ် ကူညီနိုင်ရင်လည်း ကူညီပါမယ်လို့ ကျွန်မ ပြောပါရစေ။ အခုလည်း ဒီအတိုင်းပါပဲ။ ကျွန်မ တစ်ယောက်တည်း အနေနဲ့ သော်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ သော်လည်းကောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တစ်နည်း တစ်နေရာက နေပြီးတော့ ကူညီနိုင်မယ် ဆိုလို့ရှိရင် ကျွန်မတို့က နေပြီး ဝင်ရောက် ပါဝင် ကူညီဖို့ အဆင်သင့် ဖြစ်ပါတယ် ဆိုတာ ကျွန်မ ထပ်မံပြီးတော့ ပြောချင်ပါတယ်။

ကျွန်မတို့ နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေ အပေါ်မှာ အခြေခံပြီး အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုလို့ ကျွန်မ မြင်တာကတော့ ဥပဒေစိုးမိုးရေး ကိစ္စပါ။ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီးတော့ပဲ ဖြစ်ဖြစ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ပဲ ဖြစ်ဖြစ် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ် စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ် ဥပဒေစိုးမိုးရေး မရှိလို့ကတော့ ကျွန်မတို့ဟာ သိပ်ပြီးတော့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးအကျဥ်းသား ဆိုတာကလည်း ဥပဒေစိုးမိုးတဲ့ နိုင်ငံတွေမှာ ရှိလေ့ရှိထ မရှိပါဘူး။

နောက် စီးပွားရေးနဲ့ ပတ်သက်လို့လည်း ရင်းနှီးမြှုပ်နှံမှုတွေ တကယ်ပဲ လာစေချင်တယ် ဆိုလို့ရှိရင် ဒီမှာလည်း ကျွန်မတို့က ဥပဒေစိုးမိုးရေး လိုပါတယ်။ လာပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားမဲ့သူ တွေက ­­ဒီနိုင်ငံမှာ ဥပဒေစိုးမိုးမှု ရှိ၊ မရ­­­­­­­ှိ ဆိုတာကို သေသေချာချာ ကြည့်ပြီးမှ သူတို့ ရင်းနှီးသင့်တယ်၊ မရင်းနှီးသင့်ဘူး ဆိုတာကို သေသေချာချာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ နိုင်ငံ တိုးတက်ရေး အတွက် လူတွေဟာ စိတ်လုံခြုံဖို့ ဆိုရင် ဥပဒေစိုးမိုးရေး ဆိုတာ ရှိရမယ်။ ဥပဒေ စိုးမိုးရေးက ဘာပေါ်မှာ မူတည်လဲ ဆိုတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် ရှိရမယ်။ တရားရေး မဏ္ဍိုင်ဟာ လွတ်လပ်ရမယ်။ သန့်ရှင်းရမယ်။ ဒီလို သန့်ရှင်းပြီးတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် မရှိလို့ကတော့ ကျွန်မတို့ နိုင်ငံမှာ ဥပဒေစိုးမိုးရေးက မရှိနိုင်ပါဘူး။

ဒါဟာ နိုင်ငံတစ်နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စလို့ ကျွန်မ မြင်ပါတယ်။ ဒီဟာဟာ ဒီမိုကရေစီ အတွက် မရှိမဖြစ် ရှိရမဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီမိုကရေစီအတွက် အဆောက်အအုံတွေ ခိုင်မာဖို့ဆိုတာ လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရေး မဏ္ဍိုင်ဟာ အဓိကပါပဲ။ အဲဒီတော့ အဲဒီဟာအတွက် ကျွန်မတို့ဟာ ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ် ဆိုတာလေး ကျွန်မ ပြောချင်ပါတယ်။

ကျွန်မတို့ အရင်နှစ်က ကျွန်မ ဒီလိုနေ့မှာပေါ့ ၁၄ ရက်နေ့မှာ ရုံးရှေ့မှာပြည်သူနဲ့ စကားပြောတဲ့ အခါမှာ ကျွန်မတို့ ဒီမိုကရေစီ ကွန်ယက်တစ်ခု ဖွဲ့စည်းဖို့ ပြောခဲ့ပါတယ်။ ဒီကွန်ယက် လာတော့ ကျွန်မတို့ အားရလောက်အောင် လုပ်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ပညာရေးဘက်မှာ ဆိုလို့ရှိရင် ကျွန်မတို့ တော်တော် အောင်အောင်မြင်မြင် ရှိပါတယ်။ တခြား ကျန်းမာရေး၊ လူမှုရေး လူသားချင်း စာနာတဲ့ နေရာတွေမှာလဲ ကျွန်မတို့ တော်တော် အောင်အောင်မြင်မြင် ရှိပါတယ်။

နောက်ပြီးတော့ ခုတစ်ခေါက် ဥပဒေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ရှေ့နေကွန်ယက် တွေကိုလည်း ဖွဲ့နိုင်ခဲ့ ပါတယ်။ ဒါဟာ ကျွန်မတို့ ဥပဒေစိုးမိုးရေး အတွက် အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို တိုးတက်မှုတွေ ရှိပေမဲ့ လုံလောက်သလား ဆိုတော့ ကျွန်မအနေနဲ့ လုံလောက်တယ် ဆိုတဲ့ စကားလုံးကို မသုံးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံလောက်ပြီ ကျေနပ်လောက်ပြီ ဆိုတဲ့ အဓိပ္ပါယ်က ထပ်ပြီးတော့ လုပ်ဖို့ မလိုတော့ဘူး ဆိုတဲ့ အဓိပ္ပါယ်လေး နည်းနည်း ရောက်လို့ ဖြစ်ပါတယ်။ ကျွန်မတို့ ထပ်ပြီး လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့လည်း တစ်ဖက်ကလည်း ဒီလို အပြုသဘော ဆောင်တဲ့ အမြင်နဲ့ မြင်ဖို့ လိုပါတယ်။

တိုးတက်ဖို့ ဆိုတာက အမြင်တွေကိုလည်း ပြောင်းလဲသင့်တဲ့ အချိန်မှာ ပြောင်းလဲရမယ်။ ကျွန်မတို့ဟာ ယုံကြည်ချက် ပေါ်မှာ အခြေခံ ပြီးတော့ စွန့်စားသင့်တဲ့ အချိန်မှာလည်း စွန့်စားရမယ်။ အဲဒီလို လုပ်မှသာလျှင် ကျွန်မတို့ လိုချင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကြီးက ပွင့်သွားမှာပါ။

ဒီတော့ မပွင့်သေးဘူးလား လို့ တစ်ချို့က ပြောမယ်။ ဒီလို ကျွန်မ ပြောခြင်းအားဖြင့် ဒီိမိုကရေစီ လမ်းကြီးက မပွင့်သေးဘူးလား လို့ ပြောတာလား ဆိုရင် ဒီလမ်းဟာ ပွင့်ပြီလို့ အားလုံးကနေ လက်ခံနိုင်တဲ့ အခြေအနေတော့ မရောက်သေးပါဘူး လို့ ကျွန်မ ပြောပါရစေ။ အဲတော့ ဒီအခြေအနေ ရောက်ဖို့ဟာ ကျွန်မတို့ အားလုံး ကြိုးစားဖို့ လိုပါတယ်။

The Voice Weekly
Video..Burma VJ Media Network

Monday, November 14, 2011

0 ၂၀၁၁ အနာဂတ်သစ်စာစောင် နိုဝင်ဘာလ


ခွပ်ဒေါင်းသစ္စာဘလော့ခ်မှ

0 “လွန်ခဲ့တဲ့ ၂၆ နှစ်က ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ်ရဲ့ ဆုရစာစီစာကုံး”



သူငယ်ချင်းရဲ့ လူငယ်ဘ၀ကလည်း ထောင်ထဲမှာ ပြီးဆုံးခဲ့ရပါလားကွာ။
မင်းတို့ ကို ဆုံးရှုံးနေရသမျှ တိုင်းပြည်လည်း ဆုံးနေရှုံးနေဦးမှာဘဲ။

အောင်မျိုးထွန်း

0 ငြိမ်းချမ်းရေးပြယုဂ်


ငြိမ်းချမ်းရေးပြယုဂ်
မြန်မာနိုင်ငံတစ်ခွင် ဘုရားသခင်၏ သာသနာတော်အလင်းတွင် လူမျိုးမရွေး၊ ဂိုဏ်းကဏမရွေး တပည့်တော်အချင်းချင်း ကူညီထောက်ပံ့အားပေးရန်၊ သာယာရွှင်လန်းစွာ ၀တ်ပြုနိုင်ရေးကို ရည်ရွယ်လျက် မြန်မာအစီအစဉ်ကို ဧမာနွေလနှစ်ခြင်းအသင်းတော်၌ စတင်ခဲ့ရာ ယနေ့ ၁၃.၁၁.၂၀၁၁ ရက်နေ့တွင် (၂၁) နှစ်မြောက် နေ့ကောင်းနေ့မြတ် တစ်ရက်ဖြစ်သည်။ ထို (၂၁)နှစ်မြောက် မဟာဓမ္မသဘင်ပွဲကို အမှတ် (၄၁၁)၊ မဟာဗန္ဓုလလမ်း၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ ဧည့်ပရိသတ်ပေါင်းများစွာဖြင့် ဧမာနွေလနှစ်ခြင်း အသင်းတော် အဆောက်အဦးတစ်ခုလုံး ပြည့်လျှံသွားတော့သည်။

ယင်းအခမ်းအနားတွင် Doctor of Divinity (D.D) ဘွဲ့အား Sayamagyi Daw May May Khin, Doctor of Humane Social Services (D.H.S.S) ဘွဲ့အား U Kyaw Thu @ Kyaw Win (Free Funeral Service Society – Yangon), Master of Humane Social Services (M.H.S.S) ဘွဲ့အား Daw Peggy Gyaw၊ Daw Maw Maw @ La Min Aein (ဆရာချစ်စံဝင်း၏ ဇနီး), Daw Rowena Hein, Daw Myint Myint Khin Pe @ Shwe Zee Kwet တို့အား သိက္ခာတော်ရ သင်းအုပ်ဆရာတော်ကြီး Rev.Dr.Paul F. Johns မှ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဧမာနွေလနှစ်ခြင်း အသင်းတော်ကြီး၏ သိက္ခာတော်ရ ဆရာတော်ကြီး ဦးပေါလ်အက်(ဖ်)ဂျွန်(စ်)သည် ဦးကျော်သူအား ဒေါက်တာဘွဲ့ (D.H.S.S – Doctor of Humane Social Services)ဘွဲ့ ချီးမြှင့်ရခြင်းအကြောင်းရင်းအား “ဦးကျော်သူကို ဖာသာတို့က ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ် ရတဲ့ အကြောင်းရင်းက ဘာလဲဆိုရင် ဦးကျော်သူက လူမှုရေးလည်းလုပ်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီမစတတ်တဲ့ လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ဦးကျော်သူကိုပေးအပ်ရတာ ဖြစ်ပါတယ်။ သမ္မာကျမ်း စာထဲမှာ ဘုရားသခင်က လူတွေရဲ့ မျက်ရည်သုတ်ပေးတယ်တဲ့။ အဲဒီတော့ လူတွေရဲ့ မျက်ရည်ကို သုတ်ပေးတဲ့လူတွေ အကုန်လုံးက ဘုရားသခင်ရဲ့ အလုပ်ကိုလုပ်တာနဲ့ အတူတူပါပဲ။ သေခြင်းတရား တွေ့မှဘဲ လူတွေက မျက်ရည်ကျတာများတယ်လေ။ ဦးကျော်သူက အဲဒီလိုလူတွေကို မျက်ရည်သုတ်ပေး တာက တစ်ကြောင်း၊ ဆင်းရဲချမ်းသာမရွေး မှန်အခေါင်းလေးနဲ့ အသုဘပို့ပေးတယ်လေ။ ဘုရားသခင် လုပ်တဲ့ အလုပ်ကို ကျော်သူကလုပ်တယ်။ ဒါကြောင့် ဘုရားသခင်အလိုတော်ရ ဒီဘွဲ့ကို ချီးမြှင့်ပေးခြင်း ဖြစ်တယ်။” ဟူ၍၄င်း၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်အား (M.H.S.S – Master of Humane Social Services)ဘွဲ့ ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ “ခင်ပွန်းဖြစ်သူနှင့်အတူ လူမှုရေးလုပ်ငန်းများကို မောင်တစ်ထမ်း မယ်တစ်ရွက် တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ရခြင်းဖြစ်တယ်။” ဟူ၍ ပြောကြား ခဲ့ပြီးနောက် ဘွဲ့များအား အသီးသီးချီးမြှင့်ပေးခဲ့သည်။

ဦးကျော်သူမှ ဘွဲ့ချီးမြှင့်ခံရပြီးသည့်နောက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် “ယခု ကဲ့သို့ ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာမိပါကြောင်း၊ အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့် ဘာသာမတူသော ခရစ်ယာန်အဖွဲ့မှ ချီးမြှင့်ပေးသည့်အတွက် အံသြရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိဤဘွဲ့အားရရှိခြင်းမှာ မိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/ သားများ၏ ပေးဆပ်မှုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများနှင့် ပါဝင်ပတ်သက်မှုကြောင်း၊ နိုင်ငံတော်အစိုးရ အား မိမိတို့ တစ်ဖက်တစ်လမ်း လူမှုရေးကူညီမှုများဖြင့် ပံ့ပိုးပေးခဲ့သလို၊ တိုင်းရင်းသားဒေသ၊ နယ်စပ် ဒေသများရှိ စစ်ပွဲများကိုလည်း အမြန်ဆုံးရပ်ဆိုင်းခွင့်ရရှိကာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းခွင့်ရရှိစေရန် ဘုရားသခင်မှ ကောင်းချီးပေးပါစေ” ဟူ၍ ပြောကြား သွားခဲ့သည်။ ထိုအတူ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှလည်း “ယခုကဲ့သို့ ဘွဲ့ချီးမြှင့်ခံရသည့်အတွက် များစွာ ၀မ်းမြောက်မိပါကြောင်း၊ မိမိတို့လို ဘာသာခြားကို မုဒိတာထားနိုင်တဲ့ ဆရာတော်ကြီးတွေကို ကျွန်မ ကျေးဇူးအများကြီးတင်ပါတယ်။ ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းသည် နိုင်ငံတော်တွင် အထူးလိုအပ်နေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ ဘာသာတွေကွဲပြားနေခြင်း၊ လူမျိုးများ ကွဲပြားနေခြင်းကို အမြန်ဆုံးစည်းလုံးညီညွတ်မှုကိုရနိုင်မယ့် ပြယုဂ်လေးတစ်ခုဖြစ်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်။” ဟူ၍ ပြောကြားခဲ့သည်။ ထို့နောက် ဧမာနွေလဘုရားကျောင်းရှိ ဆရာတော်ကြီး များမှ ကောင်းချီးပေးခြင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင်နှင့် မွေးနေ့အထူးဖယောင်းတိုင်များ ထွန်းငြိ၍ ဆုတောင်းခြင်း၊ ပရိသတ်များမှ ဓမ္မသီချင်းများ သီဆိုခြင်း၊ တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် UBS အဖွဲ့မှ ဓမ္မတေးများ သီဆိုဖျော်ဖြေခဲ့ကြကာ အခမ်းအနားအား အောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။

အထက်ဖော်ပြပါ ဘွဲ့များကို IMMANUEL THEOLOGICAL INSTITUTE (ပင်မကျောင်းတော်ကြီး)၊ UNION BIBLICAL SEMINARY (ရန်ကုန်)၊ INTERNATIONAL SCHOOL OF THEOLOGY (ဘန်ကောက်)၊ ONLINE BIBLE COLLEGE INTERNATIONAL (သြစတြေးလျ)တို့မှ ပေးအပ်ချီးမြှင့် ဂုဏ်ပြုခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုဆောင်ပုဒ်အတိုင်း လူမျိုးဘာသာမခြား ဆင်းရဲ ချမ်းသာမရွေးတို့အား ပေးဆပ်မှုများ ပြုလုပ်ပေးခဲ့သည်နှင့်အညီ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တော် မူသော “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်” ဟူသော စကားအတိုင်း ယခုကဲ့သို့ လူမျိုးဘာသာကွဲတို့၏ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံရခြင်းဖြစ်သည်ဟု ယုံကြည်မိပါတော့သည်။ ယင်းကဲ့သို့ တိုင်းရင်းသား လူမျိုးဘာသာကွဲများ၏ လူသားချင်းစာနာထောက်ထားမှု၊ ပေးဆပ်မှု၊ ဂုဏ်ပြုမှု၊ ချီးမြှင့်မှုများသည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကို ရှေးရှုသော ပြယုဒ်တစ်ခုပင် ဖြစ်တော့သည်။

ကိုကျော်သူ

0 THE LADY ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်း Trailor အသစ်များ(ရုပ်/သံ)


VIDEOအပိုင်း (၄)ပိုင်းတဆက်တည်းကြည့်နိုင်ပါသည်..

Sunday, November 13, 2011

0 ယနေ့ မြန်မာ့အလင်း နှင့် ကြေးမုံတို့တွင် ပါဝင်သော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြ မှ အိပ်ဖွင့်ပေးစာ

Photo..မောင်ခြိမ့်(MMCP)

0 သာယာဝတီအကျဉ်းထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသားများ၏အခြေအနေ


SSA(S) တပ်ကို ထောက်ခံလို့ ရွာလုံးကျွတ် ယောက်ကျားမှန်သမျှ အဖမ်းခံရပြီး (ဘိန်းမဲ)နှင့် ထောင်ချခံထားရသော လူ(၄၀)ခန့် သာယာဝတီထောင်မှာ ရှိနေပါတယ်။ ၎င်းတို့ဟာ နိုင်ငံရေးအရ အဖမ်းခံထားရသော်လည်း နိုင်ငံရေးအကျဉ်းသားလို့ စာရင်းမ၀င် အသိအမှတ်ပြုခြင်း မခံရပါ။ ထိုနည်းတူ နိုင်ငံရေးသမားများနည်းတူ လျော့ရက်ခံစားခွင့်ဆိုတာလည်း မရရှိကြတဲ့သူများဖြစ်ပါတယ်။

ဆရာကျော်မြသန်း ရေးသားတဲ့ တချိန်က သာယာဝတီထောင်မှ ငရဲခန်းစာအုပ်ကို မှတ်မှတ်သားသား ရေးသားခဲ့ရာ ဖတ်ရှုရသူ ကျနော့်အနေနဲ့ ဒါမျိုးဒို့လူမျိုးတွေမှာ မရှိနိုင်ဘူးလို့ စိတ်ကူးတောင်မပေါ်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီစာအုပ်ပေါ်က အဖြစ်အပျက်အကြောင်းအရာတွေက အခုချိန်မှာ အထင်အရှားရောက်လာခဲ့ပြီ ဆိုတာ ကျနော်သိလိုက်ရတယ်။

အမိန့်အမှတ် (၂၈/၂၀၁၁) လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ သေဒဏ်ချမှတ်ခြင်း ခံရသူများအတွက် ထောင်ဒဏ်တသက်သို့ ပြောင်းလဲခဲ့သော်လည်း သာယာဝတီထောင်တွင်းရှိ သေဒဏ်ခံရသူများအား “ထောင်တစ်သက် လွတ်ရက်မရှိ” တို့သည် ထောင်တွင်းညွှန်ကြားချက်အရ အကျဉ်းသားများကို ပြောင်းလဲခံစားစေရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့ နတ်သူသာဓုခေါ်စေသောဂ်လို့ ပြောနေသူများ စကားတန်ဆာပမာ အညှိုးမထားရန် “ထောင်တစ်သက် လွတ်ရက်မရှိ” ဆိုတာမျိုးကို ဥပမာ ၂၀ ကျွန်း၊ ၂၅ နှစ်တည်စေရန် လို့ ပြောင်းလဲသတ်မှတ်ပေးရန် လိုအပ်နေပါတယ်။

ထောင်တစ်သက် လွတ်ရက်မရှိသူများမှာ လွတ်ငြိမ်းချမ်းသာခွင့်လာစေကာမူ ဘာမှမခံစားရသလို စိတ်ဓါတ်ရေးရာ ငရဲခန်းပမာ ခံစားနေရကြောင်း ထောင်နဲ့နီးစပ်သူများနဲ့ မိသားစု အသိုင်းအ၀ိုင်းမှ ကြားသိနေရပါတယ်။ ဒါကြောင့် သာယာဝတီထောင်မှ သေဒဏ်ကျငရဲခန်းမှ လူများလွတ်မြောက်စေရန် လူသားဆန်သူများ အားလုံးပပျောက်ရန် ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

သာယာဝတီထောင်မှ ထောင်တစ်သက် လွတ်ရက်မရှိသူများ စာရင်း

၁။ လက်ယျာထွန်း အပါအ၀င် အမှုတွဲ(၆)ယောက်။

၂။ ကိုသိန်း(ခ) ကိုသိန်းထွန်း

၃။ ခင်လှိုင် (ကျောင်းဆရာ)

၎။ မြင့်ဟန်

၅။ ကိုနိုင်အောင်(၆) သန်းဇော်ထွေး(ခ)သန့်ဇင်

၆။ ကိုထွန်းထွန်း (အေဘီအက်စ်ဒီအက်ဖ်)

၇။ ကိုသံချောင်း (အေဘီ-မြောက်) အမှုတွဲ၇ယောက်။ လေးသေဒဏ်နဲ့ အစွန်းထွက်နှစ် (ဥပမာ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ရပြီးနောက် “ထောင်တစ်သက် လွတ်ရက်မရှိ လေးကြိမ်”နှင့် အစွန်းထွက်နှစ်များ

အသက်မပြည့်တဲ့ စိုင်းပန်(ခ) အိုက်ပန် ---- နှစ်(၇၀)

၈။ အေးမင်းနိုင် အပါအ၀င် အမှုတွဲ(၇)ယောက် ၆၅ နှစ်ကျ သမ္မတရဲ့ ခံစားခွင့် တနှစ်သာရခဲ့။

ပေးပို့သော Baik Puအားကျေးဇူးတင်ရှိပါသည်..

1 ကျုံးကို ဖောက်ထွက်နိုင်မယ့် ဆင် -
ဆောင်းပါးရှင်-လွင်အောင်စိုး


ပါတီမှတ်ပုံတင်ရေး ဥပဒေမှာ “ထိန်းသိမ်းစောင့်ရှောက်” အစား “လေးစားလိုက်နာ” လို့ ပြင်ပေးလိုက်ပါတယ်။ “ထိန်းသိမ်းစောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတာ တကယ်တော့ သိပ်မကွာလှပါဘူး။ ဒါပေမဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ အနေနဲ့ကတော့ “ထိန်းသိမ်းစောင့်ရှောက်” ရမယ့်အစား “လေးစားလိုက်နာ” ရုံက တော်သေးတယ်လို့ ဆိုပါတယ်။ လိုက်နာတာကတော့ ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို နိုင်ငံသားတိုင်း လိုက်နာရမှာပဲလို့လည်း ဆိုပါတယ်။ အများပြည်သူ သဘောမတူတဲ့ မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတဲ့ စကားနဲ့ အခုစကားဟာ ဘယ်လောက်တောင် ကွာခြားလှပါသလဲ။ နိုင်ငံသားကောင်း ပီသစွာ ဥပဒေ မှန်သမျှကို တရားသည် ဖြစ်စေ မတရားသည်ဖြစ်စေ အမြဲတန်း လိုက်နာမယ်လို့ တရားသေ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ဥပဒေဘောင်တွင်းက NLD ပါတီကြီးကို အစိုးရက ဥပဒေ တမျိုးပြီး တမျိုးထုတ် အရူးလုပ်နေပါလိမ့်မယ်။” (ကိုဇော်ဝင်း)


“ထိန်းသိမ်းစောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတာ စကားလုံး၊ ဝေါဟာရမှာ ကွာခြားသလို အဓိပ္ပာယ်နဲ့ အဲဒီ အဓိပ္ပာယ်ရဲ့ အကျိုးသက်ရောက်ပုံ၊ အကျိုးသက်ရောက်အောင် လုပ်ယူရပုံတွေမှာလည်း ကွာခြားပါတယ်။
လေးစားလိုက်နာ

ဥပဒေကို လေးစားလိုက်နာရတဲ့ တာဝန်ဟာ လူတိုင်းမှာ ရှိပါတယ်။ အခြားနိုင်ငံတခုကို ခေတ္တ အလည်အပတ် သွားရင်တောင် အဲဒီနိုင်ငံရဲ့ ဥပဒေမှန်သမျှ လေးစားလိုက်နာရပါတယ်။ လူတိုင်းက ဥပဒေကို လေးစားလိုက်နာ ရသလို ဥပဒေကို ထုတ်ပြန်သူ (သို့) အဖွဲ့အစည်းကိုယ်တိုင်ကလည်း လေးစားလိုက်နာရပါတယ်။ ဒါကြောင့် “ဥပဒေအထက်မှာ ဘယ်သူမှ မရှိရ” လို့ ပြောနေကြတာ ဖြစ်ပါတယ်။

လမ်းဆုံက ယာဉ်သွားလာမှု ထိန်းကျောင်းတဲ့ အချက်ပြမီးတိုင်မှာ ညွှန်ပြတာကို ယာဉ်တိုင်းက လေးစား လိုက်နာရပါတယ်။ ဒါဟာ ယာဉ်စည်းကမ်း ဖြစ်ပါတယ်။ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ကြေညာချက်၊ လမ်းညွှန်ချက်၊ လုပ်ထုံးလုပ်နည်း အစရှိတာတွေဟာ အဆင့်နဲ့ နေရာဒေသ ဘယ်လိုပဲ ကွာခြားပေမယ့်လည်း လိုက်နာပေးရတဲ့ သဘောကတော့ အတူတူပါပဲ။ ကျောင်းမှာ ကျောင်းစည်းကမ်း ရှိလို့ ကျောင်းသူကျောင်းသားတွေဟာ သူ့အချိန်နဲ့သူ ကျောင်းကိုလာ စာသင်ယူပြီး အိမ်ပြန်ကြရပါတယ်။ လူနေမှု အသိုင်းအဝိုင်းမှာ အများစုက သဘောတူညီထားတဲ့ ကျင့်ဝတ်၊ စည်းကမ်း စသဖြင့် သတ်မှတ်ပြီး အတတ်နိုင်ဆုံး လေးစားလိုက်နာကြရပါတယ်။
ထိန်းသိမ်းစောင့်ရှောက်

ထိန်းသိမ်းစောင့်ရှောက်တယ် ဆိုတာကတော့ ဥပဒေဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်-တိရိစ္ဆာန်ဖြစ်ဖြစ်၊ ပစ္စည်းဖြစ်ဖြစ်၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုဖြစ်ဖြစ်၊ သမိုင်းကြောင်းဖြစ်ဖြစ် အစရှိတာတွေဟာ တန်ဖိုးထားအပ်တဲ့အတွက် မပျက်စီး မချွတ်ယွင်းရအောင်၊ အခုရော နောင်ရော သုံးလို့ရအောင် တာဝန်ယူသူတို့က အကာအကွယ်ပြုထားတာ ဖြစ်ပါတယ်။

ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့ ယာဉ်စည်းကမ်းတွေ တိကျမှန်ကန်အောင် ယာဉ်ထိန်းရဲတွေက တာဝန်ယူပြီး ထိန်းသိမ်းစောင့်ရှောက်ရပါတယ်။ ယာဉ်မောင်းသူက ယာဉ်စည်းကမ်းကို လိုက်နာပေးရပါတယ်။ သီးခြားစီ အဓိပ္ပာယ်ရှိပြီး လုပ်ဆောင်ပုံချင်းလည်း မတူကြပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သုံးနေသမျှ ကာလပတ်လုံး အကျိုးသက်ရောက်နေပြီး မသုံးဘဲထားရင် စက္ကူစုတ်ပါပဲ။ သုံးတာဟာလည်း လူတစုကောင်းကျိုးအတွက် သုံးတာလား၊ လူထုတရပ်လုံးရဲ့ ကောင်းကျိုးအတွက် သုံးတာလား ခွဲခြားနိုင်ရပါမယ်။ ၁၉၇၄ အခြေခံဥပဒေဟာ အာဏာရှင် ဦးနေဝင်းအတွက်၊ တခုတည်းသော သူ့ရဲ့ မဆလ နိုင်ငံရေးပါတီအတွက် သုံးတာဖြစ်လို့ ဦးနေဝင်းနဲ့ အပေါင်းပါတွေကတော့ တန်ဖိုးထား ထိန်းသိမ်းကာကွယ်ပေမယ့် လူထုကောင်းကျိုး မပါတဲ့အတွက် လူထုက အဲဒါကို တန်ဖိုးမထားတာ ရှင်းရှင်းလင်းလင်း ရှိခဲ့ပါတယ်။

တန်ဖိုးထားအပ်စရာ မရှိရင် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ဖို့ မလိုပါဘူး။ ဒါကြောင့် “ထိန်းသိမ်း စောင့်ရှောက်တယ်” ဆိုတဲ့စကားရပ်ကို “လေးစားလိုက်နာတယ်” ဆိုတဲ့စကားနဲ့ ပြန်ပြင်ယူရတာဟာ တနည်းအားဖြင့် နက်ရှိုင်းကျယ်ပြန့်တဲ့ နိုင်ငံရေး အမြော်အမြင်တခုရဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ထားတယ်လို့ ကျနော် ယူဆပါတယ်။

နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေရပါတယ်။ သူတို့အတွက်ကတော့ ၂ မျိုးစလုံး ဖြစ်ပါတယ်။ သူတို့ကိုလည်း ဥပဒေအောက်မှာ ရှိနေရမယ်လို့ အခြေခံဥပဒေက အာဏာကန့်သတ်ထားရပါတယ်။
တရားတဲ့ ဥပဒေ၊ မတရားတဲ့ ဥပဒေ

“အများပြည်သူ သဘောမတူတဲ့ မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတာ ထာဝရ အမှန်တရားပါ။ အခုလက်ရှိအချိန်မှာလည်း ဒီအတိုင်း ပြုမူနိုင်ပါတယ်။ နောင်ဘယ်အချိန်မဆို အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာတွေ ရှိနေသမျှ ကာလပတ်လုံး နိုင်ငံသားကောင်း ပီသစွာ ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံသားကောင်း ဆိုတာ တရားတဲ့ ဥပဒေကို လိုက်နာရုံသာမကဘဲ မတရားတဲ့ ဥပဒေတွေကိုပါ ရှိလာခဲ့ရင် ဆန့်ကျင် တိုက်ဖျက် ဖယ်ရှားနိုင်မှလည်း နိုင်ငံသားကောင်း ပီသပါတယ်။

မတရားတဲ့ ဥပဒေကို ဆန့်ကျင်ရာမှာ ဥပမာအားဖြင့် ခေတ်စနစ်နဲ့ လျော်ညီတဲ့ ဥပဒေတွေကို ထည့်သုံးဖို့၊ မလျော်ညီတာတွေကို ပြန်လည် ပြင်ဆင် ဖြည့်စွက် နှုတ်ပယ် ဖယ်ရှားဖို့ ဥပဒေပြု လွှတ်တော်အတွင်းကနေ လုပ်နေကြတာ ရှိပါတယ်။၊ မတရားတဲ့ တည်ဆဲဥပဒေတွေ ရှိနေသမျှ လုထုကိုသာ ဒုက္ခရောက်စေတာဖြစ်လို့ ပြန်လည် ပြင်ဆင်/ဖျက်သိမ်းဖို့ကို ကြိုးပမ်းကြရပါတယ်။ ဥပဒေပြု လွှတ်တော်အတွင်းကနေ ဒီလိုနည်းလမ်းရှိသလို လက်နက်ကိုင် တော်လှန်ရေး၊ အကြမ်းမဖက် လူထုလှုပ်ရှားမှု စတဲ့ အခြားဗျူဟာတွေနဲ့လည်း လုပ်နိုင်ပါတယ်။ သင့်တော်ရာ အခြေအနေမှာ သင့်တော်ရာနည်းလမ်းနဲ့ လုပ်ရတာပါပဲ။ အရေးကြီးတာက လက်တွေ့ကျကျ လုပ်နေဖို့ပါ။
အသွင်ကူးပြောင်းရေးကာလ ပြုပြင်ပြောင်းလဲနိုင်သည့် အခွင့်အလမ်း

အခုဆိုရင် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ဘက်ကို ကူးပြောင်းလာနေပါတယ်။ ဒါဟာ အသွင်ကူးပြောင်းရေးကာလ (Transitional period) ပါ။ အမှန်တော့ အသွင်ကူးပြောင်းရေးကာလလို့ အတိအလင်း ကြေညာပြီး ပြုပြင်ပြောင်းလဲရေး (Reforms) တွေကို တဆင့်ချင်း လုပ်ဆောင်သွားရင် အတော်အတန် ရှင်းမယ့်သဘော ရှိနိုင်ပါတယ်။ ဒါပေမယ့် မတတ်သာတဲ့ အနေအထားကနေ ရနိုင်သလောက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြီး အသွင်ကူးပြောင်းနေရတာကို တွေ့မိပါတယ်။ ပြုပြင်ပြောင်းလဲနိုင်ခွင့် ရနေတာကိုက အင်မတန် ကောင်းနေတဲ့ နိုင်ငံရေးအခြေအနေဖြစ်ပြီး ရှားရှားပါးပါး ရနေတဲ့ အခွင့်အလမ်းလို့လည်း ကျနော် မြင်မိပါတယ်။

ဒီအခွင့်အလမ်းကို ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တညီတညွတ်တည်း လုပ်နိုင်ရင် အသွင်ကူးပြောင်းတာ ပိုမြန်လာမှာ ဖြစ်ပါတယ်။ နည်းလမ်းက မမှန်ကန်၊ မှန်ကန်သည့်တိုင်အောင် မထိရောက်၊ လုပ်တဲ့သူတွေမှာလည်း မညီမညွတ်၊ ညီညွတ်သည့်တိုင်အောင်မှ အာဏာရှင်အရိပ်အောက်က မလွတ်သေးဘဲ ဖြစ်နေရင်တော့ အသွင်ကူးပြောင်းဖို့တောင် ပြန်ပျက်သွားနိုင်ပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေမှာ အရေးကြီးဆုံးက နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်နေတာနဲ့ အမျှ ပြည်သူတွေ ပိုမို အကျိုးခံစားရဖို့ ရှိလာနိုင်တဲ့ကိစ္စပါ။ တတ်နိုင်သမျှ ထဲထဲဝင်ဝင် ရှိနေလေ ပိုကောင်းလေ ဖြစ်ပါတယ်။ ပြည်သူ့အသံကို အမှန်တကယ် နားထောင်ပေးတာ၊ ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ် ဦးတည်ပေးတာဟာ တကယ်တော့ လုပ်ရပ်ကောင်းတွေ ဖြစ်ပါတယ်။ မကောင်းရင်လည်း ကောင်းလာအောင် နိုင်ငံရေးပါတီတွေ၊ စတုတ္ထမဏ္ဍိုင် မီဒီယာနဲ့ ပြည်သူတွေကပဲ ထိန်းမတ်ပေးနေရမှာ ဖြစ်ပါတယ်။
ဥပဒေ ပြင်ဆင် / ဖျက်သိမ်း

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တွေကို ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်း နဝတနဲ့ နအဖ စစ်အာဏာရှင် ခေါင်းဆောင်တို့က တွင်တွင်ကျယ်ကျယ် ထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက် လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေ၊ ဥပဒေတွေကို အဆင့်ဆင့်တက်ပြီး ထုတ်ပြန်တဲ့အထိ ဖြစ်လာပါတယ်။ အဲဒီ ဥပဒေ၊ အမိန့်တွေဟာ မတရားမှန်း သိကြပေမယ့် ပြည်သူလူထုအနေနဲ့ လည်စင်းခေါင်းခံပေးရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

သမ္မတရဲ့ လုပ်ပိုင်ခွင့်အချို့နဲ့ ပတ်သက်ပြီး ဥပမာပြပါမယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၂(က) အရ အခြေအနေ ၃ ရပ်ကို အခြေခံပြီး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို သမ္မတက ထုတ်ပိုင်ခွင့်ရှိတယ် လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပုဒ်မ ၄၁၂(ခ) အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး ထုတ်ပြန်တဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အရ အရေးပေါ်အခြေအနေ ကြေညာနိုင်တာလည်း ရှိပါသေးတယ်။ နောက်ထပ်လည်း ရှိပါသေးတယ်။

တကယ်လို့ ဒီလိုမျိုး သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေဟာ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မဖြစ်စေဘူး (သို့) ပြည်သူလူထုကို ခြိမ်းခြောက်နေတယ် (သို့) နှစ်ခုစလုံး (သို့) အခြားတခုခု ရှိနေတယ်ဆိုရင် ဒါကို ဥပဒေပြု လွှတ်တော်ထဲကနေ ပြန်လည် ပြင်ဆင် ဖြည့်ဆင် ပယ်ဖျက်ဖို့ ကြိုးပမ်းရပါမယ်။ နိုင်ငံသားတိုင်းမှာ အဲဒီလို ကြိုးပမ်းပိုင်ခွင့် ရှိပါတယ်။ စောစောက ပြောတဲ့အတိုင်း ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တညီတညွတ်တည်း လုပ်နိုင်ရင် အောင်မြင်မှာပါပဲ။ အောင်မြင်နိုင်ဖို့အတွက် လိုအပ်မယ့် နိုင်ငံရေးအခင်းအကျင်းတွေကို ကြိုတင်ဖန်တီး ယူနိုင်ရပါမယ်။ ဒီလိုပဲ အခြားဥပဒေဆိုင်ရာကိစ္စတွေကိုလည်း လူထုအလိုကျ ဖန်တီးယူရဖို့ ရှိပါဦးမယ်။
အစိုးရက ဥပဒေကို ထုတ်ချင်တိုင်း ထုတ်လို့ ရနိုင်မလား

အစိုးရဟာ အခြေခံဥပဒေဘောင်နဲ့ ကင်းလွတ်တဲ့ (သို့) အခြေခံဥပဒေဘောင်အတွင်းကနေ နိုင်ငံနဲ့ လူထု အကျိုးစီးပွားကို မဖော်ဆောင်နိုင်တဲ့ ဥပဒေ တရပ်ရပ်ကို ထုတ်ပြန်လာပြီဆိုရင် ဝိုင်းဝန်းတားဆီးရပါမယ်။ ဒါက မဖြစ်မနေ လုပ်ရမယ့် ကိစ္စပါ။

ဒါပေမယ့် လွှတ်တော်ထဲမှာ အာဏာရပါတီနဲ့ ၂၅% တပ်မတော်သား လွှတ်တော်အမတ်တွေ လွှမ်းမိုးထားလို့ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ စောဒကတက်နိုင်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် အားလုံးဟာ အရင်က စစ်ဗိုလ်ချုပ်တွေ၊ စစ်အစိုးရရဲ့ ဝန်ထမ်းတွေ ဖြစ်ကြလို့ ဥပဒေပြုရေးဟာ သူတို့လက်ထဲမှာ ရှိနေတာပဲ လို့လည်း ပြောနိုင်ပါတယ်။ ဒီအနေအထားအရ အစိုးရဟာ ဥပဒေကို ထုတ်ချင်တိုင်း ထုတ်လို့ ရနေနိုင်ပါတယ်။

အဲဒါမျိုး မဖြစ်စေချင်ရင် ကျနော်တို့ အနေနဲ့ တခုခုတော့ လုပ်ကိုလုပ်ရပါလိမ့်မယ်။ ဘယ်လိုနည်းလမ်းနဲ့ လုပ်ကြမလဲလို့ အရင်စဉ်းစားရပါမယ်။ ဒီနေရာမှာ Concept တခုကို ကျနော် ဖော်ပြချင်ပါတယ်။ နိုင်ငံအတွက် အရေးတကြီး လိုအပ်လာတဲ့အချိန်မှာ နိုင်ငံသားတိုင်းဟာ အမျိုးသားရေးဘက်ကို ရှေ့ရှုကြပါတယ်။ ဘယ်အချိန်ဟာ နိုင်ငံအတွက် အရေးကြီးလာတဲ့ အချိန်၊ ဘာအတွက် အရေးကြီးလာရတယ် ဆိုတာကို မှန်မှန်ကန်ကန် သတ်မှတ်နိုင်ရပါမယ်။ အရေးကြီးလာတာကို အစိုးရရော၊ နိုင်ငံရေးပါတီတွေရော၊ ပြည်သူတွေကပါ သဘောပေါက် လက်ခံလာတာနဲ့အမျှ အားလုံးဟာ မိမိတို့ရဲ့ခံယူချက်အစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အသင်းအဖွဲ့စွဲတွေကို ခေတ္တခန ဘေးချိတ်ပြီး အချင်းချင်း ပူးပေါင်းကူညီ လုပ်ဆောင်ကြတာဟာ အမျိုးသားရေးဘက်ကို ရှေ့ရှု လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုး မဖြစ်လာဘူးလို့ ဘယ်သူမှ ကြိုမပြောနိုင်ပါဘူး။ လိုအပ်ရင် ဖြစ်အောင် လုပ်ယူကြရမှာပါ။ လုပ်ရတာ လွယ်ရင်လည်း လွယ်သွားနိုင်ပါတယ်။ ခက်ရင်လည်း ခက်နိုင်ပါတယ်။ စိတ်ပျက်စရာ မလိုပါဘူး။ ဘာမှမလုပ်ဘဲ လက်မှိုင်ချပြီး စိတ်ညစ်ခံနေလို့ မဖြစ်ပါဘူး။ နောက်ဆုံးတနေ့ လုပ်ယူနိုင်တဲ့အခြေအနေမှာ ဘယ်အစိုးရမှ သူကြိုက်တဲ့ ဥပဒေကို ထုတ်ချင်တိုင်း ထုတ်လို့ မရနိုင်သလို ထုတ်လိုက်တဲ့ ဥပဒေတိုင်းဟာလည်း ပြည်သူတွေအတွက် အကျိုးပြုတဲ့ ဥပဒေတွေပဲ ဖြစ်လာရပါလိမ့်မယ်။

ကျနော့်အမြင်မှာတော့ မြန်မာနိုင်ငံမှာ Team work ရှိစပြုလာနေပါပြီ။ အသွင်ကူးပြောင်းရေးကာလမှာ ပြုပြင်ပြောင်းလဲရေးတွေကို အရင်ထက်ပိုပြီး အရည်အချင်းရှိရှိ ထက်ထက်မြက်မြက် လုပ်နိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ ဒီလိုမျိုး ဖြစ်လာအောင် ကျနော်တို့ မြန်မာနိုင်ငံသားတွေ နစ်နာဆုံးရှုံးမှုတွေ အများကြီးနဲ့ နှစ်ပေါင်းဘယ်လောက် ကြာအောင် ကြိုးပမ်းနေခဲ့ကြရပါသလဲ။ တွေးကြည့်ကြပါ။ အခုဆိုရင် ရှိလာတဲ့ Team work ကို ပိုမိုအားကောင်းအောင် တဦးချင်းက တတ်နိုင်သမျှ အားဖြည့်ပေးကြဖို့သာ လိုအပ်နေပါတော့တယ်။

လွင်အောင်စိုး

၁၂-၁၁-၂ဝ၁၁

0့ နိုဝင်ဘာလ ၁၈ ရက်နေ.တွင် ဆုံးဖြတ်ချက်ချမည့် အင်အယ်ဒီပါတီ မှတ်ပုံတင်ရေး မတင်ရေးစကားဝိုင်း(ရုပ်/သံ)



စကားဝိုင်း၊ လာမည့် နိုဝင်ဘာလ ၁၈ ရက်နေ.တွင် ဆုံးဖြတ်ချက်ချမည့် အင်အယ်ဒီပါတီ မှတ်ပုံတင်ရေး မတင်ရေး နှင့် စပ်လျဉ်း၍ပါဝင်သူများ။ ဦးစိုးချိန် (သစ္စာ တော်လှန်ရေး မဂ္ဂဇင်း)၊ ကိုမျိုးမြင့် (Burma Soldier)၊ ကိုကိုဦး (ABSDF တပ်ဖွဲ.၀င်ဟောင်း/၈၈၈၈ ကျောင်းသား)၊ နှင့် ဒေါက်တာသီဟ (ONSOB အဖွဲ.၀င်ဟောင်း/၇၆ ကျောင်းသား)
Golden Moon TV (မြန်မာ ရုပ်သံအစီအစဉ်)
Thiha Kyi Facebook

0 အကျဉ်းထောင်တွေထဲက ပြန်လည်လွတ်မြောက်လာတဲ့ ရွှေဝါရောင်တော်လှန်ရေးမှသံဃာတော်များ၏ သိမ်ထပ်မင်္ဂလာအခမ်းအနား



ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး အခုအခါ အကျဉ်းထောင်တွေထဲက ပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော်တွေကို သိမ်ထပ်မင်္ဂလာပြုလုပ်မယ့် အခမ်းအနားတရပ် နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

သိမ်ထပ်မင်္ဂလာဖြစ်မြောက်ရေးအဖွဲ့က ဦးဆောင်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မထသ (၁) ရပ်ကွက် အနော်ရထာလမ်း မကွေးပရိယတ္တိစာသင်တိုက်မှာ နံနက် ၉ နာရီကနေ စတင်မှာဖြစ်ပါတယ်။
သိမ်ထပ်မင်္ဂလာပွဲနဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကို မကွေးပရိယတ္တိ စာသင်တိုက် ဆရာတော်က သူရသတ္တိ ရွှေတံဆိပ်ဆု ချီးမြှင့်မှာဖြစ်ပါတယ်။

အဲ့ဒီပွဲကို နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်နှင့်အတူ ဒီမိုကရေစီ အင်အားစုတွေက ပူးပေါင်း ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
(Burma VJ Media Network )

0 စုကိုကြောက်လိုက်ပုံများ



စုကိုကြောက်လိုက်ပုံများ
စုပါရင် လူ့ကမ္ဘာတခွင်မှာ
ဘ၀င်မကျ မမြင်ချင်လှသည်မို့
တမင်ထွင်ကြပါတဲ့ သတ်ပုံအမှား။

စုငွေကို စ-စာလုံးမသုံးဘဲ
ပြုံးပြုံးကြီး ဆလိမ်ကိုပြောင်း
အကြောင်းမဟုတ် အကောင်းမလုပ်
ကျောင်းထုတ်လဲမမှုပါဘု
ဒေါ်စုရဲ့စုကို ဆုရယ်လို့ပြောင်း
ကောင်းလိုက်တဲ့အာဏာသား

ယတြာချေတာများလား။
ငါထင်ရာ ငါ့စာ ငါ့အာဏာနဲ့
ငါဘာပြင်ပြင် ငါထင်ရာစိုင်း
စစ်ကိုင်းရောက်ရောက် ငါမကြောက်
ကျောက်ရုပ်ကိုလဲ မျောက်စုပ်ရေးရေး

လာမမေးနဲ့ တရေးနိုး တမျိုးကြံ
နိုင်ငံတော်အလံတောင် လှောင်ချင်လှောင်
ပြောင်ချင်ပြောင် ငါမမှုပေါင်
အရောင်ပြောင်းပြောင်း အဆောင်ပြောင်းပြောင်း
ယတြာကောင်းမင်းလောင်းဖြစ်သတဲ့။မှတ်ကရော။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို)နိုဝင်ဘာ ၁၂ ၁၁

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.