Saturday, November 19, 2011

0 ABSDF's Position on Current NLD's situation

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲဝင်ရောက်ရန် ဆုံးဖြတ်ချက်ချမှတ်ခြင်း အပေါ် အမြင်သဘောထား
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိ တိုင်း ပြည်နှင့် ပြည်သူလူထု အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဖြစ်စဉ်တခုအနေဖြင့် မှတ်ယူသည်။

သို့သော် ယနေ့ကာလ အခြေအနေအရပ်ရပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်း တွင် အတိုက်အခံ အင်အားစုများအားလုံး ပူးပေါင်းပါဝင်လာ စေရေးအတွက် ကြံ့ဖွံ့အစိုးရ၏ သိမ်းသွင်း စည်းရုံးနေမှု နည်းပရိယာယ်များသာဖြစ်နေသေးသည်။

ဤအခြေအနေအောက်တွင် -

- နိုင်ငံရေးအကျဉ်သားများကို ဆက်လက် ထိမ်းသိမ်းထားခြင်း၊ နိုင်ငံရေး အကျဉ်းသားများ တည်ရှိ နေမှုကို ဆက်လက် ငြင်းပယ်နေဆဲဖြစ်ခြင်း၊

- တိုင်းရင်းသားဒေသအသီးသီးသို့ ပြင်းထန်သောထိုးစစ်များဆင်နွှဲနေခြင်း၊ တပြည်လုံး အတိုင်း အတာဆောင်သော အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် လက်မခံ ခြင်း၊

- လူ့အခွင့်အရေး ချိုးဖေါက်မှုများ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ဆက်လက် ကျူးလွန် နေခြင်း၊

- လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ စုဝေးခွင့်များအပါအ၀င် အခြေခံ ဒီမိုကရေစီအခွင့် အရေးများ ပိတ်ပင်ထားဆဲဖြစ်ခြင်း၊

- နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးပွဲအဆင့်သို့ မရောက်သေးခြင်း၊ ကျယ်ပြန့်သော နိုင်ငံရေး သဘော ထားအမြင်များကို စုစည်းပြီး ဖြစ်ပေါ်လာသော ဖြစ်စဉ်မဟုတ်သေးခြင်း၊

- ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုအသီးသီးတို့ ၏ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေမှုများကို နိုင်ငံရေး အရ အသိအမှတ်ပြုမှု မရှိသေးခြင်း၊

- လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲများကို ကျင်းပနိုင်သော နိုင်ငံရေး အခင်းအကျင်း မရှိသေးခြင်း - စသည့် အခြေအနေအရပ်ရပ်ကြောင်ယနေ့ကာလ ဖြစ်ထွန်းနေမှုများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု နိုင်ငံရေးဖြစ်စဉ်များ ဖြစ်ထွန်းရေး အတွက် ယုံကြည် စိတ်ချနိုင်သော အခင်းအကျင်းများ မဟုတ်သေးဟု မှတ်ယူသည်။ ထို့ကြောင့် အဓိပ္ပါယ် ပြည့်ဝသော နိုင်ငံရေးဖြစ်ထွန်းမှုများ ဖြစ်မဖြစ်ကို အလေးထား စောင့်ကြည့်သွားရန် လိုအပ်သည်ဟု ရှုမြင် သည်။

ဤအခြေအနေအောက်တွင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ တပြည်လုံး အတိုင်း အတာဆောင်သော အပစ်အခတ်ရပ်စဲမှုများ ဖြစ်ထွန်းလာစေရေးနှင့် နိုင်ငံရေးအရ တန်းတူရည်တူရှိသော တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေးတို့အတွက် ဘက်ပေါင်းစုံမှ ဆက်လက်တိုက်ပွဲဝင်သွားရန် ဆောင်ရွက်သွား ရမည်ဟု ခံယူသည်။

ဗဟိုကော်မတီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)။

ရက်စွဲ။ ။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ လ ( ၁၈ ) ရက်။

--
ABSDF-HQ
e-mail: absdfhq@csloxinfo.com
website: www.absdf8888.org

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.