Sunday, November 13, 2011

0 အကျဉ်းထောင်တွေထဲက ပြန်လည်လွတ်မြောက်လာတဲ့ ရွှေဝါရောင်တော်လှန်ရေးမှသံဃာတော်များ၏ သိမ်ထပ်မင်္ဂလာအခမ်းအနား



ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး အခုအခါ အကျဉ်းထောင်တွေထဲက ပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော်တွေကို သိမ်ထပ်မင်္ဂလာပြုလုပ်မယ့် အခမ်းအနားတရပ် နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

သိမ်ထပ်မင်္ဂလာဖြစ်မြောက်ရေးအဖွဲ့က ဦးဆောင်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မထသ (၁) ရပ်ကွက် အနော်ရထာလမ်း မကွေးပရိယတ္တိစာသင်တိုက်မှာ နံနက် ၉ နာရီကနေ စတင်မှာဖြစ်ပါတယ်။
သိမ်ထပ်မင်္ဂလာပွဲနဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကို မကွေးပရိယတ္တိ စာသင်တိုက် ဆရာတော်က သူရသတ္တိ ရွှေတံဆိပ်ဆု ချီးမြှင့်မှာဖြစ်ပါတယ်။

အဲ့ဒီပွဲကို နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်နှင့်အတူ ဒီမိုကရေစီ အင်အားစုတွေက ပူးပေါင်း ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
(Burma VJ Media Network )

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.