Saturday, May 29, 2010

0 ဒီပဲယင်းအရေးအခင်းနှင့် ပတ်သက်ပြီး ဦးတင်ဦး၏ပြောကြားချက်


ထက်အောင်ကျော် (ဒီဗီဘီ)
လွန်ခဲ့တဲ့ ၇ နှစ် ဒီလိုအချိန်မျိုးမှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အရေး အခင်းကို အာဏာပိုင် အဖွဲ့စည်းတခုခုက စနစ်တကျ ကြိုတင်စီစဉ် ဆောင်ရွက် စီစဉ်ခဲ့တဲ့ အချက်အလက် အခိုင်အမာ တွေ့ထားတယ်လို့ အမျိုးသားဒီမိုကရေစီ အ ဖွဲ့ချုပ် ဒု-ဉက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။ ၂၀ဝ၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ရိုက်နှက်ခံရပြီး ကတည်းက အခုနှစ် ဖေ ဖော်ဝါရီ လလယ်အထိ အကျယ်ချုပ် ကျခံခဲ့ရသူ ဦးတင်ဦးကို ဒီပဲယင်းဖြစ်စဉ်အကြောင်း မေးမြန်းစဉ်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“အဲဒီလို ပြောနေရင်း ဆိုနေရင်းပဲ နောက်ကားကို ဒုတိယကားကို စရိုက် တာ ကျနော်တို့သိပြီ၊ အဲဒီမှာ ကားပေါ်မှာ လုံခြုံရေးယူထားတဲ့ ကလေးတွေက ခုန် ဆင်းလိုက်ပြီးတော့ ကားကို ရံထားလိုက်တယ်၊ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ဘေးနားမှာ လုံခြုံရေးတာဝန်ယူတဲ့ ကိုတိုးလွင်၊ နောက် ကိုတိုးလွင် ညာဘက်က ကျ နော်၊ ကျနော့်ရဲ့ နောက်နားမှာ ကပ်နေတာက မန္တလေးက ဦးတင်အောင်အောင်၊ အဲဒီလို ဖြစ်နေတုန်းမှာ အဲဒီ သင်္ကန်းတွေ ဝတ်ထားတဲ့ သင်္ကန်းဝတ်တွေ ဗြုံးဆို ရောက်လာတယ်၊ ပြောရင်းဆိုရင်းကို ရောက်လာတာပေါ့နော်၊

“ရောက်လာတဲ့ အခါကျတော့ ကိုတိုးလွင်က အားကုန်အော်လိုက်တယ်၊ ဘယ်လို အော်လိုက်လဲဆိုတော့ ဒါ ဒေါ်အောင်ဆန်းစုကြည်ကား အဲဒီတော့ တပည့်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကားကို ရိုက်ရင် ဘာဖြစ်သွားမလဲ။ မြန်မာနိုင် ငံမှာ ရော ဘာဖြစ်မလဲ၊ နိုင်ငံတကာမှာရော ဘာဖြစ်မလဲ၊ မင်းတို့ရော ဘာဖြစ် မလဲဆိုတာ သိရဲလားဆိုပြီးတော့ စွတ်အော်လိုက်တယ်။ ကုန်းအော်တော့ ကျနော် လည်း သတိရတာနဲ့ ဟေ့ကောင်တွေ မရိုက်နဲ့ ဆိုပြီးတော့ တွန်းအော်တယ်၊ ဟေ့ ကောင်တွေ မရိုက်နဲ့ မရိုက်နဲ့လို့ ပြောရင်းနဲ့ အဲဒီမှာ နည်းနည်း တန့်သွားတယ်။ “တန့်သွားတယ် ဆိုတာက ၁ စက္ကန့် ၂ စက္ကန့်လောက်ပဲ။ တန့်သွားတဲ့ အချိန်မှာ နောက်က ပါလာတဲ့ အကျင်္ီလက်ပြက်နဲ့ ခါးပတ် ပတ်ထားပြီးတော့လည်း လက်မှာ အမှတ်အသားတွေနဲ့ အရပ်ဝတ်တွေနဲ့ လာတဲ့လူတွေက အတင်း ရိုက်ခိုင်း တယ် ခင်ဗျ၊ ရိုက်ကွ၊ ပုစိန်ရိုးတွေ၊ နယ်ချဲ့အားကိုးတွေ ရိုက်ကွ ရိုက်၊ ရိုက် အတင်း ရိုက်ဖို့ အမိန့်ပေးတယ်၊ ပြီးတဲ့အခါ သူတို့ ပါးစပ်ကလည်း အော်တယ် ခဲတွေနဲ့ တို့ ကိုပေါက်တယ် အဲဒီလို ပြောပြီးတော့ တခါတည်း စပြီးတော့ ရိုက်တာပဲဗျ။
“စရိုက်တဲ့အခါကျတော့ ကျနော်က ရှောင်လိုက်တယ်၊ ရှောင်လိုက်တယ် ဆို တာ ကျနော်က နဂိုမူလ ကတည်းကိုက တုတ်နဲ့ရိုက်ရင် ကျနော်က ကားရှေ့နားက ဘောနက်ဘေးနားမှာ နည်းနည်းလေး ရပ်ကြည့်၊ ကြည့်ပြီးတော့ အော်နေတယ်။ အဲဒီမှာ လှမ်းလုပ်တယ်။ ကျနော်က လှည့်လိုက်တဲ့အခါမှာ ကျနော်က လဲသွား တယ်။ အဲဒီတော့ ကုန်းပြီးတော့အထ ကျနော်ကလည်း ကုန်းထလိုက်တဲ့ အခါ မြေက အနိမ့်အမြင့်ဆိုတော့ ချက်ချင်း ထလို့မရဘူး။ “ဒါပေမယ့် ကျနော် နည်းနည်းတွားသွားပြီး ထလိုက်တဲ့အခါကျတော့ ဘော နက်ထိပ်ကို ရောက်သွားတယ်။ ဒေါ်အောင်ဆန်စုကြည်ကား ဘောနက်ထိပ်ကို ရောက်တဲ့အခါ ကားက ချက်ချင်း ထွက်သွားတယ်၊
အဲဒီအချိန်မှာ ကျနော် သိပ်ဝမ်း သာသွားတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကား ကတော့ ထွက်သွားပြီ၊ စိတ်ထဲမှာတော့ လွတ်မြောက်သွားပြီပေါ့ဗျာ။” ရိုက်နှက်မှုကြားက ဒေါ်အောင်ဆန်းစုကြည်ကား လွတ်မြောက်သွားတဲ့အကြောင်း ဦးတင်ဦး ပြောခဲ့တာပါ။ ဒီရိုက်နှက်မှုအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ အာဏာပိုင်တွေပါဝင် ပတ်သက်တာနဲ့ ပတ်သက်ပြီး ဘယ်လိုအထောက်ထား ရှိသ လဲဆိုတဲ့ အမေးကိုတော့ ဦးတင်ဦးက

“ပုံဏ္ဌာန်ကြည့်ရတာက ဒီဉစ္စာက ဘာလဲဆိုတော့ သက်ဆိုင်ရာ အုပ်ချုပ် တဲ့သူနဲ့ စနစ်တကျ အုပ်ချုပ်ပြီးတော့ တပ်ထဲကပဲလား၊ တပ်ထဲက အရာခံဗိုလ်တွေပဲ လား၊ Sergeant(တပ်ကြပ်ကြီး)တွေပဲလား၊ ဒါမှမဟုတ် ရဲအဖွဲ့တွေထဲကပဲလား၊ ဒါမှ မဟုတ် အဲဒီလို စနစ်တကျ ဖွဲ့စည်ထားတဲ့ အဖွဲ့အစည်းတခုကပဲလား ဆိုတာ။ အဲဒီလို အမိန့်ပေးတဲ့အခါမှာ အပေါ်ကကောင်တွေ ငြိမ်သွားပြီတာ့ ခဏနေ လိုက်တဲ့ သဘောရှိတယ်။ “ကျနော်တို့ နောက်ဆုံး ဒီပဲယင်းကို မယကပေါ့ အဲဒီကိုရောက်တယ်၊ ရောက်တော့ ထိုင်နေတယ်၊ ထိုင်နေတုန်းမှာ ခဏနေတော့ ဒိုင်နာကားတစီး ဝင် လာတယ်၊ မယက ရုံးရဲ့ဘေးက မီးရောင်တွေ ကာထားတဲ့ မီးလုံးတွေ အပြင်ဘက် အမှောင်နားမှာ ကားရပ်ပြီးတော့ ဆင်းသွားတယ်၊ ဆင်းသွားတဲ့ လူတွေက လက်ထဲ မှာတော့ ဘာမှတော့ မပါဘူး၊ ဒါပေမယ့် ပုံဏ္ဌာန်တွေက အခုနပြောတဲ့ အကျင်္ီလက် တို အပြတ်၊ ပုဆိုးအတို ဘာညာဆိုတော့ ခုနတုန်းက ကျနော်တို့ ဟိုမှာ တွေ့ခဲ့တဲ့ အကောင်တွေ ဒီကောင်တွေနဲ့ဟာ အတူတူလိုပဲ ဝတ်ထားတာ။ “သူတို့ရဲ့ အိမ်ထောင်သည်လိုင်းမှာ ရှိနေတဲ့ ရေတုံကင်နဲ့ ရေတွင်းပေါ့၊ အဲ ဒီမှာ သွားချိုးရတယ်၊ သွားချိုးတော့ ကျနော် ရေချိုးနေတုန်းမှာ အသံကြားတယ်၊ ဘာကြားလဲဆိုတော့ အဲဒီ ကျနော်တို့ တုန်ကင်တွေရဲ့ အရှေ့နားက ဘားတိုက်တွေ ရှိတယ်၊ စစ်တန်းလျားတွေ၊ အဲဒီစစ်တန်းလျားပေါ်မှာ လူတွေက ရယ်ရယ်မောမော ဟားတိုက်ပြီးတော့ နောက်ကြောင်းပြောနေတဲ့ အကြောင်းတွေ။

“ကျနော် ကြားရတဲ့အသံက ‘ငါ့မှာလဲကွာတဲ့ ရိုက်မယ်လို့ လုပ်တော့တဲ့ မန္တ လေးက အမျိုးသမီးအဖွဲ့တဲ့ ငါက ရိုက်မယ်လို့ ရွယ်လိုက်ရင်း အစ်ကိုကြီးမလုပ်ပါနဲ့ ကြောက်ပါပြီဆိုပြီး နင်းကန် ကုန်းအော်တော့ ငါ့မှာ ရိုက်ရလဲခက်၊ မရိုက်ရလဲ အခက် တဲ့ ရယ်ရမလို ငိုရမလို ငါဖြစ်တယ်ကွာတဲ့၊ ဒါပေမယ့် ငါကလည်းပဲ နောက်တော့ တာ ဝန်အရတော့ ခေါင်းလေး နည်းနည်းပုတ်လိုက်တော့ အောင်မလေး အော်လိုက်တာ ကွာ ဆိုပြီးတော့ ဟားဟား၊ ဟားဟားနဲ့ ဆိုတော့ ကျနော်က ဒါတွေကို သူတို့လိုင်း နားမှာ နေတော့ ကြားတော့ အော် လက်စသက်တော့ ဒီကောင်တွေကိုး ဆိုပြီး တော့။ “စနစ်တကျထားပြီးတော့ ဒီကနေထွက်လာပြီးတော့ရိုက်ပြီး ဒီမှာ ပြန်ဝင်ပြီးတော့နေတဲ့သဘောပါလားလို့တော့ ပေါက်လိုက်တော့ ဒါဟာ စနစ်တကျစီမံပြီး တော့ လုပ်တဲ့ သဘောဆိုတာတော့ ခိုင်ခိုင်မာမာ သိလိုက်ရတယ်ပေါ့ဗျာ။” ဒီပဲယင်းဖြစ်စဉ်အပေါ် ဦးတင်ဦးပြောကြားချက်ထဲက ကောက်နှုတ် ဖော်ပြခဲ့တာပါ။

0 ကြည့်ကြမလား ကမ္ဘာ့ဖလား ?


(၄)နှစ် တစ်ကြိမ် ကျင်းပတဲ့ 2010 ကမ္ဘာ့ဖလား ပွဲကြီး က နီးသည်ထက် နီးလာပြီဗျ။ ရှေ့လာမယ့် ဇွန်လ (၁၀)ရက် ဆိုရင် စ,ပြီလေ။ ဒီချိန်ကတော့ ဘောလုံးဝါသနာအိုးများသာမက ဘောလုံးဝါသနာ မပါသူများတောင်မှ အရူးထ, ကြတဲ့ အချိန် ဆိုရင်လည်း မမှားပေဘူးပေါ့ဗျာ။ ကမ္ဘာ့ဖလား ဆိုရင် အမျိုးသားများသာမက အမျိုးသမီးများတောင် Crazy အရမ်း ဖြစ်ကြတာကို တွေ့ရသဗျ။ ရှေ့လာမယ့် ဇွန်လ တစ်လလုံးကတော့ ဒီ ကမ္ဘာ့ဖလားအကြောင်း မိုးမွှန်နေအောင် ပြောကြ ဆိုကြသံတွေ ကြားကြရတော့မှာပေါ့ဗျာ။ လဘ္ဘက်ရည် ဆိုင်လဲ ဒါဘဲ၊ ဘီယာဆိုင်လဲ ဒါဘဲ ၊ ဂျာနယ်တွေလဲ ဒါဘဲ . . . ဆိုတဲ့ အချိန်ကာလ တစ်ခုကို ဖြတ်သန်းရဦးတော့မှာပေါ့ဗျာ။

ကျွန်တော်တို့ ဗေဒင်ဆြာတွေလည်း ဘယ်နေလိမ့်မတုန်း။ ဘယ်အသင်းနိုင်မယ်၊ ဘယ်အသင်း ဗိုလ်စွဲမယ်ဆိုတာ ဟောကိန်း ထုတ်ကြတော့မယ်လေ။ မကြာပါဘူး။ လာပါလိမ့်မယ် – ဂျာနယ်တွေမှာ။ ဘယ်အသင်းနိုင်လိမ့်မယ်တဲ့ – ဘယ်အသင်းကတော့ အုပ်စုက မတက်လောက်ဘူး။ ဘယ်အသင်းကတော့ ရှုံးထွက်မှာ ပြုတ်မယ် စတဲ့ ဟောကိန်းတွေ။

နို့ . . နေပါဦး ။ ဆရာကကော မတွက်မယ့် အထဲမှာ ပါနေလို့ ပြောတာလား ? လို့ မေးစရာ ရှိပါတယ်။ အောင်မယ် ဘယ်နေလိမ့် မလဲဗျာ။ ဒီလိုပွဲမျိုး စောင့်နေတာ ကြာပြီဗျ။ (၄)နှစ်မှ တစ်ခါ ကြုံရတာ။ ဒီတော့ တွက်လည်း တွက်မယ်။ ကြည့်လည်း ကြည့်မယ်။ လောင်းလည်းလောင်းမယ်။ (လောင်းမယ် ဆိုတာ လဘ္ဘက်ရည်ကြေး၊ ဘီယာကြေး လောက်ပါ၊ ပိုက်ဆံကြေးကတော့ တော်ခဲ့ တန်ခဲ့ပါပြီ)

လောင်းမယ် . . ဆိုလို့ (၄)နှစ်တခါ ကမ္ဘာ့ဖလားချိန်တိုင်းမှာ “ကူးစက်ရောဂါကြီး” တစ်ခု ဖြစ်လာတဲ့ “အလောင်းအစား” ကိစ္စကိုလည်း သတိထားကြဦးနော်။ တချို့က ပြောကြတယ် ။ ဘောလုံးပွဲဆိုတာ အလောင်းအစားလေး ပါမှ ကြည့်လို့ ကောင်းတာတဲ့။

မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် (၄)နှစ်တခါ ဒီ ကမ္ဘာ့ဖလားကြောင့် စီးပွားပျက်၊ ဘ၀ပျက် သွားရတာတွေ လည်း အများကြီးနော်။ သတိလည်း ထားကြဦး။ အသင်းလေး (၂)သင်းကန်တာကို မှန်အောင် မခန့်မှန်းနိုင်ကြလို့ “ အိမ်ပေါင်၊ တိုက်ပေါင်၊ မြေပေါင်၊ ကားပေါင်၊ ရွှေပေါင်” ဖြစ်ကုန်ကြပြီး နောက်ဆုံး ဘ၀ပျက်၊ စီးပွားပျက်ကြတာတွေ များလှသဗျာ။

အလောင်းအစားများ ရှောင်နိုင်အောင် ရှောင်ကြစမ်းပါဗျာ။ အလောင်းအစားကြောင့် ချမ်းသာသွားတယ်ဆိုတာ သိပ်မကြားရပါဘူး။ ဘ၀ပျက်သွားတာတွေသာ နားမဆန့်အောင် ကြားရတာပါ။ ကြားဘူးတယ်မဟုတ်လား။ “ဖဲသမား မယား၊ နှဲသမား ပါး” တဲ့။ ဖေါင်းလိုက် ပိန်လိုက်၊ ဖေါင်းလိုက် ပိန်လိုက် ပါဘဲဗျာ။

တချို့ကလည်း အပိုင်ကြံကြသေးသဗျ။ ဒီလို အချိန်မှာ “ဟို ဘိုးတော်၊ ဟို နတ်ကတော်၊ ဟို အကြားအမြင် ၊ ဟို ဗေဒင်ဆရာတွေ” အားကိုးနဲ့ အပိုင်ပွဲကို အနိုင်နွဲ ကြဦးမတဲ့ ။ ဝေးပါသေးတယ်ဗျာ။ ဒီလိုသာ လုပ်လို့ ရစတမ်းဆိုရင် ဟောဒီက “အီဖေကိုယ်” တို့ ချမ်းသာတာ ကြာလှပြီပေါ့။

မကောင်းပါဘူးဗျာ။ ဘောလုံးပွဲများ အကျင့်ကို မကောင်းဘူး။ အခု ချတွက်ကြည့်။ ဘယ်အသင်း နိုင်မယ်ဆိုတာ “ကွက်တိ” မှန်အောင် ပြောနိုင်တယ်။ အဲ – မှန်တယ်ကွ ဆိုပြီး ထ, လောင်းကြည့်လိုက်။ သောက်တလွဲ ဖြစ်ကုန်ရော။ ဘယ်မှန်မှာလဲဗျာ။ “လောဘ” ဆိုတဲ့ အကုသိုလ်စိတ်က ဦးစီး နေတော့ “အမှန်တရားလည်း” ထွက်ပြေးတော့တာပေါ့။

ဗေဒင် မမှန်ဘူးဆိုရင် “အကြားအမြင်တို့ ၊ နတ်ကတော် တို့၊ ဘိုးတော် တို့ ၊ အဘ,ရသေ့ တို့” ဆီ သွားကြဦးမယ် ဆိုတဲ့ လူတွေလည်း ရှိသေးတယ်။ ပြောလိုက်ဦးမယ်။ ဖြစ်ရပ်မှန်လေး။

“အီးတီ” ဆိုတာ ကြားဘူးကြမှာပေါ့။ အင်မတန်မှန်တဲ့ နိုင်ငံကျော်/ ကမ္ဘာကျော် အကြားအမြင် ပညာရှင် တစ်ဦးပေါ့။ သူ့ရဲ့ ဦးလေးအရင်းဖြစ်တဲ့ “ဒေါက်တာမျိုးဝင်း” ဆိုတာ ကျွန်တော်နဲ့ အင်မတန် ရင်းနှီးပါတယ်။ ဒေါက်တာမျိုးဝင်းက “လူသေချာတစ်ဦး ဗျ” ။ ပြီးခဲ့တဲ့ 2006 ခု ကမ္ဘာ့ဖလားမှာ သူလည်း သူများတွေလို “ရွပိုးထိုး”လာတယ်။ အလောင်း အစားလေး လုပ်ချင်လာတယ်။

အဲဒီမှာ “တူမ” ဖြစ်သူ အကြားအမြင် ပညာရှင် အားကိုးနဲ့ လုပ်ပါလေရောဗျာ။ အရမ်းတော့ မလုပ်ဘူးနော်။ သူက “လူသေချာ” လေ။ သိတယ်မဟုတ်လား။ ပထမဆုံးပွဲကနေ (၇)ရက်ဆက်တိုက် “သူ့တူမ အီးတီ” ဆီကို ဖုန်းနဲ့လှမ်းမေး ပြီး ကနေ့ ဘယ်သူတွေနိုင်မလဲ . . ဆိုတာ လှမ်းမေးတယ်။ လုံးဝ မလောင်းသေးဘူးနော်။

အီးတီရဲ့ ခန့်မှန်းချက်တွေကလည်း လုံးဝ မှန်တယ်ဗျာ ။ တစ်ပွဲမှ မလွဲဘူး။ (၇)ရက် ဆက်တိုက်နော်။ အဲဒီတော့မှ သေချာပြီ ဆိုပြီး (၈)ရက်မြောက်နေ့မှာ “သူ စ,လောင်းတယ်” ။ သူတွင် မကဘူး။ သူငယ်ချင်းတွေကိုပါ စည်းရုံးလိုက်ပြီး “အီးတီ” ပြောတဲ့ အသင်းကို ၀ိုင်းလောင်းကြတယ်။

နောက်ဆုံး ပြောရရင်တော့ အင်မတန် မှန်လှပါတယ် ဆိုတဲ့ “အီးတီး” လည်း အဲဒီနေ့ကနေ စ,ပြီး လွဲတော့တာ ပါဘဲဗျာ။ အားလုံး ၀က်ဝက်ကွဲ ရှုံးကြပါတယ်။

အမှန်က အီးတီ မမှားပါဘူး။ သူ့ကို အသုံးချဖို့ ကြံကြတဲ့ သူတွေသာ မှားတာပါ။ ဗေဒင်ပညာ အပါအ၀င် အတတ်ဟော ပညာတွေက ဒီလို အသုံးချလို့ မရပါဘူး။ ရရင် ဗေဒင်ဆြာတွေ အရင်ချမ်းသာကုန်ကြပြီပေါ့ဗျာ။ မဟုတ်ဘူးလား။

ဒါကြောင့် အခုလာမယ့် 2010 ကမ္ဘာ့ဖလားပွဲကို ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ အားလုံး ၀ိုင်းပြီး ကြည့်ကြမယ်။ အားပေးကြမယ်။ ကြိုတင်ခန့်မှန်း ကြမယ်။ ပျော်ကြမယ်။ ကျွန်တော်လည်း ဇွန်လ (၅)ရက်နေ့ကနေ စ,ပြီး ကမ္ဘာ့ဖလား ဟောကိန်းတွေ ၊ ခန့်မှန်းချက်တွေကို စ,ပြီး တင်ပေးသွားမယ်။ ဒီလို ကြိုတင်ခန့်မှန်းပြီး ကြည့်မှ အသဲတဖိုဖို ရင် တလှပ်လှပ်နဲ့ ကြည့်လို့ကောင်းတာ ကလား။ ၀ါသနာရှင် ညီအစ်ကို မောင်နှမတွေလည်း ဒီ ခန့်မှန်းချက်တွေကို နေ့စဉ် လာရောက် ဖတ်ရှုနိုင်ပါတယ်။

ဒါပေမယ့် ဒီ ခန့်မှန်းချက်တွေကို အားကိုးပြီး (စီးပွားဖြစ်) အလောင်းအစားကိုတော့ မလုပ်ကြစေလိုပါ။ အထူးသဖြင့် ကိုယ့်ရဲ့ အသက်ပိုင်းဟာ “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ် များအတွင်းရောက်နေသူများ အထူးရှောင်ပါ။ “ရှိတာ အကုန် ကုန်သွားမယ် နော်” ။ ကျွန်တော့် အတွေ့အကြုံအရ ဒီလို ပွဲကြီးပွဲကောင်းတွေ ကြုံလာရင် “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ၊ ကြာသပတေး” (၄)ခွင်ထဲရောက်နေသူတွေ အများဆုံး “ဘ၀ပျက်” တတ်ကြတယ်။ ကိုယ်တွေ့တွေ များလှပါပြီ။ ကယ်ပါဦး ဆရာ ဆိုတာတွေ များလှပါပြီ။ ဒီတော့ လောင်းချင်ရင် “လဘ္ဘက်ရည်ကြေး၊ ဘီယာကြေး၊ ထမင်းကျွေးကြေး” လောက် ဆိုရင် တော်လောက်ပြီ ပေါ့ဗျာ။

ဆရာကြီး လုပ်တာ မဟုတ်ဘူးနော်။ ကိုယ်တိုင် “ဘောလုံးပွဲကြောင့် မြေကွက်တစ်ကွက် ဆုံးရှုံးဘူးလို့” သတိပေးနေ တာပါ။ ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော် လောက်ကပါ။ “ပြင်သစ်” ဗိုလ်စွဲ သွားတဲ့ (1998) ခုနှစ် ကမ္ဘာ့ဖလားပွဲ မှာပေါ့။ အဲဒီတုန်းက ဗေဒင်ဆရာ ဘ၀ကို မရောက်သေးပါဘူး။ အဲဒီ ဘောလုံးပွဲကနေ စ,ပြီး စီးပွားပျက် ဘ၀ပျက်လိုက်တာ – အဲဒီ 1998 ခုနှစ်မှာ ရှိတာ အားလုံးကုန်ပြီး ဗေဒင်ဆရာဘ၀ကို ရောက်လာခဲ့တော့တာပါဘဲဗျာ။

အဲဒီမှာ ကိုယ်တတ်ထားတဲ့ ဗေဒင်ပညာလည်း မကယ်နိုင်ပါဘူး။ ဒါတောင်မှ “လောဘ” သိပ်ပါတာ မဟုတ်ဘူးနော်။ အပျော်လုပ်တာ, အပျော်လုပ်တာ နဲ့ ပါ, ပါသွားတာ။ လှေမျောရင် လှေနဲ့ လိုက်၊ ငွေမျောရင် ငွေနဲ့ လိုက် ဆိုပြီး လိုက်ရင်း . . လိုက်ရင်း နဲ့ စာရင်းချုပ် လိုက်တော့ (မြေကွက်တစ်ကွက်) အရှင်းပြုတ် သွားတာပါဘဲဗျာ။

ကိုယ်တွေ့ အတွေ့အကြုံတစ်ခုကို အားလုံး သတိပြုနိုင်အောင်လို့ ဝေမျှပေးတာပါဗျာ။

ညီအစ်ကို မောင်နှမ အားလုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အပြစ်ကင်းစွာ ပျော်ရွှင်နိုင်ကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

0 မိုက်​ကယ်​ဂျက်​ဆင်၏အ​က​ကို​ ​က​ပြ​နိုင်​သော​ ​၄​နှစ်​သား​လေး


တရုတ်နိုင်ငံမှ Xiao Bao အမည်ရှိ အသက်(၄)နှစ်သာရှိသေးသည့်ကလေးငယ်တဦးက တကမ္ဘာလုံးက ပရိသတ်များကြည့်ရူကြသော အမေရိကန် TVအစီအစဉ် The Ellen Showနှင့် ရှန်ဟိုင်းWorld Expo 2010 တွင် မိုက်ကယ်ဂျက်ဆင်၏အကကိုထူးထူးခြားခြားကောင်းစွာတုပကပြသွားနိုင်ခဲ့ပါသည်။Xiao Bao ဟာ(၂)နှစ်သားအရွယ်လောက်ကတည်းကစည်းချက်ဝါးချက်ညီစွာ ကပြနိုင်ခဲ့တာအလွန်အံ့သြမိကြောင်း သူ့ရဲ့မိခင်ကပြောဆိုပါတယ်။
Xiao Bao က သူဟာ မိခင်ဝမ်းဗိုက်ထဲမှာရှိစဉ် သန္ဓသားဘ၀ကတည်းက သီချင်းနားထောင်နေပြီး ကခဲ့တယ်လို့ ရယ်မောစွာပြန်လည်ပြောဆိုခဲ့ပါတယ်။

0 Facebookတွင်လုံခြုံစိတ်ချစွာရှိနေဖို့အတွက် အကြံပြုချက် (၇) ချက်

အစစ်အမှန်မဟုတ်သော ကမ္ဘာသည် အန္တရာယ်တစ်ခုပင် ဖြစ်နိုင်သည်။ ဖေ့ဘုတ်ခ်တွင် သင်သည် ဘေးအန္တရယ်မှ ကင်းဝေးရန် အောက်ပါအချက် ၇ ချက်ကို အသေအချာ ဖတ်ရှုပါ။
၁။ အများနှင့် သက်ဆိုင်ခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ပါ။

ဒါကတော့ ရှေ့သို့ ဖြောင့်တန်းနေတယ်လို့ သင် တွေးထင်နေလိမ့်ပါမယ်။ ပြီးတော့ လူအများဟာ ထင်မြင်ချက်အောက်နေ သူတို့တွေ ပုန်းကွယ်နှင့်ပြီးဖြစ်သည်။ သို့သော် သင်ဟာ ၎င်း categories အများအပြားတွင် ဆက်တင်ကို မသုံးဘူးဆိုရင် တခြားလူတွေက သင့်ရဲ့ အချက်အလက်တွေကို မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ ဒါကတော့ ဖေ့ဘုတ်လ်အကောင့်အတွက် အလွန်အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။

သင်ကိုယ်သင်ကာကွယ်ရန် click Account> Privacy settings> Profile information ဆီသွားပါ။ Categories ၁၂ ခုလုံးအတွက် သင့်ရဲ့ သီးသန့်တည်ရှိမှုကို ချိန်ကိုက်ပါ။ အဲဒီနောက်မှာ Privacy> Contact information ကို ပြန်သွားပါ။ သင့် privacy ဆက်တင်မှာရှိတဲ့ categories ၉ ခုလုံးကိ ပြင်ဆင်ပါ။

7tip-facebook1၂။ သင်ကို ရှာဖွေရေးအင်ဂျင်တွင် ရှာဖွေခွင့်မပြုပါနှင့်။

တစိမ်းတရံလူများရဲ့ သင့် စာမျက်နှာကို ဆက်သွယ်လာမှုကို တားဆီးရန် Account> Privacy settings> Search သို့သွားပါ။ ဖေ့ဘုတ်ဘ် ရှာဖွေရေး ရလဒ်အတွက် ‘Only friends’ ဆိုတဲ့ ကို ရွေးချယ်ပါ။

၃။ သင်ရဲ့ အချက်အလက်အပြည့်အစုံတွေကို တခြားကုမ္ပဏီများဆီ မလွှဲပြောင်းဖို့ ဖေ့ဘုတ်ခ်ကို ခွင့်မပြုပါနဲ့။

သင်က သူတို့ကို ခွင့်ပြုလိုက်မယ်ဆိုရင် ဖေ့ဘုတ်ခ်သည် ကုမ္ပဏီတွေဆီ သင့်ရဲ့ ကောက်ကြောင်းပုံတွေကို ကြေငြာ အကြောင်းအရာတွေနဲ့ သုတေသနလုပ်ငန်းတွေအတွက် ဆက်သွယ်လာမှာ ဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ ကြေငြာတွေမှာ သင့် အချက်အလက်တွေကို သုံးစွဲသွားနိုင်တယ်။

ဒါတွေကို ရပ်တန့်အောင် လုပ်ဆောင်ဖို့အတွက် Account> Privacy>Settings > Applications and websites ကို ကလစ်ပါ။ နောက်တဖန် ‘Instact Personalisation Pilot Program ’ ကို သွားပြီး ‘Edit setting’ ကို ကလစ်ပါ။ ဖန်သားပြင်ရဲ့ အောက်ဆုံးမှာ ပုံးလေဟာ အမှန်ခြစ်ထားတာမှာရှိတဲ့အတွက် အသေအချာ ပြုလုပ်ပါ။ ဘယ်ကြေငြာမှာမှ သင့် အချက်အလက်တွေ မပေါ်အောင် အသေအချာလုပ်ဆောင်ရမှာက Account> Account Settings> Facebook Adaverts ဆီသွားပါ။ ‘no one’ on ‘Allow ads on platform pages to show my information to’ နှင့် ‘Show my social actions in Facebook ads to’ တခုကို ရွေးချယ်ပါ။

၎။ တခြားသောသူမှ သင် အကောင့်ကို သုံးမသုံး အသေအချာ လုပ်ပါ။

အရင်ပတ်က ဖေ့ဘုတ်ခ်မှာ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အကြောင်းအရာအသစ်ဖြစ်ပါတယ်။ အဲဒီ feature အသစ်က သင်အကောင့်ကို ဆက်သွယ်ဖို့ ကြည့်ရှုစစ်ဆေးမယ့် devices များကို ခွင့်ပြုခြင်း ဖြစ်ပါတယ်။

Account> Account settings > Account security သို့ သွားပါ။ ‘Would you like to receive notifications for logins from new devices’ ကို ကလစ်ပေးပြီးနောက်မှာ အောက်မှာ ရှိတဲ့ ‘Yes’ ကို ကလစ်ပါ။

အကောင့်ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ သင်သုံးနေတဲ့ device နာမည်ကို သင်ကို မေးနေပါလိမ့်မယ်။ အဲဒီ့နောက်မှာ ၎င်းက သင့်အီးမေးလ်ဆီ ပို့ပါလိမ့်မယ်။ အခုချိန်မှာတော့ သင်မသုံးတဲ့ device မှ သင့် အကောင့်ကို တခြားတယောက်က ၀င်ရောက်မယ်ဆိုရင် အီးမေးလ်က ပြောပြတာကို သင်သည် လက်ခံ ရရှိပါလိမ့်မယ်။ ထိုပုံစံမျိုး ဖြစ်ပေါ်လာမယ်ဆိုရင် သင်အနေနဲ့ ချက်ချင်း လျှို့ဝှက်နံပါတ်ကို ပြောင်းလဲပေးပြီး ဖေ့ဘုတ်ခ်ရဲ့ Help Centre ကို အကြောင်းအကြားပါ။

၅။ သင့် ပရိုဖိုင်ထဲတွင် မွေးနေ့ရက်ကို အပြည့်မဖော်ပြပါနဲ့။

ဒီအကြောင်းအရာကတော့ မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကို ခိုယူသူတွေအတွက် ပစ်မှတ်ကောင်းတခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ သင့်ရဲ့ ပိုမိုပြည့်စုံတဲ့ သတင်းအပြည့်အစုံတွေစုဆောင်းပြီး ဖြစ်နိုင်ချေရှိတဲ့ သင့် ဘဏ် သို့မဟုတ် credit ကဒ် အကောင့်တွေကို ဆက်သွယ်ရယူပြီး အသုံးပြုနိုင်ပါတယ်။ သင်အနေနဲ့ မွေးရက်သက္ကရာဇ် အပြည့်အစုံထည့်သွားပြီးခဲ့လျှင် ပရိုဖိုင် စာမျက်နှာဆီသွားပြီး ‘info’ tab ကို ကလစ်ပါ။ “Edit information” လုပ်ပါ။ အခြေခံ အကြောင်အရာအချက်လက်အောက်မှာ မွေး သက္ကရာဇ်တွင် လ သို့မဟုတ် ရက် ကိုသာဖော်ပြပါ။ အပြည့်အစုံ မဖော်ပြပါနဲ့။

၆။ သင်သူငယ်ချင်များမှ သင်ကိုယ်သင် ကာကွယ်ပါ။

သင့် ဖေ့ဘုတ်ခ် သူငယ်ချင်းများသည် applications များကို အသုံပြုလာသောအခါ သူတို့သည် third parties မျာနှင့် သင့် အချက်လက်များကို မတော်တဆ အသုံးပြုလာနိုင်တယ်။

ကာကွယ်ရန်အတွက် Account > Privacy Settings > Applications and websites > What your friends can share about you သို့သွားပါ။ ပုံးပုံစံအားလုံးထဲက အမှတ်ခြစ်ထားတာတွေကို ပြန်ဖြုတ်ပြီး save ပြန်လုပ်ပါ။

၇။သင်ရဲ့ ပင်မစာမျက်နှာမှာ ကြေငြာ မထားပါနဲ့။

ဖေ့ဘုတ်ခ်ပေါ်တွင် သင်ပို့စ်လုပ်သည့်အခါတိုင်း လိပ်စာ အပြည့်အစုံ မသုံးမိရန် အသေအချာ လုပ်ပါ။ ဒါကတော့ ‘Info’ section မှာ မထည့်ဖို့ အတွက်ပါပဲ။
Rich Evans ရေးသားသော Seven tips for staying safe on Facebook ကို ဆီလျော်သလို ဘာသာပြန်ထားသည်။
ဖော်ပြပေးသောpktkawn.heliohiost အားကျေးဇူးတင်ရှိပါသည်။

0 မြစ်ဆုံရေကာတာစီမံကိန်းအတွက် ကျေးရွာသားများ စတင်ပြောင်းရွေ့

သတင်းနှင့်မီဒီယာ ကွန်ယက်။

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းအတွက် မေခနှင့်မလိခ မြစ်ဆုံရာဒေသရှိ မဇွပ်ကျေးရွာအား ယနေ့တွင် မြစ် ကြီးနားမြို့နယ်အာဏာပိုင်များက စတင်ပြောင်းရွေ့ခိုင်းခဲ့သည်။

မြစ်ကြီးမြို့နယ် မယကမှ ဦးဆောင်ပြီး စစ်တပ်၊ ရဲတို့ လိုက်ပါလုံခြုံရေးယူပေးကာ မြို့နယ်အတွင်းရှိ ကြံ့ဖွံ့နှင့်ရပ် ကွက်လုပ်အားပေးအဖွဲ့များက တန်ဖဲကျေးရွာတဖက်ကမ်း မဇွပ်ကျေးရွာအား ပြောင်းရွေ့ခဲ့သည်ဟု တန်ဖဲကျေး ရွာသားက ယခုလိုပြောသည်။

မယကဥက္ကဌ၊ ဗျူဟာမှူးနဲ့ လုပ်အားပေးအဖွဲ့အချို့ စစ်တပ်နဲ့ရဲက မနေ့ကတည်းက ရောက်ပြီး ည အိပ်တယ်၊ ဒီိနေ့မှာ ကြံ့ဖွံ့နဲ့လုပ်အားပေးအဖွဲ့တွေရောက်ပြီးမဇွပ်ကျေးရွာပေါ၊့ ဗမာလို မြစ်ဆုံလို့ခေါ် တယ်၊ မေခနဲ့ မလိခဆုံတဲ့ထိပ်ကရွာ။ အိမ်ခြေ(၆၃)လုံးရှိတယ်၊ အဲဒီကနေ သူတို့တွေကို ခေါ်လာတော့ တချို့ကလေးတွေရော၊ လူကြီးတွေရော ငိုနေကြတယ်။ အားလုံးမျက်နှာမကောင်းကြဘူး။

အဆိုပါ ပြောင်းရွေ့လာသူများအား တန်ဖဲကျေးရွာအောက်ဘက် (၈)မိုင်ခန့်အကွာ၊ မြစ်ကြီးနားအထက် မိုင်(၂ဝ)ကျော်အကွာရှိ လုံဂါဇွပ် ကျေးရွာအနီးတွင် အေးရှားဝေါ ကုမ္ပဏီကတည်ဆောက်ထားသည့် အိမ်ယာစီမံကိန်း မြေ နေရာတွင် နေရာချထားပေးသည်။

ယခုကျေးရွာအားပြောင်းရွေ့နိုင်ရန်အတွက် မြစ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်(၅၈)ရပ် ကွက်မှ တရပ်ကွက်လျင် လုပ်အားပေးလိုက်ရန် လူ(၁ဝ)ဦးစီ ဆင့်ခေါ်ခဲ့သည်။

မြစ်ဆုံဒေသရှိ မဇွပ်ကျေးရွာသည် မြေသြဇာကောင်းပြီး စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုကြပြီး ယခုပြောင်းရွေ့သည့်နေရာသည် စိုက်ပျိုးမြေ မရှိသည့်အတွက် ဒေသခံများမှာ မပြောင်းရွေ့ ချင်သော် လည်း အာဏာပိုင်များ၏ အမိန့်ကို မလွန်ဆန်ရဲဘဲ ပြောင်းရွေ့ခဲ့ရသည်ဟု အဆိုပါ ဒေသခံက ပြောသည်။

အဲဒီရွာက စစ်တပ်ရဲ့ အုပ်ချုပ် ဖိနှပ်၊ ခြိမ်းခြောက်မှုအောက်မှာ နေလာတာကြာပြီဆိုတော့ ဘာမှ လည်း ပြန်မလုပ်ရဲကြဘူး။ အခုပြောင်းရွေ့တာ ဘာပြဿနာမှမရှိခဲ့ဘူး။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ကျေးရွာသား(၁၅ဝဝဝ)ကျော် နေရာပြောင်းရွေ့ရနိုင်ပြီး ကချင်တိုင်းရင်းသား တို့၏ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြစ်ဆုံဒေသ ပျောက်ကွယ် မည့်အပြင် တံငါလုပ်ငန်း၊ သယ်ယူပို့ ဆောင် ရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ ထိခိုက်မည်ဖြစ်၍ ဒေသခံများ အပါအဝင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့နှင့် ကချင်အင်န်ဂျီအိုအဖွဲ့များက မြစ်ဆုံရေကာ တာစီမံကိန်း ရပ်တန့်ပေးရန် တောင်းဆိုခဲ့သည်။

ယမန်နေ့ နေ့စွဲဖြင့် ကချင်ပြည်လူမှုဖွံ့ဖြိုးရေးကွန်ယက်က ရေကာတာရေအားလျပ်စစ် စီမံကိန်းတွင် ရင်းနှီးမြုပ် နှံထားသည့် တရုတ်လျပ်စစ်စွမ်းအားရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း (CPI) အားရည်ညွှန်း၍ စီမံကိန်းရပ်ဆိုင်း ပေး ရန် တရုတ်သမ္မတ ဟူကျင်းတောင်းထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

1 ထက်အောင်ရှိုင်းရဲ့ “နေ့သစ်ကို ကြိုဆိုကြပါစို့” အခွေမကြာမှီထွက်တော့မည်



*သံစဉ်စာသား-ထက်အောင်ရှိုင်း၊မင်းမော်စိုး၊ကိုဖြိုး(ဗမာ

ပြည်)*

၁၊ သွေး-ကိုဖြိုး(ဗမာပြည်)
၂၊ လှောင်ချိုင့်ထဲက လူ- ထက်အောင်ရှိင်း+A.K.T
၃၊ နေ့ သစ်ကိုကြိုဆိုကြပါစို့ - မ
၎၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက် သီချင်း-ထက်အောင်ရှိင်း (DVB )
၅၊ အမေ (သို့ ) အနှိုင်းမဲ့မေတ္တာရှင် ထက်အောင်ရှိင်း+ရေခဲ (DVB )
၆၊ အမျိုးမြတ်တို့ အောင်ပွဲ-ထက်အောင်ရှိင်း
၇၊ သိုးရေခြုံသော ဝံပုလွေ-ထက်အောင်ရှိင်း
၈၊ ရှိုင်း-၂-ထက်အောင်ရှိင်း
၉၊ မိုးယံထက်က ခွပ်ဒေါင်းများ-ထက်အောင်ရှိင်း
၁၀၊ ဘာလုပ်ကြမှာလဲ-ထက်အောင်ရှိင်း+ရေခဲ
၁၁၊ တွယ်ရာမဲ့-ကျော်ထက်မင်း
၁၂၊ တသက်တာ ဝန်ထမ်း -ထက်အောင်ရှိင်း
၁၃၊ ဒုက္ခနဲ့ ဘဝများ ( The poor )- မင်းမော်စိုး+AL
၁၄၊ ကိုမင်းကိုနိုင် မွေးနေ့ သီချင်း- ထက်အောင်ရှိုင်း (DVB )
၁၅၊ ARMY အားလား ကျားလား -ရေခဲ (DVB )
၁၆၊ လူကိုလူချင်းစားသုံးကြသူမျာ

"တေးသီချင်းများကို မေတ္တာဖြင့်အခမဲ့ဖြန့် ဝေပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ပေးဆပ်ခဲ့သော ပေးဆပ်နေဆဲ ဖြစ်သော ဦးတည်ချက်ကို တည့်မတ်စွာလျှောက် လှမ်းနေ ကြသော အာဇာနည် သူရဲကောင်းတို့အား လေးစား ဂုဏ်ပြုသောအားဖြင့် ကျနော် ထက်အောင်ရှိုင်း နှင့် မောင်နှမများမှ ဤသီချင်းခွေအား မေတ္တာဖြင့်အခမဲ့ဖြန့် ဝေပါသည်။"
"တေးသီချင်းများ ဖြစ်မြောက်အောင် တီးခတ်ပေးကြသော ညီအကိုများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။"

0 မြို့တော်စည်ပင် ညံ့ဖျင်းမှု့ ကြောင့်ရေလျှံမှု့များဖြစ်ပေါ်


ရန်ကုန်မြို့ တွင်း ရှိမြို့  နယ်များရှိလမ်းများတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက်ရေလျှံမှု များဖြစ်ပေါ် လျှက်ရှိပြီး မြေညီထပ်များရှိလူနေ တိုက်ခန်းများအတွင်းသို့  ရေစီးဝင်မှု့ များဖြစ်ပေါ်ခဲ့သည်။ မိုးရာသီရောက်ရှိလာပြီး ဖြစ်သောကြောင့် ယခုကဲ့သို့ ရေလျှံမှု့ များ ဖြစ်ပေါ်လေ့ ရှိသော်လည်း ယခုနှစ်တွင် ပိုမိုဆိုးရွားစွာ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ရန်ကုန်မြို့ တွင်းမြို့ နယ် များ၌နေထိုင်ကြသူများက ခန့်မှန်းပြောဆိုလျှက်ရှိနေကြသည်။
ဤသို့  ခန်းမှန်းရခြင်းအကြောင်းရင်းမှာ ပြီးခဲ့သည့်ခြောက်သွေ့ ကာလ များတွင် ရန်ကုန်မြို့ တော် စည်ပင်သာယာ အနေဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အမည်ခံ လမ်းများပြုပြင်ရာတွင်သာ ခြောက်သွေ့ရာသီတခုလုံးဦးစားပေးလုပ်ဆောင်ခဲ့ပြီး ၊ ရေစီးရေလာကောင်းမွန်ရန်အတွက် ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်ဆယ်ယူခြင်းများကို ထိရောက်စွာမလုပ်ဆောင်ခဲ့သောကြောင့် မိုးရွာသွန်းပါက ရေနှုတ်မြောင်းများမှာရေလျှံမှု့  များ ဖြစ်ပေါ်လျှက်ရှိသည်ဟု ရန်ကုန်မြို့  တွင်းရှိ လသာ ၊ ပန်းပဲတန်း ၊ ကျောက်တံတား အစရှိသည့် မြို့  နယ် များတွင် နေထိုင်ကြသူများက ပြောဆိုလျှက်ရှိပါသည် ။
ရင်းမြစ်။ ။ ခွပ်ဒေါင်းသွေး

0 မြောက်ကိုရီးယား နျူကလီးယား နည်းပညာ မြန်မာတင်ပို့မှု အမေရိကန်စိုးရိမ်







ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မြောက်ကိုရီးယား အစိုးရက လိုက်နာမှုရှိမရှိ စောင့်ကြည့်တဲ့ အဖွဲ့က - မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားနဲ့ ဒုံးလက်နက်ဆိုင်ရာ နည်းပညာနဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံအပါအ၀င် မူမမှန်တဲ့ နိုင်ငံတွေကို ဖြန့်ဖြူးနေတယ်လို့ အစီရင်ခံစာ ထုတ်ပြန်လိုက်ချိန်မှာပဲ အခုကိစ္စအတွက် စိုးရိမ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း သောင်္ကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ အပါအ၀င် ဒေသတွင်းမှာ အန္တရာယ် ဖြစ်စေမယ့် လုပ်ရပ်တွေကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး သင့်လျော်တဲ့ ခြေလှမ်းနဲ့ အရေးယူမှုတွေ လုပ်သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံဟာ တရားဝင်ဖြစ်အောင် ဟန်ပြလုပ်ထားတဲ့ ကုမ္ပဏီတွေနဲ့ နိုင်ငံခြားက ရာဇ၀တ်မှု ကွန်ယက်တွေကို အသုံးချပြီး မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတချို့ကို နျူကလီးယားနဲ့ ဒုံးလက်နက်ဆိုင်ရာ နည်းပညာနဲ့ ပစ္စည်းအကူအညီတွေ ပေးနေတယ်လို့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့တာနဲ့ပတ်သက်ပြီး ဒီလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် (၁၈၇၄) ကို ချိုးဖောက်နေတဲ့ မြန်မာနိုင်ငံလို နိုင်ငံတွေ ရှိနေတဲ့အတွက် အမေရိကန်နိုင်ငံက စိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပီဂျေ ခရောလေး (P.J. Crowley) က အခုလို ပြောပါတယ်။

“အစီရင်ခံစာမှာ ဖော်ပြခံထားရတဲ့ မြန်မာနိုင်ငံ အပါအ၀င် တချို့နိုင်ငံတွေ အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးထားရှိတဲ့အပြင် ပိတ်ပင်ထားတဲ့ ပစ္စည်းတင်ပို့မှုတွေ ပြုလုပ်နေတာကို အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်မကင်း ဖြစ်ပါတယ်။ ဒါကြောင့်လဲ ကျနော်တို့ဘက်ကရော၊ အခြား နိုင်ငံတွေကပါ ကုလသမဂ္ဂ ဆုံးဖြတ်ချက် (၁၈၇၄) အရ ဒေသတါင်းရော၊ ကမ္ဘာ့ တခြားနေရာတွေ အတွက်ပါ မတည်မငြိမ် ဖြစ်စေတဲ့ ကန့်သတ်ပစ္စည်းတွေ တင်ပို့ရောင်းဝယ်မှုတွေကို ဟန့်တားဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဆက်ပြီးတော့လဲ လုပ်ဆောင်သွားမှာပါ။”

ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ မြောက်ကိုရီးယား ကမ်နန် သင်္ဘော မြန်မာနိုင်ငံကို ဦးတည်ပြီး သွားနေတာမို့ အမေရိကန် တပ်ရေယာဉ် USS John McCain က နောက်က ထပ်ချပ်မခွာ လိုက်ပြီး စောင့်ကြည့်ခဲ့တာမို့ သင်္ဘောဟာ မြန်မာနိုင်ငံဘက်ကို ဆက်မသွားဘဲ မြောက်ကိုရီးယားကို ပြန်လှည့်သွားခဲ့ပါတယ်။ အမေရိကန်အနေနဲ့ အခုလို ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အတိုင်း သေသေချာချာ အရေးယူ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ အပါအ၀င် ဒေသတွင်း အန္တရာယ်ဖြစ်စေမယ့် လုပ်ရပ်တွေကို စောင့်ကြည့်ခဲ့သလို သင့်လျော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

“မြောက်ကိုရီးယားရဲ့ ဆက်လက် လုပ်ဆောင်မှုတွေဟာ အိမ်နီးချင်း နိုင်ငံတွေရော။ အခြား ဒေသတွေ အတွက်ပါ အန္တရာယ် ရှိစေပါတယ်။ ပစ္စည်းအတုတွေကို တင်ပို့တာ၊ တရားမ၀င် ပစ္စည်းတွေ ရောင်းချတာ၊ အန္တရာယ် ကြီးမားတဲ့ ကုန်ပစ္စည်းတွေကို တင်ပို့မှုတွေ၊ ဒုံးလက်နက်တွေ နျူကလီးယား နည်းပညာတွေနဲ့ တခြား ငွေဝင်မယ့် ပစ္စည်းတွေကို ရောင်းချတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် ဒီ အန္တရာယ်တွေကို လျှော့ချဖို့ သင့်လျော်တဲ့ ခြေလှမ်းတွေ အမေရိကန် ပြည်ထောင်စုကရော၊ အိမ်နီးချင်း နိုင်ငံတွေကရော ဆက်လက် လုပ်သွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ တားမြစ်ချက်ကို လိုက်နာဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံကို မကြာခင်ကမှ လာရောက်ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကန့်မ်ဘဲလ် (Kurt Campbell) ကလည်း သတိပေး ပြောကြားခဲ့ပါတယ်။

ကျွမ်းကျင်သူ ၇ ဦးပါအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ မြောက်ကိုရီးယားက မြန်မာ၊ အီရန်နဲ့ ဆီးရီးယား နိုင်ငံတွေကို နျူကလီးယားနဲ့ ဒုံးကျည် ထုတ်လုပ်မှု နည်းပညာ အကူအညီတွေ ပေးနေတယ်လို့ ဖော်ပြခဲ့တာဟာ မြန်မာစစ်အစိုးရရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်အောင် ကြိုးစားနေမှုကို အတည်ပြုပေးခဲ့တာလို့ NCGUB အဝေးရောက် ညွှန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောပါတယ်။

“နအဖက နျူကလီယာစီမံကိန်းတခုကို အကောင်အထည်ဖေါ်နေတယ်။ ရုရှားကနေ ရီအက်တာ (Reactor) ဓါတ်ပေါင်းဖို မရောက်သေးပေမဲ့လို့ မန္တလေးရဲ့မြောက်ဖက် သပိတ်ကျဉ်းနားမှာ ရီအက်တာထားဖို့ စက်ရုံရော နောက် ယူရေနီယံကို ထပ်ပြီးတော့ ပလူတိုနီယံအဆင့် ရောက်အောင်လုပ်တ စမ်းသပ်မှုတွေကို လုပ်နေတယ်ဆိုတဲ့ သတင်းတွေ၊ တချို့စမ်းသပ်မှုတွေမှာလည်း အရပ်ဖက်ဆိုင်ရာမှာ ရေဒီယို ဓါတ်ကြွမှုတွေနဲ့ ဆေးရုံတင်ကုသရတယ်ဆိုတဲ့ သတင်းတွေလည်း ရနေတယ်ပေါ့နော်။ နောက်ပိုင်းမှာလည်းပဲ ဂျပန်မှာ ဒုံးပျံနဲ့ဆိုင်တဲ့ မက်ဂနိုမီတာပေါ့လေ။ သံလိုက်ဓါတ် တိုင်းတာမှုဆိုင်ရာ ပစ္စည်းတွေကိုတင်ပို့လို့ ဂျပန်အစိုးရက ဖမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေလည်း သိကြပြီးသားပါ။ အထဲမှာလည်းပဲ နအဖအနေနဲ့ ဒုံးပျံတပ်ရင်းတို့ နျူကလီယာတပ်ရင်းတို့ စတဲ့ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲတွေ လုပ်တာတွေကို ကျွန်တော်တို့တွေ့ရတယ်။ ဆိုတော့ ဒီလုံခြုံရေးကောင်စီက မြောက်ကိုရီးယား စီးပွါးရေးပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ ဆန်ရှင်ကောင်မတီကနေပြီးတော့ မြောက်ကိုရီးယားကနေ ဒီလိုပစ္စည်းတွေကိုတင်ပို့နေတဲ့ အထဲ မြန်မာနိုင်ငံ ပါတယ်ဆိုတာကို သူတို့ အတည်ပြုလိုက်တာပါပဲ။”

မြန်မာနိုင်ငံရဲ့အခုလို လုပ်ဆောင်မှုတွေကြောင့် အရေးယူမှုတွေအပြင် နိုင်ငံတကာကစစ်ဆေးမှုတွေကို ပိုပြီး ခံလာရနိုင်တယ်လို့လဲ ပြောပါတယ်။

“အရေးယူမှုဆိုတာကတော့ အမျိုးမျိုးရှိတာပေါ့နော် သတိပေးတာတွေ၊ ရှုံ့ချတာတွေ၊ ကျန်တာကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ လိုက်နာမှုပေါ်မှာတည်တာပေါ့နော်။ မြန်မာနိုင်ငံဟာ IAEA နိုင်ငံတကာ နျူကလီယား အေဂျင်စီကနေ နျူကလီယားမပြန့်ပွါးရေး ဆိုင်ရာ စာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံပါ။ ဆိုတော့ လက်မှတ်ထိုးထားတဲ့ နိုင်ငံတခုအနေနဲ့ဆိုရင် မြန်မာနိုင်ငံရဲ့ နျူကလီယားနဲ့ ဒုံးကျည် နည်းပညာပိုင်းစမ်းသပ်မှုတွေ ပိုပြီးတော့ စစ်ဆေးခံရမယ့် သဘောတွေ ရှိပါတယ်။”

အဝေးရောက် ညွန့်ပေါင်း အစိုးရ ရဲ့ ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာ သောင်းထွန်း က ပြောသွားတာပါ။
သတင်း။ ။ voa

0 ကိုယ်ကျိုးရှာတိုင်းရင်းသားနိုင်ငံရေးသမားများစာရင်း ပြည်တွင်းတိုင်းရင်းသားကွန်ယက်တခုက ထုတ်ပြန်


မိုးမခစာမျက်နှာမှ

Friday, May 28, 2010

0 အလွမ်းများနဲ့ဧရာဝတီရုပ်ရှင်ဇာတ်ကား (ဂျပန်စာတမ်းထိုးအစအဆုံး)

0 ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်

ဖိလစ်ပိုင်နိုင်ငံရှိ Makatiမြို့ နအဖသံရုံးရှေ့တွင် လူ့အခွင့်အရေးလှုပ်ရှားသူများဆန္ဒပြနေကြစဉ်(photo-Gettyimages)

စိုင်းဇွမ်ဆိုင်း

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက် ရှုတ်ချသည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် ပြည်ပ အခြေစိုက် ဒီမိုကရေစီ အင်အားစုများမှ နိုင်ငံအလိုက် လှုပ်ရှားမှုများကို ယနေ့ ကျင်းပ သည်ဟု သိရှိရသည်။

ယင်းလုပ်ရှားမှုများကို ပြည်ပအခြေစိုက် ဒီမိုကရေစီ တပ်ပေါင်းစု ဆယ်စုမှ နိုင်ငံခြားရေးကော်မတီများကို စုဖွဲ့ထား သည့် နိုင်ငံခြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (FACT) မှ ကမကထပြု ကျင်းပခဲ့ခြင်းဖြစ်သည်။

“တပ်ပေါင်းစု ဆယ်စုကနေပြီးတော့မှ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခုကို မတ်လ ၁၉ ရက်နေ့ က ဘန်ကောက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖွင့်လှစ်ခဲ့တယ်၊ ဒီနေ့ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ ဆိုတာကတော့ ဒီ လှုပ်ရှားမှုကြီးရဲ့ လုပ်ငန်းစဉ်တခုလို့ ပြောလို့ရပါတယ်”ဟု FACT တာဝန်ခံ ကိုသွင်လင်းအောင် က ဧရာဝတီသို့ ပြောသည်။

ယနေ့ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အခမ်းအနားသည် မြန်မာနိုင်ငံတွင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ရွေးကောက်ပွဲမဝင်ဟုဆိုကာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့သည့်အပေါ်တွင် ပြည်ပ အတိုက် အခံ များကလည်း ၎င်းတို့နှင့် တစ်သားတည်း ဖြစ်ကြောင်းကို ပြသသည့်အခမ်းအနားလည်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

NLD လွတ်မြောက်နယ်မြေ (မလေးရှား) ဥက္ကဌ ကိုကျော်ကျော်က“စစ်မှန်တဲ့ ရွေးကောက်ပွဲ နဲ့ စစ်အာဏာရှင် ရွေးကောက်ပွဲလို့ ရေးထားတဲ့ မဲပြားတွေကို ပို့စ်ကတ်အရွယ် လုပ်ပြီးမှ ဘယ် ရွေးကောက်ပွဲ အမျိုးအစားကို ကြိုက်လဲ ဆိုတာကို ပွဲလာတက်တဲ့သူတွေရဲ့ ဆန္ဒတွေကို ကောက်ခံတဲ့ လှုပ်ရှားမှု လုပ်ခဲ့တာပါ”ဟု သူက ဆို သည်။

ယင်း ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနှင့် ၁၉၉၀ ရွေးကောက်ပွဲ အနှစ် ၂၀ ပြည့်အခမ်းအနားကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ တရုတ်တန်းခန်းမတွင် ကျင်းပခဲ့ပြီး ပွဲတက်ရောက်လာသူဦးရေ တရာခန့်ရှိသည်ဟုလည်း ကိုကျော်ကျော်က ပြောသည်။

NLD လွတ်မြောက်နယ်မြေ (ကိုရီးယား) တာဝန်ခံ ကိုနေထွန်းနိုင်က“ကျနော်တို့က ဆိုးလ်မြို့မှာရှိတဲ့ နအဖ သံရုံး ရှေ့ မှာ ၁၉၉၀ မေလ ၂၇ ရက်နေ့ ရွေးကောက်ပွဲ အကြောင်းတွေ၊ အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ အခု စစ်အစိုးရ ပြင်ဆင်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းတွေကို သတင်းစာ ရှင်းလင်း ပွဲ တခုလုပ်ပြီးတော့ ပွဲတက်လာတဲ့သူတွေကို တင်ပြခဲ့ပါတယ်”ဟု ပြောသည်။

“ဒီနေ့ပွဲကို ကိုရီးယားမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားတဲ့သူတွေ၊ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံ အားပေးတဲ့ ကိုရီးယား အန်ဂျီအိုတွေ၊ ကိုရီးယားရောက်မြန်မာတွေ တက်ရောက်ခဲ့ပြီးတော့ တခြားနိုင်ငံတွေမှာ လိုပဲ စစ်အာဏာရှင် ရွေးကောက်ပွဲကို ကြိုက်လား၊ စစ်မှန်တဲ့ ရွေးကောက်ပွဲကို ကြိုက်လား ဆိုတဲ့ ဆန္ဒပြုမှုတွေ ကောက်ခံခဲ့ပါတယ်”ဟု ကိုနေထွန်းနိုင်က ဆက်ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးနှင့် တိုင်းရင်းသားအခွင့်အရေး လုပ်ဆောင်နေသည့် တပ်ပေါင်းစု ၁၀ ဖွဲ့နှင့် လူပေါင်း နှစ်ရာ နီးပါးခန့် တက်ရောက်သည်ဟု စုံစမ်းသိရှိရသည်။

ယင်း ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အထိမ်းအမှတ်အဖြစ်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးရန်၊ တိုင်းရင်းသားများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်း များအပေါ် အန္တရာယ်ပြုမှုများအား ရပ်တန့်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန် များကို တောင်းဆိုကြသည်။

ထို့အပြင် စစ်အာဏာရှင် ရွေးကောက်ပွဲနှင့် စစ်မှန်သော ရွေးကောက်ပွဲကို မဲပေးရွေးချယ်ရန် အစီအစဉ်အား ယနေ့ စတင် ဖွင့်လှစ်လိုက်သည်ဟုလည်း မဲဆောက်မြို့အခြေစိုက် ဧရာဝတီသတင်းထောက်ထံမှ သိရှိရသည်။

ယနေ့ စတင်သည့် စစ်အာဏာရှင် ရွေးကောက်ပွဲနှင့်၊ စစ်မှန်သော ရွေးကောက်ပွဲကို မဲပေးရွေးချယ်ခြင်း အစီ အစဉ် သည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ဇွန်လ ၁၉ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်ပြီး ရရှိ လာသော မဲပြားများရလဒ်ကို နိုင်ငံအလိုက် အစိုးရများထံသို့ ပေးပို့သွားမည်ဟုသိရှိရသည်။

အာဆီယံ ဒေသတွင်း နိုင်ငံများမှ ရရှိလာသော မဲပြားများနှင့် မဲပြားရလဒ်များကိုမူ အာဆီယံ အထွေထွေ အတွင်းရေးမှုးချုပ်ထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း FACT တာဝန်ခံက ပြောသည်။

နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ယခုလှုပ်ရှားမှုတွင် မြန်မာ့ဒီမိုကရက်တစ် အင်အားစု၊ အမျိုးသားညွန့်ပေါင်း အစိုးရ၊ မြန်မာ ပါလီမန် အမတ်များအဖွဲ့၊ မြန်မာ အမျိုးသမီး သမဂ္ဂ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ စသည့်အဖွဲ့အစည်း ၁၀ ဖွဲ့က အဓိက တပ်ပေါင်းစုကြီးအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ယင်းလှုပ်ရှားမှုသည် ကမ္ဘာတလွှားရှိ အဖွဲ့အစည်းပေါင်း ၁၅၀ ကျော်၏ ထောက်ခံမှုလည်း ရရှိထားကြောင်း သိရ သည်။

0 ရွေးကောက်ပွဲနှစ်ပတ်လည်နေ့အမှတ်တရတွေ.ဆုံပွဲကို ဘဘဦးတင်ဦးအိမ်မှာကျင်းပပြုလုပ်။

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ရွေးကောက်ပွဲအနိုင်ရနှစ်(၂၀)ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား (ဓာတ်ပုံမှတ်တမ်း)ဂျပန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ခြင်း အနှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာ သံရုံး)ရှေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ့မှ ဦးစီး၍ နေလည် ၃း၀၀ နာရီမှာ စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကိုယ်စား ရွေဂုံတိုင်ကြေငြာစာတမ်းကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးရန်အတွက် တိုက်တွန်း တောင်းဆိုသည့် စာကို မြန်မာသံရုံး စစ်သံမှူးမှတဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွေထံ ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။

အခမ်းအနားသို့  ဂျပန်ရောက် မြန်မာနိုင်ငံသား စုစုပေါင်း(၁၅၀)ကျော် တက်ရောက်ခဲ့ကြပြီး ညနေ ၄း၁၅ နာရီတွင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်းသိရှိရပါသည်။
ဓာတ်ပုံ။ ။ မင်းညိုဝမ်း (moethaukkye)

Thursday, May 27, 2010

0 ရွေးကောက်ပွဲနှင့် နိုင်ငံတကာစောင့်ကြည့်ရေး

0 ထက်ထက်မိုးဦး သတင်းကို ၀န်ကြီး ပိတ်ပင်

NEJ / ၂၆ မေ ၂၀၁၀

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ တိုက်ရိုက်ညွှန်ကြားချက်ကြောင့် ထက်ထက်မိုးဦး သတင်းကို ပိတ်ပင်ရခြင်းဖြစ်ကြောင်း စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ စာစစ်မှူးတဦးက ပြောသည်။

၎င်းက “ထက်ထက်မိုးဦး သတင်းတက်လာတော့ ကျမတို့က ခြစ်ပြီး ပယ်ရန် တင်လိုက်တာပဲ။ စာပေစိစစ် ညွှန်မှူး ဗိုလ်မှူးတင့်ဆွေဆီ ရောက်တော့မှ တစောင်ကို ခွင့်ပြုပေးလိုက်တယ်။ နောက် အချိန်နည်းနည်းကြာပြီးမှ ဗိုလ်မှူးဆီ ဖုန်းဝင်လာတယ်လို့ သိရတယ်။ ဝန်ကြီးက ခွင့်မပြုဘူး ဆိုတာနဲ့ ကျမတို့က ဂျာနယ်တိုက်ကို ဖုန်းဆက်အကြောင်းကြားပြီး ခွင့်မပြုကြောင်း ပြန်ပြောရတယ်” ဟု ပြောသည်။

အဆိုပါသတင်းမှာ ပြီးခဲ့သည့် မေ (၁၉) ရက်ည၌ ဆီဒိုးနားဟိုတယ် ကုန်ပစ္စည်းအရောင်းမြင့်တင်ပွဲတခုတွင် အင်တာဗျူးလုပ်သူ ဆဲဗင်းဒေးသတင်းထောက် မအေးသူစံကို ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက်ပြုမူခဲ့သည့် ဖြစ်ရပ်အတွက် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားစွဲရန် ဦးတိုက်လျှောက်ထားသည့် သတင်းဖြစ်သည်။

ထိုသတင်းကို စနေနေ့ထုတ် The Voice ဂျာနယ်နှင့် The First ဂျာနယ် မျက်နှာဖုံးတို့တွင် ဖော်ပြခဲ့ပြီး ယခုကဲ့သို့ ဖော်ပြခဲ့သည့်အတွက် စာပေစိစစ်ရေးက ဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သည်။

အဆိုပါကိစ္စကို စာပေစိစစ် ကြော်ငြာသင်ပုန်းတွင် ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေပါ ညွှန်ကြားချက် (၃၅) နှင့် (၃၇) ကို လိုက်နာမှုမရှိဘဲ အကြိမ်ကြိမ် ဖောက်ဖျက်ကျူးလွန်မှုများအရ မေလ (၂၂) ရက်မှစ၍ ယာယီ ရပ်ဆိုင်းသည်ဟု ဖော်ပြထားကြောင်း၊ ထက်ထက်မိုးဦး သတင်းကိစ္စကို တိုက်ရိုက် ရည်ညွှန်းခြင်းမရှိကြောင်း ပြည်တွင်း ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

၎င်းက “အခုကိစ္စကို ကြည့်ရင် မြန်မာနိုင်ငံတွင်းမှာ ထုတ်ဝေနေတဲ့ ပုဂ္ဂလိက ဂျာနယ်၊ မဂ္ဂဇင်းတွေဟာ အနုပညာရှင်တွေရဲ့ သတင်းကိုတောင် လွတ်လွတ်လပ်လပ် တင်ပြနိုင်မှု မရှိတာကို တွေ့ရမှာဖြစ်တယ်။ အခြား စီးပွားရေး၊ လူမှုရေး နိုင်ငံရေး သတင်းတွေဆို အခုထက် ပိုဆိုးတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် လုံးဝ မရှိတာကို ပြတဲ့ သက်သေတခု ဖြစ်တယ်” ဟု ပြောသည်။

အခြား ဂျာနယ်အယ်ဒီတာ တဦးကလည်း ၎င်းတို့ ဂျာနယ်အပါအဝင် ဂျာနယ်အားလုံးကို စာပေစိစစ်ရေးက ထက်ထက်မိုးဦးသတင်းကို ရုံးသို့ လုံးဝ တင်ပြခြင်းမပြုရန် တယ်လီဖုန်းဆက် အကြောင်းကြားကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် တင်ပြသမျှကို ပိတ်ပင်တားမြစ်ခြင်းထက် ပိုဆိုးကြောင်း ပြောသည်။

၎င်းက “နောင်တချိန်ကျရင် မှတ်တမ်းတွေကို ပြန်ပြပြီး အဲဒီအချိန်က ထက်ထက်မိုးဦး သတင်းကို ဘယ်ဂျာနယ်ကမှ တင်ပြထားတာ မရှိဘူးဆိုပြီး လိမ်လည်ဖို့အထိ လုပ်လာတာမျိုး ဖြစ်တယ်” ဟု ရှင်းပြသည်။

ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာကြီး တဦးက စစ်အစိုးရသည် ၎င်းတို့ အာဏာတည်မြဲရေး၊ ဝါဒဖြန့်ချိရေးကိစ္စတို့တွင် အနုပညာသည်များကို ကောင်းကောင်း အသုံးချနေကြောင်း၊ ထိုသို့ အသုံးချနိုင်ရန် အနုပညာသည်များက မလိုလားသည့် သတင်းဖော်ပြမှုများကို တားမြစ်ပိတ်ပင်ပေးနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အနုပညာသည်များ၏ သတင်းကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်မရသည်မှာ ကြာပြီဖြစ်ကြောင်း ပြောသည်။

အဆိုပါ သတင်းဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းထားသော်လည်း ပိုင်ရှင်များအနေဖြင့် ဝန်ကြီး သို့မဟုတ် စာပေစိစစ်ညွှန်မှူးကို တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းပြီး အဆင်ပြေပါက မကြာမီ ပြန်လည် ထုတ်ဝေခွင့်ရနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းသတင်း အယ်ဒီတာများက ဝေဖန်သုံးသပ်နေကြသည်။

Wednesday, May 26, 2010

0 ကလပ်မယ် မ သွားလေသမျှ ရဲတပ်ဖွဲ့က ရက်ပိုင်းအတွင်းဖော်ထုတ်ပေးနိုင်ခဲ့

ဗဟန်းမြို့နယ် ဆရာစံရပ် ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်နေသူ ကို...(၄၈)နှစ်သည် ဧပြီ ၂၇ရက် ၀၃း၀၀ နာရီတွင် ဒီဂျေဘားကလပ်မှ အမျိုးသမီး တစ်ဦးနှင့်အတူ ဗဟန်းမြို့နယ် ဆရာစံလမ်း ရှိ စိန်မိုတယ်သို့ရောက်ရှိတည်းခိုပြီးနောက် အိပ်ပျော်သွားရာမှ ၀၆း၃၀နာရီ နိုးလာစဉ် ၎င်းင်းအမျိုးသမီးအား မတွေ့ရတော့ဘဲ ၎င်းပိုင် ကျပ်ငါးသိန်းတန်စိန်လက်စွပ်တစ်ကွင်း၊ Motorola V-9 အမျိုးအစား အနက်ရောင် ဖုန်းနှင့် ငွေကျပ် ၂၇၀၀၀၀တို့ ပျောက်ဆုံးနေ ကြောင်းသိရသဖြင့် အရေးယူပေးရန် တိုင် တန်းချက်အရ ဗဟန်းရဲစခန်းမှ (ပ)၂၂၈/ ၂၀၁၀၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်အရေး ယူခဲ့သည်။

တရားခံဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့က ဧပြီ ၂၈ရက် ၀၉း၃၀ နာရီတွင် တရားလိုနှင့် စိန်မိုတယ်မှ မျက်မြင်သက် သေများကို စစ်ဆေးပြီး တရားခံပုံသဏ္ဌာန် တူ ပန်းချီရေးဆွဲခဲ့သည်။ ၎င်းင်းနောက် ဒီဂျေဘားကလပ်သို့သွားရောက်၍ တရားခံ ၏ ပုံသဏ္ဌာန်နှင့်တူသူအား စောင့်ဆိုင်း စုံစမ်းခဲ့သည်။
ထိုသို့ စုံစမ်းခဲ့ရာမှ ၂၂း၃၀ နာရီ တွင် ပြစ်မှုကျူးလွန်သူသည် မသီတာထွန်း ဖြစ်ကြောင်း သျှင်ပါဂူဆေးခန်းအရှေ့တွင် သူငယ်ချင်းတစ်ဦးနှင့်အတူ အခန်းငှားနေ ထိုင်လျက်ရှိကြောင်း စုံစမ်းသိရှိရသဖြင့် ၎င်းင်းနေထိုင်ရာ ဗျိုင်းရေအိုးစင်ရပ်ကွက် တာမွေမြို့နယ်နေအိမ်သို့ ၀င်ရောက်ရှာဖွေ ခဲ့ရာ မသီတာထွန်း (၂၇)နှစ် ကြို့ကုန်း အနောက်ရပ်ကွက် အင်းစိန်မြို့နယ်နေသူ အား တွေ့ရှိဖမ်းဆီးနိုင်ခဲ့သည်။
မသီတာထွန်းအား စစ်ဆေးရာ ၎င်းင်းသည် ဧပြီ ၂၇ရက် ၀၁း၃၀နာရီတွင် တာမွေမြို့နယ် တာမွေပလာဇာ အောက် ထပ်ရှိ ဒီဂျေဘားကလပ်တွင် ကနေစဉ် အမျိုးသားတစ်ဦးနှင့် တွေ့ခဲ့ပြီး ထိုသူက ပျော်ပါးရန် ငွေကျပ်ငါးသောင်းပေးပြီး စိန် မိုတယ်သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ၀၆း၀၀ နာရီတွင် ထိုသူအရက်မူး၍ အိပ်ပျော်နေ စဉ် ၎င်းက အခန်းအတွင်း စားပွဲပေါ်၌ တင်ထားသော အနက်ရောင်လက်ကိုင်ဖုန်း တစ်လုံးနှင့် ထိုသူ၏ လက်သူကြွယ်တွင် ၀တ်ဆင်ထားသော လက်စွပ်တစ်ကွင်းတို့ ချွတ်ယူခဲ့ကြောင်း၊ ထို့နောက် အသင့်တွေ့ ရှိသော ကားသော့ဖြင့် ယာဉ်၏ရှေ့တံခါး အားဖွင့်ကာ ကားရှေ့ခန်းရှိ အိတ်အတွင်းမှ ငွေကျပ် ၂၇၀၀၀၀ကို ခိုးယူခဲ့ပြီး အငှား ယာဉ်ဖြင့် နေအိမ်သို့ ပြန်ခဲ့ကြောင်း၊ ဧပြီ ၂၈ရက် ၁၃း၀၀နာရီတွင် ရွှေဘုံသာလမ်းရှိ ကျော်နိုင်ဆိုသူထံ ခိုးယူခဲ့သော ရွှေလက် စွပ်အား ငွေကျပ် ၁၅၇၀၀၀ဖြင့် ရောင်းချ ခဲ့ကြောင်း ရရှိသောငွေများကို နိုက်ကလပ် တက်၍ သုံးစွဲခဲ့ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဧပြီ ၂၉ရက် ၁၀း၃၀နာရီတွင် အမှုမှ သက် သေခံပစ္စည်းဖြစ်သော Motorola V-9 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့် ကျောက်အဖြူရောင် ၁၁လုံးနှင့်အပြာရောင် ကျောက်တစ်လုံးပါ မိုးကုတ်ပုံ ရွှေလက်စွပ် တစ်ကွင်းတို့အား ပန်းဘဲတန်းမြို့နယ် ရွှေ ဘုံသာလမ်းရှိ ရွှေဆိုင်မှ ပြန်လည်သိမ်း ဆည်းရမိခဲ့သည်။ တရားခံအား ထိရောက် ဟန့်တားလောက်သည့်ပြစ်ဒဏ်ရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
yangon media group

0 မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာတပ်ပေါင်းစု၊၈၈မျိုးဆက်၊ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂများအဖွဲ့တို့၏ကြေငြာချက်

Tuesday, May 25, 2010

0 ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် သရဲခြောက်နေပြီလော


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်က နေထိုင်ခဲ့သော ဗဟန်းမြို့နယ်၊ တာဝါလိန်လမ်း ခြံအမှတ်(၂၅) ကို ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အဖြစ် ပြုလုပ်ခဲ့သည်မှာလွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းကပါ။ ထို ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် သရဲခြောက်လန့် ခံရသည် ဖြစ်စဉ် အချို့ ရှိခဲ့ဖူးကြောင်းယဉ်ကျေးမှု ၀န်ကြီးဌာန၊ နိုင်ငံတော်ပိုင် ပြတိုက်များနှင့် ဗိမ္မာန်များ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ရေး ဌာနခွဲ၏ မှတ်တမ်းတချို့နှင့် စစ်အစိုးရထောက်လှမ်းရေး ဌာန တစ်ခုဖြစ်သော SB (Special Branch) တို့၏လျှို့ဝှက် အစီရင်ခံစာ တချို့တွင် ရှိခဲ့ဖူး ပါတယ်။

ဗိုလ်ချုပ် ပြတိုက်အဖြစ် ရှိနေသော ထို ခြံဝန်းအတွင်း၌ ဗိုလ်ချုပ်အိမ်၊ကားဂိုဒေါင်တို့အပြင် မ.ဆ.လ အစိုးရလက်ထက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန နိုင်ငံတော်ပိုင် ပြတိုက်များနှင့် ဗိမ္မာန်များ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေး ဌာနမှ ၀န်ထမ်းများ နေထိုင်ရန် အလုပ်သမားတန်းလျား (၂)ခုနှင့် အရာရှိ နေအိမ် လုံးချင်း အဆောက်အဦး တစ်ခုကိုထပ်မံ တိုးချဲ့ ဆောက်လုပ် ခဲ့ပါတယ်။ အလုပ်သမား တန်းလျား (၂) ခုကို ဗိုလ်ချုပ် ပြတိုက် ခြံဝန်းအတွင်းသို့ ၀င်ဝင်ချင်း ကားဂိုဒေါင်၏ အနီးတွင် ဆောက်လုပ်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ရှိရာ ကုန်းမြင့်၏အနောက်ဖက် တစ်နေရာတွင် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အဆင့်မြင့်ညွှန်းကြားရေးမှူး အဆင့် နေထိုင်ရန် လုံးချင်းအိမ် တစ်အိမ်ကိုပါတည်ဆောက် ခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ် မတိုင်ခင် ကာလများ၌ အဆိုပါ ဗိုလ်ချုပ်ပြတိုက်ခြံဝန်းအတွင်း နေထိုင်ကြသော ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ၀န်ထမ်းများသည် ယင်းပြတိုက် ခြံဝန်းအတွင်း နေထိုင်မှုတွင် မပျော်ရွှင်ကြောင်း၊အခြားတနေရာသို့ ရွှေ့ပြောင်းချင်ကြောင်း နီးစပ်ရာ မိတ်ဆွေ သဂ်ဟများထံ မကြာခဏ ရင်ဖွင့် ပြောဆိုခဲ့ကြပါတယ်။ မည်သည့်အတွက်ကြောင့် မပျော်မရွှင် ဖြစ်ရခြင်းကို မေးမြန်းသောအခါအဖြေကို တိတိကျကျမပေးနိုင်ပဲဖြစ်နေကြပါတယ်။ထိုသတင်းစကားများ၏အဖြေကိုထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပြောဆိုခဲ့သော ၀န်ထမ်းတစ်ဦး၏ ဇနီးသည်က …

“ကျမတို့ ပြောပြရမှာ အရမ်းခက်ပါတယ်၊ ဒီပြတိုက်က သာမန်ပြတိုက်မဟုတ်ဘူး၊ တစ်နိုင်ငံလုံး၊ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေ အတော်များများရိုသေ ချစ်ခင်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးရဲ့ အိမ်ပါ၊ ဒါပေမဲ့ဒီအိမ်ကြီးမှာ တခုခုတော့ မဟုတ်သလိုပဲ၊ ပထမတော့ ကျမတို့ မယုံကြပါဘူး၊ အပြင်မှာလည်း ထုတ်မပြောရဲဘူး၊ အိမ်ထဲကို တစ်ယောက်တည်းမသွားရဲဘူး၊ ညဖက်တွေဆိုရင် အရိပ်တွေ မြင်နေရတယ်၊ အပေါ်ထပ်ကပရိဘောဂ အဟောင်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ နေ့ခင်းဘက် သွားတဲ့
လက်သမား (၂) ယောက်ဆိုရင် သတိတောင် မေ့သွားတယ်၊ အပြင်မှာအဲဒီသတင်း လျှောက်ပြောရင် ထောက်လှမ်းရေးက ပြင်းပြင်းထန်ထန်အရေးယူလိမ့်မယ်လို့ ကျမတို့ အထက်အရာရှိက ပြောတယ် …။

သူမက ဆက်လက်၍ …လက်သမား(၂) ယောက် သတိလစ်သွားတော့ ၀န်ထမ်းတွေကြားမှာသတင်းက တားမရဘူး၊ ဒါနဲ့ ထောက်လှမ်းရေးက လူတွေ ရောက်လာတယ်၊ သူတို့ အဲဒီအိမ်မှာ တညလုံး လာနေမယ် ပြောတယ်၊

မိုးတောင် မလင်းသေးဘူး၊ မျက်စိပျက် မျက်နှာပျက်နဲ့ သူတို့အားလုံးကျမတို့ အခန်းတံခါးကို လာခေါက်တယ်၊ သူတို့ ပြောတာက ကုလားကြီး တစ်ယောက်တဲ့၊ အရပ်က တော်တော် ရှည်တယ်၊ (၆) ပေ ကျော်လောက် ရှိတယ်၊ အပေါ်ထပ်က ဆင်းလာတာ၊ ရုတ်တရက် ဆိုတော့သူတို့ အားလုံး ကြောင်သွားတယ်၊ ပြီးတော့ အဲဒီ ကုလားကြီးကအပေါ်ထပ်ကို ပြန်တက်သွားသတဲ့၊ ဒါနဲ့ အားလုံး အပြေးအလွှားအပေါ်ကို တက်ကြည့်ကြတာပေါ့၊ အပေါ်ထပ်ရောက်တော့ ဘာမှမရှိဘူး၊ အဲဒီအချိန်မှာ အောက်ထပ်က ငိုသံ ကြားရပြန်ရော၊ ဒါနဲ့အောက်ထပ်ကို ပြေးဆင်းလာတော့ ကုလားမ ၀၀ကြီး တစ်ယောက်တဲ့ ကုလားမတွေ ခြုံတဲ့ ဆာလီတစ်ခု ပတ်ထားတယ်တဲ့၊ ငိုပြီး အိမ်ထဲကနေ ထွက်သွားတယ်၊ ဒါနဲ့ သူတို့အားလုံး နောက်က လိုက်ကြသေးတယ်၊ တံခါးဆီ ရောက်တော့ တံခါးက သော့ခတ်ထားတယ်၊ ကုလားမ ၀တုတ်ကြီးက ဘယ်လို အပြင်ကို ထွက်သွားသလဲ မသိဘူးတဲ့။
ဒီခြံက ဗိုလ်ချုပ်တို့ မနေခင်က ကုလားတွေ နေတဲ့ ခြံပါ၊ ဟိန္ဒူတို့မူစလင်တို့မှာ ဒီသဘောမျိုးတွေ ရှိ မရှိဆိုတာ ကျမလည်း မပြောတတ်ဘူး” ဟု ရှင်းပြပါတယ်။

၁၉၈၈ ခုနှစ် ပတ်ဝန်းကျင် နှစ်များအတွင်း အာဇာနည်နေ့ နီးကပ်သောနေ့များ၌ ထောက်လှမ်းရေး အချို့လည်း အလားတူ ဖြစ်ပျက်ခဲ့ကြပါတယ်။

ထောက်လှမ်းရေး အုပ်စုက စုစုပေါင်း (၁၀) ယောက်ကျော်ပါ၊ အောက်ထပ်က ထမင်းစားခန်း တစ်ခုတည်းမှာပဲ သူတို့ အိပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်၊ဂျူတီလာတဲ့ သူတွေထဲမှာ ဂစ်တာတီးတတ်တဲ့ သူတွေက ဂစ်တာတွေသယ်လာလို့ ဂစ်တာ (၂)နှစ်လက်နဲ့ ဟိုသီချင်း ဆိုလိုက်၊ ဒီသီချင်း ဆိုလိုက် လုပ်နေတုန်း အပေါ်ထပ်က ဆူဆူညံညံ အသံတွေ ကြားရတယ်၊

ဒါနဲ့ အားလုံး အပေါ်ကို တက်ကြည့်တော့ ကမလားမ အပျိုအရွယ်လေးတွေ (၂)ယောက် သတ်ပုတ်လုံးထွေး နေတာကို တွေ့ရတယ်၊ ဒါနဲ့သူတို့လည်း “မင်းတို့ ဘယ်သူတွေလဲ …” မေးလိုက်တော့ စကားတောင် မဆုံးဘူး သူတို့ ရှေ့တင် ပျောက်သွားတာ၊ သူတို့ အားလုံးပြတိုက်အိမ်ကြီးမှာ မအိပ်ရဲတော့ဘဲ ခြံနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့“ရွှေကြက်ယက်” ဘုန်းကြီးကျောင်းမှာ နေရာပြောင်းပြီး ဂျူတီ စောင့်ခဲ့ကြပါတယ်။

ဒီအဖြစ်အပျက် သိုးသိုးသဲ့သဲ့ ထွက်လာချိန်မှာ အုပ်ချုပ်ရေး အာဏာပိုင်များနဲ့ ဆွေးမျိုးတော်စပ်တဲ့ နာမည်ကြီး အဆိုတော် တစ်ယောက်က လုံးဝ မယုံကြည်ဟု ဆိုပြီး သွားရောက် စမ်းသပ်ခဲ့ပါတယ်။

သူက သူ့သူငယ်ချင်းတွေကို ခြံစည်းရိုးနဲ့ ကပ်လျှက်က ၀န်ထမ်းတွေဆီမှာ ထားခဲ့ပါတယ်၊ သူ တစ်ယောက်တည်း ပြတိုက် နေအိမ်သော့ကိုယူပြီး၊ ထွက်ခွာသွားပါတယ်၊ (၄၅) မိနစ်လောက်ကြာတော့ ချွေးတလုံးလုံးနဲ့ သူ ပြန်ပြေးလာပါတယ်။ သူ ပြန်ပြောပြပုံက …၊ အိမ်ထဲကို စ’၀င်လိုက်ပါတယ်၊ အောက်ထပ်က မီးတွေ အကုန်လုံး ဖွင့်ကြည့်တယ်၊အပေါ်ထပ်ကို တက်မယ်အပြုမှာ သူဖွင့်ထားတဲ့ မီးတွေက ပိတ်လိုက်ပြန်လင်းလိုက် ဖြစ်လာပါတယ်၊ ဒါနဲ့ မီးခလုတ်ဆီကို ကြည့်လိုက်တော့
ဘာမျှ မရှိပဲ သူ့အလိုလို တချောက်ချောက် ဖြစ်နေတာကို တွေ့ရတယ်၊အခန်းအားလုံးမှာ အဲလို ဖြစ်နေပြီး နှာခေါင်းထဲမှာ ကွမ်းယာနံ့မွှေးနေအောင် အနံ့ရပါတယ်၊ အဲဒီအချိန်မှာ လှေကားအတိုင်းအပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းလာတဲ့ လမ်းလျှောက်သံတစ်ခုကို သူ ကြားလိုက်ရတယ်၊ “ဘယ်သူလဲလို့” မေးတော့ ပြန်ဖြေသံ ထွက်မလာဘူး၊ ဒါနဲ့ သူလည်း အပြင်ကို အမြန်ပြေးထွက်ခဲ့တယ်လို့ …. သိရပါတယ်။

သမိုင်းနောက်ခံ …

ဗိုလ်ချုပ်အောင်ဆန်းဇနီးသည်ဖြစ်သူ ကွယ်လွန်သူ ဒေါ်ခင်ကြည်၏တူမ ၀မ်းကွဲ တော်စပ်သူ တစ်ဦးရဲ့ ငယ်စဉ်ဘ၀ အတွေ့အကြုံတွင်လည်း …

“အဲဒီ အိမ်ကြီးက အရင် ကုလားသူဋ္ဌေး အိမ်ကြီးလို့ အရပ်ကပြောကြတာ … ဟုတ်မယ်၊ ဝက်သားဟင်း ချက်ပြီဟေ့ ဆိုအိမ်နောက်က မီးဖိုချောင်ထဲ လူမရှိရင် ဝက်သားဟင်းအိုးဖုံးဖွင့်သံလိုလို ဗြောင်ဆန်နေအောင် ကြားနေရတာပဲ၊ ကျမတို့ကကလေးတွေမို့ လားမသိ ဘာမှ မတွေ့ခဲ့ မကြားခဲ့ရဖူး။”ဟု ဆိုပါတယ်။

နောက်ဆက်တွဲ သတင်းအချို့ …

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အာရှတော်ဝင်ဆေးခန်းတွင် ဆေးဝါးကုသမှု မခံရယူခင် ရက်အနည်းငယ်အလိုက အဆိုပါ ဗိုလ်ချုပ်ပြတိုက်အတွင်းသို့ စစ်အစိုးရ အာဏာပိုင်များ ၀င်ထွက် သွားလာမှု အများအပြား ပြုလုပ်ခဲ့ကြောင်း ၀န်ထမ်းအချို့က ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကျန်ရစ်သူ မိသားစုဝင်များ ကံနိမ့်စေရန် ရည်ရွယ်၍ ပရောဂ အောက်လမ်းနည်းတချို့ကိုဗိုလ်ချုပ်ပြတိုက်အတွင်း စီရင်ခဲ့ကြောင်း စစ်အာဏာပိုင်များနှင့် နီးစပ်သော အသိုင်းအ၀ိုင်းက ဆိုပါတယ်။မျိုးဆက်ပေါင်း များစွာတို့၏ အကျိုးစီးပွားအတွက် သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ ပြတိုက်ကို (၁)နှစ်တွင်ရက်အနည်းငယ်လောက်သာ ဖွင့်လှစ်ပြသခြင်းဖြင့် ဗိုလ်ချုပ်ပြတိုက်
သည် နေ့ခင်းကြောင်တောင်တွင် လူသူကင်းမဲ့ပြီး သရဲခြောက်သလိုဖြစ်နေဆဲပါ …။

0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရေတို . . . ရေရှည် ရေအလှူ


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အရေးပေါ်လိုအပ်နေသော သောက်ရေ/သုံးရေ ရေဘေး ဒုက္ခသည်များ၊ ရေဘေးဒုက္ခ အရပ်ဒေသများသို့ မိမိတို့ တတ်စွမ်းသလောက် အသင်းသူ အသင်းသားများ လူမှုရေးသမားများ ဒေသခံများနှင့် ပူးပေါင်းကာ ရေတို လုပ်ငန်းဖြစ်သော အရေးပေါ် သောက်ရေ/သုံးရေတို့ကို လှူဒါန်းခဲ့ကြသလို ရေရှည် လုပ်ငန်းဖြစ်သော အ၀ီစိတွင်း သောက်ရေ/ သုံးရေ အုတ်ကန်များ တူးဖော်ဆောက်လုပ်ခြင်းများကို စတင် အကောင်အထည်ဖော် လုပ်ဆောင် နေပြီ ဖြစ်ပါသည်။

ပထမဦးစွာ ပဲခူးတိုင်း၊ က၀မြို့နယ်မှ ၁၀ မိုင်/ ၁၅ မိုင်ခန့် အကွာရှိ ခနာကျေးရွာ (ခနာအနောက်ကျောင်းတိုက်)၊ လက်ပံကုန်းကျေးရွာ (ရှမ်းကန်ကျေးရွာအုပ်စု)၊ စက်ကုန်းကျေးရွာ၊ ကျောင်းတိုက်ကျေးရွာ၊ ကန်းကုန်းကျေးရွာ၊ ခနီးကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာ၊ ပြည်တော်သာ ကျေးရွာ တို့အပြင် ပြည်မြို့ ပေါက်ခေါင်းမြို့နယ်ဘက်ရှိ သီးကုန်းရွာ၊ သပြေတုံးရွာ၊ ထူးပေါက်ရွာ၊ ကျောက်ပြင်သာရွာတို့တွင်လည်း အ၀ီစိတွင်းများ အုတ်ကန်/ရေကန်များကို “အများအတွက် အများကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)” ဟု ကဗျည်းရေးထိုးပြီး စတင် လှူဒါန်းနေပါကြောင်း . . . .

၂၃.၅.၂၀၁၀ (တနင်္ဂနွေ)နေ့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရန်ကုန်တိုင်း၊ ဒလမြို့နယ် ဘက်ရှိ ကျန်စစ်သားရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ တခွတ်ကျေးရွာ၊ စက်ဆိပ်ကျေးရွာတို့ရှိ ရေဒုက္ခသည် များအား မော်တော်ယာဉ် (၂) စီးဖြင့် ရေဂါလံ (၅၀၀၀)အား နာရေးကူညီမှုအသင်း(ရန်ကုန်) မြောက်ဒဂုံရုံးတွင် ရေများ ဖြည့်ဆည်းပြီး သွားရောက် လှူဒါန်းခဲ့ပါသည်။

ပေးပို့သော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်။

0 နိုင်ငံရေးသီလ ချိုးဖောက်ပျက်ပြားသွားခြင်းနဲ့ဒူးထောက်အညံ့ခံသူများ။

မောင်ခင်အေးတင့်(မဒေါက်)
၂၀၁၀ခုနှစ် မေလ(၂၃)ရက်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေ နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ မေလ(၆)ရက်နေ့တော့ ကျော်လွန် သွားခဲ့ပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့မန်းန်ဒိတ်ကို ကိုင်ဆောင်သုံးစွဲခွင့်ရရှိခဲ့တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အန်န်အယ်လ်ဒီကလည်း လက်ရှိ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကို မှတ်ပုံမတင်ပါလို့ ပြီးခဲ့ တဲ့လ (၂၉)ရက်နေ့က သမိုင်းတင်တဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်ကို ဒီချုပ်အဖွဲ့ဝင်တွေက အများသဘောတူ တခဲ နက် ကန့်ကွက်သူမရှိ ဆုံးဖြတ်ချမှတ်လိုက်တဲ့အတွက် အချို့သောသူတွေမှာ အန်န်အယ်လ်ဒီရဲ့ အခြေအနေ ဟာ ဘယ်လိုများ ဆက်ဖြစ်သွားမလဲလို့ သို့လောသို့လော ဖြစ်ကောင်းဖြစ်ကြပါလိမ့်မယ်။

အဖြေကတော့ ထူးထူးခြားခြား ဘာမှမဖြစ်သွားဘူး ဆိုတာပါပဲ။ ပိုနေမြဲ ကျားနေမြဲ ခါတိုင်းလို အနေအထား ပါပဲ။ လူထုနဲ့အတူ တိုက်ပွဲအတွင်းမှာ ဆက်ရှိနေပါတယ်။ လူထုကိုမျက်နှာမူတဲ့ ပထမဆုံးအလုပ်အနေနဲ့ လက်မှတ်ထိုးလှုပ်ရှားမှုကို ဆရာကြီးဦးဝင်းတင်က ဦးဆောင်ပြီး မကြာခင် ရက်ပိုင်းလေးကတင် စတင်ပြုလုပ် ခဲ့ပါသေးတယ်။ ဒါတွေဟာ လူထုကိုမျက်နှာမူတဲ့ နိုင်ငံရေးတွေပါပဲ။

ဒီလိုမှတ်ပုံတင်ဖို့ ငြင်းဆိုလိုက်တာကိုက ဥပဒေကြောင်းနဲ့အညီ မှတ်ပုံတင်ထားပြီးသား တရားဝင်နိုင်ငံရေး ပါတီအဖြစ် အတိအလင်း ထပ်မံ ဖော်ပြလိုက်တာပါပဲ။ တရားဝင်နိုင်ငံရေးပါတီအဖြစ် နိုင်ငံတော်အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ကိုယ်၌က အသိအမှတ်ပြုထားတာ ဖြစ်တဲ့အတွက် အခုတခါ နောက်ထပ် မှတ်ပုံတင်လိုက်တော့မှသာ တရားဝင်နိုင်ငံရေးပါတီအဖြစ်က လျောကျဇာတ်သိမ်းသွားမှာပါ။

အကြောင်းကတော့ အခုထပ်မံထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကိုက ဥပဒေကြောင်းသဘော
အရ ဥပဒေတရပ်နဲ့ ညီညွတ်ကိုက်ညီမှု မရှိတဲ့အတွက်ကြောင့် လိုက်နာဖို့ကို မဖြစ်နိုင်တဲ့အနေအထားပါ။ လိုက်နာမှတ်ပုံတင်မိခဲ့ရင်သာ ဥပဒေနဲ့မကိုက်ညီဘဲ ဥပဒေကို ဖောက်ဖျက်သလို ဖြစ်သွားပါလိမ့်မယ်။

အဲဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပါတီက ပျက်သွားမှာမဟုတ်ဘူး၊ ဖျက်လို့လည်းမရဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။ သူတို့တွေက ဖျက်လိုက်ရင်တောင် ဥပဒေကြောင်းအရ ညီညွတ်မှုမရှိလို့ ပျက်သွား တယ်လို့ မခေါ်နိုင်ဘူး။ ကိုယ် ကိုယ်တိုင် ဖျက်သိမ်းမှသာ ပျက်နိုင်မှာလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီနေရာမှာ ပြောဖို့လိုလာတာက ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦး၊ ဒေါက်တာဝင်းနိုင်၊ ဒေါက်တာသန်းဝင်း၊ ဦးသာဆိုင်နဲ့ ဦးတိုးပို အစရှိတဲ့ (၂၈)ဦးတို့က ဦးဆောင်ပြီး မေလ (၇)ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုနဲ့ ပတ်သက်လို့ပါ။ သဘောကတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ အမျိုးသားဒီမိုကရေစီအင်အားစုဆိုတဲ့ အမည်နဲ့ မှတ်ပုံတင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

ဒါဟာ ဒီမိုကရေစီလုပ်ဟန်နဲ့ မကိုက်ညီဘူးလို့ ယူဆမိပါတယ်။ ဘာကြောင့်ဆို ပြီးခဲ့တဲ့ ဧပြီလ(၂၉)ရက်နေ့ က ဒီချုပ်အဖွဲ့ဝင် အများသဘောတူညီချက်နဲ့ ပါတီမှတ်ပုံမတင်ရေးကို ကန့်ကွက်သူမရှိ တခဲနက်ဆုံးဖြတ်ချက် အပေါ် ကျန်တဲ့အနည်းစုကလည်း ဒီမိုကရေစီသဘောတရားအရ လိုက်နာကျင့်ကြံဖို့ လိုအပ်ပါလိမ့်မယ်။

ဒီနေရာမှာ အန်န်အယ်လ်ဒီရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးလည်းဖြစ်တဲ့ ဆရာကြီးဦးဝင်းတင်ရဲ့ စကားတချို့ ကို ကောက်နှုတ်ကိုးကားဖို့ ဖြစ်လာပါတယ်။

အဲဒါကတော့ အများစုရဲ့ တညီတညွတ်တည်း သဘောထားနဲ့ သူတို့သဘောထား မကိုက်ညီပြန်တော့လည်း ပါတီရဲ့ အားလုံးဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ ပြောဆိုပြီးကာမှ တဖက်မှာ ဒါကိုဆန့်ကျင်တဲ့ အယုံအကြည် မရှိတာမျိုး ပြောတယ်။ နောက်ဆုံးတော့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်ခံပြီး ပါတီသွားထောင်တယ်။

ဦးခင်မောင်ဆွေတို့ အုပ်စုကတော့ နောက်ဆုံးအချိန်အထိ ပါတီတွင်းမှာနေပြီးတော့ ပါတီဝင်တွေကို ခွဲထုတ် တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီကို သစ္စာရှိပါတယ်။ ပါတီ ပျက်စီးသွားတာကို မလိုလားပါဘူးဆိုတဲ့ စကားလုံးတွေ သုံးစွဲပြီးတော့ တဖက်ကလည်း သူတို့က ဥပဒေတွင်းက လုပ်ကြမှာလို့ပြောတော့ ပါတီရဲ့ ရပ်တည်ချက်ဟာ ဥပဒေပြင်ပရောက်အောင် တွန်းပို့လိုက်သလို ဖြစ်သွားတယ်။ ဥပဒေမလိုက်နာဘူး ဆိုတဲ့ စကားနဲ့အတူ အကြမ်းဖက်သမားတွေလိုလို၊ ယူဂျီတွေလိုလို ပါတီကို ထိခိုက်နစ်နာအောင် လုပ်နေသလို ဖြစ် နေတယ်။


နောက်ပြီးတော့ ဦင်္းဉာဏ်ဝင်း ထောက်ပြခဲ့သလိုမျိုး - ပါတီရဲ့ ဆုံးဖြတ်ချက်၊ အားလုံးဆုံးဖြတ်ချက်နဲ့ ပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ကန့်ကွက်တယ်။ ဒါကို လိုက်နာမယ်လို့ ပြောထားပြီးသားကနေ သူတို့က ချိုးဖောက်လိုက်တာ ဖြစ်တယ်။ ဆိုတော့ သူတို့က ပါတီကို သစ္စာရှိတာမဟုတ်ဘူး ဆိုတာ ထင်ရှားတယ်။

ပါတီက တခဲနက်ဆုံးဖြတ်ထားတာကို မတ်လ ၂၉ အစည်းအဝေးမှာ လက်ခံပြီးတော့မှ မေလ ၆ ရက်နေ့အထိ ပါတီတွင်းမှာ ရပ်တည်နေခဲ့ရာကနေ အနည်းစုဆန္ဒကို ပြန်လည် ဖော်ဆောင်ပြီး ပါတီတခု သွားထောင်တယ် ဆိုတာက ပါတီကို ပစ်ပယ်တာ ဖြစ်ပါတယ်လို့ ဆရာကြီးက အမေးအဖြေတခုမှာ ပြောကြားခဲ့ပါတယ်။

မေလ(၆) ရက်နေ့အထိ ပါတီအပေါ် သစ္စာရှိပါ့မယ်လို့ ပြောထားချက်က ဒီရက်ကျော်ရင်တော့ သစ္စာရှိတော့ မှာ မဟုတ်ဘူးလို့ ဆိုလိုတဲ့သဘောမျိုး ဖြစ်တယ်လို့ မေလ(၇)ရက်နေ့ လုပ်ဆောင်ချက်က ထုတ်ဖော်ပြသ လိုက်တာပါပဲ။ ဒီ့မတိုင်ခင်လည်းပဲ ဒီလိုမျိုးလုပ်မယ်ဆိုတဲ့ သဘောကွဲလွဲမှုအသံတွေ အစောကြီးကတည်းက ပါတီအတွင်းမှာ ကြားနေထွက်နေခဲ့တာပါ။

အဲဒါကြောင့်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်အတွင်း လူမွေးတဲ့အလုပ်၊ လူမွေး တယ်လို့ ယူဆနိုင်တဲ့အလုပ်များ လုံးဝ မကြိုက်၊ လုံးဝ လက်မခံလို့ သတိပေးမှာကြားခဲ့တာ မဟုတ်ပါလား။

အဖွဲ့ချုပ်အတွင်းမှာ အုပ်စုဖွဲ့ ဂိုဏ်းဂဏဖွဲ့ချင်တဲ့သူတွေ ရှိနေတယ်၊ ဒါမျိုးဟာ ပါတီကို အင်အားယုတ်လျော့ သွားစေတယ်၊ ပြည်သူလူထုတွေကို စိတ်ဝမ်းကွဲပြားစေတယ်၊ အတွေးအခေါ် ရှုပ်ထွေးသွားစေတယ်၊ အဆိုး ဆုံးက ရန်သူအကြိုက်ဖြစ်စေတဲ့အပြင် ရန်သူကို အဖွဲ့ချုပ် ပျက်စီးရာပျက်စီးကြောင်းအတွက် ထိုးခွဲဖို့ကို လမ်း ကြောင်းပြ ခေါ်ငင်လိုက်တာပဲ မဟုတ်ပါလား။

ဒါဆို အမျိုးသားဒီမိုကရေစီအင်အားစုရဲ့ တုန့်ပြန်ပြောဆိုချက်၊ တန်ပြန်လှုပ်ရှားမှုတွေဟာ လူထုခေါင်းဆောင် တင်ကြိုပြောကြားထားတဲ့အတိုင်း ဖြစ်နေပါပေါ့လား။ ရန်သူကို မျက်စပစ်ပြနေသလို ဖြစ်နေတာ သေချာ သလောက် ဖြစ်နေပြီပေါ့။

ဖက်ဆစ်အာဏာရှင်တွေရဲ့ ၀ါးမြိုပေးကျွေးတာကို လက်ခံလိုက်ပြီး အရိုးအရင်းလေးပဲ စားရစားရ စားပါတော့ မယ်၊ ခိုင်းတာမှန်သမျှ တာဝန်ကျေပွန်စေရပါမယ်လို့ အရိုးကိုက်နေရရင် ကျေနပ်နေတဲ့အကောင်လိုမျိုး ဆို ရင်တော့ လူမျိုးစုံပြည်သူတရပ်လုံးနဲ့ လုံးဝဥဿုံ ပြဒါးတလမ်း သံတလမ်းအဖြစ်ကို ရောက်သွားပါပြီ။

ဒါကြောင့်လည်း ထာဝရ ရန်သူ၊ ထာဝရ မိတ်ဆွေ ဆိုတာ မရှိ၊ ထာဝရ အကျိုးစီးပွားသာလျှင် ရှိတယ်လို့ တိုင်းပြုပြည်ပြု တော်လှန်ရေးသမား စာရေးဆရာကြီး ဗန်းမော် တင်အောင်က မှတ်ချက်ပြုခဲ့တာနေမှာပါ။

အခုတော့ ရှင်းသွားပါပြီ်။ ရွေးကောက်ပွဲဝင်ဖို့ အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အမည်နဲ့ ပါတီမှတ်ပုံတင်လိုက်တာဟာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်လိုက်သလို ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကိုလည်း သစ္စာခံပါတယ်လို့ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

သိသိချည်းနဲ့ စစ်ဘိနပ်အောက်ကို ကမန်းကတန်း ခေါင်းထိုးပေး အညံ့ခံလိုက်တာဟာ တခြားအကြောင်း ရှိကောင်းရှိလို့သာ ဖြစ်ပါလိမ့်မယ်။ သတိပြုသင့်တာက သူတို့တွေထဲက အများစုဟာ ပြန်ထွက်လာကတည်း က ရန်သူရဲ့ ဦးချိုးမှုအောက်မှာ ပြားပြားဝပ်ဆင်း တွားသွားခဲ့ကြတဲ့သူတွေဖြစ်တယ် ဆိုတာကိုပါ။

အခုတော့ နိုင်ငံရေးပါတီသစ်တခုကို ထူထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့လုပ်တာဟာ ဒီချုပ်နဲ့အဖွဲ့ဝင်အားလုံးကို သစ္စာဖောက် စော်ကားလိုက်တဲ့ လုပ်ရပ်ပါပဲ။ နောက်ပြီး ဒီချုပ်ရဲ့ နှစ်(၂၀)တလျှောက်လုံး ကိုင်စွဲလာခဲ့တဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ကြဆိုတဲ့ အာဏာဖီဆန်ရေးမူကိုလည်း ချိုးဖောက်လိုက်သလို ခေါင်း ဆောင်ရဲ့ဆုံးဖြတ်ချက်ကို ငြင်းဆန်လိုက်တာဟာလည်း ဒီမိုကရေစီလုပ်ဟန်ကို သွေဖည်ရာရောက်ပါတယ်။ နောက်ပြီး အီးစီအဖွဲ့ဝင်တွေအနေနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ ပါတီပေါ်လစီ မူပိုင်းဆိုင်ရာ ကိစ္စလည်း ဖြစ်နေပါတယ်။

အရေးကြီးဆုံးဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ပေါ်ပေါက်လာစေဖို့ စတင်ကျေးဇူးပြုခဲ့တဲ့ ၁၉၈၈ခုနှစ် လူထု အရေးတော်ပုံကြီးကို လုံးဝ မျက်ကွယ်ပြုလိုက်သလို တလျှောက်လုံး ကိုင်စွဲတိုက်ပွဲဝင် တောင်းဆိုလာတဲ့ ၁၉၉၀ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေးဆိုတဲ့ မူ ကိုလည်း ချိုးဖောက်လိုက်တာပါပဲ။ အဆိုးဆုံး ကတော့ ရွှေဂုံတိုင်ရပ်တည်ချက်ကို စွန့်လွှတ်လိုက်တဲ့အချက်ပါပဲ။ ဒါဟာလူမျိုးစုံပြည်သူလူထုတရပ်လုံးအပေါ် သစ္စာဖောက် စော်ကားလိုက်တာနဲ့ အတူတူဖြစ်သလို ကိုယ့်သေတွင်း ကိုယ်တူးလိုက်တာပါပဲ။

ဒါဆိုရင်တော့ ဒီချုပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ လုံးလုံးလျားလျားကြီးကို ဆန့်ကျင်သွားပြီဆိုတာ အခိုင်အမာ ပြောလို့ရပါပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးရည်မှန်းချက် လက်ရှိရပ်တည်ချက်ကရွှေဂုံတိုင်ကြေညာစာတမ်းပါပဲ။

‘ရွှေဂုံတိုင်ကြေညာစာတမ်း’ မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေး ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေး ရှိတဲ့ ပြည်ထောင်စုတည်ဆောက်ရေးနှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုရေး စတဲ့အချက်တွေကို လက်ငင်းဖြေရှင်းရမယ့် ပြဿနာတွေအဖြစ် ဖော်ပြထားပြီး တွေ့ဆုံဆွေးနွေးအဖြေရှာ ရေးအထိ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒါကိုကြည့်ရင် ဒီချုပ်ရဲ့ ရွေးကောက်ပွဲမ၀င်ရေး၊ မှတ်ပုံမတင်ရေးဟာ လူမျိုးစုံပြည်သူလူထုကြီးရဲ့ မန်းန်ဒိတ်ဖြစ် တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ထိန်းသိမ်းခြင်း( ပြည်သူအပေါ် သစ္စာစောင့်သိခြင်း)နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝ သစ္စာမခံနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကိုက ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် အခိုင်အမာ ဆက်လက် ရပ်တည်နေတယ်ဆိုတာရဲ့ သက်သေပြချက်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဆိုတဲ့ကိစ္စဟာ နိုင်ငံရေးပါတီတရပ်အဖို့ ဖြတ်သန်းရမယ့် မှတ်တိုင်တခုဖြစ်တယ် ဆို တာကို လက်ခံထားသလို ရွေးကောက်ပွဲရဲ့ အနိမ့်ဆုံးလိုအပ်ချက်တွေအဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ဖို့၊ ဖွဲ့စည်းပုံမှာရေးထားတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့အချက်တွေကို ပြင်ဆင်ဖို့၊ အားလုံး လွှမ်းခြုံပါဝင်နိုင်မယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့်ကြည့်မှု ခွင့်ပြုဖို့ စတာတွေကိုလည်း ကြေညာစာတမ်းမှာ ဖော်ပြထားပါသေးတယ်။ ပြည်သူလူထုအများစုကလည်း ဒီဆုံးဖြတ် ချက်တွေကို ထောက်ခံခဲ့ကြပါတယ်။


ဒီချုပ်ဟာ လူထုတိုက်ပွဲအတွင်းက ပေါ်ထွက်ခဲ့တဲ့ လူထုပါတီဖြစ်ပါတယ်။ အာဏာရှင်အလိုကျ ပါတီမဟုတ် တဲ့အတွက် အာဏာရှင်က အသိအမှတ်မပြုရုံလေးနဲ့ အန်အယ်လ်ဒီ ပျောက်ကွယ်မသွားနိုင်ပါဘူး။ ပြည်သူ လူထုအကျိုးကို မဆောင်နိုင်တော့မှ လူထုက အသိအမှတ်မပြုတော့မှသာ ကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်။

ဒီချုပ်က ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်လို့ တခဲနက် ဆုံးဖြတ်လိုက်တာဟာ မတရားတဲ့ စစ်အာဏာ အမိန့်ကို အာခံဆန့်ကျင် ဖီဆန်အံတုလိုက်တာပဲ ဖြစ်ပါတယ်။ အမြင့်ဆုံးဖြစ်တဲ့ အာဏာဖီဆန်ရေး ဆောင် ရွက်ချက်ပါပဲ။ အဲဒါကိုက ဒီချုပ်ဟာ တိုက်ပွဲအတွင်းမှာ ဆက်ရှိနေသေးတယ်ဆိုတာ ထင်ထင်ရှားရှား ဖော်ပြ လိုက်တာပါ။

အဲဒီတော့ကာ ဒီချုပ်ဟာ နိုင်ငံရေးပါတီ မဟုတ်တော့ဘူး၊ တရားမ၀င်တော့ဘူး၊ ပျက်သွားပြီလို့ အားပါးတရ လက်တို့ ပြောချင်ဆိုချင်ကြတဲ့ စုန်းပြူးတွေ အလံရှူးတွေအနေနဲ့ မိမိဟာ ဘယ်ဘ၀ ဘယ်အဆင့်ကို ရောက် သွားပြီဆိုတာ ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်ကြပါဦးလို့ သတိပေးချင်ပါတယ်။ တော်ကြာ လူစင်စစ်ကနေ အဆင့် နိမ့်သတ္တ၀ါအဖြစ် ရောက်မှန်းမသိ ရောက်သွားမှာ စိုးလို့ပါ။

နောက်ဆုံးအနေနဲ့ အန်န်ဒီအက်ဖ် ခေါင်းဆောင်တွေအနေနဲ့လည်း မိမိတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း (လူမျိုးစုံပြည်သူတရပ်လုံးအပေါ် သစ္စာစောင့်သိခြင်းနှင့် ၈၈လူထုအရေး တော်ပုံကို အသိအမှတ်ပြု ဦးညွတ်ခြင်း)ကို ဆက်လက် အားထုတ်ဆောင်ရွက်ဖို့ထက် မိမိအကျိုးစီးပွား အတွက် လူထုကိုကျောခိုင်းပြီး သီးခြားပါတီထောင်ရတာပါဆိုတာ သတ္တိရှိရှိ ရိုးရိုးသားသား ၀န်ခံဖြောင့်ချက် ပေးဖို့သာ ရှိကြောင်းပါ။

0 မင်္ဂလာဈေး မီးလောင်မှု (ဗွီဒီယို မှတ်တမ်း)ဖိုင်များ



video။ ။ kyaihlamaungmaung။ သံလွင်မီဒီယာ

0 ယနေ့ မင်္ဂလာဈေး မီးလောင်မှု မှတ်တမ်းဓာတ်ပုံများ


ယနေ့နံနက် ၈:၂၀ခန့် မှာ မင်္ဂလာဈေး အပေါ်ဆုံးထပ် (၄လွှာ) ဆေးဝါးနဲ့ပရိဘောဂတွေရောင်းတဲ့အထပ်မှာ ၀ါယာရှော့ဖြစ်ပြီး စတင်မီးလောင်ပါတယ်။မီးစလောင် ၈း၃၀ လောက်တွင် ဈေးခေါင်မိုးပေါ်မှာ လူ၁၁ဦးလောက်ပိတ်မိနေပေမယ့်မီးသတ်ကားများ အချိန်မှီရောက်လာခဲ့၍ မီးသတ်လှေကားဖြင့်ကယ်တင်နိုင်ခဲ့ပေမယ့် ဈေးကတော့ ယခုညနေ ၇ နာရီ အချိန်ထိ မီးဆက်လက်လောင်နေဆဲဖြစ်ပြီး မီးသတ်သမား ၂၀ ကျော် ဒဏ်ရာရတယ်ဟုသတင်းရရှိသည်။

ဓာတ်ပုံနှင့်သတင်းပေးပို့သော www.m51a.com memberများအားကျေးဇူးတင်ရှိပါသည်။

0 တပ်ခရိုင် မဲဆောက်မြို့တွင်မေ(၃၀)ရက် ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲပြုလုပ်မည်

Monday, May 24, 2010

0 ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(exile-Japan)မှ နအဖ၏၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်သည့်အခမ်းအနားပြုလုပ်


ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(exile-Japan)မှနအဖ၏၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်သည့်အခမ်းအနားအားဒီကနေ့ညနေ(၆)နာရီမှာဂျပန်နိုင်ငံတိုကျိုမြို့ရှိMinamiotsuka hallမှာကျင်းပပြုလုပ်ခဲ့ကြရာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွတ်သောအဖွဲ့အစည်းအသီးသီးမှ မြန်မာ့အရေးလှုပ်ရှားသူများစုစုပေါင်း(၁၀၀)ကျော်နီးပါးခန့်ပါဝင်တတ်ရောက်ကြပါတယ်။ တက်ရောက်လာကြသည့် ဂျပန်နိုင်ငံ ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုတာဝန်ရှိသူများတို့မှလည်း သဘောထားကန့်ကွက်ချက်များကိုပြောကြားကြပြီးအခမ်းအနားကိုည၈း၃၀နာရီတွင် အောင်မြင်စွာပြီးဆုံးသွားခဲ့ကြောင်းသတင်းရရှိပါသည်။

ဓာတ်ပုံ။ ။ Minnyowan (moethaukkye)

Sunday, May 23, 2010

0 NLDရွေးကောက်ပွဲအနိုင်ရနှစ်၂၀ပြည့်အထိမ်းအမှတ်၊နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးဆန္ဒပြပွဲ(ဓာတ်ပုံမှတ်တမ်း)ဂျပန်။တိုကျို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အနိုင်ရခြင်းနှစ်(၂၀)ပြည့် အထိမ်းအမှတ်နှင့် ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေး အကျဉ်းသားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး နှင့် ၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်ဆန့်ကျင် ဆန္ဒပြပွဲ အခမ်းအနားကို ယနေ့ဂျပန်နိုင်ငံ တိုကျိုမြို့ Ebisu ပန်းခြံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ချီတက်ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ။ ဂျပန်ရောက်မြန်မာများ နိုင်ငံခြားသားများ ၃၀၀ကျော်ခန့်ပူးပေါင်းပါဝင်ပြီး Ebisu ပန်းခြံမှ နေ့လည်၂နာရီခွဲမှစတင်ထွက်ခွာပြီး Meiji(shiki no niwa)ပန်းခြံအထိမိုးသည်းထန်စွာရွာနေသည့်အကြားမှကြွေးကြော်သံများဖြင့်ချီတက်ဆန္ဒပြခဲ့ကြောင်းသိရပါသည်။
ဓာတ်ပုံ။ ။ Minnyowan (moethaukkye)

0 ဒေါ်အောင်ဆန်းစုကြည်မှဂျပန်နိုင်ငံခြားရေးဝန်ကြီးOkadaအား မြန်မာ့ဒီမိုကရေစီအရေးအားပေးမှုအတွက်ကျေးဇူးတင်ကြောင်းပြောကြား

ဂျပန်အစိုးရမှမြန်မာနိုင်ငံရှိနိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးရန်နှင့်မြန်မာ့ဒီမိုကရေစီအရေးကိုဆက်လက်ထောက်ခံအားပေးတဲ့အတွက် နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okadaအား ကျေးဇူးတင်ကြောင်းပြောကြားလိုက်တယ်လို့ ဒီကနေ့ထုတ်ဝေတဲ့ဂျပန် yomiuriသတင်းစာထဲမှာ ဖော်ပြထားပါတယ်။

Nldပါတီနဲ့ပတ်သတ်တဲ့ပြောရေးဆိုခွင့်ရှိသူတွေအပြောအရ ဒီလပိုင်းအထိဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့နေအိမ်ထဲမှာ တနေ့ ရေဒီယို(၅)ကြိမ်နားထောင်လျှက်ရှိပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okadaမှနိုင်ငံတကာသတင်းထုတ်ပြန်တဲ့ ရှင်းလင်းပွဲမှာမြန်မာနိုင်ငံအရေးထုတ်ပြန်ကြေငြာထားတာနဲ့ပတ်သတ်တဲ့သတင်းကိုသူမအနေနဲ့နားထောင်ခဲ့ရတယ်လို့ဆိုပါတယ်။

ဒီလို သတင်းထုတ်ပြန်ကြေငြာတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်မှ တကယ်ဘဲ ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူတွေကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်ကြောင်းပြောကြားသွားခဲ့တဲ့သတင်းဟာ အခုဆိုရင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okadaရုံးသို့ရောက်ရှိသွားခဲ့ပါပြီ။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့နှစ် (၁၀)လပိုင်းအထိ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်းနှင့်(၂)ကြိမ်တွေ့ဆုံခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးဖို့တောင်းဆိုခဲ့တယ်လို့ဂျပန်သတင်းစာထဲမှာဖော်ပြထားပါတယ်။

0 “ ပြုပြင်ပြောင်းလဲကြဘို့သင့်လေပြီ ”

မောင်ချင့်ချိန်

ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြတယ် ။ တချို့ကနှစ်ခြောက်ဆယ်ကျော် ၊ တချို့က နှစ်လေးဆယ်ကျော် ၊ တချို့ကနှစ်,နှစ်ဆယ်ကျော်နဲ့ နိုင်ငံရေးပါတီတွေ ၊ ကျောင်းသားသမဂ္ဂတွေ ၊ တိုင်းရင်းသားအဖွဲ့ အစည်းတွေ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ သတင်းမီဒီယာတွေ စတဲ့အဖွဲ့မျိုးစုံမှာ ဗမာပြည် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲသမိုင်းတလျှောက် ကိုယ်စီအတွေ့အကြုံများစွာ ရရှိဖြတ်သန်းခဲ့ ကြပါတယ် ။

အကျဉ်းထောင်တွေထဲရောက်ခဲ့တဲ့သူတွေရှိတယ် ၊ တောတောင်တွေထဲရောက်ခဲ့တဲ့သူတွေရှိတယ် ၊ ဒုက္ခသည်စခန်းရောက်သွားကြတာတွေရှိတယ် ၊ နိုင်ငံတကာမှာရောက်နေသူတွေရှိတယ် ၊ ဘ၀မျိုး စုံမှာ ကျင်လည်နေရသူတွေရှိတယ် ၊ ပြည်တွင်းမှာရပ်တည်နေရသူတွေရှိတယ် ၊ ကျဆုံးသွားသူ တွေရှိတယ် ၊ ရောဂါမျိုးစုံနဲ့သေဆုံးသွားသူတွေရှိတယ် ၊ ဘ၀ပျက်သွားသူတွေရှိတယ် ၊ သစ္စာ ဖေါက်သွားသူတွေရှိတယ် ၊ ဘေးထွက်ထိုင်သွားသူတွေရှိတယ် ၊ လူမျိုးစုံ ပုံသဏ္ဍာန်မျိုးစုံနဲ့ ။

အားလုံးဟာ အဖွဲ့အစည်းတွေဘယ်လိုကွဲပစေ ၊ ဖြတ်သန်းမှုပုံစံဘယ်လိုခြားနားပစေ ၊ တူညီခဲ့တာတွေ ရှိပါတယ် ၊ ခေတ်အဆက်ဆက် အာဏာရှင်တွေဘယ်သူပဲဘယ်လိုပုံစံနဲ့တက်လာတက်လာ ဆန့်ကျင် ခဲ့ကြတာတူတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာဆိုရင် ၁၉၉၀ရွေးကောက်ပွဲအနိုင်ရ NLD ကိုဝန်းရံကြရေးဆိုတာတူတယ် ၊ အကြမ်းမဖက်ရေးလမ်းစဉ်ဆိုပြီး ကြွေးကြော်ခဲ့ကြတာတူတယ် ၊ လက်နက်ကိုင်အဖွဲ့စည်းဆိုတာတွေအားလုံးကတောင် သေနတ်တွေကိုင်ထားရက်နဲ့ အကြမ်းမဖက်ရေး လမ်းစဉ်ဆိုပြီး အားလုံးနဲ့ထပ်တူ ( ခုချိန်ထိ) ကြွေးကြော်နေတုံးပဲဖြစ်တယ် ။

ဒီနေ့ ကျွန်တော်တို့အင်အားစုအားလုံးရဲ့အခြေအနေကိုသေချာပြန်လေ့လာကြည့်ရင် တယောက်နဲ့ တယောက် ၊ တဖွဲ့နဲ့တဖွဲ့ မခေါ်နိုင်မပြောနိုင်တွေဖြစ် ၊ အယုံကြည်လဲမရှိကြ ၊ အမျိုးသမီးရေး ၊ ကလေး သူငယ်အရေး၊ အလုပ်သမားအရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုစောင့်ရှောက်ရေး စသဖြင့်ခေါင်းစဉ်တွေအမျိုးမျိုးပြ ၊ တော်လှန်ရေးကိုသွေဖီပြီး ကိုယ်ကျိုးစီးပွားရှာသူတွေဖြစ်ကုန်ကြ ၊ အရက်သမားတွေဖြစ်ကြ ၊ အကျိုးစီးပွားတူရင်ခဏတဖြုတ်ညီညွတ်လိုက်ကြနဲ့ ဘုံရန်သူစစ်အာဏာ ရှင်ကို တွန်းလှန်နိုင်စွမ်းမရှိဖယိုဖရဲဖြစ်နေတာတွေ့ရပါတယ် ။ ဒါ အရှိတရားပါ ။စစ်အာဏာရှင်တွေကတော့ တနေ့ထက်တနေ့ သူ့အာဏာကို ခိုင်ခိုင်မာမာတည်ဆောက်လာနိုင်နေ တာကို တွေ့ရပါတယ် ၊ ၂၀၀ရ စက်တင်ဘာမှာ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်တာတောင် ဘာမှမတုန့်ပြန်နိုင်အောင် ပြည်သူကိုဦးချိုးထားနိုင်တာ ၊ ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးတက်ကြွသူ တွေကို ပုဒ်မအမျိုးမျိုးတပ်ထောင်ထဲထည့်ထားတာ ၊ ၂၀၀၈ မေမှာ ဖွဲ့စည်းပုံဆန္ဒခံယူပွဲဆိုတာကို စိတ်ကြိုက်လုပ်သွားတာ ၊ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ထောင်ချတာ ၊ စစ်ဗိုလ်ချုပ်တွေ ယူနီဖေါင်းချွတ်ြပီး နိုင်ငံတကာကိုသံတမန်မပျက်ဆက်ဆံနေတာ ၊ ငြိမ်းချမ်းရေးအဖွဲ့တွေကို အပေါ်စီး ကနေ နယ်ခြားစောင့်တပ်ဖွဲ့ခိုင်းတာ ၊NLD ကို တဖြည်းဖြည်းမှေးမှိန်အောင်လုပ်ပြီး ၁၉၉၀ ရွေးကောက် ပွဲကို အစဖြောက် ၂၀၁၀ ရွေးကောက်ပွဲလုပ်မှာ ၊ ကြံ့ဖွတ်ကို ဗြောင်ကျကျပါတီထောင်ပြတာ တွေဟာ သူ့အာဏာကိုသူ ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်နေတယ်ဆိုတာ တွေ့ရမှာပါ ။

စစ်အာဏာရှင်တွေက ပြည်သူကိုမတရားအနိုင်ကျင့်ဖိနှပ်ပြီး အာဏာကိုတည်ဆောက်နေသူတွေ ဖြစ် ပါလျက် ၊ ကျွန်တော်တို့ကပြည်သူလူထုအတွက် အမှန်တရားကိုဆုတ်ကိုင်တိုက်ပွဲဝင်နေသူတွေဖြစ် ကြပါလျက် ၊ ဘာကြောင့် ကျွန်တော်တို့ကတစစယိုယွင်းနေပြီး အာဏာရှင်တွေက ခိုင်မာနေရတာလဲ။

စစ်အာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးအတွက် ( ပြည်သူကြားမှာမှန်မှန်မမှန်မှန် ) သူတို့ အတွက်သူတို့မှန်တယ်ထင်တာ အကုန်လုပ်တယ် ၊ သူတို့သံသယရှိသူတယောက်ကိုဖမ်းနိုင်ဘို့ လူရာထောင်ချီဖမ်းရမလားဖမ်းတယ် ၊ မိန်းမ ၊ ကလေး ၊ ကျောင်းသား ၊ ရောဂါသည် ၊ ရဟန်းသံဃာ မရွေး ဖမ်းစရာရှိဖမ်း ၊ သတ်စရာရှိသတ် အကုန်လုပ်တယ် ၊ ဘယ်သူမှအာမခံရဲအောင် ရက်ရက် စက်စက် နှိပ်ကွတ်ဦးချိုးတယ် ၊ ဘ၀တွေဖျက်ပြစ်တယ် ၊ ရှေ့တန်းဧရိယာမှာ ရွာရှိရင် သူပုန်အတွက်ရိက္ခာရှိမယ်ဆိုပြီး ရွာလုံးကြွတ်သတ်တယ် ၊ မီးရှို့တယ် ၊ ရွာပြန်မတည်နိုင်အောင် စိုက်ခင်းကအစ ဖျက်ဆီးတယ် ၊ သူ့အုပ်စုကလွဲရင် ရန်သူဖြစ်နိုင်တယ်ဆိုတဲ့ သံသယအကြည့်နဲ့ပဲ ကြည့်တယ် ၊ အရာရာကို စစ်ရေးအမြင်နဲ့ပဲဆုံးဖြတ်တယ် ၊ လမ်းတွေဖေါက် တံတားတွေဆောက် ၊ လစာတွေတိုးပေးပြီး မြှူဆွယ်တာမျိုးလဲလုပ်သလို ၊ စီးပွားရေးလုပ်ပိုင်ခွင့်တွေချပေးပြီး မက်လုံးပေး စည်းရုံးတာမျိုးလဲလုပ်တယ် ၊ လုပ်အားပေးခိုင်းတာမျိုး ၊ ပေါ်တာဆွဲတာမျိုးနဲ့ မတရားခိုင်း တာမျိုးတွေလဲလုပ်တယ် ၊ လိမ်စရာရှိရင် ဘယ်သူယုံယုံမယုံယုံ ဗြောင်လိမ်တယ် ၊ သူတို့အနိုင်ရဘို့နဲ့ အနိုင်ကိုထိမ်းထားနိုင်ဘို့ ဘာမဆို ဘယ်လိုမဆို ပြတ်ပြတ်သားသား အကုန်လုပ်တယ် ။

ကျွန်တော်တို့တွေက မပြတ်သားကြဘူး ၊ အတွေးအခေါ်အရမပြတ်သားကြသလို လုပ်ရပ်တွေလဲ မပြတ်သားကြဘူး ၊ ပြီးတော့ တရားသေဆုတ်ကိုင်ကြတယ် ၊ အချိန်ကာလနဲ့အခြေအနေအရ ပြောင်းလဲဘို့လိုမလားလို့ ဖေါက်စဉ်းစားတာမျိုး မလုပ်ခဲ့ကြဘူး ၊ ခုဏပြောခဲ့သလို လက်နက်တွေကိုင် ထားတဲ့အဖွဲ့စည်းတွေကအစ အကြမ်းမဖက်ရေးဆိုတာမျိုးပဲစဉ်းစားတယ် ၊ တကယ်တမ်းက ဝေါဟာရ တွေသာပါ ၊ လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လုပ်ငန်းကခွဲမရဘူးဆိုတာ စစ်ကိုနားလည်တဲ့ သူတိုင်းသိပါတယ် ၊ စစ်ကိုစစ်နဲ့တူအောင်မတိုက်ပဲ သဘောတရားတွေနဲ့ပဲဖက်တွယ်နေသူတွေ (တနည်းအားဖြင့် ကိုယ်တိုင်စစ်တိုက်ဘို့တွန့်ဆုတ်နေသူတွေ) ရဲ့ဆင်ခြေတွေမှာ လက်နက်ကိုင်တော် လှန်ရေးနဲ့ အကြမ်းဖက်မှုကွဲလွဲချက်ဆိုပြီး စည်းပါးပါးလေးချပြတာတွေ့ရတယ် ၊ အဲဒီမှာ ကျွန်တော်တို့ ဘက်ရဲ့မဟာအမှားကြီးစခဲ့တာပဲ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းမှာ ပြည်သူအများစု လက်နက်ကိုင်လမ်းစဉ်အပေါ်အမြင် အားကောင်းလာခဲ့ပြီး ၊ လက်နက်ကိုင်တော်လှန်ရေးဒီရေ မြင့် တက်ခဲ့တာ အားလုံးအသိပါ ၊ ခုလောက်တောင်နိုင်ငံတကာရောက်နေတဲ့ ရဲဘော်တွေမရှိသလို ခုလောက်လဲ နိုင်ငံတကာအထောက်ပံ့မရခဲ့ပါဘူး ၊ တိုင်းရင်းသားတွေကြား ရောက်ရာကျရာမှာ ဖြစ်သလိုရှာဖွေရပ်တည်ရင်း မော်ဖိုးကေ ၊ မဲသဝေါ ၊ ၀မ်ခ ၊ မာနယ်ပလော စစ်ပွဲကြီးတွေ ဆင်နွှဲနိုင်ခဲ့တာပါ ။ အခု ဘာကြောင့်လက်နက်ကိုင်တော်လှန်ရေး အရောင်ပြန်မှိန်နေရတာလဲ ၊ ပြောပြီးခဲ့သလို စစ်ကို စစ်နဲ့တူအောင်မတိုက်ခဲ့ကြလို့ပါ ၊ တချို့အဖွဲ့စည်းတွေမှာ ခေါင်းဆောင်ပိုင်း နေရာယူထားသူတွေက ကိုယ်တိုင်လဲစစ်မတိုက် ၊ ရဲဘော်တွေကိုလဲ စစ်စွမ်းရည်မြှင့်သင်တန်းတွေ မပေးပဲ လက်နက်ကိုင်လမ်းစဉ်ကိုသွေဖီတဲ့ နိုင်ငံရေးသဘောတရားရေးရာသင်တန်းတွေ ၊ မီဒီယာ သင်တန်းတွေ ဘက်ကို ဦးလှည့်ခဲ့ပါတယ် ။ မူလထဲက လက်နက်ကိုင်လမ်းစဉ်မှာ အသားကျနေပြီးတဲ့ တိုင်းရင်းသားအဖွဲ့စည်းတွေကလွဲရင် ရှစ်လေးလုံးနောက်ပိုင်းမှပေါ်လာခဲ့တဲ့ လက်နက်ကိုင်အဖွဲ့စည်း တွေဟာ (ဘာအဖွဲ့ပါဆိုတဲ့နာမည်ကလွဲရင်) တဖွဲ့မှ မကျန်တော့သလောက်ကို ပျက်စီးခဲ့တော့တာပါပဲ။

လက်နက်ကိုင်အင်အားစုက စစ်ရေးအရ ရန်သူနဲ့တန်းတူမရပ်တည်နိုင်ရင် နိုင်ငံရေးမှာပါအလိုလို အားနည်းလာတာပါပဲ ၊ ဒီနေ့ စစ်အာဏာရှင်ကထင်တိုင်းကြဲနေနိုင်တာ အဲဒီအခြေခံအချက်ကြောင့်ပဲ။

ပြည်သူ့ဘ၀တွေက စုတ်ပြတ်သတ်နေပြီ ၊ ကျွန်တော်တို့ ဇတ်မျောမှာ ဒီတိုင်းဆက်သွားနေဘို့ မသင့် တော့ဘူး ၊ ကျွန်တော်တို့ အားလုံးပြုပြင်ပြောင်းလဲကြဘို့သင့်နေပါပြီ ။

(၁)ငါ့ဘို့ ၊ ငါ့မိသားစုဘို့ ၊ ငါ့အုပ်စုဘို့ ဆိုတာမျိုး ကိုယ်ကျိုးတပ်မက်စိတ်တွေ ပြန်ဖျောက်နိုင်အောင် ကြိုးစားကြပြီး တော်လှန်ရေးအတွက် ဘာမဆိုစွန့်လွှတ်တိုက်ပွဲဝင်ဘို့ စိတ်ဓါတ်တွေပြောင်းလဲရပါမယ်။ (၂)တစ်ယောက်ကိုတစ်ယောက် ၊ တစ်ဖွဲ့ကိုတစ်ဖွဲ့ မယုံမကြည်ဖြစ်နေပြီး စစ်မှန်တဲ့တပ်ပေါင်းစု မဖွဲ့နိုင်ခဲ့တဲ့ အခြေအနေတွေကိုပြန်ပြင်ရပါမယ် ၊ နီးစပ်ရာလူနဲ့ ဖွဲ့ချင်သလိုဖွဲ့ထားတဲ့ တပ်ပေါင်းစုများစွာ ကို (လုံးဝ) ပြန်ဖျက်ပြစ်ပြီး တစ်ခုတည်းသော တပ်ပေါင်းစုကိုဖွဲ့ရပါမယ် ၊ မည်သူကမနှစ်သက် သည် ဖြစ်စေ အများသဘောတူ ဒီမိုကရေစီနည်းကျ ခေါင်းဆောင်များ ရွေးချယ်ရပါမယ် ။ (မင်းသားကြီး မလုပ်ရ၍ ပတ်မထိုးဖေါက်လိုသူများ ၊ အဖွဲ့များရှိပါက တခါတည်း ပြတ်ပြတ်သားသားရှင်းရမည် )။

(၃)လူထုအုံကြွမှုများဖေါ်ဆောင်ရေး နိုင်ငံရေးလမ်းစဉ်နှင့် စစ်ကိုစစ်နှင့်တူအောင်တိုက်ရေး လက်နက် ကိုင်လမ်းစဉ်များကို ပြတ်ပြတ်သားသားချမှတ် လက်တွေ့ဖေါ်ဆောင်ကြရပါမယ် ၊ စစ်အာဏာရှင်နဲ့ ရင်ဆိုင်ရမှုအခြေနေပေါ်ကနေ လိုအပ်သလို ကြမ်းတာ နုတာတွေလုပ်ရပါမယ် ။

(၄)စံထားရလောက်တဲ့ တပ်ပေါင်းစုမရှိခဲ့တာကြောင့်နဲ့ ၊ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ပြည်သူ့ဆန္ဒရှင် ဆိုတာကြောင့် NLD ကိုတပ်ဦးထားခဲ့ကြတာဖြစ်တယ် ၊ ဒေါ်စု နဲ့ NLD ရဲ့ နိုင်ငံရေးဖြစ်တည်မှုကို စောင့်ရင်း တိုက်ပွဲအဟုန်လျော့စေခဲ့တာ ၊ တကယ်လုပ်ရမှာတွေ မလုပ်ဖြစ်ခဲ့တာတွေ ပြင်ရပါမယ် ၊ NLDဟာ မှတ်ပုံမတင်ဘူးဆိုတဲ့ (မတ်လ ၂၉ ရက်နေ့က)ဆုံးဖြတ် ချက်မှန်ခဲ့ပေမဲ့ ၊ လူမှုရေးလုပ်ငန်း တွေဆက်လုပ်မယ်ဆိုတဲ့ လမ်းအမှားဘက်ကို ဦးတည်နေပြန်ပြီဖြစ်ပါတယ် ၊ ကျွန်တော်တို့အားလုံးရဲ့ တော်လှန်ရေး အနိမ့်ဖြစ်ခဲ့ရတဲ့အခြေအနေဟာ အဲဒီလို လူမှုရေးလုပ်ငန်းတွေ ၊ သာရေးနာရေးတွေ ဘက်ကို ဦးလှည့်ခဲ့ကြပြီး အချင်းချင်းစမန်ခုတ်မှုတွေ ဖြစ်လာစေခဲ့တာကြောင့် ဖြစ်တယ် ၊ ပြတ်သားတဲ့ နိုင်ငံရေးလမ်းကြောင်းမရှိရင် NLD ကိုဝန်းရံဘို့ဆိုတာ အလကားဖြစ်သွားပါမယ် ၊ NLD ကို တိုက်ပွဲ လမ်းကြောင်းပေါ် ကိုယ်တိုင်တိုက်ပွဲဝင်ပြတဲ့နည်းနဲ့ တွန်းတင်တည့်မတ်ပေးရပါမယ် ။

(၅)အဓိက ကတော့ ပြည်သူတွေကကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေကိုမယုံတာ၊ မလေးစား အထင်မကြီးတာမျိုးဖြစ်နေတာတွေကို ပြင်ရပါမယ် ၊ ပြည်သူတွေက စစ်အစိုးရဒါဏ်ကို အလူးအလဲ ခံနေရလျက်သားနဲ့ အုံကြွတိုက်ပွဲဝင်ဘို့မ၀ံ့သေးတာဟာ ယုံကြည်အားကိုးရလောက်တဲ့ ဦးဆောင်အဖွဲ့ မရှိသေးလို့ဖြစ်ပါတယ် ၊ ရှစ်လေးလုံးမှာ ပြည်သူတွေ တတိုင်းတပြည်လုံးပါဝင်ခဲ့တာဟာ ကျောင်းသား တွေ အသေခံဦးဆောင်ခဲ့ကြလို့ပါ ၊ ပြည်သူတွေအထင်သေးစေမဲ့ အနေထိုင်အပြုမူတွေကိုပြင်ပြီး ထိထိ ရောက်ရောက်တိုက်ပွဲကို ဦးဆောင်ပြကြရပါမယ် ။

စစ်အာဏာရှင်တွေကတော့ ဘက်စုံပြုပြင်ပြောင်းလဲတယ် ၊ အချင်းချင်းညီညီညွတ်ညွတ်နဲ့ အရပ်ဝတ် လဲသူလဲတယ် ၊ စိတ်ထဲမပါသည့်တိုင်တောင် ဟန်ဆောင်ညီညွတ်ပြကြတယ် ၊ ကြံ့ဖွတ်ကိုပါတီအဖြစ် ပြောင်ပြောင်တင်းတင်းပြောင်းတယ် ၊ ရွေးကောက်ပွဲကို ဘယ်သူဘယ်နိုင်ငံကမှ လေ့လာစောင့်ကြည့် စရာမလိုဘူးလို့ ခပ်တင်းတင်းပြောတယ် ၊ ကိုယ်ကျင့်သိက္ခာမဲ့သူတွေတောင် သူတို့အောင်မြင်မှု အတွက် သူတို့ညီညွတ်ရေးကိုတည်ဆောက်လို့ရရင် ကျွန်တော်တို့က မပြုပြင်နိုင်ကြဘူးလား ၊ ဒီအ ချက်လေးလောက်တောင်သူတို့ကိုမယှဉ်နိုင်ရင်တော့ နောင်နှစ်ပေါင်းများစွာစစ်ကျွန်ခံရပေလိမ့်မယ် ။

0 သခင်သိန်းဖေမွေးနေ့တွင် လူရွေးဖိတ်ကြား

ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ ခေါင်းဆောင် သခင်သိန်းဖေ၏ (၉၄) နှစ်မြောက် မွေးနေ့ကို မရမ်းကုန်းမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ယနေ့နံနက်ပိုင်း၌ ပြုလုပ်သည်။

မွေးနေ့ပွဲတွင် သခင်သိန်းဖေက မြန်မာပြည်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် နောက်ဆုံးထွက်သက်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံန္နိဋ္ဌာန်ပြုပြောကြားသွားသည်။

မွေးနေ့ပွဲ တက်ရောက်လာသူများထဲမှ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း၊ တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်၊ အန်အယ်လ်ဒီခေါင်းဆောင် ဦးဝင်းတင်နှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ရှေ့နေကြီးတဦးတို့က မြန်မာပြည်လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် သခင်သိန်းဖေ၏ ယနေ့ထက်တိုင် အနစ်နာခံဆောင်ရွက်မှုနှင့် ပေးဆပ်မှုတို့ကို ဂုဏ်ပြုပြောကြားကြသည်။

ယနေ့မွေးနေ့ပွဲ၏ထူးခြားချက်မှာယခင်အခမ်းအနားများတွင် တွေ့နေကျပုဂ္ဂိုလ်အချို့အားမတွေ့မြင်ရခြင်းဖြစ်သည်။

အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲဝင်မည်ဟု ကြေညာထားသည့် ဦးသုဝေ၊ ဦးရွှေအုံး၊ ဦးအုံးတင်တို့ကိုလည်းကောင်း၊ အန်အယ်လ်ဒီ စီအီးစီဟောင်းများဖြစ်သော ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွန့် စသည့်သူများကို မတွေ့ရှိရပေ။

ယင်းကိစ္စနှင့်ပတ်သက်၍ ၀ါရင့်အဖွဲ့မှ တာဝန်ရှိသူတဦးက “ရွေးကောက်ပွဲဝင်မယ့်သူတွေကို တမင်မဖိတ်ဘဲ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

အခြားဝါရင့်နိုင်ငံရေးသမားကြီးတဦးကလည်း “ဒါပုဂ္ဂိုလ်ရေးအရ မဟုတ်ပါဘူး။ နိုင်ငံရေးရည်ရွယ်ချက်အရပါ။ အထူးသဖြင့် ကျနော်တို့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေအနေနဲ့ အန်အယ်လ်ဒီ၊ စီအာပီပီတို့နဲ့ နိုင်ငံရေးရပ်တည်ချက် တသားတည်း ဖြစ်ကြောင်း ပြသလိုက်တာဖြစ်သလို ကျနော်တို့ကိုယ်တိုင်လည်း ၂၀၀၈ ဖွဲ့စည်းပုံနှင့်တကွ ၂၀၁၀ ရွေးကောက်ပွဲကို မယုံကြည် လက်မခံတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် မွေးနေ့ပွဲ တက်ရောက်ခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သည့် ဦးအေးသာအောင်ကလည်း “ဒီနေ့ပွဲကတော့ သိပ်ကိုထူးခြားတယ်ဗျ။ နအဖ အလိုကျ ရွေးကောက်ပွဲဝင်မယ့်သူတွေကို မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးအတွက် တကယ်တမ်း ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်နေကြတဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက မလိုလားကြောင်း၊ လက်မခံကြောင်း လက်တွေ့ ထုတ်ဖော်ပြသလိုက်တာပဲ ဖြစ်တယ်ဗျာ” ဟု မှတ်ချက်ပြုပြောကြားသည်။

မွေးနေ့ပွဲသို့ သခင်နိုင်ငံရေးသမားဟောင်းကြီးများ၊ အန်အယ်လ်ဒီ အလုပ်အမှုဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အမျိုးသမီးခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ စာပေနယ်မှ ပုဂ္ဂိုလ်များနှင့် အခြားနိုင်ငံရေးနယ်ပယ်မှ လှုပ်ရှားတက်ကြွသူများ၊ မိတ်ဆွေများ စုံစုံညီညီတက်ရောက်ကြသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတိုက်ပွဲအဆင့်ဆင့်နှင့် နိုင်ငံရေးခေတ်အဆက်ဆက်တွင် ထောင် (၁၁) ကြိမ်အထိ ကျခံကာ စွန့်လွှတ်စွန့်စား ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည့် ၀ါရင့်သခင်နိုင်ငံရေးသမားဟောင်းကြီးဖြစ်ပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး ပြည်သူ့လှုပ်ရှားမှုကြီးတွင် ရှေ့တန်းမှ ပါဝင်လှုပ်ရှားခဲ့ကြသည့် သခင်နိုင်ငံရေးသမားဟောင်းကြီးများထဲတွင် တဦးအပါအ၀င်ဖြစ်သည်။

အထူးသဖြင့် သခင်ဟောင်းကြီးများအပါအ၀င် ၀ါရင့်နိုင်ငံရေးသမားကြီးများပါဝင်သော “၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ” ဟူသော အဖွဲ့ကို သခင်သိန်းဖေက ဦးဆောင်စုစည်းလျက် ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုများကို အားပေးထောက်ခံကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးတို့အတွက် တောင်းဆိုချက်များ၊ ကြေညာချက်များနှင့် မေတ္တာရပ်ခံချက်များကို အခါအားလျော်စွာထုတ်ပြန်ခဲ့သည်။

-E-Mail မှ တဆင့်ပြန်လည်တင်ပြခြင်းဖြစ်ပါသည်-

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.