Friday, May 28, 2010

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ရွေးကောက်ပွဲအနိုင်ရနှစ်(၂၀)ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား (ဓာတ်ပုံမှတ်တမ်း)ဂျပန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ခြင်း အနှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာ သံရုံး)ရှေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ့မှ ဦးစီး၍ နေလည် ၃း၀၀ နာရီမှာ စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကိုယ်စား ရွေဂုံတိုင်ကြေငြာစာတမ်းကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးရန်အတွက် တိုက်တွန်း တောင်းဆိုသည့် စာကို မြန်မာသံရုံး စစ်သံမှူးမှတဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွေထံ ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။

အခမ်းအနားသို့  ဂျပန်ရောက် မြန်မာနိုင်ငံသား စုစုပေါင်း(၁၅၀)ကျော် တက်ရောက်ခဲ့ကြပြီး ညနေ ၄း၁၅ နာရီတွင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်းသိရှိရပါသည်။
ဓာတ်ပုံ။ ။ မင်းညိုဝမ်း (moethaukkye)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.