Saturday, July 17, 2010
0 NO or YES
တပ်မတော်သာအမိ - တပ်မတော်သာအဖ=No
ပြည်သူသာအမိ - ပြည်သူသာအဖ = yes
သန်းရွှေခေါင်းဆောင်သော စစ်အာဏာရှင်တစုအပါအဝင် တပ်မှူး/သား များ ၊ ရွေးကောက်ပွဲဝင်မည့် NLD ခွဲထွက်များ၊88 မျိုးဆက်ခွဲထွက်များ တခြား ပါတီများ နဲ့ စစ်အာဏာရှင် ဒေါက်တိုင် ကြံ့ဖွံ့ တို့မှ ကိုယ်စားလှယ်လောင်းကြီးများ အတွက် - သီးသန့်ပေးစာဖြစ်ပါတယ်။
ဒီတပ်မတော်သာအမိ တပ်မတော်သာအဖ ကိစ္စ အားလုံး ရေငုံ နုတ်ပိတ်နေကြတာ ကြာပြီ ။ အခု ရွေးကောက်ပွဲ ရှိလာပြီ ဆိုတော့ ဒီကိစ္စက အပြတ်ရှင်းဖို့ လိုလာပြီ ။ ရှင်းဖို့ လိုလာပြီ ဆိုတာ ကို..ခင်ဗျားတို့ အားလုံး လက်ခံနှိုင်မလား ။ တကယ်ကို လိုလာပြီ ။ ပြည်သူကို တပြားသားမှ ထဲ့မစဉ်းစားတဲ့ မိုးကျရွှေကိုယ် စစ်ဗိုလ်အမတ်တွေနဲ့  ကျုပ်တို့ ပြည်သူတွေကို ဥိးထိပ်ထား စဉ်းစား ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုတဲ့ ပြည်သူ့ ကိုယ်စားလှယ်အမတ်တွေ ..ဒီဆောင်ပုဒ် နဲ့ပတ်သတ်ပြီး ခင်ဗျားတို့အားလုံးမှာ မေးရဲရမဲ့ ၊ မေးရမဲ့ တာဝန် အပြည့်ရှိတယ်ဆိုတာ အရင် ပြောချင်တယ်။
န.၀.တ အာဏာသိမ်းတုံးက ခင်ဗျားတို့ အားလုံး မှတ်မိအုန်းမှာပါ ...စစ်သားတွေက မိန်းခလေးတွေကို အော်တာလေ..အေးငါတို့ တပ်မတော်သားတွေကို နောင်ကျရင် လင်တော်ပါရစေ လာရှစ်မခိုးနဲ့ အော်ခဲ့တာလေ..အော်မှာပေါ့..ဒီစစ်သားတွေပြည်သူတွေကို..နှိမ်ပြိးမြင်လာအောင်..ဗိုလ်ကျချင်တဲ့စိတ်ဝင်လာရအောင်..စော်ကားရအောင် ရည်ရွယ်ချက်နဲ့  ဒါ သန်းရွှေ ရဲ့  ဆိုဒ်ဝေါ ( PSYCHO-WAR )ထုတ်လိုက်တဲ့ ဆောင်ပုဒ် ပါ ။ ဒီဆောင်ပုဒ်ကြောင့် စစ်သားတွေ စစ်ဗိုလ်တွေက ပြည်သူလူထု ကို သူတို့ ထက် အဆင့်နိမ့်တဲ့ သတ္တ၀ါတွေလို့ ထင်မြင်လာတယ်။။ အဲဒီထင်မြင်မှုနဲ့ အတူ..အနိင်အထက်ပြုမှု ဗိုလ်ကျမှု နောက်ဆုံးစော်ကားမှုတွေပါအထိအတင့်ရဲလာတယ်။ကာကွယ်ရေးဥိးစီးချုပ်ကလဲ ပြည်သူမိန်းခလေးတဦးကို စစ်ဗိုလ်က မုဒိန်းကျင့်လို့ တိုင်တန်းလာရင်တောင်..အဲဒီမိန်းခလေးကို ပြည်တန်ဆာမှု နဲ့ ပြန်ဖမ်းခိုင်းတဲ့အထိ...ပြည်သူအပေါ်စော်ကားမောက်မာပြပြိး ယုတ်မာကောက်ကျစ်..မိုက်ရိုင်းလာတယ် ။
ဒီဆောင်ပုဒ်က သာမာန်လောက်ကြည့်ရင်တော့ ..စောက်ရှုးထလို့ အော်နေတာဘဲမြင်ကြမယ် ။ ထဲထဲဝင်ဝင် စဉ်းစားတတ်သူသာ ဒါ လူထုကို နိမ်ဖို့  တိရစ္ဆာန် လို တဆင့်နိမ့်မြင်ဘို့ ဆိုဒ်ဝါး..လှမ်းလိုက်တာ ။ ဒီမူသွင်းပြိးတဲ့နောက်..စစ်သားက လိုအပ်ရင်ပေါ်တာဆွဲ လို့ ရတယ် ။ စစ်ဗိုလ်စစ်သားတွေလာရင် မရှိရှိတာအပထား အမိအဖ ကဲ့သို့  ပြုစု ရမယ် ။ စစ်ဗိုလ် လိုအပ်ရင် ခန္ဒာကိုယ် ကိုပါ ပေးဆပ်ရမယ် ။ ( နယ်တွေမှာ ဖြစ်နေတာနော် )။ နောက်ဆုံး အခု အခြေခံဥပဒေထဲမှာ..နိင်ငံသားတိုင်း စစ်မှုထမ်းဆောင်ရမယ် ။ ဒီလိုလာတာ။
အဲလိုလာတာကို ခင်ဗျားတို့တွေအားလုံးက မမေးမြန်း၊မဆွေးနွေးပဲ ဝင်ပြိုင်ကြမှာလား။
ဒီစစ်ဗိုလ် တမတ်သားတွေနဲ့  လွှတ်တော်မှာ အပြတ်ဆွေးနွေးရတော့မယ် ။
( ၁ )ကောင်းပြီ..လွှတ်တော်ရှိလာတဲ့အခါ...ဒီတပ်မတော်သာအမိ တပ်မတော်သာအဖ .ကို တရားဝင်ပယ်ဖျက်ပေးမလား ဆွေးနွေးရတော့မယ် ။ မသိလိုက်မသိဖါသာလေး ခေါက်သိမ်းထားမှာလား ။ဒါတွေ ပြောကိုပြောရမယ်၊မေးကို မေးရမယ်။နောင် ဒါကိုထပ်ထုတ်သုံးအုံးမှာလား ။ ဘာကြောင့်လဲ ဆိုတော့ အခြေခံ ဥပဒေမှာ အရေးပေါ် ကြုံလာရင် စစ်တပ်ကိုအာဏာလွှဲ အပ်ရမယ် ဆိုထားတော့..စစ်တပ်ကအာဏာ ကိုပြန်ယူထားချိန်မှာ ..ဒီဆောင်ပုဒ်ကိုပြန်တင်ပြိး..န.၀.တ. မိုက်ရိုင်းခဲ့သလို ထပ် မိုက်ရိုင်းပြအုံးမှာလား ။ ဒါအပြတ်မေးရမဲ့ မေးခွန်းပဲဆိုတာကို ခင်ဗျားတို့ကိုယ်တိုင် မသိချင်ဟန်ဆောင်နေတာလား ။ အိယောင်ဝါးမလုပ်နဲ့ ။ နောင်ကိုလဲ ဘယ်တော့မှ မသုံးကြေး..မူချမှတ်ရေးအထိဆွေးနွေးပြိး ဆုံးဖြတ်ချက်ကျမဲ့အထိ လုပ်ဆောင်ရမယ်။ အမတ်လောင်းတို့ ----
(၂) နောက်တခုက တပ်မတော်သာအမိအဖဆိုတာ..တပ်မတော်ထဲက ဘယ်အဆင့်တွေကို အမိအဖ အရာသတ်မှတ် တာလဲ ။ ခင်ဗျားတို့အဲလိုမေးကြည့်လိုက်ပါ အိယောင်ဝါးလုပ်ထားတာ ။ တကယ့်လက်တွေ့ မှာက ဗိုလ်မှုးတွေတော့မသိ .စစ်သားတွေကတော့ စစ်စည်းကမ်းနဲ့ ချည်တုတ်ထားခံရတဲံ .ယူနီဖေါင်းဝတ် ကျွှန်တွေပါဘဲ ။ ငါတို့ ပြည်သူတွေက..အရပ်ဝတ်ကျွှန် သူတို့ က ယူနီဖေါင်းဝတ် ကျွှန်တွေပါဘဲ ။
ဘာလို့ ပြောရသလဲဆိုတော့ ..အမိအဖ လဲပြောထားတယ် ။ လစာကျတော့ ထိုင်းနယ်စပ် ထိုင်းမှာ ကျွှန်ခံနေရတဲ့ ဒို့ ဗမာတွေရဲ့ ဝင်ငွေရဲ့ ထက်ဝက်တောင်မရလို့ ပါ ။ နောက်တခုက..သန်းရွှေ သမီးတွေလာရင်..သူတို့သမီးတွေထက် အသက်..၁၅-နစ် ၂၀-မက ပိုကြီးတဲ့ တိုင်းမှုးကတော်တွေ..က သူတို့ ဈေးခြင်းတောင်းကို ဖါးယားကိုင်ကြရပြိး..သူတို့ မျက်စေ့ ဝေ့ လိုက်သမျှ ကို ၀ယ် ..အိမ်ဖေါ်တဥိး လို လိုက်ပြုစုကြရတာ ။အဲဒီတော့ ဒါကိုတပ်တွင်းမှာ တိုင်းမှုးကတော်တွေကလဲ.ထပ်ဆင့်လက်အောက် ဒုတိုင်းမှုးကတော်တွေအပေါ်..စစ်ဒေသမှုးက
တော်တွေအပေါ်.. ဒီလိုစီးပိုးတဲ့ သောက်ကျင့်ဆိုးကြီး ထွန်းကားလာတယ် ။ ဒါတပ်ထဲမှာ ရှိနေတဲ့သူတိုင်း ရဲဘော်တိုင်း သိမှာပါ ။ ဒါကို သတ္တိ ရှိလှပါတယ်ဆိုတဲ့စစ်ဗိုလ်တွေ မရှင်းရဲဘူးလား ။ ပြည်သူအပေါ်ကိုတော့ မောက်မာပြတယ် ၊ သူတို့အထက်က သူတွေအပေါ်ကိုတော့ ခုနလို မိသားစုဝင်တွေ မပြောနဲ့ သူတို့အိမ်တွေမှာ စောင့်တဲ့ခွေးလာရင်တောင် ထိုင်ကန်တော့မတက်လုပ်နေကြရတာမဟုတ်လား ။
အဲဒီတော့ တပ်မတော်သာအမိ အဖဆိုတာ ကို..(အဆင့်ဆင့်) တပ်မတော်သား တွေသာ အမိ အဖ လို့ ပြင်မရေးသင့်ဘူးလား ။ အဲဒိလိုမှ မဟုတ်ရင် စစ်သားတွေကို ပေးထားတဲ့လစာ ဟာ ထိုင်းမှာ ကျွှန်လို့ သတ်မှတ်ထားတဲ့သူတွေထက် နည်းနေတာကို အရင်ပြင်ဘို့ တောင်းဆိုရဲရမယ် လစာကို မပြင်နိင်သေးသမျှ...ဆောင်ပုဒ် ကိုပြင်ပေးဘို့ တောင်းဆိုရဲရမယ် ။
ကောင်းပြီ ..အထက်ကအပိုင်းက..လက်ရှိအခြေအနေ ကိုထောက်ပြထားတာ ။
ဒီဆောင်ပုဒ်ကြိးကို..တရားဝင် မသင့်တော်ပါဘူး..မှားပါတယ် ၀န်ခံပြီး ရုတ်သိမ်းပေးမလားပေါ့ ။ ဒါအရမ်းအရေးကြီးတဲ့ ဆောင်ပုဒ်ဖြစ်တာမို့ အနှီးစုတ် ပစ်သလို ပစ်လိုက်လို့မရဘူး ။ အနစ်၂၀ကျော်ဒီဆောင်ပုဒ်နဲ့ ပြည်သူတွေအပေါ်မတရားဗိုလ်ကျလာခဲ့တာလေ ပြန်လှန်မပြောရ တဲ့ပုံစံ ကိုဒါနဲ့ သွင်းခဲ့တာ ။ နောင်ကို တပ်က အာဏာယူထား ခဲ့လျှင် လည်း ပြန်ထုတ်သုံးအုံးမလား..လုံးဝပြန်ထုတ်မသုံးပါဘူးဆိုတဲ့ အာမခံချက်လဲ လိုအပ်နေတယ် ။ ပေါ့ပေါ့နဲ့ပြီးလို့ မရတဲ့ဆောင်ပုဒ်။ အဲရုတ်သိမ်းပြီးရုံနဲ့ လဲမပြီိးသေးဘူး...ဘာလို့လဲဆိုတော့..ပြည်သူ့ ကိုယ်စားလှယ်တွေ..ကျောင်းသားတွေ ..နောက်ဆုံး ကုန်ကုန်ပြောရရင် ...ဒို့ အားလုံး အလေးထား ဦိးထိပ်ပန်ဆင် ကန်တော့ ရှစ်ခိုး ဦိးချနေရတဲ့..သံဃာတော်တွေကတောင်...ရွှေဝါရောင်တော်လှန်းရေး ကြီးဖေါ်ဆောင်ရတာဟာ....အမိအဖ ပြည်သူတွေ ဒုက္ခ ရောက်တာ မမြင်နိင်တော့လို့ ဆိုတာ ..ကြေငြာထားလို့ ပဲ။ံသံဃာတော်တွေ ကိုယ်က..( ပြည်သူသည်သာအမိ ပြည်သူသည်သာအဖ ) လို့ လက်ခံထားလေတော့..ဆောင်ပုဒ်နဲ့က ဆန့်ကျင်ဘက်ဖြစ်နေတာကို တွေ့ရမယ် ။ သူတို့ ဆောင်ပုဒ်မှာ ပြည်သူက..အောက်မှာ....စစ်ဗိုလ်တွေက အထက်က ။ အဲဒီစစ်ဗိုလ်တမတ်သားတွေက..သူတို့ လုပ်ဆောင်ချက်တွေကို ပြည်သူလူထု ကိုဘာမှ အရေးလုပ်ရှင်းပြနေစရာမလိုဘူး ။ အခုလိုပေါ့..နိင်ငံတော်ဘတ်ဂျက်ကို ဘာမှ ရှင်းပြနေစရာမလိုဘူး ။ ဆိုတာမျိုးချိုးနေတာ အနှစ် ( ၂၀ ) ကျော်သွားပြီ။
(၃) ပြည်သူ့ ကိုယ်စားလှယ်တွေ ၇၅-% စိုးမိုးမဲ့ လွှတ်တော်မှာ ..ကိုယ်စားလှယ် ( အားလုံး ) က ပြည်သူသည်သာအမိ ပြည်သူသည်သာအဖ ..လက်ခံထားကြသူတွေမို့ ..ပြည်သူတွေက..စစ်ဗိုလ်တွေရဲ့အထက်မှာရှိရမယ် ဆိုတာ အားလုံးအသိပဲဖြစ်တယ် ။ ပြည်သူလူထုကိုတာဝန်ခံပါမယ်ဆိုပြီး အရွေးချယ်ခံမယ်ဆိုပြီး ရွေးကောက်ပွဲဝင်မဲ့ သူတွေပဲလေ။
ပြည်သူသည်သာအမိဆိုရင်..နိင်ငံတော် ဘတ်ချက်ကို ပြည်သူ လူထု အတွက် ပိုပြိးသုံးပေးလာရမယ် ။ နို့ မို့ ရင် ပြည်သူကို နားလှဲ့ ပါးရိုက်တာဘဲ ။ နောက် ဒိထက် လတ်တလောအရေးကြိးတာက...၂၀၀၃ - ဒီပဲယင်း ယုတ်မာ လူသတ်မှု ကြိး ဟာ..သန်းရွှေ က သူတို မပါဘူး ငြင်းထားတယ် ။ ဒါပေမဲ့ပြည်သူတွေ ၇၈ ဥိးသေခဲ့ရတယ် ( မုံရွာ စစ်တပ်ကိုပြန်သယ်လာတာ..၇၈ လောင်း .ဒါအတိအကျ..အဲဒီတုံးက ဒုတပ်မမှုး ကိုယ်တိုင် မုံရွာက သူ့ မိတ်ဆွေတွေကို ပြောတဲ့ အရေအတွက် )။ ။ တပ်မတော်သာအမိ တပ်မတော်သားတွေကတော့ ပြည်သူသေတာ အရေးမလုပ်ပေမဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကတော့..ဒါကို.မသိဟန်ဆောင် လုပ်လို့မရဘူး ။
လူ ၃၀၀၀ ကျော် ၄၀၀၀- နဲ့ စစ်ဗိုလ်တွေ ရဲတွေ အများကြီးပါထားတဲ့ကိစ္စ သန်းရွှေ ဖုံးဖိထားလို့ မရတဲ့ကိစ္စကိုခင်ဗျားတို့အားလုံး လွယ်လွယ်နဲ့မေ့ပစ်လိုက်ကြမှာလား။
ဒါက ပြည်သူသည်သာအမိ...ပြည်သူသည်သာအဖ လို့ လက်ခံတဲ့ ပြည်သူ့ ကိုယ်စားလှယ်တိုင်း လုပ်ရမဲ့ အဓိက တာဝန်ဆိုတာကို မသိချင်ဟန်ဆောင်နေတာလား ။ အဲဒီတော့..ပြည်သူတွေဆီကို ကနေ့ လာပြိး မဲထဲ့ဘို့  စသည်းရုံးနေကြတဲ့  ကြံ့ ဖွတ်တို့ ..အေးလွင်တို့ ပါတီကအမတ်လောင်းတွေကိုရော..အဖွဲ့ ချုပ်က ခွဲထွက်လာတဲ့အမတ်လောင်းတွေကိုရော...ကျုပ်တို့ ပြည်သူတွေက..လာပါကိုအမတ်မင်း.....ဒီဆောင်ပုဒ်နစ်ခု ကိစ္စ ရှင်းပါ ၊မေးပေးပါ လို့ ပြည်သူလူထုတရပ်လုံးကိုယ်စား ကျုပ်တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့က စတင်မေးခိုင်းပါပြီ။
လှိုင်ခေါင်းတွေ ဆောက်တာကိုက သန်းရွှေ ရဲ့  တိုင်းပြည်အလယ်ခေါင် စစ်ဌာနချုပ်ရွှေ့ ပေမဲ့ မလုံခြုံ ဘူးဆိုတာ သူ့ ဟာသူ မှားနေကြောင်းပြတာပါဘဲ ။ လက်တွေ့ ဝန်ခံချက်ဘဲ ။ အလုပ်နဲ့ ဝန်ခံတာဘဲ။ အဲဒီတော့ပြည်သူသည်သာအမိပြည်သူသည်သာအဖဆိုတဲ့ခေတ်မှာ ပြည်သူတွေဖြစ်တဲ့ဝန်ထမ်းတွေ ကို သူတို့ မိသားစုတွေနဲ့ တစုတဝေးထည်း ရှိရမဲ့ မြို့ တော် ကို ရန်ကုန် ပြန်ရွှေ့ ဘို့ ပြတ်ပြတ်သားသား မေးခွန်းတွေ မမေးရဲကြဘူးလား ။ နောက်တခုက လွှတ်တော်ဆိုတာကြီး ပေါ်ပေါက်လာချိန်မှာ..သန်းရွှေ ဟာ ဘာရာထူးမှ သူမှာ တရားဝင်မရှိတော့တာမို့ ..၂၅-% သောစစ်ဗိုလ်အမတ်တွေအပေါ် စွက်ဖက်လာရင် ဒါကို လွှတ်တော်မှာ စစ်သားအမတ်တွေကို ရုပ်သေးလို ကစားသူ ရှိနေတာ ဟန့် တားဖို့ လုပ်ကြရမယ်လို့ ခင်ဗျားတို့ မစဉ်းစားမိကြဘူးလား မမေးရဲကြဘူးလား ။ ဘယ်သူတဥိးတယောက်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေအပေါ် ကိုရော..စစ်ဗိုလ်အမတ်တွေအပေါ်ကိုရော..ချယ်လှယ်လွှမ်းမိုးပိုင်ခွင့်မရှိစေရဘူး ။ ကာကွယ်ရေးဥိးစီးချုပ်တောင် ကြိုးဆွဲ ပိုင်ခွင့်မရှိရဘူးဆိုတာမျိုး မမေးရဲကြဘူးလား ။
နိင်ငံတော်ရဲ့ အချုပ်အခြာ အာဏာပိုင် အဖွဲ့ အစည်းကို ကြိုးကိုင်ချင်တဲ့ရည်ရွယ်ချက်ရှိသူဟာ...နိင်ငံတော် ရဲ့ နံပါတ်တစ် သစ္စာဖေါက် လို ကျုပ်တို့အဖွဲ့ကြီးက ပြတ်ပြတ်သားသားနဲ့ ရဲရဲကြိး ကြေငြာလိုက်ပါတယ် ။ အဲဒီလို တဦးတယောက်၊တဖွဲ့တဆုတ် ရဲ့ ကြိုးကိုင်မှု ကိုလက်ခံသူဟာလဲ...့..နိင်ငံတော်ရဲ့ အနိမ့်ဆုံး တာဝန် ကိုပင်ခန့် အပ်ဘို့ မသင့်တော်တဲ့လူ ဖြစ်သွားပါပြီ ။ ဒလ၀မ် ( ညစောင့် ) တောင် ခန့် ခွင့်မရှိတဲ့ သူဖြစ်သွားပြီမို့ ..လွှတ်တော်နဲ့ လားလားမှ မသင့်တော်တဲ့လူ ဖြစ်သွားပါပြီ ။
ဒီနေရာမှာ ယခုအခြေခံ ဥပဒေကို သန်းရွှေ ဟာ ဒိလို နောက်ကွယ်ကနေ ကြိုးကိုင်ဖို့  ရည်ရွယ်ချက်နဲ့  စစ်ဗိုလ်အမတ်- ၂၅ % ကိုမရရအောင် မဖြစ်ဖြစ်ဖြစ်အောင် လုပ်ခဲ့တယ်ဆိုတာ ကို သိရင် မေးရဲ၊ပြောရဲ ၊ ပြင်ခိုင်းရဲရမှာဖြစ်ပါတယ် ။ အမတ်အားလုံးကို မည်သူ တဦိးတယောက်မှ နောက်က ကြိုးကိုင်နေတာ မဖြစ်ရန် အစိအမံ တွေ ပြန် ချမှတ်ရေးဆွဲရမယ်လို့ မေးရဲ၊ပြောရဲ၊ပြင်ဆင်ရဲရမယ် ။ ဒီလိုမှ မဟုတ်ရင်....ကာကွယ်ရေးဥိးစီးချုပ် စောမောင်..ဟာ စိတ်မမှန်တော့တာမို့ ..ဗိုလ်သန်းရွှေ နဲ့ တပ်မှုးတွေ ကိုယ်တိုင်ပင် ဖြုတ်ချခဲ့ရတဲ့ သက်သေသာဓက ရှိထားတာမို့  ကာကွယ်ရေးဥိးစီးချုပ် ဆိုတိုင်း လုပ်ရပ်တွေ အမှန်လို့  တရားသေ ယူလို့ မရပါ ။ ( ဗိုလ်စောမောင် ကို ရူး လို့ ဖြုတ်ရတာ မဟုတ်ဘူး ငြင်းရင် သန်းရွှေ အာဏာ ငန်းငန်းတက်မက်လို့ တက်သိမ်းရာရောက်နေပါတယ် ။ )အဲလိုတွေလည်း ပြောရဲဆိုရဲမှာမဟုတ်ကြဘူးမှတ်လား။
လက်တွေ့ မှာလဲ နိင်ငံတော် ရဲ့ အရေးကြိးတဲ့ ဆုံးဖြတ်ချက်တွေဟာ..နိင်ငံတော်ကိုယ်စားပြု လွှတ်တော်အမတ်တွေက ဆုံးဖြတ်ရတာမဟုတ်ဘဲ သန်းရွှေ ဟာ ဖေါ်လံဖါး ဘိုးတော်တွေ ရဲ့  အကြံ နဲ့ ဆုံးဖြတ်နေတာမျိုး ကို သူ့ နောက် ဆက်ခံမဲ့ ကာကွယ်ရေးဦးစီးချုပ်တွေက ဆက်လက်လုပ်ဆောင်ရတယ်ဆိုတာကို သိသိကြီးနဲ့ ဘာကြောင့် ငြိမ်နေကြတာလဲ။ကိုယ်အာဏာရရင် ပြီးရော ဆိုပြီး ချောလဲ ရောထိုင်နေကြမှာလား။
( ၄ ) နောက်အရေးအကြိးဆုံးကတော့ အထက်မှာ ပါပြိးသား.. ။ တပ်မတော်သာအမိ လုပ်နေသေးရင်..နိင်ငံတော် ရဲ့ သယံဇာတ တွေကို တပ်မတော်ကဘဲ ထင်သလိုထုတ်ရောင်း ပြိး ရလာမဲ့ဝင်ငွေ အားလုံးကို စစ်တပ် တခုထဲအတွက်သုံးတာ မျိုး ဆက်လုပ်နေပါမယ် (ဒီနေရာမှာ သူတို့မိသားစုအသိုင်းအဝိုင်းအတွက်ပါ ပါပြီးသားဆိုတာ သိကြမှာပါ)။ ဒီအတွက်..အမတ်အားလုံးကို..တပ်မတော်ကသာ အမိလား..အဖလား...ပြည်သူကသာ အမိ နဲ့ အဖ လား ပြတ်ပြတ်သားသားမေးရမှာ ။ ပြတ်သားသွားချိန်မှာ..နိင်ငံတော် ဘတ်ဂျက်ကို ပြည်သူတွေအတွက် အဓိက ထားခွဲဝေသုံးစွဲချမှတ်ရေးမူဖြစ်ကိုဖြစ်ရမယ်လို့ မပြောရဲမဆိုရဲကြဘူးလား ။
( ၁ ) နိင်ငံဝန်ထမ်းလစာ တွေကို...ဘင်ဂလားဒေ့ရှ်..ထိုင်းနိင်ငံ က ၀န်ထမ်းတွေလစာ ရဲ့ ..ထက်ဝက် ( ၅၀ % ) ပေးနိင်မလား... ။ စစ်သားတွေလစာ ကို..ဘင်ဂလားဒေ့ရှ်..နီိးပါးပေးနိင်မလား ။ ( ဟိုမှာ ၁၂၅ -ဒေါ်လာလောက် ) ပေးထားတယ် ။ ဘင်ဂလားဒေ့ရှ် လစာကိုမကျော်မချင်း..မျိုးချစ်တပ်မတော် အသုံးအနုံး မသုံးကြေး.. ။
..နေ့ စားအလုပ်သမား တွေအတွက်..ထိုင်း..မလေးတို့ မှာလို..တနေ့ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ပေးမလား ။ ပေးရင် ထိုင်း ရဲ့ ..ထက်ဝက် သတ်မှတ်မလား ။ ( ထိုင်းက တနေ့ ..ဘတ်..၁၈၅ ဆိုတော့..၆.၀ ဒေါ်လာလောက် ) ဆိုတော့ ..တနေ့ အနိမ်ဆုံး--၃-ဒေါ်လာလောက် သတ်မှတ်ပေးမလား ။
(၂ ) စစ်တပ်က..အော်တိုမက်တစ်..၂၅ % ယူထားပြိးသားမို့ စစ်သားတွေ သူတို့ မိသားစုတွေ မဲပေးလို့ရတဲ့အထဲမှာ လုံးဝ (လုံးဝ)မပါရဘူး ။
( ၃ ) နောက် သဘာဝဓါတ်ငွေ့ ကို..ပြည်သူကိုဦိးစားပေး..ပြည်တွင်းသုံးပိုလျှံ မှပြည်ပထုတ်ရောင်းရေး..ပေါ်လစီ ( မူ ) သတ်မှတ်ပေးရမယ်။သဘောတူမလား။ တဆက်ထဲ ရန်ကုန်ကို ၂၄-နာရီ မီိးအပြည့်..တနှစ် နှစ်နှစ် အတွင်းအာမခံမလား ။ တနိင်ငံလုံး မီိးရရေး ဘယ်နှစ်နှစ်အတွင်းအာမခံမလဲ ။ မပေးနိင်ရင်နုတ်ထွက်ပေးရေး..ဂတိပေးနိင်မလား ။ ပေးရဲလား ။
ပြည်သူပြည်သားတွေ..ဘယ်နှစ်နှစ်အတွင်း အိမ်တိုင်း..ဓါတ်ငွေ့ နဲ့ ချက်ပြုတ်ရေး..စီမံချက်ထားသလဲ ။ ဓါတ်ငွေ့ ကို..လူကြီိးတွေခွဲတန်းပေးစံနစ်ကနေ လူတိုင်းရောင်းချပေးရေး ဘယ်တော့ စတင်မလဲ ။..၆-လ လား..တနစ်လား ။
( ၄ ) မြို့ တော်ကို..ကျပ်ပြေးကနေ ရန်ကုန်ပြန်ရွေ့ မလား ။ နောက်နေပြည်တော် ခေါ်နေတာ..ရှေးထုံးအစဉ်အလာနဲု့  ကိုက်ရဲ့ လား မေးရမယ် ။ ရှေးက မင်း ( ဘုရင် ) နန်းစိုက်ရာ မြို့ တော်ကို..မင်းနေပြည်တော်လို့ ခေါ်တာ ။ ဒါတောင် အခုလို..ပြောင်းပြန်...နေပြည်တော် ပျဉ်းမနား လို့ မခေါ်ဘူး..ခေါ်ချင်းခေါ်ရင်..ပျဉ်းမနားနေပြည်တော် လို့ သုံးနုံးတာ ။ အခုဟာက တရားဝင် နိင်ငံတကာက..ဘုရင်တွေကိုဖိတ်ပြိး..ဘိတ်သိပ်ခံထားသူလဲမရှိ....အိမ်ရှေ့ စံတို့ ဘာတို့ မရှိဘဲ ဘုရင်အသုံးနုံးတွေကို ခိုးကြောင်ခိုးဝှက်သုံးနုံးနေတာ တိုင်းပြည်သိက္ခာ ကို အသားလွတ်ချနေတာ ။ ဒါတွေထောက်မေးရမယ် ။ ၁၉၉၅ သီလာခံမှာ..အခြေခံမူကြိး..၁၀၄ ချက် ( အဓိကကျတဲ့ မူကြိးတွေ ) လက်မှတ်ထိုးအတည်ပြုထားစဉ်က..ဒီသူခိုးမြို့ တော် စီမံကိန်း..အစအန တောင်မပါထားတော့ ..ဒါဘယ်တုံးက ထဲ့တာလဲ... ။
( ၅ ) ရွှေးကောက်ပွဲဝင်သူကို..မိသားစု..စိးပွားရေးပိုင်ဆိုင်မှုတွေ ကြေညာ ရတဲ့မူ..ကိုလက်ခံနိင်မလား..မေးရမယ် ။ လိမ်ထားရင်ထောင်ကျပြိး..လိမ်ထားတာတွေကော..အားလုံးကိုပြည်သူပိုင်သိမ်းရေး..လက်ခံနိင်သလား မေးရမယ် ။ လက်မခံနိင်ရင် သူခိုးသေခြာနေပြီပေါ့ ။ အာစီယံ ကိုလဲ...န.၀.တ..န.အ.ဖ နစ်ခုစလုံးမှာ..သန်းရွှေ ကိုယ်တိုင်..၀န်ကြိးတွေ အားလုံးနီပါး..( န.၀.တ အဖွဲ့ ဝင်..၂၁-ဥိးမှာ..၁၈ ဥိး ( န.၀.တ-ရဲ့ ..၉၀ % ) ကို သူကိုယ်တိုင်..ခိုးမှုနဲ့ အရေးယူထားတာမို.့...အာစီယံ သမိုင်းမှာ..အာစီယံ ..မှာ သူခိုးတွေ လက်မှတ်ထိုးထားတာ သက်သေတွေ ရှိထားလို့ ..မြန်မာနိင်ံက..၀န်ကြိးတွေ..အမတ်တွေ နောင်သူခိုးမပါရအောင်...အာစီယံမှာကို...ပိုင်ဆိုင်မှု မကြေညာထားသူတွေ အစည်းအဝေးတက်ခွင့်မပေါ်ရေးမူ ထားဘို့ မတောင်းဆိုဘူးလား ။ ရတာမရတာအပထား..မှန်ကန်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့မူ..အာစီယံအတွက် ဂုဏ်သိက္ခာ ရှိစေတဲ့မူမို့ တောင်းရပါမယ် ။ ဒါတောင်းလို့က်ရင်ခင်ဗျားတို့ ပါတီတွေ၊အဖွဲ့တွေ ဝင်အရွေးမခံရမှာစိုးရိမ်နေတာလား။
ပေးပို့သူ။ ။ yellow88
Friday, July 16, 2010
0 လိမ်ညာတဲ့ ကြံ့ဖွတ်
ကြံ့ဖွတ်တွေ လူလည်ကျပြီး လက်မှတ်ထိုးခိုင်းသွားတဲ့ သတင်းတခုကြားရတယ်။ တောမဟုတ်ဘူး။ ရန်ကုန်မှာကို ဖြစ်နေတာ။ ဒေါပုံ၊ ပုသိမ်မြေ ၁လမ်းမှာ လမ်းလုပ်ပေးမယ်ဆိုပြီး မြောင်းတွေဖေါက်ပြီး တဝက်တပြက်နဲ့ ရပ်ထားလိုက်တယ်။ပြီးတော့ ဘိလပ်မြေမချပေးတော့ဘူး ဆိုပြီး ဒီအတိုင်းရပ်ထားလိုက်တယ်။အဲဒါနဲ့ ရပ်ကွက်လူကြီးတွေက စုံစမ်းတော့ အဲဒီရပ်ကွက်မှာ အသင်းဝင်တွေ နည်းလို့ဆိုပြီးရပ်ကွက်က ဆယ်အိမ်ခေါင်းကပဲ အရပ်ထဲမှာ လက်မှတ်တွေ မလိမ့်တပတ်နဲ့ လိုက်ထိုးခိုင်းတယ်။
အိမ်ထောင်စုစာရင်းတောင်းပြီး ၁၈နှစ်ကျော်နေတဲ့သူတွေရယ်။ အလုပ်အကိုင် တွေမေးပြီး စာရင်းဘေးမှာ လက်မှတ်ထိုးခိုင်းတယ်လို့ပြောတယ်။ မနေ့က တကယ်ဖြစ်နေတာကိုပြောတာနော်။ ကာယကံရှင်မရှိလဲ ကိုယ်စားသဘောမျိုးနဲ့ ထိုးခိုင်းပြီး အဲဒီလက်မှတ်တွေကို၁၀အိမ်ခေါင်း ဦးလှမြင့်ဆိုသူနဲ့ ဦးဇော်၊ ဂြီုလ်ကြီးဆိုတဲ့သူတွေက ဦးဆောင်ပြီးကောက်ခဲ့တယ်လို့ပြောတယ်။
သူတို့ကတော့ လမ်းမြန်မြန်ပြီးရင် ပြီးရောဆိုတဲ့သဘောနဲ့ လိုက်ကောက်တယ်လို့ ရှင်းပြသွားတယ်။
ပြီးတော့ အလှူငွေတွေလဲ ကောက်လိုက်သေးတယ်။ ဒါပေမယ့် မဲပေးရင်တော့ ကိုယ်ကြိုက်တဲ့ အဖွဲ့ကိုပေးလို့ရတယ်ဆိုတဲ့ အကြောင်းပါ ပြောသွားတယ်။
ကြံဖွတ်တွေတော့ နည်းမျိုးစုံနဲ့ အကောက်ကြံနေတာလား။ ဒါမှမဟုတ် ပါတီဝင်အင်အားကို အဖြစ်သဘောနဲ့ စာရင်းလိုချင်လို့ လုပ်တာလား။ ဘာတခုမှ ရိုးသားမှု့မရှိဘူး။ လမ်းခင်းတာဟာ စည်ပင်သာယာက လုပ်ရမယ့်အလုပ်။ စဖွဲ့တုန်းက လူမှုရေးအသင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အခုတော့ နိုင်ငံရေးပါတီဆိုပြီး ခေါင်းစဉ်တွေတပ်လိုတပ်။ အာဏာကို ဖြတ်လမ်းကယူဖို့ကြိုးစားနေပါတယ်ဆိုပြီး သူတို့မီဒီယာတွေထဲကနေ
သူတပါးကို လက်ညိုးငေါက်ငေါက်ထိုးပြီးတော့ ခုတော့ သူတို့ကိုယ်တိုင်က ဖြတ်လမ်းတောင်မဟုတ်ဘူး။ ငါ့တယောက်ထဲ သုံးလို့ရတဲ့ ဖြတ်လမ်းဆိုတာကြီး တီထွင်ပြီး လျှောက်တော့မယ်ပေါ့... အဟက် ဟက်။
တနေ့ညက အာဖက်အေသတင်းမှာ ကြံ့ဖွတ်ရုံးတာဝန်ခံဆိုတဲ့သူလား အင်တာဗျူးမှာ ဖြေသွားတာကတော့ ပျံလံနေတာပဲ။ ဥပဒေနဲ့အညီ ပြောင်းလဲသွားတာဆိုပဲ။ ဘယ်လိုဥပဒေတွေနဲ့ ကြံ့ဖွတ်ကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလိုက်တယ်လို့တော့ နလပိန်းတုံးတွေနားလည်နိုင်လောက်အောင်ကို မရှင်းပြနိုင်ဘူး။ ဥပဒေဆိုတာကြီးကို
ပါးစပ်ဖျားကကို မချတာ။ သူတို့လုပ်ချင်ရင် လယ်တဧက ၁၂ကျပ်လို့တောင် ဥပဒေအရ လုပ်လို့ရနေတာပဲ။ ခက်တော့ခက်တယ်။ တကယ်မလွယ်ဘူး။
သေချာတာတခုပြောရမယ်ဆိုရင် ဘယ်လောက်ပဲ ပါတီဝင်အင်အားများနေပါစေ။ စာရင်းထဲမှာ များနေတာတွေဟာ အားလုံး စက္ကူကျားတွေလိုပဲ သဘောရှိမယ်။ မဆလ ခေတ်ကိုပြန်ကြည့်ရင် သိနေတာပဲ။ ပါတီဝင် ကောင်စီဝင် တွေမကဘူး လူငယ်တွေကိုပါ ပါတီဝင် အလောင်းလျာသဘောမျိုးနဲ့ လမ်းစဉ်လူငယ်၊ ရှေ့ဆောင်လူငယ်၊မူလတန်း ကလေးတွေလောက်ကိုတောင် တေဇလူငယ်ဆိုပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြီးအတွက် ပါတီဝင်စာရင်းကို ကြီးမြတ်လေးနက်အောင် ဖန်တီးခဲ့ကြတာသေးတာပဲ။ ၈၈မှာ မိုးပေါ်ထောင်ပစ်တာမရှိဘူးဆိုပြီး ဇာတိသွေး ဇာတိမာန် တချက်ပြလိုက်တာနဲ့ တပါတီ အဓိပတိကြီးလဲ မြောင်းထဲရောက်ရတာပဲ။ ဒီတချက်ထဲတော့ မဟုတ်ဘူးပေါ့။
ဒါနဲ့ မြန်မာပြည်သတင်းစာတွေထဲမှာ ဖတ်နေရ မြင်နေရတာ နှစ်တွေတောင် တော်တော်ကြာပြီ။ NLD ပါတီဝင်တွေက အယုံအကြည်မရှိကြတော့လို့ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်နေကြတာ နှစ်တွေတော်တော်ကြာနေတဲ့ အထိပဲ။ ဘာကြောင့် အခုအထိ မကုန်ကြသေးတာလဲတော့ မပြောတတ်ဘူး။
အဆုံးမှာ ကြည့်မိတာတော့ အာဏာရှင်တွေဟာ သူတို့မှာ တကယ်မရှိတဲ့အင်အားကိုတကယ်ရှိသယောင်လုပ်ပြီး
ကိုယ့်ကိုယ်ကိုယ်ဖြေသိပ့်နေတတ်တယ်။ လူထုကို လှည့်စားဖို့အားထုတ်မယ်။တဆက်ထဲပဲ တကယ့်အင်အားရှိတဲ့ သူတွေကို အင်အားမရှိတော့သယောင်သွားပုတ်လေလွှင့် လျှောက်ပြောပြီး ကိုယ့်ကိုယ်ကိုယ် လိမ်ညာဖို့ ကြိုးစားနေရင်း တခြားသူတွေကိုပါ လှည့်စားဖို့ ပြောနေတာထက် မပိုဘူးလို့ပဲ အညတရ ကျွန်တော်မဟူရာမှ သုံးသပ်မိပါကြောင်း။
မဟူရာ။
0 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် စစ်တပ်အရာရှိဟောင်း တယောက်ဖြစ်တဲ့ ဗိုလ်ကြီးဝင်းထိန်လွတ်ပြီ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူနေရင်း ၁၉၉၆ ခုနှစ်ထဲက ဖမ်းဆီးထောင်ချ ခံထားရသူ ဦးဝင်းထိန်ဟာ ဒီနေ့မှာပဲ ကသာထောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။
လောလောဆယ် မန္တလေးကို သင်္ဘောနဲ့ သွားနေတယ်လို့ သူ့မိသားစုဝင်က အတည်ပြုပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် စစ်တပ်အရာရှိဟောင်း တယောက်ဖြစ်တဲ့ ဗိုလ်ကြီးဝင်းထိန်ဟာ ၁၉၉၆ ခုနှစ်က သြစတြေးလျ အခြေစိုက် ABC ရုပ်သံကို အင်တာဗျူး ပေးတဲ့အတွက် ထောင်ဒဏ် ၇ နှစ်၊ တခါ ဟင်္သာတဘက်က လယ်သမားတွေ နွေစပါး မအောင်တဲ့အကြောင်း ကုလသမဂ္ဂကို စာပို့တဲ့အတွက် ထောင်ဒဏ် ၇ နှစ်၊ စုစုပေါင်း ၁၄ နှစ် ချခံခဲ့ရတာပါ။
၂၀၀၈ ခုနှစ်ကုန်ပိုင်းမှာ စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ သူပါပြီး အကျဉ်းထောင်ကနေ လွတ်လာခဲ့ပေမဲ့ နေအိမ်မရောက်ခင်မှာဘဲ ပြန်အဖမ်းခံရပြီး ထောင်ထဲ ပြန်ပို့ခံခဲ့ရတာ ဖြစ်ပါတယ်။
(voa)
0 သူငယ်ချင်း ဇာဂနာ ကိုယ်စားပေးဆပ်မှု.......။
နိုင်ငံကျော် လူရွှင်တော်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် ကိုဇာဂနာ (ခ) ကိုသူရ၏ ဖခင် စာရေးဆရာမကြီး (ဒေါ်ကြည်ဦး)၏ ခင်ပွန်း ဦးအောင်သိန်း (ခ) စာရေးဆရာ နန်းညွှန့်ဆွေ အသက် (၈၇) နှစ်သည် ၁၄.၇.၂၀၁၀ (ဗုဒ္ဓဟူး)နေ့ ညနေ (၅း၀၀) နာရီအချိန်တွင် ကွယ်လွန်သွားပါ၍ ၁၅.၇.၂၀၁၀ (ကြာသပတေး)နေ့ နံနက် (၁၁း၀၀) နာရီတွင် ရန်ကင်းမြို့နယ် အမှတ် (၃) ရပ်ကွက်၊ တိုက် (၂၁၆)၊ အခန်း (၆) နေအိမ်မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ် မောင်းနှင်သယ်ဆောင်၍ ရေဝေးသုဿန်တွင် သံဃာတော်များ၊ စာနယ်ဇင်း ဆရာများ၊ အနုပညာရှင်များ၊ ဧည့်ပရိသတ်များစွာနှင့် စည်ကားသိုက်မြိုက်စွာဖြင့် မီးသင်္ဂြိုလ် ပြီးစီးခဲ့ပါသည်။
ကျန်ရစ်သူ သားဖြစ်သူ ဦးတေဇ၊ ဦးသူရ(ခ) ဇာဂနာ၊ ဒေါ်သွင်မာဦးနှင့် မြေးဖြစ်သူ မောင်မြတ်ကောင်း၊ မငယ်ဦးမွန်တို့ ကိုယ်စား ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အမှုဆောင်များ၊ အသင်းသူ/သားများမှ လွမ်းသူပန်းခြင်းများ ပို့ဆောင်ခြင်းနှင့် ဈာပနကိစ္စ အ၀၀တို့အား လိုလေသေးမရှိ ပံ့ပိုးကူညီ ဖေးမဆောင်ရွက် ခဲ့ပါသည်။
Thursday, July 15, 2010
0 ကိုဇာဂနာရဲ့ ဖခင် ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်) ကွယ်လွန်သွားရှာပြီ
~ ကိုဇာဂနာရဲ့ ဖခင် ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်) ကွယ်လွန်သွားရှာပြီ ~
~~~~~~~~~~~~~~~~~~~~~~~~~
မိတ်ဆွေအပေါင်းတို့ 
....ယနေ့  ၁၄.၇.၂၀၁၀ ရက်နေ့ (ဗုဒ္ဒဟူးနေ့ ) ညနေ (၅း၀၀)နာရီမှာ.. ကျွန်တော်တို့ရဲ့ ရဲဖော်ရဲဖက်၊ သူငယ်ချင်း
ဇာဂနာရဲ့ ဖခင်ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်) ကွယ်လွန်သွားရှာပြီဗျာ.....
......။
-လေးစားဦးညွတ်လျက်....
-ကျော်သူ
(မနက်ဖြန်...၁၅.၇.၂၀၁၀ရက်နေ့ နံနက်၁၁း၀၀နာရီမှာ ရေဝေးသုဿန်မှာ သဂြိုလ်ရန် စီစဉ်နေပါကြောင်း....။)
-------------------------------------
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူ မှသတင်းပေးပို့လာပါတယ်။
ကဗျာဆရာကြီး နန်းညွန့်ဆွေ
နောက်တန်း ဆရာကြီးနန်းညွန့်ဆွေနှင့် စာရေးဆရာမကြီးဒေါ်ကြည်ဦး
ရှေ့တန်း ကိုဇာဂနာ၊ လူရွှင်တော် ပိန်ပိန်နှင့် စုတ်ချွန်း
(ပုံ မိုးမခ)
ကဗျာဆရာကြီး နန်းညွန့်ဆွေ
၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်များအား ကူညီမှုဖြင့် မြစ်ကြီးနားထောင်မှာ မတရားနှစ်ရှည် အကျဉ်းကျခံနေရတဲ့ စွယ်စုံရအနုပညာရှင် လူထုအချစ်တော် ကိုဇာဂနာ အား မိသားစုနှင့်အတူ.....
သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ
Wednesday, July 14, 2010
0 ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေးရုပ်ပြောင် ကာတွန်းများ
မျှဝေသော ကိုရွှေနန္ဒအားကျေးဇူးတင်ရှိပါသည်။
0 ( ၆၃ ) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ
( ၆၃ ) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အခြေခံအဆင့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ပထမတန်းမှ ဆဌမတန်းအထ ကျောင်းသူကျောင်းသားများကို မိတ်ဆွေကောင်းစာကြည့်တိုက်မှ ကြီးမှူးကျင်းပပေးမည်ဖြစ်ပါသောကြောင့် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်…..၁၉၊ ၇၊ ၂၀၁၀
အချိန်………ပန်းချီပြိုင်ပွဲနှင့်စာစီစာကုံးကျင်းမည့်အချိန်နံနက် (၉ )နာရီ
အာဇာနည်နေ့အခမ်းအနား နှင့် ဆုပေးပွဲကျင်းပမည့်ချိန် နေ့လည်(၂ ) နာရီ
နေရာ………..မိတ်ဆွေကောင်းစာကြည့်တိုက်.။ ဘန်ခွန်လမ်း။ မဲဆောက်ဈေးနှင့်မက်ခိုကုန်တိုက်ကြား။
ဖုန်းနံပါတ်…၀၅၅၅ ၃၄၂၃၅
www.thebestfriend.org
ပေးပို့သူ. . zawya
0 Privacy Policy
Privacy Policy for http://www.dawnmanhon.com/
If you require any more information or have any questions about our privacy policy, please feel free to contact us by email at dawmanhon@gmail.com.
At http://www.dawnmanhon.com/, the privacy of our visitors is of extreme importance to us. This privacy policy document outlines the types of personal information is received and collected by http://www.dawnmanhon.com/ and how it is used.
Log Files
Like many other Web sites, http://www.dawnmanhon.com/ makes use of log files. The information inside the log files includes internet protocol ( IP ) addresses, type of browser, Internet Service Provider ( ISP ), date/time stamp, referring/exit pages, and number of clicks to analyze trends, administer the site, track user’s movement around the site, and gather demographic information. IP addresses, and other such information are not linked to any information that is personally identifiable.
Cookies and Web Beacons
http://www.dawnmanhon.com/ does use cookies to store information about visitors preferences, record user-specific information on which pages the user access or visit, customize Web page content based on visitors browser type or other information that the visitor sends via their browser.
DoubleClick DART Cookie
.:: Google, as a third party vendor, uses cookies to serve ads on http://www.dawnmanhon.com/.
.:: Google's use of the DART cookie enables it to serve ads to users based on their visit to http://www.dawnmanhon.com/ and other sites on the Internet.
.:: Users may opt out of the use of the DART cookie by visiting the Google ad and content network privacy policy at the following URL - http://www.google.com/privacy_ads.html
Some of our advertising partners may use cookies and web beacons on our site. Our advertising partners include ....
Google Adsense
These third-party ad servers or ad networks use technology to the advertisements and links that appear on http://www.dawnmanhon.com/ send directly to your browsers. They automatically receive your IP address when this occurs. Other technologies ( such as cookies, JavaScript, or Web Beacons ) may also be used by the third-party ad networks to measure the effectiveness of their advertisements and / or to personalize the advertising content that you see.
http://www.dawnmanhon.com/ has no access to or control over these cookies that are used by third-party advertisers.
You should consult the respective privacy policies of these third-party ad servers for more detailed information on their practices as well as for instructions about how to opt-out of certain practices. http://www.dawnmanhon.com/'s privacy policy does not apply to, and we cannot control the activities of, such other advertisers or web sites.
If you wish to disable cookies, you may do so through your individual browser options. More detailed information about cookie management with specific web browsers can be found at the browsers' respective websites.
Tuesday, July 13, 2010
1 သာသနာပြု ကုသိုလ်အလှူ
အင်းလေးဖောင်တော်ဦး ဆရာတော်ကြီး၊ ရေသာကျောင်း ဆရာတော်၊ အင်းခြံကျောင်း ဆရာတော်နှင့် ရွာမနန်းပန် ဆရာတော်များ ပါဝင်သော ရှမ်းပြည်နယ် အင်းလေးဒေသတွင် သာသနာ ပြုနေကြသော ဆရာတော်ကြီး (၄၁) ပါးတို့သည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်အနီး အင်းလေး ဓမ္မာရုံအဆောက်အဦး ပြန်လည်ပြုပြင် ပြီးစီးခြင်း ရေစက်သွန်းချပွဲနှင့် ရန်ကုန်မြို့သို့ ရောက်ရှိနေကြသော အင်းသူ/သားများ၏ ၀ါဆိုသင်္ကန်းကပ်လှူပွဲသို့ ကြွရောက်ခဲ့ရာ အခမ်းအနားကို ၁၁.၇.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် အောင်မြင်စွာပြီးစီး ကျင်းပပြီးသည့်နောက် ၁၂.၇.၂၀၁၀ (တနင်္လာ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ကြွရောက်ကြပြီး ဆေးဝါး စစ်ဆေးကုသခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။ ဥက္ကဌ ဦးကျော်သူ၊ အသင်းသား ဦးသန်းစိန်နှင့် အသင်းသူ/သားများက ဦးခိုက်ကြိုဆိုကြကာ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးအုန်းမြင့်နှင့် သူနာပြု ဆရာမများက နွေးထွေးစွာ ဆီး၊ သွေး စစ်ဆေးပေးခြင်း၊ E.C.G ရိုက်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဓါတ်မှန်ရိုက်ပေးခြင်းနှင့် မျက်စိစစ်ဆေးခြင်း (ရေတိမ်ရှိ/မရှိ) တို့ကို ပြုလုပ်ပေးကာ လိုအပ်သော ဆေးဝါးများကို ကုသိုလ်ဖြစ် လှူဒါန်းကုသ ပေးခဲ့ကြပါသည်။
ဗုဒ္ဓ၏ သားတော်များဖြစ်ကြသော ဆရာတော်၊ သံဃာတော်များ၏ သာသနာပြု လုပ်ငန်းကို ကိုယ်စိတ်နှလုံး ကျန်းမာစွာဖြင့် တိုးတက်အောင်မြင်စေလိုသော ဆန္ဒဖြင့် ရည်သန်ကာ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းမှ ယခုကဲ့သို့ မြတ်ဗုဒ္ဓအလိုကျ ဇီဝိတဒါန ဆေးဝါးကုသပေး ခြင်းသည် သာသနာပြုကုသိုလ် အထောက်အပံ့ ဖြစ်စေတော့သည်။
0 ညနေခင်းနွံမှာ နစ်သည့်ကြာ
ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ဒါရိုက်တာတင်သန်းဦးရိုက်ကူးသည့် အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်ကားထဲက ခန့်စည်သူပြောသောစကားမှာ စစချင်း လူတိုင်းရင်ကို ဆောက်နှင့်ထွင်းလိုက်သည်။ ယင်းမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေကို တခဲနက် ထောက်ခံမဲပေးခဲ့ကြသည်ဟု ပြောခြင်းဖြစ်သည်။ ၁၉၇၄ ခုနှစ်သည် မဆလပါတီ၏ အဆိုးရွားဆုံး တပါတီအာဏာရှင်စံနစ်ကို ကျင့်သုံးနေချိန်ဖြစ်သည်။
ဒါရိုက်တာတင်သန်းဦး နေထိုင်သောပြည်နယ် မြို့ နယ်တွင် မည်သူက ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသည်ကိုမျှ သူကိုယ်တိုင်ပင် မသိရှိခဲ့သူဖြစ်သည်။ လူတိုင်းလူတိုင်းသည် မည်သူမှန်းမသိ သော လွှတ်တော်ကိုယ်စားလှယ်ကို ဖြူသည်မဲသည်ပင် မသိ။ ယင်းအချိန်က ကျွန်တော်တို့ မှာ ဘာမျှမသိဘဲ မမြင်ဖူးပါဘဲ မဲပေးခဲ့ရသည်။ ၄င်းမှာ စစ်အစိုးရကို ကြောက်၍ မဲပေးခဲ့ရခြင်းဖြစ်သည်။ ဤသည်ကို ဒါရိုက်တာတင်သန်းဦးက တနိုင်ငံလုံးက မဲကိုကြိုက်၍ တခဲနက်ထောက်ခံ ပေးခဲ့ကြသည် ဆိုရာ သမိုင်းကို အတိအကျ လိမ်ခြင်းဖြစ်သည်။
ဗိုလ်နေ၀င်းရှုပ်သမျှ စာအုပ်ကျတော့ မဖတ်ရဆိုပြီး အကွဲအပြဲစာအုပ်ကတော့ ဖတ်ကြည့်ခိုင်းသော ဇာတ်ဝင်ခန်းမှာမူ ဟာသဖြစ်နေသည်။ တော်ပါသေးသည်။ ပြည်ပမှထုတ်ဝေနေသော စာအုပ်စာတမ်းများကို နအဖစစ်အုပ်စုက သူတို့လက်ထဲတွင် ယင်းစာအုပ်များကို ရရှိထားပါသည်ဟု ဖေါ်ပြခြင်းကို ၀မ်းမြောက်စွာ ကြိုဆိုလိုက်ရသည်။ မိုးလုံးပြည့်မုသားဝါဒ စာအုပ်များကိုလည်း သူတို့မှာ သေသေချာချာ ပုံနှိပ်ထုတ်ဝေခဲ့သည်ကိုလည်း ကျေးဇူးတင်ရပါသေးသည်။
ယင်းစာအုပ်များကို ရေးသားကြခြင်းအား မီဒီယာသမားတွေက ၀ါဒဖြန့်ချီနေသည်ဟု ဆိုထားပြန်သည်။ စင်စစ်တင်သန်းဦးသည် ငါ့စကားနွားရလုပ်လိုက်ခြင်းဖြစ်သည်။ ရုပ်ရှင်ဒါရိုက်တာကောင်းတဦးအနေနှင့် ရိုက်ပြနေခြင်းမဟုတ်ဘဲ စစ်အစိုးရအတွက် မီဒီယာလက်နက်ကို တိကျစွာအသုံးချခြင်းဖြစ်သည်။ ရဲများအတွက် ပြသနာတခုမှာ ပြည်သူ့ရဲကို ကျီးကန်းဟု နာမည်ပေးလိုက်သေးသည်။ ကျီးကန်းဆိုသည်မှာ သူခိုးမျက်စိဖြင့် လူကို စောင်းကြည့်နေတတ်သည်ကို သူခိုးကျင့်သူခိုးကြံရှိသည်ဟု ခိုင်းနိုင်းပြောဆိုလိုက်သည်။ ထို့ကြောင့် ဒါရိုက်တာတင်သန်းဦးက ရဲများကို ကျီးကန်းဟု နာမည်ဘွဲ့တလုံးပေးလိုက်သည်မှာ ရဲတဖွဲ့လုံးကို စော်ကားလိုက်သလိုဖြစ်ပြန်သည်။
ပြီးတော့ ခိုင်သင်းကြည်ပြောသလို အများနည်းတူလိုက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးလို့ မဲအနိုင်ရရှိခြင်းမဟုတ်။ ယင်းတုံးက မဲပေးသော ခိုင်သင်းကြည်သည် ဘာကြောင့် မဲပေးသည်ကို ကနေ့ပြည်သူတွေအား ၀န်ခံ ထုတ်ဖေါ်ပြောဆိုရန်လိုသည်။ သမိုင်းကိုလိမ်မှန်းသိရဲ့ သားနှင့် ပြည်သူချစ်သော အနုပညာသည်များက ဤသို့ပြောဆိုကြလျှင် ထမင်းရှင်မျက်နှာကို မထောက်သော လူတန်းစားမျိုးဖြစ်သည်။ ခွေးတိရစ္ဆာန်များတောင်မှ သခင်ကိုသိကြသည်။ ထို့ကြောင့် ခွေးထက်အသိဥာဏ်ရှိသော ခိုင်သင်းကြည်သည် ၁၉၉၀ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးရခြင်းအကြောင်းအား ပြတ်သားစွာ ရှင်းလင်းပေးရန်လိုသည်။ ဒါရိုက်တာ တင်သန်းဦးမှာ မဲပေး၍ အာဏာမရရှိခဲ့မူအကြောင်းကို သို့မဟုတ် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖေါ်ပေး၍ ခုအချိန်ထိ ပြသနာဖြစ်နေသည်ကို ရေငုံနှုတ်ပိတ်ထားလိုက်သည်။ သမိုင်းအမှန်ပြနေပါလျှက် ဘာတခုမျှ ဇာတ်ဝင်ခန်းအတွင်း ထည့်မပြောခဲ့။
ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းသောအခါ သမ္မတစပ်ရွှေသိုက်အိမ်တွင် သေနတ်ဖြင့် ပစ်သတ်၍ ဖမ်းဆီးမှုကြောင့် သမတ၏သားမှာ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ အာဏာသိမ်းပြီး ၅ လအကြာ ဇူလိုင်ရ ရက်နေ့တွင် ကျောင်းသားများကို ရက်ရက်စက်စက် တက္ကသိုလ်ကျောင်းဝင်းအတွင်း သတ်ဖြတ်သည်။ ညဉ့်သန်းခေါင်တွင် ကျောင်းသားသမဂ္ဂအဆောက်အဦကို ကျောင်းသားများ ပုန်းအောင်းနေသည့်အထင်ဖြင့် ဒိုင်းနမိုက်နှင့် ဖြိုခွဲပစ်ဖေါက်လိုက်သည်။
ဒါရိုက်တာတင်သန်းဦးသည် ဘာကြောင့်များ သမိုင်းဖြစ်ရပ်အမှန် ဆိုပြီး ယင်းအကြောင်းများကို ခန့်စည်သူအား သရုပ်ဆောင်ရန် မပြောကြားခဲ့ပါသနည်း။ သမိုင်းဆိုသည်မှာ လိမ်၍ညာ၍မရ။ ၄င်းပြဿနာတို့မှာ မကြာသေးသောအချိန်များကသာဖြစ်သည်။
၁၉၆၂ ခုနှစ် မတ် ၂ ရက်အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာ ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ဆန်ပြသနာအရေးအခင်းဖြစ်ခဲ့သည်။ ယင်းနေ့တွင် ဆန်ကိုရောင်းချပေးပါဆိုသော ကျွန်တော်တို့ ရခိုင်လူမျိုးများအား ရာကျော်ပစ်သတ်ခဲ့သည်။ သြဂုတ် ၁၃ ရက်နေ့သည် ကျွန်တော်ပြုလုပ်သော ဆန်ပြသနာ ဖြေရှင်းပါ- ရခိုင့်အရေးတော်ပုံအောင်ရမည် ဆိုသော - ပိုစတာဆိုင်းဘုတ်ဖြင့် စတင်ချီတက်ဆန္ဒပြခဲ့သောနေ့ဖြစ်သည်။ ယင်းနေ့တွင် လူပေါင်းများစွာ သေဆုံးခဲ့ကြသည်။ ဤအကြောင်းကို သမိုင်းဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပြီး ဒါရိုက်တာလုပ်ပြီး ပြနေသော တင်သန်းဦးသည် ဘာကြောင့်များ ထိမ်ချန်ပြီး ထားခဲ့ပါသနည်း။
၈၈ အရေးအခင်းသည် ဦးနေ၀င်း၏ စစ်တပ်ဆိုတာ လူကိုတည့်တည့်မှန်အောင် ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဘူး ဆိုပြီး အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခိုင်းခဲ့သောကြောင့် သွေးစွန်းခဲ့ရသော နေ့ရက်များဖြစ်သည်။ ယင်းကာလက စစ်တပ်သည် ပြည်သူပေါင်းများစွာကို ထောင်နှင့် ချီ၍ ပစ်သတ်ခဲ့သည်။ ပြည်သူတို့မှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးရသည်။
တိုင်းတပါးများသို့ ဒုက္ခသည်များအဖြစ် ရောက်ရှိနေသော မြန်မာနိုင်ငံသား ဒုက္ခသည်များကို အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဆိုပြီး ရိုက်ခြင်းထက် ညနေစောင်းမှာ နွံနစ်သည့်ကြာ ဆိုပြီး ရိုက်လျှင် မိန်းခလေးများ၏ ဘ၀သည် မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို ပီပြင်စွာ သရုပ်ဆောင်ပြသကြမည်ဖြစ်သည်။ ၈၈ မှသည် ယခုအချိန်ထိ ပြည်ပနိုင်ငံခြားတွင် မြန်မာနိုင်ငံသားတို့မှာ ဒုက္ခသည်ဖြစ်နေကြရသည်မှာ သန်းနှင့်ချီ၍ ရှိနေပါပြီ။
ယင်းဒုက္ခသည်တို့မှာ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မူကြောင့် ထွက်ပြေးလာခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံရေးသမားတွေကြောင့်တော့ မဟုတ်တန်ရာ။ အဘယ့်ကြောင့် သမိုင်းဖြစ်ရပ်မှန်ကို ဒါရိုက်တာတင်သန်းဦးမှာ မျက်မှောက်ကာလ၌ ပြည်သူတွေ ခံစားနေကြသည်ကို မရိုက်ပြရဲပါသနည်း။
၁၈ နှစ်ပြည်လျှင် မဲပေး၍ရပြီဟု ပြောနေသည်မှာ ယင်းဇတ်ကား၏ အနှစ်သာရထင်သည်။ ပါဝင်သူတိုင်း ပြောနေကြသည်။ မည်သူ့ကို မဲပေးချင်သည်ကို သားသမီးများအား မိဘများက ပြောဆိုခန်း မပါ။ မြန်မာနိုင်ငံရေးသမိုင်းအကြောင်းကို ရှင်းလင်းပြနေသော ခန့်စည်သူနှင့် ခိုင်သင်းကြည်မှာ ကြံ့ဖွံ့ကိုလည်း မဲပေးရန် မပြော။ တစညကိုလည်း မဲပေးရန်မပြော။ မည်သည့်နေ့မှာ ရွေးကောက်ပွဲပြုလုပ်ရန်လည်း မပြောမဆို။ သည်တော့ ၀ါဒဖြန့်ချီရာ၌ပင် ကွက်လပ်တွေက ဟာနေသည်။ စစ်အစိုးရကြိုက်အောင် အသက် ၁၈ နှစ်ပြည့်ပြီ ဆိုလျှင် ပင် လုံလောက်နေပြီဟု ထင်သည်။ သို့သော် ဤနေရာ၌ ဒါရိုက်တာတင်သန်းဦး အမှားကြီး မှားသွားပြီဖြစ်သည်။ ဗီဒီယိုရုပ်ရှင်ကြည့် ပရိတ်သတ်တို့သည် မဲပေးရန် ၁၈ နှစ်ပြည့်ပြီ ဆိုသောစကားကို ကြည့်နေချိန်အတွင်းမှာပင် ရယ်ကြသည်။
အကြောင်းမှာ ၁၈ နှစ်ပြည့်ပြီဆိုသော သူတို့မှာ ဘယ်တော့မဲပေးရမှာလဲ ဆိုသောမေးခွန်းကို မပြောကြ၍ဖြစ်သည်။ မဲပေးမည်ဟုပြောသောသူတို့မှာလည်း ဘယ်သူ့ကို မဲပေးချင်သည်ဟု ထုတ်မပြော။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို မ၀င်။ မှတ်ပုံမတင်။ သပိတ်မှောက်ထားသည်။ ထို့ကြောင့် အခြားပါတီများကို မဲပေးချင်သည်ဟု ပြောဆိုဆွေးနွေးခြင်းမျိုးမတွေ့ရ။
ဒါရိုက်တာတင်သန်းဦးသည် ဒေါ်အောင်ဆန်းစုကြည်နာမည်အား ယင်းကား၌ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဟု ခန့်စည်သူအား သရုပ်ဆောင်ခိုင်းရာ၌ ထည့်သွင်းပြောဆိုခိုင်းရမည်ဖြစ်သည်။ သို့သော် မခိုင်းခဲ့။ သမိုင်းကို ဗြောင်လိမ်ပြီး စစ်အစိုးရအကြိုက် လိုက်ရသော ဤဒါရိုက်တာတင်သန်းဦးမှာ သန်းရွှေထက်ပင် ကြောက်စရာကောင်းသော မီဒီယာလူသတ်သမားဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ အပြစ်မဲ့ ပြည်သူကို သူအာဏာရရှိရေးအတွက် လူဦးရေ အလိုက်သတ်သည်။ ယခုဒါရိုက်တာ တင်သန်းဦးမှာ ငယ်ရွယ်နုပျိုသော မြန်မာနိုင်ငံသား လူမျိုးတမျိုးလုံးအား သမိုင်းအမှားကို နောင်မျိုးဆက်ပေါင်းများစွာ အမှတ်မှား အသိမှားဖြစ်အောင် ဦးနှောက်ဖျက်ဆီးသမားဖြစ်သည်။
ယခုအချိန်သည် ဗကပ၏ နေ၀င်ချိန်မဟုတ်။ နအဖစစ်အစိုးရ၏ နေ၀င်ချိန်ဖြစ်သည်။ ဗကပမှာ ဖြုတ်ထုတ်သတ်လမ်းစဉ်ရှိခဲ့သည်ကို ငြင်းဆိုသံမကြားဖူး။ တကယ်ဖြစ်ပျက်ခဲ့သော သူတို့ပါတီ၏ အကြောင်းကို မည်သည့်အတွက်ကြောင့် ယင်းကား၌ ပြသနေရသနည်းမသိ။ တခုတော့ရှိသည်။ လွတ်လပ်ရေးမှာ အတုအယောင်ဘဲ ဆိုသောစကားသည် ယင်းကား၌ အကောင်းဆုံးပြောင်မြောက်သော စကားဖြစ်သည်။ မည်သို့ပင်ဆိုစေ အာဏာရှင် ဦးနေ၀င်းအကြောင်းကိုလည်း မကောင်းမပြော။ လက်ရှိလူသတ်သမားဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းကိုလည်း ဆိုးဆိုးကောင်းကောင်း မပြောသည်မှာတော့ သမိုင်းဖြစ်ရပ်မှန်မဟုတ်။
ဗိုလ်ချုပ်မှူးကြီးစောမောင်တို့ ဗိုလ်ချုပ်ခင်ညွန့် အကျယ်ချုပ်နှင့် အဖမ်းဆီးခံနေရပုံတွေကို ရိုက်ပြမှ သင့်တော်မည်ဖြစ်သည်။ သို့သော် ယခုပြသောကားမှာ လူငယ်မောင်မယ်များနှင့် ပြည်သူတို့အား မြန်မာနိုင်ငံရေးသမိုင်းဖြစ်ရပ်မှန်ကို ပြသသောဇာတ်ကားမဟုတ်ချေ။ တနည်းအားဖြင့် ဖျော်ဖြေရေးပြသော ကားမဟုတ်ပြန်သောကြောင့် မီဒီယာဝါဒဖြန့်ချီရေးကားသာဖြစ်သည်။ ဆိုရလျှင် ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက လုပ်ချင်နေသည်။ လူတွေကို မဲပေးစေချင်သည်။ ကြံ့ဖွံ့ကို မဲပေးရန်အထူးလိုလားနေသည်။ ကြ့ဖွံ့နှင့် တစညတို့သည် စစ်အစိုးရ၏ ပါတီဖြစ်သည်။
မသိနားမလည်သောသူများက ကြံ့ဖွံ့ကိုမပေးချင်ပြီး တစညကို မဲပေးလျှင်လည်း စစ်အစိုးရကို မဲပေးခြင်းဖြစ်သည်။ သူတို့မှာ တွက်ချက်ထားကြပြီးဖြစ်သည်။
ရွေးကောက်ပွဲကို ပြုလုပ်ချင်နေသောသူတို့မှာ ဗကပသည် အဖျက်သမားများဟု ပြောလိုသည်လားမပြောတတ်။ မျက်မှောက်ကာလမှာမူ ဗကပနှင့် နအဖစစ်စစ်အစိုးရတို့ ပြဿနာမဟုတ်ချေ။ ဗကပကလည်း ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မပြိုင်။ အသိအမှတ်လည်းမပြု။
ဦးနုအစိုးရခေတ်နှင့် တပါတည်းဖြစ်ခဲ့သော ပြည်တွင်းစစ်ပြသနာများကို ပြနေသည်မှာ ဘာကြောင့်များမှန်းတော့မသိ။ သို့သော် သူတို့ပြောနေသောစကားတခွန်းမှာ နိုင်ငံရေးသမားတွေက နိုင်ငံရေးလုပ်စား၍ နိုင်ငံပျက်စီးသွားရခြင်းဟု ပြသနေခြင်းမှာ တမျိုးဖြစ်နေသည်။
တော်လှန်ရေးကောင်စီအစိုးရက ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတက်လာသည်ကို တခွန်းသာပြောပြီး အပြစ်မဲ့ပြည်သူများအား သတ်ခဲ့ရခြင်းကို ဘာမျှ မပြောချေ။ ငြိမ်းချမ်းရေးအတွက် ၁၉၆၃ ခုနှစ်မှာ လာခဲ့ကြသည်ကိုလည်း ပြသထားသည်ကိုကတပ်မတော်အစိုးရက ငြိမ်းချမ်းရေးကိုပင် လိုချင်၍ တော်တော်ကြီး လုပ်ခဲ့ရသလိုပင်ဖြစ်သည်။ ၈၈ ခုနှစ်အရေးအခင်းကာလကို ပြသသည့်အခါမှာလည်း ခေါင်းဖြတ်သောသတင်းကိုပြလိုက်သေးသည်။ စစ်တပ်မှ လူသတ်သည့်အကြောင်းအရာများ တစက်မျှ မပါ။ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပုံများမပါ။ တချိန်တည်းမှာ ဦးနုက စင်ပြိုင်အစိုးရဖွဲ့အစည်းအကြောင်းကို မပြသ။ ၂၀၀၇ စက်တင်ဘာ အရေးအခင်းတွင် မေတ္တာပို့ ကြွချီသော သံဃာတော်များကို ပစ်ခတ်နှိမ်နင်းဖမ်းဆီးသည်များ မပါ။ စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးသွားရသော ဂျပန် သတင်းထောက် ခန်ဂျီနာဂအိအကြောင်း မပါ။
အထူးသဖြင့် ရွေးကောက်ပွဲပြုလုပ်သောအခါ အရွေးမမှားဖို့၊ ဦးနှောက်နှင့် အသိတရားနှင့် ယှဉ်ပြီးစဉ်းစားပြီး မဲထည့်ပေးဖို့ ခန့်စည်သူက ပြောသွားသည်။ သည်တော့ အရွေးမှန်အောင် ဘယ်သူ့ကိုများ မဲပေးရမှာလဲဆိုသောစကားကို ဒါရိုက်တာတင်သန်းဦးက ဘာကြောင့်များ မပြောဝံ့သနည်း ။ နောက်ဆုံးမှာ ၀ါဒဖြန့်ကားသက်သက်ဖြစ်ကြောင်း နအဖ စစ်ဗိုလ်ချုပ် လူသတ်သမားတွေ၏ ပုံတွေကိုဘဲ ပြနေသည်။ လူတွေစီးပွါးရေးကျဆင်းလို့ ချွတ်ချုံကျနေသည်ကို တခွန်းမျှမပြောဘဲ တံထားတွေ ဆောက်။ တိုက်တွေ ဆောက်ခြင်းများ အဖက်လုပ်ပြီး ပြောနေသည်မှာ ရီစရာဖြစ်နေပါသည်။
ပြည်တွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြဿနာဖြစ်နေသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်ပေး၍ နအဖစစ်အစိုးရမှာ ဖင်ပူနေရသည်။ ရာဇပလ္လင်မြဲအောင် မနဲကြိုးစားနေရပါသည်။ တနေ့ကံဆိုးသောနေ့တွင်မူ အ၀ီစီချောက်ထဲထိုးကျလျင်တောင်မူ ချက်ချင်းပေးလွှတ်ကြမည် မဟုတ်။ လည်ပင်းကြိုးကွင်းစွပ်ပြီး မသေမချင်း ရုံးတင်တရားစွဲဆိုကြဦးမည်ဖြစ်ပါသည်။ ယင်းမှာသမိုင်းဖြစ်ရပ်မှန်ဖြစ်သည်။ ဤသည်မှာ မျိုးဆက်သစ်လူငယ်များ သိသင့်သိထိုက်သော သမိုင်းအစစ်အမှန်ဖြစ်သည်။
သမိုင်းအစစ်အမှန်များကို လူထုထံ တင်ပြနိုင်သည့် မီဒီယာသမားများ ပေါ်ထွန်းကြပါစေ။
ခိုင်အောင်ကျော် ( နယူးယောက် )
http://anyarnwaytamarmyay.blogspot.com/ မှ
0 သောင်းထိုက်က ကြားစေသား . . . .
မင်္ဂလာပါခင်ဗျား . . . ကျွန်တော် ကျော်သူ၏ Facebook ပြန်လည်ပွင့်တဲ့နေ့ … လူမှုရေး လုပ်ဆောင်ချက်များကို ပြည်သူလူထု (ပြည်တွင်း/ပြည်ပ) တို့ကို ထဲထဲဝင်ဝင် ပြန်လည်ချပြခွင့် ရတဲ့နေ့အများပြည်သူ (ပြည်တွင်း/ပြည်ပ) အလှူရှင်များအား သာဓု ခေါ်ဆို မုဒိတာပွားများနိုင်ရန် ကျွန်တော်တို့ရဲ့ ပေးဆပ်မှုများကို ချပြခွင့်ရတဲ့နေ့ … ။ ဒီနေ့ဟာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့နေ့ ဖြစ်ပါသည်။
၁၁.၇.၂၀၁၀ (တနင်္ဂနွေ) နေ့ ည (၇) နာရီအချိန်မှာ ကျွန်တော် ကွန်ပြူတာကိုင်တွယ်၍ အင်တာနက်ကြည့်စဉ် “ ကိုကျော်သူ Facebook ပြန်ပွင့်ပြီ ” ဟူသော စာပိုဒ်ကလေးပေါ်လာသည်။ ကျွန်တော်၏ Fan ပရိသတ်တစ်ဦးဖြစ်သူ ကျွန်တော်အား Facebook ဖွင့်ပေးထားသူ နိုင်ငံရပ်ခြားမှ ကိုဒယ်နီ ထံမှ ဖြစ်သည်။ အံ့သြ၊ ၀မ်းသာမှုနှင့်အတွက် ကျွန်တော်သည် သူပို့ပေးလိုက်သော Facebook Fans လိပ်စာလေး http://www.facebook.com/pages/kyaw-thu/174427511697 အား စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်မိသည်။
ဟုတ်ပါသည်။ ကျွန်တော်၏ Facebook မှာ လွန်ခဲ့သော ၂၄.၃.၂၀၁၀ ရက်နေ့ ကတည်းက မည်သည့် အကြောင်းပြချက်မှ မရှိဘဲ အပိတ်ခံထားရသည်။ ကျွန်တော် လောကကြီးနှင့် အဆက်ပြတ်သွားသည်။ ပြည်သူအများစုလည်း ကျွန်တော်နှင့် အဆက်ပြတ်သွားခဲ့သည်။ သို့သော် ကျွန်တော် အားမလျှော့၊ ရသည့်နည်းလမ်းနှင့် သတင်းများ တင်နိုင်ဖို့ ကြိုးစားသည်။ ဒါတွေဟာ … ကျွန်တော်အတွက် မဟုတ်။ ကျွန်တော် ကိုယ်ရေးကိုယ်တာ မဟုတ်။ အများအတွက် ဖြစ်သည်။ အများပြည်သူအတွက် ပေးဆပ်မှုဖြစ်သည်။
ဤ မှန်ကန်သော စိတ်စေတနာကြောင့် ကျွန်တော့်အား တတ်ကျွမ်းပညာရှင်(Blogger) များ၊ ကွန်ပြူတာ ပညာရှင်များက ၀ိုင်းဝန်ပံ့ပိုး ကူညီဖေးမခြင်းကို ခံခဲ့ရသည်။
ဤကဲ့သို့ … ကူညီဖေးမခဲ့မှုများကို Bloggerများ သတင်းသမားများ၊ ပညာရှင်အပေါင်းတို့အား ကျွန်တော်၏ နှလုံးသားထဲတွင် ကဗ္ဗည်းမှတ်တိုင် တင်ထားခဲ့ပါပြီ။ အထူးလေးစား ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း … ထပ်ဆင့် ပြောကြားလိုပါသည်။
ယနေ့ ၁၂.၇.၂၀၁၀ (တနင်္လာ)နေ့ နံနက် (၈း၀၀) နာရီခန့်တွင် ကမာရွက်မြို့နယ်ရှိ နာရေး အိမ်တစ်အိမ်သို့ ကျွန်တော်တို့၏ အများပြည်သူတို့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဘ၀ တစ်ပါးသို့ ကူးပြောင်းသွားသော ဦးဘုန်းမြင့်၏ ရုပ်အလောင်းအား သွားရောက်သယ်ဆောင်မှုတွင် တိုက်၏ (၅) လွှာမှ ခဲရာခဲဆစ် သယ်ပိုး၍ နိဗ္ဗာန်ယာဉ်ပေါ်သို့ သယ်ဆောင်ကာ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ မောင်းနှင်၍ ရေဝေးအအေးခန်းသို့ ပို့ဆောင်ခဲ့ပါသည်။ ရုပ်အလောင်းများကို ယခုကဲ့သို့ အဆောက်အဦး တိုက်ခန်းအမြင့်များမှ သယ်ယူရာတွင် စင်ကာပူ နိုင်ငံရောက် မြန်မာလူမျိုး အလှူရှင်များမှ လှူဒါန်းထားသော လူသေအလောင်းထည့်သည့် အထူးပြု လုပ်ထားသော အိတ်ဖြင့် အသုံးချကာ စနစ်ကျစွာ သယ်ယူခဲ့ကြသည်။ ယခင်ကဆိုလျှင် ပုဆိုးဖြင့် ထုတ်ပိုး၍၄င်း၊ အိပ်ယာခင်းဖြင့် လုံးပတ်၍၄င်း သယ်ချမှုတို့ကို ပြုလုပ်ရသည်။ ထုတ်ပိုးထားသော ပုဆိုးမှာ ရိရွဲနေပါက မတွေးသင့်ပေ။ ယခုကဲ့သို့ အများပြည်သူတို့ကို ပေးဆပ်မှုလုပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)အား အများပြည်သူတို့မှ လှူဒါန်းထားသော အလှူငွေ၊ လုပ်ငန်းခွင်သုံး ပစ္စည်းအသုံးအဆောင်များဖြင့် အသုံးပြုပေးဆပ်မှုတို့သည် (သုံးဦး သုံးဖလှယ်) အကျိုးများ ကုသိုလ်ပွား စေတော့သည်။
ထို့ပြင် ယနေ့ ၁၂.၇.၂၀၁၀ (တနင်္လာ) နေ့ နံနက် (၁၀း၀၀) နာရီတွင် သာယာဝတီမြို့နယ်ရှိ “ဂုဏ်မင်းမြောင် နာရေးကူညီမှုအသင်း” မှ အသုံးပြုရန် လိုအပ်နေသော နာရေးပို့ဆောင်ရာတွင် အသုံးပြုသည့် အလောင်းသယ်ဆောင်ရန် စတီးဗန်းနှင့် အလူမီနီယမ် အုပ်ခေါင်းတို့ကို HIV/AIDS လူနာများအား ပြုစုစောင့်ရှောက်လျှက်ရှိသော မေတ္တာရှင် စေတနာရှင် မဖြူဖြူသင်းနှင့် နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသား ဦးကိုကိုဦး ထံမှတစ်ဆင့် လာရောက် အလှူခံခဲ့သည်။ ကျွန်တော်တို့ အသင်းတွင် ပိုလျှံနေသော အသစ်နီးပါး အခြေအနေရှိသော အလူမီနီယမ် အုပ်ခေါင်းနှင့် စတီးဗန်း တို့ကို မိမိတို့ ၀မ်းမြောက်စွာ ပေးလှူခဲ့ပါသည်။ နယ်မြို့များတွင် လိုအပ်မှုများ များစွာ ရှိပါသည်။ အလှူငွေ နည်းပါးမှုအပြင် လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် မွန်းကြပ်မှုများ ပြည့်လျှံ နေသည်။ သို့သော် လူမှုရေးသမား စစ်စစ်တို့မည်သည် မည်ကဲ့သို့ အခက်အခဲ အနှောက်အယှက် အတိုက်အခိုက် အဖျက်အဆီးများ ရှိစေကာမူ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ မရောက် ရောက်အောင်၊ လမ်းကြောင်းမျိုးစုံဖြင့် ကျော်ဖြတ်သွားရမည် ဖြစ်သည်။ ဆရာ မြသန်းတင့်၏ “ ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည့်သူများ ”သည် လူမှုရေးသမားစစ်စစ်တို့ကို ရည်ညွှန်းခဲ့လေ သလား ဟု ထင်မိသည်။ လူမှုရေးသမား အချင်းချင်း ရိုင်းပင်းကူညီမှု၊ အားပေးမှု၊ ပံ့ပိုးမှု၊ ကူညီဖေးမမှု တို့သည် လူပီသသော လူ့ကျင့်ဝတ်ပင်ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့သည် အများပြည်သူအတွက် ကူညီပံ့ပိုး ဖေးမမှုတို့ လုပ်ဆောင်ရန် အများပြည်သူမှ လှူဒါန်းထားသော ငွေကြေးအလှူငွေဖြင့် တည်ဆောက်ထားသော လူမှုရေး အသုံး အဆောင်ပစ္စည်းများကို မိမိတို့ ကဲ့သို့ စစ်မှန်သော လူမှုရေးအသင်းအဖွဲ့များ၊ လူမှုရေးသမားများကို ထပ်ဆင့် ရိုင်းပင်းကူညီမှုတို့ဖြင့် “သုံးချောင်းထောက် ကုသိုလ်ပွဲ”များကို ဆင်နွှဲခဲ့ရခြင်း ဖြစ်သည်။
ယင်းကဲ့သို့ “သုံးချောင်းထောက် ကုသိုလ်ယူပွဲ” များကို နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ဧရာဝတီတိုင်းဖက်ရှိ ရပ်ရွာ ဒေသများတွင်လည်း ပေးဆပ်ခဲ့ပါသည်။ ရေလမ်းခရီးဖြင့် ပို့ဆောင်ရသော နာရေးကိစ္စရပ်များတွင် ယခင်က ဧရာဝတီတိုင်းဖက်တွင် လှေငယ်ဖြင့် ရုပ်အလောင်းအား တင်ဆောင် ကာ လှေငယ်၏ရှေ့မှ စက်တပ်မော်တော်ရေယာဉ်နှင့် တွဲကာ ပို့ဆောင်ရသည်။ အခန့်မသင့်၍ လေပြင်းလာခြင်း၊ လှိုင်းထန်လာခြင်းတို့ ဖြစ်ပေါ်လာပါက လှေငယ်လူးလွန့်ကာ တင်ဆောင်လာသော ရုပ်အလောင်းပါ ရေထဲပြုတ်ကျ လှေငယ်ပါ တိမ်းမှောက်ခြင်းတို့ ကြုံတွေ့ရသည်။ ထို့ကြောင့် ကျွန်တော် တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့ လှူဒါန်းမှုပြုထားသော အလှူငွေကို ချင့်ချိန် ကာ “နိဗ္ဗာန်ရေယာဉ်” ဟု ခေါ်ဆိုကြသော စက်တပ်ရေယာဉ် (မော်တော်ဘုတ်)ကို လှူဒါန်းမှု ပြုခဲ့သည်။ ထိုအခါ အသုဘ ပို့ဆောင်သူများပါ ဤနိဗ္ဗာန်ရေယာဉ်နှင့် အတူတကွ အသုဘရှုရင်း သုဿန်သို့ လိုက်ပါခွင့်ရခဲ့သည့်အတွက် များစွာအကျိုးထူးလှသည်။
ထို့ကဲ့သို့ အချို့ဒေသများတွင် နာရေးပို့ဆောင်မှုတွင် ထမ်းမ၍ သက်ဆိုင်ရာ သုဿန်သို့ ပို့ဆောင်များရှိသဖြင့် နာရေးအိမ်နှင့် သုဿန်တို့သည် ဝေးကွာလှပါက သယ်ပိုးကြရသော သူတို့အတွက်များစွာ ပင်ပန်းဆင်းရဲ ဒုက္ခရောက်လှသည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရန် လွယ်ကူ ချောမွတ်စေရန် “ သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားသင့်သည် ” ဟူသော ဆောင်ပုဒ်အတိုင်း လက်တွန်လှည်း နိဗ္ဗာန်ယာဉ်၊ ထော်လာဂျီ နိဗ္ဗာန်ယာဉ် စသဖြင့် လှူဒါန်းမှုများကို နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနှင့် “သုံးချောင်းထောက် ကုသိုလ်ယူပွဲ” များကို ဆင်နွှဲ ခဲ့ကြသည်။
ထို့ပြင် ကျွန်တော်တို့၏ မြို့ကြီးပြကြီးဖြစ်သော ရန်ကုန်မြို့ရှိ ရန်ကုန်စည်ပင်သာယာပိုင် ရေဝေးသုဿန်တွင် အသုံးပြုရန် လိုအပ်နေသော လူသေ ရုပ်အလောင်းများကို အအေးခန်းမှ ထုတ်ခြင်း၊ နိဗ္ဗာန်ယာဉ်ပေါ်မှ မီးသင်္ဂြိုလ်စက်သို့ ပို့ရာတွင် အသုံးပြုသည့် စတီးတွန်းလှည်းများကိုလည်း ကျွန်တော်များ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပေးလှူခဲ့သည်များလည်း ရှိသည်။
၎င်းအပြင် နိဗ္ဗာန်ယာဉ် (မော်တော်ကား) များနှင့်ပတ်သက်၍ မန္တလေးမြို့ ဗြဟ္မစိုရ်နာမှု ကူညီရေးအသင်းသို့ ကာဒီးလက် ဂျပန်နိုင်ငံသုံး နိဗ္ဗာန်ယာဉ်နှင့် မော်လမြိုင်မြို့ တောင်ပေါ် လမ်းလျှောက် နာရေးကူညီမှုအသင်းသို့ ဂျပန်နိုင်ငံသုံး နိဗ္ဗာန်ယာဉ်တို့အား မော်တော်ကား အလှူရှင် ဂျပန်နိုင်ငံနေ ကိုဗညား၏ အားပေးမှုနှင့် မိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တစ်ဆင့် ဂျပန်နိုင်ငံမှ မြန်မာပြည်သို့ သယ်ပို့စရိတ်မှအပ အခမဲ့နီးပါး လှူဒါန်းခဲ့ပါသည်။ ထို့ပြင် ဟုမ္ပလင်း၊ ခရမ်း၊ ငါးသိုင်းချောင်း၊ ရွှေပြည်သာ စသည့်မြို့နယ်များသို့လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသုံးပြု ပြီး၊ အသုံးပြုဆဲ နိဗ္ဗာန်ယာဉ်များကို ထပ်ဆင့်လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။
ဤကဲ့သို့ အများပြည်သူတို့အတွက် … အများပြည်သူမှ လှူဒါန်းမှုတို့ကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ထပ်ဆင့် ဆင့်ပွားလှူဒါန်းမှုများကို သုံးချောင်းထောက် မြတ်ဒါန … သုံးချောင်းထောက် ကုသိုလ်ယူပွဲအတွက် ရရှိခဲ့သော ကုသိုလ်ကောင်းမှုများကို (၃၁) ဘုံတွင် ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ ပုဂ္ဂိုလ်သတ္တ၀ါ အသီးသီးတို့အတွက် အမျှ . . . အမျှ . . . အမျှ ပေးဝေငှပါကုန်၏။
အမျှ ခေါ်ဆို ပေးဝေငှမှုတို့ကို စင်္ကြ၀ဠာတစ်ခွင်လုံး၊ တစ်ကမ္ဘာလုံး၊ တစ်တိုင်းပြည်လုံး သောင်းထိုက်က ကြားစေသား . . . . . ဟု ။
ကျော်သူ
0 ပေါ် ပြူလာဂျာနယ် တကယ်ကိုထုတ်ဝေခွင့်မရ
၁၃.၇.၂၀၁၀ အင်္ဂါနေ့မှာ အပါတ်စဉ်ထွက်ရှိရမည့် ပေါ်ပြူလာဂျာနယ်မှာ ယနေ့ တနင်္လာ နေ့ညနေပိုင်းတွင် ဂျာနယ်ဖြန့်ချိရေးဈေးကွက်တွင်းသို့ ရောက်ရှိလာခြင်းမရှိသည့်အတွက် ထိုသတင်းနှင့်ပတ်သက်ပြီးသွားရောက်မေးမြန်းခဲ့ရာ ပေါ် ပြူလာဂျာနယ်ဖြန့်ချီရေးဌာနမှ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
( ကျွန်တော်တို့ဂျာနယ်က အပိတ်ခံရတာမဟုတ်ပါဘူး။ အကြောင်းမညီမညွတ်တဲ့အတွက် ထုတ်ဝေမှု ခဏရပ်ဆိုင်းထားတာပါ။ ) ဟု ပေါ် ပြူလာဂျာနယ်ဖြန့်ချီရေးဌာနမှပြန်လည်ဖြေကြားခဲ့ပါတယ်။
သတင်းအရင်းအမြစ်အားသေချာစွာစုံစမ်းကြည့်သောအခါ စာပေစိစစ်ရေးမှ ပေါ် ပြူလာဂျာနယ် အားမိမိတို့ဘာသာအကြောင်းမညီညွတ်သောကြောင့်ထုတ်ဝေခြင်းမပြုပါဟူသောဝန်ခံချက်စာ ကိုစာပေစိစစ်ရေးသို့ရေးသားတင်ပြခိုင်းကြောင်း၊
၉.၇.၂၀၁၀ နေ့ထုတ်ဝေသော BI WEEKLY ELEVEN ဂျာနယ်နှင့် ၁၁.၇.၂၀၁၀ ထုတ် MONITOR ဂျာနယ်တို့တွင် ( ပေါ် ပြူလာဂျာနယ်သည် မိန်းကလေး အဖော်၊အလန်ပုံများ ထည့်သွင်းဖော်ပြသည့်အတွက်စာပေစိစစ်ရေးမှ ရက်သတ္တပတ် ၂ ပတ်ခန့်ဂျာနယ်ထုတ်ဝေမှုရပ်ဆိုင်းထားကြောင်း ) ကိုရေးသားဖော်ပြခဲ့ကြပါသည်။
သို့သော်လည်း စာပေပရိသတ်များရဲ့ သုံးသပ်ချက်အသံများကို စုံစမ်းလေ့လာခဲ့ရာ ပေါ် ပြူလာဂျာနယ်တွင် ဖော်ပြခဲ့သော မိန်းကလေးမော်ဒယ်ပုံမှာ မြန်မာ့ယဉ်ကျေးမှုအရ များစွာထိခိုက်ခြင်းမရှိသော်လည်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံစာပေစိစစ်ရေး အသိုင်းအ၀ိုင်းနှင့် ပြေလည်ကြသော နိုင်ငံတကာသို့ အင်္ဂလိပ်ဘာသာဖြင့် လိမ်လည်ထုတ်ဝေနေသော နာမည်ကြီး MYANMAR TIME ဂျာနယ်မှ ထုတ်ဝေသော NOW ဂျာနယ်၊ မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေး မှ အတွင်းရေးမှုး ဦးကိုကို ဦးစီးထုတ်ဝေသော 8 Days ဂျာနယ် တို့တွင်ဖော်ပြထားသော မိန်းကလေးမော်ဒယ်များ၊ အမျိုးသမီးသရုပ်ဆောင်များ၏ အဖော်၊အချွတ်ပုံများမှာဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် အင်မတန်မှ ဆန့်ကျင်ပါကြောင်း စာပေပရိသတ်များက ဝေဖန်ပြောကြားနေကြပါသည်။
မြန်မာနိုင်ငံ၏စာပေလောကသည် " သူတော်အချင်းချင်း၊ သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့" ဆိုသကဲ့သို့ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းနှင့် သင့်မြတ်သော၊ နအဖ စစ်အစိုးရအား ဖော်လံဖားလုပ်ကြသော၊ စာပေစိစစ်ရေးနှင့် သင့်မြတ်ကြသော လက်တစ်ဆုပ်စာ စာပေပညာရှင်အမည်ခံလူယုတ်မာ အောက်တန်းစားတစုတို့၏ ထင်တိုင်းကြဲ မွှေနှောက်ဖျက်ဆီးခြင်းကို ခေါင်းငုံ့ ၍သာခံနေရပါကြောင်း အများပြည်သူများမှ ဆုံးဖြတ်သတ်မှတ်နေကြလေတော့သည်။
မာဃ၀ိဇ္ဇာ
0 G-talk သုံးရင်းရေနစ်ခဲ့သူ တစ်ဦးအကြောင်း
တစ်နေ့ ကျွန်တော်တို့ ရုံးခန်းကိုကျွန်တော့်သူငယ်ချင်းရဲ့ မိတ်ဆွေ အန်တီတစ်ယောက် ရောက်လာပါတယ်။ သူ့လက်ထဲမှာစာရွက်စာတမ်း တထပ်ကြီးကိုပါ ကိုင်ထားပါတယ်။ သူ့မျက်နှာကတော့သိပ်မကောင်းဘူး ခင်ဗျ။
သူက ကျွန်တော်တို့ကို နှုတ်ဆက်စကားပြောပြီး သူ့လက်ထဲက ပါလာတဲ့ စာရွက်တွေနဲ့ပတ်သက်တဲ့ အကြောင်းတစ်ခုကို ကျွန်တော်တို့ကို ပြောပြရင်း အကူအညီတောင်းလာပါတယ်။ သူပြောပြတဲ့ အကြောင်းအရာကို ကျွန်တော်အရင် တင်ပြပါ့မယ်။အားလုံးသိတဲ့ အတိုင်း ဒီကနေ့ မြန်မာနိုင်ငံမှာ ချက်တင် ယဉ်ကျေးမှုတော်တော်ခေတ်စားလာပါတယ်။
ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ချက်တင်ကိုသုံးစွဲကြပါတယ်။ အဲဒီအထဲမှာမှ မိန်းကလေး တစ်ယောက်ဟာ အားလုံးနည်းတူချက်တင်ကို နေ့စဉ်ဂရုတစိုက် သုံးစွဲပါတယ်။ သူ့ရဲ့ ချက်ဘောက်စ်သူငယ်ချင်းလစ် ထဲမှာ သူငယ်ချင်းပေါင်း မြောက်မြားစွာကို ထည့်ပြီးစကားပြောလေ့ရှိပါတယ်။ တစ်နေ့မှာ သူဟာ လူတစ်ယောက်နဲ့ ချက်တင်မှာသူငယ်ချင်းဖြစ်ပါတယ်။ အဲဒီလူက နယ်သာလန် ကလို့ သူ့ကိုယ်သူ ပြောပါတယ်။
ပထမပိုင်းမှာတော့ အဲဒီမိန်းကလေးကို သမရိုးကျ မိတ်ဆက်ပါတယ်။ သူ့အပေါ်မှာအထင်ကြီးအောင် စကားလှလှတွေကို ပြောပါတယ်။ ဒီလိုနဲ့ တစ်လနီးပါးကြာလာတဲ့အချိန်မှာ အဲဒီမိန်ကလေးကို လက်ထပ်ခွင့် ဒါရိုက်တောင်းပါတယ်။ မိန်းကလေးကသူမမှာ ချစ်သူရှိကြောင်း ပြောပါတယ်။ ဒါပေမယ့် အဲဒီလူက သူ့ကိုယူရင်နယ်သာလန်ကို ခေါ်မှာဖြစ်ကြောင်း၊ နိုင်ငံသားလည်း ရမှာဖြစ်ကြောင်းစည်းရုံးပါတယ်။ နောက်ပြီး အဲဒီမိန်းကလေးရဲ့ လက်ရှိချစ်သူကိုလည်းဖြတ်ဖို့တိုက်တွန်းပါတယ်။ မိန်းကလေးကလည်း ပြောရတော်တော်ခက်ပါတယ်။ အဲဒီလူတိုက်တွန်းပြီး နောက်နေ့မှာပဲ သူ့ချစ်သူကို ….အဲဒီမိန်းကလေးက ဖြတ်လိုက်ပါတယ်။ တဆက်တည်း အဲဒီလူရဲ့လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်ပါတယ်။ နယ်သာလန်က တော်တော်ဆွဲဆောင်မှုရှိပါတယ်။ အထင်ကြီးစရာ စကားတွေနဲ့ ဆွဲဆောင်ရင်းအဲဒီမိန်းကလေးကို အပျိုဟုတ်မဟုတ် မေးပါတယ်။ ကောင်မလေးကလည်းအပျိုဟုတ်ကြောင်း၊ ကျွန်မတို့ မြန်မာပြည်မှာ စုံတွဲတွေဟာ မင်္ဂလာမဆောင်ခင်ကျူးလွန်လေ့ မရှိကြောင်း ပြန်ရှင်းပြပါတယ်။ ဒီလိုနဲ့ အဲဒီလူက မိန်းကလေးကိုထိုင်းကို လာခဲ့ဖို့ ပြောပြီး သူ့မိတ်ဆွေ မိန်းကလေး တစ်ယောက်ရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်ကို ပေးပါတယ်။ ထိုင်းကို ရောက်ရင် အဲဒီမိတ်ဆွေက လာကြိုပြီးသူ့အိမ်မှာပဲ နေစရိတ်၊ စားစရိတ်ငြိမ်း နေထိုင်နိုင်ကြောင်း ပြောပါတယ်။
အဲဒီနောက်မှာမှ သူက နယ်သာလန်ကို လာဖို့ လေယာဉ်လတ်မှတ်နဲ့ဗီဇာကြေးပို့ပေးမှာ ဖြစ်ကြောင်း ထပ်ပြောပါတယ်။ အဲဒီ မိန်းကလေးကလည်း အဲဒီလူပြောသမျှစကားတွေကို ယုံပြီး ကိုယ့်စရိတ် ကိုယ်စိုက်ထုတ်၊ ထိုင်းကိုသွားလိုက်ပါတယ်။ သူသွားလိုက်တဲ့ နေ့က စလို့ အခုတစ်လကျော် ရှိသွားပါပြီ။အဲဒီမိန်းကလေးရဲ့ သတင်းအစအနမကြားရတော့ပါဘူး။ သူမသွားခင် သူ့မေးလ်အကောင့်ကို သူ့ညီမကို ပေးခဲ့ပါတယ်။ အခုသူ့မေးးလ်ကို ဖွင့်ကြည့်ရင်လည်းအဲဒီလူရဲ့ အကောင့်က မရှိတော့ပါဘူး။ သူတို့လည်း အခုမှယူကြုံးမရဖြစ်ရပါတယ်။ ဘာမှ လုပ်လို့မရတော့ပါဘူး။အစမှာ ပြောခဲ့တဲ့ အန်တီကိုင်ထားတဲ့ စာရွက်တွေဆိုတာ အဲဒီမိန်းကလေးနဲ့နယ်သာလန်က လူ စကားပြောခဲ့တဲ့ Gtalk အစအဆုံး ချက်စာရွက်တွေပါ။ အဲဒီလူရေးသားတဲ့ အင်္ဂလိပ်စာ အရေးအသားဟာ မြန်မာနိုင်ငံက မူလတန်းကလေးရဲ့အရေးအသားလောက်တောင် မရှိပါဘူး။ အဲဒါကိုတောင် အဲဒီမိန်းကလေးက နယ်သာလန်ကလို့ ပြောတာကို ယုံကြည်ခဲ့တယ် ဆိုတာ အံ့သြရပါတယ်။
ကျွန်တော်တို့စုံစမ်းကြည့်ရသလောက် အဲဒီ မိန်းကလေးဟာ ထိုင်းက လူပွဲစားတစ်ယောက်ရဲ့သွေးဆောင်ရောင်းစားခြင်းကို ခံလိုက်ရတာပါ။ စိတ်မကောင်းစရာပါ။ ကျွန်တော်ဒီပို့စ်ကိုတင်တာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ချက်တင် မမ တွေ
စဉ်းစားဆင်ခြင်နိုင်ဖို့ ဖြစ်ပါတယ်။ အားလုံး အလည် မလွန်ကြဖို့ဆုတောင်းလိုက်ပါတယ်။ လည်လွန်းတဲ့ ဘီးဟာ………………………။
အွန်လိုင်းကသူငယ်ချင်းတွေအတွက်ဒီမေးလ်လေးကိုဖတ်စေချင်လို့ပို့ပေးလိုက်ပါတယ်။ အင်တာနက်အသုံးပြုတာခေတ်စားလာတဲ့အလျှောက် အင်တာနက်နဲ့တွဲပြီး
Chatting ထိုင်ဖြစ်တတ်ကြတယ်။ နည်းပညာတွေရဲ့ ကောင်းကျိုးကြောင့်လူတွေအချင်းချင်း ဆက်သွယ်မှု ပိုကောင်းလာသလို တစ်ဆက်ထဲမှာပဲ နောက်ဆက်တွဲဆိုးကျိုးတွေလည်း တွဲပါလာတတ်တာ မကြာခဏပါပဲ။ ဒါကြောင့် အွန်လိုင်းပေါ်မှာတွေ့တိုင်းသူတိုင်းကိုတော့ သူငယ်ချင်းတို့ကို မယုံစေချင်ဘူး။ နောက်ပိုင်း
ရင်းနှီးသွားကြရင်တော့ တစ်မျိုးပေါ့။ သတိပြုတဲ့ သူငယ်ချင်းတွေရော..
သတိမပြုမိကြသေးတဲ့ သူငယ်ချင်းတွေရော ဖတ်စေချင်လို့ Forward မေးလေးကိုတင်ပေးလိုက်ပါတယ်
ပေးပို့သူ။ ။ စိုးသီဟ (မိုးသောက်ကြယ်)
Sunday, July 11, 2010
0 ရှေ့တန်းအတွက် နောက်တန်းက ပံ့ပိုးမှု
ရှေ့တန်းတွင် တူးသူက တူး၊ ဆောက်သူက ဆောက်၊ နောက်တန်းမှ ပံ့ပိုးသူက ပံ့ပိုး၊ ထောက်ပံ့သူက ထောက်ပံ့နှင့် တက်ကြွစွာဖြင့် အများပြည်သူအတွက် ပေးဆပ်လျှက် ရှိပါသည်။
သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ
0 စိတ်တွေကို သတ်ပစ်နေသော စနစ် အောက်.....
သွေးခဲသွားတဲ့ စနစ်
အလင်း ဆို့ ထားတဲ့ ခေတ်
အကျဉ်း ချ သတ်တဲ့ အဖြစ်
ကောင်းမြတ်ခြင်းကို မီးရှို့ သင်္ဂြလ် ခြင်း ......။
ဆုတောင်းမှားခဲ့ သလား သူ ငယ်ချင်း
လူ့ အဖြစ်ရခြင်းက မပွင့် လင်း
ဖက်ဆစ် အရိပ်ရဲ့ အောက်မှာ မင်း
လူ့ အညွန့် အတုံး ခံ မလား
အမှားတွေကို ပြင်ဆင်မလား
တရားတွေကို အမှောင်ချထား
အဲဒါတွေကို ......
မင်းနားလည်ရက်နဲ့ ငြိမ်နေမလား
အရှုံးတွေအလယ် ပျော်နေမလား
အဲဒီရဲ့ စနစ်အောက်......
အဲဒီ လက်တွေအောက်.....
သမိုင်းအစစ် အမြစ် လှန်ပစ် နေတဲ့ စနစ် ။
သံချေးတက် နေတဲ့ စကားသံ တွေ မြှင့် နေတဲ့ စနစ် ။
အက်ကြောင်းထပ်နေတဲ့ တွေ့ဆုံ ခြင်း တွေခြံရံထားတဲ့ စနစ်။
အသစ်ဖြစ်ခွင့် တွေ သော့ ခတ်ထားတဲ့ စနစ် ။
ဆုတောင်းမှားခဲ့ သလား သူ ငယ်ချင်း ....
လူ့ အဖြစ်ရခြင်းက မပွင့် လင်း .....
အာဏာရှင်စနစ်ရဲ့ အောက်မှာမင်း ...
လူ့ အညွန့် အတုံးခံမလား .....သူငယ်ချင်း
တရားတွေကို အမှောင်ချထား ......
အဲဒါတွေကို ......
မင်းနားလည်ရက်နဲ့ ငြိမ်နေမလား
အရှုံးတွေအလယ် ပျော်နေမလား
အဲဒီရဲ့ စနစ်အောက်......။
အဲဒီရဲ့ စနစ်အောက်......
အသစ်ဖြစ်ခွင့် တွေ သော့ ခတ်ထားတဲ့ စနစ်
သံချေးတက် နေတဲ့ စကားသံ တွေ မြှင့် နေတဲ့ စနစ်
သွေးခဲသွားတဲ့ စနစ်
အလင်း ဆို့ ထားတဲ့ ခေတ်
အကျဉ်း ချ သတ်တဲ့ အဖြစ်
ကောင်းမြတ်ခြင်းကို မီးရှို့ သင်္ဂြလ် ခြင်း ......
အဲဒီရဲ့ စနစ်အောက်......
အဲဒီရဲ့ စနစ်အောက်..
အဲဒီရဲ့ စနစ်အောက်.........
လူ့ အညွန့် အတုံးခံမလား .....သူငယ်ချင်း
ငြိမ်နေမလား .....
ငြိမ်နေမလား ......
ငြိမ်နေမလား ........
ဒါမှမဟုတ်
မင်းနားလည်ရက်နဲ့
အရှုံးတွေအလယ် ပျော်နေမလား ......
မင်းနားလည်ရက်နဲ့ ငြိမ်နေမလား
အရှုံးတွေအလယ် ပျော်နေမလား .......။
(Khit Nay)
ပေးပို့သော KhitNay (ကဗျာ)အားကျေးဇူးတင်ရှိပါသည်။
0 အသက်(၁၈)နှစ်မပြည့်သောသူများအားကလေးစစ်သားအဖြစ်နအဖမှ မတရားသိမ်းသွင်းထားခြင်းတိုင်ကြားစာနှင့်အထောက်အထားများ
ကလေးစစ်သားမောင်ကိုကိုဦး
တိုင်ကြားစာ
010002
ကလေးစစ်သား မင်းကိုသက်
ကလေးစစ်သားမောင်ဟိန်းမင်းသန့်
He in Mi Nth Ant
ပေးပို့သော ဦးအေးမြင့်(လမ်းပြကြယ်)အားကျေးဇူးတင်ရှိပါသည်။
0 The Voice Journal vol.6/No.34
Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.