Sunday, July 11, 2010

0 စိတ်တွေကို သတ်ပစ်နေသော စနစ် အောက်.....


သွေးခဲသွားတဲ့ စနစ်

အလင်း ဆို့ ထားတဲ့ ခေတ်

အကျဉ်း ချ သတ်တဲ့ အဖြစ်

ကောင်းမြတ်ခြင်းကို မီးရှို့ သင်္ဂြလ် ခြင်း ......။


ဆုတောင်းမှားခဲ့ သလား သူ ငယ်ချင်း

လူ့ အဖြစ်ရခြင်းက မပွင့် လင်း

ဖက်ဆစ် အရိပ်ရဲ့ အောက်မှာ မင်း

လူ့ အညွန့် အတုံး ခံ မလား

အမှားတွေကို ပြင်ဆင်မလား

တရားတွေကို အမှောင်ချထား

အဲဒါတွေကို ......

မင်းနားလည်ရက်နဲ့ ငြိမ်နေမလား

အရှုံးတွေအလယ် ပျော်နေမလား

အဲဒီရဲ့ စနစ်အောက်......

အဲဒီ လက်တွေအောက်.....

သမိုင်းအစစ် အမြစ် လှန်ပစ် နေတဲ့ စနစ် ။

သံချေးတက် နေတဲ့ စကားသံ တွေ မြှင့် နေတဲ့ စနစ် ။

အက်ကြောင်းထပ်နေတဲ့ တွေ့ဆုံ ခြင်း တွေခြံရံထားတဲ့ စနစ်။

အသစ်ဖြစ်ခွင့် တွေ သော့ ခတ်ထားတဲ့ စနစ် ။

ဆုတောင်းမှားခဲ့ သလား သူ ငယ်ချင်း ....

လူ့ အဖြစ်ရခြင်းက မပွင့် လင်း .....

အာဏာရှင်စနစ်ရဲ့ အောက်မှာမင်း ...

လူ့ အညွန့် အတုံးခံမလား .....သူငယ်ချင်း

တရားတွေကို အမှောင်ချထား ......

အဲဒါတွေကို ......

မင်းနားလည်ရက်နဲ့ ငြိမ်နေမလား

အရှုံးတွေအလယ် ပျော်နေမလား

အဲဒီရဲ့ စနစ်အောက်......။

အဲဒီရဲ့ စနစ်အောက်......

အသစ်ဖြစ်ခွင့် တွေ သော့ ခတ်ထားတဲ့ စနစ်

သံချေးတက် နေတဲ့ စကားသံ တွေ မြှင့် နေတဲ့ စနစ်

သွေးခဲသွားတဲ့ စနစ်

အလင်း ဆို့ ထားတဲ့ ခေတ်

အကျဉ်း ချ သတ်တဲ့ အဖြစ်

ကောင်းမြတ်ခြင်းကို မီးရှို့ သင်္ဂြလ် ခြင်း ......

အဲဒီရဲ့ စနစ်အောက်......

အဲဒီရဲ့ စနစ်အောက်..

အဲဒီရဲ့ စနစ်အောက်.........

လူ့ အညွန့် အတုံးခံမလား .....သူငယ်ချင်း

ငြိမ်နေမလား .....

ငြိမ်နေမလား ......

ငြိမ်နေမလား ........

ဒါမှမဟုတ်

မင်းနားလည်ရက်နဲ့

အရှုံးတွေအလယ် ပျော်နေမလား ......

မင်းနားလည်ရက်နဲ့ ငြိမ်နေမလား

အရှုံးတွေအလယ် ပျော်နေမလား .......။

(Khit Nay)

ပေးပို့သော KhitNay (ကဗျာ)အားကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.