Tuesday, July 13, 2010

0 ပေါ် ပြူလာဂျာနယ် တကယ်ကိုထုတ်ဝေခွင့်မရ


၁၃.၇.၂၀၁၀ အင်္ဂါနေ့မှာ အပါတ်စဉ်ထွက်ရှိရမည့် ပေါ်ပြူလာဂျာနယ်မှာ ယနေ့ တနင်္လာ နေ့ညနေပိုင်းတွင် ဂျာနယ်ဖြန့်ချိရေးဈေးကွက်တွင်းသို့ ရောက်ရှိလာခြင်းမရှိသည့်အတွက် ထိုသတင်းနှင့်ပတ်သက်ပြီးသွားရောက်မေးမြန်းခဲ့ရာ ပေါ် ပြူလာဂျာနယ်ဖြန့်ချီရေးဌာနမှ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

( ကျွန်တော်တို့ဂျာနယ်က အပိတ်ခံရတာမဟုတ်ပါဘူး။ အကြောင်းမညီမညွတ်တဲ့အတွက် ထုတ်ဝေမှု ခဏရပ်ဆိုင်းထားတာပါ။ ) ဟု ပေါ် ပြူလာဂျာနယ်ဖြန့်ချီရေးဌာနမှပြန်လည်ဖြေကြားခဲ့ပါတယ်။

သတင်းအရင်းအမြစ်အားသေချာစွာစုံစမ်းကြည့်သောအခါ စာပေစိစစ်ရေးမှ ပေါ် ပြူလာဂျာနယ် အားမိမိတို့ဘာသာအကြောင်းမညီညွတ်သောကြောင့်ထုတ်ဝေခြင်းမပြုပါဟူသောဝန်ခံချက်စာ ကိုစာပေစိစစ်ရေးသို့ရေးသားတင်ပြခိုင်းကြောင်း၊

၉.၇.၂၀၁၀ နေ့ထုတ်ဝေသော BI WEEKLY ELEVEN ဂျာနယ်နှင့် ၁၁.၇.၂၀၁၀ ထုတ် MONITOR ဂျာနယ်တို့တွင် ( ပေါ် ပြူလာဂျာနယ်သည် မိန်းကလေး အဖော်၊အလန်ပုံများ ထည့်သွင်းဖော်ပြသည့်အတွက်စာပေစိစစ်ရေးမှ ရက်သတ္တပတ် ၂ ပတ်ခန့်ဂျာနယ်ထုတ်ဝေမှုရပ်ဆိုင်းထားကြောင်း ) ကိုရေးသားဖော်ပြခဲ့ကြပါသည်။

သို့သော်လည်း စာပေပရိသတ်များရဲ့ သုံးသပ်ချက်အသံများကို စုံစမ်းလေ့လာခဲ့ရာ ပေါ် ပြူလာဂျာနယ်တွင် ဖော်ပြခဲ့သော မိန်းကလေးမော်ဒယ်ပုံမှာ မြန်မာ့ယဉ်ကျေးမှုအရ များစွာထိခိုက်ခြင်းမရှိသော်လည်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံစာပေစိစစ်ရေး အသိုင်းအ၀ိုင်းနှင့် ပြေလည်ကြသော နိုင်ငံတကာသို့ အင်္ဂလိပ်ဘာသာဖြင့် လိမ်လည်ထုတ်ဝေနေသော နာမည်ကြီး MYANMAR TIME ဂျာနယ်မှ ထုတ်ဝေသော NOW ဂျာနယ်၊ မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေး မှ အတွင်းရေးမှုး ဦးကိုကို ဦးစီးထုတ်ဝေသော 8 Days ဂျာနယ် တို့တွင်ဖော်ပြထားသော မိန်းကလေးမော်ဒယ်များ၊ အမျိုးသမီးသရုပ်ဆောင်များ၏ အဖော်၊အချွတ်ပုံများမှာဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် အင်မတန်မှ ဆန့်ကျင်ပါကြောင်း စာပေပရိသတ်များက ဝေဖန်ပြောကြားနေကြပါသည်။

မြန်မာနိုင်ငံ၏စာပေလောကသည် " သူတော်အချင်းချင်း၊ သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့" ဆိုသကဲ့သို့ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းနှင့် သင့်မြတ်သော၊ နအဖ စစ်အစိုးရအား ဖော်လံဖားလုပ်ကြသော၊ စာပေစိစစ်ရေးနှင့် သင့်မြတ်ကြသော လက်တစ်ဆုပ်စာ စာပေပညာရှင်အမည်ခံလူယုတ်မာ အောက်တန်းစားတစုတို့၏ ထင်တိုင်းကြဲ မွှေနှောက်ဖျက်ဆီးခြင်းကို ခေါင်းငုံ့ ၍သာခံနေရပါကြောင်း အများပြည်သူများမှ ဆုံးဖြတ်သတ်မှတ်နေကြလေတော့သည်။

မာဃ၀ိဇ္ဇာ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.