Tuesday, July 13, 2010

1 သာသနာပြု ကုသိုလ်အလှူ


အင်းလေးဖောင်တော်ဦး ဆရာတော်ကြီး၊ ရေသာကျောင်း ဆရာတော်၊ အင်းခြံကျောင်း ဆရာတော်နှင့် ရွာမနန်းပန် ဆရာတော်များ ပါဝင်သော ရှမ်းပြည်နယ် အင်းလေးဒေသတွင် သာသနာ ပြုနေကြသော ဆရာတော်ကြီး (၄၁) ပါးတို့သည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်အနီး အင်းလေး ဓမ္မာရုံအဆောက်အဦး ပြန်လည်ပြုပြင် ပြီးစီးခြင်း ရေစက်သွန်းချပွဲနှင့် ရန်ကုန်မြို့သို့ ရောက်ရှိနေကြသော အင်းသူ/သားများ၏ ၀ါဆိုသင်္ကန်းကပ်လှူပွဲသို့ ကြွရောက်ခဲ့ရာ အခမ်းအနားကို ၁၁.၇.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် အောင်မြင်စွာပြီးစီး ကျင်းပပြီးသည့်နောက် ၁၂.၇.၂၀၁၀ (တနင်္လာ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ကြွရောက်ကြပြီး ဆေးဝါး စစ်ဆေးကုသခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။ ဥက္ကဌ ဦးကျော်သူ၊ အသင်းသား ဦးသန်းစိန်နှင့် အသင်းသူ/သားများက ဦးခိုက်ကြိုဆိုကြကာ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးအုန်းမြင့်နှင့် သူနာပြု ဆရာမများက နွေးထွေးစွာ ဆီး၊ သွေး စစ်ဆေးပေးခြင်း၊ E.C.G ရိုက်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဓါတ်မှန်ရိုက်ပေးခြင်းနှင့် မျက်စိစစ်ဆေးခြင်း (ရေတိမ်ရှိ/မရှိ) တို့ကို ပြုလုပ်ပေးကာ လိုအပ်သော ဆေးဝါးများကို ကုသိုလ်ဖြစ် လှူဒါန်းကုသ ပေးခဲ့ကြပါသည်။

ဗုဒ္ဓ၏ သားတော်များဖြစ်ကြသော ဆရာတော်၊ သံဃာတော်များ၏ သာသနာပြု လုပ်ငန်းကို ကိုယ်စိတ်နှလုံး ကျန်းမာစွာဖြင့် တိုးတက်အောင်မြင်စေလိုသော ဆန္ဒဖြင့် ရည်သန်ကာ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းမှ ယခုကဲ့သို့ မြတ်ဗုဒ္ဓအလိုကျ ဇီဝိတဒါန ဆေးဝါးကုသပေး ခြင်းသည် သာသနာပြုကုသိုလ် အထောက်အပံ့ ဖြစ်စေတော့သည်။

1 comment:

  1. ရန်ကုန်ကလေးဆေးရုံကြီးမှာမမြတ်နိုးဝေဆိုတဲ့ ကလေး A သွေးအရေးပေါ်လိုအပ်နေပါတယ်။ဒီနေ့ ညနေခြောက်နာရီအရောက်အချိန်မီသွားလှူပေးစေချင်ပါတယ်။ရန်ကုန်ကလေးဆေးရုံကြီးဖုန်းက 01222807 Ext 404 ပါ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.