Saturday, October 1, 2011

0 ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေး အရှုပ်အရှင်းပြဿနာဖြစ်


ဖုံးဖိမထားအတွင်းကျိတ်မဖြေရှင်းပဲ အများပြည်သူကို ရဲရဲဝံ့ဝံ့အသိပေးခဲ့တဲ့ဒီဗီဘီ

ပြည်ပမှာ အချို့ဟာ အဲယားကွန်းအခန်းထဲကနေ ဟမ်ဘာဂါစားပြီး တော်လှန်ရေးလုပ်နေပါတယ်လို့ စွတ်စွတ်စွဲစွဲပြောနေကြတာ တကယ်တော့ အတိုင်းအတာတစ်ရပ်အထိ မှန်တယ်ဆိုတဲ့ အထောက်အထား တစ်ချို့ထင်ထင်ရှားရှား ရှိလာနေပါပြီ။

ကမ္ဘာ့စေတနာရှင်များရဲ့ အလှူငွေနဲ့ ရပ်တည်ပြီး သတင်းနဲ့နည်ပညာကိုသုံးကာ မြန်မာပြည်ဒီမိုကရေစီရရှိရေး အတွက် အားသွန်ခွန်စိုက် လုံ့လပြုနေတဲ့ ဒီဗီဘီရဲ့ ၂၀၁၀ ခုနှစ် ငွေကြေးအသုံးအစွဲမှာ အမေရိကန်ဒေါ်လာ သုံးသိန်းခန့် (မြန်မာငွေ သိန်းသုံးထောင်နီးပါး) အလွဲသုံးစားမှု ရှိခဲ့တယ်ဆိုတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေက အလွဲသုံးစားလုပ်သူတွေကို ဒီဗီဘီအခြေစိုက်ရာ နော်ဝေးတရားရုံးကို တင်ပြီ တရားတဘောင်စွဲဆိုထားပါသတဲ့။

အဲဒီမှာ အလွဲသုံးစားလုပ်ခဲ့တာ ၂၀၁၀ တစ်နှစ်ပဲလား ရှေ့ဘယ်တုန်းကတည်းက လုပ်နေသလဲ စတဲ့ မေးခွန်းတွေ ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တကယ်ဆို ဒီကိစ္စဟာ အင်မတန်စက်ဆုတ်စရာကောင်းတဲ့ကိစ္စပါ၊ သူတော်စင်တစ်ယောက်လို နေရမယ်လို့ မပြောချင်ပေမဲ့ ယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေသူတွေဟာ ဒီလိုအခွင့်အရေးရတာနဲ့ ဖောက်ပြန်တာမျိုး မဖြစ်သင့်ပါဘူး၊ ဒါဟာ အင်မတန်ရွံရှာဖို့ကောင်းတဲ့ အချောင်သမားတွေရဲ့ လုပ်ရပ်ပါပဲ။ ဒေါ်လာသုံးသိန်းနဲ့ စစ်ဗိုလ်ကြီးတွေစားနေတဲ့ ဘီလီယံပေါင်းများစွာဟာ နိုင်းယှဉ်လို့မရပါဘူးဆိုပေမဲ့ သူတစ်ပါးကို ဖောက်ပြန်ပါတယ်လို့လက်ညိုးတွင်တွင်ထိုးနေသူဟာ ကိုယ်တိုင်က ဖောက်ပြန်မှု မြူမှုန်လောက်ပင် မရှိသင့်ပါဘူး၊ ဒီလိုမှမဟုတ်ရင် တစ်ကောင်စားနေတဲ့ အညစ်အကြေးကို မစားရလို့ ဘေးကနေ ဂူးဂဲလုပ်နေတဲ့ ခွေးတွေလိုဖြစ်သွားမှာပါ။

အဆိုးထဲက အကောင်းလို့ပြောရမှာတစ်ခုက ဒီမိုကရေစီအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဒီဗီဘီဟာ ရှက်စရာကောင်းတဲ့ ဒီကိစ္စကိုဖုံးဖိမထား အတွင်းကျိတ် မဖြေရှင်းပဲ အများပြည်သူကို ရဲရဲဝံ့ဝံ့အသိပေးတာဟာ အင်မတန်ကောင်းတဲ့ လုပ်ရပ်ပါပဲ၊ ဒီအတွက် လေးစားဂုဏ်ယူမိပါတယ်။

ချုပ်ပြောရရင် ဟိုလက်ညိုးထိုး ဒီလက်ညိုးထိုးပြီး သူတစ်ပါးကိုဝေဘန်စတမ်းဆိုရင် မြန်မာပြည် ဒီကနေ့အခြေအနေအထိ ဆိုက်သွားတာ ပြည်ပရောက် ကိုယ်တော်ကြီးတွေမှာလည်း အင်မတန်တာဝန်ရှိပါတယ်၊ တကယ်တန်းယုံကြည်ချက်ကြောင့် ရေခြားမြေခြားမှာ ရုန်းရင်းကန်ရင်း မြန်မာဒီမိုကရေစီရရှိရေး တက်စွမ်းသလောက် ကြိုးပမ်းနေကြသူတွေရှိသလို မြန်မာဒီမိုကရေစီအရေးကို မျောက်တစ်ကောင်လို သဘောထားပြီး မျောက်ပြဆန်တောင်းစားနေတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။ ဆိုးတာက တကယ်အလုပ်လုပ်သူတွေထက် အဲဒီမျောက်ပြဆန်တောင်စားသူတွေက လက်တံခြေတံ ပိုရှည်နေတာပဲ။

ဒီအချက်ကို ကောင်းကောင်းအသုံးပြုပြီး သုဘဒ္ဒါဦးကျော်ဆန်းက ဒေါ်လာစားတွေ ဒေါ်လာစားတွေလို တွင်တွင်သုံးပြီး သူရဲ့ မီဒီယာကိုမီဒီယာနဲ့တိုက်ဆိုတဲ့ စစ်ရေးအစီးအမံမှာ ထည့်သွင်းအသုံးပြုလိုက်တာ အတော်အောင်မြင်သွားတယ်လို့ ပြောရပါမယ်။ ပြည်တွင်းက မျိုးဆက်သစ်လူငယ်တွေရဲ့အမြင်မှာ ပြည်ပက အတိုက်အခံအဖွဲ့အစည်းတွေကို စားဖားကြီးတွေလို့ အမြင်စောင်းလာကြတဲ့ လေသံမျိုးတွေ ကြားလာနေရပါပြီ။

တကယ်တော့ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရတဲ့အဖြစ်မျိုးဆိုပေမဲ့ အဲဒီပုပ်တဲ့ကောင်က ကျန်တဲ့ကောင်တွေထက် ကြီးတာက ခက်ပါတယ်။

mokenlay(mmcp community)

0 မြ၀တီရုပ်မြင်သံကြားမှထုတ်လွှင့်သွားသော မြစ်ဆုံရေကာတာစီမံကိန်းအကြောင်း(ရုပ်/သံ)


ဝေဖန်သုံးသပ်နိုင်ရန်တင်ပြလိုက်ပါတယ်.

0 မြစ်ဆုံဆည်ရေကာတာစီမံကိန်း upstream ayeyawady Confluence Basin hydropower ကုမ္မဏီမှလွှင့်တင်ထားသောVideoဖိုင်များ


President U Thein Sein Inspected Myitsone Resettlement Village (Photo.http://www.uachc.com/)

မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့) --------ရပ်ဆိုင်းတာ မလိုချင်ပါဘူးဗျာ။ ဖျက်သိမ်းတာလိုချင်တာပါ၊ရပ်ဆိုင်းတယ်ဆိုတာ...အခွင့်သာရင်ခရီးဆက်ဦးမယ့်သဘောတွေပါနေတယ်။ ပြတ်ပြတ်သားသားဖျက်သိမ်းပေးပါ။တဆင့်ခြင်းဖျက်သိမ်းဘို့အကောင်ထည်ဖော်မယ်ဆိုရင် လည်း ကြိုဆိုပါတယ်။..ဖျက်သိမ်းပေးပါ....ကျွန်တော်တို့ အစဉ်တစိုက် ပြောဆိုခဲ့ကြတာ၊ ဧရာဝတီဆည်တွေကို ခေတ္တ ရပ်ဆိုင်းထားဖို့ မဟုတ်ပါဘူး။ လုံးဝဖျက်သိမ်းဖို့ပါ။
ရပ်ဆိုင်းထားစဉ် တရုပ်နိုင်ငံနဲ့ မိတ်ဝတ် မပျက်အောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဆိုတဲ့ စကားက ၊ တရုပ်ကိုမညှိနှိုင်းရသေးဘူး ။ တကယ်လို့ ညှိနှိုင်းတဲ့အခါ မပြေလည်ရင်ကော ၊ ဆက်လက်တည်ဆောက်မည်လော ။ ကျွန်တော်တို့ တောင်းဆိုနေတာက ညှိနှိုင်း၍ ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ လုံးဝဖျက်သိမ်းရေးဖြစ်သည်။
ယခုအစိုးရလက်ထက်မှာပဲ ရပ်ဆိုင်းထားမယ်ဆိုတော့ ခေတ္တခဏငြိမ်သွားအောင် မက်လုံးပေးလိုက်ခြင်းသက်သက်ဟုယူဆမိပါသည်။ ဆည်အားလုံးပြီးဆုံးရန် သတ်မှတ်ကာလသည် ၁၅ နှစ်ဖြစ်၍ ယခုအစိုးရသက်တမ်း ၅ နှစ်ကာလအတွင်း ဆည်ဆောက်လုပ်ရေးရပ်တန့်ထား ခြင်းသည် စီမံကိန်းတခုလုံးအတွက် ထိခိုက်နစ်နာမှုမရှိပါ။ ထို့ကြောင့် အော်ဟစ်သံများ ကို ခဏတာ ထိမ်းချုပ်လိုက်ခြင်းပင် ဖြစ်နိုင်ပါသည်။ နောက် ၅ နှစ်ကြာသောအခါ ယခု တက်ကြွစွာ ပြောဆိုနေသူများသည် အကြောင်းတစုံတရာကြောင့် ယခုလောက် ပြောနိုင်ကြမှာမဟုတ်တော့ပါဘူး။ လှုပ်ရှားသူများအနေဖြင့် သေချာပြန်လည်သုံးသပ်ကြစေချင်ပါသည်။
(Facebookမှ ဧရာဝတီတက်ကြွသူများ၏ အသံ)

ဆက်လက်ပြီး ချီဖွေရေအားလျှပ်စစ်စီမံကိန်းရေကာတာနဲ့ပတ်သက်ပြီးရိုက်ကူးထားတဲ့videoဖိုင်များကိုအောက်မှာဆက်လက်ကြည့်ရူနိုင်ပါတယ်..

0 မည်သူတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်သည်ကို အေအေပီပီမှ ထုတ်ပြန်၊


ရက်စွဲ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) မှ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခြင်းဖြင့်လည်းကောင်း လက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ (သို့) အားပေးထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ ပါဝင်သည်၊ ထောက်ပံ့ ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံထောင်အသီးသီး၊ ရဲဘက် စခန်းများနှင့် စစ်ကြောရေး စခန်းများတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော မည်သူကိုမဆို နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ပါသည်။ အေအေပီပီမှ ပြုစုထားသောစာရင်းတွင် ထည့်သွင်းဖော်ပြထားသော ဖမ်းဆီးခံရသူ တစ်ဦးချင်းသည် နိုင်ငံရေးနှင့်သက်ဆိုင်ပြီး အကျဉ်းချခံထားရသူများဖြစ်ကြပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့သည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများ ရှိသည်ဆိုခြင်းကို ငြင်းဆန်ခဲ့ကြပါသည်။ ထိုသို့ပင် လက်ရှိ ဦးသိန်းစိန်၏ အစိုးရသစ်သည်လည်း ငြင်းဆန်နေဆဲဖြစ်ပါသည်။ ထို့အတွက် မတရားသည့် အုပ်ချုပ်မှုအား ဆန့်ကျင်သူများသည် ရာဇ၀တ်ပုဒ်မများနှင့် မတရားစွဲဆိုကာ ရာဇဝတ်အကျဉ်းသားများအဖြစ် သတ်မှတ်ခံနေရပါသည်။ ဥပမာအားဖြင့် အာဏာပိုင်များသည် ၄င်းတို့အား ဆန့်ကျင်သော နိုင်ငံရေး လှုပ်ရှားသူများ၊ သတင်းထောက်များ၊ ကျောင်းသားများ၊ တိုင်းရင်းသားများနှင့် အလွှာအသီးသီးမှ ပြည်သူလူထုအား အခြေအမြစ်မရှိသော ရာဇဝတ်မှုများဖြင့် မတရားသက်သက် သိက္ခာချကာ တရားစွဲဆို ထောင်သွင်းအကျဉ်းချခဲ့ပါသည်။ ထို့အတွက် အေအေပီပီ မှ နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ရာတွင် ၄င်းတို့အားစွဲဆိုထားသော အမှုများထက် တစ်ဦးချင်းစီ၏ နိုင်ငံရေးလှုပ်ရှားများအပေါ် ခွဲခြားဆုံးဖြတ်ပါသည်။ ခြုံငုံပြောရမည်ဆိုလျှင် ၄င်းတို့မည်သည့်အတွက်ကြောင့် အဖမ်းခံရသည် အကျဉ်းချခံရသည်ဆိုသည့် နိုင်ငံရေးလှုပ်ရှားမှု နောက်ခံအား ဦးစားပေးဆုံးဖြတ်ပါသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်မှ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် မကြာခင် သင့်တော်သည့် အချိန်တွင် အကျဉ်းသားများအား လွှတ်ပေးရန်ရှိပါသည်ဟု ပြောကြားပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများလွတ်လာမည်ဟူသော သတင်းများ ပြန့်နှံ့လာပါသည်။ နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးအကျဉ်းသား စကားလုံးအား ထည့်သွင်းပြောဆိုသွားခြင်းမရှိသော်လည်း လက်ရှိဦးသိန်းစိန်အစိုးရမှ အုပ်ချုပ်သူများအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်မည်ဆိုလျှင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမည်ဖြစ်ပြီး ၄င်းတို့အပေါ်မတရားချမှတ်ထားသည့် ရာဇဝတ်မှု မှတ်တမ်းများကိုလည်း ပယ်ဖျက်ပေးရမည်ဖြစ်သည်။

အေအေပီပီ အနေဖြင့် မည်သည့်နိုင်ငံရေးအကျဉ်းသားကိုမဆို လွှတ်ပေးခြင်းအား ကြိုဆိုသော်လည်း လက်ရှိအစိုးရသည်လည်း ပြည်သူလူထု၏အခြေခံလူ့အခွင့်အရေးများနှင့် နိုင်ငံသားအခွင့်အရေးများအား အသိအမှတ်မပြုရုံမျှမက ထိုအခွင့်အရေးများအတွက် လုပ်ဆောင်သူများ၊ တောင်းဆိုသူများအား ဖမ်းဆီးကာ ရာဇဝတ်မှုများနှင့်စွဲဆို အကျဉ်းချနေဆဲဖြစ်သောကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သာမန် ပြည်သူလူထုသည် ဖမ်းဆီးခံရမည့်အရေး၊ အကျဉ်းချခံရမည့်အရေးများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ဦးသိန်းစိန်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်လက်ခံမှုကို ရယူလိုလျှင် အမှန်တကယ်စစ်မှန်သော နိုင်ငံရေးပြောင်းလဲမှုများအား ဖော်ဆောင်ကာ မကြာတော့မည့် အနာဂတ် ကာလတွင် စိတ်ရင်းစေတနာမှန်သည့် လွတ်ငြိမ်းချမ်းသာခွင့်အား ထုတ်ပြန်ရပါမည်။

မှတ်ချက် ။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးတို့အား အထောက်အကူဖြစ်စေရေးအတွက် အေအေပီပီအနေဖြင့် လက်နက်ကိုင် တော်လှန် ရေးတွင်ပါဝင်သူများနှင့် ရာဇ၀တ်ပုဒ်မများနှင့် တမင်သိက္ခာချ စွဲချက်တင်ခံရသူ နိုင်ငံရေး လှုပ်ရှားသူများ အားပေးကူညီများအား နိုင်ငံရေးအကျဉ်းသားများမဟုတ်ဟု ခွဲခြားသတ်မှတ်မည်မဟုတ်ပါ။ အေအေပီပီ အနေဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါဝင်ဆောင်ရွက်မှုကြောင့် ထောင် သွင်းအကျဉ်းချခံရသူများအားလုံးကို နိုင်ငံရေးအကျဉ်းသားများဟု သတ်မှတ်ပါသည်။


နိုင်ငံရေးအကျဉ်းသားများအား သိက္ခာချရာတွင် (သို့) နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းရာတွင် အသုံးများသည့် ဥပဒေများ

မှတ်ချက်။ ။ လက်လှမ်းမီသလောက်ပြုစုထားခြင်းဖြစ်ပါသည်။ ယခုဇယားထဲတွင်မပါသည့် ပုဒ်မျများနှင့် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများလည်းရှိနိုင်ပါသည်။
ဥပဒေ ပုဒ်မ စွဲဆိုချက်များ အမြင့်ဆုံးထောင်ဒဏ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၁၂၁၊ ၁၂၂(၁)၊ ၁၂၂(၂) နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်ခြင်း၊ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပြစ်ဒဏ်။ သေဒဏ် (သို့) တစ်သက် တစ်ကျွန်း ထောင်ဒဏ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၁၂၄၊ ၁၂၄(က)၊ ၁၂၄(ခ) နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးနှင့်ပတ်သက်၍ထိန်ချန်ထားခြင်း၊ အကြည်ညိုပျက်အောင်ပြုခြင်း၊ ပြည်ထောင်စု နိုင်ငံ၏ လုပ်ငန်းအဖွဲ့ကိုဖြစ်စေ၊ ပြည်ထောင်စုအဖွဲ့ဝင်၏ လုပ်ငန်း အဖွဲ့ကိုဖြစ်စေ အနိုင်အထက်ဖြိုဖျက်စေရန် နှိုးဆော်ခြင်း။ ထောင်ဒဏ် ၇ နှစ်၊ တစ်သက်တစ်ကျွန်း၊ ၃ နှစ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၁၄၃-၁၄၆ ဥပဒေနှင့်ဆန့်ကျင်သော စုဝေးခြင်းဆိုင်ရာ ပုဒ်မများ ထောင်ဒဏ် ၂ နှစ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၂၉၅၊ ၂၉၅(က) လူတစားကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားရန် အကြံဖြင့် ကိုးကွယ်ဝတ်ပြုသည့်နေရာကို ဖျက်ဆီးခြင်း သို့တည်းမဟုတ် ယုတ်ညံ့စေခြင်း။ ထောင်ဒဏ် ၂ နှစ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၅၀၅(ခ) အများပြည်သူ၏ အကျိုးပျက်စီးစေမှုကို ဖြစ်ပေါ်သော ဖေါ်ပြချက်။ ထောင်ဒဏ် ၂ နှစ်
၁၉၀၈ မတရားအသင်းအက်ဥပဒေ ၁၇(၁)၊ ၁၇(၂) မည်သည်မဆို မတရားအသင်း၏ အဖွဲ့ဝင်ဖြစ်လျှင် သို့တည်း မဟုတ် ယင်းအသင်း၏အစည်းအဝေး၌ပါဝင်ဆောင်ရွက်လျှင် သို့တည်းမဟုတ် ယင်းအသင်းအတွက် ဝင်ကြေးထည့်ဝင်၊ ရယူ၊ တောင်းခံလျှင် သို့တည်းမဟုတ် တနည်းနည်းဖြင့် ယင်းအသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီလျှင်။ ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ်
၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ၁၀(က)၊ ၁၀(ခ) နိုင်ငံတော်အချုပ်အခြာအာဏာနှင့် လုံခြုံရေးကိုထိပါးစေသူ မည်သူမဆိုကို တရားရုံးအမိန့်ချမှတ်ခြင်းမရှိပဲ နေအိမ် အကျယ်ချုပ် အဖြစ်ထိန်းသိမ်းထားခြင်း။ ၅ နှစ်၊ နောက်ပိုင်းထပ်တိုးနိုင်


၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ ၅(ဃ)၊ ၅(ခ)၊ ၅(ည) အများပြည်သူတို့အား (သို့) ပြည်သူတစ်စုအား အထိတ်တလန့် ဖြစ်စေရန်ကြံရွယ်၍ တစ်ခုခုလုပ်လျှင် (သို့) ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကိုပြုလျှင်- မမှန်ဟုသိလျှက်နှင့် (သို့) မမှန်ဟု ယုံကြည်လောက်အောင် အကြောင်းရှိလျှက်နှင့် မမှန် သတင်း လွှင့်ရန်ကြံရွယ်၍ တစ်ခုခုလုပ်လျှင် (သို့) ယင်းသို့ဖြစ်ရန် အကြောင်းရှိသောအမှုကိုပြုလျှင် ပြည်ထောင်စု၏ လုံခြုံရေးကို သော်လည်းကောင်း ငြိမ်ဝပ်ပိပြားမှုပြည်လည်ထူထောင်ရေးကို သော်လည်းကောင်း ထိခိုက်စေရန်အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ (သို့) ပြည်သူတစ်စု၏ ကိုယ်ကျင့် တရားကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဖေါက်လဲဖေါက်ပြန် ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခု လုပ်လျှင် (သို့) ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကိုပြုလျှင်- ထောင်ဒဏ်၇ နှစ်
၂၀၀၄ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)၊ ၃၃(ခ)၊ ၃၈ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာများကို အသုံးပြု၍ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသော အမှုပြုခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်သော သတင်းအချက်အလက် များ ပေးပို့ခြင်း၊ လက္ခံရယူခြင်း (သို့) ကြိုးပမ်းခြင်း၊ ထောင်ဒဏ် ၁၅ နှစ်
၁၉၈၈ အသင်းအပင်း ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ ၆/၈၈ ၅၊ ၆၊ ၇ ၁၉၈၈ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တရားဝင် မှတ်ပုံတင်ခြင်းမရှိသော အဖွဲ့အစည်းဖွဲ့စည်းခြင်း၊ မတည်မငြိမ် ဖြစ်စေခြင်း၊ အဖွဲ့အစည်းဝင်ဖြစ်ခြင်းတို့မှ တားမြစ်သောဥပဒေ။ ထောင်ဒဏ် ၅ နှစ်
၁၉၉၆ ခုနှစ် အမျိုးသားညီလာခံ အား နှောက်ယှက် ဖျက်ဆီးခြင်း မှ ကာကွယ်ဟန့်တားသည့် ဥပဒေ ၅/၉၆ ၃၊ ၄၊ ၅၊ ၆ အမျိုးသားညီလာခံကို နှောက်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ် ဟန့်တားသည့် ဥပဒေ။ ထောင်ဒဏ် ၂၀ နှစ်
၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ၁၇/၂၀ ပုံနှိပ်စာအုပ်စာတမ်းအားလုံး မဖြန့်ဝေခင် စာပေစီစစ်ရေးအဖွဲ့ကို တင်ပြရမည်။ ထောင်ဒဏ် ၇ နှစ်
၁၉၂၃ လျှို့ဝှက်လုပ်ငန်း ဥပဒေ ၃ ရန်သူကို အကျိုးဖြစ်စေသော သတင်းအချက်အလက်များကို ဖြန့်ဝေသူ မည်သူမဆို ထောင်ဒဏ် ၁၄ နှစ်
၁၉၉၆ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ ၃၂(ခ) စီစစ်ရေးမှ ခွင့်ပြုချက်မရဘဲ မိတ္တူကူးပွါးခြင်း၊ ဖြန့်ဖြူးခြင်း၊ ငှားရမ်းခြင်း နှင့် ပြသခြင်း စသည်တို့ကို ပြုလုပ်ခြင်း။ ထောင်ဒဏ် ၃ နှစ်
၁၉၄၇ခုနှစ် ပြည်သူလူထု ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်း သည့်အက်ဥပဒေ ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းခြင်းဆိုင်ရာများ ထောင်ဒဏ် ၅ နှစ်
၁၈၇၈ လက်နက် အက်ဥပဒေ လိုင်စင်မဲ့လက်နက်များ ထုတ်လုပ်ခြင်း၊ လက်ဝယ်ကိုင်ဆောင်၊ ရောင်းဝယ်၊ အသုံးပြုခြင်းဆိုင်ရာ ဥပဒေ ထောင်ဒဏ် ၇ နှစ်
၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်မှု အက်ဥပဒေ မြန်မာနိုင်ငံပြင်ပအပါအ၀င် ပြည်သူပိုင်ပစ္စည်းများအား ခွင့်ပြုချက် မရှိပဲ ရယူအသုံးပြုခြင်းနှင့်ဆိုင်ရာများ ထောင်ဒဏ် ၇ နှစ်
၁၉၃၁ ခုနှစ် ပုံနှိပ်လုပ်ငန်း၊ စာနယ်ဇင်းနှင့် ရေဒီယို ရုပ်မြင် သံကြား၊ သတင်းဌာန အက် ဥပဒေ(အရေးပေါ်အာဏာများ) ပုဒ်မ-၁၇ တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် သတင်းစာ၊ သတင်းလွှာများ တရားမ၀င်ပုံနှိပ်စက်အသုံးပြုကာ ထုတ်လုပ်ဖြန့်ဖြူးခြင်း ဆိုင်ရာများ ထောင်ဒဏ် ၆ လ
သွင်းကုန်ထုတ်ကုန်လုပ်ငန်း အက်ဥပဒေ ပုဒ်မ-၅(၁) ထုတ်ကုန်သွင်းကုန် အက်ဥပဒေမှ ကန့်သတ်ထားသည်များအား ရယူ၊ ကိုင်ဆောင် အသုံးပြုခြင်းဆိုင်ရာများ ထောင်ဒဏ် ၇ နှစ်


နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃


--
Thanks N Regards,
Assistant Association for Political Prisoners (Burma)
email: info@aappb.org
Office Ph: 66(၀)55-545495
Web: http://www.aappb.org/, http://www.fbppn.net/

0 မြစ်ဆုံအတွက် ရုပ်ရှင်မင်းသားကျော်သူ မုတ်ဆိတ် နှုတ်ခမ်းမွှေးရိပ်


၂၀၀၇ နောက်ပိုင်းထဲက မုတ်ဆိတ် နှုတ်ခမ်းမွှေး နောက် ဆံပင် အရှည်ကြီးနဲ့  တွေ့ နေရတဲ့ ဒါရိုက်တာ - ရုပ်ရှင်မင်းသား အကယ်ဒမီ ကျော်သူဟာ ဒီနေ့  စက်တင်ဘာ ၃၀ ရက်နေ့ မှာ အစိုးရအနေနဲ့  မြစ်ဆုံ ဆက်မဆောက်တော့ဘူးလို့  သိလိုက်ရတဲ့အတွက် သူ့ ရဲ့  နှုတ်ခမ်းမွှေး မုတ်ဆိတ်တွေကို ရိတ်လိုက်ပါပြီ ..

နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ပြီးသွားရင် ကျန်နေသေးတဲ့ ဆံပင်ကို ညှပ်ပါမယ်တဲ့ .... ဒါဟာ သူ့ ရဲ့  အဓိဌာန် ပါတဲ့..

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးမောင်က မုတ်ဆိတ် နှုတ်ခမ်းမွှေး နောက် ဆံပင် အရှည်ကြီးနဲ့  စတိုင် တမျိုးနဲ့  ကြည့်ကောင်းပေမယ့် -- ငယ်ငယ်ထဲက ကျော်သူဆိုတာ သပ်သပ်ရပ်ရပ်လေး - ရယ်လိုက်ရင် စွဲဆောင်မှုအပြည့်နဲ့ အပြုံးလေးတွေကြောင့် -- ဦးမောင်ရယ် သပ်သပ်ရပ်ရပ်လေး ပြန်နေပါ - အဖိုးကြီးလို မနေပါနဲ့ ဆိုပြီး ခဏခဏ နားပေးငြီးခဲ့ဖူးပါတယ်.. (မရွှေဇီးကွက်ကိုလဲ သမ္မတ က အဲ့လို အကြံပေးခဲ့ဖူးပါတယ်)

အရင်တပါတ်ကလဲ ဦးမောင်ရေ ရုပ်ရှင် ပြန်ရိုက်ရင် ရိုက်ရတော့မယ် -- အရင်လို ပြန် လှလှပပ သေသေသပ်သပ်လေး ပြန်နေထားဦး ဒါမှ ရုပ်ရှင်ရိုက်ရင် အဆင်သင့်ဖြစ်မှာ -- နောက်မို့ ဆို အဖေအခန်းကပဲ နေနေရမယ် --- ဘယ်သူဘယ်သူတွေနဲ့  မတွဲချင်ဘူးလားပေါ့ လို့ တောင် စခဲ့ပါသေးတယ်..

တကယ်က မုတ်ဆိတ်တွေနဲ့ ဆိုတော့ အရင် ကိုကျော်သူ ခေါ်နေကျကနေ ခေါ်မထွက်တော့ပဲ ဦးမောင် ပဲ ခေါ်ဖြစ်သွားတယ်လေ.. တကယ်ရုပ်ရှင်ပြန်ရိုက်ရရင်လဲ အဖေ အဖိုးအခန်းကပဲ ပြန်ပါရတော့မှာပေါ့.. ငယ်ငယ်ထဲကအသည်းစွဲ ရုပ်ရှင်မင်းသား ကျော်သူ ချောချောမောမော ကျော်သူအနေနဲ့  ပိတ်ကားပေါ် ပြန်မြင်ချင်သေးလို့  သွား ဂျီကျ နားငြီးပေးထားတာ...- လူတွေက ကျော်သူဆိုရင် ချစ်တယ် ဦးမောင်ဆိုရင် လေးစားတာလို့  -ဆိုင်မဆိုင်မသိ သွားပြောမိလိုက်သေး....

ဒီနေ့ ညနေကတော့ ဦးမောင်က နုတ်ခမ်းမွှေးနဲ့  မုတ်ဆိတ်တွေ ရိတ်လိုက်ပြီလို့  လာပြောလို့  ပျော်သွားလိုက်တာ.. ဘယ်ပုံကြိုက်လဲတဲ့... ပုံတွေလဲ ပို့ ပေးလာတယ် .. အားလုံးကြိုက်တယ် ဦးမောင်ရေ .... ဦးမောင်ရဲ့  ပရိသတ်တွေအတွက်လဲ ခွင့်မတောင်းပဲ ပြန်မျှဝေလိုက်မိပြီ...

နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်မှ ဆံပင်ညှပ်တော့မယ်.. အခုတော့ ယောင်ထုံးကျော်သူ အနေနဲ့  နေဦးမယ်ဆိုတဲ့ ဦးမောင် ယောင်ထုံးလဲ အမြန်ကျွတ်ပါစေ...

အမေ့ ၆၆ နှစ်ပြည့်မွေးနေ့ တုံးကလည်း အမေက ပြောတယ်တဲ့ - ကိုယ်က ဦးစီးဦးဆောင်လုပ်နေတဲ့သူ တယောက်အနေနဲ့  လူငယ်တွေ လိုက်မလုပ်သင့်တာတွေ ကိုယ်က မလုပ်ပြရဘူး.. စံပြနေသင့်တယ်ဆိုလို့  အမေ့စကားနားထောင်ရင်း အမေ့အတွက် မွေးနေ့ လက်ဆောင်အနေနဲ့  ဆေးလိပ်ဖြတ်လိုက်ပါတယ်.. Congratulations ပါ ဦးမောင်...

ငယ်ငယ်ထဲကချစ်ခဲ့ရတဲ့ မင်းသားကျော်သူကို ပိတ်ကားပေါ် အမြန်ပြန်ကြည့်ချင်ပါပြီ... မုတ်ဆိတ်တွေနဲ့ ဦးမောင်

Thida သီတာ Faebook

0 ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တွေ့ဆုံခြင်းအသံဖိုင်


Photo.AP
aung san suu kyi and u aung kyi by dawmanhon
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်၊ စိမ်းလဲ့ကန်သာတွင် တွေ့ဆုံခဲ့ကြပြီးနောက် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး သတင်းထောက်များ၏မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြရာ ယင်းအသံဖိုင်ကို မူရင်းအတိုင်းတင်ပေးလိုက်ပါသည်

0 ဒုတိယနိုင်ငံရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ ခရီးထွက်ခွာမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် နိုင်ငံရေးခရီးစဉ်အဖြစ် မန္တလေးမြို့သို့ ထွက်ခွာရန် ရွေးချယ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် မန္တလေးမြို့အား မိုးအကုန် ပွင့်လင်းရာသီအစတွင် ထွက်ခွာရန် ရှိကြောင်း ယင်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

"အခုကတော့ ခရီးထွက်ဖို့ လုံခြုံရေး အစီအစဉ်တွေပြင်ဆင် နေတုန်းပဲရှိပါသေးတယ်"ယင်းက ဆိုသည်။

နိုင်ငံရေးခရီးစဉ်အဖြစ် ထွက်ခွာရန်အတွက် လိုအပ်သည့် လုံခြုံရေးအစီအစဉ်များကို အာဏာပိုင်များနှင့်လည်း ညှိနှိုင်းတိုင်ပင်နေရကြောင်း သိရသည်။

မန္တလေးမြို့သည် သမိုင်းအစဉ်အလာကြီးမားသည့်အပြင် မြို့ခံလူထုသည်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အစဉ်အဆက် အားပေးခဲ့သည့်မြို့ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မန္တလေးမြို့သို့သွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လကလည်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်အပြီး ပထမဆုံး နိုင်ငံရေးခရီးစဉ် အဖြစ်ပဲခူးမြို့နှင့် သနပ်ပင်မြို့သို့ သွားရောက်ခဲ့ပြီး ပြည်သူလူထုသည် NLD ပါတီနှင့်အဆက်အသွယ် မပျက်ကြစေရန်နှင့်အစဉ်အဆက် ထောက်ခံကြပါရန် မိန့်ခွန်းပြောကြား ခဲ့သည်။

NLD ပါတီ ပြန်လည်မှတ်ပုံတင်မည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ခွာခြင်းသည် အစိုးရနှင့် သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ထားခြင်း၏ အကျိုးဆက်ဟု ခန့်မှန်းနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
( yangonchronicle 2011 သတင်းလွှာ “ဒုတိယနိုင်ငံရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ခရီးထွက်ခွာမည်” မှ ကူးယူဖော်ပြပါတယ် )

0 မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဖို့ သမ္မတကြေညာချက် ယုံမမှတ်၊ပုံမအပ်ကြနဲ့

၈၈၊၂၀၀၇၊ဒီပဲယင်းနဲ့ ခရစ္စတီးကျွန်း တာဝန်မကင်းတဲ့သူတွေ ပါတဲ့ အစိုးရအဖွဲ့ကြီးနော်။
ဒီလိုပြောလိုက်တာနဲ့ ဒီလိုပဲ လို့ ယုံလိုက်ရင် ကျနော်တို့မြန်မာတွေဟာ စစ်အာဏာရှင်စနစ်နဲ့ပဲတန်တဲ့ ဖွတ်မေ့၊ ပဒတ်မေ့ မေ့တတ်တဲ့သူတွေ ဖြစ်ကုန်လိမ့်မယ်။

Presedient Thein sein by dawmanhon
ခုမနက် ဖေ့စ်ဘွတ်ခ် ကို ဖွင့်ဖွင့်ချင်း ကျနော့်ကို ကြိုဆိုနေတဲ့ သတင်းက မြစ်ဆုံစီမံကိန်းကို မိမိတို့အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားမယ် ဆိုတဲ့ သမ္မတရဲ့သတင်း နဲ့ အဲဒီသတင်းကို ၀ိုင်းကြိုဆိုနေကြတဲ့ ကျနော့်မိတ်ဆွေများရဲ့ ပလူပျံအသံပါ။

ကျနော်ကတော့ အဲဒီသ၀ဏ်လွှာကို သေချာဖတ်ခွင့်မရသေးတဲ့အတွက် ဘာ ဆိုတာ ရေရေရာရာ မသိသေးပါဘူး။ သိရသလောက်နဲ့ဝေဖန်ရရင် မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းမယ် လို့ မသုံးထားဘူး။ မိမိတို့အစိုးရ...လက်ထက်မှာ ရပ်ဆိုင်းမယ် လို့ပဲသုံးထားတယ်။ နောက် မြစ်ဆုံစီမံကိန်းသာမက အဲဒီစီမံကိန်းမှာ ဆည်တွေ ခြောက်ခု လိုက် တသီတန်းကြီးဆောက်မယ် ဆိုတာ တရုတ်စီပီအိုင်က ဗီဒီယိုအခွေမှာ အတိအလင်းဖေါ်ပြထားတယ်။ မြစ်ဆုံတခုထဲ ရပ်လိုက်ရုံနဲ့လည်း ပြီးသွားမယ် မထင်ဘူး။ ခု ဟာ က ရပ်တယ်လို့လည်း မပြောဘူး။ ဒီ ငါးနှစ်သက်တမ်းလေးမှာပဲ ဒီတင်္ဂလေးမှာပဲ ရပ်ဆိုင်းမယ် ပြောတာ။

ကျနော့်ကို သံသယများတယ် ပြောလည်း ဟုတ်ပါတယ်၊ နှစ် ၅၀ စာ သံသယ ရှိပါတယ် လို့ အတိအလင်း ၀န်ခံပြီးပြီ။ ခုလေးပဲသတင်းတပုဒ်မှာ ကိုအော်ပီကျယ်ရဲ့ဟောပြောပွဲကို အကြောင်းပြချက်မရှိ အကန့် အသတ်မရှိ ရွှေ့ဆိုင်းထားတယ် ဆိုတာပါလာပြန်တယ်။

မိတ်ဆွေတို့ရေ..
တက်လွယ်၊ ကျလွယ်၊ ယုံလွယ်လွန်းတာလည်း မကောင်းဘူး။
အဲဒီလိုပဲ သံသယ ထားနေရတာကိုကလည်း မကောင်းပါဘူး။

အဲဒီ သမ္မတရဲ့ သ၀ဏ်လွှာမတိုင်မီကတည်းက မြစ်ဆုံဆည်ကို အကြောင်းတစုံတရာကြောင့် ရွှေ့ဆိုင်းတော့မယ် ဆိုတာ ကိုဗမာ့သွေးရဲ့ သတင်းဝေဖန်ချက်မှာ ကျနော်ကြိုရေးခဲ့ပါတယ်။ ကျနော့်ကို အနယ်နယ် အရပ်ရပ်က မိတ်ဆွေတွေ ပေးပို့ကြတဲ့ စာတွေက တဆင့် ဒီသတင်းကို ကြိုသိရလို့ ရေးခဲ့တာပါ။ ကျနော်လည်း ဘာအရည်အချင်း ဘာအကြားအမြင်ကိုမှ ရလို့ ဒီလိုကြိုရေးနိုင်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီကတည်းက ကျနော်ထောက်ပြခဲ့တယ်။ မြစ်ဆုံဆည်ဟာ ပြည်သူလူထု ရဲ့ကျယ်ကျယ်လောင်လောင် အော်သံတွေကြောင့် သူတို့နောက်ဆုတ်လိမ့်မယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ အတိုက်အခံနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေက ကန့်ကွက်တဲ့အဆိုကို တင်တော့လက်မခံဘူး။ ကြံ့ဖွံ့က သူတို့ဖါသာ နာမည်ကောင်းရယူသွားမယ်ထင်တယ် လို့ ရေးခဲ့တယ်။

ခုတော့ ပိုတောင်လှလှပပ သမ္မတ သ၀ဏ်လွှာနဲ့ ရုတ်သိမ်းခဲ့တယ်။
သမ္မတရဲ့ သ၀ဏ်လွှာနဲ့ပါတ်သက်လို့ ကျနော် ဒီလို တုန့်ပြန်ချင်ပါတယ်။

၁။ သမ္မတရဲ့ သ၀ဏ်လွှာကို ချွင်းချက်မရှိ ကြိုဆိုပါတယ်။ သမ္မတရဲ့ သ၀ဏ်လွှာအတိုင်း အစိုးရနဲ့လွှတ်တော်က လိုက်နာကြမယ်လို့မျှော်လင့်ပါတယ်။
တဆက်တည်း မြစ်ဆုံဆည်သာမက၊ အဲဒီဧရာဝတီနဲ့မေခ၊ မလိခ မြစ်တွေပေါ်က ဆည်တွေအားလုံးကို ပါ ရပ်ဆိုင်းပေးဖို့၊ အချိန်ကာလတခုသာမက၊ အကြွင်းမဲ့ အဲဒီစီမံကိန်းတွေကို ဖျက်သိမ်းပေးဖို့ မေတ္တာရပ်ခံတောင်းဆိုပါရစေ။

၂။ ဧရာဝတီမြစ်ဆုံစီမံကိန်း ကို ကိုင်တွယ်ဖြေရှင်းပေးသလို၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းဆိုပါရစေ။

၃။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းပြီး နိုင်ငံရေးနည်းနဲ့ငြိမ်းချမ်းရေးကို တည်ဆောက်ဖြေရှင်းပေးပါ လို့ မေတ္တာရပ်ခံတောင်းဆိုပါရစေ။

မိတ်ဆွေတွေကို လည်း တခုလေး သတိပေးနှိုးဆော်ရေးသားချင်တာက လက်ရှိအစိုးရဟာ စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းဖို့နဲ့ အာဆီယံဥက္ကဋ္ဌဖြစ်ဖို့ ဖုတ်ပူမီးတိုက်ကို ဖြစ်နေတယ်။
ဒီတော့ ဒီအချိန်မှာ သူတို့ဒီလိုပဲ တုန့်ပြန်ဆက်ဆံမှာပဲ။

ဒီလိုကလေး “လေ” သက်သက်နဲ့ပဲ တုန့်ပြန်ရသေးတယ်၊ ချက်ခြင်းလက်ငင်း ယုံမမှတ်၊ပုံမအပ်ကြနဲ့ဦးဗျ။ အဲဒီအစိုးရ၀န်ကြီးအဖွဲ့ထဲ ခင်ဗျားတို့မသိတဲ့ လူ ဘယ်နှယောက်များ ပါလို့လဲ။ ဒီမျက်နှာတွေနဲ့ပဲ ဘယ်လိုတွေပြောခဲ့၊ ဆိုခဲ့၊ လုပ်ခဲ့၊ ကိုင်ခဲ့တယ် ဆိုတာ အထွေအထူးပြောစရာတောင်မလိုဘူး။
၈၈၊၂၀၀၇၊ဒီပဲယင်းနဲ့ ခရစ္စတီးကျွန်း တာဝန်မကင်းတဲ့သူတွေ ပါတဲ့ အစိုးရအဖွဲ့ကြီးနော်။
ဒီလိုပြောလိုက်တာနဲ့ ဒီလိုပဲ လို့ ယုံလိုက်ရင် ကျနော်တို့မြန်မာတွေဟာ စစ်အာဏာရှင်စနစ်နဲ့ပဲတန်တဲ့ ဖွတ်မေ့၊ ပဒတ်မေ့ မေ့တတ်တဲ့သူတွေ ဖြစ်ကုန်လိမ့်မယ်။

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းထဲက လို ကျနော်တို့ တက်ထောင်မိမှာ စိုးရိမ်ပါတယ်။

ချိုတူးဇော်

0 သမ္မတကြီးသို့ အိတ်ဖွင့်ပေးစာ ( ၂ )


မင်္ဂလာပါ သမ္မတကြီး........

ကောင်းမွန်သော လုပ်ဆောင်ချက်ကို တွေ့ရင် ချီးကြူးပြောဆို ၊ မှားယွင်းတဲ့ လုပ်ဆောင်ချက်ကို မြင်ရင် ဆန့်ကျင် ကန့်ကွက် ပါလို့ ကြားနာ မှတ်သားခဲ့ဘူးလို့ ဧရာဝတီ မြစ်ဆုံဆည်ကိစ္စ ကျေးဇူးတင်ကြောင်း ဦးစွာ ပထမ ပြောကြားပါရစေ ခင်ဗျာ ။ ပျော်ရွှင်စရာတွေ သိပ်ကို ရှားပါးတဲ့ကျနော်တို့ တိုင်းပြည်မှာ ကိုယ့်တိုင်းပြည်က ပိုင်တဲ့ပစ္စည်း တိုင်းတပါးမရောက်တာကိုဘဲ ထီပေါက်သလို ၀မ်းသာနေကြတဲ့ ပြည်သူလူထုကို ကြည့်ပြီး ကျနော်လည်း ၀မ်းသာပျော်ရွှင်မိပါတယ် ခင်ဗျာ ။

အခုလိုမျိုး ပြည်သူလူထု အသံကို နားဆင်ကာ ပြည်သူလူထု သဘောထားနဲ့ တသားတည်း ရပ်တည်ပေးသွားမယ် ဆိုရင် ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ် လှပလာမှာ အသေအချာပါဘဲ ဆိုတာ ပြည်သူလူထုက ယုံကြည်ထားသလို အစိုးရ အသစ်ကြီးကလည်း ယုံကြည်ထားစေချင်ပါတယ် ။

ကျနော်တို့ တတွေ ပျော်ရွှင်နေကြချိန်မှာ အကျဉ်းထောင်ထဲမှာ ဒုက္ခခံစားနေရတဲ့ ကျနော်တို့ရဲ့ သူရဲကောင်းတွေ ဘယ်လို နေမလည်း တွေးမိပြန်တော့ မျက်ရည်ဝဲမိ ပြန်ပါတယ် ။ ခင်ပွန်းနဲ့ ဇနီးသည် ပြန်အလာကို မှန်းဆနေကြသူတွေ ၊ သူတို့ သားသမီးတွေ အိမ် အပြန်ကို တမ်းတနေကြတဲ့ မိဘတွေ ၊ မိဘတွေ ရင်ခွင်ထဲ ပြေးဝင်ပြီး ပျော်ရွှင်နေချင်ကြတဲ့ ကလေးသူငယ်လေးတွေဘယ်လိုများ ခံစားနေကြမလည်း တွေးကာ ကိုယ်ချင်းစာ တရားလေးနဲ့ တချက်လောက် ၀င်ရောက် ခံစားကြည့်ပေးရင် သိပ်ကို ကောင်းမှာဘဲလို့ တွေးမိပါသေးတယ် ။

တကယ်တော့ သူတို့တတွေဟာ အခု သမ္မတကြီးတို့ ကြွေးကြော်နေတဲ့ ဒီမိုကရေစီ တိုင်းပြည်ကြီး ထူထောင်နိုင်အောင် ရှေ့ဆုံးက ဦးဆောင်လမ်းပြနေကြသူတွေပါ ။ ထိုအချိန်က သမ္မတကြီးနှင့် အပေါင်းအပါများက အာဏာရှင် စနစ်ကို ကျင့်သုံးတာ အမှန်ပါလို့ ထင်နေကြချိန်ဖြစ်လို့ ရန်သူလို့ ထင်ကာ မတရားသော ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးချုပ်နှောင် ခံနေကြရသူတွေပါ ။ တကယ်တော့ သဘောထား အယူအဆ မတူညီမှုကို ရှုထောင့် တဖက်တည်းက ကြည့်ခဲ့ကြလို့ ကျနော်တို့ တိုင်းပြည်ဟာ တပါးသော တိုင်းပြည်များထက် အစစ အရာရာ နောက်ကျ ကျန်ခဲ့ရတာပါ ။ အခုဆိုရင် အစိုးရအသစ်က ဒီမိုကရေစီ နိုင်ငံတော်ကြီး ထူထောင်နေပါတယ်လို့ ကြွေးကြော်ထားလို့ သူတို့တွေနဲ့ ရည်ရွယ်ချက်တွေ တူညီနေကြပြီဘဲ လို့ တွေးကြည့်စေချင်ပါတယ် ။

သမ္မတကြီးတို့ အဖွဲ့က ဖမ်းဆီးထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို ပြန်လွှတ်ပေးရင် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးပါ့မယ်လို့ အတိအလင်းကြေငြာထားလို့တိုင်းပြည် အကျိုးစီးပွားကို တကယ်ဖွံ့ဖြိုး တိုးတက်စေချင်တဲ့ စေတနာ မှန်ရင် အမြန်ဆုံးသာ ပြန်လွှတ်ပေးပါလို့ပြောကြားပါရစေ ခင်ဗျာ ။

ကျနော်တို့ မြန်မာလူမျိုးတွေဟာ ကောင်းတာကို မကောင်းပါဘူးလို့ ပြောလေ့ရှိသူ နည်းပါးကြပါတယ် ။ တကယ်သာ စစ်မှန်တဲ့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုကို အမှန်တကယ်လိုလားပြီး တည်ငြိမ်းအေးချမ်းသာယာသော လူမှု့ အဆောက်အအုံ တခုကို တည်ထောင်ချင်တဲ့ စိတ်ဆန္ဒကို လက်တွေ့လုပ်ဆောင်ပြရင် ပြည်သူလူထုက အားပေးကြမှာ အမှန်ပါဘဲ ။

ဖိနပ်တရံမှာ ဘယ်ညာစုံမှ တန်ဖိုးရှိပါတယ် ခင်ဗျာ ။ မျက်လုံးနှစ်ဘက်မှာ တဖက်လပ်ရင် ကြည့်ရ သိပ်ဆိုးပါတယ် ။ တကယ်တော့ ဆန့်ကျင်ဘက်ကို ရန်သူထင်နေတာ သိပ်ကို မှားပါတယ် ခင်ဗျာ ။ အမှန်အတိုင်းပြောရရင် ဆန့်ကျင်ဘက်ကြောင့် တန်ဖိုးတက်သွားတယ်လို့ တွေးကြည့်ခံစားစေချင်ပါတယ် ။

မြန်မာနိုင်ငံ အထက်ဆုံးအပိုင်းကနေ အောက်ဆုံးအထိ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးက စည်းလုံးညီညွတ်ခြင်းရဲ့ သင်္ကေတ တခုဘဲ မဟုတ်လားခင်ဗျာ ။ ကျနော်တို့တတွေဟာ မွေးကတည်းက သေနတ်သံတွေ ကြားမှာ ယမ်းငွေ့တွေကို ရူရှိုက်ရင်း ကြီးပြင်းလာခဲ့ရတာ အခုချိန်ထိတိုင်အောင်ပါဘဲ ။ လူကြီးတွေရဲ့ အတ္တ သရုပ်ဖော် ပန်းချီးကားကို လူငယ်တွေ သွေးနဲ့ ရေးဆွဲနေသလို ခံစားရလို့ အရမ်းကို ၀မ်းနည်းမိပါတယ် ။ တကယ်တော့ ပြည်တွင်းစစ် ဆိုတာ တိုင်းပြည် ဘဏ္ဍာကို ဖြုန်းတီးခြင်း တမျိုးပါဘဲ ။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကို အကျိုးရှိစွာ အသုံးချရမယ့်နေရာမှာ ညီအစ်ကို မောင်နှမ အချင်းချင်း ပြန်သတ်တဲ့နေရာမှာ အသုံးချနေကြလို့ ကျနော် တို့ တိုင်းပြည်က ပညာရေး နဲ့ စီးပွားရေးနဲ့ လူမှုရေး ဂဏ္ဍများမှာ အလွန်နိမ့်ကျခဲ့ရပါတယ် ။ ဒါကြောင့် တိုင်းရင်းသားများကို ထိုးစစ်ဆင်နေတာကို အမြန်ဆုံး ရပ်တန့်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ် ခင်ဗျာ ။

သမ္မတကြီးကို နောက်ဆုံး ဥပမာ ပေးပြီး ပြောကြားချင်တာက တကယ်တော့ သမ္မတဆိုတဲ့ရာထူးကြီးက တူရိယာ ကို တီးခတ်နိုင်တဲ့ အခွင့်အလမ်းကို ရရှိထားတာနဲ့ တူပါတယ် ။ သမ္မတကြီး တီးခတ်တဲ့ အသံက ငြိမ်းချမ်းရေး တေးသံဖြစ်ခဲ့ရင် ကျနော်တို့တိုင်းပြည်ကြီး တိုးတက်လာစေ သလို ပြည်သူလူထုလည်း ပျော်ရွှင်မှုတွေ ဖုံးလွှမ်းလာစေမှာ အမှန်ပါဘဲ ။ အဲဒီလို မဟုတ်ဘဲ ကြမ်းတမ်းတဲ့ တိုက်ပွဲဝင် သံစဉ်များကို တီးခတ်လိုက်မယ် ဆိုရင် ယမ်းငွေ့တွေ ၊ သေနတ်သံတွေ ကြားမှာ ပြည်သူလူထုက ဒုက္ခအမျိုးမျိုး ခံစားနေရအုံးမှာ ပါ ။

သမ္မတကြီး ဦးဆောင်တဲ့ အစိုးရ သစ် တဖွဲ့လုံးက တီးခတ်လိုက်တဲ့ ငြိမ်းချမ်းရေး တေးသံကို နားဆင်ရမယ့် နေ့ရက်များကို စောင့်မျှော် ကြည့်ရှု အားပေးရင်း ကျနော်တို့ရဲ့ သူရဲကောင်းများ အိမ်အပြန်လမ်းကို ဆီးကြိုနေပါ့မယ်ခင်ဗျာ .....။


http://www.facebook.com/note.php?note_id=281407261876928

( ဒီစာလေးကို ဖတ်ပြီးသွားလို့ မိတ်ဆွေတို့ အနေနဲ့ ပြောကြားစရာ ရှိခဲ့ရင် ဒီလင့်လေးမှာ လာရောက် ရင်ဖွင့် ကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။ )

Friday, September 30, 2011

0 နိုင်ငံတော်သစ်ကြီးကိုအရပ်သားတွေနဲ့ဘဲဖွဲ့စည်းထားတာပါ

0 NY Hninsi Burmese Traditional Concertမှ ထွန်းထွန်းနှင့် ကျော်ကျော်ဗိုလ်တို့၏ (ဟာသပြက်လုံးများ)



Wonder Duck

0 (ILO)နဲ့(HRWDN)တို့ပူးပေါင်းဆောင်ရွက်မှု့ကြောင့် ကလေးစစ်သားလွတ်မြောက်


ကလေးစစ်သားအဖြစ်စုဆောင်းခံရတဲ့မောင်ကြည်ရအောင်(ခ)သားသားလေးဟာ(ILO)နဲ့(HRWDN)တို့ ပူးပေါင်းဆောင်ရွက်မူ့ကြောင့် ၂၉.၉.၂၀၁၁နေ. နံနက်၁၁နာရီ၁၅မိနစ်တွင် တွင်ဇ၀ဲကျေးရွာမှ တရားဝင်တပ်ထွက်လက်မှတ် ရရှိကာပုသိမ်မြို့သို့ပြန်လည်ရောက်ရှိလာကြောင်းသိရပါသည်။
HRWDN
(လူ့အခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်)

0 Save the Irrawaddy




Facebookမှ

Thursday, September 29, 2011

0 နေပြည်တော်ပြည်သူ့လွှတ်တော်ထဲမှာဘီဘီစီသတင်းထောက်နဲ့အတူ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီဓာတ်ပုံရဲ့အနောက်မှာ သန်းရွှေရဲ့ပုံအခုထိမဖြုတ်ရဲ


ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်... (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ကြီးဟာ အရင် စစ်အစိုးရလက်ထက်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်)။
ဦးခင်ရီက သမတ ဦးသိန်းစိန်ကို အတိုက်အခံ လုပ်ပြတဲ့ သဘောလား..ဒါမှမဟုတ် ဦးသိန်းစိန် ညာနေတာကို ဘီဘီစီသတင်းထောက် ဖိတ်ပြီး ရှင်းပြနေတာလား?

Photo..Myothahtet Facebook

0 အကြင်နာလမ်းပေါ်ကခရီးသည်များ

PEACE MAKER - HTET AUNG SHINE - 07.09.2011

သံစဉ်- စာသား .. ထက်အောင်ရှိုင်း

တေးဆို .. ထက်အောင်ရှိုင်း+ အက်စတာ


အကြင်နာလမ်းပေါ်ကခရီးသည်များ

KEY:D

C Am
V1. ရင့်ကျက်တဲ့ဘ၀အတွေ့အကြုံအဝေးသို့ခရီးနှင်ရှာ
F C
အတူစုံစည်းတဲ့ရလာဒ်ပါ သွေးရင်းသားချင်းပမာ
F G
ပြန်လည်အကြိုးပြုသိတဲ့အခါ စေတနာမိုး
C
ပြည်ရွာအကျိုးအတွက် သွန်းဝေဖြာ ..

C Am
V2, သမိုင်းတစ်ခေတ်ရဲ့ လမ်းသစ်ကို ပခုံးပြောင်းလက်ဆင့်ကမ်း
F C
ကိုယ်စီအသိဥာဏ်တခါးဖွင့်ကာ
F
တို့ခေတ်နှင့်အခါ ကမ္ဘာကိုငေးမောနားစွင့်ကာ
G C
အခြေခံပြည်သူ လူတန်းစားဘ၀စာနာ ..


V3. အနာဂတ်ပျောက်လို့ စမ်းတ၀ါးလျှောက်ရှာ

ရင်သွေးကလေးငယ်များခေါ်ဆောင်လမ်းပြပေးကြပါ

နွမ်းပါးတဲ့သူကိုကူညီဖေးမစောင့်ရှောင့်မှာ

အခြေခံသဒ္ဒါ .. မူပိုင်နှလုံးသား .. ဒို့ရင်မှာ ..

F G C Am
CHO: လူငယ်တွေတစ်နိုင်သယ်ပိုးလို့ လျှောက်တဲ့မျှမေတ္တာလမ်း
Dm G C C7
မျိုးဆက်သစ်တို့သမိုင်းသစ်ကိုရည်မှန်း ....
F G C Am
ခိုင်မာစွာယုံကြည်ရာကို လူသားအကျိုးအတွက်ခရီးဆက်လိုက်ပါ
F G C
ဒီလူ့ကမ္ဘာရှင်သန်ခွင့်ဘ၀ ခဏတာလေးမှာ ..


သီချင်းလက်ဆောင်ပေးပို့သော ကိုထက်အောင်ရှိုင်းအားအထူးကျေးဇူးတင်ရှိပါသည်..

0 လွန်ခဲ့ တဲ့ (၁၀)လလောက်က(ရွေးကောက်ပွဲပြီးခါစ)ရေးခဲ့ တဲ့ စာ
ရေးသူ- ဦးဝင်းချို


ပြီးခဲ့သည့်ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အထိမ်းအမှတ်ပွဲတွင်ရန်ကုန်မြို့ န၀ဒေးလမ်းဆုံ အနီး မိုး-ဇလရုံးဘေးတွင် တားဆီးခံထားရသော ဦးဝင်းချို
(၂၀၁၀) ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များသို့ အိတ်ဖွင့်ပေးစာ။

(၂၀၁၀) ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လုပ်ဖော်ကိုင်ဖက် ကိုယ်စားလှယ်များခင်ဗျား။ ရွေးကောက်ပွဲကြီးပြီးသွားပါပြီ။ရလဒ်တွေကိုလဲကြေညာလိုက်ပါပြီ။ရလဒ်တွေဟာတရားမမျှတဘူးဆိုတာပြည်တွင်းကရောပြည်ပကပါပြောနေကြတာတွေလဲအမှန်ပါ။ခင်ဗျားတို့ကျွန်တော်တို့လက်ထဲမှာလည်းတရားမျှတမှုမရှိတဲ့အကြောင်းဥပဒေမဲ့ပြုကျင့်သွားတဲ့အကြောင်းသက်သေပြစရာအထောက်အထားတွေရှိနေပါတယ်။အဲဒီအတွက်ခင်ဗျားတို့မခံချင်ဖြစ်မှာပါ၊မကျေမနပ်ဖြစ်မှာပါဒီရလဒ်ကို လက်မခံနိုင်ဘူးဆိုတာကိုလဲသိပါတယ်။

ခင်ဗျားတို့ ကျွန်တော်တို့ ဒီရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်စဉ်ကတည်းကို တရားမျှတမှု တွေမရှိဘူး ဆိုတာ သိသိကြီးနဲ့ဝင်ခဲ့ကြတာပါ။ကျွန်တော်တို့ ပြည်သူတွေရဲ့ ဒုက္ခတွေကို တတ်နိုင်သမျှကာကွယ်ပေးဖို့ ဝင်လာခဲ့ကြတာပါ။အာဏာရှင်ဆန်မှုတွေကို ဖော်ထုတ်မယ်။

ပြည်သူ့ဒုက္ခတွေကိုကယ်တင်ဖို့အတွက်ဥပဒေတွေဖျက်သိမ်းမယ်၊ပြုပြင်မယ်ဆိုတဲ့အစီအစဉ်တွေနဲ့ပါ။တစ်ချိန်ထဲမှာ နိုင်တာရှူံးတာထက် ပြည်သူတွေကို နိုင်ငံရေးအသိအမြင် ဖွင့်ပေးနိုင်ဖို့က ပိုအရေးကြီးတယ် လို့တောက်လျှောက် ပြောလာခဲ့ကြတာပါ။

ခင်ဗျားတို့ကျွန်တော်တို့ရွေးကောက်ပွဲမတိုင်ခင်ထုတ်ပြန်ခဲ့တဲ့ဝါဒသဘောထားတွေထဲမှာကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေအားလုံး ပြည်သူကိုအသိပေးထားပြီးသားပါ။

အခုကျွန်တော်လည်းမနိုင်ဘူး။ခင်ဗျားတို့လည်းမနိုင်ကြဘူး။ပြည်ခိုင်ဖြိုးပါတီကပဲအားလုံးနီးပါးနိုင်သွားတယ်။ဟုတ်ပြီနော်။

ရွေးကောက်ပွဲရလဒ်ကမတရားဘူး။နိုင်သင့်တဲ့လူတွေမနိုင်ဘူး။ ဒါမှန်ပါတယ်။ ခုကျွန်တော့ခံယူချက် ပြောကြည့်မယ်။ ကျွန်တော်တို့ရွေးကောက်ပွဲမ၀င်ခင်ကတိပေးထားတဲ့ကိစ္စတွေလုပ်လို့ရသလားလို့ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တော့ရသေးတယ်ဗျ။နိုင်ငံရေးအသိအမြင်ဖွင့်ပေးလို့ရတယ်ဗျာ။ရသလောက်လုပ်မယ်ဗျာ။ကျွန်တော်ဒလမြို့နယ်မှာအာဏာရှင်အကြောင်းကိုရှင်းပြခဲ့တာပြည်သူတွေတော်တော်လက်ခံသဘောပေါက်ကြတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကပထမဆုံးလွှတ်တော်ခေါ်မှအသက်ဝင်မယ်။အဲဒီအချိန်မှာမိမိတို့ဆန္ဒသဘောထားကိုလွတ်လပ်စွာထုတ်ဖော်နိုင်ခွင့်ရှိတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၅၄)(က)(ခ)(ဂ)(ဃ)မှာပါတယ်။ (၁၉၈၈)တပ်မတော်အာဏာသိမ်းပြီးတည်းကဖွဲ့စည်းပုံအခြေခံဥပဒေမရှိတာ၊အခုမှရှိမယ်ကြံတုန်းပါ။ကျွန်တော်ကရွေးကောက်ပွဲမတိုင်ခင်မီဒီယာနဲ့တွေ့ဆုံစဉ်ကဘာကြောင့် ရွေးကောက်ပွဲဝင်သလဲဆိုတဲ့မေးခွန်းကို’ဖွဲ့ စည်းပုံအခြေခံဥပဒေအသက်ဝင်စေချင်လို့ပါ’ လို့ ဖြေခဲ့တယ်။ပြည်သူတွေရဲ့ ရပိုင်ခွင့်က အခန်း(၈)၊ စာမျက်နှာ(၁၄၉)မှာပါတယ်။

အဲဒီပြည်သူတွေရဲ့အခွင့်အရေးကိုမရခဲ့တာစစ်အုပ်ချုပ်ရေးကာလတစ်လျှောက်လုံး(၂၂)နှစ်ရှိပြီလေဗျာ။ ပြည်သူတွေ အခွင့်အရေးရပါစေဦး။

အဲဒီပြည်သူတွေရပိုင်ခွင့်(နိုင်ငံသား၊နိုင်ငံသားတို့၏မူလအခွင့်အရေးနှင့်တာဝန်များ)စာမျက်နှာ(၁၅၃)ပုဒ်မ(၃၆၉(ခ)မှာသက်ဆိုင်ရာမဲဆန္ဒရှင်များသည်လွှတ်တော်တစ်ရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်ကိုဥပဒေနှင့်အညီတာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသည်လို့ပြဌာန်းထားတယ်။နောက်ပြီးစာမျက်နှာ(၁၅၈)ပုဒ်မ(၃၉၆)(က)နဲ့(ခ)မှာပြန်လည်ရုပ်သိမ်းခြင်းနဲ့ပတ်သက်ပြီးဖော်ပြထားတယ်။(၃၉၆(ခ)မှာသက်ဆိုင်ရာမဲဆန္ဒရှင်များအနက် အနည်းဆုံးတစ်ရာခိုင်နှူန်းတို့ ကတာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့်တိုင်တန်းချက်ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတင်ပြရမည်လို့ပါထားတယ်။အခု ရွေးကောက်တင်မြှောက်ခံရတယ်ဆိုတဲ့ကိုယ်စားလှယ်ဟာအမှန်တကယ်အရည်အချင်းမရှိရင်တောင်ပြုပြင်ပြီးဒီရွေးကောက်ပွဲသက်တမ်းမှာပြည်သူတွေကိုအလုပ်အကျွေးပြုသွားရင်လဲနိုင်ငံအတွက်ကောင်းတာပါပဲ။တစ်ခုတော့ရှိတာပေါ့။ခင်ဗျားတို့ကျွန်တော်တို့ ကိုယ်စားလှယ်မလုပ်ရတော့ဘူးပေါ့။ဒီလောက်ပဲရှိတာလေ။

ကောင်းပြီ။နောက်တစ်ခုထပ်တင်ပြပါမယ်။အခန်း(၁)အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များဆိုတဲ့ကဏ္ဌပါ။အဲဒီထဲက စာမျက်နှာ(၁၆၇)ပုဒ်မ(၄၁၇)နဲ့(၄၁၈(က (ခ)မှာ‘အရေးပေါ်အခြေအနေကြေငြာသည့် ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတကကာကွယ်ရေးးဦးစီးချုပ်ကိုအာဏာ(၃)ရပ်လုံးလွှဲအပ်ကြောင်းကြေငြာရမည်’ဆိုပြီးပါတယ်ဗျာ။အဲဒါစစ်အုပ်ချုပ်ရေးကာလ။ နိုင်ငံသားတို့ရဲ့အခွင့်အရေးတွေ ကိုထုတ်ဖော်ပြောဆိုခွင့်မရှိတော့တဲ့ကာလ။ နောက်တစ်မျိုးပြောရရင်ပြည်သူတွေသွေးမြေကျရမဲ့ ကာလ။ အဲဒီအရေးပေါ်ကာလကို မရောက်ပါစေနဲ့ တော့ဗျာ။ ကျွန်တော်တို့ နိုင်ငံတိုးတက်ဖို့ အတွက်မလုပ်ရတာကြာလှပြီမို့ ပါ။

နောက်ပြီး အခန်း(၁၄)ကူးပြောင်းရေးကာလပြဌာန်းချက်များ ဆိုတဲ့ အခန်းက စာမျက်နှာ(၁၇၇)ပုဒ်မ (၄၄၁(၄၄၂)မှာဖတ်ကြည့်ရင်လဲပြည်ထောင်စုလွှတ်တော်ပထမအကြိမ်အစည်းအဝေးကျင်းပသည့်နေ့မှစ၍’နိုင်ငံတော်တစ်ဝန်းလုံး၌အာဏာတည်သည်။’ဆိုတာရယ်၊‘ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာမတည်မီနိုင်ငံတော်၏အချုပ်အခြာအာဏာကိုန-အ-ဖကဆက်လက်ကျင့်သုံး ဆောင်ရွက်မည်’ဆိုတာကိုတွေ့ ရမှာပါ။ ဆိုလိုတာကအခုလဲရွေးကောက်ခံအစိုးရမဖွဲ့ စည်းရသေးဘူး။ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေးမခေါ်ရသေးဘူး။အဲဒီအတွက်တပ်မတော်ကပဲအုပ်ချုပ်နေတာဖြစ်တဲ့အတွက်နိုင်ငံသားတို့၏ အခွင့်အရေးမပေးနိုင်သေးဘူးလို့ပြောတာ။ဒီအချိန်မှာနိုင်ငံရေးအကျဥ်းသားမရှိဘူး။ဆူပူလှုံ့ဆော်သူပဲရှိမယ်လို့ဆိုလိုတာ။ငါတို့ကတော့ထောင်လည်းမကြောက်ဘူး။မတရားတာကိုခေါင်းငုံ့မခံနိုင်ဘူး။မင်းကြောက်ရင်နိုင်ငံရေးမလုပ်နဲ့လို့ပြောမဲ့သူတွေရှိတယ်ဆိုတာကျွန်တော်သိပါတယ်။ကြောက်တယ်မကြောက်ဘူးဆိုတာနဲ့ဥပဒေကိုလေးစားတယ်မလေးစားဘူးဆိုတာအဓိပ္ပါယ်မတူဘူးနော်။

ကျွန်တော်တို့ခင်ဗျားတို့ဥပဒေကိုမလေးစားဘူးဆိုရင်ဘယ်သူမှဥပဒေကိုလေးစားမှာမဟုတ်ဘူးနော်။အဲဒါလည်းသတိထားစေချင်ပါတယ်။

အဲဒီတော့ကျွန်တော်တို့လုပ်နိုင်တဲ့ကိစ္စတွေနဲ့ကျွန်တော်လုပ်မဲ့ကိစ္စရပ်လေးတွေကိုခင်ဗျားတို့ကိုပြောပြပါမယ်။ ကျွန်တော့်မြို့နယ်မှာအရွေးခံရတဲ့ကိုယ်စားလှယ်ကသူ့ရဲ့ပထမလွှတ်တော်သက်တမ်းမှာပြည်သူ့အကျိုးအတွက် ကြိုးကြိုးစားစားဆောင်ရွက်အောင်ကျွန်တော်တွန်းအားပေးမယ်ဗျာ။မြို့နယ်လူထုဒုက္ခရောက်နိုင်မဲ့ဆုံးဖြတ်ချက်တွေကိုပြည်သူနဲ့အတူကန့်ကွက်မယ်ဗျာ။

အခုလက်ရှိအချိန်မှာကိုရန်ကုန်တိုင်းဒေသကြီးမှာရှိနေတဲ့ပြုပြင်သင့်တဲ့အချက်တွေကိုဖော်ထုတ်မယ်ဗျာ။ဆိုပါတော့။ စင်းလုံးငှားယာဉ်တွေကိုCITY TAXIဆိုတဲ့လိုင်စင်တပ်လုပ်နေရတဲ့ကိစ္စ။ ပြည်သူတွေတော်တော်ဒုက္ခ ရောက်တယ်။ အဲဒီအစား မြို့တွင်း၆မြို့နယ်အတွင်းပြေးဆွဲချင်ရင်CITY TAXIလိုင်စင်ထပ်လုပ်ရမယ်။ မပြေးဆွဲချင်ရင်လိုင်စင်မလိုဘူးဆိုတာလိုမျိုးရွေးချယ် ခွင့်ပေးနိုင်ဖို့ကြိုးစားမယ်ဗျာ။

ပါရမီတွေလည်းအခွင့်ထူးခံမဖြစ်ဖို့ တပြေးညီလိုက်နာဖို့ ကြိုးစားမယ်ဗျာ။ နောက်ပြီး ပါရမီယာဉ် တွေက တင်သွင်းလာကတည်းကစင်းလုံးငှားအဖြစ်တင်သွင်းလာတာဖြစ်တဲ့အတွက် ကက၊ ခခ၊ ဂဂ အစရှိတဲ့နံပါတ်တွေဘဲပေးသင့်တယ်ဆိုတဲ့အကြောင်းတင်ပြမယ်ဗျာ။

နောက်ပြီးလမ်းတွေကမကောင်း၊မီးပွိုင့်ကပျက်၊ယာဉ်အပိုပစ္စည်းကမရှိ၊ဒီကြားထဲစင်္ကြန်အခက်အခဲကြောင့်ပြည်သူတွေလမ်းပေါ်ဆင်းလျှောက်၊အန္တရာယ်ကြိုတင်အသိပေးဖို့ ဟွန်းကတီးခွင့်မရ အဲဒီအခြေအနေအရပ်ရပ်ကြားမှာ အဆင်အခြင်ကင်းမဲ့စွာမောင်းနှင်မှုလို့အမည်တပ်ခံရတာတွေကျွန်တော်တို့ပြောမယ်ဗျာ။အဲ..လိုင်းကားတွေစားဝတ်နေရေးအကြောင်းပြချက်နဲ့ အလုအယက်မောင်းတာကိုတော့ ထိန်းသိမ်းရမှာပေါ့။ ပြည်သူတွေသာ ဒီအကြောင်းအရာတွေကိုပြောနိုင်ကြပြီဆိုရင်ကျွန်တော်တို့ ကိုယ်စားလှယ်ဖြစ်တာ မဖြစ်တာ ဒီလောက်အရေးမကြီးတော့ဘူးလို့ ထင်ပါတယ်။ အလုပ်လက်မဲ့ပြဿနာကိုလည်းကျွန်တော်တို့နိုင်သလောက်ဖြေရှင်းသွားမယ်လို့စဉ်းစားထားတယ်ဗျ။အသက်မွေးဝမ်းကျောင်းအတတ်ပညာတွေကိုကျွမ်းကျင်မထားတာကအဓိကပြဿနာဆိုတော့အသက်မွေးဝမ်းကျောင်းအတတ်ပညာသင်နိုင်တဲ့ကျောင်းတွေဖွင့်နိုင်ဖို့တိုက်တွန်းတောင်းဆိုမယ်ဗျာ။ကိုယ်စားလှယ်ဖြစ်ရင်တော့ပိုပြီးလုပ်ပိုင်ခွင့်ရှိတာပေါ့လေ။ဒါပေမဲ့ပြည်သူထဲကပြည်သူတစ်ယောက်အနေနဲ့ကျွန်တော်တို့တောင်းဆိုရင်ပြည်သူတွေကငါတို့လည်းဥပဒေနဲ့အညီတောင်းဆိုလို့ရပါလားဆိုတဲ့အသိရှိသွားရင်ကျွန်တော်တိုနိုင်ငံသိပ်ပြီးအောက်ကျနောက်ကျမဖြစ်တော့ဘူးပေါ့။

စာလည်းရှည်သွားပြီ။ကျွန်တော်တို့ရွေးကောက်ပွဲမ၀င်ခင်ကတိပေးထားခဲ့ကြတယ်။ပြည်သူ့အတွက်ကျွန်တော်တို့လုပ်ပေးပါမယ်လို့။ကျွန်တော်တို့ကိုယ်စားလှယ်မဖြစ်တဲ့အတွက်ဘာမှမလုပ်ပေးနိုင်တော့ဘူးဗျာလို့ကျွန်တော်မပြောနိုင်တာခွင့်လွှတ်ပါ။ ကိုယ်စားလှယ်ဖြစ်မှလုပ်ပေးမယ်လို့ လည်းမပြောချင်ဘူး။

(စာကြွင်း။ဒီနေ့၁၂-၁၁-၂၀၁၀ထုတ်သတင်းစာထဲမှာပါလာတဲ့ခိုင်လုံတဲ့မဲရာခိုင်နှူန်းတွေအရကျွန်တော်က၈၀၀၄မဲရတယ်။
၂၆.၂%တဲ့ဗျ။ကျွန်တော်တစ်မဲမှမခိုးဘူး။မလိမ်ထားဘူး။ရန်ကုန်တိုင်းဒေသကြီးမှာလွှတ်တော်အရပ်ရပ်အတွက်ပြိုင်တဲ့တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေထဲမှာDr.စောနိုင်(တ/ဥ)ပြီးရင်မဲရာခိုင်နှူန်းအရကျွန်တော်ဒုတိယပါ။နောက်ပြီးပြည်ခိုင်ဖြိုး၊တဆညနဲ့ ခမောက်ကလွဲပြီးအဲဒီလောက်မဲရာခိုင်နှူန်းရတာDP-၃ယောက်၊ (88)-၃ယောက်၊ အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်-၁ယောက်၊တစ်သီးပုဂ္ဂလကကျွန်တော်နဲ့ကိုစောနိုင် ဒါပဲ။အချိန်ကုန်၊ငွေကုန်၊လူပင်ပန်းတဲ့အလုပ်ဖြစ်နေလို့ပထမဦးစားပေးအနေနဲ့ မစဉ်းစားတာပါ။)



အဲဒီတော့ ရွက် မရှိရင်တက်၊

တက် မရှိရင် လက်ချည်းပဲလှော်မယ်။

ခင်ဗျားတို့ ရဲ့ လုပ်ဖော်ကိုင်ဖက်

ဝင်းချို

ဒလမြို့ နယ်(တစ်သီးပုဂ္ဂလ)

0 ~ ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာ ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ ~


"ထလော့ မြစ်မင်းဧရာ" အစချီထားတဲ့ ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေးပန်ကြားလွှာ ၃ ကို မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ကြောင်း...။
ထိုပန်ကြားလွှာတွင် ဧရာဝတီမြစ်ကြီးသည် လူတို့၏ ပယောဂများကြောင့် အမျိုးမျိုးပျက်စီးနေရာမှ မြစ်ဆုံရေကာတာတည်ဆောက်ရေးလုပ်ငန်း၏ အန္တရာယ်ကို ပညာရှင်များ၊ ပြည်သူများက ကန့်ကွက်နေသည်ကို ကြားရသောအခါ ထိုကိစ္စသည် မြန်မာ့အလှ၊ မြန်မာ့သဘာဝ၊ မြန်မာ့ဘ၀ကို ဖျက်ဆီးနိုင်သည်သာမက မြန်မာနှင့် အာရှဒေသငြိမ်းချမ်းရေးကိုပါ ထိခိုက်ပျက်စီးစေနိုင်သည်ဟု ယူဆသဖြင့် လေးနက်စွာ ကန့်ကွက်လိုက်ပါကြောင်း၊ ဧရာဝတီမြစ်ဆုံရေတွေ စီးပါစေ၊ ကျည်ဆံတွေ မစီးပါစေနှင့် …" ဟု ဖော်ပြထားကြောင်း.......။

ရေတွေစီးပါစေ ... ကျည်ဆံတွေ မစီးပါစေနှင့် “ထလော့ မြစ်မင်း ဧရာ” မြပင်လယ်မှ ရေတွေ ဘယ်ရောက်နေပြီလဲ မလိခမှ ရေခဲပွင့်တွေ ဘယ်ရောက်နေပြီလဲ ရှမ်းရဋ္ဌမှ စိမ့်စမ်းရေတွေ ဘယ်ရောက်နေပြီလဲ ထင်းရှူးတောင်မှ မွှေးမြရီဝေတွေ ဘယ်ရောက်နေပြီလဲ စစ်ကိုင်းတောင်မှ ပိတောက်ရနံ့တွေ ဘယ်ရောက်နေပြီလဲ မြစ်မင်း ဧရာဝတီ ထလော့ လှလော့ ကလော့ ထလော့ ဧရာဝတီ ရေတွေစီးလော့

0 သမ္မတကြီးသို့ အိတ်ဖွင့်ပေးစာ(၂)
ရေးသူ- ဗမာ့သွေး

အတိုက်အခံနိုင်ငံရေးဘဲ ပြောပြော၊ မြန်မာ့ဒီမိုကရေစီရေးဘဲ ပြောပြော၊ လူထုတော်လှန်အုံကြွမှုဘဲ ပြောပြော မြန်မာပြည်နိုင်ငံရေးမှာ တစ်နည်းနည်း တစ်ထောင့်ထောင့်က ပါဝင်ပက်သက်သူတွေအတွက် မှတ်သားလောက်တဲ့ “ရှောင်ရန် (၂) ချက်” ရှိခဲ့ဖူးပါတယ်။ အခု ထောင်ထဲရောက်နေတဲ့သူတွေကိုယ်တိုင် နှုတ်မြွက်ဖွင့်ဟခဲ့ကြတာ ဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း ရာနှုန်းပြည့်နီးပါး ကသိုဏ်းရှု နှလုံးသွင်းခဲ့ရပါတယ်။

(၁) အစိုးရနဲ့  ပေးစားတဲ့ မြောင်းထဲ မရောက်စေနဲ့ 

(၂) ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး မြောင်းထဲ မရောက်စေနဲ့ 

အဲဒီ မြောင်း နှစ်မြောင်း ကို လွတ်အောင်ရှောင်နိုင်ရန်ရင် ကိုယ့်နိုင်ငံရေး ဘယ်တော့မှ မသေဘူးလို့ အရေထူအရိုးရင့် နိုင်ငံရေးလက်စွဲဆောင်ပုဒ်ဟာ ဒီကနေ့တော့ တတိယမြောင်းသစ်ထဲကို သူကိုယ်တိုင် နှာခေါင်းပိတ်မျက်စိမှိတ်ပြီး ခုန်ဆင်းတော့မယ့်ဟန် တပြင်ပြင်ဖြစ်နေပါပြီ။

လွန်ခဲ့တဲ့ နိုဝင်ဘာလ၊ ဒေါ်စု နေအိမ်အကျယ်ချုပ်က လွတ်မလာသေးခင် နိုင်ငံရေး ပရောဟိတ် တစ်ယောက်က ကျွန်တော့်ကို “ဒေါ်စု ဒီတစ်ခါ ပြန်ထွက်လာရင် မထင်မှတ်လောက်အောင် ပြောင်းသွားလိမ့်မယ်၊ စောင့်ကြည့်နေ”လို့ ကျွန်တော် မကြိုက်တဲ့စကားကို အတည်ပေါက်ကြီး လာပြောတော့ “မဖြစ်နိုင်ဘူး.. လုံးဝမဖြစ်နိုင်ဘူး” ဆိုပြီးခွန်းတုန့်ပြန်ခဲ့ဖူးပါတယ်။ အထောက်အထားများစွာနဲ့ သိုင်းသိုင်းဝိုင်းဝိုင်း ဆန်းစစ်ပြောဆိုသွားတဲ့ သူ့စကားဟာ အခုအချိန်မှာ ဇက်ကျိုး လည်လိမ်ရမလောက် သွေးထွက်အောင်မှန်နေပါပြီ။

ကျွန်တော် ငယ်ငယ်က အရုပ်ထောင်ပစ်တာ အရမ်းဝါသနာပါပါတယ်။ ကျွန်တော်ခုတလော အရုပ်ထောင်ပစ်တမ်း ကစားခဲ့တာကို မြန်မာ့နိုင်ငံရေးနဲ့ယှဉ်ပြီး သွားသွား သတိရဖြစ်နေပါတယ်။ စီတန်းထားတဲ့ အရုပ်တွေကို ကျောက်ဂေါ်လီလုံးနဲ့ ပစ်တဲ့အခါ ကိုယ်နဲ့အဝေးဆုံး ထိပ်ဆုံးကအရုပ်ကို .လဲသွားအောင် ပစ်နိုင်ရင် ကျန်တဲ့အရုပ် အားလုံး ကိုယ့်အိတ်ထဲ ရောက်ပါတယ်။ တခြားအရုပ်တွေ ထိရင်တော့ အကုန်မရပါဘူး။ ကျွန်တော်တို့တတွေ ကိုယ့်အလှည့်ရောက်လို့ ပစ်ခါနီးရင် “ဂေါင် (ခေါင်)ထိ အကုန်ဟေ့” လို့အော်ဟစ်ပစ်ကြပါတယ်။ ခေါင်ထိအောင် ပစ်နိုင်တဲ့ သူငယ်ချင်းကို ကျွန်တော်တို မုန်းပါတယ်။ အကုန် သိမ်းကြုံးစားသွားလို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အတိုက်အခံနိုင်ငံရေးရဲ့ “ခေါင်” လို့  ယေဘူယျကျကျ လက်ခံထားကြပါတယ်။

ကျွန်တော်တို့လို အသက် လေးဆယ်ကျော်၊ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ထိထိမိမိ ထဲထဲဝင်ဝင် ပါခဲ့သူတွေ၊ မရှိတော့တဲ့ စစ်အစိုးရရဲ့ ညှင်းပမ်းနှိပ်စက်မှုမျိုးစုံကို နာနာကျင်ကျင် ခံခဲ့ရသူတွေ၊ သွေးထွက် ဘ၀ပျက်ခဲ့ရသူတွေ အနေနဲ့ လွမ်းစရာနဲ့ ဖြေလိုက်ဖို့ ဆိုတာလည်း လွမ်းစရာကို ဘယ်မှာ လိုက်ရှာရမလဲ။ ဒေါ်စုရဲ့ ဒီတစ်လအတွင်း ပြည်တွင်းပြည်ပကို စေပါးတဲ့ ပေဖူးလွှာတွေ၊ စကားပြောဆိုခန်းတွေကို ဖတ်မှတ် လေ့လာကြည့်တဲ့အခါ မဝေးတော့တဲ့ ကာလတစ်ခုအတွင်း အစတုန်းက ထမင်းရည်ပူစည်းလို့ ရဲရဲတောက် အတိုက်အခံတွေ ခံယူထားတဲ့ ရွေးကောက်ပွဲ စည်းကြောင်းထဲကို တစ်ဇွတ်ထိုး ပြေးဝင်တော့မှာ အသေအချာပါဘဲ။ ဒါပေမယ့် အာဏာရှင်ဆန်တာကို မနှစ်မြို့တဲ့ ဒေါ်စုအနေနဲ့ ဒီမိုကရေစီနည်းကျကျ ရွေးကောက်ပွဲဝင်ရပါသည် ဖြစ်အောင် NLD စုံညီညီလာခံတစ်ခု သဘောမျိုး ဆင့်ခေါ်ပြီး တိုင်းနှင့်ပြည်နယ်ခေါင်းဆောင်များ၊ အီးစီ စီအီးစီများရဲ့ သဘောထားကို ခံယူပြကာ ဒေါ်စုရဲ့ပါတီကို ရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင်တော့မယ်လို့ ယူဆရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ဘူး၊ ပါတီ မှတ်ပုံ ပြန်မတင်ဘူး လုပ်ခဲ့သလိုဘဲ အခုလည်း အများဆန္ဒကို ရယူပါလိမ့်မယ်။

ရေပန်းစားနေတဲ့ မြန်မာ့နိုင်ငံရေးအကျဉ်းသမားများ လွတ်မြောက်ရေးဟာလည်း ဒေါ်စုရဲ့ပါတီ မှတ်ပုံတင်အပြီး စာချုပ်စာတမ်းနဲ့အညီ NLD ဖြစ်ဖြစ်၊ တခြားနာမည်နဲ့ ဖြစ်ဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှာ တန်းဝင်ခန်းဝင်ဖြစ်လာတဲ့ အခြေအနေနဲ့ ညီမျှခြင်း ချထားပုံရပါတယ်။ ထောင်ထဲက ပုဂ္ဂိုလ်များ အပြင်ပြန်ထွက်လာရင် လမ်းမပေါ်တက် နိုင်ငံရေး တဖန် စန်းထလာမှာကို အာဏာရကြံ့ဖွံ့ အစိုးရအနေနဲ့ အမှန်တကယ်ဘဲ စိုးရိမ်ပါတယ်ဆိုတာ သူတို့ကိုယ်တိုင် ၀န်ခံထားပြီးပါပြီ။ ထောင်ထဲက ရဲဘော်တွေ အပြင်ထွက်လာချိန်မှာ ဒေါ်စုရဲ့ နိုင်ငံရေးပါတီဟာ အစိုးရဆီမှာ မှတ်ပုံတင်ပြီးသား ဖြစ်နေမှ အတိုက်အခံ နိုင်ငံရေးသမားတွေကို ရွေးကောက်ပွဲစည်းဝိုင်းထဲ ဆွဲသွင်းပြီး ဒီမိုကရေစီရရှိရေးကို လွှတ်တော်ထဲမှာ ထိုင်ပြီး လုပ်ခိုင်းမှာဖြစ်ပါတယ်။

“ဒေါ်စုကို ၀ိုင်းရံကြ” ကြွေးကြော်သံကို ထောင်ထဲကလူတွေ ဆက်လက်ကိုင်စွဲမယ်ဆိုရင်တော့ ”လွှတ်တော်ကို ၀ိုင်ရံကြ” ဆိုတဲ့ ဆိုင်းဘုတ်ကို ပြောင်းကိုင်ကြရပါတော့မယ်။ အစိုးရ ရည်မှန်းထားတဲ့ ဒီလို နိုင်ငံရေးအခင်းအကျင်းမျိုး သပိတ်ဝင်အိတ်ဝင်ဖြစ်လာဖို့ အလွန်နီးစပ်နေပါပြီ။ ဒေါ်စုတစ်ယောက် ရွေးကောက်ပွဲလမ်းကို လျှောက်ပြီဟေ့ဆိုရင် ဒေါ်စုနောက်ကို အရင်တုန်းကလို တရဟောလိုက်ပါကြဖို့ မရှိပါဘူး။ တချို့ ထောင်ထဲက အသံတွေအရ ဒေါ်စုဦးဆောင်တဲ့ ရွေးကောက်ပွဲနိုင်ငံရေးကို ရှောင်ထွက်ပြီး တခြား လူမှုဖွံ့ဖြိုးရေး အလုပ်တွေလုပ်ဖို့ ပြင်ဆင်ဆုံးဖြတ်ထားသူတွေ ရှိပါတယ်။ “ဒေါ်စုလည်း သူ့နည်းနဲ့သူလုပ်၊ ငါတို့လည်း ကိုယ်ကြိုက်တာ ကိုယ်လုပ်မယ်” လို့ပြောလာကြတဲ့ အသံတွေ များများလာတာကို လွန်ခဲ့တဲ့ (၂)ရက်က ရွှေဝါရောင် လေးနှစ်ပြည့် ၀တ်ပြုဆုတောင်းပွဲ ကိစ္စမှာ ထင်ထင်ရှားရှားကြီး တွေ့လိုက်ရပါတယ်။ ဒါဟာ ဒီမိုကရေစီပါဘဲ။

မြန်မာ့နိုင်ငံရေးမှာ အသက်ကြီးပြီး သေဆုံးသွားတဲ့အထိ လူထုရဲ့ ကြည်ညိုလေးစားမှုကို အတိမ်းအစောင်း မခံဘဲရယူသွားနိုင်တဲ့ ပါတီနိုင်ငံရေးသမား မပေါ်ပေါက်ခဲ့ဖူးပါဘူး။ ပညာရေးနဲ့ အနုပညာနယ်ပယ်မှာတော့ ရှိပါတယ်။ ဗိုလ်ချုပ်တောင် မီးစာကုန်ဆီခမ်းသည်အထိ နေမသွားရလို့ပါ။ သိပ်ပြီး သံတမန်စကားတွေ ပြောလွန်းတာ၊ ပွင့်ပွင့်လင်းလင်းမရှိဘဲ လိုအပ်တာထက်ပို ထိန်းချုပ်လွန်းနေတာ၊ တချိန်တုန်းက ပိုးစိုးပက်စက် ဝေဖန်ခဲ့သူတွေနဲ့ ကာလတိုအတွင်း ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက် လုပ်လွန်းတာတွေက ဒေါ်စုအတွက် ပြောစရာတွေ ဖြစ်လာပါတယ်။ တွေ့ဆုံဆွေးနွေးရေးလုပ်နေတယ်၊ ပြောင်းလဲမှုကို တွေ့ ရပြီ ဒါ့ကြောင့် အရေးကြီးပြီး ထိလွယ်ရှလွယ်တဲ့ အနေအထားမျိုးမှာ ကျွန်မလုပ်တာ စောင့်ကြည့်ပါ လုပ်လို့ မရပါဘူး။ လက်ပိုက် တရားမှတ်ပြီး စောင့်ကြည့်နေဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒေါ်နော်အုန်းလှ ပြောသလို အစ်မလည်း သူ့အလုပ် သူလုပ်တယ်၊ ကျွန်မတို့လည်း ကျွန်မတို့အလုပ် ကျွန်မလုပ်တယ် ဒီလိုဘဲ ဖြစ်ရမှာပါ။ နိုင်ငံရေးသမားဆိုတာ ကိုယ်ယုံကြည်တာလုပ်ပြီး ပြည်သူရဲ့ အဆုံးအဖြတ်ကို ရိုးစင်းစွာ ခံယူနေကြတာပါ။

အရေပြားဆိုတာ အယားဖြေဖို့ မဟုတ်။ ကျွန်တော်တို့  အခုလောက်လေး ရေးနိုင်၊ ပြောနိုင်ဖို့ တချို့ဟာ ထောင်ထဲမှာ လောင်ကျွမ်း ကုန်လွန်နေရတယ်။ ပြုပြင်ပြောင်းလဲမှုဆိုတာ အစိုးရဆီက လာတာထက် သူတို့ထံမှ မြစ်ဖျားခံပါတယ်။ အမှတ်တရတွေ၊ အခမ်းအနားတွေ၊ နှစ်ပတ်လည်တွေဆိုတာ လုပ်ကိုလုပ်ရပါမယ်။ ထောင်ထဲရောက် ဒီမိုကရေစီဘက်တော်သားတွေနဲ့ ဒီမိုကရေစီရေးမှာ ကျဆုံးသွားရှာတဲ့ လူမသိသူမသိ အာဇာနည်များအတွက် ကျွန်တော်တို့ တစ်စုံတစ်ခုကို လုပ်ပေးနေဖို့ တာဝန်ရှိပါတယ်။ ၀တ်ပြုဆုတောင်းပွဲတွေ၊ သတိတရ တွေ့ဆုံကြတာတွေကို သူတို့ မလွတ်မြောက်သေးသည် အထိ လုပ်သွားရပါဦးမယ်။ အေးအေးချမ်းချမ်း၊ သပ်သပ်ရပ်ရပ် အဆုံးသတ်သွားရင် အားလုံးအကျိုးရှိတာပါဘဲ။ အကျဉ်းကျခံရဲဘော်တွေ သိရင်လည်း သာဓု ခေါ်နိုင်ကြမှာပါ။

လက်ရှိအာဏာရ အစိုးရပါတီအနေနဲ့ လည်း သူ့အလုပ် သူလုပ်နေရင်းနဲ့ ကျွဲကူးရေပါ ဆိုသလို နိုင်ငံရေး အကျဉ်းသားကိစ္စ၊ မြစ်ဆုံကိစ္စတွေကို ရှင်းထုတ်နေရတာပါ။ တကယ်တော့ နောက်ရွေးကောက်ပွဲမှာ အခုတစ်ကြိမ် အောင်ပွဲခံမှုမျိုးကို အနိမ့်ဆုံးအဆင့်ထားပြီး ဗျူဟာချမှတ် ဆောင်ရွက်နေတာ တစ်စိတ်တစ်ပိုင်း ပါပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ ကြီးမားတဲ့ ဇောကပ်မှုဟာ နှစ်(၅၀) အာဏာချုပ်ကိုင်ထားရေးနဲ့ ကြံ့ဖွံ့ပါတီသည်သာ ရွေးကောက်ပွဲတိုင်း ပြတ်ပြတ်သားသား အသာစီးရရေး စီမံကိန်းပါဘဲ။ လွန်ခဲ့တဲ့ (၆)လထက် စာရင် အစိုးရအပေါ် လူကြိုက်များမှုဟာ တိုးတိုးလာနေတာကို တွေ့ရပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ ရေတိုရေရှည် မဟာဗျူဟာချပြီး အကွက်ကျကျ လုပ်ဆောင်မှုတွေ ကြားထဲ ကျွန်တော်တို့ အတိုက်အခံတွေအနေနဲ့ ဆန်ကောထဲ ဆီးဖြူသီး ထည့်လှိမ့်ခံရသလို မြင်နေသူတွေ ရှိနေပါပြီ။ “ကြိုဆိုပါတယ်” နောက်ကွယ်မှာ ခပ်အုပ်အုပ် ရယ်မောသံတွေ ကြားနေရသလိုပါဘဲ။

“နိုင်ငံရေးအကျဉ်းသားဆိုတာ မင်းတို့ကသာ လွှတ်ပေးဘာပေး အော်နေကြတာ၊ တကယ်တော့ ဆင်းသွားတဲ့အစိုးရက ပြန်ပေးဆွဲ ထားတာကွ။ အလဲအထပ် လုပ်ဖို့.. မှတ်ထား” လို ဆိုတဲ့ အစ်ကိုကြီးတစ်ယောက် သုံးသပ်ချက်ကို မိမိရရ ပြန်ချေပဖို့လည်း သံခင်းတမန်ခင်းနိုင်ငံရေးကြားထဲမှာ စကားလုံး ရှာမရတော့တဲ့ အခြေအနေကို အားမလိုအားမရ ဖြစ်နေတာကဘဲ ဖတ်စာသစ်တစ်ခုရဲ့ အစလို့ဘဲ ခံယူလိုက်ပါတယ်။

အောင်မျိုးထွန်း
၂၈- ၉- ၂၀၁၁

Wednesday, September 28, 2011

0ှအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(၂၃)နှစ်ပြည့်အခမ်းအနားမှသဘာပတိမိန့်ခွန်းနဲ့ ထုတ်ပြန်ကြေငြာချက်

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်သည့်(၂၃)နှစ်ပြည့်အခမ်းအနား





အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင်စတင် တည်ထောင် ဖွဲ့စည်းခဲ့ ရာ ၂၇.၉.၂၀၁၁ ရက်နေ့တွင် ၂၃နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီခေါင်းဆောင်၊ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၏ တည်ကြည် ဖြောင့်မတ်သောဦးဆောင်မှုအောက်တွင် စစ်အစိုးရ၏ ကောက်ကျစ် ယုတ်မာမှုမျိုးစုံဖြင့် ပါတီအားဖြိုခွင်းရန် ကြိုးပမ်းခဲ့မှုများကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့ပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် သန့်ရှင်း၍ တရားမျှတသည်ဟု တကမ္ဘာလုံးကသတ်မှတ် ထားသော ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင်မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ မြန်မာပြည်သူလူထု၏
ထောက်ခံမှုရရှိခဲ့သော ပြည်သူ့ပါတီကြီးဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံပြည်သူ တရပ်လုံး၏ယုံကြည်ကိုးစားမှုကို ခံယူကာ မြန်မာပြည်သူတရပ်လုံး၏ တာဝန်ပေးချက်ဖြင့်မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊အမျိုးသားပြန်လည် သင့်မြတ်ရေး တို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ၂၃ နှစ်လုံးလုံးကြိုးပမ်း ဆောင်ရွက်ခဲ့ရာမှာ ယခုဆိုလျှင် အောင်မြင်မှု အလင်းရောင်စကိုစတင် တွေမြင်နေရပြီ ဖြစ်ပါသည်။
ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၏တစ်ခုတည်းသော ဒီမိုကရေစီရေး၊ နိုင်ငံရေး ဦးဆောင်မှုပါတီအဖြစ် ၂၃နှစ်တိုင်အောင် ရပ်တည်နိုင်ခဲ့ပါပြီ။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်သည့်(၂၃)နှစ်ပြည့်အခမ်းအနားတွင်ပြောကြားသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်သည့်(၂၃)နှစ်ပြည့်အခမ်းအနားတွင်ပြောကြားသော သတင်းစာဆရာကြီး ဦးဝင်းတင်၏ညီညွတ်ရေးအတွက်ပြောဆိုချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်သည့်(၂၃)နှစ်ပြည့်အခမ်းအနားတွင်ပြောကြားသောဘဘဦးတင်ဦး၏အမှာစကား
Ohn Mar Oo

0 ထိုင်းဝန်ကြီးချုပ်ယင်လတ်မြန်မာပြည်ခရီးစဉ်တွင် လူသတ်သမားလျှပ်စစ်ဝန်ကြီးဇော်မင်းကို တွေ့ ဆုံခြင်းလုံးဝမပြုလုပ်စေရန်

ရဲဘော်အပေါင်းခင်ဗျား

ထိုင်းဝန်ကြီးချုပ် ယင်လတ် ဟာ မြန်မာနိုင်ငံကိုမကြာခင်သွားရောက်ပါတော့မည် ။ ၀န်ကြီးချုပ်ရဲ့ခရီးကို ကြိုဆိုပါသည် ။ ဒေါ်စု နင့်တွေ့ ဆုံဆိုသည်ကိုလဲ ကြိုဆိုပါသည် ။

သို့ သော် မြန်မာခရီးစဉ်တွင် ၁၉၉၈- ခရစ်စတီကျွန်းပေါ်မှာ မြန်မာ-၅၁- ဦး ( ကလေးငယ်များအပါအ၀င် ) နင့် ပိုအရေးကြီးသည်က ထိုင်းငါးဖမ်းသမား ၂၂-ဦးကိုသတ်ခဲ့သော လူသတ်သမားလျှပ်စစ်ဝန်ကြီးဇော်မင်းကို တွေ့ ဆုံခြင်း လုံးဝ မပြုလုပ်ရန်အတွက် ရဲဘော်အားလုံး ၀ိုင်းဝန်းပြီး သတင်းဌာနကြီးတွေကနေ အမြန်ဆုံး သတင်းထုတ်ပြန်ပေးကြပါရန် ပန်ကြားပါသည် ။

ထိုင်းဝန်ကြီးချုပ်အနေဖြင့် ဒီခရစ်စတီးကျွန်းပေါ်မှာ ထိုင်းလူမျိုးများအသတ်ခံရတဲ့ ကိစ္စကို ထိုင်းလူမျိုးတွေအပေါ်မှာ သစ္စာမဖေါက်သူအဖြစ်ပြသလိုပါလျှင် ဒီကိစ္စကို ယခုခရီးစဉ်မှာ မြန်မာဘက်က ဖြေရှင်းချက်ကို တောင်းဆိုပေးပါရန် အတွက် ထိုင်းအတိုက်အခံ ပါတီများကို မြန်မာအတိုက်အခံများမှ ဆက်သွယ်နိုးဆော်ထားကြပါရန် နိုင်ငံရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်တွန်းပါသည် ။ ဒီလူသတ်မှုဟာ ထိုင်းဝန်ကြီးချုပ် ယင်လတ်၏ အကိုအရင် သက်ဆင်ရှင်န၀တ် လက်ထက်မှာ ဖြစ်ခဲ့တာမို့  ယင်လတ်အနေဖြင့် ဒီကိစ္စကို ရေငုံနုတ်ပိတ်နေမည်ဆိုလျှင် ထိုင်းလူမျိုးတွေအပေါ် သစ္စဖေါက်ခြင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားရန်ကိုပါ တောင်းဆိုပါသည် ။

တဖန် အာဆီယံ အစည်းအဝေးများ သဘောတူညီချက်များ စာချုပ်များမှာလည်း ဒီလူသတ်သမားလက်မှတ် များ ပါရှိခဲ့ပါက နောင်တက်လာမည့် မြန်မာအစိုးရမှ အသိအမှတ်မပြုရေး နိုင်ငံတကာ ( ဒီမိုကရေစီ နိုင်ငံကြီးများ ) ကလည်းဒီလူသတ်သမားလက်မှတ်ပါလာရင် အသိအမှတ်မပြုရေးကို ၀ိုင်းဝန်းဆော်သြပေးကြပါရန် တိုက်တွန်းပါသည် ။

နောင်တက်လာမည့်အစိုးရအနေဖြင့် ဒီလူသတ်သမားနင့်ချုပ်ဆိုထားသော စာချုပ်များအားလုံးဟာ အလိုလိုပျက်ပြယ်နေပြီဖြစ်ကြောင်း အတိုက်အခံ နိုင်ငံရေးအင်အားလုံး ( ပြည်ပအင်အားစုများအပါအ၀င် ပြည်တွင်းမှ တာဝန်ယူရဲသော တရားဝင်နိုင်ငံရေးပါတီများအပါအ၀င် ) လက်မှတ်ထိုးတောင်းဆိုပြီး အာဆီယံ နင့်တကွ နိုင်ငံတော်အစိုးရကိုပါတရားဝင်း အကြောင်းကြားစာ ပို့ ထားကြပါရန်တိုက်တွန်းပါသည် ။

မြန်မာအစိုးရအနေဖြင့်လည်း တစ်နေ့ နေ့  တစ်ချိန်ချိန်တွင် နိုင်ငံတကာစစ်ခုံရုံးပေါ်တက်ရမည့် လူသတ်သမားများမြန်မာအစိုးရအဖွဲ့ တွင်မရှိပါကြောင်း အာမခံချက် ကို တာဝန်ရှိရှိ ( တာဝန်ယူပြီး ) ထုတ်ပြန်ပေးပါရန်တောင်းဆိုလိုက်ပါသည် ။

အားလုံးကို အထူးပန်ကြားလိုက်ပါသည်

လှိုင်မြင့်

ထပ်ဆင့်အနေဖြင့် ဒီလူသတ်သမားကို ၀န်ကြီးအဖြစ်ဆက်ခန့် ထားလျှင် မကြာခင် ဒီကြံ့ ဖွတ်အစိုးရကြီး ပါပြုတ်ကျသွားစေမည့်အထောက်အထားများ ထုတ်ပြန်ပေးပါမည် ။

Tuesday, September 27, 2011

0 မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူသားထုအပေါ်လူမဆန် စွာ ချိုးဖေါက်တဲ့ ရာဇဝတ်မှုတွေကို ဖေါ်ထုတ်အရေးယူရေး ကို အမေရိကန် ပြည်သူတွေက လက်မှတ် ရေးထိုး တောင်းဆို


အမေရိကန် ဝါရှင်တန်ဒီစီ အခြေစိုက် US Campaign for Burma မှ အမေရိကန်ပြည်သူတွေ ရဲ့ လက်မှတ်ရေးထိုး တောင်းဆိုမှု စာလွှာပေါင်း တသောင်းသုံးထောင် ကို အမေရိကန် သမ္မတအိုဘားမား ထံပေးပို့လိုက်ကြပါတယ်။

ဒီစာတွေထဲမှာ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူသားထု အပေါ်လူမဆန် စွာ ချိုးဖေါက်တဲ့ ရာဇဝတ်မှု တွေကို သမ္မတအိုဘားမား အစိုးရ က ဦးဆောင်ပြီး အဆုံးသတ်စေရေး၊ ရာဇဝတ်မှု ကျူးလွန်သူ တွေကိုလည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် မှ ဖေါ်ထုတ် အရေးယူရေး ကို အမေရိကန် ပြည်သူတွေ က လက်မှတ် ရေးထိုး တောင်းဆိုလိုက် ကြတါပါ။

ပြီးခဲ့တဲ့ နှစ်က သမ္မတ အိုဘားမား က ကုလစုံစမ်းရေး ကော်မရှင် ပေါ်ပေါက်ရေး ကို အပြည့်အဝ ထောက်ခံခဲ့ ပေမယ့် အပြောနဲ့ တင် မဟုတ်၊ အလုပ်နဲ့ပါ လက်တွေ့ပြဖို့တောင်းဆိုကြတာကို မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့က ဉပဒေရေးရာ ဒါရိုက်တာ ဂျယ်နီဖါကွစ်ဂလီ က ဘီဘီစီ ကို ပြောပြပါတယ်။မြန်မာအစိုးရ ဖက်ကလည်း ပြုပြင်ပြောင်းလဲမှု တွေ ပြုလုပ်နေတာ ကို အမေရိကန် အစိုးရ ကို ရော နိုင်ငံတကာ အစိုးရတွေ ကိုပါ စောင့်ကြည့် စေလိုတဲ့ သဘော ပြောတာကို လက်ခံတဲ့ အသွင်ဆောင်ပုံ ကိုလည်း ဂျယ်နီဖါကွစ်ဂလီ က ဘီဘီစီ ကိုရှင်းပြပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ လည်းကျင်းပ နေပြီမို့ မြန်မာ့အရေး ထိရောက်စွာ ဖြေးရှင်းပေး ရေး လိုလားကြပုံ ကို အမေရိကန် ပြည်သူတွေရော ကမ္ဘာကျော် ဂီတဝိုင်း ယူတူးမှ တီးဝိုင်းခေါင်းဆောင် ဘိုနို ကပါ လှုံ့ဆော် တောင်းဆိုနေတာ ဖြစ်ပါတယ်။
(ဘီဘီစီ)

0 ဆူးလေဘုရားတွှုင် ဆုတောင်းခဲ့သော ဒေါ်နော်အုန်းလှ ဖမ်းဆီးခံရခြင်း မရှိဟု နီးစပ်သူတဦးက ပြောဆို



ငြိမ်းဆက်လင်း(မြစ်မခ)

စက်တင်ဘာလ ၂၆ ရက်နေ့(ယမန်နေ့)က ဆူးလေဘုရားတွင် ၀တ်ပြုဆုတောင်းခဲ့သော ဒေါ်နော်အုန်းလှအား ဖမ်းဆီးထိန်းသိမ်းခံရခြင်း မရှိကြောင်း သူမနှင့် နီးစပ်သူ တဦးက ပြောသည်။ `မနော်နဲ့ မနက်ကတင် ဖုန်းပြောဖြစ်ပါတယ်။ ညက လာဖမ်းတယ်ဆိုပြီး သတင်းထွက်လို့ပါ၊ မဟုတ်ပါဘူး၊ကိုဟန်ဝင်းအောင်လည်း အဖမ်းမခံရပါဘူး ဒါပေမဲ့ ကိုဟန်ဝင်းအောင်ကို အိမ်ကိုတော့ စောင့်ကြည့်နေကြတယ်`ဟု ဒေါ်နော်အုန်းလှနှင့် နီးစပ်သူ တဦးက မြစ်မခမီဒီယာသို့ ပြောသည်။

ထို့အတူ ဆူးလေဘုရားတွင်ဆုတောင်းခဲ့သော ကိုဟန်ဝင်းအောင်ကိုလည်း သက်ဆိုင်ရာမှ လိုက်လံ စောင့်ကြည့်လျက်ရှိကြောင်း၊ ယခုအချိန်ထိ ဖမ်းဆီးထားသူ မရှိသေးကြောင်း မြစ်မမီဒီယာမှ စုံစမ်းသိရှိရသည်။

ဆူးလေ ဆုတောင်းပွဲတွင်ပါဝင်ခဲ့သူအချို့အား သက်ဆိုင်ရာမှ စောင့်ကြည့်လျက်ရှိသော်လည်း ဖမ်းဆီးခြင်း၊ ထိန်းသိမ်းအရေးယူခြင်း မရှိကြောင်း စုံစမ်းသိရှိရသည်။`ဒီမိုကရေစီအစိုးရလို့ ပြောတယ် မဟုတ်လား၊ ဒါဆိုရင်တော့ မနေ့က ဆုတောင်းတဲ့ သူတွေကို ဖမ်းတာတွေ ဘယ်လုပ်လို့ဖြစ်မလဲ၊ လုပ်လိုက်ရင် ဒီမိုကရေစိအစိုးရမဟုတ်ဘူးဆိုတာ ပြလိုက်တာပဲ၊ ကျွန်တော်တို့တော့ အဲလို ပဲ မြင်မိတယ်` ဗဟိုတရားရုံး ရှေ့နေဦးခင်မောင်ဦးက ပြောသည်။ယခု အခြေအနေမှ အပြောင်းအလဲ ရှိခဲ့လျှင်၊ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု ကြားသိခဲ့ရလျှင် ပြန်လည် ဖော်ပြပေးပါမည်။ အချိန်နှင့်တပြေးညီသတင်းတွေကို ဖော်ပြပေးပါမည်)

0 “လူငယ်များရဲ့ ဧရာဝတီ”ရင်ခုံသံပြပွဲမှ အနဂ္ဂနဲ့ ရန်ရန်ချမ်းတို့ရဲ့ဘဝ...ဘဝ.. ဒီကောင်တွေက ဒီလိုပဲ...သီချင်း



မြန်မာနိုင်ငံကိုရောင်းစားနေတဲ့ကောင်တွေကိုပြောတာ....ဘဝ...ဘဝ.. ဒီကောင်တွေက ဒီလိုပဲ..


Video..Yeyint Kyaw (ကိုဝိုင်ဝိုင်ကေ)

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနား

ကမ္ဘာတ၀ှမ်းလုံးရှိ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဒီမိုကရေစီကို ချစ်မြတ်နိုးသူအားလုံးသို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင် တည်ထောင် ဖွဲ့စည်းခဲ့ရာ ၂၇.၉.၂၀၁၁ ရက်နေ့တွင် ၂၃ နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနားကို ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဌာနချုပ် ရုံး၌ နံနက် (၁၁)နာရီတွင် စတင် ကျင်းပမည်ဖြစ်ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၂၃) နှစ်ပြည့် အခမ်းအနားကို ဂီတဖျော်ဖြေပွဲများနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီခေါင်းဆောင်၊ နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ တည်ကြည် ဖြောင့်မတ်သော ဦးဆောင်မှုအောက်တွင် စစ်အစိုးရ၏ ကောက်ကျစ် ယုတ်မာမှုမျိုးစုံဖြင့် ပါတီအား ဖြိုခွင်းရန် ကြိုးပမ်းခဲ့မှုများကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် သန့်ရှင်း၍ တရားမျှတသည်ဟု တကမ္ဘာလုံးက သတ်မှတ် ထားသော ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ မြန်မာပြည်သူလူထု၏ ထောက်ခံမှုရရှိခဲ့သော ပြည်သူ့ပါတီကြီးဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံပြည်သူ တရပ်လုံး၏ ယုံကြည်ကိုးစားမှုကို ခံယူကာ မြန်မာပြည်သူတရပ်လုံး၏ တာဝန်ပေးချက်ဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ၂၃ နှစ်လုံးလုံး ကြိုးပမ်း ဆောင်ရွက်ခဲ့ရာမှာ ယခုဆိုလျှင် အောင်မြင်မှု အလင်းရောင်စကို စတင် တွေမြင်နေရပြီ ဖြစ်ပါသည်။

ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဒီမိုကရေစီရေး၊ နိုင်ငံရေး ဦးဆောင်မှုပါတီအဖြစ် ၂၃ နှစ်တိုင်အောင် ရပ်တည်နိုင်ခဲ့ပါပြီ။ မြန်မာဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့အတွက် မြန်မာတမျိုးသားလုံးကို ဦးဆောင်မှု ပေးနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနားကို ဒီမိုကရေစီ ချစ်မြတ်နိုးသူ ပြည်သူတရပ်လုံးက တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

မြန်မာနိုင်ငံဒီမိုကရေစီကွန်ယက်

0 "အရှေ့မှာရင်ဘတ်၊ အနောက်မှာ ကျော"


ချင်းမိုင် (မဇ္ဈိမ) ။ ။ တနင်္လာနေ့တွင် ဖြစ်ခဲ့သည့် ရွှေဝါရောင် လေးနှစ်ပြည့် လှုပ်ရှားမှုနှင့် ပတ်သက်ပြီး လှုပ်ရှားမှုတွင် ပါဝင်သူများကို ဝေဖန်နေသည့်အပေါ် မိမိတို့ စေတနာသန့်သန့်နှင့် လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့သူ တဦးလည်းဖြစ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် တသီးပုဂ္ဂလ ဦးဝင်းချိုက ဆိုသည်။ ယင်းလှုပ်ရှားမှုကို လုံခြုံရေးနှင့် ရဲဝန်ထမ်း ၄ဝဝ ခန့်က လူစုခွဲပစ်ခဲ့သည်။

ရွှေဝါရောင် လေးနှစ်ပြည့် လှုပ်ရှားမှု အစီအစဉ်များအကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအပေါ်အမြင်၊ ယခုလှုပ်ရှားမှုကြောင့် နိုင်ငံရေး အကျဉ်းသားလွတ်ရေး အပေါ်သက်ရောက်မှု၊ လှုပ်ရှားမှုများအပေါ် ဝေဖန်ချက် များကို ပြန်လည်တုန့်ပြန်မှုတို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဦးဝင်းချိုကို မေးမြန်းထားသည်။

ဘယ်လို အိုင်ဒီယာနဲ့ ဒီနေ့ အစီအစဉ်ကို လုပ်ဖြစ်တာလဲခင်ဗျာ့။

“အမှန်ပြောရရင် ကျနော်က ရွှေဝါရောင် နှစ်ပတ်လည်ပွဲကို သွားတက်တာပါ။ ပွဲက ဒေါ်နော်အုန်းလှတို့ ဦးစီးပြီးတော့ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ လုပ်တာပါ၊ ကျနော် သွားတက်တဲ့အခါကျတော့ အဲဒီမှာ သူတို့ ဆုတောင်းဖို့အတွက် သူတို့ အစီအစဉ်ရှိတယ်ဆိုတာ သိရပါတယ်။ အဲဒီတော့ သူတို့ ဆုတောင်းဖို့ လုပ်ထားတဲ့ အစီအစဉ်က ကားသုံးစီးနဲ့ ဆူးလေ ဘုရားမှာ သွားပြီးတော့ ဆုတောင်းမယ် ဝတ်ပြုမယ်ပေါ့။ အဲဒီအတွက် အားလုံး အဆင်ပြေပြေ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်းလေးဖြစ်ဖို့ ကျနော်က အဲဒီကျတော့မှ ကျနော်က ပူးပေါင်းပါဝင်ဖြစ်တာပါ ကျနော် ဦးဆောင် တာမဟုတ်ပါဘူး၊ ဒီကိစ္စ ကျနော် စီစဉ်တာ မဟုတ်ပါဘူး”


အန်ကယ်က ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ ပါဝင်ဖြစ်တယ်ဆိုတော့၊ အာဏာပိုင်တွေဘက်က တင်းတင်းမာမာ တုန့်ပြန်လာမယ်လို့ မျှော်လင့်ထားလို့လား။

“ပထမ ကျနော်သိထားတာကတော့ ပုဒ်မ ၃၅၄ (၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ) ပြည်သူတွေရဲ့ ဆန္ဒကို လွတ်လပ်စွာဖေါ်ထုတ်ဖို့ဆိုတဲ့ ကိစ္စမှာ ကျနော်ကိုယ်တိုင် ဂျွန်လ ငါးရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြဖို့အတွက် ကျနော်ရယ် နေမျိုးဝေရယ်၊ ကိုစိုးကြည်ရယ်၊ ကိုမင်းအောင်ရယ် ကျနော်တို့ ကြိုးစားခဲ့ပါသေးတယ်။ အဲဒီတုန်းက အာဏာပိုင်တွေက ပြောပါတယ်။ နည်းဥပဒေ ထုတ်ပြန်ရခြင်းမရှိသေးတဲ့အတွက်ပါတဲ့။ အဲဒီတော့ နည်းဥပဒေ ထုတ်ပြန်ဖို့ဆိုတာကလည်း အခုမှ လွှတ်တော်မှာ ဆွေးနွေးနေဆဲဆိုတာ ကျနော်သိတယ်လေ။ ဆိုတော့ နည်းဥပဒေ မထုတ်ပြန်သေးခင် ကျနော်တို့ နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်သလောက် ထိန်းသိမ်းပေးဖို့အတွက်။ ကျနော်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်အနေနဲ့ ကျနော် လိုက်သွားတာပါ။”

ဘယ်လိုကနေ ဘယ်လိုတားတာလဲ ခင်ဗျာ့။

“မြောက်ဥက္ကလာကနေ ကမ္ဘာအေး ဘုရားလမ်းကို ချိုးပါတယ်။ အဲဒီမှာ ယဉ်ထိန်းကနေ တားပြီးတော့ လိုင်စင် စစ်ပါတယ်။ အဲဒီမှာ ရဲမှူးကြီးက လိုင်းကားတွေဟာ လိုင်းမဆွဲဘဲနဲ့ နဝလီ (အငှားလိုက်ခြင်း) ငှားတဲ့အတွက် အရေးယူခံရမှာဖြစ်တယ်လို့ ပြောတဲ့အခါမှာ ကျနော်တို့ ငှားလာတဲ့ ကားတွေက ရှေ့ဆက် မသွားရဲတော့ဘူး သူတို့က ဥပဒေနဲ့ ငြိနေတဲ့အတွက် သူတို့ အရေးယူခံရမှာကြောက်ပါတယ် ဆိုပြီးတော့ ကျနော်တို့ငှားထားတဲ့ ပိုက်ဆံကို ပြန်ပေးပါတယ်။ ကျနော်တို့ကလည်း နောက်ထပ် ကားငှားဖို့ မလွယ်တဲ့အခါ လမ်းလျှောက်သွားမယ်ဆိုတော့ ငါး ယောက်ထက်ပိုရင်လည်း တည်ဆဲဥပဒေအရ အရေးယူမှာပါတဲ့။ အဲဒါနဲ့ ကျနော်တို့က ကမ္ဘာအေး ဘုရားလမ်း ပလက်ဖေါင်းမှာပဲ ဘုရားဝတ်ပြုပါတယ်။ ပြီးတော့ ကျနော်တို့ လူစုခွဲလိုက်ပါတယ်”

ရဲ အဲဒီလောက်ပမာဏက အစတည်းက စောင့်တားတာလား။“ဦးမောင်စိုး (ရဲမှူး) လာတားတုန်းကတော့ သူရယ်၊ ကားနှစ်စီးလောက်ပဲ ပါတာပေါ့။ ကားနှစ်စီးလောက်က
နေပြီးတော့ နောက်ထပ်ကျတော့ အများကြီးရောက်လာတာပေါ့။”

ဒီအစီအစဉ်မှာ တခြား ဘယ်သူတွေပါသေးလဲ။

“ကျနော်သိတဲ့လူတွေထဲမှာတော့ တလောက မြစ်ကြီးနား ထောင်ကပြန်လွှတ်လာတဲ့ မျိုးခင်ပါတယ်။ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွှတ်လာတဲ့ ကျနော်တို့ အလုပ်သမား သွေးစည်းညီညွတ်ရေးမှာ အတူတူ လက်တွဲခဲ့တဲ့ ထွန်းထွန်းနိုင်တို့ပါတယ်။ ဒေါ်နော်အုန်းလှ၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ကွန်ယက်က ကိုဝေဠ တို့ပါတယ်။ တခြားလူတွေတော့ ကျနော်မသိပါဘူး။”

ရည်ရွယ်ချက်က ဆန္ဒထုတ်ဖေါ်ဖို့လုပ်တာလား၊ ဆုတောင်းဖို့ သက်သက်ပဲလားခင်ဗျာ့။

“ကျနော်တို့က ဆန္ဒပြဖို့ လုံးဝမကြိုးစားခဲ့တာပါ။ ကျနော်တို့က ကားနဲ့သွားပြီးတော့ ဆူးလေဘုရားမှာ ဝတ်ပြုမယ်၊ ဆုတောင်းမှာ ဒီဟာက ကျနော်တို့ ဆန္ဒပြတဲ့အကြောင်းအရာ မဟုတ်ဘူး။ ဒီဟာက ကျနော်တို့ရဲ့ ဆန္ဒဖေါ်ထုတ်ခြင်း ဘာလိုချင်တယ် ဘာပေးပါ။ ဒီဟာကို မလိုချင်ဘူး ဟိုဟာပေးပါ အစရှိသဖြင့် ကျနော်တို့ရဲ့ ဆန္ဒတွေ ပြောနေတာ မဟုတ်ပါဘူး။ ကိုဝေဠုတို့ စီစဉ်တာကလည်း ဝတ်ပြုဆုတောင်းဖို့ပါပဲ”

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးတာဟာ ဒီလို လှုပ်ရှားမှုတွေ ဖြစ်လာမှာကို စိုးရိမ်လို့,လို့ ပြောသံတွေ ကြားရပါတယ်။ အခုလှုပ်ရှားမှုကြောင့် နိုင်ငံရေး အကျဉ်းသားကိစ္စ မထိခိုက်နိုင်ဘူးလား။

“ကျနော်တို့လုပ်ခဲ့ပါတယ်။ ကျနော် စီစဉ်တာတော့ မဟုတ်ပါဘူး။ တချိန်တည်းမှာ အမှားအယွင်းဖြစ်ခဲ့ရင်လည်း ကျနော်တာဝန်ယူပါတယ်။ ခေါင်းမရှောင်ပါဘူး။ ကျနော် ဘာ့ကြောင့် ဒီပွဲထဲကို ဝင်သွားရသလဲဆိုတာလည်း ကလေးတွေက ကျနော့်ကို တောင်းဆိုပါတယ်။ အန်ကယ် ဝိုင်းထိန်းပေးပါ။ ကျနော်ကလည်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ သူတို့က ပြောပါတယ်။ အဲဒီတော့ ကျနော်ကလည်း အဲဒီကိစ္စ ဝိုင်းဝန်း ကူညီပေးတာပါ”

နောက်တခုက ဒီကိစ္စဟာ သွေးရိုးသားရိုးမဟုတ်ဘူး နောက်ကွယ်မှာ တခုခု ရှိနေနိုင်တယ်လို့ ဝေဖန်ကြပါတယ် အဲဒီအပေါ်မှာကော။

“ကျနော်လည်း အဲဒါကို သိပါတယ်၊ ဒေါက်တာသန်းထွဋ်အောင်က လုံးဝ လက်မခံနိုင်ဘူး။ နောက်ကွယ်က
ပြဿနာကို ဖေါ်ထုတ်ရမယ်လို့ ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ပြောရဲတဲ့ စေတနာကို လေးစားပါတယ်။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံ ထူထောင်ချင်ရင် ကျနော်တို့လို လူညံ့တွေလည်းဒီနိုင်ငံမှာ အသက်ရှင်ခွင့်ပြုပါ လို့ပြောချင်တယ်။”

“ကျနော်တို့ ချောင်းရေက သူ့ဘာသာ သူနောက်တာပါဗျာ။ နင်မဟုတ်ရင် နင့်အဖေပဲလို့တော့ မပြောစေချင်ဘူး။ ကျနော်တို့ ရေသောက်ဆင်းမိပါတယ်။ အဲဒီတော့ ဒီချောင်းရေ နောက်သွားတယ်။ ကျနော်မဟုတ်ပါဘူး ဆိုရင်တောင် နင်မဟုတ်ရင် နင့်အဖေပဲလို့ ဖြစ်နိုင်ရင် မပြောစေချင်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ကလည်း အာရပ်မှာ ဖြစ်နေသလိုမျိုး လှုပ်ရှားမှုတွေ မဖြစ်စေလိုပုံ ပေါ်ပါတယ်၊ ဒီအပေါ်မှာကော။

“ကျနော်တို့ ခေါင်းဆောင်က ဒါလုပ်ဆိုမှ လုပ်တဲ့လူတွေမဟုတ်တာတော့ ကျနော်တို့မှာ အပြစ်ရှိတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ နောက်တခါ ကျနော်တို့က ကိုယ့်အယူအဆ လေးတွေကို
ဖေါ်ထုတ်တာလည်း ခေါင်းဆောင်လည်း လက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။ အဲဒီအတွက် ခေါင်းဆောင်လုပ်နေတဲ့ အကြောင်းအရာတွေကို အနှောက်အယှက် ဖြစ်စေချင်တဲ့ ဘယ်သူ့မှာမှ ဖြစ်စေချင်တဲ့ ဆန္ဒလုံးဝမရှိပါခင်ဗျာ။”

ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အန်တီစုနဲ့ သဘောထား မကွဲနိုင်ဘူးလား။

“ကျနော်ကတော့ အဲဒီလို မမြင်ဘူးခင်ဗျာ့၊ အန်တီကတော့ အားလုံး ကိုယ့်ဟာကို လမ်းလျှောက်နိုင်ဖို့အတွက် ပိုပြီးတော့ စိတ်ဝင်စားမယ် ထင်ပါတယ်။ အစတည်းကလည်း အန်တီယောက်တည်းနဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ဆိုတာ မဟုတ်သေးဘူး မှားတယ် ဆိုပြီးတော့ ပြောပါတယ်။ သူ့တယောက် တည်းကိုပဲ အားကိုးနေရင် အာဏာရှင် ဖြစ်သွားမယ်လို့လည်း ပြောဖူးပါတယ်။ ဒီကိစ္စမှာ ကလေးတွေ လုပ်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်က ဝိုင်းဝန်း ထိန်းသိမ်းပါတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်မှားသွားရင်လည်း သမိုင်းက ရေးသွားပါလိမ့်မယ်။ သို့သော် လည်း ကျနော်တို့ စေတနာ မသန့်တဲ့ အလုပ်တော့ တခုမှ မလုပ်ခဲ့ပါဘူး။”

နောက်ထပ်မေးချင်တာက အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ ဝေါဟာရကို အန်ကယ် ဘယ်လို အဓိပ္ပါယ် ဖွင့်ပါသလဲ။

“ဖွဲ့စည်းပုံ အသက်မဝင်သေးခင် ရွေးကောက်ပွဲလည်း မစသေးခင်က ကျနော်ပြောခဲ့တယ်ဗျ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစား ကြားထဲမှာ သံသယ ကင်းကင်းနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ခဲ့ရင် အဲဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးပါပဲ။”

အဲဒီ ပွင့်ပွင်းလင်း ဆက်ဆံနေကြတဲ့ အခြေအနေတွေ မြင်နေရပြီလား။

“အဲဒါကတော့ ကျနော်တို့ စမ်းသပ်ဆဲကာလဖြစ်ပါတယ်။ ကျနော်တို့ တယောက်ကို တယောက် ချစ်ချစ်ခင်ခင်နဲ့ တယောက်ကိုတယောက် အမှားအယွင်းလေးတွေရှိရင် သည်းခံပြီးတော့ ကျနော်တို့ ပြုပြင်သွားရင် ဒီကိစ္စဟာ အဆင်ပြေသွားမယ်လို့ ကျနော်က ယူဆပါတယ်။ ပြည်သူမပါတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာ ဖြစ်နိုင်မယ်လို့ ခင်ဗျားကော ထင်သလားဗျာ။”

အန်ကယ့်ရဲ့ နိုင်ငံရေး အယူအဆလည်း ပြောပါဦး။

“အခုလက်ငင်းအချိန်မှာ ကျနော်တို့ နိုင်ငံရေး အယူအဆနဲ့ ပတ်သက်ပြီး နိုင်ငံရေးကို မလုပ်ရသေးဘူး ထင်တာပဲ။ ကျနော်တို့ အခုလုပ်နေတာတွေက နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ကာကွယ်မှုကိုပဲ မပြီးဆုံးနိုင်အောင် ထမ်းဆောင်နေရသေးတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ၂ဝ၁ဝ၊ ၂ဝ၁၁ ဖေဖေါ်ဝါရီ ကျတော့မှ ပြန်ရှိတာကိုး။ နှစ်ပေါင်း နှစ်ဆယ်လောက်နီးနီး နိုင်ငံသားတို့၏ မူလ အခွင့်အရေးများနဲ့ တာဝန်များ ဆိုတဲ့ဟာက အခုအချိန်မှာ တခါမှ မခံစားဘူးဖူးလေ။ နိုင်ငံသားတို့၏ မူလ အခွင့်အရေးများနဲ့ အခန်းကဏ္ဍ ပုဒ်မ ၃၄၅ ကနေ ၃၉ဝ အထိကို ကြေကြေ ညက်ညက်သိဖို့ကို အရင်ဆုံးကြိုးစားနေရတဲ့အခါမှာ မူဝါဒ ကိစ္စ ကိုပြောဖို့ မလွယ်လောက်သေးဘူး။”

နောက်ဆုံး မေးခွန်းပါပဲ ခင်ဗျာ၊ ဒီနေ့ အခြေအနေမှာ ရဲတွေ၊ လုံခြုံရေးတွေက အန်ကယ်တို့ကို ဆက်ဆံတဲ့ အနေအထားလည်း သိပါရစေ။

“ကာလ၊ ဒေသ၊ ပရောဂ အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီတော့ အခြေအနေတခု ပြောင်းသွားလို့ရှိရင် အပြုအမူက
ပြောင်းသွားရမှာကိုး။ အခုအခြေအနေမှာတော့ သူတို့ ပူးပေါင်း ဆောင်ရွက်တယ်လို့ ပြောလို့ရပါတယ်။”

နောက်ထပ် ဖြည့်ပြောချင်တာရှိရင် ပြောပါခင်ဗျာ။

“ဒီလိုပါဗျာ။ ကျနော်တို့ အကောင်းကြိုးစားပြီး လုပ်နေပါတယ်။ မှားတာတွေ ရှိနိုင်ပါတယ်။ ဘာမှ မလုပ်တာထက် စာရင်တော့ စေတနာ သန့်သန့်နဲ့ လုပ်ကိုင်ရင်းနဲ့ မှားတာလေးတွေရှိရင် ကျနော်တို့ကို နားလည်ပေးပါ။ ကျနော်တို့ စေတနာ မယုတ်မာပါဘူး။ ကျနော် ဘယ်သူ့အားကိုးနဲ့ ဘယ်သူ့ သြဇာနဲ့ ကျနော့်ကို ဒီလို အလုပ်မျိုး လုပ်နေတယ်လို့ ကျနော့်ကိုဖြစ်နိုင်ရင် မစွတ်စွဲစေချင်ဘူးဗျာ။ ကျနော့်ကို သေသေချာချာလေး လေ့လာပေးပါ။ ဦးဝင်းချိုက အရှေ့မှာ ရင်ဘတ်၊ အနောက်မှာ ကျောကလွဲရင် ဘာမှ မရှိတဲ့လူပါ။ လုံးဝတသီးပုဂ္ဂလပါ အဲဒါကို လုံးဝ ကြေညာပါတယ်။”

Monday, September 26, 2011

0 ရွေဝါရောင်တော်လှန်ရေး(၄)နှစ်ပြည့်ဆူးလေချီတက်ဆန္ဒပြဆုတောင်းပွဲ



မေသင်္ကြန်ဟိန်း(မြစ်မခ)
စက်တင်ဘာ ၂၆၊ ရန်ကုန်မြို့။

ဒီနေ့ နံနက်ကတည်းက အလှူပွဲတွေ၊ အခမ်းအနားတွေ ရှိတာကို ကြားရ သိရပါတယ်။ သတင်း ဂျာနယ် နှစ်စောင်အတွက် သတင်းတွေပို့ပေးနေရလို့ ရုံးကနေ ထွက်ခွင့်ရတဲ့အချိန်က နေ့လည် ၁၁ နာရီ ကျော်နေပါပြီ။

ဆူးလေဘုရားအနီး၊ မြို့တော်ခန်းမ ရှေ့ကို ရောက်တဲ့အချိန်မှာ နေ့လည် ၁၂နာရီ ထိုးပြီး ၁၅ မိနစ်ပါ။ မြို့တော်ခန်းမရှေ့က့  မီဒီယာကော်နာရှေ့မှာ ကျမရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကိုလည်း ကင်မရာ ကိုယ်စီနဲ့ တွေ့မြင်ရပါတယ်။

မြို့တော်ခန်းမရှေ့မှာတော့ ယူနီဖောင်းအပြည့်အစုံဝတ် လုံထိန်းတွေကို တင်ထားတဲ့ ကား ၆ စီးနဲ့ မြို့တော်ခန်းမအနီးမှာ စောင့်နေတဲ့ ရဲကား ၃ စီးကို မြင်တွေ့နေရပါတယ်။

နေ့လည် ၁နာရီ ထိုးပြီး ၃ မိနစ်လောက်မှာပဲ မိုးစက်တွေက ဝေါကနဲ့ သွန်ချလိုက်ပါတယ်။ မိုးစက်တွေနဲ့အတူ အ၀ါရောင်တီရှပ်အကျီာင်္တွေ ၀တ်ထားတဲ့ အမျိုးသားအမျိုးသမီး အယောက် ၃၀ လောက်က ကားတွေ၊ လိုင်းကားတွေ၊ ရဲကားတွေကို ဖြတ်ပြီး မဟာဗန္ဓုလပန်းခြံရှေ့ကနေ ဆူးလေ ဘုရားပေါ်ကို တက်သွားကြပါတော့တယ်။

အဲဒီအ၀ါရောင်တီရှပ်တွေ နောက်ကို ယူနီဖောင်းဝတ် ရဲ ၂၀ လောက်က ပြေးလိုက်သွားကြသလို၊ ကင်မရာကိုင် သတင်းသမား ၃၀ လောက်နဲ့ ၊ အရပ်ဝတ်ထားတဲ့ ရဲ ၂၀ လောက်ကလည်း အပြေးအလွှား ပြေးလိုက်ကြပါတယ်။

ဆူးလေဘုရားပေါ်မှာတော့ ဘုရားဖူးသူ နည်းနည်း လုံခြုံရေးချထားတဲ့ ယူနီဖောင်းဝတ်ရဲ၊ ရဲအရာရှိများ၊ အရပ်ဝတ်ရဲများများနဲ့ သတင်းသမားတွေက၀ိုင်းပြီး အ၀ါရောင်လမ်းလျှောက်လာကြသူတွေ၊ ဆုတောင်းနေကြသူတွေကို မေးမြန်းကြ၊ ဓါတ်ပုံရိုက်ကြနဲ့ပါပဲ။မိုးတွေကလည်း တဝေါဝေါရွာလို့၊ သတင်းသမားတွေရဲ့ တယောက်တခွန်းမေသံတွေနဲ့ မှတ်တမ်းတင် ဓါတ်ပုံရိုက်နေကြသူတွေကြားမှာအ၀ါရောင်ဝတ်သူတွေကတော့ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးနဲ့ပါပဲ။

`ဘာကြောင့်ခုလို လမ်းလျှောက်ဆုတောင်းကြတာပါလဲ`ဆိုတဲ့ အမေးအဆုံးမှာ ပန်းတွေ ပွေ့ထားတဲ့ မျက်နှာ ချိုချိုနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားက လေသံအေးအေးနဲ့ပဲ ဖြေပါတယ်။

`၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ် နှစ်ပတ်လည်ပါ။ပြီးတော့ ကျနော်တို့ ရဲ့ ရဲဘော်တွေဖြစ်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် လုပ်တာပါ။ အင်္ကျီဝါကို ၀တ်ဆင်ရခြင်းကလည်း ၂၀၀၇ ဖြစ်စဉ်ကိုပဲ ရည်ရွယ်ကိုယ်စားပြုပြီး ၀တ်ဆင်တာပါ။ ဒီအထိမ်းအမှတ်ပွဲမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူတွေရဲ့ မိသားစုဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေ၊ အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့က အဖွဲ့ဝင်တွေပါပါတယ်” လို့ သူက အေးဆေးစွာပဲ ပြောပါတယ်။

ခဏကြာတော့ ရဲအရာရှိကြီးတွေက အ၀ါေ၇ာင်တီရှပ်ဝတ်တွေနဲ့ စကားတွေ ပြောဆိုကြပါတယ်။မိုးစက်သံတွေနဲ့ ရပ်နေရာကနေ ဘာတွေ ပြောကြသလဲဆို မကြားရလိုက်ပေမဲ့၊ ကမ္ဘာအေးကနေ ရောက်လာမဲ့ အဖွဲ့ကို စောင့်နေတာကိုတော့ ကြားလိုက်ရပါတယ်။

ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ မိုးရေတွေထဲမှာ အေးအေးဆေးဆေးပဲ ထိုင်နေပြီး ဘုရားဝတ်ပြုနေကြတယ်။ သူတို့ဟာ စိုးရွံ့နေပုံမရဘူး၊ ပျာယာလည်း ခတ်မနေကြဘူး၊ ပြာယာခတ်နေတဲ့ သူတွေ ဟိုပုံရိုက် ဒီပုံရိုက်နဲ့ ကင်မရာ၊ ဗီဒီယို ကင်မရာ ကိုင်ထားကြသူတွေ ကြားမှာ အ၀ါရောင်သူတွေကတော့ အေးဆေးစွာနဲ့ ဘုရားဝတ်ပြုနေကြပါရဲ့။

ကမ္ဘာအေး ဘုရားမှာ ဆုတောင်းတဲ့ အဖွဲ့ တဖွဲ့ရှိသေးတယ်၊ သူတို့နဲ့လည်းဆူးလေမှာပဲ ဆုံဖို့ ချိန်းထားတယ်ဆိုတဲ့ စကားကြောင့် မီဒီယာသမားတွေ ကမ္ဘာအေး ဘုရားဘက်ကို ရွေ့ဖို့ ပြင်ကြတယ်။

ဆူးလေနဲ့ ကမ္ဘာအေးဘုရား လူခွဲပြီး နေကြမယ်ဆိုပြီး မီဒီယာသမားတွေ အချင်းချင်းတိုင်ပင်ပြီး ကမ္ဘာအေးဘက်ကို ရွေ့ကြတယ်။ အဲဒီထဲမှာ ကျမလည်းပါတာပေါ့။

ကားငှားပြီး ထွက်ခဲ့ပေမဲ့ ရွှေဂုံတိုင်ရောက်တော့ မိုးရေတွေက လမ်းပေါ်တက်ပြီး ကားဆက်သွားလို့မရတော့ဘူး၊ သိတယ်မဟုတ်လား၊ ရန်ကုန်မှာ မိုးရွာရင် မိုးရွာလို့ နာရီဝက်မပြည့်ခင် လမ်းတွေပေါ်ရေတွေရောက်လာတာ ကားဘော်ဒီအောက်ပိုင်း မြှုပ်တယ်လေ၊ အဲဒါနဲ့ ဆူးလေဘက် ပြန်လှည့်လာတော့ ဦးထောင်ဘိုလမ်းထိပ်မှာ ရွှေဂုံတိုင်ဘက်ကို လမ်းလျှောက်လာတဲ့ အ၀ါရောင်အဖွဲ့ကို တွေ့လိုက်ရပါတယ်။

အ၀ါရောင်ဝတ်ဆင်သူပေါင်း ၆၀ ကျော်လောက်နဲ့ ၄ ယောက်တတွဲလမ်းလျှောက်လာတဲ့ သူတွေပါ။ အမျိုးသမီးအမျိုါ်သားတွေနဲ့ တက်တက်ကြွကြွလျှောက်လာကြတာပါပဲ။ မိုးတွေလည်း ကင်းစင်စပြုလာပြီ အ၀ါရောင်ဝတ်ဆင်သူတွေလည်း ရွဲရွဲစိုစိုနဲ့ ဘေးနားကလိုက်ကြည့်သူတွေလည်း မိုးရေတွေ ရွဲစိုနေကြပါတယ်။ ကားပေါ်ကနေ လိုက်လာတဲ့ ယူနီဖောင်းဝတ် ရဲအရာရှိတွေကတော့ မပါဘူးပေါ့နော်။

လမ်းလျှောက်သူတွေနဲ့ သူတို့နားဘေးနားမှာတော့ အရပ်ဝတ်နဲ့ ရဲတွေပါ၊ သူတို့မှာလည်း ကင်မရာတွေ နဲ့ပါပဲ။ သတင်းထောက်နဲ့ စုံထောက်တွေလည်း မျက်လုံးချင်း မကြာခဏ စုံမိကြပါရဲ့။ အမြဲတွေ့တွေ့နေရတဲ့ သူတွေမို့  သူတို့တွေကလည်း ကျမတို့တွေကို မှတ်မိ၊ ကျမတို့သတင်းသမားတွေကလည်း သူတို့တွေကို မှတ်မိနဲ့ပါ။လမ်းလျှောက်သူတွေနောက် တကောက်ကောက်လိုက်ကြရင်း ရွှေဂုံတိုင်မီးပွိုင့်မှာ ရပ်လိုက်ကြပါတယ်။

ကမ္ဘာအေး အဖွဲ့က လူစုကွဲသွားပြီ ဆူးလေကို ပြန်ကြရအောင်ဆိုလို့ နောက်ကြောင်း ပြန်လှည့်ပြီး ထွက်လာတော့ညနေ ၃နာရီ ခွဲကာနီးပါပီ။

ဆူးလေမှာ ပြန်ဆုံကြတော့ ညနေ၄နာရီပါ။ ဆူးလေမှာ သံလျင်က လာတဲ့အဖွဲ့နဲ့ ဒေါ်နော်အုန်းလှတို့အဖွဲ့ ဆုံကြပြီး ဆုတောင်းဖို့ ပြင်ဆင်ကြပါတယ်။

အ၀ါရောင်ဝတ်စုံတွေနဲ့ အ၀ါရောင်ပန်းခက်တွေကိုင်ပြီး ညီညီထိုင်လို့ ယဉ်ယဉ်ကျေးကျေး ရွတ်ဆို ဆုတောင်းကြတာပါ။

`ဒီမိုကရေစီ လှုပ်ရှားမှုများကြောင့် အကျဉ်းထောင်အသီးသမီးတွင် ထောင်ကျအကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လည်း လွှတ်မြောက်ပါစေ၊ နယ်စပ်ဒေသအသီးသီးတွင် ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသော တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးငြိမ်းချမ်း သာယာစေ ရန် အတွက် တန်းတူညီမျှတဲ့ စစ်မှန်သော တွေ့ဆုံရှင်းလင်းမှုများနှင့် ဖြေရှင်းနိုင်ပါစေ`ဆိုပြီး ဆုတောင်းကြတယ်။

ဆုတောင်းနေတဲ့ သူတို့တွေရဲ့ ဟန်ပန်နဲ့ အမူအရာကလည်း ယဉ်ကျေးသိမ်မွေ့ပါတယ်။အော်ဟစ်ခြင်း၊ ရိုင်းစိုင်းခြင်း စတဲ့ဟန်ပန်မျိုါ်လုံးဝ မရှိကြပါဘူး၊ သတင်းသမားများ၊ အရပ်ဝတ် ရဲများ၊ ယူနီဖောင်းဝတ် ရဲများနှင့် အတူ လာရောက်ကြည့်ရှုကြသော ပြည်သူလူထုများနှင့် ဆူးလေဘုရား နောက်ဘက်မုဒ်နှင့်မြောက်ဘက်မုဒ်ကြားပြည့်ညှပ်သွားတော့တယ်။

`တိုင်းပြည်နှင့်ပြည်သူလူထုကြီး အကျိုးနှင့် ဆန့်ကျင်သော ဧရာဝတီမြစ်ဆုံရေကာတာ စီမံရေးကိစ္စ ပြည်သူလူထုကြီးဆန္ဒနှင့် အညီ ဖြစ်ပေါ်ပါစေ`ဟု အ၀ါရောင်ဝတ်ဆင်သူ၅၀ ၀န်းကျင်ခန့်က ဆုတောင်းခဲ့ကြတယ်။

အဲဒီနောက်တော့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်မြောက်ရေး ဆိုတဲ့ ဆန္ဒအပေါ်မှာ ပြည်သူလူထုတည်ရှိနေတဲ့ ဆန္ဒကို စည်းကမ်းရှိစွာ ၊ ယဉ်ကျေးစွာနှင့် ဒီနေ့ဖြစ်ပေါ်နေတဲ့ တွေ့ဆုံဆွေးနွေးရေးအပေါ်ကို ရှင်းရှင်းလင်းလင်း မြင်မြင်သာသာနဲ့ အားပေးထောက်ခံလိုက်တဲ့ သက်သေပြချက်ကို အောင်မြင်စွာ ပြုလုပ်နိုင်တဲ့အတွက် ဒီနေ၇ာမှာ အောင်မြင်စွာ ပြီးဆုံးကြောင်း အမျိုးသားတဦးက ကြေညာခဲ့ပါတယ်။ အဲဒီနောက်တော့ အ၀ါရောင်တွေ လူစု ခွဲလိုက်ကြပါတယ်။ ကျမတို့တွေလည်း ကင်မရာသိမ်းပြီး ပြန်ဖို့ပြင်ကြပါပြီ။

ညနေလူစုခွဲတော့ ၄နာရီ ကျော်ပါပြီ။ မိုးတွေလည်း ကင်းစင်ပါပြီ။ အောင်မြင်တဲ့အတွက် ကျေနပ်ကြသူတွေ၊ အဖမ်းအဆီးခံရသူ မရှိလို့ စိတ်အေးချမ်းကြသူတွေနဲ့ပါ။

ဘာပဲဖြစ်ဖြစ် ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်အထိမ်းအမှတ် ဆူးလေ ဆုတောင်းပွဲကတော့ မိုးရေတွေကြားမှာပဲ ပြီးစီးခဲ့ပါပြီ။

ကျမတို့လို သတင်းသမားတွေကတာ့ အပြေးအလွှားနဲ့ ရုံးကို ပြန်ပြီး စာရေးဖို့ အသည်းအသန်ပါပဲ။ င်္ဒီနေ့ ဆုတောင်းပွဲ သတင်းကို ဂျာနယ်တွေမှာ ဖော်ပြခွင့်ရမရ မသေချာကြပေမဲ့ သတင်းသမားတွေက တော့ သတင်းဖြစ်ဖြစ်၊ ဆောင်းပါးပါးဖြစ်ဖြစ်ရေးကြမှာပါ။

ဘယ်မှာမှ ဖော်ပြခွင့်မရခဲ့ရင်လည်း ကိုယ့် facebook မှာကိုယ်တင်ကြမယ်ဆိုတဲ့ကျမလို သတင်းသမားတွေလည်း ရှိနေကြမှာပါ။

မိတ်ဆွေများအား လေးစားခင်မင်လျက်

မေသင်္ကြန်ဟိန်း

0 ဆူးလေဘုရားအနီးသို့ သံဃာ့အရေးအခင်း ၄ နှစ်ပြည့် ပြည်သူများ ဆန္ဒပြ နေ

ဒေါ်နော်အုံးလှတို့ ဦးဆောင်ပြီး ရန်ကုန်မှာ အခု ဆန္ဒပြနေပါတယ် လို့သတင်းရရှိပါတယ်။
မြောက်ဥက္ကလာနေ ဆုလေဘုရားကို ချီတက်ကြမယ်။လူ၁၀၀ လောက်ရှိတယ်လို့သိရပါတယ်။ မရမ်းကုန်းမြို့အ၀င်လမ်းဝန၀ဒေး ရုပ်ရှင်ရုံရှေ့မအရောက် ရဲက ပုဒ်မ ၄၄၆ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ တုန့်ပြန်လာတယ်လို့ဆိုပါတယ်။ ရဲကခြိမ်းခြောက်တာဖြစ်ပါတယ်။ မြစ်ဆုံကိစ္စ လို့ ယူဆနိုင်ပါတယ်။ အခု တံတားလေးလမ်းဆုံမိုးလေ၀သရောက်နေပြီ လို့သိရပါတယ်။ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီအစိုးရလို့ဆိုထားတော့ ဆန္ဒပြခွင့်ပေးထားသလား စမ်းသပ်မှုတခုပဲလို သုံးသပ်မိပါတယ်။

အခုဖြစ်နေတဲ့ ပြည်တွင်းကလှုပ်ရှားမှုတွေ ဆူးလေမှာ လူ၄၀၀လောက်စုပြီး လှုပ်ရှားမှုတွေလုပ်နေတယ် ဆုတောင်းပွဲ ကို ရွှေဝါရောင်တူညီဝတ်စုံဝတ်ကြတယ်လို့ကြားတယ် .. မြောက်ဥက္ကလာမှ ဆန္ဒပြသူများချီတက် နောက် မိနစ် 30 တွင် ဆူးလေရောက်မည် ဆူးလေမှာရာနဲချီပြီး မြောက်ဥက္ကလာမှ ချီတက်လာသူတွေကိုကြိုအခု အခြေအတင်ဖြစ်နေတယ်.. ရဲက ပုဒ်မ ၄၄၆ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ တုန့်ပြန်လာတယ်တဲ့ မရမ်းကုန်းမြို့အ၀င်လမ်းဝ န၀ဒေး ရုပ်ရှင်ရုံရှေ့မှာ ခြိမ်းခြောက်တာပါ ရမလားလို့ ဆန္ဒပြခွင့်ပေးထားတာပဲဆိုပြီး အယောက် ၃၀ ကဖေါက်ထွက်လာတယ် တချို့က မိုးလေ၀သေ၇ှ့အပိတ်ခံနေရတယ်
န၀ဒေးလမ်းဆုံနဲ့ကမ္ဘာအေးကြားမှာ အပိတ်ခံနေတယ်လို့ သတင်းရရှိပါတယ် ။

မြို့ထဲကိုချီတက်တဲံ့သူတွေ မီဒီယာလွှတ်ပေးပြီး အမြန်ဆုံး သတင်းရယူပေးစေလိုပါတယ် ခင်ဗျာ ။

ရန်သူကအားသုံးပြီးနှိမ်နင်းမယ့်သဘောရှိတယ်။

ပြည်သူလူထု အားလုံး ပူးပေါင်းပေးကြပါ.....ခင်ဗျာ ။

0 မြန်သရန့်ပြည်အကြောင်း
ရေးသူ- ဖိုးသူတော်


မြန်သရန့်ပြည်အကြောင်း

အပိုင်း ( ၁ )

အေဒီ ၂၀၆၀

‘ မာမား မာမား… သားသားလေ ဒီနေ့ သမိုင်းဆိုင်ရာ စာမေးပွဲမှာ ပထမရခဲ့တယ်’…
သားသား၏ အသံစာစာနှင့် ပြေးဝင်လာမှုကြောင့် ကျမ မီးဖိုချောင်မှာ ဟင်းချက်နေရင်း ဂတ်စ်အိုးကို အသာပိတ်ကာ အိမ်ရှေ့ခန်းသို့ ပြေးထွက်လာမိ၏။

‘သားသား ဘာတွေဖြစ်လာတုန်း၊ မာမားကို ပြောပါဦး’
သားသားလေ ဒီနေ့ အတန်းထဲမှာ သမိုင်းမေးခွန်းဖြေဆိုမှုမှာ ပထမအဆင့်နဲ့ အောင်ခဲ့တယ် မာမားရဲ့’
‘ဟုတ်လား သားသားတို့ သမိုင်းဆရာက ဘာတွေမေးတာတုန်း’

‘ဆရာက ဟိုးတုန်းက မေးခွန်းတွေလည်းမေးတယ် ၊ ခုနောက်ပိုင်း သမိုင်းခေတ်သစ်မေးခွန်း တွေလည်း မေးတယ်’
‘ဟုတ်လား သားသားရဲ့၊ မာမားကို ပြောပါဦး သားသားမေးခွန်းတွေကို’

‘ဆရာက မေးတာက လွယ်ပါတယ်’

‘သားသားတို့ ပြည်မကြီးမှာရှိတဲ့ မဟာတံတိုင်းကြီးကို ဘယ်သူဆောက်ခဲ့သလဲတဲ့’
‘သားသားက ရှီဟွန်တီး လို့ဖြေခဲ့တယ်’

‘နောက်ပြီး သားသားတို့ တရုတ်ပြည်သစ်ကြီးကို ဘယ်သူ တည်ထောင်ခဲ့သလဲတဲ့’

‘သားသားက မော်စီတုန်းလို့ ဖြေခဲ့တယ်’

‘နောက် သားသားတို့ မဟာတရုတ်ပြည်ကြီး အာရှမှာ ကြီးထွားဖို့ ဘယ်သူလုပ်ခဲ့သလဲတဲ့’
‘သားသားက ဟူကျင်းတောင်လို့ ဖြေခဲ့တယ် မားမားရဲ့’

‘အို. သားသားက သိပ်တော်တာပဲ’
‘ဒါပေမဲ့ မာမား ဆရာက အမှတ်စာရင်းတွေ ပြောပီးတော့ သားသားကို တခုမေးတယ် သိလား’
‘ဘာတဲ့တုန်း သားသားရဲ့’

‘လျောင်ချန်းယိ မင်း ဧရာဝတီဆိုတာ သိသလားတဲ့’
‘သားသားက ဆရာဘာပြောတာလဲလို့ ထပ်မေးတော့ ဆရာက ဧရာဝတီဆိုတာ သိသလားလို့မေးတယ်’
သားသား မသိဘူး မာမား။ အဲ့ဒါ ဘာကို ပြောတာလဲဟင်။ မာမားကော သိလား။ ပြောပြပါလား မာမား သိရင်’

‘ဩော် သားသားရယ်၊ မာမား အများကြီး ပြောပြချင်ပါတယ်။ ဒါပေမဲ့ မာမား ခုတော့ မပြောပါရစေနဲ့ဦး။ သားသားကို ပြောပြဖို့ မာမား ပြန်စဉ်းစားဦးမယ်နော်..။ ကဲ သားသားလဲ ရေသွားချိုးချေဦး’

သားသားသည် ငါတို့ တိုင်းပြည် တရုတ်ပြည်ကိုချစ်သည်၊ တို့ဘိုးဘွားအမွေ တို့ တရုတ်ပြည်ကို မြတ်နိုးသည်ဆိုသော ကျောင်းတွင် မူလတန်းမှ စ၍သင်ထားပေးသော သီးချင်းကို ဆိုငြီးကာ ရေသွားချိုးလေသည်။

အပိုင်း ( ၂ )

တကယ်တော့ သားသားသည် အသက် ၁၀ နှစ်သားခန့် အခြေခံပညာ အလယ်တန်း ၅တန်းကျောင်းသား ကြီး ဖြစ်နေပေပြီ။ ကျမတို့ အကြောင်းကို ပြောပြရရင် ကျမတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်သရန်ပြည်နယ်၊ ပြည်မြို့အနီးတွင် နေထိုင်နေပါသည်။ ကျမ၏ မိခင်သည် မြန်မာလူမျိုး မိဘနှစ်ပါးမှ ပေါက်ဖွားလာပြီး၊ ကျမ၏ ဖခင်သည် ပြည်ကြီးတရုတ်မှ လူမျိုးခြားတဦးဖြစ်လေသည်။ ကျမ မြန်မာတ၀က်၊ တရုတ်တ၀က်ကိုယ်တိုင် ကပြားသည်ပင် သားသားတို့ အဖေ လျောင်ချင်းချို နှင့် အိမ်ထောင်ကျပီး ယခုဆို သားသားတောင် မွေးဖွား၍ ၁၀ နှစ်သား ရောက်လို့ နေပေသည်။

ကျမသည် သားသား၏ သမိုင်းဆရာ နောက်ဆုံးမေးသော မေးခွန်းနှင့်ပတ်သက်၍ စိတ်ထဲတွင် အတွေးမျိုးစုံဖြစ်နေပါသည်။ ‘သမိုင်းဆရာ၏ သားသားကို ဧရာဝတီကို မင်းသိသလား’ ဟုသော မေးခွန်းသည် ကျမကိုယ်တိုင်ပင် ဧရာဝတီကို ငါကော သိသလားဟူသော ထပ်ဆင့်မေးခွန်းပေါ်တွင် မူတည်နေပါသည်။

သားသားရေချိုးပီးလျှင် သားသားကို ဖြေရမည့် အဖြေသည် ကျမအတွက် ရင်လေးနေပါသည်။ အကယ်၍ သည်နေရာတွင် သားသားဖခင် ကျမခင်ပွန်း လျောင်ချင်းချိုရှိပါက သူကိုယ်တိုင်ဖြေမည်ဖြစ်သော်လဲ ခင်ပွန်းသည် သည်ယခုအခါ နေပြည်တော် ဘေဂျင်းရှိ နိုင်ငံများနယ်မချဲ့ရေး အစည်းအဝေးသို့ သွားရောက်တက်ရောက်နေပေသည်။ ယခု အခါ ကမ္ဘာပေါ်တွင် တပြည်ထောင်နှင့်တပြည်ထောင် နယ်မချဲ့ရေး၊ တန်းတူညီမျှ ဆက်ဆံရေး၊ နှင့် တိုင်းပြည်အချင်းချင်းတို့ ဖေးမကူညီပေးရေးတို့ ခေတ်စားနေရာ နိုင်ငံခြားရေးဌာန မြန်သရန့်ပြည်နယ်တွင် အလုပ်လုပ်နေသော ကျမခင်ပွန်း သည်အစည်းဝေးသို့ သွားသည်မှာ မဆန်းလှပေ။

ကျမ ဇာတ်ကြောင်း ကျမ ပြန်ပြောပြရသော်၊ ကျမ၏ နာမည်အရင်းမှာ ဆွေသက်ထားအောင် ဖြစ်ပါသည်။ တရုတ်အမည်ကတော့ လျန်ကျဲမူ ဖြစ်ပါသည်။ ဆိုခဲ့သည့်အတိုင်း ကျမ အဖေသည်ပြည်ကြီးတရုတ် လျန်ဟောင်ဟီး ဖြစ်၍ ကျမအမေသည် မြန်မာလူမျိုး လှလှစိန် ဖြစ်ပါသည်။ ထိုထက်ပို၍ ဆိုရသော် ကျမ အဖိုးနှင့်အဖွားဖြစ်ပါသည်။ ကျမ အမေ၏ အဖေနှင့်အမေလည်းဖြစ်ပါသည်။ အဖိုး၏ နာမည်သည် ဦးသူတော်ဟု ခေါ်ဆို၍ အမေ၏ နာမည်သည် ဒေါ်သက်နှင်းဟူ၍ ဖြစ်ပါသည်။ အဖိုးတို့ အဖွားတို့ လူရွယ်ခေတ်က ကျမကြားဖူးသည်မှာ ယခု ကျမတို့ မြန်သရန့်ပြည်နယ်သည် မြန်မာပြည်ထောင်စု နိုင်ငံဟုခေါ်တွင်သည်ဟု အမေပြောဆိုချက်များကို ကြားဖူးပါသည်။

ကျမသည် အဖိုးအဖွားတို့အားကောင်းကောင်း မမှီလိုက်သော်လည်း အမေနှင့်အထိအတွေ့များ၍ အမေ့ထံမှ မြန်သရန့်ခေါ် မြန်မာပြည်အကြောင်းကို အများကြီး ကြားခွင့်ရခဲ့သည်။ အမေ လှလှစိန်၏ အဖေ အဖိုး သူတော်သည် သူ့ခေတ်သူ့အခါ ကျမစိတ်ထင် ( အေဒီ ၂၀၁၇ ) သာသာလောက်တွင် မြန်သရန့်ပြည်တွင်း ထင်ရှားသော အဖွဲ့အစည်းတခုမှ အဖွဲ့ဝင်တဦးဖြစ်ခဲ့ပေမည်။ အဖိုးတို့သည် မြန့်သရန့်ပြည်ကြီးကို ချစ်ခင်မြတ်နိုးပေလိမ့်မည်။

ဒီနေရာတွင် စောန သားသားတို့ သမိုင်းဆရာ စကားဆက်၍ ပြောချင်သည်မှာ ဧရာဝတီကိစ္စဖြစ်သည်။ အဖိုးတို့ခေတ်က ဧရာဝတီဆိုသည့် မြစ်ကြီးဧရာမှာ မြန့်သရန့်ပြည်ကြီး မြောက်ပိုင်းအစမှ တောင်ပိုင်းအဆုံးထိ ပြည်ကြီးအစအဆုံးမိုင်ပေါင်း ၁၃၀၀ ကျော် အလွန်ရှည်လျားသော မြစ်ကြီးတစင်းဖြစ်ပေမည်။ ကျမကိုယ်တိုင်က သက္ကရာစ် ၂၀၃၁ ခုနှစ်တွင် ဖွားမြင်ခဲ့လေတော့ အဖိုးတို့ခေတ် မြန်မာပြည်နှင့် အဖိုးတို့ ဧရာဝတီကို ကောင်းကောင်းမှီသူမဟုတ်ပေ။ ကျမအမေ ဒေါ်လှလှစိန် ကိုယ်တိုင်ပင် ၂၀၁၂ မှာမွေးဖွားလေတော့ ဧရာဝတီကို သူမှီပင် မှီလိုက်သော်လည်း အမေ အရွယ်ရောက်သော အချိန်မှာ မြန်သရန့်ပြည်ကြီးတွင် ဧရာဝတီဆိုတာ မရှိတော့ပေ။ ရှေးလူကြီးများ အိပ်ရာဝင် ပုံပြင်များအဖြစ်သာ ကြာရပေတော့သည်။

ကျမ၏ အမေ ငယ်ငယ်က သူ့အဖေ ကျမအဖိုးပြောပြောပြသော ဧရာဝတီပုံပြင်များကို အမြဲကြားခဲ့ရသည်။ အဖိုးတို့ခေတ်က ဧရာဝတီသည် မြန်သရန့်ပြည်ကြီး၏ အဓိက အရေးပါသော မြစ်ကြီးအဖြစ် စီးဆင်းခဲ့ကြောင်း၊ အဖိုးတို့ အမျိုးသားအားလုံးအတွက် သမိုင်းစဉ်တလျှောက် တန်ဖိုးကြီးပစ္စည်းအဖြစ်ရှိသော မြစ်ကြီးအဖြစ် လည်းကောင်းကြားသိခဲ့ရသည်။ အဖိုးတို့ လူရွယ်အရွယ်တွင် ၎င်းမြစ်ကြီးသည် ခုကျမတို့ ပြည်မကြီးမှ လျှပ်စစ်ဓါတ်အားထုတ်ရန်ဆိုသော အပြောဖြင့်ဆည်ဆောက်သိမ်းပိုက်လိုက်သောကြောင့် ယခုအခါတွင် ထိုမြစ်ကြီးသည် လျှပ်စစ်ဓါတ်အား ဘာမှ မထုတ်နိုင်ပဲ တိမ်ကောသွားရလေသည်။

ကျမယောက်ျား လျောင်ချင်းချိုပြောဖူးသည့် သူတို့ သမိုင်းမှာ၊ သူတို့ ပြည်ကြီးသားများသည် မြန်သရန့်မြစ်ကြီးကို လျှပ်စစ်ထုတ်လွှတ်ဖို့ ဆည်ဆောက်သည်ဟူသော အကြောင်းပြချက်သေးသေးလေး ပြသော်လည်း နောက်ကွယ်တွင် ကြီးမားသော ရည်ရွယ်ချက်များရှိကြောင်း၊ ထိုရည်ရွယ်ချက်များကို သူ တက္ကသိုလ် တက်ရောက်သောအခါ ဂုဏ်ထူးတန်းတွင် အထူးပြုဘာသာရပ်အနေဖြင့် သင်ကြားခဲ့ရကြောင်း ပြောကြားပါသည်။

ထို ရည်ရွယ်ချက်မှာ လျှပ်စစ်ဟူသည် သူတို့ ပြည်မကြီးဘိုးဘေးအစဉ်က တရုတ်ပြည်မကြီးကို တည်ထောင် ခဲ့ သော မော်စီတုန်းအဖိုးကြီး၏ ဆရာများဖြစ်သော လီနင်ဆိုသည် သူတို့ ပြည်မကြီးနှင်း ကပ်လျက်တိုင်းပြည်က နှာဖူးပြောင်း ထိပ်ကြဲအဖိုးကြီးက သူတို့ ရုရှ ဆိုသည်ပြည်ကြီး တည်ထောင်စဉ် ကတည်းက ‘လျှပ်စစ်နှင့်ရုရှပြည်ကြီးတည်ဆောက်အံ့’ ဟု ကျမအဖိုး၏ အဖေ မမွေးခင်ခေတ်ကတည်းက ကြွေးကြော်သောကြောင့် ဒီကိစ္စသည် မထူးဆန်းကြောင်း။ လျှပ်စစ်ကို ထုတ်လွှတ်လိုလျှင် သည်လောက် ပထ၀ီနိုင်ငံရေးအတွက် အရေးပါသော အဖိုးတန်မြစ်ကြီးများကို ရင်းစရာမလိုပဲ တခြားသော နည်းများဖြင့် ထုတ်လွှတ်နိုင်ကြောင်း ကျမ ယောက်ျားမကြာခဏ ပြောဖူးပါသည်။ မင်းတို့ အဖိုးတွေခေတ်က မင်းတို့ အဖိုးတွေပြည်ကြီးက ပညာမတတ်လို့ လူညာခံထိသည်ဟု မကြာခဏ စနောက်ပြောရာ ကျမသည် ယောက်ျားကပြောသော်လည်း အမျိုးကိုထိ၍ မချိအောင် နာမိပါသည်။ ကျမကိုယ်ထဲတွင် မြန်သရန့်ပြည်ကြီး ၏ သွေးတွေ အများကြီး ရှိသည်မဟုတ်ပါလော။

ကျမလည်း ခေတ်ပညာကို အထိုက်အလျောက်သင်ကြားတက်မြောက်ခဲ့ပြီး မြန်သရန့်ပြည်ကြီးကစက်မှုလက်မှု တက္ကသိုလ်ကြီးမှ ဘွဲ့ရခဲ့သော အင်ဂျင်နီယာ တဦးဖြစ်ပါသည်။ ယခုကျမတို့ခေတ်တွင် ရေအား၊လေအားတို့မှ လျှပ်စစ်ထုတ်ယူသည်ဆိုသည်မှာ သားသားတို့ ကျောင်းတွင် ကလေးချင်း အပျင်းပြေဆော့ကစားရာ တခုလို ဖြစ်နေပါသည်။ ကျမ စဉ်းစားမိသည်။ ကျမတို့ အဖိုးသူတော်တို့ လူတွေသည် အသိဥာဏ်နုံနဲလို့သာ ကျမ ယောက်ျားတို့ ပြည်မကြီး၏ အလိမ်အညာတွင် ခံရ၍ သူတို့ သမိုင်းဝင်အဖိုးတန်မြစ်ကြီးကို ထိုးပေးလိုက်ရ သည် ဟု ထင်ပါသည်။ ကျမတို့ ခေတ်တွင် မြစ်၊ချောင်းများ မပြောနှင့်၊ အိမ်နားကပ်စီးနေသော မြောင်းများ ကို ပင် တယုတယနှင့် ထိန်းသိမ်းပေးနေသေးသည်။ လျှပ်စစ်ဓါတ်အားဆိုသည်မှာ မရချင်အဆုံး နျူကလီးယားဆိုသည့် ဟိုက်ဒရိုဂျင်ဆင့်ကွဲပေါက်ဖွားမှု ဖြစ်စဉ်မှ ထုတ်ယူနေရာ များလွန်း၍ မနည်းပင် အတောသတ်ထားရသေးသည်။

အဖိုးတို့ လျှပ်စစ်လေးနှင့် မြစ်ကြီးကို ထိုးကျွေးလိုက်တာ မတန်လိုက်လေးချင်းဟု ကျမထင်မိပါသည်။ ကျမ တို့ အဖိုးပြည်သည် ယခင်က မြန်မာနိုင်ငံဟု၍လည်းကောင်း ဧရာဝတီ မြစ်ကြီးပိုင်ရှင်ဟု၍လည်းကောင်း ရှိသည်ဟု သိရပါသည်။ ဒါကလဲ ကျမအမေ၏ ပြောပြချက်အရသိပါသည်။ ကျမတို့ ခေတ်တွင် သမိုင်းကို ပြည်ကြီးသမိုင်းဟုသာ သင်ရပါသည်။ ဆွန်ယက်ဆင် ၊ မော်စီတုန်း၊ လူချောက်ချီ၊ ကျူအင်လိုင်း၊ ၀မ်ကျားပေါင်နှင့် ဟူကျင်တောင်းတို့မှာ ကျမတို့ မဟာတရုတ်ပြည်ကြီး၏ သမိုင်းဝင်ခေါင်းဆောင်များ ဖြစ်ပါသည်။ တကယ်တော့ လျှပ်စစ်လေးအတွက် ဒီတပြည်လုံးကြီးနောက်ဆုံး ထိုးကျွေးသလို ဖြစ်သွားမယ် ဆိုတာ ကျမတို့ အဖိုးတို့ခေတ်က သမိုင်းဝင်ခေါင်းဆောင်များ မစဉ်းစားကြဘူးလားလို့ ကျမတွေးမိပါသည်။ ကျမတို့ အဖိုးသူတော်တို့သည် အသုံးမကျသော အသိဥာဏ်နုံနဲသော သူများသာ ဖြစ်ပေမည်ဟု ကျမစဉ်းစားမိပါသည်။ ဤအတွက် ကျမ အရှက်ရမိပါသည်။ ကျမ၏ တဦးတည်းသော သားသားကို သည်ကိစ္စ ဖွင့်ပြောမည် မဟုတ်ပါ။

အပိုင်း ( ၃ )

သားသားသည် ရေမိုးချိုး ထမင်းစားပီး၍ ညအိမ်စာလုပ်ပီးသော အခါတွင် ကျမအား ကျောင်းက ပြန်လာစဉ် အခါက မေးခွန်းကို မေးပါသည်။

‘မာမား ၊ ဧရာဝတီဆိုတာ ဘာလဲဟင်၊ မာမားသိရင် ပြောပြပါလား’

‘အို၊ သားရယ်… မာမားလည်း ကြားဖူးတယ်ကွ၊ ဧရာဝတီဆိုတာ မာမား အဖိုးတို့ ခေတ်တုန်းက ရှိတဲ့ မြစ်ကြီး တစင်းကွ’

‘ဟုတ်လား မာမား ၊ မာမား အဖိုးက ဘယ်သူတုန်းဟင်’

‘မာမား ၊ မပြောပါရစေနဲ့ကွာ၊ သားသားက လိမ်မာပါတယ်’

‘ဟင့်အင်၊ မရဘူး၊ မာမားရယ် ပြောပါ ၊ မာမားအဖိုးက ဘယ်သူတုန်း’

‘အင်း…………..။ သားသား အတင်းမေးတော့လဲ မာမားပြောပြရမှာပေါ့’
‘မားမားတို့ အဖိုး သားသား အဘေးကြီး ဟာ ဖိုးသူတော်ပဲ သားသားရဲ့’

‘ဖိုးသူတော် ဟုတ်လား မာမား’
အေး ဟုတ်တယ် သားသားရဲ့’

‘အဖိုးတို့ ခေတ်တုန်းက မားမားတို့ ခုနေတဲ့ မြန်သရန့်ပြည်ကြီးမှာ ဧရာဝတီဆိုတဲ့ မြစ်ကြီး တစင်းရှိတယ်ပြောတယ်။ မာမားတော့ မကြုံဘူးပါဘူးကွယ်’

အဲ့. မြစ်ကြီးက ဘယ်ရောက်သွားသလဲ မာမား’

‘အင်း မာမား အမေ မင်းဖွားဖွား ပြောတာတော့ အဲ့မြစ်ကြီးကို မာမား အဖိုးတွေက ခု ပါပါးတို့ ပြည်ကို ရောင်းစားလိုက်တယ်တဲ့’

‘ဟင်… ပါပါးတို့ ကို ရောင်းတယ်ဆိုတော့ မာမား ဖိုးဖိုးတွေက ဆင်းရဲလို့ပေါ့နော်’

‘အင်းပေါ့ မာမားလဲ သေချာမသိပေမဲ့ မရှိလို့ ရောင်းလိုက်ရတယ်လို့ ထင်မိတာပဲလေ’
‘ဟင်.. အဲ့ဒါနဲ့ ဘယ်လိုဖြစ်သွားလဲ။ အဲ့ မြစ်ကြီးကို သားသား သွားလည်ချင်တယ်’

‘အို.. သားသားရယ် ဖိုးဖိုးတို့က အဲ့မြစ်ကြီး ရောင်းပီး သိပ်မကြာဘူး၊ မြစ်ကြီးလဲ ကောသွားတယ်လို့ မာမား အမေက ပြောတယ်’

‘ဟင်. ဒါဆို မြစ်ကြီးမရှိတော့ဘူးပေါ့ နော် မာမား’

‘ဟုတ်တယ် သားသား။ မာမားတို့ အဖိုးတွေဟာ ဒီမြစ်ကြီးကို မရောင်းအောင် အသက်နဲ့ ရင်းပီး ကာကွယ်စောင့်ရှောက်ပေမဲ့ အဖိုးတို့ ခေတ်က အာဏာပိုင်ရှင်တွေက အတင်းရောင်းလို့ မြစ်ကြီးက အရောင်းခံရတယ်တဲ့’

‘သားသား ပါပါးကိုတော့ သွားမပြောနဲ့ဦးနော်၊ သူတို့တွေက မြစ်ကြီးကိုလိုချင်တာ မဟုတ်ဘူး။ လျှပ်စစ်ဓါတ်အားကို လိုချင်တာ မဟုတ်ဘူး။ မာမားတို့ ခုနေနေတဲ့ မြန်သရန့်ပြည်ကြီးကိုလို ချင်နေတာ။ အဲ့ဒါကြောင့် အဲ့လို တဖက်လည့်လုပ်လိုက်တာ’

‘ဟင် . မာမားကလည်း အဲ့လို တဖက်လည့်လုပ်ရအောင်၊ မာမားတို့ အဖိုးတွေက ငတုံးငအတွေလား။’
‘ဖိုးဖိုးတို့ကတော့ မတုံးလောက်ပါဘူး။ ဒါပေမဲ့ သူတို့ အာဏာပိုင်တွေက တုံးလို့ နေမှာပေါ့’

မာမားကလဲ ဒါလေးကို လူထုနည်းနဲ့ ဆန္ဒပြရင် ဘယ်သူက လုပ်ရဲမှာမို့လို့လဲ။ သာသားတို့ဆို ကျောင်းမှာ အိမ်စာ နှစ်ပုဒ်ပေးလို့ မလုပ်ချင်ရင် တပုဒ်လုပ်ပီး တယောက်ထဲ ထ ဆန္ဒပြတောင် ဆရာမတွေက ခွင့်ပြုသေးတာပဲ’

‘အေးကွယ် . မာမားတို့ အဖိုးခေတ်က ခွင့်မပြုလို့နေမှာပေါ့။ မာမားလဲ ဒီအကြောင်းတွေ ပြောသာ ပြောနေရတာ သေချာမသိပါဘူးကွယ်။ မာမား အမေ သားသားအဖွား မသေခင်ပြောသွားတာတုန်းက ခုမာမားတို့ နေနေတဲ့ ကွန်ဒိုမီနီယံအောက်ကဟာ အရင်က ပြည်ရွှေစံတော်နားမှာ ရစ်ခွေသွားတဲ့ ဧရာဝတီလို့ခေါ်တဲ့ မြစ်ကြီးနေရာပဲတဲ့’

‘ဟင်.. ဟုတ်လာ’..

‘ဟုတ်တယ် သားသား ဖွားဖွားကြီးက ပြောခဲ့တာ။ ဟိုဘက်ကမ်းကို ကြည့်ပါလား၊ ဘုရားကြီး အကြီးကြီးကို မြင်ရလိမ့်မယ်။ အဲ့ဒါ မာမားအမေက သူ့အဖေ ငယ်ငယ်တုန်းက ဓါတ်ပုံတခုမှာ မြင်ဖူးတယ်လို့ ပြောတယ်။ သူလဲ နောက်တော့ သေချာမသိတော့ပါဘူး’

‘ကဲ သားသား အိပ်တော့လေ။ မနက်ဖန် ပါပါး ပြန်လာမှာ။ စောစော ထပီး လေယာဉ်ကွင်းသွားကြိုရဦးမယ်။’

‘လူဝင်မှု အရာရှိတွေနဲ့တွေ့ရင် သားသားက ကောင်းကောင်းမပြောရင် သူတို့က သားသားကို ဖမ်းထားဦးမယ်’

‘ဟုတ်ကဲ့ပါ မာမား။ သားသားတို့ ပါပါး နိုင်ငံသားကဒ်ကြောင့်နေနေရတာ သိပါတယ်။. သားသားအိပ်တော့မယ်’

‘ဂွဒ်နိုက်ခ်’S


အပိုင်း ( ၄ )

ကျမလဲ သားသား အိပ်သွားတော့ ကျမတို့ အဖိုးခေတ်အကြောင်းကို တွေးမိနေလေသည်။ ဒီနေရာဟာ ကျမ အဖွားပြောရသလိုဆို ကျမတို့ မြန်မာတွေနေရာပါပဲ။ ခုတော့ ကျမတို့ ကပြားတွေက သားသားအဖေ ကျမယောက်ျား လျောင်ချင်းချို နိုင်ငံသားကဒ်ကြောင့်နေနေရသော နေရာဖြစ်နေပါတယ်။ ကျမတို့ ခိုင်းစေတဲ့ အခိုင်းအစေလေးတွေကတော့ တကယ့်ကို ဖိုးဖိုးတို့ မြန်မာလူမျိုးတွေ ဖြစ်မယ်ထင်ပါတယ်။ အသားက ညိုညို ၊လေးတိလေးကန် ၊ အသိဥာဏ်ထိုင်းထိုင်းနဲ့ လူတွေပါ။

အို ကျမလဲ ဒါတွေ မတွေးချင်တော့ပါဘူး. မနက်ဖန် ယောက်ျား လျောင်ချင်းချို ပြန်လာမှာပဲ စိတ်က တွေးပီး အိပ်ယာဝင်လိုက်ပါတော့တယ်.။

ပြီးပါပြီ။

တကယ်တော့ ဒီဝတ္ထုကို ရေးဖို့ အာရုံရသည်က ညနေက ရုံးအပြန် ၁၅ မိနစ်လောက် လမ်းလျှောက်ရသည့် လမ်းမှာ အာရုံရချင်းဖြစ်ပါသည်။ ဒါပေမဲ့ လမ်းတ၀က်လောက်ရောက်နေတော့ ငါ ပြန်ရေးရင် ကောင်းမလားဟု စိတ်က တထင့်ထင့်ဖြစ်နေပါသည်။ ထမင်းစားပီးလို့ အချိန် ရနေတုန်း ရေးချင်စိတ်ကလဲ အရမ်းဖြစ်လာလို့ သည်တွေးမိတဲ့ ဇာတ်ကွက်လေးကို ဇာတ်လမ်းလေးအသွင် ဖန်တီး ရေးသားလိုက်ပါတယ်။

ဖတ်တဲ့ သူများလဲ ကျနော့် ၀တ္ထုဆိုလိုရင်းကို သဘောပေါက်မိမယ်လို့ ထင်ပါတယ်။ သည်ဝတ္ထုက ဂျော့ခ်ျအော်ဝဲလ်၏ 1984 ၊အက်လဒပ်စ် ဟပ်ကစလေ ၏ Brave New World တို့ နှင့် တူညီခြင်းမရှိနိုင်ပါ။ ကျနော့်၏ ကိုယ်ပိုင် အတွေးအမြင် အရသာ ပေါက်ဖွားမွေးဖွားပေးသော ၀တ္ထုလေးတပုဒ်ဖြစ်ပါသည်။ မိတ်ဆွေများအားလုံး တွေးဆကြပါ။ သမိုင်း၏ လူဆိုး၊ မိမိတို့ မျိုးဆက်များစွာရဲ့ အရေးမပါ အသိဥာဏ်တုံးသော လူများ မဖြစ်ကြပါစေနှင့်။

ဖိုးသူတော် Facebookမှ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.