Saturday, October 1, 2011

0 မြစ်ဆုံဆည်ရေကာတာစီမံကိန်း upstream ayeyawady Confluence Basin hydropower ကုမ္မဏီမှလွှင့်တင်ထားသောVideoဖိုင်များ


President U Thein Sein Inspected Myitsone Resettlement Village (Photo.http://www.uachc.com/)

မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့) --------ရပ်ဆိုင်းတာ မလိုချင်ပါဘူးဗျာ။ ဖျက်သိမ်းတာလိုချင်တာပါ၊ရပ်ဆိုင်းတယ်ဆိုတာ...အခွင့်သာရင်ခရီးဆက်ဦးမယ့်သဘောတွေပါနေတယ်။ ပြတ်ပြတ်သားသားဖျက်သိမ်းပေးပါ။တဆင့်ခြင်းဖျက်သိမ်းဘို့အကောင်ထည်ဖော်မယ်ဆိုရင် လည်း ကြိုဆိုပါတယ်။..ဖျက်သိမ်းပေးပါ....ကျွန်တော်တို့ အစဉ်တစိုက် ပြောဆိုခဲ့ကြတာ၊ ဧရာဝတီဆည်တွေကို ခေတ္တ ရပ်ဆိုင်းထားဖို့ မဟုတ်ပါဘူး။ လုံးဝဖျက်သိမ်းဖို့ပါ။
ရပ်ဆိုင်းထားစဉ် တရုပ်နိုင်ငံနဲ့ မိတ်ဝတ် မပျက်အောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဆိုတဲ့ စကားက ၊ တရုပ်ကိုမညှိနှိုင်းရသေးဘူး ။ တကယ်လို့ ညှိနှိုင်းတဲ့အခါ မပြေလည်ရင်ကော ၊ ဆက်လက်တည်ဆောက်မည်လော ။ ကျွန်တော်တို့ တောင်းဆိုနေတာက ညှိနှိုင်း၍ ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ လုံးဝဖျက်သိမ်းရေးဖြစ်သည်။
ယခုအစိုးရလက်ထက်မှာပဲ ရပ်ဆိုင်းထားမယ်ဆိုတော့ ခေတ္တခဏငြိမ်သွားအောင် မက်လုံးပေးလိုက်ခြင်းသက်သက်ဟုယူဆမိပါသည်။ ဆည်အားလုံးပြီးဆုံးရန် သတ်မှတ်ကာလသည် ၁၅ နှစ်ဖြစ်၍ ယခုအစိုးရသက်တမ်း ၅ နှစ်ကာလအတွင်း ဆည်ဆောက်လုပ်ရေးရပ်တန့်ထား ခြင်းသည် စီမံကိန်းတခုလုံးအတွက် ထိခိုက်နစ်နာမှုမရှိပါ။ ထို့ကြောင့် အော်ဟစ်သံများ ကို ခဏတာ ထိမ်းချုပ်လိုက်ခြင်းပင် ဖြစ်နိုင်ပါသည်။ နောက် ၅ နှစ်ကြာသောအခါ ယခု တက်ကြွစွာ ပြောဆိုနေသူများသည် အကြောင်းတစုံတရာကြောင့် ယခုလောက် ပြောနိုင်ကြမှာမဟုတ်တော့ပါဘူး။ လှုပ်ရှားသူများအနေဖြင့် သေချာပြန်လည်သုံးသပ်ကြစေချင်ပါသည်။
(Facebookမှ ဧရာဝတီတက်ကြွသူများ၏ အသံ)

ဆက်လက်ပြီး ချီဖွေရေအားလျှပ်စစ်စီမံကိန်းရေကာတာနဲ့ပတ်သက်ပြီးရိုက်ကူးထားတဲ့videoဖိုင်များကိုအောက်မှာဆက်လက်ကြည့်ရူနိုင်ပါတယ်..

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.