Wednesday, September 28, 2011

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်သည့်(၂၃)နှစ်ပြည့်အခမ်းအနား





အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင်စတင် တည်ထောင် ဖွဲ့စည်းခဲ့ ရာ ၂၇.၉.၂၀၁၁ ရက်နေ့တွင် ၂၃နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီခေါင်းဆောင်၊ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၏ တည်ကြည် ဖြောင့်မတ်သောဦးဆောင်မှုအောက်တွင် စစ်အစိုးရ၏ ကောက်ကျစ် ယုတ်မာမှုမျိုးစုံဖြင့် ပါတီအားဖြိုခွင်းရန် ကြိုးပမ်းခဲ့မှုများကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့ပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် သန့်ရှင်း၍ တရားမျှတသည်ဟု တကမ္ဘာလုံးကသတ်မှတ် ထားသော ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင်မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ မြန်မာပြည်သူလူထု၏
ထောက်ခံမှုရရှိခဲ့သော ပြည်သူ့ပါတီကြီးဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံပြည်သူ တရပ်လုံး၏ယုံကြည်ကိုးစားမှုကို ခံယူကာ မြန်မာပြည်သူတရပ်လုံး၏ တာဝန်ပေးချက်ဖြင့်မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊အမျိုးသားပြန်လည် သင့်မြတ်ရေး တို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ၂၃ နှစ်လုံးလုံးကြိုးပမ်း ဆောင်ရွက်ခဲ့ရာမှာ ယခုဆိုလျှင် အောင်မြင်မှု အလင်းရောင်စကိုစတင် တွေမြင်နေရပြီ ဖြစ်ပါသည်။
ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၏တစ်ခုတည်းသော ဒီမိုကရေစီရေး၊ နိုင်ငံရေး ဦးဆောင်မှုပါတီအဖြစ် ၂၃နှစ်တိုင်အောင် ရပ်တည်နိုင်ခဲ့ပါပြီ။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်သည့်(၂၃)နှစ်ပြည့်အခမ်းအနားတွင်ပြောကြားသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်သည့်(၂၃)နှစ်ပြည့်အခမ်းအနားတွင်ပြောကြားသော သတင်းစာဆရာကြီး ဦးဝင်းတင်၏ညီညွတ်ရေးအတွက်ပြောဆိုချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်သည့်(၂၃)နှစ်ပြည့်အခမ်းအနားတွင်ပြောကြားသောဘဘဦးတင်ဦး၏အမှာစကား
Ohn Mar Oo

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.