Saturday, December 15, 2012

0 ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၏ ထိုင်းနိုင်ငံတွင်ပြုလုပ်သော တရားပွဲ (၁၄.၁၂.၂၀၁၂)-ဓာတ်ပုံ(အသံဖိုင်)

ဓာတ်ပုံနှင့် အသံဖိုင်ပေးပို့သော ဇော်သူရ (မဲဆောက်)အားကျေးဇူးတင်ရှိပါသည်..

0 “ ရွှေဝါရောင်လွှမ်းသော မေတ္တာစွမ်း”

“လောကကြီးမှာ အလျားအနံမရှိပေမဲ့ အသွားအပြန်ရှိတဲ့အရာဟာ မေတ္တာတရားပဲဖြစ်တယ်။ အဲ့ဒီ မေတ္တာတရားတွေနဲ့ သပိတ်းစခန်းအကြမ်းဖက်သူတွေကို ဖော်ထုတ်သွားမှာပါ။ ဒီပြဿနာကိုလည်း မေတ္တာတရား နဲ့ပဲဖြေရှင်းဆောင်ရွက်သွားမှာပါ။ ဘယ်တော့မှ အကြမ်းမဖက်ပါဘူး” ဟု ၁၂ရက်၁၂လ မုံရွာဆန္ဒပြသံဃာတော် ဦးဝိသဌဓမ္မ အရှင်သူမြတ်က ယင်းကဲသို့ မိန့်ကြားတော်မူသည်။

တစ်သက်တာတွင် တကြိမ်တခါသာတွေ့ကြုံခွင့်ရရှိနိုင်သော (၁၂) ကိန်းဂဏန်းများပေါင်းစုံရာ နေ့ရက် သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး အထွေထွေသပိတ်စခန်းအား အကြမ်းဖက်ဖြိုခွဲခဲ့မှုအ ပေါ် တုန့်ပြန်သည့် ရွှေဝါရောင်လွှမ်းသော မေတ္တာစွမ်းများ နေ့တစ်နေ့ဖြစ်ရတော့သည်။

နေ့ရက်ကား ၁၂ရက် ၁၂လ ၂၀၁၂ ခုနှစ်၊ အချိန်ကား မွန်းတည့် ၁၂ နာရီ ...။

မုံရွာမြို့ ဘုန်းစိုးရပ်ကွက်၊ ကျောက္ကာလမ်းတွင်တည်ရှိသော စာဝါတက် ၀ါဆိုသံဃာ အပါး(၁၀၀၀)ခန့်နီး ပါးသီးတင်းသုံနေထိုင်သည့် ဇောတိကရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက်ကြီးရှေ့တွင် ထောင်နဲ့ချီသောမြို့ခံလူ အုပ်ကြီးက

0 “တပ်မတော်က ပြည်သူ့ အတွက်လား အဲဒီလူကြီးတွေအတွက်လား” (ဦးအောင်လင်းထွဋ်)

ဦးပိုင်ကုမ္မဏီတွေနဲ့ ပက်သက်ပြီးတော့ သူတို့  ၁၉၉၀ ခုနှစ်လောက်ကစပြီးတော့မှ အမှန်တကယ် ရည်ရွယ်ချက်ကတော့ တပ်မတော်ရဲ့ မိသားစုတွေသက်သာချောင်ချိရေးနဲ့  တပ်မတော်သားဟောင်းတွေရဲ့ မိသားစုတွေသက်သာချောင်ချိရေးဆိုတာကို ရည်ရွယ်ပြီး ဒီလို ဖွဲ့ ခဲ့တာပါ။

ဒါပေမယ့် နောက်ပိုင်းမှာ ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေကို ပျောက်ပြီးတော့မှနိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေးကိုပါ ထိန်းချုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုးတွေအနေအထားမျိုးရှိလာတယ်။ အထူးသဖြင့်တော့ ဒီကိစ္စတွေဟာ၁၉၉၇ ခုနှစ်ပေါ့လေ၊ န၀တ ကနေပြီး နအဖ ကို ပြောင်းတဲ့အချိန် နောက်ပိုင်းမှာဖြစ်လာတဲ့အနေအထားမျိုး ရှိပါတယ်။ အဲဒီအချိန်က စပြီးတော့မှမြန်မာနိုင်ငံမှာရှိတဲ့ သတ္တုနဲ့ ပက်သက်ပြီးတော့ ဖားကန့် တို့  မိုးကုတ်တို့ မှာတပ်မတော်ရဲ့  ဦးပိုင်ရဲ့  ကွပ်ကဲမှုအောက်ကို ရောက်ခဲ့ပါတယ်။ ပိုပြီး ဆိုးတာကဒီ ဂတ်စ် ပေါ့လေ၊ ဂတ်စ် ပိုက်လိုင်းက ရတဲ့ပိုက်ဆံအားလုံးက တပ်မတော်၇ဲ့ ဦးပိုင်ကုမ္မဏီကို သွားပြီးတော့မှ၊

1 “ဒီစကား” အောင်ဆန်းစုကြည်

(အတွဲ ၁၊ အမှတ် ၄၇ ၊ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် ထုတ် ဒီလှိုင်း ဂျာနယ်တွင် (ဒေါ်) အောင်ဆန်းစုကြည် ရေးသားသော “ဒီစကား” ကို သဘောကျ နှစ်ခြိုက်လွန်းမိတာလည်း အပါအ၀င် ၊ အကြောင်း မညီညွတ်သောကြောင့် မဖတ်ရှုခဲ့ရသေးသောသူများ ဖတ်ရှုနိုင်ရန် စာရိုက်ပြီး တင်ပေးလိုက်ပါတယ်။ မည်သူမဆို လွတ်လပ်စွာ ကူးယူ ဖော်ပြနိုင်ပါတယ်။ မိမိ ဘယ်နေရာက ကူးယူဖော်ပြတယ်ဆိုတာ Credit ပေးစရာလည်း မလိုအပ်ပါ။ ယဉ်ကျေးမှုနားလည်သောသူ၊ သူတစ်ပါးကို အသိအမှတ်ပြုတတ်သူများကတော့ တန်ဖိုးထား အသိအမှတ်ပြုကြပေလိမ့်ပါမယ်။ မည်သို့ပင်ဆိုစေ ဖတ်ရှုကြတယ်ဆိုရင် ကျေးဇူးတင်ရှိမိပါတယ်။ စာအကျအပေါက်များ သတ်ပုံ မှားယွင်းမှုများပါရှိပါက ကျွန်တော့်ရဲ့ တာဝန်သာဖြစ်ပါတယ်။)

ဟိန်း ထိုက် ဈာန်
အချိန်တွေ ဘယ်လိုကုန်သွားသလဲဆိုတာ စဉ်းစားလို့မရဖြစ်နေပါတယ်။ မုံရွာက နောက်ကျပြန်ရောက်ပြီး မအိပ်မီ “ဒီစကား” ရေးတာ မနေ့တနေ့ကပဲလို့ ထင်နေတာ အခုတော့ တစ်ပတ်တောင်ကြာခဲ့ပြီပဲ။ ဒီကြားထဲမှာ အလုပ်တွေကများတော့ တစ်နေ့တစ်နေ့ ကူးသွားတာတောင် သတိမထားမိပါဘူး။ အချိန်ရဲ့ သဘောတရားနဲ့ အနိစ္စဆိုတဲ့ မတည်မြဲခြင်းသဘောတရားတွေကို တွဲပြီးဆင်ခြင်ကြည့်လိုက်မိပါတယ်။

ဘာမှ မပြောင်းမလဲရှိနေမယ်ဆိုရင် အချိန်ဆိုတာကို သတ်မှတ်လို့ရပါ့မလား။ ဒါကတော့ သိပ္ပံ ဒသနိကမေးခွန်းဆိုပါတော့။ တရားသဘောကို အခြေခံမယ်ဆိုရင် အနိစ္စဆိုတာ မရှိလို့က အချိန်ဆိုတာ အဓိပ္ပာယ်ရှိပါ့မလား။ မတည်မြဲ အစဉ်ပြောင်းလဲမှုတွေကြောင့်သာ အချိန်တွေရဲ့ ရွေ့လျောခြင်းကို သိနိုင်တာပဲ မဟုတ်လား။ ဒါကြောင့်လည်း အနိစ္စလောကကြီးမှာ နေရတဲ့ လူသားတွေ အချိန်ကို တန်ဖိုးထားဖို့လိုအပ်တာပါပဲ။

အချိန်ကို တန်ဖိုးထားပုံနှစ်မျိုးကို လေ့လာကြည့်ချင်ပါတယ်။ တစ်မျိုးကတော့ အချိန်ကို လေးစားခြင်း၊ အချိန်နဲ့ ပတ်သက်ရင် တိကျခြင်းပါ။ ကျွန်မတို့ကို ငယ်စဉ်ကတည်းက အချိန်လေးစားဖို့၊ အိမ်မှာကော၊ ကျောင်းမှာပါ သင်ပေးပါတယ်။ အလုပ်တစ်ခုကို လုပ်ရင် ဘယ်ာလောက်ကြာမလဲဆိုတာကို တွက်တတ်လာပါတယ်။ အခြား ပုဂ္ဂိုလ်များပါဝင်နေတဲ့ အစီအစဉ်တွေမှာဆိုရင် အချိန်တိကျရမယ်ဆိုတာ အရိုးစွဲနေတဲ့ ခံယူချက်ဖြစ်လာပါတယ်။ တစ်ပါးသူကို လေးစားသောအားဖြင့် အတူချိန်းထားတဲ့အတိုင်း

1 ဆွီဒင်လက်နက်များ မြန်မာနိုင်ငံသို့ ရောက်နေခြင်းကို ထုချေရှင်းလင်းရန် အိန္ဒိယအား ဆွီဒင်တောင်းဆို

(The Daily Star News မှ 13 Dec 2012 ရက်စွဲပါ “Sweden asks India to clarify arms presence in Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

ဆွီဒင်နိုင်ငံသည် M-3 ကားလ်ဂတ်စတက် တင့်ကားဖျက်လက်နက်များကို အိန္ဒိယစစ်တပ်က ဝယ်ယူခဲ့ကြောင်းဖော်ထုတ်အပြီးတွင် ဆွီဒင်နိုင်ငံက အိန္ဒိယနိုင်ငံအား ယင်းလက်နက်များ အီးယူ sanctions ကို ချိုးဖောက်ကာ မြန်မာနိုင်ငံသို့ရောက်ရှိသွားပုံကို ရှင်းလင်းရန် ကြာသပတေးနေ့က တောင်းဆိုထားသည်ဟု ဆွီဒင်ကုန်သွယ်ရေးဝန်ကြီး အီဝါဂျော်လင်းက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ဆွီဒင်လုပ်လက်နက်များ ရောက်ရှိနေမှုကို စုံစမ်းစစ်ဆေးနေသည်ဟု ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေးအေဂျင်စီက ပြောကြားပြီး နောက်တစ်ရက်တွင် ၎င်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းလက်နက်များ အိန္ဒိယနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ရောက်သွားခဲ့ခြင်းဖြစ်သည်ဟု ဆွီဒင်နိုင်ငံ လက်နက်မပြန့်ပွားရေးနှင့် ပို့ကုန်ထိန်းချုပ်ရေး အေဂျင်စီ ISP က သတင်းပေးကြောင်း သူမက ပါလီမန်သို့ ပြောကြားလိုက်ပါသည်။

ဒါကြောင့် အိန္ဒိယအာဏာပိုင်တွေဆီကနေ ရှင်းလင်း ထုချေလွှာတောင်းဖို့ ISP ကို ကျွန်မတောင်းဆို

0 အသုံးအနှုန်းကို မနှစ်သက်၍ အောင်မှိုင်းဆန်းနှင့်အဖွဲ့ အာမခံယူရန်ငြင်းဆန် -

အာမခံခံဝန်လက်မှတ်ရေးထိုးရာစာရွက်ပေါ်၌ သုံးနှုန်းထားသော အသုံးအနှုန်းများအား မနှစ်သက်၍ အာမခံယူရန် ငြင်းဆန်ရခြင်းဖြစ်သည်ဟု ဗကသကျောင်းသား အောင်မှိုင်းဆန်းက သီးသန့်ပြောကြား လိုက်သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှ ပြန်လည်ခေါ်ထုတ်လာစဉ် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့် အရေး ယူခြင်းခံထားရသူ အောင်မှိုင်းဆန်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

“အခု ဖမ်းတယ်ဆိုတာလည်း တရားတယ်လို့ ကျွန်တော်တို့ မယူဆပါဘူး ၊ နောက်ပြီးတော့ သုံးနှုန်း ထားတဲ့ အသုံးအနှုန်းတွေကလည်း ကျွန်တော်တို့ကို တရားခံဆိုပြီး သုံးနှုန်းထားပါတယ် ၊ အဲဒါကို ကျွန်တော်တို့ လက်မခံပါဘူး ´´ ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းအား ဒီဇင်ဘာ (၁၂)နေ့ညမှ စတင်ဖမ်းဆည်းခဲ့ခြင်းဖြစ်ပြီး လက်ပံတောင်းအရေးဆန့်ကျင်မှု အတွက်

0 ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး ဦးပိုင်လီမိတက်၏ နာမည်ပေါက် ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး အချို့ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ပေါက်ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်၊ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မရှင်သည် ဒီဇင်ဘာလအတွင်းမှ စတင်ကာ ရခိုင်ပြည်နယ် ဒေသများဖြစ်သည့် ကျောက်ဖြူ၊ သံတွဲနှင့် ဂွအစရှိသည့် မြို့နယ်များသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ စစ်ဆေးတွေရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
''ကျွန်တော်တို့အဖွဲ့ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ရာမှာ စစ်တပ်က မြေတွေသိမ်းလို့ နစ်နာတဲ့အတွက် လယ်သမားတွေက နစ်နာလို့ တိုင်ကြားတဲ့ အမှုတွေ အများဆုံးဖြစ်ပါတယ်။ သိမ်းယူပြီးနောက်ပိုင်းမှာလည်း စစ်တပ်အတွက် အမှန်တစ်ကယ် အသုံးချခြင်း မရှိတာကို တွေ့ရပါတယ်။ သိမ်းတဲ့အခါမှာလည်း ထိုက်တန်တဲ့ လျော်ကြေးပေးတာမျိုး မရှိဘူးလို့ နစ်နာသူတွေက ပြောပါတယ်။ သိမ်းယူပြီးနောက် တစ်ချို့နေရာတွေမှာ ဦးပိုင်နာမည်ပေါက် လုပ်ထားတာ၊ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီး အမည်ပေါက်တွေ ပြန်လုပ်ထားတာတွေကို စစ်ဆေးတွေ့ရှိရပါတယ်။ ဒီတွေ့ရှိချက်တွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမှာဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က

0 ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားမည့်နေရာတွင် အသေးစားပေါက်ကွဲမူတစ်ခုဖြစ်ပွား။ အဖွဲ့ ချုပ်အမျိုးသမီးအဖွဲ့ ဝင်သုံးဦး ဒဏ်ရာရ

မြိတ်ခရိုင်ကျွန်းစုမြို့ နယ်ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြောကြားမည့် စင်အားသန့် ရှင်းရေးပြုလုပ်နေစဉ် ပေါက်ကွဲမူအသေးစားတစ်ခု ယနေ့ သုံးနာရီအချိန်တွင် ဖြစ်ပွားခဲ့သည်။

သန့် ရှင်းရေးပြုလုပ်နေသူများမှ ကန်မော်ကျေး၇ွာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင်သုံးဦးဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ တစ်ဦးမှာ အသက်ကြီးပိုင်းအမျိုးသမီးဖြစ်ပြီး ပေါင်တွင် အနည်းငယ်ဒဏ်ရာရရှိခဲ့သည်။ ကျန်နှစ်ဦးမှာ လူငယ်များဖြစ်ကြပြီး မျက်နှာတွင်ဒဏ်ရာများရရှိခဲ့သည်ဟု မြိတ်မြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တစ်ဦးက သတင်းပို့ ခဲ့သည်။

ပေါက်ကွဲမူဖြစ်ပွားခဲ့သည့်နေရာတွင် တစ်ထောင်ခန့် တွင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး၊ သတ္တူများ ခဲစများ တွေ့ ရှိခဲ့ရသည်ဟု အဆိုပါအဖွဲ့ ဝင်ကပြောဆိုသည်။

ကန်မော်ပြည်သူ့ ဆေးရုံမှ သူနာပြုဆရာမတစ်ဦးက ပေါက်ကွဲမူကြောင့်ရရှိခဲ့သည့် ဒဏ်ရာဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပြီး။ ကန်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘာဘူးကလည်း ပေါက်ကွဲမူဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်းအတည်ပြုပြောကြားခဲ့သည်။ ယခုအချိန်ထိ တာဝန်ရှိသူများ အခင်းဖြစ်ပွာရာသို့ သွားရောက်စစ်ဆေးခြင်းမရှိသေးပါ။

ရေလမ်းခရီးဖြင့်သွားရခြင်းဖြစ်သဖြင့် နှောင့်နှေးနေတာဖြစ်နိုင်ကြောင်းမြိတ်မြို့ နယ် အဖွဲ့ ချုပ်လူငယ်တစ်ဦးက မှတ်ချက်ပေးခဲ့သည်။ တာဝန်ရှိသူများသည်။ ပြည်သူ့ ဆေးရုံသို့ ရောက်ရှိနေနိုင်ကြောင်းလည်း ၄င်းကဗဟိုကော်မရှင်ရုံးအဖွဲ့ သို့  တယ်လီဖုန်းဖြင့်ပြောကြားခဲ့သည်။

NLD Central

Friday, December 14, 2012

0 ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာအား ရောဂါအခြေအနေ ဆိုးဝါးနေသော ဦးတိက္ခဥာဏ၏ သားအငယ်နှင့် သံဃာတော်များ ပြစ်တင်ဝေဖန်

လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ ကြည့်ရှုစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင် သံဃာတော် ဦးသု(ခ)ဦးဝိမလက “အစိုးရက ဒီလိုဘဲလိမ်နေကြတာဆိုတော့ ဦးဇင်းတို့အနေနဲ့ မထူးဆန်းတော့ပါဘူး၊ ,,,,, ခြေထောက်ထိထားတဲ့ ကိုယ်ရင်တစ်ပါးဆိုရင် ခြေထောက်ဖြတ်ရမယ့် အခြေအနေဘဲ၊အားလုံးက တဖြည်းဖြည်း အခြေ အနေမကောင်းဘူး၊ မျက်နှာထိထားတဲ့ ဦးဇင်းဆိုရင် နားတွေမှာ တဖြည်းဖြည်း အရိုးနုပါပေါ်နေပြီ” ဟု ကိုနေသုခက ၄င်းကြုံတွေ့ခဲ့ရသော သံဃာတော်များ၏ အခြေအနေကို ဆက်လက်ပြောကြား
လက်ပံတောင်းတောင် အကြမ်းဖက်မှုတွင် မီးလောင် ဒဏ်ရာရရှိခဲ့သည့် ဦးတိက္ခဥာဏ၏ ရောဂါအခြေအနေမှာ ဆိုးဝါးခြင်းမရှိဟု ယနေ့ထုတ်မြန်မာ့အလင်း သတင်းစာမှရေးသားလိုက်ခြင်းအပေါ် ဦးတိက္ခဥာဏ၏ သားအငယ် ဆရာဝန်တစ်ဦးဖြစ်သူ ကိုနေသုခနှင့် သံဃာတော်များကပြစ်တင်ဝေဖန်လိုက်သည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဦးတိက္ခဥာဏ၏ရောဂါအခြေအနေမှာ ဆိုးရွားခြင်းမရှိဘဲ ၄င်း၏ ဆန္ဒအရ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆေးဝါးကုသမှု ခံယူရန်အတွက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆင်းသွားခဲ့သော်လည်း ၄င်းတွင် ငွေကြေး အခက်အခဲရှိသည့်အတွက် နိုင်ငံတော်ကဗန်ကောက်ဆေးရုံကြီး သို့ ဘတ်ငွေတစ်သန်း

0 "ဒေါ်အောင်ဆန်းစုကြည် ပြောဖို့ကောင်းတာက အစိုးရလဲ ဝန်ခံပါ"

ဒေါ်စုက ဒေါ်စု အလုပ်လုပ်ပါတယ် ၊
ဦးဝင်းတင်က ဦးဝင်းတင် အလုပ်လုပ်ရမှာပဲ ။
ဒေါ်စု တစ်ယောက်တည်း ပုံ ထားပြီး နေကြလို့မရနိုင်ပါဘူး..။
လစ်ဟာနေတာ ဖြည့်ကြရပါမယ် ။ အားဖြည့်ဝန်းရံကြရပါမယ် ။
ကျရာနေရာက ပါးပါးနပ်နပ် " သိ " နေရပါမယ် ..။

"ဒေါ်အောင်ဆန်းစုကြည်က မီဒီယာကို အမြဲမမှန်ပါဘူးဆိုတာ မီဒီယာ

မှားရင်ပြည်သူက ဆဲမှာပဲ ။ အစိုးရကလည်း ဥပဒေအရ အရေးယူမှာပဲ ။

ဒေါ်အောင်ဆန်းစုကြည် ပြောဖို့ကောင်းတာက အစိုးရလဲ ဝန်ခံပါ ။ ဘာဖြစ်လို့လဲဆိုတော့ လက်ပတောင်းဖြစ်တဲ့ကိစ္စ စုံးစမ်းတယ်ပြောလို့ လုပ်စရာမလိုဘူး ။ အစိုးရ မှားနေတာ မြင်နေရတယ် ။ "

" နည်းနည်းပါးပါး ပြောသည်ကို ပြင်းထန်သည် အာယာတ ထားသည်ဟု
ပြောချင်ကြကြောင်း မိမိတို့ဘက်မှ စာလုံးနဲ့ပေါက်တာကို မှားသည်ဟု ဆိုချင်ကြလျှင် လက်ပတောင်းတောင်တွင် အစိုးရက မီးလောင်ဗုံးဖြင့်ပစ်တာကို မပြောကြကြောင်း "

" မျှမျှတတလုပ်ပေးစေချင်တယ်ဆိုတာ ဘာကိုပြောတာလဲ မှားနေတာကိုရောပြီး မှန်အောင်မျှတအောင် လုပ်ပေးလို့ မရဘူး ။ "

ဟံသာဝတီ ဦးဝင်းတင်

0 မြန်မာ့မြေ လန်ပိကျွန်း ကျူးကျော်ခံနေရပြီလော . . .

သတင်းသစ်ဂျာနယ် မှ သတင်းထောက် အေးချမ်းမိုး ရေးသည်။

သတင်းသစ်ဂျာနယ် အတွဲ1၊ အမှတ် 38၊ 14-12-2012 သောကြာနေ့ထုတ်ဂျာနယ်တွင်ပါ၇ှိသော လန်ပိကျွန်း အကြောင်းက စိတ်ဝင်စားစရာဖြင့် ပြည့်နှက်နေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း၇န်၊ ကိုယ့်ရေမြေ တောတောင်တို့အား ကာကွယ်ထိန်းသိမ်းရန်၊ ၀ိသမာလောဘသားများ၏ အနိုင်ကျင့်စိုးမိုးမှု ပပျောက်စေရန်၊ အကျင့်ပျက်သူတို့ပပျောက်စေရန်၊ မြန်မာတိုပ၏ သယံဇာတများအား နည်းအမျိုးမျိုးနှင့် ဂုတ်သွေးစုပ်နေမှုများအား ၀ိုင်းဝန်းထိမ်းသိမ်းကြစေလိုရန် ရည်ရွယ်ရ်ျ မူရင်စာသားများအား အနှစ်ချုပ်ပြီးဖော်ပြပေးပါမည်။

- မြန်မာနိုင်ငံ၏ လူမျိုးများထဲတွင် မြန်မာသာမက ကမ္ဘာကပါသိသော ပင်လယ်ပျော် မော်ကင်းလူမျိုးတို့မှာ ကျန်မာရေး၊ ပညာရေးချို့တဲ့သည့်အပြင် မှတ်ပုံတင်ပင်မရှိသည့်အတွက် လူမျိုးပါပျောက်မည့်

0 လက်ပန်းတောင်းတောင်အရေးနှင့်ပတ်သတ်ပြီးယခင် စစ်အစိုးရပုံစံအတိုင်း လူဖမ်းပွဲတွေ စတင်လုပ်


 မန္တလေးမြို့ကကိုအောင်မှိုင်းဆန်း
ယနေ့(၁၃.၁၂.၂၀၁၂)ရက်နေ့ မြန်မာစံတော်ချိန် ည ၈ နာရီ၃၀ မိနစ်အချိန်တွင် မန္တလေးတိုင်း "Movement For Democracy Current Force " ( ဒီမိုကရေစီအရေးစဉ်ဆက်မပြတ်လှုပ်ရှားမှု့အင်အားစု ) တာဝန်ခံ ကိုသိန်းအောင်မြင့် အား (ဒုရဲအုပ် ကျော်ကျော်မိုး နှင့် အပေါင်းအပါ ၃ဦးမှ)နေအိမ်တွင်လာရောက်ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ဆက်လက်ပြီး "Movement For Democracy Current Force " ( ဒီမိုကရေစီအရေးစဉ်ဆက်မပြတ်လှုပ်ရှားမှု့အင်အားစု ) ခေါင်းဆောင် ကိုထင်ကျော် မှကိုသိန်းအောင်မြင့်အား ခေါ်ဆောင်သွားခြင်းအပေါ် သဘောမတူကြောင်း (သံဃာတော် များ နှင့်လိုက်ပါဆောင်ရွက်ခြင်းအား )ဖမ်းမည်ဆိုပါက မိမိအားအရင်လာရောက်ဖမ်းရန်နှင့် ကိုသိန်းအောင်မြင့်အား ချက်ခြင်းလွှတ်ပေးရန်

မုံရွာမြို့ ဗကသ ကျောင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုရဲရင့်ကျော်နှင့် နိုင်ငံရေးတက်ကြွစွာ ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်သည့် မုံရွာမြို့ သလ္လာရပ်ကွက်တွင် နေထိုင်သည့် ဒေါ်နု ဆိုသူနှစ်ဦးအား (ယခုလက်ရှိသတင်းအရ)ရဲမှူး ဦးစိုးအောင် ဆွေးနွေးစရာ ရှိသည့်ဟု SBနေမျိုးဦးမှ ၈ နာရီ ခန့်တွင် ဖုန်းဖြင့် ဆက်၍ အကြောင်းကြားပြီ မနက်ဖြန် အားတဲ့အချိန် လာရောက်ခေါ်မည်ဟု ပြောကြားကြောင်း သိရှိရသည်။
SB မှလာခေါ်မည်ဟုဖုန်းဆက်ပြောတဲ့ရဲ အောင်မျိုးဦး ဆိုသူ၏ပုံ။ 

မန္တလေးမြို့ကကိုအောင်မှိုင်းဆန်းပါသွားပါပြီ။ ဒီနေ့ ညနေ(၅) နာရ်ီမှာ ကျွန်တော့ကို အိမ်ပြန်ဖို့ ကားကွင်းလိုက်ပို့တယ် ကားကွင်းကနေအိမ်အပြန်မှာ အဖမ်းခံရတယ်လို့ကျွန် တော်အိမ်ပြန်ရောက်တော့ ဖုန်းဆက်ကြည့်တော့ သူဖုန်းကို ထခြားတစ်ယောက်ကကိုင်ထားပြီး ကိုအောင်မှိုင်းဆန်းမရှိတော့ဘူးလို့ပြောပါတယ်။ မနက်ကတည်းကသူ့အိမ်ကိုဝိုင်းထားခံရပါတယ်။

ရဲဘော်ခန့်အောင် မိတ္ထီလာခရိုင်

ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်လုပ်ငန်းကော်မတီ) မှကိုမင်းနိုင်လွင်(ကျော်ကြီး) နှင့် ကိုသန်းထိုက်တို့အား နေအိမ်မှ ဖမ်းဆီးခေါ်ဆောင် သွားပြီဖြစ်သည်။

မြင်းခြံ သတင်း။
ကိုသန့်ဇင် နှင့် ကိုအောင်မြင့်ဟန် တို့အား ဖမ်းဆီး ခေါ်ဆောင်သွားပြီ ဖြစ်သည် ။

သတင်းနှင့်ပြန်ကြားရေး
ဗကသများ အဖွဲ့ချုပ်
(အထက်ဗမာပြည်)

Facebookစာမျက်နှာများမှ

ဒေါင်းတစ်ကောင်ဖမ်းရင်
ဒေါင်းတစ်သန်းထမည်။
ဒေါင်းကိုမထိနှင့်
ငြိသွားမည်။
ဒေါင်းတွေကို
ချက်ချင်းလွှတ်လော့
ချက်ချင်းလွှတ်လော့ ချက်ချင်းလွှတ်လော့ ချက်ချင်းလွှတ်လော့  ချက်ချင်းလွှတ်လော့

မင်းစစ်နိုင် 

0 "ဒကာလူထုရှေ့ကသံဃာတွေဟာ အတုမဟုတ် ဘာနိုင်ငံရေးပရောဂမှ မပါဘူး ဒကာတို့

"ဒကာလူထုရှေ့ကသံဃာတွေဟာ အတုမဟုတ် ဘာနိုင်ငံရေးပရောဂမှ မပါဘူး လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်နဲ့သမိုင်းဝင်အဆောက်အဦးများကို ဖျက်ဆီးခြင်းမှစ၍ ဘာသာရေးပါဝင်လာရခြင်းဖြစ်" (ဦးဇဝန ပခုက္ကူ အရှေ့တိုက်)

နိုင်ငံရေးမှာ ဘာသာရေးကို အသုံးချတာ (သို့) ဘာသာရေးက လွှမ်းမိုးတာကို လက်မခံပါ။

ဒါပေမယ့် ... သံဃာတော်တွေ ဒီမိုကရေစီ ရဖို့နဲ့ ဒီမိုကရေစီ ဖေါ်ဆောင်နိုင်ဖို့ တောင်းဆိုတာ .. ဘာအပြစ်မှ ကျူးလွန်တာ မဟုတ်ဘူး။

ဒီ နှစ်ခုကို ရှင်းအောင် ပြောရရင် ....

ဥပမာ ... သူတော်ကောင်းတွေလို တီဗွီကနေ ရွှေတိဂုံ ဘုရားကို ထီးတော်တင်နေတာကို ပြပြီး .. သံဃာတော်တွေကို ဖင်ထောင်ပြီး ကန့်တော့နေကြတာကို ပြပြီး ... အပြင်မှာ သံဃာတွေကို သတ်တာဟာ .. ဘာသာရေးကို အသုံးချတာ ဖြစ်တာကြောင့် ရွံ့ဖို့ကောင်းတယ်။

ငါတို့ ဗုဒ္ဓဘာသာမှ နိုင်ငံတော် ဘာသာ .. အခြားဘာသာတွေကို လက်မခံဘူးဆိုတဲ့ .. မျက်ကန်း ဗုဒ္ဓဝါဒမျိုး နိုင်ငံရေးမှာ လွမ်းမိုးတာကိုလည်း လက်မခံပါ။

ဒါပေမယ့် တိုင်းပြည် ပျက်မှာ စိုးရိမ်လို့ (သို့) တိုင်းပြည်နဲ့ လူမျိုး ကောင်းစားဖို့အတွက် .. သံဃာတွေက ဒီမိုကရေစီ အရေး၊ တိုင်းပြည်အရေး ဝင်ပြောတာဟာ .. ဘာအပြစ်မှ ကျူးလွန်တာ မဟုတ်ဘူး။ ဘာသာရေးကို အသုံးချတာ မဟုတ်ဘူး။ ဘာသာရေးက နိုင်ငံရေးကို လွှမ်းမိုးတာ မဟုတ်ဘူး။ တိုင်းပြည်ကောင်းဖို့ .. နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တာ။

ဒီကွဲပြားမှု ၂ ခုကို ပြောင်းပြန် ပြောနေသူတွေကို မကြာခဏ တွေ့နေရတာကြောင့် .. ဦးနှောက်နဲ့ သေချာ တွေးနိုင်ကြဖို့ပါပဲ။

(ကိုထိုက်)

Thursday, December 13, 2012

0 လူတစ်ယောက်ကို ရိုက်နှက်ခြင်းထက် ရဟန်းသံဃာကို ရိုက်နှက်သည့် အကုသိုလ်က ပိုကြီးမားကြောင်း ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) မိန့်ဆို

how to show random ad

လက်ပံတောင်းတောင် အရေးကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းရေးကော်မရှင်က ဆုံးဖြတ်ချက်ကို စိတ်ရှည် လက်ရှည်ဖြင့် စောင့်ဆိုင်း သင့်ကြောင်း ရွှေပါရမီတောရ ဆရာတော်၊ အရှင် ဆန္ဒာဓိက က ဒီဇင်ဘာ ၆ ရက် ၌ မြန်မာအင်ဒီပဲန့်ဒင့်၏ တွေ့ဆုံမေးမြန်းမှုတွင် မိန့်ကြားသည်။

“ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး စုံစမ်းစစ်ဆေး ရေးတွေ လုပ်နေပြီ ဖြစ်တယ်။ တကယ် ဖြစ်သင့် ဖြစ်ထိုက် တာတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ အမှန်တရားနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်မယ့်သူ မဟုတ်သလို၊ ရဟန်းရှင်လူ ပြည်သူတွေက ယုံကြည်ရတဲ့သူ လည်း ဖြစ်နေလို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းရေး ကော်မရှင်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသင့်သည်နှင့် ပတ်သက်၍ မိန့်ကြားခဲ့သည်။

လက်ပံတောင်းတောင် အရေးကိစ္စတွင် သံဃာတော်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရခြင်းသည် စိတ်မရှည်မှုကို အကြောင်းပြုခဲ့ခြင်း ဖြစ်ကြောင်း၊ စိတ်မရှည် မှုကြောင့် ဖြစ်ခဲ့သော ပြဿနာကို စိတ်မရှည်မှုဖြင့် ထပ်၍ တုံ့ပြန် ခဲ့လျှင် မလိုလားအပ်သည့် ဆိုးကျိုးများနှင့်ကြုံတွေ့ရမည်ကို မလိုလားကြောင်း ၊ ဒေါ်အောင်ဆန်း စုကြည်၏ စုံစမ်းရေးကော် မရှင်က ထွက်ပေါ်လာမည့် ရလဒ်များကို ယုံကြည်မှုဖြင့် စောင့်ဆိုင်းသင့်ကြောင်း မိန့်ကြားခဲ့ သည်။

ထို့နောက် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွဲခြင်းတွင် သံဃာတော်များ ထိခိုက်ခဲ့ ခြင်းကြောင့် ဘာသာရေး ရှုထောင့်က ရှုမြင်ရသည်များအား ဆရာတော် ကို လျှောက်ထား မေးမြန်းရာ “ရတနာသုံးပါးကို ပြစ်မှားတယ်ဆို တာကတော့ အင်မတန်ကြီးကျယ်တဲ့

1 ဒုတိယမ္ပိ မြတ်စွာဘုရားရှင်အား စောင့်ရှောက်ကူညီခြင်း

မုံရွာမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲမှုကြောင့် မီးလောင်ဒဏ်ရာ များရရှိခဲ့သော သံဃာတော်အပေါင်းနှင့် ပြည်သူတို့အား ဆေးဝါးကုသရန်အတွက် ဒုတိယအကြိမ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေကျပ် ၉၅၅ဝဝဝဝိ/- (ကိုးဆယ့်ငါးသိန်းငါးသောင်း) ကျပ်တိတိ အား မန္တလေးမြို့သို့ (၁၁.၁၂.၂ဝ၁၂) ရက်နေ့၌ ပို့ဆောင်လှူဒါန်းမှု ပြုလုပ်ခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၏ ညီမဝမ်းကွဲဖြစ်သူ လူမှုရေး လုပ်ငန်းများအား ကြိုးစားပေးဆပ်နေသော မန္တလေးမြို့နေ မသင်းနွဲ့နွဲ့ဖေထံသို့ ၁၁.၁၂.၂ဝ၁၂ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန်တွင် ဘဏ်ငွေလွှဲစနစ်ဖြင့် ပို့ဆောင်ခဲ့ရာ မန္တလေးမြို့ရှိ မသင်းနွဲ့နွဲ့ဖေ သည် မန္တလေးမြို့ရှိဆေးရုံများဖြစ်သော မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံကြီးများသို့ သွား ရောက်ကာ လက်ပံတောင်းတောင် ထိခိုက်ဒါဏ်ရာ ရရှိသူများ ကျန်းမာရေးပြုစုစောင့်ရှောက်မှုကော်မတီ (မန္တလေး)သို့ သွားရောက်အကြောင်းကြားခဲ့ ကာ ရေတော်ဘုရားကြီး တိုက်ဆရာတော် ဥူးဝိသုတနှင့် ဘဝ အလင်းဆရာတော် ဥူးဥတ္တမ တို့နှင့်အတူ ဆေးရုံများတွင် တက်ရောက်ကုသနေကြသော ဒဏ်ရာအလွန် ပြင်းထန်သော သံဃာတော်

0 (၁၂-၁၂-၁၂) လက်ပန်းတောင်းတောင်အကြမ်းဖက်မှု သံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းတဲ့ အစိုးရအား တနိုင်ငံလုံးအတိုင်းအတာဖြင့်ဆန္ဒထုတ်ဖော်

( ၁၂-၁၂-၁၂ )မန္တလေး သံဃာများ ၁၂.၁၂.၁၂နေ့တွင် လမ်းလျှောက်မေတ္တာပို့ ။
လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် သံဃာတော် အပါး ၁၀၀ ကျော်ခန့်က ဗဟန်းမြို့နယ် ကြေးသွန်းဘုရားအနီးမှ စတင်ပြီး ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ သံဃာတော်များအား လူပုဂ္ဂိုလ်များက ၀န်းရံထားပြီး အဆိုပါသံဃာတော်များသည် ဆူးလေဘုရားသို့ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်
ယနေ့ မွန်းတည့်(၁၂)နာရီအချိန်မှစတင်ကာ မုံရွာမြို့တွင် ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွှေစည်းခုံမြတ်စွာဘုရားကြီး မှစုရပ်ပြုလုပ်ပြီးမုံရွာမြို့တွင်းသို့လှည်လည်ပြီး မေတ္တာပို့ကာစီတန်းလှည်လည်ကြနေပြီဖြစ်ပါသည်။သံဃာအင်အား(၇၀၀)ခန့်ရှိပြီး နောက်မှလိုက်ပါသည့် မုံရွာမြို့ခံလူထုမှာ(၁၀၀၀)ကျော်ခန့်ရှိမည်ဖြစ်ပါသည်။
ရန်ကုန်မှာဆန္ဒထုတ်ဖော်နေသော သံဃာတော်အပါး ၆၀၀။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ သံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းတဲ့ အစိုးရကို မကျေနပ်လို့ ပြည်မြို့က သံဃာတော်တွေက 12.12.12 နေ့မှာ ဆန္ဒဖော်ထုတ်ပြီး လမ်းမပေါ်ကို ကြွလာကြတာပါ....
လက်ပံတောင်းတောင် အကြမ်းဖက် နှိမ်နှင်းမှု နှင့်ပတ်သက်၍ ကလေးမြို့ရှိ ရွှေဘုံသာ ဘုရားကြီးဝန်းတွင် သံဃာတော်နှင့် လူ စုစုပေါင်း ဦးရေ ၂၀၀ ခန့် ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီခန့်အထိ ထိုင်သပိတ် ပြုလုပ်၍ ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း
ပုသိမ် မြို့လူထု သံဃာ နဲ့ အတူချီတက်နေစဉ်
( ၁၂-၁၂-၁၂ )လက်ပံတောင်းတောင်တွင် အကြမ်းဖက်ဖြိုခွင်းခံရသော သံဃာတော်များ အတွက် ဆုတောင်း မေတ္တာပို့နေသည့် စစ်တွေသံဃာတော်များ။ စစ်တွေမြို့တွင် မွန်းလွဲ (၁) နာရီခန့်ကစည်းကမ်းထိန်းသိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေး ရဟန်းတော်များဦးဆောင်၍ လက်ပံတောင်းတောင်အရေးနှင့် စပ်လျဉ်းသည့် ဆန္ဒဖော်ထုတ်ပွဲတရပ်ကိုအတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး ပုရ၀ုဏ်အတွင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ..Facebook စာမျက်နှာများမှ ရယူပါတယ်..

Wednesday, December 12, 2012

0 အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့၏ မင်္ဂလာဆောင်အား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်

ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချစ်သူသက်တမ်း ၆ နှစ်နီးပါးကြာ ယနေ့ ဒီဇငါဘာ ၁၂ ရက် နံနက်တွင် ကျင်းပ
သည့် လက်ထပ်မင်္ဂလာအခမ်းအနားသို့ မင်္ဂလာမောင်နှံတို့နှင့်အတူ ၎င်းတို့၏ နှစ်ဖက်မိသားစုဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်ကို တွေ့ရပြီး အနဂ္ဂနှင့် သံသာဝင်းတို့မှာ ကက်သလစ်ဘာသာဝင်များ ဓလေ့ထုံးစံနှင့်အညီ တစ်ဦးနှင့်တစ်ဦး မင်္ဂလာကတိသစ္စာပြုခြင်း၊ မင်္ဂလာလက်စွပ် လဲလှယ်ဝတ်ဆင်ခြင်း၊ မင်္ဂလာလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့သည်။

မင်္ဂလာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်ခဲ့ပြီး ဂီတလောကမှ အဆိုတော်များ၊ တေးရေးများ၊ ထုတ်လုပ်သူများ၊ ရုပ်ရှင်ဘက်မှ အကယ်ဒမီထွန်းအိန္ဒြာဗိုတို့စုံတွဲနှင့် အကယ်ဒမီလူမင်းတို့စုံတွဲ တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ နိုင်ငံရေးနယ်ပယ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့တို့လည်း တက်ရောက်ခဲ့သည့်အပြင် အက်ဆစ်အဖွဲ့မှ လွှတ်တော်အမတ် ဇေယျာသော်က မင်္ဂလာပွဲတွင် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ၀င်ရောက်ဆင်နွှဲခဲ့သည်ကို တွေ့ရသည်။

ဓာတ်ပုံ- မြတ်မြတ်မင်း
7days news journal

0 မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုကို တရုတ်တို့က အန္တရာယ်ရှိလာစေသလော -
China poses risk to Myanmar’s reform

Photo..bdlive.co.za
(10 Dec 2012 ရက်စွဲပါ Bangkok Post မှ China poses risk to Myanmar’s reform ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုသမ္မတ Barak Obama သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသွားရောက် လည်ပတ်ခဲ့ရာ တစ်ချိန်က အပယ်ခံနိုင်ငံအဖို့ ပြုပြင်ပြောင်းလဲမှုများတွင် ထပ်မံတိုးလာသော မှတ်တိုင်တစ်ခုဖြစ်ခဲ့ရပါသည်။

အမေရိကန်-မြန်မာဆက်ဆံရေးတွင် အထက်ပါတိုးတက်မှုများသည် သံသယဖြစ်ဖွယ်မရှိ ကောင်းမွန်စွာထွက်ပေါ်လာခဲ့ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ လုပ်ကိုင်လာခဲ့သည်နှင့်အမျှ တစ်ချိန်က မြန်မာနိုင်ငံအပေါ် ပြင်းထန်သော အရေးယူမှုများ ချမှတ်ထားခဲ့သော အမေရိကန်သည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အားပေး၍ ကူညီပံ့ပိုးရန် ကြိုးစားလာပါသည်။

နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ပါသည်။ အမေရိကန်သည် ယခုအခါ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေးဆိုင်ရာ အရေးယူမှုအများစုကို ယာယီရုတ်သိမ်းခြင်း(သို့မပာုတ်) ရုတ်သိမ်းခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။

ထို့ကြောင့် အမေရိကန်နှင့် ၎င်း၏မပာာမိတ် ငွေကြေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံအပေါ်

1 "ထိပ်ထားလမ်းလား သေနာလမ်းလား၊ လမ်းကောင်းရွေးမှ ပြည်ရေးလှမယ်"-ဟံသာဝတီဦးဝင်းတင်

ကျုပ်က အသက်တော်တော်ကို ကြီးလာခဲ့ပြီလေ။ ဒီတော့ လူလိမ္မာ ပီပီ သံဝေဂလေး ရသပေါ့ဗျာ။ သံဝေဂဆိုတာ သံသရာမှ ထိတ်လန့်ကြောက်ရွံ့ခြင်းလို့ဆိုသဗျ။ ဘဝမှာ အလကားနေ အသေစောင့်ရင်း ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ဝတ္ထုတွေကလည်း ရှိပေသကိုး။

ကြားဖူးတယ် မဟုတ်လား။ ဗြဟ္မာ့ဘုံ၌ ခံရခြင်းဟာလည်း ဆင်းရဲပဲတဲ့။ အဲဒါ ကြောက်ရွံ့ ထိတ်လန့်စရာပဲတဲ့။ ဗြဟ္မာဘုံမှာ စံစားရခြင်းကိုတောင် ကြောက်စရာဆိုမှတော့ ကျုပ်တို့လို တိရစ္ဆာန်ဘုံမှာ ခံစားနေရသူတွေအဖို့ ဘာများပြောစရာ လိုတော့မှာလဲဗျ။

အားလုံးအကြားပဲလေ။ ဗြဟ္ဓာဘုံနဲ့တူတဲ့ နေပြည်တော်ဘုံမှာ စံစားနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကြည့်။ အိမ်က ထမင်းချက်၊ တံမျက်လှဲကိုတောင် လခမပေးနိုင်ရှာကြတော့ဘူးနဲ့ တူရဲ့။ နိုင်ငံတော်ကို ငွေတောင်းနေကြတယ်လေ။ ကျပ်သိန်း နှစ်ထောင်လောက် ဆိုလား ဘာလားမသိပါဘူး။ အော်.........ဆင်းရဲ......ဆင်းရဲ။

ဒါနဲ့ကျုပ်စိတ်ထဲ လူ့ငရဲထောင်ဘဝကို ပြန်လည်တမ်းတ လွမ်းသမိသဗျာ။ ကောင်းတာရယ်လို့

0 လက်ပန်းတောင်းတောင်အရေးဆန္ဒပြသူတွေအာမခံနဲ့ ပြန်လွတ်


 (ပြန်လည်လွတ်မြောက်လာသူတချို့ကို ၈၈မျိုးဆက် ရုံးခန်းမှာ တွေ့ရစဉ် - Photo: Ant Bwe Kyaw)

လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးကိစ္စနဲ့ ဖမ်းဆီးခံထားရသူတွေကို အင်စိန်ထောင် တ
ရားရုံး အချုပ်မှာ ဖမ်းဆီး ထိမ်းသိမ်းထားရာကနေ ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီး ဖြစ် တယ်လို့ အဖမ်းခံရသူတွေရဲ့ ရှေ့နေက ပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြပြီး နောက်တနေ့ ဖမ်းဆီးခံထားရတဲ့ ကိုရဲလင်း၊ ကိုဝေဠု၊ ကိုမျိုးချစ်၊ ကိုညီညီ၊ ဒေါ်နော်အုန်းလှနဲ့ ဒေါ်ရှမ်းမတို့ကို ဒီနေ့မှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သူတို့အတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

သူတို့ကို ကိုယ်တိုင်ခံဝန်ချက်နဲ့ ကျပ်ငွေ ၁၀ သိန်းစီ အာမခံပေး လွှတ်လိုက်တာဖြစ်ပေမယ့် သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ)နဲ့ အမှု ဆက်လက်ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

အဖမ်းခံထားရသူတွေဟာ ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်တရားရုံးမှာ သွားပြီး ကိုယ်တိုင် အာမခံချက်နဲ့ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဒီဇင်ဘာ ၂ ရက်နေ့က ဖမ်းဆီးခံရတဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုမိုဃ်းသွေးနဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးတို့ ၂ ဦးကိုလည်း အာမခံနဲ့ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
Dvb

Tuesday, December 11, 2012

1 ဦးပိုင်အကြောင်းကို လေ့လာတင်ပြမှု -မောင်တင့်တယ်

ဦးပိုင်အစ

၁။ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထိုအချိန်က န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့) အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက် (The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းကြောင်း အမိန့် ကြော်ငြာစာ အမှတ် ၇/၉၀ ဖြင့် ကြေညာခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့၊ အာဏာသိမ်းပြီး နောက်ပိုင်း တပ်မတော်ကတည်ထောင်ခဲ့သည့် ပထမဆုံးစီးပွားရေးလုပ်ငန်းဖြစ်သည်။

ဦးပိုင်စနစ်

၂။ "ဦးပိုင်" စနစ်ဆိုသည်မှာ မိမိအရင်းထက် အဆပေါင်းများစွာပိုသော လုပ်ငန်းကိုင်ငန်းများကို ဖြန့်ခွဲချုပ်ကိုင် သည့် လက်ဝါးကြီးအုပ်စနစ်ဖြစ်သည်။ စစ်တပ်ဦးပိုင်လီမိတက်သည် အထူးကုမ္ပဏီတခုအနေဖြင့် ၎င်းမှ အပြည့်အ၀ပိုင် ဆိုင်သော ကုမ္ပဏီများနှင့်ကုမ္ပဏီခွဲများသည် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကို ရရှိခံစားရမည်ဖြစ်သည်။ သို့သော် တွဲဖက်လုပ်ကိုင်သောကုမ္ပဏီများမှာမူ ဤအခွင့်ထူးကို မခံစားရချေ။

ဦးပိုင်လီမိတက်သည် သေးသေးမွှားမွှားလုပ်ငန်းနှင့် အရှုံးအမြတ်မသေချာသော လုပ်ငန်းမျိုးတွင် မပါဝင်ကြချေ။ဦးပိုင် သည် ဖရစ်ဝါနာ၊ ဒေ၀ူးတို့နှင့် ဖက်စပ်လုပ်ခြင်းဖြင့် ပွဲဦးထွက်ခဲ့သည်။ ယခု စစ်တပ်ဦးပိုင်လီမိတက်တွင် အစုရှယ် ယာဝင်များက ဒါရိုက်တာရွေးချယ်ခွင့်မည်သို့ရှိကြောင်း ရှင်းအောင် မကြေညာခဲ့ကြောင်း တွေ့ရှိရသည်။

ရည်ရွယ်ချက် ၃။ တရားဝင်ဖော်ပြထားသော ရည်ရွယ်ချက် (၄) ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က) တပ်မတော်သားများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး။
(ခ) စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး။
(ဂ) ပြည်သူလူထု သက်သာချောင်ချိရေးအား အထောက်အကူဖြစ်စေရေး။
(ဃ) နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေး။
အမှန်တွင်မူ ဦးပိုင်လီမိတက်ကို န၀တ/နအဖ စစ်အုပ်စုက တည်ထောင်လိုက်သည့် ရည်ရွယ်ချက်ထဲတွင် စစ်တပ် အရာရှိကြီးများကသာ ထိပ်ပိုင်းမှ ချယ်လှယ်အကျိုးခံစားရရေး၊ တပ်သားများ၏လခကိုဖြတ်ပြီး အရင်းပြုကာ သွေးစုတ် ရေး စသည်တို့ အလိုလိုပါဝင်ပြီးဖြစ်နေသည်။ အောက်ခြေတပ်မှူးတပ်သားများ၏ဘ၀ကို အသေခံပဲစားဘ၀မှ မြှင့်တင် မည့်ရည်ရွယ်ချက် လုံးဝမပါဝင်ချေ။

ချုပ်ပြောရလျှင် စစ်အာဏာရှင်သက်ဆိုးရှည်ရေးနှင့် စစ်ဗိုလ်ချုပ် မိသားစုများ၏ ရာသက်ပန်အကျိုးစီးပွားအတွက် တိုင်းပြည်၏စီးပွားရေးအသက်သွေးကြောတခုလုံးအား အာဏာဖြင့် လက်ဝါးကြီးအုပ်ရန် ပြင်ဆင်လုပ်ကိုင်ခြင်းပင် ဖြစ် သည်။

ဦးပိုင်ဖွဲ့စည်းပုံ

၎။ ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက်တွင် ဥေဿျှာင်အဖွဲ့ ဖွဲ့စည်းပုံနှင့် ဥက္ကဋ္ဌရုံး (ဒါရိုက်တာ အဖွဲ့) ဖွဲ့စည်းပုံဟူ၍ ဖွဲ့စည်းပုံနှစ်ခုရှိသည်။ ဥေဿျှာင်အဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (တပ်မတော် ကာကွယ်ရေး ဦး စီးချုပ်)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်)၊ ဒုတိယဗိုလ်ချုပ်ကြီးမင်း အောင်လှိုင် (ကြည်း/ရေ/လေ ညှိနှိုင်းကွပ်ကဲရေးမှူး)၊ ဒုတိယဗိုလ်ချုပ်ကြီးဉာဏ်ထွန်း (ဦးစီးချုပ်-ရေ)၊ ဒုတိယဗိုလ် ချုပ်ကြီးမြတ်ဟိန်း (ဦးစီးချုပ်-လေ)၊ ဒုတိယဗိုလ်ချုပ်ကြီးသိန်းထိုက် (တပ်မတော်စစ်ဆေးရေးအရာရှိချုပ်)၊ ဗိုလ်ချုပ်လှ ရွှေ

1 မီးလျှံခသော တန်ဆောင်တိုင်ည

မီးလျှံခသော တန်ဆောင်တိုင်ညလက်ပံတောင်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး အထွေထွေ သပိတ် စခန်းများ ဖွင့်ထားသည့် သက်တမ်း ကာလ ၁၀ ရက်မြောက် သော ည ၈ နာရီအချိန်တွင် အဆိုပါ သပိတ်စခန်း များနှင့် ပတ်သက်၍ မြန်မာ့ရုပ်မြင်သံကြား သတင်း အစီအစဉ်တွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး အကြောင်း ပြ၍ ဆူပူ ဆန္ဒပြနေခြင်း အား ည ၁၂ နာရီ နောက်ဆုံး ထား၍ လူစုခွဲရန် ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက် ထွက်ပေါ်လာ ပြီးနောက် မြန်မာဝမ်ပေါင် ကုမ္ပဏီရုံးဝင်း အတွင်းမှ သပိတ်စခန်းရှိရာသို့ လက်ကိုင် အသံချဲ့စက်ဖြင့်နာရီဝက်ခန့်လျှင် တစ်ကြိမ် နှုန်းထပ်ဆင့်၍ အော်ဟစ်နေခဲ့သည်။ ယင်း ကဲ့သို့ အော်ဟစ်ခဲ့ခြင်းမှာ သုံးကြိမ်ခန့် ဖြစ် သည်။

“ဒီကြေညာချက်က လုံးဝကို မတရား ပါဘူး၊ ကြေညာတဲ့အချိန်က ည ၈ နာရီ၊ နောက်ဆုံးထားပြီး လူစုခွဲပေးရမဲ့အချိန်က ည၁၂နာရီဆိုတော့ ကြားမှာ ကွာဟချိန် ကလေးနာရီပဲရှိတယ်။ သူတို့သတ်မှတ်ပေး တဲ့အချိန်က အရမ်းကို နည်းလွန်းပါတယ်။ နောက်ပြီး အချိန်မတော်လူစုခွဲခိုင်းတယ်ဆို တော့ ဘယ်ကလာပြီး တရားမျှတနိုင် မှာ တဲ့တုန်း”ဟု ပခုက္ကူ အလယ်တိုက်ကျောင်း မှ ကြွရောက်ပူးပေါင်းကာ ဆန္ဒဖော်ထုတ် နေသော ဦးစန္ဒောဘာသ အရှင်သူမြတ်က မိန့်တော်မူသည်။

၂၇ ရက်နေ့ ညက သပိတ်စခန်းဖြိုခွဲ ရန် နိုင်ငံပိုင်သတင်းဌာနမှ ကြေညာခဲ့ပြီး နောက် နာရီ အနည်းငယ်ခန့် အကြာတွင် သပိတ်စခန်းရှိရာ နေရာများသို့ ဒေသခံ တောင်သူများ စုဝေးရောက်ရှိလာခဲ့ပြီး

2 မြန်မာပြည်သူတွေဆိုတာက သမ္မတတို့ ၀န်ကြီးတို့ စတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တောင်းပန်ခြင်း ခံရထိုက်တဲ့ ပြည်သူတွေ မဖြစ်လို့လား..??

တောင်းပန်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ တစ်ခါတစ်လေ ပြောထွက်ဖို့ခက်တတ်တာကို နားလည်ပေးလို့ရပါတယ်..။ ကျနော်တို့ မြန်မာလူမျိုးတွေမှာ အသုံးများလွန်းတဲ့ စကားလုံး ထဲမှာ တောင်းပန်ပါတယ်.. ဆိုတာ သိပ်မပါတတ်ပါဘူး..။ အဲ့ဒီအစား အားနာလိုက်တာတို့.. အားနာတယ်ဗျာ..တို့ကိုတော့ အသုံးများ..အပြောများတတ်ကြပါတယ်..။ တကယ်တော့ အားနာလိုက်တာ..ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောလည်းဆိုတာတော့ ကျနော်တကယ်လဲမသိပါဘူး..။ ရှိသလား..မရှိဘူးလား..ဆိုတာလည်း တိတိကျကျ မသိပါဘူး..။ ထားပါဗျာ..ပြောချင်တာက တောင်းပန်ပါတယ်.. ဆိုတဲ့စကားတစ်ခွန်းကိုပါ..။

မိသားစု ညီးအစ်ကိုမောင်နှမ သူငယ်ချင်း မိတ်ဆွေတွေ အကြားမှာ အမှားလုပ်ခဲ့သည့်တိုင် ကိုယ်စီ အတ္တတွေပြိုင်ရင်း.. အချင်းချင်း တောင်းပန်ပါတယ်.. ခွင့်လွတ်ပေးပါ ဆိုတာမျိုးကိုတောင် တော်ရုံနဲ့ မပြောတတ်ကြပါဘူး..။ ပြသနာ ကို ကျေရာကျေကြောင်း အေးရာအေးကြောင်း အပြစ်လုပ်တဲ့ သူကဖြစ်ဖြစ်.. ကြားထဲက တစ်စုံတစ်ယောက်က ဖြန်ဖြေပေးတဲ့အနေနဲ့ အပြစ်ရှိတဲ့သူကို ခေါ်လာပြီး 'ကဲ..မင်းမှားတယ်..တောင်းပန်လိုက်ပါ.. မင်းကလည်း ပွေမယူပါနဲ့တော့ ခွင့်လွတ်ပေးလိုက်ပါ..' ဆိုပြီးပြောဆိုခဲ့ရင်လည်း မြန်မာလူမျိုးတွေက ခွင့်လွတ်တတ်တဲ့နေရာမှာလည်း နှစ်ယောက် မရှိဘူးဗျ..။

နိုင်ငံတကာမှာတော့ နိုင်ငံတွေရဲ့ သမ္မတတွေ ၀န်ကြီးချုပ်တွေ ထိပ်ပိုင်းတာဝန်ရှိသူတွေ အနေနဲ့ သူတို့အမှားမလုပ်သည့်တိုင် သူတို့နဲ့ ပတ်သက်တဲ့အစိုးရအဖွဲ့ဝင်တွေမှားတာမျိုးပဲဖြစ်ဖြစ်.. သဘာဝဘေးကြောင့် ပြည်သူတွေကိုဖြည့်ဆည်းပေးမှု လိုအပ်တာမျိုးပဲဖြစ်ဖြစ် ပြည်သူတွေကို

1 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၊မကွေးမြို့ တို့တွင်ပြောကြားခဲ့သောမိန့်ခွန်းကောက်နုတ်ချက်များ

“ဘယ်တော့မဆို မှတ်ထားနော် အစိုးရသုံးသမျှဟာ နိုင်ငံပိုင် ပိုက်ဆံပဲ။ အစိုးရလုပ်ပေးလို့ဆိုပြီး ကျေးဇူးတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတရားဆိုတာ ကောင်းပါတယ်။ လုပ်ပေးချင်တဲ့ စေတနာအတွက် ကျေးဇူးတင်တာ မမှားပါဘူး။ ဒါပေမယ့် ဒါဟာ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေဆိုတာ မမေ့ပါနဲ့။ ဒီနိုင်ငံရဲ့ ဘဏ္ဍာငွေနဲ့ လုပ်သမျှဟာ ပြည်သူလူထုရဲ့ ရထိုက်ပိုင်ခွင့်တွေဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံရဲ့ ဘဏ္ဍာငွေဟာ ပြည်သူလူထုပိုင်တဲ့ ငွေဖြစ်တယ်ဆိုတာကို ခေါင်းထဲမှာ အမြဲမှတ်ထားပါ။ ဒါကြောင့် ကိုယ့်ရဲ့ပိုက်ဆံတွေကို မှန်မှန်ကန်ကန် သုံးနေရဲ့လားဆိုတာကို ဆင်ခြင်ကြပါ။ တချို့ကျတော့ နိုင်ငံတော်ရဲ့ပိုက်ဆံထုတ်သုံးပြီးတော့ ကိုယ်တိုင်လုပ်ပေးနေသလိုမျိုး ပုံစံထုတ်တာမျိုး ရှိသေးတယ်။ ဒါတွေကို ဘယ်တော့မှ လျစ်လျူမရှုပါနဲ့။”

(မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့က ဒေသခံလူထုကို တနင်္ဂနွေနေ့က မိန့်ခွန်းပြောကြားရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထုတ်ဖော် ပြောကြား)

အစိုးရဆိုတာလည်း ပြည်သူတွေထဲကပဲ ပေါက်ဖွားလာတာပဲ။ ကျွန်မတစ်ခါတလေ စဉ်းစားကြည့်တယ်။ ဒီလိုတာဝန်မဲ့လုပ်တဲ့ အာဏာရှိတဲ့လူတွေ၊ နေရာရှိတဲ့လူတွေ ဘယ်လိုမိသားစုတွေမှာ ကြီးပြင်းလာသလဲလို့။ သူတို့ရဲ့မိဘတွေက ဘယ်လိုများ သွန်သင်ဆုံးမခဲ့သလဲ ဆိုတာကို ကျွန်မစဉ်းစားမိတယ်။ ဒီတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ငယ်ရွယ်တဲ့သားသမီးတွေရှိတဲ့ ပြည်သူတွေကို စဉ်းစားစေချင်တယ်။ ငါတို့သားသမီးတွေသာ နိုင်ငံမှာ

1 မီးလောင်ဒဏ်ရာပြင်းထန်စွာရသည်အထိ ဖြိုခွင်းဆောင်ရွက်ရန် လုံးဝမလိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းများကို နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့ရာ၊ ယင်းဖြို ခွင်းမှုတွင် သံဃာတော် ၂၇ ပါးနှင့် သပိတ်မှောက် ပြည်သူများ မီးလောင် ဒဏ်ရာ အများအပြားရရှိခဲ့သည့်အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံတောင်သူ လယ်သမားပြည်သူများနှင့် သံဃာတော်အမြောက်အများ မီးလောင်ဒဏ်ရာ ပြင်းထန်စွာရသည်အထိ ဖြိုခွင်းဆောင်ရွက်ရန် လုံးဝမလိုအပ်ဟု နိုဝင်ဘာ ၃၀ ရက်နေ့၊ မုံရွာမြို့တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ပြည်သူများအား ပြောကြားသည်။

“ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်တာလဲ၊ ဒီလောက်ထိဟာ၊ ကျွန်မပွင့်ပွင့် လင်းလင်းပြောမယ်နော်။ ဒီလောက်ထိလုံးဝမလိုအပ်ပါဘူး။ ဆေးရုံမှာဒဏ်ရာ ရတဲ့ သံဃာတော်တွေကို သွားဖူးတယ်။ သံဃာတော်တွေ သွားမတွေ့ခင်မှာ ကျွန်မတွေ့တဲ့ ရွာသူရွာသားတွေထဲမှာ မီးလောင်လာတဲ့ မိန်းကလေး တစ် ယောက်လည်းတွေ့တယ်။ လက်တွေမှာပေါ့နော် တော်တော်ဆိုးတာပဲ။ သံဃာတော်တွေရဲ့ ဒဏ်ရာတွေကလည်း တော်တော့်ကိုဆိုးတာပဲ။ အဲဒီ လောက်ထိ ဘာဖြစ်လို့လုပ်ဖို့လိုသလဲဆိုတာ

0 ကော်မရှင်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တုန့်ပြန်မှုကို စုံစမ်းစစ်ဆေးဖို့ လျော့သွားတာ တွေ့ရပါတယ်" ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးဌေးကြွယ်က ပြောကြား(ရုပ်/သံ)

"ပထမဖွဲ့စည်းတဲ့ ကော်မရှင်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီး တစ်ခုလုံးကို ပြန်လည်သုံးသပ်ဖို့ နောက်တစ်ခု ပြီးခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ကိုင်တွယ်မှု၊ တရားဥပဒေစိုးမိုးမှုကို ကျော်လွန်သွားတဲ့ တုန့်ပြန်မှုကို ပြန်လည်ပြီး စုံစမ်းဖော်ထုတ်ဖို့ ဒီကော်မရှင်ရဲ့တာဝန်နှစ်ခုရှိပါတယ်။ အခု ပြန်လည်ဖွဲ့စည်းလိုက်တဲ့ကော်မရှင်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တုန့်ပြန်မှုကို စုံစမ်းစစ်ဆေးဖို့ လျော့သွားတာတွေ့ရပါတယ်" ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးဌေးကြွယ်က ပြောကြားသည်။
Video..မြန်မာ့ခေတ်

Monday, December 10, 2012

1 ဒဏ်ရာအပြင်းဆုံးကိုယ်တော်ကို ရန်ကုန်မြို့ ပင့်ဆောင်ကုသ

 မန္တလေးဆေးရုံကြီး လက်ပံတန်းတောင်မီးလောင်ဒဏ်ရရ ဆရာတော်အား (၈၈)ကျောင်းသားများဖြစ်ကြတဲ့ ကိုမင်းကိုနိုင် ၊ ကြို့ပုံးချို ၊ စမ်းချောင်းကိုကိုကြီး ၊ မဝါ ၊ မယုယုလှိုင် တို့ မှ လည်း ကန်တော့စဉ်

လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရတုန်းက အရေပြားလောင်ဒဏ်ရာ အပြင်းထန်ဆုံးရခဲ့တဲ့ ဦးပဉ္စင်း ဦးတိက္ခဥာဏကို ရန်ကုန်မြို့က အရေပြားအထူးကုဆေးရုံမှာ ပြောင်းရွှေ့ကုသပါတယ်။

မနေ့ ညနေက မန္တလေးဆေးရုံကနေ ပင့်ဆောင်ခဲ့တာလို့ ဆရာတော်ကို လိုက်ပါကူညီတဲ့ ဦးပဉ္စင်းဦးသု ခေါ် ဦးဝိမလက မိန့်ကြားပါတယ်။

“ဦးတိက္ခဥာဏက လမ်းလည်းမလျှောက်နိုင်ပါဘူး။ ထိုင်လည်းမထိုင်နိုင်ပါဘူး။ ဦးဇင်းတို့ ဦးတိက္ခဥာဏကို ပင့်လာတော့ ၀မ်းလျားမှောက်ကြီးနဲ့ ဆေးရုံကားပေါ်မှာပဲ လိုက်လာခဲ့ရတာပါ။ ဒီနေ့မနက် ၆ နာရီမှာ ရန်ကုန်ဆေးရုံကြီးက အရေပြားအထူးကုဆေးရုံကို ရောက်ပါတယ်။ မနေ့ညက ၇ နာရီ မိနစ် ၄၀ မှာ ထွက်ခဲ့တာပါ” လို့ မိန့်ပါတယ်။

ကျန်းမာရေးအတွက် ပိုးမွှားအန္တရာယ်ကာကွယ်ဖို့ သီးသန့်အခန်းမှာ ထားတာကြောင့် ဒဏ်ရရကိုယ်တော်ကို မန္တလေးမှာလို အလွယ်တကူတွေ့ဖို့ မလွယ်နိုင်ဘူးလို့ ဆိုပါတယ်။

သက်တော် ၆၆ နှစ်အရွယ်ရှိတဲ့ ဆရာတော် ဦးတိက္ခဥာဏကို ပြည်ပမှာ ဆေးကုသဖို့ လိုအပ်နေပြီး နိုင်ငံကူးလက်မှတ်ရဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးမယ် ဆိုတဲ့အတွက် စောင့်ဆိုင်းနေတယ်လို့ မိန့်ပါတယ်။

ဦးတိက္ခဥာဏဟာ တရုတ်ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့က သပိတ်စခန်းမှာ အရေပြားလောင်ကျွမ်းတဲ့ ဒဏ်ရာရခဲ့သူတွေအနက် အပြင်းထန်ဆုံးခံစားခဲ့ရတာဖြစ်ပြီး ကျန်သံဃာတွေထက် ပိုစောပြီး မန္တလေးဆေးရုံကို ပို့ဆောင်ကုသခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မုံရွာဆေးရုံက သံဃာတွေပါ မန္တလေးဆေးရုံကို ပို့ဆောင်ကုသခဲ့တာပါ။

မန္တလေးမှာ ကျန်ရစ်တဲ့ အပါး ၇၀ ခန့်ထဲက ဒဏ်ရာပြင်းထန်တဲ့ သံဃာလူနာ ၅ ပါးကိုလည်း ထိုင်းနိုင်ငံမှာ သွားရောက်ကုသဖို့ ပြင်ဆင်နေတယ်လို့ ဦးသုက မိန့်ပါတယ်။

DVB

0 ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့မှ လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီးဆန္ဒထုတ်ဖော်

ဒီကနေ့ လှု့အခွင့်အရေးနေ့ ဆန္ဒပြပွဲကို GW အဖွဲ့က ဦးစီးကျင်းပတာပါ။ မနက်ဆယ်နာရီိတိတိ မှာ တော်ခန်းမရှေ့ ပန်းခြံဖက်အခြမ်းမှာ စတင် စုဝေးကြပါတယ်။ လူငယ်တွေ အများစု။ လူလတ်ပိုင်းက ကျနော်တို့ပဲပါတယ်။ ကျနော့်ကို တီရှပ်အဖြူတထည်ပေးတယ်။ ဝတ်ကြည့်တော့ ကောက်ညှင်းထုပ်လို ကြပ်နေတယ်။ အင်္ကျီပွ ဝတ်ထားတဲ့ကောင်လေးတယောက်ဆီက အင်္ကျီကို ကျနော့်ပေးဖို့ သူတို့အချင်းချင်း ဝိုင်းပြောကြတော့ အဲဒီ တီရှပ်ကို ကျနော်ရတယ်။ ပိုကြပ်သွားတယ်။ ခေါင်းစည်းအနီတခု ဝေလို့ ခေါင်းမှာ စည်းလိုက်တယ်။ ခဏနေတော့ မဟာဗန်ဓုလ ပန်းခြံကို တပတ်ပတ်ကြတယ်။ ပြီးတော့ ဆူးလေဘုရားကို နှစ်ပတ်ပတ်ကြတယ်။ တပတ်ပြည့်လု ပြည့်ခင်မှာ ကိုဌေးကြွယ် ဆူးလေဘုရားထဲက ထွက်လာတာတွေ့လို့ ကျနော်က အသံပြဲကြီးနဲ့ "ကိုဌေးကြွယ်၊ ဝင် Join ပါလို့ ခေါ်လိုက်တယ်။ သူပြုံးနေတယ်။ မီဒီယာတွေ ကိုဌေးကြွယ်နား ဝိုင်းသွားတယ်။ နောက်တပတ်ကျတော့ သူ့ကို မီဒီယာက အင်တာဗျူးဆဲ။ ကျနော့နောက်က မဒမ်ပေါက အော်တယ်။ ကိုဌေးကြွယ်..ဘေးက အားပေးရုံနဲ့ ကျေနပ်မနေပါနဲ့။ လူထုနဲ့ ဝင်ပူးပေါင်းပါတဲ့။ ဆန္ဒပြပွဲပြီးကာနီးမှာ ကိုဌေးကြွယ် တီရှပ်လာတောင်းဝတ်တော့ လူငယ်တယောက်က ဆန္ဒပြပွဲပြီးမှ အင်္ကျီလာတောင်းဝတ်လို့ မရဘူးအစ်ကို... လို့ ပြောသံကြားရတယ်။(Aung Naing Moe)
မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့မှ လူငယ် ၁၀၀ ဝန်းကျင်တို့က လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖော်မှုကို ယနေ့ (ဒီဇင်ဘာလ ၁၀ ရက်နေ့) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ နံနက် ၁၀ နာရီမှ ၁၁ နာရီ ၂၀ မိနစ်အထိ သက်ဆိုင်ရာရဲစခန်း၏ တရားဝင်ခွင့်ပြုမိန့်ဖြင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်သူများမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား အင်အားသုံးဖြိုးခွင်းမှု ကန့်ကွက်ကြောင်းနှင့် လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြသည်။

Eleven media group

1 ဆောင်းဦးလှိုင် - ၄၁

နိုင်ငံကျော်စတူဒီယို တေးသံရှင် ကိုဆောင်းဦးလှိုင်၏ (၄၁) နှစ်ပြည့် မွေးနေ့အခမ်းအနားအား ၉.၁၂.၂ဝ၁၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ မိသားစုနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အသင်းသား/သူများနှင့်အတူ ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ကိုဆောင်းဦးလှိုင်သည် မွေးနေ့နှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံ၏အမျိုးသားနေ့တွင် မွေးဖွား ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးရုံတွင် ယင်းနေ့မှစတင်၍ မျက်စိလူနာများ အား မျက်စိခွဲစိတ်မှုပေးသည့်ဖြစ်ပေသည်။ မွေးနေ့အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများ၊ လုပ်အားပေးများ၊အလှူငွေလာရောက်လှူဒါန်းကြသောအလှူရှင်များ၊သုခကုသိုလ်ဖြစ် ဆေးခန်းသို့လာရောက်၍ ဆေးဝါးကုသကြသော လူနာများနှင့် လူနာရှင်များတို့ “သုခအာဟာရ” စား သောက်ဆိုင်၌ နို့စိမ်းခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေး၍ မွေးနေ့အလှူဒါန ပြုအပ်ခဲ့သည့်အပြင် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ သုံးထပ်အဆောက်အဦး ခန်းမဆောင်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့် ကိုဆောင်းဦးလှိုင်၏ မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များတို့အား တွေ့ဆုံ၍ ကိုဆောင်းဦးလှိုင်၏ မိတ်ဆွေတစ်ဦးဖြစ်သူ ကိုချို (ရွှေငါးမောင်မောင်)မှ ရေခဲမုန့်ဖြင့် ဧည့်ခံကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူအား ဂါရဝပြု ကန်တော့ခဲ့သည်။

ဦးကျော်သူမှ “လူမှုရေး ဂီတသူရဲကောင်းတစ်ဦးအဖြစ် အသက်ထက်ဆုံး ပေးဆပ်သွားနိုင်သူတစ်ဦးအဖြစ် ဆောင်ရွက်ရန်” တိုက် တွန်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်ချီးမြှင့်ခဲ့ကြသော ဧည့်သည်များအား အမှတ်တရစကား များအဖြစ် “ယခုလို မွေးနေ့အခမ်းအနားမျိုး လုပ်ကိုင်ခဲ့ဖူးခြင်းမရှိပါဘူး။ ဒီနေ့ (၄၁) နှစ်ပြည့် မွေးနေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ လုပ်အားပေးနေကြတဲ့ လူမှုရေး ညီအစ်ကိုမောင်နှမများတွေဟာ နေ့စဉ် နေ့တိုင်း အပူသောကများဖြင့်သာ မွှန်းကြပ်နေသည့်အတွက် တဒင်္ဂလေး ကိုယ်စိတ်နှလုံး ချမ်းမြေ့ စေချင်တဲ့ စိတ်ဆန္ဒတစ်ခုနဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း” အမှတ်တရပြောကြားခဲ့ပြီး လူမှုရေး သံစဉ်သီချင်း များအား ကိုဆောင်းဦးလှိုင်နှင့်အတူ မွေးနေ့ပွဲသို့တက်ရောက် ချီးမြှင့်ကြသော တေးသံရှင် ပိုပို၊ မီးနို၊ ခိုင်ဇာသွေး တို့ဖြင့် ပျော်ရွှင်စွာ သီဆိုဖျော်ဖြေခဲ့သည်။

ကိုဆောင်းဦးလှိုင်၏ (၄၁) နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် မွန်မြတ်လှသော လူမှုရေး ပရဟိတလုပ်ငန်းများအား အများပြည်သူအကျိုးအတွက် ဆက်လက်၍ ထမ်းရွက်နိုင်ပါစေကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများတို့မှ မေတ္တာပို့သ ဆုမွန်ကောင်း တောင်းပေးလိုက် ပါသည်။

FFSS

Sunday, December 9, 2012

2 လက်ပန်းတောင်အရေး သပိတ်စခန်းအား ၀င်ရောက်ဖြိုခွဲနေစဉ်ရိုက်ယူထားသော ဓါတ်ပုံထွက်ပေါ်

မီးလောင်ဗုံး မသုံးခဲ့ပါဘူးဆိုတဲ့ လူတွေကို ဘယ်လိုယုံကြည်ရမလဲ?

ဝမ်ပေါင် သပိတ်စခန်းဖြိုခွင်းစဉ် ထိုင်သံဃာသုံးပါး —
သိပ်ပြီးစဉ်းစားဖို့တော့ မလိုပါဘူး။
သိသာနေတာပဲလေ။
ဒါပေမယ့်ကော်မရှင်အတွက်တော့ မှတ်တမ်းလိုမှာပဲ။

ကော်မရှင်နာ ဦးကျော်တင့်ဆွေနဲ့ အဖွဲ့က မန္တလေးဆေးရုံကြီးကိုလာတော့ဒဏ်ရာတွေတော့ မြင်နေရပါပြီ။

မှတ်တမ်းဓါတ်ပုံတော့ မယူတော့ပါဘူးလို့ ပြောသွားတယ်တဲ့။
ကဲဗျာ. . . ။
ကော်မရှင်က သက်သေ အထောက်အထား မလိုဘူးလား။ Photo..Naythit NT
RFA ဥက္ကဋ္ဌ Ms.Libby Liu နဲ့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်တို့ သီးသန့်တွေ့ဆုံမေးမြန်းချက်မှ သမ္မတ ဦးသိန်းစိန်က ဒီလိုပြောသွားခဲ့တာပါ..

3 အံ့သြလွန်းလို့ သေတော့မယ် (ကောင်းဆက်နိုင်)

မချင့်မရဲ

ခုတလော သမ္မတကြီး လုပ်ပုံတွေက ကျုပ်စိတ်ကို တော်တော် ကသိကအောက် ဖြစ်စေပါ တယ်။ ကြည့်ဦးလေ၊ အရာရာမှာ အကောင်းမြင်တတ်အောင် လေ့ကျင့်ထားတဲ့ ကျုပ်က သမ္မတကြီးအနေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌရာထူးပါ ဆက်ယူ ထားမယ်ဆိုတော့ ၀မ်းသာမိပါတယ်။ သြော်၊ ငါတို့ သမ္မတကြီးက တိုင်းပြည်တာဝန်တွေ များပြားလို့ မအားမလပ်တဲ့ ကြားထဲက တစ်ဖက်တစ်လမ်းကနေ ပါတီ တာဝန်ပါ ထမ်း ဆောင်မယ်ဆိုရင် ကောင်းတာပေါ့လို့ ၀မ်းသာမလို့ ရှိတုန်းမှာ ပါတီတာဝန်ကို ထမ်းဆောင်မှာ မဟုတ်ဘူးလို့ ဆိုလာပြန်ပါတယ်။ အခြေခံ ဥပဒေ ပုဒ်မ ၆၄ မှာ နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူး သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရလို့ ဆိုထားလို့ပါတဲ့။ ဥက္ကဋ္ဌ မလုပ်ရလို့တော့ ပုဒ်မ ၆၄ မှာ မပါသည့်အတွက် ဥက္ကဋ္ဌ ရာထူးကိုတော့ ယူမယ်ဆိုပါတယ်။ ဒါဆိုရင် ဘယ်လို အကျိုးကို မျှော်ကိုးပြီးတော့ အမည်ခံ ဥက္ကဋ္ဌ လုပ်ရ တာပါလဲ ကျုပ်အပါအ၀င် ပြည်သူတွေက သိချင်လာပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းက ဘာပါလဲပေါ့။

ကျုပ်တို့ ကာလသား အရွယ်တုန်းက နောင်တော် တစ်ယောက်က တစ်နေ့တော့ မင်္ဂလာဆောင်တယ်ဗျ။ ကာလသားတွေ ၀ိုင်းမေးတော့ မင်္ဂလာဆောင်တာတဲ့၊ ကတိက၀တ် ထားလို့ လက်ဖျားနဲ့တောင် မတို့ဘူးတဲ့၊ တစ်ရက်လာလည်း လက်ဖျားနဲ့မတို့၊ နောက်တစ်ရက် လာလည်း လက်ဖျားနဲ့ မတို့ဘူးဘဲ ပြောနေတော့ ကြားရသူအပေါင်း မချင့်မရဲကြီး ဖြစ်ကြ ရတာပေါ့ဗျာ။

ပြည်သူ့အသံ

ပြည်သူ့အသံကို ကြားချင်လှပါတယ် ဆိုတိုင်းလည်း ၀မ်းမြောက်ဝမ်းသာ မဖြစ်ကြစေချင်ဘူး။ တကယ်လည်း

1 တရုတ်ပြည်က မြေဈေး( လျှော်ကြေး )

တရုတ်တွေက  မြန်မာပြည်မှာ  စစ်တပ်အားကိုးနဲ့  လာကျယ်နေတယ် ။  စစ်တပ်က  တရုတ်မျက်နာ ရလိုမှုနဲ့  ကိုယ့်ပြည်သူကို ကိုယ်ပြန်ချတယ် ။  သူတို့ နိုင်ငံမှာ  ကန်ထရိုက် တိုက်ဆောက်တာမှာ  လူတဦးက  သူ့ မိဘ အုတ်ဂူကို ရွှေ့ မပေးလို့   မြင်တဲ့အတိုင်း ကွေ့ ဝိုက်ဆောက်ရပါတယ် ။  အဲဒီမြေအတွက် ဒေါ်လာ ( ၁၅၀၀၀၀-  တစ်သိန်းခွဲ ) ပေးတာကို လက်မခံတာပါ ။ ဆယ်ပေပတ်လည်ကို ၁၅၀၀၀၀- ဆိုတော့  တစ်ဧက ဆိုရင် ဒေါ်လာ ၁၀-သန်းမက ပါ ။

 မြန်မာပြည်မှာ လယ်တစ်ဧကကို ၃-သိန်းလောက်တာပေးတော့  မြန်မာမြေက အဲ ဒီလေယက်ဘဲ တန်ရင်  တနိုင်ငံလုံးကို  ကမ္ဘာာသူဌေးကြိး ဘီလ်ဂိတ် ၀ယ်လို့ ရနေပါပြီ ။


နောက်အဖြစ်အပျက်တခုကတော့ ၂၀၀၇ခုနှစ်တုန်းက Chongqing city ရဲ့အဝေးပြေးလမ်းမပေါ်ဖောက်လုပ်ဖို့ဆိုပြီး ငွေပေးဖယ်ရှားခိုင်းတာကို လက်မခံခဲ့တဲ့ အိမ်တအိမ်ပါ..

ပေးပို့သူ..Billy Mackenzie

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.