Friday, December 14, 2012

0 လက်ပန်းတောင်းတောင်အရေးနှင့်ပတ်သတ်ပြီးယခင် စစ်အစိုးရပုံစံအတိုင်း လူဖမ်းပွဲတွေ စတင်လုပ်


 မန္တလေးမြို့ကကိုအောင်မှိုင်းဆန်း
ယနေ့(၁၃.၁၂.၂၀၁၂)ရက်နေ့ မြန်မာစံတော်ချိန် ည ၈ နာရီ၃၀ မိနစ်အချိန်တွင် မန္တလေးတိုင်း "Movement For Democracy Current Force " ( ဒီမိုကရေစီအရေးစဉ်ဆက်မပြတ်လှုပ်ရှားမှု့အင်အားစု ) တာဝန်ခံ ကိုသိန်းအောင်မြင့် အား (ဒုရဲအုပ် ကျော်ကျော်မိုး နှင့် အပေါင်းအပါ ၃ဦးမှ)နေအိမ်တွင်လာရောက်ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ဆက်လက်ပြီး "Movement For Democracy Current Force " ( ဒီမိုကရေစီအရေးစဉ်ဆက်မပြတ်လှုပ်ရှားမှု့အင်အားစု ) ခေါင်းဆောင် ကိုထင်ကျော် မှကိုသိန်းအောင်မြင့်အား ခေါ်ဆောင်သွားခြင်းအပေါ် သဘောမတူကြောင်း (သံဃာတော် များ နှင့်လိုက်ပါဆောင်ရွက်ခြင်းအား )ဖမ်းမည်ဆိုပါက မိမိအားအရင်လာရောက်ဖမ်းရန်နှင့် ကိုသိန်းအောင်မြင့်အား ချက်ခြင်းလွှတ်ပေးရန်

မုံရွာမြို့ ဗကသ ကျောင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုရဲရင့်ကျော်နှင့် နိုင်ငံရေးတက်ကြွစွာ ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်သည့် မုံရွာမြို့ သလ္လာရပ်ကွက်တွင် နေထိုင်သည့် ဒေါ်နု ဆိုသူနှစ်ဦးအား (ယခုလက်ရှိသတင်းအရ)ရဲမှူး ဦးစိုးအောင် ဆွေးနွေးစရာ ရှိသည့်ဟု SBနေမျိုးဦးမှ ၈ နာရီ ခန့်တွင် ဖုန်းဖြင့် ဆက်၍ အကြောင်းကြားပြီ မနက်ဖြန် အားတဲ့အချိန် လာရောက်ခေါ်မည်ဟု ပြောကြားကြောင်း သိရှိရသည်။
SB မှလာခေါ်မည်ဟုဖုန်းဆက်ပြောတဲ့ရဲ အောင်မျိုးဦး ဆိုသူ၏ပုံ။ 

မန္တလေးမြို့ကကိုအောင်မှိုင်းဆန်းပါသွားပါပြီ။ ဒီနေ့ ညနေ(၅) နာရ်ီမှာ ကျွန်တော့ကို အိမ်ပြန်ဖို့ ကားကွင်းလိုက်ပို့တယ် ကားကွင်းကနေအိမ်အပြန်မှာ အဖမ်းခံရတယ်လို့ကျွန် တော်အိမ်ပြန်ရောက်တော့ ဖုန်းဆက်ကြည့်တော့ သူဖုန်းကို ထခြားတစ်ယောက်ကကိုင်ထားပြီး ကိုအောင်မှိုင်းဆန်းမရှိတော့ဘူးလို့ပြောပါတယ်။ မနက်ကတည်းကသူ့အိမ်ကိုဝိုင်းထားခံရပါတယ်။

ရဲဘော်ခန့်အောင် မိတ္ထီလာခရိုင်

ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်လုပ်ငန်းကော်မတီ) မှကိုမင်းနိုင်လွင်(ကျော်ကြီး) နှင့် ကိုသန်းထိုက်တို့အား နေအိမ်မှ ဖမ်းဆီးခေါ်ဆောင် သွားပြီဖြစ်သည်။

မြင်းခြံ သတင်း။
ကိုသန့်ဇင် နှင့် ကိုအောင်မြင့်ဟန် တို့အား ဖမ်းဆီး ခေါ်ဆောင်သွားပြီ ဖြစ်သည် ။

သတင်းနှင့်ပြန်ကြားရေး
ဗကသများ အဖွဲ့ချုပ်
(အထက်ဗမာပြည်)

Facebookစာမျက်နှာများမှ

ဒေါင်းတစ်ကောင်ဖမ်းရင်
ဒေါင်းတစ်သန်းထမည်။
ဒေါင်းကိုမထိနှင့်
ငြိသွားမည်။
ဒေါင်းတွေကို
ချက်ချင်းလွှတ်လော့
ချက်ချင်းလွှတ်လော့ ချက်ချင်းလွှတ်လော့ ချက်ချင်းလွှတ်လော့  ချက်ချင်းလွှတ်လော့

မင်းစစ်နိုင် 

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.