Tuesday, December 11, 2012

1 မီးလျှံခသော တန်ဆောင်တိုင်ည

မီးလျှံခသော တန်ဆောင်တိုင်ညလက်ပံတောင်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး အထွေထွေ သပိတ် စခန်းများ ဖွင့်ထားသည့် သက်တမ်း ကာလ ၁၀ ရက်မြောက် သော ည ၈ နာရီအချိန်တွင် အဆိုပါ သပိတ်စခန်း များနှင့် ပတ်သက်၍ မြန်မာ့ရုပ်မြင်သံကြား သတင်း အစီအစဉ်တွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး အကြောင်း ပြ၍ ဆူပူ ဆန္ဒပြနေခြင်း အား ည ၁၂ နာရီ နောက်ဆုံး ထား၍ လူစုခွဲရန် ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက် ထွက်ပေါ်လာ ပြီးနောက် မြန်မာဝမ်ပေါင် ကုမ္ပဏီရုံးဝင်း အတွင်းမှ သပိတ်စခန်းရှိရာသို့ လက်ကိုင် အသံချဲ့စက်ဖြင့်နာရီဝက်ခန့်လျှင် တစ်ကြိမ် နှုန်းထပ်ဆင့်၍ အော်ဟစ်နေခဲ့သည်။ ယင်း ကဲ့သို့ အော်ဟစ်ခဲ့ခြင်းမှာ သုံးကြိမ်ခန့် ဖြစ် သည်။

“ဒီကြေညာချက်က လုံးဝကို မတရား ပါဘူး၊ ကြေညာတဲ့အချိန်က ည ၈ နာရီ၊ နောက်ဆုံးထားပြီး လူစုခွဲပေးရမဲ့အချိန်က ည၁၂နာရီဆိုတော့ ကြားမှာ ကွာဟချိန် ကလေးနာရီပဲရှိတယ်။ သူတို့သတ်မှတ်ပေး တဲ့အချိန်က အရမ်းကို နည်းလွန်းပါတယ်။ နောက်ပြီး အချိန်မတော်လူစုခွဲခိုင်းတယ်ဆို တော့ ဘယ်ကလာပြီး တရားမျှတနိုင် မှာ တဲ့တုန်း”ဟု ပခုက္ကူ အလယ်တိုက်ကျောင်း မှ ကြွရောက်ပူးပေါင်းကာ ဆန္ဒဖော်ထုတ် နေသော ဦးစန္ဒောဘာသ အရှင်သူမြတ်က မိန့်တော်မူသည်။

၂၇ ရက်နေ့ ညက သပိတ်စခန်းဖြိုခွဲ ရန် နိုင်ငံပိုင်သတင်းဌာနမှ ကြေညာခဲ့ပြီး နောက် နာရီ အနည်းငယ်ခန့် အကြာတွင် သပိတ်စခန်းရှိရာ နေရာများသို့ ဒေသခံ တောင်သူများ စုဝေးရောက်ရှိလာခဲ့ပြီး
ယင်း ကြောညာချက်အား ကျေနပ်မှု မရှိကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများအား ထိခိုက်မှုတစ်စုံတစ်ရာမရှိစေရန် ဝိုင်းဝန်း ကာကွယ်ပေးနိုင်ရန် ရောက်ရှိလာခြင်း ဖြစ် သည်။

“မြဝတီမင်းကျောင်း ဆရာတော် ရောက်လာခဲ့တယ်။ သပိတ်စခန်းထဲမှာ သံဃာအစည်းဝေးပြုလုပ်ပြီး သံဃာတော် တွေရဲ့ သဘောဆန္ဒကို ရယူတယ်။ ဒီနေ့ ညတွင်းချင်း ဖြိုခွဲမှု မပြုလုပ်ရန် သက်ဆိုင် ရာကို ဖုန်းနဲ့ဆက်သွယ်ပြီး မေတ္တာရပ်ခံခဲ့ ပါတယ်။ ဒီလိုနဲ့ မနက်မိုးလင်းခဲ့ရတယ်” ဟု တောင်သူလယ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူ အဆိုပါ သပိတ် စခန်းရှိ ဦးဇော်ဘုန်းမြင့်ဆိုသူက ပြောပြ သည်။

၂၈-၁၁-၂၀၁၂ (တန်ဆောင်မုန်းလပြည့်နေ့) မုံရွာ၊ ဆားလင်းကြီးနှင့် လက်ပံ တောင်းတောင်ဒေသ အနီးဝန်းကျင်ရှိ ဒေသခံများသည် နှစ်စဉ် တန်ဆောင်မုန်း လပြည့်နေ့တွင် ကျင်းပမြဲဖြစ်သော ဖိုလ် ဝင်တောင်ပွဲတော်သို့ သွားရောက်လျက် ရှိသည်။

ပွဲတော်ပြန်လာသူအချို့က သပိတ် စခန်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများ စားသုံးနိုင်ရန်အတွက် စားသောက်ဖွယ်ရာ များယူဆောင်ပေးလျက်ရှိရာ သပိတ်စခန်း တွင် လူဝင်လူထွက်များ၍ အထူးစည်ကား လှသည်။

“ပြည်ထဲရေးဌာနက အမိန့်ကြေညာ စာ ထွက်ပေါ်လာပြီး နောက်တစ်ရက် တန်ဆောင်မုန်းလပြည့်နေ့မှာ ဖိုလ်ဝင် တောင်ပွဲကို လူစည်ကားစွာ သွားလာ နေတဲ့အကြောင်းနဲ့လည်း တိုက်ဆိုင်နေပါ တယ်။ အဲ့ဒါကြောင့် ကုမ္ပဏီထဲက တာဝန် ကျ ရဲတွေဟာ အဓိကရုဏ်းနှိမ်နင်းရေးနည်း တွေကိုပဲ တစ်နေကုန်ဆက်တိုက်လေ့ကျင့် နေတယ်။ ဒေသဆိုင်ရာအစိုးရအဖွဲ့တစ်ရပ် အနေနဲ့ သံဃာတော်တွေအပေါ်မှာ အမှန် တကယ်ကြည်ညိုတယ်ဆိုခဲ့ရင် အချိန်မီ ပြေလည်နိုင်သမျှပြေလည်အောင်ဆွေးနွေးဖို့ အချိန် အလုံအလောက်ရရှိနေပါတယ်။ ဒါပေမယ့် အနေအထားက အဲဒီလို မဟုတ် ဘူး။

သပိတ်စခန်း ဝန်းကျင်တစ်ခုလုံး လူခြေတိတ်ပြီးအိပ်မောကျတဲ့အချိန်ကောင်း ကိုပဲ စောင့်ဆိုင်းနေတယ်ဆိုတာ ဒီဖြိုခွင်းမှု က သက်သေထူနေပါတယ်”ဟု သပိတ် စခန်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေး နေသူ ဆရာဝန်တစ်ဦးက ပြောဆိုသည်။ တန်ဆောင်တိုင်အလှနှင့် အကျည်းတန်ည လက်ပံတောင်းတောင်တန်းကြားက လပြည့်ဝန်းကြီးသည် တဖြည်းဖြည်းနှင့် တောင်ထိပ်ပေါ်သို့ တက်လာနေလေပြီ။ အချိန်ကား ည ၇ နာရီထိုးရန် မိနစ်ပိုင်း သာလိုတော့သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ ရုံးရှေ့ ပင်မဂိတ်တံခါးမကြီး မျက်နှာစာက ပင်မသပိတ်စခန်းရှိ ဦးဇော်ဘုန်းမြင့်ထံ မဖြူဖြူဝင်းရောက်လာပြီး ၄င်းက “အလယ် ဂိတ် သပိတ်စခန်းဘက်ကို ရဲတွေရော မီးသတ်ကားတွေပါ ရောက်နေပြီး ခြိမ်း ခြောက်ပြောဆိုမှုတွေစတင်ပြုလုပ်နေတယ်” ဟုပြောဆိုသံများကို ကြားသိလိုက်ရသည်။ ယင်းနေရာသည်ပင်မသပိတ်စခန်းနှင့် မိုင်ဝက်ခန့်မျှသာဝေးကွာ၍ ဆက်သွယ်ရေး အလွန်ကောင်းမွန်သော မိုင်းတွင်းလုပ်ငန်း သုံး မြေသားလမ်းမကြီးအား ပိတ်ဆို့၍ သပိတ်စခန်း တည်ဆောက်ထားခြင်း ဖြစ် သည်။

ဤသပိတ်စခန်းအား ဝမ်းဂိတ် စခန်း ဟု ဆန္ဒပြသူများက အမည်တပ်၍ ခေါ်ဆိုကြသည်။ တိုင်းရဲတပ်ဖွဲ့က ဒုတိုင်းရဲတပ်ဖွဲ့မှူး ဦးစီးပြီး ရာနှင့်ချီသော ရဲတပ်ဖွဲ့ဝင်များက လက်နက်ခဲယမ်း မီးကျောက်အပြည့်အစုံ နှင့်ရောက်လာသည်။ လက်ကိုင် အသံချဲ့ စက်ဖြင့် သပိတ်စခန်းအား ဖယ်ရှားပေးရန် အော်ဟစ်အမိန့်ပေးနေသည်။ ယင်း သပိတ် စခန်းထဲတွင် သံဃာအပါး ၂၀ဝ ခန့်သည် ငြိမ်းချမ်းစွာနှင့်ထိုင်လျက် သီတင်းသုံးနေ သည်ကို ပေါ်ထွက်စ လရောင်အောက်တွင် အထင်းသားမြင်တွေ့နေရသည်။

အော်ဟစ် အမိန့်ပေးနေသူသည် ရဲအရာရှိ ဦးမောင် မောင်ဆိုသူဟုသိရသည်။ ဒုတိုင်းရဲတပ်ဖွဲ့ မှူးသည် သံဃာတော်များထံ လက်အုပ် ချီကာ တောင်းပန်လျှောက်ထားနေသည်။ “အရှင်ဘုရားတို့ ငြိမ်းချမ်းစွာနဲ့ လူစုခွဲ ပေးကြပါဘုရား၊ ဒီနေရာက ကန့်သတ် နယ်မြေဖြစ်တာကြောင့် အလွန်အန္တရာယ် ကြီးလှကြောင်းပါဘုရား..။ တပည့်တော် အမှန်အတိုင်းလျှောက်ထားရလျှင် ဒီနေ့ည အတိုင်းအတာဟာ တပည့်တော်အဖို့ တုန် လှုပ်ချောက်ချားစွာရှိ နေရပါတယ်ဘုရား” ဟု ဒုတိုင်းရဲတပ်ဖွဲ့မှူးက သံဃာတော် များထံ လျှောက်တင်နေသံများသည် တစ်စုံ တစ်ခုသော အမိန့်အား ကောင်းစွာသိရှိ ထားပြီး ဖော်ဆောင်ရန် ကတုန်ကယင် နိုင် လွန်းနေကြောင်း မြင်တွေ့နေရတော့သည်။

ယင်းအချိန်တွင် ကျန်ရှိ ရဲတပ်ဖွဲ့ဝင် များက ဘယ်ရီဂိတ်ဟုခေါ်သောအရေးပေါ် လမ်းပိတ်ကိရိယာကြီးများကို ဝိုင်းမကာ နေရာပြောင်းရွှေ့မှုများ ပြုလုပ်လျက်ရှိနေ သည်။ အနီးရှိ မြေသယ်ယာဉ်များ စီတန်း ရပ်နားထားရာ ယင်းစခန်းတွင် မီးသတ် ယာဉ်တစ်စီးနှင့် ကုမ္ပဏီ မီးသတ်ရဲဘော် အချို့ ရှိနေခဲ့သည်။ ဆေးပေါင်းခတဲ့ တန်ဆောင်ညအလှ ကို အကျည်းတန်စွာ သမိုင်းတွင် ရစ်စေဖို့ မီးနီမီးပြာလင်းလတ်နေသောတိုက်ဂါးဖိုးဝှီး ရှေ့ပြေးယာဉ်၏နောက်တွင် ထက်ကြပ် မကွာ တစ်ဟုန်ထိုးမောင်းနှင်လာသော တရုတ်နိုင်ငံထုတ် ဖောအမှတ် တံဆိပ်ပါ အပြာရောင်လုံထိန်း ရဲကားသုံးစီးသည် မြန်မာဝမ်ပေါင်ကုမ္ပဏီရုံးရှိရာသို့ ဆိုက် ရောက်လာပြီး ကားရပ်တန့်လိုက်သည်နှင့် “မှတ်..တစ်..နှစ်..သုံး”ဟု ဆိုကာ လုံ/ထိန်း ရဲတပ်ဖွဲ့ဝင်များပြေးဆင်း၍တန်းစီရပ်လျက် ရှိနေသည်ကို တန်ဆောင်တိုင် လပြည့်ဝန်း ၏ အလင်းရောင်အောက်တွင် မြင်တွေ့ရ တော့သည်။

ဤ အချိန်ကား ၂၈ ရက်နေ့ ကုန်ဆုံးရန် နှစ်နာရီအလိုခန့်တွင် ဖြစ်ပေ သည်။ ယင်း ကားများပေါ်မှ ဆင်းလာသော တပ်ရင်း (၁၆) အမှတ်တံဆိပ်ပါ လုံ/ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် ကုမ္ပဏီအတွင်းရှိ ဒေသ ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းလိုက်သည့် အခါတွင် လွန်ကဲစပြုလာပြီဖြစ်သော အအေးဓာတ်အား ခုခံကာကွယ်နိုင်ရန် သွေးပူလေ့ကျင့်ခန်းများ ဟန်ချက်ညီညီ ပြုလုပ်နေသည်ဟု ထင်မြင်ရသော်လည်း တုတ်၊ ဒိုင်းလက်နက်များ ကိုယ်စီ ကိုင် ဆောင်ထားသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး သင်ခန်းစာများ ဖြေဆိုရန် ကျက်မှတ်နေ ခြင်းဖြစ်ကြောင်း အရုဏ်တက်ချိန်ကို ရောက်မှ သိမြင်လိုက်ရတော့ပေသည်။

မီးလျှံခသော တန်ဆောင်တိုင်ည အညာဒေသ၏ဆောင်းဦးကာလသည် အအေးဓာတ် လွန်ကဲစပြုလာနေပြီး တန် ဆောင်တိုင်ည၏လပြည့်ဝန်းအရောင်သည် လည်း ရာသီပေါ် မျက်ရည်နှင်းမှုန်များ အကြား အားယူ၍ ထိုးဖောက်လင်းလက် နေရတော့သည်။ ယခုလ ၂၉ ရက်နေ့၏ အရုဏ်တက်ချိန် နံနက် ၃ နာရီ ၅ မိနစ် အချိန်ရောက်လာသည်။ သပိတ်စခန်းအတွင်းရှိ သံဃာတော် များသည်လည်း ကိုးနှစ်ခွဲပြည့်မြောက် သည့်နေ့ရက်တွင် မုံရွာသို့တစ်ကြိမ် ပြန် လည် ရောက်ရှိလာမည်ဖြစ်သော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အားသွန်ခွန်စိုက်ကြိုဆိုရန်အတွက် အား မွေးရင်းနှစ်ခြိုက်စွာအိပ်မောကျနေကြသည်။

သံဃာတော်များ၏ မျှော်လင့်ချက်ကား အမေစုကို ကြိုဆိုကြဖို့ ဖြစ်လေသည်။ ယင်းအချိန်တွင် ဆန္ဒပြတောင်းဆိုသူ များ ချိတ်ဆွဲထားသော တောင်းဆိုချက်ြွေကးကြော်သံ ပိုစတာများရှိရာ ကုမ္ပဏီ ဂိတ်တံခါးမကြီးပွင့်လာပြီး လုံထိန်းတပ်ဖွဲ့ ဝင်များက တန်းလျက်ရပ်ကာ လက်နက် များ ကိုင်ဆောင်ထားသည်ကို တရုတ် မီးသီးအလင်းရောင်အောက်တွင် မြင်တွေ့ နေရသည်။ ထိုသူများ၏ နောက်တွင် ကုမ္မဏီပိုင် မီးသတ်ယာဉ်များ စီတန်းရပ်ကာ အသင့် အနေအထား ဖြစ်နေသည်ကိုလည်း မြင် တွေ့ရသည်။

ရုတ်တရက် ထွက်ပေါ်လာသော ဟမ်းစပီကာအသံက “ ဆန္ဒပြရာတွင် ပါဝင်သူများခင်ဗျား၊ ၂၇-၁၁-၂၀၁၂ ရက် ည ၈ နာရီအချိန် မြန်မာ့ရုပ်မြင်သံကြားမှ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး အကြောင်းပြလျက် ဆူပူ ဆန္ဒပြနေခြင်းအား ည ၁၂ နာရီ နောက်ဆုံး ထား၍ လူစုခွဲရန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

လွှတ်တော်၌ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကိစ္စ တင်ပြဆုံးဖြတ်ရန် ကော်မရှင် တစ်ရပ် ဖွဲ့စည်းပေးပြီးလည်း ဖြစ်ပါသည်။ အုပ်ချုပ်မှုအရ ကန့်သတ်နယ်မြေ သတ်မှတ်၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ဖြစ်သဖြင့် မဝင်ရောက်ရန် တားမြစ်ထား ပြီးလည်းဖြစ်ပါသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့်ဥပဒေ ထုတ်ပြန်ထားပြီးဖြစ်သော် လည်း ဥပဒေနှင့်ဆန့်ကျင်၍ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းများ ဆောင်ရွက် နေသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကိုလည်း ဖောက်ဖျက်ရာ ရောက်နေပါသည်။

ဒါကြောင့် အမြန်ဆုံး လူစုခွဲပေးပါရန် နှင့်ဆက်လက်ပြီး ဆူပူဆန္ဒပြ ပိတ်ဆို့နေ မည်ဆိုပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရား ဥပဒေနှင့်အညီ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်သွားမည်ဖြစ်၍ ဥပဒေနှင့် ဆန့်ကျင်နေသော အစုအဝေးအား ဖျက် သိမ်းဖယ်ရှားပေးပါရန် ကြေညာအပ်ပါ သည်။

၎င်းကြေညာချက်အပြီးတွင် နောက် တစ်ခုထပ်မံ၍ ကြေညာချက် အမိန့်စာအား တစ်ဆက်တည်း ထွက်ပေါ်လာပြန်သည်။ ယင်းကြေညာချက် အဆုံးတွင် ခရာသံ အရှည်ကြီးနှင့်အတူ အင်ဂျင်စက်ရှိန်အသံ အလွန်ပြင်းသော ကုမ္ပဏီပိုင်မီးသတ်ယာဉ် ၏ စက်သံများ ဆူညံစွာ ထွက်ပေါ်လာပြီး နောက် ဖိအားပြင်း ရေထိုးပိုက်ခေါင်းမှ ရေလုံးတန်းကြီးသည် သပိတ်စခန်းရှိရာ ဘက်သို့ ဦးတည်ပြေးဝင်လာတော့သည်။

“အရှင်ဘုရားတို့ ငြိမ်းချမ်းစွာ နေ ပေးကြပါဘုရား၊ တပည့်တော် ဦးသု ရှေ့ ဆုံးကနေရှိနေပါတယ်ဘုရား၊ အရှင်ဘုရား တို့ ငြိမ်းချမ်းစွာနေပေးကြပါဘုရား၊ တပည့် တော် ဦးသု ရှေ့ဆုံးက နေရှိနေပါတယ် ဘုရား”။ ယင်း အသံလာရာ နေရာသည် မီးသတ် ယာဉ်နှင့် ကိုက် ၂၀ နီးပါးခန့်သာ လျှင် ဝေးကွာသောနေရာမှ ထွက်ပေါ်လာခဲ့ ခြင်းဖြစ်ပြီး ရေလုံးတန်းကြီးများ ထိုးနှက်မှု ကြောင့် ပြိုလဲကျနေရာမှ တစ်ပါးနှင့်တစ်ပါး အပြန်အလှန် မထူကာ ငယ်သံပါအောင် အကြိမ်ကြိမ် အခါခါ အော်ဟစ် သတိပေး နေခြင်း ဖြစ်သည်။

အဆိုပါအချိန်တွင် သပိတ်စခန်းဖြိုခွဲမှု မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးနေသူ သတင်း သမားတစ်ယောက်၏ကင်မရာ မီးအလင်း ရောင်က “ဖျန်း”ကနဲ ထွက်ပေါ် လာခဲ့ရာ ကုမ္ပဏီရုံးဝင်းအတွင်းရှိ ဟမ်းစပီကာ၏ ကျယ်လောင်သောအသံက “ဓာတ်ပုံ ရိုက် တဲ့ဘက်ကို ပစ်၊ ဓာတ်ပုံရိုက်တဲ့ ဘက်ကို ပစ်”ဟု ထွက်ပေါ်လာပြန်ပေသည်။ မိုးဇလပညာရှင်များ ကြိုတင် ခန့်မှန်း တွက်ချက်ပေးထားခြင်းမရှိသော မုန်တိုင်း မိုးကြီးသည် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး အထွေထွေသပိတ် စခန်းပေါ်သို့ အငြိုးကြီးစွာရွာသွန်းနေသည့် ပမာနှယ်မြင်တွေ့ရသည်။ အညာဒေသ၏ ဆောင်းဦးရာသီသည်ဘယ်သူ့မျက်နှာကိုမှ မထောက်၊ အအေးဓာတ်က တစ်ဟုန်ထိုး ထိုးနှက်နေပြန်သည်။ ဤဖြစ်ရပ်များသည် ကား မာယာပြက္ခဒိန်၏ အဆိုအရ ကမ္ဘာ မပျက်ဘဲ ရွာပျက်ခဲ့ရသည့် ဒေသခံ တောင်သူများအတွက် မတောင်းဘဲရသော ဆုလာဘ်တစ်ခုနှယ် အကျည်းတန်စွာ မြင် တွေ့လိုက်ရပါ၏။

“အရှင်ဘုရား . . ၊ အရှင်ဘုရား . .၊ အရှင်ဘုရားတို့နှင့်အတူ တပည့်တော်တို့ အသေခံပါမယ်ဘုရား”ဟု ငိုကြီး ရှိုက်ငင် စွာဖြင့် ဖရိုဖရဲ ပြိုလဲနေသော သံဃာတော် များထံ ပြေးလွှားဝင်သွားသူက ဝင်သွား၊ သံဃာတော်များကို မထူရင်းနှင့် ပြိုလဲ သူကပြိုလဲ၊မေတ္တသုတ်ရွတ်ဖတ်သူများက ရွတ်ဖတ်နှင့် ဆူညံပွက်လောရိုက်နေသော အသံများက လက်ပံတောင်း တောင်ကြီး အားရိုက်ခတ်၍ ပဲ့တင်လှိုင်းသံများ ထွက် ပေါ်လာသည့်အခါ လက်ပံတောင်း တောင် ကြီးမှ ပြန်၍ပြောနေသည်ဟု ထင်မှတ်နေရ ပြန်သည်။

“သွဲ့သွဲ့ဝင်း၊ မအေးနက်၊ ဖြူဖြူဝင်း ရေ” ဆိုတဲ့ ခေါ်သံများကိုလည်း အဆက် မပြတ် ကြားနေရပြန်သည်။ ယင်းအချိန် တွင် နာမည်ပိုင်ရှင်ဖြစ်သူများမှာ ရေထိုး ပိုက်ရှေ့တွင်လဲကျနေသော သံဃာတော် များကို ပြေးထူနေရာမှ ကျန်ရှိသံဃာအချို့ ကလည်း ၄င်းကလေးမလေးများ ထိခိုက် မည်ကို စိုးရိမ်ကြီးစွာဖြင့် ဘေးလွတ်ရာသို့ ဆွဲထုတ်နေပြန်သည်။

အမိန့်ခရာသံ နောက်တစ်မျိုးထွက် လာပါတော့သည်။ ယင်းခရာသံနှင့်အတူ “တောက် . . . ဖုန်း . . .”ဆိုသော အသံနှင့် တပြိုင်တည်း “ဟုန်း”ဆိုကာ မီးလျှံများ ထွက်ပေါ်လာခဲ့ပြီး သပိတ်စခန်းတစ်ခုလုံး မီးဟုန်းဟုန်း တောက်လောင်ရတော့ သည်။ ယင်းကဲသို့ “တောက် . .ဖုန်း . .” အသံ ဆယ့်နှစ်ချက်မျှ ကြားလိုက်ရအပြီး မှာတော့ အမြင့်ပေ ၄၀ နီးပါးခန့်ရှိ မီးတောက် ကြီးများကို အဝေးမှ လှမ်းမြင်ရ သည်။

ထိုအချိန်တွင်လူသဏ္ဌာန်ရှိမီးတောက် ကြီးတစ်ခုသည် မီးလျှံများကြားမှ ရုတ် တရက်ထွက်ပေါ်လာပြီး မုံရွာ-ပုသိမ် အဝေး ပြေးကားလမ်းဘက်ဆီသို့ ယိုင်နဲ့နဲ့ ဖြင့်ပြေးလွှားနေသည်။ အဆိုပါမီးလျှံသည် ပုလဲမြို့နယ် ခေါသံဏီ တောရကျောင်း တိုက်ဆရာတော် ဦးတိက္ခဥာဏ အရှင်သူ မြတ်ပင် ဖြစ်နေလေတော့သည်။ လောင်မီးကျနေသော သပိတ်စခန်း၏ ဘေးတစ်ဖက်တစ်ချက်နေ၍ “ကျား.. ကျား... ကျား”ဟု ဆိုကာ ကုမ္ပဏီရုံးဝင်း အတွင်းမှ ကျားမျာြးေ ပးထွက်လာပြီး ကိုယ် ခန္ဓာမီးစွဲလျက် ပြေးလွှားလာနေသူ နောက် သို့ တစ်ဟုန်ထိုး လိုက်လာနေချိန် မှာတော့ ဆိုင်ကယ်စီးသမားတစ်ယောက်က လျင် မြန်သွက်လက်စွာဆင်းပြေး၍၄င်း မီးစွဲ လောင်နေသူအား ခြုံစောင်ဖြင့် ရစ်သိုင်း ပွေ့ယူထမ်းပိုးကာ ဆိုင်ကယ်ပေါ်တွင် တင် ဆောင်မောင်းနှင်ပြေးတော့သည်။ ကြာမြင့်ချိန် စုစုပေါင်း ၁၈ မိနစ် အတွင်းမှာ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး အထွေထွေ သပိတ် စခန်း(ပင်မ)နေရာသည်လည်းကွယ်ပျောက် သွားရတော့သည်။ “ဦးဇင်းတို့ သံဃာတော်တွေက ဆူပူ အကြမ်းဖက်ဖို့မဆိုထားနဲ့ ကင်းစောင့်နေ တဲ့ သံဃာအချို့ကလွဲလို့ ကျန်သံဃာတွေ အားလုံး အတုံးအရုန်းနဲ့ အိပ်ပျော်နေကျ ပါပြီ။ သပိတ်စခန်းထဲကို အာဏာပိုင်တွေ ဘက်က မီးလောင်ဗုံးတွေ ပစ်သွင်းလိုက် တော့ သပိတ်စခန်းတစ်ခုလုံး မီးဟုန်းဟုန်း တောက်လောင်ခဲ့ရပါတယ်”ဟု ဦးဝိမလ (ခေါ်) ဦးသုက မိန့် တော်မူသည်။

အဆိုပါ ဦးဝိမလ(ခေါ်)ဦးသုသည် မုံရွာ-ပုသိမ် အဝေးပြေးကားလမ်းမကြီး၏ မိုင်တိုင်အမှတ်( ၄၄၃/၅) အနီးရှိ မြန်မာ- ဝမ်ပေါင် ကုမ္ပဏီရုံးရှေ့တွင် လက်ပံတောင်း တောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အထွေထွေသပိတ် (ပင်မ) သပိတ်စခန်း အား အာဏာပိုင် များက နိုဝင်ဘာလ ၂၉ ရက် နံနက် ၃ နာရီ ၁၈ မိနစ်ခန့်တွင် စတင် ဖြိုခွဲခဲ့ရာတွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြီး နောက် မုံရွာ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူ သံဃာတစ်ပါး ဖြစ် သည်။ “မိနစ်အနည်းငယ်ပဲ ခြားပြီး လက်ပံ တောင်းတောင်မှာရှိနေတဲ့ သပိတ်စခန်း အားလုံးကို ဒီနည်းလမ်းနဲ့ပဲ အာဏာပိုင် တွေဘက်က ဖြိုခွဲခဲ့တာပါ”ဟု ၄င်းက ဆက်လက်၍ မိန့်တော်မူသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အထွေထွေသပိတ်စခန်းများ သည် နိုဝင်ဘာလ ၁၇ ရက်နေ့မှစတင်၍ ယင်းဒေသရှိ လယ်ယာမြေသိမ်းဆီးခြင်း ခံရသော တောင်သူများ စုပေါင်းကာ စီမံ ကိန်းမိုင်းတွင်း လုပ်ငန်းများ ရပ်ဆိုင်းပေး ရန် ဆန္ဒပြတောင်းဆိုနေခြင်း ဖြစ်သည်။ “သူတို့ပြောတော့ ဝမ်းဖိုးဖိုး နယ်မြေ ထဲက ထွက်ပေးဖို့ပြောတယ်။ တကယ့် လက်တွေ့အခြေအနေကျတော့ အများ သူငါ ဝင်ထွက်သွားလာနိုင်တဲ့မုံရွာ-ပုသိမ် လမ်းမကြီးအတိုင်း ယင်းမာပင် လမ်းဆုံ အထိ သူတို့က လိုက်ရိုက်တယ်။ လိုအပ် တာထက် ပိုပြီး အခုလို နှိပ်ကွပ်လိုက်တာ ဟာ အငြိုးအတေးတွေ ရှိနေသလိုမျိုး ဦးပဉ္ဇင်းကတော့ ခံစားမိတယ်”ဟု သပိတ် စခန်းဖြိုခွဲရာတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သူ ပခုက္ကူ အလယ်တိုက်ကျောင်းမှ ဆရာတော် ဦးစန္ဒောဘာသ အရှင်သူမြတ် က မိန့်တော်မူသည်။

သပိတ်စခန်းဖြိုခွဲရာတွင် ပါဝင်သော လုံထိန်းတပ်ဖွဲ့ဝင်များသည် မုံရွာ - ပုသိမ် အဝေးပြေးကားလမ်းကြီးအတိုင်း ကုမ္ပဏီ ရုံးရှေ့ မျက်နှာစာမှနေ၍ ညောင်ပင်ကြီး ယင်းမာပင်လမ်းဆုံနေရာအထိ လက်ဝဲတွင် ကိုင်ဆောင်ထားသော သံချပ်ကာ ဒိုင်းများ ကို ညာဘက်မှ ကိုင်ဆောင် ထားသော နံပါတ်တုတ်များဖြင့် ဟန်ချက်ညီညီ ရိုက် လျက် “ဝုန်း ..ဝုန်း” ဆိုသည့်အသံ များနှင့် အတူ “လိုက်ရိုက်ဟေ့ . . . လိုက်ရိုက်” ဆိုသော အမိန့်သံများလည်း ထွက်ပေါ် လာလျက်ရှိသည်ကို ရှေ့မှ ပြေးလွှားနေ သော သံဃာတော်များက နောက် လှည့် ကြည့်ကာ ကြည့်ကာနှင့် ဘေးလွတ်ရာသို့ ထွက်ပြေးကြရသည်။

အချိန်ကား နံနက် ၅ နာရီ ၁၂ မိနစ် ဒဏ်ရာရ သံဃာတော်များအား မုံရွာ ဆေးရုံသို့ ပို့ဆောင်နိုင်ရန် သံဃာတော်များ ညှိနှိုင်းနေသော်လည်း လက်ပံတောင်း တောင်၏ အရှေ့ဘက်တောင်ကြားမှ “တီး ...တော်...တီး..တော်”အသံများနှင့်အတူ အရေးပေါ် အချက်ပြမီးများ ထွန်းကာ မောင်းနှင်လာသော လုံထိန်းကားများသည် ကျော်ရွာဂိတ်အနီးတွင် မီးကျည်ဗုံးများ ပစ်ခတ်၍ ထွက်ပြေးသွားလာနေသော လူအုပ်ကြီးအား လိုက်လံဖြိုခွင်းလျက်ရှိ သည်။

“ကားလမ်းဘေးက တောင်ကြား ကျောင်းသစ်ရှေ့မှာလည်း လုံထိန်းတွေက ကားပေါ်ကနေ မီးကျည်ဗုံးနဲ့ ပစ်ခတ်ခဲ့ တယ်”ဟု အဆိုပါ ကျောင်းတိုက်အတွင်း ခေတ္တ ခိုအောင်း တိမ်းရှောင်နေသော မီးလောင်ဒဏ်ရာရ သံဃာတော်တစ်ပါး က မိန့်တော်မူသည်။

တန်ဆောင်မုန်းလပြည့်ဝန်းကြီးသည် ချင်းတွင်းမြစ်ဝှမ်းအတွင်းမှ လှမ်းမျှော် ကြည့်လိုက်ချိန်တွင် ကြေးစင်တောင်ထိပ် တွင် မေးတင်၍ မုံရွာဘက်သို့ မျက်နှာမူပြ နေလေသည်။ ဒဏ်ရာရ မီးလောင်သံဃာ များသည်လည်း မုံရွာခရိုင်ကျောင်းသား များသမဂ္ဂဖြစ်မြောက်ရေး လူငယ်လေး များနှင့် သတင်းမီဒီယာ အသီးသီးက သတင်းထောက်အချို့က ထမ်းပိုးလျက် မုံရွာဘက်ကမ်း နန်ချွန်ကူးတို့ဆိပ်ကမ်း တာရိုးပေါ်သို့ရောက်အောင် ထမ်းပိုးတက် လာနေသည်ကိုမြင်ရသည်။ “ကျွန်မတို့က သပိတ်လှန်တာမျိုး မရှိသေးပါဘူး။ သူတို့က ဖြိုခွင်းလို့ လူစု ကွဲနေတဲ့ အဆင့်ပဲရှိပါသေးတယ်”ဟု လက်ပံတောင်းတောင် ဒေသတောင်သူ များအရေး ဦးဆောင်လှုပ်ရှားနေသူ မသွဲ့ သွဲ့ဝင်းက ပြောပြသည်။

မုံရွာပြည်သူ့ဆေးရုံသံဃာဆောင်တွင် မီးလောင်ဒဏ်ရာများအား ဆေးဝါးကုသမှု ခံယူနေကြသော သံဃာတော်များအနက် မုံရွာ ဇောတိကာ ရာမကျောင်းတိုက်မှ ဦးသုစိတ္တ အရှင်သူမြတ်က“ဦးဇင်း ကိုယ် ခန္ဓာမှာ ရရှိထားတဲ့ မီးလောင် ဒဏ်ရာ တွေက ကျေးဇူးရှိတဲ့ နိုင်ငံတွေကို ကျေးဇူး ဆပ်လိုက်တဲ့ ဒဏ်ချက်တွေပဲဖြစ်တယ်၊ ဒီဒဏ်ရာတွေက သာသနာ့ သမိုင်းဝင် လက်ပံတောင်းတောင်ကြီးကို ကာကွယ် ပေးလိုက်တယ်ဆိုတဲ့ သမိုင်းဒဏ်ရာတွေ ဖြစ်သွားပါပြီ၊ ဦးပဉ္ဇင်း ကတော့ ကျေနပ် တယ်”ဟု မိန့်တော်မူသည်။

၃၀- ၁၁-၂၀၁၂ ရက်နေ့ နံနက် ၁၀နာရီ ၁၈ မိနစ် မုံရွာဆေးရုံတွင် ဆေးဝါးကုသမှု ခံယူ နေသော မီးလောင်ဒဏ်ရာရ သံဃာတော် များ အားကြည့်ရှုရန် ကြွရောက်တော် မူ လာသော သီတဂူဆရာတော်ကြီးက “ငါ့ အရှင်တို့၊ ဒီဒဏ်ရာတွေက ရေလောင်တဲ့ ဒဏ်ရာတွေ ဖြစ်တယ်။ ရေဆိုတာက မေတ္တာရေပါ ငါ့ရှင်တို့”ဟု အားပေးနှစ်သိမ့် တော်မူခဲ့သည်။ ထိုအချိန်တွင် ဆေးရုံရှေ့သို့ ရောက် ရှိနေသော ထီရောင်းကားပေါ်ရှိ အသံ ချဲ့စက်မှ “လူအချင်းချင်း နှိပ်စက်ချင်း ကင်းရှင်းကြပါစေ”ဟု မေတ္တာပို့ တေး သံသာများကို ကြားလိုက်ရသေးသည်။

ဆေးရုံရှေ့ ဆင်ဝင်အောက်ရှိ အရေးပေါ် အချက်ပြမီးများဖွင့်ထားသည့် လူနာတင် ယာဉ် ၁၂ စီး၊ ဘေးတွင် ဒဏ်ရာရသံဃာ တော်များအား ကြည့်ရှု၍ ငိုယိုနေသူ လက်ပံတောင်းသံမဏိမယ် မအေးနက် ကတော့ “ကျွန်မတို့ရဲ့မိခင် လက်ပံတောင်း တောင်ကြီးကို အရေခွံနွှာသလို နွှာရုံတင် အားမရလို့ သူတို့က သံဃာတော်တွေရဲ့ အရေခွံကိုပါ အဆင့်တိုးပြီး နွှာလိုက်ပြန် ပါပြီ”ဟု ပြောနေရာ ယင်းစကားသံကို ကြား၍အနီးရှိအခြားလူနာစောင့်များလည်း ငိုယိုလျက်ရှိနေသည်ကို မြင်တွေ့လိုက်ရ တော့သည်။

ဇေယျာမောင်
Venus News Journal

1 comment:

  1. မြစ်ဆုံတုန်းက ဘယ်လိုဖြေရှင်းကြလဲ ချီးကျူးလိုက်ခါမှ အာဏာဟူသမျှ ဖီဆန်ကြဇာတိရုပ်ပေါ်လာတာကိုး ထွက်ဆိုထွက်ကြပြီး သမ္မတကို အသနားခံတာဖြစ်ဖြစ် ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ တိုင်ပင်တာဖြစ်ဖြစ် လုပ်ရင်ဘာဖြစ်သွားမှာလဲ ဘုန်းကြီးတွေကလဲ သူတို့ဒီလိုလုပ်တတ်တာ မေ့သွားလို့လား မွေးမွေးချင်းလမ်းထလျှောက် ကြာပန်းတွေပေါက် ငါသည် ငါသည် လို့ မိုးပေါ်လက်ညှိုးညွှန်ပြီး ကြွေးကြော် ပညာတွေမသင်ပဲတတ် တဲ့ သူက ကလေးတစ်ယောက်ရမှ အိုတတ်နာတတ်မှန်း သိတာ အံ့ ပါရဲ့ လို့ လူတွေထင်နေတုန်း လူအလုပ်လုပ်ချင်ရင် သင်္ကန်းချွတ်လိုက်ပါ ခရစ်ယန်တွေလို ပုတ်လုပ်ချင်လို့လား လူတွေကိုမသနားပါနဲ့ဦး ကိုယ့်သီလသမာဓိပညာ က ကိုယ့်တောင် မစောင့်ရှောက်နိုင်တာ လူသိကုန်ပြီ သံဃာတော်တွေက ကိလေသာကိုအသာထား ဗုန်းတောင်မနိုင်ဘူးလား
    အက်ဒမင် ဒီကွန်မန်းမတင်ရဲရင် ဒေါင်း မလုပ်နဲ့ သိုးသမင်ယုန်လေး သာလုပ်တော့

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.