Friday, December 14, 2012

0 "ဒကာလူထုရှေ့ကသံဃာတွေဟာ အတုမဟုတ် ဘာနိုင်ငံရေးပရောဂမှ မပါဘူး ဒကာတို့

"ဒကာလူထုရှေ့ကသံဃာတွေဟာ အတုမဟုတ် ဘာနိုင်ငံရေးပရောဂမှ မပါဘူး လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်နဲ့သမိုင်းဝင်အဆောက်အဦးများကို ဖျက်ဆီးခြင်းမှစ၍ ဘာသာရေးပါဝင်လာရခြင်းဖြစ်" (ဦးဇဝန ပခုက္ကူ အရှေ့တိုက်)

နိုင်ငံရေးမှာ ဘာသာရေးကို အသုံးချတာ (သို့) ဘာသာရေးက လွှမ်းမိုးတာကို လက်မခံပါ။

ဒါပေမယ့် ... သံဃာတော်တွေ ဒီမိုကရေစီ ရဖို့နဲ့ ဒီမိုကရေစီ ဖေါ်ဆောင်နိုင်ဖို့ တောင်းဆိုတာ .. ဘာအပြစ်မှ ကျူးလွန်တာ မဟုတ်ဘူး။

ဒီ နှစ်ခုကို ရှင်းအောင် ပြောရရင် ....

ဥပမာ ... သူတော်ကောင်းတွေလို တီဗွီကနေ ရွှေတိဂုံ ဘုရားကို ထီးတော်တင်နေတာကို ပြပြီး .. သံဃာတော်တွေကို ဖင်ထောင်ပြီး ကန့်တော့နေကြတာကို ပြပြီး ... အပြင်မှာ သံဃာတွေကို သတ်တာဟာ .. ဘာသာရေးကို အသုံးချတာ ဖြစ်တာကြောင့် ရွံ့ဖို့ကောင်းတယ်။

ငါတို့ ဗုဒ္ဓဘာသာမှ နိုင်ငံတော် ဘာသာ .. အခြားဘာသာတွေကို လက်မခံဘူးဆိုတဲ့ .. မျက်ကန်း ဗုဒ္ဓဝါဒမျိုး နိုင်ငံရေးမှာ လွမ်းမိုးတာကိုလည်း လက်မခံပါ။

ဒါပေမယ့် တိုင်းပြည် ပျက်မှာ စိုးရိမ်လို့ (သို့) တိုင်းပြည်နဲ့ လူမျိုး ကောင်းစားဖို့အတွက် .. သံဃာတွေက ဒီမိုကရေစီ အရေး၊ တိုင်းပြည်အရေး ဝင်ပြောတာဟာ .. ဘာအပြစ်မှ ကျူးလွန်တာ မဟုတ်ဘူး။ ဘာသာရေးကို အသုံးချတာ မဟုတ်ဘူး။ ဘာသာရေးက နိုင်ငံရေးကို လွှမ်းမိုးတာ မဟုတ်ဘူး။ တိုင်းပြည်ကောင်းဖို့ .. နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တာ။

ဒီကွဲပြားမှု ၂ ခုကို ပြောင်းပြန် ပြောနေသူတွေကို မကြာခဏ တွေ့နေရတာကြောင့် .. ဦးနှောက်နဲ့ သေချာ တွေးနိုင်ကြဖို့ပါပဲ။

(ကိုထိုက်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.