Saturday, September 4, 2010

0 ရေငတ်ပန်း
ရေးသူ- ငယ်ဆူးအိမ်


နူးညံ့တဲ့မိဘရင်ခွင်ပျောက်တော့

မျက်ခင်းတွေက ငါ့ရဲ့မွေ့ရာ

ကမူသစ်တုံးတွေက ငါ့ရဲ့ခေါင်းအုံးပေါ့

ကောင်းကင်ညိုညိုတွေအောက် ငါအိပ်ခဲ့ရတယ်။


အိမ်မက်တွေအကျဉ်းချခံရတော့

မျက်ရည်တွေနဲ့ ငါမျက်နှာသစ်ခဲ့ဖူးတယ်

ရေတခွက်နဲ့ ညစာစားခဲ့ဖူးတယ်

မနက်ဖြန်ဆိုတာကိုတောင် ငါမေ့ထားခဲ့ရသေးတယ်။


နှလုံးသားတွေ အခိုးခံရပြန်တော့

မိုးတွေရွာလည်း ငါမသိဘူး

နေတွေပူလည်း ငါဂရုမစိုက်နိုင်ဘူး

ခိုလုံရာတစ်ခုအတွက် ငါပြေးနေရတုန်းပဲ။


အိမ်ဆိုတာတောင်မရှိခဲ့တဲ့ ငါ့မှာ

သူငယ်ချင်းဆိုတာလည်းမရှိ

ကစားစရာအရုပ်ဆိုတာလည်း ငါ့မှာနတ္တိ

ငါ့ရဲ့ကစားကွင်းက ဗုံးခိုကျင်းတွေဖြစ်ခဲ့ရတယ်။


ကလေးတစ်ယောက်ရဲ့အိမ်မက်

ဘောင်တွေနဲ့လှောင်ပိတ်

ရက်စွဲတွေကို အတင်းမေ့ထားခဲ့ရ

လိုချင်တပ်မက်မှုတွေကို ချိုးနှိမ်ခဲ့ရလို့

အတ္တနဲ့ကမ်းတဲ့ ရင်ငွေ့တောင်

ငါ့ရဲ့ကမ္ဘာထင်မိတယ်။


လေပြေအသုတ်မှာ ရေချိုတစ်ပေါက် မခခဲ့ရတဲ့ရေငတ်ပန်းပေမယ့်

မြေကြီးမနမ်း ကောင်းကင်ဖက်လှမ်းတဲ့ ဇာနည်သွေးမို့

မနွမ်းမခြောက် ဆူးမကြောက်ပဲ ဆူးနွယ်ပန်းလို

ကောင်းကင်ကိုတက် ကြယ်တွေနဲ့ အလှပြိုင်ဖို့

ရဲရဲသာပွင့်နေသေးတယ်။


0 The voice Journal vol.6/No.40

0 ဂျပန်Tbsသတင်းဌာနမှထုတ်လွှင့်သွားသော အလွမ်းများနှင့်ဧရာဝတီဇာတ်လမ်းအကြောင်း



videoကြည့်ရန် ပုံကိုနှိပ်ပါ။

0 ကုလသမဂ္ဂ နဲ့ ဗမာစစ်အစိုးရ

လွန်ခဲ့တဲ့ ၁၉၈၈ စက်တင်ဘာလမှာ ဆန္ဒပြနေတဲ့ ပြည်သူလူထုကို စစ်တပ်ထောင်ချီ သတ်ဖြတ်ခဲ့ပြီး စစ်အစိုးရ ဖွဲ့စည်းချိန်ကစပြီး ကုလသမဂ္ဂဟာ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာတွေရေး၊ ဆုံးဖြတ်ချက်တွေ ချခဲ့တာဖြစ်လို့ အနှစ် (၂၀) ကျော်သွားပါပြီ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် စာဒါကို အိုဂါတာ (Sadako Ogata)၊ ယိုဇိုယိုကိုတာ (Yozo Yokota)၊ ရာခ်ျ စိုးမားလာလား (Rajsoomer Lallah)၊ ပင်ညဲရိုး (Paulo Sergio Pinheiro)၊ သောမတ်စ် ကင်းတာနား (Tomas Ojea Quintana) စတဲ့ ပုဂ္ဂိုလ် (၅) ဦးက ဆောင်ရွက်ခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်တွေဖြစ်ကြတဲ့ ဘူထရိုးစ် ဘူထရိုးစ် ဂလီ (Boutros Boutros-Ghali)၊ ကိုဖီ အာနန် (Kofi Annan) နဲ့ ဘန်ကီးမွန် (Ban Ki-moon) တို့ရဲ့  အထူးကိုယ်စားလှယ်တွေဖြစ်တဲ့ အလ်ဗရို ဒီ စိုတို (Alvaro de Soto), ရာဇလီ အစ်မေးလ် (Razali Ismail), အီဘရဟမ် ဂမ်ဘရီ (Ibrahim Gambari) စတဲ့ ပညာရှင် (၃) ဦးက ကြားဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီ ပုဂ္ဂိုလ်တွေ တင်သွင်းတဲ့ အစီရင်ခံစာတွေအပေါ် အခြေပြုပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆုံးဖြတ်ချက်ချ တိုက်တွန်းခဲ့တာ ၁၉၉၁ ကနေ ၂၀၀၉ ခုနှစ်အထိ စုစုပေါင်း (၁၉) ကြိမ် ရှိနေပါပြီ။ ဒါပေမဲ့ ဗမာစစ်အစိုးရက လုံးဝ ဂရုမစိုက်ပါဘူး။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အလေးထားပြီး ဒီမိုကရေစီ ပြုပြင်ရေးလုပ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက နှစ်စဉ်ဆုံးဖြတ်ချက်ပြီး တောင်းဆိုနေတာ (၁၉) နှစ်ရှိပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့  ဆုံးဖြတ်ချက်တွေဟာ မလိုက်နာရင် မဖြစ်တဲ့ ဆုံးဖြတ်ချက်မဟုတ်လို့ ဗမာစစ်အစိုးရက လျစ်လျူရှုထားပါတယ်။ ဗမာစစ်အစိုးရဟာ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးကို အန္တရာယ်ပေးနေတဲ့လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ရင်တော့ မြန်မာပြည်မှာ ဝင်ရောက်စွက်ဖက်နိုင်ပါတယ်။

ဗမာစစ်အစိုးရကို အန္တရာယ်အဖြစ် သတ်မှတ်ဖို့ အမေရိကန်ဦးဆောင်ပြီး လုံခြုံရေးကောင်စီမှာ တင်သွင်းတဲ့အဆိုကို တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ၂၀၀၇ နှစ်ဆန်းပိုင်းမှာ ပယ်ချလိုက်ပါတယ်။ သံဃာဦးဆောင်တဲ့ ပြည်သူ့ဆန္ဒပြပွဲကို သတ်ဖြတ်နှိပ်ကွပ်လာတော့မှ လုံခြုံရေးကောင်စီဟာ စစ်အစိုးရကို ရှုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ၂၀၀၇ နိုဝင်ဘာလမှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီ ကြေညာချက်တွေဟာ တိုက်တွန်းတဲ့ သဘောသာဖြစ်ပြီး မလိုက်နာရင် ဘာမှဖြစ်တာ မဟုတ်တဲ့အတွက် ဗမာစစ်အစိုးရက ဂရုမစိုက်ပါဘူး။ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တဲ့ အထွေထွေဆုံးဖြတ်ချက်တွေကိုသာ လုံခြုံရေးကောင်စီက ချမှတ်နိုင်တာ တွေ့ရပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်တွေကလည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ကိုဖီ အာနန် က ၁၉၉၇ ဒီဇင်ဘာမှာ ဗိုလ်ချုပ်မှုးကြီးနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မှာ တွေ့ဆုံခဲ့ပြီး၊ ဘန်ကီးမွန် က နေပြည်တော်မှာ (၂) ကြိမ် တွေ့ဆုံခဲ့ပါတယ်။ အလွန် စိတ်ပျက်စရာကောင်းတယ်လို့ သူတို့ ကိုယ်တိုင်ပြောရတဲ့ တွေ့ဆုံပွဲတွေ ဖြစ်ပါတယ်။ တကယ်တော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်၊ လုံခြုံရေးကောင်စီ နဲ့ အထွေထွေညီလာခံကြီးကို ဗမာစစ်အစိုးရက ကဏ္ဍကောစ လုပ်နေတာ အနှစ် (၂၀) ရှိပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တရုတ်နဲ့ ရုရှား ဗီတိုအာဏာသုံးနိုင်တဲ့ လုံခြုံရေးကောင်စီကတဆင့် အရေးမယူဘဲ အထွေထွေညီလာခံက အရေးယူဖို့ ဝိုင်းဝန်းတိုက်တွန်းနေကြပါတယ်။ အထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်ချမှတ်ပြီး စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အထွေထွေအတွင်းရေးမှုးချုပ်ကို တိုက်တွန်းတဲ့နည်း ဖြစ်ပါတယ်။ ဗမာစစ်အစိုးရ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ ကောက်မရှင်ဖွဲ့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဟားဗတ်တက္ကသိုလ် လူ့အခွင့်အရေးဌာနက တိုက်တွန်းထားပါတယ်။ ကုလသမဂ္ဂဟာ အနှစ် (၂၀) လုံးလုံး အရေးမယူနိုင်ခဲ့တဲ့အတွက် ဗမာစစ်အစိုးရဟာ တဖတ်သတ်ထင်သလို လုပ်နေတာလို့ သုံးသပ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးစံနဲ့ ဥပဒေကို နှစ်ပေါင်းများစွာ ဆန့်ကျင်တဲ့ အစိုးရကို အရေးယူဖို့ ပျက်ကွက်တာဟာ မကောင်းတဲ့အစဉ်အလာဖြစ်တယ်လို့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ တိုက်တွန်းကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ထုတ်ပြန်တဲ့ မြန်မာ့ရေးရာ စာရွက်စာတမ်းကို (၅) နိုင်ငံက တရားသူကြီးဟောင်း (၅) ဦးက လေ့လာပြီး ၂၀၀၉ မေလမှာ စာမျက်နှာတစ်ရာကျော် Crimes in Burma ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်ပါတယ်။ မြန်မာပြည်မှာ ဗမာစစ်တပ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးစုံအကြောင်း ကုလသမဂ္ဂက အသိဆုံး ဖြစ်ပါတယ်။ ဒီလောက်ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာတောင် ကုလသမဂ္ဂဟာ ဘာမှမလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ လုံခြုံရေးကောင်စီက အရေးမယူနိုင်ရင် အထွေထွေညီလာခံက အရေးယူရပါလိမ့်မယ်။ လာမယ့် စက်တင်ဘာ (၁၄) ရက်နေ့မှာ ကျင်းပမယ့် ၆၅ ကြိမ်မြောက် အထွေထွေညီလာခံကြီးမှာ မြန်မာပြည်ဆိုင်ရာ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ဆုံးဖြတ်နိုင်ပါတယ်။

ဗမာစစ်အစိုးရရဲ့  အကူအညီမရလည်း စုံစမ်းရေးကော်မရှင်ဟာ ဆောင်ရွက်နိုင်ပါတယ်။ ပြည်ပမှာရောက်နေတဲ့ မြန်မာပြည်သူပြည်သားတွေကို မေးမြန်းနိုင်ပါတယ်။ အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ဗမာစစ်တပ်ရဲ့  ရာဇဝတ်မှုတွေကို အသေးစိတ် မှတ်တမ်းတင်နိုင်ပါတယ်။ အနှစ် (၂၀) ကျော်မှာ ထုတ်ဝေထားတဲ့ ကုလသမဂ္ဂ အစီရင်ခံစာမျိုးစုံကိုလည်း လေ့လာနိုင်ပါတယ်။ နောက်ပြီးတော့ ဒီ ရာဇဝတ်မှုတွေမှာ တာဝန်ရှိသူကို ထောက်ပြနိုင်ပါတယ်။ မြန်မာပြည်မှာ အနှစ် (၂၀) ကျော် ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေရဲ့  တရားခံကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်က ထောက်ပြနိုင်မယ်ဆိုရင် ရာဇဝတ်ဘေး ပြေးမလွတ် ဆိုတာကို ပြသရာ ရောက်ပါတယ်။

(VOA)

0 သန်းရွှေ၏ မာယာ - အင်တာနက်ဂိမ်း-
ကာတွန်း ဘီရုမာ



Game ကစားရန်အပေါ်မှ ပုံကိုနှိပ်ပါ။ ။။
ုမြန်မာပြည် ချွတ်ခြုံကျ၊ ချာတူးလန်သွားစေရန် စွမ်းဆောင်နိုင်သူ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှစ်ပေါင်းများစွာ ကုလားထိုင် မြဲနေရခြင်း အကြောင်းကို ကျွန်ုပ်တို့၏ ကာတွန်းဆရာ ဘီရုမာက ယနေ့ ဖော်ထုတ်လိုက်သည်။

သူ၏ ရှာဖွေတွေ့ရှိမှုကို မိုးမခ ပရိသတ် လူကြီးမင်းများ ဆော့ရန် လတ်တလော တီထွင်လိုက်သော ဂိမ်း အသစ်တွင် တွေ့နိုင်သည်။

ဤဂိမ်းသည် ဘီရုမာက မိုးမခ ပရိသတ်တို့ လက်ဆော့နိုင်ရန် တီထွင်လိုက်သည့် ပဉ္စမမြောက် ဂိမ်း ဖြစ်သည်။

ဤဂိမ်း ထွက်ပေါ်လာချိန်သည် ဗိုလ်ချုပ်မှူးကြီး တရုတ်ပြည်သွားရန် အထုတ်အပိုး ပြင်နေချိန်နှင့် တိုက်ဆိုင်နေသည်။

“တရုတ်ပြည်ရောက်ရင် ဒီဂိမ်းအကြောင်း ပြောပြပြီး သူ လက်မ ထောင်လို့ ရတာပေါ့နော်။ ရှန်ဟဲ ကုန်စည်ပြပွဲကို သူတက်မယ် ဆိုတော့ သူ့နဲ့ ပတ်သက်တဲ့ ဂိမ်းအဟောင်းတွေ ကျနော် ထွင်ထားတာ ရှိတယ်လေ၊ အဲဒါတွေလည်း ပြပွဲတင်လို့ ရတာပေါ့နော်” ဟု ကာတွန်းဆရာက အတည်ပေါက် ရှင်းပြသည်။

ပြပွဲတွင် ဂိမ်းများ အရောင်းတည့်ပါက ရောင်းရငွေများကို နိုင်ငံတော်သို့ လှူဒါန်းမည်ဟု ကာတွန်းဆရာ ဘိရုမာက ပြောသည်။

မူရင်း။ ။ မိုးမခ

0 အနုပညာသည်လေးဦးအားရုပ်ရှင်ရိုက်ကူးခွင့်များပိတ်ပင်လိုက်သည်နှင့်ပတ်သတ်၍ သတင်းဌာနများအား ကိုကျော်သူမှရှင်းလင်းပြောကြားချက်

ဓာတ်ပုံ။ ။Rfa
လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်ဖွင့်လှစ်တဲ့ သရုပ်ဆောင်သင်တန်းမှာ သွားရောက် အကူအညီ ပေးခဲ့တဲ့အတွက် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ၄ ဦးကို မြန်မာစစ်အစိုးရ လက်အောက်ခံ ရုပ်ရှင် အစည်းအရုံးက ရုပ်ရှင် အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တယ်လို့ Rfa သတင်းအရသိရပါတယ်။

ထိုသတင်းနှင့်ပတ်သတ်၍ ကိုကျော်သူမှယခုလိုသတင်းဌာနများကိုပြန်လည်ဖြေရှင်းပြောကြားဖို့ ပေးပို့လာပါတယ်။

"3.8.2010ရက်နေ့က RFAသတင်းဌာနမှ..အနုပညာသည်လေးဦးအားရုပ်ရှင်ရိုက်ကူးခွင့်များ ပိတ်ပင်လိုက်သည်ဟုကိုကျော်သူမှပြောကြားသည်ဆိုသည်မှာမှားယွင်းနေပါသည်။

အမှန်မှာ...နာရေးကူညီမှုအသင်း(ရန်ကုန်) အား သွားရောက်လုပ်အားပေးသင်တန်းပေးခြင်းများကို ပိတ်ပင်ခြင်းဖြစ်ပါကြောင်း.....

ရုပ်ရှင်သရုပ်ဆောင်များလူမှုရေးလုပ်လိုပါကရုပ်ရှင်အစည်းအရုံးမှသဘောတူထောက်ခံချက်ရပါမှ လုပ်ရမည့်သဘောပင်ဖြစ်တော့သည်။( ရုပ်ရှင်သည်ပြည်သူ့ အတွက်....တဲ့ဗျာ။)

လေးစားစွာဖြင့်...

ကျော်သူ

ညီဂျော်၊ သန်းသန်းစိုး၊ဂွမ်းပုံ၊ ဆုရွှန်းလဲ့တို့ကို အနုပညာလုပ်ငန်းများလုပ်ကိုင်ခွင့်ပိတ်ပင်(ဘားမားတူဒေး)

Friday, September 3, 2010

0 မဲမပေးရေး စာဖြန့်ဝေသူ ပြန်လွတ်လာ

ချင်းမိုင် (မဇ္စျိမ) ။ ။ ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ပါ စာရွက်များ ဖြန့်ဝေသဖြင့် ယမန်နေ့က ရဲစခန်းတွင် စစ်ဆေးမေးမြန်းခံရသည့် ရန်ကုန်တိုင်း ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းရင် ယနေ့ နံနက်တွင် ပြန်လွတ်လာသည်။

၅၂ နှစ်အရွယ် ဦးထွန်းရင်ကို ဒလမြို့နယ် ရဲစခန်းမှူးက မနေ့ညနေက ခေါ်ဆောင် မေးမြန်းပြီးနောက် ယနေ့နံနက် ၁ဝ နာရီတွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

“စာရွက်ကို စခန်းမှူးကို ပြလိုက်တယ်။ နိုင်ငံသားတိုင်းက သိထားသင့်တယ်။ ဝန်ထမ်းဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ် ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိတဲ့အတွက်ကြောင့် ဥပဒေရဲ့ ဗဟုသုတဆိုတာ နိုင်ငံသားတိုင်းမှာ ရှိသင့်တယ်လို့ ကျနော်ထင်တယ်လို့၊ ဒီနေရာမှာလည်း ဥပဒေချိုးဖောက်ထားတာ တခုမှ မပါဘူး၊ အဲဒီစာကို သေသေချာချာ ဖတ်ကြည့်ပါလို့ ပြောလိုက်တယ်” ဟု ဦးထွန်းရင်က မဇ္ဈိမကို ပြောသည်။

၎ လက်မ ပတ်လည် စာရွက်တွင် “နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိသည်။ နိုင်ငံသားတိုင်းသည် မိမိ၏ ဆန္ဒအရ မဲမပေးဘဲ နေထိုင်ခွင့် ရှိသည်။ အတင်းအကျပ် မဲထည့်ခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်’’ ဟူသော စာတန်း ၃ ကြောင်း ရေးသားထားကာ၊ အောက်ဘက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းမှတဆင့် ပြောကြားလိုက်သည့် စကားအတိုင်း NLD ပါတီ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များက ပြည်သူလူထုကို တိုက်တွန်းပြောဆိုနေသည့်အနေဖြင့် ဦးထွန်းရင်က ပြီးခဲ့သည့်လ ၃၁ ရက်နေ့တွင် အဆိုပါ စာရွက်များ ကို ဖြန့်ဝေခဲ့ပြီးဖြစ်သည်။

NLD ဗဟိုအလုပ်အမှုဆောင်ဝင် ရှေ့နေ ဦးဥာဏ်ဝင်းက ’’ခေါ်ယူထိန်းသိမ်းတယ်၊ ခေတ္တပေါ့နော်။ ခေါ်ယူထိန်းသိမ်းတဲ့ လူတွေက ဥပဒေကို နားမလည်ဘူးနဲ့ တူတယ်။ အန်ကယ်တို့ ပြောနေတာက ဥပဒေ ပညာပေးလုပ်ငန်း၊ ဘာမှ အပိုမပါဘူး။ အဲဒီတော့ ဖမ်းဆီးထိန်းသိမ်းတဲ့လူတွေက ဥပဒေကို နားမလည်တာ။ ဒါမှမဟုတ်ရင် သူတို့ကို အမိန့်ပေးတဲ့လူတွေက ဥပဒေကို နားမလည်တာလို့ အန်ကယ်တို့က အဲဒီလိုပဲ သတ်မှတ်တယ်’’ ဟု ပြောသည်။

ဦးထွန်းရင်ကို ဖမ်းဆီးခြင်း မဟုတ်ကြောင်း ဒလမြို့ ရဲစခန်းမှ တာဝန်ရှိသူ ဒုရဲအုပ်တဦးက မဇ္ဈိမကို ပြောသည်။

“မဖမ်းပါဘူးခင်ဗျာ၊ သူက ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ပြီး ဒီမနက်မှ ဆေးရုံကနေ ဆင်းပြီး ပြန်သွားပါပြီ ခင်ဗျာ။ နေမကောင်းလို့ သူ့ဘာသာသူ ဆေးရုံတက်တာ။ သူက သွေးပေါင်ချိန်ပါ ကျနေတာ။ ကျနော်တို့က ဝိုင်းပြီး စောင့်ရှောက်ပေးတာပါ။ ကျနော်တို့ကိုယ်တိုင် လိုက်ပို့ပေးလိုက်ပါတယ်’’ ဟု သူက ပြောသည်။

ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ဒလမြို့ဈေးမှအပြန် လမ်း၌ စခန်းမှူး ဒုရဲအုပ်မျိုးကျော်စိုးက ဒလရဲစခန်းသို့ ခေါ်ဆောင်ကာ မေးမြန်းစဉ် ဦးထွန်းရင်က ခေါင်းမူးလာသဖြင့် ဆေးရုံသို့ တင်ခဲ့ကြရသည်။

ယမန်နေ့က မူးလဲစဉ် အပေါ်သွေး ၈ဝ၊ အောက်သွေး ၅ဝ သာ ရှိနေသဖြင့် သွေးအားတိုးဆေးများ သွင်းခဲ့ရကာ လက်ရှိတွင် သွေးပေါင်ချိန် ၁၁ဝ နှင့် ၇ဝ ရှိနေ၍ ကျန်းမာရေး ကောင်းမွန်နေပြီဖြစ်သည်။

စာဖြန့်ဝေခြင်းသည့် ပြည်သူလူထုကို ဗဟုသုတရစေမည့်အပြင် ဥပဒေကို ချိုးဖောက်သည့်အလုပ် မဟုတ်ကြောင်းနှင့် မည်သည့်အဖွဲ့အစည်းကို တိုက်ခိုက်ခြင်းမျိုး မရှိသဖြင့် ပြန်လွှတ်ပေးခြင်း ဖြစ်သည်ဟု ဦးထွန်းရင်က ပြောသည်။

“ဒီကိစ္စနဲ့သာ အရေးယူဆောင်ရွက်မယ်ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ တံတွေးခွက်မှာ ပက်လက်မျောသွားမယ့် အနေအထားမှာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာပေလွတ်လပ်ခွင့် မရှိတဲ့ကြားက ဒီလို ဗဟုသုတလေးတွေ ပြည်သူလူထုကို ဖြန့်ဝေတာတောင်မှ လက်မခံဘူးဆိုလို့ရှိရင် ဒီအဆင့်က မြန်မာနိုင်ငံအတွက် အထူးသဖြင့် စစ်အစိုးရအတွက် အင်မတန် အရုပ်ဆိုး အထီးကျန်သွားမယ်ဆိုတာ လုံးဝ ယုံကြည်တယ်။ တကယ်လို့ ထောင်ကျမယ်ဆိုရင်လည်း ပြုံးပြုံးလေးပဲ ခံသွားမှာ״ ဟု သူက ပြောသည်။

ဦးထွန်းရင်သည် အာဏာပိုင်များ၏ ဖမ်းဆီးချုပ်နှောင်မှုကို မကြာခဏ ခံခဲ့ရပြီး ၄ ကြိမ်တိုင် ထောင်ကျခဲ့ရသူ ဖြစ်သည်။ ၂ဝဝ၃ ခုနှစ်တွင် မတရားအသင်းဖွဲ့မှု ပုဒ်မ ၆ ဖြင့် စွပ်စွဲကာ ထောင်ဒဏ် ၅ နှစ်ချခံခဲ့ရပြီး၊ ၂ဝဝ၇ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။

0 ၂၀၀၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော အမှာစကား...


“…ကျမတို့ကို ဒီမိုကရေစီရအောင်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဘာလုပ်နေလဲလို့ မေးတဲ့အခါကျလို့ရှိရင် မေးတဲ့လူတွေကို ကျမတို့က ပြန်ပြီးတော့ မေးချင်တယ် ရှင်တို့ကရော ဘာလုပ်ပေးနေသလဲဆိုတာ ပြန်ပြီးတော့ မေးချင်တယ် ဘာဖြစ်လိုလဲဆိုတော့ လူတိုင်းလူတိုင်းက ဒီမိုကရေစီအရေးအတွက် တစ်ခုခုတော့ လုပ်နိုင်တယ် တကယ်ပဲ စိတ်ဆန္ဒရှိလိုရှိရင် လုပ်နိုင်ပါတယ်။

အခုဆိုလိုရှိရင် ကျမတို့ နိုင်ငံတွင်းမှာမဟုတ် နိုင်ငံပြင်ပကလဲ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းပေးနေတဲ့ သူတွေအများကြီးရှိပါတယ်၊ အဲဒီလူတွေကိုလဲ ကျမတို့ ကျေးဇူးတင်ဆိုတာကို့  အခုအချိန်မှာ ပြောချင်ပါတယ်။

ဒီမိုကရေစီလမ်းစဉ်လို့ ခေါ်ရတဲ့အကြောင်းက ဘာဖြစ်လိုလဲဆိုတော့ ဒီမိုကရေစီဆိုတာဟာ ဘယ်တော့မှပြီးနိုင်တဲ့ အလုပ်ကိစ္စ တစ်ခု မဟုတ်ပါဘူး၊ ဒီလမ်းစဉ်မှာ ဆက်ပြီးတော့ သွားနေရမှာဘဲ အင်မတန်မှ နှစ်ကာလများစွာ ဒီမိုကရေစီ ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေမှာတောင်မှ သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ မဆုံးရှုံးရအောင် ဒီမိုကရေစီ နိုင်ငံရေးစနစ် မပျက်စီးရအောင် တစ်ချိန်လုံးပဲ ထိမ်းသိမ်းရတယ် တချိန်လုံးပဲ ကြိုးစားရတယ်။

ကျမတို့လို ဒီမိုကရေစီမရသေးတဲ့ နိုင်ငံမှာဆိုရင်တော့ ဆထက်တပိုးပိုပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ် အဲဒီတော့ ဒီမိုကရေစီရရှိရေးအတွက် ကျမတို့နိုင်ငံသူ နိုင်ငံသားများအားလုံးဟာ တတ်နိုင်သမျှ ကြိုးစားပေးကြပါ ၀ိုင်းဝန်းပြီးတော့ ကူညီပေးကြပါ လူတိုင်းလူတိုင်း ကူညီပေးနိုင်ပါတယ်။

ဥပမာအားဖြင့် မတရားတဲ့ကိစ္စတွေကို ရပ်ပြီးတော့ မကြည့်နေပါနဲ့ မတရားတဲ့ဟာလဲ ဖြစ်ရင်ဖြစ်ပါစေလို့ လစ်လှူမရှူ့ထားပါနဲ ကိုယ်တတ်နိုင်သမျှ မတရားတဲ့ ဟာတွေကို မြင်လို့ရှိရင် တရားဥပဒေဘက်က ပြောဆိုပေးကြပါ ရပ်တည်ပေးကြပါ တနည်းနည်းနဲတော့ ဒီမိုကရေစီရရှိရေးအတွက် လုပ်ပေးကြပါ ဒီမိုကရေစီရရှိရေးဆိုတာ ကျမတို့နိုင်ငံအတွက် အေးချမ်းသာယာရေး သာယာဝပြောရေးအတွက်ဖြစ်ပါတယ်

အဲဒီဟာကြောင့် အားလုံးနဲဆိုင်တဲ့ကိစ္စဖြစ်လို့ တက်နိုင်သမျှ အဘက်ဘက်က ကူညီပေးကြပါလို့ ကျမတို့က မေတ္တာရပ်ခံ ချင်ပါတယ်….”

ဒေါ်အောင်ဆန်းစုကြည်

0 ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ၊ ဆိုက်ဘာကဖေးနှင့် အများပြည်သူ အပန်းဖြေရာနေရာ အချို့တွင် လုံခြုံရေးကင်မရာကို အလွဲသုံးကာ ပုဂ္ဂိုလ်ရေးနှောင့်ယှက်မှုများရှိ

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ၊ အင်တာနက်ဆိုင်နှင့် အများပြည်သူ စိတ်လက်အပန်းဖြေရာ နေရာအချို့တွင် လုံခြုံရေးအရ တပ်ဆင်အသုံးပြုထားသော စီစီတီဗီ ကင်မရာများကို အလွဲသုံးကာ ပုဂ္ဂိုလ်ရေးထိပါးမှုများ ပြုလုပ်လာကြကြောင်း ရန်ကုန်မြို့ခံ လူငယ်ထုနှင့် ကိုယ်တွေ့ကြုံတွေ့ ခဲ့သူများ၏ ပြန်လည် ပြောကြားချက်များအရ သိရှိရပါသည်။


ရန်ကုန်မြို့နေ လူထုအများစု၏ စိတ်လက်အပန်းဖြေရာ ပန်းခြံ၊ ဆိုက်ဘာကဖေးများနှင့် ရှော့ပင်းစင်တာများရှိ ဈေးဝယ်ထွက်သူများ၏ အ၀တ်လဲခန်းများတွင်ပါ အများပြည်သူမြင်သာမှုမရှိသည့် စီစီတီဗီများကို တပ်ဆင်ကာ ပုဂ္ဂိုလ်ရေး ထိပါးနှောင့်ယှက်ခြင်းများ ပြုလုပ်လာခဲ့သည် ကို တွေ့မြင်နေရကြောင်း မြို့ခံလူငယ်တစ်ဦးက ပြောပြခဲ့သည်။

ယင်းဖြစ်ရပ်များကို အင်တာနက်အား ပုံမှန်သုံးစွဲမှုပြုနေသော လူငယ်များကြားတွင်လည်း တွေ့မြင်နေရတတ်ပြီး ယခုအခါ ဆိုက်ဘာကဖေးများတွင်ပါ လုံခြုံရေးကင်မရာ တပ်ဆင်ထားကာ ပုဂ္ဂိုလ်ရေးထိခိုက်စေသည့် ကျူးလွန်ခြင်းများရှိလာကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တက်ရောက်နေသော ကျောင်းသားတစ်ဦးက ၎င်းတွေ့ကြုံခဲ့ရသည်ကို ပြန် လည် ပြောပြခဲ့သည်။


အမျိုးသမီးငယ်များ အနေဖြင့် ခေတ်လွန်ကဲသည့် သရုပ်ပျက်ဝတ် စားဆင်ယင်ခြင်းများသည် ဆိုက်ဘာပြစ်မှုကျူးလွန်သူများအတွက် ပစ်မှတ် အလွယ်တကူထားရာ သားကောင်သဖွယ် ဖြစ်သွားနိုင်ကြောင်း ..


"ကျွန်တော်တို့ လူငယ်အသိုင်း အ၀ိုင်းမှာ ဒီဖြစ်စဉ်အသစ်တွေကို ကြားသိနေရတာ အမြဲပဲ။ အရင်က ရှော့ပင်းစင်တာ အ၀တ်လဲခန်းတွေမှာ လုံခြုံရေးကင်မရာခိုးတပ်ပြီး ၀က်ဘ်ဆိုက်ပေါ်တင်လို့ ပြဿနာတွေရှိခဲ့ကြသလို အခုဆိုက်ဘာကဖေးတွေ မှာလည်း ဒီပြဿနာတွေ ဖြစ်လာတာ အွန်လိုင်းပေါ်တောင် ရောက်နေ ပြီ"ဟု ၎င်းက ပြောပြခဲ့သည်။


ဆိုက်ဘာကဖေးများ၌ ကင်မရာများ တပ်ဆင်ကာပုဂ္ဂိုလ်ရေးထိပါး နှောင့်ယှက်မှု ပြုလုပ်ကြသည်ဟုဆိုရာ တွင် မိမိတို့ဆိုင်သို့ လာရောက်ကြသော အသုံးပြုသူများအား သတ်မှတ် ထိုင်ခုံတွင် ထိုင်စေပြီး ခုံ၏အောက်ခြေ၌ ကင်မရာတပ်ဆင်ဖမ်းယူထားသည့် ဗီဒီယိုမှတ်တမ်းများ ၀က်ဘ်ဆိုက်ပေါ်၌ တွေ့မြင်လာရကြောင်း အင်တာနက်ပုံမှန် အသုံးပြုသူလူငယ်တစ်ဦးက ပြောပြခဲ့ပါသည်။


"အွန်လိုင်းအပေါ်မှာ အခုလက်ရှိဖြစ်နေတာက အင်တာနက်ဆိုင် တချို့မှာ စကတ်တိုဝတ်ထားတဲ့ အမျိုးသမီးတွေလာရင် ကင်မရာခိုးတပ်ထားတဲ့သီးသန့်ခုံမှာ ထိုင်ခိုင်းတယ်။ သူတို့ ထသွားရင် ဗီဒီယိုဖိုင်ကူးပြီး ဆိုင်က လူတွေကြည့်ရုံသာမက ၀က်ဘ်ဆိုက်ပေါ်ထိ တင်ကြတယ်။ ဒါက ပုဂ္ဂိုလ်ရေးလုံးဝ ထိပါးတယ်လို့ထင်ပါတယ်" ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဥပဒေကျောင်းသားတစ်ဦးက ပြော ပြခဲ့သည်။


လူငယ်အများစုအနေဖြင့်လည်း အများပြည်သူများ မြင်သာရာနေရာများသို့ သွားလာရာ၌ ခေတ်နှင့်လျော်ညီစေရုံသာ ၀တ်စားဆင်ယင်သင့်ပြီး ခေတ်မလွန်စေရန် သတိပြုဆင်ခြင်သင့်ကြောင်း ပစ္ဆိမာရုံပညာ ဒါနသင်တန်းမှ ကျောင်းဆရာတစ်ဦးက ပြောပြခဲ့သည်။


ရှော့ပင်းစင်တာများရှိ အ၀တ်လဲခန်းအချို့တွင်လည်း လုံခြုံရေး ကင်မရာများ အလွဲသုံးစွဲခဲ့သည့် ဖြစ်ရပ်အချို့ကြောင့် အမျိုးသမီးများ အနေဖြင့် များစွာသတိပြု ဆင်ခြင်လာရကြောင်း သိရှိရပါသည်။


"အခုဆိုရင် ရှော့ပင်းစင်တာတွေမှာ အ၀တ်အစားဝယ်ဖို့ စမ်းဝတ်ကြည့်ရင်တောင် အ၀တ်လဲခန်း ၀င်ရမှာကြောက်တယ်။ ၀င်ရင်လည်း ကင်မရာ ရှိ၊ မရှိ သတိထားပြီး ကြည့်လာရတယ်"ဟု ရှော့ပင်းစင်တာတစ် ခုတွင် ပုံမှန်ဈေးဝယ်လေ့ရှိသူ လူငယ် မိန်းကလေးတစ်ဦးက ပြောပြခဲ့သည်။


အမျိုးသမီးငယ်များ အနေဖြင့် ခေတ်လွန်ကဲသည့် သရုပ်ပျက်ဝတ် စားဆင်ယင်ခြင်းများသည် ဆိုက်ဘာပြစ်မှုကျူးလွန်သူများအတွက် ပစ်မှတ် အလွယ်တကူထားရာ သားကောင်သဖွယ် ဖြစ်သွားနိုင်ကြောင်း အင်တာနက် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ခဲ့ပါသည်။


"၀က်ဆိုက်ပေါ် ရောက်နေတဲ့ cyber abuses တွေကို ကြည့်ရင် လုံးဝမမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေချည်းပဲ။ လူငယ်တွေအနေနဲ့ ဒါကို သတိပြုဆင်ခြင်သင့်သလို ကိုယ့်ရဲ့ဝန်းကျင်မှာလည်း ဒါမျိုးမဖြစ်အောင် နေထိုင်သင့်တယ်"ဟု လူငယ်ရေးရာ ကျွမ်းကျင်သူတစ်ဦးက အကြံပြုပြောကြားခဲ့သည်။

weeklyeleven.comမှ ကူးယူဖော်ပြပါသည်။

Thursday, September 2, 2010

0 မရေမရာဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးများရဲ့ အနာဂတ်နဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ သုံးသပ်ချက်

0 တာချီလိတ် အာဏာပိုင် များ၏ မတရား လာဘ်စားမှု နှင့် နိုင့်ထက် စီးနင်း ပြုလုပ်မှုကို တိုင်ကြားခြင်း

0 သတင်းကြီးတဲ့ ရွှေမော်ဒယ်ရဲ့ သုံးစရိတ်


ခင်နှင်းလွင်၊ ရန်ကုန်
သြဂုတ် ၃၁၊ ၂၀၁၀
ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာ ဖြေကြားသွားတဲ့ တက်သစ်စမော်ဒယ် ရွှေစင်ရဲ့ ဈေးဝယ် အသုံးစရိတ်နဲ့ ပတ်သတ်ပြီး ပြည်တွင်းဂျာနယ်များရဲ့ အနုပညာ ကဏ္ဍမှာ မော်ဒယ်ရွှေစင်နဲ့ အင်တာဗျူးတွေ ဆက်တိုက် ပါရှိလာတာကို တွေ့ရပါတယ်။
အခုနောက်ပိုင်း ရုပ်ရှင်သရုပ်ဆောင်တွေ မော်ဒယ်တွေမှာ ဘယ်သူကဘယ်သူ့ စပွန်စာ ဆိုတဲ့ ပြိုင်ဆိုင်တဲ့ ရောဂါ ရှိနေပုံရတယ်။ ဘယ်သူ့စပွန်စာက ဘယ်လောက် ထောက်နိုင်တယ် ဆိုပြီး ပြိုင်ဆိုင် ရင်းနဲ့ သူတို့ရဲ့ တန်ဖိုးကိုလွဲမှားတဲ့ နည်းနဲ့ ဖော်ပြနေတာ မြန်မာမိန်းကလေး တွေအတွက် တော်တော် ကြောက်စရာ ကောင်းတဲ့ လမ်းမှား တစ်ခုပါ လို့ ကျောင်းဆရာမ အငြိမ်းစား တစ်ဦးက ပြောပြခဲ့ပါတယ်။
ဝိကလီး အလဲဗင်းဂျာနယ်မှာလည်း “မြန်မာနိုင်ငံမှာ မော်ဒယ်လ်တွေ၊ သရုပ်ဆောင်တွေ ၀င်ငွေကောင်းနေပြီလား ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ရေးသားဖေါ်ပြခဲ့ပါသေးတယ်။ အမည်နဲ့ တကွမရေးသားပေမယ့် မော်ဒယ် ရွှေစင်က ဆဲဗင်းဒေးစ် ဈေးဝယ်လမ်းညွှန် ဂျာနယ်ကို ဖြေကြားခဲ့တာကို ကိုးကားဖေါ်ပြထားတာ ဖြစ်ပါတယ်။
အဆိုပါ ဂျာနယ်မှာ မော်ဒယ် ရွှေစင်ကပြောထားတဲ့ စကားလုံး အတိအကျကတော့ `ဟန်းဖုန်းက LV, Limited Edition (အရေအတွက်ကန့်သတ် ထုတ်လုပ်ပြီး ငွေအလွန်ချမ်းသာသည့် လူ့ကုံထံများသာ ၀ယ်သုံးနိုင်သည့်ပစ္စည်း) ကျပ်သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိ မှာတော့ Branded တွေကို အကြိုက်များနေတယ်။ Branded တွေကိုပဲ set လိုက်ဝယ်သုံး ဖြစ်တယ်။ ဈေးဝယ်ထွက်တဲ့ အခါမှာလည်း ပြည်ပမှာ ၀ယ်ဖြစ်တယ်။ ဈေးတစ်ခါဝယ်ရင် ဒေါ်လာ ၉သောင်း နဲ့ တစ်သိန်းကြား (ကျပ်သိန်း ၉၀၀ မှ တထောင်) မှာသုံးဖြစ်ပါတယ်” လို့ ဖြေဆိုသွားခဲ့တာကြောင့် အခုလို မော်ဒယ်လောကရဲ့ ၀င်ငွေကို ပြည်သူများ အကြား စိတ်ဝင်စားစရာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းထုတ် ဆဲဗင်းဒေးဂျာနယ်တွင် ဖခင်ဖြစ်သူမှာ ရှေ့နေဖြစ်ပြီး အစ်ကို နှစ်ယောက်က ဘော်ဒါဆောင်နှင့် ကားအရောင်းအ၀ယ် အဓိက လုပ်ကြောင်း မိသားစုမှပင် ထောက်ပံ့ပေး နေတာဖြစ်ကြောင်း ပေါ်လွင်အောင် အင်တာဗျုးဖြေသွား တာကိုလည်း တွေ့ရပါတယ်။
အဖေနဲ့ အကိုတွေရဲ့ အလုပ်အကိုင် ၀င်ငွေလောက်နဲ့ သူပြောပြသွားတဲ့ အသုံးစရိတ်က တော်တော် ကွာတယ်။ နောက်သူကအခုမှ ကြော်ငြာလေးနဲနဲ ရိုက်ရသေးတယ်။ လေးလနဲ့ မန်နေဂျာထားတယ် ဆိုတာ ဘယ်လိုမှ ဒီဝင်ငွေလောက်နဲ့ မရနိုင်ဘူး။ မြန်မာနိုင်ငံမှာ မော်ဒယ်တွေရဲ့ ဈေးကွက်က ဒီလောက် မရနိုင်သေးပါဘူး လို့ ဒဂုံတက္ကသိုလ်မှ ကျောင်းသူ တစ်ဦးက ပြောပြခဲ့ပါတယ်။
မော်ဒယ်ရွှေစင်ကို နောက်ကွယ်မှ ထောက်ပံ့ပေးနေသူမှာ လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးကို စစ်အစိုးရနဲ့ ပေါင်းပြီးချူပ်ကိုင်ထားတဲ့ အဲပုဂံ လေကြောင်းလိုင်း ပိုင်ရှင် ဦးတေဇ ဖြစ်တယ်လို့ ပြည်တွင်းဂျာနယ် အယ်ဒီတာ တစ်ဦးက ပြောပြခဲ့ပါတယ်။
အခုခေတ် ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်တွေက အနုပညာတန်ဖိုး မြင့်တင်ဖို့ထက် အသုံးအဆောင် တန်ဖိုးမြင့်တင်ဖို့ကို ပိုအားစိုက်လာကြ သလိုပဲ။ ရိုးရိုးသားသား ပွင့်ပွင့် လင်းလင်း ပြောတယ် ဆိုရင်တောင် ကိုယ့်ကိုအားပေးတဲ့ ပြည်သူတွေကို အားနာသင့်တယ်။ တနေ့ ထမင်းနပ်မမှန်နိုင်တဲ့ လူတွေက မြန်မာနိုင်ငံမှာ အများကြီး ရှိနေတယ်လေ လို့ မြောက်ဒဂုံမှ အိမ်ရှင်မ တစ်ဦးက ပြောပြခဲ့ပါတယ်။

သတင်း။ ။ (မိုးမခ)

0 အနုပညာသမားများ … ပွေ့ဖက်ထား



၁.၉.၂၀၁၀ (ဗုဒ္ဓဟူး)နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပင်အိုရွက်နု ပန်းချီသင်တန်း အပြီး ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ အဓိပတိ ပန်းချီပြခန်းတွင် 3 Artist’s Show အမည်ဖြင့် ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီ ဦးမိုးသူ၊ ကဗျာဆရာ ပန်းချီ ကိုစောဝေနှင့် ကိုစောဝေ၏ သမီး Ewi တို့ ရေးဆွဲထားသည့် ပန်းချီလက်ရာ ကားချပ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ ပန်းချီဆရာ ဦးဝင်းကြည်၊ ပန်းချီဆရာ ဦးလှထွန်းအောင်တို့သည် 3 Artist’s Show ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ သွားရောက်အားပေး လေ့လာ ကြည့်ရှုကြသည်။

ကဗျာဆရာ ပန်းချီ ကိုစောဝေက တယောအဖွဲ့နှင့် တွဲဖက်ကာ “ပွေ့ဖက်ထား” ဟူသော ကဗျာအား ရွတ်ဖတ်ကာ အခမ်းအနားကို ကျင်းပခဲ့သည်။ ယင်း 3 Artist’s Show ပြပွဲတွင် အနုပညာရှင်များစွာ လာရောက်အားပေး ချီးမြှင့်ခဲ့သလို ဦးကျော်သူနှင့် မဆုံတွေ့ရသည်မှာ ကြာပြီဖြစ်သော စာရေးဆရာကြီး ပါရဂူ၊ ဒေါ်ခင်ဆွေဦး၊ ဦးမိုးသူနှင့် ပန်းချီဆရာ မြိတ်-၀င်းထိန် တို့ကိုလည်း နွေးထွေးစွာဖြင့် တွေ့ဆုံခဲ့ရသည်။

ယင်း ပန်းချီပြပွဲ အခမ်းအနားဖွင့်ပွဲတွင် တက်ရောက်လာသော အနုပညာသည်များအား အဓိပတိ ထမင်းဆိုင်မှ ထမင်းဟင်းလျာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးမှုအရသာသည် အဓိပတိ ပန်းချီ ပြခန်းသို့ လာရောက်ကြသော အနုပညာသည် အချင်းချင်း နွေးထွေးစွာ ပွေ့ဖက်ထားသော အရသာ နှင့် ထပ်တူထပ်မျှ ခံစားခဲ့ရပါသည်။

ပင်အိုရွက်နုသင်တန်း

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မျိုးဆက်သစ် ကလေးငယ်များအား ပန်းချီသင်တန်း ဖွင့်လှစ်သင်ကြားပေးပြီးသည့်နောက် မျိုးဆက်သစ် ကလေးငယ်များ၏ ပန်းချီပညာရပ်များဖြင့် မိဘမဲ့ HIV ကလေးငယ်များအတွက် ရန်ပုံငွေရှာဖွေပေးရန်အတွက် မျိုးဆက်သစ်ကလေးငယ်များအား မိမိတို့ စိတ်ကြိုက် ရေးချယ်လိုသည့် ပုံရိပ်လွှာများအား စိတ်ကြိုက်ရေးချက်တို့ဖြင့် ကုသိုလ်ဖြစ် ရေးဆွဲကြရန် မှာကြားပြီး ဖြစ်ပါသည်။ ယနေ့ ၁.၉.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များ၏ ရေဆေးပန်းချီ လက်ရာများကို နှစ်သက်ကျေနပ်အားရ အားကျမှုများ ဖြစ်ပေါ်လာသော လူလတ်ပိုင်း၊ လူကြီးပိုင်းတို့၏ တောင်းဆိုချက်ကြောင့် ပန်းချီသင်တန်း ၂/၂၀၁၀ ကို ထပ်မံဖွင့်လှစ်ခဲ့ပါသည်။

ယင်းသင်တန်းတွင် ပန်းချီဆရာကြီး ဦးဝင်းကြည်၊ ပန်းချီဆရာ ဦးလှထွန်းအောင်၊ ပန်းချီ ဆရာမ ဒေါ်နုနုတို့မှ မေတ္တာစေတနာဖြင့် လာရောက်သင်ကြားကြမည် ဖြစ်သည်။ ယနေ့ သင်တန်းတွင် ပန်းချီဆရာကြီး ဦးဝင်းကြည်၊ ပန်းချီဆရာ ဦးလှထွန်းအောင်တို့မှ ပန်းချီဆွဲခဲတံ အမျိုးအစားများ အကြောင်း၊ ခဲတံချွန်နည်း ပညာရပ်များအကြောင်း၊ လိုင်းရေးဆွဲနည်းများကို အသေးစိတ် သင်ကြားပြ သ သွားသည်။ ယင်းသင်တန်းအပြီးတွင် ပန်းချီဆရာ ဦးလှထွန်းအောင်တို့ အင်းစိန်အကျင်းထောင် တွင် ပန်းချီပညာရပ်ကို ၀ါသနာပါသော အကျင်းသားတို့အား သင်ကြားပြသနေသော သင်တန်း အတွက် လိုအပ်သော ပန်းချီပစ္စည်းများ ၀ယ်ယူရန် အလှူငွေ ၂၀၀၀၀၀/- ကျပ်ကို ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်တို့မှ လှူဒါန်းပေးအပ်ခဲ့ပါသည်။

ယခု သင်ကြားပို့ချလျှက်ရှိသော ပန်းချီသင်တန်းနှင့် ပတ်သက်၍ ဆရာမ ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)က “မိမိတို့အရွယ်သည် လူကြီးပိုင်းဖြစ်နေပြီ။ မိမိတို့တွင် အနုပညာနှင့် ပတ်သက်၍ နုပျိုဆဲ ဖြစ်နေကြောင်း … ဒါကြောင့် မိမိတို့အား ပင်အိုရွက်နုများ” ဟု ကွယ်လွန်သူ ပန်းချီဆရာ သန်းမြင့်အောင် ပြောကြားခဲ့သော စကားရပ်ကို သတိရမိကြောင်း ပြန်လည်အမှတ်ရ ပြောကြား ခဲ့သည်။

ထို့ကြောင့် ယခု လူကြီးပန်းချီ သင်တန်းအား “ပင်အိုရွက်နု” ပန်းချီသင်တန်းဟု တင်စားလိုက် ရပါသည်။


ကိုကျော်သူ

Wednesday, September 1, 2010

0 မောင်တစ်ထမ်း + မယ်တစ်ရွက် = ၂၉


၃၁.၈.၂၀၁၀ (အင်္ဂါ) နေ့ရက်သည် မြတ်ဗုဒ္ဓအလိုကျ ဗြဟ္မစိုရ်နှလုံးသားနှင့် လူမှုခရီး သွားနေကြသော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့၏ မင်္ဂလာခရီး (၂၉) နှစ်မြောက် အချိန်ကာလဖြစ်သည်။ ယင်းနေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအဟာရ စားသောက်ဆိုင်တွင် ၀န်ထမ်းများ၊ လုပ်အားပေး အသင်းသူ/ သားများ၊ ဖိတ်ကြားထားသော အနုပညာသမားများ၊ ဧည့်သည်တော်များ၊ အလှူရှင်များကို သီးစုံ ထောပတ်ထမင်း၊ ကြက်သားဟင်း၊ ရေခဲမုန့်၊ အချိုရည်တို့ဖြင့် ဧည့်ခံကျွေးမွေး ဒါနပြုလုပ်ခဲ့သည်။ အသင်းသူ/သားများမှလည်း တက်ညီလက်ညီဖြင့် ၀ိုင်းဝန်း ဧည့်ခံကြိုဆိုခြင်း၊ အစားအသောက်များကို တည်ခင်း ဧည့်ခံပေးခြင်း၊ ပန်းကန် ခွက်ယောက်များကို ဆေးကြောသန့်စင်ပေးခြင်း တို့ကို လူမှုရေး စိတ်ဓါတ် အပြည့်အ၀ဖြင့် ပံ့ပိုးကူညီပေးခဲ့ကြသည်။

ထိုအခမ်းအနားတွင် ဦးကျော်သူ၏ မိခင်ဖြစ်သူ ဒေါ်မြသန်းမှလည်း ဆုတောင်းမေတ္တာပို့ စကားပြောကြားကာ အလုပ်အမှုဆောင်အဖွဲ့၊ အသင်းသူ/သားများ၊ ပန်းချီဆရာများ၊ ဧည့်သည်တော် များထဲမှ တစ်ဦးချင်း မင်္ဂလာဆုတောင်း စကားများကိုပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်း များကို ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့အား ပေးအပ်ကြသည်။ ထို့ပြင် အလုပ်မအားလပ်၍ မလာနိုင်သော ကဗျာဆရာ ကိုစောဝေမှ ပန်းချီကားချပ်နှင့် “မောင်တစ်ထမ်း + မယ်တစ်ရွက် = ၂၉” ကဗျာအား အမှတ်တရ ရေးသားပေးပို့လိုက်ကာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှ ရွတ်ဆိုပေးခဲ့ ပါသည်။ ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်တို့မှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ရာတွင် ဦးကျော်သူမှ “ယခုကဲ့သို့ မိမိတို့၏ မင်္ဂလာ (၂၉) နှစ်မြောက်ကို ကြွရာက်အားပေး ချီးမြှင့်ခြင်းကို ကျေးဇူးအထူး တင်ရှိပါကြောင်း၊ မိမိတို့သည် ဤလူမှုရေးလုပ်ငန်းကို အများပြည်သူတို့ လှူဒါန်းငွေတို့ ဖြင့် ဒုက္ခရောက်နေသော အများပြည်သူတို့အား ပံ့ပိုးကူညီ ဖေးမပေးဆပ်ခြင်း ဖြစ်ပါကြောင်း။ မိမိမှာ ကိုယ်ပိုင်လုပ်ငန်း မလုပ်ရသည်မှာ (၃) နှစ်ရှိပြီ ဖြစ်ပါ၍ မိမိကိုယ်ပိုင်ဝင်ငွေ မရှိပါကြောင်း သို့သော် မိမိတို့ အလှူပွဲများ၊ ဧည့်ခံပွဲများ ယနေ့တိုင်ပြုလုပ် လှူဒါန်းနိုင်သည်မှာ ကျွန်တော်တို့၏ မိဘများ အားကိုးနှင့်သာ လှူဒါန်းနိုင်ခြင်းသာ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ (၂၉) နှစ်မြောက် အခမ်းအနားကိုလည်း ကျွန်တော်၏ မိဘနှစ်ပါးဖြစ်သော ဦးစိန်တင် + ဒေါ်မြသန်း တို့မှ မင်္ဂလာပွဲ လက်ဆောင်အဖြစ် ဂုဏ်ပြုချီးမြှင့်ငွေဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း” ပြောကြားသွားသည်။

နေ့လည် (၂း၀၀) နာရီ အချိန်တွင် ကွယ်လွန်သူ ဦးလှမြင့် အသက် (၈၁) နှစ်၏ နာရေး လမ်းကြောင်းကို ရန်ကုန်ဆေးရုံကြီး အအေးခန်းမှ ရေဝေးသုဿန်သို့ (၂၉) နှစ်မြောက် မင်္ဂလာ အထိမ်းအမှတ်အဖြစ် ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်တို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ နှင့်အတူ လိုက်လံပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ပါသည်။

ကိုကျော်သူ

Tuesday, August 31, 2010

0 သမိုင်းအမှားနဲ့ စစ်အာဏာရှင်ဒေါက်တိုင်အပေါ် ကျနော်အမြင်နဲ့ရပ်တည်ချက်


စစ်အာဏာရှင်က ဒေါက်တိုင်မျိုးစုံထားပြီး အာဏာဆုတ်ကိုင် ရပ်တည်နေတာဖြစ်တယ်...ဖိနှိပ်မှု-မတရားမှု-စစ်အာဏာရှင်စနစ် ပျောက်ဆုံးရေးအတွက် ဒေါက်တိုင်မှန်သမျှ ဆွဲလှဲရမယ့် တာဝန် နိုင်ငံသားတိုင်းမှာ ရှိတယ်။ တစ်ဦးတစ်ယောက်အတွက်မဟုတ် စနစ်တစ်ခုကို ဖြိုလှဲနေကြတာဖြစ်တဲ့အတွက် မူနဲရပ်တည်ပြောနေခြင်းလား၊ လူပေါ်လိုက်ပြီး ရပ်ခံပြောနေကြတာလား၊ လူခင်လို့ မူပြင်နေကြတာလား၊ အကြောင်းအရာက ဘာလဲ၊ သမိုင်းအမှား မျိုးဆက်သစ်ဆီ လက်ဆင့်မကမ်းဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ လုပ်နိုင်သလောက် လုပ်နေတာကို လက်မခံနိုင်တာ ဘာကြောင့်လဲ။

စစ်အာဏာရှင် ဖိနှိပ်သူတွေ့ရဲ အနိုင်ကျင့်ခံနေကြရတဲ့ နိုင်ငံသားတွေကြားမှာ အားနည်းချက်တွေ ရှိနိုင်ပါတယ်၊ အမှန်တရားနဲမူပေါ်မှာ ရပ်တည် နေကြသူတွေကို ... ဒေါက်တိုင်လုပ်နေတဲ့ သူဘက်ကရပ်တည်ပြီး ရှေ့နေလိုက်တာမျိုး၊ ရပ်ခံပြောနေတာမျိုး၊ စွန့်လွှတ်အနစ်နာခံပြီး တိုင်းပြည်နဲလူမျိုးအတွက် စစ်ကြောရေးစခန်းတွေမှာ - အကျဉ်းထောင်တွေမှာ - တောတွင်းနယ်စပ်တွေမှာ ရုန်းကန်နေကြတဲ့ တိုက်ပွဲဝင်ခဲကြတဲ့ သူတွေကို စော်ကားနေတာမျိုး ဖြစ်သင့်၏-မဖြစ်သင့်၏ စဉ်းစားနိုင်တဲ့ အသိဥာဏ်များ ပိုင်ဆိုင်နိုင်ဖို့ လိုအပ်တယ်။

လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသူတွေကို လွတ်လွတ်လပ်လပ် အင်တာနက်ပေါ်မှာ ရေးချင်တိုင်းရေးပြီး စော်ကားနေတာဖြစ်သင့်သလား၊ အဖိနှိပ်ခံနေရတဲ့ လူထုကဒေါသပေါက်ထွက်ပြီး စစ်အာဏာရှင်ဒေါက်တိုင်တွေကို ရတဲ့အချိန်မှာ ဒေါသမထိမ်းနိုင်ဘဲ လုပ်မိတာတွေ မရှိသင့်ဘူး၊ သို့သော်ရှိလာနိုင်ပါတယ်။ လူတွေမှာ ပြည်သူမျက်နှာကိုဘဲကြည့်ပြီး တိုက်ပွဲဝင်နေတဲ့သူတွေ ဘ၀ပျက်တဲ့အနေအထားရောက်နေချိန်မှာ... သမိုင်းကိုညာလို့ ညာမှန်းမသိလို့ လုပ်လိုက်တာပါဆိုပြီး ရှေနေလိုက်ပေးနေတာကို ၀မ်းနည်းစွာ တွေ့နေရတယ်၊ ကာယကံရှင် တစ်ခွန်းမှမပြောဘူး မီဒီယာတွေကလဲ မမေးကြဘူး၊ အိုးကမပူ စလောင်းကပူဆိုသလို ဖြစ်နေပြန်တယ်။

ဖိနှိပ်သူစစ်အာဏာရှင်စနစ် ဒေါက်တိုင်တွေ လုပ်ချင်တိုင်း လုပ်တာခံခဲရတဲ့ လူတွေဘက်မှာလဲ တွေးကြည့်ပါအုံး... မဖြစ်လို့ အမေရိကန်မှာ နေနေတာပါ၊ မလုပ်တတ်ဘူး၊ မလုပ်နိုင်ဘူး... ဒါပေမယ့် ပေါက်ကွဲနိုင်တာက ရပ်ကွက်ထဲ ရောက်လာတဲ့ အမည်ခံဒေါက်တိုင်ဘဲဖြစ်ဖြစ် ဒေါက်တိုင်စစ်စစ်ဘဲဖြစ်ဖြစ် ... အခွင့်အလမ်းရှိတုန်း လုပ်နိုင်တာလုပ်ပြီး နိုင်ငံတာဝန်ထမ်းဆောင်တယ်လို့ခံယူထားပြီး ဒေါက်တိုင်တွေ သမိုင်းအမှားလက်ဆင့်ကမ်းသူတွေကို ကန့်ကွက်ဆန္ဒပြတာလဲ လုပ်ပိုင်ခွင့် ရှိပါတယ်။

ဘယ်လောက်နစ်နာ သွားသလဲ၊ သမိုင်းလိမ့်ပေးတဲ့အတွက် (နအဖ)ဖိနှိပ်သူစစ်အာဏာရှင်တွေပေးတဲ့ မျက်နှာသာ အခွင့်အလမ်းတွေလဲရတယ်၊ နိုင်ငံတစ်ကာမှာ စစ်အစိုးရဖိနှိပ်လို့ထွက်ပြေးရောက်ရှိနေတဲ့သူတွေအိပ်ထဲက ပိုက်ဆံလဲလာနှိုက်ဖို့ ကြိုးပမ်းနေတာကို ရေငုံနူတ်ပိတ် လက်ပိုက်ကြည့်ဖို့ လောက်တော့ ကျနော်တို့ မရိုင်းနိုင်ဘူး၊ ကျနော်တို့ နှလုံးသားတွေ အဲဒီလောက် မမာဘူး၊ မူပေါ်မှာ ဆုံးဖြတ်ရပ်တည်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်၊ သမိုင်းနဲလူထုက တောင်းဆိုနေတဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်လာဖို့ စွမ်းဆောင်နေခြင်းဖြစ်တယ်။

တိုင်းပြည်တွင်းမှာ မလုပ်နိုင်တဲ့လူတွေ ပြည်သူတွေကိုယ်စားတော့ လုပ်နိုင်တာ လုပ်ကြတဲ့ ရဲမေ-ရဲဘော် ပြည်ပရောက် မြန်မာနိုင်ငံသားတိုင်း အမှန်တရားအတွက် တာဝန်ယူ ဆောင်ရွက်ခြင်းအတွက် ဂုတ်ယူပါတယ်၊ လေးစားမိတယ်၊ သမိုင်းအမှားကို လက်ဆင့်မကမ်းမိဖို့ - မိမိလုပ်ဆောင်နိုင်တဲ့ အခမ်းကပါဝင် တာဝန်ယူပြီး ဒေါက်တိုင်ပြိုလှဲရေး စွမ်းဆောင်ချက်ကို အသိအမှတ်ပြုတယ်။

အဖိနှိပ်ခံတွေအချင်းချင်း အမြင်ရှင်းဖို့လိုပါတယ်၊ ပြတ်ပြတ်သားသား ရပ်တည်ပြောဆိုရမှာကတော့ မူပေါ်မှာဖြစ်တယ်၊ လူပုဂ္ဂိုလ်ပြဿနာလို့ မမြင်မိကြဖို့ လိုပါတယ်၊ ကျနော်တို့ လုပ်ဆောင်ချက်ကြောင့် (နအဖ) ဖိနှိပ်သူစစ်အာဏာရှင်ဒေါက်တိုင်နဲ ၀န်းကျင်မှာရောက်ရှိနေတဲ့ ဒုက္ခအခက်အခဲဆိုတာ ပြည်သူလူထု နေစဉ်ကြုံတွေ့ရင်ဆိုင်ခံစားနေရတာနဲ နှိုင်းယှဉ်ရင် ကြယ်ငါးလုံးဟော်တယ်ပေါ်နေရတာနဲ ရေ-မီးမရှိလယ်တွင်းတဲထိုးနေရသလောက် ကွာခြားနေပါ သေးတယ်။

သိစေချင်တာကတော့ ရှေ့နေလိုက်နေသူများ မဖြစ်စေပါနဲ ကာယကံရှင်တွေဟာ အမိန့်ပေးခိုင်းစေတိုင်း မလုပ်မိကြဖို့ - လုပ်မိခဲ့တယ်ဆိုရင် တောင်းပန်ဖို့ - ဆက်လက် မလုပ်ကြဖို့ ပြောနေခြင်း သိစေခြင်း ဖြစ်တယ်။ တိရစ္ဆာန်တွေသာ တုတ်ပြပြီးခိုင်းတိုင်း လုပ်တာပါ။ လူအဖြစ်နဲရပ်တည်တဲ့လူ-သခင်စိတ်နဲ ရပ်တည်သူကတော့ ခိုင်းတိုင်းမလုပ်သလို့ အမှန်တရားအတွက်ဆိုရင် ဘ၀-အသက်ပင် ပေးရပေးရ ယုံကြည်ရာအတွက် ရဲရဲဝံ၀ံလုပ်ဆောင်နေမှာပါ။

ဒီအတွက် ကျွန်စိတ်ဖျောက်ပြီး - လူ့တိရစ္ဆာန်အဖြစ်က ရုန်းထွက်နိုင်ဖို့ တိုက်တွန်း ဖိတ်ခေါ်ခြင်းပါ။

ကျနော်၏အမြင် ရပ်တည်ချက်ကိုတော့ တင်ပြပြီးပါပြီ... သိပ်ပြီး နစ်နာနေတယ်ဆိုတဲ့ ဒေါက်တိုင်တွေ-အမည်ခံဒေါက်တိုင်တွေ-ဒေါက်တိုင်ရှေ့နေတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေး နိုင်ပါတယ်...အကယ်၍ ဒေါက်တိုင်အဖြစ်မှ ရုန်းထွက်ဖို့ နည်းလမ်းလိုလားတယ်ဆိုရင်..

လေးစားစွာဖြင့်

ညီညီအောင်

0 အကျဉ်းကျ ရွှေဝါရောင်ဆရာတော် အရှင်ဂမ္ဘီရ ထောင်ဝင်စာ အတွတ် မိသားစုသို့ အလှူငွေသွားရောက်ပေးပို့ ထားတဲ့မှတ်တမ်း




ပေးပို့သူ။ ။ ရွှေကျောင်းသား
အရှင်ဂမ္ဘီရ မှတ်တမ်းဓါတ်ပုံ (BP).

0 ငြိမ်းချမ်းမှုအတွက် ပျံသန်းခြင်း


“ငါနေထိုင်ရာဘ၀မှာ ကံကြမ္မာရဲ့ ပြောင်းလဲခြင်းနောက် xxx လိုက်ပါလွင့်မျှောရင်း ငါကိုယ်တိုင် ဖန်တီးဘ၀ xxx အရာထင်ခြင်းများလဲမရှိတော့ ငါကျရှုံးနေ … အတိတ်တွေခြောက်လှန့်နေ ညတွေ ရူးသွပ်နေဆဲလား xxx မနေ့က အတိုင်းပဲလား စိုးရွံ့ခြင်းများစွာနောက်နေ့ ”

အထက်ပါ သီချင်းစာသားကတော့ လူငယ် တေးရေး/တေးဆို- Japan ၏ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက် ကိုယ်တိုင်ရေးသား၍ သီဆိုပေးထားသော “နိဗ္ဗာန်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

“မင်းရဲ့ရှေ့မှာ သန်းပေါင်းများစွာ သွားလိုက်ကြ ဒီလမ်းမှာ xxx မင်းလည်းတစ်နေ့မှာ သန်းပေါင်းများစွာ ထဲကတစ်ယောက် ဖြစ်ဦးမှာ”

အထက်ပါ သီချင်းသည်လည်း လူငယ်များဖြစ်ကြသော တေးရေး - ဖိုးလ၊ တေးဆို - Alta တို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ရေးသား သီဆိုပေးထားသော “ခေါင်းလောင်းသံ” အမည်ရှိ တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများကို အများပြည်သူတို့မှ လက်ခံယုံကြည်ကြ သလို အနုပညာလောကအတွင်းမှ စာပေ၊ ပန်းချီ၊ ဂီတ အဖွဲ့ဝင်များကပါ တစ်ထောင့်တစ်နေရာမှ ပါဝင် လှုပ်ရှားမှုများ ပြုလုပ်နေကြပြီ ဖြစ်ပါသည်။ အထူးအားဖြင့် ဂီတလောကမှ ဂီတပညာရှင်ကြီးများ ဖြစ်ကြသော ကိုစိုးပိုင်၊ မေခလာ၊ ကိုနေ၀င်း၊ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ စိုးသိင်္ခ တို့သည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် အတူလက်တွဲ၍ အများပြည်သူအတွက် လူမှုရေးလုပ်ငန်းများကို အထောက်အကူပြု တေးဂီတ သီချင်းများကို မေတ္တာစေတနာဖြင့် ပါဝင်လှုပ်ရှား ဒါနပြု ပေးဆပ်ကြ သလို လူငယ် ဂီတပညာရှင်များမှလည်း စိတ်ဝင်တစား တတပ်တအားဖြင့် အတူလက်တွဲ၍ ကျွန်တော် တို့ ရည်မှန်းထားသော ငြိမ်းချမ်းရေး ပန်းတိုင်သို့ အတူပျံသန်းကြသည်မှာ ကမ္ဘာမြေကြီးအတွက် လူမျိုးအတွက် တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သော အဖြူထည် ပေးဆပ်မှုပင် ဖြစ်တော့သည်။

ဂီတပညာရှင်တို့သည် လူလူချင်း စာနာစိတ်၊ မေတ္တာစိတ်၊ ဂရုဏစိတ်၊ မုဒိတာစိတ်များ ရှိကြသော ငြိမ်းချမ်းရေးသမားများ ဖြစ်ကြသည်။ ထိုငြိမ်းချမ်းရေး ဂီတပညာရှင်များနှင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ပေးဆပ်ရန် အတူလက်တွဲ ပျံသန်းနေကြပြီ ဖြစ်သည်။




ကိုကျော်သူ

0 တရုတ်နိုင်ငံက စစ်သင်္ဘော ၂ စင်း ရန်ကုန်ဆိပ်ကမ်းသို့ဆိုက်ရောက်






ဓာတ်ပုံ။ ။ ဆင်ဟွာ

မြန်မာနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတွေ တိုးမြှင့်တဲ့ အနေနဲ့ တရုတ်နိုင်ငံက စစ်သင်္ဘော ၂ စင်း ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ရောက်လာပါတယ်။

တရုတ်စစ်တပ် အမှတ် ၅ စောင့်ရှောက်ရေးတပ်က ဖျက်သင်္ဘောတွေ ဖြစ်ကြတဲ့ ဂွမ်ဂျိုး (Guanhzhou) နဲ့ ချောင်ဟူ (Caohu) တို့ မနေ့မွန်းလွဲပိုင်းကပဲ ရန်ကုန် သီလ၀ါဆိပ်ကမ်းကို ရောက်ရှိလာတဲ့အကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။

၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အခုလို ရောက်လာတဲ့ ၅ ရက်ကြာ ခရီးစဉ်ဟာ ၂ နိုင်ငံကြား စစ်တပ်နဲ့ ရေတပ်တို့အကြား ချစ်ကြည်ရင်းနှီးမှုတွေကို တိုးမြှင့်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

တရုတ်စစ်သင်္ဘောတွေ ဆိုက်ရောက်လာတာကိုတော့ မိုးထဲရေထဲမှာပဲ မြန်မာရေတပ် ဆိပ်ကမ်းတာဝန်ရှိသူ ဗိုလ်မှူး ဟန်စိန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ye Dabo အပါအ၀င် တာဝန်ရှိသူတွေနဲ့အတူ တရုတ်၊ မြန်မာ ဒေသခံ ၂၀၀ လောက် တက်ရောက် ကြိုဆိုခဲ့ကြကြောင်း သတင်းက ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ အဓိက စီးပွားကုန်သွယ်ဘက် နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တိုးတက်မှုတွေ မရှိလို့ နိုင်ငံတကာက ဝေဖန်ခံနေရတဲ့ စစ်အစိုးရကို ကျောထောက်နောက်ခံ ပေးနေတဲ့ နိုင်ငံတခုအဖြစ်နဲ့လည်း အများက ရှုမြင်ထားကြတာပါ။

၂ နိုင်ငံကြား ဆက်ဆံရေးတွေ တိုးမြှင့်နေတဲ့ အထဲက အခုလို စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုတွေသာမက နိုင်ငံရေးအရ ဆက်ဆံမှုအဖြစ် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင် (Wen Jiabao) ဇွန်လထဲတုန်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ရန်ကုန် သီလ၀ါဆိပ်ကမ်းကို မလာခင် တရုတ်စစ်သင်္ဘောတွေဟာ အီဂျစ်၊ အီတလီနဲ့ ဂရိနိုင်ငံတွေကို သွားရောက်ခဲ့ကြောင်းလည်း ဆင်ဟွာသတင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

(voa)

0 ပြည်တွင်းရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေးအတွက်လက်စွဲစာအုပ်

Handbook on Election Monitor_Burmese_in PDF

0 တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား

ဒီနေ့ကျွန်တော် တို့မြန်မာနိုင်ငံသား တွေ ငါတို့ တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ဆိုတဲ့ အရိုးရှင်းဆုံး မေးခွန်းလေးကို ကို ကိုယ်ဟာကိုယ်ဘဲ ပြန်မေးစေချင်ပါတယ် ။ ပြည်သူလူထုသာ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ဒီနေ့ချိန်ခါဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အပြောင်းအလဲ တစ်ခု ဖြစ်နိုင်တဲ့ အနေအထားပါ ။ အာဏာရှင် စနစ်ဆိုးရဲ့ ယုတ်မာပက်စက်တဲ့ အကြံဆိုးနဲ့ တိုင်းပြည်ကို အမျိုးမျိး ဖျက်စီးနေကြတယ် ဆိုတာ အားလုံးလည်း သိနေကြတာပါဘဲ ။ ပြည်သူလူထု တရပ်လုံးက မကြေနပ်ဘူးဆိုတာ လည်း သိပြီးသားပါ ။

အချို့လူတွေကြတော့လည်း နှစ်ပေါင်းများစွာ ကိုယ်ကြိုးစွှန့် အနစ်နာခံခဲ့သူတွေကို ပြစ်တင်ပြောဆို လာကြတယ် ။ ဒါဟာ မတရားဘူး လို့ကျွန်တော်ယူဆတယ် ၊ သူတို့တွေ လမ်းပြခဲ့ကြတယ် ၊ ရှေ့ဆုံးက ဦးဆောင် ချီတက်ခဲ့ကြတယ် ။ ကျေးဇူးတရားကို မမေ့ကြပါနဲ့ ။ နိုင်ရာတာဝန်တောင် မထမ်းချင်ကြတဲ့ ပြည်သူလူထု အနေနဲ့လည်း တာဝန်ရှိတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါပေမယ့် အာဏာရှင်စနစ်ရဲ့ မကောင်းကြောင်းကို ပါးစပ်ဖျားက ညီးညူ ၊ အချင်းချင်းဆုံရင် ရင်ဖွင့်ပြ နေကြရုံနဲ့တော့ ဘယ်တော့မှ ဒီစနစ်ဆိုးရဲ့ အောက်က လွတ်မြောက်လာမှာ မဟုတ်ပါဘူးဆိုတာ မြဲမြဲ မှတ်ထားပါ ။တိုင်းပြည်ကို တကယ်ချစ်ကြတယ်ဆိုရင် ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ကြရမည့် တာဝန်တွေ အများကြီး ရှိပါတယ် ။ တိုင်းပြည်ကို တကယ်ချစ်တယ် ၊ တိုင်းပြည်အတွက် နိုင်ရာ တာဝန် ထမ်းချင်ကြတယ် ဆိုတဲ့လူတွေ များလာရင် အာဏာရှင်စနစ်ဆိုးအောက်ကနေ မကြာခင်ရုန်းထွက်နိုင်တယ်ဆိုတာ ပြည်သူလူထု အနေနဲ့ စွဲမြဲစွာ ယုံကြည်စေချင်တယ် ။

အဲဒီတော့ ဘယ်လိုတာဝန်တွေ ယူကြရမလဲဆိုတာ ပြည်သူလူထု အနေနဲ့ မေးစရာ ရှိလာတယ် ။
အဲ့ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ငါတို့ဘယ်လို တာဝန်မျိုးထိ ယူနိုင်ကြလဲ ။ ငါတို့ ဘယ်လို တာဝန်မျိုးနဲ့ သင့်တော်လည်း သေချာ စဉ်းစားကြည့်စေချင်တယ် ။ အချို့ အာဏာရှင်တွေကို ဆန့်ကျင်တဲ့ နေရာမှာ အရမ်းစိတ်အား ထက်သန်ကြတယ် ။ အဲဒီလို လူမျိုးတွေက လမ်းပေါ်ကို ချီတက်ဆန္ဒပြကြဖို့တောင် ၀န်မလေးပါဘူး ။ အမှန်တရား အတွက် တိုက်ပွဲဝင်ဖို့ အတွက် အမြဲအသင့်ရှိနေတဲ့သူတွေ ။ သူတို့ကိုတော့ ပြည်တွင်း တက်ကြွ အင်အားစု လို့ သတ်မှတ်ထားကြရမှာပါ ။ပြည်တွင်းတက်ကြွ အင်အားစုလို ကိုယ်တိုင်စိတ်အား ထက်သန်ပေမယ့် မြန်မာပြည်တွင်းမှာ မဟုတ်တဲ့ အတွက် ပြည်သူလူထုအနဲ့ အတူ ဆန္ဒပြခွင့် မရကြပေမယ့် အခါအခွင့်သင့်တိုင်း နိုင်ငံတကာမှာ လက်ရှိအာဏာ ရှင်စနစ်ဆိုးရဲ့ ဆိုးရွားယုတ်မာမှုကို ထုတ်ဖော် ဆန္ဒပြကြသလို့ တဖက်ကလည်း ပြည်တွင်းအင်အားစု လိုအပ်ချက်တွေကို ကူညီထောက်ပံ့နေတဲ့သူတွေကို ပြည်ပ တက်ကြွ အင်အားစု အဖြစ် သတ်မှတ်ထားကြရမှာပါ ။

အချို့ကကြတော့ စိတ်အားထက်သန်ကြပါတယ် ။ ဒါပေမယ့် ငဲ့ကွက် စရာ အကြောင်းတွေ ရှိတာကြောင့် တက်ကြွအင်အားစုလို ရှေ့တန်းက မလုပ်ပြကြပေမယ့် ကူညီထောက်ပံ့ပေးဖို့ ၀န် မလေး ကြသူတွေ ။ အချို့ကတော့ ကိုယ်တိုင်လည်း လမ်းပေါ်ထွက် ဆန္ဒပြရဲလောက်အောင် အားမသန် ၊ ကူညီထောက်ပံ့ပေးဖို့ကလည်း မတတ်နိုင် တဲ့လူတွေက သတင်းဖြန့်ဖြူးပေး နိုင်ပါတယ် ။အထက်ဖော်ပြပါ လူအုပ်စု သုံးခုကို များများချီးကြူး ပြောဆိုပေးလို့ရသလို အာဏာရှင်စနစ်ရဲ့ ဆိုးရွားယုတ်မာပုံတွေကို အခါအခွင့်သင့်တိုင်း ပြည်သူလူထု ပိုမိုသိရှိနားလည် လာအောင် ပြောဆိုပေးလို့ရပါတယ် ။ အဲဒီ အုပ်စုလေးခု ထဲမှာ ကိုယ်က ဘယ်လို အုပ်စုမျိုးထဲကလူလဲ အရင် ပြန်စမ်းစစ်ကြည့်သင့်ပါတယ် ။ အဲဒီအုပ်စု လေးခုထဲ က တာဝန်မျိုးတွေကို တစ်ခုမှ မယူနိုင်ဘူးဆိုရင်တော့ ငါဟာ အခုချိန် တိုင်းပြည်ကို တကယ်ချစ်တဲ့သူ မဟုတ်ဘူးလို့သာ မှတ်ချက်ချပြီး ကိုယ့်ဟာကို ပြင်နိုင်အောင် အမြန်ဆုံး ကြိုးစားကြပါ လို့ ပထမဦးစွာ တိုက်တွန်းပြောကြားလိုပါတယ်။

တိုင်းပြည်ကို တိုးတက်ထွန်းကားစေချင်သူတွေ ရှိသလို အာဏာရှင်ဝါဒ ဆက်လက်တည်မြဲအောင် ထောက်ပံ့ပေးမယ့်သူတွေလည်း အများကြီးရှိတာပါဘဲ။ ဘယ်လိုလူမျိုးတွေလည်း ဆိုတော့ ........ လက်ရှိမှာ ရာထူးကောင်းကောင်း ရပြီး ဒီစနစ်ကြီးကို ခိုင်မြဲအောင် ကြိုးစားနေကြနေကြတဲ့ အာဏာရှင်လူတစ်စု လက်ရှိအာဏာရှင် တွေနဲ့ပူးပေါင်းကြံစည် ပြီး ကြီးပွားချမ်းသာနေကြတဲ့ လူတွေ နဲ့ ကြီးပွားချမ်းသာ ဖို့ ခွင်ဖန်နေကြတဲ့လူတွေ ပြည်ပမှာ ဒီမိုကရေစီ ကို အကြောင်းပြ ပြည်တွင်းလုပ်ရှားမှုကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာက ထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေ မှန်သမျှကို သူတို့ကိုယ်ကြိုးအတွက် အသုံးချနေကြတဲ့သူတွေ ။
အာဏာရှင်တွေ ပေးကမ်းထောက်ပံ့ကြေး ယူ ၊ ၀မ်းစာအတွက် အခက်အခဲကို အလွယ်တကူ ဖြေရှင်းလို့ ရသမျှ အာဏာရှင်တွေ ကြိုးဆွဲရာ ကကြမယ့် ကြံဖွတ်တို့ စွမ်းအားရှင်တို့လို လူတစ်စု ။ သူတို့တတွေက လည်း အာဏာရှင်စနစ်ဆိုး တည်မြဲစေရေး အတွက် အစွမ်းကုန် ကြိုးစားကြ ပါလိမ့်မယ်။

အဲဒီ အုပ်စု နှစ်ခု ကြားထဲမှာ ကြားနေ၀ါဒလို့ ကိုယ့်ဟာကို ကြွေးကြော်ပြီး ကိုယ်တိုင်ဒုက္ခ မခံစားရသေးသရွှေ့ နေသာသလို နေမယ်ဆိုတဲ့ ပြည်သူလူထုက လည်း ရှိပါသေးတယ် ။ သူတို့တွေလက်သုံးစကားကတော့ ကိုယ်လုပ်မှ ကိုယ်စားရမှာ ၊ နိုင်ငံရေး ကိုဝေးဝေးရှောင်တာ အန္တရယ်ကင်းတယ်ဆိုတဲ့ အတွေးခေါ်ကို သိမ်းပိုက်ထားကြပါတယ် ။ အာဏာရှင်စနစ်ဆိုးကို မဆန့်ကျင်ဘဲ နေတာဟာ သွယ်ဝိုက်သော အားဖြင့် ထောက်ခံအားပေးနေတယ်ဆိုတာ ကို သူတို့တွေ မသိရှိကြပါဘူး ။ အစိုးရ၀န်ထမ်း တွေနဲ့ တပ်မတော်သားတွေ ဆိုတာက အာဏာရှင်ယန္တရားကို လှည့်ပတ်မောင်းနှင်ပေးနေကြတဲ့သူတွေပါ ။ အထက်အမိန့်ဆိုတာ ကို မလွန်ဆန်နိုင်လို့ သာ သည်းခံနေကြရတာပါ ။ သူတို့တွေရဲ့ ဘ၀ဟာ လည်း ပြည်သူလူထုနဲ့ ထူးမခြားနားပါဘဲ ။

အခုလို နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးဝါးယုတ်မာမှု မှန်သမျှကို ရင်စည်းခံနေကြရတာဟာ တိုင်းပြည်ကို တကယ်ချစ်တဲ့လူ အရေအတွက် ထက် ကြားနေ၀ါဒနဲ့ အာဏာရှင်စနစ်ဆိုးကို ဆက်လက်တည်မြဲစေချင်တဲ့ လူအရေအတွက် များနေလို့ပါ ။ အဲဒီတော့ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ကျွန်တော် ပြောခဲ့တိုင်းပြည်ချစ်တဲ့ အုပ်စု လေးခုထဲမှာ ပါဝင်နိုင်အောင် အရင်ကြိုးစားကြည့်ပါ ။ နေရာတကာ ငါသာလျှင် ပဓါန ၊ ငါသာလျှင် အဓိက ၊ ငါ သိ တယ် ငါ တတ်တယ် ဆိုတဲ့ စကားတွေကို လှိုင်လှိုင်သုံး ၊ကိုယ်ကျိုးအတ္တတွေကို ရှေ့တန်းတင် ပြီး ကိုယ့် အမှားကို ဖုံးကွယ်ထားကြတယ် ။ အမှားတွေ အများကြီးလုပ်ခဲ့ကြတယ် ဆိုတာလည်း အားလုံးအသိပါဘဲ အချိ့ကြတော့လည်း မှားနေတာ သိတယ် ။ သိနေလျှက်နဲ့ မပြင်ခဲ့ကြဘူး ။ ပြင်ရမှာ တွန့်ဆုတ်နေကြတယ် ၀န်လေးနေကြတယ် ။ ငါဆိုတဲ့ အတ္တကိုရှေ့တန်း တင် ၊ ဦးထိပ်ထား ခဲ့ကြလို့ စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေးကို မဖော်ဆောင်နိုင်ခဲ့ကြဘူး။
လုပ်ရှားသူတွေ ကြားမှာ လုပ်စားနေသူတွေက များလာတော့ ဒီအဆင့်ကကို မတတ်နိုင်ကြဘူး ။ အပွင့်လင်းဆုံး ပြောပြမယ် နိုင်ငံရေးကို ဗန်းပြ လုပ်စားနေသူတွေ နဲ့ နိုင်ရာတာဝန် မထမ်းနိုင်တဲ့ ပြည်သူလူထုကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးဟာ များစွာ နှောင့်နှေးခဲ့ကြရတယ်။

လူတိုင်းဟာ အမှားမကင်းကြပါဘူး ။ ဒါပေမယ့် မှားနေတယ်ဆိုတာကို သိရင် ပြင်ရဲကြရမယ် ။ ကျွန်တော်ဆိုလိုတာကို နိုင်ငံရေးပညာရှင်များ အနေနဲ့ သိရှိပြီးသားပါ... အဲဒီ အုပ်စု လေးခု ဟန်ချက် ညီညီ လုပ်ရှားနိုင်ရင် ကျိန်းသေပေါက် အာဏာရှင်စနစ်ဆိုး အောက်က လွတ်မြောက်လာပါလိမ့်မယ် ။ အရင်က မှားခဲ့တာတွေကို ပြင်ပြီး အခုချိန်မှာ စစ်မှန်တဲ့ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးကြပါလို့ မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေး ကြိုးပမ်းသူများ အာလုံးကို လေးစားစွာ တိုက်တွန်းပြောဆိုချင်ပါတယ် ။

ကြားနေ၀ါဒ ကျင့်သုံးနေကြတဲ့ ပြည်သူလူထုကို နိုင်ငံအရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်ပါတယ် ။ ယခုလိုကြားနေ၀ါဒ ကို ကျင့်သုံးတယ်ဆိုတာ အာဏာရှင်စနစ်ကို ထောက်ခံနေတယ်ဆိုတာ သူတို့သိအောင် ကျွန်ူပ်တို့ အမြန်ဆုံးကြိုးစား ပြောဆို လမ်းပြမှ ဖြစ်မယ် ။ အမှန်တရားကို သူတို့တွေ သိရှိနားလည်လာရင် တိုင်းပြည်ချစ်တဲ့ အုပ်စုတွေထဲ ပါလာကြလိမ့်မယ်။ နိုင်ငံရေးကို ဗန်းပြ လုပ်ကိုင်စားနေကြတဲ့ သူတွေကိုလည်း အသိတရားရအောင် စည်းရုံးပြောဆိုကြပေါ့ ။ အာဏာရှင် လက်ကိုင်ဒုတ်အဖြစ်အသုံးချနေတဲ့ ကြံ့ဖွတ်တို့ စွမ်းအာရှင်တို့ဆိုတာ က ပြည်သူလူထု ညီညွှတ်မှုကို မြင်တာနဲ့ သူတို့ ဘာလုပ်ရမယ်ဆိုတာ အလိုလို နားလည်လာကြလိမ့်မယ် ။ အဓိက က ပြည်သူလူထု အနေနဲ့ တိုင်းပြည်ချစ်စိတ်ကို လက်တွေ့ကျင့်သုံးပြီး စည်းလုံးညီညွှတ်မှု ကို အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

နေရာတိုင်းမှာ အကောင်းနဲ့ အဆိုးဒွန်တွဲနေတာပါဘဲ ။ နိုင်ငံရေး လုပ်ရှားသူတွေ ကြားမှာ လုပ်စားနေသူတွေ ရှိတာ ကျွန်တော် မငြင်းပါဘူး ။ အဲဒီလိုဘဲ အာဏာရှင်စနစ် ကို လက်ခံကျင့်သုံးနေတဲ့ လူတွေ ကြားမှာလည်း အမှန်တရားကို ချစ်မြတ်နိုးသူတွေ ရှိပါသေးတယ် ။ အဲဒီတော့ တကယ်တိုင်းပြည် ကောင်းကျိုးအတွက် လုပ်ရှားနေသူ တွေရဲ့ မျက်နှာကို ဘဲ ကြည့်ကြပါ ။ လုပ်စားနေသူ အနည်းငယ်ရှိတာ နဲ့ မယုံကြည် ကြဘူုးဆိုရင် ဘ၀ တစ်လျှောက် လုံး ဒီလို စနစ်ဆိုးကြီးရဲ့ အောက်က ရုန်းထွက် လွတ်မြောက်ကြဖို့ လမ်းမမြင်ဘူး ဖြစ်သွားကြလိမ့်မယ်။

ဒီနေ့ နိုင်ငံတကာ က ဘယ်လောက် ဘဲ ဖိအားပေးပေး ပြည်သူလူထုက ငြိမ်ပြနေရင်တော့ ကျွန်တော်တို့ တာဝန်မကျေရာ ရောက်ကြလိမ့်မယ်။ အခါအခွင့်သင့်တာနဲ့ တပြိုင်နက်ထဲ ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ ပြည်သူလူနဲ့ ပူးပေါင်းချင်ကြတဲ့ ၀န်ထမ်းတွေနဲ့ တပ်မတော်သားတွေ လည်း အများကြီးပါ ။ ကျွန်တော်မြန်မာနိုင်ငံ ပြည်သူလူထု အနေနဲ့ တိုင်းပြည်ကို တကယ်ချစ်ကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ် ။
အဲဒီလို ချစ်တဲ့ နေရာမှာ လက်တွေ့ ကြကြ ချစ်ပြနိုင်ဖို့ အတွက် ကိုယ်နိုင်ရာ တာဝန်ကို ထမ်းဆောင်ပေး ကြပါလို့ အလေးအနက် ထပ်မံ တိုက်တွန်းပြောကြား လိုပါတယ် ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး ကြိုးပမ်းနေကြသူများ အားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက တိုင်းပြည်ကို လက်တွေ့ကျကျ ချစ်ပြကြကာ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ
ချီတက်ကြပါစို့ .............................

ခင်မင်လေးစားလျှက်

ဗမာ့သွေး

0 နအဖ စစ်အာဏာပိုင်များပြောင်းလဲမှု စာရင်းနှင့် ရာထူးများ (လျှို့ဝှက်)

Sunday, August 29, 2010

0 ဂျပန်ရှိ မြန်မာသံရုံးမှ ဆန္ဒမဲပေးခြင်းလျှောက်လွှာများကို လူရွေး၍ပေးပို့နေ

မကြာမှီအချိန်တွင် ကျင်းပရန်ပြင်ဆင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ပသို့ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအား ဆန္ဒမဲပေးခြင်းဆိုင်ရာ လျှောက်လွှာများကို ဂျပန်နိုင်ငံရှိ မြန်မာစစ်အခွန်ရုံးမှ လူရွေး၍ တိတ်တဆိတ်ပေးပို့နေကြောင်းသိရှိရသည်။

လျှောက်လွှာစာရွက်များကို သံအမတ်ကြီးကိုယ်စား ပထမအတွင်းဝန် ကောင်စံလွင် လက်မှတ်ဖြင့် သြဂုတ်လ ၂၀ ရက် နေ့စွဲတပ်၍ ဂျပန်ရောက် မြန်မာနိုင်ငံသားတချို့ကို ဖြန့်ဝေပေးနေခြင်းဖြစ်ပြီး၊ ၎င်းလျှောက်လွှာထဲတွင် မဲဆန္ဒပေးလိုသူ၏ ကိုယ်ရေးအချက်အလက်များကို အတိအကျ ဖြည့်စွက်ရေးသား၍ နိုဝင်ဘာ (၁)နေ့အရောက် စာတိုက်မှတဆင့် တိုကျိုမြို့ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံး(စစ်အခွန်ရုံး)သို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံထားသည်။

နအဖစစ်တပ်မှ ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နည်းဥပဒေ ၅၆(က)နှင့် ၅၇(က)မူအရ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများတွင် မဲဆန္ဒများပေးနိုင်ရန်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ ဂျပန်သို့ရောက်ရှိနေကြသည့်မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့်ပတ်သက်သည့် ဖြည့်သွင်းရန်ပုံစံများပေးပို့ခြင်းဟုဆိုသော်လည်း လူတိုင်းကိုပေးပို့ခြင်းမရှိပေ။

လျှောက်လွှာစာရွက်ရရှိသူ ရှီဇူအိုအာမြို့ရှိ မြန်မာနိုင်ငံသားတစ်ဦးက “ကျနော်နဲ့အတူ ဒီကို(ဂျပန်နိုင်ငံသို့)ရောက်လာတဲ့ ကျနော့်သူငယ်ချင်းဆီကိုတော့ မရောက်သေးဘူးလို့သိရတယ်။ အခုအချိန်အထိ(သြဂုတ်လ ၂၉)ရက်နေ့အထိ မရောက်သေးဘူးဆိုရင် မရောက်ဖို့ရာခိုင်နှုန်းက သေချာနေပြီလေ။ သူ့ဆီမရောက်ပဲ ကျနော်ဆီရောက်လာတော့ ဇဝေဇ၀ါတော့ဖြစ်နေတယ်။ မဲပေးဖို့အတွက် ကိုယ်ရေးအချက်တောင်းတာဆိုတော့ ပေးလည်းမပေးချင်ဘူး။ မပေးပဲနေရင် ဘာဖြစ်နိုင်မလဲဆိုတာကိုလည်းမသိတော့ လောလောဆယ်ဘာလုပ်ရမှန်းမသိဘူးလေ။ နောက်ပြီး နိုဝင်ဘာ ၁ ရက်နေ့အရောက် စာတိုက်ကနေပေးပို့ရမှာဆိုတော့ အခုနေပေးပို့ရင်တောင် မီပါ့မလားပဲ…”ဟု ဆိုသည်။

လက်ရှိအချိန်ကာလအထိ ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသား ၇,၇၈၉ ဦး နေထိုင်လျက်ရှိပြီး ဆန္ဒမဲပေးပိုင့်ခွင့်ရှိသူ အသက် ၁၈ နှစ်ကျော်သူပေါင်း ၆,၀၀၀ ကျော်ရှိသည်။

သတင်း။ ။ (မိုးသောက်ကြယ်)

0 သူ့အလိုလိုပျောက်ကွယ်သွားတဲ့စစ်အာဏာရှင်စနစ်ဆိုတာမရှိပါ-
ရေးသူ-(ရဲဘော်ဖိုးသံချောင်း)

KP100828%2Epdf

0 ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှု

အရပ်သားတွေအပေါ် ဗမာစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ ကော်မရှင်က စုံစမ်းအရေးယူဖို့ အမေရိကန်အစိုးရက သဘောတူတယ်ဆိုတဲ့သတင်း လွန်ခဲ့တဲ့ အပတ်က ထွက်လာခဲ့ပါတယ်။ ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူသင့်တာ ကြာပါပြီ။ ဒါပေမဲ့ သဘောထားအမျိုးမျိုး ဖြစ်နေတဲ့အတွက် ကြန့်ကြာနေရပါတယ်။ ဗမာစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးပြီး ဗမာအစိုးရကို လက်နက်မရောင်းဖို့ နိုင်ငံပေါင်း (၂၉) နိုင်ငံက လွှတ်တော်အမတ် (၄၄၂) ဦး ကိုယ်စားလှယ် ဂျပန်လွှတ်တော်အမတ် (၂) ဦးက ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်း ဆီကို စာရေးတင်ပြခဲ့ကြပါတယ်။

ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ က စုံစမ်းပြီးအရေးယူဖို့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တာနား () က လွန်ခဲ့တဲ့ မတ်လ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (သို့မဟုတ်) အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက စစ်ဆေးနိုင်တဲ့ စစ်ရာဇဝတ်မှုလည်း ဖြစ်နိုင်တယ်လို့ ကင်တာနား အစီရင်ခံစာအပိုဒ် (၁၂၁) မှာ ဖော်ပြထားပါတယ်။ အရပ်သားအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံရေးပါတီကြီး (၂) ခုက ဆီးနိတ်လွှတ်တော်အမတ် (၃၃) ဦးကလည်း ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကော်မရှင် ဖွဲ့သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဆီကို ဇူလိုင်လက စာရေးတိုက်တွန်းခဲ့ပါတယ်။ ကုလသမဂ္ဂ က အရေးယူတဲ့နည်းတွေထဲမှာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ အရေးယူတာများပါတယ်။ လုံခြုံရေးကောင်စီ က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို တာဝန်လွှဲပေးတဲ့နည်း ရှိပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံက ကျွမ်းကျင်သူများအဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်လို့ ကမ္ဘောဒီးယား (Cambodia) နိုင်ငံမှာ ခမာနီတွေကို ခုံရုံးတင် စစ်ဆေးအပြစ်ပေးနိုင်တဲ့နည်းလည်း ရှိပါတယ်။ နောက်တော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးတာဖြစ်လို့ စုံစမ်းအရေးယူနည်း (၃) မျိုး ရှိတယ်လို့ ပြောနိုင်ပါတယ်။

ဗမာစစ်အစိုးရကို အရေးယူမယ်ဆိုရင် ဆူဒန် (Sudan) အစိုးရကို အရေးယူသလို ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို တာဝန်ပေးဖို့ များတယ်လို့ သုံးသပ်ကြပါတယ်။ ဆူဒန်အစိုးရ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လုံခြုံရေးကောင်စီက ICC ရာဇဝတ်ခုံရုံးကို ၂၀၀၅ မတ်လမှာ အကြောင်းကြားလိုက်ပြီး (၄) နှစ်ကြာတဲ့အခါ ၂၀၀၉ မတ်လမှာ ဆူဒန်သမ္မတ Omar Hassan al Bashir ကို ဖမ်းဖို့ ဝရမ်းထုတ်နိုင်ပါတယ်။ ဒါကြောင့် Omar Bashir ဟာ ICC ရာဇဝတ်ခုံရုံးကို အသိအမှတ်ပြုထားတဲ့ နိုင်ငံတရာကျော်ကို ခရီးမသွားရဲပါဘူး။ သူ့လိုပဲ ICC ဖမ်းဝရမ်းထုတ်ထားတဲ့ ကွန်ဂို(Congo) နိုင်ငံ ဒု-သမ္မတဟောင်း Jean Pierre Bamba ဟာ ၂၀၀၈ မေလက ဘယ်လ်ဂျီးယန် (Belgium) နိုင်ငံမှာ အဖမ်းခံလိုက်ရပါတယ်။

ဒါပေမဲ့ ICC ရာဇဝတ်ခုံရုံးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဥပဒေ စတင် အတည်ဖြစ်တဲ့ ၂၀၀၂ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့ မတိုင်မီက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အရေးယူပိုင်ခွင့် မရှိပါဘူး။ ဒါကြောင့်မို့ ဗမာစစ်ခေါင်းဆောင်ပိုင်းကို အရေးယူမယ်ဆိုရင် ၂၀၀၂ ဇူလိုင်လ (၁) ရက်နေ့ နောက်ပိုင်းမှာ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းအရေးယူနိုင်ပါလိမ့်မယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဥပဒေ အပိုဒ် (၇) စာမျက်နှာ (၉) မှာ အရပ်သားအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရှင်းပြထားပါတယ်။ လူသတ်မှု၊ အပျောက်ရှင်းမှု၊ ကျွန်ပြုမှု၊ အဓမ္မပြောင်းရွှေ့ မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှု၊ ပြည့်တန်ဆာ လိုပ်ခိုင်းမှု၊ ကိုယ်စိတ်နှစ်ပါး အလွန်အမင်း ဆင်းရဲဒုက္ခရောက်အောင်လုပ်မှု စတာတွေကို အရပ်သားအပေါ် ကျူးလွန်ရင် အရေးယူနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဥပေဒက ဆိုပါတယ်။ ဒါပေမဲ့ ICC တရားရုံးကို လက်ခံထားတဲ့ နိုင်ငံကိုသာ အရေးယူနိုင်ပါတယ်။ အာဆီယံ (၁၀) မှာ ကမ္ဘောဒီးယားကသာ ICC တရားရုံးကို လက်ခံပါတယ်။ တရုတ် နဲ့ အိန္ဒိယကလည်း လက်မခံကြပါဘူး။

၂၀၀၇ ခုနှစ်မှာ ရောမစာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ နိုင်ငံတွေမှာသာ ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးပိုင်ခွင့် ရှိပေမယ့်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ညွှန်ကြားရင်တော့ စာချုပ်ဝင်နိုင်ငံ မဟုတ်တဲ့ ဆူဒန်ကို စစ်ဆေးနိုင်သလို မြန်မာပြည်ကိုလည်း စစ်ဆေးနိုင်လိမ့်မယ်လို့ ယူဆကြပါတယ်။ အဲဒီအခါမှာ ICC ရဲ့  စုံစမ်းစစ်ဆေးမှုကို အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးစံ ဥပဒေအရ ဝိုင်းဝန်းကူညီဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိလာပါတယ်။ ဒီအဆင့်ကို ရောက်မလာခင် အရင်ဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။ လုံခြုံရေးကောင်စီမှာ ထောက်ခံမဲ (၉) မဲ ရရင် ဆုံးဖြတ်ချက် ချနိုင်ပေမယ့် ဗီတိုအာဏာရှိတဲ့ တရုတ် နဲ့ ရုရှားက ပယ်ချနိုင်ပါတယ်။ ပယ်ချဘူးတဲ့ အစဉ်အလာတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဆူဒန်အစိုးရကို စုံစမ်းအရေးယူဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချတဲ့အခါမှာ တရုတ်နဲ့ ရုရှားဟာ အစည်းအဝေးမတက်ဘဲ ရှောင်နေတဲ့အတွက် ICC ရာဇဝတ်ခုံရုံးက ဆူဒန်သမ္မတကို စုံစမ်းစစ်ဆေး အပြစ်ပေးနိုင်တာ ဖြစ်နိုင်ပါတယ်။ ဗမာစစ်ခေါင်းဆောင်ပိုင်းကို ခုံရုံးမှာ စစ်ဆေးအပြစ်ပေးတာဟာ နိုင်ငံရေးအရ မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ဥပဒေအရသာဖြစ်ကြောင်း ပြသနိုင်မယ်ဆိုရင်တော့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ လျော့နည်းသွားနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

(VOA)

0 ဂျပန်လူငယ် ဆေးတက္ကသိုလ် ကျောင်းသူ/သား များ FFSS သို့ လေ့လာခြင်း





နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေး အခမဲ့ ပို့ဆောင်မှုများ၊ ဆေးဝါး အခမဲ့ ကုသပေး မှုများ၊ အခမဲ့ ပညာဒါန ပြုလုပ်ပေးမှုများကို ဂျပန်နိုင်ငံတွင်း သတင်းမီဒီယာများမှတဆင့် ကြားသိရ သည့်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိခိုက်တွင် ဂျပန်လူငယ် ဆေးတက္ကသိုလ် ကျောင်းသူ/သား များမှ လာရောက် လေ့လာခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ နာရေးလမ်းကြောင်း ပို့ဆောင်မှုများ၊ ဆေးဝါးကုသပေးမှုများ၊ မျိုးဆက်သစ်ကလေးငယ်များ ပညာသင်ကြားမှုများ၊ သုခအလင်း စာကြည့်တိုက်၊ ဓါတ်မှန်ခန်းတို့ကို အသေးစိတ် မေးမြန်းခဲ့ပြီး အကြံပြုချက်များကိုလည်း မေတ္တာစေတနာ ရှေ့ထား၍ ချစ်ကြည်ရင်းနှီးစွာ ပြောကြားခဲ့ကြသည်။ ဤကဲ့သို့ အခမဲ့ နာရေးပို့ဆောင်မှုလုပ်ငန်းမှာ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင် မှ မမြင်တွေ့မိကြောင်း၊ လူလူချင်း စာနာထောက်ထားမှုကို လေးစားပါကြောင်း ပြောကြားသွားကာ “သုခ အဟာရ” စားသောက်ဆိုင် ဖွင့်ပွဲနှင့် ကြုံကြိုက်သည့်အတွက် မြန်မာထမင်းဟင်းဖြင့် ဧည့်ခံကျွေး မွေးခဲ့ရာ နှစ်ခြိုက်စွာဖြင့် သုံးဆောင်ခဲ့ကြပါသည်။

ကိုကျော်သူ

0 သုခအဟာရ ဖွင့်ပြီ။ မိဘမဲ့ HIV ကလေးငယ်များအတွက်အလှူငွေ ရှာဖွေခြင်း


၂၉.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံတွင် လုပ်အားပေး အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ လူနာ/ရှင်များ၊ အလှူရှင်များ သုံးဆောင်ရန်အတွက် “သုခ အဟာရ” စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါသည်။ စားသောက်ဆိုင်တွင် စားသုံးသူတို့ အဆင်ပြေ သုံးဆောင်နိုင်ရန် ချက်ပြုတ်ရေး မီးဖိုခန်းမှအစ ကျန်းမာရေးနှင့် ကိုက်ညီအောင် သန့်ရှင်းစွာဖြင့် ချက်ပြုတ်ခြင်း၊ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်း၊ အရသာကောင်းမွန်စွာဖြင့် အဟာရ ပြည့်ဝ မည့်ဟင်းလျာများ ချက်ပြုတ်ရောင်းချပေးခြင်း၊ ကော်ဖီ၊ အအေးတို့ကိုလည်း သက်သာသော ဈေးနှုန်း ဖြင့် ရောင်းချပေးခြင်းတို့ကို ပြုလုပ်ပေးလျှက်ရှိသည်။

ယနေ့ “သုခ အဟာရ” စားသောက်ဆိုင် ဖွင့်ပွဲတွင် ဖိတ်ကြားထားသော အလှူရှင်များ၊ ဧည့်သည်များ၊ လုပ်အားပေး အသင်းသူ/သားများ၊ မျိုးဆက်သစ် ကလေးသူငယ်များ၊ စာနယ်ဇင်းသ မားများ ကြွရောက်အားပေး ခဲ့ကြသည်။

ထို့ပြင် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ကုသကြသော လူနာများကိုလည်း လာရောက် သုံးဆောင်ရန် ဖိတ်ကြားခဲ့သည်။ ယင်းသို့ “သုခ အဟာရ” စားသောက်ဆိုင်ဖွင့်ပွဲတွင် နေ့လည်စာ ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ သီးစုံပဲဟင်းနှင့် ရေခဲမုန့်တို့ကို “သုခ အဟာရ ” စားသောက်ဆိုင် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးတင်မောင်အေး (မိသားစု)နှင့် အရည်အသွေး စစ်ဆေးရေး အင်ဂျင်နီယာ ဒေါ်သန္တာခိုင်တို့မှ ကျွေးမွေးလှူဒါန်း ခဲ့ပါသည်။

မိဘမဲ့ HIV ကလေးငယ်များအတွက် ရည်ရွယ်၍

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များထဲမှ ပန်းချီသင်တန်း တက်ရောက်ခဲ့သော မျိုးဆက်သစ်ကလေးငယ်များအား ၂၉.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှိ Morekha Art Gallery တွင် ပြသလျှက်ရှိသော ပန်းချီဆရာကြီး ရာဟုလာ၏ Solo Show ပွဲသို့ သွားရောက်လေ့လာ ပြသခဲ့ပါသည်။

မျိုးဆက်သစ် ကလေးငယ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ ပန်းချီ နည်းပြဆရာ ဦးဝင်းကြည်၊ သင်တန်းအုပ်ချုပ်သူ ဒေါ်ဧရာမောင်မောင်နှင့် ဒေါ်စိုးစန္ဒာတို့မှ ဦးဆောင်၍ ပန်းချီပြခန်းသို့ လိုက်လံပို့သခဲ့ရာ ပန်းချီပြခန်းပိုင်ရှင် ဦးဘိုဘိုဦး၊ ဦးဆန်နီငြိမ်းနှင့် ဆရာကြီး ရာဟုလာ တို့မှ ကြိုဆိုခဲ့သည်။ ဆရာကြီး ရာဟုလာမှ မျိုးဆက်သစ် ကလေးငယ်များအား ဆရာကြီး၏ ပန်းချီ ပညာရပ်ပေါ် ခံစားမှု၊ ရေးဆွဲမှုတို့ကို ကျန်းမာရေး မကောင်းသည့်ကြားမှ အားတက်သရော ရှင်းလင်း ပြောကြားခဲ့သည်။

မိဘမဲ့ HIV ကလေးငယ်များ စောင့်ရှောက်ရေးဂေဟာ (HHHP) ရန်ပုံငွေ အလှူငွေ ရှာဖွေခြင်း အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များ၏ ရန်ပုံငွေ ပန်းချီပြပွဲ ပြုလုပ်ပေးရန်အတွက် ပန်းချီပညာရပ် အသီးသီးတို့ကို လေ့လာရန် ပန်းချီပြခန်းများသို့ ကွင်းဆင်း၍ ပန်းချီဆရာ အသီးသီးတို့၏ ရေးချက်အမျိုးမျိုးတို့ကို သိရှိနားလည် သဘောပေါက်စေရန် နာရေးကူညီ မှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ လိုက်လံပြသ ခဲ့ပါသည်။

ကိုကျော်သူ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.