Friday, September 3, 2010

0 ၂၀၀၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော အမှာစကား...


“…ကျမတို့ကို ဒီမိုကရေစီရအောင်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဘာလုပ်နေလဲလို့ မေးတဲ့အခါကျလို့ရှိရင် မေးတဲ့လူတွေကို ကျမတို့က ပြန်ပြီးတော့ မေးချင်တယ် ရှင်တို့ကရော ဘာလုပ်ပေးနေသလဲဆိုတာ ပြန်ပြီးတော့ မေးချင်တယ် ဘာဖြစ်လိုလဲဆိုတော့ လူတိုင်းလူတိုင်းက ဒီမိုကရေစီအရေးအတွက် တစ်ခုခုတော့ လုပ်နိုင်တယ် တကယ်ပဲ စိတ်ဆန္ဒရှိလိုရှိရင် လုပ်နိုင်ပါတယ်။

အခုဆိုလိုရှိရင် ကျမတို့ နိုင်ငံတွင်းမှာမဟုတ် နိုင်ငံပြင်ပကလဲ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းပေးနေတဲ့ သူတွေအများကြီးရှိပါတယ်၊ အဲဒီလူတွေကိုလဲ ကျမတို့ ကျေးဇူးတင်ဆိုတာကို့  အခုအချိန်မှာ ပြောချင်ပါတယ်။

ဒီမိုကရေစီလမ်းစဉ်လို့ ခေါ်ရတဲ့အကြောင်းက ဘာဖြစ်လိုလဲဆိုတော့ ဒီမိုကရေစီဆိုတာဟာ ဘယ်တော့မှပြီးနိုင်တဲ့ အလုပ်ကိစ္စ တစ်ခု မဟုတ်ပါဘူး၊ ဒီလမ်းစဉ်မှာ ဆက်ပြီးတော့ သွားနေရမှာဘဲ အင်မတန်မှ နှစ်ကာလများစွာ ဒီမိုကရေစီ ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေမှာတောင်မှ သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ မဆုံးရှုံးရအောင် ဒီမိုကရေစီ နိုင်ငံရေးစနစ် မပျက်စီးရအောင် တစ်ချိန်လုံးပဲ ထိမ်းသိမ်းရတယ် တချိန်လုံးပဲ ကြိုးစားရတယ်။

ကျမတို့လို ဒီမိုကရေစီမရသေးတဲ့ နိုင်ငံမှာဆိုရင်တော့ ဆထက်တပိုးပိုပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ် အဲဒီတော့ ဒီမိုကရေစီရရှိရေးအတွက် ကျမတို့နိုင်ငံသူ နိုင်ငံသားများအားလုံးဟာ တတ်နိုင်သမျှ ကြိုးစားပေးကြပါ ၀ိုင်းဝန်းပြီးတော့ ကူညီပေးကြပါ လူတိုင်းလူတိုင်း ကူညီပေးနိုင်ပါတယ်။

ဥပမာအားဖြင့် မတရားတဲ့ကိစ္စတွေကို ရပ်ပြီးတော့ မကြည့်နေပါနဲ့ မတရားတဲ့ဟာလဲ ဖြစ်ရင်ဖြစ်ပါစေလို့ လစ်လှူမရှူ့ထားပါနဲ ကိုယ်တတ်နိုင်သမျှ မတရားတဲ့ ဟာတွေကို မြင်လို့ရှိရင် တရားဥပဒေဘက်က ပြောဆိုပေးကြပါ ရပ်တည်ပေးကြပါ တနည်းနည်းနဲတော့ ဒီမိုကရေစီရရှိရေးအတွက် လုပ်ပေးကြပါ ဒီမိုကရေစီရရှိရေးဆိုတာ ကျမတို့နိုင်ငံအတွက် အေးချမ်းသာယာရေး သာယာဝပြောရေးအတွက်ဖြစ်ပါတယ်

အဲဒီဟာကြောင့် အားလုံးနဲဆိုင်တဲ့ကိစ္စဖြစ်လို့ တက်နိုင်သမျှ အဘက်ဘက်က ကူညီပေးကြပါလို့ ကျမတို့က မေတ္တာရပ်ခံ ချင်ပါတယ်….”

ဒေါ်အောင်ဆန်းစုကြည်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.