Saturday, March 10, 2012

0 မရမ်းကုန်း မဲစာရင်းတွင် မှားယွင်းမှုရှိနေ

ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မရမ်းကုန်းမြို့နယ်တွင် ရွေးကောက်ပွဲ ကော်မရှင်မှထုတ်ပြန်သော မဲဆန္ဒရှင်စာရင်းတွင် မှားယွင်းမှုများ ဖြစ်နေကြောင်းသိရသည်။

စာရင်းမှားယွင်းမှုများမှာ မရမ်းကုန်းမြို့နယ်တွင် လက်ရှိနေထိုင်နေသော်လည်း မဲပေးရမည့် မဲဆန္ဒရှင်စာရင်းတွင်မပါရှိခြင်း၊ သေဆုံးပြီးသူများ၊ မြို့နယ်အတွင်းနေထိုင်ခြင်းမရှိသူများ မဲစာရင်းတွင်ပါရှိနေခြင်း၊ သန်းခေါင်စာရင်းတွင်းရှိ မဲပေးခွင့်ရှိသူများအားလုံး မဲဆန္ဒရှင် စာရင်းတွင်မပါရှိခြင်း၊ မရမ်းကုန်း ၃ ရပ်ကွက်ရှိ သန့်စင်လမ်းသွယ်မှာ ၄ လမ်းသာရှိသော်လည်း မဲစာရင်းရှိ မဲဆန္ဒရှင်များ၏ လိပ်စာတွင် သန့်စင်လမ်းသွယ် ၅ နှင့်၆ တို့ပါရှိနေခြင်းများဖြစ်ပေါ်နေသည်။

ထို့အပြင် ကော်မရှင်ထံမှ မဲဆန္ဒရှင်စာရင်းရရှိချိန်မှာ နောက်ကျနေသည့်အတွက် ပါတီများမှ ဆန္ဒမဲရှင် စီစစ်ချိန် နည်းပါးသည့် အခက်အခဲအချို့ဖြစ်ပေါ်နေသည်။

“ကော်မရှင်ကပြောတော့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာချပေးမယ်ပြောတယ်။ ဒါပေမဲ့ အစည်းအဝေးရှိလို့ဆိုပြီး မချပေးဘူး။ မတ် ၁ ရက်နေ့ ၂ နာရီမှာသွားတယ်။ အစည်းအဝေးရှိလို့ ဆိုပြီးတော့ပဲ မချပေးဘူး။ အဲ့ဒီမှာတင် ၂ ရက် ပုတ်သွားပြီ။ ကျွန်မတို့ကို မတ်၂ရက် ကျမှချပေးတယ်။ ဒါပေမဲ့ စာအုပ်လိုက်ချပေးတာ မဟုတ်တဲ့အတွက် ကျွန်မကူးယူရပါတယ်။ တစ်မြို့နယ်လုံးရဲ့စာရင်းကို ကူးယူရတာ ၂ ရက်ကြာပါတယ်။ မတ် ၄ ရက်ကျမှ စပြီး လူစာရင်းတွေစိစစ်တဲ့အလုပ်ကို စလုပ်ရပါတယ်။အခု စာရင်းတွေအရ မှားနေတာတွေကို တွေ့ရှိနေရပေမဲ့လည်း ပြန်လည်ပြင်ဆင်ဖို့ အချိန် နည်းပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မရမ်းကုန်းရုံးမှ ပါတီဝင်တစ်ဦးက ပြောသည်။

“၂၀၁၀ တုန်းက မဲစာရင်းထဲမှာ လူတစ်ယောက်တည်းကို အခါ ၅၀ လောက်ထဲ့ထားတယ်။ မှတ်ပုံတင်တစ်ခု၊ အဖေနာမည်တစ်ခုတည်းကို နာမည်တွေအမျိုးမျိုးနဲ့ ထည့်ထားတာပါ။အခု အဲ့တုန်းက စာရင်းတွေ ပြန်သုံးနေရတာပါ။ နောက်တစ်ခုက သန်းခေါင်စာရင်းထဲမှာပါတယ်၊ မဲစာရင်းထဲမှာ နာမည်မပါဘူး။ဒါတွေကို ပြန်စစ်ဆေးဖို့ ပေးတဲ့ရက်က အရမ်းတိုတယ်။ တချို့သူတို့ပေးတဲ့မဲစာရင်းဟာ လွန်ခဲ့တဲ့ ၁၄၊၅ နှစ်လောက်က သန်းခေါင်စာရင်းကဟာတွေ ဖြစ်နေတယ်။ ခု NLD ဟာ အဲ့လိုအခက်အခဲတွေ တွေ့နေရတယ်။ အဘတို့ NLDက အမှန်တရားပဲကြိုက်တယ်။ အမှန်တရား နဲ့ ရှုံးသွား၊ အဘတို့ ပြုံးပြုံကြီး ကျေနပ်ပါတယ် တခြားပါတီက မပြောရဲ၊ မဆိုရဲ ငြိမ်ခံနေပေမဲ့ NLD ပါတီကတော့သတ္တိရှိရှိနဲ့ ရင်ဆိုင်မှာပါ။ အဲ့ဒါ အဘတို့ရဲ့ ယုံကြည်ချက်ပဲ ” ဟု NLDမရမ်းကုန်းရုံးခွဲမှ အောင်နိုင်ရေးတာဝန်ခံ ဦးဥာဏ်သောင်းမှ ပြောကြားသည်။

အထက်ပါကိစ္စနှင့် ပါတ်သတ်၍ မရမ်းကုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးဝင်းမော် ထံမေးမြန်းရာတွင် မဲစာရင်းမှားယွင်းခြင်းမှာ ရပ်ကွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက ပေးပို့သော စာရင်းကို ရပ်ကွက်ကော်မရှင်ရုံးများမှ လက္ခံရခြင်းဖြစ်ကြောင်း၊ သေဆုံးပြီးသားသူများကို မိသားစုဝင်များက သန်းခေါင်စာရင်းမှ မထုတ်ပယ်ထားသည့်အတွက် သန်းခေါင်စာရင်းအတိုင်း ကူးယူရာမှ သေဆုံးပြီးသားသူများ ပြန်ပါလာရခြင်းဖြစ်ကြောင်း၊ သန့်စင်လမ်းသွယ် ကိစ္စမှာ လမ်းပိုလာခြင်းမဟုတ်ပဲ ကွန်ပြူတာစာရိုက်သူ၏ မှားယွင်းခြင်းသာ ဖြစ်ကြောင်းနှင့် ဧပြီ ၁ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရမည်ဟု ပြောဆိုဖြေကြားပါသည်။

(ကိုရဲ)

0 ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက် များ အား လက်ရှိအစိုးရသက်တမ်းအတွင်း မှာ အရှိန်မြှင့်လုပ်ကိုင်နေ. . .


ငေါတို့ က ညည်းတို့ ကျောက်စိမ်းတောင်တွေကို ဟောဒီလို ကျောက်စိမ်းတောင်တွေကို တစ်တောင်ပြီး တစ်တောင် တရုတ်ပြည်ကို ရွှေ့ပြစ်မှာ . . . ညီးလို့ နှီမျောလဲ ညီးလို့ ဗိုလ်ချုပ်တွေကို ငေါတို့ ပိုက်ချမ် ပေးပြီးပြီလေ . . .

ကျောက်စိမ်းတုံးလေး တစ်တုံးတစ်လေလောက်တော့ မြန်မာ့သမိုင်းပြတိုက်ထဲမှာ ချန်ထားခဲ့ဘို့ ဗိုလ်ချုပ်တွေကို ပြောပေးကြပါခင်ဗျား ။ နောင်မျိုးဆက်သစ်တွေ ကြည့်ရအောင်လို့ပါဗျာ ။



ကချင်ပြည်နယ်ဖားကန့်ဒေသကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ အရှိန်မြှင့်တူးဖော်နေရတဲ့ အကြောင်းကို ကျောက်စိမ်းကုမ္မဏီ ဝန်ထမ်းတရုတ်အမျိုးသားတစ်ဦး ယခုလိုပြောပါတယ် . . .

ကျွှန်တော်တို့ က နောက်အစိုးရတက်မလာခင် အပြုတ်ကိုလုပ်ဖို့ စီမံကိန်းရှိတယ် ။ ဒါကြောင့်မို့အရင်က လုပ်ကွက်တစ်ခုဆို ဘက်ဟိုး လေးငါးစီးသုံးပေမဲ့ အခုဆို အကန့်အသတ်မရှိသုံးပြီးလုပ်နေရတာလေ ။ လုပ်ကွက်တစ်ခုမှာ စက်ယန္တရားသုံးစွဲတာတွေကန့်သတ်ထားတယ်မဟုတ်လားလို့ မေးတော့ ဘယ်လိုဘဲ သတ်မှတ်သတ်မှတ် ပိုက်ဆံပေးရင် ရပြီလေတဲ့ ။ လက်ရှိဒီမှာ ရှိတဲ့ဌာနဆိုင်ရာနဲ့အဆင်ပြေရင် ဒီနယ်မြေမှာ ကြိုက်တာလုပ်လို့ ရပြီလေတဲ့ ။ ဒါကတော့ ဝန်ထမ်းတစ်ဦးကပြောပြသွားတာပါ ။ ဝန်ထမ်းဆိုပေမဲ့ ကိုယ်စားလှယ်ကြီးပါ ။

ဖားကန့်ဒေသမှာ ကျောက်စိမ်းများ အာလူးခင်းဖော်သလို ဒရစပ် စက်ယန္တရား အမြှောက်အများ သုံးပြီး လုက်ကိုင်နိုင်မှုမှာ မြင်ရသူမြန်မာနိုင်ငံသားများ သိရှိဘို့ တင်ပြလိုက်ပါတယ်ဗျာ ။ သဘာဝအရင်းအမြစ်များကို နှမျောရကောင်းမှန်းမသိ ရောင်းစားသူက ရောင်းစား ၊ မစာမနာ ဝယ်ပြီး ရက်ရက်စက်စက် လုပ်သူက လုပ် ။ သူတို့ကတော့ ဟုတ်နေကြတာပဲဗျာ ။

မြန်မာပြည်တစ်ခုတည်းသာ ထွက်တဲ့ ကျောက်စိမ်း ဈေးကြတော့ နှိမ်လိုက်တာ ဗျာ ။ တရုတ်ပြည် ရွှေလီ ၊ကြယ်ဂေါင် ၊ ရင်ကျန်း မြို့တွေမှာ ဟင်းရွက် ကန်ဇွန်းရောင်းသလိုရောင်းနေလေရဲ့ ။ ကျောက်စိမ်းတုံးကို ခြေထောက်နဲ့ကန်ပြီး ဒါဘယ်လောက်လို့ ဈေးမေးတဲ့ တရုတ်ကလဲ ရှိသေးဗျာ ။ မြင်ကွင်းတွေကတော့ ရင်နာစရာတွေကြီးပဲဗျာ ။ အရင်းစစ်တော့ ကိုယ့်လူက စပြီးမဟုတ်တာဗျ ။ သဘာဝ တွင်းထွက်တွေကို မိဘအမွေရတဲ့ ပညာမရှိသော သူဌေးသားလို တစ်ခုပြီးတစ်ခုရောင်းစားနေတဲ့ အုပ်ချုပ်သူ လူတန်းစား စစ်ဗိုလ်လက်တစ်ဆုတ်စာကြောင့် ဒီလိုဖြစ်ရတာပါ ။ အာဏာတည်မြဲရေး ၊ဆွေဝရေး မျိုးဝရေးလောက်သာသိတဲ့ လူ့အောက်တန်းစားတစ်ချို့ကြောင့် ဒီလိုဖြစ်ရတာလို့ပဲ မြင်မိပါတယ် ။

ကျောက်စိမ်းတွေ နှစ်စဉ် ဘယ်လောက်ထွက်နေပါစေ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံသားတွေ ဘာတစ်ခုမှမခံစားရ ပါ ။ ရုပ်ဆိုးအကျည်းတန်သွားတာပဲရှိပါတယ် ။ ပျက်စီးသွားတဲ့ သဘာဝတောတောင်တွေ ၊လမ်းပန်းဆက်သွယ်ရေးတွေ ၊ဒါတွေဟာ တစ်နေ့တစ်ခြား ဆိုးဝါးလာတာဟာ လက်တွေ့ပါ ။
ဒါတွေကို အမျိုးသားရေး မြစ်ဆုံးကိစ္စလိုမျိုး ဆန်ရှင် လုပ်သွားကြဘို့ မိတ်ဆွေများကို တိုက်တွန်းချင်ပါတယ် ။ များများရှယ်ပေးကြဘို့ကို လည်း တိုက်တွန်းချင်ပါတယ် ။

By-Zawmoehetet Zawmoe

0 လွတ်လပ်ငြိမ်းချမ်းခွင့် နှင့် နံရံကြားမှ အနုပညာပန်းချီပြပွဲ



လွတ်လပ်ငြိမ်းချမ်းခွင့် နှင့် နံရံကြားမှ အနုပညာပန်းချီပြပွဲက ယနေ့ (၉-၃-၂၀၁၂)နေ့ နံနက် ၉ နာရီခွဲ မှာ ပန်းဆိုးတန်း စာပေလောကစာပေတိုက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယင်းပန်းချီပြပွဲတွင် အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းချခံခဲ့ရပြီး သမ္မတဦးသိန်းစိန်၏လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့် နောက်ဆုံးမှပြန်လည်လွတ်မြောက်လာသော ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများ၏ ပန်းချီကားများပါ ပြသထားပါသည်။ အကျဉ်းထောင်တွင်း သို့ အသင့် စားစရာများ ကိုထုတ်ပိုးထားသော ပလပ်စတစ်များ ၊ကော်ဖီထုပ်အခွံများနှင့် ပုံဖော်ထားသော ကိုစန်းဇော်ထွေး၏ ပန်းချီကားများ ကိုလည်းတွေ့မြင်ကြရမှာဖြစ်ပါသည်။ပန်းချီပြပွဲကို ယနေ့(၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ သုံးရက်တိုင်ကျင်းပပေးသွားမှာ ဖြစ်ပါသည်။

Political prisoner

0 လူအသေအပျောက်များခဲ့ရတဲ့ နာဂစ်မုန်တိုင်း ဘယ်သူမှာ တာဝန်ရှိလဲ?


မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်က ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းအတွင်း မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်တွေကို နအဖ စစ်အစိုးရထံ တင်ပြခဲ့ပေမဲ့ သတင်းမှန်ကို ပြည်သူလူထုကို အသိမပေးဘဲ ထိန်ချန်ခဲ့တဲ့အပြင် နှောင့်နှေးကြန့်ကြာမှုတွေနဲ့ ကန့်သတ်မှုတွေ ရှိခဲ့တဲ့အတွက် လူသိန်းနဲ့ချီ သေဆုံးခဲ့ရတာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။မတ်လ (၆) ရက်နေ့က နာရေးကူညီမှုအသင်း (ရန်ကုန်) မြောက်ဒဂုံးရုံးချုပ်မှာ ကျင်းပပြုလုပ်တဲ့ ဦးထွန်းလွင်ရဲ့ မိုးလေဝသဆိုင်ရာ ဟောပြောပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။(burmavj)

ဥက္ကာပျံလိုလူစား

“ဘယ်သူ့ကိုမှ အားမကိုးဘူး။ သူကိုယ်တိုင်လောင်ကျွမ်းခံပြီးမှ ပျံသန်းတဲ့ လူသားမျိုးတွေ၊ ဥက္ကာပျံလိုလူစားမျိုးတွေ” ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများအား ဒေါက်တာ ထွန်းလွင် (မိုး/ဇလ)မှ ဂုဏ်ပြုချီးမွှမ်းသောစကားဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) မြောက်ဒဂုံရုံးချုပ်တွင် မြန်မာစာပေဟောပြောပွဲအဖြစ် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှစတင်၍ လစဉ်လတိုင်း ကျင်းပပြုလုပ်ခဲ့ရာ နဝမအကြိမ်မြောက်အဖြစ် ဒေါက်တာထွန်းလွင် (မိုး/ဇလ)မှဟောပြောခဲ့ရာ မိမိသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အကြောင်းအား ကြားသိခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ ဆရာကြီး ဦးသုခ လက်ထက်အချိန်၌ အကယ်ဒမီ ကိုကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှအစ အခြားသောပုဂ္ဂိုလ်များ လုပ်ကိုင်စဉ်ကတည်းက အသင်း၏ အကြောင်းအား အဝေးမှသာ ကြားသိခဲ့ရခြင်းဖြစ်သော်ငြားလည်း ယခုကဲ့သို့ နီးနီးကပ်ကပ် မရှိခဲ့ကြောင်း၊ ယခုသည် ပထမဦးဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး အသင်း၏ဆောင်ရွက်မှုချက်များအား လှည့်လည် ကြည့်ရှုခဲ့ရာ၌ လူမှုရေးဆောင်ရွက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ဘေးဒုက္ခကျရောက်သည့် နေရာ ဒေသများရှိ ပြည်သူလူထုများထံသို့ မဆိုင်းမတွ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း စွန့်စွန့်စားစားဖြင့် ဒုက္ခ ရောက်သူများထံသို့ စေတနာဖြင့် ကူညီဆောင်ရွက်ရာတွင် လွယ်လွယ်ကူကူမရှိလှသည့် ဒေသခံများ၏ အဆင်မပြေမှုများအစ ကြားသိရသည့်အခါများ၌ စိတ်ထဲမှ မချီးကျူး၍ မနေနိုင်အောင် ဖြစ်မိပါကြောင်း၊ ဦးစီးဆောင်ရွက်နေကြသူများ အပါအဝင်၊ ဝန်ထမ်းများနှင့် လုပ်အားပေးများတို့သည် စေတနာအရာ၌ အလွန်ဖြူစင်ပြီး လူမှုရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသည့် လူများဖြစ်ကြသည့်အတွက် မိမိ တက်ကျွမ်းသည့် မိုးလေဝသပညာ၊ သဘာဝဘေးအန္တရာယ်၊ ပတ်ဝန်းကျင်ရေးရာများ ဟောပြောခွင့်ရသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် လောကအတွက် အလှဆင်နေကြသူများအား ကျေးဇူးဆပ်ခြင်း တစ်မျိုးအဖြစ်ယူဆ၍ ဟောပြောမည်ဖြစ်ပြီး ဆရာကြီးတစ်ယောက်အဖြစ် ဟောပြောခြင်းမျိုး မဟုတ်ပါ ကြောင်း ကျေးဇူးရှိသည့်လူများအတွက် ပြည်သူ/သားများကိုယ်စား ကျေးဇူးဆပ်သည့်အနေဖြင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ လူငယ်များအတွက် ဟောပြောခြင်းဖြစ်ပါသည်။

ဟောပြောချက်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့ ရောက်ရှိလာချိန်တွင် မိမိ ပမထ ဦးဆုံး သတိပြုမိရာတွင် အရိပ်အာဝါသ အလွန်နည်းပါးကြောင်း၊ အဆောက်အဦးများ ခေတ်မှီသည်။ လုပ်ကိုင်နေသည့်လုပ်ငန်းများ အလွန်မွန်မြတ်သည်။ ကောင်းမွန်သည်။ ဤအဆောက်အဦးသည် ပတ်ဝန်းကျင်ရေးရာ၌ အတော်လေး လုပ်ကိုင်ရဦးမည်ဟု မြင်မိပါကြောင်း၊ မြန်မာနိုင်ငံ၏ မည်သည့်နေရာ၌ မည်သည့်အပင်စိုက်စိုက် ဖြစ်ထွန်းသည့် မြန်မာပြည်ကြီးတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ် တည်နေရာတွင် စိုက်ပျိုး၍မရ။ အဆောက်အဦး၏အောက် ပေ (၂၀) ကျော်ရှိ အမှိုက်ပုံထုကြီး၌ ပလပ်စတစ်များစွာ ပါဝင်နေသည်။ ပလပ်စတစ်တွင်ပါဝင်သည့်အတွက် ဓါတုပစ္စည်းများသည် အပင် ဖွံ့ဖြိုးမှုအား များစွာအနှောက်အယှက်ပေးပြီး ဓါတ်မြေသြဇာအဆီ ကုန်ခန်းပါသည်။ အပင်စိုက်ပျိုးရန် အတော် ခဲယဉ်းပါလိမ့်မည်။ စိုက်ပျိုးရန်ခဲယဉ်းသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)နေရာတွင် အတွင်း ရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ အပင်များအားကြိုးစား၍ ရေသန့်ဗူးများချိတ်ဆွဲ စိုက်ပျိုးနေကြသည်ကို တွေ့မြင်ခဲ့သည်။ အပင်များသည် အောင်းရေလိုအပ်ကြောင်း၊ မိုးများရွာသွန်းချိန်၌ အပင်အတွက် လိုအပ်သောရေဓါတ်အား မိုးရေ၌ရရှိနိုင်ပြီး မိုးရွာသွန်းမှု တစ်ပါတ်ခန့်ကြာခဲ့ပါက အပင်၏လိုအပ်သော ရေဓါတ်အား မြေကြီးမှဖြည့်စွမ်းပေးရသည်။ မြေကြီးတွင်အောင်းရေများမရှိသည့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ မြေကြီးတွင် အပင်များစိုက်ပျိုးရန် အလွန်ခက်ခဲပါလိမ့်မည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ လာရောက်သူများသည် မည်သူမှ ဟန်းနီးမွန်း၊ ပျော်ပွဲစား ထွက်လာကြသည့် နေရာလည်းမဟုတ်။ လူမှုရေးဒုက္ခ၊ ကျန်းမာရေးဒုက္ခများဖြင့် လာရောက်ကြသူများသာ ဖြစ်ကြသည်။ “သာ” နေကြသူများ လာရောက်သည့်နေရာမဟုတ်။ “နာ” နေသောသူများသာ လာရောက်သည့်အတွက် ဝင်ရောက်လာ သူတိုင်း၏ စိတ်များသည် ကြည်လင်ချမ်းမြေ့သွားဖို့တော့ လိုအပ်မည်ဟု ထင်မိပါကြောင်း၊ လူမှုရေး ကူညီမှုများ၊ လုပ်အားပေးများအတွက် ဘဝတိုးတက်ရေး အတတ်ပညာ (ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ် စာသင်တန်း၊ ဒီဇိုင်း(အပ်ချုပ်)သင်တန်း၊ LCCI စာရင်းကိုင်သင်တန်း စသည့်အပြင် သုခအလင်း စာကြည့် တိုက်များ စီမံဖွင့်လှစ်ထားသည်ကို မိမိအလွန်မှ အံ့သြမိသော်လည်း လိုအပ်နေသည်မှာ ပတ်ဝန်းကျင် စိမ်းလန်းသာယာရေးဖြစ်သည့် အပင်အရိပ် အာဝါသရရှိနိုင်ရန်အတွက် အသင်းသူ/သားများတို့မှ ဝိုင်းဝန်း ကူညီလုပ်ဆောင်ကြဖို့ အကြံပြုပြောကြားခဲ့ပြီး မိုးလေဝသသတင်းအား အစဉ်မပြတ်ကြားသိနိုင်ရန်နှင့် အရာရာ၌သတိဝီရိယနှင့် အမြဲနေထိုင်သွားရန်၊ ရာသီဥတုသည် အစဉ်အမြဲပြောင်းလဲမှုရှိနေခြင်းမှာ သဘာဝပတ်ဝန်းကျင်နှင့် အများကြီးသက်ဆိုင်ကြောင်း မိမိတို့သည် ကိုယ်တိုင်လေ့လာ တစ်ပါးသူအား ပြောပြပေးရုံဖြင့် ကူညီနိုင်ကြောင်း၊ စာပေသည် လူငယ်/ရွယ်များအတွက် လွန်စွာအရေးကြီးကြောင်းအား သူ၏ အတွေ့အကြုံ၊ ဥပမာ၊ သာဓကများဖြင့် အချိန် (၂း၀၀) နာရီခန့် ရှင်းလင်းဟောပြောခဲ့သည်။

နိဂုံးချုပ်၌ ဒေါက်တာထွန်းလွင်၏ ပညာပါရမီ ဖြည့်ဆည်းမှုများကို ယနေ့မျိုးဆက်သစ် လူငယ်/ရွယ် များ လိုက်ပါဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံတော်ကြီးသာယာဝပြောကာ မုန်တိုင်းကင်းစင်သော တိုင်းပြည်ဖြစ်လာပါတော့မည်ဟု မိမိမျှော်လင့်မိပါတော့သည်။

ဇူးဇူး

နာရေးကူညီမှုအသင်း(ရန်ကုန်)

Friday, March 9, 2012

1 ထောင်တွင်းမှ HIV ဝေဒနာသည် အကျဉ်းသား တဦး ရင်ဖွင့်စာ



ဆီးအိမ်ရောဂါ ဝေဒနာကြောင့် ခွဲစိတ်ကုသခြင်း ခံပြီး ဒါဏ်ရာမှ နာကျင်သောကြောင့် သက်ဆိုင်ရာ ဆရာဝန်ထံ သတင်းပို့ရာ လုံးဝ ဂရုမစိုက်ဘဲ ပစ်ပယ်ထားခံနေရကြောင့် ပြင်းပြသော ဝေဒနာကို မခံစားနိုင်တော့သောကြောင့် လျှို့ဝှက်ပြီး စာရေးသားပေးပို့လာပါသည်။ ထောင်တွင်း အခြေအနေများကား ကျနော် အဖမ်းခံချုပ်နှောင်ခံရစဉ် ကဲ့သို့ပင် ဆိုးဝါးလျှက် ရှိနေသေးသည်ကို တွေ့ရသည် ။ အထူးပင်စိတ်မကောင်း ဖြစ်မိပါသည်

Nay myo zin

1 ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ မဲလိမ်မှု





နေပြည်တော်တိုင်းဒေသကြီးထဲမှ မြို့နယ်တချို့မှာ လူတွေနေထိုင်ခြင်း မရှိပါပဲနှင့် တဲအိမ်လေးများ ဖြစ်သလို ဆောက်လုပ်လျှက် လူဦးရေစာရင်းပြကာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ မဲများကို လိမ်လည်အသုံးချခဲ့ကြပါတယ်။

Burma vj media network

0 ကော့မှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးမှ အမတ်လောင်း ဒေါက်တာ ဦးစိုးမင်း(ရုပ်/သံ)

0 ဆရာတော် ဦးဂမ္ဘီရအိမ်သွားခဲ့သူ ဂျပန်အမျိုးသမီး ပြည်ဝင်ခွင့်အပိတ်ခံရ

0 ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မမှန်ကန်သောနည်းဖြင့်မဲဆွယ်မှုများပြုလုပ်နေ

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်သည် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်မှုများပြုလုပ်ပေးနေသည့်ပြင် မဲဆွယ်အခမ်းအနားများအတွက် စင်မြင့်တည်ဆောက်ရာတွင် ဒေသခံများကို လုပ်အားပေးစေခိုင်းမှုများကိုပါ လုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။

မြင်းကကွင်းတိုက်နယ်ဒေသခံတစ်ဦးက “ကျွန်တော်တို့ဆီကို ရှေ့လ ၂၄ ရက်ကလာတာ၊ မလာခင် သုံးရက်လောက်အလိုမှာ မဏ္ဍပ်ဆောက်ဖို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက လူငယ်တွေကို လုပ်အားပေးလာခေါ်တယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်သည် ဖေဖေါ်ဝါရီလအတွင်းက ငပုတောမြို့နယ်၊ မြင်းကကွင်းတိုက်နယ်အပါအ၀င် ဒေသငါးခုခန့်သို့သွားရောက်ခဲ့ပြီး ရောက်ရာဒေသတိုင်းတွင် ပြောကြားသောမိန့်ခွန်းများ၌ ကြံ့ခိုင်ရေးပါတီကို မဲထည့်ရန်တိုက်တွန်းမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ပုသိမ်မြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးများတွင် ဧရာဝတီတိုင်းသား ၀န်ကြီးချုပ် အဘဦးသိန်းအောင်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အား မဲပေးကြပါစို့ ဟူသောစာတန်းဖြင့် ဦးသိန်းအောင်ဓါတ်ပုံများကပ်ကာကြော်ငြာထားခြင်း၊ ရပ်ကွက်အတွင်း ကြံ့ခိုင်ရေးပါတီဝင်သူတိုင်းကို ငွေကျပ်သုံးသောင်းကို နေ့သွင်းအနေဖြင့်ထုတ်ချေးပေးခြင်း၊ ၎င်းပါတီတံဆိပ်ပါသော အင်္ကျီများနှင့် ဦးထုပ်များကို အခမဲ့ပေးခြင်းများပြုလုပ်နေကြောင်း ပုသိမ်မြို့ခံတို့ကပြောသည်။

ပုသိမ်ခရိုင်တရားလွှတ်တော်ရှေ့နေတစ်ဦးက“ ဦးသိန်းအောင်ဟာ အလုပ်အရမ်းလုပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါပေမယ့် သူ့မှာပါတီစွဲကရှိနေတော့ ဥပဒေနဲ့ငြိစွန်းနေတာစိတ်မကောင်းစရာပဲ” ဟု မှတ်ချက်ပြုသည်။

အစိုးရ၀န်ကြီးများအနေဖြင့် ၎င်းတို့သက်ဆိုင်ရာ ပါတီလုပ်ငန်းများနှင့် ပါတီအတွက် မဲဆွယ်စည်းရုံးခြင်းများမပြုလုပ်ရန် နည်းဥပဒေများထုတ်ပြန်ထားသည်။ ။

Yangon press international

0 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် Honorary Canadian citizenship ဆုရရှိ




ကနေဒါနိုင်ငံခြားရေးဝန်ကြီးဂျွန်ဘာ့ဒ်(JohnBaird)မှလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်သွားရောက်တွေ့ဆုံ

မြန်မာနိုင်ငံကို ပထမဆုံးသွားရောက်တဲ့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဖြစ်သလို အခုလို သမိုင်းဝင် ခရီးစဉ်ကနေ မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်း ပြန်မလှည့်ဘဲ ရှေ့ကို ဆက်သွားနိုင်ဖို့ တွန်းအားပေးတဲ့ ခရီးစဉ်တစ်ခုဖြစ်လိမ့်မယ်လို့ ယူဆပါတယ်(Canadian Friends of Burma ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကိုတင်မောင်ထူး)
Photo..AP

Thursday, March 8, 2012

0 " မော်လမြိုင်မြို့ သံလွင် ဥယျာဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် ဟောပြောပွဲ ပြုလုပ်ရန် တင်ပြ ချက်အပေါ် မွန်ပြည်နယ် ကော်မရှင် အဖွဲ့ခွဲရုံးက ခွင့်မပြု "

မော်လမြိုင်မြို့ သံလွင် ဥယျာဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် ဟောပြောပွဲ ပြုလုပ်ရန် တင်ပြ ချက်အပေါ် မွန်ပြည်နယ် ကော်မရှင် အဖွဲ့ခွဲရုံးက ခွင့်မပြု ဟု အကြောင်းပြန်ခဲ့ကြောင်း ပြည်နယ်အောင်နိုင်ရေး တာဝန်ခံက ပြောသည်။

... ... သံလွင်ဥယျာဉ်အား မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိအသုံးပြုခွင့်လျှောက်ထား
ခြင်းနှင့် ပတ်သက်၍ စည်ပင်တာဝန် ရှိသူများနှင့်ညှိနှိုင်းခဲ့ရာ ယင်းဥယျာဉ် သည် စည်ပင်ဌာန
ပိုင်မြေဖြစ်နေခြင်း၊ အဆင့်မြင့်ဥယျာဉ်တည်ဆောက်ရန် လုပ်ငန်းအစပျိုးနေခြင်းနှင့် အလှပန်းပင်
ပျိုးထောင်ခြင်းတို့ကြောင့် အသုံးပြုခွင့်မပေးနိုင်ဟု မတ်လ ၁ ရက်နေ့တွင် မွန်ပြည်နယ် ကော်မရှင် အဖွဲ့ခွဲက ထုတ်ပြန်ခဲ့သည်။

''ကျွန်တော်တို့ကတော့ အသင့်လျော်ဆုံးနေရာကိုတောင်းခံ တာပဲ။ မပေးတော့ ဘယ်တတ်နိုင် မလဲ''ဟု ဒီချုပ်ပြည်နယ်အောင်နိုင် ရေး တာဝန်ခံ နိုင်သောင်းညွန့်က ပြောသည်။
မွန်ပြည်နယ် ကော်မရှင်အဖွဲ့ ခွဲ၏ ထုတ်ပြန်ချက်ထဲတွင် အခြား မြေနေရာပြန်လည်တင်ပြပေး
ပါဟု ဖော်ပြထားသည်။

သံလွင်ဥယျာဉ်သည် မော်လ မြိုင်မြို့ ဘိုကုန်းရပ်တွင် တည်ရှိပြီး ဈေးရောင်းပွဲတော်များ ကျင်းပခြင်း နှင့် ငှားရမ်းထားသော ဆိုင်ခန်းများ လည်းရှိကြောင်း မော်လမြိုင်သား တစ်ဦးက ပြောသည်။
ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် မတ်လ ၁ဝ ရက်နေ့ တွင် မော်လမြိုင်သို့ရောက်ရှိပြီး ၁၁ ရက်နေ့တွင် စည်းရုံးဟောပြောမည် ဟု နိုင်သောင်းညွန့်က ပြောသည်။


Popular Myanmar News Journal

0 သံတိုင်ကြားက ပန်းချီကားများခင်းကျင်းပြသပွဲ

သံတိုင်ကြားကပန်းချီကားများ ပြသပွဲတစ်ခုကို ၉-၃-၂၀၁၂ နေ့တွင် စာပေလောက ပန်းဆိုးတန်းလမ်းအထက်ဘလောက်တွင်ကျင်းပပြုလုပ်မည်ဖြစ်သည်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသော မင်းကိုနိုင်၊ ဋ္ဌေးကြွယ် ၊ ပြုံးချို၊ ဂျင်မီတို့ ၏ပန်းချီကားများ၊ အကျဉ်းထောင်တွင်းမှ ယခုနောက်ဆုံးမှလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား များ၏ ပန်းချီကားများကိုသာ ရွေးချယ်ကာပြသခြင်းဖြစ်ပါသည်။ ယင်းပြပွဲကို ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပမည်ဖြစ်သည်။ ၉ ရက်နေ့မနက် ၉နာရီခွဲတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

Political Prisonerအားကျေးဇူးတင်ရှိပါသည်..

0 အောင်နိုင်ရေး သံချပ်


မျှော်သလားဟေ့ မောင်တို့ မောင်တို့၊ မျှော်တယ်ဟေ့၊ မျှော်တယ်ဟေ့။
အရှေ့ဆီက ရောင်နီဖြာ၊ အရုဏ်လာဖို့ နီပြီလားဟေ့။
သင်းရနံ့တွေ ကြိုင်လှိုင်ဖြာ၊ ဖူးငုံဝေဆာပွင့်တော့မှာလား။
မျှော်လင့်ချက်နဲ့ လည်ဆန့်နေ၊ တို့အမေသာ အားကိုးရာပဲ။
လူထုခေါင်းဆောင် တို့အမေ၊ တို့မြန်ပြေရဲ့ ကြယ်ဖြူပွင့်ပဲ။
ကြယ်ပွင့်ဖြူနဲ့ ခွပ်ဒေါင်းမာန်၊ တို့နိုင်ငံရဲ့ အနာဂတ်ပဲ။
တို့နိုင်ငံကြီး သာစေလို၊ ကြယ်ဖြူခွပ်ဒေါင်း မဲပေးကြစို့။
ကြယ်ဖြူခွပ်ဒေါင်း တို့အလံ၊ မိုးထက်ဝေယံ လွှင့်ရစေသား။
တံဆိပ်ပြောင်းတာ သတိပြု၊ မဲပေးမှန်ဖို့ တို့လူထု။
အောင်ပွဲဆင်ဖို့ တို့ရှေးရှု၊ ၀ိုင်းကြ၀န်းကြ တို့လူထု။
ကြယ်ဖြူခွပ်ဒေါင်း တို့အမေ၊ မြန်မာမြေကို လင်းစေဖို့ပဲ။
လမ်းသစ်ဖောက်ဖို့ချိန်တန်ပြီ၊ ဒီမိုကရေစီ ပန်းတိုင်စီသို့။
ဟေ့အောင်ပွဲ၊ တို့ဆင်နွှဲ
ဟေ့ဆင်နွှဲ၊ တို့အောင်ပွဲ
ဟေးလားမောင်တို့ နွှဲ။
(ကျေးရွာအတွင်း အိုးစည် ဒိုးပတ် ၀ိုင်းတော်သားများ သီဆိုအသုံးပြုနိုင်ပါသည်။)

ပုသိမ်မြို့တွင်ဝေသော ပန်းဖလက်မှ

0 မြောင်းမြမြို့နယ် တွင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကိုယ်တိုင် မဲပေးနိုင်သူစာရင်းများအား ကြိုတင်အကွက်ချ ပြီးမဲလိမ်ရန်ကြိုးစားနေ

မြောင်းမြမြို့ နယ်ရှိ မြို့ ပေါ်ရပ်ကွပ်များနှင့် မြောင်းမြမြို့ နယ်အပိုင် ကျေးရွာများတွင် မဲပေးနိုင်နိုင်သူ စာရင်းများမှာ ဆိုးဆိုးရွားရွား မှားယွင်းထုတ်ပြန်ခဲ့ပြီး အဓိက ပစ်မှတ်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဝင်များ နှင့် အားပေးထောက်ခံသည့် အမာခံပြည်သူများကိုသာ မဲပေးရာတွင် မဲပေးခွင့်မရရှိစေရန် စီမံထားသကဲ့သို့ ဖြစ်နေသည်။ မြို့ နယ်အုပ်ချုပ်ရေးဌာန မှ ရရှိသော အတွင်းသတင်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သို့  မဲပေးနိုင်မည့်သူများ ၊ မဲပေးခဲ့မည်ဆိုပါက အနည်းဆုံး ၂၅%နှုန်းအား ပယ်မဲများဖြစ်စေရန်ဆောင်ရွက်ရမည်ဆိုသော လျွှိုဝှက်ညွှန်ကြားချက် များရှိသည်ဟုသိရပါသည်။ထို့  အပြင် မြို့ နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးဝင်းစိန်(အငြိမ်းစားကျောင်းဆရာ)နှင့် ၀န်ကြီး ဦးတင့်ဆန်း၏ ဇာတိရပ်ရွာဖြစ်သော ကွယ်လွယ်ကျေးရွာမှ ကျေးရွာကော်မရှင် ဥက္ကဌ ဖြစ်သော ဦးမောင်မောင်မြင့်( အငြိမ်းစားကျောင်းဆရာ) တို့  သည် လွန်ခဲ့သော သီတင်းပါတ်က နေပြည်တော်သို့  တိတ်တိဆိတ်သွားရောက်ခဲ့ပြီးဝန်ကြီးဦးတင့်ဆန်း၏ မှာကြားချက်များ နှင့် ငွေကြေးအချို့ အား ရယူခဲ့သည်ဟုသိရပါသည်။

၎င်းနောက်မဲပေးနိုင်သူစားရင်းများအားထုတ်ပြန်လိုက်ရာတွင်အမည်စာရင်းနှင့် မှတ်ပုံတင်လွဲမှားနေခြင်း၊ မိသားစုဝင်များအား ပြည့်စုံစွာဖော်ပြခြင်းမရှိခြင်း ၊ အမည်နံမည်အားရှေ့နောက် လွဲမှားထားခြင်း ( ဥပမာ - မင်းသူရ ဆိုပါက သူရမင်း)တို့ ဖြစ်ပြီး ထို ကဲ့သို့  မှားယွင်းစွာဖော်ပြထားသူ အများစုမှာ အမျိုးသားဒီမိုက ရေစီ အဖွဲ့ ချုပ်သို့  မဲပေးနိုင်မည့် ဖြစ်နိုင်ချေများသူများနှင့် တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြ သူများ ဖြစ်သည်။ မဲစာရင်းကောက်ခံချိန်တွင်လည်း တအိမ်ထောင်လျှင် ငွေ ၂၀၀ ကျပ်ကောက်ခံသဖြင့် ပေးဆောင်ခဲ့ရကြောင်းလည်းသိရှိရသည်။

ထို့  အပြင် မြောင်းမြမြို့  နယ် အပိုင် မွေတော်ရှမ်းကွင်းကျေးရွာ မှ ကျေးရွာရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဖြစ်သည့် ကိုဟန်ဆိုသူမှာလည်း ကြံ့ခိုင်ရေးပါတီဝင် တဦးဖြစ်ပြီး ၊ ပညာရေးဝန်ထမ်းတဦးလည်း ဖြစ်သည့်အတွက် ရွေးကောက်ပွဲ ဥပဒေများနှင့် ညီညွှတ်ခြင်း မရှိဟုလည်းသိရပါသည်။ ယခုကဲ့သို့  မြောင်းမြမြို့  နယ် အတွင်း မဲပေးနိုင်သည့် အမည်စာရင်းများ ဆိုးရွားစွာလွဲမှားနေမှု့သည် ၀န်ကြီးဦးတင့်ဆန်း သည် သားဖြစ်သူဖြိုးကိုကိုတင့်ဆန်းဝင်ရောက်ယှဉ်ပြိုင်မည့်မြို့ နယ် အတွက် မြို့ နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ တို့ နှင့်အတိုင်အဖောက် ညီစွာ ကြိုတင်စီမံထားကြခြင်း ဖြစ်သည် ဟု မြို့ နေလူခံများမှ သုံးသပ်ပြောဆိုနေကြပါသည်။

နောက်ဆက်တွဲသတင်း

မြောင်းမြမြို့ နယ် ရှိ ကျေးရွာရပ်ကွက်များမှ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအား စာရင်းကောက်ခံခဲ့ပြီး ပြန်လည်ထုတ်ပြန်ရာတွင် ဆိုးရွာစွာမှားယွင်းနေမှု အပေါ် သုံးသပ်နိုင်စေရန် မြောင်းမြမြို့ နယ်အတွင်းရှိ သုံးခွကျေး၇ွာရှိ စာရင်းမှားယွင်းနေမှုအား ဖော်ပြလိုက်ပါသည်။ သုံးခွကျေးရွာတွင် အမှန်တကယ်နေထိုင်ကြသော အိမ်ထောင်စုစာရင်းမှာ ၉၁ အိမ်ထောင်စုရှိပြီး ၊ ၃၂ အိမ်ထောင်စုမှာ မဲပေးရမည့် စာရင်းတွင် ပါရှိလာခြင်းမရှိပါ ။ ထို့  အပြင် မဲပေးပိုင်ခွင့် စာရင်တွင်ပါရှိလာသော လူဦးရေ ၉၅ ယောက်မှာ အမည်များမှားယွင်းနေခြင်း ၊ မှတ်ပုံတင် အမှတ်များမှားယွင်နေခြင်း ၊ ဖခင် အမည်များကွဲလွဲနေခြင်း စသည်တို့  ဖြစ်ပေါ်လျှက်ရှိသည် ဟု သတင်းပေးပို့  လာပါသဖြင့် အများပြည်သူ သုံးသပ်နိုင်စေရန် ဖော်ပြလိုက်ပါသည်။

Myanmar Mediamm အားကျေးဇူးတင်ရှိပါသည်..

5 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းဂျင်ကလိဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းခံရ



Photo..အဘ ဥက္ကာကိုကို

လာမဲ့ဧပြီလမှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာသောယာဉ်တန်းအား ၆ရက်နေ့ညက ဂျင်ကလိဖြင့်ချောင်းမြောင်း ပစ်ခတ်ခြင်းခံရပြီး လုံခြုံရေးလူငယ်၂ယောက်ဒဏ်ရာရရှိသွားပါတယ်.

ဒေါ်အောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေပါတဲ့ယဉ်ဟာ ၆ရက်နေ့ည၇နာရီက ရန်ကုန်မြို့ကနေမြောက်ဖက်ကီလို၁၄၀ဝေးတဲ့ အဝေးပြေးလမ်းမကြီးပေါ်အဖြတ် ပြင်းပြင်းထန်ထန်ဒဏ်ရာရသေစေနိုင်တဲ့ဂျင်ကလိလက်နက်နဲ့ချောင်းမြောင်းပစ်ခတ်ခြင်းခံခဲ့ရပြီး လောက်စလုံး(အမာ)ကို ကားမှာတွေ့ရှိတယ် လို့ဂျပန်နိုင်ငံရှိ nhk သတင်းဌာနကကြေငြာသွားပါတယ်..

ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ မော်တော်ယာဉ်တန်းဟာနေပြည်တော်မဲဆွယ်စည်းရုံးရေးမှ ရန်ကုန်သို့ အပြန်လမ်းခုလတ်မှာ ဒေါ်အောင်ဆန်းစုကြည်စီးတဲ့မော်တော်ကားနောက်၂စီးကျော်က ဂျင်ကလိကြောင့် ကားမှန်ကွဲသွားပြီး လုံခြုံရေးအဖွဲ့ဝင်၂ယောက်ဒဏ်ရာရသွားပါတယ်.

NLD ဟာလာမဲ့လ ၁ရက်နေ့ကျင်းပမဲ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ ၄၈နေရာ မှာဝင်ရာက်ယှဉ်ပြိုင်အေ၇ွးခံရေးတဲ့အတွက် စည်းရုံးရေးလုပ်ဆောင်နေတဲ့အချိန်အခါလည်းဖြစ်ပါတယ်..

မဲဆန္ဒနယ်မြေလမ်းတလျှောက်မှသိန်းသောင်းချီတဲ့ ပြည်သူများဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပေမဲ့လည်း NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ရဲ့ ရွေးကောက်ပွဲပိုစတာဆုတ်ဖြဲ ခံရခြင်း၊ မဲဆန္ဒနယ်မြေတချို့တွင် မဲစာရင်းများ မှားယွင်းနေသောပြဿနာကိစ္စများကြောင့်
တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ပါ့မလားဆိုတဲ့ အသံများကလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်..

ဘာသာပြန်..ဒေါင်းမာန်ဟုန်
来月、ミャンマーで行われる議会の補欠選挙に立候補している、民主化運動のリーダー、アウン・サン・スー・チーさんの車列が、6日夜、何者かに襲われ、スー・チーさんにけがはありませんでしたが、警護の男性2人がけがをしました。

スー・チーさんが率いる政党、NLD=国民民主連盟によりますと、現地時間の6日午後7時ごろ、ミャンマー最大の都市、ヤンゴンから北におよそ140キロ離れた高速道路上で、スー・チーさんの車列に、殺傷能力のあるパチンコから発射されたとみられる弾が撃ち込まれたということです。
スー・チーさんは、首都ネピドーでの遊説を終えてヤンゴンに戻る途中で、スー・チーさんの乗った車の2台後ろを走っていた車の窓ガラスが割れて、警護の男性2人がけがをしたということですが、スー・チーさんにけがはありませんでした。
来月1日に行われる、議会上下両院と地方議会の補欠選挙を巡っては、政党として再登録を果たしたNLDが、48すべての議席に対し、スー・チーさん自身を含む候補者を擁立しました。
スー・チーさんは、各地で熱狂的な支援者に出迎えられる一方で、選挙ポスターが切られるなど、選挙妨害とみられる被害も出ているということで、国際社会が求める公正な選挙が実施できるかが課題となっています。

Wednesday, March 7, 2012

2 နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ဟောပြောပွဲမှာ NLD အမတ်လောင်း ဦးဖြိုးဇေယျာသော်ကို ပရိသတ်က တောင်းဆိုမှု။၀၅-၀၃-၂၀၁၂

0 အရှင်ဂမ္ဘီရ ကို အာဏာပိုင်တွေခေါ်ဆောင်သွား


မက်လ ၆ ရက်နေ့ ည ၁၀နာရီခွဲ အချိန်ခန့်တွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင်ဆရာတော် ဦးဂမ္ဘီရ အား အင်တာဗျူးလုပ်ရန်ရှိပါသဖြင့် လိုက်ခဲ့ပါရန် အထူးရဲတပ်ဖွဲ့ SB မှ ကားဖြင့်လာရောက် ခေါ်ဆောင်သွားပါသည်။ ထိုသို့ခေါ်ဆောင်သွားရာ၌ ၎င်းဧ။်အမဖြစ်သူရဲ့နေအိမ်ကနေ ခေါ်ဆောင်သွားခြင်းးဖြစ်ပြီး မနက်ဖြန်မနက် ပြန်ပို့ပေးမည်ဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ သိရပါသည်။

0 ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော် ပုဗ္ဗသီရိ ဟောပြောပွဲ (ရုပ်/သံ)မဇ္ဈိမ

Photo..Getty images


တပ်မတော်ဟာ နိုင်ငံရဲ့အခြေခံဖြစ်ရမယ်။ တပ်မတော်ဟာ အပေါ်ကစိုးမိုးချင်တဲ့ဆန္ဒတွေမရှိရဘူး။ အရင်ခေတ်ကဆိုရင် တပ်မတောကို ပြည်သူက အင်မတန်ချစ်တယ်။ တပ်မတော်သားတွေက ပြည်သူကို အားကိုးရတယ်။ ငါတို့ရဲ့ သူရဲကောင်းတွေလာပြီဆိုတဲ့စိတ်နဲ့ ရွာသူရွာသားတွေကအစ ၀ိုင်းအားပေးကြတယ်။ တပ်မတော်သားတွေက ပြည်သူတွေဆီက အဓမ္မယူတယ်ဆိုတာ မရှိဘူး။ တစ်ဖက်နဲ့ တစ်ဖ...က်အပြန်အလှန် ချစ်ခင်ကြတယ်။ တပ်မတော်ကို လေးစားကြတယ်။ အဲဒီတုန်းက အမျိုးသမီးလေးတွေဆိုရင် တပ်မတော်သားတွေနဲ့ အိမ်ထောင်ပြုချင်ကြတယ်။ ဗိုလ်ကတော်ဖြစ်ချင်လို့မဟုတ်ဘူး။ တပ်မတော်သားတွေကို ဖေးမချင်လို့။ ကျွန်မတို့ရဲ့ တပ်မတော်ကို ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တယ်။ ကျွန်မတို့ တပ်မတော်ကို ခေတ်မှီ တပ်မတော်ကြီးတစ်ခုဖြစ်စေချင်တယ်။ တိုင်းသူပြည်သားတွေကို ကာကွယ်ဖို့ပဲ မိမိတို့ အင်အားတွေကို သုံးရမှာ။ ဒါကြောင့် အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်က တပ်မတော်ကို အတိုက်အခံလုပ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ကျွန်မတို့က ကြိုဆိုပါတယ်။ တပ်မတော်သားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ပါလို့ ဆွယ်ပေးကြပါလို့လည်း ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည် ပုဗ္ဗသီရိမြို့နယ်လူထုအား ယခု ၁၀နာရီ ခွဲတိတိက ပြောကြားနေသော မိန့်ခွန်းမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)(7 days new journal)


(ဒေါ်အောင်ဆန်းစုကြည်က ဇဗ္ဗူသီရိမြို့နယ်လယ်ကွင်းပြင်တွင် ပြုလုပ်ခဲ့သော လူထုဟောပြော...ပွဲ၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
““ဒီမြို့နယ်မှာ အထူးသဖြင့် ၀န်ထမ်းတွေများတာကြောင့် ၀န်ထမ်းတွေနဲ့ပတ်သက်လို့ ကျွန်မပြောချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အဆင့်မြင့်ဖို့၊ တိုးတက်ဖို့ဆိုရင် ၀န်ထမ်းတွေအဆင့်မြင့်ဖို့၊ သိက္ခာရှိဖို့လိုတယ်။ အဆင့်မြင့်မြင့် သိက္ခာရှိရှိနဲ့ အလုပ်လုပ်နိုင်ဖို့ဆိုတာဟာ အုပ်ချုပ်မှုစနစ်၊ ဥပဒေရေးရာစနစ်အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ၀န်ထမ်းတွေရဲ့ဘ၀ဟာ လုံခြုံမှုမရှိဘူး။ လုံခြုံမှုနှစ်မျိုးမရှိဘူး။ တစ်မျိုးက လစာဝင်ငွေအရ လုံခြုံမှုမရှိဘူး။ တစ်မျိုးက ဥပဒေအရ လုံခြုံမှုမရှိဘူး။ အထက်အရာရှိမကြိုက်ရင် အလုပ်ကအချိန်မရွေးပြုတ်သွားနိုင်တယ်။ ဆင်းရဲမွဲတေမှုက လွတ်မြောက်ဖို့အတွက် ဥပဒေ စိုးမိုးရေးက တစ်စိတ်တစ်ပိုင်းပါဝင်တယ်။ အစိုးရဆိုတာ ပြည်သူကိုကာကွယ်ရမယ်။ ပြည်သူဘက်က ရပ်တည်ပေးရမယ်။ ပြည်သူကို လုံခြုံအောင်ထားရမယ်””

Tuesday, March 6, 2012

0 ဟင်္သာတမြို့ ရုံးကြီးရပ်ကွက် တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား.. လူအသေပျောက်မရှိ !




ဟင်္သာတမြို့၊ မြန်မာ့ဆက်သွယ်ရေးရုံးဝင်းအတွင်း မိုက်ခရိုဝေ့ဗ်တိုင်အောက်တွင် မပေါက်ကွဲသေးသော ဗုံးတစ်လုံး ထပ်မံတွေ့ရှိ

ဟင်္သတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ဟင်္သတမြို့ခံများဆီမှ သိရသည်။
photo..Thxa Lay Hza

0 နိုင်ငံပိုင်လုပ်ငန်းတွေ ဘယ်ရောက်ကုန်လဲ


ဦးအောင်သောင်း

ဦးသိန်းစိန်အစိုးရတက်ပီး ၆ လအကြာမှာ အရှုံးပေါ်နေတဲ့ စက်မှု(၁)၀န်ကြီးဌာနပိုင် စက်ရုံအတော်များများဟာ တချိန်က စက်မှုတစ်ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ရင်းနှီးတဲ့ ပုဂ္ဂလိက ကုန်သည်တစုလက် ရောက်ကုန်တယ်လို့ စုံစမ်းသိရပါတယ်။ ဦးအောင်သောင်းလက်ထက်မှာ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေအတွက် ထိပ်ပိုင်းအရာရှိတွေ အစိုးရဘတ်ဂျက်ကို ဘယ်လိုအလွဲသုံးစားလုပ်ခဲ့သလဲဆိုတာ ဦးစိန်ကျော်လှိုင် က ခုလို သုံးသပ်ထားပါတယ်။

တကယ်တော့ နိုင်ငံပိုင် စိးပွားရေးလုပ်ငန်းအတော်များများဟာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ထဲက ပုဂ္ဂလိကပိုင် လွဲပြောင်းရေးအစီအစဉ်နဲ့ ရောင်းချခဲ့ပီး ဖြစ်ပါတယ်-- နိုင်ငံပိုင်အဆောက်အဦတွေ ဓါတ်ဆီဆိုင်တွေ သင်္ဘောာလိုင်းတွေ လေကြောင်းလိုင်းတွေ အကုန်လုံး စုစုပေါင်း အမျိုး ၃၀၀ ကျော် ရောင်းချခဲ့တာ ဖြစ်ပါတယ် ဒီလိုအချိန်မှာ ရောင်းချတဲ့ ငွေပမာဏက များပြားလွန်းတဲ့အတွက် ဗိုလ်ချုပ်တွေနဲ့ အဆက်အစပ်မရှိတဲ့ သာမန်လုပ်ငန်းရှင်တွေ မ၀ယ်နိုင်ဘဲ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးသူတွေသာ ၀ယ်နိုင်ပါတယ်

ဒါကြောင် အဲဒီနောက်ဆုံးအကြိမ် ရောင်းချခဲ့တဲ့ တန်ဘိုးကြီးတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေဟာ ဦးပိုင်ကုမ္ပဏီကြီးတွေကတဆင့် ဗိုလ်ချုပ်ကြီးဟောင်းတွေရဲံ ထိန်းချုပ်မှုအောက် ရောက်သွားတယ်- ဒါမှမဟုတ် ဗိုလ်ချုပ်ကြီးတွေရဲ့ မဟာမိတ် လုပ်ငန်းရှင်တွေလက်ရောက်သွားတယ်--ဒီမှာတင် ဗိုလ်ချုပ်လူထွက် လူတန်းစားလက်သစ်ဟာ မြန်မာနိုင်ငံမှာ ငွေကြေးဆိုင်ရာ သြဇာရှိသူတွေဖြစ်လာတယ်--အနောက်နိုင်ငံ ဆန်ရှင်တွေသာရုတ်သိမ်းခဲ့ရင် တိုးလာမဲ့ကုန်သွယ်မှုကနေ အကျိုးအမြတ်ရသူမဲ့သူတွေ ဖြစ်လာတယ် --ဒါကြောင့်လဲ ဦးသိန်းစိန်အစိုးရဘက်က ပြောင်းလဲမှုတွေလုပ်နေတာ ဖြစ်တယ်လို့ Reuters သတင်းဌာနက ထောက်ပြပါတယ်

ကနေ့ စက်မှုတစ်ဝန်ကြီးဌာန လက်အောက်ခံ ကျန်နေတဲ့ စက်ရုံတွေ ကြည့်ပြန်တော့လဲ တချိန်က၀န်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ရင်းနှီးခဲ့တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေလက် ရောက်ကုန်ပီလို့ စက်မှု့၁ စက်ရုံမှုးတဦးက ပြောပြပါတယ်

ဦးအောင်သောင်းနဲ့ ရင်းနှီးတဲ့ ရွှေသံလွင် ကုမ္ပဏီက စစ်တောင်းစက္ကူုစက်ကို လုပ်ကိုင်ခွင့်ရသွားတဲ့ပြင် မွန်ပြည်နယ်က စက်ရုံတွေ ရန်ကုန် မော်လမြိုင်လမ်းပိုင်းတလျှောက်က ဓါတ်ဆီဆိုင်တွေ လမ်းပြင်တာတွေပါ လုပ်ခွင့်ရသွားပါတယ်။ ဦးအောင်သောင်းရဲ့သားပိုင်တဲ့ IGE ကုမ္ပဏီက မန္တလေး စကျင်ကျောက်ပြားစက်ရုံကို တနှစ် ကျပ်ငွေ ၆၈သန်းနဲ့ ၅နှစ်စာချုပ်ပီးငှားထားပါတယ် ဆိုလိုတာက ဦးသိန်းစိန်အစိုးရ ၅ နှစ်သက်တမ်းအတွင်းမှာ ဒီစက်ရုံကို ဦးအောင်သောင်းရဲ့သားပိုင်တဲ့ IGE ကုမ္ပဏီက ငှားထားတဲ့ သဘော ဖြစ်ပါတယ်။

တဘက်ကပြန်ကြည့်တော့လဲ စက်မှုတစ်ဝန်ကြီးဌာနကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ သမတ ဦးသိန်းစိန်အစိုးရဘက်က ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဦးကျော်စွာခိုင်ကို စက်မှုတစ်ဝန်ကြီးပေးခဲ့ပေမဲ့ ကျန်းမာရေးကြောင့် နေရာပြောင်းပေးခဲ့ရပါတယ် နောက်ဆုံး စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်းက တွဲကိုင်နေရပီး ခုထိ ၀န်ကြီးသစ် မခန့်နိုင် ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရခေတ် ၁၀ တန်းမအောင်တဲ့သူတောင် စီးပွားကူးသန်းဝန်ကြီးဖြစ်နေချိန်မှာ ဘာကြောင့် စက်မှုတစ်ဝန်ကြီးခန့်ဘို့ကိစ္စ နှောင့်နှေးနေသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ် သေချာတာကတော့ စက်မှုတစ်ဝန်ကြီးဌာနလက်အောက် ကျန်ျနေတဲ့ စက်ရုံတွေအနက် တနှစ်ကို ကျပ်ငွေ သန်းတထောင်ရအောင် မရှာနိုင်တဲ့ စက်ရုံတွေ ဖျက်ပစ်မယ်လို့ ခေတ္တတာဝန်ယူထားတဲ့ စက်မှု၂၀န်ကြီး ဦးစိုးသိန်း မကြာခင်က နေပြည်တော် စက်ရုံမှုးအစည်းအဝေးမှာ ပြောသွားပါတယ်။

ရန်ကုန်က စက်ဘီးစက်ရုံဆိုရင် ဦးအောင်သောင်း လက်ထက်မှာ ခွက်ခွက်လန် ရှုးနေတဲ့ပြင် စက်ဘီးလက်ကျန်ကလဲ ကျပ်ငွေ သန်း ရှစ်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီမှာတင် ရန်ကုန်စက်ဘီးစက်ရုံကို ကျောက်ဆည် စက်ဘီးစက်ရုံနဲံပေါင်းမယ်လိွုှ့အစိုးရကို လိမ်ပြပီး ရန်ကုန်စက်ဘီးစက်ရုံတခုလုံးက ပစ္စည်းတွေကို ရန်ကုန် အုတ်ကျင်းမှာရှိတဲ့ ကြွေရည်သုတ်စက်ရုံအမှတ်(၂)က ဂိုဒေါင်ဟောင်းတွေထဲမှာ ဦးအောင်သောင်းလက်ထက်ထဲက ဖွက်ထားခဲ့တယ်လို့ အာအက်အေက စုံစမ်းသိရပါတယ် ကုန်ထုတ်လုပ်မှုရပ်ဆိုင်းပီး တရားမ၀င် ဖျက်သိမ်းထားတဲ့ ရန်ကုန်က စက်ဘီးစက်ရုံကိုလက်ညိုးထိုးပီး နိုင်ငံပိုင်ဘတ်ဂျက်တွေ ဘယ်လို မတရားသုံးခဲ့လဲဆိုတာ အတွင်းသိ စက်ရုံမှုးက ခုလို ရှင်ြးုပပါတယ်။

အဲဒီအချိန်က တာဝန်ရှိတဲ့ ဦးအောင်သောင်းတပည့် စက်မှုတစ် ဦးဆောင်ညွန်ကြားရေးမှုး ဦးအေးမောက်ဆိုတာ စစ်ဗိုလ်လူထွက်တဦးဖြစ်ပီး ၂၀၁၀ ရွေးကောက်ပွဲမှာ မလှိုင်မဲဆန္ဒနယ်က အမတ်ဖြစ်လာတဲ့ပြင် ကနေ့ နေပြည်တော်မှာ လွှတ်တော်တက်နေသူ ဖြစ်ပါတယ် ဇာတ်ပေါင်းတဲ့အခါ စက်မှုတစ်က စက်ရုံတခုလုံး တရားမ၀င် လက်စဖျောက်ခဲ့တဲ့ စက်မှုတစ်ဝန်ကြီးဟောင်း ဦးအောင်သောင်းက နေပြည်တော် လွှတ်တော် ဘဏ်များနဲ့ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးကော်မီတီမှာ ဥက္ကဌလာဖြစ်နေပီး ရန်ကုန်မှာ မရှိတော့တဲ့ စက်ဘီးစက်ရုံကိုအကြောင်းပြပီး အစိုးရဘတ်ဂျက်တွေ မတရားထုတ်ယူသုံးခဲ့တဲ့ ဦးအေးမောက်က စီမံကိန်းများနဲ့ ဘဏ္ဍာရေး ဖွံဖြိုးတိုးတက်ရေး ကော်မီတီမှာ အတွင်းရေးမှုး လာဖြစ်ပါတယ် အမတ် ဦးအေးမောက်ကို မေးမြန်းဘို့ အာအက်အေက ဆက်သွယ်ဘို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲံပါဘူး

အိန္ဒိယချေးငွေနဲ့ တည်ထားတဲ့ ရန်ကုန်စက်ဘီင်္းစက်ရုံဟာ ချေးငွေတောင် မကျေသေးချိန်မှာ တရားမ၀င်ဖျက်သိမ်းခံရတာကို လွှတ်တော်မှာ မေးခွန်းထုတ်ထုတ်သင့်တယ်လို့ စက်ရုံမှုးတဦးက ယူဆပါတယ်

ခုလိုမျိုး စက်မှုတစ်ဝန်ကြီးဌာနအနေနှဲ့ စက်ရုံတွေကို လူမသိ သူမသိ ခိုးကြောင်ခိုးဝှက် ဖျက်သိမ်းမယ်ဆိုရင် လွှတ်တော်အမတ်တွေနဲ ပဋိပက္ခဖြစ်လာနိုင်တယ်လို့ ရန်ကုန်မြို့က အန်ဒီအက် လွှတ်တော်အမတ် ဦးခိုင်မောင်ရီက ထောက်ပြပါတယ်။

စက်ရုံတွေ ဖျက်ဆီးတာ ပေါင်းစပ်တာလုပ်ပီး ခုလို စာရင်းဖျောက်တာကို ခုထိ ဘာလို့အရေးမယူနိုင် ဖြစ်နေသလဲ---ကြံ့ဖွံပါတီရံပုံငွေအတွက် စက်မှုတစ်ဝန်ကြီးဌာနတခုလုံး ခုတုံးလုပ် ငွေရှာပေးခဲ့တဲ့ ဦးအောင်သောင်း နောင်တချိန် အရေးယူမခံရအောင် အငြိမ်းစား ဗိုလ်ချုပ်မှုးကြီးသန်းရွှေက အကာအကွယ်ပေးတဲ့သဘောလားဆိုတာလဲ ဘယ်သူမှ အဖြေမပေးနိုင်တဲ့မေးခွန်းတွေ ဖြစ်နေကြောင်းပါ ခင်ဗျား

(အာအက်အေ ဥိးစိန်ကျော်လှိုင်၏ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)

0 နေပြည်တော်မှာမဲဆွယ်တဲ့ ဒေါ်အောင်ဆန်းစုကြည်


မတ်လ ၅ရက်နေ့ မနက် ၁၀နာရီကျော်ခန့်တွင် နွားထိုးကြီးမြို့နယ်တွင် ဟောပြောမှုပြုလုပ်ခဲ့ပြီး မိတ္ထီလာမြို့ရှိ အောင်မင်္ဂလာ ခန်းမတွင်လည်း ဟောပြောမှုခဲ့သည်။

ထို့နောက် ညနေ ၄နာရီကျော်တွင် နေပြည်တော်မြို့ရှိ Royal Kumudra Hotelတွင် ခေတ္တအနားယူ၍ ညနေ ၅နာရီခွဲခန့်မှစ၍ ဒက္ခိဏသီရိမြို့ နယ်ရှိ လမ်းပျဉ်းမနားကျေးရွာ အနီးမှကွင်းပြင်တစ်ခု၌ ဟောပြောပွဲပြုလုပ်ခဲ့သည်ဟု သတင်းများအရ သိရသည်။

“ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူတွေရဲ့ သြဇာလွှမ်းမိုးတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေမှာ ဘာဖြစ်သလဲဆိုတော့ တကယ်စဉ်းစား ကြည့်ရင် ပြည်သူတွေရဲ့ အင်အားက နည်းတာမဟုတ်ဘူး။ ပြည်သူမရှိရင် နိုင်ငံဆိုတာမရှိဘူး။ အဲဒါပါပဲ။ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူရှိမှ တည်နိုင်မယ်ဆိုတာ အမြဲမှတ်ထားပါ”ဟု နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ်မှ လမ်းပျဉ်းမနားကျေးရွာအနီးရှိ ကွင်းပြင်တစ်ခုတွင် ဟောပြောခဲ့သည့် မိန့်ခွန်းများထဲမှ ကောက် နုတ်ဖော်ပြခြင်းဖြစ်သည်။

ထို့နောက် ၎င်းသည် ဇဗ္ဗူသီရိမြို့တွင် ဟောပြောမှုထပ်မံပြုလုပ်ခဲ့ပြီး တက်ရောက်သည့် လူဦးရေ တစ်သိန်းကျော်ရှိသည်ဟု သိရှိရသည်။ ယင်း နောက် မတ်လ ၆ ရက်နေ့ မနက်ပိုင်းတွင်လည်း တောင်ငူမြို့နယ်ရှိ မိုင်ဒါကွင်း၌လည်း ပါတီစည်းရုံးရေးအတွက် လူထုဟောပြောပွဲပြုလုပ်မည်ဟုလည်း သတင်းများအရ သိရ သည်။(transparencymyanmar)

ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိ မြို့နယ် လမ်းပျဉ်းမနားရွာမကွင်း မိန့်ခွန်းပြောကြားစဉ်နှင့် ပောာကြားသောမိန့်ခွန်းကောက်နှုတ်ချက်´(Yangon press international)

“ဒီထဲမှာဆိုလို့ရှိရင် ဒက္ခိဏသီရိမြို့နယ်က ပြည်သူတွေဟာ အင်မတန်မှ ဘ၀ကိုရုန်းကန်ရပါတယ် အဲဒီတော့ကျွန်မကပြောတယ် ဘ၀တူတွေဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘယ်လောက်ရုန်းကန်ရ သလဲ ဆိုတာ အများသိပြီးသားဖြစ်ပါတယ် ။ အဲဒီတော့ ရုန်းကန်ရတဲ့လူခြင်း အတူတူတော့နားလည်မှုရှိတယ် ။ဘ၀မှာဘယ်လိုရုန်းကန်ရသလဲ ၊ဘ၀မှဘယ်လိုအခက်အခဲတွေနဲ့ တွေ့ရသလဲ။ ကျွန်မတို့အဖွဲ့ချုပ်မှာဆိုလို့ရှိရင်ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းနဲ့ ရပ်တည်တဲ့ နေရာမှာအနှစ် နှစ်ဆယ်ကျော်သွားပါပြီ။ ဒါကြောင့်မို့လို့ ကျွန်မတို့က ပြည်သူတွေရဲ့ဆင်းရဲနွမ်းပါးမှုကို တစ်ကယ့်ကို လက်တွေ့ကျကျ နားလည်တဲ့ အဖွဲ့ဖြစ်ပါတယ်လို့ ကျွန်မပြောပါရစေ”

“ကျွန်မတို့နိုင်ငံဟာ သယံဇာတတွေ အင်မတန်ချမ်းသာတဲ့နိုင်ငံပါ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံ လို့ပြောရင်တောင်မှ မှားမယ်လို့မထင်ပါဘူး။ဒါပေမယ့်လည်း တစ်ချိန်တဲမှာ ကျွန်မတို့ရဲ့ပြည်သူတွေဟာအရှေ့တောင်အာရှမှာအဆင်းရဲဆုံးပြည်သူတွေဘဲလို့ပြောလို့ရှိရင်လည်းမှန်မှာဘဲ”

“တစ်ခြားလူကို အားကိုးလို့မဖြစ်ဘူး ကိုယ့်ကိုယ်ကို အားကိုရမယ် ။ ဒီတော့ပြည်သူတွေကထင်တယ် ငါတို့ဒီလောက်တောင်အားနည်းနေတာ ၊တို့ဒီလောက်တောင်ဆင်းရဲနေတာ တို့မှာရှိစုလယ်တွေယာတွေ တောင် ပျောက်သွားပြီဆိုကတည်းက ဘယ်လိုလို့ကိုယ့်ကိုယ်ကို အားကိုနိုင်မှာလည်းလို့ အဲဒီလို တစ်ချို့က စိတ်ထဲမှာတွေးတယ်။ ဒါပေမယ့်ပြည်သူတွေမှာဘာဖြစ်လဲဆိုတော့ တကယ်စဉ်းစားကြည့်လို့ရှိရင် ပြည်သူတွေရဲ့အင်အားဆိုတာနည်းတာမဟုတ်ဘူး ။ပြည်သူမရှိရင် နိုင်ငံဆိုတာ မရှိနိုင်ဘူး အဲဒါဘဲ။ အမြဲမှတ်ထားပါ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူရှိမှ တည်နိုင်မယ်ဆိုတာအမြဲမှတ်ထားပါ”

“နိုင်ငံဆိုတာ ထောက်ထားတဲ့ပြည်သူရှိရင် ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး ဘယ်တော့မှ မမြင့်မားနိုင်လာနိုင်ဘူးဆိုတာ သေသေချာချာ စွဲစွဲမြဲမြဲ မှတ်ထားပါ´´
” ပြည်သူတွေရဲ့သြဇာလွှမ်းမိုးတဲ့စနစ်ဆိုတာ ဒီမိုကရေစီဘဲ ။ ဒီမိုကရေစီရဲ့အဓိပ္ပါယ်ဟာ ဒါပါဘဲ
“လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စကိုတော့ လုပ်နိုင်အောင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်စွာလုပ်ရမယ်။ အဲဒါဟာဘ၀မှာ တိုးတက်ချင်ရင် ဒီလိုဘဲလုပ်ရမှာဘဲ
photo..thihanwe,Gettyimages,7daysnewsjournal

1 နေပြည်တော်ရှိNLD ပါတီစည်းရုံးရေးဟောပြောပွဲတက်ရောက်သူများကိုမီးလင်းရေးကော်မတီမှ မီးမပေးနှင့် NLD ပါတီဝင်များ ပါတီဆိုင်းဘုတ်အား ကင်းစောင့်နေကြရသောသတင်း

ရန်ကုန် မတ် ၂ ရက်။ ။နေပြည်တော်ဇမ္ဗူသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း၏ စည်းရုံးရေးခရီးစဉ်အတွင်း ဟောပြောပွဲသို့တက်ရောက်ကြသူ ရွာသားများ၏နေအိမ်ကို လျှပ်စစ်မီးသွယ်တန်းပေးမည်မဟုတ်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောဆိုကြောင်းကို တော်ဝင်နှင်းဆီတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စန္ဒာမင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဇမ္ဗူသီရိမြို့နယ်ရှိ အောင်ချမ်းသာကျေးရွာသို့ စည်းရုံးရေးဆင်းခဲ့ကြောင်း၊ ရွာတွင်နေထိုင်သူ လူ ၁၀၀ ခန့်တက်ရောက်နားထောင်ခဲ့ကြကြောင်း ၊အဆိုပါအောင်ချမ်းသာရွာသည် ယခုထိတိုင် မီးမရရှိသေးပဲ ရွာတွင် လျှပ်စစ်မီးလျှောက်ထားရေးအတွက် မီးလင်းရေးကော်မတီဖွဲ့ထားကြောင်း၊ ရွာရှိအိမ်များက တစ်အိမ်လျှင် ၂ သိန်းထဲ့ဝင်ကာ ရွာသားများက မီးရရှိရေးကို ကြိုးစားနေရဆဲသာဖြစ်ကြောင်း၊ ၂၁ ရက်နေ့က ဒေါ်စန္ဒာမင်း၏ ဟောပြေပွဲတက်ရောက်သူများ၏ အမည်စာရင်းကို မီးလင်းရေးကော်မတီအဖွဲ့က မှတ်သားကာ ထိုရွာသား များ၏အိမ်များအား မီးလင်းဖို့ဆောင်ရွက်ရာစာရင်းများက ထုတ်ပယ်လိုက်ကြောင်း ပြောသည်။ထို့အပြင် ရွာသားများထံမှ ကောက်ခံသော ငွေ ၂သိန်းသည် မီးတိုင်နှင့် မီးကြိုး ဖိုးသာဖြစ်ပြီး ထရန်စဖော်မာကို ပါတီတစ်ခုမှ လှူဒါန်းမှာဖြစ်ကြောင်း၊ ထိုပါတီမှ လှူဒါန်းသော ထရန်စဖော်မာမှနေ၍ မီးသွယ်တန်းရမည် ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟောပြောပွဲသို့ တက်ရောက်သောသူများကို မီးမပေးတော့ကြောင်း၊ ကျန်ရှိသူများကိုသာ မီးပေးမည်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောသည်ဟု ဒေါ်စန္ဒာမင်းကပြောသည်။

အထက်ပါကိစ္စနှင့်ပါတ်သတ်၍ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဒေါ်စန္ဒာကိုယ်တိုင် ထိုကျေးရွာသို့ သွားရောက်ပြီး မီးလင်းရေးကော်မတီဥက္ကဌနှင့် တွေ့ခွင့်တောင်းရာ အခြားတာဝန်ရှိသူနှင့်သာ တွေ့ခွင့်ရကြောင်း၊ ထိုသူမှ “မင်းတို့ကြိုက်တဲ့နေရာကိုတိုင်၊ ငါတို့က အထက်အထက် အမိန့်ပေးလို့လုပ်ဆောင်၇တာသာ ဖြစ်တယ်၊ ဒီမီးလင်းဖို့ပေးတာဟာ ငါတို့ပါတီကပေးတာ ဖြစ်တဲ့အတွက် မင်းတို့ NLD ထောက်ခံသူတွေကို မီးမပေးဘူး၊ ကြိုက်တဲ့နေရာကိုတိုင်” ဟုပြောသွားကြောင်း၊ ဒေါ်စန္ဒာမင်းအနေနှင့် ရွာသားများစုပေါင်း၍ အုပ်ချုပ်ရေးကော်မတီသို့ စာပို့တိုင်ကြားခြင်းဆောင်ရွက်ကြရန်၊ သူမ ကိုယ်တိုင်လည်း နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားကြောင်းနှင့် မီဒီယာမှနေ၍ ဆက်လက်ဖြေရှင်းမည် ဟုရွာသားများအားပြောဆိုခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတပြောကြားသော မိန့်ခွန်းနှင့်ပါတ်သတ်၍ မီဒီယာများမှမေးမြန်းမှုကို ဖြေကြားရာတွင် “ အစိုးရအဖွဲ့အတွင်း အပျော့ဂိုဏ်းနှင့် အမာဂိုဏ်း ကွဲပြားနေခြင်းမဟုတ်ပဲ လူတစ်ဦးချင်းဆီ၏ အကျင့်စရိုက်၊ စိတ်နေစိတ်ထားကွဲပြားမှုကြော့င်သာ လုပ်ကိုင်ဖြေရှင်းပုံ ကွဲပြားခြင်းသာဖြစ်ကြောင်း” ဆိုသောစကားအရ ထိုလူတစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားများကြောင့်ပင် အောက်ခြေတွင် ထိခိုက်ကာ အခက်အခဲများကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ အထက်မှပုဂ္ဂို၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့က ဘယ်လိုပဲ ကတိများပေးနေစေကာမူ အောက်ခြေအဆင့်များ၏ မလျော်သြဇာ သုံးမှုများကြောင့် မြို့နယ်အဆင့် ခရိုင်အဆင့်များတွင် ချောမွေ့မှုမရှိပဲ အခက်အခဲများဖြစ်နေရကြောင်း ကိုရှင်းလင်းဖြေကြားသွားပါသည်။

Ko Ye Facebook

နေပြည်တော်မှ NLD ပါတီဝင်များ ပါတီဆိုင်းဘုတ်အား ကင်းစောင့်နေကြရ (စိစစ်ရေးပယ်သော သတင်း)

နေပြည်တော် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် တို့တွင်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဆိုင်းဘုတ်များအား ဓားဖြင့်ခုတ်ခြင်း၊ လှီးခြင်း ကိစ္စရပ်များဖြစ်ပေါ်နေကြောင်းကို မတ်လ ၂ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီးသောက်ဆိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ရှင်းလင်းပြောကြားသွားသည်။

ပထမဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးမင်းသူ ၀င်ရောက်ယှဉ်ပြိုင်မည့် ဥတ္တရသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး မြို့နယ်ရုံးရှိ ပါတီဆိုင်းဘုတ်အား ဓားဖြင့်ခုတ်သွားတာတွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ဦးမင်းသူက သက်ဆိုင်ရာ ရဲစခန်းတွင် တိုင်ချက်ဖွင့်ပြီး တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ကြောင်း၊ ဒုတိယဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် ၀င်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်စိတ်နန်ဒုံးကျေးရွာရှိ ရပ်/ကျေးရုံးခန်းဖွင့်လှစ်ထားသည့် ကိုအေးမင်းသန်း နေအိမ်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ရုံးခန်းဖွင့်လှစ်ထားချိန်တွင် ပါတီဆိုင်းဘုတ်အား ဓားဖြင့်လှီးသွားခြင်းဖြစ်ပြီး ၂၅ရက်နေ့မနက်တွင် သက်ဆိုင်ရာ ပတ္တာရဲစခန်းသို့ လူ ၄ဦးက သက်သေထွက်ဆို တိုင်ချက်ဖွင့်ထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဦးဖြိုးဇေယျာသော်က ဆက်လက် ရှင်းလင်းပြောကြားရာတွင် ယခုလောလောဆယ်တွင် တိုင်ချက်ဖွင့်ထားရုံ အခြေအနေသာ ဖြစ်ကြောင်း၊ အမှုဖွင့်သည့် အဆင့်သို့ မရောက်သေးကြောင်း၊ ကျေးရွာများတွင် ရပ်/ကျေး ပါတီဆိုင်းဘုတ် ထူထောင်ထားသူများအားလုံး ညပိုင်းတွင် ကိုယ့်ဆိုင်းဘုတ်ကို ကိုယ်တိုင် ကင်းစောင့် အိပ်နေရကြောင်း ရှင်းလင်းပြောကြားသည်။

“ အခြေခံအဆင့်မှာရှိတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေအနေနဲ့လည်း အခုလက်ရှိမှာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ် ဆိုတာကို မျက်ခြေမပြတ်သင့်ဘူး လို့ ကျွန်တော်အသိပေးချင်ပါတယ်” ဟု ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်မှ ပြောကြားသွားပါသည်။

ကိုရဲ

Monday, March 5, 2012

0 တပ်သားကျော်ဇင်ဝင်းနှင့် သတင်းမှန် ဖုံးဖိလှည့်စားမှု

ဇာတ်လမ်း အစမှာ ကို Soe Thein က တပ်သား ကျော်ဇင်ဝင်း ဓါတ်ပုံကို ကျနော့် timeline ပေါ်မှာ share ပါတယ်..။

Soe Thein : ဒေါ်စုရဲ့ အောင်ပန်း-ကလော-ဟဲဟိုးခရီးစဉ်မှာ နှုတ်ဆက်ကြိုဆို တဲ့ တပ်မတော်သားလေး ကျော်ဇင်ဝင်းတစ်ယောက် ထိုးကြိတ်ခံ ရပြီး တပ်ချုပ်ချထားခံရပါတယ်။ ဒီ တပ်မတော်သားလေး နာမည် ကျော်ဇင်ဝင်းလို့ ခေါ်ပါတယ်။ အောင်ပန်း GE တပ်မှဖြစ်ပါတယ်။ သူ အခုအထိုးအကျိတ်ခံရပီး လူရုပ် မပေါ်တော့ ပါဘူး။ ဒီ သတင်းလေးကို share ပေးကြပါ။ တိတိကျကျသိလိုပါက ဖုန်း0949353386 ကိုဖိုးချိုထံ မေးနိင်ပါ တယ်။

တပ်သားကျော်ဇင်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အား လက်လှမ်းနှုတ်ဆက်ပုံ

ကျနော်ကလည်း group (၇) ခုမှာ ပြန် share လိုက်ပါတယ်..။

Sai Thein Win : တပ်မတော်သားတွေကို လက်တွဲခေါ်မယ်ဆိုရင် ဒီ ဖြစ်စဉ်ကို မသိလိုက် မသိဘာသာ မျက်နှာလွဲထားလို့ မဖြစ်ဘူး..

ဒါက စတုတ္ထလှိုင်း group မှာ ကျနော် share ထားတာကို ကို Hlaing Min Nyo က မှတ်ချက်ပေးထားတာတွေ ဖြစ်ပါတယ်..။

Hlaing Min Nyo : (ဒီ comment ကတော့ Thway Thit Sar ရဲ့ note ရှိတဲ့ link ကို copy/past လုပ်ထားတာပါ..။ အဲဒီ note ကို ဖတ်ချင်ရင် ဒီနေရာကို click လုပ်လိုက်ပါ..။)

ဒီနေ့ Facebook မှာ တပ်မတော်သားကျော်ဇင်ဝင်းဟု အမည်ရသော ရဲဘော်တစ်ယောက်အား ဒေါ်စုကြည်ကို ကြိုဆို၍ အထိုးကြိတ်ခံခဲ့ရတယ် ဆိုတဲ့ သတင်း ဖတ်လိုက်ရပါတယ်။ အောက်မှာလည်း တိတိကျကျသိလိုလျှင် ဖုန်းနံပါတ်ပေးထားပြီး ကိုဖိုးချိုထံသို့ ဖုန်းဆက်မေးမြန်းနိုင်ပါတယ် ဆိုတဲ့ အချက်ပါပါနေလို့ ကျွန်တော်အဲဒီဖုန်းကို ချက်ချင်းပဲ ဆက်ပြီးခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းခေါ်တဲ့အခါ ဆက်သွယ်မှု့ဧရိယာ ပြင်ပသို့ ဆိုပြီးပဲ ပြန်ပြောနေပါတယ်။

မကျေနပ်လို့ နောက်တစ်နာရီခြားပြီးမှ ထပ်ခေါ်လဲ ဆက်သွယ်မှု့ဧရိယာ ပြင်ပသို့ လို့ပဲ ထပ်ဖြစ်နေတာကြောင့် မသင်္ကာတော့ပဲ တိုက်ရိုက် မေးကြည့်ချင်သောကြောင့် အောင်ပန်းGEတပ်က ကျွန်တော့်သူငယ်ချင်းရဲဘော် ဆီဖုန်းဆက်မေးခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီတပ်မှာ တပ်သားကျော်ဇင်ဝင်းဆိုတာ မရှိကြောင်းနှင့် ထိုကိစ္စအား တင်ဖြေရှင်းတင်ပြရန် တပ်မှုးမှ စီစဉ်နေကြောင်းလဲ သိရပါသည်။

ယခုဓါတ်ပုံထဲရှိ ရဲဘော်မှာ အောင်ပန်းတပ်မှ မဟုတ်ကြောင်းကိုပါ ပြောပြခဲ့ပါတယ်။

ထို သတင်းဓါတ်ပုံမှာ တမင်တကာ အမြင်မှားစေရန်... လုပ်ကြံထားခြင်းဖြစ်ပြီး တပ်မတော်အား ပြည်သူမှ အထင်အမြင်မှားစေရန် ရည်ရွယ်ကာ လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု သိရှိရပါတယ်။ ထိုပြင် အောင်ပန်းမြို့ထဲသို့ တပ်မှရဲဘော်တစ်ဦး၏ဇနီး မြို့ထဲသို့ ဈေးသွားရာတွင် တပ်ယူနီဖောင်းအကျီဖြင့် အောက်မှ ဂျင်းဘောင်းဘီဝတ်ထားသော လူငယ်တစ်ယောက်အား တွေ့ခဲ့ပြီး တပ်သို့ပြောင်းရွေ့လာတာ မကြာသေးသော ရဲဘော်သစ် တစ်ယောက်ဖြစ်မည်ဟု ရိုးရိုးသာ တွေးမိခဲ့ကြောင်းကိုပါ သူငယ်ချင်းထံမှ သိခဲ့ရပါသည်။ သူရဲ့ဆံပင်က ရဲဘော်တစ်ယောက်၏ ဆံပင်မျိုးမ ဟုတ်ဘူး အရပ်ထဲမှ ခေတ်လူငယ်တစ်ယောက် ဆံပင်မျိုးဖြစ်နေတယ်။ "အခုဓါတ်ပုံတွင် မြင်တွေ့နေရသော လူငယ်မှာ အပေါ်ပိုင်းတွင် စစ်တပ်ယူနီဖောင်းဝတ်ထားပြီး အောက်ပိုင်းက အရပ်ဝတ် ၈ျင်းဘောင်းဘီ ၀တ်ထားသောသူသာ ဖြစ်သည်" ဟု ထပ်မံသိရခဲ့ပါသည်။

လုပ်ကြံဓါတ်ပုံနှင့် လုပ်ကြံသတင်းတစ်ခုသာဖြစ်ပြီး ပေးထားသော ဖုန်းနံပါတ်မှာလဲ ဖုန်းဘက်ထရီပါ ဖြုတ်ထားပုံရပါသည်။ တပ်မတော်အား ပြည်သူမှ အထင်သေးစေရန် ကြံရွယ်ကာ လုပ်ကြံထားသော သတင်းတစ်ခု ဖြစ်နေသောကြောင့် ယခုလို ရေးသားပေး ပို့လိုက်ရခြင်း ဖြစ်ပါတယ်။

(ဒီအထိက သဘာဝမြေ ဆိုတဲ့ web site တစ်ခုကနေ ယူထားတာ ဖြစ်ပါတယ်။ အဲဒီ web site ကိုလည်း click လုပ်ပြီး သွားလို့ရပါတယ်..။ အောက်မှာ သူဆက် မှတ်ချက်ချ ထားတာကတော့..)

ကျနော်ကတော့ ပုံကို ကြည့်ပြော ရမှာပဲခင်ဗျ.. GE တပ်သည် သူတို့ အင်ဂျင်နီယာ တံဆိပ်ပဲ တပ်တယ်.. တပ်မ နံပါတ်ကို တပ်တာက ခြေလျှင် တစ်ခုပဲ.. နောက်ပြီး တပ်မ ၅၅ သည် တပ်မတပ်မလုံး ရှေ့တန်း မထွက်ရသေး သောကြောင့် ရဲဘော်တွေ အခုလောက် ဆံပင်မရှည်ဘူး.. နောက်တန်းနေတဲ့ တပ်တွေမှာ တပတ်တခါ ဆံပင်ညှပ်မညပ် စစ်ပါတယ်.. တပ်မ ၅၅ လက်မောင်း တံဆိပ်ကြီးနဲ့ GE တပ်ကလို့ ပြောကတည်းက စ မှားနေပါတယ်။

Hlaing Min Nyo : တပ်သားရဲ့လက်မောင်းကဘက်ဟာ GE မဟုတ်ပါဘူး ခြေလျင်တပ်မ ၅၅ ရဲ့ဘက်ပါ နဲနဲစဉ်းစားပြီးမှ ၀ါဒဖြန့်စေလိုပါတယ်....... စော်ကားလိုခြင်းအလျဉ်းမရှိ ပါဘူး...... မဟုတ်ပဲနဲ့ဆိုရင် ပိုစ့်တင်တဲ့သူသိက္ခာကျတတ်ပါတယ်...

နိုင်ငံရေး စိတ်ဝင်စားသူများအဖွဲ့မှာ ကျနော် share ထားတာကိုလည်း ကို James Mmt က မှတ်ချက်ပေးထားပါတယ်..။

James Mmt : ကိုစိုင်းသိန်းဝင်း သူ့လက်မောင်းက တံဆိပ်က တပ်မ ၅၅ လို့ရေးထားတယ်နော်... ဂျီအီးက သူ့တံဆိပ်နဲ့ သူမှလား.....

သူတို့ မှတ်ချက်တွေကို ကျနော် ဒီလို ပြန်ဖြေထားပါတယ်..။

Sai Thein Win : ဟုတ်ပါ့ဗျာ.. ကျနော်လည်း သတိထားမိပါတယ်.. ဟိုဖက်လက်မောင်းတံဆိပ်ကို အကြီးချဲ့ကြည့်လိုက်မှ ဘီအီးဖူး တွေ့ရတာ.. ၅၅ လက်အောက်ခံ ဂျီအီးဖြစ်မယ်လို့ထင်ရပါတယ်..

Sai Thein Win : ဘီအီး/ဂျီအီး/အီးမီး/ဆစ်ဂ်နယ် တပ်တွေက တိုင်း/တပ်မ လက်အောက်ခံဆိုရင် တိုင်း/တပ်မ ဘက်တံဆိပ် တစ်ဖက် ကိုယ့် ဒါရိုက်ထရိတ် တံဆိပ်က တစ်ဖက် တပ်ရပါတယ်.. စစ်ကျောင်းကြီးတွေ ကပစတွေကျတော့ တိုင်း/တပ်မ လက်အောက်ခံမဟုတ်တဲ့အတွက် လက်မောင်းတံဆိပ်နှစ်ဖက်လုံးက ကိုယ့် တပ်တံဆိပ် ဖြစ်ပါတယ်..။

ဒါကတော့ ကို Htet Aung က စတုတ္ထထလှိုင်းမှာ ပေးထားတဲ့ မှတ်ချက် ဖြစ်ပါတယ်..။

Htet Aung : (သတင်းအဆင့်အတန်းအတွက် ကန့်ကွက်ပါတယ်...)

အခုပဲ ဆက်လိုက်တယ်...။ ကိုဖိုးချိုဖုန်းမဟုတ်ဘူးတဲ့...။ ကလေးလေး တယောက်ကိုင်တယ်...။ ဒေါ်စိုးဝင်းဖုန်းပါတဲ့....။

Htet Aung : အင်တာနက်မီဒီယာလောကမှာ ဖွတာကတော့ လူတိုင်းဖွလို့ရတယ်..။ သတင်းစာကျင့်ဝတ်၊ စာနယ်ဇင်းကျင့်ဝတ်နဲ့ တိုင်းတာမယ်ဆိုရင်တော့ သတင်းအဆင့်အတန်းက အင်မတန်မှ နိမ့်ကျလွန်းပါတယ်..။ အတိုင်းအတာတစ်ခုအထိပေးထားတဲ့ မီဒီယာလွတ်လပ်ခွင့်ကို ကျင့်ဝတ်နဲ့ ပိုင်ပိုင်နိုင်နိုင်အသုံးမချနိုင်ဘူးဆိုရင် မိမိအခွင့်အရေးက အလိုလို ပျောက်ဆုံးမှာ ဖြစ်သည်နှင့်အညီ မိမိရဲ့ သတင်းထောက် အရည်အသွေးလည်း ဆက်လက်ကျဆင်းနေမှာဖြစ်တယ်...။ စတုတ္ထမဏ္ဍိုင်က ယိုင်နဲ့နေမှတော့ ဒီမိုကရေစီ နိုင်ငံလည်း သွားမနေပါနဲ့တော့ အာဏာရှင်စနစ်နဲ့ပဲ နေလိုက်တာကောင်းပါတော့တယ်..။

Sai Thein Win : အောင်ပန်း ဂျီအီးတပ်ကိုသာ ဆက်သင့်ပါတယ်.. ဘာမှန်းမသိတဲ့ ဖုန်းကို ဆက်ပြီး သတင်းကို confirm လုပ်လို့ မဖြစ်ပါဘူး.. post တင်တဲ့လူကလည်း professional မဟုတ်ပါဘူး..။

ဒါကတော့ YPI က တက်လာတဲ့ သတင်းပါ.. ရဲဘော်ရဲ့ တစ်ကိုယ်လုံးပုံပါပါတယ်.. ယူနီဖောင်းလည်း အပြည့်အစုံ ဝတ်ထားပါတယ်.. အပေါ်က စစ်ယူနီဖောင်းနဲ့ အောက်က ဂျင်းဘောင်းဘီဆိုတာ လုံးဝ မဟုတ်ပါဘူး..။

Yangon Press International

ရှမ်းပြည်နယ် ကလောမြို့ အောင်နိုင်ရေး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံပွဲပြုလုပ်သည့်နေ့က စကားပြော စင်မြင့်၏ လက်ယာဖက်တွင် စစ်ယူနီဖေါင်းနှင့် ရဲဘော်လေး တစ်ယောက် လာရောက်နားထောင်နေသည်ကို တွေ့ခဲ့ရသည်။

ထိုရဲဘော်ကလေးက ဒေါ်အောင်ဆန်းစုကြည်အား လာရောက်နှုတ်ဆက်ခဲ့သည်ကို ရိုက်ကူးထားခဲ့သည့် ဓါတ်ပုံများသည် အင်တာနက် ဖေ့(စ)ဘွတ်စာမျက်နှာများတွင် ပြန့်နှံ့နေခဲ့ပြီး ထိုရဲဘော်လေး ဖမ်းဆီးခံထားရသည်ဟူသည့် သတင်းများပြန့်နှံ့နေခဲ့သည်။

ရှမ်းပြည်နယ်ရှိ ခိုင်လုံသောသတင်းရပ်ကွက်မှ သတင်းများအရ ဒေသခံတစ်ယောက်က YPI သို့ဆက်သွယ်ပြောကြားရာတွင် ထိုနေ့တွင်လာရောက် နားထောင်ခဲ့သော ရဲဘော်လေးသည် ကလောမြို့မှ တပ်မ၅၅ လက်အောက်ခံ တပ်သားကျော်ဇင်ဝင်းဖြစ်ပြီး အရက်သေစာသောက်စားမှု၊ တပ်စည်းကမ်းဖေါက်ဖျက်မှု စသည့်စွဲချက်တို့ဖြင့် တပ်ချုပ်ရုံးခန်းသို့ ဆင့်ခေါ်ထားခံရသည်ဟု သိရှိရပါသည်။

(ဒီသတင်းမှာ တပ်ချုပ်ရုံးခန်းဆိုတဲ့ အသုံးအနှူန်းကို မရှင်းပါ..။)

ယူနီဖောင်း အပြည့်နှင့် တပ်သား ကျော်ဇင်ဝင်း (Thway Thit Sar ကိုးကားတဲ့ သဘာဝမြေ က ဘယ်သူဘယ်ဝါမှန်း မသိရတဲ့လူ ပြောသလို အပေါ်ပိုင်း စစ်ယူနီဖောင်းဝတ်ပြီး အောက်ပိုင်းက ဂျင်းဘောင်းဘီ ဝတ်ထားတာ မဟုတ်ပါ..။)

ကျေးဇူးတင်ပါတယ် YPI.. တပ်သားကျော်ဇင်ဝင်းဆိုတာ မရှိဘူးလို့ ပြောထားတဲ့ကိစ္စလည်း တစ်ခါတည်း ရှင်းသွားပါတယ်..

Sai thein win

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မန္တလေးမြို့မှ နေပြည်တော်အထိစည်းရုံးရေးခရီးစဉ်(၅.၃.၂၀၁၂)(ဓာတ်ပုံ)



ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားခြင်းအား နားထောင်နေကြသော တံတားဦး၊ ပလိပ်မြို့နယ်များမှ လူထုကို ယနေ့နံနက် တွင် တွေ့ရစဉ်။ ဟောပြောမှု ပြီးဆုံးသွားပြီဖြစ်ပါသည်။ နွားထိုးကြီးမြို့နယ်သို့ ဆက်လက်ထွက်ခွာတော့မည်ဖြစ်သည်။
တံတားဦးမြို့အ၀င် ဈေးမြောက်ဖက် တာဘောင်ဘေး လယ်ကွင်းထဲ တွင် ဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်အား ယနေ့(၅.၃.၂၀၁၂) နံနက်တွင် တွေ့ရစဉ်။

ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးမြို့မှ နေပြည်တော်သို့ သူမတည်းခိုရာ ဟိုတယ်မှ ယနေ့(၅.၃.၂၀၁၂) နံနက် ၆ နာရီ ၂၀ မိနစ်တွင် စတင်ထွက်ခွာလာပြီး ၇ နာရီ ၅၀ မိနစ် တွင် တံတားဦးမြို့သို့ရောက်ရှိကာ မြို့အ၀င်ရှိ မြေကွင်းအတွင်း မိန့်ခွန်းပြောကြားခဲ့သည်။ ဆက်လက်၍ နွားထိုးကြီးမြို့နယ်သို့ ထွက်ခွာမည်ဖြစ် သည်။

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ လာရောက်မည့်  ခရီးစဉ်အား ကြိုဆိုရန် ပြင်ဆင်နေကြစဉ်(Popular myanmar)
(မနက် ၁၀:၅)။ နွားထိုးကြီး အားကစားကွင်း အတွင်းမိန့်ခွန်း လာရာက်နားထောင်သူ အလွန်များပြားနေပါတယ်..
(မနက် ၁၀:၂၅) ။ ယခု နွားထိုးကြီးမြို့တွင်မိန့်ခွန်းပြောကြားပြီး မိထ္ထီလာမြို့သို့ စတင်ထွက်ခွာနေပြီဖြစ်သည်။
(၁၂:၁၀)။ ဒေါ်အောင်ဆန်းစုကြည် သည် မိထ္ထီလာနာရီစင် နားရောက်ရှိနေပြီး မိထ္ထီလာ ဇာတ်ရုံဝင်းအတွင်းဟောပြောပွဲ ကျင်းပမည် (updae news-YPI)
ဓာတ်ပုံ- ဥက္ကာကိုကို

0 နောက်ကြောင်းပြန်မလှည့်ဖို့ အသေပိတ်ရမယ့် တံခါး


မြန်မာနိုင်ငံရဲ့ ဖားတပိုင်းငါးတပိုင်းခေါင်းဆောင်တွေက ဒီမိုကရေစီစနစ်ဆီ ခြေလှမ်းတွေလှမ်းနေပြီ၊ အပြောင်းအလဲ တွေ လုပ်နေပြီဆိုပြီး လူမြင်သူမြင် အကွက်ဆန်းလေးတွေ ကပြနေသလို စစ်အာဏာရှင်စနစ်ဆီ နောက်ကြောင်းပြန် မလှည့် ဘူး၊ စစ်တပ်အာဏာသိမ်းတာမျိုး မလုပ်တော့ဘူးလို့လဲ ထပ်ခါထပ်ခါ ကတိပေးသလိုလို အာမခံသလိုလို အမေရိကန် ကြားအောင် ပြောနေပါတယ်။

တကယ်တော့ လက်ရှိအနေအထားဟာ ၁၉၆၂-၁၉၇၄ ကာလ နဲ့ ၁၉၈၈-၂၀၁၀ ကာလလို ပြောင်အတိအလင်း စစ်အာ ဏာရှင်စနစ်မျိုး မဟုတ်ပေမဲ့ ၁၉၇၄-၁၉၈၈ ကာလလို ခေါင်းမြီးခြုံစစ်အာဏာရှင်စနစ် ဖြစ်နေပြီး လူမမြင်သူမမြင်နေရာ တွေမှာ ဘာမှမပြောင်းလဲတာ မြန်မာပြည်သူလူထုက သိနေပါတယ်။ အထူးသဖြင့် အောက်ခြေက အလုပ်သမား လယ် သမား ကျောင်းသား တောကြိုအုံကြားတိုင်းရင်းသားဘဝတွေ အပြောင်းအလဲမရှိတာထက် ပိုအဓိကကျတာက ၁၉၆၂ ခုကနေ ဒီကနေ့အထိ မြန်မာသမိုင်းကြောင်းကို ကြီးစိုးထားတဲ့ တပ်မတော်ရဲ့အမြင်သဘောထားတွေ၊ တပ်မတော်ရဲ့ ဖွဲ့စည်းလည်ပတ်မှုစနစ်တွေ မပြောင်းလဲတာဖြစ်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေတခုတည်းကို ပြင်ဆင်လိုက်ရုံနဲ့ မပြီးဘဲ တပ်မတော်ကိုပါ တပါတည်းပြောင်းလဲပြင်ဆင်လိုက်မှ နောက်ကြောင်းပြန်မလှည့်ဖို့ အာမခံချက်ရှိမှာဖြစ် ပါတယ်။

ဗမာပြည်ရဲ့ အဓိကပြဿနာဟာ ဒီမိုကရေစီပြဿနာဖြစ်တယ်၊ တိုင်းရင်းသားပြဿနာဖြစ်တယ်၊ အခြေခံဥပဒေပြဿ နာဖြစ်တယ် စသဖြင့် ကိုယ်သန်ရာရှုဒေါင့်ကနေ ပြောနေကြပေမဲ့ ဒီကနေ့ကာလမှာ အချုပ်ကတော့ စစ်တပ်ပြဿနာပဲ ဖြစ်ပါတယ်။ စစ်တပ်ကိုယ်၌က ဒီမိုကရေစီဆန့်ကျင်ရေး၊ တိုင်းရင်းသားကျွန်ပြုရေး၊ လူမှု-စီးပွား လက်ဝါးကြီးအုပ် ရေးတွေ ခြေဆုံးခေါင်းဆုံး အရိုးစွဲနေသရွေ့ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေး၊ ဥပဒေအရေးတွေအားလုံး တနွယ်ငင်တစင်ပါ ဖောက်ပြန်မှောက်မှားကုန်မှာ ဖြစ်ပါတယ်။

ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေး ဖြစ်စေ၊ ဗိုလ်တင်အောင်မြင့်ဦး၊ ဗိုလ်အောင်သောင်း၊ ဗိုလ်ကျော်ဆန်းဖြစ်စေ၊ ဗိုလ်သိန်း စိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်ဖြစ်စေ ကမ္ဘာပေါ်မှာမရှိတော့ရုံနဲ့လဲ မလုံလောက်ပါဘူး။ ၁၉၅၀ ခုနှစ်များက တည်းကစ ပြီး ပုံစံသွင်းခဲ့တဲ့ အတွေးအမြင် အမူအကျင့် စနစ်ဇယားအားလုံးကို စစ်တပ်တခုလုံးထဲက ခဝါချပစ်ဖို့ လိုနေပါတယ်။ ဘားတိုက်ပြန်သွားရုံနဲ့ မပြီးဘဲ စစ်တပ်တခုလုံးကိုပြောင်းလဲပစ်မှ ကျန်တဲ့တနိုင်ငံလုံးမှာ အပြောင်းအလဲတွေ အနှစ်သာရ ရှိရှိ နောက်ပြန်မလှည့်စတမ်း ဖြစ်လာပါလိမ့်မယ်။

မြန်မာ့တပ်မတော်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ညာလက်ရုံး ဘယ်လက်ရုံးတွေဖြစ်တဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ် ရဲထွဋ်၊ ဗိုလ်ကျော်ဇော တို့ကို တယောက်ပြီးတယောက် ပထုတ်ခဲ့ပြီးနောက် စစ်လက်ဝါးကြီးအုပ်ဝါဒကို ဗိုလ်နေဝင်း၊ ဗိုလ် မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေတို့က တစတစသွတ်သွင်းလာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခံယူချက်နလုံးဝကွဲလွဲပြီး တိုင်းပြည့်ကယ်တင်ရှင်ဝါဒမျက်နှာဖုံးနဲ့ အိမ်ကြီးပေါ်အိမ်ငယ်ဆောက်ရေးကို စ,စဉ်းစား စ,ခြေလှမ်းလာခဲ့ပါ တော့တယ်။

မြန်မာစစ်တပ်ဟာ ၁၉၅၂ ခု တပ်မှူးညီလာခံကတည်းက နယ်ဖက်ကိစ္စတွေဖြစ်တဲ့ စီးပွားရေး၊ ဘဝသစ်ဖန်တီးရေး၊ ကျေး လက်ကြီးပွားရေး၊ ဒေသန္တရအုပ်ချုပ်ရေး၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး စတာတွေကို ဝင်စွက်ဖက်ဖို့ ခြေလှမ်းလာပါ တယ်။ ဒီလိုနဲ့ ၁၉၅၄ စက်တင်ဘာ မေမြို့တပ်မှူးညီလာခံမှာ ဒီမိုကရေစီအစိုးရလက်အောက် အမှုထမ်းနေရက်နဲ့ သီးသန့် တပ်မတော်ဝါဒသဘောတရားထားဖို့ စ,ဆွေးနွေးခဲ့ပါတယ်။ ၁၉၅၅ ခု အောက်တိုဘာလမှာ ရေတပ်နဲ့လေတပ်ကို ကြည်း တပ်ဦးစီးချုပ်အောက် စသွတ်သွင်းပြီး လက်နက်ကိုင်တပ်အားလုံးကို တလက်ကိုင်စနစ် စ,ကျင့်သုံးခဲ့ပါတယ်။ ကြည်း တပ်ဦးစီးချုပ်ကို ကြည်း-ရေ-လေ တပ်မတော်တခုလုံးရဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ထာဝရသတ်မှတ် လိုက်ပါတော့ တယ်။

တပ်မတော်ဟာ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ပါဘဲလျက် တပ်မတော်ဝါဒသဘောတရား ideology ဖော်ထုတ်ရေး အဆို ပြုချက်ကို ဗိုလ်ချုပ်နေဝင်းက ၁၉၅၆ ခု မိတ္ထီလာ တပ်မှူးညီလာခံမှာ တရားဝင်တင်သွင်းခဲ့ပါတယ်။ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို စိတ်ကြိုက်ချဲ့ကား မြှောက်ပင့်ဖို့ ဒီနှစ်ထဲမှာဘဲ ဆိုက်ကိုဌာနဖွင့်ခဲ့ပြီး ပြည်သူလူထုထဲ၊ အထူးသဖြင့် စစ်တပ်ထဲ မှာ စစ်တပ်သည်အကြီးမြတ်ဆုံး ဆိုတဲ့ အတွေးအခေါ်နဲ့လုပ်ဟန် စ,သန္ဓေတည် စေခဲ့ပါတယ်။ ၁၉၅၇ စက် တင်ဘာ တပ် မှူးညီလာခံအပြီး အောက်တိုဘာလမှာ တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး (ဆိုက်ကို ဌာန) က ချစ်လှိုင် နဲ့ စောဦး တို့ရဲ့ နာမရူပဝါဒကို မြဝတီမဂ္ဂဇင်းမှာ ကိုယ့်သဘောနဲ့ကိုယ် ဝါဒဖြန့်လာခဲ့ပါတယ် (၁၉၆၂ -၁၉၈၈ မဆလ ဝါဒ ရဲ့ရှေ့ပြေး ဖြစ်ပါတယ်)။

အလုပ်သမား-လယ်သမား-ကျောင်းသား-သံဃာတိုက်ပွဲတွေပေါ်တဲ့အခါ တပ်မတော်ရဲ့အဓိကတာဝန်က တရားဥပဒေ စိုးမိုးရေးသည်ပထမ၊ ဒီမိုကရေစီရေးသည်ဒုတိယ ဆိုပြီး ဒီမိုကရေစီကိုလဲပစ်ပယ်၊ ရဲအလုပ်ကိုလဲဝင်ရှုပ် လက်ဝါးကြီး အုပ် ခဲ့သလို တိုင်းရင်းသားတွေရဲ့ အကြမ်းမဖက်/လက်နက်ကိုင် ဖက်ဒရယ်လှုပ်ရှားမှု ဖြစ်လာတဲ့အခါမှာတော့ အချုပ် အခြာ အာဏာ တည်တံ့ခိုင်မြဲရေးသည်ပထမ၊ ဒီမိုကရေစီရေးသည်ဒုတိယ ဆိုပြီး အာဏာကိုလက်ဝါးကြီးအုပ်ဖို့ လုပ်လာခဲ့ပါ တယ်။ သေချာတာကတော့ စစ်ခေါင်းဆောင်တွေဟာ “ဒီမိုကရေစီရေးသည်ပထမ”လို့ ဘယ်တုန်းကမှ မခံယူခဲ့တာဘဲ ဖြစ်ပါတယ်။

၁၉၅၈ ခု ဇွန်လမှာ သန့်ရှင်းဖဆပလအစိုးရ ဝန်ကြီးချုပ်ဦးနုက ပြည်တွင်းငြိမ်းချမ်းရေးအတွက် သင်ပုန်းချေ လွတ်ငြိမ်း ချမ်းသာခွင့်ဥပဒေ ပြဋ္ဌာန်းရေး၊ တော်လှန်ရေးအဖွဲ့များ ဥပဒေတွင်းတရားဝင်ရပ်တည်နိုင်ရေးတို့ကို ကတိပေးကမ်းလှမ်းပြီး တွေ့ဆုံဆွေးနွေးဖို့လုပ်လာတဲ့အခါ ပြည်တွင်းစစ်နဲ့ အင်အားကြီး လူရာဝင်လာတဲ့ စစ်တပ်ဟာ မျက်လုံးပြူး မျက်ဆံပြူးဖြစ် ပြီး အာဏာသိမ်းဖို့ စတင်ကြံစည် လှုပ်ရှားလာခဲ့ပါတယ်။

၁၉၅၈ စက်တင်ဘာ မိတ္ထီလာ တပ်မှူးညီလာခံမှာ တပ်မတော်ဝါဒသဘောထား ထုတ်ပြန်ခဲ့ပြီး ဒီလထဲမှာဘဲ အိမ်စောင့် အစိုးရ နာမယ်ခံ ပထမအကြိမ်အာဏာသိမ်းခဲ့ပါတယ်။ ဒီလိုအာဏာသိမ်းထားတာကို အခွင့်ကောင်းယူပြီး ၁၉၅၉ တပ်မ တော်အက်ဥပဒေကိုလဲ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေကြောင့် တပ်မတော်ဟာ နိုင်ငံထဲမှာ ငါ့မင်းငါ့ချင်းဖြစ်သွားပြီး ကြည်း တပ်ဦးစီးချုပ်တယောက်တည်းရဲ့ အမိန့်ကိုသာ နာခံရတော့တဲ့အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ ဆိုက်ကိုဌာနကလဲ အိမ် စောင့်အစိုးရလက်ထက်မှာ တပ်မတော်ကသာ တိုင်းပြည်အတွက် အကျိုးပြုနိုင်တဲ့အကြောင်း၊ တော်ကြောင်းကောင်း ကြောင်းတွေ နင်းကန်ဝါဒဖြန့်ပေးခဲ့ပါတယ်။

စစ်တပ်ဆိုက်ကိုဌာနဟာ ဗကပ၊ အလံနီ၊ ကေအဲန်ယူတို့ရဲ့ ဆိုးသွမ်းမှုဆိုတာတွေကို (ဥပမာ- ဖြူးတိုက်ပွဲ၊ ရထားဗုံး ခွဲမှု၊ တက္ကသိုလ်ကျောင်းသူတွေကို တရုတ်ဖြူဆီမှာ လက်နက်နဲ့လဲမှု) ပုံကြီးချဲ့ သို့မဟုတ် လုပ်ဇာတ်ဖန်တီး ထပ်တလဲ လဲဝါ ဒဖြန့်ပြီး ရခိုင်၊ တနင်္သာရီ၊ ကရင်၊ ကရင်နီ နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်တပ်ရဲ့ လူသတ်မှုတွေ၊ လူ့အခွင့်အရေး ဖောက် ဖျက်မှုတွေ (ဥပမာ- လယ်ဝေး၊ တောပန်းဇင်၊ ပုလော၊ မြလဲ၊ လွိုင်လင်) ကို ဖုံးအုပ်ဖျောက်ဖျက်တာ လုပ်ပေးနိုင်လို့ ကွန် မြူနစ်နဲ့ တိုင်းရင်းသားသူပုန်တွေကို လူဆိုးလူရိုင်းတွေ၊ အကြမ်းဖက်သမားတွေ၊ ပြည်ထောင်စုဖြိုခွဲသူတွေ၊ စစ်တပ်ကို တော့ တကယ့်မျိုးချစ် သူတော်ကောင်း သူရဲကောင်းတွေအဖြစ် တပ်ထဲမှာရော၊ ပြည်သူလူထုထဲမှာပါ သရုပ်ဖျက် ပုံရိပ် ဖန်တီး စွဲမှတ်စေခဲ့ပါတယ်။

၁၉၆၂ ခု စစ်အာဏာသိမ်းပွဲဟာ တိုင်းရင်းသားတွေ ခွဲထွက်မယ်ဆိုတဲ့ ဖက်ဒရယ်အရေး အသံလွှင့်ရုံဆွေးနွေးပွဲ အ ကြောင်းပြခဲ့ပေမဲ့ ၁၉၆၁ ခု နိုဝင်ဘာလောက်ကတည်းက စီစဉ်ခဲ့တာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီဝင် ဗိုလ်မှူး ချုပ်အောင်ကြီး နဲ့ ဗိုလ်မှူးချုပ်တင်ဖေတို့က ထုတ်ပြောခဲ့ကြပါတယ်။ အိမ်ကြီးပေါ်အိမ်ငယ်ဆောက်ရာကနေ နောက်ဆုံး တော့ အိမ်ကြီးကိုလုံးလုံးဖျက်ချပစ်လိုက်ပြီး ပုံမကျပန်းမကျအိမ်ငယ်က မင်းမူလိုက်တာဖြစ်ပါတယ်။

တကယ်တော့ အာဏာသိမ်းတဲ့အကြောင်းတရားတွေထဲမှာ ဦးနုရဲ့ပထစအစိုးရဟာ တမျိုးသားလုံးစစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းဖို့ စဉ်းစားအားထုတ်လာတဲ့အတွက် တပ်တွင်းလက်ဝါးကြီးအုပ်အာဏာ လျော့ပါးထိခိုက်သွားမှာစိုးတာလဲ တ ကြောင်းပါပါတယ်။ ဗိုလ်နေဝင်းရဲ့ အာဏာသိမ်းစစ်အစိုးရလက်ထက် ၁၉၆၉ တပ်မှူးညီလာခံမှာလဲ အဲ့ဒီအချိန်တုံးက လုပ်စားနေတဲ့ “ဆိုရှယ်လစ်” မျက်နှာဖုံးနဲ့ကိုက်ညီရအောင် တမျိုးသားလုံးစစ်မှုထမ်းဥပဒေထုတ်ဖို့ ဆွေးနွေးခဲ့ပေမဲ့ စစ် အုပ်စုရဲ့ အထူးအခွင့်အရေးတွေ ထိခိုက်ဆုံးရှုံးမှာစိုးလို့ ဒီကိစ္စကို ချောင်ထိုးလိုက်ပါတော့တယ်။ ၁၉၆၉ ခုနောက်ပိုင်းမှာ တပ်မှူးညီလာခံကိုလဲ တခါမှမခေါ်တော့ဘဲ ၁၉၈၈ ဒီဘက်ပိုင်းကျမှ လေးလပတ်အစည်းအဝေးဆိုပြီး တနှစ် သုံးခါ တပ်မှူး တွေကို အစည်းအဝေးခေါ် ကွပ်ညှပ်နေပါတယ်။

ပြည်တွင်းစစ်ကိုအမှီပြုပြီး အင်အားကြီးထွား သြဇာမြင့်မားလာတဲ့စစ်တပ်ဟာ သူ့သြဇာအာဏာကို ခွဲပေးရမယ့် ဖက်ဒ ရယ်စနစ်၊ ဒီမိုကရေစီစနစ် နဲ့ လူတိုင်းစစ်မှုထမ်းစနစ်တို့ကို မလိုလားခဲ့တာ သဘာဝပါဘဲ။

ပထမအာဏာသိမ်းပွဲ သို့မဟုတ် အိမ်စောင့်အစိုးရလက်ထက်ကစပြီး စစ်ဗိုလ်တွေကို အထူးအရာရှိတွေအဖြစ် အရပ်ဖက် အစိုးရဌာနတွေမှာသွင်း အရပ်သားဝန်ထမ်းတွေအပေါ် လွှမ်းမိုးဗိုလ်ကျတာတွေ စလာခဲ့ပါတယ်။ ၁၉၆၂ အာဏာသိမ်းပွဲ နောက်ပိုင်းမှာ ဒီလုပ်ရပ်ဟာပိုဆိုးလာပြီး နေရာတကာမှာ အခွင့်ထူးခံစစ်ဗိုလ်တွေကြီးစိုးချယ်လှယ်တာ ဖြစ်လာသလို ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်လေးမှာလဲ စစ်ဗိုလ်တွေကို ဌာနဆိုင်ရာတွေနဲ့ ထွေ/အုပ်တွေထဲ အစုလိုက် အပြုံလိုက် ထည့်သွင်း ကြိုတင်နေရာချခဲ့ပါတယ်။ တပ်ချုပ်သန်းရွှေရဲ့အစီအစဉ်အောက်မှာ ဝန်ကြီးတွေအပါအဝင် အရပ်ဝတ်လဲ လိုက်တဲ့ စစ်ဗိုလ်တွေဟာ တပ်တွင်းထုံးတမ်းစဉ်လာသတ်မှတ်ချက်အရ အရပ်ဘက်ပြောင်းပြီး လေးလအထိ ယူနီဖောင်း ဆက်ဝတ်ခွင့်တောင် မရတော့ဘဲ အရပ်ဝတ်တမျိုးဘဲ မဝတ်မနေရဝတ်ရပါတယ်။

အရည်အချင်းညံ့ဖျင်းပြီး သက်ဆိုင်ရာပညာရပ် ကျွမ်းကျင်မှုမရှိတဲ့ စစ်ဗိုလ်တွေရဲ့ နှစ်ပေါင်း ၅၀ လွှမ်းမိုးချယ်လှယ်မှု အောက်မှာ တိုင်းပြည်ဟာ ဖွတ်တက်သွားခဲ့ပါတော့တယ်။ စစ်အလွှာအတွက် အခွင့်ထူးခံပညာရေး ကျန်းမာရေးစနစ် တွေလဲ ပေါ်ထွန်းလာပြီး သာမန်ပြည်သူတွေအတွက် ပညာရေး ကျန်းမာရေးတွေ ခြွတ်ခြုံကျပျက်စီးသွားခဲ့ပါတယ်။

စစ်တပ်ဟာ နယ်ဖက်အုပ်ချုပ်ရေးထဲ အတင်းဝင်နေရာယူ လက်ဝါးကြီးအုပ်သလို စီးပွားရေးနယ်ပယ်မှာလဲ MBA ဘွဲ့ရ တယောက်မှမပါတဲ့ ဦးပိုင်နဲ့ MEC တို့ဟာ ဈေးကွက်အခြေမခံဘဲ အာဏာကိုအခြေခံပြီး တမိုးလုံးဖျောက်ဆိပ် လက်ဝါး ကြီးအုပ်ထားပါတယ်။ ဗိုလ်ချုပ်မိသားစုတွေ ရှယ်ယာပါတဲ့ လက်ဝေခံ မသူတော်ဂိုဏ်းဝင် စီးပွားရေးသမားကြီးတွေကလဲ သာမန်ပြည်သူတွေ ဘယ်လိုမှမတိုးနိုင်အောင် နိုင်ငံဓနဥစ္စာတွေကို ထိန်းချုပ်ချယ်လှယ်နေပါတယ်။

၁၉၉၈ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ခင်အောင်မြင့်တို့က တပ်မတော်မှာ အစဉ်အလာမရှိဖူးတဲ့ စည်းကော် (စည်းရုံးရေးကော်မတီ) ကိုထူထောင်ပြီး တပ်မတော်သားတွေနဲ့ မိသားစုတွေအားလုံးရဲ့ နေ့စဉ်ဘဝတွေကို အကြွင်းမဲ့ ချုပ်ကိုင်လိုက်ပါတယ်။ (မဆလခေတ်တုံးက တပ်မတော်ပါတီစည်းရုံးရေးကော်မတီတွေကတော့ ပါတီလိုင်းကိုပဲ သွတ် သွင်းခဲ့ပါတယ်။) အတိုက်အခံတွေ၊ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး အချုပ်အခြာအာဏာ ဆုံးရှုံးအောင် လုပ်နေသူတွေ၊ ပြည်ထောင်စုပြိုကွဲအောင်လုပ်နေသူတွေ၊ မျိုးချစ်စိတ်မရှိသူတွေ၊ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင်လုပ် နေသူတွေအဖြစ် တပ်ကို သတင်းအမှားပေးတဲ့နည်း misinformation/disinformation နဲ့ ရန်သူအဝိုင်းခံစိတ်နေစိတ်ထား သက်ရောက် စိုးရိမ်ချောက်ခြားနေအောင် တောက်လျှောက် ကောက်ကောက်ကျစ်ကျစ် လုပ်ထားခဲ့ပါတယ်။

၁၉၅၀ ခုနှစ်များအလယ်ပိုင်းလောက်ကစပြီး စစ်တပ်ကို ပုံစံသွင်းခဲ့တဲ့အတွက် ဒီကနေ့ တစညဖြစ်စေ၊ ထောက်လှမ်း ရေး ချုပ် ဗိုလ်ခင်ညွန့်ဖြစ်စေ စစ်လက်ဝါးကြီးအုပ်ရည်ရွယ်ချက်အတွက်ဘဲ သသဏ္ဌာန်အမျိုးမျိုးနဲ့ လုံးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူမှ ဒီမိုကရေစီစနစ်တို့၊ နိုင်ငံတကာကစံထားတဲ့ အရပ်သားအုပ်ချုပ်ရေးစစ်စစ်တို့ကို စိတ်ကူးတာ မဟုတ်ပါ။ ဒါပေ မဲ့ အိမ်ကြီးပေါ်အိမ်ငယ်ဆောက်တဲ့အတွေးအခေါ်ကနေ ကျဉ်းမြောင်းတဲ့ဂိုဏ်းဂဏဝါဒ၊ အစွန်းရောက် မဟာဝါဒတွေ မလွဲ မသွေပေါက်ဖွားစေတဲ့အတွက် လက်ရှိဗိုလ်ချုပ်တွေထက် စစ်ရေးစစ်ရာမှာ အပုံကြီးသာတဲ့ ဗိုလ်ထွန်းရီ၊ ဗိုလ်သန်းတင်၊ ဗိုလ်တင့်ဆွေတို့ဦးစီးတဲ့ တစည ကိုတောင် နေရာမပေးနိုင်အောင် သန်းရွှေ-သိန်းစိန်စစ်အုပ်စု က မစ္ဆရိယစိတ်များလှပါ တယ်။

ရေရှည်စနစ်တကျပုံစံသွင်းဖျက်ဆီးခံခဲ့ရတဲ့ စစ်တပ်ဟာ အရေအတွက် အရည်အသွေး အရည်အချင်းတွေ ကျဆင်းလာ တာ မဖုံးနိုင်မဖိနိုင် ပေါ်ထွက်လာပြီဖြစ်ပါတယ်။ ၂၀၁၁ ခု အောက်တိုဘာ ၂၅ ရက် ဗန်းမော်ခရိုင်တွင်းက တိုက်ပွဲမှာ လက်အောက်ငယ်သားတွေ အသက်ဆုံးမှာကိုငဲ့ကွက်ပြီး အမိန့်မရဘဲ စစ်မြေပြင်ကဆုတ်ခွာခဲ့တဲ့အတွက် စကခ-၂၁ လက်အောက်ခံ ခလရ ၄၇ တပ်ရင်းမှူး ဗိုလ်မှူးညီညီအောင် (တေဇ အပတ်စဉ် ၂၅) ထောင်ဒဏ် ၂၅ နှစ်၊ ဗိုလ်ကြီးဖြိုးဝေ အောင် ထောင်ဒဏ် နှစ် ၂၀၊ အခြားအဆင့် ၁၂ ဦး ထောင်ဒဏ် ၁၅ နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ တပ်မ ၈၈ ရဲ့ ခမရ ၃၁၇ ကအရာရှိတွေလဲ ဒီဇင်ဘာ ၁၀ ရက်နေ့ ခိုင်ဘန်တိုက်ပွဲမှာ အကြီးအကျယ်စစ်ရှုံးခြင်းပြစ်မှုနဲ့ စစ်ခုံရုံးတင်ခံရပါတယ်။

အောက်တိုဘာ-နိုဝင်ဘာထဲမှာ မပခ လက်အောက်ခံ ခလရ ၂၁၊ ခလရ ၃၇၊ ခလရ ၅၈၊ ခလရ ၂၆၀၊ ခမရ ၄၃၇ နဲ့ တ ခြားတပ်ရင်း ၂ ရင်းက တပ်ရင်းမှူးတွေလဲ ထုတ်ခံရ သို့မဟုတ် ရာထူးချခံရပါတယ်။ စကခ-၂၁ လက်အောက်ခံ ခမရ ၄၃၈ တပ်ရင်းမှူး နဲ့ ဒကစ(တနိုင်း) လက်အောက်ခံ ခလရ ၂၉၇ တပ်ရင်းမှူးတို့ကတော့ တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။

စစ်ရပ်စဲဖို့ပြောတဲ့ သမတအမိန့်ကို တပ်ကမနာခံတာမဟုတ်ဘဲ ယူနီဖောင်းချွတ်တွေက ဘယ်လိုပြော၊ ယူနီဖောင်း ဝတ် တွေက ဘယ်လိုလုပ်ဆိုပြီး တပ်ချုပ်ကြီးသန်းရွှေ ဇာတ်ညွှန်းဆွဲ စီစဉ်ညွှန်ကြား ဇာတ်တိုက်ခဲ့ပေမဲ့ မထင်တာတွေက ဖြစ် လာလို့ ကြံ့ဖွတ်စစ်ခေါင်းဆောင်တွေ ရှက်ရမ်းရမ်း ရှုံးမဲမဲနေတာလဲ တွေ့ရသလို ပေါက်ကွဲလုဆဲ အောက်ခြေတပ်တွေ ကြောင့် တနပ်စားငြိမ်းချမ်းရေးတွေ ဒရောသောပါးလိုက်လုပ်နေတာလဲ တွေ့ရပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ခွဲမရတဲ့ တပ်မတော်ပြင်ဆင်ပြောင်းလဲရေးအတွက် တလက်ကိုင်စနစ် ဖျက်သိမ်းရေး၊ တပ် မတော်သားအခွင့်အရေး အပြည့်အဝပေးရေး နဲ့ တပ်မတော်သားသမဂ္ဂ ဖွဲ့စည်းရေး၊ ပုဒ်မ ၆၅ နဲ့တကွ တပ်မတော် အက် ဥပဒေထဲက မူမမှန်တဲ့အပိုင်းတွေကို ဒီမိုကရေစီနည်းကျကျ ပြန်လည်သုံးသပ်ပြင်ဆင်ရေး သို့မဟုတ် တပ်မတော် အက် ဥပဒေ နည်းဥပဒေတွေ အသစ်ပြန်ဆွဲရေး၊ ဦးပိုင် နဲ့ မသူတော်စီးပွားရေးဖျက်သိမ်းရေး၊ အစိုးရဌာနတွေထဲက မိုးကျရွှေ ကိုယ်များ ဖယ်ရှားရေး၊ ရေးချုပ် ထောက်ချုပ် ထုတ်ချုပ် ကျင့်ချုပ် စရခချုပ် စစ်ဆေးရေးချုပ်တွေကို ကြည်းတပ်လက်ဝါး ကြီးအုပ်မှု တပ်ချုပ်လက်ဝါးကြီးအုပ်မှုပယ်ဖျက်ရေး၊ ကကဝယ်ကို ပညာရှင်တွေနဲ့ သက်ဆိုင်ရာလက်ရုံး တွေဦးစီးရေး၊ ဦးစီးချုပ်တွေကို ပြည်သူ့ကိုယ်စားလှယ်တွေက ထိန်းချုပ်ရေး စတာတွေလုပ်ဖို့ အရေးတကြီး လိုလာပါပြီ။ ဘယ်သူလုပ် လုပ် မလုပ်လုပ် သောက်သောက်လဲအသေခံနေရ၊ စက်နဲ့လှည့်ထုတ်သလို ဒုက္ခိတဖြစ်နေရ၊ မိသားစုတွေ နောက်တန်း မှာ စားရမဲ့သောက်ရမဲ့ဘဝဖြစ်နေရတဲ့ အောက်ခြေတပ်မှူးတပ်သားတွေကတော့ စစ်မှန်တဲ့ တပ်မတော်အကျိုးစီးပွား၊ နိုင်ငံ့အကျိုးစီးပွားကို မဖြစ်ဖြစ်အောင်လုပ်ဖို့ တာစူနေပါပြီ။

ကလောမှာ ဒေါ်အောင်ဆန်းစုကြည်ကို တပ်မ ၅၅ ရဲဘော်တွေ ယူနီဖောင်းဝတ်ပြီး ပြောင်ထွက်ကြိုခဲ့တာ အကင်းပဲ ရှိပါ သေးတယ်။

ဂါမဏိ
http://www.naytthit.net/?p=25164မှကူးယူဖော်ပြပါသည်..

Sunday, March 4, 2012

1 (ABSDF) ၏ ပထမဦးဆုံး ဥက္ကဌ ဖြစ်သူ ကိုထွန်းအောင်ကျော်နှင့်ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲ (၄.၃.၂၀၁၂)(ရုပ်/သံ)

အပိုင်း(၁)


အပိုင်း(၂)ဆက်လက်ကြည့်ရူရန်

အပိုင်း(၃)

အပိုင်း(၄)


Video ရိုက်ကူးသော ( tunwai+ zayyar20283)နှင့် တိုက်ရိုက်ထုတ်လွှင့်ပေးသော
BCJPTELEVISION2 အားကျေးဇူးတင်ရှိပါသည်..

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်ကိုင်း စည်းရုံးရေးခရီးစဉ်နဲ့ အပြန်မန္တလေးဈေးချိုရှေ့မြင်ကွင်းပုံများ


ဝါဆိုဆရာတော်ဘုရားကြီးအားသွားရောက်ဖူးမျှော်ကန်တော့

ယနေ့ (၄.၃.၂၀၁၂) နေ့လည်က စစ်ကိုင်းမြို့၊ စစ်ကိုင်းတံတားအောက်ဖက်အနီး သဲသောင်ပြင်ပေါ်တွင် ဒေသခံလူထုကြီး အား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ- ဥက္ကာကိုကို
Photo..Getty images, The voice weekly,Maung Ni Oo,Popular myanmar


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်ကိုင်းမှအပြန် မန္တလေးဈေးချိုမှ လူပင်လယ်
(ဒီနေ့ ၁နာရီ ၁၅လောက် မှာ ဈေးချိုသူ-ဈေးချိုသားတွေ အမေစု ကို ကြိုဆိုလိုက်ကြပုံများ ဆိုင်တွေကို ပစ်ခတ်ထားခဲ့ကြတာ ဆိုင်စောင့်ဖို့ လူတောင် မရှိဘူးတဲ့ .......... :-)မန္တလေးသား Khin Maung Htwayရဲ့ပြောဆိုချက်

0 ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်


ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်
မတ်လ (၁) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က တာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြောကြားလိုက်သည့် မိန့်ခွန်းကို ကျွန်တော် ရေဒီယိုမှ နားမထောင်မိ၊ ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်မှုကိုလည်း မကြည့်ရှုမိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော ကျွန်တော်တို့ လူမှုရေးသမားများသည် အချိန်နှင့်တပြေးညီ နာရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ပြည်သူလူထုတို့၏ လိုအပ်ချက်၊ တောင်းဆိုချက် အကူအညီရလိုမှုတို့ကို နံနက်မှ ညအချိန် အိပ်စက်သည့် အချိန်ကာလအထိ ပေးဆပ်မှုတို့ကို နေ့တဓူဝ နားရက်မရှိ လုပ်ကိုင်ပေးဆပ်နေရ၍ ဖြစ်တော့သည်။

မတ်လ (၂) ရက်နေ့တွင် ရောက်ရှိလာသော မြန်မာ့အလင်းသတင်းစာကို လူမှုရေးအလုပ်ရပ်နား သော ညနေပိုင်းအချိန်တွင် သမ္မတကြီး၏ မိန့်ခွန်းကို အကြိမ်ကြိမ်ဖတ်ရှုမိသည်။ ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးနေသော သမ္မတကြီး၏ မိန့်ခွန်းအပြည့်အစုံကို ပြည်သူလူထု တစ်ဦးအနေဖြင့် ဖတ်ရှုကာ လူမှုရေးသမားတစ်ယောက်အနေဖြင့် ခံစားကြည့်မိတော့သည်။

နိုင်ငံရေး


နိုင်ငံရေးကို ကျွန်တော်ရိုးရှင်းစွာပြောရလျှင် ကျွန်တော် နားမလည်၊ ရွံရှာသည်။ မုန်းတီးခဲ့သည်။ ကျွန်တော်သိခဲ့သော နိုင်ငံရေးမှာ - ကျွန်တော်လူ့ဘဝထဲရောက်ပြီး သုံးလေးနှစ်အရွယ်တွင် ကျွန်တော်၏ မိဘဘိုးဘွားပိုင် နိုင်လွန်စက်ရုံကြီးကို ထိုအချိန်ကာလ၌ နိုင်ငံတော်သမ္မတကြီးဖြစ်ခဲ့သော ဦးနေဝင်းမှ သိမ်းပိုက်ခဲ့ခြင်း၊ အဖိုးနှင့်အဖေတို့ကို အင်းစိန်ထောင်ထဲသို့ မတရားထည့်သွင်းခံရခြင်းတို့ပင်ဖြစ်သည်။ ထို့နောက် ၇-တန်း ၈-တန်းအရွယ်တွင် နိုင်ငံတော်၏အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သော ကမ္ဘာ့ကုလသမ္မဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့်၏ ဈာပနအခမ်းအနားမှစ၍ ဦးသန့်အရေးအခင်း။ ထို့နောက် ကျွန်တော် ၏ အဖိုးနှင့်ဖခင်တို့ကို မတရားဖမ်းဆီးထောင်ချခဲ့သော ကျွန်တော်တို့၏ သမိုင်းကြောင်းကို ဖိနှိပ် ခဲ့သော စစ်အာဏာရှင် (မ.ဆ.လ)တို့ကို ပြည်သူတစ်ရပ်လုံးက ဆန္ဒပြတောင်းဆိုခဲ့သော ၈၈ အရေးအခင်းတို့ ပေါ်ပေါက်လာခဲ့သည်။ ၈၈ အရေးအခင်းကာလတွင် ကျွန်တော်သည် ဒုတိယနှစ် ရူပဗေဒနှင့် ရုပ်ရှင်သရုပ် ဆောင် လုပ်ကိုင်စဉ်ဖြစ်သည်။ ပြည်သူကို လုပ်ကျွေးပြုပေးနေသူ၊ မတရားမှုကို ငုံ့မခံတက်သော စိတ်ဓါတ် တို့ဖြင့် ကျွန်တော်သည် ချီတက်ဟောပြောပွဲများတွင် ပါဝင်လှုပ်ရှားခဲ့သည်။ သို့သော် ကျွန်တော်နိုင်ငံရေး ကို မယုံကြည်ခဲ့။ မတရားဖိနှိပ်မှုကို လက်မခံနိုင်၍ ပါဝင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ ၈၈ အရေးအခင်းတွင် ကျွန်တော်တို့ ကျောင်းသားပြည်သူ၊ ရဟန်သံဃာများ များစွာအသက်ဆုံးရှုံးခဲ့ရသည်။ ကျွန်တော့်၏ တပည့် ဖြစ်သူ ကရင်အမျိုးသားလေး “အဘီး” တစ်ယောက်လည်း အသက်ဆုံးခဲ့ရသည်။ ယင်းနောက် န.ဝ.တ စစ်အာဏာရှင်တို့၏ စစ်ဆေးမေးမြန်းခြင်းကို ကျွန်တော်ခံခဲ့ရသည်။ ကျောင်းသားပြည်သူများ အကျဉ်းကျ ခံခဲ့ရသည်။ သို့သော် ကျွန်တော်သည်နိုင်ငံရေးကို နားမလည်၊ မတရားမှုကိုသာ သိရှိခဲ့ရသည်။ ယင်းနောက် ရုပ်ရှင်သရုပ်ဆောင် လုပ်ကိုင်ရင်းနှင့် “အဖြူရောင်ကမ်ပိန်း” ဟုခေါ်သော အကျဉ်းကျ ကျောင်းသားများ၏ မိသားစုဝင်တို့အား လိုက်လံအားပေးနှစ်သိမ့်ကျသော လှုပ်ရှားမှုတွင် ကျွန်တော်ပါဝင် ခဲ့သည်။ ၈၈ ကျောင်းသားများ၏ ဆွမ်းကျွေးပွဲ၊ မင်္ဂလာပွဲတို့ကို ကျွန်တော်တက်ရောက်ခဲ့သည်။ သို့သော် ကျွန်တော်နိုင်ငံရေးကို နားမလည်။ လူသားခြင်း စာနာထောက်ထားသော စိတ်ဓါတ်နှင့်သာ လုပ်ဆောင်ခဲ့ သည်ဟု ခံယူခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် ကုန်ဈေးနှုန်းမြင့်မားမှုကြောင့် ဖြစ်ပေါ် လာခဲ့သော သံဃာ့အရေးအခင်း (ရွှေဝါရောင်တော်လှန်ရေး)တွင် သံဃာတော်များ နေပူမိုးရွာမရှောင် ဖိနပ် မပါပဲ ဆုတောင်းမေတ္တာပို့မှုတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်အနေဖြင့် ဆွမ်းဆက်ကပ်လှူဒါန်းမှု များပြုလုပ်ခဲ့သည်။ ယင်းအတွက် န.အ.ဖ အာဏာရှင်တို့မှ ဖမ်းဆီးကာ စစ်ကြောရေးစခန်းသို့ (၈) ရက် တိုင်တိုင် ရောက်ခဲ့ရပြန်သည်။ သို့သော် ကျွန်တော်နိုင်ငံရေးကို နားမလည်သေး။ ဘာသာတရားကို ကြည် ညိုမှုဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အမျိုးဘာသာ သာသနာအတွက် ပေးဆပ်ခဲ့မှု၏ရလဒ်ကား အနု ပညာလောကထဲမှ ထုတ်ပယ်ခံရခြင်းပင် ဖြစ်တော့သည်။ အချုပ်ဆိုသော် . . . ကျွန်တော်သည် နိုင်ငံရေး ကိုမသိ။ နိုင်ငံရေးကို နားမလည်၊ မယုံကြည်၊ မနှစ်မြို့၊ ရွံရှာခဲ့သည်။ ရွံ့မုန်းမိတော့သည်။

ယခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ တစ်နှစ်ပြည့်သောနေ့တွင် အများပြည်သူတို့ ယုံယုံကြည် ကြည်နှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို အပ်နှင်းခံထားရသည့်အတွက် မိဘပြည်သူများကို ဦးထိပ် ထားပြီး ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးမည်ဟု ပြောကြားခဲ့သည်။ ယခုအစိုးရသည် နောက်နှစ်ပေါင်းများစွာအတွက် အလှည့်အပြောင်းဖြစ်သလို အနာဂတ်သားစဉ်မျိုးဆက်များအတွက်လည်း သမိုင်းတွင်စေမည့် စတင်ခြင်းအသစ်ဖြစ်ကြောင်း၊ မိဘပြည်သူများအတွက် ယခုကဲ့သို့ ဂုဏ်ယူဝမ်းမြောက် ဖွယ်ရာ၊ စံနမူနာ သာဓကပြုဖွယ်ရာ အောင်မြင်တဲ့ကူးပြောင်းမှုကြီးကို ဆောင်ရွက်ခဲ့ခြင်းသည် အစိုးရချည်း သက်သက်မဟုတ်ကြောင်း နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ် ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တရားစီရင်ရေးမဏ္ဍိုင်များ၊ မီဒီယာများ စသည်တို့အားလုံးတို့က စည်းလုံးညီညွှတ်စွာ ဦးထမ်းပဲ့ထမ်း ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်ပါကြောင်း၊ နိုင်ငံသားများအားလုံး နောက်ကြောင်းပြန်မလှည့်စတမ်း လျှောက်လှမ်းကြပြီး မတူညီတာတွေကိုဖယ် တူညီတာတွေကို ပူးပေါင်း လုပ်ကိုင်သွားကြမည်ဆိုပါက ဒီမိုကရေစီသည် ခိုင်မာသည်ထက် ခိုင်မာလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ထို့ပြင် ဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာရင့်သန်လာစေရန် ခိုင်မာတောင့်တင်းသော နိုင်ငံရေးမျိုး ဆက်သစ်များလိုအပ်ကြောင်း၊ မျိုးဆက်သစ် မျိုးဆက်ဟောင်းတို့၏ စုပေါင်းစွမ်းအားနှင့် နိုင်ငံတည်ဆောက် သွားနိုင်ရေးသည် ကျွန်တော်တို့နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးရဲ့ အနာဂတ်နှင့် တိုက်ရိုက်ဆက်စပ် နေကြောင်း ပြောကြားခဲ့သည့်အတွက် ကျွန်တော်သည် နိုင်ငံရေးအပေါ် သမ္မတကြီးမှ ယခုကဲ့သို့ ပြောကြားသော စကားလုံးများကြောင့် ကျေနပ်မိတော့သည်။ ဝမ်းမြောက်မိတော့သည်။ နိုင်ငံရေး ကောင်းခြင်း ဆိုးခြင်းတို့သည် နိုင်ငံတော်ကို အုပ်ချုပ်သော နိုင်ငံ့ခေါင်းဆောင်များပေါ်တွင်သာ တည်တော့သည်ဟူ၍ နားလည် သွားတော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည် . . . . နိုင်ငံရေး။

စီးပွားရေး

ကျွန်တော်စီးပွားရေးကို နားမလည်။ မကျွမ်းကျင်။ အဆုံးစွန်ဆုံးပြောရသော် ရုပ်ရှင်လောကတွင် သရုပ်ဆောင်အဖြစ် ကျင်လည်စဉ်ကာလများ၌ ကျွန်တော့်အား ထုတ်လုပ်သူမှ သရုပ်ဆောင်ကြေးငွေများ ပေးသော် ကျွန်တော်ပိုက်ဆံ မရေတွက်တတ်။ ငွေကြေးကို မကိုင်ဆောင်တတ်။ ဇနီးဖြစ်သူအား အိမ်သို့ရောက်လျှင် ထိုငွေကြေးတို့ကို ထိုးအပ်၊ ငွေကြေးကွာဟမှုများဖြစ်သည့်အခါ ကွာဟ၊ လိုသည့်အခါ တွင် လို၊ ထုတ်လုပ် သူကို ပြန်ပြော၊ ပြန်တောင်းနှင့် သံသရာလည်နေခဲ့သူတစ်ယောက်ဖြစ်သည်။ အနုပညာမှလွဲ၍ မည်သည့် စီးပွားရေးမှ မလုပ်တတ်။ လုပ်ခဲ့ရင်လည်း မအောင်မြင်ခဲ့။ ဤမျှလောက်ကို စီးပွားရေးကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးကို ကျွန်တော်ရွံမုန်းခဲ့သည်။

သို့သော် နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းထဲတွင် စီးပွားရေးလုပ်ငန်းလိုင်စင်များ၊ သွင်းကုန်ပို့ကုန် လိုင်စင်များ၊ ပို့ကုန်နှင့်ပတ်သက်သော အခွန်အခများကို လျှော့ချဖယ်ရှားပေးခဲ့ခြင်း၊ နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားများ ပြောင်းလဲပေးခြင်း၊ ဆန်စပါးတင်ပို့ခွင့်များ ဖန်တီးပေးခြင်း၊ စက်သုံးဆီ၊ တယ်လီဖုန်း၊ မော် တော်ကားဈေးနှုန်းများကို ကျဆင်းလာအောင် ဆောင်ရွက်ပေးခဲ့ခြင်း၊ အများပိုင်ကုမ္ပဏီများ တိုးပွားရှင်သန် စေခြင်း၊ စက်မှုလုပ်ငန်းများတိုးမြင့်ပေးခဲ့ခြင်း၊ ပြည်တွင်း/ပတတ်သိပညာရှင်များ၏ တန်ဖိုးကြီးမားသော အကြံဉာဏ်များကို အလေးအနက်ထားပြီး ပြည်သူလူထုတို့၏ စီးပွားရေးကိုမြှင့်တင်ပေးခြင်း၊ ယခင် မ.ဆ.လခေတ်က ပုဂ္ဂလိကပိုင် စက်ရုံ/အလုပ်ရုံများကို အစိုးရပိုင်အဖြစ်သိမ်းပိုက်ခဲ့သော်လည်း ယခု ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲမှုကို လူတစ်စု လက်ဝယ်သို့ မရောက်ရှိစေရန်၊ မညီမှုများ မဖြစ်ပေါ်စေရန်၊ စွမ်းရည်မြှင့်တင်မှုကို အဟန့်အတားမဖြစ်စေ ရန် အဘက်ဘက်မှ သုံးသပ်ဆောင်ရွက်နေကြောင်းများကို ကြားသိရ၍ စီးပွားရေးကို ကျွန်တော် ကျေနပ်မိ ပြန်တော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည်. . . စီးပွားရေး။

ပညာရေး

ပညာရေးနှင့်ပတ်သက်ပြန်တော့လည်း ကျွန်တော် နားမလည်။ မတတ်ကျွမ်း။ မ.ဆ.လခေတ်တွင် ကြီးပြင်းလာသူတစ်ယောက်အနေဖြင့် ပညာရေးဆုံးရှုံးမှုများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ ပညာရေးအစမ်းသပ်ခံ လူသားတစ်ဦးဖြစ်ခဲ့ရသည်။ ပညာရေးနှင့်ပတ်သက်၍ နောက်ဆုံးနှစ် ရူပဗေဒနှင့် ကျောင်းထွက်ခဲ့သည်။ ဘွဲ့ထူးဂုဏ်ထူးများလည်းမရ။ အဂ္ဂမဟာဘွဲ့၊ သရေစည်သူဘွဲ့တွေ ဆိုရင် ဝေးရော ပေါ့။ ပညာရေးကို အဲဒီလို ကျွန်တော်မုန်းခဲ့။ စိမ်းကားခဲ့သည်။

သို့သော် ယခုသမ္မတကြီး၏ မိန့်ခွန်းမှာ တက္ကသိုလ်တွေ စာသင်ကျောင်းတွေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့နေရာမှာ ခေတ်စနစ်နှင့်ညီတဲ့သင်ရိုးညွှန်းတန်းတွေကိုသာမကစီမံခန့်ခွဲမှု၊ ပြုပြင်ပြောင်းလဲ ရေးကိုပါ ဒွန်တွဲဆောင်ရွက်နေကြောင်း၊ စာသင်ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များတွင် သမားရိုးကျ စာကြည့်တိုက်များအပြင် နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ထားသော အွန်လိုင်း စာကြည့်တိုက်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆရာ/မများ၏ အရည်အသွေးမြှင့်မားရေး လက်တွေ့ အင်တာနက်ချိတ်ဆက်မှုများ၊ ကွန်ယက်များမြှင့်တင်ဆောင်ရွက်ရေးများကို လုပ်ဆောင်ပေးမည့်အပြင် “သေနတ်ကိုင်သောလက်များကို လက်တော့ပ်ကိုင်သော လက်များအဖြစ်ပြောင်းပေးမည်” ဟူသော သမ္မတကြီး၏ မိန့်ခွန်းစကားအရ ပညာရေးဟူသော စကားလုံးအား ကျွန်တော်ချစ်ခင်မိသည်။ မြတ်နိုးမိ တော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည် . . . ပညာရေး။

ကျန်းမာရေး

ကျန်းမာရေးနှင့်ပတ်သက်၍ ကျွန်တော် မကောင်းမွန်လှ။ နေ့တစ်မျိုး ညတစ်မျိုးဖြစ်နေသည်။ ကျွန်တော်၏ ကျန်းမာရေးမှာ ဂဏန်းမငြိမ်လှ။ အများပြည်သူ၏ မေတ္တာပို့မှုများကြောင့် အသက်ခန္ဓာ မြဲနေခြင်းပင်ဖြစ်သည်ဟု ယုံကြည်မိသည်။ ထို့ကြောင့် ကျန်းမာရေးကို ကျွန်တော်ကြောက်သည်။ ရွံ့သည်။

သို့သော် နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင် ဆင်းရဲနွမ်းပါးသော မိဘပြည်သူများအတွက် ကျန်းမာရေးနှင့်ပတ်သက်၍ လူသားဂုဏ်သိက္ခာနှင့်အညီ ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် ပြည်တွင်း/ပ များတွင်ရှိသော ပုဂ္ဂလိက၊ NGO၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီကိုရယူပြီး ကုလသမ္မဂ္ဂအဖွဲ့ကြီး ၏ ထောင်စုနှစ်ရည်မှန်းချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်သူများ၏ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ယူနီဗာဆယ်ကျန်းမာရေး အာမခံစနစ်သစ် ပေါ်ထွန်းလာရန် ဆောင်ရွက်နေကြောင်း၊ လာမည့်နှစ်တွင် ကျန်းမာရေးကဏ္ဍ၌ နိုင်ငံတော်၏ဘဏ္ဍာငွေကို ယခင်နှစ်များထက် လေးဆတိုးမြှင့်သုံးစွဲမည်ဖြစ်သည်ဟု ပြောကြားခဲ့သော ကြောင့် ကျွန်တော် နေကောင်းသလိုလို ဖြစ်သွားသည်။ ကျွန်တော်သည် . . . ကျန်းမာရေးကို မြတ်နိုးမိတော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည် . . . ကျန်းမာရေး။

လူမှုရေး

ဟုတ်ကဲ့။ လူမှုရေးနှင့်ပတ်သက်၍ ကျွန်တော်ထဲထဲဝင်ဝင် သိထားသည်။ လူမှုရေးနှင့်ပတ်သက်၍ ထုံးလိုမွှေ ရေလိုနှောက်ထားသူဖြစ်သည်။ ၂၀၀၁ ခုနှစ်မှစပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လုပ်ကိုင်ပေးဆပ်ခဲ့ရာ ယခုဆိုလျှင် (၁၂)နှစ်တာ ကာလတွင်းသို့ ရောက်တော့မည်ဖြစ်သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ မိမိ၏ အနုပညာလုပ်ကိုင်မှုအချိန်များကိုဖဲ့ယူ၍ ပေးဆပ်ခဲ့ရာမှ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ ယနေ့တိုင် အနုပညာလုပ်ငန်းများ လုပ်ခွင့်မရှိတော့ပါသဖြင့် နေ့စဉ်နေ့တိုင်း ပေးဆပ်မှုပေါင်းများစွာကို မြတ်စွာဘုရား၏ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြုခဲ့ကာ အများပြည်သူ တို့ကို ကူညီဖေးမပေးဆပ်ခဲ့သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး တို့ကို ထဲထဲဝင်ဝင် လုပ်ကိုင်နားလည်ခဲ့တော့သည်။

သမ္မတကြီး၏ မိန့်ခွန်းတွင် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီရှင်သန်ခိုင်မာရေးမှာ အရပ်ဘက်လူ့ အဖွဲ့အစည်းတွေမှာ အရေးကြီးတဲ့ အခမ်းကဏ္ဍမှာရှိကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းများ ခိုင်မာ အားကောင်းလာရေးအတွက် တိုင်းရင်းသားလူမျိုးတွေဟာ ဘာသာတရားရဲ့ အဆုံးအမနဲ့အတူ ယဉ်ကျေးမှုအရ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တဲ့ ပရဟိတစိတ်ဓါတ်များနှင့် အရှိန်အဟုန်မြင့်စွာ လုပ်ကိုင်လာရန် အရေးကြီးကြောင်း၊ ယခုကဲ့သို့ လူမှုရေးအသင်းအဖွဲ့များ ပေါ်ထွန်းလာခြင်းကိုလည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ လူမှုရေးကို ထဲထဲဝင်ဝင်သိရှိလုပ်ကိုင်ပေးဆပ်နေသော ကျွန်တော့်အဖို့ သမ္မတကြီး၏ လူမှုရေးစကားလုံးများကို ကြားသိရသောအခါ ကျွန်တော်သည် “လူမှုရေး” ကို အထူးကြောက်ရွံ့မိတော့သည်။ အထူးတုန်လှုပ်သွားတော့သည်။

ထို့ကြောင့် ကြောက်ရွံ့မိပါတော့သည် . . . လူမှုရေး။

အဘယ့်ကြောင့်ဆို . . . ကျွန်တော်တို့သည် ၂၀၀၁ ခုနှစ်မှစ၍ နာရေးကူညီမှုတည်းဟူသော နာရေးရှင်တို့၏ အပူမီးများကို ငြိမ်းသတ်ပေးသော နာရေးကူညီဖေးမမှုတို့ကို (အခမဲ့) လုပ်ဆောင်ခဲ့ရာ ပထမပိုင်းတွင် တစ်နေ့လျှင် နာရေးပေါင်း (၅) ဦးခန့်မှ ယခုဆိုလျှင် တစ်နေ့လျှင် (၄၅) မှ (၅၀) ဦးခန့် (အခမဲ့) သင်္ဂြိုလ်ပေးနေရပြီဖြစ်သည်။ ဘဝကူးပြောင်းမှုများ မြင့်မားလာမှုကို ပြန်လည်သုံးသပ်သော ဆင်းရဲနွမ်းပါး၍ ဆေးဝါးမကုနိုင်ခဲ့ခြင်းကို သိရှိခဲ့ရသည်။ ထို့ကြောင့် ၂၀၀၃ ခုနှစ်မှစ၍ ခွဲစိတ်ကုသမည့် လူနာများ၊ ခွဲစိတ်မွေးဖွားမည့် ကိုယ်ဝန်ဆောင်မိခင်များကို ခွဲစိတ်ခ အကုန်အကျခံခွဲစိတ်ပေးခြင်း၊ ၂၀၀၇ ခုနှစ်မှစ၍ သုခကုသိုလ်ဖြစ်ဆေးခန်း ဟူ၍ (အခမဲ့) ဆေးဝါးကုသမှုတို့ကို လုပ်ဆောင်ခဲ့ရာ တစ်နေ့လျှင် လူနာ (၂၀) ခန့်မှ ယခုဆိုလျှင် တစ်နေ့လျှင်လူနာ (၂၀၀)ယောက် ကျော်ခန့်ကို (အခမဲ့) ကုသပေးနေရပြီ ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးချို့ယွင်းမှု ဘာကြောင့်ယခုကဲ့သို့ မြင့်မားလေသနည်းဟု စဉ်းစားကြသော် အသိပညာနည်းပါးမှု၊ ဗဟုသုတခေါင်းပါးမှုတို့ကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သုခအလင်း စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ အခြေခံအင်္ဂလိပ်စာ နွေရာသီသင်တန်း၊ အဆင့်မြင့် အင်္ဂလိပ်စာသင်တန်း များ၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ ကွန်ပြူတာသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ စသည့် လူ့ကျင့်ဝတ်ပညာရေးနှင့် ပတ်သက်သော အသိပညာပေးသင်တန်းများကိုပါ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ လွန်ခဲ့သော သုံးနှစ်ခန့်က နွေရာသီအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ရာတွင် ကလေးငယ် (၂၀၀) ခန့် တက်ရောက်ခဲ့သော်လည်း ယခုနှစ် နွေရာသီသင်တန်းအတွက် စာရင်းလာရောက်ပေးသူ ကလေးပေါင်း (၁၀၀၀) နီးပါးခန့်ရှိခဲ့သည်။ လူမှုရေးနှင့်ပတ်သက်၍ ယခုအချိန်အထိ နာရေးကူညီမှုပေါင်း (၁၁၂၃၀၃)၊ ဆေးဝါးကုသပေးမှုပေါင်း (၁၅၀၆၃၁)၊ ပညာရေးနှင့်ပတ်သက်၍ (၁၀၀၀၀) ဦးခန့် ကူညီဖေးမ ပံ့ပိုးမှုများကို ကျွန်တော်တို့ လုပ်ကိုင်ပေးပြီးဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် သမ္မတကြီး ပြောကြားသွားသော လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ နာရေး၊ သဘာဝ ဘေး ကယ်ဆယ်ကူညီထောက်ပံ့ရေး စသည့် လူမှုလုပ်ငန်းများကို နှစ်အလိုက်၊ ခေတ်အလိုက် ဆထက်တန်ဖိုး တိုးချဲ့လုပ်ကိုင်ပေးဆပ်ရန်သာ ရှိတော့သည်။

သို့ရာတွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အပြင် အခြားလူမှုရေး အဖွဲ့အစည်းများ၊ လူမှုရေးအသင်းများအတွက် တရားဝင်လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်ဝယ်သို့မရရှိသေးပါ။ နေပြည်တော်မှ မှတ်ပုံတင်ခွင့်ပြုချက် ထုတ်ပေးလိုက်ပြီဟု ဖြစ်သော်ငြားလည်း ပြည်နယ်၊ တိုင်း၊ မြို့နယ်ဋ္ဌာနဆိုင်ရာများမှ ယနေ့တိုင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အသိပေး အကြောင်းကြားခြင်း မရှိသေးချေ။ ထို့ကြောင့် သမ္မတကြီးမိန့်ကြားခဲ့သော ဖောင်ဒေးရှင်းများ၊ အသင်းအဖွဲ့များ ဖြစ်ထွန်းအောင်မြင်လာတာ ဟာ ကျွန်တော်တို့နိုင်ငံရဲ့ လူ့အဖွဲ့အစည်းအတွက် ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ကြောင်း၊ အရပ်ဘက် အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီရှင်သန်ခိုင်မာရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိကြောင်းဟု မိန့်ဆိုငြားသော်လည်း ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့များအတွက် ယခုတိုင် မှတ်ပုံတင်မရခြင်းသည် သမ္မတကြီးနှင့် ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက်အာဏာပိုင်တို့ ချိတ်ဆက်မှုများလွဲနေပြီလားဟု ကျွန်တော်တွေးမိသည်။ ထို့ကြောင့် ကျွန်တော်တို့ လူမှုရေးသမားများ၊ လူမှုရေးအသင်းအဖွဲ့များအနေနှင့် အစိုးရအသိအမှတ်မပြုသော တရားမဝင်အဖွဲ့အစည်းများအဖြစ် ပြည်သူလူထုတို့အား ကူညီဖေးမမှုတို့ကို အကြောက်တရားနှင့် ယှဉ်တွဲကာ ကုသိုလ်ရေးကို လုပ်ကိုင်နေရသောသူများပမာ ဖြစ်နေတော့သည်။ ဤတွင် သမ္မတကြီး၏ မိန့်ခွန်းများကို ကျွန်တော်ထပ်ခါထပ်ခါ ဖတ်ရှု၍ တွေးတောစဉ်းစားမိတော့သည်။ “ငါသာလျှင် သမ္မတကြီးဖြစ်ရင်တော့” ဟူ၍ တွေးတောစဉ်းစားမိတော့သည်။

ဟုတ်ပါသည်။ “နိုင်ငံတော်သမ္မတ ဦးကျော်သူ” ဟူ၍ အတွေးထဲဖြစ်ပေါ်သွားတော့သည်။ ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် ဒီမိုကရေစီနိုင်ငံတော်သစ် ချီတက်ရာတွင် ခေတ်မှီဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသော နိုင်ငံတော်ကြီးဖြစ်ပေါ်လာအောင် ပြည်သူလူထုအားလုံး ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်သီလ စိတ်ဓါတ်များကို ပထမဦးဆုံး ပြုပြင်ရမည်။ အောက်ခြေလူတန်းစားများဖြစ်သော ဆင်းရဲနွမ်းပါးသော ပြည်သူလူထုတို့၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နာရေး စသည့်ကိစ္စရပ်များကို အဆင်ပြေ ချောမွတ် အောင် လုပ်ဆောင်ရမည်။ ထိုသို့လုပ်ဆောင်ရာတွင် ပြည်သူလူထုထဲသို့ မြို့နယ်၊ ရပ်ကွက်များအတွင်းသို့ ထဲထဲဝင်ဝင် ကွင်းဆင်းလေ့လာရန် မလိုချေ။ မြို့နယ်၊ ရပ်ကွက် အာဏာပိုင်များ၏ သတင်းပို့သချက်များ ထက် ပိုမိုတိကျမှန်ကန်သော ဖြစ်ရပ်များကို သိရှိရန် အရေးကြီးသည် မဟုတ်ပါလား။ ထို့ကြောင့် ပြည်သူလူထု တို့၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို အနီးကပ်ပံ့ပိုးကူညီ ဖေးမပေးနေသော မြို့နယ်အလိုက်၊ တိုင်းအလိုက် ဖွဲ့စည်းထားသော လူမှုရေးအသင်းအဖွဲ့များနှင့် တစ်နာရီခန့်သာ တွေ့ဆုံလိုက်ယုံသာ ဖြစ်သည်။ ထိုအခါ ယင်းလူမှုရေးအသင်းအဖွဲ့များ၏ အများပြည်သူတို့အပေါ် ကူညီ ပေးရမှုများကို အခန်းကဏ္ဍအလိုက် ရာခိုင်နှုန်းများနှင့် လိုအပ်ချက်များကို သိရှိရမည်ဖြစ်သည်။ ထိုအခါ မည်ကဲ့သို့ ပြည်သူလူထုတို့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို ခိုင်မာလာအောင် လုပ်ဆောင် ပေးသင့်သည်ကို တိကျသော အဖြေရရှိမည်ဖြစ်တော့သည်။ အောက်ခြေပြည်သူလူထု ခိုင်မာပါမှ ဖောင်ဒေးရှင်းခိုင်မာသော မိုးထက်မြင့်သော ဒီမိုကရေစီတိုက်တာကြီးများ ပေါ်ထွန်းလာမည်ဟု တွေးမြင်မိ တော့သည်။ ထို့ကြောင့် ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အောက်ခြေ ပြည်သူလူထုတို့နှင့် တိုက်ရိုက်ထိတွေ့ ကူညီပေးနေသော လူမှုရေးအသင်းအဖွဲ့များအား အမြန်ဆုံး တရားဝင်မှတ်ပုံတင်များ ချမှတ်ပေးပြီးသည့်နောက် မိဘပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နာရေး စသည့် လူမှုကိစ္စများကို ခိုင်မာလာအောင် ပံ့ပိုးကူညီပေးနိုင်ရေးအတွက် သမ္မတကြီးပြောကြားသော စကားအရ အပြန်အလှန်နားလည်မှု၊ ယုံကြည်လေးစားမှုတို့နှင့်အတူ ပြည်သူ့အကျိုး တစ်ဖက်တစ်လမ်းမှ သယ်ပိုး နေသော တိုင်း၊ ပြည်နယ်အလိုက် ဖွဲ့စည်းထားသော လူမှုရေး အသင်းအဖွဲ့များသို့ သမ္မတကြီးကိုယ်တိုင် ကွင်းဆင်း၍သွားရောက်လေ့လာကြည့်ရှု လည်ပတ်မည်ဆိုပါက ပြည်သူလူထုတို့ ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်း အနှောက်အယှက်များကို မျက်ဝါးထင်ထင် တွေ့မြင်ရပြီး အချိန်တိုတို အတွင်းမှာ ပြုပြင်ပြောင်းလဲမှုများ အရာထင်လာမည်ဟု သမ္မတကြီးအတွေးမျိုးနှင့် ကျွန်တော်အတွေး နယ်ချဲ့ကာ အိပ်ပျော်သွားတော့သည်။

ထိုညက ကျွန်တော်အိပ်မက်မက်သည်။ နံနက်အာရုံတက်တွင်မက်သော အိပ်မက်ဖြစ်သည်။

“သမ္မတကြီး ဦးသိန်းစိန် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို လာသည်” ဟု။

အာရုံတက်တွင်မက်သော အိပ်မက်သည် ဒဲ့ထိအောင် မှန်သည်ဟု အဆိုရှိပေသည်။

ကျော်သူ

1 (၆၄)ကြိမ်မြောက် ချင်းအမျိုးသားနေ့မှာမြန်မာသီချင်းကိုပိုင်ပိုင်နိုင်နိုင်ဆိုသွားတဲ့ ဂျာမန်နိုင်ငံသား...



Mikis da Silva (a German) sings Burmese song on 64th Chin National Day at Frankfurt, Germany :)

3 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရှမ်းပြည်နယ်စည်းရုံးရေးခရီးစဉ်တွင် လာရောက်နူတ်ဆတ်သောတပ်မတော်သားအထိုးအကြိတ်ခံရပြီးတပ်အချုပ်ကျ

ဒီတပ်မတော်သားလေးနာမည်..တပ်သားကျော်ဇင်ဝင်းလို့ ခေါ်ပါတယ်... အောင်ပန်းGE...တပ်မှဖြစ်ပါတယ်.. သူအခုအထိုးအကျိတ်ခံရပြီးလူရုပ်မပေါ်တော့ ပါဘူး.... ကွာတား(တပ်အချုပ်ချခံထားရတယ်) ဒီသတင်းလေးကိုshareပေးကြပါ..

တိတိကျကျသိလိုပါကဖုန်း0949353386.ကိုဖိုးချိုထံ မေးနိင်ပါတယ်။

သတင်း။။ဝေယံဝင်းဇော်

1 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ လူပင်လယ်ကြီးအားသက်စွန့်ဆံဖျား ဓါတ်ပုံရိုက်ခဲ့သောပုံ


ဓါတ်ပုံသတင်းထောက်Soe Zeya Tun (Reuters)ရဲ့ သက်စွန့်ဆံဖျား ဓါတ်ပုံရိုက်ရန်နေရာယူနေပုံ ..(photo..demofatty)

Photo..JL Tkg facebook,Reuters

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.