Saturday, March 10, 2012

0 လွတ်လပ်ငြိမ်းချမ်းခွင့် နှင့် နံရံကြားမှ အနုပညာပန်းချီပြပွဲ



လွတ်လပ်ငြိမ်းချမ်းခွင့် နှင့် နံရံကြားမှ အနုပညာပန်းချီပြပွဲက ယနေ့ (၉-၃-၂၀၁၂)နေ့ နံနက် ၉ နာရီခွဲ မှာ ပန်းဆိုးတန်း စာပေလောကစာပေတိုက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယင်းပန်းချီပြပွဲတွင် အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းချခံခဲ့ရပြီး သမ္မတဦးသိန်းစိန်၏လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့် နောက်ဆုံးမှပြန်လည်လွတ်မြောက်လာသော ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများ၏ ပန်းချီကားများပါ ပြသထားပါသည်။ အကျဉ်းထောင်တွင်း သို့ အသင့် စားစရာများ ကိုထုတ်ပိုးထားသော ပလပ်စတစ်များ ၊ကော်ဖီထုပ်အခွံများနှင့် ပုံဖော်ထားသော ကိုစန်းဇော်ထွေး၏ ပန်းချီကားများ ကိုလည်းတွေ့မြင်ကြရမှာဖြစ်ပါသည်။ပန်းချီပြပွဲကို ယနေ့(၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ သုံးရက်တိုင်ကျင်းပပေးသွားမှာ ဖြစ်ပါသည်။

Political prisoner

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.