Monday, March 5, 2012

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မန္တလေးမြို့မှ နေပြည်တော်အထိစည်းရုံးရေးခရီးစဉ်(၅.၃.၂၀၁၂)(ဓာတ်ပုံ)



ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားခြင်းအား နားထောင်နေကြသော တံတားဦး၊ ပလိပ်မြို့နယ်များမှ လူထုကို ယနေ့နံနက် တွင် တွေ့ရစဉ်။ ဟောပြောမှု ပြီးဆုံးသွားပြီဖြစ်ပါသည်။ နွားထိုးကြီးမြို့နယ်သို့ ဆက်လက်ထွက်ခွာတော့မည်ဖြစ်သည်။
တံတားဦးမြို့အ၀င် ဈေးမြောက်ဖက် တာဘောင်ဘေး လယ်ကွင်းထဲ တွင် ဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်အား ယနေ့(၅.၃.၂၀၁၂) နံနက်တွင် တွေ့ရစဉ်။

ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးမြို့မှ နေပြည်တော်သို့ သူမတည်းခိုရာ ဟိုတယ်မှ ယနေ့(၅.၃.၂၀၁၂) နံနက် ၆ နာရီ ၂၀ မိနစ်တွင် စတင်ထွက်ခွာလာပြီး ၇ နာရီ ၅၀ မိနစ် တွင် တံတားဦးမြို့သို့ရောက်ရှိကာ မြို့အ၀င်ရှိ မြေကွင်းအတွင်း မိန့်ခွန်းပြောကြားခဲ့သည်။ ဆက်လက်၍ နွားထိုးကြီးမြို့နယ်သို့ ထွက်ခွာမည်ဖြစ် သည်။

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ လာရောက်မည့်  ခရီးစဉ်အား ကြိုဆိုရန် ပြင်ဆင်နေကြစဉ်(Popular myanmar)
(မနက် ၁၀:၅)။ နွားထိုးကြီး အားကစားကွင်း အတွင်းမိန့်ခွန်း လာရာက်နားထောင်သူ အလွန်များပြားနေပါတယ်..
(မနက် ၁၀:၂၅) ။ ယခု နွားထိုးကြီးမြို့တွင်မိန့်ခွန်းပြောကြားပြီး မိထ္ထီလာမြို့သို့ စတင်ထွက်ခွာနေပြီဖြစ်သည်။
(၁၂:၁၀)။ ဒေါ်အောင်ဆန်းစုကြည် သည် မိထ္ထီလာနာရီစင် နားရောက်ရှိနေပြီး မိထ္ထီလာ ဇာတ်ရုံဝင်းအတွင်းဟောပြောပွဲ ကျင်းပမည် (updae news-YPI)
ဓာတ်ပုံ- ဥက္ကာကိုကို

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.