Saturday, August 25, 2012

0 သမ္မတ၏ သ၀ဏ်လွှာနှင့် ပူးတွဲပါ သုံးသပ်ချက် ဘာကြောင့် ပွဲဆူအောင် ပြုလုပ်ရသနည်း

သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာကို ပြည်သူ့ လွှတ်တော်သို့  ပေးပို့ သည်ဆိုသောအခါ ပြည်သူ့လွှတ်ကိုယ်စားလှယ်များ
ကပင် ချီးကြူးထောပနာလက်ခံကြရသည် ။

မြန်မာနိုင်ငံ၏အဆင့်မြင့်ဆုံးအာဏာပိုင်အကြီးအကဲ၏သ၀ဏ်လွှာဆိုသည်မှာနိုင်ငံတော်ကိုမည်သို့ မည်ပုံ ပေါ်လီစီများဖြင့် ချမှတ်အကောင်အထည် ဖေါ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖေါ်ကြေညာခြင်းဖြစ်သည် ။

တနည်းအားဖြင့်သမ္မတ၏စကားသည်အမိန့် ဥပဒေဖြစ်သည်။၎င်းစကားကိုစာစီပြီးထုတ်ပြန်ခြင်း၊သ၀ဏ်လွှာများ ရေးသားခြင်းဆိုသည်မှာလက်ရှိအစိုးရ၏တည်ဆဲဥပဒေများနှင့်ပါတ်သက်၍မည်သို့ မည်ပုံအကောင်အထည် ဖေါ်ဆောင်မည်ဆိုသည်ကို ပြည်သူတရပ်လုံးနှင့် နိုင်ငံတကာအစိုးရများအား ချပြခြင်းဖြစ်သည်။

အမေရိကပြည်ထောင်စုတွင် အပါတ်စဉ်တိုင်း သမ္မတ အိုဘားမားကပြည်သူတရပ်လုံးကို ရေဒီိယိုရုပ်မြင် သံကြားမှ မိန့် ခွန်းပြောနေသည် ။

မီဒီယာများကလည်းသမ္မတကိုပါအင်တာဗျူးများ ပြုလုပ်နေသည်ကိုရေဒီယိုရုပ်မြင်သံကြားမှတိုက်ရိုက်ထုတ်လွှင့်နေသသည် ။ အတိုက်အခံပါတီမှလူထုလူတန်းစားများနှင့် စာရေးဆရာများ ၊ ပါမောက္ခများ ၊ အသိပညာရှင်များ ၊လမ်းဘေးဈေးသည်များကအစ တက္ကစီသမားများအထိ သမ္မတ၏မိန့် ခွန်းနှင့် ပတ်သက်၍ဝေဖန်ဆွေးနွေးကြသည်ကို တလေးတစား ထုတ်လွှင့်ပြသနေပါသည် ။

ကျွန်တော်ပြောချင်သည်မှာ နိုင်ငံတော်သမ္မတကြီး၏ သူပြောဆိုလိုသောနုတ်ထွက်စကားကိုသော်၎င်း ၊ သူ၏သ၀ဏ်လွှာများကို၎င်း တာဝန်ခံမှုရှိစေခြင်းကို ဆိုလိုရင်းဖြစ်သည် ။

ယခုအချိန်တွင် မြန်မာနိုင်ငံ၏သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာမှာ မြန်မာနိုင်ငံသူနိုင်ငံသားများအတွက်အထူးကောင်းမွန် ကြက်သရေရှိလှသော သ၀ဏ်လွှာဖြစ်သည် ။

သို့ သော် သမ္မတကြီး၏သ၀ဏ်လွှာနှင့်အတူ ပူးတွဲပါသုံးသပ်ချက်ဆိုသည်ကို ထုတ်ပြန်ခြင်းဆိုသည်မှာ သမ္မတကြီး၏ သ၀ဏ်လွှာကို မျက်နာအိုးမဲ သုတ်လိုက်စေခြင်းဖြစ်သွားရပြီ ။အဘယ့်ကြောင့်ဆိုသော် ၄င်းသ၀ဏ်လွှာနှင့် ပူးတွဲပါသုံးသပ်ချက်စာတမ်းကိုပြည်သူ့ လွှတ်တော်တွင် မဖတ်ကြားစေရလောက်အောင် တားမြစ်ခံရခြင်း ၊မှတ်တမ်းမတင်စေရခြင်းမှာ လွန်စွာရုပ်ဆိုးစေပါသည် ။

သို့ သော် မည်သူမျှမတတ်နိုင်ကြတော့ပါ ။ မိရိုးဖလာရိုးရာ စကားအတိုင်း သုံးရမည့် ဝေါဟာရဖြင့်ဆိုရလျှင် မည်သူမပြုမိမိမှု ဖြစ်သွားရခြင်းပင် မဟုတ်ပါလား ။

ရခိုင်လူမျိုးများ၏အခြေအနေဆိုသောသုံးသပ်ချက်တခုမှာ ပြည်တွင်းပြည်ပကရခိုင်လူမျိုးများ၏ သွေးထိုးလှုံ့ ဆော်မှုများကြောင့် ယခုပြသနာများဖြစ်ပွါးရခြင်းဟု သုံးသပ်ထားသည်ကို တွေ့ ရသည် ။

ဤအချက်နှင့် ပါတ်သက်၍ကျွန်တော်မပြောလိုသော အချက်အလက်တခုကို ပြောပြချင်သည် ။ အကြောင်းမှာ ဇာတ်လမ်းများ ကို ရှည်မိမှာ စိုးရိမ်ပြီးထုတ်ဖေါ်မပြောလိုခြင်းကြောင့်ဖြစ်သည် ။

ရန်းဗြဲမြို့ နယ်မှသပြေချောင်ကျေးရွာသူမိန်းခလေးအားမုဒိမ်းကျင့်သတ်ဖြတ်မှုကိုပြည်ပကရခိုင်လူမျိုးများသိရှိကြသည်မှာ ပြည်တွင်းမှသတင်းဓါတ်ပုံများအင်တာနတ်ပေါ်သို့ရောက်လာခြင်းကြောင့် ဖြစ်သည် ။

၎င်းဓါတ်ပုံသတင်းကိုကျွန်တော်တို့  ရခိုင်ဝပ်ဆိုက်ဖြစ်သောလေးဝတီမှဆက်လက်တင်ပေးခြင်းသာဖြစ်သည် ။ ရမ်းဗြဲမြို့ နယ်တွင်ဖြစ်ပျက်သွားစေခြင်းကို ပိုမိုကြီးထွါးစေရန် သွေးထိုးလှုံ့ဆော်ခြင်းမရှိစေဘဲ ပြည်တွင်းမှ လာသော သတင်းဖြစ်ရပ်မှန်ကို အရှိကိုအရှိအတိုင်း တင်ပြပေးခြင်းဖြစ်သည် ။

သို့ သော် တောင်ကုတ်မြို့ တွင်ဖြစ်ပွါးသွားသော အချိန်တွင်မူ ၀ံသာနုရက္ခိတအဖွဲ့ မှ ၄င်းဓါတ်ပုံများကို
တောင်ကုတ်မြို့ ၌ ဖြန့် ဝေခဲ့ ကြရာ ဤပဋိပက္ခမှာ လေးဝတီသတင်းဋ္ဌာန၏သတင်းကြောင့်ဖြစ်သည်ဟု တရားရုံးတွင် ရဲမှ အမှုဖွင့်တိုင်ကြားသည်ဟုသိရှိရသည် ။

ယင်းသို့  စွပ်စွဲခြင်းမှာ ၄င်းအမျိုးသမီးငယ်၏ဓါတ်ပုံသတင်းတွင် လေးဝတီဆိုသော နာမည်စာတမ်းကို
ဖေါ်ပြထားသောကြောင့်ဖြစ်သည်ဟု ဆိုသည် ။၎င်းစွပ်စွဲချက်မှာ မည်သို့ မျှ ယုတ္တိ ယုတ္တာမကျချေ ။ပြည်တွင်းမှာ ဖြန့် ဝေနေသော သတင်းဓါတ်ပုံမှာပလူပျံ သြတိုက်ရှိနေပြီးမှပြည်ပသို့  ထွက်ကျလာခြင်းဖြစ်သည်ကို လူတိုင်း နားလည်သည် ။

ပြီးနောက်ပြည်တွင်းမှဖြစ်ပျက်နေသော အမှုအခင်းကို ပြည်ပက သတင်းဋ္ဌါနတို့ က သိသမျှတင်ပေးခြင်းသာဖြစ်သည် ။ အင်တာနတ်ဖြင့် ၀ပ်ဆိုက်တင်ပေးသော်လည်းလူတိုင်းသည် ယင်းသတင်းများကို မကြည့်ရှုနိုင်ကြ ။အရေးကြီးဆုံးပြသနာတခုမှာ ၄င်းဓါတ်ပုံသတင်းနှင့် ဖြစ်စဉ်တခုလုံးကိုမည်သူကဖြန့် ဝေလေသနည်းဆိုသည်က ကွင်းဆက်စဉ်းစားစရာများ ဖြစ်ပါသည် ။

လေးဝတီသတင်းဋ္ဌါနက ၄င်းသတင်းကိုတင်ပေးသလို အခြားသော သတင်းဋ္ဌါနများကလည်းတင်ပေးနေကြသေးသည် ။ သို့ သော်၎င်းသတင်းဋ္ဌါန၀ပ်ဆိုက်များကိုမည်သို့ မျှထုတ်ဖေါ်မပြောဆိုဘဲရခိုင်လေသံနှင့်ရခိုင်စာပေဖြင့် ရေးသားနေသောလေးဝတီသတင်းဋ္ဌါနကိုမှ စွပ်စွဲတင်ပြသည်မှာ များစွာ စဉ်းစားစရာဖြစ်သည် ။

တခုတော့ရှိသည်။ လေးဝတီသတင်းဋ္ဌါနဖြစ်ဖြစ်အခြားမည်သည့်သတင်းဋ္ဌါနဖြစ်ဖြစ်ယခုရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော သတင်းများကို တင်ပေးလွှင့်ထုတ်ပေးကြသောအခါ ခုတ်ကြ ၊ သတ်ကြ ၊ ဖြတ်ကြ ၊ သေအောင်ရိုက်ကြ ၊နေအိမ်များကို မီးရို့ ကြ ၊ မုဒိမ်းကျင့်ကြ ၊ လုယက်ကြ ဆိုပြီး မည်သူမျှတိုက်တွန်းသွေးထိုးလှုံ့ ဆော်ခဲ့ ခြင်းမရှိသည်ကို လူတိုင်းသိရှိကြပါသည် ။

ထို့ ကြောင့်သမ္မတဦးသိန်းစိန်၏သ၀ဏ်လွှာနှင့်ပါတ်သက်၍ပူးတွဲပါရခိုင်ပြည်နယ်နှင့်ပါတ်သက်ပြီးသုံးသပ်ချက်ပါ ပြည်ပမှရခိုင်လူမျိုးများ၏ သွေးထိုးလှုံ့ ဆော်မှုရှိသည်ဆိုသောအချက်အလက်ကိုမဟုတ်မမှန်၍ကန့် ကွက်ပါကြောင်း
ပြောဆိုလိုသည် ။

ထို့ ကြောင့် ပဋိပက္ခဖြစ်ပွါးသော ပြည်သူများ၏ အခြေအနေများနှင့်ပတ်သက်၍သုံးသပ်ချက်ပါ

( က ) နိုင်ငံရေးပါတီများ ၊ သံဃာအချို့ နှင့်လူပုဂိုလ်အချို့ တို့  ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှု
စိတ်ဓါတ်ကိုအလွန်အမင်းမြင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်ခြင်မဲ့ စွာတိုက်ခိုက်လိုစိတ်ဖြင့်
လှုံ ဆော်ဆောင်ရွက်လျှက်ရှိရာနိုင်ငံတော်အတွင်းနှင့် နိုင်ငံတကာရှိ ရခိုင်အသိုင်းအ၀န်းသို ပါချဉ်းကပ်စည်းရုံးဆောင်ရွက်လျှက် ရှိခြင်းဆိုသော အချက်ကို လုံးဝဆန်ကျင်ကြောင်းနှင့် လုံးဝမှားယွင်းသောအမြင်ဖြစ်ပြီး ပဋိပက္ခများကိုသာဆက်လက်ဖြစ်စေသွားအောင် ဖန်တီးထား
သည့် သုံးသပ်ချက်များသာဖြစ်နေသည် ဟုဆိုချင်သည် ။


( ခ ) အချက်အလက်၌ နိုင်ငံအနှံ့အပြားတွင် နေထိုင်သူဘင်္ဂလီမူဆလင်များအပေါ် အကြမ်းဖက်ရန်
ကိုလည်း အမြဲမပြတ် လုပ်ဆောင်လျှက်ရှိသည်ဟု သုံးသပ်ရေးထားသည်မှာ အလွန်တရာ အောက်
တန်းကျပြီး နိုင်ငံတော်သမ္မတကြီး၏ သ၀ဏ်လွှာနှင့် ပူးတွဲထည့်ပြီး တင်ပြစေသည်မှာ လွန်စွာ သိက္ခာမဲလွန်းနေသည် ။

ရခိုင်လူမျိုးတို့ မှာ ဗုဒ္ဒဘာသာဝင်လူမျိုးများဖြစ်၍ရန်လိုစိတ်များ ၊ မနာလိုစိတ်များ ၊ ငြူစူမှုများသာ ရှိနေခဲ လျှင် ယခုအထိဘင်္ဂလီမူဆလင် လူမျိုးများ လူဦးရေများပြားလာခြင်းကို လက်မခံဘဲ ကန်ကွက်တားမြစ် ပြောဆိုနေမည်သာဖြစ်သည် ။

ရခိုင်လူမျိုးတို့ က သူတို့နယ်မြေတွင် ဖြစ်ချင်သလို ဖြစ်နေကြသော ၄င်းလူမျိုးများ၏လူဦးရေပေါက်
ဖွါးခြင်းနှင့် နယ်မြေများ ချဲ့ ထွင်နေခြင်းမှာ အစိုးရ၏တာဝန်သာဖြစ်သည်ဟု ဆိုပြီး မသိမသာ နေပေးနေကြခြင်းဖြစ်သည်။

ယခုအရေးအခင်းမှာ ရန်းဗြဲမြို့ နယ် နှင့် တောင်ကုတ်မြို့ မှ စတင်ခဲ့ ပြီးမောင်တောမြို့ မှ ဘင်္ဂလီမူဆလင် လူမျိုးတို့ ၏ ရမ်းကားခြင်းမှရခိုင်ပြည်နယ် တခုလုံးကို ပြန့်နှံ့ သွားခြင်းဖြစ်သည် ။ ဤပြသနာ၏ အဓိကမှာ
ရခိုင်လူမျိုးများကစတင် ဖန်တီးသော အခြေအနေမဟုတ်ကြောင်း ကမ္ဘာကြီးကပါသိရှိထားပြီးဖြစ်သည် ။

ထို့ ကြောင့် ဤအချက်ပါ စွပ်စွဲချက်မှာ တဖက်သတ်စွပ်စွဲခြင်းသာဖြစ်၍ နောင်ဖြစ်ပွါးစေမည့် ပဋိပက္ခ
အတွက်မီးဇါတပ်ဆင်ထားခြင်းမျိုးသာ ဖြစ်ပါကြောင်း တင်ပြလိုသည် ။

( ဂ ) ဤအချက်ပါသုံးသပ်ချက်မှာ မြန်မာနိုင်ငံ ခေတ်အဆက်ဆက်ရခိုင်ပြည်နယ်၏အကျိုးစီးပွါးကို ဖေါ်ဆောင်ခြင်းမပြူ ၊ ကာကွယ်စောင့်ရှောက်ခြင်းကို မပြု ၊သယံဇါတများကို အစိုးရမှ ယူငင်သုံးစွဲခြင်းသာ ရှိသည်ဟု စွပ်စွဲခြင်း ၊၄င်းမှာ တိုင်းရင်းသားလူမျိုးများ ချစ်ကြည်သွေးစည်းရေးကိုပျက်စီးစေခြင်းဖြစ်သည်ဟု ဆိုကာ ရခိုင်လူမျိုးများအား တုန်ပြန်တိုက်ခိုက် သုံးသပ်ထားသည်ကို တွေ့ ရသည် ။

ဤအချက်အလက်မှာ ခေတ်အဆက်ဆက်ရခိုင်ပြည်နယ်ကို ရစရာမရှိအောင်အုပ်စိုးခဲ့  သောတန်းတူအခွင့်အရေးမရှိခြင်း ၊ သယံဇါတ မြေပေါ်မြေအောက် ရေပေါ်ရေအောက်များမှထွက်ရှိသော သဘာဝဂါတ်စ်များ၏ အကျိုးကျေးဇူးများကို မခံစားရခြင်းကိုလူလိုသူလို လူတန်းစေ့ နေနိုင်အောင် ဆောင်ရွက်ပေးရန် ငြိမ်းချမ်းစွာတောင်းဆိုနေကြခြင်းဖြစ်သည် ။

၎င်းကဲ့ သို့ တောင်းဆိုချက်မှာတိုင်းရင်းသားချစ်ကြည်သွေးစည်းရေးကို ပျက်ပြားစေသည်ဟု သုံးသပ်သူမှာသူခိုးက လူဟု ပြန်လည်ဟစ်သော သူများလို ဖြစ်နေသည် ။

ဘင်္ဂလားပင်လယ်အော်မှမုန်တိုင်းဒဏ်ကို ရခိုင်လူမျိုးတို့  ခံစားပြီး ဘင်္ဂလားပင်လယ်အော်မှ
ရရှိသော အမေရိကန် ဒေါ်လာငွေများကိုမူ အုပ်ချုပ်သူ အစိုးရ - ( သမ္မတအပါအ၀င် ဗိုလ်ချုပ်ကြီး )

-ကသာ ခံစားစေသည်ဟု ဆိုတော့ကာယကံရှင်များဖြစ်သော သူတို့ တွေ၏ တောင်းဆိုချက်မှာ မှားယွင်းမှုမရှိ၍ ယခုစွပ်စွဲ သုံးသပ်ပြောဆိုချက်ကို ရှုတ်ချပါကြောင်း ထပ်လောင်းပြောချင်သည် ။

( ဃ ) အချက်လက်ပါအရ နယ်စပ်ဖြတ်ကျော်ပြီး လူများခိုးဝင်မှုကိုတရားဝင်ဖြစ်စေရန် လူဝင်မှုကြီးကြပ်ရေးဋ္ဌါနမှ လာဘ်စားမှုကြောင့် ဖြစ်သည်ဟုစွပ်စွဲမှုအချို့ ရှိသည်ဟုသုံးသပ်ထားခြင်းမှာ ခေတ်အဆက်ဆက်အစိုးရအဆက်ဆက်များ၏ လာဘ်စားမှုကြောင့်သာ ဖြစ်သောကြောင့် ဤရွေ့ဤမျှလူဦးရေ များပြားနေခြင်းဖြစ်သည် ။

ခိုးဝင်သောသူများများမှာ ဒေသခံဋ္ဌါနေတိုင်းရင်းသားများထက် လူဦးရေ များပြားလာရာ၎င်းအချက်ကို စွပ်စွဲမှုတချို့ ရှိသည်ဟုသုံးသပ်ထားခြင်းမှာရခိုင်နိုင်ငံရေးပါတီများ၊ရခိုင်လူမျိုးများကိုဘင်္ဂလီမူဆလင်လူမျိုးနှင့်တဖက်လှည့်၍ပဋိပက္ခကိုကြီးထွားစေအောင်ပြုလုပ်ထားခြင်း ဖြစ်သည် ။

စင်စစ်အားဖြင့် ခေတ်အဆက်ဆက်မှာဤပြသနာကိုအစိုးရဋ္ဌါနများကသာလာဘ်စားပြီးမီးမွှေးထားခြင်းသာဖြစ်ကြောင်းနိုင်ငံရေးသိပ္ပံပညာကို လေ့လာလိုက်စားသူတိုင်း
သိရှိနားလည်ကြသည် ။

( င ) အချက်အလက်တွင် ကြံ့ ဖွံ့ပါတီမှ မဲအနိုင်ရရှိရေးကိုမျှော်ကိုးပြီး ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂလီမူဆလင်လူမျိုးမျာအားမသင့်လျှော်စွာ ဆောင်ရွက်ပေးခြင်းရှိသည်ဟု သုံးသပ်ပြထားရာ ဤအချက်မှာ
သူတို့ အစိုးရ၏ ကြံရာပါ ဖွါးဖက်တော် ကြံ့ဖွံ့ ပါတီ၏ဆောင်ရွက်ချက်များသာဖြစ်သည် ။

ဤအချက်ကို သံသယအငြင်း ထုတ်စရာမလို ။လွှတ်တော်အထဲတွင် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုး မဟုတ်သောဘင်္ဂလီမူဆလင် ( ဦးရွှေမောင် ၊ ဦးအောင်ဇေါ်ဝင်း အပါအ၀င် အခြား ) လွှတ်တော်
ကိုယ်စားလှယ် နှစ်ဦးတို့ ကို ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းဖယ်ရှားပေးရန် တင်ပြထားသည် ။

အတိအကျမှန်ကန်နေသော အကြောင်းအရာများကို လက်ပူးလက်ကြပ်မိထားပါလျှင်နှင့်လွှတ်တော် ညီလာခံ တွင် ၄င်းကိစ္စကို ထိရောက်စွာ မကိုင်တွယ်ဘဲဘင်္ဂလီမူဆလင်လူမျိုးများနှင့် ရခိုင်လူမျိုးများအား ပဋိပက္ခများကို
ဆက်လက်ဖြစ်ပွါးအောင် သုံးသပ်ခြင်းသာ ဖြစ်သည်ဟု ဤအချက်ကို ထောက်ပြချင်သည်။

( စ ) အချက်အလက်တွင် -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရဘင်္ဂလီမူဆလင်များအား ဖြစ်လာနိုင်သည့်အခြေအနေကို နားလည်လက်ခံခြင်းမရှိကြောင်း တွေ့ ရသည်ဟု သုံးသပ်ထားရာ ဤသုံးသပ်ချက်ကို ပြုစုရေးသားသူမှာကုလားရခိုင် အဓိကရုဏ်းကို ဆက်လက်ဖြစ်ပွါးစေလိုသည့် ရည်ရွယ်ချက်ဖြင့်သုံးသပ်ထားခြင်းဖြစ်သည်ဟု ပြောချင်သည် ။


အကြောင်းမှာ နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသော ဘင်္ဂလီမူဆလင်လူမျိုးများကို နယ်စပ်ဖြတ်ကျော် ခိုးဝင်၍ဖြစ်စေ၊ လာဘ်ငွေများဖြင့် နိုင်ငံသားဖြစ်စေ ဘယ်လိုပင် အသိအမှတ်ပြုဆောင်ရွက်စေကာမူ ရခိုင်နိုင်ငံရေးပါတီများနှင့် ရခိုင်လူမျိုးများကလက်ပိုက်ကြည့်နေရုံမှအပဘာမျှ လုပ်ကိုင် ဆောင်ရွက်နိုင်သူမဟုတ် ။အာဏာရှိသူမဟုတ် ။

လက်ခံခြင်း မခံခြင်း ဆိုသည်မှာ ဥပဒေကို လိုသည့်အခါမျိုး ၊ မလိုသည့်အခါ တမျိုး ပြုလုပ်နေသော
အစိုးရ၏ လက်ထဲမှာသာ ရှိသည် ။ထို့ ကြောင့် ရခိုင်လူမျိုးများအား ဘင်္ဂလီမူဆလင်လူမျိုးတို့  နှင့်ကမ္ဘာမကြေသရွေ့  မပြီးပြတ်သော ရေရှည် မုန်းတီးမှုမျိုးကို ဖြစ်ပွါးစေသည့်ဤအချက်
အလက်ကို လုံးဝဆန့် ကျင်ကန့်  ကွက်ကြောင်း တင်ပြလိုသည် ။

( ဆ ) အချက်အလက်တွင် ဘင်္ဂလီမူဆလင်လူမျိုးတို့ ကိုသာ တဖက်သတ်အကူအညီများပေးနေသည်ဟု ရှုမြင်ခြင်းဖြင့် ကုလသမ္မဂအဖွဲ့ အစည်းနှင့်နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းအများအား အငြိုးထားကာ ယင်းအဖွဲအစည်းများအား၎င်းဒေသတွင်မနေရဲအောင်လုပ်ကိုင်ဆောင်ရွက်ထားသည်ဆိုခြင်းမှာ နေ့ တဓူဝ တွေ့ မြင်ထိတွေ့ နေသော ရခိုင်ပြည်နယ်မှရခိုင်လူမျိုးများအပါအ၀င် ၄င်းဒေသရှိ အစိုးရဋ္ဌါနပေါင်းစုံမှ ၀န်ထမ်းတိုင်းလူတိုင်း သိရှိကြပြီးဖြစ်သည် ။

မနေရဲအောင် ပြုလုပ်သူများမှာအမှန်တကယ်အားဖြင့် မောင်တောမြို့ နယ်၌ ဒုက္ခကြီးစွာ ရောက်နေကြသော
ရခိုင်လူမျိုးများ မဟုတ်ဘဲ ဘင်္ဂလီမူဆလင်လူမျိုးများကသာ ဖန်တီးနေသည်ကိုနယ်စပ်ဒေသရေးရာဝန်ကြီး၏ တင်ပြထားသော စာတမ်းပါ ဗွီဒီိယိုဖိုင်ဓါတ်ပုံများကိုကြည့်ပါက သိသာနိုင်သည် ။ ရခိုင်ပြည်နယ်တ၀န်းတွင်
ခဲများဖြင့် ပစ်ပေါက်ခြင်း ၊ နေအိမ်များကို မီးရို့ ခြင်း ၊လူသတ်ဖြတ်ခြင်း ၊

လူစုလူဝေးများဖြင့် စစ်တပ်မှ ဗိုလ်မှူး တပ်သား အပါအ၀င်မည်သူမဆို လက်ညိုးထိုးပြီးလုံကျီကွင်းလုံးချွတ်ကာ ဆဲဆိုပြောနေသူများ ၊စစ်တပ်မှ တာဝန်ရှိသူ ရဲဖက်မှ တာဝန်ရှိသူများကို သေနတ်ဖြင့် ပစ်သတ်ခြင်း ၊ဒါးနှင့် ခုတ်ခြင်း တို့ ကို ဘင်္ဂလီမူုဆလင်
လူမျိုးများသာ ဖြစ်သည်ကိုဓါတ်ပုံများတွင် သေသေချာချာ မြင်တွေ့ နိုင်ကြသည် ။

ပြီးတော့- UNHCR –INGOs -တို့ ကို ယခုမှ ဤအဖွဲ့ အား ကန့် ကွက်ပြောဆိုခြင်းမှာ ယခုဖြစ်စဉ်၌
၎င်းအဖွဲ့ အစည်းအများထဲတွင် ပါဝင်ပတ်သူ ၀န်ထမ်းများက ရှိနေခဲ့ ကြ၍၄င်းဝန်ထမ်းများ၏ ကောက်ကျစ်သော အပြုအမူများကြောင့်၎င်း ၊ နောင်လည်းဖြစ်ပေါ်လာမည်ကို သိရှိကြ၍ ကန့်  ကွက်နေကြခြင်းဖြစ်သည် ။

အစိုးရကဦးဆောင်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ကို လက်မခံခြင်းဟုပြောဆိုထားခြင်းမရှိ ။

( ဇ ) အချက်အလက်တွင် စီးပွါးရေးလုပ်ငန်းရှင်များက ပဋိပက္ခကြောင့်ရပ်ဆိုင်းခံနေရသည့် ဘ၈င်္လီမူလင်စီးပွါးရေးလုပ်ငန်းမျာကို အချောင်ယူရန်ကြိုးပမ်းလာကြကြောင်းတွေ့ ရှိရသည်ဟု စွပ်စွဲထားခြင်းမှာ မည်သို့ မျှအဓိပ္ပယ်မရှိသော သုံးသပ်ချက်ဖြစ်သည် ။

ရခိုင်ပြည်နယ်တွင် အစိုးရနှင့်စစ်တပ်တို့ မှ အရာရာကို ချုပ်ကိုင်ထားရာ အုပ်ချုပ်ရေးယန္တယားတခုလုံး
၏အောက်မှာ လည်ပတ်နေသော မည်သည့်လုပ်ငန်းမျိုးမဆို အစိုးရ၏ သဘောဆန္ဒအတိုင်း
ဖြစ်စေရခြင်းသာဖြစ်သည် ။

မီးလောင်မြေ ကို သောက်ရေတွင်း ပြုလုပ်လျှင်လည်းသူတို့ သာ လုပ်နိုင်ပြီး သချိင်္ုင်းမြေကို ဟိုတယ်ဆောက်ရန်လည်း အာဏာကအစိုးရလက်ထဲမှာသာ ရှိနေရာ ယခုကဲ့ သို့ ရခိုင်လူမျိုးစီးပွါးရေးလုပ်ငန်းရှင်များအား စွပ်စွဲခြင်းမှာ လုံးဝအောက်တန်းကျနေခြင်းဖြစ်သည် ။

အဓိကအားဖြင့် ယခုသုံးသပ်ချက်မှာပဋိပက္ခများကို မည်သို့ မည်ပုံ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက်
ပဋိပက္ခဖြစ်စဉ်များကို တင်ပြပြီး နောင်မဖြစ်စေရန် သုံးသပ်ခြင်းမျိုးမဟုတ်ထို့ ကြောင့် ဤသုံးသပ်ချက်ပါစာတမ်းအား ပြည်သူ့ လွှတ်တော်ညီလာခံကျင်းပရာ၌မှတ်တမ်းမှတ်ရာအဖြစ် လက်မခံငြင်းပယ်ခံရသည်မှာ သဘာဝကျသည် ။

သမ္မတကြီး ဦးသိန်းစိန်အဖို့  ရခိုင်ပြည်နယ်အရေးနှင့် ပါတ်သက်၍စုံစမ်းစစ်ဆေးရေးကော်မီတီကို ( ၁၇-၈-၂၀၁၂ ) နေ့ တွင် ဖွဲ့စည်းပြီးပြီဖြစ်ရာ နောင်ကို လူမျိုးရေးပဋိပက္ခဖြစ်စေမည့်သုံးသပ်ချက်များကို မိမိ၏ သ၀ဏ်လွှာများ ၊ ကြေညာစာများနှင့် ပူးတွဲမဖေါ်ပြရန် အထူးသတိပြု ရှောင်ကြည်ရန်လိုပါသည် ။

ဤသုံးသပ်ချက်ကိုလက်မခံသလို အငြင်းပွါးစရာများလည်း ရှိနေသည်ကို သိထားပြီးမှ ပူးတွဲဖေါ်ပြသည်ဆိုရာမှာ လည်း လက်ခံနိုင်စရာအကြောင်းမရှိချေ ။

မည်သို့ ပင်ဆိုစေယခု သမ္မတကြီးဦးသိန်းစိန်၏ သ၀ဏ်လွှာနှင့် ပူးတွဲ ဖေါ်ပြထားသော စာတမ်းပါ
အချက်အလက်များတွင် ဘင်္ဂလီမူဆလင် လူမျိုးများ အဖြစ် သုံးစွဲထားသည့် အတွက်အစိုးရမှ သတ်မှတ်ကြေညာထားသည့်အတိုင်း မြန်မာနိုင်ငံ၏တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး ရှိကြောင်းကို
သက်သေထူဖေါ်ပြလိုက်ခြင်းဖြစ်သည်ဟု ယုံကြည်သည် ။

တချိန်တည်းမှာပင်မီဒီယာများနှင့် နိုင်ငံတကာများကိုပါ နိုင်ငံခြားရေးဝန်ကြီးဋ္ဌါနမှ အမိန်စာဖြင့် လုပ်ကြံဖန်တီးရေးသား ပြောဆိုနေကြခြင်းကို တားမြစ်သည်ဟုကြေညာချက်ထုတ်ပြန်လိုက်သည်ကိုလည်း ကြိုဆိုပါသည် ။

သို့ သော် ယခုလက်ရှိမြန်မာဘာသာဖြင့် ထုတ်ဝေနေကြသော ဂျာနယ်များ ၊ မီဒီယာများတွင်သမ္မတကြီးနှင့်တကွ အစိုးရ၀န်ကြီးများ၏ မြန်မာနိုင်ငံမှာ ၄င်း လူမျိုးမရှိကြောင်းကို ကြေညာပြောဆိုနေသည့်တိုင် ရေဒီိယိုများ ၊ မီဒီယာများကသုံးစွဲရေးနေကြဆဲ ဖြစ်သည် ။

ယခုကဲ့ သို့  လုံးဝဖန်တီးလုပ်ကြံမပြုလုပ်ကြပါရန် ကြေညာချက်ထုတ်ပြန်ထားသည့် တိုင် ဆက်လက်
ပြောဆိုရေးသးးနေသူများကို ထိရောက်စွာ ဥပဒေနှင့်အညီအရေးယူရန်လိုအပ်ပါကြောင်း ထောက်ပြ
လိုသည် ။

အကယ်၍ပွဲဆူအောင်သက်သက်သာသမ္မတကြီးဦးသိန်းစိန်၏သ၀ဏ်လွှာကိုအသုံးချပြီး နောင်ပဋိပက္ခများအတွက်လောင်စာများ ထည့်ပေးနေကြမည်ဆိုပါက ဤပဋိပက္ခ၏ တစ် တရားခံမှာမည်သူဖြစ်မည်နည်းဆိုသည်ကို ခန့် မှန်းပြောလာကြလျှင် သမိုင်းက အဆုံးအဖြတ်ပေးကြမည်ဖြစ်ပါကြောင်း ။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

0 မဟာ မန္တလေးစီမံကိန်း၊ နေပြည်တော် စီမံကိန်း၊ ရတနာပုံ မြို့သစ်စီမံကိန်း၊ ခု မန္တလေးမြို့သစ် စီမံကိန်း

တန်ဖိုးနည်းအိမ်ရာကို သိန်း ၁၀ဝ ဆိုတော့ တန်ဖိုးကြီးအိမ်ရာဆိုရင် ဘယ်လောက်များ ရှိမလဲဆိုတာ တွေးတောင် မတွေးရဲတော့ပါဘူး။ အစိုးရဝန်ထမ်းတစ်ယောက်ရဲ့ တရားဝင်လစာရော .. နောက်ဆက်တွဲ ထောက်ပံ့ကြေးဆိုတာများနဲ့ ပေါင်းရင် ၁ သိန်းဝန်းကျင်ပဲ ဆိုပါစို့ရဲ့ ... သိန်း ၁၀ဝ ရဖို့ မစားမသောက်ပဲ အငတ်ခံ စုရင်တောင်မှ လပေါင်း ၁၀ဝ စုရပါမယ်။ နှစ်နဲ့ဆိုရင် ၈ နှစ်နဲ့ ၄ လစုရပါမယ်။ တစ်လကို ၅၀ဝ၀ဝ နဲ့ စုမယ်ဆိုရင် ၂ဆ ၁၆ နှစ်နဲ့ ၈ လစု ရပါမယ်။ ဒီလို အိမ်မျိုးကို တန်ဖိုးနည်း အိမ်ရာလို့ လူကြီးမင်းတို့ ဘယ်လို ခေါ်ကြပါမလဲ။

လူကြီးမင်းတို့ ငွေသိပ်ပေါပြီး တိုင်းပြည်ကြီးကို အမှန်တကယ် တိုးတက်စေလိုရင် သိန်း ၃၀ ၄၀ လောက်နဲ့ သာမန်လူလတ်တန်းစားတွေ နေနိုင်မယ့် အိမ်ရာတွေ၊ ၅ သိန်းကနေ ၁၀ သိန်းကြားလောက်နဲ့ အခြေခံလူတန်းစားတွေ နေနိုင်မယ့် အိမ်တန်းလျားတွေ၊ တိုက်ခန်းတွေ များများ တည်ဆောက်သင့်ပါတယ်။
မန္တလေးမြို့ကြီး ပတ်ပတ်လည် ပရောဂျက်တွေကို နည်းတာမှ မဟုတ်ပဲ။ ခုလည်း တလောက မှိန်သွားတဲ့ မန္တလေးမြို့သစ် စီမံကိန်းပေါ့။ မန်းလေးမြို့နားမှာ မြို့ရွာနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ ၃ ခုတောင် ရှိနေတယ်။ ခု မန္တလေးမြို့သစ် စီမံကိန်းကြီးသာ လုပ်ဖြစ်ခဲ့ရင် ၄ ခုမြောက်ပေါ့။ CBဘဏ်ဥက္ကဋ္ဌကြီးက ဦးဆောင်ပြီး တည်ဆောက်ဖို့ ရှယ်ယာတွေ ခေါ်နေတယ်ပေါ့။

မြို့တစ်မြို့တည်ဆောက်တယ်ဆိုတာ လွယ်တဲ့အလုပ်လို့ ထင်နေလို့လား၊ ဒါမှမဟုတ် မြေနေရာ လက်ညှိုးထိုးရောင်းစားရတာ အကျင့်ပါနေလို့လားတော့ မသိဘူး။ ဒီစီမံကိန်းကို ဘယ်လို စိတ်ကူးနဲ့ စီစဉ်လည်း မသိပေမယ့် အတော့်ကို ငွေပေါများနေပြီး အလုပ်အရမ်းလုပ်ချင်နေပုံ ရတယ်လို့ ထင်မိပါတယ်။ ဒါမှမဟုတ် မန်းလေးမြို့မှာ မြေဈေးကြီးတာကြောင့် မြေဝယ်လို့မရလို့များ ကြံမိကြံရာ ကြံသလားလို့ ထင်မိပါတယ်။ သိပ်တော့ မဖြစ်နိုင်ဘူးထင်တယ်။

မန်းလေးမြို့မှာ မြေဈေးတွေ အရမ်းကြီးတယ်။ ဟုတ်တာပေါ့ .. ကြီးပါတယ်။ ဘာလို့ ကြီးပါသလဲ။ ဒီကိစ္စကို အရင်အဖြေရှာဖို့ လိုပါတယ်။ ဒါဆို မြေဈေးဘာလို့ကြီးလဲ။ ဝယ်လိုအားများပြီး ရောင်းလိုအားနည်းနေလို့ပါ။ ရှင်းရှင်းလေးပါပဲ။ ဘာတွေ ဝယ်ပြီး ဘာတွေရောင်းနေလို့လဲ။

မန်းလေးမြို့ဟာ မြန်မာနိုင်ငံ အထက်ပိုင်း ကုန်စည် ဖြန့်ဖြူးရေးမှာ အဓိက မြို့ကြီးဖြစ်ပါတယ်။ မင်းနေပြည်တော်ဟောင်း ဖြစ်သလို အဖက်ဖက်မှာ စိုက်ပျိုးရေးကောင်းတဲ့ မြေနေရာတွေ ရှိပါတယ်။ အပန်းဖြေလုပ်ငန်းနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အပန်းဖြေစရာနေရာတွေလည်း ပေါများပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒုတိယမြို့ကြီးဖြစ်သလို တက္ကသိုလ်ကျောင်းများလည်း တည်ရှိပါတယ်။ မြန်မာ့အနုပညာတွေရဲ့ အမာခံမြို့တော်လည်း ဖြစ်ပါတယ်။ ဒီလိုမြို့တော်ကြီးမှာ နေထိုင်ချင်တဲ့သူတွေ မနည်းပါ။ အဲဒီတော့ ...

ဗိုလ်ချုပ်ထွန်းကြည်လက်ထက်မှာမန်းလေးလမ်း၈၀တလျှောက်အိမ်တွေအကုန်.တိုက်မဆောက်မနေရ ဆောက်ခိုင်းပါတယ်။ မဆောက်နိုင်တဲ့သူတွေ တော်တော်များများ အိမ်တွေကို ပေါင်နှံရောင်းချပြီး မြို့သစ်တွေဘက်ကို ရွှေ့ကြရပါတယ်။ ခု တရုတ်ရွာလို့ ခေါ်ခေါ်နေတဲ့ မြေနေရာတွေကို ဗိုလ်ချုပ်တွေကို ချထားပေးတဲ့အတွက် ဗိုလ်ချုပ်ရွာရယ်လို့ ကနဦးအစ အမည်တွင်ခဲ့ပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်တွေအတွက် သီးသန့်ခြံကျယ်ကြီးတွေ မြေရိုင်းတွေ ပေးထားခဲ့ပြီး အဲဒီမြေနေရာတွေကို နောက်ပိုင်းမှာ တရုတ်တွေက အလုံးအရင်းနဲ့ ဝယ်ယူခဲ့ပါတယ်။ တပြိုင်နက်ထဲမှာပဲ စိန်ပန်းက တွင်ခုံနဲ့ စက်မှုလုပ်ငန်းတွေ အားလုံးကို စက်မှုမြို့သစ်ဘက်ကို ရွှေ့ခိုင်းပါတယ်။ စက်မှုမြို့သစ်ကတော့ ဆည်တော်ကြီးရဲ့ ရေဝေရေလဲ ဧရိယာထဲမှာ ရှိတယ်လို့ ကြားဖူးပါတယ်။ အမေ လူထုဒေါ်အမာရဲ့ စကားအတိုင်းဆိုရင် မကြာခင်မှာပဲ မန်းလေးမြို့ကြီးဟာ နယ်စပ်တွေကနေ ဝင်လာတဲ့ တရုတ်တွေရဲ့ နယ်ချဲ့ခြင်းကို ခံရပါတော့တယ်။ တရုတ်တွေလက်ထဲမှာ ငွေဖြူငွေမည်း မသဲကွဲတဲ့ ငွေအလုံးအရင်း ပါလာပြီး မြို့ရဲ့ အဓိက မြေနေရာတော်တော်များများကို ဝယ်ယူလာခဲ့ပါတယ်။ နေဖြစ်တဲ့သူတွေ ရှိသလို မနေပဲ တိုက်ကြီးဆောက်၊ ခြံပိတ်ထားပြီး ပြန်ရောင်းဖို့ ဖြစ်စေ၊ အနာဂတ်ကာလမှ နေထိုင်ဖို့ ရည်မှန်းပြီးဖြစ်စေ ဝယ်ယူထားတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် သိပ်မကြာသေးတဲ့ ကာလကစပြီး မန်းလေးမှာ မြေအရောင်းထက် မြေအဝယ်တွေ များလာပါတယ်။ မြို့ခံတွေအများစုဟာ ကျပ်တည်းတဲ့ စီးပွားရေးနဲ့ မတရားဂုပ်သွေးစုတ် ဖိနှိပ်မှုဒဏ်ကြောင့် မြို့ထဲကို စွန့်ခွာပြီး မြို့သစ်ဖက်ကို ရွှေ့သွားကြပါတယ်။ ကျန်တဲ့သူတွေလည်း ကျန်နေခဲ့သပေါ့။ ဒီကြားထဲ မန်းလေးမြို့ရဲ့ မဟာရန်သူတော်ကြီးဖြစ်တဲ့ မီးဘေးကြောင့် အတော်များများဟာ ပိုမို ဆင်းရဲကြပ်တည်းလာခဲ့ပါတယ်။ ဒါကြောင့် မြေတွေ တော်တော်များများဟာ နယ်စပ်က ဝင်ရောက်လာတဲ့ တရုတ်တွေလက်ထဲကို ရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မန်းလေးမြို့သစ်ကြီးဟာ စတင်စည်ကားလာခဲ့ပါတယ်။

ဒီကြားထဲ နယ်တွေမှာ လယ်တွေအသိမ်းခံရပြီး ဒုက္ခရောက်ကြတဲ့ သူတွေဟာ သူတို့ရပ်တည်ဖို့ နေရာတစ်ခု ရလိုရငြား နီးစပ်ရာ မြို့ကြီးတွေကို တက်လာခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ မန်းလေးမြို့သစ်ကြီးဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာခဲ့သလို မြို့တွင်းနေရာတွေဟာလည်း ပညာရေး ဗဟိုချက်တွေ ဖြစ်တာကြောင့် တဖြည်းဖြည်းနဲ့ မြေဈေးတွေ တက်လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ စစ်အစိုးရမင်းများရဲ့ စိတ်ကူးယဉ်မြို့တော်ကြီး တည်ဆောက်ဖို့ ရည်မှန်းချက်ကြောင့် နေပြည်တော် စီမံကိန်းကြီး စတင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကို ဖြုတ်ချအပြီးမှာ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ Data Center တွေကို ကာကွယ်ဖို့နဲ့ ခေတ်မီဆိုင်ဘာ မြို့တော်ကြီး တည်ဆောက်ဖို့ ဆိုတဲ့ ရည်မှန်းချက်နဲ့ မေမြို့အတက် ၂၁ မိုင်အလွန်မှာ ရတနာပုံ ဆိုင်ဘာမြို့တော်ကြီးကို တည်ဆောက်ပြန်ပါတယ်။ ဆိုင်ဘာမြို့တော်ကြီးမှာ နေပြည်တော်လိုပဲ Shopping Mall ဇုန်တို့ ဟိုတယ်ဇုန်တို့ကို ကားချပ်ကြီးတွေနဲ့ ပုံစံချပြထားတဲ့ ဆိုင်းဘုတ်ကြီးတွေ ရှိပေမယ့် ခုချိန်မှာတော့ ဆက်သွယ်ရေးနဲ့ အခြား စက်ရုံတွေက ဝန်ထမ်းတွေရယ်၊ MCC က တက္ကသိုလ်တစ်ခုရယ်ကလွဲပြီး လာနေတဲ့သူတွေ မရှိသေးပါဘူး။

အဲဒီအချိန်မှာပဲ ဂျပန်အထောက်အပံ့နဲ့ လည်ပတ်မယ့် မဟာမန္တလေးစီမံကိန်းကြီးကလည်း စတင်လှုပ်ရှားသက်ဝင်လာခဲ့ပါတယ်။ ရဲသိပ္ပံကွင်းနားက ရဲရိပ်သာတွေနဲ့ ပတ်ဝန်းကျင်တွေကို ဂျပန်အကူအညီနဲ့ ကုတင် ၅၅၀ ဆန့် ကလေးဆေးရုံကြီး တည်ဆောက်ခဲ့ပါတယ်။ ကျန်တဲ့အပိုင်း အောင်မြင်မှု ရမရ မသိပေမယ့် ကလေး ဆေးရုံကြီးကတော့ အောင်မြင်စွာတည်ဆောက်ပြီးစီးခဲ့ပါတယ်။ မဟာမန္တလေးစီမံကိန်းရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရပေမယ့် မြို့တွင်းမှာ ရှိတဲ့ လမ်းတွေကို ပြုပြင်ခြင်း၊ မီးလိုင်းအသစ်များ ဆွဲခြင်း၊ ဆက်သွယ်ရေးက နေပြီး တစ်မြို့လုံး WiFi ရရှိစေဖို့ ဆောင်ရွက်နေခြင်းတွေကိုတော့ မြင်တွေ့နေရပါတယ်။ ကားသစ်တွေ တင်သွင်းခွင့်ပြုပြီး နောက်ပိုင်းမှာ ပိုမို ပိတ်ဆို့လာတဲ့ လမ်းကြောတွေကိုလည်း တိုးချဲ့တာတွေ ပြုလုပ်နေတဲ့အတွက် အထိုက်အလျောက် အောင်မြင်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

သို့ပေမယ့် မန္တလေးမြို့ကြီးဟာ မြို့သစ်ကြီးတစ်ခုအဖြစ် တည်ဆောက်နေဆဲ ကာလပဲ ဖြစ်ပါတယ်။ မြို့ပတ်ပတ်လည်မှာလည်း ကျောက်ဆည်၊ စစ်ကိုင်း၊ အမရပူရ၊ ပြင်ဦးလွင်၊ မတ္တရာ အစရှိတဲ့ မြို့တွေ ရှိနေပါသေးတယ်။ မန္တလေး တိုးချဲ့မြို့သစ်နဲ့ စက်မှုမြို့သစ်လည်း ရှိနေပါသေးတယ်။ ဒီလောက်များပြားတဲ့ တည်ဆောက်ဆဲ မြို့နေရာတွေ ရှိနေတာတောင် မန္တလေးမြို့သစ်စီမံကိန်းကို တံတားဦးဘက်မှာ တည်ဆောက်ဦးမယ်လို့ စီစဉ်နေတဲ့ CB ဘဏ်ဥက္ကဋ္ဌကြီးရဲ့ သတ္တိနဲ့ အမျှော်အမြင်ကြီးမားပုံကို ဘယ်လို အသိအမှတ်ပြုရမလဲတောင် မသိတော့ပါဘူး။

မြို့တစ်မြို့ ဖြစ်ထွန်းလာပြီဆိုရင် အဲဒီမြို့မှာ ဘယ်သူတွေ နေမလဲ၊ ဘယ်လိုစီးပွားရေးတွေ လုပ်မလဲ။ ဘယ်လို ရပ်တည်မလဲဆိုတာကို ထည့်သွင်းစဉ်းစားရမယ်လို့ ထင်ပါတယ်။ မြို့အင်္ဂါရပ်ဆိုတာ .. ပြအိုးတွေ၊ ကျုံးတွေ၊ Shopping Mall တွေံHotel တွေတင် မဟုတ်ပါ။ ဈေးတွေလိုမယ်။ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ အခြေခံပညာကျောင်းတွေ၊ စာပို့နဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ အသေးစား လုပ်ငန်းတွေ၊ စားသောက်ကုန်လုပ်ငန်းတွေ၊ အစုံအစုံလိုအပ်ပါတယ်။ မန္တလေးမြို့သစ်စီမံကိန်းဆိုပြီး ချပြထားတဲ့ နမူနာပုံစံငယ်တွေမှာ တိုက်ကြီးတာကြီးတွေတော့ ဆောက်ပြထားပါရဲ့။ ဘယ်သူတွေက ဘယ်လိုဆောက်မှာလဲ။ ဘယ်သူတွေနေမှာလဲ၊ ဘာလုပ်ငန်းတွေ လုပ်ကြမှာပါလဲ။ အဲဒီတိုက်တာကြီးတွေ ဝယ်ပြီး ပါးစပ်ဟောင်းလောင်းနေကြမှာလား ... ရေပေးဝေရေးစနစ်တွေ၊ မိလ္လာစနစ်တွေ၊ လမ်းပန်းဆက်သွယ်ရေးစနစ်တွေ၊ စသည်စသည်ဖြင့် အများကြီးလိုအပ်ပါတယ်။ ဒါတွေအတွက် ကုန်ကျစရိတ်တွေက အလွန်များပြားလွန်းတဲ့အတွက် အစိုးရကလွဲရင် မြို့သစ်တည်ဖို့ ဆိုတာ ဘယ်သူမှ မတတ်နိုင်ပါ။ အလွန်ဆုံးလုပ်နိုင် ရှိပြီးသား မြို့ကို တိုးတက်စည်ပင်လာအောင် လုပ်နိုင်ရုံလောက်ပါပဲ။ ဘယ်လို စိတ်ကူးနဲ့ ဘယ်နှနှစ်စီမံကိန်းနဲ့များ ဒီမြို့တော်သစ်ကြီးကို တည်ဆောက်မလဲဆိုတာ သံသယဖြစ်မိပါတယ်။ သတိရမိတာကတော့ ... ဟစ်တလာရဲ့ လိမ်ရင် ကြီးကြီးကျယ်ကျယ်လိမ်ဆိုတဲ့ စကားကိုပါပဲ။

ဒီတစ်ပတ် သတင်းနဲ့ ဂျာနယ်တွေမှာ တန်ဖိုးနည်းအိမ်ရာဆိုတာတွေကို ဖတ်ရပါတယ်။ ဘယ်လောက်လဲဆိုတော့ ... သိန်း ၁၀ဝ ပါတဲ့ ... တန်ဖိုးနည်းအိမ်ရာကို သိန်း ၁၀ဝ ဆိုတော့ တန်ဖိုးကြီးအိမ်ရာဆိုရင် ဘယ်လောက်များ ရှိမလဲဆိုတာ တွေးတောင် မတွေးရဲတော့ပါဘူး။ အစိုးရဝန်ထမ်းတစ်ယောက်ရဲ့ တရားဝင်လစာရော .. နောက်ဆက်တွဲ ထောက်ပံ့ကြေးဆိုတာများနဲ့ ပေါင်းရင် ၁ သိန်းဝန်းကျင်ပဲ ဆိုပါစို့ရဲ့ ... သိန်း ၁၀ဝ ရဖို့ မစားမသောက်ပဲ အငတ်ခံ စုရင်တောင်မှ လပေါင်း ၁၀ဝ စုရပါမယ်။ နှစ်နဲ့ဆိုရင် ၈ နှစ်နဲ့ ၄ လစုရပါမယ်။ တစ်လကို ၅၀ဝ၀ဝ နဲ့ စုမယ်ဆိုရင် ၂ဆ ၁၆ နှစ်နဲ့ ၈ လစု ရပါမယ်။ ဒီလို အိမ်မျိုးကို တန်ဖိုးနည်း အိမ်ရာလို့ လူကြီးမင်းတို့ ဘယ်လို ခေါ်ကြပါမလဲ။ ရန်ကုန်မှာ ဆန္ဒပြနေတဲ့ အလုပ်သမားလေးတွေရဲ့ လစာက တစ်လကို ၃၀ဝ၀ဝ လို့ အကြမ်းဖျဉ်းတွက်မိပါတယ်။ အဲဒီလစာနဲ့ လူကြီးမင်းတို့ ရောင်းချမယ့် .. သိန်း ၁၀ဝ တန်အိမ်ကို တန်ဖိုးနည်းအိမ်ရာလို့ ဘယ်လိုများ သတ်မှတ်ကြပါမလဲ။

မန်းလေးမှာရော ရန်ကုန်မှာရော၊ အိမ်ရာစီမံကိန်းတွေ ကွန်ဒိုတွေလုပ်ကြပါတယ်။မတန်တဆ ဈေးနှုန်းတွေနဲ့ မြေတွေကို ဇွတ်ဝယ်၊ ဇွတ်လုပ်နဲ့ နောက်ဆုံး အရှုံးပေါ်ပြီး ရပ်တဲ့လုပ်ငန်းတွေက ရပ်ကုန်ပါတယ်။ မန်းလေးမြို့ မြရည်နန္ဒာဘက်မှာ မြေလွတ်တွေပေါ်မှာကျူးကျော်နေထိုင်သူတွေကို နှင်ထုတ်နေပါတယ်။ မြေလွတ်ပေါ်မှာ ကျူးကျော်နေလို့ နှင်ထုတ်တာကို အပြစ်မတင်လိုပေမယ့် အဲဒီလို နေစရာတောင် မရှိတဲ့ သူတွေက လူကြီးမင်းတို့ရဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ဘယ်လိုများ ဝယ်ယူမလဲဆိုတာ ခုချိန်ထိတော့ စဉ်းစားမရသေးပါဘူး။

လူကြီးမင်းတို့ ငွေသိပ်ပေါပြီး တိုင်းပြည်ကြီးကို အမှန်တကယ် တိုးတက်စေလိုရင် သိန်း ၃၀ ၄၀ လောက်နဲ့ သာမန်လူလတ်တန်းစားတွေ နေနိုင်မယ့် အိမ်ရာတွေ၊ ၅ သိန်းကနေ ၁၀ သိန်းကြားလောက်နဲ့ အခြေခံလူတန်းစားတွေ နေနိုင်မယ့် အိမ်တန်းလျားတွေ၊ တိုက်ခန်းတွေ များများ တည်ဆောက်သင့်ပါတယ်။ အစိုးရကျောင်းတွေကို အလှူငွေမကောက်ရလို့ တားမြစ်ထားတဲ့အတွက် အဲဒီကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းတွေနဲ့ ကျောင်းလုပ်ငန်းဆိုင်ရာတွေ ရုံးသုံးကိရိယာတွေ လိုအပ်နေပါတယ်။ အဲဒီကျောင်းတွေအတွက် အလှူငွေတွေ လှူဒါန်းပြီး အနာဂတ် လုပ်သားတွေရဲ့ ဘဝကို ပုံဖော်ထုဆစ်သင့်ပါတယ်။ ရှိပြီးသား သာသနိက အဆောက်အအုံတွေ ရှေးဟောင်းယဉ်ကျေးမှုအမွေတွေကို ဖျက်ဆီးပြီး အသစ်တွေဆောက်မယ့်အစား ရပ်ကွက် လူထုအတွက် အပန်းဖြေဖို့ မြေကွက်လပ်တွေမှာ အားကစားကွင်းနဲ့ ပန်းခြံလေးတွေ တည်ဆောက်သင့်ပါတယ်။ ၇၇လမ်းနဲ့ ၇၈ လမ်းကြား၊ မြန်မာ့ ရှေ့ဆောင်ဘဏ်ရှေ့က ၃၁ လမ်းလို ဘဏ်ရှေ့လေးတင် လမ်းပြင်ပြီး ကျန်တဲ့လမ်းပိုင်း မပြင်ပဲ ထားခဲ့တာမျိုးတွေ မလုပ်သင့်ပါ။ အိန္ဒိယနိုင်ငံဟာ Outsourcing လုပ်ပြီး Data Center တွေ IT ပညာရှင်တွေရဲ့ အင်အားနဲ့ နိုင်ငံကို တည်ဆောက်သွားခဲ့တာပါ။ ရှိသမျှရောင်းစားပြီး တည်ဆောက်သွားခဲ့တဲ့ နိုင်ငံမဟုတ်ပါဘူး။ ခုချိန်ထိ ကျွန်တော်တို့နိုင်ငံရဲ့ မြို့ကြီးတွေမှာ Mass Tranport အင်အား နည်းပါးပါသေးတယ်။ ကြားဖူးသလောက်Loi Heinက ဒေါက်တာစိုင်းဟာ သူ့ဒေသ တိုးတက်ဖို့အတွက် ရှမ်းတောင်တန်းကားလိုင်းကို တည်ထောင်ပြီး ဆောင်ရွက်ခဲ့တာပါ။

မန်းလေးမြို့မှာ အများပြည်သူ သွားလာဖို့ မြို့ပတ်ရထားလိုင်းတွေ လိုအပ်ပါတယ်။ ဒါတွေကို ထူထောင်နိုင်ခဲ့မယ်ဆိုရင် ခုနက မြို့သစ်ကြီးတည်ထောင်တာထက်တောင် အဆရာထောင် အောင်မြင်နိုင်ဦးမယ်လို့ ယုံကြည်မိပါတယ်။ မြို့သစ်ကြီးတောင် တည်ဆောက်နိုင်မှတော့ ဒီလောက်ကတော့ ငွေကြေးအင်အား တတ်နိုင်မယ်လို့ ယုံကြည်မိပါတယ်။

ကိုရီးယားက ဟန်မြစ်ပေါ်မှာ ခွပြီး တည်ဆောက်ထားတဲ့ ဆိုးလ်မြို့ကြီးကို မြင်တိုင်း စစ်ကိုင်းနဲ့ မန်းလေးကို တစ်မြို့ထဲနီးပါး ဆက်သွယ်နိုင်ခဲ့ရင်ဆိုတဲ့ မိုးရာသီ ယောင်တောင်တောင် အိပ်မက် မက်နေမိပါတယ်။

Hollinaz(mmcp)အားဒေါင်းမာန်ဟုန်မှကျေးဇူးတင်ရှိပါသည်..

0 မြန်မြန်ပေးမြန်မြန်ဆပ်


မြန်မြန်ပေးမြန်မြန်ဆပ်

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၄)ကြိမ်မြောက် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ကြုံတွေ့နေရသောအခက်အခဲများကို ကူညီဖေးမမှုခြေလှမ်းအဖြစ် ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၄.၈.၂ဝ၁၂ ရက်နေ့တွင် သွားရောက်ကြမည်ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ပြေး အဖွဲ့သည် ၂၂.၈.၂ဝ၁၂ ရက်နေ့တွင် စစ်တွေမြို့သို့ရောက်ရှိပြီး ဒုက္ခသည်များအား ကူညီဖေးမရန်အတွက် စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများကို ကြိုတင်စီစဉ်ပြီး ဖြစ်နေလေသည်။ ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သည် ၂၂.၈.၂ဝ၁၂ ရက်နေ့တွင် ကြိုတင်ရောက်ရှိနေသော် ရှေ့ပြေးအဖွဲ့နှင့် ပူးပေါင်းကာ ဒုက္ခသည်ကယ်ဆယ်ရေးစခန်းများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ ကူညီဖေးမကြမည် ဖြစ်သည်။

ဥက္ကဋ္ဌ ဦးကျော်သူသည် ၂၉.၈.၂ဝ၁၂ ရက်နေ့တွင်လည်း ပြည်ပနိုင်ငံသို့ သွားရောက်ရမည်ဖြစ် သည်။ ပြည်ပနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်ရခြင်း၊ ရခိုင်ပြည်ရှိ ဒုက္ခသည်များထံသို့ သွားရောက်ကူညီ ခြင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်းတာဝန်များ မအားလပ်သည့်ကြားမှ ၂၃.၈.၂ဝ၁၂ ရက် နေ့ နံနက် (၆းဝဝ) နာရီအချိန်တွင် လူမှုရေးလက်တွဲဖော် အသင်းသား/သူများနှင့်အတူ တိုက်ကြီးမြို့နယ်၊ တာခွတာဆုံအနီးရှိ “အေးချမ်းသာ” လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းသို့ သွားရောက်ခဲ့ကြသည်။ တာခွ လမ်းဆုံမှ သရက်ချောင်းလမ်းအတိုင်း အနည်းငယ်ဝင်လိုက်သည်နှင် “အေးချမ်းသာ” ပရဟိတလူငယ် ဖွံ့ဖြိုးရေးကျောင်းအား လယ်ကွင်းစိမ်းစိမ်းတွေကြား ထင်ရှားစွာတွေ့မြင်ရတော့သည်။ ကျောင်းထဲသို့ ဝင်လိုက်သည်နှင့် အနာဂါတ်နိုင်ငံတော်ကို ဦးဆောင်ကြတော့မြည့် အနာဂါတ်၏ သားကောင်း၊ သမီး ကောင်းရတနာများတို့၏ မေတ္တာပို့သံ၊ ကဗျာရွတ်သံတို့သည် လောကဓံကို ရင်ဆိုင်ရန်အသင့် အနေအထားနှင့် တိုက်ပွဲခေါ်သံအလား ကြုံးဝါးနေကြသည်ဟု ထင်မှတ်၍ အံ့သြမှင်သက်နေမိတော့သည်။ အနာဂတ်ကို ပိုင်စိုးကြမည့် ကျောင်းသားလူငယ်များ၏ စည်းလုံးညီညွှတ်မှု၊ စည်းကမ်းပြည့်ဝမှု၊ ဝတ်စား ဆင်ယဉ်မှုတို့သည် ဒီမိုကရေစီနိုင်ငံတော်အတွက် ဂုဏ်ယူစရာ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီ များအတွက် အတုယူစရာ “စည်းကမ်းဟူသည် လူ၏တန်ဖိုး” ဟူသော ကျွန်တော်တို့ ငယ်စဉ်ကပင် ရင်းနှီး ခဲ့သည့် ထိုစာသားလေး၏ အဓိပ္ပါယ်အားပေါ်လွင်စေရန် ထင်ဟပ်ပေးနေသလိုပင် ခံစားမိတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသား/သူများသည် ကျယ်ပြန့်လာ သော လူမှုဒုက္ခများအားဖေးကူသည့် နာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုကယ်ဆယ်ရေးများကို အပြေးအလွှား မနားမနေ ပေးဆပ်နေသည်ကို မြင်ရပြန်တော့ ကျွန်တော့်၏ စိတ်ထဲတွင် ပေါ်ပြူလာဂျာ နယ်၏ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ်လူငယ်များ အတွက် ရေးဖွဲ့ထားသည့် “မြန်မြန်ပေး … မြန်မြန်ဆပ်” ဟူသော ကဗျာလေးကို ရေရွတ်မိပါတော့သည်။

“မြန်မြန်ပေး .. မြန်မြန်ဆပ်”

မျိုးဆက်အတွက် မငဲ့

တစ်ဘဝစံစိတ်နဲ့ …

တာ့တာ .. ဘိုင့်ဘိုင် လုပ်ရင်တော့

သေရင်ပြီးတာပဲ။

မျိုးဆက်အတွက်စဉ်းစား

(ကိုယ့်အလှည့်မှာများ)

ကောက်ရိုးပွေ့သွားမိခဲ့တယ်ဆိုရင်တောင်

ရောက်ခဲ့၊ လျှောက်ခဲ့ရာလမ်းတစ်လျှောက်

အမှိုက်ပြစ်ကောက်ရင်း လမ်းရှင်းပေးချင်စိတ်မွေး

မသေခင် မသွားခင်လေး

သမိုင်းပေးတာဝန် ကျေခွင့်ရတာ မဟုတ်လားဗျာ …

(ကျွန်တော်တို့လည်း)

ဘာကြာတော့မှာမို့လဲ ….

ပေးစရာရှိတာ မြန်မြန်ပေး

ဆပ်စရာရှိတာ မြန်မြန်ဆပ်

မပေးဆပ်ခင်၊ တာဝန်မကျေမီများ

မြေကြီးက ပြောလိမ့်မယ်

သားရေပေါ်အိမ် … သားရေနားစားသူတို့ …

နှောင်းလူတို့က ဆိုလိမ့်မယ်

တစ်ဘဝစံ စိတ်ထားနဲ့

လူ့ရွာမှာ လမ်းသလားခဲ့သူကြီးလို့ . . . .

ဇော်စိုင်း (ခ) ဇွဲမဟိဏ်ခ

F.F.S.S (Ygn)

0 ဦးနေမျိုးဝေအား ဇေကမ္ဘာမှ စွဲဆိုသည့် အမှုတွင်ရှေ့နေဦးပါစီပြည်ဟိန်း(ခ)ဦးမျိုးမင်းထွန်းမှအခမဲ့ လိုက်ပါဆောင်ရွတ်အပြီး ရှေ့နေလိုင်စင် အသိမ်းခံရ

Photo.Naung taw lay
ယနေ့ (၂၄.၈.၂၀၁၂) ရက်နေ့တွင် မမျှော်လင့်ပါဘဲ ရှေ့နေဦးပါစီပြည်ဟိန်း၏ ရှေ့နေလိုင်စင်အား သိမ်းဆည်းလိုက်ကြောင်း စာပေးပို့လာသည်ဟု ဦးပါစီပြည်ဟိန်း၏ ပြောကြားချက်အရသိရသည်။ ဦးပါစီပြည်ဟိန်း၏ အထက်တန်းရှေ့နေလိုင်စင်အမှတ် ၃၁၁၂၉ လိုင်စင်မူရင်းကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှတစ်ဆင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြန်လည်အပ်နှံရန် ပေးပို့လာခြင်းဖြစ်သည်။

အဆိုပါရှေ့နေလိုင်စင်ပြန်လည်အပ်နှံရန်ပေးပို့စာတွင် ရှေ့နေဦးပါစီပြည်ဟိန်းအား ဥပဒေပုဒ်မ ၁၈၆ အရ အလုပ်နှင့်ထောင်ဒဏ် (၃)လ ကျခံစေရန် ပြစ်ဒဏ်ကျခံရဖူးသူ ဖြစ်ခြင်း၊ ယခုအခါတွင် မင်္ဂလာဒုံ မြို့နယ်တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှုများဖြင့် တရားစွဲဆိုခံထားရခြင်းတို့မှာ ရှေ့နေရှေ့ရပ်လုပ်ငန်း နှင့် စပ်လျဉ်းသည့် ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ရာရောက်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် တရား ရုံး၏ စုံစမ်းစစ်ဆေးမှု အစီအရင်ခံစာအရ စစ်ဆေးတွေ့ရှိရသည်ဟု ဖော်ပြပါရှိသည်။

ထိုသို့စစ်ဆေးတွေ့ရှိပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏ ၆/၂၀၁၂ ကြိမ်မြောက် အစည်းအဝေးသို့တင်ပြခဲ့ရာ အစည်းအဝေးက ရှေ့နေလိုက်သူများ အက်ဥပဒေပုဒ်မ ၁၃(စ) အရ အထက်တန်းရှေ့နေအဖြစ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်းဖြင့် ဖော်ပြပါရှိသည်။

အဆိုပါကိစ္စအတွက် ကာယကံရှင်ဖြစ်သူ ဦးပါစီပြည်ဟိန်းမှ `ဒီလိုစာမျိုးကြတော့ တရားလွှတ်တော် ချုပ်က တိုက်ရိုက်ထုတ်တယ်။ ဒီနေ့ပဲ ကျွန်တော့်ဆီရောက်လာပါတယ်။ ကျွန်တော်ကြတာက မင်္ဂလာဒုံမြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးဦးရီထွန်းနဲ့ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု အမှတ်(၃)လမ်း မဘေးမှာ ဆိုင်ဆောက်လုပ်တဲ့နေရာမှာ ပိုင်ရှင်ရှိတဲ့နေရာဖြစ်နေတဲ့အတွက် ကျွန်တော်က ပိုင်ရှင်တွေရဲ့ ကိုယ်စား ပြောပေးတာကနေပြီး ကျွန်တော်ကို ပုဒ်မ(၁၈၆) တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ ပြစ်ဒဏ်(၃)လကျခံခဲ့ရတာပါ။ တရားရင်ဆိုင်နေရတဲ့အမှုတွေကတော့ မင်္ဂလာဒုံမြို့နယ်တရားရုံး ပြစ်မှုကြီးအမှုအမှတ် (၄၄၃/၂၀၁၂) (၄၄၂/၂၀၁၂) ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ ၊ ၃၂၃ ၊ ၅၀၆ အမှုတွေဖြစ်တယ်။

ဒီအမှုတွေဟာ ကျွန်တော်ပိုင်ဆိုင်တဲ့ ခြံမြေဖြစ်သည့် မင်္ဂလာဒုံ မြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု မြေတိုင်းအမှတ်(၅၃၄ A) မြေကွက်အမှတ် (၁၉) မြေကွက် အကျယ် ၂.၇၈ ဧက ကျွန်တော်က အပိုင်ရောင်းချခွင့်ရှိသူထံမှ ၀ယ်ယူပြီး ခြံစည်းရိုးခတ်၍ တဲအိမ်တွေ ဆောက်လုပ်ထားခဲ့ပါတယ်။ တက်လမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ ၎င်းတို့ပိုင် မြေဖြစ်သည် ဆိုကာ ခြံစည်းရိုးများဖျက်ခြင်း တဲအိမ်များဖျက်စီးခြင်း ၊ ပစ္စည်းများကို နေရာရွှေ့ခြင်းများ ပြုလုပ်ခဲ့ပါသဖြင့် ကျွန်တော်မှ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တက်လမ်းဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်း (၁၀)ဦးကို တရားစွဲဆိုထားပြီး (၄)ဦးအား တရားခံပြေးမှုဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။

ပစ္စည်းများ ပျောက်ဆုံး ခြင်းနှင့် ပတ်သက်၍ ပစ်မှုပုဒ်မ (၃၈၀ ပ/၆၈၂/၂၀၁၁) အမှုအားဖွင့်လှစ်ခဲ့ရာ သစ်များမရှိဟုဆို၍ မင်္ဂလာဒုံရဲစခန်းမှ ဒုရဲအုပ်ညီညီအောင်မှ တရားလိုပြုလုပ်ပြီး မမှန်တိုင်ကြားမှု ပစ်မှုပုဒ်မ ၁၈၂ ဖြင့် ဦးတိုက်လျှောက်ထား စွဲဆိုထားခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ လိုင်စင်သိမ်းခံရခြင်းနှင့် ပတ်သက်၍ ကျွန်တော်နားလည်ထားသည်မှာ မိမိလိုက်ပါ ဆောင်ရွက်သော အမှုသည်များပေါ်တွင် တာဝန်မကျေ၍သော်လည်ကောင်း၊ ငွေကြေးများ မတော် မတရားယူ၍ ဖောက်လွဲဖောက်ပြန်ပြုသောကိစ္စမျိုးပေါ်ပေါက်မှသာ ရှေ့နေကျင့်ဝတ်သိက္ခာနှင့် မညီဟု သုံးသပ်၍ လိုင်စင်သိမ်းခြင်း ဖြစ်သည်ဟု ကျွန်တော် နားလည်ထားပါတယ် ကျွန်တော် မည်သည့်အမှုသည်ကိုမှ အနိုင်ကျင့်ခဲ့ခြင်းမရှိပါ။ ရှေ့နေလုပ်ငန်းတွေမှာ ဥပဒေနဲ့အညီပဲ လုပ်ကိုင် ဆောင်ရွက်ခဲ့ပါတယ် ကျွန်တော်က ထောင်ကျပြီးမှ ရှေ့နေဖြစ်လာတာပါ။´´ ဟုပြောဆိုပါတယ်။

ရှေ့နေဦးပါစီပြည်ဟိန်းမှာ ဦးနေမျိုးဝေအား ဇေကမ္ဘာမှ စွဲဆိုသည့် အမှုတွင် အခမဲ့လိုက်ပါဆောင် ရွက်ရန် စီစဉ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယခင်က ဦးပါစီပြည်ဟိန်းသည် မင်္ဂလာဒုံမြို့နယ်အတွင်းတွင် ရှေ့နေမဖြစ်မီက အင်္ဂလိပ်စာနည်းပြ ကျူရှင်ဆရာအဖြစ် အသက်မွေး ၀မ်းကျောင်း လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။ ယခုလိုင်စင်အသိမ်းခံရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မထံသို့ အသနားခံစာတင်ပြသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ရှေ့နေဦးပါစီပြည်ဟိန်းအား ဆက်သွယ်ရန် ၀၉၄၃၁၆၃၄၇၅

နေမျိုးဝေ Facebook

0 ဆင်ဆာမရှိတော့သော်လည်း သတင်းစာလွတ်လပ်ခွင့် အပြည့်အဝမရသေး


နာမည်ကျော်ဘလော့ဂါ နေဘုန်းလတ်က ပြောကြားရာတွင် အွန်လိုင်းမီဒီယာများမှာ မြန်မာနိုင်ငံတွင် အကာအကွယ်မဲ့ဖြစ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းကပြောကြားရာတွင် ဘလော့ဂါများမှာ အစိုးရဆန့်ကျင်ရေးများ ကွန်ပြူတာတွင် ပိတ်ပင်ထားသော အီလတ်ထရွန်းနစ်ဥပဒေဖြင့် အရေးယူမှု ခံရနိုင်မှု ရှိနေသေးကြောင်း ပြောသည်။
(23 August 2012 ရက်စွဲပါ VOA News မှ “Free Press eludes Burma despite end of censorship” ကိုဘာသာပြန်သည်)

လပေါင်းများစွာ အချိန်ဆွဲလာပြီးနောက် မြန်မာနိုင်ငံ၏ ပြန်ကြားရေးဝန်ကြီးဌာနသည် ယခုတစ်ပတ်တွင် ဆယ်စုနှစ်များစွာ သက်တမ်းကြာခဲ့သော ဆင်ဆာမူဝါဒကို ပယ်ဖျက်ပေးခဲ့သည်။ သတင်းထောက်များ၊ အယ်ဒီတာများသည် အသွင်ကူးပြောင်းရေးကာလတွင် ကြိုးစားရုန်းကန်လျက်ရှိပြီး၊ သတင်းစာ လွတ်လပ်ခွင့်မှာ ရရှိခြင်း မရှိသေးကြောင်း အများကပြောကြသည်။

ယခုတစ်ပတ်တွင် မြန်မာနိုင်ငံမှ သတင်းစာစောင်များသည် ၁၉၆၂ ကတည်းက ပထမဦးဆုံး အကြိမ်အဖြစ် ဝန်ကြီးဌာန၏ ဆင်ဆာ ပြုလုပ်ခြင်း မရှိမှုကို စတင်ခဲ့ပြီဖြစ်သည်။

ရန်ကုန်အခြေစိုက် အပတ်စဉ်စာစောင် Myanmar Times မှ ဝန်ထမ်းများအဖို့ ဆင်ဆာမရှိတော့ကြောင်း ကြေညာချက်အပြီး ပထမဆုံး စာစောင် အတွက် လုပ်ဆောင်လျက်ရှိသည်။

အယ်ဒီတာဇော်မြင့်က ရင်ခုန်စိတ်လှုပ်ရှားလျက်ရှိကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဆင်ဆာမရှိတော့ခြင်းကြောင့် အချိန်ကုန်သက်သာပြီး၊ သတင်းရေးသားရာတွင် အရည်အသွေး တက်လာခြင်းကြောင့်ဟုဆိုသည်။

“မင်္ဂလာဆောင်တဲ့နေ့နဲ့ အလားသဏ္ဍာန်တူနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ်ထုတ်ခွင့်ရရင် ပိုပျော်ပါလိမ့်မယ်။ ဆင်ဆာရဲ့ ချုပ်ကိုင်မှု မရှိတော့ပဲ ကျွန်တော်တို့ရဲ့ စာစောင်ကို နေ့စဉ်ထုတ်ခွင့်ရရင် အဲဒီအချိန်မှာ ပိုပြီးပျော်ဖြစ်မှာပါ” ဟု ၎င်းကပြောသည်။

နိုင်ငံပိုင် သတင်းစာများကသာ နေ့စဉ်ထုတ်ဝေခွင့် ရထားကြသည်။ သို့သော် ပုဂ္ဂလိက ထုတ်ဝေသူများကလည်း နေ့စဉ်သတင်းစာထုတ်ခွင့်ကို မျှော်လင့်လျှက်ရှိသည်။

နာမည်ကျော်ဘလော့ဂါ နေဘုန်းလတ်က ပြောကြားရာတွင် အွန်လိုင်းမီဒီယာများမှာ မြန်မာနိုင်ငံတွင် အကာအကွယ်မဲ့ဖြစ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းကပြောကြားရာတွင် ဘလော့ဂါများမှာ အစိုးရဆန့်ကျင်ရေးများ ကွန်ပြူတာတွင် ပိတ်ပင်ထားသော အီလတ်ထရွန်းနစ်ဥပဒေဖြင့် အရေးယူမှု ခံရနိုင်မှု ရှိနေသေးကြောင်း ပြောသည်။

“လက်ရှိမီဒီယာဥပဒေမှာ အွန်လိုင်းမီဒီယာကို ထည့်သွင်းမထားသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လုံခြုံမှုမရှိသေးပါဘူး။ အီလက်ထရွန်နစ်ဥပဒေက ရှိနေသေးတော့၊ အဲ့ဒီဥပဒေအရ ကျွန်တော်တို့ မလုံခြုံသေးပါဘူး”ဟု ၎င်းကပြောသည်။

သဘောမတူညီမှုများရှိနေသူ အယ်ဒီတာဦးကျော်မင်းဆွေကမူ အသစ်ဖွဲ့စည်းခဲ့သော စာနယ်ဇင်းကောင်စီသည် သတင်းစာဆရာများကို အကာ အကွယ် ပေးလိမ့်မဟုတ်ဘဲ ဥပဒေဖြင့် ခြိမ်းခြောက်မှုပုံစံဖြင့် ဆင်ဆာဆက်လက် ရှိနေမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

“သူတို့က စာပေစိစစ်ရေးရဲ့ စနစ်မှာ တင်-ထုတ်ကနေ ထုတ်-တင်ကို ပြောင်းလိုက်တာပဲရှိပါတယ်။ ကျွန်တော်တို့ ထုတ်ဝေပြီးရင် တင်ပြရဦးမှာပါ။ ဒါကြောင့် အပြည့်အဝလွတ်လပ်ခွင့်ရတယ်လို့ မပြောနိုင်ပါဘူး ”ဟု ၎င်းကပြောသည်။

ဦးကျော်မင်းဆွေသည် အစိုးရ၏ တရားစွဲဆိုမှုခံထားရသူဖြစ်သည်။ ဆင်ဆာဥပဒေ ဖြေလျှော့ပေးခဲ့သည် ဆိုသော်လည်း၊ အစိုးရ၏ အဂတိလိုက် စားမှုများ သို့မဟုတ် အကဲဆတ်သော အကြောင်းအရာများ သတင်းရေးသား ဖော်ပြပါက တရားစွဲခံရ နိုင်ပါသေးသည်။

Yangon chronicle

Friday, August 24, 2012

0 နိုင်ငံတော်သမ္မတ အနေဖြင့် သ၀ဏ်လွှာ ပေးပို့ခဲ့သော်လည်း"ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း" မှာ နိုင်ငံတော်သမ္မတ၏ သုံးသပ်ချက် ဆိုပြီး ပြန်လည်ဖြေရှင်းပြန်

သ၀ဏ်လွာဆိုရင် သ၀ဏ်လွာပဲ ပို့ပေါ့...ဘာလို့အတည်မပြုနိုင်တဲ့ သုံးသပ်ချက်ကြီးကို တွဲပို့ရတာလဲ...အဲဒီသတင်းသုံးသပ်ချက်ကြီးက အတည်မပြုနိုင်လို့လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုတာ ဖွဲ့ပေးတာမဟုတ်ဖူးလား...
သ၀ဏ်လွှာနှင့်အတူ ပါရှိသော သတင်းသုံးသပ်ချက် မှတ်တမ်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ကန့်ကွက်ခြင်းနှင့် အတူ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က ၎င်း Facebook စာမျက်နှာ၌ ယခုကဲ့သို့ ရေးသားဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

မှူးဇော်၏ Facebook တွင် ဖော်ပြထားသော" ပြည်ထောင်စုလွှတ်တော်၊ နာယကထံသို့ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ ဆိုင်ရာ ရှင်းလင်းတင်ပြချက်" အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်၊ နာယကထံသို့ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ ဆိုင်ရာ ရှင်းလင်းတင်ပြချက်

၁။ နိုင်ငံတော်သမ္မတကြီး၏ ရပ်တည်ချက်သဘောထားမှာ UNHCR မဟာ မင်းကြီးနှင့် တွေ့ဆုံစဉ် ပြောကြားချက်များတွင် အတိအလင်း ပါဝင်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းသဘောထားနှင့်စပ်လျဉ်း၍လည်း မိဘပြည်သူများ အားလုံးက တစ်ခဲနက် ထောက်ခံမှု ပေးထားပြီး ဖြစ်ပါသည်။

၂။ နိုင်ငံတော်သမ္မတကြီး၏ သ၀ဏ်လွှာတွင် (၂)ပိုင်း ပါရှိပါသည်။
အပိုင်း(၁)မှာ နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ရေးသားပေးပို့သော သ၀ဏ်လွှာ ဖြစ်ပါသည်။ [ စာပိုဒ်(၁)မှ စာပိုဒ်(၆)အထိ စာမျက်နှာ (၃)မျက်နှာ ပါဝင်ပါသည်။]

၃။ အပိုင်း(၂)မှာ "ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း" ဖြစ်ပါသည်။ [ ယင်းသတင်းသုံးသပ်ချက်မှတ်တမ်းမှာ ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ စသည်တို့၏ သတင်းများကို စုစည်းထုတ်နှုတ်ထားသည့် နိုင်ငံတော်သမ္မတထံ တင်ပြချက် သာ ဖြစ်ပါသည်။]

၎။ နိုင်ငံတော်သမ္မတ၏ ရည်ရွယ်ချက်မှာ အဆိုပါ ဘက်ပေါင်းစုံ သဘောထား အမြင်များ ကွဲပြားမှုများ ရှိနေပြီး ဆက်စပ်နေသည့် ဌာန၊ အဖွဲ့ အစည်းများ၏ ထင်မြင်ယူဆချက်များ၊ ဖော်ပြနေသော သတင်းများ၊ သုံးသပ်ချက်များမှာ တိကျမှန်ကန်သော ဖြေရှင်းချက် မဟုတ် ဟူ၍ နိုင်ငံတော် သမ္မတကြီးက လက်ခံထားပါသည်။ ယင်းသုံးသပ်ချက်များသည် နိုင်ငံတော်သမ္မတ၏ သုံးသပ်ချက် မဟုတ်ပါ။ တင်ပြလာသော သတင်းများအပေါ် အဖွဲ့အစည်းအမျိုးမျိုး၏ သုံးသပ်တင်ပြချက်များသာ ဖြစ်ပါသည်။ သုံးသပ်ချက်များမှာလည်း ၀ိဝါဒ ကွဲပြားစရာ အငြင်းပွားဖွယ်ရာများ ပါဝင်နေသလို မဆုံးနိုင်သော စွပ်စွဲမှုများ ပါရှိနေပါသည်။

၅။ ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လွတ်လပ်ပြီး တရားမျှတကာ ဘက်လိုက်မှု ကင်းရှင်းသော လေ့လာသုံးသပ်ချက် တစ်ရပ် ထွက်ပေါ် လာစေရန် ရည်ရွယ်၍ (၁၇-၈-၂၀၁၂)ရက်စွဲပါ နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာ (အမှတ်၊ ၅၈။၂၀၁၂) ဖြင့် သီးခြားလွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးခြင်း ဖြစ်ပါသည်။ ယင်းကော်မရှင်၏ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်များကို အခြေပြု၍ လက်တွေ့ကျသော အကောင်အထည် ဖော်ဆောင်ရွက်မှုများကို
ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ဘက်ပေါင်းစုံမှ အမျိုးမျိုး ဖြစ်ပေါ်နေသော အဆိုပါ စွပ်စွဲပြောကြားချက်များသည် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်လာချိန်တွင် ရှင်းလင်းစွာ သိမြင်လာစေမည် ဖြစ်ပါသည်။

၆။ "ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း" သည် နိုင်ငံတော်သမ္မတထံ တင်ပြလာသော သတင်း သုံးသပ်ချက် များသာ ဖြစ်ပြီး သ၀ဏ်လွှာ မဟုတ်ပါ။ နိုင်ငံတော်သမ္မတက ပေးပို့သောမှာ စာပိုဒ်(၁)မှ (၆)အထိ ပါဝင်သော ဖော်ပြချက်များသာ ဖြစ်ပါသည်။

၇။ နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေပြီး ပြည်ထောင်စုမပြုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ရန် ကတိသစ္စာ ပြုထားသည်နှင့်အညီ မိမိနိုင်ငံတော်နှင့် မိမိနိုင်ငံသား(အထူးသဖြင့် ဇာတိနိုင်ငံသား)တို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက် ရှိပါကြောင်း လေးစားစွာဖြင့် အသိပေး အပ်ပါသည်။

0 နိုင်ငံတော်သမ္မတ၏သ၀ဏ်လွှာ(သို့မဟုတ်)သမိုင်းတရားခံလောင်း၏စာ

 























Won Thar Nu

1 မြစ်ကို အလျားလိုက်ကူးခိုင်းထားခံရသော စုံစမ်းစစ်ဆေးရေး ကော်မရှင်- အောင်ထူး (ရှေ့နေ)

ကော်မရှင် ပထမ အကြိမ် အစည်းအဝေး ကျင်းပနေစဉ်။
Photo..(နိရဉ္စရာ)
ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ အမှန်တရားဖေါ်ထုတ်ပေးရန် ပြည်တွင်းလူထုနှင့် နိုင်ငံ တကာ၏ ဖိအားများ ကျရောက်လာပြီး နောက် သမတ ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် အမှန်တရားကို ဖုံးဖိ ထားရန်အတွက် အဖွဲ့အစည်း တခုပြီး တခုကို အသုံးချ ခဲ့သည်။ ပထမ တခုအား ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင် စေခဲ့သည်။ ဖွဲ့စည်း စေလွှတ် စုံစမ်းစစ်ဆေးခဲ့သော်လည်း မည်သည့်အစီရင်ခံစာ တစွန်းတစမျှ ပြည်သူလူထုအတွက် ထွက်ပေါ်ခဲ့ခြင်း မရှိပါ။ ဒုတိယ တခုမှာ လူ့အခွင့်အရေး ကော်မရှင်ဖြစ်သည်။ ယင်းမှာလည်း ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်သည့် အဖွဲ့နှင့် ခြားနားမှုများစွာ မရှိလှပါ။ အမှန်တရားနှင့် စပ်လျှဉ်း၍ အားကိုးလောက်သော အချက်များ ပေါ်ထွက်မလာသည့်အပြင် လူ့အခွင့်အရေးရှုဒေါင့်မှပင် တိကျသည့် သုံးသပ်ချက်များ မထုတ်နိုင်ခဲ့ပါ။ ဟော ယခု တတိယ အဖွဲ့တခု လာပြန် ချေပြီ။

ရွာတရွာတွင် ရွာသူကြီး ကိုယ်တိုင်က ပြစ်မှုကျူးလွန်သည် ဟု စွပ်စွဲခံရသော အမှု၌ ယင်းကိုစုံစမ်းစစ်ဆေးရန် အတွက် ရွာသူကြီးက ပထမ ၄င်း၏ ညီကို တာဝန်ပေးလိုက်သည်။ သမတက ခန့်ထားသော ပြည်ထဲရေး ဒုတိယ ၀န်ကြီးသည် ရွာသူကြီး၏ညီအဆင့်ထက် မည်သို့မျှ မပိုပါ။ ဘာတခုမျှ စုံစမ်းစစ်ဆေး ဖေါ်ထုတ်မှု မတွေ့သဖြင့် ရွာသားတွေက မကြေနပ်ကြောင်း ဆန္ဒထုတ်ဖေါ်ကြသည်။ ဤတွင် ရွာသူကြီး က ဒုတိယ ၄င်း၏ တူကို လွှတ်လိုက်ပြန် သည်။ သမတ က ခန့်ထားခြင်းခံရ၊ သမတရုံး၏ အစိပ်အပိုင်းတရပ်အနေဖြင့် ရပ်တည်၊ သမတက ချပေးသော ငွေ ကြေးဖြင့် လုပ်ငန်း လည်ပတ်နေရသော လူ့အခွင့်အရေးကော်မရှင်သည် ရွာသူကြီး၏ တူ အဆင့်ထက် မည်သို့မျှ မပိုပါ။ ရွာသူကြီး၏ တူ သည်လည်း အမှန်တရားပေါ်အောင် ဘာတခုမျှ ထုတ်ဖေါ်ချက် ထွက်မလာသော အခါ ရွာသားတွေက မကြေနပ် ကြောင်း ဆက်လက်ဆန္ဒထုတ်ဖေါ်ကြပြန်သည်။ ဤတွင် ရွာသူကြီး က တတိယ အဆင့်အနေဖြင့် မွေးစားဦးလေး တဦး ကို ထပ်မံပြီး စေလွှတ်လိုက်ပြန်သည်။

မွေးစားဦးလေး ဟူ၍ သုံးလိုက်သဖြင့် စာရှုသူအနေဖြင့် မအံ့သြပါနှင့်။ ဦးလေးကို မွေးစားတာမှ မရှိတာ ဟူ၍ စောဒက မတက်ပါနှင့်။ စစ်အာဏာရှင်စနစ်အောက်တွင် မရှိသည့်အရာများ ရှိခဲ့သည်မှာ ကြာလှပါပြီ။ သမတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေး က သြဂုတ်လ ၁၇ ရက်နေ့ ဘီဘီစီနှင့် အင်တာဗျူး တွင်ပြောကြား သွားသည်ကို လေ့လာကြည့်ပါ။

"အစိုးရချည်းဘဲ အများထောက်ခံမှုမရနိုင်ဘူး။ ပြည်သူလူထု ပါဝင်မှုလည်း အလေးထားရမယ်။"

အများထောက်ခံမှုရစေရန်သာ ရွာသူကြီးက ရွာသားများအနက်မှ ပုဂ္ဂိုလ်အချို့ကို စုံစမ်းစစ်ဆေးစေရန် ဖွဲ့စည်းပေး လိုက်ပြန်ခြင်း ဖြစ်သည်။ ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြီးနှင့် စပ်လျှဉ်း၍ တာဝန်ရှိမှုကို ဖေါ်ထုတ်ရန် အတွက် ဖွဲ့စည်း ပေးလိုက်ခြင်း မဟုတ်ပါ။ သမ္မတရုံး၏ အမိန့်

ကြော်ငြာစာကို အစအဆုံး အသေအချာ ဖတ်ကြည့်ပါ။ ဖြစ်ရပ်မှန် စုံစမ်း စစ်ဆေးစေရန် ဟုသာ ပါရှိပြီး တာဝန်ရှိမှုကို ဖေါ်ထုတ်ရန် ဟူသည် ကို မည်သည့်နေရာတွင်မျှ တွေ့ရမည် မဟုတ်ပါ။ သို့ဖြစ်၍ ဤကော်မရှင်အားလည်း အရေးပေါ်မွေးစားဦးလေးထက် ပို၍ သမတက ကြောက်ရွံ့လေးစားမည် မဟုတ်ပါ။ အဘယ်ကြောင့်ပါနည်း။

ရခိုင်ပြည်နယ်အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းတာဝန်ပေးမှုဖြစ်စဉ် တစုံလုံးလွဲမှားနေ၍ ဖြစ်သည်။ ရွာသူကြီးကိုယ်တိုင်

ပြစ်မှုကျူးလွန်ပါသည် ဟု စွပ်စွဲခံရသော မှုခင်းတွင် စုံစမ်းစစ်ဆေးစေဘို့ အခွင့်အာဏာကို ရွာသူ ကြီး ကဘဲ ကျင့်သုံးပြီး တဖွဲ့ပြီးတဖွဲ့ အသုံးချနေသည်ကိုက လွဲမှားနေပါသည်။ ရွာသူကြီးအား ဖြုတ်ပိုင်ခန့်ပိုင်ခွင့် ရှိသူ က စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပေးမှသာ သဘာဝကျ ပါမည်။ နိုင်ငံများတွင် သမတ၊ ၀န်ကြီးချုပ်စသူများကို ဖြုတ်ပိုင်ခွင့် ရှိသူများ၊ အယုံအကြည်မရှိ အဆိုတင်ပိုင်ခွင့် ရှိသူများမှာ လွှတ်တော် နှင့် လွှတ်တော်အမတ်များ ဖြစ်ကြသည်။



ရွာသူကြီးနှင့် စပ်လျှဉ်း၍ စုံစမ်းစစ်ဆေးစေ၇န် ပေါ်ပေါက်လာသောဖြစ်ရပ်မှာ ရိုးရိုးမှုခင်း မဟုတ်ပါ။ လူ့အခွင့်အရေး နှင့် စပ်ဆိုင်နေသည်။

ဤတွင် လူ့အခွင့်အရေး နှင့် နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှုကို တစုံတရာ ရှင်းရန်လိုပါမည်။ သာဓက ပြပါမည်။ လူ့အခွင့်အရေးတွင် အသက်ရှင်သန်ပိုင်ခွင့် ဟူ၍ရှိပါသည်။ လူတဦးက အခြားတဦးကို သတ်ခြင်းမှာ အသတ်ခံရသူ၏ အသက်ရှင်သန်ပိုင်ခွင့် ကို ရုပ်သိမ်းလိုက် ခြင်းပင် ဖြစ်သည် ဟု နားလည်၍ရနိုင်သည်။ လူတဦးက အခြားလူတဦး၏ အသက်ရှင်သန်ပိုင်ခွင့်ကို ရုပ်သိမ်းလိုက်ခြင်းအားဖြင့် လူ့အခွင့် အရေးချိုးဖေါက်မှုကျူးလွန်ခြင်းဟု ဆိုနိုင်သည်။ သို့ရာတွင် နိုင်ငံတနိုင်ငံအတွင်း၌ လူတဦးက သို့မဟုတ် အများက အခြားလူတဦး သို့ မဟုတ် အများ၏ အသက်ရှင် သန်ပိုင်ခွင့်ကို ရုပ်သိမ်းလိုက်သော်လည်း နိုင်ငံတကာအနေဖြင့် လူ့အခွင့်အရေးရှုဒေါင့်မှ ချက်ခြင်း ထောက် ပြခြင်း ပါဝင်ခြင်း မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် ရိုးရိုးသာမန်ပြစ်မှုအတွင်းတွင် အကြုံးဝင်သောကြောင့်ဖြစ်သည်။



နိုင်ငံတနိုင်ငံ၌ ပြည်သူအချင်းချင်းအတွင်း ဖြစ်ပွားသော လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ စသည် တို့အားလုံးမှာ ရိုးရိုးပြစ်မှုများ ဖြစ်နေသည်။ သက်ဆိုင်ရာနိုင်ငံ၏ ပြည်တွင်းရေးလည်း ဖြစ်နေ သည်။ ၄င်းနိုင်ငံအတွင်းရှိ တည်ဆဲ ဥပဒေများအရ ပြစ်မှုကျူးလွန်သူများအား အရေးယူ ဆောင်ရွက် သွားရန်သာ ဖြစ်သည်။ နိုင်ငံတကာက ၀င် ရောက်ပြောဆိုကြလေ့မရှိ။ ပါဝင်ဆောင်ရွက်ကြလေ့မရှိပါ။



"အိန္ဒိယ နိုင်ငံ အာသံပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးအဓိကရုဏ်းကိုတော့ နိုင်ငံတကာက ဘာမှမပြောဘူး။မြန်မာ နိုင်ငံကိုတော့ ပြောလာတယ်။ ဒါ မတရားဘူး။" ဟူ၍ ထောက်ပြသူများ ရှိသည်။ သို့ဖြစ်လျှင် အိန္ဒိယ နှင့် မြန်မာနိုင်ငံ မည်သို့ကွာခြားနေပါသနည်း။ အိန္ဒိယ တွင် ဖြစ်ပွားသော လူမျိုးရေး အဓိကရုဏ်းမှာ သာမန်မှုခင်းဖြစ်သည်။ အစိုးရက လှုံ့ဆော်၊ ဖန်တည်း၊ ပါဝင်ကျူးလွန်မှုကြောင့် ဖြစ်ပွားရသည်ဟူသော စွပ်စွဲသံများ မကြားရ။ မွတ်ဆလင် လွှတ်တော် ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်မှာ ပြည်နယ်အစိုးရက အဓိကရုဏ်းကို ကိုင်တွယ်ရာတွင် အားနည်း နေ သည်။ ပြည်ထောင်စု အစိုးရက တိုက်ရိုက်ဝင်ကိုင်သင့်သည် ဟူ၍ဖြစ်သည်။ သို့ဖြစ်၍ အိန္ဒိယ အရေးတွင် နိုင်ငံတကာ က ၀င်ရောက်ပြောဆို၇န် အကြောင်းမရှိ။ မည်သည့်နိုင်ငံမှာ မဆို ယင်းအဓိကရုဏ်းမျိုးဖြစ်ပွားလျှင် အစိုးရ ကသာ အလယ်မှာ တည့်တည့် ရပ်၍ သူ့နိုင်ငံအတွင်း ဖြစ်ပွားသော အဓိကရုဏ်းများအား သူကိုယ်တိုင် ဖြေရှင်းဆောင် ရွက် ပါက နိုင်ငံတကာက ၀င်ေ၇ာက်စွက်ဘက် ပြောဆိုစရာ အကြောင်းမရှိပါ။



မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အဓိကရုဏ်းတွင်မူ အစိုးရကိုယ်တိုင်ပါဝင်ကျူးလွန်မှုများပြုနေကြောင်း နိုင်ငံတကာလူ့အခွင့် အရေး အဖွဲ့အစည်း ကြီး များ က စတင်ထောက်ပြလာသဖြင့် ဤပြသနာကို လူ့အခွင့်အရေးရှုဒေါင့်မှ ဝေဘန်ဆွေးနွေး မှုများ ပို၍ကျယ်လောင် လာခြင်းဖြစ် သည်။ အစိုးရ၏ ပါဝင်ပတ်သက်မှု မှာပင် ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု အစိုးရတွင် ပို၍တာဝန်ရှိကြောင်းတွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် အဓိကရုဏ်းအတွင်း ပြည်ထောင်စု ၀န်ကြီးများ ကသာ နေရာ တကာ ၀င်ရောက်အမိန့်ပေးနေကြသည်ဟူသော တိုင်းတန်းချက်များ ထွက်ပေါ်လာခဲ့သောကြောင့် ပင်။ မြန်မာနိုင်ငံ အတွင်း၌ စစ်အစိုးရက လူ့အခွင့်အရေးချိုးဖေါက်မှုများပြုခဲ့သဖြင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ လူ့ အခွင့် အရေး အဖွဲ့အစည်းကြီးများက ၀င်ရောက်ပြောဆိုလာခဲ့ကြသည်မှာ ယခုမှ မဟုတ်ပါ။ အနည်းဆုံးအားဖြင့် ဆယ်စုနှစ် နှစ်စု ကျော်ခဲ့ပါပြီ။

နိုင်ငံတကာအနေနဲ့ လူ့အခွင့်အရေး ရှုဒေါင့်ကဆိုပြီးတော့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ခံရတာတော့ ထောက်ပြပြော ဆိုမှု ပြု ကြတယ်။ ရခိုင်တိုင်းရင်းသားတွေ ခံရတာတော့ ဘာကြောင့် မပြောသလဲ။ ရခိုင်တွေကရော လူမဟုတ်ဘူး လားဟူ၍ ဂရုဏာ ဒေါသောဖြင့် ဝေဘန်ကြသည်ကိုလည်း ကြားရသည်။ ဤသည်ကိုလည်း လိုက်စဉ်းစားဘို့်လိုပါမည်။ လူ့အခွင့်အရေးရှုဒေါင့်မှ နှစ်ဖက်မျှတစွာ ကြည့်ရန်တာဝန်ရှိပါလျှက် နိုင်ငံတကာသည် အမှန်တကယ် ဘက်လိုက်နေ သလား ဟူ၍ဖြစ်သည်။ အထက်တွင် တင်ပြခဲ့သကဲ့သို့ပင် နိုင်ငံတကာအမြင်မှ ကြည့်လျှင် လူ့အခွင့်အရေး ချိုးဖေါက် မှုကို အစိုးရကိုယ်တိုင်က ပြုလုပ်ခြင်းဟုတ် မဟုတ် ဆိုသည်ကို အဓိကကြည့်သည်။ လက်ရှိအာဏာရနေသော သမတ ဦးသိန်းစိန်ခေါင်းဆောင်သည့် စစ်အစိုးရသည် ရခိုင်တိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုကျူးလွန်နေပါ သလား။ သံသယဖြစ်ဘွယ်အချက်အလက်များ တွေ့ရှိလျှင် နိုင်ငံတကာသိအောင် တင်ပေးစေလိုပါသည်။ တစုံတရာ ခိုင်မာ လုံလောက်သည်ဟု ယူဆပါက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးများသည် ချက်ခြင်းပင် စိတ်ဝင်တစား တုန့်ပြန်ရန် သေချာသလောက်ဖြစ်သည်။

အမှန်တရားပေါ်ပေါက်ရေးအတွက် အစိုးရ၏ လုပ်ဆောင်မှုများအပေါ် စစ်ဆေးသင့်ကြောင့် သာဓက ဆက်လက်တင်ပြ ပါမည်။

စစ်တွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြတ်ကျော် က ပုဒ်မ ၁၄၄ အောက်တွင် ထုတ်ထားသော ညမထွက် ရ အမိန့်ကို ချိုးဖေါက်သည်ဟူ၍ ရခိုင်တိုင်းရင်းသား ၆၅ ဦးကို ဖမ်းပြီး ထောင်ချခဲ့ကြောင်း။ ၄င်းတို့မှာအလုပ် အပြန် နောက်ကျ၊ နာရေးသွားကြ သူများဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားတွေသာ ယင်းသို့ထောင်ချခံထားရပြီး ဘင်္ဂါလီ ကုလား တွေကို တယောက်မှ မတွေ့ကြောင်း ၄င်းက သြဂုတ်လ ၂၃ ရက် ဘီဘီစီ အင်တာဗျူးတွင် ပြောကြားသွား ခဲ့သည်။

တချိန်တည်းတွင် ဘူးသီးတောင်မြို့နယ် လွှတ် တော်ကိုယ်စားလှယ်ဦးရွှေမောင်က ဘူးသီးတောင်တွင်မူ ထောင်ဒဏ် (၁၀) နှစ် အထိ အပြစ်ပေး ခံ ရသူ မွတ်ဆလင် ၁၀ ယောက်ခန့်ရှိကြောင်း၊ ၈ ရက်နေ့ဆူပူ မှု တွင် ပါဝင် ပတ်သက် ကြောင်းဖြင့် စွပ်စွဲကာ ၈ ရက် နှင့် ၉ ရက်နောက်ပိုင်းတွင် ဖမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့သည် ရှေ့နေငှား ခွင့်မရ၊ သက်သေခေါ်ခွင့်မရှိ၊ သက်ဆိုင်ရာ မိသားစုများအားလည်း တွေ့ခွင့်မရကြောင်း၊ တရားလိုဘက်က သက်သေ များကို သာ စစ်ဆေး၍ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောသွားခဲ့ပြန်သည်။

ဦးအောင်မြတ်ကျော်၏ ပြောကြားချက်ကို အခြေခံလျှင် လူအုပ်စု နှစ်ဘက်လုံးမှ ညဘက်ကို ထွက်ပါလျှက် အုပ်စု တခု မှ လူများကို တနည်းအားဖြင့် ရခိုင်တိုင်းရင်းသားများကိုသာ ရွေးချယ်ဖမ်းဆီးပြီး အခြားအုပ်စုမှလူများအား ဖမ်းဆီး ခြင်း မပြုသည့် သဘော ဆောင်သည်။ ယင်းသို့ဖြစ်လျှင် ခွဲခြားဆက်ဆန်ကိုင်တွယ်ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်မှန်လျှင် ရခိုင် တိုင်းရင်းသားများ၏ လူ့အခွင့်အရေး အရ တန်းတူရေးခံစားခွင့်ကို အစိုးရအာဏာပိုင်များက ငြင်းဆန်ရာရောက် သည်။ ဥပဒေစိုးမိုးရေးကို လည်း ရုပ်သိမ်းခြင်းဖြစ်သည်။ ဤသည်ကို လက်ခံ၍မရပါ။ ယင်းအတွက် တာဝန်ရှိသူမှာ စစ်တပ်၊ ရဲ အပါအ၀င် လုံခြုံရေးတပ်ဖွဲများ၏ အမြင့်ဆုံးအရာရှိကြီးများ၊ ၄င်းတို့ အပေါ် တိုက်ရိုက်အမိန့်ပေးခွင့်ရှိသော အုပ်ချုပ်ရေး အာဏာပိုင်အဆင့် ဆင့်များဖြစ်သည်။ စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် ၄င်းတို့ကိုစစ်ဆေးပြီး အမှန် တရားကို ဖေါ်ထုတ်ရပါမည်။

ဦးရွှေမောင်၏ ပြောကြားချက်ကို အခြေခံလျှင် အဖမ်းခံရသူများအနေဖြင့် မှုခင်းတွင် တရားမျှတစွာ စစ်ဆေးခံယူပိုင်ခွင့် ဆုံးရှုံးနေသည့် သဘောဆောင်သည်။ တရားစီရင်ရေးနှင့် စပ်လျှဉ်း၍ တည်ဆဲဥပဒေများပါ လူတိုင်းရသင့်သည့် အခွင့် အရေးများ ရုပ်သိမ်းခံရသလို ဖြစ်နေသည်။ အမှုများတွင် ခုခံချေပခွင့် ဟူသည်မှာ စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ပင် ပြဌာန်းပါရှိသည်။ ပုဒ်မ ၁၄၄ ထုတ်ထား သော်လည်း ယင်းအခွင့်အရေးကိုရုပ်သိမ်း၍မရပါ။ ယင်းသို့ဖြစ်ပါကတာဝန် ရှိသူများမှာ အဆိုပါမှုခင်းများအား ကိုင်တွယ်စစ်ဆေးခဲ့ သည့် တရားရုံးများနှင့် တရားသူကြီးများဖြစ်သည်။ စုံစမ်း စစ် ဆေး ရေးကော်မရှင်အနေဖြင့် ၄င်းတို့အား စစ်ဆေး ဖေါ်ထုတ်ရန် လိုအပ်ပါသည်။

အဓိကရုဏ်းကြီးအတွင်းဖြစ်ပွားခဲ့သည့် ပြစ်မှုဆိုင်ရာ မှုခင်းများ အားလုံးမှာ လျှို့ဝှက်ချက်များနှင့် ပြည့်လျှက်ရှိသည်။ ပထမဆုံး စတင်ဖြစ် ပွားခဲ့သည့် ရခိုင်မိန်းခလေးတဦးအား မုဒိမ်းကျင့်ပြီး သတ်ခဲ့သည် ဟူသော အမှုတွင် တရားခံသုံးဦး အနက် တဦးမှာ အချုပ်ခန်းအတွင်း၌ ကြိုးဆွဲချသေဆုံးသွားကြောင်းသိရသည်။ အမှန်တကယ် ကြိုးဆွဲချသေတာ ဟုတ် ရဲ့လား။ မည်သည့်စစ်ဆေးဖေါ်ထုတ်မှုမျှ မကြားရ။ သေမှုသေခင်း စစ်ဆေးခဲ့သည့် မှုခင်းမှတ်တမ်းမရှိ။ ဤမျှနှင့် ဇာတ် လမ်းပြီးဆုံးသွားသည်။ အဓိကရုဏ်းဖန်တည်းဘို့ မှုခင်းကျူးလွန်ခိုင်း ခံရသူက နောင်ကို အမှန်တရား ထုတ်မပြော နိုင် စေရန် နုတ်ပိတ်လိုက်သလား။ သံသယများ ရှင်းသွားစေရန် အမှန်တရားကို ဖေါ်ထုတ် ရပါမည်။

ထို့အပြင် ကုလသမဂ္ဂ၀န်ထမ်းများအား အရေးယူခဲ့သည့် မှုခင်းများ အပါအ၀င် အဓိကရုဏ်းအတွင်း ပြစ်မှုဆိုင်ရာ အရ အရေးယူခဲ့သည့် မှုခင်းများအားလုံး၌ သတင်းဌာနများ၏ မေးမြန်းခွင့်၊ အများပြည်သူ၏ သိရှိခွင့်များ ရုပ်သိမ်းခံနေရဆဲ ဖြစ်ကြောင်းတွေ့ရသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းပါရှိသည့် အများပြည်သူရှေ့မှောက်တွင် တရားစီရင်ရေး ဆိုသည်မှာ အသံသာရှိပြီး အဆန်မရှိဖြစ်နေ သည်။ တရားရုံးများ၏ အမှုတွဲများသည် တိုင်းပြည်၏ လျှို့ ၀ှက်ချက်မဟုတ်ပါ။ အများနှင့် ဆိုင်သော စာတမ်းအမှတ်အသားများဖြစ်သည်။ သက်ဆိုင်သူများက သတ်မှတ်သော အခကြေးငွေပေးလျှင် မိတ္တူကူးခွင့်ပြုရပါမည်။ ယင်းအမှုတွဲမှတ်တမ်းများအား လေ့လာခွင့်ရလျှင်ပင် အမှန်တရားကို အတော်အသင့်ထုတ်ဖေါ်နိုင်ပါမည်။

ချုပ်၍ ဆိုရလျှင် စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်ရပ်က အမှန်တရားဖေါ်ထုတ်ရာတွင် ပထမဆုံးအနေနှင့် ပြစ်မှု ကြောင်းအခြေခံများနှင့် စပ်လျှဉ်း၍ သမတ ဦးသိန်းစိန်မှစပြီး အခြားတာဝန်ရှိအစိုးရအဖွဲ့ဝင်အဆင့်ဆင့်၊ အုပ်ချုပ် ရေးအာဏာပိုင်အဆင့်ဆင့်၊ တရားစီ၇င်ရေး အပါအ၀င် တိုင်းပြည်ယန္တယားများနှင့် လုံခြုံရေးအရတာဝန်ယူ ဆောင် ရွက်ခဲ့ကြသည့် စစ်တပ် ရဲ စသည့် လုံခြုံရေး ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်တို့အား အဓိကအားဖြင့် ဇောင်းပေး၍ စစ်ဆေးရန်ဖြစ်သည်။ သမတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေး က

"ပြစ်မှုဆိုင်ရာတွေ အတွက် ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်ဖွဲ့ခဲ့တာရှိတယ်။ ပြစ်မှုတွေဟာ ပြည်နယ် အဆင့် ကြီး မားကျယ်ပြန့်တဲ့ အတွက် ပြည်ထဲရေး ဒုဝန်ကြီး ကိုယ်တိုင် စစ်ဆေးတယ်။ Criminal Investigation (ပြစ်မှုဆိုင်ရာ စုံးစမ်းစစ်ဆေးရေး) ဖြစ်တယ်။ အခုဟာက community (လူ့အသိုင်းအ၀ိုင်း) နှစ်ခုရဲ့အကြားက ပဋိပက္ခတွေ --" ဟု ပြောသွားခြင်းကို ထောက်လျှင် ပြစ်မှုဆိုင်ရာတွေ အတွက် စစ်ဆေးပြီးပြီ ဟု ပြောလိုပုံရသည်။ အဓိကရုဏ်းကြီးအတွင်း ဖြစ်ပွားခဲ့သည့် ပြစ်မှုဆိုင်ရာမှုခင်းကြီးများနှင့်စပ်လျှဉ်းပြီး ယခုဖွဲ့ပေး လိုက်သည့် ကော်မရှင်က စုံစမ်းရန်မလိုဟုလမ်းညွှန် သည့်သဘော ဆောင်သည်။ ဤသည်ကို လက်မခံသင့်ပါ။ လူ့အသိုင်းအ၀ိုင်းနှစ်ခု အကြားက ပဋိပက္ခ ကိုတော့ အဖြေ တွေ့အောင်ရှာ၊ ပြစ်မှုဆိုင်ရာ မှုခင်းကြီးတွေနဲ့ပတ်သက်ပြီး အစိုးရရဲ့တာဝန်ရှိမှုကို ဖေါ်ထုတ်ဘို့ ကတော့ ခင်ဗျားတို့ အလုပ်မဟုတ်ဘူး ဟု ဆိုလိုရာရောက်သည်။

အစိုးရ ကိုယ်တိုင်က ပါဝင်ကျူးလွန်သော မှုခင်းဖြစ်လျှင် ကော်မရှင်အနေဖြင့် ၄င်းအားပေးအပ်ထားသော တာဝန်ဖြစ် သည့် "ကွဲပြားသော အယူဝါဒ ရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်း လမ်းများ ရှာဖွေရန်" ဟူသည်မှာ မည်သည့်အခါတွင်မျှ အောင်မြင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် နောင်ကို လည်း အစိုးရကိုယ်တိုင်က ပဋိပက္ခထပ်မံဖန်တည်းမှာ ကို စိုးရိမ်ရသောကြောင့်ဖြစ်သည်။

ဦးသိန်းစိန်ကိုယ်စား ဦးဇော်ဌေးလမ်းကြောင်းချပေးနေသည်ကို လက်ခံလျှင် တရားခံအစစ်ကို မည်သည့်အခါတွင်မျှ ဖေါ်ထုတ်နိုင်မည် မဟုတ်ပါ။ တရားခံအစစ်မပေါ်ပါက အနာရင်းကို မသိသဖြင့် ဆေးစစ်ဆေးမှန် မတွေ့နိုင်ပါ။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များသည် အောက်ခြေ တွင်သာ ဟိုမေးသည်လိုက်ဖြင့် ဖတ်ဖတ်မောကာ မြစ်ကို အလျားလိုက်ကူးခိုင်းခံထားရသလို ဖြစ်နေပါမည်။ ယင်းသို့ မဖြစ်လိုပါက စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ပထမဆုံး အလုပ်မှာ ရခိုင်ပြည်နယ်တွင် မရှိပါ။ နေပြည်တော်တွင် ရှိပါ မည်။ သမတ ဦးသိန်းစိန်ကို စတင် စုံစမ်းမေးမြန်းရန် ဖြစ်သည်။ အဓိကရုဏ်းကာလအတွင်း သမတရုံးနှင့် သက်ဆိုင် ရာ ၀န်ကြီးများက ထုတ်လိုက်သည့် အမိန့်များ၊ ညွန်ကြားလွှာများ၊ ကြေးနန်းများ၊ တယ်လီဖုံးမှတ်တမ်းများ၊ ၀န်ကြီး အဖွဲ့ အစည်းအဝေးမှတ်တမ်းများကို ဖတ်ရှု လေ့လာ၇န်လိုပါမည်။ ဤလုပ်ပိုင်ခွင့်များ မရနိုင်ပါက ယခုအသစ်ဖွဲ့လိုက်သော ကော်မရှင်သည် အစိုးရ၏ တာဝန်ရှိမှု ကို တိတိကျကျ ဖေါ်ထုတ်နိုင်မည့် အလားအလာ လွန်စွာနည်းနေပါမည်။

သူရ ဦးရွှေမန်းသည် ဥပဒေရှေ့မှောက်တွင် လူတိုင်းတန်းတူဖြစ်သည် ဟူသည့် ဥပဒေစိုးမိုးရေး စကားလုံးကို လွန်ခဲ့ သည့် ရှစ်နှစ်ခန့် ဗိုလ်ချုပ်ဘ၀ ကထဲက စသုံးလာခဲ့သည်။ လူထု အတော်များများက ဟုတ်များ ဟုတ်လေမလားဟူ၍ မျက်လုံးပြူးကာ ထကြည့်မိခဲ့ကြသည်။ သို့ရာတွင် လက်တွေ့အရ စစ်မှန်သော ဥပဒေစိုးမိုးရေး ကို အုတ်မြစ်ချစေမည့် မည်သည့် လုပ်ဆောင်မှုမျှ မတွေ့ရ။

ဥပဒေစိုးမိုးရေးအခြေခံကို တည်ဆောက်ရန် ၂၀၀၈ ဖွဲ့စည်းပုံ၏ ကြောရိုးများအား ပြင်ရေး အတွက် ကမကထပြုသံ ၄င်းထံမှ တခါမျှ မကြားရ။ ဥပဒေစိုးမိုးရေး ကို ဖျက်သိမ်းထားသည့် မတရား ဥပဒေ တခုတလေကိုမျှ ရုပ်သိမ်းပေးခဲ့ခြင်းမရှိ။ ဥပဒေစိုးမိုးရေးကို အားဖြစ်စေရန် State Institution ဟု ခေါ်သည့် တိုင်းပြည် အုပ်ချုပ်ရေး အဆောက်အအုံများကို ပြင်ရန် လှုံ့ဆော်မှု တခုတလေမျှ မပြု။ တိုင်းပြည်အာဏာခွဲဝေကျင့်သုံးမှု ဟူသည် ကို ပါးစပ်ကပြောသော်လည်း လက်တွေ့တွင် ၄င်းဦးဆောင်သည့် ဥပဒေပြုလွှတ်တော်သည် သမတ ဦးဆောင်သည့် အုပ်ချုပ်ရေးအာဏာကို စစ်ဆေးရမည့် အလုပ်အား မလုပ်။

ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ အဆင့်ဆင့်တွင် တာဝန်ပေး အပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ် ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် ဟူသော အဆိုကို သူရဦးရွှေမန်း ဦးဆောင်သည့် လွှတ်တော်က ပယ်ချခဲ့ခြင်း ဖြင့် ဆိုးဝါးသည့် အုပ်ချုပ်ရေးနှင့် လာဘ်စားနေသည့် အစိုးရအဖွဲ့ဝင်များကို ကာကွယ် စေါင့်ရှောက်သည့် လုပ်ငန်းများ သာ လုပ်ဆောင်နေကြောင်းတွေ့ရသည်။

ယခုလည်း စစ်မှန်သော ပြည်သူ့လွှတ်တော်တရပ်က ထမ်းဆောင်ရမည့် တာဝန်ကိုမျက်ကွယ်ပြုနေပါပြီ။ ယင်းမှာ ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြီးနှင့် စပ်လျှဉ်း၍ သမတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ၏ တာဝန် ယူမှု၊ တာဝန်ခံဆောင်ရွက်မှု ကိစ္စများ အား စုံစမ်းစစ်ဆေးရမည့်တာဝန်ကို လွှတ်တော်က မသိခြင်ယောင်ဆောင် လျှက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်စေလျှက် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်ရေး ကော်မတီ ကို ဖွဲ့စည်း ထားရှိပြီးဖြစ်ပါလျှက် သမတက စုံစမ်းစစ်ဆေးရေးကော်မရှင် အသစ် တခုထပ်မံဖွဲ့စည်းခြင်းအပေါ် လွှတ်တော်က ကန့် ကွက်မှု မပြု။

ယင်းကော်မရှင်အသစ် ဖွဲ့စည်းရခြင်းနှင့် စပ်လျှဉ်း၍ အောက်တွင် ဖေါ်ပြ ထားသည့် သမတရုံး အမိန့်ကြော်ငြာစာကို လေ့လာကြည့်ပါ။

"ရခိုင်ပြည်နယ်တွင် မေလနှင့် ဇွန်လ အတွင်း၌ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ဆောင်ရွက်မှုများ တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဖြစ်ပွားမှုများနှင့် စပ်လျှဉ်း ၍ ဖြစ်စဉ်ဖြစ်ရပ် အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် အမျိုးသား အကျိုးစီးပွားတိုးတက်ရေးအကြံပြုရန် ဖွဲ့စည်း တာဝန်ပေးအပ်သည်။"

သမ္မတကိုယ်တိုင်ကပင် ယခုပြသနာမှာ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေး ဟူသည်ကို လက်ခံထားပြီး ဖြစ် သည်။ စကားလုံးအားဖြင့် ရှေ့နောက်သာ ကွာသည်။ လွှတ်တော်က ဖွဲ့ပေးထားသည်မှာ ဥပဒေစိုးမိုးရေး နှင့် တည်ငြိမ် ရေး ကော်မတီ ဖြစ်သည်။ ယင်းကော်မတီ၏ လုပ်ငန်းတာဝန် ကွက်တိ ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဟူသော အဖွဲ့ အစည်းသည် အစိုးရ၏ အာဏာကို ကြပ်မတ်ထိမ်းကျောင်းရန် တာဝန်ရှိသည် ဟူသော အပိုင်းကို လက်တွေ့ ဖေါ် ဆောင်လိုပါက ဤ ဖွဲ့စည်းပြီးထားသော ကော်မတီအား တာဝန်ပေးအပ်လိုက်ရုံသာ ရှိသည်။ ဤ ကော်မတီသည် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်လျှက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသဖြင့် လုပ်ပိုင်ခွင့် ပိုရှိပြီး သဘာဝ လည်း ကျလှပါသည်။ ဦးရွှေမန်းသည် အဘယ်ကြောင့် ငြိမ်သက်နေပါသနည်း။ ဦးရွှေမန်း နှင့် ဦးသိန်းစိန် လက်ဝါးခြင်း ရိုက်လျှက် လွှတ်တော်ကဖွဲ့ထားသည့် ကော်မတီကြီးကို ငုတ်တုတ်ထိုင်ထားစေကာ သမတ ဖွဲ့ပေးသည့် ကော်မရှင် သစ်အား ပွဲ ထုတ်လာပြန်ခြင်း ဖြစ်သလား။ အစိုးရ၏ တာဝန်ရှိမှု အမှန်တရား ပေါ်ထွက်မလာစေ ရန် ပိပိရိရိ နှင့် ဖုံးဖိ နေကြသလား။ စဉ်းစားရန်ရှိသည်။

ပြည်သူ့လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်လျှက် ဥပဒေစိုးမိုးရေး နှင့် တည်ငြိမ် ရေး ကော်မတီ ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း သမတ ဦးသိန်းစိန် မုချသိရှိပြီးဖြစ်သည်။ ဦးသိန်းစိန်အနေဖြင့် ရိုးသားစွာ အမှန်တရားကို ဖေါ်ထုတ် လိုသည်ဆိုလျှင် ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ စုံစမ်းစစ်ဆေးပေးပါရန် ယင်းကော်မတီအား ပန်ကြားလိုက် ရုံသာဖြစ်သည်။ ယင်းကော်မတီကသာ ကိုင်တွယ် စုံစမ်းလျှင် တိုင်းပြည်ယန္တယားဖွဲ့စည်းလည်ပတ်မှုအရ သဘာဝကျလှ သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ထားသဖြင့် နိုင်ငံတကာ နှင့် ပြည်တွင်းလူထု၏ ယုံကြည်မှု ကို ပိုမိုရ ရှိနိုင်သည်။ တိုင်းပြည်အတွက် ပိုမိုအကျိုးရှိမည်။

ဤသည်ကိုမလုပ်ဆောင်ခြင်းအားဖြင့်တိုင်းပြည်အုပ်ချုပ်ရေးယန္တယား များအား တလွဲအသုံးချ၊ လူထုများကို မျက်လှည့် ပြကာ အမှန်တရား ကို အစီအစဉ်ရှိရှိ ဖုံးကွယ်ရာ ရောက်သည်။ သမတ ကိုယ်တိုင်နှင့် ၄င်း၏ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များအနေဖြင့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုကို မခံယူလို၍ဖြစ်ကြောင်း လည်း သုံးသပ်နိုင်သည်။ လွှတ်တော်က ဖွဲ့စည်းလိုက် သည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စု အဆင့်မရှိ ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးမှ နေ၍ အဆင့်လျှော့ချထားမှု ကိုလည်း ဆက်စပ်သုံးသပ်သင့်သည်။

ဦးသိန်းစိန်သည် ဤ အနေအထားကို အမြန်ဆုံးပြင်သင့်သည်။ ဒီမိုကရေစီ နိုင်ငံများ၌ သမတ၊ ၀န်ကြီးချုပ်များ ပြသနာ ဖြစ်လာပါက သက်ဆိုင်ရာနိုင်ငံ၏ လွှတ်တော်ကော်မတီ များက စုံစမ်းစစ်ဆေးကြရသည်ကို ဒီမိုကရေစီ ကို ဦးတည်ပါ သည်ဟု ဆိုသူသမတ ကိုယ်တိုင်က မျက်ကွယ်ပြုခြင်းမှာ မသင့်လျှော်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီ၏ ရှေ့မှောက်တွင် အစစ်ဆေးခံရ မည်ကို မနှောင့်နှေးသင့်ပါ။ ရှင်းရှင်းလင်းလင်း ရှိသောအစိုးရ၊ တာဝန်ခံမှု ရှိ သော အစိုးရဖြစ်ရန်လိုအပ်ကြောင်း သမတ ဖြစ်စက မိမိ ကိုယ်တိုင် အသုံးပြုသွားခဲ့သော စကားလုံးများအား လက်တွေ့ အကောင်အထည်ဖေါ်ရန် အချိန်ရောက်ပါပြီ။

အောင်ထူး (ရှေ့နေ)

သြဂုတ်လ (၂၃) ရက် ၂၀၁၂ ခုနှစ်

0 သာပေါင်းမြို့နယ်ရေဘေး အကူအညီများစွာလိုအပ်နေ

Photo...Aung Kyaw Myint
သာပေါင်းမြို့နယ် အတွင်း ကျေးရွာပေါင်း ၃၈၉ ရွာ ရှိသည့် အနက် ၃၀၅ ရွာမှာ ရေနစ်မြုပ်သည့် ရက် တလခန့်ကြာလာပြီဖြစ်သည်။ ဆိုးရွားသော ရက်တာရှည်လာသည်နှင့် အမျှ ဆိုးကျိုးများ ပိုပို များပြားကျယ်ပြန့်လာသည်ကို တွေ့ရသည်။ လောလောဆယ် အားဖြင့် မိဘပြည်သူများ အချင်းချင်း လက်ဆင့်ကမ်း အရေးကြီး သတင်းပါးနိုင်ပါရန် အောက်ပါ အသုံးအဆောင်များ ကို အမြန်ဆုံး ရနိုင်သရွေ့စုဆောင်းပြီး သာပေါင်း ဒေသသို့ အမြန်ဆုံးပေးပို့ကြစေလိုပါသည်။

မိမိတို့ ကွန်ယက်မှ လည်း တပတ်အတွင်း ထိုရွာများဆီသို့ အရေးပေါ် ကယ်ဆယ်ရေး တခေါက် ထပ်မံသွားရောက်ဦးမည်ဖြစ်သည်။
(က) စားစရာ ဆန်၊ ခေါက်ဆွဲခြောက်၊ ငပိနှင့် သကြားလုံး၊ သကြား၊
(ခ) အအေးမိခြင်းကာကွယ်ရန် စောင် အ၀တ်အစားများ၊ ခြေအိတ်များ၊ မိုးကာပလပ်စတစ်ကာများ။
(ဂ) ငှက်ဖျားကာကွယ်ဆေးများ၊
(ဃ) ကားတာယာထဲမှ လေထိုးကျွတ်များ၊ လေထိုးထားသော ကျွတ်များကို ကြိုးဖြင့် ဆက်တွဲချီပြီး တအိမ်နှင့် တအိမ် ၀ါးခင်းလမ်းငယ်များ၊ ကလေးများ အညောင်းပြေ အညာပြေ လမ်းလျောက်ရန်နှင့် နေရောင်ကို ခံယူရန် နေရာများကို အရေးပေါ် ဆောက်လုပ်ပေးရန် မိမိတို့ကွန်ယက်မှ ပြင်ဆင်ထားသောကြောင့် ကားဘီးကျွတ် အဟောင်းများ ဖါထေးပြီး အသင့်စုဆောင်း ပေးနိုင်ပါရန် လက်ဆင့်ကမ်း သတင်းပါးပေးကြပါ။ မိမိတို့ လိုက်လံ လက်ခံရယူပါမည်။ သို့မဟုတ် မိမိတို့ထံ ပေးပို့နိုင်သည်။
(င) မြွေဆိပ်ဖြေဆေး အလှူရှင်များ လိုအပ်နေသည်။ မြွေများက သစ်ပင်ထက်များတွင် ကပ်နေပြီး အိမ်များ အထက် တက်ခြင်း ရန်ပြုခြင်းများ ဖြစ်နေသည်။
(စ) ရေ၀ဲစားခြင်း ကိုကုသပေးနိုင်သော ဆေးများ။ အကြောဆိုင်း အကြောထုံခြင်း ကုသသော လိမ်းဆေးများ
(ဆ) အသက်ကယ် လှေငယ်များ၊ ဘောများ၊ ရေပေါ်တွင်ပေါ်နိုင်သော ရွေ့လျား သွားလာနိုင်သည့် ကရိယာများ

စသည်တို့နှင့် အလှူငွေများ ရနိုင်သလောက် လိုအပ်နေပါသည်။ ယနေ့ညတွင် အသေးစိတ် အစီရင်ခံချက် တင်ပြပါမည်။ လောလောဆယ် အရေးပေါ် လိုအပ်ချက်များကို အချိန် ရသလောက် စုဆောင်းနိုင်ရေး လက်ဆင့်ကမ်းဖြန့်ဝေနိုင်ရန် အားချင်း တင်ပြလိုက်ပါသည်။

နေမျိုးဇင်

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်
ဖုန်း 0949328559

0 " အားလုံး ခင်ဗျားဘက်က ရှိနေတာ ယုံပါ" (မင်းကိုနိုင်)

ဇေကမ္ဘာကုမ္ပဏီမှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေသို့ တရားစွဲဆိုမှုအား စက်တင်ဘာလ(၆)ရက်နေ့သို့ ရုံးချိန်း ပြောင်းလဲခေါ်ယူလိုက်ကြောင်း သတင်းရရှိသည်။

ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာရှိ လယ်ယာမြေကိစ္စများနှင့် စပ်လျဉ်း၍ ဦးနေမျိုးဝေအား ကုမ္ပဏီအား အသရေဖျက်မှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ(၅၀၀)ဖြင့် တရားစွဲဆိုလိုက်ပြီး ပထမဆုံးရုံးချိန်းအား သြဂုတ်လ (၂၃)ရက်နေ့၌ ခေါ်ယူခဲ့ကြောင်း သိရသည်။

ရုံးချိန်းသို့ တရားလို ဖြစ်သူ ဇေကမ္ဘာကုမ္ပဏီမှ အထွေထွေမန်နေဂျာဦးမြင့်ဇော်၊ တရားစွဲဆိုခြင်း ခံရသူဦးနေမျိုးဝေ နှင့် ဇေကမ္ဘာကုမ္ပဏီ မှ စက်မှုဇုန်အဖြစ် အကောင်အထည် ဖော်ရန် သိမ်းယူခြင်းခံရသော မင်္ဂလာဒုံစက်မှုဇုန် အပိုင်း(၁၊ ၂၊ ၃၊ ၄) မှ လယ်သမားများ တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ လည်း လာရောက်ခဲ့ကြောင်း၊ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လည်း အဆိုပါအမှုတွင် ဦးနေမျိုးဝေဘက်မှ အမြဲရပ်တည်သွားမည့် အကြောင်း စာပေးပို့ခဲ့ကြောင်း သိရသည်။

“ရွှေနံ့သာလယ်ကိစ္စမှာ ဇေက မ္ဘာကုမ္ပဏီကို အသရေပျက်စေလိုမှု နဲ့ ရည်ရွယ်ရင်းမရှိဘူး။ လယ်သမားတွေဘက်က မျှတမှုရှိအောင် လိုက်ပါဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ဇေကမ္ဘာမှ မဟုတ်ဘူး။ ဘယ်သူ့ကိုမဆို ဒီလိုမျိုးပွင့်လင်းစွာ ဝေဖန်ပြောဆို ဖော်ထုတ်မှာပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဦးလန်ချောင်က “ဦးနေမျိုးဝေကို တရားစွဲတာအဓိပ္ပါယ် မရှိပါဘူး။ ဒီကိစ္စကဦးနေမျိုးဝေနဲ့ မဆိုင်ပါဘူး။ တရားစွဲခြင်းခံရရင် လယ်သမားတွေကိုပဲ စွဲရမှာပါ။ ဦးနေမျိုးဝေက ကုမ္ပဏီကလိမ်ပြီး လယ်သမားတွေဆီက လယ်သိမ်းတာကို ကူညီပေးရုံပါပဲ။ လယ်သမားတွေက ပြောဆိုလို့မှ မတတ်တော့ ကုမ္ပဏီကို ရင်ဆိုင်ဖို့မလွယ်ပါဘူး။ ကျွန်တော် တို့အကူညီလိုရင် ဦးနေမျိုးဝေက ကူညီနေကြ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရုံးချိန်းကို လာရခြင်းဖြစ်ပါတယ်” ဟု ပြောပြခဲ့သည်။

တရားလိုဖြစ်သူ ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က “အခုကိစ္စက လယ်သမားတွေနဲ့ ဘာမှမဆိုင်ပါဘူး။ တရားစွဲဆိုတဲ့အထဲ လယ်သမားတွေ မပါပါဘူး။ ကုမ္ပဏီ ကို ဂုဏ်သိက္ခာကျဆင်းအောင် အသရေဖျက်မှု အတွက်ကြောင့် ဦးနေမျိုးဝေ တစ်ဦးတည်းကိုပဲ အသရေ ဖျက်မှုပုဒ်မ(၅၀၀)နဲ့ တရားစွဲဆို လိုက်တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်အား တရားရုံးရှေ့တွင် သတင်းထောက်များက မေးမြန်းနေသည်ကို တွေ့ရစဉ်
တရားလိုဖြစ်သူ ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က “အခုကိစ္စက လယ်သမားတွေနဲ့ ဘာမှမဆိုင်ပါဘူး။ တရားစွဲဆိုတဲ့အထဲ လယ်သမားတွေ မပါပါဘူး။ ကုမ္ပဏီ ကို ဂုဏ်သိက္ခာကျဆင်းအောင် အသရေဖျက်မှု အတွက်ကြောင့် ဦးနေမျိုးဝေ တစ်ဦးတည်းကိုပဲ အသရေ ဖျက်မှုပုဒ်မ(၅၀၀)နဲ့ တရားစွဲဆို လိုက်တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါအမှုတွင် မင်္ဂလာဒုံမြို့နယ် တရားသူကြီး ဦးကိုကိုနိုင်မှ ဆောင်ရွက်ပေးမည်ဖြစ်ပြီး အမှုဆောင်ရှေ့နေများအဖြစ် ဇေကမ္ဘာ ကုမ္ပဏီဘက်မှ ရှေ့နေဦးစိန်မြင့်က လည်းကောင်း၊ ဦးနေမျိုးဝေဘက်မှ ဦးသိန်းသန်းဦး(မြန်မာနိုင်ငံရှေ့နေ များ ကွန်ယက်)က လည်းကောင်း လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပြီး အမှုကာလအတွင်း ဦးနေမျိုးဝေအား ငွေကျပ်(၁၀)သိန်းဖြင့် အာမခံထားရှိကြောင်း သိရသည်။
(Eleven Media Group)

0 Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့်ကို ပြန်လိုချင်သူများ အောက်ပါအတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။

ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။

ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်ရောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။
အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။

ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Messageစတာတွေကိုထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒါကြောင့် ယခင်က ဖော်ပြပေးတဲ့ အောက်ပါလခ့်က စာတွေကို ပြန် လည်ဖတ်ရှုစေလိုပါတယ်။
https://www.facebook.com/photo.php?fbid=335333229891645&set=a.244639595627676.56112.244608038964165&type=1&ref=nf
အောင်ခမ်း
http://techspacejournal.blogspot.com/2012/08/lock-facebook.html

Thursday, August 23, 2012

0 ရခိုင်အရေးနဲ့ ပတ်သတ်ပြီး သမ္မတကြီးကို ထောက်ခံပြီး ကင်တားနားကို ကန့်ကွက်တဲ့ အင်္ကျီ မိတ်ဆက်ပွဲ(အရှင် ၀ီရသူ)

ဒီကနေ့ သမ္မတကြီးရဲ့ ရပ်တည်ချက်ဟာ မှန်ကန်တယ်ဆိုရင် ဒီကနေ့ သမ္မတကြီးကို ထောက်ခံမယ်၊ ချီးကျူးမယ်။ နောက်တစ်နေ့ သမ္မတကြီးရဲ့ ရပ်တည်ချက်ဟာ မမှန်ကန်ဘူးလို့ ယူဆရင် သမ္မတကြီးကို နောက်တစ်နေ့ ကန့်ကွက်မယ်၊ ရှုံ့ချမယ် လို့ ဆိုတဲ့ ဆရာတော် ဦးဝီရသူ(မစိုးရိမ်)
ရဲ့ ရခိုင်အရေးနဲ့ ပတ်သတ်ပြီး သမ္မတကြီးကို ထောက်ခံပြီး ကင်တားနားကို ကန့်ကွက်တဲ့ အင်္ကျီ မိတ်ဆက်ပွဲနှင့် မီဒီယာများ တွေ့ဆုံပွဲမှ နိဂုံးချုပ်သြဝါဒ စကား

ဦးဝီရသူ(မစိုးရိမ်)

0 ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးမှာလူထု အုံကြွ မှု သတင်း ရယူ စဉ် ဂျပန်သတင်း ထောက် ကန်ဂျိနာဂါအိသေဆုံးပြီးဒုတိယမြောက် ဆီးရီးယားမှာ အလားတူသေဆုံး ခဲ့ရတဲ့ သတင်း ထောက် ယာမာမိုတိုရဲ့နောက်ဆုံးVideo မှတ်တမ်း(ရုပ်/သံ)


ဆီးရီးယား နိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော အလတ် ပိုဆိပ်ကမ်းမြို့ ၌ ဂျပန် အမျိုးသမီး ဂျာနယ်လစ် တစ်ဦး သတင်းလိုက်ရင်း အသတ်ခံ ခဲ့ရကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

တိုကျိုမြို့ တော် အခြေစိုက် Japan Press သတင်း အေဂျင်စီ ၏ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး စစ်သတင်းထောက် ယာမာမိုတို ဆီးရီးယား နိုင်ငံ၌ အသတ်ခံ ခဲ့ရခြင်း ဖြစ်သည်။

အသတ်ခံရချိန်တွင် အနီး၌ သတင်းလိုက်ဖော် တစ်ဦး ပါဝင်ကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြား သွားသည်။

အဆိုပါ သတ်ဖြတ် ခံရမှုနှင့် ပတ်သတ်၍ Japan Press သတင်း အေဂျင်စီက မည်သည့် သတင်း ထုတ်ပြန်ချက်မျှ ထုတ်ပြန် သွားခြင်း မရှိသေးပေ။
ယာမာမိုတိုသည် ၁၉၉၅ ခုနစ်မှ စတင်ပြီး Japan Press သတင်း အေဂျင်စီနှင့် လက်တွဲ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး အာဖဂန်နှင့် အီရတ် စစ်ပွဲ များတွင်လည်း စစ်သတင်းများ လိုက်ခဲ့ကြောင်း အေဂျင်စီ ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။

ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ အကြောင်း စစ်သတင်း လိုက်ရင်းဖြင့် အမေရိကန် သတင်းထောက် တစ်ဦး နှင့် ပြင်သစ် သတင်းထောက် နှစ်ဦးလည်း သေဆုံး ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

၂၀၁၁ခုနှစ် မတ်လမှ စတင်ဖြစ်ပွားသော အစိုးရနှင့် အတိုက်အခံများကြား တိုက်ပွဲများကြောင့် ဒေသခံ ၁၈၀၀၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံသား ၂ ဒသမ ၅ သန်းကျော် အရေးပေါ် ကူညီမှုများ လိုအပ်နေကြောင်း ကုလသမဂ္ဂ သတင်း ထုတ်ပြန်ချက်များတွင် ဖော်ပြ ထားသည်။
The Voice Weekly

0 မြန်မာဆင်ဆာခြေလှမ်းအပေါ်တရုတ်နိုင်ငံပိုင်မီဒီယာများတွင် အမြင်ကွဲလွဲ

Photo..Associated Press
(The Wall Street Journal မှ 21 Aug 2012 ရက်စွဲပါ “China State media at odds over Myanmar Censorship move” သတင်းကို ဘာသာပြန် ဆိုသည်။)

မြန်မာနိုင်ငံတွင် သတင်းဆင်ဆာဖြတ်မှုကို ရုတ်သိမ်းလိုက်ပြီဟူသော တနလာင်္နေ့က သတင်းများကြောင့် တရုတ်အစိုးရ သတင်းစာများထံမှ ကွဲပြား သော အမြင်များ ထွက်ပေါ်လာခဲ့ပြီး တရုတ်နိုင်ငံက ယင်း၏ ချုပ်ချယ်မှုများကိုလည်း မကြာမီအတွင်း ရုတ်သိမ်းပေးမှာလားဟူသော သံသယများ အွန်လိုင်း အသိုင်းအ၀ိုင်းတွင် ထွက်ပေါ်လာသည်။

နိုင်ငံပိုင် မီဒီယာ အတွင်း၌ပင် ကွဲပြားသော အမြင်အမျိုးမျိုးကို တွေ့မြင်ကြရသည်။

ကွန်မြူနစ်ပါတီအာဘော်People’sDailyသတင်းစာ၏၀က်ဘ်ဆိုက်တွင်ရန်ကုန်မှ ပြည်တွင်းသတင်းထောက်တစ်ဦး ပြောကြားသည့်အတိုင်း “မြန်မာစာနယ်ဇင်းသမားများ အားလုံးအတွက် ကြီးကျယ်သော နေ့တစ်နေ့” ဟု မျှမျှတတရေးသားဖော်ပြထားသည်။

ယင်းဖော်ပြချက်ကြောင့် အခြားဘလော့ဂါများထံမှ ချီးကျူးမှုကို ရရှိခဲ့သည်။ Google China ၏ ယခင် အကြီးအကဲ ကိုင်ဖူးလီက “မြန်မာဆင်ဆာ သတင်းနှင့်ပတ်သက်၍ အခြားမီဒီယာများထက် ဖော်ပြမှုသာလွန်သောကြောင့် People’s Daily ၀က်ဘ်ဆိုက်ကို သြဘာပေးသည်။” ဟု ရေးသားထားသည်။

အွန်လိုင်းတွင် အမြဲတမ်း ပြစ်တင်ရှုတ်ချခံနေရသော People’s Daily သတင်းစာ အနေဖြင့် ယခုကဲ့သို့ ချီးကျူးခံရခြင်းသည် ပြီးခဲ့သောနှစ်ပတ် အ တွင်း ပြောင်မြောက်သော လက္ခဏာတစ်ခု အဖြစ်ထင်ဟပ်နေသည်။

People’s Daily သတင်းစာက ထုတ်ဝေသော အမျိုးသားရေး အစွန်းရောက်စာစောင် Globle Timesကမူ မြန်မာဆင်ဆာသတင်းကို ထောက်ခံ လိုပုံ မရပေ။ ၎င်း၏ အင်္ဂါနေ့ ခေါင်းကြီးပိုင်းတွင် တရုတ်နိုင်ငံသည် မြန်မာတို့၏ ပုံစံနောက်သို့ လုံးဝမလိုက်သင့်ဟု ရေးသားထားသည်။

“မြန်မာတွေရဲ့ ပြုပြင်ပြောင်းလဲမှုက အဖူးထွက်ကာဦးစပဲ ရှိပါသေးတယ်။ တရုတ်နိုင်ငံရဲ့ ပြောင်းလဲမှုဖြစ်စဉ်ကတော့ အကြိမ်ပေါင်းထောင်ချီပြီး အစမ်းသပ်ခံ ပြီးသွားပါပြီ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုကိုယ် သံသယ၀င်နေမယ်ဆိုရင် ကလေးဆန်ပြီး နုံအရာ ရောက်ပါလိမ့်မယ်။ တရုတ်နိုင်ငံဟာ ဖူး သစ်စ မဟုတ်ပါဘူး။ ရှင်သန်ဖွံ့ဖြိုးနေတဲ့ သစ်ပင်ဖြစ်နေပါပြီ” ဟု Global Timesက ဆိုပါသည်။

“တရုတ်နိုင်ငံဟာ သတင်းစာလွတ်လပ်ခွင့် လမ်းကြောင်းပေါ်မှာ ရှိနေပြီးသားပါ။ အနာဂတ်မှာ ပိုကောင်းလာမှာပါ။ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတွေကို လိုက်ကြည့်ပြီး တုန်လှုပ်နေမယ့်အစား တရုတ်နိုင်ငံရဲ့ အမျိုးသားရေး အနေအထားအပေါ် အခြေခံပြီး ဆက်လုပ်သွားသင့်ပါတယ်” ဟု Global Times က ရေးသားထားသည်။

အဆိုပါ ခေါင်းကြီးပိုင်းသည် တရုတ်လူမှုမီဒီယာများတွင် ပြင်းပြင်းထန်ထန် ဝေဖန်ခံရသည့် “တရုတ်ဟာ သတင်းစာလွတ်လပ်ခွင့် လမ်းကြောင်း ပေါ် မှာ အရင်ကတည်းက ရှိနေသတဲ့လား။ ဒါပေမယ့် လမ်းမှားနေပါတယ်” ဟု ဘလော့ဂါတစ်ဦးက “တွယ်” ထားသည်။

“မြန်မာနဲ့ ဗီယက်နမ်အပေါ် Globle Times ရဲ့ မှတ်ချက်ပေးပုံဟာ ဒီနိုင်ငံမှာ ဖြစ်နေတာနဲ့ အတူတူပါပဲ၊ သူဌေးက လူမွဲကို အထင်သေးတဲ့ အကြည့် မျိုးပေါ့” ဟု အခြားဘလော့ဂါတစ်ဦးက ဝေဖန်သည်။

အွန်လိုင်းဘလော့ဂါ အများစုကမူ တရုတ်နိုင်ငံသည်လည်း မီဒီယာချုပ်ချယ်မှုကို လျှော့ပေးတော့မှာလားဟု မျှော်လင့်ချက် ထားနေကြသည်။

“အခုဆိုရင် မြောက်ကိုရီးယားနဲ့ ကျွန်တော်တို့ပဲ ကျန်တော့တယ်။ တရုတ်သတင်းစာသမားတွေအတွက် ဒီလိုကြီးကျယ်တဲ့နေ့ဟာ ဘယ်တော့လဲ” ဟု ဘလော့ဂါတစ်ဦးက မေးခွန်းထုတ်လိုက်သည်။

Yangon chronicle

0 ပရဟိတ ဆိုတာ ကိုယ့်အတ္တကို အကောင်းဆုံး ပုံဖော်ခြင်း မဖြစ်သင့်ဘူးလေ

ကျနော် လူဆိုးဖြစ်နေပြီလားတော့ မသိဘူး။ ဒါမှ မဟုတ် အဆိုးမြင်တွေပဲ များနေပြီလား မသိဘူး။ အခု အားလုံးသိတဲ့ အတိုင်းပဲ ကျနော်တို့ တိုင်းမှာ ရေတွေ ကြီးနေတယ်။ ရေဘေး ကယ်ဆယ်ရေးတွေလဲ လုပ်ကြတာပေါ့ ဗျာ။ ရေဘေးကြောင့် ၀မ်းနည်းရပေမယ့် လုပ်နေကြတာတွေ တွေ့တော့လဲ အားရစရာကြီးပါဗျာ။ အဲဒီမှာပဲ ပြောချင်တာတွေ ရှိလာတယ်။ ပြောချင်နေတာတော့ ကြာပါပြီ ။ အခု ရေဘေးကျမှပဲ ပြောဖြစ်တော့တယ်။ ကျနော် ပြောတာမှားသွားရင်လဲ ကျနော်ပြောတာ ကျနော် တာဝန်ယူပါ့မယ်။ ပရဟိတ လုပ်နေကြတဲ့ လူတွေကို ကျနော် ကြည့်လိုက်တော့ အကြမ်းဖျင်းအားဖြင့် ကောင်းတာ (၂) မျိုး၊ ဆိုးတာ (၂) မျိုးပဲ တွေ့နေရတယ်။ ဆိုးတဲ့ (၂) မျိုးအကြောင်း အရင်ပြောကြည့်မယ်နော်။

အဆိုး(၁)။ ။ ပရဟိတလေးကို လာဗန်းပြပြီး ကိုယ် နာမည်ကြီးအောင် လုပ်တဲ့သူတွေ။ မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ အများကြီးတွေ့ရမှာပါ။ လှုစရာရှိတဲ့ လူက ၅၀၀ လောက်ကို ၅၀ စာလောက် လာလှုပြီး ဓါတ်ပုံတွေ ရိုက်၊ သူများကို ကြွား၊ တစ်ချို့ဆို မီဒီယာတွေကိုပါ တစ်ခါတည်း ခေါ်လာပြီး ဘယ်တုန်းက ဘယ်လိုလှုခဲ့တာ။ ငါတို့က ဘယ်လောက်လှူခဲ့တာကွ ဘာပေါ့ ညာပေါ့။ အဲဒီလူတွေက စေတနာတော့ မလှူတာထက်စာရင် ကောင်းပါတယ်။ ဒါပေမယ့် ပေးတာထက် ယူတာက ပိုများနေတယ်။ ဒုက္ခသည်တွေကို ဘာအသုံးချနေသလိုပဲ။ ကျနော်တော့ အဲလိုတွေ တွေ့ရတာ ရင်နာတယ်။

အဆိုး(၂)။ ။ ငါတို့က ပရဟိတ လုပ်တာကွ။ ကျန်တဲ့သူုတွေကတော့ ဘာအသုံးမှ မကျဘူး။ ငါတို့ကမှ လူကောင်း၊ ကျန်တဲ့သူတွေက ဘာစိတ်ဓါတ်မှ မရှိတဲ့သူတွေ စသည်ဖြင့် ဘ၀င်မြင့် လေကြီးနေတဲ့သူတွေ။ ကျန်တဲ့သူတွေ ဘာလုပ်တယ် ဘယ်လိုစိတ်ဓါတ်ရှိတယ် ဆိုတာ မသိဘဲ စွတ်ပြီးတင်နေတဲ့သူတွေပေါ့။ သူ့ဘာသူ အိမ်မှာနေပြီး ဆန်လှူနေတာလဲ သုမသိတာဖြစ်မှာပေါ့။ ကျနော် ကြုံဖူးတယ်။ အခုမှ စလုပ်ဖူးတဲ့ ကျောင်းသားတစ်စုကို ဘယ်လိုလှူလဲ ဘာလဲ နဲနဲပါးပါးလေး မေးတာတောင် မဖြေချင်သလို ဖြေချင်သလို။ မေးတဲ့သူကိုပဲ အဖတ်မတန်သလို ဘာလိုလို။ ပြီးတော့လဲ ရှိသေးတယ်။ လမ်းမှာ ကြုံတာတောင် ငါ အဲ့ဒုက္ခသည်စခန်းက ပြန်လာတာပါ ဆိုတာတောင် ကျနော်တို့ လှူမှာလေ။ ထမင်းတွေ ဟင်းတွေလေ ဆရာသိတယ်မလား ဘာ ညာနဲ့ ။ ကျနော်တော့ ဘာပြောရမှန်းမသိဘူး။ စိတ်ကိုညစ်ရော။ နောက်တော့မှ တွေးဖြေလိုက်တယ်။ အော် …. အရက်ဆိုင် ရောက်နေတာထက်စာရင်တော့ ဘယ်လိုပဲ အတွေးလွဲလွဲ ၊ ဘယ်လောက်ပဲ ဘ၀င်မြင့်မြင့် တစ်ချိန်တော့ လုပ်ပါများရင် မှန်လာမှာပေါ့ လို့ဆိုပြီး တွေးလိုက်ရတယ်။

ကဲ…. အကောင်း(၂) မျိုးကို ပြောကြည့်မယ်။ ကျနော်ကတော့ အဲ့လူတွေ အကြောင်းပြောရတာ အားရ၀မ်းသာရှိတယ်ဗျာ။

အကောင်း(၁)။ ။ လုပ်လဲ တကယ်လုပ်တယ်။ စိတ်လဲ တကယ်ရှိတယ်။ အရင်ကလဲ အများကြီး လုပ်ဖူးထားတော့ အတွေ့အကြုံကလဲ ရှိမှရှိ။ နာမည်ကောင်းလဲ တစ်ခါမှ မယူဘူး။ သူတို့ကို တွေ့လိုက်ရင် ဘယ်နေရာတွေက ကယ်ဆယ်ရေးတွေ မရောက်သေးတာ သွားရဦးမယ်။ ဘယ်နေရာတွေမှာတော့ ပိုလိုအပ်နေတာ။ ဘယ်နေရာမှာတွေ မှာတော့ ဘာတွေ လိုအပ်နေတာ။. ကျနော်တို့ လှူတာ ဘယ်လိုဆိုရင် ပိုပြီးကောင်းမယ်။ ပိုပြီး စနစ်ကျမယ်။ ဘယ်လိုလုပ်မှ ပိုထိရောက်မယ် စသည်ဖြင့် အမြဲ ပိုကောင်းသထက်ကောင်းအောင်ပဲ တွေးနေကြတာ။ ကြွားဖို့၊ သူများကို နှိမ့်ချဖို့၊ ဒုက္ခသည်တွေကို အသုံးချဖို့ ဝေးလို့ အဲလိုတွေ တွေးကြံ လုပ်ကိုင်နေရတာနဲ့တင်ပဲ သူတို့မှာ လုံးဝမအားကြဘူး။ သူတို့ကို ကြည့်လိုက်ရင် ကိုယ်တွေတောင်သိမ်ငယ်တယ်။ တစ်ချို့တွေဆို တော်တော် ငယ်ငယ်လေးတွေ။ ဆက်လုပ်ကြ… ငါ့ကောင်တွေရေ။

အကောင်း(၂)။ ။ သူတို့တွေကတော့ ကိုယ့်အိမ်မှာပဲ ကိုယ်နေ၊ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်နေပေမယ့် လဲ အလှူသွားခံ တစ်ခါမှ မငြင်းဘူး။ အထပ်ထပ် အခါခါ လှူတာပဲ။ နောက်ပြီး အမြဲလဲ နားစွင့်နေတာပဲ။ ဘယ်သူတွေနဲ့ လှူရမလဲ။ ဘယ်လိုလှူရမလဲ။ သူတို့ အလုပ်လဲ မပျက်၊ အများကောင်းကျိုးကိုလဲ တစ်ဖက်တစ်လမ်းက လုပ်နိုင်ကြတော့ ကောင်းတာပေါ့ဗျာ။ တစ်ချို့ဆို စိတ်ကူးတောင် ကောင်းကြသေးတယ်။ ထမင်းထုပ်ဝေရင်းနဲ့ ထမင်းထုပ်ထဲ သူတို့ တတ်နိုင်သလောက် ၁၀၀၀ တန်တို့ ၅၀၀ တန်တို့ကို ပလပ်စတစ်အိပ်လေးနဲ့ ထည့်ပြီး ကံစမ်းမဲလိုမျိုး ရတဲ့သူတွေ ခေတ္တတော့ ဘ၀အမောတွေ ပြေအောင် လုပ်တတ်ကြတယ်ဗျာ။

အင်း…. ပြောရရင်တော့ အပေါ်က လူ(၄) မျိုးစလုံး ပရဟိတ လုပ်နေကြတာပဲ။ လုပ်ပုံကိုင်ပုံ၊ စိတ်ဓါတ်မတူ တာပဲ ရှိတာပါ။ အဲတော့ ကျနော် ဆုတောင်းလိုက်တာက အဆိုး (၂) မျိုးလဲ နောက်ပိုင်း ကောင်းလာကြပါစေ။ အကောင်း (၂) မျိုး လူတွေလဲ ပိုများလာပါစေ။ သူတို့ အဆင်ပြေပြေ ဆက်လုပ် နိုင်ကြပါစေလို့။

ပရဟိတ လို့ပြောပြီး ကိုယ့်အတ္တ ကို အကောင်းဆုံး ပုံဖော် ကြေငြာ နေတာမျိုး မှ ကင်းလွတ်ကြပါစေဗျာ။

Soe Kothu Facebook

0 ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ရန်ပုံငွေရှာဖွေရေး စေတနာဝသန်ဂီတဖျော်ဖြေပွဲအမှတ်တရအဖြစ် လေလံတင်ရောင်းချမည့် ဂစ်တာ

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ရန်ပုံငွေရှာဖွေရေး စေတနာဝသန်ဂီတဖျော်ဖြေပွဲကို စက်တင်ဘာ(၁)ရက်၊ ညနေ ၄း၀၀နာရီတွင် ရန်ကုန်မြို့မင်းဓမ္မလမ်းရှိMCC ခန်းမ၌ကျင်းပမည်ဖြစ်ရာ အဆိုပါဂီတဖျော်ဖြေပွဲတွင် အမှတ်တရအဖြစ်ဂစ်တာတစ်လက်ကို လေလံတင်ရောင်းချမည်ဖြစ်သည်။

အဆိုပါဂစ်တာ၌ ရန်ကုန်တက္ကသိုလ်၏ အထင်ကရ ဘွဲ့နှင်းသဘင်နှင့် သစ်ပုတ်ပင်တို့ကို ပန်းချီရေးချယ်နေသည့် ၈၈မျိုးဆက်ကျောင်းသားမင်းကိုနိုင်....၊၄င်းပန်းချီကို၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော ဌေးကြွယ်နှင့်ပြုံးချိုတို့က လည်းပါဝင်ရေးဆွဲထားကြသည်။

88 Generation Students

1 ကာကွယ်ရေးဝန်ကြီးဌာန မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးခင်မောင်စိုး(ငြိမ်း) ခေါင်းဆောင်သည့် အကျင့်ပျက်ဝန်ထမ်းများကိုအရေးယူပေးပါရန်


ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ အရိပ်ကို ခို၊ အကိုင်းကို ချိုး၊ နေသောမြန်မာစီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူးဗိုလ်မှူးကြီးခင်မောင်စိုး(ငြိမ်း) ခေါင်းဆောင်သည့်လူမှုရေးဖေါက်ပြန်သောအကျင့်ပျက်ဝန်ထမ်း များသည်အမျိုးကောင်းသား/သမီးများအားအကျင့်စာရိတ္တပျက်စီးစေရန်အတွက်ရုံးအတွင်းလမ်းပြ မြူဆွယ်လုပ်ဆောင်နေပါသည်။

လူမှုရေးဖေါက်ပြန်သူများအားအထူးအခွင့်ရေးများပေးခြင်း၊ရုံးတွင်းစည်းကမ်းများဖေါက်ပျက်နေသော်လည်း မျက်ကွယ်ပြုနေခြင်းတို့ကြောင့် ရိုးသားသောဝန်ထမ်းများမှာဝန်ထမ်း အခွင်အရေးများ ဆုံးရှုံးနစ်နာ နေပါသည်။ကကငွေ တွင်တာဝန်ထမ်းဆောင့်ခဲ့သောလူမူရေး ဖေါက်ပြန်သူများ ဖြစ်သည့်ဦးကျော်မင်း(ယခု- မြန်မာစီးပွားရေးကော်ပို ရေးရှင်း)လက်ထောက်အထွေထွေမန်နေဂျာ-ငွေစာရင်းဋ္ဌာန(စာရင်းစစ်)နှင့် ဒေါ်မာမာညို(ယခု- မြန်မာစီးပွားရေးကော်ပိုရေးရှင်း) မန်နေဂျာ-ငွေစာရင်းဋ္ဌာန(စာရင်းစစ်) တို့နှင့် ပူးပေါင်းမိသောအခါ လုပ်ပိုင်ခွင့်များကို ပိုမိုအလွဲသုံးစားပြုလုပ်လာကြပါသည်။
ထိုကြောင့်

မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဝန်ထမ်းများအကြားတွင် တီတိုးပြောဆိုနေသောစကားများမှာ-

၁။ ဝန်ထမ်းအလိုရှိသည်။(ပြည့်တန်ဆာ/ဖါခေါင်း လုပ်ငန်းကျွမ်းကျင်ရမည်။)
၂။ ခိုးဝှက် ၊ လိမ်လည် တက်ရမည်။
၃။ ကာမပိုင်ရှိသည်/မရှိသည်ဖြစ်စေ ဖျက်စီးတက်/ခံရမည်။

သို့ပါသော်ကြောင့် တာဝန်ရှိသူများကိုဖေါ်ထုက် အရေးယူနိုင်ရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ဆက်လက် တင်ပြဆောင်ရွက်ပေးပါရန် တိုက်တွန်းနှိုးဆော်ပါသည်။

Wednesday, August 22, 2012

1 ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်း

Photo..suu-sf.blogspot.com
နေ့စွဲ - ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိမည်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း မိမိတို့ ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) သို့ ကြွရောက်ကာ ဒေသခံ မြန်မာတိုင်းရင်းသားမိသားစုများနှင့် တွေ့ဆုံမည် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉း၁၅ နာရီမှ ၁၀း၄၅ နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။ ကျင်းပမည့်နေရာ ကို ဆက်လက်သတင်းထုတ်ပြန်မည်ဖြစ်ပြီး http://suu-sf.blogspot.com တွင်လည်း အခမ်းအနားနှင့် ပတ်သက်သည့် အကြောင်းအရာများကို သွားရောက်ကြည့်ရှုနိုင်ပါသည်။ တွေ့ဆုံပွဲ စနစ်တကျ ကျင်းပနိုင်ရန်နှင့် မြန်မာမိသားစုအားလုံး အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ရန် ဖိတ်ကြားရေးဆိုင်ရာ အလုပ်အဖွဲ့သို့ ဆက်သွယ် စာရင်းပေးနိုင်ပြီဖြစ်ပြီး အားလုံး၏ ကူညီ ပံ့ပိုးမှုများကိုလည်း လှိုက်လှဲစွာ ကြိုဆိုလျက်ရှိပါသည်။

ဒေသခံ စိတ်ပါဝင်စားသူများအနေဖြင့် သက်ဆိုင်ရာဒေသများရှိ သတင်းပြန်ကြားရေးအဖွဲ့ဝင်များကို ဆက်သွယ် စုံစမ်းနိုင်ကြပြီး သတင်းမီဒီယာများအနေဖြင့် ကိုတိုးလွင် (၄၁၅ ၄၂၄ ၅၈၁၁ ) နှင့် ကိုဝေဖြိုး (၄၁၅ ၅၇၇ ၆၅၀၅) တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ။


သတင်းပြန်ကြားရေးအဖွဲ့

တွေ့ဆုံပွဲကျင်းပရေးကော်မတီ

ဆန်ဖရန်စစ္စကို (ဘေးဧရိယာ)

ုKohteinlin

0 မြန်မာ့စီးပွားရေးဦးပိုင်ကတရုပ်ဝမ်ပေါင်ကုမ္မဏီနှင့်ပူးပေါင်းပြီး NLD ပါတီဝတ်စုံများဝတ်ဆင်စေကာအဓမ္မလယ်သိမ်းခံရသော တောင်သူများနှင့်အဓိဂရုဏ်း ပြသနာဖြစ်ပေါ်စေရန် စီစဉ်လုပ်ဆောင်နေ

ဓါတ်ပုံ .. နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက် (ယနေ့သြဂုတ်လ ၂၁ရက်နေ့ လက်ပတောင်းကြေးနီစီမံကိန်းအနီးစောင့်ကျပ်နေသာ ရဲကားများ)

မြန်မာ့စီးပွားရေးဦးပိုင်က တရုပ်ဝမ်ပေါင်ကုမ္မဏီနှင့် ပူးပေါင်းပြီး NLD ပါတီဝတ်စုံများဝတ်ဆင်စေကာ အဓမ္မလယ်သိမ်းခံရသော တောင်သူများနှင့်အဓိဂရုဏ်း ပြသနာဖြစ်ပေါ်စေရန် စီစဉ်လုပ်ဆောင်နေသည်ဟု မုံရွာဒေသခံများကပြောဆိုနေကြသည်။

၂၁.၈.၂၀၁၂ နံနက် (၇)နာရီခန့်တွင် NLD ဝတ်စုံများဝတ်ထားသော ရဲတပ်ဖွဲ့ဝင်များနှင့် ရဲဝတ်စုံဝတ်ထားသော ရဲတပ်ဖွဲ့ဝင် လေးဦးခန့်သည် မှန်လုံကားတစ်စီးဖြင့် မုံရွာအနောက်ဖက်ကမ်း လက်ပတောင်းကြေးနီစီမံကိန်းဘက်သို့ သွားကြောင်းကြားသိရသည်။ ထပ်မံကြားသိရသည်မှာ ထိုကားသည် ဝမ်ပေါင်ကုမ်ပဏီဝင်းအတွင်း၌ ရှိနေပြီး Light Truckတစ်စီးကNLDအလံထောင်၍ တောင်ကြားထဲသို့ဝင်သွားကြောင်းကို သေသေချာချာမြင်တွေ့သူများက ပြောကြားသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့်ထိုကဲ့သို့လုပ်နေသည်ကို မုံရွာမြို့နယ် NLD မှစိုးရိမ်စိတ်ဖြင့် သေချာဂရုစိုက် စောင့်ကြည့်၊ နားစွင့်ကာ အပြန်အလှန် သတင်းဖြန့်ဝေနေကြသည်မှာ ယခုအချိန်အထိဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းကြေးနီစီမံကိန်းမှာဖြစ်တာ ပါ။ မြန်မာ့စီးပွားရေးဦးပိုင်က NLDပါတီအင်္ကျီတွေဝတ်ပြီး ဒေသခံပြည်သူတွေထွက်လာအောင်ထောင်ချောက်ဆင်တယ်လို့သတင်းရပါတယ်။ NLD ပါတီလည်းနာမည်ပျက် ဒေသခံတွေလည်းပုဒ်မ(၁၄၄)နဲ့ငြိစွန်းတယ်ဆိုပြီး ပစ်သတ်ရန်စီစဉ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္မဏီနဲ့ တရုတ်ကုမ္မဏီ စစ်တပ် ရဲတို့ ပူးပေါင်းပြီးဆင်တဲ့သတ်ကွင်းတစ်ရပ်ဖြစ်ပါတယ်။

လုံထိန်းရဲကား(၃)စီး၊ရဲကား(၁)စီးနှင့်မီးသတ်ကားများဖြင့်တားဆီးညှိနှိုင်းရန်ရောက်လာသူ တောင်သူလယ်သမားများနှင့် ထိတ်တိုက်ဆုံမည့်အခြေအနေဖြစ်ပေါ်နေပါသည်။

မုံရွာနှင့် အနီးတစ်ဝိုက်မှ အင်အားစုများနှင့် မီဒီယာများဝန်းရံပေါင်းဖြည့် ကူညီနိင်ပါရန် ရေးသားသိစေအပ်ပါသည်။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ...
၀၉၄၉၂၇၇၈၂၃
၀၉၄၀၀၄၅၆၁၀၆
၀၉၄၅၀၀၂၆၃၃၄
၀၉၄၀၀၄၀၁၁၈၉
၀၉၄၃၁၅၅၇၉၆
Nay Thiha (ThanLarWaddy Times)

0 ကျော်သူကိုခေါ်ပေးပါ


ကျော်သူကိုခေါ်ပေးပါ

၂၁.၈.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ နာရေးရှင်တစ်ဦး ဖုန်းဆက်အကူအညီတောင်းခံလာသည်။ ကွယ်လွန်သူမှာ မနေ့ကမှ ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင် အရေးပေါ်လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးမှ ထောက်ကြံ့ (၃) ရပ်ကွက် နေအိမ်သို့ ပို့ဆောင်ပေးခဲ့ရသော အဆုတ်ကင်ဆာဝေဒနာသည် အဘ ဦးသိန်းဆွေ တစ်ယောက်ဖြစ်နေ တော့သည်။ ဆေးရုံမှ ဆရာဝန်ကြီးသည် လက်လျော့လိုက်ပြီဖြစ်သောကြောင့် မိမိ၏နေအိမ်၌ပင် ခေါင်းချ ချင်သည့် ဝေဒနာရှင်၏ ဆန္ဒအရ မိသားစုဝင်များမှ လူနာတင်ယာဉ်ရရှိရန် အခက်အခဲ အမျိုးမျိုးကြားမှ နာရေးကူညီမှုအသင်း(ရန်ကုန်) အရေးပေါ်လူနာတင်ယာဉ် အကူအညီတောင်းခံလာသောကြောင့် ဦးကျော်သူကိုယ်တိုင် မောင်းနှင်ကူညီ၍ အသင်းမှ အရေးပေါ်ကယ်ဆယ်ရေး လုပ်အားပေးများနှင့် နေအိမ် သို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။

ညအချိန်သို့ရောက်သော် အဘ ဦးသိန်းဆွေ၏ ကျန်းမာရေးအခြေအနေအား လာရောက်၍ မေးမြန်းဖေးမကြသော အဘ ဦးသိန်းဆွေ၏ ညီမနှင့် တူ/တူမများတို့အား ဝမ်းသာအားရဖြင့် “ငါ့ကို အိမ်ပြန် ပို့ပေးတာ ကျော်သူလေ … ငါ့ကို အကောင်းစားကားကြီးနဲ့ သူကိုယ်တိုင်မောင်းပို့တာလေ .. ကား ကြီးကလည်း ငြိမ့်နေတာပဲ” ဟူ၍ ဂုဏ်ယူကာပြောကြားနေသေးသည်။ သားဖြစ်သူအားလည်း “မင်းက ကျော်သူကို ငါ NLD ကဆိုတာ မပြောလိုက်ဘူးလား” ဟုပင် အပြစ်တင်နေသေးသည်။ ၂၁.၈.၂ဝ၁၂ ရက်နေ့ အင်္ဂါနေ့ နံနက်အစောပိုင်း၌ အဘ ဦးသိန်းဆွေ၏ ဝေဒနာသည် ဆိုးရွားစွာ ဖေါက်ပြန်လာသည်။ ဝေဒနာ၏ တိုက်ခိုက်မှုဒဏ်ကို အလူးအလဲခံနေရသော အဘ ဦးသိန်းဆွေသည် မကြာမီ လူ့လောကကြီးမှ ထွက်ခွာသွားရမည်ကို သိနေသည့်အလား ဆွေမျိုး၊ ညီအစ်ကို မောင်နှမများတို့မှ သုံးစွဲရန် လာရောက် ကန်တော့ထားသည့် ငွေကြေးများအား “ငါ့ပိုက်ဆံတွေ ကျော်သူအသင်းကိုလှူမယ် .. ကျော်သူကိုခေါ်ပေး … ကျော်သူကို မြန်မြန်ခေါ်ပေး” ဟု တတွတ်တွတ် ပြောနေရှာလေသည်။ နံနက် (၉းဝဝ) နာရီအချိန် သို့ရောက်သော် အဘ ဦးသိန်းဆွေ၏ ဝေဒနာသည် ပို၍ဆိုးလာလေသည်။ အဘ ဦးသိန်းဆွေ၏ ဇနီးဖြစ်သူ အဖွား ဒေါ်သောင်းကြည်သည် အဘ ဦးသိန်းဆွေအား ထွေးပွေ့ကာ “ဘာမှ စိတ်မပူနဲ့နော် .. ဆရာဝန်ခေါ်ထားတယ် .. ဆရာဝန်လာရင် သက်သာသွားမှာ” စသဖြင့် အားပေးနှစ်သိမ့်နေရှာသည်။ အဘ ဦးသိန်းဆွေသည် ဝေဒနာအား ကြိတ်မှိတ်ခံစားရင်း “ဆရာဝန်မလာသေးဘူးလား .. မလာသေး ရင်လည်း ဆရာဝန်မခေါ်နဲ့တော့ .. ကျော်သူကိုပဲခေါ်ပေး .. ကျော်သူကိုပဲခေါ်ပေးပါ .. ကျော်သူတို့ အသင်းကို ငါ့ပိုက်ဆံတွေ လှူသွားချင်တယ် .. မြန်မြန်သာခေါ်ပေးပါ” တဖွဖွပြောဆိုရင် ဝေဒနာကို အန်တုကာ သေခြင်းတရားကို ကုသိုလ်ပွားရင်း ရင်ဆိုင်သွားရှာလေသည်။ အဖွား ဒေါ်သောင်းကြည် တစ်ယောက်လည်း ခင်ပွန်း အဘ ဦးသိန်းဆွေ ဘဝတစ်ပါးသို့ ပြောင်းသွားခြင်းကို သတိပင်မထားမိ လောက်အောင် အဘ ဦးသိန်းဆွေတစ်ယောက် ငြိမ်သက်စွာဖြင့် ဘဝကူးခဲ့ခြင်းပင်ဖြစ်သည်။

အဘ ဦးသိန်းဆွေသည် တပ်မတော်သားဘဝနှင့် တိုင်းပြည်တာဝန်များကို သက်စွန့်ဆံဖျား ထမ်းဆောင်ရင်း မိသားစုစားဝတ်နေရေး၊ သားသမီးတို့၏ အနာဂတ်အတွက် တာဝန်ကျေခဲ့သည့် ဖခင် ကောင်းဖြစ်သလို ဒီမိုကရေစီဖော်ဆောင်ရေးအတွက် NLD နှင့်လက်တွဲကာ နိုင်ငံရေးလှုပ်ရှားမှုများလည်း ပါဝင်ခဲ့လေသည်။ အဘ ဦးသိန်းဆွေကွယ်လွန်ခြင်းသည်မိသားစုအတွက် ကြေကွဲစရာဆုံးရှုံးမှုတစ်ရပ် ဖြစ်သလို ဆွေမျိုးသားချင်းတို့အတွက်လည်း ကြေကွဲဖွယ်ရာဖြစ်လေသည်။

ကွယ်လွန်သွားရှာသော အဘ ဦးသိန်းဆွေ၏ ကျန်ရစ်သော ရုပ်ကလပ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများနှင့် ဝန်ထမ်းများသည် ရေဝေးသုဿန် အအေးခန်းရှိရာသို့ ကြေကွဲစွာဖြင့် သယ်ဆောင်ပို့ခဲ့တော့သည်။ ရေဝေး သုဿန်တွင် အဘ ဦးသိန်းဆွေအား အအေးခန်းတွင်းသို့ ပို့ဆောင်ပြီးသည့်နောက် ကျန်ရစ်သူမိသားစုမှ အဘ ဦးသိန်းဆွေ လှူဒါန်းရန် ရည်ရွယ်ထားရှိခဲ့သော အလှူငွေ ၃၅ဝဝဝိ/- (သုံးသောင်းငါးထောင်) ကျပ် အား ရေဝေးသုဿန်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးခွဲ၌ ဝင်ရောက်လှူဒါန်းခဲ့သည်။ နာရေးကူညီမှုအ သင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူသည်လည်း မိမိကိုယ်တိုင် လူနာတင်ယာဉ်မောင်းပို့ခဲ့သော လူနာဖြစ်သူ အဘ ဦးသိန်းဆွေသည် (၂၄) နာရီမှ မပြည့်ခင် မိမိ၏ အမည်နာမကို တမ်းတ၍ လူ့လောကကြီးထဲမှ ထွက်ခွာသွားရှာသော အဘ ဦးသိန်းဆွေ အသက် (၇၅) နှစ်အတွက် မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲ ခဲ့ရလေတော့သည်။

သို့သော် . . .

ကောင်းမှုဆွေမျိုး နေ့စဉ်တိုး ကောင်းကျိုးရနိုင်သည်။

ကောင်းမှုဆွေမျိုး နေ့စဉ်တိုး အားကိုးထိုက်လှသည်။

အရိပ်ပမာ ကုသိုလ်သာ မှတ်ပါ ကိုယ့်ဥစ္စာ

ကုသိုလ်ပုည နိဗ္ဗာန်ကျ လိုက်မည်အမှန်ပါ။

(ဆရာတော်ကြီး ဦးဉာဏစက္က - ပုလဲမြို့သစ်)

သံဝေဂ သြဝါဒစကားအရ အဘ ဦးသိန်းဆွေသည် တိုင်းပြည်နဲ့လူမျိုးအပေါ်၊ မိသားစုအပေါ် တာဝန်ကျေခဲ့ ရုံတင်မက လှူဒါန်းလိုသော ကုသိုလ်စိတ်ဖြင့် အေးချမ်းစွာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခြင်းအပေါ် များစွာကျေနပ်ပီတိ ဖြစ်ခဲ့ရပါတော့သည်။

ဇော်စိုင်း (F.F.S.S)

0 ရခိုင်အရေးနှင့်ပတ်သက်၍သမ္မတကြီးဦးသိန်းစိန်နှင့် VOA အမေရိကန်အသံမြန်မာပိုင်းအစီအစဉ်တွေ့ ဆုံမေးမြန်းခဏ်းအပေါ်ဝေဖန်သုံးသပ်ချက်

ရခိုင်ပြည်ထဲသို့အလုံးအရင်းဖြင့်ဝင်ရောက်နေထိုင်သူဘင်္ဂလီတွေနှင့်ပါတ်သက်၍ရခိုင်တွေဘက်ကဘာတွေများမှားနေခဲ့လို့ လဲမေးစရာဖြစ်နေသည်။အခြားနိုင်ငံများတွင်တရားမ၀င်ခိုးဝင်လာသူတွေကိုဒေသခံတွေကအနိုင်ကျင့်
တတ်ကြသည်မှာသဘာဝတရားကြီးဖြစ်နေသည်။ (ဥပမာထိုင်း၊ မလေးရှားနိုင်ငံများရောက်မြန်မာနိုင်ငံသားများဘ၀)။

ရခိုင်ပြည်နယ်တွင်မူဤသဘာဝနှင့်ပြောင်းပြန်ဖြစ်ကာဒေသခံတွေက ၀င်လာနေသူတွေကိုကြောက်လန့် နေရသည်။
ရခိုင်အရေးနှင့်ပတ်သက်၍သမ္မတကြီးဦးသိန်းစိန်နှင့်VOAအမေရိကန်အသံမြန်မာပိုင်းအစီအစဉ်တွေ့ ဆုံမေးမြန်းခဏ်းအပေါ်ကျေနပ်အားရသူများရှိသကဲ့သို့ အားမရသူများလည်းရှိလေသည်။

ကျေနပ်အားရသူများကိုဘာကြောင့်ကျေနပ်သည်ကိုစူးစမ်းနေစရာမလိုချေ။သို့သော်သမ္မတကြီး၏ဖြေဆိုချက်များအပေါ်အားမရဖြစ်နေသူများရှိသောကြောင့်ဘာကြောင့်အားမရဖြစ်ကြသည်ကိုစစ်ဆေးကြည့်လိုပါသည်။

ရှေးဦးစွာအသိအမှတ်ပြုရမည့်အချက်မှာလက်ရှိအနေထက်ပို၍ကြီးထွားဆိုးဝါးသွားနိုင်စရာ အလွန်ရှိနေသည့် အမျိုးသား လုံခြုံရေးခြိမ်းချောက်မှုတစ်ခုအားယာယီပဲဖြစ်ဖြစ်ထိမ်းချုပ်ထားနိုင်ခြင်း(keeps under control, at least for the moment) ဖြစ်သည်။

ထို့ ပြင်သူတို့ ကိုယ်သူတို့ ရိုဟင်ဂျာဟုအမည်တပ်နေကြသူများကိုသမ္မတကြီးကိုယ်တိုင်က“ဘင်္ဂလီများ”ဟုအတိအလင်းအမည်တပ်ခေါ်ဝေါ်သွားသည်မှာလည်းသူတို့ ၏တကယ့်လူမျိုးရင်းမြစ်ကိုအမှန်အတိုင်းခေါ်ဝေါ်ရာရောက်သဖြင့်ကျေနပ်စရာကောင်းပါသည်။

သို့ သော်ပြဿနာကိုသမ္မတကြီးကလက္ခဏာချက်အကဲဖြတ်ရာတွင်“လူမျိုးရေးကြောင့်ဖြစ်တာမဟုတ်-ဘာသာရေးကြောင့်ဖြစ်တာမဟုတ်ရာဇ၀တ်မှု တစ်ခုမှအစပြု” သည်ဟုသုံးသပ်ပြသွားပါသည်။

မမှားသော်လည်းအပေါ်ယံရှပ်၍ပြောရာကျသည်ဟုခံစားမိပါသည်။အကြောင်းမှာဤရာဇ၀တ်မှုမျိုးများ ပေါက်ဖွားပေးရာလူ(ခိုး)၀င်နေမှုပြဿနာ(immigration issue) ကိုရင်းမြစ်ပြဿနာအဖြစ်ထောက်ပြမသွားပါ။
ဤသူများသည်ဒေသခံအမျိုးသမီးတွေကိုသာမကသူတို့ နှင့်မျိုးတူ၍သူတို့ ကိုယ်တိုင်ကကာကွယ်စောင့်ရှောက်ရမည့်မိန်းခလေးများကိုလည်းစော်ကားသည့်ရာဇ၀တ်မှုများကိုကျုးလွန်နေကြ ကြောင်းယခုအခါသိလာကြပြီဖြစ်သည်။

ထို့ နောက်သမ္မတကြီးကလူ့ အခွင့်အရေး၊‘လူသားအမြင်’‘ကမ္ဘာ့ရွာကြီး’ဆိုသောခေတ်ပေါ်အသုံးအနှုံးများကိုသုံးစွဲသွားသဖြင့်ထိုစကားလုံးများ၏ပူးတွဲပါအဓိပ္ပါယ်များ(connotations)သည်မြန်မာခေါင်းဆောင်ကြီးအပေါ်တစုံတရာသြဇာသက်ရောက်နေလိမ့်မည်ဟုမှန်းဆမိပါသည်။
ထို့ ကြောင့်ပင်“ရခိုင်တိုင်းရင်းသားများကိုကျနော်တို့ ကစကားဆယ်ခွန်းဆယ့်ငါးခွန်းပြောတာထက်ခင်ဗျားတို့ (ပြည်ပမီဒီယာ)ကတစ်ခွန်းပြောတာကပိုပြီးထိရောက်ပါတယ်သဘောထားတွေစိတ်ထားတွေအမြင်မှန်ရလာအောင်၊ပြောင်းလဲလာအောင်လုပ်ပေးပါ”ဟုအားကိုးသည့်လေသံဖြင့်ဗွီအိုအေ၏မေးခွန်းများကိုဖြေဆိုရင်းတဆက်တည်းမေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ပြည်ပသတင်းဌာနများကိုအားကိုးလာခြင်း၊အသုံးချရန်စိတ်ကူးလာခြင်းတို့ သည်ယခင်စစ်အစိုးရသဘောထား၊နည်းပရိယယ်များနှင့်ပြောင်းပြန်ဖြစ် သဖြင့်သဘောထားကောင်းလာသည်ဟုယူဆနိုင်မည်ဖြစ်သော်လည်း
“ရခိုင်တိုင်းရင်းသားတွေစိတ်ထားသဘောထားတွေအမြင်မှန်ရလာအောင်”ဆိုသည့်အချက်ကိုမူနားလည်ပေး၍မရနိုင်ပါ။

[စင်စစ်ရခိုင်ဘင်္ဂလီပဋိပက္ခပေါက်ကွဲထွက်မလာမီကပင်ဒေသတွင်းအခြေအနေကိုသေသေချာချာမသိဘဲလူ့ အခွင့်အရေးနှင့်ကိုင်ပေါက်နေသောပြည်ပမီဒီယာကိုတွင်ရခိုင်များသာမက၊မြန်မာတစ်နိုင်ငံလုံးကစိတ်ပျက်နေခဲ့ကြသည်။
ဥပမာဘီဘီစီအင်နာဂျုံးကိစ္စ)။လက်တွေ့ တွင်ပြည်ပမီဒီယာ၏သြဇာကိုပြည်တွင်းမီဒီယာကတဖြည်းဖြည်းဖယ်ရှားလာနေပြီဖြစ်သည်။]

ရခိုင်ပြည်ထဲသို့အလုံးအရင်းဖြင့်ဝင်ရောက်နေထိုင်သူဘင်္ဂလီတွေနှင့်ပါတ်သက်၍ရခိုင်တွေဘက်ကဘာတွေများမှားနေခဲ့လို့ လဲမေးစရာဖြစ်နေသည်။အခြားနိုင်ငံများတွင်တရားမ၀င်ခိုးဝင်လာသူတွေကိုဒေသခံတွေကအနိုင်ကျင့်
တတ်ကြသည်မှာသဘာဝတရားကြီးဖြစ်နေသည်။ (ဥပမာထိုင်း၊ မလေးရှားနိုင်ငံများရောက်မြန်မာနိုင်ငံသားများဘ၀)။

ရခိုင်ပြည်နယ်တွင်မူဤသဘာဝနှင့်ပြောင်းပြန်ဖြစ်ကာဒေသခံတွေက ၀င်လာနေသူတွေကိုကြောက်လန့် နေရသည်။

ရခိုင်တွေသည်သူတို့ နှင့်အတူယှဉ်တွဲရောနှောနေထိုင်ခဲ့ဘူးသည်။သူတို့ ဆီကဈေးဝယ်စားသည်။သူတို့ ကို ငှားရမ်းခိုင်းစေခြင်းအားဖြင့်အလုပ်အကိုင်ပေးသည်။ပြဿနာဖြစ်အောင်ရန်စလိုက်တာရခိုင်တွေဘက်ကမဟုတ်။ ယခုသတ်ကြ၊ သေကြတော့လည်း၊သူသတ်-ကိုယ်သတ်-သူသေ-ကိုယ်လည်းသေ-တန်းတူရည်တူ ပဲဖြစ်သည်။ တဘက်သတ်ကြီးမဟုတ်။

ယခုသမ္မတကြီးကရခိုင်တွေအမြင်မှန်ရလာအောင်ဖြောင့်ဖျနားချပေးရန်ဗွီအိုအေသတင်းဌာနကိုမေတ္တာရပ်ခံနေသောအခါရခိုင်များသည်ရိုဟင်ဂျာအရေးလိမ်ညာဝါဒဖြန်လှုံ့ ဆော်နေကြသလိုပြသနာ၏လက်သည် တရားခံဖြစ်နေကြသည့် သဘောသက်ရောက်နေသည်။

မည်သို့ ဖြစ်စေသမ္မတကြီးကပင်ဘင်္ဂလီပြဿနာကိုဒုက္ခသည်များအဖြစ်သတ်မှတ်မည်။တခြားနိုင်ငံပို့ မည်ဟုသမ္မတကြီးကကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးအန်တိုနီယိုဂူတားရက်စ်(AntonioGuterres)ကိုပြောလိုက်သောအခါရခိုင်ပြည်သူတွေသမ္မတကြီးကိုချီးကျူးကြ၊ နေအိမ်များရှေ့ တွင်ပြည်ထောင်စုအလံတွေထူကြဖြင့်-တကယ်လုပ်ပြနိုင်တာ
မပြနိုင်တာထား၊သဘောထားပြတ်ပြတ်သားသားရှိသော သမ္မတကြီးအစိုးရကို ထောက်ခံကြလေသည်။

သို့ ရာတွင်သမ္မတကြီးအစိုးရသည်ပြဿနာပိုကြီးထွားကျယ်ပြန့် မလာအောင်ထိမ်းချုပ်နိုင်သည့်တိုင်အခြားရေရှည်ပြဿနာများကိုကားဆက်လက်၍ရင်ဆိုင်သွားရဦးမည်ဖြစ်သည်။
၎င်းတို့ မှာ-

ပြည်ပကတောင်းဆိုနေသောသီးခြားလွပ်လပ်သောစုံစမ်းရေးအဖွဲ့ ခွင့်ပြုပေးရေးကိစ္စ-

ဒေသခံရခိုင်များကစီးပွားရေးအရမဆက်ဆံတော့သဖြင့်ဘင်္ဂလီများအတွက်အစာရေစာလုံလောက်အောင်ရရှိရေးကိစ္စ
အခြေခံပညာကင်းမဲ့နေသူများဖြစ်၍ပညာသင်ကြားပေးရမည့်ကိစ္စ

-မယားအများယူ၊အကန့် အသတ်မရှိခလေးမွေးနေသောလူအုပ်ကြီး၏လူဦးရေ တိုးနှုံးပေါက်ကွဲနေမှုအားလူ့ အခွင့်အရေးမထိခိုက်စေဘဲထိမ်းချုပ်ရမည့်ကိစ္စ -

ဗွီအိုအေကသီးခြားလွပ်လပ်သောစုံစမ်းရေးကော်မရှင်ကိစ္စကိုမေးမြန်းခဲ့သည်။ပြည်ပ(ကုလသမဂ္ဂ၊အီးယူစသောခေါင်းစဉ်များအောက်မှာမူဆလင်နိုင်ငံတွေကလူတွေပါလာမည့်)အဖွဲ့ မျိုးကိုဆိုလိုဟန်တူသည်။ယခုအခါအစိုးရကပြည်တွင်းမှ
ပုဂ္ဂိုလ် (၂၇) ဦးဖြင့်စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပေးလိုက်သည်။ ရလဒ်ကိုသုံးလအတွင်းတင်ပြကြမည်ဟူ၍သိရသည်။

သုံးလဟူသောအချိန်သည်ယခုကိစ္စအတွက်ရှည်လွန်းပါသည်။ထို့ ပြင်မည်မျှသမာသမတ်ကျသောပုဂ္ဂိုလ်များဖြင့်ဖွဲ့ စည်းသည်ဖြစ်စေ စုံစမ်းရေးကော်မရှင်သည်“ပြည်တွင်းဖြစ်” ဖြစ်နေသည်။

ဤကော်မရှင်ဖွဲ့ ပေးရေးကိုတောင်းဆိုသည်မှာပြည်ပကဖြစ်သည်။ပြည်တွင်းကမဟုတ်။ပြည်တွင်းကလူတွေကပြဿနာ၏ရင်းမြစ်ကိုသိပြီးသားဖြစ်သည်။တောင်းဆိုချက်ကိုလိုက်လျှောသောဘက်(အစိုးရ)၏ရည်ရွယ်ချက်မှာအစိုးရအပေါ်'သံသယမရှိအောင်’ဖွဲ့ ပေးခြင်းဖြစ်သည်။ထို့ ကြောင့်အဖြစ်မှန်အချက်အလက်မှန်များကိုဖေါ်ထုတ်ရန်သည်ဒုတိယကိစ္စသာဖြစ်သည်။အမှန်တရား ထက်မကျေမနပ်ဖြစ်နေသူများကျေနပ်အောင်လုပ်ဘို့ ကအဓိကဖြစ်သည်။
သံသယရှိနေသမျှဘယ်လောက်ကောင်းအောင်လုပ်ပြစေကာမူကျေနပ်ကြလိမ့်မည်မဟုတ်။

ယခုထိုင်းနှင့်ဂျပန်အခြေစိုက်“ရိုဟင်ဂျာ”အရေးလုပ်နေသူတွေကမြန်မာအစိုးရခန့် ပြည်တွင်းဖြစ်စုံစမ်းရေးကော်မရှင်ကို discredit လုပ်ရန်အဓိကရထိုင်းတက္ကသိုလ်တစ်ခုကိုအသုံးချ၍နိုင်ငံတကာဆွေးနွေးပွဲတစ်ခုလုပ်မည်ဟုသိရသည်။
ထိုင်းအခြေစိုက်နိုင်ငံတကာမီဒီယာကိုပါအသုံးချ၍လူသားများအရေး(humanitarianaspects)ကိုအသားပေးကာထိုးနှက်လာပေတော့မည်။

ကျိမ်းသေတားဆီး၍မရဖြစ်မည့်အချက်မှာပြဿနာသည်ပြီးဆုံးဘို့ အဝေးကြီးလိုသေးကြောင်းဖြင့်အခုမှအစဖြစ်ကြောင်းဖြင့် လူသိများလာအောင် publicity လုပ်မည့်အချက်ဖြစ်သည်။

ကမ္ဘောဒီးယားကအလှည့်ကျဥက္ကဌအဖြစ်ဆောင်ရွက်နေသောASEANအဖွဲ့ က“ရိုဟင်ဂျာ”ကိစ္စဆွေးနွေးရန်ခေါင်းစဉ်တင်သည်ကိုမြန်မာကပြည်တွင်းရေး အကြောင်းပြချက်ဖြင့်ပယ်ချခဲ့သည်ဟုသိရသည်။ စင်စစ်အိုအိုင်စီ (OIC)၏ ကိုယ်စားလှယ်အဖြစ်တူရကီကလာကြည့်တာ၊ နောက်ထပ်လည်းအင်ဒိုနီးရှားဒုသမ္မတဟောင်း)ကြက်ခြေနီဥက္ကဌလာကြည့်မှာတွေကိုပင်ခွင့်ပြုနိုင်လျှင်ASEAN initiative ကိုလက်မခံနိုင်စရာမရှိ။

မိမိတို့ ကစတင်ဖိတ်ခေါ်မှုပြုလျှင်ပြည်တွင်းရေးဝင်မစွက်ရေးမူကိုမထိခိုက်နိုင်။

နှစ်ဘက်ပဋိပက္ခ၏နောက်ပိုင်းကာလတွင်စခန်းရောက်ဘင်္ဂလီငါးသောင်းကျော်အားစားနပ်ရိက္ခာထောက်ပံ့ထားရေးနှင့်ကျမ္မာရေးစောင့်ရှောက်မှုတာဝန်များသည်အစိုးရ၏ခေါင်းပေါ်ကျနေသည်။အကယ်၍စုံစမ်းရေးကော်မရှင်ကိစ္စအဖုအထစ်ဖြစ်နေလျှင်ထိုဘင်္ဂလီဒုက္ခသည်များအားကာလအကန့် အသတ်မရှိစားနပ်ရိက္ခာထောက်ပံ့ရေးဆေးဝါးနှင့်ကျမ္မာရေးများ အတွက်ပြည်ပမှထောက်ပံ့ရေးအကူအညီများရရှိရေးကိစ္စအပေါ်သက်ရောက်မှုများရှိလာနိုင်သည်။

စားနပ်ရိက္ခာနှင့်ကျမ္မာရေးသည်လူသားချင်းစာနာရေးဖြစ်နေသဖြင့်ချက်ချင်းကူညီရမည်သာ။သို့ သော်သမ္မတကြီးအလေးထား၍ပြောသွားသည်များအနက်သူတို့ အားပညာသင်ပေးရေးကိစ္စလည်းပါဝင်နေသည်။

ပညာသင်ကြားရေးသည်နိုင်ငံသားများရပိုင်ခွင့်များ၏တစ်ခုဖြစ်နေသည်။သူတို့ ကိုဤအခွင့်အရေးမပေးသင့်ဟုမပြောလို။သို့ သော်ပေးမည်ဆိုလျှင်သူတို့ ၏အဆင့်အတန်း(status)ဘာဖြစ်သည်ဆိုတာကိုတိတိကျကျကမ္ဘာသိ အလျင် သတ်မှတ်သင့်သည်။

ဤသို့ မသတ်မှတ်သေးဘဲအဆင့်ကျော်၍မဆိုနိုင်ငံသားများသာရနိုင်သည့်ပညာရေးဝန်ဆောင်မှုများကိုမြန်မာအစိုးရကသူတို့ အားပေးခဲ့လျှင်နောင်တစ်ချိန်တွင်ဤအချက်ကိုထောက်၍ဒီလူတွေဟာဒီနိုင်ငံသားတွေဖြစ်နေလို့ နိုင်ငံသား အခွင့်အရေးတွေပေးခဲ့တာပေါ့ဟုထောက်ပြလာနိုင်သည်။

ထို့ ကြောင့်သူတို့ ကိုပညာသင်ရေးမစမီသူတို့ တစ်ဦးချင်းစီ၏အဆင့်အတန်း(status)သည်ဘာလဲ၊တရားမ၀င်ရောက်လာသူလား(illegalmigrant) နိုင်ငံသားလောင်း(potentialcitizens)တွေလားကွဲကွဲပြားပြားအလျင်သတ်မှတ်ရှိထားသင့်ပါသည်။ တရားမ၀င်ခိုးဝင်လာကြောင်းထင်ရှားသူများကိုဘယ်လောက်ကြာကြာနေပြီးဖြစ်ပါစေပညာသင်ပေးစရာမလိုImmigration Detention Campsသို့ ပို့ မြန်မာနိုင်ငံ၏ဥပဒေအတိုင်းပြတ်ပြတ်သားသားဆက်လက်ဆောင်ရွက်သွားရန်သာရှိသည်။

ထို့ ကြောင့်ပညာသင်ကြားမှုမစတင်ခင်လူအရင်စစ်ထုတ်ပစ်ရေးလုပ်ရပါမည်။နိုင်ငံသားအဖြစ်လက်ခံနိုင်မည့်သူများကိုရခိုင်မှသည်ပြည်ထောင်စု၏ဒေသအသီးသီးသို့ ရွှေ့ပြောင်းပေးခြင်းဖြင့်လူစုခွဲသင့်သည်။သို့မှသာ လက်တွေ့ ပညာသင်ပေးဘို့ 
လွယ်ကူလိမ့်မည်။ နိုင်ငံတကာလုပ်ထုံးလုပ်နည်းအတိုင်းလည်းဖြစ်ပါသည်။

အမေရိကန်၊ကနေဒါ၊သြစတျေးလျစသောmajoracceptingcountriesများတွင်ဝင်ခွင့်ရသူများကိုတိုင်းပြည်၏နေရာအနှံ့ အပြားတွင်ဖြန့် ၍ နေရာချထားသည်။ တနေရာတည်းစုမထား။ဤသို့ နေရာချ ထားပေးပြီးမှ English as a Second Language (ESL)ကိုသင်ကြားပေးသည်။

ထို့ ကြောင့်စားနပ်ရိက္ခာနှင့်ဆေးဝါးကျမ္မာရေးကိစ္စများအတွက်ပြောစရာမရှိသော်လည်းပညာသင်ကြားရေးကိစ္စကိုရှုဒေါင့်စုံမှအသေအချာတွက်ချက်ပြီးမှ စီစဉ်သင့်ပါသည်။

ဤသို့ မဟုတ်ဘဲသူတို့ အားလုံးကိုသိုးနှင့်ဆိပ်မခွဲခြားဘဲပညာသင်ကြားရေးစတင်မည်ဆိုပါကလက်တွေ့ သဘောအရနိုင်ငံသား (de facto citizenship)အဖြစ်သတ်မှတ်ထားရာ
ရောက်သွားနိုင်သည်ဟုသြစတျေးလျအခြေစိုက်မြန်မာပညာရှင်တစ်ဦးကထင်မြင်ချက်ပေးသည်။

ဘာဘဲဖြစ်ဖြစ်ဒီလူတွေပညာသင်ခွင့်ဆုံးဆုံးရှုံးနေလို့ ဒီလောက်စရိုက်ကြမ်းတမ်းနေတာ၊ဒေသခံများကိုအန္တရယ်ပြုနေတာဖြစ်သည်။ထို့ ကြောင့်သူတို့ ကိုအခြေခံပညာတော့သင်ပေးသင့်သည်ဟုယူဆလျှင်လည်းလူရှစ်သိန်းအနက်ဘယ်သူတွေကိုရွေးချယ်သင်ပေးမလဲ၊ဘာပညာတွေသင်ပေးမလဲဆိုသည့်မေးခွန်းတွေဆက်၍ပေါ်ထွက်လာလိမ့်ဦးမည်။

သမ္မတကြီးကြေငြာထားပြီးသားအချက်ဖြစ်သည့် ၁၉၄၈ ခုနှစ်မတိုင်မီကရောက်နှင့်နေ သူများ၏မြေးမျိုးဆက် ကိုလက်ခံမည်ဆိုသည့်အချက်အရလူအနည်းဆုံး ၂သိန်းလောက် ကိုမြန်မာဘာသာပြော-ဖတ်-ရေး(အသုံးလုံး) တတ်မြောက်စေရန်ပင်အနည်းဆုံးတနှစ်အချိန်ပြည့်အားသွန် ခွန်စိုက်(intensive education) သင်ပေး/သင်ယူကြမှဖြစ်မည်။

ထို့ ကြောင့်ဒေါ်လာတွေသန်းချီ၍ကုန်မည့်ဤအစီအစဉ်ကိုကုလသမဂ္ဂ(UNESCO?)လိုနေရာမှအကူအညီမပါပဲကိုယ့်အင်အားဖြင့်ကိုယ်လုပ်နိုင်ပါ့မလား-စဉ်းစားရပေမည်။ တတ်နိုင်၍အကုန်အကျခံလျှင်ကောနိုင်ငံသားများအတွက်ဖြစ်ရမည့်ဘဏ္ဍာများထဲမှဖဲ့ပေးရာကျမနေပေဘူးလားမေးရမည်ဖြစ်သည်။

ကျောင်းနေရမည့်အရွယ်များ(၅ နှစ်မှအထက်)ကိုမူလတန်းပညာရေးသင်ပေး၍ဖြစ်နိုင်သည်။ဒါတောင်ရခိုင်ကျောင်းတွေကိုသူတို ကသွားတက်မှာမဟုတ်သလို ရခိုင်တွေကလည်းလက်ခံချင်မှာမဟုတ်။

နောက်ထပ်လက်တွေ့ ပြဿနာများရှိသေးသည်။သူတို့ကိုအနှစ်နှစ်အလလစာသင်ပေးခဲ့သူကျောင်းဆရာကိုပင်သတ်ဖြတ်ခဲ့သူများကိုဘယ်ရခိုင်ဘယ်ဗမာကနောက်ထပ်သူတို့ အကြားသွား၍စာသင်ချင်မည်နည်း။

ဒုတိယလက်တွေ့ ပြဿနာမှာမိန်းခလေးများကိုစာသင်ရေးဖြစ်သည်။ခေတ်နောက်ကျမူဆလင်များသည်အမျိုးသမီးများပညာသင်ခြင်းကိုအပြင်းအထန်ဆန့် ကျင်ကြသည်။ အာဖဂန်နစ္စတန်တွင်မိန်းခလေးစာသင်ကျောင်းများကို
ရက်ရက်စက်စက်ဖေါက်ခွဲ၊ပစ်ခတ်တိုက်ခိုက်နေတာမျက်မြင်ဖြစ်သည်။ ဤကျောင်းများသည်အမျိုးဘာသာတူအမျိုးသမီးဆရာမများကသင်ပေးသောမိန်းခလေးသီးသန့် ကျောင်းများဖြစ်သည်။ရခိုင်တွင်ဘင်္ဂလီခေါ်တောများ၏ဇနီးများ၊နှစ်မများ၊သမီးများကိုလူမျိုးဘာသာမတူသူအမျိုးသားများကမြန်မာဘာသာစာ
သင်ပေးရေးသည်မြွေတွင်းထဲလက်နှိုက်ရတာလောက်အန္တရယ်ကြီးပေလိမ့်မည်။
ထို့ ကြောင့်သူတို့ ကိုပညာသင်ပေးမှဖြစ်မည်ဆိုလျှင်ပြည်တွင်းနေမြန်မာမူဆလင်ကွန်မြူနီတီ
ကိုအကူအညီတောင်းသင့်သည်။

အကယ်၍ဤအလုပ်ကိုအစိုးရကကိုယ်တိုင်မလုပ်၊ပြည်တွင်းမြန်မာမူဆလင်ကွန်မြူနီတီကိုလည်းမသုံးချင်၍INGO များထံလွှဲပေးမည်ဆိုလျှင်၎င်းတို့ ကမြန်မာနိုင်ငံ၏အမျိုးသားအကျိုးစီးပွား(national interest)နှင့်ဆန့် ကျင်မည့်သင်ကြားမှုမျိုးများမလုပ်ကြဟုမပြောနိုင်ပါ။

နောက်ဆုံးဆွေးနွေးစရာအချက်မှာဘင်္ဂလီလူဦးရေအဆမတန်တိုးနေတာကိုထိမ်းချုပ်ရေးဖြစ်သည်။ဘင်္ဂလီများအတွင်းလူဦးရေပေါက်ကွဲမှုကိုသမတကြီးကထုတ်ဖေါ်ပြောဆိုသွားသော်လည်းမည်သို့ ဖြေရှင်းမည်ကိုပြောမသွားပါ။
မေးသူကမမေးလို့ လည်းဖြစ်နိုင်ပါသည်။

ဘင်္ဂလီတို့၏လူဦးရေတိုးနှုန်းသည်တနိုင်ငံလုံး၏လူဦးရေတိုးနှုန်းထက်မကျော်လွန်သင့်ပါ။(တနိုင်ငံလုံးပျှမ်းမျှ တိုးနှုန်းသည် ၂.၂ % ဟုထင် ပါသည်)။ ထို့ ကြောင့်လူဦးရေများသောမိသားစုများတွင်ကာယကံရှင်များကမိမိတို့ အသိဖြင့်မကန့် သတ်လျှင်အစိုးရကဖြစ်သည့်နည်းဖြင့်ကန့် သတ်ပေးဘို့ ဖြစ်သည်။ (Eugenic/ forced neutering)

ဘင်္ဂလီများမြန်မာနိုင်ငံထဲစိမ့်ဝင်လာခြင်းသည်တစ်ဘက်နိုင်ငံမှလူဦးရေ ပေါက်ကွဲမှု၏အကျိုးဆက်ဖြစ်ရာမြန်မာနိုင်ငံထည်းတွင်ဆက်လက်ပေါက်ကွဲမှုအဖြစ်မခံနိုင်ပါ။ အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်မှု (national security threat) ဆိုနေသည်မှာ ဤအချက်ကိုဆိုလိုပါသည်။ ဤသို့ ကိုင်တွယ်ရာ၌လူ့ အခွင့်အရေးစံတစ်ခုခုနှင့် ငြိ
ဖွယ်ရှိကောင်းရှိမည်။ အတတ်နိုင်ဆုံးတော့ကြိုးစား၍လိုက်နာသင့်ပါသည်။

သို့သော်မလွှဲမရှောင်သာသောအခြေအနေတွင်အမျိုးသားအကျိုးစီးပွားကိုဦးစားပေးရလိမ့်မည်။သူတော်စင်များအဖို့ သီလစင်ကြယ်ဖို့ကအဓိကဖြစ်ချင်ဖြစ်မည်၊
နိုင်ငံကိုခေါင်းဆောင်နေသူများကတော့မိမိတို့ တာဝန်ကြေပွန်ရမည်။
(Saints can be pure but statesmen must be responsible.)

ရခိုင်အရေးသည်မြန်မာအစိုးရသစ်၏နိုင်ငံရေးခွန်အား(politicalstrength)ကိုပြည်တွင်းပြည်ပမျက်နှာစာနှစ်ခုစလုံးမှာစာမေးပွဲစစ်လိုသလိုဖြစ်ခဲ့သည်။ ဦးသိန်းစိန်အစိုးရခေါင်းဆောင်သောဒီမိုကရေစီမြန်မာနိုင်ငံတော်သစ်သည် ပထမကမ္ဘာစစ်အပြီးစစ်ရှုံးဂျာမဏီတွင်ပေါ်ပေါက်ခဲ့သောဝေမာသမတနိုင်ငံ(Weimer Republic, 1919-1933) ရင်ဆိုင်ခဲ့ရသောအခြေအနေမျိုးနှင့်ဆင် ဆင်တူသောအနေအထားမျိုးနှင့်ရင်ဆိုင်နေရသည်ဟုဆိုချင်ပါသည်။

ဂျာမန်ဝေမာသမ္မတနိုင်ငံ၏ခေါင်းဆောင်များသည်အရည်အချင်းအထိုက်အလျှောက်ရှိကြသူများဖြစ်ကြသည်။တိုင်းပြည်အပေါ်စေတနာမှန်၍ဂျာမန်ပြည်သူများ၏ အခွင့်အရေးများကိုအစွမ်းကုန်အကောင်အထည်ဖေါ်ပေးရန်စိတ်ပိုင်းဖြတ်မှု (commitment) ရှိခဲ့ကြသည်။

သို့သော်စစ်ရှုံးဂျာမဏီ၏နိုင်ငံတကာသို့ ပြုရမည်ဝတ္တရားများ(internationalobligations)များကမချိမဆန့် ကြီးမားခဲ့သည်။ အထူးသဖြင့်ဗာဆိုင်းစာချုပ်ရေစစ်နိုင်သူများသို့ ပေးဆပ်ရမည်စစ်လျှော်ကြေးများကအလွန်တရာလေးလံလှပြီးပြည်တွင်းတွင်လည်းဝဲယာအစွန်းရောက်နိုင်ငံရေးအင်အားစုများကလည်းမဖြစ်နိုင်သောတောင်းဆိုချက်များကြွေးကျော်သံများဖြင့်အစိုးရကိုဘေး ကြပ်နံကြပ်ဖြစ်အောင်လုပ်ခဲ့ကြသည်။ ရလာဒ်မှာအပြောအဟောကောင်းသောအစွန်းရောက် အမျိုးသားရေးဝါဒီဟစ်တလာနောက်သို့ လူထုကစုပြုံလိုက်သွားကြခြင်းဖြစ်သည်။

စစ်အာဏာရှင်နောက်ခံရှိနေသောမြန်မာအုပ်စိုးသူများ၏နိုင်ငံတကာသို့ တင်ရှိနေသောဝတ္တရားမှာဝေမာသမတနိုင်ငံလိုနိုင်ငံခြားကြွေးမြီများတော့မဟုတ်။ မိမိ၏အတိတ်အာဏာရှင်စနစ်အရိပ်မည်းကြီးကြောင့်အလွန်မယုံသင်္ကာဖြစ်နေသောနိုင်ငံတကာမိသားစုကြီးက
ယုံကြည်လာအောင်လူ့ အခွင့်အရေးများကိုအထူးပိုပိုသာသာလေးစားလိုက်နာပြရခြင်းဖြစ်သည်။
ရခိုင်ဘင်္ဂလီပဋိပက္ခတွင်နိုင်ငံတကာ၏ယုံကြည်မှုရအောင်တန်ဘိုးပေးခဲ့ရသည်များရှိသည်ဟုဤသုံးသပ်ချက်ပြုသူကယုံကြည်ပါသည်။သို့ သော်ဤပေးဆပ်မှုကြောင့်ပင်ဤပြဿနာတွင်လူမျိုးသန့် စင်ရေး (ethnic cleansing) မပါရှိပါဟူသောဝါရှင်တန်၏ထောက်ခံချက်ကိုရနိုင်ခဲ့ခြင်းဖြစ်သည်။

Jihad ဖြင့်ချိမ်းချောက်မှုလည်း(လောလောဆယ်တော့) ဆက်လက်၍ အသံမမြည်ဘဲရပ်သွားစေသည်။
ထို့ ကြောင့် So far, so good ဟုမှတ်ချက်ပြု ခြင်းဖြစ်ပါသည်။

သို့ ရာတွင်အာဏာရှင်စနစ်ကြီးကြောင့်အမျိုးသားညီညွတ်ရေးမပြိုကွဲယုံတမယ်ယိုယွင်းနေပြီးလက်နက်ကိုင်အင်အားစုများသည် ကိုယ့်နယ်နှင့်ကိုယ်ဗဟိုအစိုးရနှင့်စင်ပြိုင်ရှိနေကြတုံးဖြစ်သည်။
နှစ်ရှည်စီးပွားရေးပိတ်ဆို့မှုဒဏ်ခံခဲ့ရသောကြောင့်လည်းတိုင်းပြည်လူထုသည်မွဲပြာကျနေသည်။ တဘက်တွင်မြေမရှိသောဘင်္ဂလီများကမြန်မာပြည်ထည်းစိမ့်ဝင်နေသကဲ့သို့ အခြားတဘက်တွင်အလုပ်လက်မဲ့မြန်မာနိုင်ငံသားများကတိုင်းပြည်ကိုစွန့် ခွာ၍အလုပ်အကိုင်ရှိရာများသို့ ထွက် ခွာသွားနေကြသည်။

သမ္မတကြီးဦးသိန်းစိန်အစိုးရသည်ဤကျဆင်းလာနေသောနိုင်ငံတော်(Failing state) ကို အချိန်မှီရုံလေးလွှဲပြောင်းယူရခြင်းဖြစ်သည်။ ဤချိနဲ့ မှုသည်လျှို့ ဝှက်ချက် မဟုတ်ပဲလူတိုင်းမြင်နိုင်သဖြင့် “ရိုဟင်ဂျာသမ္မတနိုင်ငံ”ထူထောင်လိုသူများကအခွင့်ကောင်းယူ တာဖြစ်သည်။ ထို့ ကြောင့်ကျောက်နီမော်ကိစ္စပေါ်သည်ဖြစ်စေမပေါ်သည်ဖြစ်စေတနည်းနည်းဖြင့်လုပ်ကြံလာလိမ့်မည်ဟုရခိုင်အရေးတွင်‘အကြောင်းသိသူ’တိုင်းကပြောခဲ့ကြသည်။

ထို့ ကြောင့်ဗွီအိုအေနှင့်အင်တာဗျူးတွင်သမ္မတကြီးက“အခုလိုဒီမိုကရေစီပန်းတိုင်ကိုချီတက်နေတဲ့ခရီးမှာ“မမျှော်လင့်ဘဲ”ကြုံတွေ့ လာတဲ့အခက်အခဲတစ်ခု” ဟုသရုပ်ဖေါ်ပြောဆိုခြင်းသည်နားထောင်ရသူတွေစိတ်အေးအောင်တမင်လျှော့
ပေါ့၍ပြောခဲ့သည်ဟုသာဆိုချင်ပါသည်။

ထို့ ကြောင့်ဤ“ရိုဟင်ဂျာပြဿနာ”ကိုအချိနှ်မှီအပြီးသပ်မဖြေရှင်းနိုင်လျှင်တစ်ချိန်ချိန်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိပ်တိုက်တွေ့ ရဘို့ ဖြစ်လာနိုင်သည်။ အဘယ့်ကြောင့်ဆိုသော်ရိုဟင်ဂျာဆိုသည်မှာဘင်္ဂလီတွေဘဲဆိုတာသက်သေ
ပြစရာမလိုအောင်ရှင်းနေသောကြောင့်ဖြစ်သည်။

သို့သော်သူ့တိုင်းပြည်ကလူသုံးသိန်းကိုမြန်မာနိုင်ငံကလူတွေအဖြစ်လက်ခံဘို့ တောင်းဆိုနေသည်။ထိုလူတွေကို အစာရေစာပြတ်စေလျှက်မြန်မာပြည်ထဲပြန်သွားအောင်ဖိအားပေးနေသည်။

ဘင်္ဂလီများသည်မြန်မာနိုင်ငံထဲသို့သာမကအိန္ဒိယ(အာသံပြည်နယ်)ထဲသို့လည်း။အိန္ဒိယသည်အင်အားကြီးနိုင်ငံဖြစ်သဖြင့်သူကြိုက်သည့်နည်းဖြင့်အရေးယူနေနိုင်((Intrudersareshotdead) သော်လည်း မြန်မာကအိန္ဒိယကိုတုပနိုင်သည့်အခြေအနေမရှိပေ။

မကြာသေးမီကပင်ဘင်္ဂလားဒေ့ရှ်အစိုးရအသိုင်းအ၀ိုင်း၌မြန်မာနှင့်ရေပြင်ပိုင်နက်အငြင်းပွားမှု၌အပြည်ပြည်ဆိုင်ရာခုံရုံးဆုံးဖြတ်ချက်သည်သူတို့ဘက်ကိုအသာစီးပေးသည်ဟု ယူဆကာဒါကာတွင်အောင်ပွဲခံ အခမ်းအနားကလေးတစ်ခုကျင်းပခဲ့သည်။
သူ့နိုင်ငံတွင်းရှိရိုဟင်ဂျာအမည်ခံသုံးသိန်းကိုမြန်မာကလက်ခံပေးရန်တောင်းဆိုထားခြင်းကိုကြည့်လျှင်မြန်မာနှင့်ဆက်ဆံရာတွင်ပြော့ပြောင်းလိမ့်မည်ဟုမမျှော်လင့်နိုင်။ အကယ်၍မြန်မာနှင့်ဆက်ဆံရေးသိသိသာသာတင်းမာလာလျှင် မူဆလင်ကမ္ဘာကဘင်္ဂလားဒေ့ရှ်ဘက်ကအခိုင်အမာရပ်တည်ကူညီကြလိမ့်မည်ကိုသံသယရှိစရာမလို။

ထို့ ကြောင့် “ရိုဟင်ဂျာ” အရေးသည်အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်မှုဟုဆိုရခြင်းဖြစ်သည်။ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသောကိစ္စတစ်ခုသည်ပြည်တွင်းရေးသက်သက်မဟုတ်ပေ။
သမ္မတကြီးပြောနေသောကမ္ဘာ့ရွာကြီးခေတ်တွင်နိုင်ငံတိုင်းသည်လူဝင်မှုပြဿနာ၊မူးယစ်ဆေးဝါးပြဿနာ၊AIDS ပြဿနာ၊အကြမ်းဖက်ဝါဒနှင့်ဆိုက်ဘာရာဇ၀တ်မှု(Illegal migration, narcotics, AIDS, terrorism, Cybercrime) စသည့်ပြဿနာများကိုပြည်တွင်းရေးဟုသတ်မှတ်ကာနိုင်ငံတကာနှင့်-အထူးသဖြင့်အိမ်နီးနားချင်းနိုင်ငံများနှင့်-ပူးပေါင်းဆောင်ရွက်ရန်မငြင်းဆန်ကြတော့ပေ။ပြောင်းပြန်အားဖြင့်ပူးပေါင်းဆောင်ရွက်မှုရရန်ကိုပင်တောင်းဆိုနေကြပြီဖြစ်သည်။

အကယ်၍သမ္မတကြီးအစိုးရသတ်မှတ်သလို“ရိုဟင်ဂျာ”အရေးသည်ပြည်တွင်းရေးကိစ္စသက်သက်ဖြစ်လျှင်ယခုသူတို့ ကိုယ်သူတို့ “ရိုဟင်ဂျာ”အမည်တပ်နေသူများအားတိုင်းရင်းသားများဖြစ်သည်ဟုသွယ်ဝိုက်၍အတည်ပြုပေးနေသလိုဖြစ်နေလိမ့်မည်။
သမတကြီးကသူတို့ ကိုဘင်္ဂလီများ (ဘင်္ဂလားဒေ့ရှ်မှလာသောနိုင်ငံခြားသားများ)ဟုခေါ်နေပြီးသူတို့ဖန်တီးသောပြဿနာကိုတော့“ပြည်တွင်းရေး”ဟုသတ်မှတ်နေလျှင်ရှေ့နောက်ညီညွတ်မှုရှိမည်မဟုတ်ပါ။ (inconsistent)

အခြားတဘက်တွင်လည်းပြည်တွင်းရေးဖြစ်သည်ဟုသတ်မှတ်ထားသည့်ကိစ္စတစ်ခုကိုအမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဟုထပ်၍ခေါင်းစဉ်တပ်ရခက်ပေလိမ့်မည်။အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခြင်းမဟုတ်သော(ဟုတ်/မဟုတ်မသေချာသော) ကိစ္စတစ်ခုအားဖြင့်နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်သော ထောက်ခံမှုရနိုင်ရန်ခက်ခဲနေလိမ့်မည်။

အထူးသဖြင့်မြန်မာမူဆလင်များ၏သစ္စာရှိ၍လှိုက်လှဲသောထောက်ခံမှု(sincere and resolute support) ကိုရယူရန်ခက်ပေလိမ့်မည်။

ထို့ ကြောင့်ဤပြဿနာတွင်ပြည်တွင်းရေးဖြစ်သည်ဟူသောရပ်တည်ချက်သည်မိမိကိုယ်ကိုမိမိပြန်ချေမှုန်းသောရပ်တည်ချက် (a self-defeating attitude) ဖြစ်နေသည်။

ပြောရလျှင်ကမ္ဘာရွာကြီးခေတ်မှာပြည်တွင်းရေးဆင်ခြေသည်နေရာအတော်များများတွင်အကျိုးထက်အပြစ်ကပိုများကာသုံးမ၀င်တော့သလောက်နီးနီး (almost irrelevant) ဖြစ်နေပြီ။
ထို့ ကြောင့်၎င်းအစားကိုယ့်စီရင်ပိုင်ခွင့်(ourjurisdiction)ဆိုတာလောက်ပဲပြောလာကြသည်။မြန်မာနိုင်ငံအဖို့ လည်း၁၉၈၉ခုနှစ်ကစတင်၍ပြောင်းလဲချမှတ်ခဲ့သောopendoorပေါ်လစီကိုစီးပွားရေးမျက်နှာစာတစ်ခုတည်းအတွက်ကန့်သတ်ထား၍မရနိုင်ပါ။

မြန်မာနိုင်ငံသည်လွန်ခဲ့သောနှစ်ပေါင်း ၅၀ (၁၉၆၂၂၀၁၂)အတွင်းပထမ၂၆ နှစ်သည်မိမိဖာသာအထီးကျန်လမ်းကြောင်း (selfisolation) လျှောက်လှမ်းခဲ့၍နောက်၂၄ နှစ်မှာအနောက်တိုင်းဆန်ရှင်ပိတ်ဆို့ ရေးအောက်မှာနေခဲ့ရကာအားကိုးရလောက်သည့်အင်အားကြီးနိုင်ငံတစ်ခုခုနှင့်မဟာမိတ်ပြုထားသောလုံခြုံရေးစာချုပ်(Security Pact) တစ်ခုခုမရှိခဲ့
လွတ်လပ်၍တက်ကြွသောနိုင်ငံခြားရေးဝါဒကိုကျင့်သုံးနေသည်ဟူသောအမျိုးသားရေးမာန(national pride) ကလည်းဤအထီးကျန်ဖြစ်မှုကိုဖုံးကွယ်ပေးထားခဲ့သည်။သို့ သော်ထိုကာလများအတွင်းနိုင်ငံတကာမီဒီယာကမြန်မာနိုင်ငံကို
(Pariah state) ဟုသာအမှန်အတိုင်းသာခေါ်ဝေါ်ခဲ့သည်။

၁၉၈၉ခုနှစ်နောက်ပိုင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံကအရေးပေါ်မိတ်ဆွေ(Afriendinneed)အဖြစ်ရပ်တည်ပေးခဲ့သော်လည်းအခမဲ့မဟုတ်ဘဲ တန်ဘိုးပေးရသည်များရှိသည်မှာအားလုံးအသိဖြစ်သည်။

တရုပ်နိုင်ငံ၏ရင်းနှီးမြုပ်နှံမှုများကိုလက်ခံထားသောကြောင့်အထူးသဖြင့်ကျောက်ဖြူဆိပ်ကမ်းနှင့်ဓါတ်ငွေ့ ပိုက်လိုင်းကြောင့်တရုတ်ကမြန်မာနိုင်ငံကိုအထိုက်အလျှောက်(ကုလလုံခြုံရေးကောင်စီတွင်)ဖေးမမည်ဟုမျှော်လင့်နိုင်သော်လည်းတိတိကျကျပြောကြပြီဆိုလျှင် တရုတ်သည်မြန်မာ၏လုံခြုံရေးကိုအမေရိကန်ကထိုင်း၊ တောင်ကိုးရီးယားနှင့်
ဂျပန်တို့ကိုအာမခံသလိုအာမခံသူ (security guarantor) မဟုတ်ပေ။

ထို့ပြင်မြစ်ဆုံဆည်ကိစ္စသည်မြန်မာကတရုတ်ကိုနားရွက်တံတွေးဆွတ်လိုက်သလိုဖြစ်ခဲ့သည်။ (ဤကိစ္စကြောင့်အာဏာရပါတီအတွင်းတင်းမာသူအုပ်စုလှုပ်လှုပ်ရွရွဖြစ်သွားသေးသည်။)

ထိုကာလများအတွင်းမြန်မာ-တရုတ်ဆက်ဆံရေးသည်စီးပွားရေးဆက်ဆံမှုက အဓိကဖြစ်သော်လည်းမြန်မာနှင့် ASEAN နိုင်ငံများဆက်ဆံရေးသည်ဘက်ပေါင်းစုံဖြစ်သည်သာမက ရွယ်တူနိုင်ငံတွေချင်းဖြစ်သဖြင့်ပို၍ရင်းနှီးကြသည်။
အထီးကျန် ၂၄ နှစ်တာကာလတလျှောက်ASEANကအနောက်ဒီမိုကရေစီမီဒီယာများ၏လှောင်ပြောင်မှုကိုခံလျှက်မြန်မာနှင့် Constructive engagement policy ကျင့်သုံးပေးခဲ့သဖြင့်မြန်မာအဖို့ အသက်ရှုပေါက်ရခဲ့ခြင်းဖြစ်ရာကျေးဇူးရှိသည်
ဟုပင်ပြောနိုင်သည်။ ASEAN ခေါင်းဆောင်များအနက်ဆူရင်ပစ်ဆူဝမ်(Surin Pitsuwan) သည်မြန်မာနိုင်ငံအပေါ်အထူးစေတနာထားသူတစ်ဦးဖြစ်သည်။

ASEAN အုပ်စုတွင်လူဦးရေသန်း ၅၀၀ ရှိသည့်အနက်မူဆလင်ကတ၀က်ကျော်သဖြင့်မြန်မာပြည်တွင် “ရိုဟင်ဂျာ” ဆိုတာကိုအကြောင်းပြု၍ဘာသာရေးပဋိက္ခဖြစ်မှာမလိုလားချေ။ မြန်မာနိုင်ငံတွင်ဤကဲ့သို့သောပေါက်ကွဲမှုတစ်ခုဖြစ်လာ၍သက်တမ်းကြာသွားလျှင်အလားတူပဋိပက္ခမျိုးရှိပြီးသားထိုင်းနိုင်ငံအပြင်မလေးရှား၊အင်ဒိုနီးရှားတို့အထိကူးစက်ကျယ်ပြန့်လာကာအဖွဲ့ ၏စည်းလုံးညီညွတ်ရေးကိုထိခိုက်မှာကိုစိုးရိမ်ဟန်ရှိသည်။

ထို့ ကြောင့်“ရိုဟင်ဂျာ”ဟူသောခေါင်းစဉ်ဖြင့်ဆွေးနွေးမည်ကိုကန့် ကွက်လိုကကန့် ကွက်နိုင်သော်လည်းပြည်တွင်းရေးဖြစ်သည် (ASEAN ပဋိဥာဉ်ကိုချိုးဖေါက်ရာကျသည်) ဟူသောငြင်းပယ်မှုသည်တွေးခေါ်ပုံလွဲနေသည်(wrong-headed) ဟုထင်ပါသည်။

သေချာသည်မှာဘင်္ဂလီများစိမ့်ဝင်လာခြင်းလူဝင်မှုပြဿနာ(immigrationissue)သည်အချိန်မှီမဖြေရှင်းနိုင်၍သက်တမ်းရင့်သွားလျှင်မူလရင်းမြစ်ပျောက်ကာလူ့အခွင့်အရေး၊လူသားချင်စာနာရေးပြဿနာ (humanitarian issue) များအဖြစ်တဖြည်းဖြည်းပြောင်းလဲသွားလိမ့်မည်။ ဤသို့ ဆိုလျှင်လူသား
အရေးဝင်ရောက်စွက်ဖက်မှု (humanitarian intervention) လုပ်ရန်တောင်းဆိုမှုတွေအသံကျယ်လောင်ဖွယ်ရာရှိသည်။

ထိုအခါ မိမိဘက်က တပန်းရှုံးပြီးကြာလေဖြေရှင်းရခက်လေ ဖြစ်လာနိုင်သည်။

မြန်မာသံတော်ဆင့်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.