Saturday, August 25, 2012

0 ဆင်ဆာမရှိတော့သော်လည်း သတင်းစာလွတ်လပ်ခွင့် အပြည့်အဝမရသေး


နာမည်ကျော်ဘလော့ဂါ နေဘုန်းလတ်က ပြောကြားရာတွင် အွန်လိုင်းမီဒီယာများမှာ မြန်မာနိုင်ငံတွင် အကာအကွယ်မဲ့ဖြစ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းကပြောကြားရာတွင် ဘလော့ဂါများမှာ အစိုးရဆန့်ကျင်ရေးများ ကွန်ပြူတာတွင် ပိတ်ပင်ထားသော အီလတ်ထရွန်းနစ်ဥပဒေဖြင့် အရေးယူမှု ခံရနိုင်မှု ရှိနေသေးကြောင်း ပြောသည်။
(23 August 2012 ရက်စွဲပါ VOA News မှ “Free Press eludes Burma despite end of censorship” ကိုဘာသာပြန်သည်)

လပေါင်းများစွာ အချိန်ဆွဲလာပြီးနောက် မြန်မာနိုင်ငံ၏ ပြန်ကြားရေးဝန်ကြီးဌာနသည် ယခုတစ်ပတ်တွင် ဆယ်စုနှစ်များစွာ သက်တမ်းကြာခဲ့သော ဆင်ဆာမူဝါဒကို ပယ်ဖျက်ပေးခဲ့သည်။ သတင်းထောက်များ၊ အယ်ဒီတာများသည် အသွင်ကူးပြောင်းရေးကာလတွင် ကြိုးစားရုန်းကန်လျက်ရှိပြီး၊ သတင်းစာ လွတ်လပ်ခွင့်မှာ ရရှိခြင်း မရှိသေးကြောင်း အများကပြောကြသည်။

ယခုတစ်ပတ်တွင် မြန်မာနိုင်ငံမှ သတင်းစာစောင်များသည် ၁၉၆၂ ကတည်းက ပထမဦးဆုံး အကြိမ်အဖြစ် ဝန်ကြီးဌာန၏ ဆင်ဆာ ပြုလုပ်ခြင်း မရှိမှုကို စတင်ခဲ့ပြီဖြစ်သည်။

ရန်ကုန်အခြေစိုက် အပတ်စဉ်စာစောင် Myanmar Times မှ ဝန်ထမ်းများအဖို့ ဆင်ဆာမရှိတော့ကြောင်း ကြေညာချက်အပြီး ပထမဆုံး စာစောင် အတွက် လုပ်ဆောင်လျက်ရှိသည်။

အယ်ဒီတာဇော်မြင့်က ရင်ခုန်စိတ်လှုပ်ရှားလျက်ရှိကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဆင်ဆာမရှိတော့ခြင်းကြောင့် အချိန်ကုန်သက်သာပြီး၊ သတင်းရေးသားရာတွင် အရည်အသွေး တက်လာခြင်းကြောင့်ဟုဆိုသည်။

“မင်္ဂလာဆောင်တဲ့နေ့နဲ့ အလားသဏ္ဍာန်တူနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ်ထုတ်ခွင့်ရရင် ပိုပျော်ပါလိမ့်မယ်။ ဆင်ဆာရဲ့ ချုပ်ကိုင်မှု မရှိတော့ပဲ ကျွန်တော်တို့ရဲ့ စာစောင်ကို နေ့စဉ်ထုတ်ခွင့်ရရင် အဲဒီအချိန်မှာ ပိုပြီးပျော်ဖြစ်မှာပါ” ဟု ၎င်းကပြောသည်။

နိုင်ငံပိုင် သတင်းစာများကသာ နေ့စဉ်ထုတ်ဝေခွင့် ရထားကြသည်။ သို့သော် ပုဂ္ဂလိက ထုတ်ဝေသူများကလည်း နေ့စဉ်သတင်းစာထုတ်ခွင့်ကို မျှော်လင့်လျှက်ရှိသည်။

နာမည်ကျော်ဘလော့ဂါ နေဘုန်းလတ်က ပြောကြားရာတွင် အွန်လိုင်းမီဒီယာများမှာ မြန်မာနိုင်ငံတွင် အကာအကွယ်မဲ့ဖြစ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းကပြောကြားရာတွင် ဘလော့ဂါများမှာ အစိုးရဆန့်ကျင်ရေးများ ကွန်ပြူတာတွင် ပိတ်ပင်ထားသော အီလတ်ထရွန်းနစ်ဥပဒေဖြင့် အရေးယူမှု ခံရနိုင်မှု ရှိနေသေးကြောင်း ပြောသည်။

“လက်ရှိမီဒီယာဥပဒေမှာ အွန်လိုင်းမီဒီယာကို ထည့်သွင်းမထားသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လုံခြုံမှုမရှိသေးပါဘူး။ အီလက်ထရွန်နစ်ဥပဒေက ရှိနေသေးတော့၊ အဲ့ဒီဥပဒေအရ ကျွန်တော်တို့ မလုံခြုံသေးပါဘူး”ဟု ၎င်းကပြောသည်။

သဘောမတူညီမှုများရှိနေသူ အယ်ဒီတာဦးကျော်မင်းဆွေကမူ အသစ်ဖွဲ့စည်းခဲ့သော စာနယ်ဇင်းကောင်စီသည် သတင်းစာဆရာများကို အကာ အကွယ် ပေးလိမ့်မဟုတ်ဘဲ ဥပဒေဖြင့် ခြိမ်းခြောက်မှုပုံစံဖြင့် ဆင်ဆာဆက်လက် ရှိနေမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

“သူတို့က စာပေစိစစ်ရေးရဲ့ စနစ်မှာ တင်-ထုတ်ကနေ ထုတ်-တင်ကို ပြောင်းလိုက်တာပဲရှိပါတယ်။ ကျွန်တော်တို့ ထုတ်ဝေပြီးရင် တင်ပြရဦးမှာပါ။ ဒါကြောင့် အပြည့်အဝလွတ်လပ်ခွင့်ရတယ်လို့ မပြောနိုင်ပါဘူး ”ဟု ၎င်းကပြောသည်။

ဦးကျော်မင်းဆွေသည် အစိုးရ၏ တရားစွဲဆိုမှုခံထားရသူဖြစ်သည်။ ဆင်ဆာဥပဒေ ဖြေလျှော့ပေးခဲ့သည် ဆိုသော်လည်း၊ အစိုးရ၏ အဂတိလိုက် စားမှုများ သို့မဟုတ် အကဲဆတ်သော အကြောင်းအရာများ သတင်းရေးသား ဖော်ပြပါက တရားစွဲခံရ နိုင်ပါသေးသည်။

Yangon chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.