Wednesday, August 22, 2012

0 ရခိုင်အရေးနှင့်ပတ်သက်၍သမ္မတကြီးဦးသိန်းစိန်နှင့် VOA အမေရိကန်အသံမြန်မာပိုင်းအစီအစဉ်တွေ့ ဆုံမေးမြန်းခဏ်းအပေါ်ဝေဖန်သုံးသပ်ချက်

ရခိုင်ပြည်ထဲသို့အလုံးအရင်းဖြင့်ဝင်ရောက်နေထိုင်သူဘင်္ဂလီတွေနှင့်ပါတ်သက်၍ရခိုင်တွေဘက်ကဘာတွေများမှားနေခဲ့လို့ လဲမေးစရာဖြစ်နေသည်။အခြားနိုင်ငံများတွင်တရားမ၀င်ခိုးဝင်လာသူတွေကိုဒေသခံတွေကအနိုင်ကျင့်
တတ်ကြသည်မှာသဘာဝတရားကြီးဖြစ်နေသည်။ (ဥပမာထိုင်း၊ မလေးရှားနိုင်ငံများရောက်မြန်မာနိုင်ငံသားများဘ၀)။

ရခိုင်ပြည်နယ်တွင်မူဤသဘာဝနှင့်ပြောင်းပြန်ဖြစ်ကာဒေသခံတွေက ၀င်လာနေသူတွေကိုကြောက်လန့် နေရသည်။
ရခိုင်အရေးနှင့်ပတ်သက်၍သမ္မတကြီးဦးသိန်းစိန်နှင့်VOAအမေရိကန်အသံမြန်မာပိုင်းအစီအစဉ်တွေ့ ဆုံမေးမြန်းခဏ်းအပေါ်ကျေနပ်အားရသူများရှိသကဲ့သို့ အားမရသူများလည်းရှိလေသည်။

ကျေနပ်အားရသူများကိုဘာကြောင့်ကျေနပ်သည်ကိုစူးစမ်းနေစရာမလိုချေ။သို့သော်သမ္မတကြီး၏ဖြေဆိုချက်များအပေါ်အားမရဖြစ်နေသူများရှိသောကြောင့်ဘာကြောင့်အားမရဖြစ်ကြသည်ကိုစစ်ဆေးကြည့်လိုပါသည်။

ရှေးဦးစွာအသိအမှတ်ပြုရမည့်အချက်မှာလက်ရှိအနေထက်ပို၍ကြီးထွားဆိုးဝါးသွားနိုင်စရာ အလွန်ရှိနေသည့် အမျိုးသား လုံခြုံရေးခြိမ်းချောက်မှုတစ်ခုအားယာယီပဲဖြစ်ဖြစ်ထိမ်းချုပ်ထားနိုင်ခြင်း(keeps under control, at least for the moment) ဖြစ်သည်။

ထို့ ပြင်သူတို့ ကိုယ်သူတို့ ရိုဟင်ဂျာဟုအမည်တပ်နေကြသူများကိုသမ္မတကြီးကိုယ်တိုင်က“ဘင်္ဂလီများ”ဟုအတိအလင်းအမည်တပ်ခေါ်ဝေါ်သွားသည်မှာလည်းသူတို့ ၏တကယ့်လူမျိုးရင်းမြစ်ကိုအမှန်အတိုင်းခေါ်ဝေါ်ရာရောက်သဖြင့်ကျေနပ်စရာကောင်းပါသည်။

သို့ သော်ပြဿနာကိုသမ္မတကြီးကလက္ခဏာချက်အကဲဖြတ်ရာတွင်“လူမျိုးရေးကြောင့်ဖြစ်တာမဟုတ်-ဘာသာရေးကြောင့်ဖြစ်တာမဟုတ်ရာဇ၀တ်မှု တစ်ခုမှအစပြု” သည်ဟုသုံးသပ်ပြသွားပါသည်။

မမှားသော်လည်းအပေါ်ယံရှပ်၍ပြောရာကျသည်ဟုခံစားမိပါသည်။အကြောင်းမှာဤရာဇ၀တ်မှုမျိုးများ ပေါက်ဖွားပေးရာလူ(ခိုး)၀င်နေမှုပြဿနာ(immigration issue) ကိုရင်းမြစ်ပြဿနာအဖြစ်ထောက်ပြမသွားပါ။
ဤသူများသည်ဒေသခံအမျိုးသမီးတွေကိုသာမကသူတို့ နှင့်မျိုးတူ၍သူတို့ ကိုယ်တိုင်ကကာကွယ်စောင့်ရှောက်ရမည့်မိန်းခလေးများကိုလည်းစော်ကားသည့်ရာဇ၀တ်မှုများကိုကျုးလွန်နေကြ ကြောင်းယခုအခါသိလာကြပြီဖြစ်သည်။

ထို့ နောက်သမ္မတကြီးကလူ့ အခွင့်အရေး၊‘လူသားအမြင်’‘ကမ္ဘာ့ရွာကြီး’ဆိုသောခေတ်ပေါ်အသုံးအနှုံးများကိုသုံးစွဲသွားသဖြင့်ထိုစကားလုံးများ၏ပူးတွဲပါအဓိပ္ပါယ်များ(connotations)သည်မြန်မာခေါင်းဆောင်ကြီးအပေါ်တစုံတရာသြဇာသက်ရောက်နေလိမ့်မည်ဟုမှန်းဆမိပါသည်။
ထို့ ကြောင့်ပင်“ရခိုင်တိုင်းရင်းသားများကိုကျနော်တို့ ကစကားဆယ်ခွန်းဆယ့်ငါးခွန်းပြောတာထက်ခင်ဗျားတို့ (ပြည်ပမီဒီယာ)ကတစ်ခွန်းပြောတာကပိုပြီးထိရောက်ပါတယ်သဘောထားတွေစိတ်ထားတွေအမြင်မှန်ရလာအောင်၊ပြောင်းလဲလာအောင်လုပ်ပေးပါ”ဟုအားကိုးသည့်လေသံဖြင့်ဗွီအိုအေ၏မေးခွန်းများကိုဖြေဆိုရင်းတဆက်တည်းမေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ပြည်ပသတင်းဌာနများကိုအားကိုးလာခြင်း၊အသုံးချရန်စိတ်ကူးလာခြင်းတို့ သည်ယခင်စစ်အစိုးရသဘောထား၊နည်းပရိယယ်များနှင့်ပြောင်းပြန်ဖြစ် သဖြင့်သဘောထားကောင်းလာသည်ဟုယူဆနိုင်မည်ဖြစ်သော်လည်း
“ရခိုင်တိုင်းရင်းသားတွေစိတ်ထားသဘောထားတွေအမြင်မှန်ရလာအောင်”ဆိုသည့်အချက်ကိုမူနားလည်ပေး၍မရနိုင်ပါ။

[စင်စစ်ရခိုင်ဘင်္ဂလီပဋိပက္ခပေါက်ကွဲထွက်မလာမီကပင်ဒေသတွင်းအခြေအနေကိုသေသေချာချာမသိဘဲလူ့ အခွင့်အရေးနှင့်ကိုင်ပေါက်နေသောပြည်ပမီဒီယာကိုတွင်ရခိုင်များသာမက၊မြန်မာတစ်နိုင်ငံလုံးကစိတ်ပျက်နေခဲ့ကြသည်။
ဥပမာဘီဘီစီအင်နာဂျုံးကိစ္စ)။လက်တွေ့ တွင်ပြည်ပမီဒီယာ၏သြဇာကိုပြည်တွင်းမီဒီယာကတဖြည်းဖြည်းဖယ်ရှားလာနေပြီဖြစ်သည်။]

ရခိုင်ပြည်ထဲသို့အလုံးအရင်းဖြင့်ဝင်ရောက်နေထိုင်သူဘင်္ဂလီတွေနှင့်ပါတ်သက်၍ရခိုင်တွေဘက်ကဘာတွေများမှားနေခဲ့လို့ လဲမေးစရာဖြစ်နေသည်။အခြားနိုင်ငံများတွင်တရားမ၀င်ခိုးဝင်လာသူတွေကိုဒေသခံတွေကအနိုင်ကျင့်
တတ်ကြသည်မှာသဘာဝတရားကြီးဖြစ်နေသည်။ (ဥပမာထိုင်း၊ မလေးရှားနိုင်ငံများရောက်မြန်မာနိုင်ငံသားများဘ၀)။

ရခိုင်ပြည်နယ်တွင်မူဤသဘာဝနှင့်ပြောင်းပြန်ဖြစ်ကာဒေသခံတွေက ၀င်လာနေသူတွေကိုကြောက်လန့် နေရသည်။

ရခိုင်တွေသည်သူတို့ နှင့်အတူယှဉ်တွဲရောနှောနေထိုင်ခဲ့ဘူးသည်။သူတို့ ဆီကဈေးဝယ်စားသည်။သူတို့ ကို ငှားရမ်းခိုင်းစေခြင်းအားဖြင့်အလုပ်အကိုင်ပေးသည်။ပြဿနာဖြစ်အောင်ရန်စလိုက်တာရခိုင်တွေဘက်ကမဟုတ်။ ယခုသတ်ကြ၊ သေကြတော့လည်း၊သူသတ်-ကိုယ်သတ်-သူသေ-ကိုယ်လည်းသေ-တန်းတူရည်တူ ပဲဖြစ်သည်။ တဘက်သတ်ကြီးမဟုတ်။

ယခုသမ္မတကြီးကရခိုင်တွေအမြင်မှန်ရလာအောင်ဖြောင့်ဖျနားချပေးရန်ဗွီအိုအေသတင်းဌာနကိုမေတ္တာရပ်ခံနေသောအခါရခိုင်များသည်ရိုဟင်ဂျာအရေးလိမ်ညာဝါဒဖြန်လှုံ့ ဆော်နေကြသလိုပြသနာ၏လက်သည် တရားခံဖြစ်နေကြသည့် သဘောသက်ရောက်နေသည်။

မည်သို့ ဖြစ်စေသမ္မတကြီးကပင်ဘင်္ဂလီပြဿနာကိုဒုက္ခသည်များအဖြစ်သတ်မှတ်မည်။တခြားနိုင်ငံပို့ မည်ဟုသမ္မတကြီးကကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးအန်တိုနီယိုဂူတားရက်စ်(AntonioGuterres)ကိုပြောလိုက်သောအခါရခိုင်ပြည်သူတွေသမ္မတကြီးကိုချီးကျူးကြ၊ နေအိမ်များရှေ့ တွင်ပြည်ထောင်စုအလံတွေထူကြဖြင့်-တကယ်လုပ်ပြနိုင်တာ
မပြနိုင်တာထား၊သဘောထားပြတ်ပြတ်သားသားရှိသော သမ္မတကြီးအစိုးရကို ထောက်ခံကြလေသည်။

သို့ ရာတွင်သမ္မတကြီးအစိုးရသည်ပြဿနာပိုကြီးထွားကျယ်ပြန့် မလာအောင်ထိမ်းချုပ်နိုင်သည့်တိုင်အခြားရေရှည်ပြဿနာများကိုကားဆက်လက်၍ရင်ဆိုင်သွားရဦးမည်ဖြစ်သည်။
၎င်းတို့ မှာ-

ပြည်ပကတောင်းဆိုနေသောသီးခြားလွပ်လပ်သောစုံစမ်းရေးအဖွဲ့ ခွင့်ပြုပေးရေးကိစ္စ-

ဒေသခံရခိုင်များကစီးပွားရေးအရမဆက်ဆံတော့သဖြင့်ဘင်္ဂလီများအတွက်အစာရေစာလုံလောက်အောင်ရရှိရေးကိစ္စ
အခြေခံပညာကင်းမဲ့နေသူများဖြစ်၍ပညာသင်ကြားပေးရမည့်ကိစ္စ

-မယားအများယူ၊အကန့် အသတ်မရှိခလေးမွေးနေသောလူအုပ်ကြီး၏လူဦးရေ တိုးနှုံးပေါက်ကွဲနေမှုအားလူ့ အခွင့်အရေးမထိခိုက်စေဘဲထိမ်းချုပ်ရမည့်ကိစ္စ -

ဗွီအိုအေကသီးခြားလွပ်လပ်သောစုံစမ်းရေးကော်မရှင်ကိစ္စကိုမေးမြန်းခဲ့သည်။ပြည်ပ(ကုလသမဂ္ဂ၊အီးယူစသောခေါင်းစဉ်များအောက်မှာမူဆလင်နိုင်ငံတွေကလူတွေပါလာမည့်)အဖွဲ့ မျိုးကိုဆိုလိုဟန်တူသည်။ယခုအခါအစိုးရကပြည်တွင်းမှ
ပုဂ္ဂိုလ် (၂၇) ဦးဖြင့်စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပေးလိုက်သည်။ ရလဒ်ကိုသုံးလအတွင်းတင်ပြကြမည်ဟူ၍သိရသည်။

သုံးလဟူသောအချိန်သည်ယခုကိစ္စအတွက်ရှည်လွန်းပါသည်။ထို့ ပြင်မည်မျှသမာသမတ်ကျသောပုဂ္ဂိုလ်များဖြင့်ဖွဲ့ စည်းသည်ဖြစ်စေ စုံစမ်းရေးကော်မရှင်သည်“ပြည်တွင်းဖြစ်” ဖြစ်နေသည်။

ဤကော်မရှင်ဖွဲ့ ပေးရေးကိုတောင်းဆိုသည်မှာပြည်ပကဖြစ်သည်။ပြည်တွင်းကမဟုတ်။ပြည်တွင်းကလူတွေကပြဿနာ၏ရင်းမြစ်ကိုသိပြီးသားဖြစ်သည်။တောင်းဆိုချက်ကိုလိုက်လျှောသောဘက်(အစိုးရ)၏ရည်ရွယ်ချက်မှာအစိုးရအပေါ်'သံသယမရှိအောင်’ဖွဲ့ ပေးခြင်းဖြစ်သည်။ထို့ ကြောင့်အဖြစ်မှန်အချက်အလက်မှန်များကိုဖေါ်ထုတ်ရန်သည်ဒုတိယကိစ္စသာဖြစ်သည်။အမှန်တရား ထက်မကျေမနပ်ဖြစ်နေသူများကျေနပ်အောင်လုပ်ဘို့ ကအဓိကဖြစ်သည်။
သံသယရှိနေသမျှဘယ်လောက်ကောင်းအောင်လုပ်ပြစေကာမူကျေနပ်ကြလိမ့်မည်မဟုတ်။

ယခုထိုင်းနှင့်ဂျပန်အခြေစိုက်“ရိုဟင်ဂျာ”အရေးလုပ်နေသူတွေကမြန်မာအစိုးရခန့် ပြည်တွင်းဖြစ်စုံစမ်းရေးကော်မရှင်ကို discredit လုပ်ရန်အဓိကရထိုင်းတက္ကသိုလ်တစ်ခုကိုအသုံးချ၍နိုင်ငံတကာဆွေးနွေးပွဲတစ်ခုလုပ်မည်ဟုသိရသည်။
ထိုင်းအခြေစိုက်နိုင်ငံတကာမီဒီယာကိုပါအသုံးချ၍လူသားများအရေး(humanitarianaspects)ကိုအသားပေးကာထိုးနှက်လာပေတော့မည်။

ကျိမ်းသေတားဆီး၍မရဖြစ်မည့်အချက်မှာပြဿနာသည်ပြီးဆုံးဘို့ အဝေးကြီးလိုသေးကြောင်းဖြင့်အခုမှအစဖြစ်ကြောင်းဖြင့် လူသိများလာအောင် publicity လုပ်မည့်အချက်ဖြစ်သည်။

ကမ္ဘောဒီးယားကအလှည့်ကျဥက္ကဌအဖြစ်ဆောင်ရွက်နေသောASEANအဖွဲ့ က“ရိုဟင်ဂျာ”ကိစ္စဆွေးနွေးရန်ခေါင်းစဉ်တင်သည်ကိုမြန်မာကပြည်တွင်းရေး အကြောင်းပြချက်ဖြင့်ပယ်ချခဲ့သည်ဟုသိရသည်။ စင်စစ်အိုအိုင်စီ (OIC)၏ ကိုယ်စားလှယ်အဖြစ်တူရကီကလာကြည့်တာ၊ နောက်ထပ်လည်းအင်ဒိုနီးရှားဒုသမ္မတဟောင်း)ကြက်ခြေနီဥက္ကဌလာကြည့်မှာတွေကိုပင်ခွင့်ပြုနိုင်လျှင်ASEAN initiative ကိုလက်မခံနိုင်စရာမရှိ။

မိမိတို့ ကစတင်ဖိတ်ခေါ်မှုပြုလျှင်ပြည်တွင်းရေးဝင်မစွက်ရေးမူကိုမထိခိုက်နိုင်။

နှစ်ဘက်ပဋိပက္ခ၏နောက်ပိုင်းကာလတွင်စခန်းရောက်ဘင်္ဂလီငါးသောင်းကျော်အားစားနပ်ရိက္ခာထောက်ပံ့ထားရေးနှင့်ကျမ္မာရေးစောင့်ရှောက်မှုတာဝန်များသည်အစိုးရ၏ခေါင်းပေါ်ကျနေသည်။အကယ်၍စုံစမ်းရေးကော်မရှင်ကိစ္စအဖုအထစ်ဖြစ်နေလျှင်ထိုဘင်္ဂလီဒုက္ခသည်များအားကာလအကန့် အသတ်မရှိစားနပ်ရိက္ခာထောက်ပံ့ရေးဆေးဝါးနှင့်ကျမ္မာရေးများ အတွက်ပြည်ပမှထောက်ပံ့ရေးအကူအညီများရရှိရေးကိစ္စအပေါ်သက်ရောက်မှုများရှိလာနိုင်သည်။

စားနပ်ရိက္ခာနှင့်ကျမ္မာရေးသည်လူသားချင်းစာနာရေးဖြစ်နေသဖြင့်ချက်ချင်းကူညီရမည်သာ။သို့ သော်သမ္မတကြီးအလေးထား၍ပြောသွားသည်များအနက်သူတို့ အားပညာသင်ပေးရေးကိစ္စလည်းပါဝင်နေသည်။

ပညာသင်ကြားရေးသည်နိုင်ငံသားများရပိုင်ခွင့်များ၏တစ်ခုဖြစ်နေသည်။သူတို့ ကိုဤအခွင့်အရေးမပေးသင့်ဟုမပြောလို။သို့ သော်ပေးမည်ဆိုလျှင်သူတို့ ၏အဆင့်အတန်း(status)ဘာဖြစ်သည်ဆိုတာကိုတိတိကျကျကမ္ဘာသိ အလျင် သတ်မှတ်သင့်သည်။

ဤသို့ မသတ်မှတ်သေးဘဲအဆင့်ကျော်၍မဆိုနိုင်ငံသားများသာရနိုင်သည့်ပညာရေးဝန်ဆောင်မှုများကိုမြန်မာအစိုးရကသူတို့ အားပေးခဲ့လျှင်နောင်တစ်ချိန်တွင်ဤအချက်ကိုထောက်၍ဒီလူတွေဟာဒီနိုင်ငံသားတွေဖြစ်နေလို့ နိုင်ငံသား အခွင့်အရေးတွေပေးခဲ့တာပေါ့ဟုထောက်ပြလာနိုင်သည်။

ထို့ ကြောင့်သူတို့ ကိုပညာသင်ရေးမစမီသူတို့ တစ်ဦးချင်းစီ၏အဆင့်အတန်း(status)သည်ဘာလဲ၊တရားမ၀င်ရောက်လာသူလား(illegalmigrant) နိုင်ငံသားလောင်း(potentialcitizens)တွေလားကွဲကွဲပြားပြားအလျင်သတ်မှတ်ရှိထားသင့်ပါသည်။ တရားမ၀င်ခိုးဝင်လာကြောင်းထင်ရှားသူများကိုဘယ်လောက်ကြာကြာနေပြီးဖြစ်ပါစေပညာသင်ပေးစရာမလိုImmigration Detention Campsသို့ ပို့ မြန်မာနိုင်ငံ၏ဥပဒေအတိုင်းပြတ်ပြတ်သားသားဆက်လက်ဆောင်ရွက်သွားရန်သာရှိသည်။

ထို့ ကြောင့်ပညာသင်ကြားမှုမစတင်ခင်လူအရင်စစ်ထုတ်ပစ်ရေးလုပ်ရပါမည်။နိုင်ငံသားအဖြစ်လက်ခံနိုင်မည့်သူများကိုရခိုင်မှသည်ပြည်ထောင်စု၏ဒေသအသီးသီးသို့ ရွှေ့ပြောင်းပေးခြင်းဖြင့်လူစုခွဲသင့်သည်။သို့မှသာ လက်တွေ့ ပညာသင်ပေးဘို့ 
လွယ်ကူလိမ့်မည်။ နိုင်ငံတကာလုပ်ထုံးလုပ်နည်းအတိုင်းလည်းဖြစ်ပါသည်။

အမေရိကန်၊ကနေဒါ၊သြစတျေးလျစသောmajoracceptingcountriesများတွင်ဝင်ခွင့်ရသူများကိုတိုင်းပြည်၏နေရာအနှံ့ အပြားတွင်ဖြန့် ၍ နေရာချထားသည်။ တနေရာတည်းစုမထား။ဤသို့ နေရာချ ထားပေးပြီးမှ English as a Second Language (ESL)ကိုသင်ကြားပေးသည်။

ထို့ ကြောင့်စားနပ်ရိက္ခာနှင့်ဆေးဝါးကျမ္မာရေးကိစ္စများအတွက်ပြောစရာမရှိသော်လည်းပညာသင်ကြားရေးကိစ္စကိုရှုဒေါင့်စုံမှအသေအချာတွက်ချက်ပြီးမှ စီစဉ်သင့်ပါသည်။

ဤသို့ မဟုတ်ဘဲသူတို့ အားလုံးကိုသိုးနှင့်ဆိပ်မခွဲခြားဘဲပညာသင်ကြားရေးစတင်မည်ဆိုပါကလက်တွေ့ သဘောအရနိုင်ငံသား (de facto citizenship)အဖြစ်သတ်မှတ်ထားရာ
ရောက်သွားနိုင်သည်ဟုသြစတျေးလျအခြေစိုက်မြန်မာပညာရှင်တစ်ဦးကထင်မြင်ချက်ပေးသည်။

ဘာဘဲဖြစ်ဖြစ်ဒီလူတွေပညာသင်ခွင့်ဆုံးဆုံးရှုံးနေလို့ ဒီလောက်စရိုက်ကြမ်းတမ်းနေတာ၊ဒေသခံများကိုအန္တရယ်ပြုနေတာဖြစ်သည်။ထို့ ကြောင့်သူတို့ ကိုအခြေခံပညာတော့သင်ပေးသင့်သည်ဟုယူဆလျှင်လည်းလူရှစ်သိန်းအနက်ဘယ်သူတွေကိုရွေးချယ်သင်ပေးမလဲ၊ဘာပညာတွေသင်ပေးမလဲဆိုသည့်မေးခွန်းတွေဆက်၍ပေါ်ထွက်လာလိမ့်ဦးမည်။

သမ္မတကြီးကြေငြာထားပြီးသားအချက်ဖြစ်သည့် ၁၉၄၈ ခုနှစ်မတိုင်မီကရောက်နှင့်နေ သူများ၏မြေးမျိုးဆက် ကိုလက်ခံမည်ဆိုသည့်အချက်အရလူအနည်းဆုံး ၂သိန်းလောက် ကိုမြန်မာဘာသာပြော-ဖတ်-ရေး(အသုံးလုံး) တတ်မြောက်စေရန်ပင်အနည်းဆုံးတနှစ်အချိန်ပြည့်အားသွန် ခွန်စိုက်(intensive education) သင်ပေး/သင်ယူကြမှဖြစ်မည်။

ထို့ ကြောင့်ဒေါ်လာတွေသန်းချီ၍ကုန်မည့်ဤအစီအစဉ်ကိုကုလသမဂ္ဂ(UNESCO?)လိုနေရာမှအကူအညီမပါပဲကိုယ့်အင်အားဖြင့်ကိုယ်လုပ်နိုင်ပါ့မလား-စဉ်းစားရပေမည်။ တတ်နိုင်၍အကုန်အကျခံလျှင်ကောနိုင်ငံသားများအတွက်ဖြစ်ရမည့်ဘဏ္ဍာများထဲမှဖဲ့ပေးရာကျမနေပေဘူးလားမေးရမည်ဖြစ်သည်။

ကျောင်းနေရမည့်အရွယ်များ(၅ နှစ်မှအထက်)ကိုမူလတန်းပညာရေးသင်ပေး၍ဖြစ်နိုင်သည်။ဒါတောင်ရခိုင်ကျောင်းတွေကိုသူတို ကသွားတက်မှာမဟုတ်သလို ရခိုင်တွေကလည်းလက်ခံချင်မှာမဟုတ်။

နောက်ထပ်လက်တွေ့ ပြဿနာများရှိသေးသည်။သူတို့ကိုအနှစ်နှစ်အလလစာသင်ပေးခဲ့သူကျောင်းဆရာကိုပင်သတ်ဖြတ်ခဲ့သူများကိုဘယ်ရခိုင်ဘယ်ဗမာကနောက်ထပ်သူတို့ အကြားသွား၍စာသင်ချင်မည်နည်း။

ဒုတိယလက်တွေ့ ပြဿနာမှာမိန်းခလေးများကိုစာသင်ရေးဖြစ်သည်။ခေတ်နောက်ကျမူဆလင်များသည်အမျိုးသမီးများပညာသင်ခြင်းကိုအပြင်းအထန်ဆန့် ကျင်ကြသည်။ အာဖဂန်နစ္စတန်တွင်မိန်းခလေးစာသင်ကျောင်းများကို
ရက်ရက်စက်စက်ဖေါက်ခွဲ၊ပစ်ခတ်တိုက်ခိုက်နေတာမျက်မြင်ဖြစ်သည်။ ဤကျောင်းများသည်အမျိုးဘာသာတူအမျိုးသမီးဆရာမများကသင်ပေးသောမိန်းခလေးသီးသန့် ကျောင်းများဖြစ်သည်။ရခိုင်တွင်ဘင်္ဂလီခေါ်တောများ၏ဇနီးများ၊နှစ်မများ၊သမီးများကိုလူမျိုးဘာသာမတူသူအမျိုးသားများကမြန်မာဘာသာစာ
သင်ပေးရေးသည်မြွေတွင်းထဲလက်နှိုက်ရတာလောက်အန္တရယ်ကြီးပေလိမ့်မည်။
ထို့ ကြောင့်သူတို့ ကိုပညာသင်ပေးမှဖြစ်မည်ဆိုလျှင်ပြည်တွင်းနေမြန်မာမူဆလင်ကွန်မြူနီတီ
ကိုအကူအညီတောင်းသင့်သည်။

အကယ်၍ဤအလုပ်ကိုအစိုးရကကိုယ်တိုင်မလုပ်၊ပြည်တွင်းမြန်မာမူဆလင်ကွန်မြူနီတီကိုလည်းမသုံးချင်၍INGO များထံလွှဲပေးမည်ဆိုလျှင်၎င်းတို့ ကမြန်မာနိုင်ငံ၏အမျိုးသားအကျိုးစီးပွား(national interest)နှင့်ဆန့် ကျင်မည့်သင်ကြားမှုမျိုးများမလုပ်ကြဟုမပြောနိုင်ပါ။

နောက်ဆုံးဆွေးနွေးစရာအချက်မှာဘင်္ဂလီလူဦးရေအဆမတန်တိုးနေတာကိုထိမ်းချုပ်ရေးဖြစ်သည်။ဘင်္ဂလီများအတွင်းလူဦးရေပေါက်ကွဲမှုကိုသမတကြီးကထုတ်ဖေါ်ပြောဆိုသွားသော်လည်းမည်သို့ ဖြေရှင်းမည်ကိုပြောမသွားပါ။
မေးသူကမမေးလို့ လည်းဖြစ်နိုင်ပါသည်။

ဘင်္ဂလီတို့၏လူဦးရေတိုးနှုန်းသည်တနိုင်ငံလုံး၏လူဦးရေတိုးနှုန်းထက်မကျော်လွန်သင့်ပါ။(တနိုင်ငံလုံးပျှမ်းမျှ တိုးနှုန်းသည် ၂.၂ % ဟုထင် ပါသည်)။ ထို့ ကြောင့်လူဦးရေများသောမိသားစုများတွင်ကာယကံရှင်များကမိမိတို့ အသိဖြင့်မကန့် သတ်လျှင်အစိုးရကဖြစ်သည့်နည်းဖြင့်ကန့် သတ်ပေးဘို့ ဖြစ်သည်။ (Eugenic/ forced neutering)

ဘင်္ဂလီများမြန်မာနိုင်ငံထဲစိမ့်ဝင်လာခြင်းသည်တစ်ဘက်နိုင်ငံမှလူဦးရေ ပေါက်ကွဲမှု၏အကျိုးဆက်ဖြစ်ရာမြန်မာနိုင်ငံထည်းတွင်ဆက်လက်ပေါက်ကွဲမှုအဖြစ်မခံနိုင်ပါ။ အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်မှု (national security threat) ဆိုနေသည်မှာ ဤအချက်ကိုဆိုလိုပါသည်။ ဤသို့ ကိုင်တွယ်ရာ၌လူ့ အခွင့်အရေးစံတစ်ခုခုနှင့် ငြိ
ဖွယ်ရှိကောင်းရှိမည်။ အတတ်နိုင်ဆုံးတော့ကြိုးစား၍လိုက်နာသင့်ပါသည်။

သို့သော်မလွှဲမရှောင်သာသောအခြေအနေတွင်အမျိုးသားအကျိုးစီးပွားကိုဦးစားပေးရလိမ့်မည်။သူတော်စင်များအဖို့ သီလစင်ကြယ်ဖို့ကအဓိကဖြစ်ချင်ဖြစ်မည်၊
နိုင်ငံကိုခေါင်းဆောင်နေသူများကတော့မိမိတို့ တာဝန်ကြေပွန်ရမည်။
(Saints can be pure but statesmen must be responsible.)

ရခိုင်အရေးသည်မြန်မာအစိုးရသစ်၏နိုင်ငံရေးခွန်အား(politicalstrength)ကိုပြည်တွင်းပြည်ပမျက်နှာစာနှစ်ခုစလုံးမှာစာမေးပွဲစစ်လိုသလိုဖြစ်ခဲ့သည်။ ဦးသိန်းစိန်အစိုးရခေါင်းဆောင်သောဒီမိုကရေစီမြန်မာနိုင်ငံတော်သစ်သည် ပထမကမ္ဘာစစ်အပြီးစစ်ရှုံးဂျာမဏီတွင်ပေါ်ပေါက်ခဲ့သောဝေမာသမတနိုင်ငံ(Weimer Republic, 1919-1933) ရင်ဆိုင်ခဲ့ရသောအခြေအနေမျိုးနှင့်ဆင် ဆင်တူသောအနေအထားမျိုးနှင့်ရင်ဆိုင်နေရသည်ဟုဆိုချင်ပါသည်။

ဂျာမန်ဝေမာသမ္မတနိုင်ငံ၏ခေါင်းဆောင်များသည်အရည်အချင်းအထိုက်အလျှောက်ရှိကြသူများဖြစ်ကြသည်။တိုင်းပြည်အပေါ်စေတနာမှန်၍ဂျာမန်ပြည်သူများ၏ အခွင့်အရေးများကိုအစွမ်းကုန်အကောင်အထည်ဖေါ်ပေးရန်စိတ်ပိုင်းဖြတ်မှု (commitment) ရှိခဲ့ကြသည်။

သို့သော်စစ်ရှုံးဂျာမဏီ၏နိုင်ငံတကာသို့ ပြုရမည်ဝတ္တရားများ(internationalobligations)များကမချိမဆန့် ကြီးမားခဲ့သည်။ အထူးသဖြင့်ဗာဆိုင်းစာချုပ်ရေစစ်နိုင်သူများသို့ ပေးဆပ်ရမည်စစ်လျှော်ကြေးများကအလွန်တရာလေးလံလှပြီးပြည်တွင်းတွင်လည်းဝဲယာအစွန်းရောက်နိုင်ငံရေးအင်အားစုများကလည်းမဖြစ်နိုင်သောတောင်းဆိုချက်များကြွေးကျော်သံများဖြင့်အစိုးရကိုဘေး ကြပ်နံကြပ်ဖြစ်အောင်လုပ်ခဲ့ကြသည်။ ရလာဒ်မှာအပြောအဟောကောင်းသောအစွန်းရောက် အမျိုးသားရေးဝါဒီဟစ်တလာနောက်သို့ လူထုကစုပြုံလိုက်သွားကြခြင်းဖြစ်သည်။

စစ်အာဏာရှင်နောက်ခံရှိနေသောမြန်မာအုပ်စိုးသူများ၏နိုင်ငံတကာသို့ တင်ရှိနေသောဝတ္တရားမှာဝေမာသမတနိုင်ငံလိုနိုင်ငံခြားကြွေးမြီများတော့မဟုတ်။ မိမိ၏အတိတ်အာဏာရှင်စနစ်အရိပ်မည်းကြီးကြောင့်အလွန်မယုံသင်္ကာဖြစ်နေသောနိုင်ငံတကာမိသားစုကြီးက
ယုံကြည်လာအောင်လူ့ အခွင့်အရေးများကိုအထူးပိုပိုသာသာလေးစားလိုက်နာပြရခြင်းဖြစ်သည်။
ရခိုင်ဘင်္ဂလီပဋိပက္ခတွင်နိုင်ငံတကာ၏ယုံကြည်မှုရအောင်တန်ဘိုးပေးခဲ့ရသည်များရှိသည်ဟုဤသုံးသပ်ချက်ပြုသူကယုံကြည်ပါသည်။သို့ သော်ဤပေးဆပ်မှုကြောင့်ပင်ဤပြဿနာတွင်လူမျိုးသန့် စင်ရေး (ethnic cleansing) မပါရှိပါဟူသောဝါရှင်တန်၏ထောက်ခံချက်ကိုရနိုင်ခဲ့ခြင်းဖြစ်သည်။

Jihad ဖြင့်ချိမ်းချောက်မှုလည်း(လောလောဆယ်တော့) ဆက်လက်၍ အသံမမြည်ဘဲရပ်သွားစေသည်။
ထို့ ကြောင့် So far, so good ဟုမှတ်ချက်ပြု ခြင်းဖြစ်ပါသည်။

သို့ ရာတွင်အာဏာရှင်စနစ်ကြီးကြောင့်အမျိုးသားညီညွတ်ရေးမပြိုကွဲယုံတမယ်ယိုယွင်းနေပြီးလက်နက်ကိုင်အင်အားစုများသည် ကိုယ့်နယ်နှင့်ကိုယ်ဗဟိုအစိုးရနှင့်စင်ပြိုင်ရှိနေကြတုံးဖြစ်သည်။
နှစ်ရှည်စီးပွားရေးပိတ်ဆို့မှုဒဏ်ခံခဲ့ရသောကြောင့်လည်းတိုင်းပြည်လူထုသည်မွဲပြာကျနေသည်။ တဘက်တွင်မြေမရှိသောဘင်္ဂလီများကမြန်မာပြည်ထည်းစိမ့်ဝင်နေသကဲ့သို့ အခြားတဘက်တွင်အလုပ်လက်မဲ့မြန်မာနိုင်ငံသားများကတိုင်းပြည်ကိုစွန့် ခွာ၍အလုပ်အကိုင်ရှိရာများသို့ ထွက် ခွာသွားနေကြသည်။

သမ္မတကြီးဦးသိန်းစိန်အစိုးရသည်ဤကျဆင်းလာနေသောနိုင်ငံတော်(Failing state) ကို အချိန်မှီရုံလေးလွှဲပြောင်းယူရခြင်းဖြစ်သည်။ ဤချိနဲ့ မှုသည်လျှို့ ဝှက်ချက် မဟုတ်ပဲလူတိုင်းမြင်နိုင်သဖြင့် “ရိုဟင်ဂျာသမ္မတနိုင်ငံ”ထူထောင်လိုသူများကအခွင့်ကောင်းယူ တာဖြစ်သည်။ ထို့ ကြောင့်ကျောက်နီမော်ကိစ္စပေါ်သည်ဖြစ်စေမပေါ်သည်ဖြစ်စေတနည်းနည်းဖြင့်လုပ်ကြံလာလိမ့်မည်ဟုရခိုင်အရေးတွင်‘အကြောင်းသိသူ’တိုင်းကပြောခဲ့ကြသည်။

ထို့ ကြောင့်ဗွီအိုအေနှင့်အင်တာဗျူးတွင်သမ္မတကြီးက“အခုလိုဒီမိုကရေစီပန်းတိုင်ကိုချီတက်နေတဲ့ခရီးမှာ“မမျှော်လင့်ဘဲ”ကြုံတွေ့ လာတဲ့အခက်အခဲတစ်ခု” ဟုသရုပ်ဖေါ်ပြောဆိုခြင်းသည်နားထောင်ရသူတွေစိတ်အေးအောင်တမင်လျှော့
ပေါ့၍ပြောခဲ့သည်ဟုသာဆိုချင်ပါသည်။

ထို့ ကြောင့်ဤ“ရိုဟင်ဂျာပြဿနာ”ကိုအချိနှ်မှီအပြီးသပ်မဖြေရှင်းနိုင်လျှင်တစ်ချိန်ချိန်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိပ်တိုက်တွေ့ ရဘို့ ဖြစ်လာနိုင်သည်။ အဘယ့်ကြောင့်ဆိုသော်ရိုဟင်ဂျာဆိုသည်မှာဘင်္ဂလီတွေဘဲဆိုတာသက်သေ
ပြစရာမလိုအောင်ရှင်းနေသောကြောင့်ဖြစ်သည်။

သို့သော်သူ့တိုင်းပြည်ကလူသုံးသိန်းကိုမြန်မာနိုင်ငံကလူတွေအဖြစ်လက်ခံဘို့ တောင်းဆိုနေသည်။ထိုလူတွေကို အစာရေစာပြတ်စေလျှက်မြန်မာပြည်ထဲပြန်သွားအောင်ဖိအားပေးနေသည်။

ဘင်္ဂလီများသည်မြန်မာနိုင်ငံထဲသို့သာမကအိန္ဒိယ(အာသံပြည်နယ်)ထဲသို့လည်း။အိန္ဒိယသည်အင်အားကြီးနိုင်ငံဖြစ်သဖြင့်သူကြိုက်သည့်နည်းဖြင့်အရေးယူနေနိုင်((Intrudersareshotdead) သော်လည်း မြန်မာကအိန္ဒိယကိုတုပနိုင်သည့်အခြေအနေမရှိပေ။

မကြာသေးမီကပင်ဘင်္ဂလားဒေ့ရှ်အစိုးရအသိုင်းအ၀ိုင်း၌မြန်မာနှင့်ရေပြင်ပိုင်နက်အငြင်းပွားမှု၌အပြည်ပြည်ဆိုင်ရာခုံရုံးဆုံးဖြတ်ချက်သည်သူတို့ဘက်ကိုအသာစီးပေးသည်ဟု ယူဆကာဒါကာတွင်အောင်ပွဲခံ အခမ်းအနားကလေးတစ်ခုကျင်းပခဲ့သည်။
သူ့နိုင်ငံတွင်းရှိရိုဟင်ဂျာအမည်ခံသုံးသိန်းကိုမြန်မာကလက်ခံပေးရန်တောင်းဆိုထားခြင်းကိုကြည့်လျှင်မြန်မာနှင့်ဆက်ဆံရာတွင်ပြော့ပြောင်းလိမ့်မည်ဟုမမျှော်လင့်နိုင်။ အကယ်၍မြန်မာနှင့်ဆက်ဆံရေးသိသိသာသာတင်းမာလာလျှင် မူဆလင်ကမ္ဘာကဘင်္ဂလားဒေ့ရှ်ဘက်ကအခိုင်အမာရပ်တည်ကူညီကြလိမ့်မည်ကိုသံသယရှိစရာမလို။

ထို့ ကြောင့် “ရိုဟင်ဂျာ” အရေးသည်အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်မှုဟုဆိုရခြင်းဖြစ်သည်။ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသောကိစ္စတစ်ခုသည်ပြည်တွင်းရေးသက်သက်မဟုတ်ပေ။
သမ္မတကြီးပြောနေသောကမ္ဘာ့ရွာကြီးခေတ်တွင်နိုင်ငံတိုင်းသည်လူဝင်မှုပြဿနာ၊မူးယစ်ဆေးဝါးပြဿနာ၊AIDS ပြဿနာ၊အကြမ်းဖက်ဝါဒနှင့်ဆိုက်ဘာရာဇ၀တ်မှု(Illegal migration, narcotics, AIDS, terrorism, Cybercrime) စသည့်ပြဿနာများကိုပြည်တွင်းရေးဟုသတ်မှတ်ကာနိုင်ငံတကာနှင့်-အထူးသဖြင့်အိမ်နီးနားချင်းနိုင်ငံများနှင့်-ပူးပေါင်းဆောင်ရွက်ရန်မငြင်းဆန်ကြတော့ပေ။ပြောင်းပြန်အားဖြင့်ပူးပေါင်းဆောင်ရွက်မှုရရန်ကိုပင်တောင်းဆိုနေကြပြီဖြစ်သည်။

အကယ်၍သမ္မတကြီးအစိုးရသတ်မှတ်သလို“ရိုဟင်ဂျာ”အရေးသည်ပြည်တွင်းရေးကိစ္စသက်သက်ဖြစ်လျှင်ယခုသူတို့ ကိုယ်သူတို့ “ရိုဟင်ဂျာ”အမည်တပ်နေသူများအားတိုင်းရင်းသားများဖြစ်သည်ဟုသွယ်ဝိုက်၍အတည်ပြုပေးနေသလိုဖြစ်နေလိမ့်မည်။
သမတကြီးကသူတို့ ကိုဘင်္ဂလီများ (ဘင်္ဂလားဒေ့ရှ်မှလာသောနိုင်ငံခြားသားများ)ဟုခေါ်နေပြီးသူတို့ဖန်တီးသောပြဿနာကိုတော့“ပြည်တွင်းရေး”ဟုသတ်မှတ်နေလျှင်ရှေ့နောက်ညီညွတ်မှုရှိမည်မဟုတ်ပါ။ (inconsistent)

အခြားတဘက်တွင်လည်းပြည်တွင်းရေးဖြစ်သည်ဟုသတ်မှတ်ထားသည့်ကိစ္စတစ်ခုကိုအမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဟုထပ်၍ခေါင်းစဉ်တပ်ရခက်ပေလိမ့်မည်။အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခြင်းမဟုတ်သော(ဟုတ်/မဟုတ်မသေချာသော) ကိစ္စတစ်ခုအားဖြင့်နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်သော ထောက်ခံမှုရနိုင်ရန်ခက်ခဲနေလိမ့်မည်။

အထူးသဖြင့်မြန်မာမူဆလင်များ၏သစ္စာရှိ၍လှိုက်လှဲသောထောက်ခံမှု(sincere and resolute support) ကိုရယူရန်ခက်ပေလိမ့်မည်။

ထို့ ကြောင့်ဤပြဿနာတွင်ပြည်တွင်းရေးဖြစ်သည်ဟူသောရပ်တည်ချက်သည်မိမိကိုယ်ကိုမိမိပြန်ချေမှုန်းသောရပ်တည်ချက် (a self-defeating attitude) ဖြစ်နေသည်။

ပြောရလျှင်ကမ္ဘာရွာကြီးခေတ်မှာပြည်တွင်းရေးဆင်ခြေသည်နေရာအတော်များများတွင်အကျိုးထက်အပြစ်ကပိုများကာသုံးမ၀င်တော့သလောက်နီးနီး (almost irrelevant) ဖြစ်နေပြီ။
ထို့ ကြောင့်၎င်းအစားကိုယ့်စီရင်ပိုင်ခွင့်(ourjurisdiction)ဆိုတာလောက်ပဲပြောလာကြသည်။မြန်မာနိုင်ငံအဖို့ လည်း၁၉၈၉ခုနှစ်ကစတင်၍ပြောင်းလဲချမှတ်ခဲ့သောopendoorပေါ်လစီကိုစီးပွားရေးမျက်နှာစာတစ်ခုတည်းအတွက်ကန့်သတ်ထား၍မရနိုင်ပါ။

မြန်မာနိုင်ငံသည်လွန်ခဲ့သောနှစ်ပေါင်း ၅၀ (၁၉၆၂၂၀၁၂)အတွင်းပထမ၂၆ နှစ်သည်မိမိဖာသာအထီးကျန်လမ်းကြောင်း (selfisolation) လျှောက်လှမ်းခဲ့၍နောက်၂၄ နှစ်မှာအနောက်တိုင်းဆန်ရှင်ပိတ်ဆို့ ရေးအောက်မှာနေခဲ့ရကာအားကိုးရလောက်သည့်အင်အားကြီးနိုင်ငံတစ်ခုခုနှင့်မဟာမိတ်ပြုထားသောလုံခြုံရေးစာချုပ်(Security Pact) တစ်ခုခုမရှိခဲ့
လွတ်လပ်၍တက်ကြွသောနိုင်ငံခြားရေးဝါဒကိုကျင့်သုံးနေသည်ဟူသောအမျိုးသားရေးမာန(national pride) ကလည်းဤအထီးကျန်ဖြစ်မှုကိုဖုံးကွယ်ပေးထားခဲ့သည်။သို့ သော်ထိုကာလများအတွင်းနိုင်ငံတကာမီဒီယာကမြန်မာနိုင်ငံကို
(Pariah state) ဟုသာအမှန်အတိုင်းသာခေါ်ဝေါ်ခဲ့သည်။

၁၉၈၉ခုနှစ်နောက်ပိုင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံကအရေးပေါ်မိတ်ဆွေ(Afriendinneed)အဖြစ်ရပ်တည်ပေးခဲ့သော်လည်းအခမဲ့မဟုတ်ဘဲ တန်ဘိုးပေးရသည်များရှိသည်မှာအားလုံးအသိဖြစ်သည်။

တရုပ်နိုင်ငံ၏ရင်းနှီးမြုပ်နှံမှုများကိုလက်ခံထားသောကြောင့်အထူးသဖြင့်ကျောက်ဖြူဆိပ်ကမ်းနှင့်ဓါတ်ငွေ့ ပိုက်လိုင်းကြောင့်တရုတ်ကမြန်မာနိုင်ငံကိုအထိုက်အလျှောက်(ကုလလုံခြုံရေးကောင်စီတွင်)ဖေးမမည်ဟုမျှော်လင့်နိုင်သော်လည်းတိတိကျကျပြောကြပြီဆိုလျှင် တရုတ်သည်မြန်မာ၏လုံခြုံရေးကိုအမေရိကန်ကထိုင်း၊ တောင်ကိုးရီးယားနှင့်
ဂျပန်တို့ကိုအာမခံသလိုအာမခံသူ (security guarantor) မဟုတ်ပေ။

ထို့ပြင်မြစ်ဆုံဆည်ကိစ္စသည်မြန်မာကတရုတ်ကိုနားရွက်တံတွေးဆွတ်လိုက်သလိုဖြစ်ခဲ့သည်။ (ဤကိစ္စကြောင့်အာဏာရပါတီအတွင်းတင်းမာသူအုပ်စုလှုပ်လှုပ်ရွရွဖြစ်သွားသေးသည်။)

ထိုကာလများအတွင်းမြန်မာ-တရုတ်ဆက်ဆံရေးသည်စီးပွားရေးဆက်ဆံမှုက အဓိကဖြစ်သော်လည်းမြန်မာနှင့် ASEAN နိုင်ငံများဆက်ဆံရေးသည်ဘက်ပေါင်းစုံဖြစ်သည်သာမက ရွယ်တူနိုင်ငံတွေချင်းဖြစ်သဖြင့်ပို၍ရင်းနှီးကြသည်။
အထီးကျန် ၂၄ နှစ်တာကာလတလျှောက်ASEANကအနောက်ဒီမိုကရေစီမီဒီယာများ၏လှောင်ပြောင်မှုကိုခံလျှက်မြန်မာနှင့် Constructive engagement policy ကျင့်သုံးပေးခဲ့သဖြင့်မြန်မာအဖို့ အသက်ရှုပေါက်ရခဲ့ခြင်းဖြစ်ရာကျေးဇူးရှိသည်
ဟုပင်ပြောနိုင်သည်။ ASEAN ခေါင်းဆောင်များအနက်ဆူရင်ပစ်ဆူဝမ်(Surin Pitsuwan) သည်မြန်မာနိုင်ငံအပေါ်အထူးစေတနာထားသူတစ်ဦးဖြစ်သည်။

ASEAN အုပ်စုတွင်လူဦးရေသန်း ၅၀၀ ရှိသည့်အနက်မူဆလင်ကတ၀က်ကျော်သဖြင့်မြန်မာပြည်တွင် “ရိုဟင်ဂျာ” ဆိုတာကိုအကြောင်းပြု၍ဘာသာရေးပဋိက္ခဖြစ်မှာမလိုလားချေ။ မြန်မာနိုင်ငံတွင်ဤကဲ့သို့သောပေါက်ကွဲမှုတစ်ခုဖြစ်လာ၍သက်တမ်းကြာသွားလျှင်အလားတူပဋိပက္ခမျိုးရှိပြီးသားထိုင်းနိုင်ငံအပြင်မလေးရှား၊အင်ဒိုနီးရှားတို့အထိကူးစက်ကျယ်ပြန့်လာကာအဖွဲ့ ၏စည်းလုံးညီညွတ်ရေးကိုထိခိုက်မှာကိုစိုးရိမ်ဟန်ရှိသည်။

ထို့ ကြောင့်“ရိုဟင်ဂျာ”ဟူသောခေါင်းစဉ်ဖြင့်ဆွေးနွေးမည်ကိုကန့် ကွက်လိုကကန့် ကွက်နိုင်သော်လည်းပြည်တွင်းရေးဖြစ်သည် (ASEAN ပဋိဥာဉ်ကိုချိုးဖေါက်ရာကျသည်) ဟူသောငြင်းပယ်မှုသည်တွေးခေါ်ပုံလွဲနေသည်(wrong-headed) ဟုထင်ပါသည်။

သေချာသည်မှာဘင်္ဂလီများစိမ့်ဝင်လာခြင်းလူဝင်မှုပြဿနာ(immigrationissue)သည်အချိန်မှီမဖြေရှင်းနိုင်၍သက်တမ်းရင့်သွားလျှင်မူလရင်းမြစ်ပျောက်ကာလူ့အခွင့်အရေး၊လူသားချင်စာနာရေးပြဿနာ (humanitarian issue) များအဖြစ်တဖြည်းဖြည်းပြောင်းလဲသွားလိမ့်မည်။ ဤသို့ ဆိုလျှင်လူသား
အရေးဝင်ရောက်စွက်ဖက်မှု (humanitarian intervention) လုပ်ရန်တောင်းဆိုမှုတွေအသံကျယ်လောင်ဖွယ်ရာရှိသည်။

ထိုအခါ မိမိဘက်က တပန်းရှုံးပြီးကြာလေဖြေရှင်းရခက်လေ ဖြစ်လာနိုင်သည်။

မြန်မာသံတော်ဆင့်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.